ဒီကနေ့ ကျွန်တော်ရောက်နေတဲ့ အာဖဂန်နစ္စတန်

[ Zawgyi version here ] [ Unicode version below ]

ဒီကေန႔ ကၽြန္ေတာ္ေရာက္ေနတဲ့ အာဖဂန္နစၥတန္

(ဒီေဆာင္းပါးကို ေက်ာ္ေဇာဦး အာဖဂန္နစၥတန္မွာ အင္ဂ်င္နီယာတစ္ဦးအျဖစ္အလုပ္လုပ္ေနခဲ့စဥ္ကာလက ေရးသားခဲ့တယ္။ ၂၀၀၉ ႏွစ္ေႏွာင္းပိုင္းမွာ ဒီေဆာင္းပါးကို အပိုင္းသံုးပိုင္းခြဲၿပီး ျမန္မာတိုင္းမ္က ပံုႏွိပ္ေဖၚျပခဲ့တယ္။)

အာဖဂန္နစၥတန္

ကမၻာေပၚမွာ ဘိန္းအမ်ားဆံုး ထုတ္လုပ္တဲ့ ႏိုင္ငံကို ကၽြန္ေတာ္ ေရာက္ေနတာ ႏွစ္လေက်ာ္သံုးလေလာက္ရွိပါၿပီ။ ဘိန္းကရတဲ့ ၀င္ေငြေတြနဲ႔ ႏိုင္ငံေရးအာဏာကို ပိုမို ခိုင္မာ ေအာင္ လုပ္တတ္ၾကတဲ့ အာဖဂန္နစၥတန္။ ဘိန္း၀င္ေငြအားျဖင့္ ေနာက္ခံလက္နက္ကိုင္တပ္ ေတြကို ပိုမိုအားေကာင္းေအာင္ တည္ေဆာက္ၾကတတ္တဲ့ စစ္ဘုရင္ေတြရွိရာ အာဖဂန္ နစၥတန္ ေပါ့ . . . ။

ၿပီးခဲ့တဲ့ စက္တင္ဘာလထဲမွာ ကဘူးလ္ၿမိဳ႕ေတာ္ကို အစ္ဒ္ ပြဲေတာ္ အားလပ္ရက္ ေျခက္ရက္ေလာက္ သြားနားေနခဲ့တာကလြဲရင္ အာဖဂန္နစၥတန္ရဲ႕ ဒုတိယအႀကီးဆံုး ၿမိဳ႕ျဖစ္တဲ့ ကန္ဒါဟာမွာ ကၽြန္ေတာ္ေနရတယ္။ ဒီထက္ပိုၿပီး အေသးစိတ္က်က် ေျပာရရင္ ကန္ဒါဟာၿမိဳ႕နဲ႔ ကန္ဒါဟာ ေလဆိပ္ၾကား တစ္ေနရာက စခန္း၀င္းၾကီးတစ္ခုထဲမွာ ကၽြန္ေတာ္ေနပါတယ္။

ပရိေဘာဂ အသံုးအေဆာင္ အျပည့္အစံုတပ္ဆင္ထားတဲ့ ကြန္တိန္နာအိမ္ (conex) တစ္လံုးထဲမွာ ကၽြန္ေတာ္ေနပါတယ္။ (အဲသည္ ကြန္တိန္နာအိမ္တစ္လံုးရဲ႕ တန္ဖိုးက ေဒၚလာ ၉၈၀၀ ဆိုပဲ . . . ။) ကၽြန္ေတာ့္ conex နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ဗံုးဘန္ကာတစ္ခုရွိတယ္။ ဘန္ကာရဲ႕ အေပၚနားေလာက္မွာ အေရးေပၚဥၾသတစ္ခု ခ်ိတ္ထားတယ္။

ကၽြန္ေတာ့္ အခန္းကေန ေျခလွမ္းထြက္လိုက္ရင္ပဲ ကၽြန္ေတာ့္ရဲ႕ေဆာက္လုပ္ေရး အလုပ္ခြင္ကို ေရာက္တယ္။ ဆိုလိုတာက အဲသည္ အလုပ္ခြင္ထဲမွာပဲ ကၽြန္ေတာ္ ေနပါတယ္။ ဒီေတာ့ အလုပ္ခြင္ကေန အိမ္ကို အသြားအျပန္လုပ္ရင္း ျပန္ေပးဆြဲခံရတာတို႔၊ ပစ္သတ္ခံရတာတို႔ မရွိႏိုင္ေတာ့ဘူးေပါ့။ အလုပ္ခြင္ကို ၀င္တိုက္တာတို႔ . . . ၊ ေလာင္ခ်ာနဲ႔ လွမ္းပစ္တာတို႔ မၾကံဳရရင္ေပါ့ေလ။

အခန္းထဲက ကၽြန္ေတာ့္ လက္ပ္ေတာ့ပ္ ကၽြန္ပ်ဴတာကို ၀ိုင္ယာလက္ ကြန္နက္ရွင္းနဲ႔ အင္တာနက္ခ်ိတ္ထားတာ မို႔လို႔ ကၽြန္ေတာ့္ ဂ်ီေမးလ္က အြန္လိုင္းေပၚကို ေရာက္ေနတတ္ေပမယ့္ လူကိုယ္၌ကေတာ့ အခန္းျပင္က အလုပ္ခြင္မွာ ေရာက္ေနတတ္တာမ်ားပါတယ္။ ၀ိုင္ယာလက္ ကြန္နက္ရွင္းက အလုပ္သိပ္မျဖစ္ေတာ့ အေရးေပၚက်ရင္ ေဂၚရခါး လံုၿခံဳေရးေတြ ဘံုသံုးၾကတဲ့ ေနရာကို သြားၿပီး အီးေမးလ္ သြားပို႔ရတတ္တယ္။

၂၀၀၉ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ကဘူးလ္ကိုေရာက္တယ္။ ကဘူးလ္မွာ ႏွစ္ရက္ ေလာက္ေနၿပီး၊ ကန္ဒါဟာကို ဆက္သြားတယ္။ ကန္ဒါဟာမွာ ႏွစ္ရက္ေလာက္ အိပ္ၿပီးတာေတာင္ မနက္ မ်က္စိႏွစ္လံုး ပြင့္တာနဲ႔ ပထမဆံုးေတြးမိတာက ငါဘယ္ၿမိဳ႕ကို ေရာက္ေနပါလိမ့္ဆိုတဲ့ အေတြးပဲ။

*                                *                                        *

ကန္ဒါဟာ

ကန္ဒါဟာကို ကၽြန္ေတာ္ေရာက္ၿပီး ဒုတိယေျမာက္ ညေနခင္းမွာ နီးနီးနားနားက ေသနတ္သံႏွစ္ခ်က္ၾကားရတယ္။ သိပ္မေအးလွတဲ့ စက္တင္ဘာလဆန္းပိုင္း တစ္ညေန ၈နာရီေလာက္မွာေပါ့။ နာရီ၀က္ေလာက္ၾကာေတာ့ ကၽြန္ေတာ့ မိတ္ေဆြလည္းျဖစ္ၿပီး ကၽြန္ေတာ့ အထက္အရာရွိလည္းျဖစ္တဲ့ ကိုေအာင္သန္းထြဋ္ကေျပာတယ္။ အခုနက ေသနတ္သံ ႏွစ္ခ်က္ၾကားလိုက္ သလားတဲ့။

`ဟုတ္ကဲ့၊ ၾကားလိုက္တယ္။´

အာဖဂန္အရပ္သားႏွစ္ေယာက္ ကၽြန္ေတာ္တို႔ အလုပ္စခန္း၀င္းနားကို ကပ္လာလို႔ ရပ္ခိုင္းတာ မရပ္လို႔ အေစာင့္ေတြက ပစ္လိုက္တာတဲ့။ ပစ္ရံုပဲ ပစ္တာလား၊ ပစ္သတ္လိုက္တာလား မေသခ်ာေပမယ့္ ပစ္တာေတာ့ ေသခ်ာတယ္။

အာဖဂန္နစၥတန္ရဲ႕ ၿမိဳ႕ၾကီးေတြမွာ ကင္းလွည့္ေနၾကတဲ့ ေနတိုးစစ္ယာဥ္တန္းေတြကို ခင္ေၾကာင္းမင္ေၾကာင္းျပဖို႔ မာေၾကာင္းသာေၾကာင္း စကားသြားေျပာဖို႔ အနားသြားကပ္လို႔ မရပါဘူး။ မသကၤာရင္ သူတို႔ကေတာ့ ပစ္မွာပါပဲ။

အလုပ္နားတဲ့ အခ်ိန္မွာ အခန္းထဲမွာထိုင္ၿပီး တီဗီြခ်န္နယ္ တစ္ခုၿပီးတစ္ခု ေျပာင္းၾကည့္တယ္။ စာေလး ဘာေလး ဖတ္တယ္။ ကားစီးရ၊ ခရီးသြားရတဲ့ အခ်ိန္ကလြဲရင္ အသက္ေဘးနဲ႔ ခပ္လွမ္းလွမ္း မွာပဲ ေနရတယ္လို႔ ဆိုရမွာပါ။

စကားမစပ္ တစ္ခုေေျပာရဦးမယ္။

ကဘူးလ္ကိုေရာက္ေတာ့ ကၽြန္ေတာ့္အိတ္္ထဲမွာ ႏွစ္ေဒၚလာပဲ က်န္ေတာ့တယ္။ တကယ္ေတာ့ နယူးေဒလီမွာ ႏွစ္ရက္ေနၿပီးေတာ့ ဟိုတယ္ခေတြ၊ ဟိုတယ္ကစီစဥ္ေပးတဲ့ ကားခေတြ အားလံုးရွင္းအၿပီး အင္ဒီရာဂႏၵီေလဆိပ္ကုိဆင္းလာေတာ့ အိတ္ထဲမွာ ၄၂ ေဒၚလာက်န္ေသးတယ္ဗ်။ ျဖစ္ခ်င္ေတာ့ ကၽြန္ေတာ့ ပတ္စ္ပို႔မွာ ဗီဇာအသစ္ေပမယ့္လို႔ ျခစ္ရာကေလးပါေနေတာ့ ေလဆိပ္က အႏၵိယ လူ၀င္မႈၾကီးၾကပ္ေရး အရာရွိက ပထမအဆင့္ အေနနဲ႔ စတင္ ရစ္တယ္။ ဒုတိယအဆင့္အေနနဲ႔ ကၽြန္္ေတာ့္ကို လူတန္းကထြက္ေစၿပီး ေစာင့္ခိုင္းထားတယ္။ တတိယအဆင့္အေနနဲ႔ လူူရွင္းသြားေတာ့မွ ကၽြန္ေတာ္နဲ႔ ေစ်းစကားေျပာတယ္။ ဒီေလယာဥ္ကို မစီးပဲ နယူးေဒလီမွာ ဆက္ေနဖို႔ကလည္း ပိုက္ဆံ မက်န္ေတာ့ဘူးဆိုေတာ့ ကၽြန္ေတာ္လည္း ေတာ္္ေတာ္စိတ္ညစ္သြားတယ္။ ေဟ့ . . . ငါ့မွာ ေဒၚလာ ၄၀ ပဲပါေတာ့တယ္လို႔ သူ႕ကို ရွင္းျပရတယ္။ ေစ်းတည့္သြားလို႔ ေလယာဥ္ေပၚတက္ခြင့္ရတယ္။ ဒီလိုနဲ႔ အိတ္ထဲမွာက်န္တဲ့ ႏွစ္ေဒၚလာနဲ႔ ကဘူးလ္ကို ေရာက္လာတယ္။

ၿပီးေတာ့ ေနာက္တစ္ခါ ႏွစ္ရက္ေလာက္အၾကာမွာ ကန္ဒါဟာကိုသြားရေတာ့ ကဘူးလ္ေလဆိပ္မွာ အာဖဂန္ရဲသားက ကၽြန္ေတာ့အိတ္ေတြကို ဖြင့္စစ္ရင္း မ်က္စိတစ္ဘက္ မိွတ္ျပၿပီး လက္ျဖန္႔ျပေနလို႔ စိတ္ပ်က္ရေသးတယ္။ သေကာင့္သားက အဂၤလိပ္လိုသာ မေျပာတတ္တာ၊ ပိုက္ဆံကေတာ့ ေတာင္းတတ္သားပဲ။

ကၽြန္ေတာ္တို႔ရဲ႕ အလုပ္၀င္းနဲ႔ တစ္မိုင္ေပ်ာ့ေပ်ာ့ေလာက္ပဲေ၀းတဲ့ KAF (Kandahar Airfield) ဆိုရင္ သိပ္မေ၀းလွတဲ့ အနီးကပ္အတိတ္မွာ တာလီဘန္ေတြက ေလာင္ခ်ာနဲ႔ လွမ္းပစ္ၿပီး အားေပး တတ္တဲ့ ေနရာျဖစ္ပါတယ္။ အခုေတာင္မွ လုပ္ငန္းခြင္က ဆူညံသံကင္းတဲ့ ေနရာမွာ ထိုင္နားေနခိုက္နဲ႔ KAF ကို ေလာင္ခ်ာနဲ႔ပစ္တဲ့ အခိုက္ဆံုရင္ ထုန္း . . . ထုန္းကနဲ ပစ္သံ ခပ္သဲ့သဲ့နဲ႔ ဥၾသဆြဲသံ မသဲမကြဲ ကို ဆက္တိုက္ၾကားရတတ္တယ္။ ပစ္တဲ့သူကလည္း အေ၀းကေန ရမ္းသမ္းမွန္းဆ ပစ္ရတာဆိုေတာ့ မ်ားေသာအားျဖင့္ သူတို႔လိုရာ ပစ္မွတ္ကို မထိတာမ်ားတယ္ လို႔ဆိုတယ္။ ေလာင္ခ်ာက်ၿပီးေနာက္ အနည္းအက်ဥ္း ထိခိုက္သြားတဲ့ သူေတြကို ေဆးခန္းပို႔ျပဳစု . . . ၊ ေလာင္ခ်ာက်တဲ့ေနရာကို ရွင္းလင္း . . . ၊ ၿပီးရင္ ႏိုင္ငံျခား စစ္သည္ေတြ လုပ္ငန္းကုမဏီေေတြကို စုစည္းေနရာခ်ထားရာ KAF ဟာ ပံုမွန္ လႈပ္ရွားသြားလာမႈေတြနဲ႔ လည္ပတ္ေနျပန္ေတာ့တယ္။

ကၽြန္ေတာ္တို႔ေဆာက္ေနတဲ့ အေဆာက္အအံုရဲ႕ေခါင္မိုးေပၚကေန ေငးေမာၾကည့္ရင္ လူေနအိမ္ေျခေတြေတြ႕ရတယ္။ အဲသည္ အိမ္ေျခေတြရဲ႕ ေက်ာဘက္က ေတာင္စြယ္ေဘးက လမ္းအတိုင္းဆက္သြားရင္ ကန္ဒါဟာၿမိဳ႕ကိုေရာက္ပါတယ္။ အဲသည္လြင္ျပင္ထဲမွာ အိမ္လံုးေလးေတြ က်ိဳးတိုးက်ဲတဲနဲ႔ . . . ၊ သစ္ပင္မရွိ ဘာမရွိနဲ႔ . . . ၊ တစ္ခါတစ္ေလ အညိဳေရာင္ သိုးအုပ္ေတြနဲ႔ သိုးေက်ာင္းသားေတြကို လွမ္းျမင္ရတယ္။ မိုးကုတ္စက္၀ိုင္းရဲ႕ ဟိုဘက္ သည္ဘက္မွာ ေျခာက္သေယာင္း ေနတဲ့ ေတာင္တန္းေတြက မားမားရံလို႔ . . . ။

