ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)

[💛 standard version | 💙 zawgyi version]

💛💛💛💛💛

စံရွှေမောင် (သို့မဟုတ်) လက်နက်ချ ရကပ ကျားတစ်ကောင် (အပိုင်း-ငါး)

By Kyaw Zaw Oo

စစ်တွေ ၊ ၂၀ မေလ ၂၀၁၃ ၊ Coral Arakan News ၊ [ အခန်းဆက် အတ္ထုပတ္တိ ဆောင်းပါးရှည် ]

=========================

အရှေ့ဘက်ခြမ်း ဆက်ဆံရေးတည်ဆောက်မှု

မိမိတို့ပါတီအတွက် လက်နက်ရဖို့၊ နိုင်ငံခြားအဆက်အသွယ်တွေရဖို့ ကိုယ်အများကြီး စွန့်စွန့်စားစားနဲ့ သွားလာလှုပ်ရှားခဲ့တယ်။ မအောင်မြင်ခဲ့လို့ ဘာမှ လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် ကိုယ့်အသက်ကို ပဓါန မထားဘဲ သွားလာလှုပ်ရှားခဲ့တာ အမှန်ပဲ။

ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရအောင် ကြိုးပမ်းခဲ့တာလည်း အကြိမ်ကြိမ်ပဲပေါ့။
၁၉၆၃-ခုနှစ် နှောင်းပိုင်းလောက်မှာ ဗကပ၊ ကေအင်(န်)ယူ တို့နဲ့ မဒညတ ပြန်လည်တိုးချဲ့ဖွဲ့စည်းရေးကို မြစ်ဝကျွန်းပေါ်ဒေသမှာ သွား ဆွေးနွေးကြတယ်။ (ဆွေးနွေးပွဲတိုင်းမှာ ကိုယ်မပါဖြစ်ခဲ့ဘူး။) မဒညတ ဆိုတာက ဗကပ အပါအဝင် သူပုန်တွေ ပေါင်းပြီး ဖွဲ့ထားတာ။ အဲသည်မှာ ကိုယ်တို့ပါတီက တင်ပြတာကို ဗကပ က လုံးဝ လက်မခံဘူး။

ကိုယ်တို့တင်ပြတာက မဒညတ ကို ပြန်လည်တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်တယ်၊ သဘောတူညီချက် တွေထဲမှာ လူနည်းစု လူမျိုးစုတွေရဲ့ ရပိုင်ခွင့် မပါသေးဘူး၊ လွတ်လပ်စွာခွဲထွက်ပိုင်ခွင့် အပါအဝင် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်မူ ကို ကိုယ်တို့က တင်ပြတောင်းဆိုတယ်။ ဗကပ က လုံးဝ လက်မခံဘူး။ လက်မခံဘူး ဆိုတော့ ကိုယ်တို့ ပြန်တာပေါ့။ ဗကပတွေ ပြောတာက တိုးချဲ့ရေးကို လက်ခံတယ်၊ ပြန်လည်ဖွဲ့စည်းရေးကို လက်မခံဘူး။ (လူနည်းစု အမျိုးသားရေးကိစ္စဟာ ဗကပ တွေက တူးတူးခါးခါး မလိုလားတဲ့ ကိစ္စပဲ။)

ကိုယ်တို့လည်း ပြန်သာပြန်ရတယ်၊ ကျောမလုံဘူး။ ဗကပတွေကို ပြောတယ်။ ငါတို့နောက်ကိုတော့ လိုက်မတိုက်နဲ့လို့ . . . ။ သူတို့ကတော့ မတိုက်ဘူးလို့ ပြောတာပေါ့လေ။ ဒါပေမဲ့ စိတ်မချတော့ ကရင်တွေကို မေးစမ်းပြီး အကူအညီတောင်းတယ်။ ကရင်တွေက ပြောတယ်။ သိပ်တော့ စိတ်မချရဘူးဗျ။ ကျွန်တော်တို့ သုံးရက်လောက်တော့ အချိန်တောင်းထားတယ်။ သုံးရက်အတွင်း ခင်ဗျားတို့ ရောက်အောင် ကျော်နိုင်ပါ့မလား ဆိုတော့ ရအောင်ကျော်ရမှာပေါ့ဗျာ ဆိုပြီး ခရီး စထွက်ခဲ့ကြတယ်။

ဆက်သွယ်ရေးသင်တန်း ပေးဖို့အတွက် ထည့်ပေးလိုက်တဲ့ ကရင်ရဲဘော် နှစ်ယောက်လည်း ကိုယ်တို့နဲ့ အတူ ပါလာတယ်။

