စံရွှေမောင် ၊သို့မဟုတ်၊ လက်နက်ချ ရကပ ကျားနာတစ်ကောင် (အပိုင်း တစ်)

[💛 standard version | 💙 zawgyi version]

💛💛💛💛💛

စံရွှေမောင် ၊သို့မဟုတ်၊ လက်နက်ချ ရကပ ကျားနာတစ်ကောင် (အပိုင်း တစ်)

Written by Kyaw Zaw Oo

စစ်တွေ၊ ၃၀ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ အခန်းဆက် အတ္ထုပတ္တိ ]

အခန်း (တစ်) ဘဝမှာ အခါခါ လက်နက်ချရသူ

ဖေ့စ်ဘွတ်ပေါ်က အက်ဆေးဟန် စာစုတစ်ခုကို မကြာခင်က ဖတ်လိုက်ရသေးတယ်။ စာစုရဲ့ နာမည်က “လက်နက်ချ” တဲ့။

ဦးနေဝင်းအစိုးရဆီမှာ လက်နက်ချခဲ့တဲ့ တောခို သူပုန်ဟောင်း တစ်ယောက် ဟာ တစ်ခါ လက်နက်ချရုံနဲ့ မပြီးပဲ တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မဆလအစိုးရကို ဟိုမှာနည်းနည်း ဒီမှာနည်းနည်းဆိုသလို အစိုးရကို လိုက်ကူ ပေးနေခဲ့ရပုံ အဖြစ်မှန်ကို အကျဉ်းသဘောရေးထားတယ်။

သူပေးချင်တဲ့ မက်ဆေ့ချ်က ဒီလိုပါ။ လူဆိုတာ တစ်ခါလက်နက်ချလိုက်ရင် ပထမဆုံး တစ်ခါထဲတင် လက်နက်ချရတာ မဟုတ်ဘူး၊ ဘဝမှာ အခါခါ လက်နက်ချ ရတတ်တယ်တဲ့။

လွန်ခဲ့တဲ့ သုံးနှစ်ကျော် ကျွန်တော် အာဖဂန်နစ္စတန်က ပြန်လာခါစက သူးသီးတောင်ကို အလည်ရောက်တော့ ဘကြီး ဦးစံရွှေမောင်အိမ်ကို သွားရောက်မိတ်ဖွဲ့ တစ်ခုတ်တရ စကား သွားပြော ဖြစ်ပါတယ်။ တစ်ခါက ရခိုင်လက်နက်ကိုင်ပါတီတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး၊ နောက် တော့ လက်နက် ချ၊ ဒီ့နောက်တော့ အခါခါ လက်နက်ချ၊ ဒီ့ထက် နောက်ပိုင်းမှာ အခါခါ လက်နက်မချ လည်း အခါခါ လက်နက်ချခဲ့တယ်လို့ အမြင်ခံရသူ ဖြစ်ခဲ့တယ်။

ကျွန်တော် ဘကြီးစံရွှေမောင်နဲ့ တွေ့လို့ပြန်လာပြီး များမကြာအတွင်းမှာပဲ သူနဲ့ အင်တာဗျူး ကို အခြေခံပြီး သူ့ အကြောင်းကို ချရေးဖြစ်ပါတယ်။ တခြားဖြည့်စွက် မှတ်စုတွေအပါအဝင် စာမျက်နှာ ခြောက်ဆယ် မကရှိတဲ့ အတ္ထုပတ္တိတစ်ခုကို ရပါတယ်။ အဲသည်အတ္ထုပတ္တိကို ဘယ်မှာမှ ပုံနှိပ်ဖော်မပြခင် ဖေ့ဘွတ်မှာ အမြည်းအစမ်း သဘော တင်ပြဖူးတယ်။

ဦးစံရွှေမောင်ဟာ “ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကပ)ရဲ့ ကျားသုံးကောင် အနက် တစ်ကောင်ဖြစ်တယ်လို့ တင်စားခြင်းကို ခံရဖူးသူဖြစ်တယ်။ ပါတီရဲ့ချစ်ခြင်းမုန်းခြင်း နှစ်မျိုးစလုံးကို ခံရဖူးသူဖြစ်တယ်” ဆိုတာ ကိုတောင်မှ သူ့ကို ရန်သူ့ဘက်တော်သားအဖြစ်မြင်ကြတဲ့ အချို့သော စာဖတ်သူတွေက ခါးခါးသီးသီး ကန့်ကွက်ကြတယ်။ တချို့က ကျွန်တော့်ကို လူကိုယ်တိုင် စကားပြောကန့်ကွက်ကြတယ်။

သူတို့ကန့်ကွက်ကြတော့ ကျွန်တော်ရေးလိုက်တဲ့ အချက်နှစ်ချက်ကို စေ့စေ့စပ်စပ် ပြန်သုံးသပ် ကြည့်မိတယ်၊ မှားများမှားနေသလား လို့ပေါ့လေ။ မမှားပါဘူး။ သူဟာ ရခိုင်ပြည် ကွန်မြူနစ်ပါတီရဲ့ ကျားသုံးကောင်အနက် တစ်ကောင်ဖြစ်တယ်လို့ တင်စားခြင်း ကို ခံရဖူးသူဖြစ်တယ် လို့ကျွန်တော် ရေးခဲ့တယ်။ မှန်တယ်။ ရကပ ပါတီဝင်ဟောင်းတစ်ယောက်က ကျွန်တော့်ကို အဲသလိုပဲ ပြောဖူးတယ်။ နောက်ပြီးတော့ တကယ်တမ်းလည်း သူဟာ ပါတီဝင်အချို့ရဲ့ ချစ်ခြင်းကိုခံယူရဖူးသူဆိုတာ ကျွန်တော်စုံစမ်းသလောက် မှန်သင့်သလောက်မှန်ခဲ့တယ်၊ မှန်တဲ့အချိန်မှာမှန်ခဲ့တယ်၊ နောက်တစ်ခါ ပါတီဝင်အချို့ရဲ့ မုန်းခြင်းကိုလည်း ခံယူရသူလည်းဖြစ်ဖူးတယ် ဆိုတာလည်း အငြင်းပွားဖွယ်ရာမရှိဘူး။ ဒီတော့ ကျွန်တော် ရေးလိုက်တဲ့ အထဲမှာ အမှားပါသွားတယ်လို့ ကျွန်တော် မယူဆပါဘူး။ ပရိတ်သတ်ရှေ့ကို ဒီစာမူကို ပို့လိုက်ရင်ကောင်းမှာပဲလို့ လိုက်ရှာတော့ နေရာ အရွှေ့ အပြောင်းတွေကြောင့် ကျွန်တော်ရေးခဲ့တဲ့စာမူ အချောကို ပြန်ရှာလို့ မရတော့ ပေမယ့် ပြန်ရှာလို့ရတဲ့ ပထမ(ဦးဆုံး) စာမူကြမ်းကို အခြေခံပြီးသကာလ Coral Arakan က တစ်ဆင့် စာဖတ် ပရိတ်သတ် မျက်မှောက် ကို ကျွန်တော် တင်ပြလိုက်ပါ တယ်။ ဘကြီးစံရွှေမောင်ဟာ အိုပါပြီ။ သေမင်းရဲ့ ခေါ်သံကို ခပ်ဝါးဝါးလေး ကြားနေရပြီ။ ဒီတော့ သူမှားခဲ့တဲ့ ကဏ္ဍ တွေရှိခဲ့တယ် ဆိုတာကို တစ်ဖက်က အသိအမှတ်ပြုရင်း သူစွမ်းဆောင်ခဲ့တာတွေအတွက် ဒီအခန်းဆက်ဆောင်းပါးတွေအားဖြင့် သူ့ကို အလေးပြုပါတယ်။


ဦးစံရွှေမောင်ရဲ့အိမ်က ဘူးသီးတောင်မြို့နယ် ဆက်သွယ်ရေးရုံးရဲ့နောက်ဘက်မှာ ရှိတယ်။ သူ့အိမ်ကို ရုံးနဲ့ ချောင်းလက်တက်ကလေးတစ်ခုကြားမှာရှိတဲ့က္ကိုပင်ကြီးရဲ့ အမြစ်တက်တွေ အမြစ်ဆုံတွေကြား ကနေ လျှောက်သွား ရပါတယ်။ လမ်းသွယ်ထဲက အမြစ်တက်တွေကို နင်းပြီး လျှောက်ဝင်လာလို့ လှမ်းကြည့်လိုက်ရင် သစ်သားတိုင်ထူ ၀ါးထရံကာ သပ်သပ်ရပ်ရပ်တစ်ထပ်အိမ်ကလေးရဲ့ဝရန်တာကို လှမ်းမြင်ရ တယ်။ ကျွန်တော်ရောက် လာတိုင်း အဲသည်ဝရန်တာမှာ ဦးစံရွှေမောင်အမြဲလိုလို ထိုင်နေလေ့ရှိတယ်။ ဝရန်တာကို ကျွန်တော်တို့ တက်လာတာနဲ့ သူ့အနားမှာ ရှိတဲ့ သစ်သားကုလားထိုင် တစ်လုံးနဲ့ ပလက်စတစ်ထိုင်ခုံတစ်လုံးကို ညွှန်ပြပြီး ”မောင်တို့ထိုင်ကြ ထိုင်ကြ ” လို့ပြောလေ့ရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူ့ငယ်ချင်း ကိုဥက္ကာတို့အားရင် အားသလို ဘကြီး ဦးစံရွှေမောင်ဆီ လာလာပြီး သူရဲ့အတွေ့အကြုံတွေကို နားထောင်မှတ်တမ်းတင်ကြ တယ်။
ကျွန်တော်က တစ်ကိုယ်တော် သတင်းသမား၊ စာရေးဆရာ။ ဘကြီးဦးစံရွှေမောင်က အင်တာဗျူးခံ အလင်းဝင် ပြောက်ကျား ခေါင်းဆောင်ဟောင်း။ ကိုဥက္ကာက ကျွန်တော်တို့နှစ်ဦး နှစ်ဘက်ကြားက မိတ်ဆွေ။ ဘကြီးရဲ့ဇနီးက ကျွန်တော်တို့ရောက်လာတာနဲ့ ရေနွေးကြမ်းတို့ လက်ဖက်သုတ်တို့နဲ့ ပြင်ဆင် ဧည့်ခံလေ့ရှိတယ်။တစ်ခါတစ်ခါဘကြီးရဲ့သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အလုပ်ကနေ ခဏတဖြုတ်ရောက် လာရင် ကျွန်တော်တို့ဘေးကနေ ဝရန်တာကို ဖြတ်ပြီး အိမ်ထဲခန်းကို ဝင်ရတာမို့ ကျွန်တော်တို့နဲ့ ပဋိသန္ခာရ စကားလေးတစ်ခွန်းနှစ်ခွန်းလောက်ပြောဆိုပြီးမှ အိမ်ထဲဝင်သွားကြလေ့ရှိ တယ်။ တစ်ခါတစ်ခေတ်က နာမည်မရှိတရှိ ပြောက်ကျားခေါင်းဆောင်ဟောင်းကို ဂါရဝလာပြုရုံ သက်သက်ပဲလို့ နဂိုကမှန်းထားခဲ့မိတဲ့ ကျွန်တော်ဟာ ဘကြီးစံရွှေမောင်နဲ့ စကားဝိုင်းဖွဲ့ မိတော့မှ ဘကြီးရဲ့ အတွေ့အကြုံနဲ့အမြင်ကို စာဖွဲ့မယ်ဆိုရင် တစ်ချိန်က ရခိုင်တို့ရဲ့ ခေတ်ပြိုင် သမိုင်းကို မှတ်တမ်းတင်ရာလည်းရောက်မယ်လို့သဘောပေါက်လာ မိတော့ တယ်။


