
[💛 standard version | 💙 zawgyi version]
💛💛💛💛💛
စံရွှေမောင် (သို့မဟုတ်) လက်နက်ချ ရကပ ကျားတစ်ကောင် အပိုင်း (လေး)
By Kyaw Zaw Oo
စစ်တွေ ၊ ၂၀ မေလ ၂၀၁၃ ၊ Coral Arakan News ၊ [ အခန်းဆက် အတ္ထုပတ္တိ ဆောင်းပါးရှည် ]
=========================
နယ်သစ်ချဲ့ထွင်ရေး ခွဲထွက်ရေးဝါဒီကုလားတွေ
၁၉၅၄ ခုနှစ် နိုဝင်ဘာလကစတင်တဲ့ မုတ်သုန်စစ်ဆင်ရေးအပြီးမှာ ရခိုင်ပြည်မြောက်ပိုင်းက မူဂျာဟစ်သူပုန်တွေရဲ့ သောင်းကျန်း လူသတ်မုဒိန်းကျင့် ရွာမီးရှိုးလုပ်ရပ်တွေ အတော်အတန် ငြိမ်သက်သွားတယ်။
ဒါပေမယ့် ၁၉၆၆ ခုနှစ်လောက်ကစပြီး ကုလားသူပုန် အုပ်စုငယ်သုံးစု ရခိုင်ပြည် မြောက်ပိုင်းမှာ ပေါ်လာပြန်တယ်။ (တစ်) ဇော်ဖောအုပ်စု။ ဒီဇော်ဖော(အကြီး)ဟာ တစ်ချိန်က ဘာသာမရွေး လူမျိုးမရွေးဝါဒီ ရဲနီကျော်ဇံရွှီ လေ့ကျင့်ပေးခဲ့တဲ့သူ တစ်ယောက်ဖြစ်တယ်။ နောက်တော့ ကိုယ့်အုပ်စုကလေးနဲ့ကိုယ် သူခိုးကြီးတော့ဓါးပြ ဓါးပြကြီးတော့သူပုန်ဆိုသလို ရပ်တည်လာနိုင်ခဲ့တယ်။ (နှစ်) မူဂျာဟစ်သူပုန် ကာဆိန်းအုပ်စုဝင်ဟောင်း အဒူဇော်လီရဲ့အဖွဲ့။ (သုံး) ညောင်ချောင်းကျေးရွာ ပတ်ဝန်းကျင်က ခေတ်ပညာတတ် ဘီအေဇော်ဖောအဖွဲ့ရယ်လို့ …….သုံးဖွဲ့ရှိနေလေတယ်။
အဲသည်အချိန်မှာ စစ်တွေက စူလတန်မာမွတ် (ရခိုင်မှ ဘင်္ဂလီမူဆလင်ခေါင်းဆောင်၊ ဝန်ကြီးဟောင်း) ဦးဆောင်တဲ့ မော်လဝီဆရာ ငါးဦးဟာ “ အာကိစ္စတန် ဦးဆောင်မှုအဖွဲ့” ဆိုတာကို ဖွဲ့တယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ မယူကမ်းသွယ်ကို မူဆလင်တွေရဲ့ Arkistan နိုင်ငံထူထောင်ဖို့ဟာ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်။
အဲသည် အာကိစ္စတန်ဦးဆောင်မှုအဖွဲ့မှာ ကိုယ်ပိုင်စစ်တပ် မရှိလေတော့ အထက်ဖော်ပြ ခဲ့တဲ့အုပ်စုသုံးစုကို စည်းရုံးပြီးပူးပေါင်းစေတယ်။ အဲသည်အဖွဲ့ရဲ့ခေါင်းဆောင်သုံးယောက်ထဲမှာ အတန်းပညာအနည်းဆုံးဇော်ဖောကို အာကိစ္စတန်ဦးဆောင်မှုအဖွဲ့က လိုသလိုကြိုးကိုင်လို့ ရလိမ့် မယ်လို့ သဘောရတဲ့အတွက် အထက်ကပြောခဲ့တဲ့ စူလတန်မာမွတ်နဲ့ စစ်တွေက မော်လဝီငါးဦးရဲ့ ထောက်ခံချက်အားဖြင့် ဇော်ဖောဟာ စစ်ဦးစီးချုပ်(ဆာနီ)ဖြစ်လာတယ်။ ဇော်ဖောရဲ့အလုပ်တွေကို ကူညီဖို့အတွက် လှမြင့်ဆိုတဲ့ ခေတ်ပညာတတ်ကုလားတစ်ယောက်ကို ဇော်ဖောရဲ့ အတွင်းရေးမှူး အနေနဲ့ ခန့်ထားပေးတယ်။ သူတို့ရဲ့အဖွဲ့ကိုလည်း ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေးပါတီဆိုပြီး ဖွဲ့စည်းလိုက်တယ်။¬
စူလတန်မာမွတ်တို့အုပ်စုဟာ ဟိုအချိန်က အာရပ်နဲ့မူဆလင် လောကရဲ့ ခေါင်းဆောင်မှုကို ရယူဖို့ဆန္နပြင်းပြနေတဲ့ လစ်ဗျားက ကဒါဖီကိုယ်စားလှယ်စေလွှတ်ပြီး အကူအညီတောင်းခံတယ်။ သူတို့အကူအညီတောင်းတဲ့ကိစ္စကို လစ်ဗျားက ¬¬အလယ်အလတ် သဘောထားရှိတဲ့ ခေါင်းဆောင်တွေက စိစစ်သုံးသပ်လိုက်တဲ့အခါ ဒီကုလားတွေဟာ ရခိုင်ဗုဒ္ဓ္ဓ ဘာသာဝင်တွေရဲ့ နယ်မြေမှာ မူဆလင်သီးခြားနိုင်ငံထူထောင်ဖို့ ကြိုးစားနေမှန်း သဘောပေါက် သွားတယ်။ ဒီတော့ သူတို့က ပြောလိုက်တယ်။ မင်းတို့ အကူအညီလိုချင်ရင် မင်းတို့ဟာ လွတ်မြောက်ရေးတိုက်ပွဲဝင်နေကြတဲ့ ရခိုင်ဗုဒ္ဓ္ဓဘာသာဝင်တွေနဲ့ အလံတော်တစ်ခုတည်း အောက်မှာ ဖြစ်နေကြေင်းကို အရင်သက်သေပြနိုင်ရမယ်လို့ ပြောလွှတ်လိုက်တယ်။
ဒီတော့ ရိုဟင်ဂျာပါတီဟာ ရခိုင်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ရခိုင်ပါတီတွေဖြစ်ကြတဲ့ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလ)နဲ့ ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ရကပ) တို့ကို ညီညွတ် ရေးကမ်းလှမ်းတယ်။ ဗကပကျတော့ ရခိုင်ပြည်မြောက်ပိုင်းမှာ လှုပ်ရှားမှုတွေရှိနေတာမှန်ပေမယ့် မြန်မာပြည်မ အခြေပြုပါတီဖြစ်တဲ့အတွက် ညီညွတ်ရေးကမ်းလှမ်းရာမှာ ချန်လှပ်ထားခဲ့တယ်။
အဲသည်တုန်းက ရခိုင်ပြည်မြောက်ပိုင်းမှာ ရှိနေတဲ့ သူပုန်အဖွဲ့တွေရဲ့ အနေအထားကို ကြည့်ရင် ကုလားအဖွဲ့ကလည်း အင်အားကြီးအဖွဲ့ဖြစ်သလို ဗကပ ဟာလည်း ပြိုင်ဘက်အဖွဲ့ တွေကို အင်နဲ့အားနဲ့ ထိုးစစ်ဆင်တတ်တဲ့ အဖွဲ့ဖြစ်တယ်။ အဲသည် အင်အားကြီးအဖွဲ့နှစ်ဖွဲ့အကြား မှာ ညှပ်နေတာကတော့ ရမလ နဲ့ ရကပ ရခိုင်ပါတီလေး နှစ်ပါတီပါပဲ။
အဲသည် ညီညွတ်ရေးညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပတဲ့နေရာက ကုလားရွာ နေဗီဆိပ်မှာ ဖြစ်ပါတယ်။ အစောပိုင်း ဆွေးနွေးပွဲတွေမှာ ကိုယ်တို့ ရကပ ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကိုမောင်စောခိုင် တက်တယ်။ ဆွေးနွေးပွဲကို လိုက်ပါသွားတဲ့ ရဲဘော်ကလေးတွေရဲ့ ပြန်ပြောင်း ပြောပြချက်အရ အခမ်းအနားအခင်းအကျင်းက ဒီလို။
နေဗီဆိပ်ရွာထဲမှာ သုံးပါတီ ဆွေးနွေးပွဲအတွက် မဏ္ဍပ်အကြီးကြီးထိုးထားတယ်။ အဲသည် မဏ္ဍပ်ထဲမှာ ၀ါးဖျာကြမ်းခင်းထားတယ်။ ဇော်ဖောထိုင်မယ့်နေရာကို သူ့မယားလေးယောက်က ကျကျနန ပြင်ဆင်ပေးထားတယ်။ သူတို့ပြင်ဆင်ပေးထားတာက ဒီလိုပါ။ ၀ါးဖျာကြမ်းပေါ်မှာ သပေါ့ဖျာချောခင်းတယ်။ သပေါ့ဖျာချောပေါ်မှာ ဇင်ဖျာချောခင်းတယ်။ အဲသည် ဇင်ဖျာပေါ်မှာ ကော်ဇောခင်းတယ်။ အဲသည် ကော်ဇောပေါ်မှာ ပက်လက်ကုလားထိုင်ချတယ်။ အဲသည် ပက်လက်ကုလားထိုင်ပေါ်မှာ ဇော်ဖောထိုင်တယ်။ ရကပ ကိုယ်စားလှယ် ကိုမောင်စောခိုင်နဲ့ ရမလ ကိုယ်စားလှယ် ဦးမောင်စိန်ညွန့်တို့ကတော့ ကြမ်းပေါ်မှာ ကျုံ့ကျုံ့ကလေးထိုင်လို့။ မင်းတရားကြီး ဇော်ဖောက မော်ဖူးစေဆိုမှ မော်ဖူးရမယ့် သဘောမျိုးလိုလိုဖြစ်နေတယ်။
ဇော်ဖောက သူတပည့်ကုလားတွေကို ပြောတော့ ပြောပါတယ်တဲ့။ ဟေ့ကောင်တွေ ရဲဘော်ကြီးတွေအတွက် နေရာထိုင်ခင်းလေးဘာလေးလုပ်ပေးဦးလေ……ဘာညာနဲ့။ ဒါပေမဲ့ ကုလားတွေက ဘာမှ လုပ်မပေးဘူးလို့ဆိုတယ်။ ဒါက သက်သက်မဲ့ကို ညစ်တဲ့သဘောပေါ့။ ဒါနဲ့ ဘကြီးကပြောတယ်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကျရင် ကိုယ်သွားမယ်လို့…..။ ကိုမောင်စောခိုင်က ပြောတယ်။ ကိုယ့်လူနဲ့ ဖြစ်ပါ့မလား…….တဲ့။ ရတယ် ဖြစ်တယ်…..လို့။ ပါတီရဲ့ မူဝါဒအတိုင်း ဆွေးနွေးမှာပဲ ဥစ္စာ……..လို့။ (မှတ်မှတ်ရရ အဲသည်တုန်းက ကိုယ်တို့အဖွဲ့နဲ့ ရဲနီကျော်ဇံရွှီအုပ်စုနဲ့ စကွဲနေပြီ )
ကိုယ့်ရဲဘော်တွေကို ကုလားထိုင်တစ်ခုံ လိုက်ရှာပါလို့ ကိုယ်ခိုင်းလိုက်တယ်။ ရဲဘော်တွေ ကုလားထိုင်လိုက်ရှာတာ ပြဲပြဲစင်တယ်။ အိုးသည်မရွာမှာ ဆတ္တာသည်ထိုင်ခုံ တစ်ခုံတွေ့တယ်။ အဲသည်ထိုင်ခုံကို လှေတစ်တန် တောလမ်းတစ်တန်နဲ့ ကိုယ့်ရဲဘော်တွေက မရမက သယ်လာ ကြတယ်။
နေဗီဆိပ်ရွာမှာ နောက်တစ်ကြိမ်အစည်းဝေးလုပ်ဖို့ ကိုယ်သွားတဲ့အခါ အခမ်းအနားအခင်း အကျင်းကို ကိုယ်ကြားသိထားရသလို ပြင်ဆင်ထားကြောင်း ကိုယ့်မျက်စိနဲ့တပ်အပ် မြင်ရတော့တာ ပါပဲ။ ဇော်ဖောက ဘဝရှင်မင်းတရားကြီးလို ထိုင်လို့ ……..။ ရမလ ဦးမောင်စိန်ညွန့်ကတော့ ကျေးတော်ကျွန်တော်မျိုးလို ကျုံ့ကျုံ့ကလေးဖြစ်နေရှာတယ်။
ကိုယ်ကတော့ ခပ်တည်တည်နဲ့ မတ်တတ်ရပ်နေတယ်။ ကိုယ်အချက်ပြလိုက်တာနဲ့ ကိုယ့်ရဲဘော်တွေက ဆတ္တာသည်ထိုင်ခုံကို ကိုယ့်အတွက် မဏ္ဍပ်ထဲကို သွင်းယူလာတယ်။ ကိုယ်က ခပ်တည်တည်နဲ့ ခြေထောက်ချိတ်ထိုင်လိုက်တယ်။ ကိုယ်က တောနေပြောက်ကျား တိုက်ခိုက်ရေးသမားဆိုတော့ ဖိနပ်မစီးဘာမစီးနဲ့ ရွှံတွေ ခြေထောက်မှာပေလို့………။ ပြီးတော့ ရွှံပေပေကိုယ့်ခြေထောက်တွေကလည်း ဇော်ဖောမျက်နှာဆီ တန်းတန်းကြီးဖြစ်နေတယ်။ ကိုယ့်ထိုင်ခုံကလည်း သူရဲ့ ပက်လက်ကုလားထိုင်ထက်မြင့်နေတယ်။
