စံရွှေမောင် ၊သို့မဟုတ်၊ လက်နက်ချ ရကပ ကျားတစ်ကောင် (အပိုင်း နှစ်)

[💛 standard version | 💙 zawgyi version]

💛💛💛💛💛

စံရွှေမောင် ၊သို့မဟုတ်၊ လက်နက်ချ ရကပ ကျားတစ်ကောင် (အပိုင်း နှစ်)

===========================

By Kyaw Zaw Oo

စစ်တွေ ၊ ၁၀ ဧပြီလ ၂၀၁၃ ၊ Coral Arakan News ၊ [ အခန်းဆက် အတ္ထုပတ္တိ ]

[ ဤအခန်းဆက် အတ္ထုပတ္တိ၏ ဇာတ်ကောင်ဖြစ်သူ ဘကြီး ဦးစံရွှေမောင် (အသက် ၇၆-နှစ်) မှာ ၂၀၁၃-ခုနှစ် ဧပြီလ (၈) ရက်နေ့ မွန်းလွဲ လေးနာရီခွဲအချိန်တွင် လူကြီးရောဂါဖြင့် ၄င်း၏ ဘူးသီးတောင်မြို့နေအိမ်၌ ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ညီဖြစ်သူ ဒေါက်တာအေးချမ်း၊ ညီမဖြစ်သူ ဒေါ်ကျော့မေ နှင့် အခြားသော ညီအစ်ကိုမောင်နှမများ၊ သား ကိုငြိမ်းချမ်းဦး၊ ဇနီး ဒေါ်ကွန်မေ၊ သမီး မစောရှင်မေ၊ သား ကိုအောင်သန်းထိုက် တို့ ကျန်ရစ်ကြပါသည်။]

===============================
အပိုင်း (နှစ်)

ဗမာအလံနီအဖြစ်မှ ရခိုင်အလံနီအဖြစ်သို့ အသွင်ပြောင်းခန်း

တစ်ခါတလေ တစ်ညလုံး စာရွက်တွေ လိုက်ကပ်ကြရတာရှိတယ်။ ကိုယ့်အိမ်ရှေ့၊ ကိုယ့်အိမ်အနီးအနား နေရာတွေလည်းပါတာပေါ့။ မနက်ကျရင် ကိုယ့်အဒေါ်အိမ်ပေါ်ကို ပြန်ရောက်လာပြီး မခုတ်တတ်တဲ့ ကြောင်လိုလို နေနေတာပေါ့လေ။ အဒေါ် မနက်ပိုင်း အပြင်ကပြန်လာလို့ ဟေ့ ဟိုနေရာတွေမှာ အလံနီ ကြေငြာစာရွက်တွေကပ်ထားတယ်၊ ဘယ်သူလက်သရမ်းသွားသလဲမသိဘူးဆိုပြီး အဒေါ်ပြောတဲ့အခါကျရင်၊ ဟုတ်လား အဒေါ်၊ ဘယ်ကအကောင်တွေ လက်သရမ်းသွားသလဲမသိဘူး ဆိုပြီး ကိုယ်သံယောင်လိုက်တတ်သေးတယ်။ ဖဆပလ အမတ်ရဲ့ သားဖြစ်တဲ့ ကိုယ့်ကို အလံနီလှုပ်ရှားမှုတွေမှာ ပါလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားကြဘူးလေ။

တက္ကသိုလ်ရောက်တော့ ဆရာဝန်လိုင်းဘက်ကို လိုက်လို့ရအောင် pre-medical ဘာသာတွဲတွေ ယူခဲ့သေး တယ်။ ဒါပေမဲ့ တစ်ချိန်လုံး အလံနီပါတီလှုပ်ရှားမှုတွေမှာ ဟိုနေရာကပါ ဒီနေရာကပါ လုပ်နေလေတော့ အတန်းတွေ တဘုန်းဘုန်းကျတယ်။ အတန်းတွေအောင်လာပြန်တော့လည်း ဆေးလိုင်းမီတဲ့ အမှတ်ရမလာဘူး။

စာမေးပွဲတွေကျတော့ ပညာသင်ထောက်ပံ့ကြေးတွေ ဆက်မရတော့ဘူး။ အလံနီ အရောင် အသွေး ကလည်း တရဲရဲ ဖြစ်နေတော့ ကိုယ့်အဖေ ဖဆပလ အမတ်က တော်တော် အမြင်ကတ်လို့နဲ့တူပါတယ်။ ငွေတွေ ဆက်မပို့တော့ဘူး။ ဒါနဲ့ ကိုယ်တော်တော် ဒုက္ခရောက်လိုက်ရသေးတယ်။ ရေခဲရေရောင်းတဲ့အခါလည်း ရောင်းရတယ်။ တက္ကစီမောင်းတဲ့အခါ မောင်းလိုက် ၊ လေးဘီးမောင်းတဲ့အခါမောင်းလိုက် လုပ်ရတယ်။ ဒိုင်နာကားတစ်စီးကို ပုတ်ပြတ်ငှားပြီး ဆွဲတဲ့အခါလည်း ဆွဲရတာပေါ့။ ရန်ကုန်မှာ ပေပေတေတေ နေရစဉ် ကာလအတွင်း တတ်အားသမျှသော သမ္မာအာဇီဝနည်းလမ်းတွေနဲ့ ကြိုးစားငွေရှာပြီး အသက်ဆက်ခဲ့တယ်။

အဲသည်အချိန်မှာ ဆင်စွယ်ရွာ လူသတ်မှုဖြစ်လာတယ်။ ဆင်စွယ်ရွာဆိုတာ ထီးလင်းမြို့နယ်က ရွာတစ်ရွာပေါ့။ အလံနီပါတီကို အရမ်းထောက်ခံအားပေးတဲ့ ရွာတစ်ရွာပေါ့။ ဖြစ်ချင်တော့ ပါတီက ဆေးမှူးတစ်ယောက်ဟာ ရွာအိပ်ရွာစား တော်တော် ပျော်တတ်ပုံရတယ်။ ရွာကို အရောက်အပေါက် ရွာမှာ အနေအစား တော်တော်များတယ်တဲ့။ မိမိနဲ့ အလွမ်းသင့်တာက တစ်ရွာလုံးပေမယ့်လို့ ကိုယ်နဲ့ မတည့်တာက တစ်ယောက်တည်းဖြစ်နေရင်တောင်မှ ဒုက္ခရောက်တတ်တာကိုး။ အဲသည် တစ်ဦးတည်းသော မျက်မုန်းကျိုးသူ က အစိုးရဘက်ကို လက်တို့လိုက်တော့၊ အစိုးရတပ်တွေရောက်လာပြီး ကိုယ်တို့ရဲ့ ပါတီဆေးမှူးကို သတ်ပစ် ပါလေရော။ (ဓါတ်ပုံပါ မှတ်စုကို ကြည့်ပါ။)

ဒါနဲ့ အလံနီခေါင်းဆောင်တွေကလည်း အကြီးအကျယ် ဒေါသထွက်ပြီး လက်စားပြန်ချေတာပေါ့။ ရဲနီကျော်ဝင်း ဦးဆောင်တဲ့အဖွဲ့ကို လွှတ်လိုက်တယ်။ တစ်ရွာလုံးက ယောကျင်္ားသားတွေကို ကြိုးတစ်ချောင်းစီ ယူလာခိုင်းပြီး၊ ရွာပြင်ထွက်ခိုင်းတယ်။ သူတို့ကြိုးနဲ့ သူတို့ကို ချည်ပြီးမှ ရွာသားတွေကို ကွပ်မျက်တာလို့ဆိုတယ်။ ရွာလုံးကျွတ်ပဲ။ မိန်းမတွေ၊ ကလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေကလွဲလို့ပေါ့။

ဒီဆင်စွယ်ရွာလူသတ်မှုကြောင့် ဖဆပလ အစိုးရအတွက် ၀ါဒဖြန့်ချိရေးလုပ်ဖို့ အကွက်ကောင်း ရသွားပြီး၊ အလံနီပါတီအတွက်တော့ ကျော်မကောင်း ကြားမကောင်း နာမည်ပျက်စရာဖြစ်သွားတယ်။

ဒါနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သဘောထားထင်မြင်ချက် စာတမ်းတွေ ပို့ပါ ဆိုတော့ . . . ကိုယ်ကလည်း လူငယ်ပဲကိုး၊ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်း ရေးပို့ပေးလိုက်တယ်။ ဒါဟာ . . . ပါတီက မှားတာပဲ လို့ . . . ။ ကိုယ့်ဘက်က လုပ်ရမှာက အဲသည်ဆေးမှူးလိုမျိုး ရွာအိပ်ရွာစား ဘဝင်တွေ့မနေကြဖို့ ပညာပေးရမယ်၊ ဘာ ညာ ပေါ့ . . . ။