ဘကြီးဟာ အရှုံးနဲ့ အငြိမ်းစားယူထားရတဲ့ ပြောက်ကျားတပ်မှူး တစ်ဦးပါ။ ရခိုင် အမျိုးသား တို့ရဲ့ တပ်မတော် တစ်ခုပေါ်ထွန်းလားဖို့အတွက် ဟိုအခါက ကိုယ်တို့ သိသမျှ တတ်သမျှ ဉာဏ်စွမ်းရှိသမျှနဲ့ ကြိုးစားခဲ့ကြဖူးတယ်။ ကိုယ့်တပ်ထဲက ခေါင်းဆောင် အချင်းချင်း မယုံသင်္ကာစိတ်တွေကြီးလာပြီး သူမသတ်ရင် ကိုယ်သတ်ရမယ့် အခြေအနေ အထိ ရောက်လာတဲ့အခါ သူ့ကို သတ်မယ့်အစား ကိုယ်ကရှောင်ထွက်လာပြီး ရန်သူ့ဆီမှာ လက်နက်ချ၊ သာမန် အရပ်သားဘဝနဲ ့နေဖို့ ရွေးချယ်ခဲ့ ရတယ်။
ကိုယ့်နာမည်က စံရွှေမောင် ရခိုင်ပြည်ကွန်မြူနစ်ပါတီမှာ ဗဟိုကော်မတီဝင်အဖြစ်ရယ်၊ ၀ါဒဖြန့်ချိရေး နဲ့ နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့တယ်။
၁၉၄၂-ခုနှစ် ဒုတိ်ယကမ္ဘာစစ်ကာလအတွင်း ဘူးသီးတောင်၊ မောင်တောဒေသက ရခိုင် လူမျိုးတွေကို ကုလားတွေက အပြုတ်ရှင်းတော့ ဘကြီး အရမ်းငယ်ငယ်လေးပဲ ရှိသေး တယ်။ အဲသည် ကုလား-ရခိုင်အဓိကရုဏ်းဟာ မြေပုံမြို့ကနေစဖြစ်လာတာ။ မြေပုံကနေ ဘူးသီးတောင်ကို ကူးစက် ရောက်ရှိ် လာတယ်။ ဖုံညိုလိပ်ကျေးရွာက ရခိုင်တွေကို ကုလားတွေဝင်စီးပြီး အပြတ်ရှင်းရာကနေ ဘူးသီးတောင် ကုလားရခိုင် အဓိကရုဏ်းစတယ်။ ရခိုင်တွေအကုန်လိုလို အသတ်ခံရပြီး မဆိုစလောက် အရေအတွက်သာ ထွက်ပြေးလွတ်မြောက် လာခဲ့တယ်။ အရေးပိုင် ဦးကျော်ခိုင် ကုလားလုပ်ကြံခံရလို့သေသွားပြီးနောက်ပိုင်း ဘူးသီးတောင်မှာရှိတဲ့ ကရင်တပ်စု၊ ဗားမားဗော်လံတီယာတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင် မြို့ပေါ်ကလူငယ်တွေနဲ့ စုပေါင်းစည်းရုံးပြီးတော့ မြို့စောင့်ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့ပြီး သကာလ လေးဘက်လေးတန်က တိုက်ခိုက်လာတဲ့ ကုလားတွေကို နေ့ရောညပါ အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြတယ်။ ကုလားတွေဘက်က မတရားအင်အားများလှတယ်။ ဒါပေမယ့် ရခိုင်တွေခံတိုက်လို့ ကုလားတွေဘက်က ဆုတ်ဆုတ်သွားရတာ တပ်မချောင်းအထိ ဆုတ်ရတယ်။ ပျက်စီးသွား တဲ့ မိမိတို့ရပ်ရွာတွေကနေထွက်ပြေး လွတ်မြောက်လာတဲ့ ရခိုင်လူမျိုးတွေ ဘူးသီးတောင် ဘောလုံးကွင်းမှာ စုပြီးနေကြရတယ်။

အဲသည် ရခိုင်အသိုက်အဝန်းကို ရခိုင် ဘုန်းတော်ကြီး တစ်ပါးက ဦးဆောင်ပြီး ကုလားရန်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အဲသည် ဘုန်းကြီးလည်း မကြာခင်မှာပဲ စွန့်ခွာသွားပြန် တယ်။ ခေါင်းဆောင် ဘုန်းကြီးမရှိ လည်း ကျန်တဲ့လူတွေက ဆက်နေမြဲ နေရတာပေါ့။ ရခိုင်ပြည်တောင်ပိုင်းကနေတက်လာတဲ့ ဗိုလ်ရန်အောင်ဘီအိုင်အေတပ်ဟာ ဘူးသီးတောင် ကို ရောက်လာတယ်။ ”လက်နက်ဆိုလို့ ဓါးတိုတစ်ချောင်းတောင် ကိုင်ဆောင် သိမ်းဆည်း ထားခြင်းမရှိစေရ” လို့ကြေငြာတယ်။ ပြီးတော့မြို့ကို ကုလားရန်ကနေ ကာကွယ် နေကြတဲ့ ယခင်ရဲတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ အရပ်သားတွေဆီက လက်နက်တွေ အကုန် သိမ်းယူတယ်။ သည်တော့ ရခိုင်တွေလက်ထဲမှာ ဘယ်လက်နက်မှ မကျန်ဘူး။ ဒါပေမဲ့ ကုလားတွေလက်ထဲမှာ ဗြိတိသျှတွေက ဂျပန်ကို ခံတိုက်ဖို့ပေးထားခဲ့တဲ့ လက်နက်တွေ ရှိနေတယ်။ ဗြိတိသျှတွေရဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ရေးဗျူဟာရဲ့ အစိတ်အပိုင်းတစ်ရပ် ပေါ့။

အလယ်သံကျော်(ရခိုင်)ရွာကြီး ကုလားဖျက်ပျက်သုဉ်းသွားပြီး သုဿန်တစပြင်လို ခွေး တစီစီနဲ့ ကျန်ရစ်ခဲ့တယ်။မောင်တောမြို့ပေါ်က ရှင်ပြေးပြေးနိုင်တဲ့ ရခိုင်တွေကတော့ မောင်တော တစ်ဘက် ကမ်းက (ယနေ့ ဘင်္ဂလာဒေ့ရှ် အပိုင်)ကယုချောင်းကို ထွက်ပြေး သွားရတယ်။ မောင်တောမြို့ကို ကုလားတွေက ကိုယ်ပိုင်အစိုးရဖွဲ့ပြီး အုပ်ချုပ်ကြတယ်။သူတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ”ငြိမ်းချမ်းရေးကော်မတီ”လို့ ခေါ်တယ်။

ဘီအိုင်အေတပ်က ဗိုလ်ရန်နောင်နဲ့ ဗိုလ်မျိုးညွန့်တို့ ဦးဆောင်တဲ့တပ်စုတစ်စု ငြိမ်းချမ်းရေးဆွေးနွေးဖို့ မောင်တောကို ကားတွေနဲ့ ချီတက်သွားကြတယ်။ (မီးကျောင်းတွေကို ငြိမ်းချမ်းရေးတရား ဟောမယ်ဆိုပါတော့)။ မောင်တောမှာ (မကြံကောင်း မစည်ကောင်း) ကုလားတွေနဲ့ လူထု အစည်းအဝေး ကျင်းပတယ်။ နောက်ပြီးတော့ မအပ်မရာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတရားကို ကုလားတွေကိုဟောတယ်။ တရားပွဲပြီးတော့ ကုလားတွေက ထမင်းပွဲနဲ့ ဧည့်ခံတယ်။ ထမင်းစားနေတုန်း ကုလားတွေက ဘီအိုင်အေ ဧည့်သည်တွေကို ဓါးနဲ့ဝင်ခုတ်ကြတယ်။ အစကတည်းက အခြေအနေကိုသုံးသပ်မိနေတဲ့ ယာဉ်မောင်း တစ်ယောက်သာလျှင်ပဲ အချိန်မီထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ ကျန်တဲ့လူတွေ အကုန် သေ တယ်။ ဒီကိစ္စကို စုံစမ်းဖို့ ဗိုလ်ရန်အောင်ဟာ တပ်ခွဲ(၂)ခုနဲ့ ဘူးသီးတောင်ကို တက်လာတယ်။

သူရောက်ပြီး နောက်ပိုင်းမှာ ကုလားတွေ လာလာတိုက်လို့ ဗိုလ်ရန်အောင် ကိုယ်တိုင်ခုခံ ရတယ်။ အဲသလို အခြေအနေတွေအရမ်းရှုပ်ထွေးနေချိန်မှာ ဘာကြောင့်ရယ်မှန်းမသိ ဗိုလ်ရန်အောင် တပ်ဆုတ်ဖို့ စီစဉ်တော့တယ်။ ဘယ်သူကအမိန့်ပေးမှန်း မသိရဘဲ အထက်က အမိန့်ပေးလို့ တပ်ဆုတ်ရတာဆိုပြီး ဘာမပြော ညာမပြောနဲ့ ဘူးသီးတောင်ကနေ ဗိုလ်ရန်အောင် တပ်ဆုတ်တော့ တယ်။

တစ်အချက်ဖြစ်နိုင်တာက အဲသည်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မှာ အစိုးရအဖွဲ့ ဖွဲ့ဖို့လုပ်နေတယ်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဗိုလ်ရန်အောင်အနေနဲ့ နယ်စွန်ကိုရောက်နေလို့ ရာထူးလက်လွတ် သွားတာမျိုး ဖြစ်မသွားစေချင်ဘူး။ တပ်ကို စွန့်ခွာတဲ့တပ်မှူးလည်းမဖြစ်ချင်ဘူး။ ဒါကြောင့် မို့လို့ တပ်နဲ့တကွ ထွက်တော်မူနန်းက ခွာတာလို့ ဆိုကြ တယ်။

