
Sittwe View Point Park seen from View Point Tower at the Date of 2017 March 26.
photo by Arezarnihttps://en.wikipedia.org/wiki/Point,_Sittwe#/media/File:Sittwe_View_Point_Park_in_2017_March_26.jpg
[ Zawgyi version here ] [Unicode version below ]
ဇာတိအလြမ္း
. . . . . . . . . . . . . .
ဘယ္သို႔လြမ္းရပါ့
ေမွ်ာ္မွန္းေလရာရာ၌
လြမ္းစရာ အျပည့္မ်ားပါဘိ
. . . . . . . . . . . . . . .
(ေဇာ္ဂ်ီ)
ကၽြန္ေတာ္က ေတာသား။ ကမ္းရိုးတန္းသား။
ကၽြန္ေတာ္တို႔ ငယ္ငယ္တုန္းက ကၽြန္ေတာ္တို႔ဇာတိျမိဳ႕မွ ရန္ကုန္သို႔ သြားရန္လာရန္ လမ္းပန္းဆက္သြယ္ေရးခက္ခဲသည္။ ကၽြန္ေတာ့္ ဦးေလးေတြ တကၠသိုလ္သြားတက္လွ်င္ ေလယာဥ္ျဖင့္သာ သြားၾကျပန္ၾကသည္။ သူတို႔ေလဆိပ္ကို ဆင္းလွ်င္ အေဖက ကၽြန္ေတာ့္ကို ေခၚသြားျမဲ။ ေလယာဥ္သည္ ေျပးလမ္းတြင္ ပထမေျပးသည္။ ၿပီးေတာ့ ေလထဲသို႔ တျဖည္းျဖည္း ၾကြတက္ကာ အေရွ႕ေတာင္အရပ္သို႔ ပ်ံသန္းသြားသည္။ ေကာင္းကင္ထဲတြင္ ေလယာဥ္ တျဖည္းျဖည္း ေမွးမိွန္ေပ်ာက္ကြယ္သြားသည္။
ကေလးဘ၀တုန္းက ကၽြန္ေတာ့္စိတ္္ထင္ ရန္ကုန္ဆိုသည့္ေနရာကား ေကာင္းကင္တြင္ ရွိသည္။ ေလယာဥ္ျဖင့္သြားလွ်င္ေရာက္သည္။ ေကာင္းကင္တြင္ရွိသည္မွန္လွ်င္ အေမတို႔ ေျပာ သည့္ နတ္ျပည္ဆိုတာ ရန္ကုန္ပဲျဖစ္မည္ဟုထင္သည္။ ထို႔ေၾကာင့္ ကၽြန္ေတာ္ၾကီးလွ်င္ ရန္ကုန္ သြားမည္။ ဒါက ကေလးဘ၀အေတြး။ ဒါကို ျပန္စဥ္းစားမိတိုင္း မိမိကိုယ္မိမိ ၿပံဳးမိသည္။ သည္လိုႏွင့္ ကၽြန္ေတာ္ရန္ကုန္ေရာက္လာသည္။ သို႔ေသာ္ နဖူးေတြ႕ ဒူးေတြ႕ၾကံဳရသည့္ ရန္ကုန္ကား ကၽြန္ေတာ့္အတြက္ နတ္ျပည္မဟုတ္။ တစ္ရက္စံလိုက္ ဆယ္ရက္ခံလိုက္ စံစား လိုက္ ခံစားလိုက္ျဖင့္ ျမိဳ႕ျပကို ဖက္တြယ္ေနထိုင္မိသည္မွာ ဆယ္စုႏွစ္တစ္ခုပင္ ရွိေရာ့မည္။
စမ္းသပ္ခန္းထဲက ၾကြက္ကေလးလို tread-mill ရဟတ္ေလွာင္အိမ္ေလးထဲတြင္ ေရွ႕ကို ေျပးေနရင္း ေျပးေနရင္း ခရီးမတြင္မွန္းမသိ၊ အပတ္ေရေပါင္းမည္မွ် လည္သြားမွန္း လည္းမသိ၊ ဇာတိသိစိတ္အရ တံု႔ျပန္ရင္းသာ ေရွ႕ကိုေျပးေနမိေတာ့သည္။