ဒါနဲ့ ဘယ်ပြောကောင်းမလဲ။ ဌာနချုပ်က စာထွက်လာတာပေါ့။ ကိုယ်မှတ်မိသေးတယ်။ “ပုံစံကိုက တောသူကြီးသား လေသံမျိုးနဲ့ . . . ။ . . . ဒီလိုအမြင်မျိုးသည် တော်လှန်ရေးကို သစ္စာဖောက်ခြင်း တစ်မျိုးဖြစ် သည်။ . . . ။” ဘာဘာညာညာပေါ့။ ကိုယ့်ကို ပြန်လည်ဝေဖန်ထားတာ။ “ရဲဘော် . . . ၊ (တောကြီးတန်း) တောင်ပိုင်းခရိုင်မှနေ၍ အမြန်ဆုံးချီတက်လာပါ” ဆိုပြီး ကိုယ့်ကိုဆင့်ခေါ်တယ်။ ကိုယ်ကလည်း အင်း . . . အသတ်ခံရတော့မှာပဲ . . . လို့တွေးမိပြီး ကိုယ်မသွားဘူး။ နောက်တစ်ကြိမ် ဆင့်ခေါ်စာလာတယ်။ ကိုယ်မသွား ပြန်ဘူး။ ဒါနဲ့ သခင်စိုးက ကိုယ့်ကို အဝေးရောက်သေဒဏ် ချမှတ်လိုက်တယ်။ ပါတီဝင်တွေ အနေနဲ့ ကိုယ့်ကို တွေ့ရင်တွေ့တဲ့နေရာမှာ ကွပ်မျက်ပစ်ကြဖို့ပေါ့။ ဒါနဲ့ ကိုယ်လည်း ကိုယ့်မိတ်ဆွေပါတီဝင်တွေကိုလည်း ကိုယ်က အကပ်မခံတော့ဘူး။ သူတို့လည်း ကိုယ့်ကို ဘာမှတော့ မလုပ်ကြပါဘူး။ ဒီလိုနဲ့ ကိုယ်လည်း သခင်စိုးရဲ့ သေဒဏ်ပေးခံရတဲ့ ပါတီဝင်တစ်ယောက် အနေနဲ့ အလံနီပါတီနဲ့ ကင်းကွာခဲ့ရတယ်။

၁၉၅၈-ခုနှစ်မှာ ကိုယ် အိုင်အေတန်း အောင်တယ်။ အိုင်အေတန်းပြီးတော့ နောက် နှစ်နှစ်လောက် အတန်းမတက် စာမေးပွဲမဖြေဘဲ နေခဲ့တယ်။ ၁၉၆၃-ခုနှစ်မှာ ကိုယ်ကျောင်းပြီးတယ်။ ကျောင်းပြီးကတည်းက သမဝါယမဦးစီးဌာနမှာ အလုပ်ဝင်လုပ်တယ်။ ဒီကြားထဲအတောအတွင်းမှာ ကိုယ့်ရဲ့နိုင်ငံရေးအဆက်အသွယ် တွေက မပြတ်မတောက်ဘဲ လှုပ်ရှားမှုတွေအတွင်းမှာ ရှိနေခဲ့တယ်။ သခင်စိုးတို့ဆီကခွဲထွက်လာတဲ့ ရခိုင်ပြည်ကွန်မြူနစ်ပါတီရဲ့ မြို့ပေါ်ယူဂျီနဲ့ နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံအဖြစ်လှုပ်ရှားနေခဲ့တယ်။ ၁၉၆၆-ခုနှစ်မှာ ကိုယ်တစ်ခါ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အထိ သမဝါယမဌာနရဲ့ ဝန်ထမ်းအဖြစ် ကိုယ်ရှိနေခဲ့တယ်။

ရန်ကုန်မှာနေရတယ်ဆိုတော့ ရခိုင်သားပေမယ့်လို့ ဗမာအမျိုးသမီးတွေနဲ့ အနေနီးတော့ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို နီးစပ်ဖူးတယ်။ ဗမာအမျိုးသမီးတွေနဲ့ ညားလုညားခင် ညားလုညားခင်နဲ့ ဝေးခဲ့ရတာတွေ ရှိခဲ့ဖူးတယ်။

အဲဒီအထဲကတစ်ယောက်ကတော့ ဟိုစဉ်က သိပ်နာမည်မကြီးသေးတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ပေါ့။ ကိုယ်က သူရုပ်ရှင်ရိုက်တာကို မကြိုက်ဘူး။ သူက ကိုယ် နိုင်ငံရေးလုပ်နေတာကို မကြိုက်ဘူး။

မင်းရုပ်ရှင်မရိုက်ပါနဲ့တော့လား ဆိုတော့ ကျွန်မ အကယ်ဒမီတစ်ဆုရတဲ့အထိ အောင်မြင်အောင် လုပ်ချင်တယ်။ အကယ်ဒမီတစ်ဆုရရင်တော့ ရုပ်ရှင်ဆက်မရိုက်တော့ပါဘူးလို့ ဆိုတယ်။

ရှင် နိုင်ငံရေးမလုပ်ပါနဲ့တော့လား၊ ဘွဲ့ရပြီးတဲ့အခါ ဝန်ထမ်းဘဝ အရာရှိဘဝနဲ့ တင့်တောင့်တင့်တယ် အခြေတကျလေးနေကြတာပေါ့ ဆိုရင် ကိုယ်က မဖြစ်နိုင်ဘူးလို့ဖြေတယ်။ ကိုယ့်လူမျိုးက ကျွန်ဖြစ်နေတဲ့ ဥစ္စာ ၊ ကိုယ်က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာတုန်းလို့ ဘကြီးက ဖြေတယ်။

ဒါနဲ့ တိုတိုပြောရရင် ကိုယ်တို့နှစ်ယောက်လမ်းခွဲကြတယ်လို့ပဲ ဆိုပါတော့ကွာ။ နောက်ပိုင်း သူလည်း အိမ်ထောင်ရက်သားကျ၊ ကလေးတွေ ဘာတွေ ထွန်းကား၊ အတည်တကျဖြစ်သွားတော့ ကိုယ်လည်းဝမ်းသာရတာပေါ့။
ဒီခေတ်ပိုင်း ဂျာနယ်လစ်တချို့က သူ့ကို အင်တာဗျူးလုပ်တာ ကိုယ်ဖတ်ရတယ်။ သူတို့က မေးကြတယ်။ အကယ်ဒမီတစ်ဆုရပြီးနောက်ပိုင်း အမေဘာကြောင့် ရုပ်ရှင်ဆက်မရိုက်တော့တာလဲ တဲ့ . . . ။
သူက ဖြေတယ်။
အမေ လူတစ်ယောက်ကို တစ်ခါက ပေးခဲ့ဖူးတဲ့ ကတိတစ်ခု ရှိလို့ပါ . . . တဲ့။


၁၉၅၆-ခုနှစ် အောင်မာဃ ထိုးစစ်အတွင်းမှာ အလံနီဌာချုပ်ကို ထိုးစစ်ဆင်တာကို ခံရပြီးနောက်ပိုင်း၊ အလံနီဌာနချုပ် ဟိုပြောင်း သည်ရွှေ့ တရွေ့ရွေ့နဲ့ ရခိုင်မှာ အခြေစိုက်တယ်။ အလံနီဌာနချုပ်ဆိုတာ ဘာလဲ လို့ အဓိပ္ပါယ်ဖွင့်ရရင် သခင်စိုး စခန်းချ နေထိုင်တဲ့နေရာဟာ အလံနီဌာနချုပ်ပါပဲ။

တစ်ချက်လွှတ် သတ်မိန့်ပေးဖို့ ဘယ်တော့မှ နှုတ်မနှေးတဲ့ သခင်စိုးရဲ့လက်အောက်မှာ ရခိုင်အလံနီရဲဘော် တော်တော်များများ ဟိုတစ်ခါ သည်တစ်ယောက် ဆိုသလို အသတ်ခံကြရတယ်။ “လူမျိုးရေးအမြင်ကျဉ်းဝါဒီတွေ” ၊ “ပစ္စည်းမဲ့ အာဏာရှင်ဝါဒကို ဆန့်ကျင်တဲ့သူတွေ” အစရှိတဲ့ စကားလုံးကြီးကြီးတွေ သုံးပြီး ကွပ်မျက်ခံရတယ်။ သုတ်သင်ခြင်းခံရတယ်။