ဒါနဲ့ ဇော်ဖောကလည်း အစည်းအဝေးကိုစဖို့ ပဋိသန္ဓာရ လောကွက်စကားလေး ဘာလေး ဆိုတယ်။ ခဏနေတော့ ဇော်ဖောဟာ မာရေး….မာရေး….လို့အော်ပြီးသကာလ ဗိုက်အောင့်တယ် ဆိုပြီးဖြစ်တော့တာပါပဲ။ သူ့တပည့်ကုလားတွေကလည်း ပြာပြာသလဲနဲ့ပေါ့။ ပြီးတော့ ဇော်ဖောက ပြောတယ်။ သူအစာအိမ်ဝေဒနာဖောက်လာလို့ ဒီနေ့အစည်းအဝေးကို ရွှေ့ဆိုင်းပေးဖို့ မေတ္တာရပ် ခံတယ်။ ရဲဘော်ကြီး အစည်းအဝေးတက်တဲ့နေ့ကျမှ ဒီလိုဖြစ်ရတာ အားနာပါတယ်……ဘာညာပေါ့ ……ကိုယ့်ကိုပြောတယ်။
အချုပ်ပြောရရင်တော့ ရခိုင်အစုကလေးနှစ်စု (ရကပ နဲ့ ရမလ) ဟာ ကုလားတွေ အလိုကျ စာချုပ်တစ်ခုကို လက်မှတ်ထိုးပေးလိုက်ရတယ်။ အဲသည် စာချုပ်ပါ သဘောတူညီချက်တွေထဲက အဓိက အချက်တွေကတော့
(၁) ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးပါတီဟာ ကုလားတွေရဲ့ တစ်ခုတည်းသောပါတီ ဖြစ်တယ်။
(၂) ကုလား အများစုရှိတဲ့ မောင်တော၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနဲ့ ညောင်ချောင်း အထက်ပိုင်းတို့ဟာ ကုလားတွေရဲ့ နယ်မြေဖြစ်တယ်။
(၃) သုံးပါတီ “ ပူးတွဲ စစ်ကော်မတီ ’’ အကြီးအကဲဟာ စစ်အင်အားအများဆုံးရှိတဲ့ ရိုဟင်ဂျာ ပါတီက ဖြစ်ရမယ်……စတဲ့ အချက်တွေဖြစ်ပါတယ်။
ဒီသဘောတူညီချက်တွေအရ ရခိုင်ပါတီလေးနှစ်ခုမှာ နယ်မြေသေးသေးကွက်ကွက် ကလေးပဲကျန်တော့တယ်။ ကုလားအပိုင်းလို့ အသိအမှတ်ပြုလိုက်ရတဲ့ နယ်မြေတွေနဲ့ အင်အားကြီး ဗကပရဲ့ နယ်မြေတွေနဲ့ အင်အားကြီး ဗကပရဲ့ နယ်မြေတွေအကြားမှာ… ညောင်ချောင်းအောက်ဘက် ရခိုင်ရွာကလေးတွေရှိတဲ့ နယ်မြေကွက်ကွက်ကလေးမှာ ဘယ်လှည့် ညာလှည့်ထွက်ချီဝင်ချီနဲ့ ဆုံလည်နွားလို လှုပ်ရှားနေကြရတော့တယ်။ မိမိတို့ အခွန်တော်ကောက်ခံ ရမယ့် နယ်မြေကလည်း ကျဉ်းသွားတယ်။ ဒီစာချုပ်ကိစ္စဟာ တခြားသော မိမိတို့ပါတီဝင်တွေ ခံပြင်း ကြသလိုပဲ ကိုယ့်အတွက်လည်း တော့်တော့်ကို တအုံ့နွေးနွေးနဲ့ အခံရခက်စရာဖြစ်နေတယ်။ ဒီလိုနဲ့ ဘင်္ဂလားနယ်ထဲသွားပြီး လက်နက်ဝယ်ရမယ့် ကိစ္စပေါ်ပေါက်လာတယ်။ ဒီနေရာမှာ ကိုယ်တို့နဲ့ ကုလားတွေနဲ့ တွေ့ကြတော့တာပဲ။
အဲသည်တုန်းက အရှေ့ပါကိစ္စတန်လို့ခေါ်တဲ့ ဘင်္ဂလားနယ်မှာ အနောက်ပါကိစ္စတန် လက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့ လွတ်မြောက်ရေးစစ်ပွဲဖြစ်ပွားလာတယ်။ ဒါနဲ့ စစ်ပွဲသဘာဝ လက်နက်တွေ ဟိုရောက်သည်ရောက်တစ်နိုင်ငံလုံးကြဲပြန့်နေတာပေါ့လေ။ အဲသည်က ရလာတဲ့ လက်နက်တွေကို ဇော်ဖောက ကိုယ်တို့ကို ရောင်းတယ်။ သူက ကိုယ်တို့ကို ရောင်းလိုက်ရင် ချိုကျိုးမောင်းပျက်တွေချည်းပဲ။ ဒီလိုနဲ့ ကိုယ်က ကိုမောင်စောခိုင်ကို ပြောတယ်။ ကိုယ်တို့ကိုယ်တိုင် ဘင်္ဂလားနယ်ကို လက်နက်သွားဝယ်မယ်လို့……။ ကိုယ့်တို့ အလှူခံတော့ ရခိုင် ရွာတွေက ဝမ်းသာအားရနဲ့ ပိုက်ဆံတွေ ပုံအောထုတ်ပေးကြတယ်။ ရွှေတွေ ထုတ်ပေးကြတယ်။
ကိုယ်က ကုယ့်လက်ထောက်ဗိုလ်မြဒင်ကို မေးတယ်။ “ မင်းဆီက လောလောဆယ် လူအင်အား ဘယ်လောက်အထိ ရနိုင်မလဲ” လို့။ သူက လူ(၁၁)ယောက်ရမယ့်တဲ့။ ပြီးတော့ ငလှဖြူလို့ အမည်ရတဲ့ နယ်မြေအတွင်းရေးမှူးတစ်ယောက်ကိုရော မင်းလိုက်မလားလို့ ကိုယ်မေး တယ်။ သူက သူရော သူ့တပ်စုပါ ကိုယ်နဲ့အတူ လိုက်မယ်တဲ့။
ကိုယ်တို့ သွားမယ့်ခရီးကို ကိုမောင်စောခိုင်က ကန့်ကွက်သေးတယ်။ ကုလားနယ်မြေကို ဖြတ်သွားမယ်ဆိုရင် ကျွန်တော်တို့ခွင့်တောင်းမှ သင့်မယ်ထင်တယ်တဲ့……။ ဒါနဲ့ ကိုယ်ကပြောရ တော့တယ်။ “ ဒီမှာ ကိုယ့်လူ……၊ ကုလားတွေက ကိုယ်တို့ထက်အင်အားကြီးနေတာ မှန်ပါတယ်။ ဒါပေမယ့် ကုလားပါတီကို ဆိုမထားနဲ့၊ ဧရာမ စစ်တပ်အကြီးကြီးနဲ့ အစိုးရတစ်ခုလုံးကိုတောင်မှ ပုန်ကန်ထောင်ထားနေတဲ့ လူတွေဗျ။ ပြီးတော့ ဒါရခိုင်ပြည်ဗျ။ ကုလားတွေဆီကပဲ တောင်းရမယ် လို့ပြောလိုက်တယ်။
ကိုယ်က အတွင်းလမ်းကြောင်းကနေသွားတယ်။ ကိုယ့်နောက်ပါ တပ်စုတွေက အတွင်း စည်းကို ရှောင်ကွင်းချီတက်ကြတယ်။ ဘင်္ဂလားနယ်ထဲကိုရောက်တော့ လက်နက်တွေ တော်တော် များများ ဝယ်လို့ရတယ်။ မရမာကြီး၊ ဟိန္ဒူ နဲ့ ရခိုင်လူမျိုးအဆက်အသွယ်တွေက ကိုယ့်အတွက် လက်နက်ဝယ်စုပေးကြတယ်။ ဒါနဲ့လက်နက်ငယ် တစ်ရာကျော်လောက်ရတယ်။ အောက်ခံပလိတ် ပြားမပါတဲ့ မော်တာတစ်ခုတောင် ဝယ်လာသေးတယ်။ ပလိတ်ပြားမပါပဲ ဘယ်လိုပစ်ရမှန်းတော့ မသိဘူး။ ဘာပဲပဲဖြစ်ဖြစ် နောက်မှပြင်သုံးမယ်ကွာဆိုပြီး ဝယ်လာခဲ့တယ်။ လက်နက်တွေ အစုံအလင်နဲ့ ဒီဘက်နိုင်ငံထဲကို ပြန်ဝင်အလာမှာ ကိုယ်နဲ့အတူ လူအင်အား(၃၅)ယောက်လောက် ပါတယ်။
ဒါနဲ့ပြန်ဝင်အလာ တမန်းသားရွာအထက် ဝေလာတောင်မှာ ကုလားတွေနဲ့ တိုက်ပွဲဖြစ်ပါ လေရော။ (အဲသည်နေရာက ဟိုရှေးတုန်းက ဗိုလ်ချင်းပျံတို့ ခိုအောင်းခဲ့တဲ့ နေရာပေါ့။)
ကနဦးတက်လာတဲ့ ကုလားတပ်ဖွဲ့တစ်ဖွဲ့နဲ့ ကိုယ်တို့ကပ်လွဲသွားတယ်။ ဒုတိယကုလား တပ်နဲ့ ကိုယ်တို့တပ်နဲ့ ဆုံတော့တာပါပဲ။ ဒါပေမယ့် ကုလားတပ်ကို ကိုယ်တို့ကစပြီး လှမ်းမြင်တာ။ ရှေ့ကင်းက ပြောတယ်။ ကုလားတွေတဲ့ လက်နက်တွေကိုင်ပြီးသွားနေကြတာတဲ့။ ဒါနဲ့ ကိုယ်တို့ လည်း နေရာအသေအချာယူပြီး ဦးအောင်ပစ်တယ်။ တစ်နာရီလောက် အပြန်အလှန်ပစ်ကြတယ်။ ကိုယ်တို့ထဲကလည်း ကိုယ့်အချင်းချင်း မှားပစ်မိလို့ သေတဲ့လူသေ၊ ပျောက်တဲ့လူပျောက်ပေါ့။ ဒါနဲ့ ကိုယ်တို့တပ်က တောင်ပြိုဘက်ကို ဆုတ်လာခဲ့ကြတယ်။
တောင်ပြိုနားကို ရောက်လို့ ခိုနေကြစဉ်မှာ ခပ်လှမ်းလှမ်းက တောင်စွန်းတစ်ခုကနေ အင်္ကျီ မပါကျောဗလာနဲ့ လူတစ်ယောက် သူ့အင်္ကျီကို ဝှေ့ယမ်းပြနေတာကို တွေ့ရတယ်။ အနီးအနားမှာ ကင်းလှည့်နေတဲ့ ရဲတပ်စုက ဆက်သားလွှတ်လိုက်တာပါလို့ဆိုတယ်။ ( လောလောလတ်လတ်မှာ ကုလားဆိုးရန်က ဘုံအန္တရာယ်ဖြစ်နေတော့ ရဲနဲ့သူပုန်နဲ့က ဘာပဲပြောပြော စာချုပ်ချုပ်မထားတဲ့ ယာယီမဟာမိတ်လိုဖြစ်နေတယ်။ ) သူတို့က ကုလားပိုင်နွားတစ်ကောင်ကို သတ်ပြီး ထမင်းချက် ထားတယ်။ သူတို့နဲ့အတူ ထမင်းလာစားလှည့်ပါတဲ့……။ ဒါနဲ့ ကိုယ်တို့တပ်လည်း သူတို့ဆီသွားပြီး ထမင်းစားကြတယ်။ အသားဖတ်တွေ၊ ထမင်းတွေကို ငှက်ပျောဖက်နဲ့ထုပ်ပြီး ကိုယ်တို့လမ်းမှာ စားဖို့တောင် ထုတ်ပေးလိုက်သေးတယ်။
ဒါနဲ့ ကိုယ်တို့ဆက်လက်ချီတက်လာတော့ ဒုံးချောင်းရွာဘက်ကို ရောက်တယ်။ ကုလား တွေက ကိုယ်တို့တက်လာတာကိုကြားတော့ ဒုံးချောင်းရွာအလွန်မှာ ချုံခိုတိုက်ဖို့ သတ်ကွင်း တစ်ကွင်း စီစဉ်ချထားပြီးသား။ အဲသည် နေရာကိုသာ ဖြတ်သွားမိခဲ့မယ်ဆိုရင် လူရောလက်နက်ပါ ကောက်မျိုးတောင်ကျန်မှာမဟုတ်ဘူး။
ဒါပေမယ့် အဲဒီနေရာကို မရောက်ခင် ဒုံးချောင်းရွာကိုရောက်တော့ ရွာသားတွေက ဝမ်းပန်း တသာနဲ့ ကြိုကြတယ်။ အံမယ်……ငါတို့ရခိုင်တပ်ကြီးတစ်တပ်ပါလား၊ လက်နက်တွေ ဘာတွေနဲ့၊ ဝမ်းသာအယ်လဲနူတ်ဆက်စကားပြောကြတယ်။ ထမင်းစားပါဦး ဘာဦးနဲ့ ဧည့်ခံဖို့ပြင်ကြပါလေရော။ မစားတော့ဘူးဆိုလည်း မရဘူး။