ဟိုး အေရွ႕ယြန္းယြန္းမွာ KAF လို႔အတိုေကာက္ေခၚတဲ့ ကန္ဒါဟာေလယာဥ္ကြင္း ဧရိယာ ရွိ တယ္။ ေလယာဥ္ကြင္းကေန ထြက္ထြက္လာခ်င္း လမ္းမၾကီးရဲ႕ ညာဘက္မွာ ဟိုး ဆိုဗီယက္ က်ဴးေက်ာ္စစ္ ကတည္းက က်န္ရစ္ခဲ့တဲ့ တင့္ကားပ်က္ေတြ၊ ထရပ္ကားအပ်က္ေတြ၊ ေလယာဥ္ ရဟတ္ယာဥ္ အပ်က္ေတြ . . . ။ အခ်ိဳ႕ ေလယာဥ္ပ်က္ေတြက ေျမမွာ ဖင္စိုက္ၿပီး ထိပ္က ေကာင္းကင္ကို ေမုွ်ာ္လို႔ . . . ။ အပ်က္အစီးေတြက ဟိုတစ္ပံု သည္တစ္ပံု ထိုးထိုးေထာင္ေထာင္နဲ႔ . . . ။

ညည အလုပ္နားတဲ့အခ်ိန္မွာ ေကာင္းကင္ကို ေမာ္ၾကည့္ရင္ အနီေရာင္ အစက္ကေလးေတြ ေရြ႕ေနတာကို ေတြ႕ရတတ္တယ္။ အဲဒါေပါ့ဗ် . . . drone ဆိုတာ။ ေမာင္းသူမဲ့ ကင္းေထာက္ေလယာဥ္ေတြ။ ေလထဲကို ပ်ံတက္ဖို႔အတြက္က်ေတာ့ ဒီကပဲ ထိန္းခ်ဳပ္ၿပီး လုပ္ေပးရတယ္။ ေလထဲမွာ ပ်ံ၀ဲေနၿပီဆိုတာနဲ႔ ကယ္လီဖိုးနီးယားကလား ဘာလား . . . အေမရိကန္ တစ္ေနရာကေန ၿဂိဳလ္တုကတစ္ဆင့္ ဒီေလယာဥ္ေတြကို ထိန္းခ်ဳပ္အလုပ္လုပ္သြားတယ္လို႔ ေျပာၾကတာပဲဗ် လို႔ ကိုေအာင္သန္းထြဋ္က ရွင္းျပတယ္။ တစ္ခါတေလ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ ျပန္ၾကားရတဲ့ အာဖဂန္ စစ္သတင္းေတြကို ေဆြးေႏြးတတ္ၾကတယ္။

အပစ္အခတ္ေတြကိုေတာ့ တစ္ခါမွတိုက္ရိုက္မၾကံဳရေသးပါဘူး။ မွတ္မွတ္ရရ ၂၀၀၉ ေအာက္တိုဘာလ ၂၉ရက္ေန႔ ည ၈ နာရီ ၉ နာရီေလာက္မွာ တူရကီအင္ဂ်င္နီယာနဲ႔ ကၽြန္ေတာ္ ႏွစ္ေယာက္သား punch list အတြက္ စာရင္းေကာက္ေနၾကတုန္း ဒုန္းကနဲ အသံအက်ယ္ၾကီး ၾကားရၿပီး အေဆာက္အအံုတစ္ခုလံုး လႈပ္ခါသြားတယ္။ ကၽြန္ေတာ္တို႔ လည္း ေျပးထြက္လာ၊ အျခားသူေတြလည္း အသီးသီး အသကအသက ေျပးထြက္လာၾကၿပီး စူးစမ္းၾကတယ္။ အခ်ိဳ႕ကလည္း ဘန္ကာဘက္ကို ေျပးၾကတယ္။ ေနာက္ေတာ့ တူရကီ အင္ဂ်င္နီယာက ကၽြန္ေတာ့္ဆီကို အေျပးျပန္ေရာက္လာၿပီး ရွင္းျပတယ္။ `ဗံုးေတာ့ ဗံုးပဲ။ ဒါေပမဲ့ ကိစၥရွင္းသြားၿပီလို႔ ေျပာတယ္။ ၿဗိတိသွ်တပ္ေတြက ဒီအနီးအနားမွာ ဗံုးတစ္လံုးေတြ႕တာနဲ႔ စနက္တံျဖဳတ္မရလို႔ အကာအကြယ္ယူၿပီး ေဖါက္ခြဲလိုက္တာလို႔ေျပာတယ္´ လို႔ ျပန္လာ ေျပာ တယ္။

မနက္ မနက္က်ရင္ မလွမ္းမကမ္း အာဖဂန္ရဲတပ္ဖြဲ႕ ေလ့က်င့္ေရးေသနတ္္ပစ္ကြင္းမွာ တဒိုင္းဒိုင္းနဲ႔ ပစ္ေနၾကတာကို ၾကားရတတ္တယ္။ တစ္ခါတေလ ကင္းလွည့္လာၾကတဲ့ အေမရိကန္ စစ္ယာဥ္ တစ္အုပ္စု ကၽြန္ေတာ္တို႔ စခန္း၀င္းထဲကို ၀င္လာနားတာကို ေတြ႕ႏိုင္တယ္။ အဲသည္ စစ္ယာဥ္တန္းေတြဟာ မ်ားေသာအားျဖင့္ KAF လာၾကတာပါ။ တိုက္ပြဲ၀င္ယာဥ္ (armored vehicle) ေတြကေနဆင္းလာၿပီး စီးကရက္ေလးေသာက္လိုက္ ဘ၀တူ အမ်ိဳးသားစစ္သည္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေနာက္လိုက္ေျပာင္လိုက္ လုပ္ေနၾကတဲ့ အေမရိကန္စစ္သမီးေတြကို အာဖဂန္ အလုပ္သမားေတြက အထူးအဆန္းသဖြယ္ လွမ္းေငး ၾကည့္ေနၾကတာကိုလည္း ျမင္ႏိုင္တယ္။

အာဖဂန္ အလုပ္သမားေတြ၊ ဥဇဘက္လူမ်ိဳးနဲ႔ ရုရွားလူမ်ိဳး အလုပ္သမားေတြ၊ ပါကိစၥတန္အရာရွိနဲ႔ ဖိလစ္ပိုင္လူမ်ိဳး အရာရွိတို႔ ပါ၀င္လုပ္ကိုင္ၾကတဲ့ ဒီပေရာဂ်က္ကို ကၽြန္ေတာ္တို႔ ျမန္မာအင္ဂ်င္နီယာ ႏွစ္ေယာက္က ဦးစီးပါတယ္။  KAF က ေလာင္ခ်ာသံနဲ႔ ေသနတ္ပစ္ကြင္းက ေသနတ္သံ ေတြ၊ စစ္ဖိနပ္သံ တေျဖာင္းေျဖာင္းတို႔ဟာ ၾကာလာေတာ့ ရိုးသြားပါတယ္။

အစားအေသာက္ေကာင္းေကာင္း အလွ်ံပယ္ . . . အသံုးအေဆာင္ အေထာက္အကူ အျပည့္အစံုနဲ႔ အ၀တ္ေလွ်ာ္ဖို႔ကအစ ပူစရာမလိုပဲ ႏိုင္ငံတကာ အရာရွိတစ္ေယာက္အေနနဲ႔ မပူမပင္ မေေၾကာင့္မၾကေနရေပမယ့္လို႔  အင္ဂ်င္နီယာအလုပ္နဲ႔ ဆယ္စုႏွစ္ တစ္စုေလာက္ ကင္းကြာေနခဲ့တဲ့ ကၽြန္ေတာ့္အေပၚမွာ စိတ္ဖိစီးမႈက အစဥ္ရွိေနခဲ့တယ္။

*                                 *                                      *

ကဘူးလ္

Ah! How beautiful is Kabul encircled by her arid mountains.

And, Rose, of the trials of thorns she envies.

Her gusts of powdered soil, slightly stings my eyes.

But I love her, for knowing and loving are born of this same dust.

အာဖဂန္ေရွးစာဆိုတစ္ေယာက္ကေတာ့ ေျခာက္သေယာင္းေနတဲ့ ေတာင္တန္းေတြနဲ႔ ၀န္းရံထားတဲ့ ကဘူးလ္ၿမိဳ႕ေတာ္ဟာ လွပပါဘိေတာင္းရယ္လို႔ ဆိုရွာတယ္။

စိမ္းညိဳ႕ညိဳ႕ေတာင္တန္းေတြနဲ႔ မ်က္စိယဥ္ပါးေနတဲ့ ကၽြန္ေတာ့္အဖို႔ရာ ေလယာဥ္ေပၚကေန ငံု႔ၾကည့္လိုက္ရင္ တစ္ခြင္တစ္ျပင္လံုး သဲေရာင္ထေနတဲ့ ေအာက္ေျမျပင္ ျမင္ကြင္းဟာ လွပတယ္လို႔ မဆိုသာပါဘူး။ သစ္ပင္၀ါးပင္ရယ္လို႔ ဘာမွမရွိပဲ အေျမႇာင္းလိုက္ အေျမႇာင္းလိုက္ တည္ရွိေနတဲ့ ေတာင္တန္း ၀ါညိဳညိဳေတြကို ခ်စ္စရာလို႔ျမင္ႏိုင္တဲ့ စာဆိုကေတာ့ ဒီေရဒီေျမကို ခ်စ္တဲ့စိတ္နဲ႔ စာဖြဲ႕ခဲ့တာျဖစ္ပါလိမ့္မယ္။

ကဘူးလ္ကို ပထမဆံုးေရာက္လာတဲ့အေခါက္မွာ ကၽြန္ေတာ့္ကို အာဖဂန္လူမ်ိဳး တစ္ေယာက္ လာၾကိဳမယ္လို႔ သိထားတယ္။ ကၽြန္ေတာ္ ေလဆိပ္ကထြက္လာၿပီး ေယာင္လည္ လည္နဲ႔ ရပ္ေနစဥ္မွာ အာဖဂန္လူမ်ိဳးတစ္ေယာက္က စကၠဴအလိပ္တစ္လိပ္ကိုကိုင္ၿပီး လူေတြကို ကြက္ၾကည့္ ကြက္ၾကည့္လုပ္ေနတာကို ေတြ႕ရတယ္။ ဒါနဲ႔ အဲဒီ ေထာင္ေထာင္ ေမာင္းေမာင္း အာဖဂန္ႀကီးဟာ ငါ့ကို လာႀကိဳေနတာပဲ ျဖစ္ရမယ္ဆိုၿပီး သူ႔ကို သြားေမးေတာ့ ပုဂိၢဳလ္က အဂၤလိပ္လို နားမလည္ဘူး။ ဒါေပမဲ့ ကၽြန္ေတာ့ရဲ႕ လက္ဟန္ေျခဟန္ကို နားလည္တဲ့ သေကာင့္သားက သူ႕လက္ထဲက စကၠဴလိပ္ကို ျဖန္႔ျပတယ္။

?

အစ္ဒ္ပြဲေတာ္ အားလပ္ရက္အေနနဲ႔ ဒုတိယတစ္ေခါက္ ကဘူးလ္ကို ေရာက္တဲ့အခါ က်မွ ျမန္မာအိမ္ကို ကၽြန္ေတာ္သြားေနျဖစ္တယ္။ စက္တင္ဘာလ ၁၉ရက္ေန႔ေပါ့။ ကဘူးလ္ေလဆိပ္ကေန ျမန္မာအိမ္ကိုလာ၊ ၿပီးေတာ့ အ၀တ္အစားေတြလဲၿပီးေတာ့ အုန္းႏို႔ေခါက္ဆြဲခ်က္မလို႔ လုပ္ေနတုန္း ထိန္းကနဲဆို အသံအက်ယ္ၾကီးၾကားရၿပီး ကၽြန္ေတာ့္ စိတ္အထင္ အေဆာက္အအံုေတာင္ မသိမသာလႈပ္သြားသလို ခံစားရတယ္။ ခဏေနေတာ့ ဖုန္း၀င္လာတယ္။ အခုနက ေလဆိပ္ကေန ကၽြန္ေတာ္တို႔ျဖတ္လာတဲ့ လမ္းမွာ ဗံုးေပါက္တာ တဲ့။

ကၽြန္ေတာ္နဲ႔ ေနာက္အင္ဂ်င္နီယာတစ္ေယာက္ကို သစ္လြင္ႀကိဳဆိုပြဲ (fresher welcome) လုပ္တဲ့ အေနနဲ႔ ေသာက္ပြဲစားပြဲေလးတစ္ခု ျမန္မာအိမ္မွာ က်င္းပတယ္။ အရက္ျပင္းမ်ားမ်ား ေသာက္ခ်င္ၾကေပမယ့္ ေဂ်ာ္နီေ၀ါ့ကား ရက္ေလဘယ္တစ္လံုးကို ေမွာင္ခိုေစ်းနဲ႔ ေဒၚလာ၁၅၀ ေလာက္ေတာင္း ေနၾကေတာ့ ေဗာ္ဒကာႏွစ္လံုးရယ္၊ အေတာမသတ္ႏိုင္ တဲ့ ဟန္နီကန္ ဘီယာဗူးေတြနဲ႔ပဲ ေက်နပ္လိုက္ၾကရတယ္။

ျမန္မာအိမ္မွာ ထမင္းလာခ်က္တဲ့ ထမင္းခ်က္က ေန႔တိုင္း ကိုယ္ပိုင္ကားစီးၿပီး အလုပ္ လာတာဗ်။ ေပါ့ေသးေသးမထင္နဲ႔။ တိုင္းျပည္ရဲ႕လူမ်ားစုက ဆင္းရဲေပမယ့္ ေတာ္ရံုတန္ရံု ၀င္ေငြေလးရွိရင္ ဟန္းဖုန္းေလးဘာေလး ၀ယ္ႏိုင္တယ္။ ကား၀ယ္ႏိုင္တယ္။ ဒါေၾကာင့္ ကဘူးလ္ၿမိဳ႕ထဲမွာ လူေတာ္ေတာ္မ်ားမ်ား ဟန္္းဖုန္းကိုင္ေနၾကတာကို ေတြ႕ရတယ္။ ကၽြန္ေတာ့ဆီမွာ အလုပ္လုပ္ေနၾကတဲ့ ပန္းရံ၊ လက္သမားေတြလည္း ဟန္းဖုန္းေတြ ကိုယ္စီနဲ႔ ပါပဲ။ (ကၽြန္ေတာ္ အာဖဂန္နစၥတန္ကိုေရာက္ေနတဲ့ အဲသည္ အခ်ိန္တုန္းက ျမန္မာျပည္မွာ ဟန္းဖုန္း နံပါတ္တစ္ခု ကုိင္ရဖို႔အတြက္ ေဒၚလာ ၁၅၀၀ တန္ဖိုးနဲ႔ညီမွ်တဲ့ ျမန္မာေငြပမာဏကို အနည္းဆံုးေအာက္ထစ္ ေပး၀ယ္ေနရတဲ့ အခ်ိန္ေပါ့။)