ဒီတော့ နောက်ဆုံး ရခိုင်ရဲဘော်တွေကလည်း ဆက်လက် သည်းညဉ်းမခံနိုင်တော့ဘူး။ ကိုမောင်ဟန်ဟာ လူ(၄၀) လက်နက်(၄၀) လောက်ကို ဦးဆောင်ပြီးတော့ ပေါက်တောမြို့နယ် ဖဒူကျွန်းကို ပြောင်းရွေ့အခြေစိုက်တယ်။ သူ့အနေနဲ့ ဘာဆက်လုပ်ရမှန်း အသေအချာတော့ မသိဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီကနေ ခွဲထွက်လာတာပဲ။ ဖဒူကျွန်းမှာ သူ့မိန်းမနဲ့ မိန်းမဆွေမျိုးတွေ ရှိတော့ ဒီနယ်ကို အခြေခံမယ် ဆိုပြီး သူပြောင်းလာတာ။

သခင်စိုးရဲ့ ရခိုင်လူမျိုးတပည့်ရင်း ရဲနီကျော်ဇံရွှီရယ်၊ ရခိုင်ရဲဘော် ခြောက်ယောက်ရယ်ပဲ ဌာနချုပ်မှာကျန်ခဲ့တယ်။ ရဲနီကျော်ဇံရွှီက သခင်စိုးကို ကြောက်ကြောက်နဲ့ ဖျောင်းဖျရတယ်။ “ဆရာကြီး . . . ၊ မောင်ဟန် က လူငယ်ဆိုတော့ စိတ်မြန် လက်မြန်နဲ့ တဇွတ်ထိုးလုပ်တတ်လို့ အခုလိုဖြစ်သွားရတာပါ။ ဒါပေမဲ့ ကျွန်တော်က စိတ်ရှည်လက်ရှည်နဲ့ ပြောပြရင် သူတို့လက်ခံကြမှာပါ” ဆိုပြီး သခင်စိုးကို နားသွင်းတယ်။ အေး . . . ၊ မင်းသွားပြီး ပြန်လာဖို့ခေါ်လို့ ရနိုင်ပါ့မလား။
ရနိုင်ပါတယ် ဆရာကြီး။
အေး မင်းသွားပြီး သူတို့ကို နားချခေါ်လာခဲ့။ လိုတဲ့လူတွေ ခေါ်သွား . . . ဆိုတော့ ဌာနချုပ်မှာ ကျန်ခဲ့တဲ့ ရခိုင်ရဲဘော် ခြောက်ယောက်ကို ခေါ်ပြီး၊ ရဲနီကျော်ဇံရွှီ ဖဒူကျွန်းကို ပေါက်ချလာပါလေရော။ ဒါပေမဲ့ ရဲနီကျော်ဇံရွှီတို့အုပ်စုကို ကိုမောင်ဟန်တို့က တွေ့တာနဲ့ ၀ိုင်းထားပြီး သေနတ်နဲ့ ချိန်ထားတော့တာပါပဲ။ “ရပ်။ ဘာမှ ထွေလီကာလီ လျှောက်ပြော မနေနဲ့။ ခင်ဗျားကို သခင်စိုးလွှတ်လိုက်တာပဲ ဖြစ်ရမယ်။ ခင်ဗျားက သခင်စိုး လူပဲ” စသည်ဖြင့် တားဆီးပြီး ရန်ရှာတော့တာပါပဲ။

အဘိုးကြီး ရဲနီကျော်ဇံရွှီက အလောတကြီး ရှင်းပြရတယ်။ “ဟေ့ . . . မောင်ဟန်ရေ . . . ၊ နေပါဦးကွ။ ငါတို့လည်း ဌာနချုပ်မှာ ဆက်နေရင် သခင်စိုးသတ်လို့သေရတော့မယ်။ မင်းတို့လူငယ်တွေ ထွက်သွားတော့ ငါက တစ်ပတ်လှည့်နဲ့ လွှတ်လိုက်တာလို့ သခင်စိုးက မထင်ဘဲ နေပါ့မလားကွ။ ဒါနဲ့ ငါလည်း သခင်စိုးကို အယုံသွင်းပြီး အသာကလေး လစ်လာရတာ” လို့ ရှင်းပြရတယ်။

ဒီလိုနဲ့ ရခိုင်ဘက်ကို ရောက်နေတဲ့ အလံနီကွန်မြူနစ်ပါတီဟာ ရခိုင်-ဗမာ နှစ်ခြမ်းကွဲပြီးတော့ ရခိုင်ပြည်ကွန်မြူနစ်ပါတီ (Arakan Communist Party) ဆိုတာ ပေါ်ပေါက်လာတယ်။ ရဲနီကျော်ဇံရွှီက လူကြီးဆိုတော့ သူ့ကိုပဲ ခေါင်းဆောင်တင်ရတာပေါ့။ ခေါင်းဆောင်ပိုင်းထဲက လူငယ်တွေဖြစ်ကြတဲ့ ကိုမောင်ဟန်တို့ ကိုရွှေသာတို့ကလည်း ဘကြီးကို လှမ်းဆက်သွယ်တယ်။ (ကိုမောင်ဟန်က ရသေ့တောင်မြို့နယ် သမီးလှရွာသား၊ ကိုရွှေသာက အရင်တုန်းက ရခိုင်သောတုဇနအဖွဲ့မှာ ပါဖူးတယ်။) သူတို့ကပြောတယ်။ ကိုယ့်လူရေ . . . ကွန်မြူနစ်ဝါဒနဲ့ အမျိုးသားရေးဝါဒကို ပေါင်းစည်းဆောင်ရွက်ကြဖို့ အချိန်ကောင်းကို ရောက်လာပြီ။ သူတို့နဲ့ လက်တွဲပါပေါ့။ ဒီလိုနဲ့ ကိုယ်လည်း ရခိုင်ပြည်ကွန်မြူနစ်ပါတီ (A.C.P. ၊ဒါမှမဟုတ်၊ ရကပ) ရဲ့ နိုင်ငံခြားဆက်သွယ်ရေးကို တာဝန်ယူရတဲ့ မြို့ပေါ် ယူဂျီခေါင်းဆောင်ဖြစ်လာတယ်။ (ရခိုင်ပြည်ကွန်မြူနစ်ပါတီအကြောင်းကို ဓါတ်ပုံပါ မှတ်စုတါင်ကြည့်ပါ။)

၁၉၆၆-ခုနှစ်မှာ ကိုယ် ယူဂျီလုပ်နေတာကို အုပ်မိသွားလို့ အဖမ်းခံရတယ်။ ထောင်လေးနှစ်လောက်ကျတယ်။ ထောင်ကလွတ်လာတော့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းတွေလုပ်ပြီး ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ဖူး သေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး။

ဘကြီး ပတမဆုံးချခဲ့တဲ့ ဥယျာဉ်စိုက်ခင်းဟာ ဘူးသီးတောင်ဘောလုံးကွင်းနားမှာပေါ့။ နာနတ်၊ လိမ္မော်၊ ရှောက် အစရှိသည်အားဖြင့် စိုက်တယ်။ ကြက်မွေးမြူရေးလည်းလုပ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒေသအုပ်ချုပ်ရေးအရာရှိဖြစ်တဲ့ ဘူးသီးတောင် မလကဥက္ကဌ ဗိုလ်ကြီးအောင်ဖြူက ဒီခြံကွက်ဟာ မြို့ပြဧရိယာထဲမှာ အကျုံးဝင်နေတယ်၊ ဒါကြောင့် စိုက်ပျိုးမွေးမြူရေး မလုပ်ရဘူး ဆိုပြီး အကြောင်းကြားတယ်၊ တားမြစ်တယ်၊ ရာဇသံပို့တယ်နဲ့ . . . နောက်ဆုံးတော့ ကိုယ်လည်း ထားလိုက်ပါတော့ကွာ ဆိုပြီး ခြံကို ဖျက်တယ်။ နာနတ်သီးတွေကို အကုန်ခုတ်ပြီး ယူချင်တဲ့လူ လူပေတော့ ဆိုပြီး ချောင်းနားမှာ ပစ်ထားလိုက်တယ်။ ကိုယ့်ဆီမှာ အလုပ်လုပ်တဲ့ ကုလားလေးဆိုရင် အဲသည်နေ့က ထိုင်ငိုနေလိုက်တာ ပြောမနေနဲ့တော့ . . . ။ သူနဲ့ ကိုယ်နဲ့ နှစ်ဦး လုပ်အားထည့်ပြီး ပျိုးထောင်လာခဲ့တဲ့ ခြံကိုးကွ။ ကိုယ့်မှာလည်း လုပ်ငန်းဆုံးရှုံးတယ်။ သူ့မှာလည်း အလုပ်ဆုံးရှုံးတယ်။ နှစ်ဦးစလုံး အတူ ဆုံးရှုံးတာကတော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ပျိုးထောင်လာခဲ့တဲ့ အသီးအပွင့်တွေကို ဆုံးရှုံးဝကတာပါပဲ။ ဝမ်းနည်းတာပေါ့။