ကိုယ်က ပြောတယ်။ ထမင်းစားချင်လည်း စားကြ၊ ဒါပေမယ့် လက်နက်ကိုတော့ လက်လွတ်စပယ် ချမထားကြနဲ့။ ဒီနေရာက ကုလားတွေနဲ့ အရမ်းနီးတဲ့နေရာ၊ သတိထားမှ တော်ကာကျမယ်လို့ သတိပေးရတယ်။ ဒါပေမယ့် သေနက်ကို အမှတ်တမဲ့အောက်ချထားတဲ့လူက ချထားတယ်။ ထောင်ထားတဲ့လူက ထောင်ထားတယ်။ ကိုယ်ကတော့ ကိုယ့်သေနက်ကို ကိုင်ထားတာပါပဲ။ အဲသည်အချိန်မှာ ကုလားတွေချဉ်းကပ်လာနေတယ်ဆိုတာကို ကိုယ်တို့သတိမမူ မိသေးဘူး။ ကုလားတွေက နေရာယူပြီး ဝိုင်းမလို့လုပ်နေပြီ။ မြေထောက်ဒေါက်ကိုချပြီး ချိန်ပစ်မလို့ လုပ်နေတဲ့ ကုလားတစ်ကောင်ကို ကိုယ်တို့ထဲက ဗိုလ်ကြီးမြဒင် လှမ်းမြင်တာနဲ့ သေနက်ကို ချက်ချင်းဆွဲပစ်တာ ဟိုကောင် ကားကနဲ ဖြစ်သွားတယ်။ ဒါနဲ့ ကုလားတွေ တိုက်တယ်ဟ၊ ကုလားတွေတိုက်တယ်ဟ ဆိုပြီး ချက်ချင်းနေရာယူပြီး ပြန်တိုက်ကြတာ……ကိုယ်တို့ အငိုက်မမိတဲ့ အတွက် ကုလားတွေတော်တော်အထိနာကုန်တယ်။ သေတဲ့လူသေတယ်။ ကုလားတွေဆုတ်တော့ ကျန်ခဲ့တဲ့ လက်နက်တွေကို ကိုယ်တို့ရလိုက်သေးတယ်။
ဒီတိုက်ပွဲကြောင့် ဘာဆက်ဖြစ်လာသလဲဆိုတော့ ကိုယ်တို့ ရကပ အဖွဲ့ကို ရမလက စစ်ကြေငြာတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ အခုနက ဒုံးချောင်းရွာတိုက်ပွဲမှာ သေသွားတဲ့ ကုလား တွေ၊ သိမ်းသွားတဲ့ လက်နက်တွေအတွက် ကိုယ်တို့က ကုလားတွေကို လျော်ကြေးပေးရမယ်တဲ့။ ကိုယ်တို့က ပေးကို မပေးနိုင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းပယ်တယ်။ ဒီတော့ ရခိုင် ရမလက ကုလားနဲ့ပေါင်းပြီးတော့ ကိုယ်တို့ရကပကို စစ်ကြေငြာတယ်။ ဒီလိုနဲ့ သုံးပါတီ ပူးတွဲစစ်ကော်မတီ ဆိုတာပျက်သွားပါလေရော။
( ရခိုင်ပါတီနှစ်ခုနဲ့ရလိုက်တဲ့ သဘောတူညီချက်ကို လိုသလို ဘာသာပြန်ပြီးသကာလ ကုလားတွေဟာ လစ်ဗျားက မာစတာတွေကို သွားရောက်တင်ပြတယ်။ လစ်ဗျားက အုပ်စုကလည်း သူတို့ကောက်ခံစုစည်းလို့ရတဲ့ သဒ္ဓ္ဓါကြေးတွေကို စွန့်ကြဲပေးလိုက်တယ်။ အဲသည် အလှူခံရရှိတဲ့ ငွေကို စစ်တွေမြို့ပေါ်က စူလတန်မာမွတ်ဦးစီးတဲ့ အာကိစ္စတန်ဦးဆောင်အဖွဲ့က ကိုင်တွယ်သုံးစွဲ တယ်။ ဘာပဲပြောပြော ရခိုင်တွေနဲ့ သဘောတူညီချက် ရေးထိုးရာကနေ ကုလားတွေ အမြတ်ထွက် လိုက်သေးတယ်လို့ ဆိုရဦးမှာပါပဲ။)
ဒီလိုဖြစ်နေချိန်မှာ ဦးစောထွန်းဦး ခေါင်းဆောင်တဲ့ ဗကပ (ရခိုင်ပြည်နယ်)က ကြားဝင်လာ တယ်။ ကိုယ်တို့ ရကပကို ပြောတယ်။ “ ကိုယ့်လူတို့ လက်သည်းဆိတ်ရင် လက်ထိပ်နာတယ်တဲ့။ ကိုယ်လူတို့နဲ့ ကိုယ်တို့အရင်တုန်းက ရင်ဆိုင်တိုက်လာခဲ့တာတော့မှန်ပါတယ်။ ဒါပေမယ့် ရခိုင် ရမလနဲ့ ကုလားတွေကို ကိုယ်လူတို့ ရကပ ကတိုက်မယ်ဆိုရင် ကိုယ်တို့ ဗကပ ကလမ်းဖွင့် ပေးမယ်။ ဗကပ နယ်မြေကို ဖြတ်သွားဖို့လိုအပ်ရင်ဖြတ်သွားပါ။ မတိုက်ဘူး ” ကမ်းလှမ်းတယ်။ ကုလားတွေနဲ့တော့ ကိုယ်တို့ဆက်တိုက်ဖြစ်တယ်။ ဒါပေမယ့် ရမလနဲ့ ကိုယ်တို့ မတိုက်ခဲ့ကြပါဘူး။
ဇော်ဖောဦးဆောင်တဲ့ ကုလားတွေက အင်အားကောင်းလျက် ကောင်းမြဲဆိုတော့ ယုတ်မာ မှုတွေကိုလည်း ဆက်လက်လုပ်လျက်လုပ်မြဲပါပဲ။ တိုင်းရင်းသားကျေးရွာတွေ၊ အထူးသဖြင့် ဒိုင်းနက်ရွာတွေကို နှိပ်စက်တယ်။ လူသတ်တယ်။ မုဒိမ်းကျင့်တယ်။ လုယက်တယ်။ မီးရှိုးတယ်။
ဒီတော့ ရခိုင်တွေက တော်တော့်ကို ခံပြင်းနာကျည်းကြတယ်။ ဒါနဲ့ ကိုယ်တို့လည်း လက်တုံ့ ပြန်တယ်။ မကောင်းတဲ့ လုပ်ရပ်ပေမယ့်လို့ အဲဒီ အမည်းစက် ငါ့နာမည်မှာ စွန်းရင်စွန်းပစေဆိုပြီး မြေလှန်စရာရှိတာ မြေလှန်ပစ်ခဲ့တယ်။
ကိုယ်တို့နဲ့ ခေတ်ပြိုင်ကာလမှာ ဗိုလ်မှူးအောင်သန်း ဦးဆောင်ပြီး ကုလားဆိုးသောင်းကျန်း သူတွေကို အပြုတ်တိုက်တဲ့ စစ်ဆင်ရေးတွေ လုပ်တယ်။ သူ့ရဲ့ကွပ်ကဲမှုအောက်က စစ်ရဲတစ်ဦး ဖြစ်တဲ့ ရဲအုပ်မိုက်ခဲ(ခေါ်) ဦးရွှေစံအောင်ဟာ ကုလားဆိုးတွေကို ရဲရဲရင့်ရင့် တိုက်ခိုက်ချေမှုန်းရာမှာ နာမည်ရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ ကိုယ်တို့ ရကပကလည်း ကုလားဆိုးချေမှုန်း ရေးမှာ တစ်ဘက်တစ်လမ်းကပါဝင်ခဲ့တယ်။ ကုလားဆိုးချေမှုန်းရာမှာ ကိုယ်တို့ရကပနဲ့ ပူးပေါင်း ညှိနှိုင်းပြီး၊ တိုက်စရာရှိတာ တိုက်နိုင်ရင်ကောင်းမယ်လို့ သဘောရတဲ့ ညောင်းချောင်းက လမ်းစဉ် ပါတီဝင် ကိုမောင်လှထွန်းက ကိုယ်တို့ကို အကြံပြုဖူးတာရှိတယ်။ အစိုးရတပ်နဲ့ ကိုယ်တို့နဲ့ ညှိပြီး တိုက်ဖို့ပေါ့။ ဒါပေမယ့် ကိုမောင်လှထွန်းကလည်း သူပုန်အားပေးသူ၊ သူပုန်အဆက်အသွယ်ရှိသူ ဖြစ်သွားမှာစိုးတာနဲ့ နောက်ဆုတ်သွားတယ်။ အစိုးရဘက်နဲ့ ကိုယ်တို့ စကားမပြောဖြစ်လိုက်ဘူး။
ဒီလိုနဲ့ ဇော်ဖောတပ်တွေ ပြိုကွဲပြီး ဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတယ်။ ထိုနည်း တူစွာ ကိုယ်တို့တပ်တွေလည်း မင်းပြား၊ မြေပုံ၊ ကျောက်တော်ဘက်ကို ပြောင်းသွားရတယ်။
ဒီနေရာမှာ သင်ခန်းစာယူစရာတစ်ခုကို ပြောရရင် ကုလားနဲ့ပေါင်းတဲ့ ရမလဟာ အစိုးရတပ် တွေက ရမလကို တိုက်တော့ ကုလားတွေနဲ့အတူ ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေးသွားရတယ်။ ဘင်္ဂလာဒေ့ရှ်ကို ရောက်တော့ ဇော်ဖောက ဦးမောင်စိန်ညွန့်တို့ ရမလကို အကုန်လက်နက်ဖြုတ် သိမ်းလိုက်တယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ကုလားတွေဟာ ရခိုင်တွေနဲ့ အကျိုးစီးပွားတူ မဟာမိတ် မဟုတ်ဘူး၊ ကုလားတွေကို ဘယ်တော့မှ မယုံရဘူးဆိုတာကို သမိုင်းအသိရနိုင်တယ်။
ဇော်ဖော်ဆာနီ ( Jafar Sani ) ကောင်းစားစဉ်တုန်းက နယ်စားပယ်စား အရှင်သခင်လို ကောင်းကောင်းနေကောင်းကောင်းစားတယ်။တရားဝင်အားဖြင့် မယားလေးယောက်ယူထားတယ်။ တရားမဝင်တာတွေကိုတော့ ပြောရမှာတောင် ပါးစပ်သနစရာပဲ။
သူတို့လူမျိုးတွေကလည်း လူကြီးယောက္ခမဖြစ်ရတာကို တော်တော်ဂုဏ်ယူကြတာကလား။ ကျွန်တော့်သမီးကိုယူပါဆိုပြီး အဖေတွေ ကိုယ်တိုင်လာလာပြောကြတာဆိုတော့ ကုလားဆိုး ခေါင်းဆောင် ဇော်ဖောအဖို့ရာ မုတ်ဆိတ်ကိုပျားစွဲနေတာနဲ့ အတူတူပါပဲ။
လှမြင့်ဆိုတဲ့ ခေတ်ပညာတတ် ကုလားတစ်ယောက်ကို ဇော်ဖောရဲ့ လက်ထောက် သူ့ရဲ့ အတွင်းရေးမှူးအနေနဲ့ စူလတန်မာမွတ်ရဲ့အဖွဲ့က ခန့်အပ်ထားတာရှိတယ်။ အဲသည်ပုဂ္ဂိုလ်က မူဆလင်ကုလားလို့သာဆိုရတာ အသောက်အစားလေးကလည်း တမြမြနဲ့……။ ဘာဆိုဘာမှ မရှောင်ဘူးဆိုတဲ့ လူစားမျိုးပေါ့။
ဇော်ဖောရဲ့ မိန်းမဆောင်ထဲက ရုပ်ရည်သိပ်မရှိတဲ့…… ဇော်ဖောကလည်း ဖေးဘရိတ် စာရင်းထဲမှာ မထည့်တော့တဲ့ ကလေးမတွေဆိုရင် လှမြင့်က တောင်းတတ်တယ်လို့ဆိုတယ်။ “ဆရာ မလိုချင်တော့ဘူးဆိုရင် ကျွန်တော့်ကိုပေးပါ”ပေါ့။ ဒီလိုနဲ့ ဇော်ဖောရဲ့အကျတွေ လှမြင့်ဆီကို ရောက်ရောက်သွားတတ်တယ်လို့ဆိုတယ်။ တစ်ခါတစ်ခါကျတော့ ကောင်မလေးတွေရဲ့ အဖေတွေက ဒါကို စိတ်ဆိုးတယ်။ ငါ့သမီးကို မင်းကို ပေးထားတာ မဟုတ်ဘူး။ ဇော်ဖောဆာနီ (စစ်ဦးစီးချုပ် ဇော်ဖော)နဲ့ ပေးစားထားတာကွလို့ပြောပြီး သမီးကိုလက်ဆွဲကာ ဒေါနဲ့မောနဲ့ လာခေါ် သွားတတ်တယ်လို့ဆိုတယ်။
ဇော်ဖောဟာ ဘင်္ဂလာဒေ့ရှ်ထဲမှာ သေတယ်။ သေတာကတော့ သွေးရိုးသားရိုးရောဂါနဲ့ ဆုံးသွားတာပါပဲ။ သူတို့ရဲ့ ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေးပါတီလည်း ပြိုကွဲသွားတယ်။ ဒီနောက်မှာ ဘီအေဇော်ဖောက အဒူဇော်လီဆီက လက်နက်ဖြုတ်သိမ်းလိုက်သေးတယ်။ နန်ချောင် ကလီမှာ ဒုက္ခသည်စခန်းဖွင့်ပြီး ဘီအေဇော်ဖောရဲ့ ဦးဆောင်မှုနဲ့ ကုလားတွေက ဆက်လက် လှုပ်ရှားတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ ပါတီတွေလည်း အများကြီးပေါ်လာတယ်။ ကုလား ပါတီတွေကတော့ ပေါ်လိုက်ပျောက်လိုက်ပေါ့။ သူတို့အချင်းချင်းလည်း တိုက်ကြတယ်။ ကိုယ်တို့ကို လည်း နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးတယ်။ ( ကိုယ်တို့ ရကပ ကလည်း ကျောက်တော်၊ မြေပုံ၊ မင်းပြားတစ်ခွင်မှာ လှုပ်ရှားနေရာကနေ ဖြတ်လေးဖြတ်စစ်ဆင်မှုကြောင့် ဘင်္ဂလာဒေ့ရှ် ဘက်ကို ရောလာရတာကိုး။ )