အခု အာဖဂန္နစၥတန္မွာ ျမန္မာလူမ်ိဳး အနည္းဆံုး ၁၂ ေယာက္ေလာက္ရွိတယ္။ ပေရာ္ဖက္ရွင္နယ္ အဆင့္တစ္ခုခု၊ စီမံခန္႔ခြဲမႈ အဆင့္တစ္ခုခုနဲ႔ အလုပ္လာလုပ္ၾကတဲ့ သူေတြ ခ်ည္းပဲ ဆိုပါေတာ့ . . . ။ အာဖဂန္နစၥတန္ကို လြန္ခဲ့တဲ့ သံုးေလးႏွစ္ေလာက္ကတည္းက ေရာက္ေနတဲ့ ကိုခင္ထြန္းက` ဒီကိုေရာက္ေနတဲ့ ျမန္မာေတြက အဆင့္ေလးဘာေလး တစ္ခုနဲ႔ ေရာက္လာၾကတာဆိုေတာ့ ျမန္မာဆိုရင္ အထင္ေတာ့ မေသးဘူးဗ်´ လို႔ဆိုတယ္။ `ဒါေပမဲ့ ဟိုး ေရာက္ခါစတုန္းကဆိုရင္ ျမန္မာလို႔ ေျပာလည္း ဘားမားလို႔ ေျပာျပလည္း ဘာမွန္းမသိၾက ေတာ့၊ ဒါနဲ႔ . . . မင္းတို႔ ဂ်ပန္ဆိုတာေကာ သိၾကသလား လို႔ကၽြန္ေတာ္ေမးတယ္ဗ်။ သူတို႔က သိတယ္လို႔ ေျပာေတာ့၊ ေအးမွတ္ထား ျမန္မာဆိုတာ ဂ်ပန္နဲ႔ အတူတူပဲလို႔။ ဒီလို နားသြင္း ထားလိုက္တာ ကၽြန္ေတာ္တို႔ကို အထင္ေတြ စြတ္ႀကီးေနၾကပါေလေရာ။ ဒါနဲ႔ သိပ္မၾကာဘူး။ နာဂစ္မုန္တိုင္း တိုက္ေတာ့ ျမန္မာျပည္သတင္းက စီအန္အန္တို႔ ဘာတို႔မွာ ျပဴးတူးၿပဲတဲ နွစ္ဆယ့္ေလးနာရီ ပါလာေတာ့၊ ဒီမွာၾကည့္ ဒီမွၾကည့္ မင္းတို႔ႏိုင္ငံမင္းတို႔ႏိုင္ငံ ဆိုၿပီး လူတကာက လက္ညိဳးထိုးၿပတယ္ဗ်။ ဒီေတာ့မွ ဘယ္လိုတိုင္းျပည္မ်ိဳးကလာတယ္ ဆိုတာ သူတို႔ သိသြားတာ´ လို႔ေျပာ ျပရင္း ကိုခင္ထြန္းက တ၀ါး၀ါး တဟားဟားရယ္ပါတယ္။

အဲသည္ အားလပ္ရက္ယူေနတဲ့ ရက္ေတြအေတာအတြင္း အလုပ္ကိစၥနဲ႔ ကဘူးလ္ ကုမဏီရံုးကိုအသြား လမ္းဆံုတစ္ေေနရာမွာ ဘာေၾကာင့္ရယ္မွန္းမသိ သံုးနာရီေယာက္ လမ္းပိတ္ေနပါေလေရာဗ်ာ။ ဓါတ္ပံုေလးဘာေလး ဆင္းရိုက္မယ္ဆိုေတာ့ အားလံုးက ၀ိုင္းတားၾကတယ္။ ကားေပၚမွာ ဒီအတိုင္းပဲထိုင္ေနေပါ့။ `စာေရးဆရာႀကီး၊ ကုန္ၾကမ္းရွာေနတာလား။ ခင္ဗ်ားကိုယ္တိုင္ ကုန္ၾကမ္းျဖစ္သြားမယ္။ အာဖဂန္နစၥတန္ကို ဘာထင္ေနသလဲ´ လို႔ ဂရုဏာေဒါေသာနဲ႔ ေျပာၾကတယ္။

တစ္ခါတေလက်ေတာ့ အာဖဂန္အမ်ိဳးသမီးေတြ ကားေမာင္းေနတာကို ေတြ႕ရတတ္ တယ္။ တခ်ိဳ႕ လမ္းဆံုလမ္းခြေတြမွာ ယာဥ္ပိတ္ဆို႔မႈျဖစ္သြားၿပီဆိုရင္ ရွင္းရတာအၾကာႀကီးပဲ။ ယာဥ္ထိန္းရဲေတြက ကားသမားေတြကို ေငါက္ငမ္းတာလည္းေတြ႕ရတယ္။ ေျပာမရ ဆိုမႏိုင္တဲ့ ကားသမားေတြရဲ႕ ေဘာနက္ကို လက္ကိုင္တုတ္နဲ႔ထုတာလည္း လွမ္းျမင္ရတယ္။ ဒါနဲ႔ မိတ္ေဆြ အင္ဂ်င္နီယာ ဦးမင္းထြန္းက လွမ္းေျပာတယ္။

`ဟား . . . ဟား . . . ဟား . . . ။ တစ္ခါတေေလက်ေတာ့ ကားသမားေတြက ယာဥ္ထိန္းရဲကို ဆြဲထိုးသြားတယ္ဗ်။ ဘယ္ကားသမားက ဘာေကာင္ ဘယ္ကားသမားက ဆရာႀကီးဆိုတာကို သိႏိုင္တာမွ မဟုတ္တာ။´

ကၽြန္္ေတာ္တို႔ စကားေျပာေနတုန္းမွာပဲ စိတ္မရွည္ႏိုင္တဲ့ ကားသမားတစ္ေယာက္က လမ္းေျပာင္းျပန္တက္ေမာင္းတယ္။ ပလက္ေဖာင္းကို ေက်ာ္တယယ္၊ ခြတယ္။ ဒါေပမဲ့ ရလဒ္က တစ္ဘက္ကလာတဲ့ ကားလည္း သြားလို႔မရ၊ သူလည္းေရွ႕တိုးလို႔မရ ျဖစ္ကုန္ေရာ။ တစ္ခါတေလ ဘယ္လိုမွရွင္းလို႔မရရင္ ယာဥ္ထိန္းရဲလည္း ဘာမွ မလုပ္ေတာ့ပဲ လမ္းေဘးမွာ သြားထိုင္ေနတာကို ေတြ႕ဖူးတယ္ဗ်။ ကားသမားေတြ ကိုယ့္ဘာသာကိုယ္ပဲ ရွင္းၾကေတာ့ ဆိုၿပီး လက္ေလွ်ာ့လိုက္တာ။

ဒီေန႔ မ်က္စိေရွ႕က ယာဥ္ပိတ္ဆို႔မႈ ဇာတ္လမ္းက ဘယ္လို အဆံုးသတ္မလဲေတာ့မသိ။ ကၽြန္္ေတာ္တို႔ကေတာ့ ကားကိုဒရိုင္ဘာနဲ႔ထားခဲ့ၿပီး ကၽြန္ေတာ္တို႔ အာဖဂန္လက္ေထာက္ တစ္ေယာက္က ခပ္လွမ္းလွမ္းမွာ တားေပးထားတဲ့ တကၠစီကို တက္စီးၿပီး ခရီးဆက္ခဲ့ၾကတယ္။

*                                    *                              *

ေငြ၊ လက္နက္၊ အာဏာ

၂၀၀၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ အယ္လ္ေကဒါအဖြဲ႕က ကမၻာ့ကုန္သြယ္မႈ အေဆာက္အအံုကို ေလယာဥ္နဲ႔ ၀င္တိုက္ၿပီး ေဖါက္ခြဲ ဖ်က္ဆီးပစ္လိုက္တယ္။ အဲသည္ ၉/၁၁ အျဖစ္အပ်က္မတိုင္မီ ႏွစ္ရက္အလို စက္တင္ဘာလ ၉ရက္ေန႔မွာ အိုစမာဘင္လာဒင္ဟာ အယ္လ္ေကဒါ ေအးဂ်င့္ ႏွစ္ေယာက္ကို သတင္းေထာက္ အေယာင္ေဆာင္ခိုင္းၿပီး အာဖဂန္နစၥတန္ ေျမာက္ပိုင္းမဟာမိတ္တပ္ေတြရဲ႕ အႀကီးအကဲ အာမက္ ရွား မာဆြတ္ ကို အေသခံ ဗံုးခြဲ သတ္ခိုင္းခဲ့တယ္။ အိုစမာရဲ႕ လက္ရာႏွစ္ခုက တစ္ခုနဲ႔ တစ္ခု ႏွစ္ရက္ပဲ အခ်ိန္ကာလ ကြာျခားပါတယ္္။ အာဖဂန္နစၥတန္ကို အဲသည္အခ်ိန္က အုပ္စိုးေနတဲ့ တာလီဘန္ အစိုးရက အယ္လ္ေကဒါအဖြဲ႕ကို အကာအကြယ္ေပး၊ အေျခခ်စရာေနရာေပးထားတဲ့အတြက္ အတံု႔အလွယ္သေဘာနဲ႔ အယ္လ္ေကဒါအဖြဲ႕ကလည္း တာလီဘန္ေတြကို ဆန္႔က်င္တိုက္ခိုက္ ေနတဲ့ ေျမာက္ပိုင္း မဟာမဟာမိတ္တပ္ေတြရဲ႕ အႀကီးအကဲ မာဆြတ္ကို လုပ္ၾကံေပးတာျဖစ္ပါ တယ္။

ဒါေပမဲ့ မာဆြတ္ခ်ထားခဲ့တဲ့ အစီအစဥ္ေတြအတိုင္း တာလီဘန္အစိုးရကို ျဖဳတ္ခ်ႏိုင္ခဲ့ တယ္။ မာဆြတ္ဟာ ယေန႔ထက္တိုင္ က်န္ရစ္သူေတြက ေလးစားရတဲ့ အာဖဂန္ အမ်ိဳးသား အာဇာနည္ ျဖစ္လာခဲ့တယ္္။

`ေခါင္းေဆာင္ၾကီး မာဆြတ္ က်ဆံုးသြားတာကို သိရေတာ့ ကၽြန္ေတာ္တို႔ အကုန္လံုး ငိုမိၾကတယ္´ လို႔ အဲသည္တုန္းက မာဆြတ္ရဲ႕ မူဂ်ာဟစ္ဒင္တပ္မွာ အရာရွိငယ္အဆင့္နဲ႔ တာ၀န္ထမ္းေဆာင္ခဲ့တဲ့၊ အခုအခ်ိန္မွာ အသက္ေလးဆယ္ရွိၿပီျဖစ္တဲ့ ကၽြန္္ေတာ့္ လက္ေထာက္ မစၥတာ အာမက္ဇဟားက ျပန္ေျပာင္းေျပာျပတယ္။

မစၥတာဇဟားဟာ အခုအခ်ိန္မွာ ကၽြန္္ေတာ္အလုပ္လုပ္ေနတဲ့ အေမရိကန္ကုမၸဏီမွာ ၾကီးၾကပ္ေရးမွဴး (supervisor) တစ္ေယာက္အေနနဲ႔ တာ၀န္ထမ္းေဆာင္ေနတာ ေလးငါးႏွစ္ ေလာက္ရွိပါၿပီ။ အဂၤလိပ္စကားကို ေကာင္းေကာင္း ကၽြမ္းကၽြမ္းက်င္က်င္ ေျပာတတ္တယ္။ အာဖဂန္နစၥတန္သံုး ဘာသာစကားေတြျဖစ္တဲ့ ဒါရီ၊ ပက္စ္တို၊ ဖာရစီဘာသာစကားေတြကိုလည္း မိခင္ဘာသာစကားအေနနဲ႔ ေျပာတတ္တယ္။ (သူ႔အေဖက ပုရွ္ထြန္းလူမ်ိဳး၊ သူ႔အေမက တာဂ်စ္လူမ်ိဳး။) ကုမၸဏီ၀န္ထမ္းေပမယ့္လို႔ သာမေညာင္ညမမွတ္ ေလနဲ႔။ ကိုယ္ပိုင္လုပ္ငန္းေတြရွိတဲ့ လူတစ္ေယာက္ပါ။

`မဇာရီရွရစ္ကို လိုင္းဆြဲေနတဲ့ ဘတ္စ္ကားႏွစ္စီးကို ကၽြန္ေတာ္ပိုင္ပါတယ္။ အဲဒီ ဘတ္စ္ ကား ႏွစ္္စီးကေန တစ္လ၀င္ေငြ ေဒၚလာ ၂၀၀၀ ကေန ၅၀၀၀ၾကားရပါတယ္။ ပံုမွန္ေတာ့ မရွိပ္ဘူး။ ဒီကုမၸဏီကေနရတဲ့လစာကေတာ့ ကၽြန္ေတာ့္ ကေလး ေျခာက္ေယာက္အတြက္ ေက်ာင္းစရိတ္ေလး ဘာေလးရတာေပါ့´ လို႔ မစၥတာဇဟားက ဆိုပါတယ္။ ဇဟားက သူ႔ကေလးေတြကို ေစ်းႀကီးတဲ့ ပုဂၢလိကေက်ာင္းေတြမွာ ထားတာေနာ္။

ဘတ္စ္ကားေတြတင္မကပဲ မစၥတာဇဟားမွာ ကၽြန္ေတာ့္ကို ေျပာမျပတဲ့ လုပ္ငန္းေတြ ရွိေကာင္းရွိႏိုင္တယ္။ တစ္ႏိုင္ငံလံုး အေ၀းေျပးလမ္းမေတာ္ေတာ္မ်ားမ်ားကို တာလီဘန္ေတြက စီးနင္းထားလို႔ ပို႔ေတာင္ဆက္သြယ္ေရးခက္ခဲေနတဲ့ အခုလိုအခ်ိန္မ်ိဳးမွာ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းကိုလည္း မစၥတာဇဟားလုပ္တယ္လို႔ ေျပာတဲ့လူက ေျပာၾကတယ္။ လမ္းတစ္ေလွ်ာက္မွာ ၾကံဳရတဲ့ တာလီဘန္ေတြနဲ႔ စာရင္းရွင္း ေခ်ာဆီထည့္ၿပီး ကုန္စည္ကို လိုရာပို႔ေဆာင္ေပးရတဲ့ အလုပ္မ်ိဳးေပါ့။

ကၽြန္ေတာ္ အာဖဂန္နစၥတန္ကိုမေရာက္ခင္ေလးတင္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ေရြးေကာက္ပြဲ မတိုင္မီေလာက္က မစၥတာဇဟားဟာ ခြင့္တစ္ရက္ေလာက္ေပးပါလို႔ ေျပာၿပီး သံုးေလးပတ္ ေလာက္ ေပ်ာက္သြားခဲ့တယ္လို႔ အဆိုရွိပါတယ္။ ဟာမစ္ကာဇိုင္းနဲ႔ ေဒါက္တာအဗၺဒူလာတို႔ ယွဥ္ၿပိဳင္တဲ့ ေရြးေကာက္ပြဲမွာ ေဒါက္တာအဗၺဒူလာ ဘက္ကေန ေက်းရြာအေရာက္ကြင္းဆင္း စည္းရံုးမႈေတြ လုပ္ေနခဲ့တယ္လို႔ ဆိုၾကတယ္။ ေရြးေကာက္ပြဲၿပီးသြားေတာ့ ခပ္တည္တည္နဲ႔ ျပန္ေရာက္လာတယ္။ တကယ့္လူ . . . ။