(အဲသည် တပ်ဆုတ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကွယ်လွန်သူရခိုင့်နိုင်ငံရေးသမားဟောင်း ဘုံဘောက် သာကျော်ကို ဘကြီး အင်တာဗျူးဖူးတယ်။ မေးခွန်းသုံးခုမေးဖူးတယ်။ ဘုံဘောက်သာကျော်ဟာ ဟိုစဉ်က ရခိုင်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌဖြစ်ပြီး ဗိုလ်ရန်အောင်ရဲ့ ဘီအိုင်အေတပ်ကို ရခိုင်တောင်ပိုင်း ကနေ မြောက်ပိုင်းရောက်အောင် လမ်းပြ ဦးဆောင် ခေါ်လာခဲ့သူဖြစ်တယ်။ ဘီအိုင်အေ ရဲ့(ရခိုင်)စစ်ဌာနချုပ်ရုံးမှာ ဘုံဘောက်သာကျော်က ပြန်ကြားရေး တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့ တယ်။ မေးခွန်းတစ်။ ဘူးသီးတောင် ငွေတိုက်ကနေ ငွေသား သိန်း(၂၀)ရခဲ့တယ် လို့ဆို တယ်။ အဲဒီငွေသား သိန်း(၂၀)ဟာ ငွေစက္ကူလား၊ ဒင်္ဂါးလား။ ငွေဒင်္ဂါးဖြစ်တယ်လို့ ဘုံဘောက်သာကျော်က ဖြေတယ်။ ငွေအကြွေ အသေးလေးတွေ ကိုတော့ ဆင်းရဲသား လူထုကို လက်တစ်ဆုပ်စီခွဲဝေပေးလိုက်တယ်။ နောက်ပြီးတော့ အဲသည် သိန်း(၂၀)ကို ဘယ်လို ခွဲဝေယူကြသလဲ။ မေးခွန်းနှစ်။ ဘူးသီးတောင်က သိမ်းယူသွားတဲ့ လက်နက်(၂၀၀)ကျော်ကို ဘယ်သူ ယူသွား သလဲ။ မေးခွန်းသုံး။ ဘီအိုင်အေတပ်တွေ ဆုတ်တာ ဘယ်သူ့အမိန့်နဲ့ တပ်ဆုတ်တာလဲ။ ဘုံဘောက်သာကျော်က မေးခွန်းသုံးကနေ စဖြေတယ်။ တပ်ဆုတ်တာ ငါတောင် မသိလိုက် ဘူးတဲ့။ ငါတောင် သူငယ်ချင်းအိမ်ကို ရောက်နေတာဆိုတော့ ကျန်ခဲ့တော့ မလို့………။ တပ်သားတစ်ယောက်က လိုက်ခေါ်လို့ မီလိုက်တာ။ ဒါတောင် အဝတ်တစ်ထည် ကိုယ် တစ်ခုနဲ့ ဘာမှ မယူနိုင်ပဲ သင်္ဘောဆိပ်ကို ပြေးဆင်းလာခဲ့ရတာ……..တဲ့။ ငွေသား သိန်း(၂၀)ကိုတော့ ဗိုလ်ရန်အောင်က ယူသွားတယ်တဲ့။ (အိန္ဒိယကို သွားတဲ့ သခင် သိန်းဖေ (စာရေးဆရာသိန်းဖေမြင့်)ကို အဲသည်ငွေတွေထဲက တချို့တဝက်ကို ခရီးစရိတ် အဖြစ် ခွဲဝေပေးလိုက်တယ်။ ကျန်ငွေတွေကို နောက်ပိုင်းမှာ ဂျပန်စစ်ဗိုလ်တွေဆီကို အပ်လိုက်တယ် လို့ တခြား မှတ်တမ်းတွေအရ သိရတယ်။)

လက်နက်နှစ်ရာကိုတော့ ငါကတောင်းလွန်းအားကြီးလို့ မင်းပြားအရောက်မှာ ငါ့ကို အလက် လေးဆယ် ခွဲဝေပေး တယ်တဲ့………ဘုံဘောက်သာကျော်က ပြောတယ်။ သူ့အထင်ကို ပြောတာကတော့ အဲသည်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မှာ အစိုးရ အဖွဲ့ဖွဲ့ဖို့လုပ်နေတာဆိုတော့ ဝန်ကြီးနေရာမရလိုက်မှာစိုးလို့ ဗိုလ်ရန်အောင် တပ်ဆုတ် ပြန်တာလို့ သူထင်တယ်တဲ့။ တချို့ပြောတာက ဗိုလ်ရန်အောင်ဟာ မူဆလင်ဘာသာဝင်ဖြစ်တယ်။ သေချာတယ် ………..မူဆလင်။ ဒီတော့ ဆူလတန်မာမွတ်တို့ရဲ့ အခါပေးမှုအရ မာရကန်တင်ဘိ ကုလားသူဌေးဟာ သူ့သမီး မအေးညွှန့်နဲ့ ဗိုလ်ရန်အောင်ကို ဖျားယောင်းတယ်လို့ ဆိုတယ်။ မအေးညွှန့်က တောင့်တောင့်ဖြောင့်ဖြောင့် မင်းကြီးကြိုက်။ ဒီတော့ ဗိုလ်ရန်အောင်ဟာ ကုလားဓါတ်ကျသွားပြီးသကာလ ချက်ချင်းတပ်ဆုတ် သွားတာလို့ဆိုတယ်။ ဒါက ဘုံဘောက် သာကျော် ပြောတဲ့ အတိုင်း ဘကြီးက ပြန်ပြောပြတာ။

ဒီလိုနဲ့ ၁၉၄၂-ခုနှစ် ဇွန်လ(၂၆)ရက်နေ့မှာ ဘီအိုင်အေတပ် ဘူးသီးတောင်က ဆုတ်ခွာ တယ်။ တပ်ဆုတ်မယ် ဆိုတာကို သိရတာနဲ့ ချက်ချင်း မြို့ပေါ်ကလူကြီးတွေက မြို့ကာကွယ်ရေးအတွက် လက်နက်ပေးဖို့ ၊ဒါမှမဟုတ်၊ မြို့သူမြို့သားတွေကို လုံခြုံ ဘေးကင်းရာ သေကံခွဆုံရွာ ကို ပြောင်းရွေ့ပေးဖို့ တင်ပြကြတယ်။ ဒါပေမဲ့ အဲဒါတွေ ဘာမှ ဖြစ်မလာပါဘူး။ ရခိုင်တိုင်းရင်းသားတွေ ဆီက ဓါးတိုတစ်ချောင်းတောင်မကျန်စေရဆိုပြီး လက်နက်သိမ်းခဲ့တဲ့ ဗိုလ်ရန်အောင်က ဘာတာဝန်မှ မယူဘဲ မပြောမဆို တပ်ဆုတ်တော့ တာပါပဲ။

အဲသည်နေ့မနက်က ဘကြီးတို့မိသားစုလည်း ဘူးသီးတောင်သင်္ဘောဆိပ်ကို လာကြည့် သေးတယ်။ ဆိပ်ခံမှာရှိနေတဲ့ သင်္ဘောနှစ်စီးအနက် အင်ဂျင်ရှိနေတဲ့ Progress သင်္ဘော ပေါ်ကို ဘီအိုင်အေတပ်သားတွေ တက်ကြတယ်။ အရပ်သားတွေလည်း လုတက်မယ် လုပ်တော့ သေနတ်နဲ့ ပစ်တယ်။ သေတာတော့ မရှိဘူး။ ဒဏ်ရာလေး ဘာလေး ရတာပဲ ရှိတယ်။ Progress က ဆွဲသွားမယ်ဆိုပြီး ကြိုးချည်တွဲထားတဲ့ ” မီးဝ ” သင်္ဘောပေါ်ကို အရပ်သားတွေ အလုအယက်တက်ကြပြန်တယ်။ သင်္ဘောက နှစ်ထပ်သင်္ဘောဆိုတော့ သင်္ဘောဝမ်းခေါင်းထဲဆင်းသွားတဲ့လူတွေ၊ သင်္ဘောခေါင်းမိုးပေါ် တက်သွားတဲ့ လူတွေနဲ့ ဆိုရင် သင်္ဘောပေါ်မှာ လူလွှာလေးလွှာအပြည့်အသိပ်ဖြစ်နေတယ်။

ကံဆိုးချင်တော့ ”မီးဝ” သင်္ဘောဝမ်းခေါင်းမှာ အပေါက်တွေဖြစ်နေလို့ ရေယိုတော့ မြုပ်တယ် ဆိုတာနဲ့ ရှေ့က Progress သင်္ဘောကလည်း ကြိုးတွေ ဖြုတ်ချလိုက်တော့တာပါပဲ။ ”မီးဝ” သင်္ဘော ပေါ်ကနေ ရေထဲခုန်ချနိုင်တဲ့သူတွေက ခုန်ချကြတယ်။အဖြစ်က ဘာနဲ့ တူသလဲ ဆိုတော့ ………ပေါက်ပေါက်တွေ အပြည့်ဖြည့်ထားတဲ့ နို့ဆီဗူးခွံ တစ်ခွံရေထဲကို ရေယိုအိကျ နစ်မြုပ် သွားတော့ ပေါက်ပေါက်တွေ အကုန်ရေထဲကို ကြဲပြန့်မျောပါသွားသလိုပဲ။ မြစ်ပြင်ထဲမှာ လူတွေ အကုန်ကြဲပြန့်မျောပါသွားတယ်။ အနည်းဆုံးလူလေးရာလောက် သေတယ်။ နိုင်ငံရေးခေါင်းဆောင် ဆရာတော်ဦးပညာသီဟအပါအဝင် လူငါးဆယ်လောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့တယ်။ ဘကြီးတို့မိသားစု ကတော့ ဦးလေးတစ်ယောက်ပိုင် စက်လှေ ကလေးတစ်စီးနဲ့ လိုက်ခွင့်ရလို့ ရသေ့တောင်မြို့ ကို ရောက်ရှိလွတ်မြောက်ခဲ့ကြတယ်။

ကုလားတွေက တပ်မချောင်းမှာ အခိုင်အခံ့နေရာကနေ …….. ဂျပန်တွေပါ တက်လာရင် ငါတို့တော့ခံနိုင်တော့မှာ မဟုတ်ဘူးဆိုပြီး ဆုတ်မလို့ ပြင်နေကြတာ။ ဘီအိုင်အေ တပ်ဆုတ်သွားတဲ့နေ့မှာ တပ်ဆုတ်သွားတာကို သတင်းရတော့ ပထမဦးဆုံး ညပိုင်းမှာ လာပြီး ကင်းထောက်စနည်းနာတယ်။ တပ်ဆုတ်သွားတာ သေချာတော့ ညဆယ်နာရီမှာ လာတိုက်တော့တာပါပဲ။ အဲဒီကတည်းက ဘူးသီးတောင်နဲ့ မောင်တောနယ်ဟာ ကုလားလက်ထဲကို လုံးလုံးကျသွားပြီးတော့ ဒေသခံရခိုင်တွေဟာ ပိုင်ဆိုင်သမျှကို စွန့်လွှတ် ထားခဲ့ပြီး အသက်လုကာ ကုန်းကြောင်းထွက်ပြေးကြရတော့ တာပါပဲ။ လမ်းမှာ အသတ်ခံ ရတာတွေက အများကြီး၊ ကုလားမယားအပြုခံရတဲ့ ရခိုင်အမျိုးသမီးတွေလည်း အများကြီး။ စစ်ကာလအတွင်း ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ရခိုင်တစ်ယောက်တစ်ပိုင်းမှ မကျန်ခဲ့ဘူးလို့ ဆိုရမှာပါပဲ။


ဘကြီးကို ၁၉၃၇-ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ ဘူးသီးတောင်မြို့မှာ မွေးတယ်။ ကိုယ့် အဖေက ဟိုစဉ်က ဘူးသီးတောင်မြို့နယ် ဖဆပလ အမတ်၊ ဒေသခံအာဏာရ ဖဆပလ ခေါင်းဆောင် ဦးစံထွန်းအောင် ဖြစ်ပါတယ်။