တစ်ခါကဆိုရင် ကိုယ်တို့ဆီကို စာတစ်စောင်ရောက်လာတယ်။ ဘင်္ဂလာဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ ( BDR )ရဲ့ နယ်မြေ Wing Commander ရဲ့တံဆိပ်တုံးနဲ့။ လက်မှန်နဲ့။ A4 စာရွက် ခပ်ပါးပါးပေါ်မှာ လက်နှိပ်စက်နဲ့ရိုက်ထားတာ။ “ မင်းတို့တပ်ဖွဲ့တွေ သုံးရက်အတွင်း ငါ့ဆီမှာ လက်နက်ချရင်ချ ( ဒါမှမဟုတ် ) သုံးရက်အတွင်း ဒီနယ်မြေက ထွက်ခွာပေးရမယ် ’’ဆိုတဲ့ ရာဇသံ ပေါ့။ ဒီတော့ ကိုယ်နဲ့ ကိုရဲလှအောင်တို့နှစ်ယောက် Wing Commander ဆီအရဲစွန့်ပြီး သွားတွေ့ ကြတယ်။ တို့တွေအားလုံးထဲမှာ အင်္ဂလိပ်လိုပြောနိုင်တဲ့သူက ကိုယ်နဲ့ ကိုရဲလှအောင်နှစ်ယောက်ပဲ ရှိတာကိုး။
ကိုယ်တို့နှစ်ယောက် ထိုင်ထိုင်ချင်းပဲ အဲသည် BDR တပ်မှူးက နောက်တီးနောက် တောက်နဲ့ စကားစတယ်။ “ ဘာလဲ၊ မင်းတို့က ငါတို့စခန်းကို လာသိမ်းတာလား ’’ ပြုံးပြုံးရီရီနဲ့ ပြန်ပြောပြီးသကာလ ကိုယ်တို့ရထားတဲ့စာကို ထုတ်ပြတယ်။ အဲသည်စာကို ကြည့်ပြီး Commander ကချက်ချင်းပြန်ပြောတယ်။ “ ဆာလာရိုဟင်ဂျာ ’’ တဲ့။ ရိုဟင်ဂျာ လူလည်တွေလို့ ပြောတာပါ။
ဒါဟာ သူ့လက်မှတ်နဲ့ဆင်ပေမယ့် သူ့လက်မှတ်အစစ်မဟုတ်ကြောင်း၊ တံဆိပ်တုံးကလည်း သူတို့ဆီက BDR တံဆိပ်တုံးမဟုတ်တဲ့အကြောင်း၊ အဲသည်စာကိုလည်း သူတို့ပို့တာမဟုတ် ကြောင်း၊ အဲသည်စာကိုလည်း သူတို့ပို့တာမဟုတ်ကြောင်း BDR တပ်မှူးက ရှင်းပြတယ်။ “ ကုလား သူပုန်တွေကို မနှင်ပဲနဲ့ မင်းတို့တပ်တွေကို ငါတို့မနှင်ဘူး ’’လို့ သူက အာမခံပြောကြားတယ်။ ကိုယ်တို့ အဲသည်လိုတစ်ခါ အနှောင့်အယှက်ပေးတာကို ခံရဖူးတယ်။
နောက်ဖြစ်ရပ်တစ်ခုကတော့ ဘင်္ဂလာဒေသခံလူထုရဲ့ ထောက်ခံမှုကို ရယူဖို့ရာ ဘင်္ဂလာဒေ့ရှ် သတင်းစာတွေမှာ လုပ်ကြံသတင်းဆောင်းပါးရေးခိုင်းတာ။
၁၉၈၀ ခုနှစ်အတွင်း Becetra weekly journal ဆိုတဲ့ အင်္ဂလိပ်နဲ့ ဘင်္ဂလီနှစ်ဘာသာထုတ် သတင်းစာမှာ ရိုဟင်ဂျာနာမည်ခံ ကုလားဆိုးသောင်းကျန်းသူတပ်တစ်တပ်က BDR Wing Commander ကို အလေးပြုနေတဲ့ ဓါတ်ပုံပါလာတယ်။ Wing Commander ရဲ့ပုံက ဘေးတိုက်ဆို တော့ မျက်နှာကို မမြင်ရဘူး။ ရာထူးတံဆိပ်တွေကိုပဲ မြင်ရတယ်။ ကိုယ်တို့ကလည်း ဒါကိုလုပ်ကြံ ဓါတ်ပုံမှန်းသိတော့ အဲသည်သတင်းစာကို ယူသွားပြီး Wing Commander ကိုပြတယ်။“ မင်းတို့က တယ်ဟုတ်ပါလား။ ဘင်္ဂလာဒေ့ရှ်ကတပ်တွေကိုတောင်မကဘူး။ မြန်မာပြည်ထဲက သူပုန်တပ်တွေ ကိုလည်း ချုပ်ကိုင်ထားတာပဲလား ’’ လို့ ရယ်သွမ်းသွေးသလိုလို ကိုယ်ကပြောပြတယ်။
ဘင်္ဂလီဘာသာသက်ဆိုင်ရာ အာဏာပိုင်တွေက ဒီကိစ္စကို ချက်ချင်းအရေးယူတယ်။ သတင်းစာကို သုံးလပိတ်တယ်။ သက်ဆိုင်ရာအယ်ဒီတာကို ထောင်ချတယ်။ ဒီလိုထောင်ချတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ တစ်ဘက်မှာဖြစ်လာပြန်တယ်။ ဒီလိုနဲ့ အခြေအနေတွေတော်တော် ရှုပ်ထွေးသွားသေးတယ်။
ကိုယ်ပြောပြချင်တဲ့ သဘောက သူတို့အသစ်တီထွင်လိုက်တဲ့ “ ရိုဟင်ဂျာ ’’ ဆိုတဲ့စကားလုံး တွင်ကျယ်သွားဖို့အတွက် ငွေကြေးကုန်ချင်သလောက်ကုန်ပလေ့စေ၊ ကုလားတွေက ဖြစ်အောင် လုပ်မယ်ဆိုတဲ့ သဘောရှိတယ်၊ ငွေကြေးထောက်ပံ့ကြမယ့်သူတွေလည်း အဆင်သင့်ရှိတယ် ဆိုတာကို ပြောပြတာ။ ( ‘ ရိုဟင်ဂျာ’ လူမျိုးဆိုတဲ့ စကားလုံးကို ဘူးသီးတောင်ပါလီမန်အမတ် မစ္စတာအဗ္ဗဒူဂါဖားက ၁၉၅၁ ခု သြဂုတ်လ (၂၈)ရက်ထုတ် ဂါဒီယန်မဂ္ဂဇင်းမှာ စတင်သုံးစွဲခဲ့တယ်။)
နောက်ဥပမာတစ်ခုကို ပြောရမယ်ဆိုရင် မြန်မာအစိုးရက နဂါးမင်းစစ်ဆင်ရေးလုပ်ပြီး တရားမဝင်ခိုးဝင်လာသူတွေကို စိစစ်နေတဲ့ကာလ အတွင်းမှာပေါ့။ အဲသည်တုန်းက ကိုယ်လည်း ထိုင်း New Nation သတင်းစာမှာ နေ့စားဝင်လုပ်နေတုန်း Bangkok Post သတင်းစာပါ ဆောင်းပါးတစ်စောင်ဖတ်ရတယ်။ အနူဆာဝတီ ( Anusar Waddi ) ဆိုတဲ့ အမျိုးသမီးသတင်း ထောက်တစ်ယောက်ရေးတာ။ ရခိုင်ပြည်မြောက်ပိုင်းနောက်ခံမှာ နဂါးမင်းစစ်ဆင်ရေးနဲ့ ရိုဟင်ဂျာ တို့ရဲ့ လံကြုတ်ရာဇဝင်ကို ဆားခတ်ပြီး ရေးထားတာပေါ့။ ဒါနဲ့ကိုယ်က ဒယ်လီတာကို သွားပြော တယ်။ ဒီဆောင်းပါးပါ အကြောင်းအရာတွေက မှားနေတယ်လို့……။ ဘာကြောင့် မှားတယ်လို့ဆို နိုင်သလဲလို့ သူကမေးတော့ ကျွန်တော်ကိုယ်တိုင် အဲဒီဒေသမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဒေသခံ တစ်ယောက်ဖြစ်တဲ့အတွက် အဖြစ်အပျက်အမှားအမှန်ကို ကိုယ်တွေ့သိတယ်လို့ပြောပြတယ်။ အယ်ဒီတာက တစ်ကော်လံပေးမယ်၊ တုန့်ပြန်ချေပတဲ့ဆောင်းပါး ရေးချင်လည်းရေး……ဆိုတော့ ကိုယ်ရေးပေးလိုက်တယ်။ ကိုယ့်ဆောင်းပါးပါပြီး သိပ်မကြာခင်မှာပဲ ကိုယ်တို့သတင်းစာတိုက်ကို အနူဆာဝတီလိုက်လာပြီး ကိုယ်နဲ့ လာတွေ့တယ်။ ငါဟာ အဲသည်ဘူးသီးတောင်ဒေသကလူ၊ နင်ရေးတာလုံးဝမှားနေတယ်လို့ ကိုယ်ပြောပြတယ်။ ကိုယ်နဲ့ပြောကြဆိုကြ ဆွေးနွေးကြတော့ သတင်းရင်းမြစ် ( source )တစ်ခုတည်းကပေးတဲ့ အကြောင်းအချက်တွေကို အခြေခံပြီး အဲဒီ ဆောင်းပါးကို ရေးမိတာဖြစ်ကြောင်း အမျိုးသမီးက ဝန်ခံတယ်။ အဲသည် source ဆီက ready-made အသင့်ရေးပြီးသား ဆောင်းပါးကို နင်ထည့်တာဖြစ်ရမယ်လို့တောင် ကိုယ်ပြောလိုက် သေးတယ်။ အဲဒီဆောင်းပါးကို ရေးတဲ့အတွက် နင် အကျိုးအမြတ်တွေခံစားရတာ ရှိရင်းရှိမှာပေါ့လို့ ဆိုတော့ အမျိုးသမီးက ရှက်ပြုံးကလေးပြုံးနေတယ်။
အဲဒီတော့ ငါဘာလုပ်ပေးရမလဲ တဲ့ …… အနူဆာဝတီက ကိုယ့်ကို မေးတယ်။
အဲဒါကတော့ နင့်သဘောပါ၊ နင်ဘာပြန်လုပ်ပေးသင့်သလဲ ဆိုတာကို နင်ဖာသာဆုံးဖြတ် ပြီး နင်လုပ်ပါလို့ပဲ ဘကြီးက ပြန်ပြောလိုက်တယ်။ နင့်ဘဝကို ငါဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့……။ တကယ်လို့ နောက်တောက်တောက် ကိုယ်ပြောလိုက်တော့ အမျိုးသမီးက အားပါးတရရယ်မော တယ်။
ဆိုလိုတာက ကုလားဆိုးတွေဆီကို အောတိုက်သွန်ထည့်ပေးနေကြတဲ့ ငွေကြေးရင်းမြစ် တွေရှိတယ်။ အဲဒီငွေကြေးကိုသုံးပြီး မီဒီယာတိုက်ပွဲကို ကုလားဆိုးတွေက အားသွန်ခွန်စိုက်တိုက် နေကြတယ်။
ဥပမာအားဖြင့် မောင်အေးချမ်းကို သူတို့ဖျားယောင်းပုံကိုပဲကြည့်။ (ဒေါက်တာအေးချမ်းဟာ ဘကြီးဦးစံရွှေမောင်ရဲ့ ဖအေတူ မအေကွဲညီဖြစ်ပြီး၊ ဂျပန်နိုင်ငံ Kanda University of International Studies မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ၊ ကုလားတွေဟာ ရိုဟင်ဂျာ ဆိုတဲ့ ထွင်လုံးနာမည်နဲ့ တိုင်းရင်းသားအခွင့်အရေးရအောင် လုပ်ကြံကြိုးပမ်းနေကြတာဖြစ်ကြောင်း ဖော်ထုတ်ဖွင့်ချနေသူ ဖြစ်ပါတယ်။) မောင်အေးချမ်းကို ဝယ်ဖို့ သူတို့ကြိုးစားတယ်။ အမေရိကန်မှာ တိုက်ဝယ်ပေးမယ်၊ ခြံဝယ်ပေးမယ်၊ ဘယ်နေရာ ဘယ်လမ်းကို ကြိုက်သလဲ……အစရှိသည်ဖြင့် ကမ်းလှမ်းပြီး ငွေကြေးနဲ့ ဝယ်ဖို့ကြိုးစားတယ်။ ဒါတွေကို လုပ်မနေနဲ့တော့၊ အေးအေးချမ်းချမ်းပဲ နေတော့……စသည်ဖြင့်ပေါ့။ ချော့မော့ဝယ်ယူလို့မရတော့ တစ်ဖန်ခြိမ်းခြောက်တဲ့နည်းကို သုံးပြန် တယ်။ ခြိမ်းခြောက်တဲ့စာတွေ မောင်အေးချမ်းဆီကို ပို့တယ်။ ဆီးရီးယားက တစ်စောင်လာတယ်။ ဂျော်ဒန်က တစ်စောင်လာတယ်။