မစၥတာဇဟားတစ္ေယာက္ အခုေလာေလာလတ္္လတ္မွာ ဘယ္သူ႔ဘက္ေတာ္သား ျဖစ္ေနတယ္ရယ္လို႔ ကၽြန္္ေတာ္ မသိႏိုင္ပါဘူး။ အေမရိကန္ေတြနဲ႔လည္း အလုပ္လုပ္တယ္။ တာလီဘန္ေတြနဲ႔ စကားေျပာစရာရွိရင္လည္း ဒီလူေျပာမွာပဲလို႔ သံသယရွိတဲ့လူက ရွိၾကတယ္။ ေရြးေကာက္ပြဲႏိုင္ငံေရးမွာလည္းပါတယ္။ ပက္ရွ္ထြန္းလူမ်ိဳးေပမယ့္လည္း ႏိုင္ငံေျမာက္ပိုင္းက တာဂ်စ္လူမ်ိဳးတစ္ေယာက္ ေခါင္းေဆာင္တဲ့ မူဂ်ာဟစ္ဒင္လႈပ္ရွားမႈထဲမွာ ကာလရွည္မ်ား ပါ၀င္ ပတ္သက္ခဲ့ဖူးတယ္။ ေလာေလာဆယ္ သူ႔မွာဂြက်ေနတာတစ္ခုကေတာ့ မုတ္ဆိတ္ရွည္တာကို မႀကိဳက္တဲ့လူေတြနဲ႔ မုတ္ဆိတ္ရွည္ထားတာကို တန္ဖိုးထားၾကတဲ့လူေတြၾကားမွာ ဗ်ာမ်ားရ တတ္တာပါပဲ။

“ကၽြန္ေတာ့မုတ္ဆိတ္က အရင္က ဒီထက္ရွည္တာေပါ့။ တစ္ခါက အစည္းအေ၀း တစ္ခုကိုတက္စရာရွိေတာ့ဗ်ာ . . . သိပ္အဆင္မေျပမွာ စိုးတာနဲ႔ နည္းနည္းတိုေအာင္ ညႇပ္လိုက္ရတယ္။” လို႔ မစၥတာဇဟားကဆိုပါတယ္။

အရင္ေရြးေကာက္ပြဲတုန္းက ဟာမစ္ကာဇိုင္း ဘက္ေတာ္သားျဖစ္ခဲ့ၿပီး အခုေရြးေကာက္ပြဲ က်ေတာ့ ေဒါက္တာအဗၺဒူလာဘက္ကေန ဘာလို႔ လႈပ္ရွားရတာလဲလို႔ ကၽြန္ေတာ္က ေမးေတာ့ “တိုင္းျပည္အတြက္ အေျပာင္းအလဲ တစ္ခုခုမ်ား ေဒါက္တာအဗၺဒူလာ ေဆာင္ၾကည္းေပးလာႏိုင္မလား ဆိုၿပီး ေမွ်ာ္လင့္လို႔ပါ” လို႔ သူကေျဖတယ္။

အာဖဂန္နစၥတန္္သမၼတ ဟာမစ္ကာဇိုင္းရဲ႕ညီ အာမက္ကာဇိုင္း တစ္ေယာက္ ဘိန္းလုပ္ငန္းေတြနဲ႔ ပက္သတ္ေနတယ္၊ တစ္ခ်ိန္တည္းမွာပဲ အေမရိကန္ စီအိုင္ေအရဲ႕လစာကို စားေနတဲ့သူလည္းျဖစ္ေနတယ္ ဆိုတာကို ၾကားရတယ္ဗ်ာ၊ အဲဒါကို ခင္ဗ်ား ဘယ္လိုယူဆ သလဲ ဆိုေတာ့ မစၥတာဇဟားက ဒီလိုေျဖတယ္။ “ခါလီဖာ ေက်ာ္ေဇာဦး၊ အဲဒီအခ်က္ ႏွစ္ခ်က္က ျဖစ္ႏိုင္ေျခရွိရံုသက္သက္မဟုတ္ဘူး။ ျဖစ္ကို ျဖစ္ေနတာ။ ဟာမစ္ကာဇိုင္းရဲ႕ ညီအစ္ကိုေတြက အေမရိကမွာ အမ်ားႀကီးပဲဗ်ာ။ သူတို႔တစ္ေတြ အေမရိကန္ေတြနဲ႔ ပတ္သက္ေနတာ ၾကာလွၿပီပဲဗ်ာ။ ၿပီးေတာ့ ဒီႏိုင္ငံမွာ ဘိန္းလုပ္ငန္း ၊ဒါမွမဟုတ္၊ ဘိန္းကလာတဲ့ေငြနဲ႔ ကင္းႏိုင္တဲ့ သူကလည္း အရွားသားလားဗ်ာ . . . ” လို႔ဆိုတယ္။

ဟာမစ္ကာဇိုင္းရဲ႕ ဒုတိယသမၼတ အေနနဲ႔ ေရြးေကာက္ခံဖက္ျဖစ္လာတဲ့ မိုဟာမက္ ဖာဟင္းမ္ရဲ႕ ေနာက္ေၾကာင္း သတင္းဆိုးေတြနဲ႔ ပတ္သက္လို႔ ေမးေသးတယ္။

“ေငြရွိေအာင္ အရင္လုပ္ရတာေပါ့ဗ်ာ။ ဘိန္းလုပ္ငန္းလုပ္ရင္း ပိုက္ဆံမ်ားမ်ား ကိုင္လာႏိုင္ရင္ လက္နက္မ်ားမ်ား ၀ယ္လာႏိုင္တယ္။ လက္ေအာက္ငယ္သားေတြကို လစာေပးလာႏိုင္တယ္။ တစ္ဆက္တည္းမွာပဲ ႏိုင္ငံေရး ၾသဇာႀကီးလာတယ္။ သူ႕ကို ဖယ္ရွားပစ္ဖို႔ ခက္လာတာေပါ့ . . . ” လို႔ဆိုတယ္။

“အခ်ိဳ႕ေသာ အေမရိကန္ စစ္ဘက္ဆိုင္ရာ ပဂၢိဳလ္ေတြဟာ ဘိန္းလုပ္ငန္းနဲ႔ မကင္းဘူး . . . လို႔ အဲဒီလုပ္ငန္းဘက္က ကၽြန္ေတာ့ မိတ္ေဆြ အရပ္သားေတြက ေျပာတယ္ဗ်။ အေမရိကန္တပ္သံုး ေလယာဥ္ေတြကို ဘာေတြသယ္သြားသလဲ ဆိုၿပီးေတာ့ ဘယ္သူကမွ စစ္ေဆးေနတာမွမဟုတ္တာ။ အဲဒီအေမရိကန္စစ္ဘက္ဆိုင္ရာေတြကပဲ သူတို႔ႏိုင္ငံကို အလံုးအရင္းနဲ႔ ဘိန္းေတြတင္သြင္းေနတယ္လို႔ ေျပာတဲ့လူက ေျပာတာပဲဗ်” လို႔ မစၥတာဇဟားက ေျပာေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္ေပရဲ႕လို႔ ကၽြန္ေတာ္ေတြးမိတယ္။

ဒီေနရာမွာ မစၥတာဇဟားအေၾကာင္းကို ၾကားၿပီးတဲ့အခါက်ေတာ့ စာဖတ္သူေတြက မစၥတာဇဟားကို လူရည္လည္ လူရည္တတ္တစ္ေယာက္အေနနဲ႔ ျမင္ေကာင္းျမင္လာပါလိမ့္ မယ္။ ဒါေပမဲ့ တကယ့္လက္ေတြ႕ဘ၀မွာ မစၥတာဇဟားဟာ လုပ္ေဖၚကိုင္ဘက္ေတြက အားကိုးအားထားျပဳႏိုင္တဲ့သူ၊ မိသားစုနဲ႔ ဇနီးမယားကို ခ်စ္ခင္တဲ့သူ၊ ပတ္၀န္းက်င္က ေလးစားျခင္းကို ခံရတဲ့သူတစ္ေယာက္ဆိုတာ ကၽြန္ေတာ္ မျငင္းသာပါဘူး။

အာဖဂန္နစၥတန္နဲ႔ ပတ္သက္တဲ့ စာအုပ္တစ္အုပ္ ျမန္မာျပည္ကို ေရာက္ရင္ ေရးေကာင္းေရးျဖစ္မယ္။ ဒီေတာ့ လိုလိုမည္မည္ မစၥတာဇဟားရဲ႕ ဓါတ္္ပံုေတြ၊ မိသားစု ဓါတ္ပံုေတြ ရႏိုင္မလားလို႕ ကၽြန္ေတာ္က ေမးေတာ့ “ရွိတယ္ဗ်။ ကၽြန္ေတာ္ ငယ္ငယ္တုန္းက မူဂ်ာဟစ္ဒင္တပ္သားဘ၀တုန္းက ပံုေတြ အခုထက္ထိရွိေသးတယ္။ ဒါေပမဲ့ ဟိုတုန္းကပံုေတြ က ဒစ္ဂ်စ္တယ္ေကာ္ပီ မဟုတ္ေတာ့ စကန္ဖတ္ၿပီး စီဒီထဲကို ထည့္ေပးမွရမယ္။ ကဘူးလ္ကို ခြင့္ျပန္တဲ့အခါက်မွ ကၽြန္ေတာ္လုပ္ေပးမယ္” လို႔ဆိုတယ္။

မူဂ်ာဟစ္ဒင္တပ္သားေလး ဇဟားဟာ အရြယ္ေကာင္းေကာင္း ထက္ထက္ျမက္ျမက္ ဆိုေတာ့ အရာရွိေတြက သူ႕ကို ကဘူးလ္ တကၠသိုလ္ကို ပို႔ေပးတယ္။ ကဘူးလ္တကၠသိုလ္မွာ English Literature အဓိကနဲ႔ ဘြဲ႕ရတယ္။ ဘြဲ႕ရျပန္ေတာ့ မူဂ်ာဟစ္ဒင္ရဲ႕ ဆက္သြယ္ေရး အရာရွိတစ္ေယာက္အေနနဲ႔ အာဂ်စ္ကစၥတန္၊ ပါကစၥတန္၊ အႏၵိယနဲ႔ ဥေရာပကို ေခါက္တံု႔ေခါက္ျပန္ သြားရလာရတယ္။ ဌာေနကို ျပန္ေရာက္တဲ့အခါတိုင္းမွာလည္း တိုက္ပြဲေတြ အလီလီ ၾကံဳရဆံုရတယ္။ ၿပီးေတာ့ . . . အိမ္ေထာင္က် . . . ၊ အာဖဂန္လူ႕အဖြဲ႕အစည္းမွာ ေနရာ တစ္ေရာရေအာင္ ၾကိဳးပမ္း . . . ။ ႏိုင္ငံေရးမွာ အတက္အက်ၾကံဳရ . . . ။ ဟာမစ္ကာဇိုင္းအုပ္စုနဲ႔ အခန္႔မသင့္တာေတြ ျဖစ္ပ်က္ျပန္ . . . ။ ေဒါက္တာအဗဒူလာဘက္ကို ေျပာင္း . . . ။ ဒါေတြဟာ ဒီေန႔ မစၥတာဇဟားျဖစ္လာတဲ့ လူတစ္ေယာက္ရဲ႕ ေနာက္ခံေကာက္ ေၾကာင္းေပါ့။ သူ႔ရဲ႕ ဘ၀ကိုယ္၌မွာလည္း “ေငြ၊ လက္နက္၊ အာဏာ” ဆိုတဲ့ ဓါတ္ႀကီးသံုးပါး စိုးမိုးခ်ယ္လွယ္ေနတာကို ေတြ႕ရတယ္။ ဒါေတာင္မွ မစၥတာဇဟားဟာ အာဖဂန္နစၥတန္ရဲ႕ ႏိုင္ငံေရးဇာတ္ခံုမွာ အေသးအမႊား အရံသရုပ္ေဆာင္တစ္ေယာက္ပါ။

အရပ္သားေတြ လက္နက္ကိုင္ၿပီးလမ္းသလားခြင့္ရွိတဲ့ႏိုင္ငံ၊ ခင္ဗ်ားသာ ပိုက္ဆံရွိရင္ လံုျခံဳေရးအေယာက္တစ္ရာကို လက္နက္တပ္ဆင္ၿပီး ငွားထားဖို႔ ျဖစ္ႏိုင္တဲ့ႏိုင္ငံ၊ ခင္ဗ်ားသာ လစာမေပးႏိုင္ရင္ အဲဒီလံုျခံဳေရး၀န္ထမ္းေတြက ခင္ဗ်ားကို က်ည္ဆန္စာေကၽြးသြားမယ့္ႏိုင္ငံ။ အဲသည္ အာဖဂန္နစၥတန္ႏိုင္ငံမွာ ဘ၀အာမခံခ်က္နဲ႔ဘ၀တက္လမ္းကို ေငြ၊ လက္နက္၊ အာဏာ သံုးခုနဲ႔ တျဖည္းျဖည္းခ်င္း တည္ေဆာက္လာတဲ့ သူေတြကသာလွ်င္ ႏိုင္ငံေရး ဇာတ္ခံုေပၚကို ေရာက္လာၾကတာျဖစ္တယ္ . . . လို႔ ဆိုတဲ့လူက ဆိုၾကတယ္။

*                           *                                     *

၁၀ ရက္၊ ႏို၀င္ဘာလ၊ ၂၀၀၉ ခုႏွစ္

ကၽြန္ေတာ္တို႔ေဆာက္ေနတဲ့ ပေရာဂ်က္ကို ပင္မကန္ထရိုက္ေပးတဲ့ ကုမၸဏီက လႊဲေျပာင္းလက္ခံယူဖို႔ လာေရာက္စစ္ေဆးတယ္။ အတိုအထြာျပဳျပင္ေပးစရာရွိတာကို ျပဳျပင္ေပးဖို႔ ရွိေသးတာကလြဲရင္ ပေရာဂ်က္ေဆာက္လုပ္ၿပီးစီးေၾကာင္း အတည္ျပဳလိုက္လို႔ လုပ္ငန္းရဲ႕ ေနာက္ဆံုးအဆင့္ ၿပီးစီးသြားတယ္။ ပတ္စာခြာ ဖ်ာသိမ္းၿပီးလို႔ သြားစရာရွိတဲ့ ေနရာကို ဆက္သြားရန္ ျပင္ဆင္ဖို႔ပဲ က်န္ေတာ့တယ္။

ကၽြန္ေတာ္နဲ႔ ႏွစ္ရက္သံုးရက္ေလာက္ မေခၚႏိုင္မေျပာႏိုင္ျဖစ္ၿပီး တင္းမာေနၾကတဲ့ တစ္ဘက္ ပင္မကန္ထရိုက္တာ ကုမၸဏီက တူရကီ အင္ဂ်င္နီယာနဲ႔လည္း ခ်က္ခ်င္းပဲ အေခၚအေျပာ ျပန္လုပ္ႏိုင္ . . . အျပံဳးမပ်က္ စကားေျပာႏိုင္လာၾကတယ္။ ႏွစ္ေယာက္စလံုးရဲ႕ ပုခံုးေပၚက ၀န္ထုပ္တစ္ခု ေလ်ာ့သြားေပသကိုး . . . ။

