ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)

[💛 standard version | 💙 zawgyi version]

💛💛💛💛💛

စံရွှေမောင် (သို့မဟုတ်) လက်နက်ချ ရကပ ကျားတစ်ကောင် (အပိုင်း-သုံး)

အပိုင်း (သုံး)
ရခိုင့်ပြည်သူ့ သမ္မတနိုင်ငံ

တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ရကပ ဥက္ကဌ ရဲနီကျော်ဇံရွှီတို့ ငပလီက ဘန်ဂလိုတစ်ခုမှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ်အရ ဆွေးနွေးနေကြတာကို သား (စာရေးသူ) မြင်ဖူးတယ်လို့ ပြောတယ်နော်။ အဲသည် ဓါတ်ပုံမှာ ရဲနီကျော်ဇံရွှီဘေးက ထိုင်နေတဲ့ အသက်အစိတ်လောက် လူငယ်တစ်ယောက်ကို မင်းတွေ့မှာပေါ့။ သူက ကိုစံလှိုင် ဆိုတာပေါ့။

ရကပ မှာ ရဲနီကျော်ဇံရွှီက ကိုယ်တို့ထက် အသက်ကြီးပေမယ့် ကိုယ် ရယ်၊ ကိုမောင်ဟန် ရယ်၊ ကိုရွှေသာရယ်၊ ကိုစံလှိုင်ရယ်၊ ကိုရွှေမိုးအောင်ရယ်၊ ကိုသိန်းဖေရယ် . . . အစရှိတဲ့ သူ့လက်ထောက်လို့ ဆိုရမယ့် လူတွေက ကိုယ်နဲ့ ရွယ်တူတန်းတူ မတိမ်းမယိမ်းတွေ။ ကိုစံလှိုင်ကတော့ နည်းနည်းပိုကြီးမလားမသိဘူး။

ရခိုင်ပြည် ကွန်မြူနစ်ပါတီဟာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စစ်တွေကတစ်ဆင့် ရန်ကုန်နဲ့ ငပလီကို သွားရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကမ်းလှမ်းတယ်ဆိုတော့ . . . ကိုယ်က ပါတီမှာ ပြောပြတယ်။ ဒီဆွေးနွေးပွဲအားဖြင့် ရလဒ်ကောင်းရမယ်ဆိုတာကို မမျှော်လင့်နိုင်ပေမယ့်၊ ဒီဆွေးနွေးပွဲအားဖြင့် ကိုယ်တို့ရဲ့ မူဝါဒ က ဘာလဲ ဆိုတာကို ပြည်သူလူထုမြင်အောင် ချပြသွားနိုင်လိမ့်မယ်။ ဒီတော့ ဒီဆွေးနွေးပွဲကို ဝင်သင့်တယ် . . . အစရှိသည်အားဖြင့် ကိုယ်က တင်ပြတယ်။ ကျန်တဲ့ ဗဟိုကော်မတီဝင်တွေကလည်း ဒီသဘောထားအတိုင်းပဲ ရှိကြတော့ ရကပဟာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ဖြစ်သွားတယ်။

အဲသည်အချိန်မှာ ကိုယ်တို့အဖိုးကြီး ရဲနီကျော်ဇံရွှီဟာ ဗကပတွေ ၀ိုင်းတိုက်တာကို ခံရလို့ ကျောက်တော်မြို့နယ်ထဲမှာ လူလက်နက် (၇၀) လောက်နဲ့ ချာချာလည်နေတဲ့အချိန်ပေါ့။ အခြားသော ရကပ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးပွဲအတွက် စစ်တွေကို တဖွဲဖွဲရောက်လာကြချိန်မှာ ယူဂျီဖြစ်နေတဲ့ ကိုယ်လည်း စစ်တွေကို ရောက်လာတယ်။ ကိုယ်တို့ရဲ့ ခေါင်းဆောင်ကြီး ကျော်ဇံရွှီ ကိုယ်၌က ဘာဆွေးနွေးရမှန်းကို သိသေးတာ မဟုတ်ဘူး။ “ငါ အစာ ပြောရဖို့လေး . . . ဝေး” လို့ပဲ မေးတယ်။ ဒါနဲ့ ဟိုစဉ်က အလင်းဝင်ပြီး ဒီမိုကရေစီသစ်ပါတီ ဆိုတဲ့ နာမည်နဲ့ မြေပေါ်ပါတီထောင်လှုပ်ရှားနေတဲ့ ဘုံဘောက်သာကျော်ဆီ ကိုယ်သွားတွေ့ ဆွေးနွေးတယ်။