ပြီးတော့ နောက်တစ်ခါကျတော့ ရသေ့တောင်မြို့နယ် စေတီပြင်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ အားထုတ်ပြန်တယ်။ ကိုယ့်ညီမ မကျော့စိန်က စေတီပြင်ကျေးရွာမှာ သူနာပြုအနေနဲ့ တာဝန်ကျတယ်။ ကိုယ်က အဲသည်ရွာမှာ ရဲစခန်းနဲ့ ဓါးလွယ်ခုတ်က ချောင်းကမ်းစပ်နေရာကို မျက်စိကျမိတယ်။ ကိုယ်က ရန်ကုန် သာကေတမှာလည်း ဘဲမွေးမြူရေးလုပ်ဖူးတယ်။ ရေတက်ရေကျရှိတဲ့နေရာဆိုရင် ဘဲမွေးရတာ အဆင်ပြေတယ်။

ဒါနဲ့ ကိုယ်လည်း အဲသည်နေရာမှာ ဘဲမွေးမြူရေးနဲ့ ခြေလှမ်းစပြန်တယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး။ အတိုက်အခိုက်က ပေါ်လာပြန်တော့တယ်။ အဲသည်ရွာမှာက ပြောက်ကျားအလင်းဝင်တစ်ယောက်ရှိနေတယ်။ ကိုယ်ဟာ ကိုယ့်ညီမကတစ်ဆင့် ပတ်ဝန်းကျင်ကျေးရွာတွေက အလံနီတွေနဲ့ ဆက်သွယ်နေပါတယ် ဆိုပြီး အဲဒီလူက ရဲစခန်းကို တိုင်တယ်။ ဒီတော့ အဲသည်က ရဲတွေက ကိုယ့်ကို လာပြောကြတယ်။ “ဆရာရယ် . . . ၊ ဆရာနေရာပြောင်းပြီး အလုပ်လုပ်ရင်ကောင်းမယ် ထင်ပါတယ်” လို့ ဆိုလှာပြန်တယ်။ အနီးအနားက ကျေးရွာတွေမှာ အလံနီတွေ ရှိနေတ၃ာလည်း အမှန်ပဲ။ ကိုယ်ကလည်း အလံနီလူထွက် ဖြစ်နေတာကလည်း အမှန်ပဲ။ ဒီတော့ ရှင်းရခက်နေတာပေါ့။

ရဲစခန်းကရှင်းပြတာက ဒီလိုပါ။ ဆရာရယ်၊ အဲသည်ပုဂ္ဂိုလ်က အခုလောလောဆယ် ကျွန်တော်တို့ကို တိုင်နေတာဆိုတော့ တော်သေးတယ်။ နောက်ပိုင်း မြို့ကိုသာ သွားတိုင်ရင် ကျွန်တော်လည်း ရှင်းရခက်တော့မှာ . . . ဆိုပြီး ပြောပြတယ်။ ဒါနဲ့ နောက်တစ်ကြိမ် ကိုယ့်လုပ်ငန်းကို ဖျက်ရပြန်တယ်။

နောက်ဆုံးမှာတော့ စစ်တွေမြျု့ပေါ် ပြန်တက်ပြီး ကျူရှင်ဆရာဖြစ်ရတော့တာပါပဲ။ စစ်တွေ မောလိပ်ရပ်ကွက် သုံးထပ်တိုက်ဟောင်းကြီးရဲ့ အပေါ်ဆုံးထပ် လေးလွှာမှာ စာပြပြန်တယ်။ စစ်တွေမှာ တိုက်တွေရှားတဲ့ခေတ်က သုံးဆင့်တိုက် လို့ လူတွေက ခေါ်ကြတဲ့ အဆောက်အအုံပေါ့။ (အဲသည် သုံးထပ်တိုက်မှာ ကျွန်တော် အသက် ဆယ့်သုံးနှစ်သားအထိ နေခဲ့တယ် လို့ စာရေးသူက ကြားဖြတ်ဝင်ပြောပါတယ်။)

တောမှာနေတုန်းက အကောင်းသား၊ စစ်တွေကို ကျောင်းဆရာဘဝနဲ့ ရောက်လာတော့မှ နိုင်ငံရေးအလုပ်နဲ့ ထဲထဲဝင်ဝင် ဖြစ်သွားပါလေရော။ ဒီမှာက ကိုယ့်လူတွေကို အုံနဲ့ကျင်းနဲ့ ပြန်တွေ့ရတာကိုး။ လှုပ်ရှားမှုတွေက များလွန်းတော့ အစိုးရက တချို့အချိတ်အဆက်တွေကို မိသွားရာကနေ ကိုယ့်အနေနဲ့ ယူဂျီဘဝနဲ့တောင် မနေနိုင်တော့ဘဲ ထွက်မပြေးရင် မရတော့တဲ့ အခြေအနေဆိုက်လာတယ်။ ဒါနဲ့ ၁၉၇၂-ခုနှစ်မှာ ဘကြီး ပြန်လည် တောခိုခဲ့တယ်။ မင်းသူငယ်ချင်း ကိုယ့်သားဦးလေး ငြိမ်းချမ်းဦး သုံးလသားအရွယ်မှာ ဘကြီးလည်း မလွဲမရှောင်သာ တောခိုခဲ့ရပြန်တယ်။

ငြိမ်းချမ်းဦးရဲ့အမေက ကိုယ့်ရဲ့ ပထမအိမ််ထောင်ပေါ့။ ကိုယ်တောခိုနေစဉ်ကာလမှာ ငြိမ်းချမ်းဦးအမေက နောက်အိမ်ထောင်ပြုသွားခဲ့တယ်။ ကိုယ်တော့ အပြစ်မတင်ချင်ပါဘူး။

ဘကြီးတို့ ရခိုင်လူမျိုး မြန်မာလူမျိုးတို့ အဖို့မှာ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ အားကိုးအားထားရာ ရှာကြတဲ့ သဘောပဲလေ။ ကိုယ်အိမ်ထောင်ပြုလိုက်တဲ့လူက အားကိုးအားထားပြုလို့မရတဲ့အတွက် အားကိုးအားထားနောက်တစ်ယောက်ရှာသွားတာကိုတော့ ဘကြီးခွင့်လွှတ်ပါတယ်။

(အပိုင်း-သုံးကို ဆက်လက် ဖတ်ရှုပါရန်)


[💙💙💙💙💙 zawgyi version]

စံေရႊေမာင္ ၊သို႔မဟုတ္၊ လက္နက္ခ် ရကပ က်ားတစ္ေကာင္ (အပိုင္း ႏွစ္)

===========================

By Kyaw Zaw Oo

စစ္ေတြ ၊ ၁၀ ဧၿပီလ ၂၀၁၃ ၊ Coral Arakan News ၊ [ အခန္းဆက္ အတၳဳပတၱိ ]

[ ဤအခန္းဆက္ အတၳဳပတၱိ၏ ဇာတ္ေကာင္ျဖစ္သူ ဘႀကီး ဦးစံေရႊေမာင္ (အသက္ ၇၆-ႏွစ္) မွာ ၂၀၁၃-ခုႏွစ္ ဧၿပီလ (၈) ရက္ေန႔ မြန္းလြဲ ေလးနာရီခြဲအခ်ိန္တြင္ လူႀကီးေရာဂါျဖင့္ ၄င္း၏ ဘူးသီးေတာင္ၿမိဳ႕ေနအိမ္၌ ကြယ္လြန္သြားခဲ့ပါသည္။ ကြယ္လြန္ခ်ိန္တြင္ ညီျဖစ္သူ ေဒါက္တာေအးခ်မ္း၊ ညီမျဖစ္သူ ေဒၚေက်ာ့ေမ ႏွင့္ အျခားေသာ ညီအစ္ကိုေမာင္ႏွမမ်ား၊ သား ကိုၿငိမ္းခ်မ္းဦး၊ ဇနီး ေဒၚကြန္ေမ၊ သမီး မေစာရွင္ေမ၊ သား ကိုေအာင္သန္းထိုက္ တို႔ က်န္ရစ္ၾကပါသည္။]

===============================
အပိုင္း (ႏွစ္)