အထက္တန္းေက်ာင္းသားဘ၀ ကၽြန္ေတာ္ဆိုးသြမ္းလို႔ ေကာင္းတုန္း မိုက္မဲျခင္းကို ဂုဏ္ယူလို႔ေကာင္းတုန္းက အေမ ကၽြန္ေတာ့္ကို ငိုယိုဆံုးမလွ်င္ “ဘ၀အေမာ” ဆိုတာ အေမ့စကားေတြထဲမွာ ပါလာတတ္သည္။ ဟိုတုန္းကေတာ့ အေမက ျမန္မာစာဆရာမမို႔လို႔ ခ်ဲ႕ထြင္ေျပာသည္ဟု ထင္မိသည္။ ဘ၀အေမာ ဆိုတာကို ကိုယ္တိုင္ ဘ၀မွာေမာလာေတာ့မွ နားလည္မိသည္။
* * *
ေတြးၾကည့္လွ်င္ အရာရာတိုင္းမွာ လြမ္းစရာခ်ည္းပင္။ အရာရာတိုင္းသည္ ဇာတိေျမႏွင့္ မတူ။ ေဆာင္းလည္း ေဆာင္းမို႔လို႔၊ ေႏြ လည္းေႏြမို႔လို႔၊ မိုးလည္း မိုးမို႔လို႔ သတိရစရာေတြက ေထြျပားလွပါဘိ။
ဟိုတုန္းက ေဆာင္းမနက္ ခ်မ္းစီးစီး ျမဴေတြဆိုင္းေနသည့္ အခ်ိန္မွာ ေမွာင္ေမွာင္မည္း မည္းႏွင့္ ပထမဆံုးလုပ္သည့္ အလုပ္က ျခံထဲတြင္ မီးပံုတစ္ပံုဖိုျခင္းပင္ျဖစ္သည္။ လူတိုင္းေစာင္ ကိုယ္စီပတ္လ်က္ မီးပံုပတ္ပတ္လည္ ၀ိုင္းထိုင္ၾကသည္။ မေန႔ကက်န္ေသာ ထမင္းၾကမ္းခဲကို မီးပံုထဲ ပစ္ထည့္လိုက္သည္။ ခဏေနလွ်င္ မီးပံုထဲမွ ထမင္းၾကမ္းခဲကို ျပန္ဆယ္သည္။ တစ္ေယာက္တစ္ဖဲ့ ယူစားၾကသည္။ မည္သည့္ ဟိုတယ္စားေတာ္ဆက္မ်ားကမွ ဖန္တီးမေပး ႏိုင္သည့္ အရသာတစ္ခု မီးဖုတ္ ထမင္းၾကမ္းခဲမွာရွိသည္။ ျပာမွ်င္မ်ားကပ္လ်က္ မီးၿမိဳက္နံ႔သင္း ေနေသာ ထမင္းၾကမ္းခဲကို ကၽြန္ေတာ္ ယေန႔ထက္တိုင္ လြမ္းဆဲပင္။ ေနထြက္ျပဴလာသည့္ အခ်ိန္က်ေတာ့ မီးပံုကို ၿငိမ္းပစ္လိုက္သည္။
ေႏြကာလေရာက္လွ်င္ အထူးသတိရမိသည္ကေတာ့ ရိုးရာသၾကၤန္ပင္။ မိန္းကေလး မ်ားက မ႑ပ္အတြင္းရွိ ေလွေလာင္း၏ တစ္ဘက္တြင္ရပ္ၾက၍ ကၽြန္ေတာ္တို႔ ေယာက်ၤားေလး မ်ားက ေလွေလာင္း၏ အျခားတစ္ဘက္ မ႑ပ္အျပင္ဘက္တြင္ ရပ္ကာ စကားစျမည္ ေျပာဆို ရင္း ေရေလာင့္ခဲ့ၾကသည္မ်ားကို မည္သည့္အခါမွ်ေမ့ႏိုင္မည္မထင္။ ကၽြန္္ေတာ္၏သူငယ္ခ်င္း ငယ္ခ်စ္မိန္းကေလးအား သၾကၤန္ေရေလာင္းရင္း ဖြင့္ဟခဲ့သည္မ်ားကို အမွတ္ထင္ထင္ရွိဆဲ။ အခု သူကေတာ့ အခ်ိန္အခါမလင့္ေအာင္ လူၾကီးမိဘ စီစဥ္ရာျဖင့္ အိမ္ေထာင္ရက္သားက် သြားေပၿပီ။ ကၽြန္ေတာ္ကား ၿမိဳ႕ုၿပတြင္ တစ္စံုတစ္ခုကို တည္ေဆာက္ဖို႔ ၾကိဳးစားရင္း မိမိ၏ ငယ္ဂုဏ္ကို စေတးေနဆဲ။