“ဆိုဗီယက်ပုံစံ ပြည်ထောင်စုစနစ်ကို မင်းသိသားပဲ။ အဲဒီပုံစံအတိုင်းပဲ ပေါ့ကွာ။ တို့လိုချင်တာကတော့ ရခိုင်ပြည်သူ့သမ္မတ နိုင်ငံပေါ့ကွာ။ ဒါပေမဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင် သမ္မတ နိုင်ငံပေါ့။” လို့ ဘုံဘောက်သာကျော်က လမ်းကြောင်းချပေးတယ်။

ဘုံဘောက်သာကျော် ပြောတာကို ကိုယ်သဘောကျတယ်။ ကိုယ့်မိတ်ဆွေတွေနဲ့ပြန်ညှိတော့၊ သူတို့လည်း သဘောတူတယ်။ ဒါနဲ့ ကိုယ်တို့ရဲ့ ခေါင်းဆောင် ရဲနီကျော်ဇံရွှီကို ဆွေးနွေးပွဲမှာ ဒီမူအတိုင်းပဲ ရပ်တည်သွားဖို့ ၀ိုင်းဝန်းတင်ပြကြတယ်။ သူကလည်း ကြိုက်တယ်။

ဒါနဲ့ ရဲနီကျော်ဇံရွှီခေါင်းဆောင်တဲ့ ရခိုင်ပြည်ကွန်မြူတစ်ပါတီရဲ့ တောင်းဆိုချက်ဟာ ရခိုင်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ရေးဖြစ်တယ် ဆိုတာ ကျယ်ကျယ်လောင်လောင် အသံထွက်လာတော့ စစ်တွေဘက်က လက်ဝဲယိမ်းတဲ့ ရခိုင်အမျိုးသားရေးလူငယ်တွေရဲ့ ထောက်ခံမှုကို ရလာတယ်။ စစ်တွေက သတ္တိကောင်းကောင်း ခေတ်ပညာတတ် ကိုစောမောင်တို့အုပ်စု ကိုယ်တို့နဲ့တက်သွယ်ပြီးတော့ ရကပ ဆီမှာ တောခိုတယ်။ ကိုစောမောင်၊ ကိုဗသိန်း၊ ကိုကျော်ဇံ၊ ကိုအောင်စိန်သာ နဲ့ ကိုရွှေမင်းတို့ ငါးယောက်ပေါ့။ (ကိုစောမောင်က စာရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်တစ်ပိုင်း ရှေ့နေတစ်ပိုင်း ကျူရှင်ဆရာတစ်ပိုင်း။ “ကြောင်လိမ်လှေကား ကဗျာများ” စာအုပ်နဲ့ စာပေဗိမာန် စာမူဆု ရဖူးတယ်။ ကိုဗသိန်းက သမိုင်းဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ ကျောင်းဆရာ။)

သူတို့က ခေတ်ပညာတတ်တွေဆိုတော့ အဖိုးကြီး ရဲနီကျော်ဇံရွှီ မမြင်နိုင်တဲ့ အကြောင်းအရာတွေကို မြင်တတ်ကြတယ်။ ကိုစောမောင်ဆိုရင် နိုင်ငံရေးသိပ္ပံကို ထဲထဲဝင်ဝင် လေ့လာဖူးတဲ့သူ။

ဒီတော့ ခေတ်ပညာမတတ် လှေကြီးထိုးရိုးရိုး ပြောက်ကျားခေါင်းဆောင်တွေနဲ့ မြို့ပေါ် ခေတ်ပညာတတ် လက်ဝဲလူငယ်တွေ အကြားမှာ တစ်ဘက်နဲ့ တစ်ဘက် စိတ်ပျက်စရာတွေ ဖြစ်ပျက်လာကြတော့တယ်။