ကိုယ်ဆိုလိုချင်တဲ့ သဘောက ၁၉၅၁ ခုနှစ်ကမှ စပြီးတီထွင်သုံးစွဲလာခဲ့တဲ့ “ ရိုဟင်ဂျာ ” ဆိုတဲ့ စကားလုံးတွင်ကျယ်ဖို့ ဘယ်နည်းကို မဆိုသုံးမယ်ဆိုတဲ့ ကုလားဉာဏ်နဲ့ လုပ်နေကြတယ် ဆိုတာကို ကိုယ်ပြောပြတာ။
( ကျော်ဇောဦး ရေးသားသည်။)

[💙💙💙💙💙 zawgyi version]
စံေရႊေမာင္ (သို႔မဟုတ္) လက္နက္ခ် ရကပ က်ားတစ္ေကာင္
အပိုင္း (ေလး)
နယ္သစ္ခ်ဲ႕ထြင္ေရးခြဲထြက္ေရး၀ါဒီ ကုလားေတြ
=========================
By Kyaw Zaw Oo
စစ္ေတြ ၊ ၂၀ ေမလ ၂၀၁၃ ၊ Coral Arakan News ၊ [ အခန္းဆက္ အတၳဳပတၱိ ေဆာင္းပါးရွည္ ]
=========================
နယ္သစ္ခ်ဲ႕ထြင္ေရး ခြဲထြက္ေရး၀ါဒီကုလားေတြ
၁၉၅၄ ခုႏွစ္ ႏုိ၀င္ဘာလကစတင္တဲ့ မုတ္သုန္စစ္ဆင္ေရးအၿပီးမွာ ရခုိင္ျပည္ေျမာက္ပုိင္းက မူဂ်ာဟစ္သူပုန္ေတြရဲ႕ ေသာင္းက်န္း လူသတ္မုဒိန္းက်င့္ ရြာမီးရႈိးလုပ္ရပ္ေတြ အေတာ္အတန္ ၿငိမ္သက္သြားတယ္။
ဒါေပမယ့္ ၁၉၆၆ ခုႏွစ္ေလာက္ကစၿပီး ကုလားသူပုန္ အုပ္စုငယ္သုံးစု ရခုိင္ျပည္ ေျမာက္ပုိင္းမွာ ေပၚလာျပန္တယ္။ (တစ္) ေဇာ္ေဖာအုပ္စု။ ဒီေဇာ္ေဖာ(အႀကီး)ဟာ တစ္ခ်ိန္က ဘာသာမေရြး လူမ်ိဳးမေရြး၀ါဒီ ရဲနီေက်ာ္ဇံရႊီ ေလ့က်င့္ေပးခဲ့တဲ့သူ တစ္ေယာက္ျဖစ္တယ္။ ေနာက္ေတာ့ ကုိယ့္အုပ္စုကေလးနဲ႔ကုိယ္ သူခုိးႀကီးေတာ့ဓါးျပ ဓါးျပႀကီးေတာ့သူပုန္ဆုိသလုိ ရပ္တည္လာႏုိင္ခဲ့တယ္။ (ႏွစ္) မူဂ်ာဟစ္သူပုန္ ကာဆိန္းအုပ္စု၀င္ေဟာင္း အဒူေဇာ္လီရဲ႕အဖြဲ႕။ (သုံး) ေညာင္ေခ်ာင္းေက်းရြာ ပတ္၀န္းက်င္က ေခတ္ပညာတတ္ ဘီေအေဇာ္ေဖာအဖြဲ႕ရယ္လုိ႔ …….သုံးဖြဲ႕ရွိေနေလတယ္။
အဲသည္အခ်ိန္မွာ စစ္ေတြက စူလတန္မာမြတ္ (ရခုိင္မွ ဘဂၤလီမူဆလင္ေခါင္းေဆာင္၊ ၀န္ႀကီးေဟာင္း) ဦးေဆာင္တဲ့ ေမာ္လ၀ီဆရာ ငါးဦးဟာ “ အာကိစၥတန္ ဦးေဆာင္မႈအဖြဲ႕” ဆုိတာကုိ ဖြဲ႕တယ္။ ေမာင္ေတာ၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ တစ္စိတ္တစ္ပုိင္းပါ၀င္တဲ့ မယူကမ္းသြယ္ကုိ မူဆလင္ေတြရဲ႕ Arkistan ႏိုင္ငံထူေထာင္ဖုိ႔ဟာ သူတုိ႔အဖြဲ႕ရဲ႕ ရည္ရြယ္ခ်က္ ျဖစ္တယ္။
အဲသည္ အာကိစၥတန္ဦးေဆာင္မႈအဖြဲ႕မွာ ကုိယ္ပုိင္စစ္တပ္ မရွိေလေတာ့ အထက္ေဖာ္ျပ ခဲ့တဲ့အုပ္စုသုံးစုကုိ စည္းရုံးၿပီးပူးေပါင္းေစတယ္။ အဲသည္အဖြဲ႕ရဲ႕ေခါင္းေဆာင္သုံးေယာက္ထဲမွာ အတန္းပညာအနည္းဆုံးေဇာ္ေဖာကုိ အာကိစၥတန္ဦးေဆာင္မႈအဖြဲ႕က လုိသလုိႀကိဳးကုိင္လုိ႔ ရလိမ့္ မယ္လုိ႔ သေဘာရတဲ့အတြက္ အထက္ကေျပာခဲ့တဲ့ စူလတန္မာမြတ္နဲ႔ စစ္ေတြက ေမာ္လ၀ီငါးဦးရဲ႕ ေထာက္ခံခ်က္အားျဖင့္ ေဇာ္ေဖာဟာ စစ္ဦးစီးခ်ဳပ္(ဆာနီ)ျဖစ္လာတယ္။ ေဇာ္ေဖာရဲ႕အလုပ္ေတြကုိ ကူညီဖုိ႔အတြက္ လွျမင့္ဆုိတဲ့ ေခတ္ပညာတတ္ကုလားတစ္ေယာက္ကုိ ေဇာ္ေဖာရဲ႕ အတြင္းေရးမွဴး အေနနဲ႔ ခန္႔ထားေပးတယ္။ သူတုိ႔ရဲ႕အဖြဲ႕ကုိလည္း ရိုဟင္ဂ်ာအမ်ိဳးသားလြတ္ေျမာက္ေရးပါတီဆိုၿပီး ဖြဲ႕စည္းလုိက္တယ္။¬
စူလတန္မာမြတ္တုိ႔အုပ္စုဟာ ဟုိအခ်ိန္က အာရပ္နဲ႔မူဆလင္ ေလာကရဲ႕ ေခါင္းေဆာင္မႈကုိ ရယူဖုိ႔ဆႏၷျပင္းျပေနတဲ့ လစ္ဗ်ားက ကဒါဖီကုိယ္စားလွယ္ေစလႊတ္ၿပီး အကူအညီေတာင္းခံတယ္။ သူတို႔အကူအညီေတာင္းတဲ့ကိစၥကုိ လစ္ဗ်ားက ¬¬အလယ္အလတ္ သေဘာထားရွိတဲ့ ေခါင္းေဆာင္ေတြက စိစစ္သုံးသပ္လုိက္တဲ့အခါ ဒီကုလားေတြဟာ ရခုိင္ဗုဒၶၶ ဘာသာ၀င္ေတြရဲ႕ နယ္ေျမမွာ မူဆလင္သီးျခားႏုိင္ငံထူေထာင္ဖုိ႔ ႀကိဳးစားေနမွန္း သေဘာေပါက္ သြားတယ္။ ဒီေတာ့ သူတုိ႔က ေျပာလုိက္တယ္။ မင္းတုိ႔ အကူအညီလုိခ်င္ရင္ မင္းတုိ႔ဟာ လြတ္ေျမာက္ေရးတုိက္ပြဲ၀င္ေနၾကတဲ့ ရခုိင္ဗုဒၶၶဘာသာ၀င္ေတြနဲ႔ အလံေတာ္တစ္ခုတည္း ေအာက္မွာ ျဖစ္ေနေၾကင္းကုိ အရင္သက္ေသျပႏုိင္ရမယ္လုိ႔ ေျပာလႊတ္လုိက္တယ္။
ဒီေတာ့ ရုိဟင္ဂ်ာပါတီဟာ ရခုိင္ေျမာက္ပိုင္းမွာ လႈပ္ရွားေနတဲ့ ရခုိင္ပါတီေတြျဖစ္ၾကတဲ့ ရခုိင္အမ်ိဳးသားလြတ္ေျမာက္ေရးပါတီ (ရမလ)နဲ႔ ရခုိင္ျပည္ကြန္ျမဴနစ္ပါတီ (ရကပ) တုိ႔ကုိ ညီညြတ္ ေရးကမ္းလွမ္းတယ္။ ဗကပက်ေတာ့ ရခုိင္ျပည္ေျမာက္ပိုင္းမွာ လႈပ္ရွားမႈေတြရွိေနတာမွန္ေပမယ့္ ျမန္မာျပည္မ အေျချပဳပါတီျဖစ္တဲ့အတြက္ ညီညြတ္ေရးကမ္းလွမ္းရာမွာ ခ်န္လွပ္ထားခဲ့တယ္။
အဲသည္တုန္းက ရခုိင္ျပည္ေျမာက္ပုိင္းမွာ ရွိေနတဲ့ သူပုန္အဖြဲ႕ေတြရဲ႕ အေနအထားကုိ ၾကည့္ရင္ ကုလားအဖြဲ႕ကလည္း အင္အားႀကီးအဖြဲ႕ျဖစ္သလုိ ဗကပ ဟာလည္း ၿပိဳင္ဘက္အဖြဲ႕ ေတြကုိ အင္နဲ႔အားနဲ႔ ထုိးစစ္ဆင္တတ္တဲ့ အဖြဲ႕ျဖစ္တယ္။ အဲသည္ အင္အားႀကီးအဖြဲ႕ႏွစ္ဖြဲ႕အၾကား မွာ ညွပ္ေနတာကေတာ့ ရမလ နဲ႔ ရကပ ရခုိင္ပါတီေလး ႏွစ္ပါတီပါပဲ။
အဲသည္ ညီညြတ္ေရးညွိႏႈိင္းေဆြးေႏြးပြဲကုိ က်င္းပတဲ့ေနရာက ကုလားရြာ ေနဗီဆိပ္မွာ ျဖစ္ပါတယ္။ အေစာပိုင္း ေဆြးေႏြးပြဲေတြမွာ ကုိယ္တုိ႔ ရကပ ရဲ႕ ကုိယ္စားလွယ္အေနနဲ႔ ကိုေမာင္ေစာခုိင္ တက္တယ္။ ေဆြးေႏြးပြဲကုိ လုိက္ပါသြားတဲ့ ရဲေဘာ္ကေလးေတြရဲ႕ ျပန္ေျပာင္း ေျပာျပခ်က္အရ အခမ္းအနားအခင္းအက်င္းက ဒီလုိ။
ေနဗီဆိပ္ရြာထဲမွာ သုံးပါတီ ေဆြးေႏြးပြဲအတြက္ မ႑ပ္အႀကီးႀကီးထုိးထားတယ္။ အဲသည္ မ႑ပ္ထဲမွာ ၀ါးဖ်ာၾကမ္းခင္းထားတယ္။ ေဇာ္ေဖာထုိင္မယ့္ေနရာကုိ သူ႔မယားေလးေယာက္က က်က်နန ျပင္ဆင္ေပးထားတယ္။ သူတုိ႔ျပင္ဆင္ေပးထားတာက ဒီလုိပါ။ ၀ါးဖ်ာၾကမ္းေပၚမွာ သေပါ့ဖ်ာေခ်ာခင္းတယ္။ သေပါ့ဖ်ာေခ်ာေပၚမွာ ဇင္ဖ်ာေခ်ာခင္းတယ္။ အဲသည္ ဇင္ဖ်ာေပၚမွာ ေကာ္ေဇာခင္းတယ္။ အဲသည္ ေကာ္ေဇာေပၚမွာ ပက္လက္ကုလားထုိင္ခ်တယ္။ အဲသည္ ပက္လက္ကုလားထုိင္ေပၚမွာ ေဇာ္ေဖာထုိင္တယ္။ ရကပ ကိုယ္စားလွယ္ ကုိေမာင္ေစာခုိင္နဲ႔ ရမလ ကုိယ္စားလွယ္ ဦးေမာင္စိန္ညြန္႔တုိ႔ကေတာ့ ၾကမ္းေပၚမွာ က်ဳံ႕က်ံဳ႕ကေလးထုိင္လုိ႔။ မင္းတရားႀကီး ေဇာ္ေဖာက ေမာ္ဖူးေစဆုိမွ ေမာ္ဖူးရမယ့္ သေဘာမ်ိဳးလုိလုိျဖစ္ေနတယ္။
ေဇာ္ေဖာက သူတပည့္ကုလားေတြကုိ ေျပာေတာ့ ေျပာပါတယ္တဲ့။ ေဟ့ေကာင္ေတြ ရဲေဘာ္ႀကီးေတြအတြက္ ေနရာထုိင္ခင္းေလးဘာေလးလုပ္ေပးဦးေလ……ဘာညာနဲ႔။ ဒါေပမဲ့ ကုလားေတြက ဘာမွ လုပ္မေပးဘူးလုိ႔ဆုိတယ္။ ဒါက သက္သက္မဲ့ကုိ ညစ္တဲ့သေဘာေပါ့။ ဒါနဲ႔ ဘႀကီးကေျပာတယ္။ ေနာက္တစ္ႀကိမ္ ေဆြးေႏြးပြဲက်ရင္ ကိုယ္သြားမယ္လုိ႔…..။ ကုိေမာင္ေစာခုိင္က ေျပာတယ္။ ကုိယ့္လူနဲ႔ ျဖစ္ပါ့မလား…….တဲ့။ ရတယ္ ျဖစ္တယ္…..လုိ႔။ ပါတီရဲ႕ မူ၀ါဒအတုိင္း ေဆြးေႏြးမွာပဲ ဥစၥာ……..လုိ႔။ (မွတ္မွတ္ရရ အဲသည္တုန္းက ကုိယ္တုိ႔အဖြဲ႕နဲ႔ ရဲနီေက်ာ္ဇံရႊီအုပ္စုနဲ႔ စကြဲေနၿပီ )
ကုိယ့္ရဲေဘာ္ေတြကုိ ကုလားထုိင္တစ္ခုံ လုိက္ရွာပါလုိ႔ ကုိယ္ခုိင္းလုိက္တယ္။ ရဲေဘာ္ေတြ ကုလားထုိင္လုိက္ရွာတာ ၿပဲၿပဲစင္တယ္။ အုိးသည္မရြာမွာ ဆတၱာသည္ထုိင္ခုံ တစ္ခုံေတြ႕တယ္။ အဲသည္ထုိင္ခုံကုိ ေလွတစ္တန္ ေတာလမ္းတစ္တန္နဲ႔ ကုိယ့္ရဲေဘာ္ေတြက မရမက သယ္လာ ၾကတယ္။
ေနဗီဆိပ္ရြာမွာ ေနာက္တစ္ႀကိမ္အစည္းေ၀းလုပ္ဖုိ႔ ကိုယ္သြားတဲ့အခါ အခမ္းအနားအခင္း အက်င္းကုိ ကိုယ္ၾကားသိထားရသလုိ ျပင္ဆင္ထားေၾကာင္း ကုိယ့္မ်က္စိနဲ႔တပ္အပ္ ျမင္ရေတာ့တာ ပါပဲ။ ေဇာ္ေဖာက ဘ၀ရွင္မင္းတရားႀကီးလုိ ထုိင္လုိ႔ ……..။ ရမလ ဦးေမာင္စိန္ညြန္႔ကေတာ့ ေက်းေတာ္ကၽြန္ေတာ္မ်ိဳးလုိ က်ံဳ႕က်ံဳ႕ကေလးျဖစ္ေနရွာတယ္။