* * *
ဇာတိၿမိဳ႕ႏွင့္ ငါးႏွစ္တာမွ်ကင္းကြာၿပီးေနာက္ အိမ္ကို အလည္တစ္ေခါက္ျပန္ေရာက္ သည္။ ကၽြန္ေတာ္တို႔အိမ္မွာ ေလဆိပ္ႏွင့္ သိပ္မေ၀းလွသျဖင့္ ကားမငွားေတာ့ပဲ ဆုိက္ကား ႏွင့္ပဲ သြားေတာ့မည္ဟု ဆံုးျဖတ္ကာ ဆိုက္ကားတစ္စီးငွားသည္။ သြားရမည့္ေနရာကို ေျပာလိုက္သည္ႏွင့္ မိမိတစ္ခါမွ မျမင္ဖူးေသာ ဆိုက္ကားသမားက “ခင္ဗ်ားတို႔အိမ္ကို ကၽြန္ေတာ္သိတယ္။ ခင္ဗ်ား ဆရာမသား ဟုတ္တယ္မလား” ဟုဆိုသည္။ ဤစကားမွ်ျဖင့္ပင္ မိမိကို အသိအမွတ္ျပဳၾကေသာ အသိုင္းအ၀ိုင္း၏ ေႏြးေထြးမႈကို စတင္ခံစားရသည္။ အိမ္ေရွ႕ ေရာက္ေသာအခါ ဆိုက္ကားေပၚမွဆင္း၍ အထုပ္အပိုးမ်ားကို ခ်စဥ္ ဇေ၀ဇ၀ါျဖင့္ အိမ္အေပၚထပ္မွ ေငးၾကည့္ေနၾကေသာ ညီငယ္၊ ညီမငယ္မ်ားက “ေဟး . . . ကိုကို ျပန္လာၿပီ” ဟုေအာ္ကာ ေျပးဆင္းလာၾကသည္။ ဖက္ရမ္းၾကသည္။ အထုပ္အပိုးမ်ားကို ဆြဲငင္ကာ အေပၚထပ္ကို တက္ၾကသည္။ “သားၾကီးက ဆံပင္ေတြအရွည္ၾကီးနဲ႔ ေဘာင္းဘီရွည္ ၀တ္ထားေတာ့ ႏိုင္ငံျခားရုပ္ရွင္မင္းသားနဲ႔ တူတယ္” ဟု အေမက မ်က္ရည္စမ္းစမ္းျဖင့္ ၿပံဳးလ်က္ ဆိုသည္။ ဘယ္လိုမွ မတူႏိုင္မွန္း သိလ်က္ပင္ ကၽြန္ေတာ္ ၀မ္းသာမိသည္။
အေမ့သားေလးကို ေတာ္လို႔ တတ္လို႔ အေမက ခ်စ္တာ မဟုတ္ဘူး၊ အေမ့သားေလး ကို အေမ့သားေလးမို႔လို႔ကို ခ်စ္တာ ဟူေသာစကားကို သတိရသည္။ ငယ္စဥ္ကတည္းက သားသမီးမ်ားကို အၿမဲတမ္း မ်က္ႏွာတင္းတင္းျဖင့္ ဆံုးမဆက္ဆံေလ့ရွိေသာ အေဖသည္ တၿပံဳးၿပံဳးျဖင့္ သေဘာက်ေနသည္။ ထူထူထဲထဲ မဟုတ္ပဲ ထိုးထိုးေထာင္ေထာင္ ရွည္ရွည္ ေမ်ာေမ်ာျဖစ္ေနေသာ ကၽြန္ေတာ္၏ ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးမ်ားကို ၾကည့္၍ ညီမငယ္က “ကိုကို႔ ႏႈတ္ခမ္းေမြးေတြက ၾကံခင္းကို ဆင္နင္းထားတာနဲ႔တူတယ္” ဟု ပမာခိုင္းသျဖင့္ ၀ိုင္း ရယ္ၾကသည္။
သာယာေသာ ညေနခင္းတြင္ စက္ဘီးတစ္စီးျဖင့္ ေလွ်ာက္လည္ေသာအခါ ဇာတိၿမိဳ႕သည္္ ငယ္ငယ္က ကၽြန္ေတာ္သိေသာ ဇာတိၿမိဳ႕ႏွင့္ မတူေတာ့မွန္း တျဖည္းျဖည္း သိလာရသည္။