ဆိုပါတော့ . . . ဘာမှမဟုတ်တဲ့ အစားအသောက်ကိစ္စကအစ စကားပြောမိရာကနေ ငြိုငြင်စရာဖြစ်လာတယ်။ ဥပမာအားဖြင့် တပ်သားတွေကို အဟာရပြည့်ဝတဲ့ အစားအသောက်တွေ ကျွေးသင့်တယ်လို့ ကိုစောမောင်က သွားအကြံပြုမိတာမျိုး၊ ပရိုတိန်းပမာဏ ဘယ်လောက်ပါသင့်တယ် ဆိုတာမျိုးတွေ လာပြောတာမျိုးကျတော့ ရဲနီကျော်ဇံရွှီ အတွက် အမြင်ကတ်စရာ ဖြစ်လာတယ်။ “ဝေး . . . ၊ စောမောင်၊ ပရိုတိန်းဆိုစာ အစာလေးဝေး။ ငရို့ ကတော့ခါ တောထေးမာ ရစွာစားပြီး အသက်ရှင်နီကတ်စွာ” လို့ ခနဲ့တဲ့တဲ့ ပြန်ပြောတယ်။

ဒီလိုနဲ့ ကြာလာတော့ ဒီမှာ ဆက်နေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို ကိုစောမောင်တို့အုပ်စု ကလည်း မြင်လာတယ်။ သူတို့ရောက်ပြီး သုံးလကျော် လေးလလောက်အကြာမှာပဲ ထွက်စာတင်ကြတော့တယ်။ ကိုယ်တို့ဆီမှာကတော့ ပါတီကထွက်ဖို့ကြိုးစားရင် သတ်ပစ်တယ် ဆိုတာမျိုးမှ မရှိပဲ။ ဒါပေမဲ့ သူတို့ကို ပြန်လွှတ်လိုက်ရတဲ့အတွက် ပါတီအနေနဲ့ တော်တော် ကရိကထများသွားရပြီးပေါ့။ စခန်းတွေ ဘာတွေ ပြောင်းရတယ်။ တခြားစီစဉ်စရာရှိတာတွေကို စီစဉ်ရတယ်။ ကိုရွှေမင်းက ကာဘိုင်အစုတ်တစ်လက်ယူသွားပြီး၊ မရမက ဇွတ်ပြန်သွားတယ်။ ကိုဗသိန်း၊ ကိုအောင်စိန်သာနဲ့ ကိုကျော်ဇံတို့က သူ့နည်းသူ့ဟန်နဲ့ အသာလေးလစ်ပြီး မြို့ပေါ်ပြန်ရောက်သွားတယ်။ ကိုစောမောင်က ထွက်စာတင်တယ် ဆိုတော့ သူ့ကို ပါတီက ခဏထိန်းသိမ်းထားသေးတယ်။ အားလုံး အဆင်သင့်ဖြစ်တဲ့အခါ သူ့ကို လွှတ်ပေးလိုက်တယ်။ သူတို့ပြန်ရောက်သွားတဲ့အခါ မြို့နယ်အဆင့် ပါတီကောင်စီတွေဆီမှာ တရားဝင် အလင်းဝင်တယ်နဲ့ တူပါတယ်။

အဲသလိုနဲ့ ကိုစောမောင်တို့ ခေတ်ပညာတတ်အုပ်စု ပါတီကို စွန့်ခွာပြီး မြို့တွင်းကို ပြန်ရောက်သွားတယ်။ သူတို့ဒီလို စွန့်ခွာသွားတာဟာ ကိုယ်တို့ရဲ့ မြို့ပေါ် စည်းရုံးရေးကို တော်တော် အထိနာသွားစေခဲ့တယ်။

(ကျော်ဇောဦး ရေးသားသည်။)


[💙💙💙💙💙 zawgyi version]

စံေရႊေမာင္ (သို႔မဟုတ္) လက္နက္ခ် ရကပ က်ားတစ္ေကာင္ (အပိုင္း-သံုး)
==========================

အပိုင္း (သံုး)
ရခိုင့္ျပည္သူ႔ သမၼတႏိုင္ငံ

ေတာ္လွန္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေန၀င္း နဲ႔ ရကပ ဥကၠဌ ရဲနီေက်ာ္ဇံရႊီတို႔ ငပလီက ဘန္ဂလိုတစ္ခုမွာ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ အစီအစဥ္အရ ေဆြးေႏြးေနၾကတာကို သား (စာေရးသူ) ျမင္ဖူးတယ္လို႔ ေျပာတယ္ေနာ္။ အဲသည္ ဓါတ္ပံုမွာ ရဲနီေက်ာ္ဇံရႊီေဘးက ထိုင္ေနတဲ့ အသက္အစိတ္ေလာက္ လူငယ္တစ္ေယာက္ကို မင္းေတြ႕မွာေပါ့။ သူက ကိုစံလိႈင္ ဆိုတာေပါ့။