စစ်တွေ စိန့်အန်းကွန်ဗန်း(Saint Ann Convent)ကျောင်း (ယခု စစ်တွေ အထက-၄)မှာ လေးတန်းအောင်တဲ့အထိ နေခဲ့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီး (Father) တစ်ယောက်က ကိုယ့်ကိုချစ်တော့ ကိုယ့်အဖေကို လာပြောတယ်။ မင်းသားကို ငါအင်္ဂလန်ခေါ်သွားပြီး စာတွေဘာတွေသင်ပေးချင်လို့ဆိုတော့ အဖေက ဟေ့ . . . ဟေ့ . . . ငါ့သားကို ပေးမလွှတ်နိုင်ဘူး လို့ငြင်းတယ်။ ဒါနဲ့ အဖေက ဒီပုံ အတိုင်းဆိုရင် ငါ့သားကို အဲဒီကျောင်းမှာ ဆက်ထားလို့ ကတော့ ခရစ်ယာန် ဖြစ်သွားတော့မှာပဲဆိုပြီး အဖေက ကိုယ့်ကို ကျောင်းနုတ်တယ်။ ပြီးတော့ အထက(၁)ကို ပို့တယ်။

အဲသည် အထက(၁)မှာလည်း ကျောင်းသားတွေက ခဏခဏ သပိတ်မှောက် ကြလွန်းတာနဲ့ အဖေစိတ်ညစ်ရပြန်တယ်။ ကို်ယ်လည်း အဲသည် သပိတ်တွေမှာ ရောပါနေတာကိုး။ အဲသည် အချိန်တုန်းက ရန်ကုန်ကိုပို့ပြီး စာသင်တဲ့စရိတ်နဲ့ ဒါဂျီလင်ကို ပို့ပြီး စာသင်တဲ့စရိတ်က မကွာလေတော့ အဖေက ၁၉၅၁-ခုနှစ်မှာ ကိုယ့်ကို ဒါဂျီလင်ပို့ပြီး ကျောင်းအိပ်ကျောင်းစား ပညာသင်စေတယ်။

ကိုယ်က အဲသည်တုန်းက ခပ်ပေပေဆိုတော့ ဟိုက်စကူးဖိုင်နယ်မပြီးခင်မှာပဲ ဒါဂျီလင်ကျောင်းကနေ ကိုယ့်ကို ပြန်ပို့ တာ ခံရတယ်။ အိမ်ကို မျက်နှာမပြရဲတဲ့ ကိုယ်ဟာ စစ်တွေတို့ ဘူးသီးတောင်တို့ကို ပြန်မယ့်အစား ရန်ကုန် အထိ လေယာဉ် လက်မှတ်ယူလိုက်တယ်။ ဒါပေမဲ့ အဲသည်လေယာဉ်က ကာကကတ္တား-စစ်တွေ-ရန်ကုန်ကို အစဉ်အတိုင်းပြေးဆွဲတာ။ အဖေက ဘယ်လို ဘယ်ပုံစုံစမ်းပြီး သိသွား သလဲတော့ မသိဘူး။ စစ်တွေလေယာဉ်ကွင်းမှာ ကိုယ့်ကို လာစောင့်နေတယ်။ လေယာဉ် အဆင်းလှေကားရှေ့ တည့်တည့်မှာရပ်ပြီး ဆင်းလာတဲ့ ခရီးသည်တွေထဲမှာ သူ့သား ပါလေ မလားလို့ ကြည့်ကြည့်နေတာ။ ကိုယ်ကလည်း ကိုိယ့်အဖေမမြင်အောင် လေယာဉ်ပေါ် ကနေ ကွယ်ကြည့်နေတယ်။ ဆင်းတဲ့ လူကုန်သွားပေမယ့်လို့ သူ့သားပါမလာတော့ အဖိုးကြီးက ဒွိဟစိတ်နဲ့ လေယာဉ်ပြုတင်းပေါက်တွေကို လှမ်းကြည့်တော့ ကိုယ်က ငုံ့ပြီး ပုန်းနေရတယ်။ တကယ်လို့ ကိုယ့်အဖေသာ ဟေ့ ဟေ့ ခဏနေဦး ဆိုပြီး လေယာဉ် ပေါ်တက်ကြည့်ရင် (ဒါမှမဟုတ်) သူက အာဏာလက်ရှိ ဖဆပလ အမ တ်ဖြစ်နေလေတော့ လေယာဉ်စီး ခရီးသည်စာရင်း ကိုသာ တောင်းကြည့်မယ်ဆိုရင် ကိုယ်ပါလာ တာကို တွေ့သွားမှာ မုချပဲ။

ဒီလိုနဲ့ စစ်တွေကို ပြန်ရောက်ရမယ့်အစား ရန်ကုန်က အဖေ့ညီမ ကိုယ့်အဒေါ်အိမ်ကို ကိုယ်ရောက် သွားတယ်။ အဲသည်လို ရန်ကုန်ရောက်သွားပြီး ရန်ကုန်မှာ အထက်တန်း ကျောင်း တက်ရာကနေ အလံနီ စည်းရုံးရေးမှူးတွေနဲ့ တွေ့တော့တာပါပဲ။ ကိုယ့်ကို စည်းရုံးတဲ့သူက ရဲနီအောင်သိန်း။ ရဲနီအောင်သိန်း ကိုယ့်ကို စည်းရုံးတာ အင်မတန်မှ ညင်သာတယ်။ ကွန်မြူနစ် သဘော တရားတွေရဲ့ အခြေခံ အနုမာနတစ်ခုဖြစ်တဲ့ အနုပဋိလောမကို ကိုယ့်ကိုနားသွင်းတာ အင်မတန်မှ ပညာသားပါလှတယ်။ အရေအတွက်ကနေ အရည်အချင်းသို့ ပြောင်းလဲပုံကို ရှင်းပြတာ ထမင်းအိုးတစ်အိုးတည်ပြီး တဖြည်းဖြည်းဆူလာပုံဥပမာကို သုံးတယ်။ အဲ……….ထမင်းစား ပြီးတော့ ချီးပါတဲ့အထိ ဖြစ်စဉ် အဆင့်ဆင့်ဟာ ဘယ်လို ပြောင်းလဲ သွားသလဲ ဆိုတာကို ရှင်းပြတယ်။ တကယ်တော့ ဒါတွေဟာ ကွန်မြူနစ်တွေ ရဲ့ အနူ ပဋိလောမ ရုပ်ဝါဒကို နားသွင်းနေတာမှန်း ကိုယ်လုံးလုံးမရိပ်မိဘူး။ နောက်မှ အနူပဋိလောမရုပ်ဝါဒနဲ့ ကိုယ့်ကို တေ့တေ့ဆိုင်ဆိုင်မိတ်ဆက်ပေးတယ်။ ပြီးတော့ သခင်စိုး အကြောင်းကို ပြောပြတယ်။ အလံနီပါတီရဲ့ မူဝါဒတွေကို ရှင်းပြတယ်။ ဒီတော့ ကိုယ်ဟာ ဖဆပါလ ထမီနီအမျိုးသမီး ကိုယ့်အဒေါ်အိမ်မှာနေပြီး အသက်(၂၀)အရွယ်မှာ အလံနီ ပါတီရဲ့ အရံပါတီဝ င်ဖြစ်လာခဲ့တယ်။ ကိုယ့်အဒေါ်ကတော့ လုံးလုံးမရိပ်မိဘူး။

တစ်ခါတစ်လေ တစ်ညလုံးလုံး ကြေငြာစာရွတ်တွေ လိုက်ကပ်ကြရတာရှိတယ်။ ကိုယ့် အိမ်ရှေ့၊ ကိုယ်အိမ် အနီးအနားနေရာတွေလည်း ပါတာပေါ့။ မနက်ကျရင် မခုတ်တတ်တဲ့ ကြောင်လိုုလို ကိုယ့်အဒေါ်အိမ်ပေါ်ကို ကိုယ်ပြန် ရောက်နေပြီ။ ကိုယ့်အဒေါ် မနက်ပိုင်း အပြင် ကပြန်လာလို့ စျေးကပြန်လာလို့ ဟေ့…….ဟိုနေရာတွေမှာ အလံနီ ကြေငြာစာရွက် တွေ ကပ်ထားတယ်။ ဘယ်သူလက်သရမ်းသွားသလဲ မသိဘူးဆိုပြီး အဒေါ်ပြောတဲ့အခါ ကျရင် ဟုတ်လားအဒေါ် ဘာညာနဲ့ မှင်သေသေ ဖြီးဖြန်းရာကနေ လက်တွေ့ယူဂျီ သင်ခန်းစာတွေကို စတင် လေ့ကျင့်သင်ယူခဲ့တယ် လို့ပဲ ဆိုပါတော့။

(ကျော်ဇောဦး ရေးသားသည်။)

အပိုင်းနှစ်ကို ဆက်လက် ဖတ်ရှုကြပါရန်။

[💙💙💙💙💙 zawgyi version]

စံေရႊေမာင္ ၊သို႔မဟုတ္၊ လက္နက္ခ် ရကပ က်ားနာတစ္ေကာင္ (အပိုင္း တစ္)

Written by Kyaw Zaw Oo

စစ္ေတြ၊ ၃၀ ႏို၀င္ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ အခန္းဆက္ အတၳဳပတၱိ ]

အခန္း (တစ္) ဘ၀မွာ အခါခါ လက္နက္ခ်ရသူ

ေဖ့စ္ဘြတ္ေပၚက အက္ေဆးဟန္ စာစုတစ္ခုကို မၾကာခင္က ဖတ္လိုက္ရေသးတယ္။ စာစုရဲ႕ နာမည္က “လက္နက္ခ်” တဲ့။

ဦးေန၀င္းအစိုးရဆီမွာ လက္နက္ခ်ခဲ့တဲ့ ေတာခို သူပုန္ေဟာင္း တစ္ေယာက္ ဟာ တစ္ခါ လက္နက္ခ်ရံုနဲ႔ မၿပီးပဲ ေတာ္လွန္ေရးေကာင္စီ တစ္ျဖစ္လဲ မဆလအစိုးရကို ဟိုမွာနည္းနည္း ဒီမွာနည္းနည္းဆိုသလို အစိုးရကို လိုက္ကူ ေပးေနခဲ့ရပံု အျဖစ္မွန္ကို အက်ဥ္းသေဘာေရးထားတယ္။