ဇာတိၿမိဳ႕သည္ အနည္းငယ္ စိမ္းကားစျပဳေလၿပီ။ ကၽြန္ေတာ့ရင္ထဲတြင္ အျမဲတမ္း ရွိေသာ ေမြးရပ္ေျမကား အတိတ္တြင္က်န္ခဲ့ေလၿပီ။ ၿမိဳ႕သည္ ေျပာင္းလဲၾကီးျပင္းစျပဳ ၿပီ။ သို႔ေသာ္ ကၽြန္ေတာ္ခ်စ္ေသာ ဇာတိျမိဳ႕၏ အရိပ္အေယာင္ အေငြ႕အသက္ ေတာ္ေတာ္ မ်ားမ်ား ကို ျမင္ရေသးသည္။
အိမ္တြင္ စိတ္ခ်မ္းသာစြာျဖင့္ ေနထိုင္သည္မွာ တစ္လပဲရွိေသးသည္။ အိမ္နီးနားခ်င္း တို႔က ငါ့တူ မင္း ရန္ကုန္ကို မျပန္ေသးဘူးလားဟု ေမးၾကသျဖင့္ ၿပံဳးမိသည္။ သူတို႔ သံုးသည့္ အသံုးအႏႈန္း “ျပန္သည္” ဆိုသည့္ သေဘာက ကၽြန္ေတာ္သည္ ဤေနရာတြင္ အတည္တက် ေနထိုင္သူမဟုတ္၊ တစိမ္းဧည့္သည္သာျဖစ္သည္ ဆိုေသာ သေဘာကိုေဆာင္ေနသလားလို႔ ေတြးမိသည္။ သည္လိုႏွင့္ ခြင့္ရက္ေစ့ၿပီး ခြဲခြာရမည့္ အခ်ိန္ကို ေရာက္လာသည္။
* * *
ေရပိုၾကည္ရာ ျမက္ပိုစိမ္းရာကို ရွာေဖြေရြ႕လ်ားရင္း “မိမိအိမ္သည္သာ ေမြ႕ေလ်ာ္ရာ” ဟူေသာ စကားကို ပိုမိုသေဘာေပါက္တတ္ခဲ့ၿပီ။ အိမ္၊ အိမ္၏၀န္းက်င္ရနံ႔၊ လံုၿခံဳမႈ၊ သက္ေတာင့္သက္သာရွိမႈ၊ ခ်စ္စရာမိခင္ဘာသာစကား (ရခိုင္ဘာသာစကား)၊ မိခင္ဖခင္ (အခုေတာ့ မိအို ဖအို)၊ အားရပါးရ စားခဲ့ရသည့္ ရိုးရာ စားၿမိန္မ်ား။ ဤအရာ . . . ဤမ်ား၏ အလယ္ကို ခ်က္ခ်င္းေရာက္သြားႏိုင္မည္ဆိုလွ်င္ မည္မွ်ေကာင္းမည္နည္း။ တစ္ခါတေလေတာ့ ဘ၀အေမာကို အေသာကေလးႏွင့္ ေျဖရသည္။ တစ္ခါတေလေတာ့ ဘ၀အေမာတစ္ဖက္ႏွင့္ ရက္ဆက္လြမ္းရသည္။ ဤအလြမ္းအေမာတို႔ကား မိမိေန႔စဥ္ဘ၀၏ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ေနေပၿပီ။
(စစ္ေတြဇာတိ စာေရးဆရာ ေက်ာ္ေဇာဦး ဟာ ဒီေဆာင္းပါးေလးကို Lifestyle မဂဇင္းမွာ လက္ေထာက္ အယ္ဒီတာအျဖစ္ ၁၉၉၉ ခုႏွစ္မွာ အလုပ္လုပ္ေနစဥ္ ေရးသားခဲ့ပါတယ္။ ၁၉၉၉ ခု (—) လထုတ္ lifestyle မဂဇင္းရဲ႕ cover story အခ်ီးပိုင္း အျဖစ္ ဒီေဆာင္းပါးတို ကို ပံုႏွိပ္ေဖၚျပခဲ့တယ္။ ေက်ာ္ေဇာဦးရဲ႕ ပထမဆံုး ပံုႏွိပ္ေဖၚျပျခင္းခံရတဲ့ လက္ရာျဖစ္ပါတယ္။)