ဒီေန႔ ေန႔လယ္ ထမင္းစားၿပီးေတာ့ ဆိုက္ထဲကို ဆင္းေလွ်ာက္ၾကည့္တယ္။ ပေရာဂ်က္အပ္လိုက္ၿပီဆိုေပမယ့္ အတိုအထြာ ျပင္ဆင္ရန္ (punch list) က ရွိေနေသးတယ္ ေလ။ ေဆးသုတ္သမားေတြက ဆိုက္တစ္ခြင္မွာရွိေနတဲ့ manhole (ေျမေအာက္ေပါက္) အဖံုးေတြမွာ အမွတ္အသားေရးျခယ္တဲ့အေရာင္ေတြ တလြဲ သုတ္ထားတာကိုေတြ႕တယ္။ မိလႅာလိုင္းအတြက္ အ၀ါေရာင္၊ ေရပိုက္လိုင္းအတြက္ အျပာေရာင္၊ လွ်ပ္စစ္လိုင္းအတြက္ အနီေရာင္ျဖစ္ရမွာ . . . ။ သူတို႔သုတ္တဲ့ အေရာင္ေတြက လြဲေနတယ္။ ဒါနဲ႔ ေဆးသုတ္သမား ႏွစ္ေယာက္ရယ္ စကားျပန္ရယ္ကို လွမ္းေခၚၿပီး ရွင္းျပရတယ္။ လွ်ပ္စစ္က ေရွာ့ခ္ျဖစ္လို႔ မီးေလာင္ရင္ မီးရဲ႕အေရာင္က နီတယ္ကြာ။ ဒါေၾကာင့္ လွ်ပ္စစ္လိုင္း ေျမေအာက္ေပါက္ရဲ႕ အဖံုးမွာ “E” စာလံုးအႀကီးႀကီးကို အနီေရာင္သုတ္။ ေရေတြရွိေနတဲ့ ပင္လယ္ရဲ႕အေရာင္က ျပာတယ္ကြာ။ ဒါေၾကာင့္ ေရပိုက္လိုင္း manhole ရဲ႕ အဖံုးေပၚမွာ “W” စာလံုးအႀကီးႀကီးကို အျပာေရာင္နဲ႔ ေရး။ လူေတြရဲ႕ မစင္က ၀ါတယ္ကြာ။ ဒါေၾကာင့္ မိလႅာလိုင္းရဲ႕ manhole အဖံုးမွာ “S” စာလံုးအႀကီးႀကီးကို အ၀ါေရာင္သုတ္ လို႔ ရွင္းျပေတာ့ တ၀ါး၀ါး တဟားဟား ရယ္ၾကတယ္။

အရြယ္ေရာက္သူေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ေလာက္ပဲ စာတတ္ေျမာက္ၾကတဲ့ ဒီႏိုင္ငံမွာ ေက်ာင္းဆရာတစ္ျဖစ္လဲ စာေရးဆရာတစ္ျဖစ္လဲ အင္ဂ်င္နီယာတစ္ျဖစ္လဲ ငါကိုယ္ေတာ္ေခ်ာဟာ ဒီလိုမ်ိဳး စိတ္ကူးေကာင္းေကာင္းနဲ႔ ရွင္းျပတတ္ေလေတာ့ ငါဟာ အႏူေတာမွာ လူေခ်ာပါတကား ဆိုၿပီး . . . ခါလီဖာ ေက်ာ္ေဇာဦးတစ္ေယာက္ စိတ္ႀကီး၀င္မိေလသတတ္။

[ Unicode version here ]

ဒီကနေ့ ကျွန်တော်ရောက်နေတဲ့ အာဖဂန်နစ္စတန်

(ဒီဆောင်းပါးကို ကျော်ဇောဦး အာဖဂန်နစ္စတန်မှာ အင်ဂျင်နီယာတစ်ဦးအဖြစ်အလုပ်လုပ်နေခဲ့စဉ်ကာလက ရေးသားခဲ့တယ်။ ၂၀၀၉ နှစ်နှောင်းပိုင်းမှာ ဒီဆောင်းပါးကို အပိုင်းသုံးပိုင်းခွဲပြီး မြန်မာတိုင်းမ်က ပုံနှိပ်ဖေါ်ပြခဲ့တယ်။)

အာဖဂန်နစ္စတန်

ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံကို ကျွန်တော် ရောက်နေတာ နှစ်လကျော်သုံးလလောက်ရှိပါပြီ။ ဘိန်းကရတဲ့ ဝင်ငွေတွေနဲ့ နိုင်ငံရေးအာဏာကို ပိုမို ခိုင်မာ အောင် လုပ်တတ်ကြတဲ့ အာဖဂန်နစ္စတန်။ ဘိန်းဝင်ငွေအားဖြင့် နောက်ခံလက်နက်ကိုင်တပ် တွေကို ပိုမိုအားကောင်းအောင် တည်ဆောက်ကြတတ်တဲ့ စစ်ဘုရင်တွေရှိရာ အာဖဂန် နစ္စတန် ပေါ့ . . . ။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ကဘူးလ်မြို့တော်ကို အစ်ဒ် ပွဲတော် အားလပ်ရက် ခြေက်ရက်လောက် သွားနားနေခဲ့တာကလွဲရင် အာဖဂန်နစ္စတန်ရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ ကန်ဒါဟာမှာ ကျွန်တော်နေရတယ်။ ဒီထက်ပိုပြီး အသေးစိတ်ကျကျ ပြောရရင် ကန်ဒါဟာမြို့နဲ့ ကန်ဒါဟာ လေဆိပ်ကြား တစ်နေရာက စခန်းဝင်းကြီးတစ်ခုထဲမှာ ကျွန်တော်နေပါတယ်။

ပရိဘောဂ အသုံးအဆောင် အပြည့်အစုံတပ်ဆင်ထားတဲ့ ကွန်တိန်နာအိမ် (conex) တစ်လုံးထဲမှာ ကျွန်တော်နေပါတယ်။ (အဲသည် ကွန်တိန်နာအိမ်တစ်လုံးရဲ့ တန်ဖိုးက ဒေါ်လာ ၉၈၀၀ ဆိုပဲ . . . ။) ကျွန်တော့် conex နဲ့ မျက်နှာချင်းဆိုင်မှာ ဗုံးဘန်ကာတစ်ခုရှိတယ်။ ဘန်ကာရဲ့ အပေါ်နားလောက်မှာ အရေးပေါ်ဥသြတစ်ခု ချိတ်ထားတယ်။

ကျွန်တော့် အခန်းကနေ ခြေလှမ်းထွက်လိုက်ရင်ပဲ ကျွန်တော့်ရဲ့ဆောက်လုပ်ရေး အလုပ်ခွင်ကို ရောက်တယ်။ ဆိုလိုတာက အဲသည် အလုပ်ခွင်ထဲမှာပဲ ကျွန်တော် နေပါတယ်။ ဒီတော့ အလုပ်ခွင်ကနေ အိမ်ကို အသွားအပြန်လုပ်ရင်း ပြန်ပေးဆွဲခံရတာတို့၊ ပစ်သတ်ခံရတာတို့ မရှိနိုင်တော့ဘူးပေါ့။ အလုပ်ခွင်ကို ဝင်တိုက်တာတို့ . . . ၊ လောင်ချာနဲ့ လှမ်းပစ်တာတို့ မကြုံရရင်ပေါ့လေ။

အခန်းထဲက ကျွန်တော့် လက်ပ်တော့ပ် ကျွန်ပျူတာကို ၀ိုင်ယာလက် ကွန်နက်ရှင်းနဲ့ အင်တာနက်ချိတ်ထားတာ မို့လို့ ကျွန်တော့် ဂျီမေးလ်က အွန်လိုင်းပေါ်ကို ရောက်နေတတ်ပေမယ့် လူကိုယ်၌ကတော့ အခန်းပြင်က အလုပ်ခွင်မှာ ရောက်နေတတ်တာများပါတယ်။ ၀ိုင်ယာလက် ကွန်နက်ရှင်းက အလုပ်သိပ်မဖြစ်တော့ အရေးပေါ်ကျရင် ဂေါ်ရခါး လုံခြုံရေးတွေ ဘုံသုံးကြတဲ့ နေရာကို သွားပြီး အီးမေးလ် သွားပို့ရတတ်တယ်။

၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှာ ကဘူးလ်ကိုရောက်တယ်။ ကဘူးလ်မှာ နှစ်ရက် လောက်နေပြီး၊ ကန်ဒါဟာကို ဆက်သွားတယ်။ ကန်ဒါဟာမှာ နှစ်ရက်လောက် အိပ်ပြီးတာတောင် မနက် မျက်စိနှစ်လုံး ပွင့်တာနဲ့ ပထမဆုံးတွေးမိတာက ငါဘယ်မြို့ကို ရောက်နေပါလိမ့်ဆိုတဲ့ အတွေးပဲ။

* * *

ကန်ဒါဟာ

ကန်ဒါဟာကို ကျွန်တော်ရောက်ပြီး ဒုတိယမြောက် ညနေခင်းမှာ နီးနီးနားနားက သေနတ်သံနှစ်ချက်ကြားရတယ်။ သိပ်မအေးလှတဲ့ စက်တင်ဘာလဆန်းပိုင်း တစ်ညနေ ၈နာရီလောက်မှာပေါ့။ နာရီဝက်လောက်ကြာတော့ ကျွန်တော့ မိတ်ဆွေလည်းဖြစ်ပြီး ကျွန်တော့ အထက်အရာရှိလည်းဖြစ်တဲ့ ကိုအောင်သန်းထွဋ်ကပြောတယ်။ အခုနက သေနတ်သံ နှစ်ချက်ကြားလိုက် သလားတဲ့။

`ဟုတ်ကဲ့၊ ကြားလိုက်တယ်။´

အာဖဂန်အရပ်သားနှစ်ယောက် ကျွန်တော်တို့ အလုပ်စခန်းဝင်းနားကို ကပ်လာလို့ ရပ်ခိုင်းတာ မရပ်လို့ အစောင့်တွေက ပစ်လိုက်တာတဲ့။ ပစ်ရုံပဲ ပစ်တာလား၊ ပစ်သတ်လိုက်တာလား မသေချာပေမယ့် ပစ်တာတော့ သေချာတယ်။

အာဖဂန်နစ္စတန်ရဲ့ မြို့ကြီးတွေမှာ ကင်းလှည့်နေကြတဲ့ နေတိုးစစ်ယာဉ်တန်းတွေကို ခင်ကြောင်းမင်ကြောင်းပြဖို့ မာကြောင်းသာကြောင်း စကားသွားပြောဖို့ အနားသွားကပ်လို့ မရပါဘူး။ မသင်္ကာရင် သူတို့ကတော့ ပစ်မှာပါပဲ။

အလုပ်နားတဲ့ အချိန်မှာ အခန်းထဲမှာထိုင်ပြီး တီဗွီချန်နယ် တစ်ခုပြီးတစ်ခု ပြောင်းကြည့်တယ်။ စာလေး ဘာလေး ဖတ်တယ်။ ကားစီးရ၊ ခရီးသွားရတဲ့ အချိန်ကလွဲရင် အသက်ဘေးနဲ့ ခပ်လှမ်းလှမ်း မှာပဲ နေရတယ်လို့ ဆိုရမှာပါ။

စကားမစပ် တစ်ခုေပြောရဦးမယ်။

ကဘူးလ်ကိုရောက်တော့ ကျွန်တော့်အိတ််ထဲမှာ နှစ်ဒေါ်လာပဲ ကျန်တော့တယ်။ တကယ်တော့ နယူးဒေလီမှာ နှစ်ရက်နေပြီးတော့ ဟိုတယ်ခတွေ၊ ဟိုတယ်ကစီစဉ်ပေးတဲ့ ကားခတွေ အားလုံးရှင်းအပြီး အင်ဒီရာဂန္ဒီလေဆိပ်ကိုဆင်းလာတော့ အိတ်ထဲမှာ ၄၂ ဒေါ်လာကျန်သေးတယ်ဗျ။ ဖြစ်ချင်တော့ ကျွန်တော့ ပတ်စ်ပို့မှာ ဗီဇာအသစ်ပေမယ့်လို့ ခြစ်ရာကလေးပါနေတော့ လေဆိပ်က အန္ဒိယ လူဝင်မှုကြီးကြပ်ရေး အရာရှိက ပထမအဆင့် အနေနဲ့ စတင် ရစ်တယ်။ ဒုတိယအဆင့်အနေနဲ့ ကျွန််တော့်ကို လူတန်းကထွက်စေပြီး စောင့်ခိုင်းထားတယ်။ တတိယအဆင့်အနေနဲ့ လူူရှင်းသွားတော့မှ ကျွန်တော်နဲ့ စျေးစကားပြောတယ်။ ဒီလေယာဉ်ကို မစီးပဲ နယူးဒေလီမှာ ဆက်နေဖို့ကလည်း ပိုက်ဆံ မကျန်တော့ဘူးဆိုတော့ ကျွန်တော်လည်း တော််တော်စိတ်ညစ်သွားတယ်။ ဟေ့ . . . ငါ့မှာ ဒေါ်လာ ၄၀ ပဲပါတော့တယ်လို့ သူ့ကို ရှင်းပြရတယ်။ စျေးတည့်သွားလို့ လေယာဉ်ပေါ်တက်ခွင့်ရတယ်။ ဒီလိုနဲ့ အိတ်ထဲမှာကျန်တဲ့ နှစ်ဒေါ်လာနဲ့ ကဘူးလ်ကို ရောက်လာတယ်။

ပြီးတော့ နောက်တစ်ခါ နှစ်ရက်လောက်အကြာမှာ ကန်ဒါဟာကိုသွားရတော့ ကဘူးလ်လေဆိပ်မှာ အာဖဂန်ရဲသားက ကျွန်တော့အိတ်တွေကို ဖွင့်စစ်ရင်း မျက်စိတစ်ဘက် မှိတ်ပြပြီး လက်ဖြန့်ပြနေလို့ စိတ်ပျက်ရသေးတယ်။ သကောင့်သားက အင်္ဂလိပ်လိုသာ မပြောတတ်တာ၊ ပိုက်ဆံကတော့ တောင်းတတ်သားပဲ။

ကျွန်တော်တို့ရဲ့ အလုပ်ဝင်းနဲ့ တစ်မိုင်ပျော့ပျော့လောက်ပဲဝေးတဲ့ KAF (Kandahar Airfield) ဆိုရင် သိပ်မဝေးလှတဲ့ အနီးကပ်အတိတ်မှာ တာလီဘန်တွေက လောင်ချာနဲ့ လှမ်းပစ်ပြီး အားပေး တတ်တဲ့ နေရာဖြစ်ပါတယ်။ အခုတောင်မှ လုပ်ငန်းခွင်က ဆူညံသံကင်းတဲ့ နေရာမှာ ထိုင်နားနေခိုက်နဲ့ KAF ကို လောင်ချာနဲ့ပစ်တဲ့ အခိုက်ဆုံရင် ထုန်း . . . ထုန်းကနဲ ပစ်သံ ခပ်သဲ့သဲ့နဲ့ ဥသြဆွဲသံ မသဲမကွဲ ကို ဆက်တိုက်ကြားရတတ်တယ်။ ပစ်တဲ့သူကလည်း အဝေးကနေ ရမ်းသမ်းမှန်းဆ ပစ်ရတာဆိုတော့ များသောအားဖြင့် သူတို့လိုရာ ပစ်မှတ်ကို မထိတာများတယ် လို့ဆိုတယ်။ လောင်ချာကျပြီးနောက် အနည်းအကျဉ်း ထိခိုက်သွားတဲ့ သူတွေကို ဆေးခန်းပို့ပြုစု . . . ၊ လောင်ချာကျတဲ့နေရာကို ရှင်းလင်း . . . ၊ ပြီးရင် နိုင်ငံခြား စစ်သည်တွေ လုပ်ငန်းကုမဏီေတွေကို စုစည်းနေရာချထားရာ KAF ဟာ ပုံမှန် လှုပ်ရှားသွားလာမှုတွေနဲ့ လည်ပတ်နေပြန်တော့တယ်။