သူေပးခ်င္တဲ့ မက္ေဆ့ခ်္က ဒီလိုပါ။ လူဆိုတာ တစ္ခါလက္နက္ခ်လိုက္ရင္ ပထမဆံုး တစ္ခါထဲတင္ လက္နက္ခ်ရတာ မဟုတ္ဘူး၊ ဘ၀မွာ အခါခါ လက္နက္ခ် ရတတ္တယ္တဲ့။ လြန္ခဲ့တဲ့ သံုးႏွစ္ေက်ာ္ ကၽြန္ေတာ္ အာဖဂန္နစၥတန္က ျပန္လာခါစက သူးသီးေတာင္ကို အလည္ေရာက္ေတာ့ ဘႀကီး ဦးစံေရႊေမာင္အိမ္ကို သြားေရာက္မိတ္ဖြဲ႕ တစ္ခုတ္တရ စကား သြားေျပာ ျဖစ္ပါတယ္။ တစ္ခါက ရခိုင္လက္နက္ကိုင္ပါတီတစ္ခုရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ တစ္ဦး၊ ေနာက္ ေတာ့ လက္နက္ ခ်၊ ဒီ့ေနာက္ေတာ့ အခါခါ လက္နက္ခ်၊ ဒီ့ထက္ ေနာက္ပိုင္းမွာ အခါခါ လက္နက္မခ် လည္း အခါခါ လက္နက္ခ်ခဲ့တယ္လို႔ အျမင္ခံရသူ ျဖစ္ခဲ့တယ္။ ကၽြန္ေတာ္ ဘႀကီးစံေရႊေမာင္နဲ႔ ေတြ႕လို႔ျပန္လာၿပီး မ်ားမၾကာအတြင္းမွာပဲ သူနဲ႔ အင္တာဗ်ဴး ကို အေျခခံၿပီး သူ႕ အေၾကာင္းကို ခ်ေရးျဖစ္ပါတယ္။ တျခားျဖည့္စြက္ မွတ္စုေတြအပါအ၀င္ စာမ်က္ႏွာ ေျခာက္ဆယ္ မကရွိတဲ့ အတၳဳပတၱိတစ္ခုကို ရပါတယ္။ အဲသည္အတၳဳပတၱိကို ဘယ္မွာမွ ပံုႏွိပ္ေဖာ္မျပခင္ ေဖ့ဘြတ္မွာ အျမည္းအစမ္း သေဘာ တင္ျပဖူးတယ္။ ဦးစံေရႊေမာင္ဟာ “ရခိုင္ျပည္ကြန္ျမဴနစ္ပါတီ(ရကပ)ရဲ႕ က်ားသံုးေကာင္ အနက္ တစ္ေကာင္ျဖစ္တယ္လို႔ တင္စားျခင္းကို ခံရဖူးသူျဖစ္တယ္။ ပါတီရဲ႕ခ်စ္ျခင္းမုန္းျခင္း ႏွစ္မ်ိဳးစလံုးကို ခံရဖူးသူျဖစ္တယ္” ဆိုတာ ကိုေတာင္မွ သူ႔ကို ရန္သူ႕ဘက္ေတာ္သားအျဖစ္ျမင္ၾကတဲ့ အခ်ိဳ႕ေသာ စာဖတ္သူေတြက ခါးခါးသီးသီး ကန္႔ကြက္ၾကတယ္။ တခ်ိဳ႔က ကၽြန္ေတာ့္ကို လူကိုယ္တိုင္ စကားေျပာကန္႔ကြက္ၾကတယ္။ သူတို႔ကန္႔ကြက္ၾကေတာ့ ကၽြန္ေတာ္ေရးလိုက္တဲ့ အခ်က္နွစ္ခ်က္ကို ေစ့ေစ့စပ္စပ္ ျပန္သံုးသပ္ ၾကည့္မိတယ္၊ မွားမ်ားမွားေနသလား လို႔ေပါ့ေလ။ မမွားပါဘူး။ သူဟာ ရခိုင္ျပည္ ကြန္ျမဴနစ္ပါတီရဲ႕ က်ားသံုးေကာင္အနက္ တစ္ေကာင္ျဖစ္တယ္လို႔ တင္စားျခင္း ကို ခံရဖူးသူျဖစ္တယ္ လို႔ကၽြန္ေတာ္ ေရးခဲ့တယ္။ မွန္တယ္။ ရကပ ပါတီ၀င္ေဟာင္းတစ္ေယာက္က ကၽြန္ေတာ့္ကို အဲသလိုပဲ ေျပာဖူးတယ္။ ေနာက္ၿပီးေတာ့ တကယ္တမ္းလည္း သူဟာ ပါတီ၀င္အခ်ိဳ႕ရဲ႕ ခ်စ္ျခင္းကိုခံယူရဖူးသူဆိုတာ ကၽြန္ေတာ္စံုစမ္းသေလာက္ မွန္သင့္သေလာက္မွန္ခဲ့တယ္၊ မွန္တဲ့အခ်ိန္မွာမွန္ခဲ့တယ္၊ ေနာက္တစ္ခါ ပါတီ၀င္အခ်ိဳ႕ရဲ႕ မုန္းျခင္းကိုလည္း ခံယူရသူလည္းျဖစ္ဖူးတယ္ ဆိုတာလည္း အျငင္းပြားဖြယ္ရာမရွိဘူး။ ဒီေတာ့ ကၽြန္ေတာ္ ေရးလိုက္တဲ့ အထဲမွာ အမွားပါသြားတယ္လို႔ ကၽြန္ေတာ္ မယူဆပါဘူး။ ပရိတ္သတ္ေရွ႕ကို ဒီစာမူကို ပို႔လိုက္ရင္ေကာင္းမွာပဲလို႔ လိုက္ရွာေတာ့ ေနရာ အေရႊ႕ အေျပာင္းေတြေၾကာင့္ ကၽြန္ေတာ္ေရးခဲ့တဲ့စာမူ အေခ်ာကို ျပန္ရွာလို႔ မရေတာ့ ေပမယ့္ ျပန္ရွာလို႔ရတဲ႔ ပထမ(ဦးဆံုး) စာမူၾကမ္းကို အေျခခံၿပီးသကာလ Coral Arakan က တစ္ဆင့္ စာဖတ္ ပရိတ္သတ္ မ်က္ေမွာက္ ကို ကၽြန္ေတာ္ တင္ျပလိုက္ပါ တယ္။ ဘႀကီးစံေရႊေမာင္ဟာ အိုပါၿပီ။ ေသမင္းရဲ႕ ေခၚသံကို ခပ္၀ါး၀ါးေလး ၾကားေနရၿပီ။ ဒီေတာ့ သူမွားခဲ့တဲ့ က႑ ေတြရွိခဲ့တယ္ ဆိုတာကို တစ္ဖက္က အသိအမွတ္ျပဳရင္း သူစြမ္းေဆာင္ခဲ့တာေတြအတြက္ ဒီအခန္းဆက္ေဆာင္းပါးေတြအားျဖင့္ သူ႔ကို အေလးျပဳပါတယ္။

* * * * * * * * *

ဦးစံေရႊေမာင္ရဲ႕အိမ္က ဘူးသီးေတာင္ၿမိဳ႕နယ္ ဆက္သြယ္ေရးရုံးရဲ႕ေနာက္ဘက္မွာ ရွိတယ္။ သူ႔အိမ္ကို ရုံးနဲ႔ ေခ်ာင္းလက္တက္ကေလးတစ္ခုၾကားမွာရွိတဲ့ကိၠဳပင္ႀကီးရဲ႕ အျမစ္တက္ေတြ အျမစ္ဆုံေတြၾကား ကေန ေလွ်ာက္သြား ရပါတယ္။ လမ္းသြယ္ထဲက အျမစ္တက္ေတြကုိ နင္းၿပီး ေလွ်ာက္၀င္လာလုိ႔ လွမ္းၾကည့္လုိက္ရင္ သစ္သားတုိင္ထူ ၀ါးထရံကာ သပ္သပ္ရပ္ရပ္တစ္ထပ္အိမ္ကေလးရဲ႕၀ရန္တာကုိ လွမ္းျမင္ရ တယ္။ ကၽြန္ေတာ္ေရာက္ လာတုိင္း အဲသည္၀ရန္တာမွာ ဦးစံေရႊေမာင္အၿမဲလုိလုိ ထုိင္ေနေလ့ရွိတယ္။ ၀ရန္တာကုိ ကၽြန္ေတာ္တုိ႔ တက္လာတာနဲ႔ သူ႔အနားမွာ ရွိတဲ့ သစ္သားကုလားထုိင္ တစ္လုံးနဲ႔ ပလက္စတစ္ထုိင္ခုံတစ္လုံးကုိ ညႊန္ျပၿပီး ”ေမာင္တုိ႔ထုိင္ၾက ထုိင္ၾက ” လုိ႔ေျပာေလ့ရွိတယ္။ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္သူ႔ငယ္ခ်င္း ကုိဥကၠာတုိ႔အားရင္ အားသလုိ ဘႀကီး ဦးစံေရႊေမာင္ဆီ လာလာၿပီး သူရဲ႕အေတြ႕အႀကံဳေတြကုိ နားေထာင္မွတ္တမ္းတင္ၾက တယ္။

ကၽြန္ေတာ္က တစ္ကုိယ္ေတာ္ သတင္းသမား၊ စာေရးဆရာ။ ဘႀကီးဦးစံေရႊေမာင္က အင္တာဗ်ဴးခံ အလင္း၀င္ ေျပာက္က်ား ေခါင္းေဆာင္ေဟာင္း။ ကုိဥကၠာက ကၽြန္ေတာ္တုိ႔ႏွစ္ဦး ႏွစ္ဘက္ၾကားက မိတ္ေဆြ။ ဘႀကီးရဲ႕ဇနီးက ကၽြန္ေတာ္တုိ႔ေရာက္လာတာနဲ႔ ေရေႏြးၾကမ္းတုိ႔ လက္ဖက္သုတ္တုိ႔နဲ႔ ျပင္ဆင္ ဧည့္ခံေလ့ရွိတယ္။တစ္ခါတစ္ခါဘႀကီးရဲ႕သားျဖစ္ျဖစ္၊ သမီးျဖစ္ျဖစ္ အလုပ္ကေန ခဏတျဖဳတ္ေရာက္ လာရင္ ကၽြန္ေတာ္တုိ႔ေဘးကေန ၀ရန္တာကုိ ျဖတ္ၿပီး အိမ္ထဲခန္းကုိ ၀င္ရတာမို႔ ကၽြန္ေတာ္တုိ႔နဲ႔ ပဋိသႏၡာရ စကားေလးတစ္ခြန္းႏွစ္ခြန္းေလာက္ေျပာဆုိၿပီးမွ အိမ္ထဲ၀င္သြားၾကေလ့ရွိ တယ္။ တစ္ခါတစ္ေခတ္က နာမည္မရွိတရွိ ေျပာက္က်ားေခါင္းေဆာင္ေဟာင္းကုိ ဂါရ၀လာျပဳရုံ သက္သက္ပဲလုိ႔ နဂုိကမွန္းထားခဲ့မိတဲ့ ကၽြန္ေတာ္ဟာ ဘႀကီးစံေရႊေမာင္နဲ႔ စကား၀ုိင္းဖြဲ႕ မိေတာ့မွ ဘႀကီးရဲ႕ အေတြ႕အႀကံဳနဲ႔အျမင္ကုိ စာဖြဲ႕မယ္ဆုိရင္ တစ္ခ်ိန္က ရခုိင္တုိ႔ရဲ႕ ေခတ္ၿပိဳင္ သမုိင္းကုိ မွတ္တမ္းတင္ရာလည္းေရာက္မယ္လုိ႔သေဘာေပါက္လာ မိေတာ့ တယ္။

 * * * * * * * * *

ဘႀကီးဟာ အရႈံးနဲ႔ အၿငိမ္းစားယူထားရတဲ့ ေျပာက္က်ားတပ္မွဴး တစ္ဦးပါ။ ရခုိင္ အမ်ိဳးသား တုိ႔ရဲ႕ တပ္မေတာ္ တစ္ခုေပၚထြန္းလားဖုိ႔အတြက္ ဟုိအခါက ကုိယ္တုိ႔ သိသမွ် တတ္သမွ် ဥာဏ္စြမ္းရွိသမွ်နဲ႔ ႀကိဳးစားခဲ့ၾကဖူးတယ္။ ကုိယ့္တပ္ထဲက ေခါင္းေဆာင္ အခ်င္းခ်င္း မယုံသကၤာစိတ္ေတြႀကီးလာၿပီး သူမသတ္ရင္ ကုိယ္သတ္ရမယ့္ အေျခအေန အထိ ေရာက္လာတဲ့အခါ သူ႔ကုိ သတ္မယ့္အစား ကုိယ္ကေရွာင္ထြက္လာၿပီး ရန္သူ႔ဆီမွာ လက္နက္ခ်၊ သာမန္ အရပ္သားဘ၀နဲ ႔ေနဖုိ႔ ေရြးခ်ယ္ခဲ့ ရတယ္။