ရကပ မွာ ရဲနီေက်ာ္ဇံရႊီက ကိုယ္တို႔ထက္ အသက္ႀကီးေပမယ့္ ကိုယ္ ရယ္၊ ကိုေမာင္ဟန္ ရယ္၊ ကိုေရႊသာရယ္၊ ကိုစံလိႈင္ရယ္၊ ကိုေရႊမိုးေအာင္ရယ္၊ ကိုသိန္းေဖရယ္ . . . အစရွိတဲ့ သူ႕လက္ေထာက္လို႔ ဆိုရမယ့္ လူေတြက ကိုယ္နဲ႔ ရြယ္တူတန္းတူ မတိမ္းမယိမ္းေတြ။ ကိုစံလိႈင္ကေတာ့ နည္းနည္းပိုႀကီးမလားမသိဘူး။

ရခိုင္ျပည္ ကြန္ျမဴနစ္ပါတီဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအတြက္ စစ္ေတြကတစ္ဆင့္ ရန္ကုန္နဲ႔ ငပလီကို သြားေရာက္ေဆြးေႏြးၾကတာျဖစ္ပါတယ္။

ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအတြက္ ကမ္းလွမ္းတယ္ဆိုေတာ့ . . . ကိုယ္က ပါတီမွာ ေျပာျပတယ္။ ဒီေဆြးေႏြးပြဲအားျဖင့္ ရလဒ္ေကာင္းရမယ္ဆိုတာကို မေမွ်ာ္လင့္ႏိုင္ေပမယ့္၊ ဒီေဆြးေႏြးပြဲအားျဖင့္ ကိုယ္တို႔ရဲ႕ မူ၀ါဒ က ဘာလဲ ဆိုတာကို ျပည္သူလူထုျမင္ေအာင္ ခ်ျပသြားႏိုင္လိမ့္မယ္။ ဒီေတာ့ ဒီေဆြးေႏြးပြဲကို ၀င္သင့္တယ္ . . . အစရွိသည္အားျဖင့္ ကိုယ္က တင္ျပတယ္။ က်န္တဲ့ ဗဟိုေကာ္မတီ၀င္ေတြကလည္း ဒီသေဘာထားအတိုင္းပဲ ရွိၾကေတာ့ ရကပဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ျဖစ္သြားတယ္။

အဲသည္အခ်ိန္မွာ ကိုယ္တို႔အဖိုးႀကီး ရဲနီေက်ာ္ဇံရႊီဟာ ဗကပေတြ ၀ိုင္းတိုက္တာကို ခံရလို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲမွာ လူလက္နက္ (၇၀) ေလာက္နဲ႔ ခ်ာခ်ာလည္ေနတဲ့အခ်ိန္ေပါ့။ အျခားေသာ ရကပ ဗဟိုေကာ္မတီ၀င္ေတြ ေဆြးေႏြးပြဲအတြက္ စစ္ေတြကို တဖြဲဖြဲေရာက္လာၾကခ်ိန္မွာ ယူဂ်ီျဖစ္ေနတဲ့ ကိုယ္လည္း စစ္ေတြကို ေရာက္လာတယ္။ ကိုယ္တို႔ရဲ႕ ေခါင္းေဆာင္ႀကီး ေက်ာ္ဇံရႊီ ကိုယ္၌က ဘာေဆြးေႏြးရမွန္းကို သိေသးတာ မဟုတ္ဘူး။ “ငါ အစာ ေျပာရဖို႔ေလး . . . ေ၀း” လို႔ပဲ ေမးတယ္။ ဒါနဲ႔ ဟိုစဥ္က အလင္း၀င္ၿပီး ဒီမိုကေရစီသစ္ပါတီ ဆိုတဲ့ နာမည္နဲ႔ ေျမေပၚပါတီေထာင္လႈပ္ရွားေနတဲ့ ဘံုေဘာက္သာေက်ာ္ဆီ ကိုယ္သြားေတြ႕ ေဆြးေႏြးတယ္။