ဗမာအလံနီအျဖစ္မွ ရခိုင္အလံနီအျဖစ္သို႔ အသြင္ေျပာင္းခန္း

တစ္ခါတေလ တစ္ညလံုး စာရြက္ေတြ လိုက္ကပ္ၾကရတာရွိတယ္။ ကိုယ့္အိမ္ေရွ႕၊ ကိုယ့္အိမ္အနီးအနား ေနရာေတြလည္းပါတာေပါ့။ မနက္က်ရင္ ကိုယ့္အေဒၚအိမ္ေပၚကို ျပန္ေရာက္လာၿပီး မခုတ္တတ္တဲ့ ေၾကာင္လိုလို ေနေနတာေပါ့ေလ။ အေဒၚ မနက္ပိုင္း အျပင္ကျပန္လာလို႔ ေဟ့ ဟိုေနရာေတြမွာ အလံနီ ေၾကျငာစာရြက္ေတြကပ္ထားတယ္၊ ဘယ္သူလက္သရမ္းသြားသလဲမသိဘူးဆိုၿပီး အေဒၚေျပာတဲ့အခါက်ရင္၊ ဟုတ္လား အေဒၚ၊ ဘယ္ကအေကာင္ေတြ လက္သရမ္းသြားသလဲမသိဘူး ဆိုၿပီး ကိုယ္သံေယာင္လိုက္တတ္ေသးတယ္။ ဖဆပလ အမတ္ရဲ႕ သားျဖစ္တဲ့ ကိုယ့္ကို အလံနီလႈပ္ရွားမႈေတြမွာ ပါလိမ့္မယ္လို႔ ဘယ္သူကမွ ထင္မထားၾကဘူးေလ။

တကၠသိုလ္ေရာက္ေတာ့ ဆရာ၀န္လိုင္းဘက္ကို လိုက္လို႔ရေအာင္ pre-medical ဘာသာတြဲေတြ ယူခဲ့ေသး တယ္။ ဒါေပမဲ့ တစ္ခ်ိန္လံုး အလံနီပါတီလႈပ္ရွားမႈေတြမွာ ဟိုေနရာကပါ ဒီေနရာကပါ လုပ္ေနေလေတာ့ အတန္းေတြ တဘုန္းဘုန္းက်တယ္။ အတန္းေတြေအာင္လာျပန္ေတာ့လည္း ေဆးလိုင္းမီတဲ့ အမွတ္ရမလာဘူး။

စာေမးပြဲေတြက်ေတာ့ ပညာသင္ေထာက္ပံ့ေၾကးေတြ ဆက္မရေတာ့ဘူး။ အလံနီ အေရာင္ အေသြး ကလည္း တရဲရဲ ျဖစ္ေနေတာ့ ကိုယ့္အေဖ ဖဆပလ အမတ္က ေတာ္ေတာ္ အျမင္ကတ္လို႔နဲ႔တူပါတယ္။ ေငြေတြ ဆက္မပို႔ေတာ့ဘူး။ ဒါနဲ႔ ကိုယ္ေတာ္ေတာ္ ဒုကၡေရာက္လိုက္ရေသးတယ္။ ေရခဲေရေရာင္းတဲ့အခါလည္း ေရာင္းရတယ္။ တကၠစီေမာင္းတဲ့အခါ ေမာင္းလိုက္ ၊ ေလးဘီးေမာင္းတဲ့အခါေမာင္းလိုက္ လုပ္ရတယ္။ ဒိုင္နာကားတစ္စီးကို ပုတ္ျပတ္ငွားၿပီး ဆြဲတဲ့အခါလည္း ဆြဲရတာေပါ့။ ရန္ကုန္မွာ ေပေပေတေတ ေနရစဥ္ ကာလအတြင္း တတ္အားသမွ်ေသာ သမၼာအာဇီ၀နည္းလမ္းေတြနဲ႔ ႀကိဳးစားေငြရွာၿပီး အသက္ဆက္ခဲ့တယ္။

အဲသည္အခ်ိန္မွာ ဆင္စြယ္ရြာ လူသတ္မႈျဖစ္လာတယ္။ ဆင္စြယ္ရြာဆိုတာ ထီးလင္းၿမိဳ႕နယ္က ရြာတစ္ရြာေပါ့။ အလံနီပါတီကို အရမ္းေထာက္ခံအားေပးတဲ့ ရြာတစ္ရြာေပါ့။ ျဖစ္ခ်င္ေတာ့ ပါတီက ေဆးမွဴးတစ္ေယာက္ဟာ ရြာအိပ္ရြာစား ေတာ္ေတာ္ ေပ်ာ္တတ္ပံုရတယ္။ ရြာကို အေရာက္အေပါက္ ရြာမွာ အေနအစား ေတာ္ေတာ္မ်ားတယ္တဲ့။ မိမိနဲ႔ အလြမ္းသင့္တာက တစ္ရြာလံုးေပမယ့္လို႔ ကိုယ္နဲ႔ မတည့္တာက တစ္ေယာက္တည္းျဖစ္ေနရင္ေတာင္မွ ဒုကၡေရာက္တတ္တာကိုး။ အဲသည္ တစ္ဦးတည္းေသာ မ်က္မုန္းက်ိဳးသူ က အစိုးရဘက္ကို လက္တို႔လိုက္ေတာ့၊ အစိုးရတပ္ေတြေရာက္လာၿပီး ကိုယ္တို႔ရဲ႕ ပါတီေဆးမွဴးကို သတ္ပစ္ ပါေလေရာ။ (ဓါတ္ပံုပါ မွတ္စုကို ၾကည့္ပါ။)

ဒါနဲ႔ အလံနီေခါင္းေဆာင္ေတြကလည္း အႀကီးအက်ယ္ ေဒါသထြက္ၿပီး လက္စားျပန္ေခ်တာေပါ့။ ရဲနီေက်ာ္၀င္း ဦးေဆာင္တဲ့အဖြဲ႕ကို လႊတ္လိုက္တယ္။ တစ္ရြာလံုးက ေယာက်ၤားသားေတြကို ႀကိဳးတစ္ေခ်ာင္းစီ ယူလာခိုင္းၿပီး၊ ရြာျပင္ထြက္ခိုင္းတယ္။ သူတို႔ႀကိဳးနဲ႔ သူတို႔ကို ခ်ည္ၿပီးမွ ရြာသားေတြကို ကြပ္မ်က္တာလို႔ဆိုတယ္။ ရြာလံုးကၽြတ္ပဲ။ မိန္းမေတြ၊ ကေလးေတြ နဲ႔ သက္ႀကီးရြယ္အိုေတြကလြဲလို႔ေပါ့။

ဒီဆင္စြယ္ရြာလူသတ္မႈေၾကာင့္ ဖဆပလ အစိုးရအတြက္ ၀ါဒျဖန္႔ခ်ိေရးလုပ္ဖို႔ အကြက္ေကာင္း ရသြားၿပီး၊ အလံနီပါတီအတြက္ေတာ့ ေက်ာ္မေကာင္း ၾကားမေကာင္း နာမည္ပ်က္စရာျဖစ္သြားတယ္။

ဒါနဲ႔ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ သေဘာထားထင္ျမင္ခ်က္ စာတမ္းေတြ ပို႔ပါ ဆိုေတာ့ . . . ကိုယ္ကလည္း လူငယ္ပဲကိုး၊ ကိုယ့္စိတ္ထဲမွာ ရွိတဲ့အတိုင္း ေဟာေဟာဒိုင္းဒိုင္း ေရးပို႔ေပးလိုက္တယ္။ ဒါဟာ . . . ပါတီက မွားတာပဲ လို႔ . . . ။ ကိုယ့္ဘက္က လုပ္ရမွာက အဲသည္ေဆးမွဴးလိုမ်ိဳး ရြာအိပ္ရြာစား ဘ၀င္ေတြ႕မေနၾကဖို႔ ပညာေပးရမယ္၊ ဘာ ညာ ေပါ့ . . . ။