ကုိယ့္နာမည္က စံေရႊေမာင္ ရခုိင္ျပည္ကြန္ျမဴနစ္ပါတီမွာ ဗဟုိေကာ္မတီ၀င္အျဖစ္ရယ္၊ ၀ါဒျဖန္႔ခ်ိေရး နဲ႔ ႏုိင္ငံျခားဆက္သြယ္ေရးတာ၀န္ခံအျဖစ္ တာ၀န္ယူခဲ့တယ္။

၁၉၄၂-ခုႏွစ္ ဒုတိ္ယကမာၻစစ္ကာလအတြင္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသက ရခုိင္ လူမ်ိဳးေတြကုိ ကုလားေတြက အျပဳတ္ရွင္းေတာ့ ဘႀကီး အရမ္းငယ္ငယ္ေလးပဲ ရွိေသး တယ္။ အဲသည္ ကုလား-ရခုိင္အဓိကရုဏ္းဟာ ေျမပုံၿမိဳ႕ကေနစျဖစ္လာတာ။ ေျမပံုကေန ဘူးသီးေတာင္ကုိ ကူးစက္ ေရာက္ရွိ္ လာတယ္။ ဖုံညိဳလိပ္ေက်းရြာက ရခုိင္ေတြကို ကုလားေတြ၀င္စီးၿပီး အျပတ္ရွင္းရာကေန ဘူးသီးေတာင္ ကုလားရခုိင္ အဓိကရုဏ္းစတယ္။ ရခုိင္ေတြအကုန္လုိလုိ အသတ္ခံရၿပီး မဆုိစေလာက္ အေရအတြက္သာ ထြက္ေျပးလြတ္ေျမာက္ လာခဲ့တယ္။ အေရးပိုင္ ဦးေက်ာ္ခုိင္ ကုလားလုပ္ႀကံခံရလုိ႔ေသသြားၿပီးေနာက္ပုိင္း ဘူးသီးေတာင္မွာရွိတဲ့ ကရင္တပ္စု၊ ဗားမားေဗာ္လံတီယာတပ္သားေတြနဲ႔ ရဲတပ္ဖြဲ႕၀င္ေတြဟာ ဘူးသီးေတာင္ ၿမိဳ႕ေပၚကလူငယ္ေတြနဲ႔ စုေပါင္းစည္းရုံးၿပီးေတာ့ ၿမိဳ႕ေစာင့္ကာကြယ္ေရးတပ္ဖြဲ႕ ဖြဲ႔ၿပီး သကာလ ေလးဘက္ေလးတန္က တုိက္ခုိက္လာတဲ့ ကုလားေတြကုိ ေန႔ေရာညပါ အစြမ္းကုန္ ခုခံကာကြယ္ခဲ့ၾကတယ္။ ကုလားေတြဘက္က မတရားအင္အားမ်ားလွတယ္။ ဒါေပမယ့္ ရခုိင္ေတြခံတုိက္လုိ႔ ကုလားေတြဘက္က ဆုတ္ဆုတ္သြားရတာ တပ္မေခ်ာင္းအထိ ဆုတ္ရတယ္။ ပ်က္စီးသြား တဲ့ မိမိတုိ႔ရပ္ရြာေတြကေနထြက္ေျပး လြတ္ေျမာက္လာတဲ့ ရခုိင္လူမ်ိဳးေတြ ဘူးသီးေတာင္ ေဘာလုံးကြင္းမွာ စုၿပီးေနၾကရတယ္။

အဲသည္ ရခိုင္အသုိက္အ၀န္းကုိ ရခုိင္ ဘုန္းေတာ္ႀကီး တစ္ပါးက ဦးေဆာင္ၿပီး ကုလားရန္ကုိ ႀကံ့ႀကံ့ခံႏုိင္ဖုိ႔ ႀကိဳးစားတယ္။ ဒါေပမဲ့ အဲသည္ ဘုန္းႀကီးလည္း မၾကာခင္မွာပဲ စြန္႔ခြာသြားျပန္ တယ္။ ေခါင္းေဆာင္ ဘုန္းႀကီးမရွိ လည္း က်န္တဲ့လူေတြက ဆက္ေနၿမဲ ေနရတာေပါ့။ ရခုိင္ျပည္ေတာင္ပိုင္းကေနတက္လာတဲ့ ဗုိလ္ရန္ေအာင္ဘီအုိင္ေအတပ္ဟာ ဘူးသီးေတာင္ ကုိ ေရာက္လာတယ္။ ”လက္နက္ဆုိလုိ႔ ဓါးတုိတစ္ေခ်ာင္းေတာင္ ကုိင္ေဆာင္ သိမ္းဆည္း ထားျခင္းမရွိေစရ” လုိ႔ေၾကျငာတယ္။ ၿပီးေတာ့ၿမိဳ႕ကို ကုလားရန္ကေန ကာကြယ္ ေနၾကတဲ့ ယခင္ရဲတပ္ဖြဲ႕၀င္ေဟာင္းေတြနဲ႔ အရပ္သားေတြဆီက လက္နက္ေတြ အကုန္ သိမ္းယူတယ္။ သည္ေတာ့ ရခုိင္ေတြလက္ထဲမွာ ဘယ္လက္နက္မွ မက်န္ဘူး။ ဒါေပမဲ့ ကုလားေတြလက္ထဲမွာ ၿဗိတိသွ်ေတြက ဂ်ပန္ကုိ ခံတုိက္ဖုိ႔ေပးထားခဲ့တဲ့ လက္နက္ေတြ ရွိေနတယ္။ ၿဗိတိသွ်ေတြရဲ႕ ေအာင္ျမင္စြာ ဆုတ္ခြာႏုိင္ေရးဗ်ဴဟာရဲ႕ အစိတ္အပုိင္းတစ္ရပ္ ေပါ့။

အလယ္သံေက်ာ္(ရခုိင္)ရြာႀကီး ကုလားဖ်က္ပ်က္သုဥ္းသြားၿပီး သုႆန္တစျပင္လုိ ေခြး တစီစီနဲ႔ က်န္ရစ္ခဲ့တယ္။ေမာင္ေတာၿမိဳ႕ေပၚက ရွင္ေျပးေျပးႏုိင္တဲ့ ရခုိင္ေတြကေတာ့ ေမာင္ေတာ တစ္ဘက္ ကမ္းက (ယေန႕ ဘဂၤလာေဒ့ရွ္ အပိုင္)ကယုေခ်ာင္းကုိ ထြက္ေျပး သြားရတယ္။ ေမာင္ေတာၿမိဳ႕ကို ကုလားေတြက ကုိယ္ပုိင္အစုိးရဖြဲ႕ၿပီး အုပ္ခ်ဳပ္ၾကတယ္။သူတုိ႔ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ကုိ ”ၿငိမ္းခ်မ္းေရးေကာ္မတီ”လုိ႔ ေခၚတယ္။

ဘီအုိင္ေအတပ္က ဗုိလ္ရန္ေနာင္နဲ႔ ဗုိလ္မ်ိဳးညြန္႔တုိ႔ ဦးေဆာင္တဲ့တပ္စုတစ္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးဖုိ႔ ေမာင္ေတာကုိ ကားေတြနဲ႔ ခ်ီတက္သြားၾကတယ္။ (မီးေက်ာင္းေတြကို ၿငိမ္းခ်မ္းေရးတရား ေဟာမယ္ဆုိပါေတာ့)။ ေမာင္ေတာမွာ (မႀကံေကာင္း မစည္ေကာင္း) ကုလားေတြနဲ႔ လူထု အစည္းအေ၀း က်င္းပတယ္။ ေနာက္ၿပီးေတာ့ မအပ္မရာ တုိင္းရင္းသား စည္းလုံး ညီညြတ္ေရးတရားကို ကုလားေတြကိုေဟာတယ္။ တရားပြဲၿပီးေတာ့ ကုလားေတြက ထမင္းပြဲနဲ႔ ဧည့္ခံတယ္။ ထမင္းစားေနတုန္း ကုလားေတြက ဘီအိုင္ေအ ဧည့္သည္ေတြကို ဓါးနဲ႔၀င္ခုတ္ၾကတယ္။ အစကတည္းက အေျခအေနကုိသုံးသပ္မိေနတဲ့ ယာဥ္ေမာင္း တစ္ေယာက္သာလွ်င္ပဲ အခ်ိန္မီထြက္ေျပးလြတ္ေျမာက္လာခဲ့တယ္။ က်န္တဲ့လူေတြ အကုန္ ေသ တယ္။ ဒီကိစၥကို စုံစမ္းဖုိ႔ ဗုိလ္ရန္ေအာင္ဟာ တပ္ခြဲ(၂)ခုနဲ႔ ဘူးသီးေတာင္ကုိ တက္လာတယ္။

သူေရာက္ၿပီး ေနာက္ပုိင္းမွာ ကုလားေတြ လာလာတိုက္လုိ႔ ဗုိလ္ရန္ေအာင္ ကုိယ္တုိင္ခုခံ ရတယ္။ အဲသလုိ အေျခအေနေတြအရမ္းရႈပ္ေထြးေနခ်ိန္မွာ ဘာေၾကာင့္ရယ္မွန္းမသိ ဗုိလ္ရန္ေအာင္ တပ္ဆုတ္ဖုိ႔ စီစဥ္ေတာ့တယ္။ ဘယ္သူကအမိန္႔ေပးမွန္း မသိရဘဲ အထက္က အမိန္႔ေပးလုိ႔ တပ္ဆုတ္ရတာဆုိၿပီး ဘာမေျပာ ညာမေျပာနဲ႔ ဘူးသီးေတာင္ကေန ဗုိလ္ရန္ေအာင္ တပ္ဆုတ္ေတာ့ တယ္။

တစ္အခ်က္ျဖစ္ႏုိင္တာက အဲသည္အခ်ိန္မွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ရန္ကုန္မွာ အစုိးရအဖြဲ႕ ဖြဲ႕ဖုိ႔လုပ္ေနတယ္။ ဒီလုိအေရးႀကီးတဲ့အခ်ိန္မွာ ဗုိလ္ရန္ေအာင္အေနနဲ႔ နယ္စြန္ကိုေရာက္ေနလုိ႔ ရာထူးလက္လြတ္ သြားတာမ်ိဳး ျဖစ္မသြားေစခ်င္ဘူး။ တပ္ကုိ စြန္႔ခြာတဲ့တပ္မွဴးလည္းမျဖစ္ခ်င္ဘူး။ ဒါေၾကာင့္ မုိ႔လုိ႔ တပ္နဲ႔တကြ ထြက္ေတာ္မူနန္းက ခြာတာလုိ႔ ဆုိၾက တယ္။