[ Unicode version here ]
. . . . . . . . . . . . . .
ဘယ်သို့လွမ်းရပါ့
မျှော်မှန်းလေရာရာ၌
လွမ်းစရာ အပြည့်များပါဘိ
. . . . . . . . . . . . . . .
(ဇော်ဂျီ)
ကျွန်တော်က တောသား။ ကမ်းရိုးတန်းသား။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ဇာတိမြို့မှ ရန်ကုန်သို့ သွားရန်လာရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်။ ကျွန်တော့် ဦးလေးတွေ တက္ကသိုလ်သွားတက်လျှင် လေယာဉ်ဖြင့်သာ သွားကြပြန်ကြသည်။ သူတို့လေဆိပ်ကို ဆင်းလျှင် အဖေက ကျွန်တော့်ကို ခေါ်သွားမြဲ။ လေယာဉ်သည် ပြေးလမ်းတွင် ပထမပြေးသည်။ ပြီးတော့ လေထဲသို့ တဖြည်းဖြည်း ကြွတက်ကာ အရှေ့တောင်အရပ်သို့ ပျံသန်းသွားသည်။ ကောင်းကင်ထဲတွင် လေယာဉ် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
ကလေးဘဝတုန်းက ကျွန်တော့်စိတ််ထင် ရန်ကုန်ဆိုသည့်နေရာကား ကောင်းကင်တွင် ရှိသည်။ လေယာဉ်ဖြင့်သွားလျှင်ရောက်သည်။ ကောင်းကင်တွင်ရှိသည်မှန်လျှင် အမေတို့ ပြော သည့် နတ်ပြည်ဆိုတာ ရန်ကုန်ပဲဖြစ်မည်ဟုထင်သည်။ ထို့ကြောင့် ကျွန်တော်ကြီးလျှင် ရန်ကုန် သွားမည်။ ဒါက ကလေးဘဝအတွေး။ ဒါကို ပြန်စဉ်းစားမိတိုင်း မိမိကိုယ်မိမိ ပြုံးမိသည်။ သည်လိုနှင့် ကျွန်တော်ရန်ကုန်ရောက်လာသည်။ သို့သော် နဖူးတွေ့ ဒူးတွေ့ကြုံရသည့် ရန်ကုန်ကား ကျွန်တော့်အတွက် နတ်ပြည်မဟုတ်။ တစ်ရက်စံလိုက် ဆယ်ရက်ခံလိုက် စံစား လိုက် ခံစားလိုက်ဖြင့် မြို့ပြကို ဖက်တွယ်နေထိုင်မိသည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိရော့မည်။
စမ်းသပ်ခန်းထဲက ကြွက်ကလေးလို tread-mill ရဟတ်လှောင်အိမ်လေးထဲတွင် ရှေ့ကို ပြေးနေရင်း ပြေးနေရင်း ခရီးမတွင်မှန်းမသိ၊ အပတ်ရေပေါင်းမည်မျှ လည်သွားမှန်း လည်းမသိ၊ ဇာတိသိစိတ်အရ တုံ့ပြန်ရင်းသာ ရှေ့ကိုပြေးနေမိတော့သည်။