“ဆိုဗီယက္ပံုစံ ျပည္ေထာင္စုစနစ္ကို မင္းသိသားပဲ။ အဲဒီပံုစံအတိုင္းပဲ ေပါ့ကြာ။ တို႔လိုခ်င္တာကေတာ့ ရခိုင္ျပည္သူ႕သမၼတ ႏိုင္ငံေပါ့ကြာ။ ဒါေပမဲ့ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံရဲ႕ အဖြဲ႕၀င္ သမၼတ ႏိုင္ငံေပါ့။” လို႔ ဘံုေဘာက္သာေက်ာ္က လမ္းေၾကာင္းခ်ေပးတယ္။

ဘံုေဘာက္သာေက်ာ္ ေျပာတာကို ကိုယ္သေဘာက်တယ္။ ကိုယ့္မိတ္ေဆြေတြနဲ႔ျပန္ညႇိေတာ့၊ သူတို႔လည္း သေဘာတူတယ္။ ဒါနဲ႔ ကိုယ္တို႔ရဲ႕ ေခါင္းေဆာင္ ရဲနီေက်ာ္ဇံရႊီကို ေဆြးေႏြးပြဲမွာ ဒီမူအတိုင္းပဲ ရပ္တည္သြားဖို႔ ၀ိုင္း၀န္းတင္ျပၾကတယ္။ သူကလည္း ႀကိဳက္တယ္။

ဒါနဲ႔ ရဲနီေက်ာ္ဇံရႊီေခါင္းေဆာင္တဲ့ ရခိုင္ျပည္ကြန္ျမဴတစ္ပါတီရဲ႕ ေတာင္းဆိုခ်က္ဟာ ရခိုင္ျပည္သူ႕သမၼတႏိုင္ငံ တည္ေထာင္ေရးျဖစ္တယ္ ဆိုတာ က်ယ္က်ယ္ေလာင္ေလာင္ အသံထြက္လာေတာ့ စစ္ေတြဘက္က လက္၀ဲယိမ္းတဲ့ ရခိုင္အမ်ိဳးသားေရးလူငယ္ေတြရဲ႕ ေထာက္ခံမႈကို ရလာတယ္။ စစ္ေတြက သတၱိေကာင္းေကာင္း ေခတ္ပညာတတ္ ကိုေစာေမာင္တို႔အုပ္စု ကိုယ္တို႔နဲ႔တက္သြယ္ၿပီးေတာ့ ရကပ ဆီမွာ ေတာခိုတယ္။ ကိုေစာေမာင္၊ ကိုဗသိန္း၊ ကိုေက်ာ္ဇံ၊ ကိုေအာင္စိန္သာ နဲ႔ ကိုေရႊမင္းတို႔ ငါးေယာက္ေပါ့။ (ကိုေစာေမာင္က စာေရးဆရာ၊ ကဗ်ာဆရာ၊ ဂ်ာနယ္လစ္တစ္ပိုင္း ေရွ႕ေနတစ္ပိုင္း က်ဴရွင္ဆရာတစ္ပိုင္း။ “ေၾကာင္လိမ္ေလွကား ကဗ်ာမ်ား” စာအုပ္နဲ႔ စာေပဗိမာန္ စာမူဆု ရဖူးတယ္။ ကိုဗသိန္းက သမိုင္းေဆာင္းပါးေတြ ေရးေနတဲ့ စာေရးဆရာ ေက်ာင္းဆရာ။)

သူတို႔က ေခတ္ပညာတတ္ေတြဆိုေတာ့ အဖိုးႀကီး ရဲနီေက်ာ္ဇံရႊီ မျမင္ႏိုင္တဲ့ အေၾကာင္းအရာေတြကို ျမင္တတ္ၾကတယ္။ ကိုေစာေမာင္ဆိုရင္ ႏိုင္ငံေရးသိပၸံကို ထဲထဲ၀င္၀င္ ေလ့လာဖူးတဲ့သူ။

ဒီေတာ့ ေခတ္ပညာမတတ္ ေလွႀကီးထိုးရိုးရိုး ေျပာက္က်ားေခါင္းေဆာင္ေတြနဲ႔ ၿမိဳ႕ေပၚ ေခတ္ပညာတတ္ လက္၀ဲလူငယ္ေတြ အၾကားမွာ တစ္ဘက္နဲ႔ တစ္ဘက္ စိတ္ပ်က္စရာေတြ ျဖစ္ပ်က္လာၾကေတာ့တယ္။