(အဲသည္ တပ္ဆုတ္တဲ့ ကိစၥနဲ႔ပတ္သက္လုိ႔ ကြယ္လြန္သူရခုိင့္ႏုိင္ငံေရးသမားေဟာင္း ဘုံေဘာက္ သာေက်ာ္ကုိ ဘႀကီး အင္တာဗ်ဴးဖူးတယ္။ ေမးခြန္းသုံးခုေမးဖူးတယ္။ ဘုံေဘာက္သာေက်ာ္ဟာ ဟုိစဥ္က ရခုိင္ေက်ာင္းသား သမဂၢဥကၠ႒ျဖစ္ၿပီး ဗုိလ္ရန္ေအာင္ရဲ႕ ဘီအုိင္ေအတပ္ကုိ ရခုိင္ေတာင္ပုိင္း ကေန ေျမာက္ပုိင္းေရာက္ေအာင္ လမ္းျပ ဦးေဆာင္ ေခၚလာခဲ့သူျဖစ္တယ္။ ဘီအုိင္ေအ ရဲ႕(ရခုိင္)စစ္ဌာနခ်ဳပ္ရုံးမွာ ဘုံေဘာက္သာေက်ာ္က ျပန္ၾကားေရး တာ၀န္ခံ အျဖစ္ ေဆာင္ရြက္ခဲ့ တယ္။ ေမးခြန္းတစ္။ ဘူးသီးေတာင္ ေငြတုိက္ကေန ေငြသား သိန္း(၂၀)ရခဲ့တယ္ လုိ႔ဆုိ တယ္။ အဲဒီေငြသား သိန္း(၂၀)ဟာ ေငြစကၠဴလား၊ ဒဂၤါးလား။ ေငြဒဂၤါးျဖစ္တယ္လုိ႔ ဘုံေဘာက္သာေက်ာ္က ေျဖတယ္။ ေငြအေၾကြ အေသးေလးေတြ ကိုေတာ့ ဆင္းရဲသား လူထုကို လက္တစ္ဆုပ္စီခြဲေ၀ေပးလုိက္တယ္။ ေနာက္ၿပီးေတာ့ အဲသည္ သိန္း(၂၀)ကို ဘယ္လုိ ခြဲေ၀ယူၾကသလဲ။ ေမးခြန္းႏွစ္။ ဘူးသီးေတာင္က သိမ္းယူသြားတဲ့ လက္နက္(၂၀၀)ေက်ာ္ကုိ ဘယ္သူ ယူသြား သလဲ။ ေမးခြန္းသုံး။ ဘီအုိင္ေအတပ္ေတြ ဆုတ္တာ ဘယ္သူ႔အမိန္႔နဲ႔ တပ္ဆုတ္တာလဲ။ ဘုံေဘာက္သာေက်ာ္က ေမးခြန္းသုံးကေန စေျဖတယ္။ တပ္ဆုတ္တာ ငါေတာင္ မသိလုိက္ ဘူးတဲ့။ ငါေတာင္ သူငယ္ခ်င္းအိမ္ကုိ ေရာက္ေနတာဆုိေတာ့ က်န္ခဲ့ေတာ့ မလုိ႔………။ တပ္သားတစ္ေယာက္က လုိက္ေခၚလုိ႔ မီလိုက္တာ။ ဒါေတာင္ အ၀တ္တစ္ထည္ ကိုယ္ တစ္ခုနဲ႔ ဘာမွ မယူႏုိင္ပဲ သေဘၤာဆိပ္ကုိ ေျပးဆင္းလာခဲ့ရတာ……..တဲ့။ ေငြသား သိန္း(၂၀)ကုိေတာ့ ဗုိလ္ရန္ေအာင္က ယူသြားတယ္တဲ့။ (အိႏၵိယကုိ သြားတဲ့ သခင္ သိန္းေဖ (စာေရးဆရာသိန္းေဖျမင့္)ကုိ အဲသည္ေငြေတြထဲက တခ်ိဳ႕တ၀က္ကုိ ခရီးစရိတ္ အျဖစ္ ခြဲေ၀ေပးလိုက္တယ္။ က်န္ေငြေတြကုိ ေနာက္ပုိင္းမွာ ဂ်ပန္စစ္ဗုိလ္ေတြဆီကို အပ္လုိက္တယ္ လို႔ တျခား မွတ္တမ္းေတြအရ သိရတယ္။)

လက္နက္ႏွစ္ရာကိုေတာ့ ငါကေတာင္းလြန္းအားႀကီးလုိ႔ မင္းျပားအေရာက္မွာ ငါ့ကုိ အလက္ ေလးဆယ္ ခြဲေ၀ေပး တယ္တဲ့………ဘုံေဘာက္သာေက်ာ္က ေျပာတယ္။ သူ႔အထင္ကုိ ေျပာတာကေတာ့ အဲသည္တုန္းက ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ရန္ကုန္မွာ အစုိးရ အဖြဲ႕ဖြဲ႕ဖုိ႔လုပ္ေနတာဆုိေတာ့ ၀န္ႀကီးေနရာမရလုိက္မွာစုိးလုိ႔ ဗုိလ္ရန္ေအာင္ တပ္ဆုတ္ ျပန္တာလုိ႔ သူထင္တယ္တဲ့။ တခ်ိဳ႕ေျပာတာက ဗုိလ္ရန္ေအာင္ဟာ မူဆလင္ဘာသာ၀င္ျဖစ္တယ္။ ေသခ်ာတယ္ ………..မူဆလင္။ ဒီေတာ့ ဆူလတန္မာမြတ္တုိ႔ရဲ႕ အခါေပးမႈအရ မာရကန္တင္ဘိ ကုလားသူေဌးဟာ သူ႔သမီး မေအးညႊန္႔နဲ႔ ဗုိလ္ရန္ေအာင္ကုိ ဖ်ားေယာင္းတယ္လုိ႔ ဆုိတယ္။ မေအးညႊန္႔က ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ မင္းႀကီးႀကိဳက္။ ဒီေတာ့ ဗုိလ္ရန္ေအာင္ဟာ ကုလားဓါတ္က်သြားၿပီးသကာလ ခ်က္ခ်င္းတပ္ဆုတ္ သြားတာလုိ႔ဆုိတယ္။ ဒါက ဘုံေဘာက္ သာေက်ာ္ ေျပာတဲ့ အတိုင္း ဘႀကီးက ျပန္ေျပာျပတာ။

ဒီလုိနဲ႔ ၁၉၄၂-ခုႏွစ္ ဇြန္လ(၂၆)ရက္ေန႔မွာ ဘီအုိင္ေအတပ္ ဘူးသီးေတာင္က ဆုတ္ခြာ တယ္။ တပ္ဆုတ္မယ္ ဆုိတာကုိ သိရတာနဲ႔ ခ်က္ခ်င္း ၿမိဳ႕ေပၚကလူႀကီးေတြက ၿမိဳ႕ကာကြယ္ေရးအတြက္ လက္နက္ေပးဖုိ႔ ၊ဒါမွမဟုတ္၊ ၿမိဳ႕သူၿမိဳ႕သားေတြကုိ လုံၿခံဳ ေဘးကင္းရာ ေသကံခြဆုံရြာ ကုိ ေျပာင္းေရြ႕ေပးဖုိ႔ တင္ျပၾကတယ္။ ဒါေပမဲ့ အဲဒါေတြ ဘာမွ ျဖစ္မလာပါဘူး။ ရခုိင္တုိင္းရင္းသားေတြ ဆီက ဓါးတုိတစ္ေခ်ာင္းေတာင္မက်န္ေစရဆုိၿပီး လက္နက္သိမ္းခဲ့တဲ့ ဗုိလ္ရန္ေအာင္က ဘာတာ၀န္မွ မယူဘဲ မေျပာမဆုိ တပ္ဆုတ္ေတာ့ တာပါပဲ။

အဲသည္ေန႔မနက္က ဘႀကီးတုိ႔မိသားစုလည္း ဘူးသီးေတာင္သေဘၤာဆိပ္ကို လာၾကည့္ ေသးတယ္။ ဆိပ္ခံမွာရွိေနတဲ့ သေဘၤာႏွစ္စီးအနက္ အင္ဂ်င္ရွိေနတဲ့ Progress သေဘၤာ ေပၚကို ဘီအုိင္ေအတပ္သားေတြ တက္ၾကတယ္။ အရပ္သားေတြလည္း လုတက္မယ္ လုပ္ေတာ့ ေသနတ္နဲ႔ ပစ္တယ္။ ေသတာေတာ့ မရွိဘူး။ ဒဏ္ရာေလး ဘာေလး ရတာပဲ ရွိတယ္။ Progress က ဆြဲသြားမယ္ဆုိၿပီး ႀကိဳးခ်ည္တြဲထားတဲ့ ” မီး၀ ” သေဘၤာေပၚကို အရပ္သားေတြ အလုအယက္တက္ၾကျပန္တယ္။ သေဘၤာက ႏွစ္ထပ္သေဘၤာဆုိေတာ့ သေဘၤာ၀မ္းေခါင္းထဲဆင္းသြားတဲ့လူေတြ၊ သေဘၤာေခါင္းမုိးေပၚ တက္သြားတဲ့ လူေတြနဲ႔ ဆုိရင္ သေဘၤာေပၚမွာ လူလႊာေလးလႊာအျပည့္အသိပ္ျဖစ္ေနတယ္။

ကံဆုိးခ်င္ေတာ့ ”မီး၀” သေဘၤာ၀မ္းေခါင္းမွာ အေပါက္ေတြျဖစ္ေနလုိ႔ ေရယုိေတာ့ ျမဳပ္တယ္ ဆုိတာနဲ႔ ေရွ႕က Progress သေဘၤာကလည္း ႀကိဳးေတြ ျဖဳတ္ခ်လုိက္ေတာ့တာပါပဲ။ ”မီး၀” သေဘၤာ ေပၚကေန ေရထဲခုန္ခ်ႏုိင္တဲ့သူေတြက ခုန္ခ်ၾကတယ္။အျဖစ္က ဘာနဲ႔ တူသလဲ ဆုိေတာ့ ………ေပါက္ေပါက္ေတြ အျပည့္ျဖည့္ထားတဲ့ ႏုိ႔ဆီဗူးခြံ တစ္ခြံေရထဲကုိ ေရယုိအိက် နစ္ျမဳပ္ သြားေတာ့ ေပါက္ေပါက္ေတြ အကုန္ေရထဲကို ႀကဲျပန္႔ေမ်ာပါသြားသလုိပဲ။ ျမစ္ျပင္ထဲမွာ လူေတြ အကုန္ႀကဲျပန္႔ေမ်ာပါသြားတယ္။ အနည္းဆုံးလူေလးရာေလာက္ ေသတယ္။ ႏုိင္ငံေရးေခါင္းေဆာင္ ဆရာေတာ္ဦးပညာသီဟအပါအ၀င္ လူငါးဆယ္ေလာက္ကုိပဲ ကယ္ဆယ္ႏုိင္ခဲ့တယ္။ ဘႀကီးတုိ႔မိသားစု ကေတာ့ ဦးေလးတစ္ေယာက္ပုိင္ စက္ေလွ ကေလးတစ္စီးနဲ႔ လုိက္ခြင့္ရလုိ႔ ရေသ့ေတာင္ၿမိဳ႕ ကုိ ေရာက္ရွိလြတ္ေျမာက္ခဲ့ၾကတယ္။