ဒါနဲ႔ ဘယ္ေျပာေကာင္းမလဲ။ ဌာနခ်ဳပ္က စာထြက္လာတာေပါ့။ ကိုယ္မွတ္မိေသးတယ္။ “ပံုစံကိုက ေတာသူႀကီးသား ေလသံမ်ိဳးနဲ႔ . . . ။ . . . ဒီလိုအျမင္မ်ိဳးသည္ ေတာ္လွန္ေရးကို သစၥာေဖာက္ျခင္း တစ္မ်ိဳးျဖစ္ သည္။ . . . ။” ဘာဘာညာညာေပါ့။ ကိုယ့္ကို ျပန္လည္ေ၀ဖန္ထားတာ။ “ရဲေဘာ္ . . . ၊ (ေတာႀကီးတန္း) ေတာင္ပိုင္းခရိုင္မွေန၍ အျမန္ဆံုးခ်ီတက္လာပါ” ဆိုၿပီး ကိုယ့္ကိုဆင့္ေခၚတယ္။ ကိုယ္ကလည္း အင္း . . . အသတ္ခံရေတာ့မွာပဲ . . . လို႔ေတြးမိၿပီး ကိုယ္မသြားဘူး။ ေနာက္တစ္ႀကိမ္ ဆင့္ေခၚစာလာတယ္။ ကိုယ္မသြား ျပန္ဘူး။ ဒါနဲ႔ သခင္စိုးက ကိုယ့္ကို အေ၀းေရာက္ေသဒဏ္ ခ်မွတ္လိုက္တယ္။ ပါတီ၀င္ေတြ အေနနဲ႔ ကိုယ့္ကို ေတြ႕ရင္ေတြ႕တဲ့ေနရာမွာ ကြပ္မ်က္ပစ္ၾကဖို႔ေပါ့။ ဒါနဲ႔ ကိုယ္လည္း ကိုယ့္မိတ္ေဆြပါတီ၀င္ေတြကိုလည္း ကိုယ္က အကပ္မခံေတာ့ဘူး။ သူတို႔လည္း ကိုယ့္ကို ဘာမွေတာ့ မလုပ္ၾကပါဘူး။ ဒီလိုနဲ႔ ကိုယ္လည္း သခင္စိုးရဲ႕ ေသဒဏ္ေပးခံရတဲ့ ပါတီ၀င္တစ္ေယာက္ အေနနဲ႔ အလံနီပါတီနဲ႔ ကင္းကြာခဲ့ရတယ္။

၁၉၅၈-ခုႏွစ္မွာ ကိုယ္ အိုင္ေအတန္း ေအာင္တယ္။ အိုင္ေအတန္းၿပီးေတာ့ ေနာက္ ႏွစ္ႏွစ္ေလာက္ အတန္းမတက္ စာေမးပြဲမေျဖဘဲ ေနခဲ့တယ္။ ၁၉၆၃-ခုႏွစ္မွာ ကိုယ္ေက်ာင္းၿပီးတယ္။ ေက်ာင္းၿပီးကတည္းက သမ၀ါယမဦးစီးဌာနမွာ အလုပ္၀င္လုပ္တယ္။ ဒီၾကားထဲအေတာအတြင္းမွာ ကိုယ့္ရဲ႕ႏိုင္ငံေရးအဆက္အသြယ္ ေတြက မျပတ္မေတာက္ဘဲ လႈပ္ရွားမႈေတြအတြင္းမွာ ရွိေနခဲ့တယ္။ သခင္စိုးတို႔ဆီကခြဲထြက္လာတဲ့ ရခိုင္ျပည္ကြန္ျမဴနစ္ပါတီရဲ႕ ၿမိဳ႕ေပၚယူဂ်ီနဲ႔ ႏိုင္ငံျခားဆက္သြယ္ေရးတာ၀န္ခံအျဖစ္လႈပ္ရွားေနခဲ့တယ္။ ၁၉၆၆-ခုႏွစ္မွာ ကိုယ္တစ္ခါ အဖမ္းခံရတယ္။ အဖမ္းခံရတဲ့အထိ သမ၀ါယမဌာနရဲ႕ ၀န္ထမ္းအျဖစ္ ကိုယ္ရွိေနခဲ့တယ္။

ရန္ကုန္မွာေနရတယ္ဆုိေတာ့ ရခိုင္သားေပမယ့္လို႔ ဗမာအမ်ိဳးသမီးေတြနဲ႔ အေနနီးေတာ့ ႀကိဳးခ်င္းထား ႀကိဳးခ်င္းၿငိ ဆိုသလို နီးစပ္ဖူးတယ္။ ဗမာအမ်ိဳးသမီးေတြနဲ႔ ညားလုညားခင္ ညားလုညားခင္နဲ႔ ေ၀းခဲ့ရတာေတြ ရွိခဲ့ဖူးတယ္။

အဲဒီအထဲကတစ္ေယာက္ကေတာ့ ဟိုစဥ္က သိပ္နာမည္မႀကီးေသးတဲ့ ရုပ္ရွင္မင္းသမီး တစ္ေယာက္ေပါ့။ ကိုယ္က သူရုပ္ရွင္ရိုက္တာကို မႀကိဳက္ဘူး။ သူက ကိုယ္ ႏိုင္ငံေရးလုပ္ေနတာကို မႀကိဳက္ဘူး။

မင္းရုပ္ရွင္မရိုက္ပါနဲ႔ေတာ့လား ဆိုေတာ့ ကၽြန္မ အကယ္ဒမီတစ္ဆုရတဲ့အထိ ေအာင္ျမင္ေအာင္ လုပ္ခ်င္တယ္။ အကယ္ဒမီတစ္ဆုရရင္ေတာ့ ရုပ္ရွင္ဆက္မရိုက္ေတာ့ပါဘူးလို႔ ဆိုတယ္။

ရွင္ ႏိုင္ငံေရးမလုပ္ပါနဲ႔ေတာ့လား၊ ဘြဲ႕ရၿပီးတဲ့အခါ ၀န္ထမ္းဘ၀ အရာရွိဘ၀နဲ႔ တင့္ေတာင့္တင့္တယ္ အေျခတက်ေလးေနၾကတာေပါ့ ဆိုရင္ ကိုယ္က မျဖစ္ႏိုင္ဘူးလို႔ေျဖတယ္။ ကိုယ့္လူမ်ိဳးက ကၽြန္ျဖစ္ေနတဲ့ ဥစၥာ ၊ ကိုယ္က ဘယ္လိုလုပ္ လက္ပိုက္ၾကည့္ေနႏိုင္မွာတုန္းလို႔ ဘႀကီးက ေျဖတယ္။

ဒါနဲ႔ တိုတိုေျပာရရင္ ကိုယ္တို႔ႏွစ္ေယာက္လမ္းခြဲၾကတယ္လို႔ပဲ ဆိုပါေတာ့ကြာ။ ေနာက္ပိုင္း သူလည္း အိမ္ေထာင္ရက္သားက်၊ ကေလးေတြ ဘာေတြ ထြန္းကား၊ အတည္တက်ျဖစ္သြားေတာ့ ကိုယ္လည္း၀မ္းသာရတာေပါ့။
ဒီေခတ္ပိုင္း ဂ်ာနယ္လစ္တခ်ိဳ႕က သူ႔ကို အင္တာဗ်ဴးလုပ္တာ ကိုယ္ဖတ္ရတယ္။ သူတို႔က ေမးၾကတယ္။ အကယ္ဒမီတစ္ဆုရၿပီးေနာက္ပိုင္း အေမဘာေၾကာင့္ ရုပ္ရွင္ဆက္မရိုက္ေတာ့တာလဲ တဲ့ . . . ။
သူက ေျဖတယ္။
အေမ လူတစ္ေယာက္ကို တစ္ခါက ေပးခဲ့ဖူးတဲ့ ကတိတစ္ခု ရွိလို႔ပါ . . . တဲ့။

* * * * * *
၁၉၅၆-ခုႏွစ္ ေအာင္မာဃ ထိုးစစ္အတြင္းမွာ အလံနီဌာခ်ဳပ္ကို ထိုးစစ္ဆင္တာကို ခံရၿပီးေနာက္ပိုင္း၊ အလံနီဌာနခ်ဳပ္ ဟိုေျပာင္း သည္ေရႊ႕ တေရြ႕ေရြ႕နဲ႕ ရခိုင္မွာ အေျခစိုက္တယ္။ အလံနီဌာနခ်ဳပ္ဆိုတာ ဘာလဲ လို႔ အဓိပၸါယ္ဖြင့္ရရင္ သခင္စိုး စခန္းခ် ေနထိုင္တဲ့ေနရာဟာ အလံနီဌာနခ်ဳပ္ပါပဲ။

တစ္ခ်က္လႊတ္ သတ္မိန္႔ေပးဖို႔ ဘယ္ေတာ့မွ ႏႈတ္မေႏွးတဲ့ သခင္စိုးရဲ႕လက္ေအာက္မွာ ရခိုင္အလံနီရဲေဘာ္ ေတာ္ေတာ္မ်ားမ်ား ဟိုတစ္ခါ သည္တစ္ေယာက္ ဆိုသလို အသတ္ခံၾကရတယ္။ “လူမ်ိဳးေရးအျမင္က်ဥ္း၀ါဒီေတြ” ၊ “ပစၥည္းမဲ့ အာဏာရွင္၀ါဒကို ဆန္႔က်င္တဲ့သူေတြ” အစရွိတဲ့ စကားလံုးႀကီးႀကီးေတြ သံုးၿပီး ကြပ္မ်က္ခံရတယ္။ သုတ္သင္ျခင္းခံရတယ္။