ကုိယ္ကေတာ့ ခပ္တည္တည္နဲ႔ မတ္တတ္ရပ္ေနတယ္။ ကုိယ္အခ်က္ျပလုိက္တာနဲ႔ ကုိယ့္ရဲေဘာ္ေတြက ဆတၱာသည္ထုိင္ခုံကုိ ကုိယ့္အတြက္ မ႑ပ္ထဲကုိ သြင္းယူလာတယ္။ ကုိယ္က ခပ္တည္တည္နဲ႔ ေျခေထာက္ခ်ိတ္ထုိင္လုိက္တယ္။ ကုိယ္က ေတာေနေျပာက္က်ား တုိက္ခုိက္ေရးသမားဆုိေတာ့ ဖိနပ္မစီးဘာမစီးနဲ႔ ရႊံေတြ ေျခေထာက္မွာေပလုိ႔………။ ၿပီးေတာ့ ရႊံေပေပကုိယ့္ေျခေထာက္ေတြကလည္း ေဇာ္ေဖာမ်က္ႏွာဆီ တန္းတန္းႀကီးျဖစ္ေနတယ္။ ကုိယ့္ထုိင္ခုံကလည္း သူရဲ႕ ပက္လက္ကုလားထုိင္ထက္ျမင့္ေနတယ္။
ဒါနဲ႔ ေဇာ္ေဖာကလည္း အစည္းအေ၀းကုိစဖုိ႔ ပဋိသႏၶာရ ေလာကြက္စကားေလး ဘာေလး ဆုိတယ္။ ခဏေနေတာ့ ေဇာ္ေဖာဟာ မာေရး….မာေရး….လုိ႔ေအာ္ၿပီးသကာလ ဗုိက္ေအာင့္တယ္ ဆုိၿပီးျဖစ္ေတာ့တာပါပဲ။ သူ႔တပည့္ကုလားေတြကလည္း ျပာျပာသလဲနဲ႔ေပါ့။ ၿပီးေတာ့ ေဇာ္ေဖာက ေျပာတယ္။ သူအစာအိမ္ေ၀ဒနာေဖာက္လာလုိ႔ ဒီေန႔အစည္းအေ၀းကုိ ေရႊ႕ဆုိင္းေပးဖုိ႔ ေမတၱာရပ္ ခံတယ္။ ရဲေဘာ္ႀကီး အစည္းအေ၀းတက္တဲ့ေန႔က်မွ ဒီလုိျဖစ္ရတာ အားနာပါတယ္……ဘာညာေပါ့ ……ကုိယ့္ကုိေျပာတယ္။
အခ်ဳပ္ေျပာရရင္ေတာ့ ရခုိင္အစုကေလးႏွစ္စု (ရကပ နဲ႔ ရမလ) ဟာ ကုလားေတြ အလုိက် စာခ်ဳပ္တစ္ခုကုိ လက္မွတ္ထုိးေပးလုိက္ရတယ္။ အဲသည္ စာခ်ဳပ္ပါ သေဘာတူညီခ်က္ေတြထဲက အဓိက အခ်က္ေတြကေတာ့
(၁) ရုိဟင္ဂ်ာ အမ်ိဳးသားလြတ္ေျမာက္ေရးပါတီဟာ ကုလားေတြရဲ႕ တစ္ခုတည္းေသာပါတီ ျဖစ္တယ္။
(၂) ကုလား အမ်ားစုရွိတဲ့ ေမာင္ေတာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေညာင္ေခ်ာင္းနဲ႔ ေညာင္ေခ်ာင္း အထက္ပုိင္းတုိ႔ဟာ ကုလားေတြရဲ႕ နယ္ေျမျဖစ္တယ္။
(၃) သုံးပါတီ “ ပူးတြဲ စစ္ေကာ္မတီ ’’ အႀကီးအကဲဟာ စစ္အင္အားအမ်ားဆုံးရွိတဲ့ ရုိဟင္ဂ်ာ ပါတီက ျဖစ္ရမယ္……စတဲ့ အခ်က္ေတြျဖစ္ပါတယ္။
ဒီသေဘာတူညီခ်က္ေတြအရ ရခုိင္ပါတီေလးႏွစ္ခုမွာ နယ္ေျမေသးေသးကြက္ကြက္ ကေလးပဲက်န္ေတာ့တယ္။ ကုလားအပုိင္းလုိ႔ အသိအမွတ္ျပဳလုိက္ရတဲ့ နယ္ေျမေတြနဲ႔ အင္အားႀကီး ဗကပရဲ႕ နယ္ေျမေတြနဲ႔ အင္အားႀကီး ဗကပရဲ႕ နယ္ေျမေတြအၾကားမွာ… ေညာင္ေခ်ာင္းေအာက္ဘက္ ရခုိင္ရြာကေလးေတြရွိတဲ့ နယ္ေျမကြက္ကြက္ကေလးမွာ ဘယ္လွည့္ ညာလွည့္ထြက္ခ်ီ၀င္ခ်ီနဲ႔ ဆုံလည္ႏြားလုိ လႈပ္ရွားေနၾကရေတာ့တယ္။ မိမိတုိ႔ အခြန္ေတာ္ေကာက္ခံ ရမယ့္ နယ္ေျမကလည္း က်ဥ္းသြားတယ္။ ဒီစာခ်ဳပ္ကိစၥဟာ တျခားေသာ မိမိတုိ႔ပါတီ၀င္ေတြ ခံျပင္း ၾကသလုိပဲ ကိုယ့္အတြက္လည္း ေတာ့္ေတာ့္ကုိ တအုံ႔ေႏြးေႏြးနဲ႔ အခံရခက္စရာျဖစ္ေနတယ္။ ဒီလုိနဲ႔ ဘဂၤလားနယ္ထဲသြားၿပီး လက္နက္၀ယ္ရမယ့္ ကိစၥေပၚေပါက္လာတယ္။ ဒီေနရာမွာ ကုိယ္တုိ႔နဲ႔ ကုလားေတြနဲ႔ ေတြ႕ၾကေတာ့တာပဲ။
အဲသည္တုန္းက အေရွ႕ပါကိစၥတန္လုိ႔ေခၚတဲ့ ဘဂၤလားနယ္မွာ အေနာက္ပါကိစၥတန္ လက္ေအာက္က လြတ္ေျမာက္ေရးအတြက္ တုိက္ပြဲ၀င္တဲ့ လြတ္ေျမာက္ေရးစစ္ပြဲျဖစ္ပြားလာတယ္။ ဒါနဲ႔ စစ္ပြဲသဘာ၀ လက္နက္ေတြ ဟုိေရာက္သည္ေရာက္တစ္ႏုိင္ငံလုံးႀကဲျပန္႔ေနတာေပါ့ေလ။ အဲသည္က ရလာတဲ့ လက္နက္ေတြကုိ ေဇာ္ေဖာက ကုိယ္တုိ႔ကို ေရာင္းတယ္။ သူက ကုိယ္တုိ႔ကုိ ေရာင္းလုိက္ရင္ ခ်ိဳက်ိဳးေမာင္းပ်က္ေတြခ်ည္းပဲ။ ဒီလုိနဲ႔ ကုိယ္က ကုိေမာင္ေစာခုိင္ကုိ ေျပာတယ္။ ကုိယ္တုိ႔ကုိယ္တုိင္ ဘဂၤလားနယ္ကုိ လက္နက္သြား၀ယ္မယ္လုိ႔……။ ကုိယ့္တုိ႔ အလွဴခံေတာ့ ရခိုင္ ရြာေတြက ၀မ္းသာအားရနဲ႔ ပုိက္ဆံေတြ ပုံေအာထုတ္ေပးၾကတယ္။ ေရႊေတြ ထုတ္ေပးၾကတယ္။
ကုိယ္က ကုယ့္လက္ေထာက္ဗုိလ္ျမဒင္ကုိ ေမးတယ္။ “ မင္းဆီက ေလာေလာဆယ္ လူအင္အား ဘယ္ေလာက္အထိ ရႏုိင္မလဲ” လုိ႔။ သူက လူ(၁၁)ေယာက္ရမယ့္တဲ့။ ၿပီးေတာ့ ငလွျဖဴလုိ႔ အမည္ရတဲ့ နယ္ေျမအတြင္းေရးမွဴးတစ္ေယာက္ကုိေရာ မင္းလုိက္မလားလုိ႔ ကုိယ္ေမး တယ္။ သူက သူေရာ သူ႔တပ္စုပါ ကုိယ္နဲ႔အတူ လုိက္မယ္တဲ့။
ကုိယ္တုိ႔ သြားမယ့္ခရီးကုိ ကုိေမာင္ေစာခုိင္က ကန္႔ကြက္ေသးတယ္။ ကုလားနယ္ေျမကုိ ျဖတ္သြားမယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ခြင့္ေတာင္းမွ သင့္မယ္ထင္တယ္တဲ့……။ ဒါနဲ႔ ကုိယ္ကေျပာရ ေတာ့တယ္။ “ ဒီမွာ ကုိယ့္လူ……၊ ကုလားေတြက ကုိယ္တုိ႔ထက္အင္အားႀကီးေနတာ မွန္ပါတယ္။ ဒါေပမယ့္ ကုလားပါတီကုိ ဆုိမထားနဲ႔၊ ဧရာမ စစ္တပ္အႀကီးႀကီးနဲ႔ အစုိးရတစ္ခုလုံးကုိေတာင္မွ ပုန္ကန္ေထာင္ထားေနတဲ့ လူေတြဗ်။ ၿပီးေတာ့ ဒါရခုိင္ျပည္ဗ်။ ကုလားေတြဆီကပဲ ေတာင္းရမယ္ လုိ႔ေျပာလုိက္တယ္။
ကုိယ္က အတြင္းလမ္းေၾကာင္းကေနသြားတယ္။ ကိုယ့္ေနာက္ပါ တပ္စုေတြက အတြင္း စည္းကုိ ေရွာင္ကြင္းခ်ီတက္ၾကတယ္။ ဘဂၤလားနယ္ထဲကုိေရာက္ေတာ့ လက္နက္ေတြ ေတာ္ေတာ္ မ်ားမ်ား ၀ယ္လုိ႔ရတယ္။ မရမာႀကီး၊ ဟိႏၵဴ နဲ႔ ရခုိင္လူမ်ိဳးအဆက္အသြယ္ေတြက ကိုယ့္အတြက္ လက္နက္၀ယ္စုေပးၾကတယ္။ ဒါနဲ႔လက္နက္ငယ္ တစ္ရာေက်ာ္ေလာက္ရတယ္။ ေအာက္ခံပလိတ္ ျပားမပါတဲ့ ေမာ္တာတစ္ခုေတာင္ ၀ယ္လာေသးတယ္။ ပလိတ္ျပားမပါပဲ ဘယ္လုိပစ္ရမွန္းေတာ့ မသိဘူး။ ဘာပဲပဲျဖစ္ျဖစ္ ေနာက္မွျပင္သုံးမယ္ကြာဆုိၿပီး ၀ယ္လာခဲ့တယ္။ လက္နက္ေတြ အစုံအလင္နဲ႔ ဒီဘက္ႏုိင္ငံထဲကုိ ျပန္၀င္အလာမွာ ကုိယ္နဲ႔အတူ လူအင္အား(၃၅)ေယာက္ေလာက္ ပါတယ္။
ဒါနဲ႔ျပန္၀င္အလာ တမန္းသားရြာအထက္ ေ၀လာေတာင္မွာ ကုလားေတြနဲ႔ တုိက္ပြဲျဖစ္ပါ ေလေရာ။ (အဲသည္ေနရာက ဟုိေရွးတုန္းက ဗုိလ္ခ်င္းပ်ံတုိ႔ ခုိေအာင္းခဲ့တဲ့ ေနရာေပါ့။)
ကနဦးတက္လာတဲ့ ကုလားတပ္ဖြဲ႕တစ္ဖြဲ႕နဲ႔ ကုိယ္တုိ႔ကပ္လြဲသြားတယ္။ ဒုတိယကုလား တပ္နဲ႔ ကုိယ္တုိ႔တပ္နဲ႔ ဆုံေတာ့တာပါပဲ။ ဒါေပမယ့္ ကုလားတပ္ကုိ ကုိယ္တုိ႔ကစၿပီး လွမ္းျမင္တာ။ ေရွ႕ကင္းက ေျပာတယ္။ ကုလားေတြတဲ့ လက္နက္ေတြကုိင္ၿပီးသြားေနၾကတာတဲ့။ ဒါနဲ႔ ကုိယ္တုိ႔ လည္း ေနရာအေသအခ်ာယူၿပီး ဦးေအာင္ပစ္တယ္။ တစ္နာရီေလာက္ အျပန္အလွန္ပစ္ၾကတယ္။ ကုိယ္တုိ႔ထဲကလည္း ကုိယ့္အခ်င္းခ်င္း မွားပစ္မိလုိ႔ ေသတဲ့လူေသ၊ ေပ်ာက္တဲ့လူေပ်ာက္ေပါ့။ ဒါနဲ႔ ကုိယ္တုိ႔တပ္က ေတာင္ၿပိဳဘက္ကုိ ဆုတ္လာခဲ့ၾကတယ္။
ေတာင္ၿပိဳနားကုိ ေရာက္လုိ႔ ခုိေနၾကစဥ္မွာ ခပ္လွမ္းလွမ္းက ေတာင္စြန္းတစ္ခုကေန အကၤ်ီ မပါေက်ာဗလာနဲ႔ လူတစ္ေယာက္ သူ႔အကၤ်ီကုိ ေ၀ွ႔ယမ္းျပေနတာကုိ ေတြ႕ရတယ္။ အနီးအနားမွာ ကင္းလွည့္ေနတဲ့ ရဲတပ္စုက ဆက္သားလႊတ္လုိက္တာပါလုိ႔ဆုိတယ္။ ( ေလာေလာလတ္လတ္မွာ ကုလားဆုိးရန္က ဘုံအႏၱရာယ္ျဖစ္ေနေတာ့ ရဲနဲ႔သူပုန္နဲ႔က ဘာပဲေျပာေျပာ စာခ်ဳပ္ခ်ဳပ္မထားတဲ့ ယာယီမဟာမိတ္လုိျဖစ္ေနတယ္။ ) သူတုိ႔က ကုလားပုိင္ႏြားတစ္ေကာင္ကုိ သတ္ၿပီး ထမင္းခ်က္ ထားတယ္။ သူတုိ႔နဲ႔အတူ ထမင္းလာစားလွည့္ပါတဲ့……။ ဒါနဲ႔ ကုိယ္တုိ႔တပ္လည္း သူတုိ႔ဆီသြားၿပီး ထမင္းစားၾကတယ္။ အသားဖတ္ေတြ၊ ထမင္းေတြကုိ ငွက္ေပ်ာဖက္နဲ႔ထုပ္ၿပီး ကုိယ္တုိ႔လမ္းမွာ စားဖုိ႔ေတာင္ ထုတ္ေပးလုိက္ေသးတယ္။
ဒါနဲ႔ ကုိယ္တုိ႔ဆက္လက္ခ်ီတက္လာေတာ့ ဒုံးေခ်ာင္းရြာဘက္ကုိ ေရာက္တယ္။ ကုလား ေတြက ကုိယ္တို႔တက္လာတာကုိၾကားေတာ့ ဒုံးေခ်ာင္းရြာအလြန္မွာ ခ်ဳံခုိတုိက္ဖုိ႔ သတ္ကြင္း တစ္ကြင္း စီစဥ္ခ်ထားၿပီးသား။ အဲသည္ ေနရာကုိသာ ျဖတ္သြားမိခဲ့မယ္ဆုိရင္ လူေရာလက္နက္ပါ ေကာက္မ်ိဳးေတာင္က်န္မွာမဟုတ္ဘူး။
ဒါေပမယ့္ အဲဒီေနရာကုိ မေရာက္ခင္ ဒုံးေခ်ာင္းရြာကုိေရာက္ေတာ့ ရြာသားေတြက ၀မ္းပန္း တသာနဲ႔ ႀကိဳၾကတယ္။ အံမယ္……ငါတို႔ရခုိင္တပ္ႀကီးတစ္တပ္ပါလား၊ လက္နက္ေတြ ဘာေတြနဲ႔၊ ၀မ္းသာအယ္လဲႏူတ္ဆက္စကားေျပာၾကတယ္။ ထမင္းစားပါဦး ဘာဦးနဲ႔ ဧည့္ခံဖုိ႔ျပင္ၾကပါေလေရာ။ မစားေတာ့ဘူးဆုိလည္း မရဘူး။