ကုလားေတြက တပ္မေခ်ာင္းမွာ အခုိင္အခံ့ေနရာကေန …….. ဂ်ပန္ေတြပါ တက္လာရင္ ငါတို႔ေတာ့ခံႏုိင္ေတာ့မွာ မဟုတ္ဘူးဆုိၿပီး ဆုတ္မလုိ႔ ျပင္ေနၾကတာ။ ဘီအုိင္ေအ တပ္ဆုတ္သြားတဲ့ေန႔မွာ တပ္ဆုတ္သြားတာကို သတင္းရေတာ့ ပထမဦးဆုံး ညပုိင္းမွာ လာၿပီး ကင္းေထာက္စနည္းနာတယ္။ တပ္ဆုတ္သြားတာ ေသခ်ာေတာ့ ညဆယ္နာရီမွာ လာတုိက္ေတာ့တာပါပဲ။ အဲဒီကတည္းက ဘူးသီးေတာင္နဲ႔ ေမာင္ေတာနယ္ဟာ ကုလားလက္ထဲကုိ လုံးလုံးက်သြားၿပီးေတာ့ ေဒသခံရခိုင္ေတြဟာ ပိုင္ဆိုင္သမွ်ကို စြန္႔လႊတ္ ထားခဲ့ၿပီး အသက္လုကာ ကုန္းေၾကာင္းထြက္ေျပးၾကရေတာ့ တာပါပဲ။ လမ္းမွာ အသတ္ခံ ရတာေတြက အမ်ားႀကီး၊ ကုလားမယားအျပဳခံရတဲ့ ရခုိင္အမ်ိဳးသမီးေတြလည္း အမ်ားႀကီး။ စစ္ကာလအတြင္း ဘူးသီးေတာင္နဲ႔ ေမာင္ေတာေဒသမွာ ရခုိင္တစ္ေယာက္တစ္ပုိင္းမွ မက်န္ခဲ့ဘူးလုိ႔ ဆုိရမွာပါပဲ။

* * * * * * * * *

ဘႀကီးကို ၁၉၃၇-ခုႏွစ္ ဇူလုိင္လ(၂၁)ရက္ေန႔ ဘူးသီးေတာင္ၿမိဳ႕မွာ ေမြးတယ္။ ကုိယ့္ အေဖက ဟုိစဥ္က ဘူးသီးေတာင္ၿမိဳ႕နယ္ ဖဆပလ အမတ္၊ ေဒသခံအာဏာရ ဖဆပလ ေခါင္းေဆာင္ ဦးစံထြန္းေအာင္ ျဖစ္ပါတယ္။

စစ္ေတြ စိန္႔အန္းကြန္ဗန္း(Saint Ann Convent)ေက်ာင္း (ယခု စစ္ေတြ အထက-၄)မွာ ေလးတန္းေအာင္တဲ့အထိ ေနခဲ့တယ္။ အဲဒီတုန္းက ဘုန္းေတာ္ႀကီး (Father) တစ္ေယာက္က ကုိယ့္ကုိခ်စ္ေတာ့ ကိုယ့္အေဖကုိ လာေျပာတယ္။ မင္းသားကို ငါအဂၤလန္ေခၚသြားၿပီး စာေတြဘာေတြသင္ေပးခ်င္လုိ႔ဆုိေတာ့ အေဖက ေဟ့ . . . ေဟ့ . . . ငါ့သားကုိ ေပးမလႊတ္ႏုိင္ဘူး လုိ႔ျငင္းတယ္။ ဒါနဲ႔ အေဖက ဒီပုံ အတုိင္းဆုိရင္ ငါ့သားကုိ အဲဒီေက်ာင္းမွာ ဆက္ထားလုိ႔ ကေတာ့ ခရစ္ယာန္ ျဖစ္သြားေတာ့မွာပဲဆုိၿပီး အေဖက ကုိယ့္ကုိ ေက်ာင္းႏုတ္တယ္။ ၿပီးေတာ့ အထက(၁)ကုိ ပုိ႔တယ္။

အဲသည္ အထက(၁)မွာလည္း ေက်ာင္းသားေတြက ခဏခဏ သပိတ္ေမွာက္ ၾကလြန္းတာနဲ႔ အေဖစိတ္ညစ္ရျပန္တယ္။ ကို္ယ္လည္း အဲသည္ သပိတ္ေတြမွာ ေရာပါေနတာကိုး။ အဲသည္ အခ်ိန္တုန္းက ရန္ကုန္ကုိပုိ႔ၿပီး စာသင္တဲ့စရိတ္နဲ႔ ဒါဂ်ီလင္ကုိ ပုိ႔ၿပီး စာသင္တဲ့စရိတ္က မကြာေလေတာ့ အေဖက ၁၉၅၁-ခုႏွစ္မွာ ကိုယ့္ကုိ ဒါဂ်ီလင္ပုိ႔ၿပီး ေက်ာင္းအိပ္ေက်ာင္းစား ပညာသင္ေစတယ္။

ကုိယ္က အဲသည္တုန္းက ခပ္ေပေပဆုိေတာ့ ဟုိက္စကူးဖုိင္နယ္မၿပီးခင္မွာပဲ ဒါဂ်ီလင္ေက်ာင္းကေန ကိုယ့္ကုိ ျပန္ပုိ႔ တာ ခံရတယ္။ အိမ္ကုိ မ်က္ႏွာမျပရဲတဲ့ ကိုယ္ဟာ စစ္ေတြတုိ႔ ဘူးသီးေတာင္တုိ႔ကုိ ျပန္မယ့္အစား ရန္ကုန္ အထိ ေလယာဥ္ လက္မွတ္ယူလုိက္တယ္။ ဒါေပမဲ့ အဲသည္ေလယာဥ္က ကာကကတၱား-စစ္ေတြ-ရန္ကုန္ကုိ အစဥ္အတုိင္းေျပးဆြဲတာ။ အေဖက ဘယ္လုိ ဘယ္ပုံစုံစမ္းၿပီး သိသြား သလဲေတာ့ မသိဘူး။ စစ္ေတြေလယာဥ္ကြင္းမွာ ကိုယ့္ကုိ လာေစာင့္ေနတယ္။ ေလယာဥ္ အဆင္းေလွကားေရွ႕ တည့္တည့္မွာရပ္ၿပီး ဆင္းလာတဲ့ ခရီးသည္ေတြထဲမွာ သူ႔သား ပါေလ မလားလုိ႔ ၾကည့္ၾကည့္ေနတာ။ ကုိယ္ကလည္း ကုိိယ့္အေဖမျမင္ေအာင္ ေလယာဥ္ေပၚ ကေန ကြယ္ၾကည့္ေနတယ္။ ဆင္းတဲ့ လူကုန္သြားေပမယ့္လုိ႔ သူ႔သားပါမလာေတာ့ အဖုိးႀကီးက ဒြိဟစိတ္နဲ႔ ေလယာဥ္ျပဳတင္းေပါက္ေတြကုိ လွမ္းၾကည့္ေတာ့ ကုိယ္က ငုံ႔ၿပီး ပုန္းေနရတယ္။ တကယ္လုိ႔ ကိုယ့္အေဖသာ ေဟ့ ေဟ့ ခဏေနဦး ဆုိၿပီး ေလယာဥ္ ေပၚတက္ၾကည့္ရင္ (ဒါမွမဟုတ္) သူက အာဏာလက္ရွိ ဖဆပလ အမ တ္ျဖစ္ေနေလေတာ့ ေလယာဥ္စီး ခရီးသည္စာရင္း ကုိသာ ေတာင္းၾကည့္မယ္ဆုိရင္ ကုိယ္ပါလာ တာကုိ ေတြ႕သြားမွာ မုခ်ပဲ။

ဒီလိုနဲ႔ စစ္ေတြကုိ ျပန္ေရာက္ရမယ့္အစား ရန္ကုန္က အေဖ့ညီမ ကုိယ့္အေဒၚအိမ္ကို ကုိယ္ေရာက္ သြားတယ္။ အဲသည္လုိ ရန္ကုန္ေရာက္သြားၿပီး ရန္ကုန္မွာ အထက္တန္း ေက်ာင္း တက္ရာကေန အလံနီ စည္းရုံးေရးမွဴးေတြနဲ႔ ေတြ႕ေတာ့တာပါပဲ။ ကိုယ့္ကို စည္းရုံးတဲ့သူက ရဲနီေအာင္သိန္း။ ရဲနီေအာင္သိန္း ကုိယ့္ကုိ စည္းရုံးတာ အင္မတန္မွ ညင္သာတယ္။ ကြန္ျမဴနစ္ သေဘာ တရားေတြရဲ႕ အေျခခံ အႏုမာနတစ္ခုျဖစ္တဲ့ အႏုပဋိေလာမကို ကိုယ့္ကိုနားသြင္းတာ အင္မတန္မွ ပညာသားပါလွတယ္။ အေရအတြက္ကေန အရည္အခ်င္းသုိ႔ ေျပာင္းလဲပုံကုိ ရွင္းျပတာ ထမင္းအုိးတစ္အုိးတည္ၿပီး တျဖည္းျဖည္းဆူလာပုံဥပမာကို သုံးတယ္။ အဲ……….ထမင္းစား ၿပီးေတာ့ ခ်ီးပါတဲ့အထိ ျဖစ္စဥ္ အဆင့္ဆင့္ဟာ ဘယ္လုိ ေျပာင္းလဲ သြားသလဲ ဆုိတာကုိ ရွင္းျပတယ္။ တကယ္ေတာ့ ဒါေတြဟာ ကြန္ျမဴနစ္ေတြ ရဲ႕ အႏူ ပဋိေလာမ ရုပ္၀ါဒကုိ နားသြင္းေနတာမွန္း ကုိယ္လုံးလုံးမရိပ္မိဘူး။ ေနာက္မွ အႏူပဋိေလာမရုပ္၀ါဒနဲ႔ ကုိယ့္ကုိ ေတ့ေတ့ဆုိင္ဆုိင္မိတ္ဆက္ေပးတယ္။ ၿပီးေတာ့ သခင္စုိး အေၾကာင္းကုိ ေျပာျပတယ္။ အလံနီပါတီရဲ႕ မူ၀ါဒေတြကို ရွင္းျပတယ္။ ဒီေတာ့ ကုိယ္ဟာ ဖဆပါလ ထမီနီအမ်ိဳးသမီး ကုိယ့္အေဒၚအိမ္မွာေနၿပီး အသက္(၂၀)အရြယ္မွာ အလံနီ ပါတီရဲ႕ အရံပါတီ၀ င္ျဖစ္လာခဲ့တယ္။ ကုိယ့္အေဒၚကေတာ့ လုံးလုံးမရိပ္မိဘူး။

တစ္ခါတစ္ေလ တစ္ညလုံးလုံး ေၾကျငာစာရြတ္ေတြ လုိက္ကပ္ၾကရတာရွိတယ္။ ကိုယ့္ အိမ္ေရွ႕၊ ကုိယ္အိမ္ အနီးအနားေနရာေတြလည္း ပါတာေပါ့။ မနက္က်ရင္ မခုတ္တတ္တဲ့ ေၾကာင္လုိုလို ကုိယ့္အေဒၚအိမ္ေပၚကုိ ကုိယ္ျပန္ ေရာက္ေနၿပီ။ ကုိယ့္အေဒၚ မနက္ပုိင္း အျပင္ ကျပန္လာလို႔ ေစ်းကျပန္လာလို႔ ေဟ့…….ဟုိေနရာေတြမွာ အလံနီ ေၾကျငာစာရြက္ ေတြ ကပ္ထားတယ္။ ဘယ္သူလက္သရမ္းသြားသလဲ မသိဘူးဆုိၿပီး အေဒၚေျပာတဲ့အခါ က်ရင္ ဟုတ္လားအေဒၚ ဘာညာနဲ႔ မွင္ေသေသ ၿဖီးျဖန္းရာကေန လက္ေတြ႕ယူဂ်ီ သင္ခန္းစာေတြကို စတင္ ေလ့က်င့္သင္ယူခဲ့တယ္ လို႔ပဲ ဆိုပါေတာ့။

(ေက်ာ္ေဇာဦး ေရးသားသည္။)

အပိုင္းႏွစ္ကို ဆက္လက္ ဖတ္ရႈၾကပါရန္။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s