ကျွန်တော်တို့ဆောက်နေတဲ့ အဆောက်အအုံရဲ့ခေါင်မိုးပေါ်ကနေ ငေးမောကြည့်ရင် လူနေအိမ်ခြေတွေတွေ့ရတယ်။ အဲသည် အိမ်ခြေတွေရဲ့ ကျောဘက်က တောင်စွယ်ဘေးက လမ်းအတိုင်းဆက်သွားရင် ကန်ဒါဟာမြို့ကိုရောက်ပါတယ်။ အဲသည်လွင်ပြင်ထဲမှာ အိမ်လုံးလေးတွေ ကျိုးတိုးကျဲတဲနဲ့ . . . ၊ သစ်ပင်မရှိ ဘာမရှိနဲ့ . . . ၊ တစ်ခါတစ်လေ အညိုရောင် သိုးအုပ်တွေနဲ့ သိုးကျောင်းသားတွေကို လှမ်းမြင်ရတယ်။ မိုးကုတ်စက်ဝိုင်းရဲ့ ဟိုဘက် သည်ဘက်မှာ ခြောက်သယောင်း နေတဲ့ တောင်တန်းတွေက မားမားရံလို့ . . . ။

ဟိုး အရှေ့ယွန်းယွန်းမှာ KAF လို့အတိုကောက်ခေါ်တဲ့ ကန်ဒါဟာလေယာဉ်ကွင်း ဧရိယာ ရှိ တယ်။ လေယာဉ်ကွင်းကနေ ထွက်ထွက်လာချင်း လမ်းမကြီးရဲ့ ညာဘက်မှာ ဟိုး ဆိုဗီယက် ကျူးကျော်စစ် ကတည်းက ကျန်ရစ်ခဲ့တဲ့ တင့်ကားပျက်တွေ၊ ထရပ်ကားအပျက်တွေ၊ လေယာဉ် ရဟတ်ယာဉ် အပျက်တွေ . . . ။ အချို့ လေယာဉ်ပျက်တွေက မြေမှာ ဖင်စိုက်ပြီး ထိပ်က ကောင်းကင်ကို မေုျှာ်လို့ . . . ။ အပျက်အစီးတွေက ဟိုတစ်ပုံ သည်တစ်ပုံ ထိုးထိုးထောင်ထောင်နဲ့ . . . ။

ညည အလုပ်နားတဲ့အချိန်မှာ ကောင်းကင်ကို မော်ကြည့်ရင် အနီရောင် အစက်ကလေးတွေ ရွေ့နေတာကို တွေ့ရတတ်တယ်။ အဲဒါပေါ့ဗျ . . . drone ဆိုတာ။ မောင်းသူမဲ့ ကင်းထောက်လေယာဉ်တွေ။ လေထဲကို ပျံတက်ဖို့အတွက်ကျတော့ ဒီကပဲ ထိန်းချုပ်ပြီး လုပ်ပေးရတယ်။ လေထဲမှာ ပျံဝဲနေပြီဆိုတာနဲ့ ကယ်လီဖိုးနီးယားကလား ဘာလား . . . အမေရိကန် တစ်နေရာကနေ ဂြိုလ်တုကတစ်ဆင့် ဒီလေယာဉ်တွေကို ထိန်းချုပ်အလုပ်လုပ်သွားတယ်လို့ ပြောကြတာပဲဗျ လို့ ကိုအောင်သန်းထွဋ်က ရှင်းပြတယ်။ တစ်ခါတလေ ကျွန်တော်တို့နှစ်ယောက် တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြန်ကြားရတဲ့ အာဖဂန် စစ်သတင်းတွေကို ဆွေးနွေးတတ်ကြတယ်။

အပစ်အခတ်တွေကိုတော့ တစ်ခါမှတိုက်ရိုက်မကြုံရသေးပါဘူး။ မှတ်မှတ်ရရ ၂၀၀၉ အောက်တိုဘာလ ၂၉ရက်နေ့ ည ၈ နာရီ ၉ နာရီလောက်မှာ တူရကီအင်ဂျင်နီယာနဲ့ ကျွန်တော် နှစ်ယောက်သား punch list အတွက် စာရင်းကောက်နေကြတုန်း ဒုန်းကနဲ အသံအကျယ်ကြီး ကြားရပြီး အဆောက်အအုံတစ်ခုလုံး လှုပ်ခါသွားတယ်။ ကျွန်တော်တို့ လည်း ပြေးထွက်လာ၊ အခြားသူတွေလည်း အသီးသီး အသကအသက ပြေးထွက်လာကြပြီး စူးစမ်းကြတယ်။ အချို့ကလည်း ဘန်ကာဘက်ကို ပြေးကြတယ်။ နောက်တော့ တူရကီ အင်ဂျင်နီယာက ကျွန်တော့်ဆီကို အပြေးပြန်ရောက်လာပြီး ရှင်းပြတယ်။ `ဗုံးတော့ ဗုံးပဲ။ ဒါပေမဲ့ ကိစ္စရှင်းသွားပြီလို့ ပြောတယ်။ ဗြိတိသျှတပ်တွေက ဒီအနီးအနားမှာ ဗုံးတစ်လုံးတွေ့တာနဲ့ စနက်တံဖြုတ်မရလို့ အကာအကွယ်ယူပြီး ဖေါက်ခွဲလိုက်တာလို့ပြောတယ်´ လို့ ပြန်လာ ပြော တယ်။

မနက် မနက်ကျရင် မလှမ်းမကမ်း အာဖဂန်ရဲတပ်ဖွဲ့ လေ့ကျင့်ရေးသေနတ််ပစ်ကွင်းမှာ တဒိုင်းဒိုင်းနဲ့ ပစ်နေကြတာကို ကြားရတတ်တယ်။ တစ်ခါတလေ ကင်းလှည့်လာကြတဲ့ အမေရိကန် စစ်ယာဉ် တစ်အုပ်စု ကျွန်တော်တို့ စခန်းဝင်းထဲကို ဝင်လာနားတာကို တွေ့နိုင်တယ်။ အဲသည် စစ်ယာဉ်တန်းတွေဟာ များသောအားဖြင့် KAF လာကြတာပါ။ တိုက်ပွဲဝင်ယာဉ် (armored vehicle) တွေကနေဆင်းလာပြီး စီးကရက်လေးသောက်လိုက် ဘဝတူ အမျိုးသားစစ်သည်တွေနဲ့ ပျော်ပျော်ပါးပါး နောက်လိုက်ပြောင်လိုက် လုပ်နေကြတဲ့ အမေရိကန်စစ်သမီးတွေကို အာဖဂန် အလုပ်သမားတွေက အထူးအဆန်းသဖွယ် လှမ်းငေး ကြည့်နေကြတာကိုလည်း မြင်နိုင်တယ်။

အာဖဂန် အလုပ်သမားတွေ၊ ဥဇဘက်လူမျိုးနဲ့ ရုရှားလူမျိုး အလုပ်သမားတွေ၊ ပါကိစ္စတန်အရာရှိနဲ့ ဖိလစ်ပိုင်လူမျိုး အရာရှိတို့ ပါဝင်လုပ်ကိုင်ကြတဲ့ ဒီပရောဂျက်ကို ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာ နှစ်ယောက်က ဦးစီးပါတယ်။ KAF က လောင်ချာသံနဲ့ သေနတ်ပစ်ကွင်းက သေနတ်သံ တွေ၊ စစ်ဖိနပ်သံ တဖြောင်းဖြောင်းတို့ဟာ ကြာလာတော့ ရိုးသွားပါတယ်။

အစားအသောက်ကောင်းကောင်း အလျှံပယ် . . . အသုံးအဆောင် အထောက်အကူ အပြည့်အစုံနဲ့ အဝတ်လျှော်ဖို့ကအစ ပူစရာမလိုပဲ နိုင်ငံတကာ အရာရှိတစ်ယောက်အနေနဲ့ မပူမပင် မေကြောင့်မကြနေရပေမယ့်လို့ အင်ဂျင်နီယာအလုပ်နဲ့ ဆယ်စုနှစ် တစ်စုလောက် ကင်းကွာနေခဲ့တဲ့ ကျွန်တော့်အပေါ်မှာ စိတ်ဖိစီးမှုက အစဉ်ရှိနေခဲ့တယ်။

* * *

ကဘူးလ်

Ah! How beautiful is Kabul encircled by her arid mountains.

And, Rose, of the trials of thorns she envies.

Her gusts of powdered soil, slightly stings my eyes.

But I love her, for knowing and loving are born of this same dust.

အာဖဂန်ရှေးစာဆိုတစ်ယောက်ကတော့ ခြောက်သယောင်းနေတဲ့ တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ ကဘူးလ်မြို့တော်ဟာ လှပပါဘိတောင်းရယ်လို့ ဆိုရှာတယ်။

စိမ်းညို့ညို့တောင်တန်းတွေနဲ့ မျက်စိယဉ်ပါးနေတဲ့ ကျွန်တော့်အဖို့ရာ လေယာဉ်ပေါ်ကနေ ငုံ့ကြည့်လိုက်ရင် တစ်ခွင်တစ်ပြင်လုံး သဲရောင်ထနေတဲ့ အောက်မြေပြင် မြင်ကွင်းဟာ လှပတယ်လို့ မဆိုသာပါဘူး။ သစ်ပင်ဝါးပင်ရယ်လို့ ဘာမှမရှိပဲ အမြှောင်းလိုက် အမြှောင်းလိုက် တည်ရှိနေတဲ့ တောင်တန်း ၀ါညိုညိုတွေကို ချစ်စရာလို့မြင်နိုင်တဲ့ စာဆိုကတော့ ဒီရေဒီမြေကို ချစ်တဲ့စိတ်နဲ့ စာဖွဲ့ခဲ့တာဖြစ်ပါလိမ့်မယ်။

ကဘူးလ်ကို ပထမဆုံးရောက်လာတဲ့အခေါက်မှာ ကျွန်တော့်ကို အာဖဂန်လူမျိုး တစ်ယောက် လာကြိုမယ်လို့ သိထားတယ်။ ကျွန်တော် လေဆိပ်ကထွက်လာပြီး ယောင်လည် လည်နဲ့ ရပ်နေစဉ်မှာ အာဖဂန်လူမျိုးတစ်ယောက်က စက္ကူအလိပ်တစ်လိပ်ကိုကိုင်ပြီး လူတွေကို ကွက်ကြည့် ကွက်ကြည့်လုပ်နေတာကို တွေ့ရတယ်။ ဒါနဲ့ အဲဒီ ထောင်ထောင် မောင်းမောင်း အာဖဂန်ကြီးဟာ ငါ့ကို လာကြိုနေတာပဲ ဖြစ်ရမယ်ဆိုပြီး သူ့ကို သွားမေးတော့ ပုဂ္ဂိုလ်က အင်္ဂလိပ်လို နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော့ရဲ့ လက်ဟန်ခြေဟန်ကို နားလည်တဲ့ သကောင့်သားက သူ့လက်ထဲက စက္ကူလိပ်ကို ဖြန့်ပြတယ်။

?

အစ်ဒ်ပွဲတော် အားလပ်ရက်အနေနဲ့ ဒုတိယတစ်ခေါက် ကဘူးလ်ကို ရောက်တဲ့အခါ ကျမှ မြန်မာအိမ်ကို ကျွန်တော်သွားနေဖြစ်တယ်။ စက်တင်ဘာလ ၁၉ရက်နေ့ပေါ့။ ကဘူးလ်လေဆိပ်ကနေ မြန်မာအိမ်ကိုလာ၊ ပြီးတော့ အဝတ်အစားတွေလဲပြီးတော့ အုန်းနို့ခေါက်ဆွဲချက်မလို့ လုပ်နေတုန်း ထိန်းကနဲဆို အသံအကျယ်ကြီးကြားရပြီး ကျွန်တော့် စိတ်အထင် အဆောက်အအုံတောင် မသိမသာလှုပ်သွားသလို ခံစားရတယ်။ ခဏနေတော့ ဖုန်းဝင်လာတယ်။ အခုနက လေဆိပ်ကနေ ကျွန်တော်တို့ဖြတ်လာတဲ့ လမ်းမှာ ဗုံးပေါက်တာ တဲ့။

ကျွန်တော်နဲ့ နောက်အင်ဂျင်နီယာတစ်ယောက်ကို သစ်လွင်ကြိုဆိုပွဲ (fresher welcome) လုပ်တဲ့ အနေနဲ့ သောက်ပွဲစားပွဲလေးတစ်ခု မြန်မာအိမ်မှာ ကျင်းပတယ်။ အရက်ပြင်းများများ သောက်ချင်ကြပေမယ့် ဂျော်နီဝေါ့ကား ရက်လေဘယ်တစ်လုံးကို မှောင်ခိုစျေးနဲ့ ဒေါ်လာ၁၅၀ လောက်တောင်း နေကြတော့ ဗော်ဒကာနှစ်လုံးရယ်၊ အတောမသတ်နိုင် တဲ့ ဟန်နီကန် ဘီယာဗူးတွေနဲ့ပဲ ကျေနပ်လိုက်ကြရတယ်။

မြန်မာအိမ်မှာ ထမင်းလာချက်တဲ့ ထမင်းချက်က နေ့တိုင်း ကိုယ်ပိုင်ကားစီးပြီး အလုပ် လာတာဗျ။ ပေါ့သေးသေးမထင်နဲ့။ တိုင်းပြည်ရဲ့လူများစုက ဆင်းရဲပေမယ့် တော်ရုံတန်ရုံ ဝင်ငွေလေးရှိရင် ဟန်းဖုန်းလေးဘာလေး ဝယ်နိုင်တယ်။ ကားဝယ်နိုင်တယ်။ ဒါကြောင့် ကဘူးလ်မြို့ထဲမှာ လူတော်တော်များများ ဟန််းဖုန်းကိုင်နေကြတာကို တွေ့ရတယ်။ ကျွန်တော့ဆီမှာ အလုပ်လုပ်နေကြတဲ့ ပန်းရံ၊ လက်သမားတွေလည်း ဟန်းဖုန်းတွေ ကိုယ်စီနဲ့ ပါပဲ။ (ကျွန်တော် အာဖဂန်နစ္စတန်ကိုရောက်နေတဲ့ အဲသည် အချိန်တုန်းက မြန်မာပြည်မှာ ဟန်းဖုန်း နံပါတ်တစ်ခု ကိုင်ရဖို့အတွက် ဒေါ်လာ ၁၅၀၀ တန်ဖိုးနဲ့ညီမျှတဲ့ မြန်မာငွေပမာဏကို အနည်းဆုံးအောက်ထစ် ပေးဝယ်နေရတဲ့ အချိန်ပေါ့။)