ဒီေတာ့ ေနာက္ဆံုး ရခိုင္ရဲေဘာ္ေတြကလည္း ဆက္လက္ သည္းညဥ္းမခံႏိုင္ေတာ့ဘူး။ ကိုေမာင္ဟန္ဟာ လူ(၄၀) လက္နက္(၄၀) ေလာက္ကို ဦးေဆာင္ၿပီးေတာ့ ေပါက္ေတာၿမိဳ႕နယ္ ဖဒူကၽြန္းကို ေျပာင္းေရြ႕အေျခစိုက္တယ္။ သူ႕အေနနဲ႔ ဘာဆက္လုပ္ရမွန္း အေသအခ်ာေတာ့ မသိဘူး။ ဒါေပမဲ့ ေသခ်ာတာတစ္ခုကေတာ့ သခင္စိုးရဲ႕ အလံနီကြန္ျမဴနစ္ပါတီကေန ခြဲထြက္လာတာပဲ။ ဖဒူကၽြန္းမွာ သူ႕မိန္းမနဲ႔ မိန္းမေဆြမ်ိဳးေတြ ရွိေတာ့ ဒီနယ္ကို အေျခခံမယ္ ဆိုၿပီး သူေျပာင္းလာတာ။

သခင္စိုးရဲ႕ ရခိုင္လူမ်ိဳးတပည့္ရင္း ရဲနီေက်ာ္ဇံရႊီရယ္၊ ရခိုင္ရဲေဘာ္ ေျခာက္ေယာက္ရယ္ပဲ ဌာနခ်ဳပ္မွာက်န္ခဲ့တယ္။ ရဲနီေက်ာ္ဇံရႊီက သခင္စိုးကို ေၾကာက္ေၾကာက္နဲ႔ ေဖ်ာင္းဖ်ရတယ္။ “ဆရာႀကီး . . . ၊ ေမာင္ဟန္ က လူငယ္ဆိုေတာ့ စိတ္ျမန္ လက္ျမန္နဲ႔ တဇြတ္ထိုးလုပ္တတ္လို႔ အခုလိုျဖစ္သြားရတာပါ။ ဒါေပမဲ့ ကၽြန္ေတာ္က စိတ္ရွည္လက္ရွည္နဲ႔ ေျပာျပရင္ သူတို႔လက္ခံၾကမွာပါ” ဆိုၿပီး သခင္စိုးကို နားသြင္းတယ္။ ေအး . . . ၊ မင္းသြားၿပီး ျပန္လာဖို႔ေခၚလို႔ ရႏိုင္ပါ့မလား။
ရႏိုင္ပါတယ္ ဆရာႀကီး။
ေအး မင္းသြားၿပီး သူတို႔ကို နားခ်ေခၚလာခဲ့။ လိုတဲ့လူေတြ ေခၚသြား . . . ဆိုေတာ့ ဌာနခ်ဳပ္မွာ က်န္ခဲ့တဲ့ ရခိုင္ရဲေဘာ္ ေျခာက္ေယာက္ကို ေခၚၿပီး၊ ရဲနီေက်ာ္ဇံရႊီ ဖဒူကၽြန္းကို ေပါက္ခ်လာပါေလေရာ။ ဒါေပမဲ့ ရဲနီေက်ာ္ဇံရႊီတို႔အုပ္စုကို ကိုေမာင္ဟန္တို႔က ေတြ႕တာနဲ႔ ၀ိုင္းထားၿပီး ေသနတ္နဲ႔ ခ်ိန္ထားေတာ့တာပါပဲ။ “ရပ္။ ဘာမွ ေထြလီကာလီ ေလွ်ာက္ေျပာ မေနနဲ႔။ ခင္ဗ်ားကို သခင္စိုးလႊတ္လိုက္တာပဲ ျဖစ္ရမယ္။ ခင္ဗ်ားက သခင္စိုး လူပဲ” စသည္ျဖင့္ တားဆီးၿပီး ရန္ရွာေတာ့တာပါပဲ။

အဘိုးႀကီး ရဲနီေက်ာ္ဇံရႊီက အေလာတႀကီး ရွင္းျပရတယ္။ “ေဟ့ . . . ေမာင္ဟန္ေရ . . . ၊ ေနပါဦးကြ။ ငါတို႔လည္း ဌာနခ်ဳပ္မွာ ဆက္ေနရင္ သခင္စိုးသတ္လို႔ေသရေတာ့မယ္။ မင္းတို႔လူငယ္ေတြ ထြက္သြားေတာ့ ငါက တစ္ပတ္လွည့္နဲ႔ လႊတ္လိုက္တာလို႔ သခင္စိုးက မထင္ဘဲ ေနပါ့မလားကြ။ ဒါနဲ႔ ငါလည္း သခင္စိုးကို အယံုသြင္းၿပီး အသာကေလး လစ္လာရတာ” လို႔ ရွင္းျပရတယ္။

ဒီလိုနဲ႔ ရခိုင္ဘက္ကို ေရာက္ေနတဲ့ အလံနီကြန္ျမဴနစ္ပါတီဟာ ရခိုင္-ဗမာ ႏွစ္ျခမ္းကြဲၿပီးေတာ့ ရခိုင္ျပည္ကြန္ျမဴနစ္ပါတီ (Arakan Communist Party) ဆိုတာ ေပၚေပါက္လာတယ္။ ရဲနီေက်ာ္ဇံရႊီက လူႀကီးဆိုေတာ့ သူ႔ကိုပဲ ေခါင္းေဆာင္တင္ရတာေပါ့။ ေခါင္းေဆာင္ပိုင္းထဲက လူငယ္ေတြျဖစ္ၾကတဲ့ ကိုေမာင္ဟန္တို႔ ကိုေရႊသာတို႔ကလည္း ဘႀကီးကို လွမ္းဆက္သြယ္တယ္။ (ကိုေမာင္ဟန္က ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာသား၊ ကိုေရႊသာက အရင္တုန္းက ရခိုင္ေသာတုဇနအဖြဲ႕မွာ ပါဖူးတယ္။) သူတို႔ကေျပာတယ္။ ကိုယ့္လူေရ . . . ကြန္ျမဴနစ္၀ါဒနဲ႔ အမ်ိဳးသားေရး၀ါဒကို ေပါင္းစည္းေဆာင္ရြက္ၾကဖို႔ အခ်ိန္ေကာင္းကို ေရာက္လာၿပီ။ သူတို႔နဲ႔ လက္တြဲပါေပါ့။ ဒီလိုနဲ႔ ကိုယ္လည္း ရခိုင္ျပည္ကြန္ျမဴနစ္ပါတီ (A.C.P. ၊ဒါမွမဟုတ္၊ ရကပ) ရဲ႕ ႏိုင္ငံျခားဆက္သြယ္ေရးကို တာ၀န္ယူရတဲ့ ၿမိဳ႕ေပၚ ယူဂ်ီေခါင္းေဆာင္ျဖစ္လာတယ္။ (ရခိုင္ျပည္ကြန္ျမဴနစ္ပါတီအေၾကာင္းကို ဓါတ္ပံုပါ မွတ္စုတါင္ၾကည့္ပါ။)

၁၉၆၆-ခုႏွစ္မွာ ကိုယ္ ယူဂ်ီလုပ္ေနတာကို အုပ္မိသြားလို႔ အဖမ္းခံရတယ္။ ေထာင္ေလးႏွစ္ေလာက္က်တယ္။ ေထာင္ကလြတ္လာေတာ့ စိုက္ပ်ိဳးေရး ေမြးျမဴေရးလုပ္ငန္းေတြလုပ္ၿပီး ကိုယ့္ဘ၀ကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားခဲ့ဖူး ေသးတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေအာင္ျမင္ခဲ့ဘူး။