ဆိုပါေတာ့ . . . ဘာမွမဟုတ္တဲ့ အစားအေသာက္ကိစၥကအစ စကားေျပာမိရာကေန ၿငိဳျငင္စရာျဖစ္လာတယ္။ ဥပမာအားျဖင့္ တပ္သားေတြကို အဟာရျပည့္၀တဲ့ အစားအေသာက္ေတြ ေကၽြးသင့္တယ္လို႔ ကိုေစာေမာင္က သြားအႀကံျပဳမိတာမ်ိဳး၊ ပရိုတိန္းပမာဏ ဘယ္ေလာက္ပါသင့္တယ္ ဆိုတာမ်ိဳးေတြ လာေျပာတာမ်ိဳးက်ေတာ့ ရဲနီေက်ာ္ဇံရႊီ အတြက္ အျမင္ကတ္စရာ ျဖစ္လာတယ္။ “ေ၀း . . . ၊ ေစာေမာင္၊ ပရိုတိန္းဆိုစာ အစာေလးေ၀း။ ငရို႕ ကေတာ့ခါ ေတာေထးမာ ရစြာစားၿပီး အသက္ရွင္နီကတ္စြာ” လို႔ ခနဲ႔တဲ႔တဲ႔ ျပန္ေျပာတယ္။

ဒီလိုနဲ႔ ၾကာလာေတာ့ ဒီမွာ ဆက္ေနဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာကို ကိုေစာေမာင္တို႔အုပ္စု ကလည္း ျမင္လာတယ္။ သူတို႔ေရာက္ၿပီး သံုးလေက်ာ္ ေလးလေလာက္အၾကာမွာပဲ ထြက္စာတင္ၾကေတာ့တယ္။ ကိုယ္တို႔ဆီမွာကေတာ့ ပါတီကထြက္ဖို႔ႀကိဳးစားရင္ သတ္ပစ္တယ္ ဆိုတာမ်ိဳးမွ မရွိပဲ။ ဒါေပမဲ့ သူတို႔ကို ျပန္လႊတ္လိုက္ရတဲ့အတြက္ ပါတီအေနနဲ႔ ေတာ္ေတာ္ ကရိကထမ်ားသြားရၿပီးေပါ့။ စခန္းေတြ ဘာေတြ ေျပာင္းရတယ္။ တျခားစီစဥ္စရာရွိတာေတြကို စီစဥ္ရတယ္။ ကိုေရႊမင္းက ကာဘိုင္အစုတ္တစ္လက္ယူသြားၿပီး၊ မရမက ဇြတ္ျပန္သြားတယ္။ ကိုဗသိန္း၊ ကိုေအာင္စိန္သာနဲ႔ ကိုေက်ာ္ဇံတို႔က သူ႕နည္းသူ႕ဟန္နဲ႔ အသာေလးလစ္ၿပီး ၿမိဳ႕ေပၚျပန္ေရာက္သြားတယ္။ ကိုေစာေမာင္က ထြက္စာတင္တယ္ ဆိုေတာ့ သူ႔ကို ပါတီက ခဏထိန္းသိမ္းထားေသးတယ္။ အားလံုး အဆင္သင့္ျဖစ္တဲ့အခါ သူ႕ကို လႊတ္ေပးလိုက္တယ္။ သူတို႔ျပန္ေရာက္သြားတဲ့အခါ ၿမိဳ႕နယ္အဆင့္ ပါတီေကာင္စီေတြဆီမွာ တရား၀င္ အလင္း၀င္တယ္နဲ႔ တူပါတယ္။

အဲသလိုနဲ႔ ကိုေစာေမာင္တို႔ ေခတ္ပညာတတ္အုပ္စု ပါတီကို စြန္႔ခြာၿပီး ၿမိဳ႕တြင္းကို ျပန္ေရာက္သြားတယ္။ သူတို႔ဒီလို စြန္႔ခြာသြားတာဟာ ကိုယ္တို႔ရဲ႕ ၿမိဳ႕ေပၚ စည္းရံုးေရးကို ေတာ္ေတာ္ အထိနာသြားေစခဲ့တယ္။

(ေက်ာ္ေဇာဦး ေရးသားသည္။)

* * * *

(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s