အခု အာဖဂန်နစ္စတန်မှာ မြန်မာလူမျိုး အနည်းဆုံး ၁၂ ယောက်လောက်ရှိတယ်။ ပရော်ဖက်ရှင်နယ် အဆင့်တစ်ခုခု၊ စီမံခန့်ခွဲမှု အဆင့်တစ်ခုခုနဲ့ အလုပ်လာလုပ်ကြတဲ့ သူတွေ ချည်းပဲ ဆိုပါတော့ . . . ။ အာဖဂန်နစ္စတန်ကို လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက ရောက်နေတဲ့ ကိုခင်ထွန်းက` ဒီကိုရောက်နေတဲ့ မြန်မာတွေက အဆင့်လေးဘာလေး တစ်ခုနဲ့ ရောက်လာကြတာဆိုတော့ မြန်မာဆိုရင် အထင်တော့ မသေးဘူးဗျ´ လို့ဆိုတယ်။ `ဒါပေမဲ့ ဟိုး ရောက်ခါစတုန်းကဆိုရင် မြန်မာလို့ ပြောလည်း ဘားမားလို့ ပြောပြလည်း ဘာမှန်းမသိကြ တော့၊ ဒါနဲ့ . . . မင်းတို့ ဂျပန်ဆိုတာကော သိကြသလား လို့ကျွန်တော်မေးတယ်ဗျ။ သူတို့က သိတယ်လို့ ပြောတော့၊ အေးမှတ်ထား မြန်မာဆိုတာ ဂျပန်နဲ့ အတူတူပဲလို့။ ဒီလို နားသွင်း ထားလိုက်တာ ကျွန်တော်တို့ကို အထင်တွေ စွတ်ကြီးနေကြပါလေရော။ ဒါနဲ့ သိပ်မကြာဘူး။ နာဂစ်မုန်တိုင်း တိုက်တော့ မြန်မာပြည်သတင်းက စီအန်အန်တို့ ဘာတို့မှာ ပြူးတူးပြဲတဲ နှစ်ဆယ့်လေးနာရီ ပါလာတော့၊ ဒီမှာကြည့် ဒီမှကြည့် မင်းတို့နိုင်ငံမင်းတို့နိုင်ငံ ဆိုပြီး လူတကာက လက်ညိုးထိုးပြတယ်ဗျ။ ဒီတော့မှ ဘယ်လိုတိုင်းပြည်မျိုးကလာတယ် ဆိုတာ သူတို့ သိသွားတာ´ လို့ပြော ပြရင်း ကိုခင်ထွန်းက တဝါးဝါး တဟားဟားရယ်ပါတယ်။

အဲသည် အားလပ်ရက်ယူနေတဲ့ ရက်တွေအတောအတွင်း အလုပ်ကိစ္စနဲ့ ကဘူးလ် ကုမဏီရုံးကိုအသွား လမ်းဆုံတစ်ေနေရာမှာ ဘာကြောင့်ရယ်မှန်းမသိ သုံးနာရီယောက် လမ်းပိတ်နေပါလေရောဗျာ။ ဓါတ်ပုံလေးဘာလေး ဆင်းရိုက်မယ်ဆိုတော့ အားလုံးက ၀ိုင်းတားကြတယ်။ ကားပေါ်မှာ ဒီအတိုင်းပဲထိုင်နေပေါ့။ `စာရေးဆရာကြီး၊ ကုန်ကြမ်းရှာနေတာလား။ ခင်ဗျားကိုယ်တိုင် ကုန်ကြမ်းဖြစ်သွားမယ်။ အာဖဂန်နစ္စတန်ကို ဘာထင်နေသလဲ´ လို့ ဂရုဏာဒေါသောနဲ့ ပြောကြတယ်။

တစ်ခါတလေကျတော့ အာဖဂန်အမျိုးသမီးတွေ ကားမောင်းနေတာကို တွေ့ရတတ် တယ်။ တချို့ လမ်းဆုံလမ်းခွတွေမှာ ယာဉ်ပိတ်ဆို့မှုဖြစ်သွားပြီဆိုရင် ရှင်းရတာအကြာကြီးပဲ။ ယာဉ်ထိန်းရဲတွေက ကားသမားတွေကို ငေါက်ငမ်းတာလည်းတွေ့ရတယ်။ ပြောမရ ဆိုမနိုင်တဲ့ ကားသမားတွေရဲ့ ဘောနက်ကို လက်ကိုင်တုတ်နဲ့ထုတာလည်း လှမ်းမြင်ရတယ်။ ဒါနဲ့ မိတ်ဆွေ အင်ဂျင်နီယာ ဦးမင်းထွန်းက လှမ်းပြောတယ်။

`ဟား . . . ဟား . . . ဟား . . . ။ တစ်ခါတေလေကျတော့ ကားသမားတွေက ယာဉ်ထိန်းရဲကို ဆွဲထိုးသွားတယ်ဗျ။ ဘယ်ကားသမားက ဘာကောင် ဘယ်ကားသမားက ဆရာကြီးဆိုတာကို သိနိုင်တာမှ မဟုတ်တာ။´

ကျွန််တော်တို့ စကားပြောနေတုန်းမှာပဲ စိတ်မရှည်နိုင်တဲ့ ကားသမားတစ်ယောက်က လမ်းပြောင်းပြန်တက်မောင်းတယ်။ ပလက်ဖောင်းကို ကျော်တယယ်၊ ခွတယ်။ ဒါပေမဲ့ ရလဒ်က တစ်ဘက်ကလာတဲ့ ကားလည်း သွားလို့မရ၊ သူလည်းရှေ့တိုးလို့မရ ဖြစ်ကုန်ရော။ တစ်ခါတလေ ဘယ်လိုမှရှင်းလို့မရရင် ယာဉ်ထိန်းရဲလည်း ဘာမှ မလုပ်တော့ပဲ လမ်းဘေးမှာ သွားထိုင်နေတာကို တွေ့ဖူးတယ်ဗျ။ ကားသမားတွေ ကိုယ့်ဘာသာကိုယ်ပဲ ရှင်းကြတော့ ဆိုပြီး လက်လျှော့လိုက်တာ။

ဒီနေ့ မျက်စိရှေ့က ယာဉ်ပိတ်ဆို့မှု ဇာတ်လမ်းက ဘယ်လို အဆုံးသတ်မလဲတော့မသိ။ ကျွန််တော်တို့ကတော့ ကားကိုဒရိုင်ဘာနဲ့ထားခဲ့ပြီး ကျွန်တော်တို့ အာဖဂန်လက်ထောက် တစ်ယောက်က ခပ်လှမ်းလှမ်းမှာ တားပေးထားတဲ့ တက္ကစီကို တက်စီးပြီး ခရီးဆက်ခဲ့ကြတယ်။

* * *

ငွေ၊ လက်နက်၊ အာဏာ

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အယ်လ်ကေဒါအဖွဲ့က ကမ္ဘာ့ကုန်သွယ်မှု အဆောက်အအုံကို လေယာဉ်နဲ့ ဝင်တိုက်ပြီး ဖေါက်ခွဲ ဖျက်ဆီးပစ်လိုက်တယ်။ အဲသည် ၉/၁၁ အဖြစ်အပျက်မတိုင်မီ နှစ်ရက်အလို စက်တင်ဘာလ ၉ရက်နေ့မှာ အိုစမာဘင်လာဒင်ဟာ အယ်လ်ကေဒါ အေးဂျင့် နှစ်ယောက်ကို သတင်းထောက် အယောင်ဆောင်ခိုင်းပြီး အာဖဂန်နစ္စတန် မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ အကြီးအကဲ အာမက် ရှား မာဆွတ် ကို အသေခံ ဗုံးခွဲ သတ်ခိုင်းခဲ့တယ်။ အိုစမာရဲ့ လက်ရာနှစ်ခုက တစ်ခုနဲ့ တစ်ခု နှစ်ရက်ပဲ အချိန်ကာလ ကွာခြားပါတယ််။ အာဖဂန်နစ္စတန်ကို အဲသည်အချိန်က အုပ်စိုးနေတဲ့ တာလီဘန် အစိုးရက အယ်လ်ကေဒါအဖွဲ့ကို အကာအကွယ်ပေး၊ အခြေချစရာနေရာပေးထားတဲ့အတွက် အတုံ့အလှယ်သဘောနဲ့ အယ်လ်ကေဒါအဖွဲ့ကလည်း တာလီဘန်တွေကို ဆန့်ကျင်တိုက်ခိုက် နေတဲ့ မြောက်ပိုင်း မဟာမဟာမိတ်တပ်တွေရဲ့ အကြီးအကဲ မာဆွတ်ကို လုပ်ကြံပေးတာဖြစ်ပါ တယ်။

ဒါပေမဲ့ မာဆွတ်ချထားခဲ့တဲ့ အစီအစဉ်တွေအတိုင်း တာလီဘန်အစိုးရကို ဖြုတ်ချနိုင်ခဲ့ တယ်။ မာဆွတ်ဟာ ယနေ့ထက်တိုင် ကျန်ရစ်သူတွေက လေးစားရတဲ့ အာဖဂန် အမျိုးသား အာဇာနည် ဖြစ်လာခဲ့တယ််။

`ခေါင်းဆောင်ကြီး မာဆွတ် ကျဆုံးသွားတာကို သိရတော့ ကျွန်တော်တို့ အကုန်လုံး ငိုမိကြတယ်´ လို့ အဲသည်တုန်းက မာဆွတ်ရဲ့ မူဂျာဟစ်ဒင်တပ်မှာ အရာရှိငယ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့၊ အခုအချိန်မှာ အသက်လေးဆယ်ရှိပြီဖြစ်တဲ့ ကျွန််တော့် လက်ထောက် မစ္စတာ အာမက်ဇဟားက ပြန်ပြောင်းပြောပြတယ်။

မစ္စတာဇဟားဟာ အခုအချိန်မှာ ကျွန််တော်အလုပ်လုပ်နေတဲ့ အမေရိကန်ကုမ္ပဏီမှာ ကြီးကြပ်ရေးမှူး (supervisor) တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတာ လေးငါးနှစ် လောက်ရှိပါပြီ။ အင်္ဂလိပ်စကားကို ကောင်းကောင်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ အာဖဂန်နစ္စတန်သုံး ဘာသာစကားတွေဖြစ်တဲ့ ဒါရီ၊ ပက်စ်တို၊ ဖာရစီဘာသာစကားတွေကိုလည်း မိခင်ဘာသာစကားအနေနဲ့ ပြောတတ်တယ်။ (သူ့အဖေက ပုရှ်ထွန်းလူမျိုး၊ သူ့အမေက တာဂျစ်လူမျိုး။) ကုမ္ပဏီဝန်ထမ်းပေမယ့်လို့ သာမညောင်ညမမှတ် လေနဲ့။ ကိုယ်ပိုင်လုပ်ငန်းတွေရှိတဲ့ လူတစ်ယောက်ပါ။

`မဇာရီရှရစ်ကို လိုင်းဆွဲနေတဲ့ ဘတ်စ်ကားနှစ်စီးကို ကျွန်တော်ပိုင်ပါတယ်။ အဲဒီ ဘတ်စ် ကား နှစ််စီးကနေ တစ်လဝင်ငွေ ဒေါ်လာ ၂၀၀၀ ကနေ ၅ဝဝဝကြားရပါတယ်။ ပုံမှန်တော့ မရှိပ်ဘူး။ ဒီကုမ္ပဏီကနေရတဲ့လစာကတော့ ကျွန်တော့် ကလေး ခြောက်ယောက်အတွက် ကျောင်းစရိတ်လေး ဘာလေးရတာပေါ့´ လို့ မစ္စတာဇဟားက ဆိုပါတယ်။ ဇဟားက သူ့ကလေးတွေကို စျေးကြီးတဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ထားတာနော်။

ဘတ်စ်ကားတွေတင်မကပဲ မစ္စတာဇဟားမှာ ကျွန်တော့်ကို ပြောမပြတဲ့ လုပ်ငန်းတွေ ရှိကောင်းရှိနိုင်တယ်။ တစ်နိုင်ငံလုံး အဝေးပြေးလမ်းမတော်တော်များများကို တာလီဘန်တွေက စီးနင်းထားလို့ ပို့တောင်ဆက်သွယ်ရေးခက်ခဲနေတဲ့ အခုလိုအချိန်မျိုးမှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကိုလည်း မစ္စတာဇဟားလုပ်တယ်လို့ ပြောတဲ့လူက ပြောကြတယ်။ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ တာလီဘန်တွေနဲ့ စာရင်းရှင်း ချောဆီထည့်ပြီး ကုန်စည်ကို လိုရာပို့ဆောင်ပေးရတဲ့ အလုပ်မျိုးပေါ့။

ကျွန်တော် အာဖဂန်နစ္စတန်ကိုမရောက်ခင်လေးတင် ပြီးခဲ့တဲ့ သြဂုတ်လ ရွေးကောက်ပွဲ မတိုင်မီလောက်က မစ္စတာဇဟားဟာ ခွင့်တစ်ရက်လောက်ပေးပါလို့ ပြောပြီး သုံးလေးပတ် လောက် ပျောက်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ ဟာမစ်ကာဇိုင်းနဲ့ ဒေါက်တာအဗ္ဗဒူလာတို့ ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ ဒေါက်တာအဗ္ဗဒူလာ ဘက်ကနေ ကျေးရွာအရောက်ကွင်းဆင်း စည်းရုံးမှုတွေ လုပ်နေခဲ့တယ်လို့ ဆိုကြတယ်။ ရွေးကောက်ပွဲပြီးသွားတော့ ခပ်တည်တည်နဲ့ ပြန်ရောက်လာတယ်။ တကယ့်လူ . . . ။

မစ္စတာဇဟားတစ်ယောက် အခုလောလောလတ််လတ်မှာ ဘယ်သူ့ဘက်တော်သား ဖြစ်နေတယ်ရယ်လို့ ကျွန််တော် မသိနိုင်ပါဘူး။ အမေရိကန်တွေနဲ့လည်း အလုပ်လုပ်တယ်။ တာလီဘန်တွေနဲ့ စကားပြောစရာရှိရင်လည်း ဒီလူပြောမှာပဲလို့ သံသယရှိတဲ့လူက ရှိကြတယ်။ ရွေးကောက်ပွဲနိုင်ငံရေးမှာလည်းပါတယ်။ ပက်ရှ်ထွန်းလူမျိုးပေမယ့်လည်း နိုင်ငံမြောက်ပိုင်းက တာဂျစ်လူမျိုးတစ်ယောက် ခေါင်းဆောင်တဲ့ မူဂျာဟစ်ဒင်လှုပ်ရှားမှုထဲမှာ ကာလရှည်များ ပါဝင် ပတ်သက်ခဲ့ဖူးတယ်။ လောလောဆယ် သူ့မှာဂွကျနေတာတစ်ခုကတော့ မုတ်ဆိတ်ရှည်တာကို မကြိုက်တဲ့လူတွေနဲ့ မုတ်ဆိတ်ရှည်ထားတာကို တန်ဖိုးထားကြတဲ့လူတွေကြားမှာ ဗျာများရ တတ်တာပါပဲ။