ဘႀကီး ပတမဆံုးခ်ခဲ့တဲ့ ဥယ်ာဥ္စိုက္ခင္းဟာ ဘူးသီးေတာင္ေဘာလံုးကြင္းနားမွာေပါ့။ နာနတ္၊ လိေမၼာ္၊ ေရွာက္ အစရွိသည္အားျဖင့္ စိုက္တယ္။ ၾကက္ေမြးျမဴေရးလည္းလုပ္တယ္။ ဒါေပမဲ့ အဲဒီတုန္းက ေဒသအုပ္ခ်ဳပ္ေရးအရာရွိျဖစ္တဲ့ ဘူးသီးေတာင္ မလကဥကၠဌ ဗိုလ္ႀကီးေအာင္ျဖဴက ဒီၿခံကြက္ဟာ ၿမိဳ႕ျပဧရိယာထဲမွာ အက်ံဳး၀င္ေနတယ္၊ ဒါေၾကာင့္ စိုက္ပ်ိဳးေမြးျမဴေရး မလုပ္ရဘူး ဆိုၿပီး အေၾကာင္းၾကားတယ္၊ တားျမစ္တယ္၊ ရာဇသံပို႔တယ္နဲ႔ . . . ေနာက္ဆံုးေတာ့ ကိုယ္လည္း ထားလိုက္ပါေတာ့ကြာ ဆိုၿပီး ၿခံကို ဖ်က္တယ္။ နာနတ္သီးေတြကို အကုန္ခုတ္ၿပီး ယူခ်င္တဲ့လူ လူေပေတာ့ ဆိုၿပီး ေခ်ာင္းနားမွာ ပစ္ထားလိုက္တယ္။ ကိုယ့္ဆီမွာ အလုပ္လုပ္တဲ့ ကုလားေလးဆိုရင္ အဲသည္ေန႔က ထိုင္ငိုေနလိုက္တာ ေျပာမေနနဲ႔ေတာ့ . . . ။ သူနဲ႔ ကိုယ္နဲ႔ ႏွစ္ဦး လုပ္အားထည့္ၿပီး ပ်ိဳးေထာင္လာခဲ့တဲ့ ၿခံကိုးကြ။ ကိုယ့္မွာလည္း လုပ္ငန္းဆံုးရံႈးတယ္။ သူ႕မွာလည္း အလုပ္ဆံုးရံႈးတယ္။ ႏွစ္ဦးစလံုး အတူ ဆံုးရံႈးတာကေတာ့ ကိုယ့္လက္ကိုယ့္ေျခနဲ႔ ပ်ိဳးေထာင္လာခဲ့တဲ့ အသီးအပြင့္ေတြကို ဆံုးရံႈးဝကတာပါပဲ။ ၀မ္းနည္းတာေပါ့။

ၿပီးေတာ့ ေနာက္တစ္ခါက်ေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္မွာ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ဖို႔ အားထုတ္ျပန္တယ္။ ကိုယ့္ညီမ မေက်ာ့စိန္က ေစတီျပင္ေက်းရြာမွာ သူနာျပဳအေနနဲ႔ တာ၀န္က်တယ္။ ကိုယ္က အဲသည္ရြာမွာ ရဲစခန္းနဲ႔ ဓါးလြယ္ခုတ္က ေခ်ာင္းကမ္းစပ္ေနရာကို မ်က္စိက်မိတယ္။ ကိုယ္က ရန္ကုန္ သာေကတမွာလည္း ဘဲေမြးျမဴေရးလုပ္ဖူးတယ္။ ေရတက္ေရက်ရွိတဲ့ေနရာဆိုရင္ ဘဲေမြးရတာ အဆင္ေျပတယ္။

ဒါနဲ႔ ကိုယ္လည္း အဲသည္ေနရာမွာ ဘဲေမြးျမဴေရးနဲ႔ ေျခလွမ္းစျပန္တယ္။ ဒါေပမဲ့ သိပ္မၾကာပါဘူး။ အတိုက္အခိုက္က ေပၚလာျပန္ေတာ့တယ္။ အဲသည္ရြာမွာက ေျပာက္က်ားအလင္း၀င္တစ္ေယာက္ရွိေနတယ္။ ကိုယ္ဟာ ကိုယ့္ညီမကတစ္ဆင့္ ပတ္၀န္းက်င္ေက်းရြာေတြက အလံနီေတြနဲ႔ ဆက္သြယ္ေနပါတယ္ ဆိုၿပီး အဲဒီလူက ရဲစခန္းကို တိုင္တယ္။ ဒီေတာ့ အဲသည္က ရဲေတြက ကိုယ့္ကို လာေျပာၾကတယ္။ “ဆရာရယ္ . . . ၊ ဆရာေနရာေျပာင္းၿပီး အလုပ္လုပ္ရင္ေကာင္းမယ္ ထင္ပါတယ္” လို႔ ဆိုလွာျပန္တယ္။ အနီးအနားက ေက်းရြာေတြမွာ အလံနီေတြ ရွိေနတ၃ာလည္း အမွန္ပဲ။ ကိုယ္ကလည္း အလံနီလူထြက္ ျဖစ္ေနတာကလည္း အမွန္ပဲ။ ဒီေတာ့ ရွင္းရခက္ေနတာေပါ့။

ရဲစခန္းကရွင္းျပတာက ဒီလိုပါ။ ဆရာရယ္၊ အဲသည္ပုဂၢိဳလ္က အခုေလာေလာဆယ္ ကၽြန္ေတာ္တို႔ကို တိုင္ေနတာဆိုေတာ့ ေတာ္ေသးတယ္။ ေနာက္ပိုင္း ၿမိဳ႕ကိုသာ သြားတိုင္ရင္ ကၽြန္ေတာ္လည္း ရွင္းရခက္ေတာ့မွာ . . . ဆိုၿပီး ေျပာျပတယ္။ ဒါနဲ႔ ေနာက္တစ္ႀကိမ္ ကိုယ့္လုပ္ငန္းကို ဖ်က္ရျပန္တယ္။

ေနာက္ဆံုးမွာေတာ့ စစ္ေတြၿမ်ဳ႕ေပၚ ျပန္တက္ၿပီး က်ဴရွင္ဆရာျဖစ္ရေတာ့တာပါပဲ။ စစ္ေတြ ေမာလိပ္ရပ္ကြက္ သံုးထပ္တိုက္ေဟာင္းႀကီးရဲ႕ အေပၚဆံုးထပ္ ေလးလႊာမွာ စာျပျပန္တယ္။ စစ္ေတြမွာ တိုက္ေတြရွားတဲ့ေခတ္က သံုးဆင့္တိုက္ လို႔ လူေတြက ေခၚၾကတဲ့ အေဆာက္အအံုေပါ့။ (အဲသည္ သံုးထပ္တိုက္မွာ ကၽြန္ေတာ္ အသက္ ဆယ့္သံုးႏွစ္သားအထိ ေနခဲ့တယ္ လို႔ စာေရးသူက ၾကားျဖတ္၀င္ေျပာပါတယ္။)

ေတာမွာေနတုန္းက အေကာင္းသား၊ စစ္ေတြကို ေက်ာင္းဆရာဘ၀နဲ႔ ေရာက္လာေတာ့မွ ႏိုင္ငံေရးအလုပ္နဲ႔ ထဲထဲ၀င္၀င္ ျဖစ္သြားပါေလေရာ။ ဒီမွာက ကိုယ့္လူေတြကို အံုနဲ႔က်င္းနဲ႔ ျပန္ေတြ႕ရတာကိုး။ လႈပ္ရွားမႈေတြက မ်ားလြန္းေတာ့ အစိုးရက တခ်ိဳ႕အခ်ိတ္အဆက္ေတြကို မိသြားရာကေန ကိုယ့္အေနနဲ႔ ယူဂ်ီဘ၀နဲ႔ေတာင္ မေနႏိုင္ေတာ့ဘဲ ထြက္မေျပးရင္ မရေတာ့တဲ့ အေျခအေနဆိုက္လာတယ္။ ဒါနဲ႔ ၁၉၇၂-ခုႏွစ္မွာ ဘႀကီး ျပန္လည္ ေတာခိုခဲ့တယ္။ မင္းသူငယ္ခ်င္း ကိုယ့္သားဦးေလး ၿငိမ္းခ်မ္းဦး သံုးလသားအရြယ္မွာ ဘႀကီးလည္း မလြဲမေရွာင္သာ ေတာခိုခဲ့ရျပန္တယ္။

ၿငိမ္းခ်မ္းဦးရဲ႕အေမက ကိုယ့္ရဲ႕ ပထမအိမ္္ေထာင္ေပါ့။ ကိုယ္ေတာခိုေနစဥ္ကာလမွာ ၿငိမ္းခ်မ္းဦးအေမက ေနာက္အိမ္ေထာင္ျပဳသြားခဲ့တယ္။ ကိုယ္ေတာ့ အျပစ္မတင္ခ်င္ပါဘူး။

ဘႀကီးတို႔ ရခိုင္လူမ်ိဳး ျမန္မာလူမ်ိဳးတို႔ အဖို႔မွာ အမ်ိဳးသမီးတစ္ေယာက္ အိမ္ေထာင္ျပဳတယ္ဆိုတာ အားကိုးအားထားရာ ရွာၾကတဲ့ သေဘာပဲေလ။ ကိုယ္အိမ္ေထာင္ျပဳလိုက္တဲ့လူက အားကိုးအားထားျပဳလို႔မရတဲ့အတြက္ အားကိုးအားထားေနာက္တစ္ေယာက္ရွာသြားတာကိုေတာ့ ဘႀကီးခြင့္လႊတ္ပါတယ္။

(အပိုင္း-သံုးကို ဆက္လက္ ဖတ္ရႈပါရန္)

* * * * * * * *

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s