အထက်တန်းကျောင်းသားဘဝ ကျွန်တော်ဆိုးသွမ်းလို့ ကောင်းတုန်း မိုက်မဲခြင်းကို ဂုဏ်ယူလို့ကောင်းတုန်းက အမေ ကျွန်တော့်ကို ငိုယိုဆုံးမလျှင် “ဘဝအမော” ဆိုတာ အမေ့စကားတွေထဲမှာ ပါလာတတ်သည်။ ဟိုတုန်းကတော့ အမေက မြန်မာစာဆရာမမို့လို့ ချဲ့ထွင်ပြောသည်ဟု ထင်မိသည်။ ဘဝအမော ဆိုတာကို ကိုယ်တိုင် ဘဝမှာမောလာတော့မှ နားလည်မိသည်။
- * *
တွေးကြည့်လျှင် အရာရာတိုင်းမှာ လွမ်းစရာချည်းပင်။ အရာရာတိုင်းသည် ဇာတိမြေနှင့် မတူ။ ဆောင်းလည်း ဆောင်းမို့လို့၊ နွေ လည်းနွေမို့လို့၊ မိုးလည်း မိုးမို့လို့ သတိရစရာတွေက ထွေပြားလှပါဘိ။
ဟိုတုန်းက ဆောင်းမနက် ချမ်းစီးစီး မြူတွေဆိုင်းနေသည့် အချိန်မှာ မှောင်မှောင်မည်း မည်းနှင့် ပထမဆုံးလုပ်သည့် အလုပ်က ခြံထဲတွင် မီးပုံတစ်ပုံဖိုခြင်းပင်ဖြစ်သည်။ လူတိုင်းစောင် ကိုယ်စီပတ်လျက် မီးပုံပတ်ပတ်လည် ၀ိုင်းထိုင်ကြသည်။ မနေ့ကကျန်သော ထမင်းကြမ်းခဲကို မီးပုံထဲ ပစ်ထည့်လိုက်သည်။ ခဏနေလျှင် မီးပုံထဲမှ ထမင်းကြမ်းခဲကို ပြန်ဆယ်သည်။ တစ်ယောက်တစ်ဖဲ့ ယူစားကြသည်။ မည်သည့် ဟိုတယ်စားတော်ဆက်များကမှ ဖန်တီးမပေး နိုင်သည့် အရသာတစ်ခု မီးဖုတ် ထမင်းကြမ်းခဲမှာရှိသည်။ ပြာမျှင်များကပ်လျက် မီးမြိုက်နံ့သင်း နေသော ထမင်းကြမ်းခဲကို ကျွန်တော် ယနေ့ထက်တိုင် လွမ်းဆဲပင်။ နေထွက်ပြူလာသည့် အချိန်ကျတော့ မီးပုံကို ငြိမ်းပစ်လိုက်သည်။
နွေကာလရောက်လျှင် အထူးသတိရမိသည်ကတော့ ရိုးရာသင်္ကြန်ပင်။ မိန်းကလေး များက မဏ္ဍပ်အတွင်းရှိ လှေလောင်း၏ တစ်ဘက်တွင်ရပ်ကြ၍ ကျွန်တော်တို့ ယောကျင်္ားလေး များက လှေလောင်း၏ အခြားတစ်ဘက် မဏ္ဍပ်အပြင်ဘက်တွင် ရပ်ကာ စကားစမြည် ပြောဆို ရင်း ရေလောင့်ခဲ့ကြသည်များကို မည်သည့်အခါမျှမေ့နိုင်မည်မထင်။ ကျွန််တော်၏သူငယ်ချင်း ငယ်ချစ်မိန်းကလေးအား သင်္ကြန်ရေလောင်းရင်း ဖွင့်ဟခဲ့သည်များကို အမှတ်ထင်ထင်ရှိဆဲ။ အခု သူကတော့ အချိန်အခါမလင့်အောင် လူကြီးမိဘ စီစဉ်ရာဖြင့် အိမ်ထောင်ရက်သားကျ သွားပေပြီ။ ကျွန်တော်ကား မြို့ုပြတွင် တစ်စုံတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားရင်း မိမိ၏ ငယ်ဂုဏ်ကို စတေးနေဆဲ။
* * *