“ကျွန်တော့မုတ်ဆိတ်က အရင်က ဒီထက်ရှည်တာပေါ့။ တစ်ခါက အစည်းအဝေး တစ်ခုကိုတက်စရာရှိတော့ဗျာ . . . သိပ်အဆင်မပြေမှာ စိုးတာနဲ့ နည်းနည်းတိုအောင် ညှပ်လိုက်ရတယ်။” လို့ မစ္စတာဇဟားကဆိုပါတယ်။

အရင်ရွေးကောက်ပွဲတုန်းက ဟာမစ်ကာဇိုင်း ဘက်တော်သားဖြစ်ခဲ့ပြီး အခုရွေးကောက်ပွဲ ကျတော့ ဒေါက်တာအဗ္ဗဒူလာဘက်ကနေ ဘာလို့ လှုပ်ရှားရတာလဲလို့ ကျွန်တော်က မေးတော့ “တိုင်းပြည်အတွက် အပြောင်းအလဲ တစ်ခုခုများ ဒေါက်တာအဗ္ဗဒူလာ ဆောင်ကြည်းပေးလာနိုင်မလား ဆိုပြီး မျှော်လင့်လို့ပါ” လို့ သူကဖြေတယ်။

အာဖဂန်နစ္စတန််သမ္မတ ဟာမစ်ကာဇိုင်းရဲ့ညီ အာမက်ကာဇိုင်း တစ်ယောက် ဘိန်းလုပ်ငန်းတွေနဲ့ ပက်သတ်နေတယ်၊ တစ်ချိန်တည်းမှာပဲ အမေရိကန် စီအိုင်အေရဲ့လစာကို စားနေတဲ့သူလည်းဖြစ်နေတယ် ဆိုတာကို ကြားရတယ်ဗျာ၊ အဲဒါကို ခင်ဗျား ဘယ်လိုယူဆ သလဲ ဆိုတော့ မစ္စတာဇဟားက ဒီလိုဖြေတယ်။ “ခါလီဖာ ကျော်ဇောဦး၊ အဲဒီအချက် နှစ်ချက်က ဖြစ်နိုင်ခြေရှိရုံသက်သက်မဟုတ်ဘူး။ ဖြစ်ကို ဖြစ်နေတာ။ ဟာမစ်ကာဇိုင်းရဲ့ ညီအစ်ကိုတွေက အမေရိကမှာ အများကြီးပဲဗျာ။ သူတို့တစ်တွေ အမေရိကန်တွေနဲ့ ပတ်သက်နေတာ ကြာလှပြီပဲဗျာ။ ပြီးတော့ ဒီနိုင်ငံမှာ ဘိန်းလုပ်ငန်း ၊ဒါမှမဟုတ်၊ ဘိန်းကလာတဲ့ငွေနဲ့ ကင်းနိုင်တဲ့ သူကလည်း အရှားသားလားဗျာ . . . ” လို့ဆိုတယ်။

ဟာမစ်ကာဇိုင်းရဲ့ ဒုတိယသမ္မတ အနေနဲ့ ရွေးကောက်ခံဖက်ဖြစ်လာတဲ့ မိုဟာမက် ဖာဟင်းမ်ရဲ့ နောက်ကြောင်း သတင်းဆိုးတွေနဲ့ ပတ်သက်လို့ မေးသေးတယ်။

“ငွေရှိအောင် အရင်လုပ်ရတာပေါ့ဗျာ။ ဘိန်းလုပ်ငန်းလုပ်ရင်း ပိုက်ဆံများများ ကိုင်လာနိုင်ရင် လက်နက်များများ ဝယ်လာနိုင်တယ်။ လက်အောက်ငယ်သားတွေကို လစာပေးလာနိုင်တယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံရေး သြဇာကြီးလာတယ်။ သူ့ကို ဖယ်ရှားပစ်ဖို့ ခက်လာတာပေါ့ . . . ” လို့ဆိုတယ်။

“အချို့သော အမေရိကန် စစ်ဘက်ဆိုင်ရာ ပဂ္ဂိုလ်တွေဟာ ဘိန်းလုပ်ငန်းနဲ့ မကင်းဘူး . . . လို့ အဲဒီလုပ်ငန်းဘက်က ကျွန်တော့ မိတ်ဆွေ အရပ်သားတွေက ပြောတယ်ဗျ။ အမေရိကန်တပ်သုံး လေယာဉ်တွေကို ဘာတွေသယ်သွားသလဲ ဆိုပြီးတော့ ဘယ်သူကမှ စစ်ဆေးနေတာမှမဟုတ်တာ။ အဲဒီအမေရိကန်စစ်ဘက်ဆိုင်ရာတွေကပဲ သူတို့နိုင်ငံကို အလုံးအရင်းနဲ့ ဘိန်းတွေတင်သွင်းနေတယ်လို့ ပြောတဲ့လူက ပြောတာပဲဗျ” လို့ မစ္စတာဇဟားက ပြောတော့ ဖြစ်ကောင်းဖြစ်နိုင်ပေရဲ့လို့ ကျွန်တော်တွေးမိတယ်။

ဒီနေရာမှာ မစ္စတာဇဟားအကြောင်းကို ကြားပြီးတဲ့အခါကျတော့ စာဖတ်သူတွေက မစ္စတာဇဟားကို လူရည်လည် လူရည်တတ်တစ်ယောက်အနေနဲ့ မြင်ကောင်းမြင်လာပါလိမ့် မယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ မစ္စတာဇဟားဟာ လုပ်ဖေါ်ကိုင်ဘက်တွေက အားကိုးအားထားပြုနိုင်တဲ့သူ၊ မိသားစုနဲ့ ဇနီးမယားကို ချစ်ခင်တဲ့သူ၊ ပတ်ဝန်းကျင်က လေးစားခြင်းကို ခံရတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော် မငြင်းသာပါဘူး။

အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် မြန်မာပြည်ကို ရောက်ရင် ရေးကောင်းရေးဖြစ်မယ်။ ဒီတော့ လိုလိုမည်မည် မစ္စတာဇဟားရဲ့ ဓါတ််ပုံတွေ၊ မိသားစု ဓါတ်ပုံတွေ ရနိုင်မလားလို့ ကျွန်တော်က မေးတော့ “ရှိတယ်ဗျ။ ကျွန်တော် ငယ်ငယ်တုန်းက မူဂျာဟစ်ဒင်တပ်သားဘဝတုန်းက ပုံတွေ အခုထက်ထိရှိသေးတယ်။ ဒါပေမဲ့ ဟိုတုန်းကပုံတွေ က ဒစ်ဂျစ်တယ်ကော်ပီ မဟုတ်တော့ စကန်ဖတ်ပြီး စီဒီထဲကို ထည့်ပေးမှရမယ်။ ကဘူးလ်ကို ခွင့်ပြန်တဲ့အခါကျမှ ကျွန်တော်လုပ်ပေးမယ်” လို့ဆိုတယ်။

မူဂျာဟစ်ဒင်တပ်သားလေး ဇဟားဟာ အရွယ်ကောင်းကောင်း ထက်ထက်မြက်မြက် ဆိုတော့ အရာရှိတွေက သူ့ကို ကဘူးလ် တက္ကသိုလ်ကို ပို့ပေးတယ်။ ကဘူးလ်တက္ကသိုလ်မှာ English Literature အဓိကနဲ့ ဘွဲ့ရတယ်။ ဘွဲ့ရပြန်တော့ မူဂျာဟစ်ဒင်ရဲ့ ဆက်သွယ်ရေး အရာရှိတစ်ယောက်အနေနဲ့ အာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အန္ဒိယနဲ့ ဥရောပကို ခေါက်တုံ့ခေါက်ပြန် သွားရလာရတယ်။ ဌာနေကို ပြန်ရောက်တဲ့အခါတိုင်းမှာလည်း တိုက်ပွဲတွေ အလီလီ ကြုံရဆုံရတယ်။ ပြီးတော့ . . . အိမ်ထောင်ကျ . . . ၊ အာဖဂန်လူ့အဖွဲ့အစည်းမှာ နေရာ တစ်ရောရအောင် ကြိုးပမ်း . . . ။ နိုင်ငံရေးမှာ အတက်အကျကြုံရ . . . ။ ဟာမစ်ကာဇိုင်းအုပ်စုနဲ့ အခန့်မသင့်တာတွေ ဖြစ်ပျက်ပြန် . . . ။ ဒေါက်တာအဗဒူလာဘက်ကို ပြောင်း . . . ။ ဒါတွေဟာ ဒီနေ့ မစ္စတာဇဟားဖြစ်လာတဲ့ လူတစ်ယောက်ရဲ့ နောက်ခံကောက် ကြောင်းပေါ့။ သူ့ရဲ့ ဘဝကိုယ်၌မှာလည်း “ငွေ၊ လက်နက်၊ အာဏာ” ဆိုတဲ့ ဓါတ်ကြီးသုံးပါး စိုးမိုးချယ်လှယ်နေတာကို တွေ့ရတယ်။ ဒါတောင်မှ မစ္စတာဇဟားဟာ အာဖဂန်နစ္စတန်ရဲ့ နိုင်ငံရေးဇာတ်ခုံမှာ အသေးအမွှား အရံသရုပ်ဆောင်တစ်ယောက်ပါ။

အရပ်သားတွေ လက်နက်ကိုင်ပြီးလမ်းသလားခွင့်ရှိတဲ့နိုင်ငံ၊ ခင်ဗျားသာ ပိုက်ဆံရှိရင် လုံခြုံရေးအယောက်တစ်ရာကို လက်နက်တပ်ဆင်ပြီး ငှားထားဖို့ ဖြစ်နိုင်တဲ့နိုင်ငံ၊ ခင်ဗျားသာ လစာမပေးနိုင်ရင် အဲဒီလုံခြုံရေးဝန်ထမ်းတွေက ခင်ဗျားကို ကျည်ဆန်စာကျွေးသွားမယ့်နိုင်ငံ။ အဲသည် အာဖဂန်နစ္စတန်နိုင်ငံမှာ ဘဝအာမခံချက်နဲ့ဘဝတက်လမ်းကို ငွေ၊ လက်နက်၊ အာဏာ သုံးခုနဲ့ တဖြည်းဖြည်းချင်း တည်ဆောက်လာတဲ့ သူတွေကသာလျှင် နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်လာကြတာဖြစ်တယ် . . . လို့ ဆိုတဲ့လူက ဆိုကြတယ်။

* * *

၁၀ ရက်၊ နိုဝင်ဘာလ၊ ၂၀၀၉ ခုနှစ်

ကျွန်တော်တို့ဆောက်နေတဲ့ ပရောဂျက်ကို ပင်မကန်ထရိုက်ပေးတဲ့ ကုမ္ပဏီက လွှဲပြောင်းလက်ခံယူဖို့ လာရောက်စစ်ဆေးတယ်။ အတိုအထွာပြုပြင်ပေးစရာရှိတာကို ပြုပြင်ပေးဖို့ ရှိသေးတာကလွဲရင် ပရောဂျက်ဆောက်လုပ်ပြီးစီးကြောင်း အတည်ပြုလိုက်လို့ လုပ်ငန်းရဲ့ နောက်ဆုံးအဆင့် ပြီးစီးသွားတယ်။ ပတ်စာခွာ ဖျာသိမ်းပြီးလို့ သွားစရာရှိတဲ့ နေရာကို ဆက်သွားရန် ပြင်ဆင်ဖို့ပဲ ကျန်တော့တယ်။

ကျွန်တော်နဲ့ နှစ်ရက်သုံးရက်လောက် မခေါ်နိုင်မပြောနိုင်ဖြစ်ပြီး တင်းမာနေကြတဲ့ တစ်ဘက် ပင်မကန်ထရိုက်တာ ကုမ္ပဏီက တူရကီ အင်ဂျင်နီယာနဲ့လည်း ချက်ချင်းပဲ အခေါ်အပြော ပြန်လုပ်နိုင် . . . အပြုံးမပျက် စကားပြောနိုင်လာကြတယ်။ နှစ်ယောက်စလုံးရဲ့ ပုခုံးပေါ်က ဝန်ထုပ်တစ်ခု လျော့သွားပေသကိုး . . . ။

ဒီနေ့ နေ့လယ် ထမင်းစားပြီးတော့ ဆိုက်ထဲကို ဆင်းလျှောက်ကြည့်တယ်။ ပရောဂျက်အပ်လိုက်ပြီဆိုပေမယ့် အတိုအထွာ ပြင်ဆင်ရန် (punch list) က ရှိနေသေးတယ် လေ။ ဆေးသုတ်သမားတွေက ဆိုက်တစ်ခွင်မှာရှိနေတဲ့ manhole (မြေအောက်ပေါက်) အဖုံးတွေမှာ အမှတ်အသားရေးခြယ်တဲ့အရောင်တွေ တလွဲ သုတ်ထားတာကိုတွေ့တယ်။ မိလ္လာလိုင်းအတွက် အဝါရောင်၊ ရေပိုက်လိုင်းအတွက် အပြာရောင်၊ လျှပ်စစ်လိုင်းအတွက် အနီရောင်ဖြစ်ရမှာ . . . ။ သူတို့သုတ်တဲ့ အရောင်တွေက လွဲနေတယ်။ ဒါနဲ့ ဆေးသုတ်သမား နှစ်ယောက်ရယ် စကားပြန်ရယ်ကို လှမ်းခေါ်ပြီး ရှင်းပြရတယ်။ လျှပ်စစ်က ရှော့ခ်ဖြစ်လို့ မီးလောင်ရင် မီးရဲ့အရောင်က နီတယ်ကွာ။ ဒါကြောင့် လျှပ်စစ်လိုင်း မြေအောက်ပေါက်ရဲ့ အဖုံးမှာ “E” စာလုံးအကြီးကြီးကို အနီရောင်သုတ်။ ရေတွေရှိနေတဲ့ ပင်လယ်ရဲ့အရောင်က ပြာတယ်ကွာ။ ဒါကြောင့် ရေပိုက်လိုင်း manhole ရဲ့ အဖုံးပေါ်မှာ “W” စာလုံးအကြီးကြီးကို အပြာရောင်နဲ့ ရေး။ လူတွေရဲ့ မစင်က ၀ါတယ်ကွာ။ ဒါကြောင့် မိလ္လာလိုင်းရဲ့ manhole အဖုံးမှာ “S” စာလုံးအကြီးကြီးကို အဝါရောင်သုတ် လို့ ရှင်းပြတော့ တဝါးဝါး တဟားဟား ရယ်ကြတယ်။

အရွယ်ရောက်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ စာတတ်မြောက်ကြတဲ့ ဒီနိုင်ငံမှာ ကျောင်းဆရာတစ်ဖြစ်လဲ စာရေးဆရာတစ်ဖြစ်လဲ အင်ဂျင်နီယာတစ်ဖြစ်လဲ ငါကိုယ်တော်ချောဟာ ဒီလိုမျိုး စိတ်ကူးကောင်းကောင်းနဲ့ ရှင်းပြတတ်လေတော့ ငါဟာ အနူတောမှာ လူချောပါတကား ဆိုပြီး . . . ခါလီဖာ ကျော်ဇောဦးတစ်ယောက် စိတ်ကြီးဝင်မိလေသတတ်။

==========

post number – 2

short url to this post => https://bit.ly/2ZjGC9Q

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s