ကုိယ္က ေျပာတယ္။ ထမင္းစားခ်င္လည္း စားၾက၊ ဒါေပမယ့္ လက္နက္ကုိေတာ့ လက္လြတ္စပယ္ ခ်မထားၾကနဲ႔။ ဒီေနရာက ကုလားေတြနဲ႔ အရမ္းနီးတဲ့ေနရာ၊ သတိထားမွ ေတာ္ကာက်မယ္လုိ႔ သတိေပးရတယ္။ ဒါေပမယ့္ ေသနက္ကုိ အမွတ္တမဲ့ေအာက္ခ်ထားတဲ့လူက ခ်ထားတယ္။ ေထာင္ထားတဲ့လူက ေထာင္ထားတယ္။ ကုိယ္ကေတာ့ ကိုယ့္ေသနက္ကုိ ကုိင္ထားတာပါပဲ။ အဲသည္အခ်ိန္မွာ ကုလားေတြခ်ဥ္းကပ္လာေနတယ္ဆုိတာကို ကုိယ္တုိ႔သတိမမူ မိေသးဘူး။ ကုလားေတြက ေနရာယူၿပီး ၀ုိင္းမလုိ႔လုပ္ေနၿပီ။ ေျမေထာက္ေဒါက္ကုိခ်ၿပီး ခ်ိန္ပစ္မလုိ႔ လုပ္ေနတဲ့ ကုလားတစ္ေကာင္ကုိ ကုိယ္တုိ႔ထဲက ဗုိလ္ႀကီးျမဒင္ လွမ္းျမင္တာနဲ႔ ေသနက္ကုိ ခ်က္ခ်င္းဆြဲပစ္တာ ဟုိေကာင္ ကားကနဲ ျဖစ္သြားတယ္။ ဒါနဲ႔ ကုလားေတြ တုိက္တယ္ဟ၊ ကုလားေတြတုိက္တယ္ဟ ဆုိၿပီး ခ်က္ခ်င္းေနရာယူၿပီး ျပန္တုိက္ၾကတာ……ကုိယ္တုိ႔ အငုိက္မမိတဲ့ အတြက္ ကုလားေတြေတာ္ေတာ္အထိနာကုန္တယ္။ ေသတဲ့လူေသတယ္။ ကုလားေတြဆုတ္ေတာ့ က်န္ခဲ့တဲ့ လက္နက္ေတြကုိ ကုိယ္တုိ႔ရလုိက္ေသးတယ္။
ဒီတုိက္ပြဲေၾကာင့္ ဘာဆက္ျဖစ္လာသလဲဆုိေတာ့ ကုိယ္တုိ႔ ရကပ အဖြဲ႕ကုိ ရမလက စစ္ေၾကျငာတယ္တဲ့။ ဘာေၾကာင့္လဲဆုိေတာ့ အခုနက ဒုံးေခ်ာင္းရြာတုိက္ပြဲမွာ ေသသြားတဲ့ ကုလား ေတြ၊ သိမ္းသြားတဲ့ လက္နက္ေတြအတြက္ ကုိယ္တို႔က ကုလားေတြကုိ ေလ်ာ္ေၾကးေပးရမယ္တဲ့။ ကုိယ္တုိ႔က ေပးကို မေပးႏုိင္ဘူးလုိ႔ ျပတ္ျပတ္သားသားျငင္းပယ္တယ္။ ဒီေတာ့ ရခိုင္ ရမလက ကုလားနဲ႔ေပါင္းၿပီးေတာ့ ကုိယ္တုိ႔ရကပကုိ စစ္ေၾကျငာတယ္။ ဒီလုိနဲ႔ သုံးပါတီ ပူးတြဲစစ္ေကာ္မတီ ဆုိတာပ်က္သြားပါေလေရာ။
( ရခုိင္ပါတီႏွစ္ခုနဲ႔ရလုိက္တဲ့ သေဘာတူညီခ်က္ကုိ လုိသလုိ ဘာသာျပန္ၿပီးသကာလ ကုလားေတြဟာ လစ္ဗ်ားက မာစတာေတြကုိ သြားေရာက္တင္ျပတယ္။ လစ္ဗ်ားက အုပ္စုကလည္း သူတုိ႔ေကာက္ခံစုစည္းလုိ႔ရတဲ့ သဒၶၶါေၾကးေတြကုိ စြန္႔ႀကဲေပးလုိက္တယ္။ အဲသည္ အလွဴခံရရွိတဲ့ ေငြကုိ စစ္ေတြၿမိဳ႕ေပၚက စူလတန္မာမြတ္ဦးစီးတဲ့ အာကိစၥတန္ဦးေဆာင္အဖြဲ႕က ကုိင္တြယ္သုံးစြဲ တယ္။ ဘာပဲေျပာေျပာ ရခုိင္ေတြနဲ႔ သေဘာတူညီခ်က္ ေရးထုိးရာကေန ကုလားေတြ အျမတ္ထြက္ လုိက္ေသးတယ္လုိ႔ ဆုိရဦးမွာပါပဲ။)
ဒီလုိျဖစ္ေနခ်ိန္မွာ ဦးေစာထြန္းဦး ေခါင္းေဆာင္တဲ့ ဗကပ (ရခုိင္ျပည္နယ္)က ၾကား၀င္လာ တယ္။ ကိုယ္တုိ႔ ရကပကုိ ေျပာတယ္။ “ ကုိယ့္လူတို႔ လက္သည္းဆိတ္ရင္ လက္ထိပ္နာတယ္တဲ့။ ကုိယ္လူတုိ႔နဲ႔ ကုိယ္တုိ႔အရင္တုန္းက ရင္ဆုိင္တုိက္လာခဲ့တာေတာ့မွန္ပါတယ္။ ဒါေပမယ့္ ရခုိင္ ရမလနဲ႔ ကုလားေတြကုိ ကုိယ္လူတုိ႔ ရကပ ကတုိက္မယ္ဆုိရင္ ကိုယ္တုိ႔ ဗကပ ကလမ္းဖြင့္ ေပးမယ္။ ဗကပ နယ္ေျမကုိ ျဖတ္သြားဖုိ႔လုိအပ္ရင္ျဖတ္သြားပါ။ မတုိက္ဘူး ” ကမ္းလွမ္းတယ္။ ကုလားေတြနဲ႔ေတာ့ ကုိယ္တို႔ဆက္တုိက္ျဖစ္တယ္။ ဒါေပမယ့္ ရမလနဲ႔ ကိုယ္တုိ႔ မတုိက္ခဲ့ၾကပါဘူး။
ေဇာ္ေဖာဦးေဆာင္တဲ့ ကုလားေတြက အင္အားေကာင္းလ်က္ ေကာင္းၿမဲဆုိေတာ့ ယုတ္မာ မႈေတြကုိလည္း ဆက္လက္လုပ္လ်က္လုပ္ၿမဲပါပဲ။ တုိင္းရင္းသားေက်းရြာေတြ၊ အထူးသျဖင့္ ဒုိင္းနက္ရြာေတြကုိ ႏွိပ္စက္တယ္။ လူသတ္တယ္။ မုဒိမ္းက်င့္တယ္။ လုယက္တယ္။ မီးရႈိးတယ္။
ဒီေတာ့ ရခုိင္ေတြက ေတာ္ေတာ့္ကုိ ခံျပင္းနာက်ည္းၾကတယ္။ ဒါနဲ႔ ကုိယ္တုိ႔လည္း လက္တုံ႔ ျပန္တယ္။ မေကာင္းတဲ့ လုပ္ရပ္ေပမယ့္လုိ႔ အဲဒီ အမည္းစက္ ငါ့နာမည္မွာ စြန္းရင္စြန္းပေစဆုိၿပီး ေျမလွန္စရာရွိတာ ေျမလွန္ပစ္ခဲ့တယ္။
ကုိယ္တုိ႔နဲ႔ ေခတ္ၿပိဳင္ကာလမွာ ဗုိလ္မွဴးေအာင္သန္း ဦးေဆာင္ၿပီး ကုလားဆုိးေသာင္းက်န္း သူေတြကုိ အျပဳတ္တုိက္တဲ့ စစ္ဆင္ေရးေတြ လုပ္တယ္။ သူ႔ရဲ႕ကြပ္ကဲမႈေအာက္က စစ္ရဲတစ္ဦး ျဖစ္တဲ့ ရဲအုပ္မုိက္ခဲ(ေခၚ) ဦးေရႊစံေအာင္ဟာ ကုလားဆုိးေတြကို ရဲရဲရင့္ရင့္ တုိက္ခုိက္ေခ်မႈန္းရာမွာ နာမည္ရတဲ့ သူရဲေကာင္းတစ္ေယာက္ျဖစ္တယ္။ ကိုယ္တုိ႔ ရကပကလည္း ကုလားဆုိးေခ်မႈန္း ေရးမွာ တစ္ဘက္တစ္လမ္းကပါ၀င္ခဲ့တယ္။ ကုလားဆုိးေခ်မႈန္းရာမွာ ကိုယ္တုိ႔ရကပနဲ႔ ပူးေပါင္း ညိွႏႈိင္းၿပီး၊ တုိက္စရာရွိတာ တုိက္ႏုိင္ရင္ေကာင္းမယ္လုိ႔ သေဘာရတဲ့ ေညာင္းေခ်ာင္းက လမ္းစဥ္ ပါတီ၀င္ ကုိေမာင္လွထြန္းက ကုိယ္တုိ႔ကုိ အႀကံျပဳဖူးတာရွိတယ္။ အစုိးရတပ္နဲ႔ ကုိယ္တုိ႔နဲ႔ ညိွၿပီး တုိက္ဖုိ႔ေပါ့။ ဒါေပမယ့္ ကုိေမာင္လွထြန္းကလည္း သူပုန္အားေပးသူ၊ သူပုန္အဆက္အသြယ္ရွိသူ ျဖစ္သြားမွာစုိးတာနဲ႔ ေနာက္ဆုတ္သြားတယ္။ အစိုးရဘက္နဲ႔ ကုိယ္တုိ႔ စကားမေျပာျဖစ္လုိက္ဘူး။
ဒီလုိနဲ႔ ေဇာ္ေဖာတပ္ေတြ ၿပိဳကြဲၿပီး ဘဂၤလာေဒ့ရွ္ဘက္ကုိ ထြက္ေျပးသြားတယ္။ ထုိနည္း တူစြာ ကုိယ္တုိ႔တပ္ေတြလည္း မင္းျပား၊ ေျမပုံ၊ ေက်ာက္ေတာ္ဘက္ကုိ ေျပာင္းသြားရတယ္။
ဒီေနရာမွာ သင္ခန္းစာယူစရာတစ္ခုကုိ ေျပာရရင္ ကုလားနဲ႔ေပါင္းတဲ့ ရမလဟာ အစုိးရတပ္ ေတြက ရမလကုိ တုိက္ေတာ့ ကုလားေတြနဲ႔အတူ ဘဂၤလာေဒ့ရွ္ကုိ ထြက္ေျပးသြားရတယ္။ ဘဂၤလာေဒ့ရွ္ကုိ ေရာက္ေတာ့ ေဇာ္ေဖာက ဦးေမာင္စိန္ညြန္႔တုိ႔ ရမလကုိ အကုန္လက္နက္ျဖဳတ္ သိမ္းလုိက္တယ္။
ဒါကုိ ၾကည့္ျခင္းအားျဖင့္ ကုလားေတြဟာ ရခုိင္ေတြနဲ႔ အက်ိဳးစီးပြားတူ မဟာမိတ္ မဟုတ္ဘူး၊ ကုလားေတြကို ဘယ္ေတာ့မွ မယုံရဘူးဆုိတာကုိ သမုိင္းအသိရႏုိင္တယ္။
* * * *
ေဇာ္ေဖာ္ဆာနီ ( Jafar Sani ) ေကာင္းစားစဥ္တုန္းက နယ္စားပယ္စား အရွင္သခင္လုိ ေကာင္းေကာင္းေနေကာင္းေကာင္းစားတယ္။တရား၀င္အားျဖင့္ မယားေလးေယာက္ယူထားတယ္။ တရားမ၀င္တာေတြကုိေတာ့ ေျပာရမွာေတာင္ ပါးစပ္သနစရာပဲ။
သူတို႔လူမ်ိဳးေတြကလည္း လူႀကီးေယာကၡမျဖစ္ရတာကုိ ေတာ္ေတာ္ဂုဏ္ယူၾကတာကလား။ ကၽြန္ေတာ့္သမီးကုိယူပါဆုိၿပီး အေဖေတြ ကုိယ္တုိင္လာလာေျပာၾကတာဆုိေတာ့ ကုလားဆုိး ေခါင္းေဆာင္ ေဇာ္ေဖာအဖုိ႔ရာ မုတ္ဆိတ္ကုိပ်ားစြဲေနတာနဲ႔ အတူတူပါပဲ။
လွျမင့္ဆုိတဲ့ ေခတ္ပညာတတ္ ကုလားတစ္ေယာက္ကုိ ေဇာ္ေဖာရဲ႕ လက္ေထာက္ သူ႔ရဲ႕ အတြင္းေရးမွဴးအေနနဲ႔ စူလတန္မာမြတ္ရဲ႕အဖြဲ႕က ခန္႔အပ္ထားတာရွိတယ္။ အဲသည္ပုဂၢိဳလ္က မူဆလင္ကုလားလုိ႔သာဆုိရတာ အေသာက္အစားေလးကလည္း တျမျမနဲ႔……။ ဘာဆုိဘာမွ မေရွာင္ဘူးဆုိတဲ့ လူစားမ်ိဳးေပါ့။
ေဇာ္ေဖာရဲ႕ မိန္းမေဆာင္ထဲက ရုပ္ရည္သိပ္မရွိတဲ့…… ေဇာ္ေဖာကလည္း ေဖးဘရိတ္ စာရင္းထဲမွာ မထည့္ေတာ့တဲ့ ကေလးမေတြဆုိရင္ လွျမင့္က ေတာင္းတတ္တယ္လုိ႔ဆုိတယ္။ “ဆရာ မလုိခ်င္ေတာ့ဘူးဆုိရင္ ကၽြန္ေတာ့္ကုိေပးပါ”ေပါ့။ ဒီလုိနဲ႔ ေဇာ္ေဖာရဲ႕အက်ေတြ လွျမင့္ဆီကုိ ေရာက္ေရာက္သြားတတ္တယ္လုိ႔ဆုိတယ္။ တစ္ခါတစ္ခါက်ေတာ့ ေကာင္မေလးေတြရဲ႕ အေဖေတြက ဒါကုိ စိတ္ဆုိးတယ္။ ငါ့သမီးကုိ မင္းကုိ ေပးထားတာ မဟုတ္ဘူး။ ေဇာ္ေဖာဆာနီ (စစ္ဦးစီးခ်ဳပ္ ေဇာ္ေဖာ)နဲ႔ ေပးစားထားတာကြလုိ႔ေျပာၿပီး သမီးကုိလက္ဆြဲကာ ေဒါနဲ႔ေမာနဲ႔ လာေခၚ သြားတတ္တယ္လုိ႔ဆုိတယ္။
ေဇာ္ေဖာဟာ ဘဂၤလာေဒ့ရွ္ထဲမွာ ေသတယ္။ ေသတာကေတာ့ ေသြးရုိးသားရုိးေရာဂါနဲ႔ ဆုံးသြားတာပါပဲ။ သူတုိ႔ရဲ႕ ရုိဟင္ဂ်ာအမ်ိဳးသားလြတ္ေျမာက္ေရးပါတီလည္း ၿပိဳကြဲသြားတယ္။ ဒီေနာက္မွာ ဘီေအေဇာ္ေဖာက အဒူေဇာ္လီဆီက လက္နက္ျဖဳတ္သိမ္းလုိက္ေသးတယ္။ နန္ေခ်ာင္ ကလီမွာ ဒုကၡသည္စခန္းဖြင့္ၿပီး ဘီေအေဇာ္ေဖာရဲ႕ ဦးေဆာင္မႈနဲ႔ ကုလားေတြက ဆက္လက္ လႈပ္ရွားတယ္။ ရုိဟင္ဂ်ာဆုိတဲ့ နာမည္နဲ႔ ပါတီေတြလည္း အမ်ားႀကီးေပၚလာတယ္။ ကုလား ပါတီေတြကေတာ့ ေပၚလုိက္ေပ်ာက္လုိက္ေပါ့။ သူတုိ႔အခ်င္းခ်င္းလည္း တုိက္ၾကတယ္။ ကိုယ္တုိ႔ကို လည္း နည္းအမ်ိဳးမ်ိဳးနဲ႔ အေႏွာင့္အယွက္ေပးတယ္။ ( ကုိယ္တုိ႔ ရကပ ကလည္း ေက်ာက္ေတာ္၊ ေျမပုံ၊ မင္းျပားတစ္ခြင္မွာ လႈပ္ရွားေနရာကေန ျဖတ္ေလးျဖတ္စစ္ဆင္မႈေၾကာင့္ ဘဂၤလာေဒ့ရွ္ ဘက္ကုိ ေရာလာရတာကိုး။ )