ဇာတိမြို့နှင့် ငါးနှစ်တာမျှကင်းကွာပြီးနောက် အိမ်ကို အလည်တစ်ခေါက်ပြန်ရောက် သည်။ ကျွန်တော်တို့အိမ်မှာ လေဆိပ်နှင့် သိပ်မဝေးလှသဖြင့် ကားမငှားတော့ပဲ ဆိုက်ကား နှင့်ပဲ သွားတော့မည်ဟု ဆုံးဖြတ်ကာ ဆိုက်ကားတစ်စီးငှားသည်။ သွားရမည့်နေရာကို ပြောလိုက်သည်နှင့် မိမိတစ်ခါမှ မမြင်ဖူးသော ဆိုက်ကားသမားက “ခင်ဗျားတို့အိမ်ကို ကျွန်တော်သိတယ်။ ခင်ဗျား ဆရာမသား ဟုတ်တယ်မလား” ဟုဆိုသည်။ ဤစကားမျှဖြင့်ပင် မိမိကို အသိအမှတ်ပြုကြသော အသိုင်းအဝိုင်း၏ နွေးထွေးမှုကို စတင်ခံစားရသည်။ အိမ်ရှေ့ ရောက်သောအခါ ဆိုက်ကားပေါ်မှဆင်း၍ အထုပ်အပိုးများကို ချစဉ် ဇဝေဇဝါဖြင့် အိမ်အပေါ်ထပ်မှ ငေးကြည့်နေကြသော ညီငယ်၊ ညီမငယ်များက “ဟေး . . . ကိုကို ပြန်လာပြီ” ဟုအော်ကာ ပြေးဆင်းလာကြသည်။ ဖက်ရမ်းကြသည်။ အထုပ်အပိုးများကို ဆွဲငင်ကာ အပေါ်ထပ်ကို တက်ကြသည်။ “သားကြီးက ဆံပင်တွေအရှည်ကြီးနဲ့ ဘောင်းဘီရှည် ဝတ်ထားတော့ နိုင်ငံခြားရုပ်ရှင်မင်းသားနဲ့ တူတယ်” ဟု အမေက မျက်ရည်စမ်းစမ်းဖြင့် ပြုံးလျက် ဆိုသည်။ ဘယ်လိုမှ မတူနိုင်မှန်း သိလျက်ပင် ကျွန်တော် ဝမ်းသာမိသည်။
အမေ့သားလေးကို တော်လို့ တတ်လို့ အမေက ချစ်တာ မဟုတ်ဘူး၊ အမေ့သားလေး ကို အမေ့သားလေးမို့လို့ကို ချစ်တာ ဟူသောစကားကို သတိရသည်။ ငယ်စဉ်ကတည်းက သားသမီးများကို အမြဲတမ်း မျက်နှာတင်းတင်းဖြင့် ဆုံးမဆက်ဆံလေ့ရှိသော အဖေသည် တပြုံးပြုံးဖြင့် သဘောကျနေသည်။ ထူထူထဲထဲ မဟုတ်ပဲ ထိုးထိုးထောင်ထောင် ရှည်ရှည် မျောမျောဖြစ်နေသော ကျွန်တော်၏ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများကို ကြည့်၍ ညီမငယ်က “ကိုကို့ နှုတ်ခမ်းမွေးတွေက ကြံခင်းကို ဆင်နင်းထားတာနဲ့တူတယ်” ဟု ပမာခိုင်းသဖြင့် ၀ိုင်း ရယ်ကြသည်။
သာယာသော ညနေခင်းတွင် စက်ဘီးတစ်စီးဖြင့် လျှောက်လည်သောအခါ ဇာတိမြို့သည်် ငယ်ငယ်က ကျွန်တော်သိသော ဇာတိမြို့နှင့် မတူတော့မှန်း တဖြည်းဖြည်း သိလာရသည်။