တစ္ခါကဆုိရင္ ကိုယ္တုိ႔ဆီကုိ စာတစ္ေစာင္ေရာက္လာတယ္။ ဘဂၤလာေဒ့ရွ္ နယ္ျခား ေစာင့္တပ္ဖြဲ႕ ( BDR )ရဲ႕ နယ္ေျမ Wing Commander ရဲ႕တံဆိပ္တုံးနဲ႔။ လက္မွန္နဲ႔။ A4 စာရြက္ ခပ္ပါးပါးေပၚမွာ လက္ႏွိပ္စက္နဲ႔ရုိက္ထားတာ။ “ မင္းတုိ႔တပ္ဖြဲ႕ေတြ သံုးရက္အတြင္း ငါ့ဆီမွာ လက္နက္ခ်ရင္ခ် ( ဒါမွမဟုတ္ ) သုံးရက္အတြင္း ဒီနယ္ေျမက ထြက္ခြာေပးရမယ္ ’’ဆုိတဲ့ ရာဇသံ ေပါ့။ ဒီေတာ့ ကုိယ္နဲ႔ ကုိရဲလွေအာင္တုိ႔ႏွစ္ေယာက္ Wing Commander ဆီအရဲစြန္႔ၿပီး သြားေတြ႕ ၾကတယ္။ တုိ႔ေတြအားလုံးထဲမွာ အဂၤလိပ္လုိေျပာႏုိင္တဲ့သူက ကုိယ္နဲ႔ ကုိရဲလွေအာင္ႏွစ္ေယာက္ပဲ ရွိတာကိုး။
ကိုယ္တုိ႔ႏွစ္ေယာက္ ထုိင္ထုိင္ခ်င္းပဲ အဲသည္ BDR တပ္မွဴးက ေနာက္တီးေနာက္ ေတာက္နဲ႔ စကားစတယ္။ “ ဘာလဲ၊ မင္းတုိ႔က ငါတုိ႔စခန္းကို လာသိမ္းတာလား ’’ ၿပံဳးၿပံဳးရီရီနဲ႔ ျပန္ေျပာၿပီးသကာလ ကိုယ္တုိ႔ရထားတဲ့စာကုိ ထုတ္ျပတယ္။ အဲသည္စာကို ၾကည့္ၿပီး Commander ကခ်က္ခ်င္းျပန္ေျပာတယ္။ “ ဆာလာရုိဟင္ဂ်ာ ’’ တဲ့။ ရုိဟင္ဂ်ာ လူလည္ေတြလုိ႔ ေျပာတာပါ။
ဒါဟာ သူ႔လက္မွတ္နဲ႔ဆင္ေပမယ့္ သူ႔လက္မွတ္အစစ္မဟုတ္ေၾကာင္း၊ တံဆိပ္တုံးကလည္း သူတုိ႔ဆီက BDR တံဆိပ္တုံးမဟုတ္တဲ့အေၾကာင္း၊ အဲသည္စာကိုလည္း သူတုိ႔ပုိ႔တာမဟုတ္ ေၾကာင္း၊ အဲသည္စာကိုလည္း သူတို႔ပုိ႔တာမဟုတ္ေၾကာင္း BDR တပ္မွဴးက ရွင္းျပတယ္။ “ ကုလား သူပုန္ေတြကုိ မႏွင္ပဲနဲ႔ မင္းတုိ႔တပ္ေတြကုိ ငါတုိ႔မႏွင္ဘူး ’’လုိ႔ သူက အာမခံေျပာၾကားတယ္။ ကိုယ္တုိ႔ အဲသည္လုိတစ္ခါ အေႏွာင့္အယွက္ေပးတာကုိ ခံရဖူးတယ္။
ေနာက္ျဖစ္ရပ္တစ္ခုကေတာ့ ဘဂၤလာေဒသခံလူထုရဲ႕ ေထာက္ခံမႈကုိ ရယူဖုိ႔ရာ ဘဂၤလာေဒ့ရွ္ သတင္းစာေတြမွာ လုပ္ႀကံသတင္းေဆာင္းပါးေရးခုိင္းတာ။
၁၉၈၀ ခုႏွစ္အတြင္း Becetra weekly journal ဆုိတဲ့ အဂၤလိပ္နဲ႔ ဘဂၤလီႏွစ္ဘာသာထုတ္ သတင္းစာမွာ ရုိဟင္ဂ်ာနာမည္ခံ ကုလားဆုိးေသာင္းက်န္းသူတပ္တစ္တပ္က BDR Wing Commander ကုိ အေလးျပဳေနတဲ့ ဓါတ္ပုံပါလာတယ္။ Wing Commander ရဲ႕ပုံက ေဘးတုိက္ဆုိ ေတာ့ မ်က္ႏွာကို မျမင္ရဘူး။ ရာထူးတံဆိပ္ေတြကုိပဲ ျမင္ရတယ္။ ကိုယ္တုိ႔ကလည္း ဒါကိုလုပ္ႀကံ ဓါတ္ပုံမွန္းသိေတာ့ အဲသည္သတင္းစာကုိ ယူသြားၿပီး Wing Commander ကုိျပတယ္။“ မင္းတုိ႔က တယ္ဟုတ္ပါလား။ ဘဂၤလာေဒ့ရွ္ကတပ္ေတြကုိေတာင္မကဘူး။ ျမန္မာျပည္ထဲက သူပုန္တပ္ေတြ ကိုလည္း ခ်ဳပ္ကုိင္ထားတာပဲလား ’’ လုိ႔ ရယ္သြမ္းေသြးသလုိလုိ ကိုယ္ကေျပာျပတယ္။
ဘဂၤလီဘာသာသက္ဆုိင္ရာ အာဏာပုိင္ေတြက ဒီကိစၥကို ခ်က္ခ်င္းအေရးယူတယ္။ သတင္းစာကုိ သုံးလပိတ္တယ္။ သက္ဆုိင္ရာအယ္ဒီတာကုိ ေထာင္ခ်တယ္။ ဒီလုိေထာင္ခ်တာကို ဆန္႔က်င္တဲ့ဆႏၵျပပြဲေတြ တစ္ဘက္မွာျဖစ္လာျပန္တယ္။ ဒီလုိနဲ႔ အေျခအေနေတြေတာ္ေတာ္ ရႈပ္ေထြးသြားေသးတယ္။
ကုိယ္ေျပာျပခ်င္တဲ့ သေဘာက သူတို႔အသစ္တီထြင္လုိက္တဲ့ “ ရုိဟင္ဂ်ာ ’’ ဆုိတဲ့စကားလုံး တြင္က်ယ္သြားဖုိ႔အတြက္ ေငြေၾကးကုန္ခ်င္သေလာက္ကုန္ပေလ့ေစ၊ ကုလားေတြက ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ သေဘာရွိတယ္၊ ေငြေၾကးေထာက္ပံ့ၾကမယ့္သူေတြလည္း အဆင္သင့္ရွိတယ္ ဆုိတာကုိ ေျပာျပတာ။ ( ‘ ရုိဟင္ဂ်ာ’ လူမ်ိဳးဆုိတဲ့ စကားလုံးကုိ ဘူးသီးေတာင္ပါလီမန္အမတ္ မစၥတာအဗၺဒူဂါဖားက ၁၉၅၁ ခု ၾသဂုတ္လ (၂၈)ရက္ထုတ္ ဂါဒီယန္မဂၢဇင္းမွာ စတင္သုံးစြဲခဲ့တယ္။)
ေနာက္ဥပမာတစ္ခုကို ေျပာရမယ္ဆုိရင္ ျမန္မာအစုိးရက နဂါးမင္းစစ္ဆင္ေရးလုပ္ၿပီး တရားမ၀င္ခုိး၀င္လာသူေတြကုိ စိစစ္ေနတဲ့ကာလ အတြင္းမွာေပါ့။ အဲသည္တုန္းက ကုိယ္လည္း ထုိင္း New Nation သတင္းစာမွာ ေန႔စား၀င္လုပ္ေနတုန္း Bangkok Post သတင္းစာပါ ေဆာင္းပါးတစ္ေစာင္ဖတ္ရတယ္။ အႏူဆာ၀တီ ( Anusar Waddi ) ဆုိတဲ့ အမ်ိဳးသမီးသတင္း ေထာက္တစ္ေယာက္ေရးတာ။ ရခုိင္ျပည္ေျမာက္ပုိင္းေနာက္ခံမွာ နဂါးမင္းစစ္ဆင္ေရးနဲ႔ ရုိဟင္ဂ်ာ တုိ႔ရဲ႕ လံၾကဳတ္ရာဇ၀င္ကုိ ဆားခတ္ၿပီး ေရးထားတာေပါ့။ ဒါနဲ႔ကုိယ္က ဒယ္လီတာကို သြားေျပာ တယ္။ ဒီေဆာင္းပါးပါ အေၾကာင္းအရာေတြက မွားေနတယ္လုိ႔……။ ဘာေၾကာင့္ မွားတယ္လုိ႔ဆုိ ႏုိင္သလဲလုိ႔ သူကေမးေတာ့ ကၽြန္ေတာ္ကိုယ္တုိင္ အဲဒီေဒသမွာ ေမြးဖြားႀကီးျပင္းခဲ့တဲ့ ေဒသခံ တစ္ေယာက္ျဖစ္တဲ့အတြက္ အျဖစ္အပ်က္အမွားအမွန္ကုိ ကိုယ္ေတြ႕သိတယ္လုိ႔ေျပာျပတယ္။ အယ္ဒီတာက တစ္ေကာ္လံေပးမယ္၊ တုန္႔ျပန္ေခ်ပတဲ့ေဆာင္းပါး ေရးခ်င္လည္းေရး……ဆုိေတာ့ ကိုယ္ေရးေပးလုိက္တယ္။ ကုိယ့္ေဆာင္းပါးပါၿပီး သိပ္မၾကာခင္မွာပဲ ကိုယ္တုိ႔သတင္းစာတုိက္ကို အႏူဆာ၀တီလုိက္လာၿပီး ကိုယ္နဲ႔ လာေတြ႕တယ္။ ငါဟာ အဲသည္ဘူးသီးေတာင္ေဒသကလူ၊ နင္ေရးတာလုံး၀မွားေနတယ္လုိ႔ ကုိယ္ေျပာျပတယ္။ ကိုယ္နဲ႔ေျပာၾကဆုိၾက ေဆြးေႏြးၾကေတာ့ သတင္းရင္းျမစ္ ( source )တစ္ခုတည္းကေပးတဲ့ အေၾကာင္းအခ်က္ေတြကို အေျခခံၿပီး အဲဒီ ေဆာင္းပါးကုိ ေရးမိတာျဖစ္ေၾကာင္း အမ်ိဳးသမီးက ၀န္ခံတယ္။ အဲသည္ source ဆီက ready-made အသင့္ေရးၿပီးသား ေဆာင္းပါးကုိ နင္ထည့္တာျဖစ္ရမယ္လုိ႔ေတာင္ ကုိယ္ေျပာလုိက္ ေသးတယ္။ အဲဒီေဆာင္းပါးကုိ ေရးတဲ့အတြက္ နင္ အက်ိဳးအျမတ္ေတြခံစားရတာ ရွိရင္းရွိမွာေပါ့လုိ႔ ဆုိေတာ့ အမ်ိဳးသမီးက ရွက္ၿပံဳးကေလးၿပံဳးေနတယ္။
အဲဒီေတာ့ ငါဘာလုပ္ေပးရမလဲ တဲ့ …… အႏူဆာ၀တီက ကိုယ့္ကို ေမးတယ္။
အဲဒါကေတာ့ နင့္သေဘာပါ၊ နင္ဘာျပန္လုပ္ေပးသင့္သလဲ ဆုိတာကုိ နင္ဖာသာဆုံးျဖတ္ ၿပီး နင္လုပ္ပါလုိ႔ပဲ ဘႀကီးက ျပန္ေျပာလုိက္တယ္။ နင့္ဘ၀ကုိ ငါဆုံးျဖတ္ပုိင္ခြင့္မရွိဘူးလုိ႔……။ တကယ္လုိ႔ ေနာက္ေတာက္ေတာက္ ကိုယ္ေျပာလုိက္ေတာ့ အမ်ိဳးသမီးက အားပါးတရရယ္ေမာ တယ္။
ဆုိလုိတာက ကုလားဆုိးေတြဆီကုိ ေအာတုိက္သြန္ထည့္ေပးေနၾကတဲ့ ေငြေၾကးရင္းျမစ္ ေတြရွိတယ္။ အဲဒီေငြေၾကးကုိသုံးၿပီး မီဒီယာတုိက္ပြဲကို ကုလားဆုိးေတြက အားသြန္ခြန္စုိက္တုိက္ ေနၾကတယ္။
ဥပမာအားျဖင့္ ေမာင္ေအးခ်မ္းကို သူတို႔ဖ်ားေယာင္းပုံကိုပဲၾကည့္။ (ေဒါက္တာေအးခ်မ္းဟာ ဘႀကီးဦးစံေရႊေမာင္ရဲ႕ ဖေအတူ မေအကြဲညီျဖစ္ၿပီး၊ ဂ်ပန္ႏုိင္ငံ Kanda University of International Studies မွာ ပါေမာကၡအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူ၊ ကုလားေတြဟာ ရုိဟင္ဂ်ာ ဆုိတဲ့ ထြင္လုံးနာမည္နဲ႔ တုိင္းရင္းသားအခြင့္အေရးရေအာင္ လုပ္ႀကံႀကိဳးပမ္းေနၾကတာျဖစ္ေၾကာင္း ေဖာ္ထုတ္ဖြင့္ခ်ေနသူ ျဖစ္ပါတယ္။) ေမာင္ေအးခ်မ္းကုိ ၀ယ္ဖုိ႔ သူတုိ႔ႀကိဳးစားတယ္။ အေမရိကန္မွာ တုိက္၀ယ္ေပးမယ္၊ ၿခံ၀ယ္ေပးမယ္၊ ဘယ္ေနရာ ဘယ္လမ္းကုိ ႀကိဳက္သလဲ……အစရွိသည္ျဖင့္ ကမ္းလွမ္းၿပီး ေငြေၾကးနဲ႔ ၀ယ္ဖုိ႔ႀကိဳးစားတယ္။ ဒါေတြကုိ လုပ္မေနနဲ႔ေတာ့၊ ေအးေအးခ်မ္းခ်မ္းပဲ ေနေတာ့……စသည္ျဖင့္ေပါ့။ ေခ်ာ့ေမာ့၀ယ္ယူလုိ႔မရေတာ့ တစ္ဖန္ၿခိမ္းေျခာက္တဲ့နည္းကုိ သုံးျပန္ တယ္။ ၿခိမ္းေျခာက္တဲ့စာေတြ ေမာင္ေအးခ်မ္းဆီကုိ ပို႔တယ္။ ဆီးရီးယားက တစ္ေစာင္လာတယ္။ ေဂ်ာ္ဒန္က တစ္ေစာင္လာတယ္။
ကုိယ္ဆုိလုိခ်င္တဲ့ သေဘာက ၁၉၅၁ ခုနွစ္ကမွ စၿပီးတီထြင္သုံးစြဲလာခဲ့တဲ့ “ ရုိဟင္ဂ်ာ ” ဆုိတဲ့ စကားလုံးတြင္က်ယ္ဖုိ႔ ဘယ္နည္းကုိ မဆုိသုံးမယ္ဆုိတဲ့ ကုလားဥာဏ္နဲ႔ လုပ္ေနၾကတယ္ ဆုိတာကုိ ကုိယ္ေျပာျပတာ။
* * * *
( ေက်ာ္ေဇာဦး ေရးသားသည္။)
(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”