ဇာတိမြို့သည် အနည်းငယ် စိမ်းကားစပြုလေပြီ။ ကျွန်တော့ရင်ထဲတွင် အမြဲတမ်း ရှိသော မွေးရပ်မြေကား အတိတ်တွင်ကျန်ခဲ့လေပြီ။ မြို့သည် ပြောင်းလဲကြီးပြင်းစပြု ပြီ။ သို့သော် ကျွန်တော်ချစ်သော ဇာတိမြို့၏ အရိပ်အယောင် အငွေ့အသက် တော်တော် များများ ကို မြင်ရသေးသည်။
အိမ်တွင် စိတ်ချမ်းသာစွာဖြင့် နေထိုင်သည်မှာ တစ်လပဲရှိသေးသည်။ အိမ်နီးနားချင်း တို့က ငါ့တူ မင်း ရန်ကုန်ကို မပြန်သေးဘူးလားဟု မေးကြသဖြင့် ပြုံးမိသည်။ သူတို့ သုံးသည့် အသုံးအနှုန်း “ပြန်သည်” ဆိုသည့် သဘောက ကျွန်တော်သည် ဤနေရာတွင် အတည်တကျ နေထိုင်သူမဟုတ်၊ တစိမ်းဧည့်သည်သာဖြစ်သည် ဆိုသော သဘောကိုဆောင်နေသလားလို့ တွေးမိသည်။ သည်လိုနှင့် ခွင့်ရက်စေ့ပြီး ခွဲခွာရမည့် အချိန်ကို ရောက်လာသည်။
* * *
ရေပိုကြည်ရာ မြက်ပိုစိမ်းရာကို ရှာဖွေရွေ့လျားရင်း “မိမိအိမ်သည်သာ မွေ့လျော်ရာ” ဟူသော စကားကို ပိုမိုသဘောပေါက်တတ်ခဲ့ပြီ။ အိမ်၊ အိမ်၏ဝန်းကျင်ရနံ့၊ လုံခြုံမှု၊ သက်တောင့်သက်သာရှိမှု၊ ချစ်စရာမိခင်ဘာသာစကား (ရခိုင်ဘာသာစကား)၊ မိခင်ဖခင် (အခုတော့ မိအို ဖအို)၊ အားရပါးရ စားခဲ့ရသည့် ရိုးရာ စားမြိန်များ။ ဤအရာ . . . ဤများ၏ အလယ်ကို ချက်ချင်းရောက်သွားနိုင်မည်ဆိုလျှင် မည်မျှကောင်းမည်နည်း။ တစ်ခါတလေတော့ ဘဝအမောကို အသောကလေးနှင့် ဖြေရသည်။ တစ်ခါတလေတော့ ဘဝအမောတစ်ဖက်နှင့် ရက်ဆက်လွမ်းရသည်။ ဤအလွမ်းအမောတို့ကား မိမိနေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပေပြီ။
(စစ်တွေဇာတိ စာရေးဆရာ ကျော်ဇောဦး ဟာ ဒီဆောင်းပါးလေးကို Lifestyle မဂဇင်းမှာ လက်ထောက် အယ်ဒီတာအဖြစ် ၁၉၉၉ ခုနှစ်မှာ အလုပ်လုပ်နေစဉ် ရေးသားခဲ့ပါတယ်။ ၁၉၉၉ ခု (—) လထုတ် lifestyle မဂဇင်းရဲ့ cover story အချီးပိုင်း အဖြစ် ဒီဆောင်းပါးတို ကို ပုံနှိပ်ဖေါ်ပြခဲ့တယ်။ ကျော်ဇောဦးရဲ့ ပထမဆုံး ပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ လက်ရာဖြစ်ပါတယ်။)
==========
post number – 1
short url to this post => https://bit.ly/3CUNtEl
==========