ကိုယ်တို့လည်း သုံးရက်အတွင်း ကျော်နိုင်အောင်တော့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ ကိုယ် စိုးရိမ်တဲ့အတို်ငး ဖြစ်လာတော့တယ်။ ပုသိမ်ခရိုင်ကနေ ရခိုင်အပြန် ရခိုင်ရိုးမအရှေ့ဘက်ခြမ်းတစ်နေရာမှာ ဗကပတွေရဲ့ လုပ်ကြံတိုက်ခိုက်ခြင်း ခံရတယ်။ ကရင်ရဲဘော်နှစ်ယောက် နဲ့ ရခိုင်ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်။

ရခိုင်ကွန်မြူနစ်တွေဖြစ်တဲ့အတိုင်း ကိုယ်တို့ရဲ့ အမျိုးသားရေးရာမှာ တစ်ဘက်က အမျိုးသားရေး၊ နောက်တစ်ဘက်က ကွန်မြူနစ် အယူအဆနဲ့ ဖြစ်နေတာကိုး။ အမျိုးသားရေးစကားပြောမိလို့ ဗကပနဲ့ အဆင်မပြေသလို ကွန်မြူနစ်အရောင်အသွေးကြောင့် ကရင်တွေရဲ့ မြင်ပြင်းကတ်ခြင်းခံရတာတွေကိုလည်း ကြုံရဖူးတယ်။

သည့်နောက်ပိုင်း မဒတ အဖွဲ့ ဆိုတာကို ထောင်ကြတယ်။ ဗကပတွေ မပါဘဲ ကရင်တွေ ဦးဆောင်ပြီး ဗမာမပါ လူမျိုးပေါင်းစုံအဖွဲ့ ဖွဲ့ကြတာ။

ကိုယ်တို့ဆီက ကိုရွှေသာကို ရကပ ကိုယ်စားလှယ်အနေနဲ့ မဒတ ဆွေးနွေးပွဲ တက်ဖို့ လွှတ်လိုက်တယ်။ ဟိုစဉ်က ကေအင်(န်)ယူ အတွင်းရေးမှူး ဖြစ်တဲ့ စောသန်းအောင်က ကိုရွှေသာ နဲ့ ပုဂ္ဂိုလ်ရေးအရ အရမ်း ရင်းနှီးတယ်။ စောသန်းအောင်က ဖိတ်လိုက်လို့ ကိုရွှေသာ တက်လာတာပဲ။ ဒါပမဲ့ ကိုရွှေသာ တစ်ယောက် ခတောင်ကျိုက်လိုက်၊ တင်လုံးလိုက်၊ ခွေးခေါ်လိုက်နဲ့ ဘာမှ အရာမရောက် သေးခင်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ခိုင်မိုးလင်း သူ့ရှေ့က ဝင်သွားပါလေရောဗျာ။

ကိုရွှေသာဟာ အဲသည်မှာ မွန်ပြည်သစ်ပါတီနဲ့ စာချုပ်ချုပ်နိုင်ခဲ့တာတော့ မှန်ပါရဲ့။ ဒါပေမဲ့ အဓိကအလုပ်က မအောင်မြင်ခဲ့ဘူး။ ဖြစ်ရတာက ဒီလို . . . ။ ကိုရွှေသာဟာ အစည်းအဝေးမှာ ကွန်မြူနစ် သဘောတရား စကားလုံးအကြီးကြီးတွေကို လက်သီးလက်မောင်းတန်းပြီး အတုံးလိုက် အတစ်လိုက် ပြောပါသတဲ့။ ဒီတော့ ဗိုလ်မြက အစည်းအဝေးမှာ သူ့ကို မျက်ထောင့်နီနီကြီးတွေနဲ့ လှမ်းလှမ်းကြည့်ပါလေရော။ ဗိုလ်မြက အဲသည်အချိန်မှာ ဟိုလူ့ကို အစိုးရ သူလျှိုလို့ စွပ်စွဲလိုက် သတ်လိုက်၊ ဒီလူ့ကို သူလျှိုလို့ စွပ်စွဲလိုက် သတ်လိုက် လုပ်နေတာဆိုတော့ ဗိုလ်မြ မျက်စောင်းထိုးတာကို ခံရတဲ့အခါ ကိုရွှေသာတစ်ယောက် အူရော အသည်းတုန် ရင်ခုန်သွားပါသတဲ့။ ဒီတော့ ကိုရွှေသာတစ်ယောက် ဝယ်ထားတဲ့ လက်နက်တွေကိုတောင် သယ်မလာနိုင်တော့ဘဲ မွန်ပြည်သစ်ပါတီမှာပဲ ထားခဲ့ပြီး၊ ပုဆိုးမနိုင် ပုဝါမနိုင်နဲ့ ရခိုင်ကို အူယားဖားယား ပြန်ပြေးလာတယ်။

ဒီတော့ ကိုရွှေသာ ကိုယ်စား ကိုယ်သွားရတော့တာပေါ့။

ပထမဦးဆုံး မွန်ပြည်သစ်ပါတီကို ကိုယ်ဝင်တွေ့တယ်။ သူတို့က ကိုယ့်ကို ပြောတယ်။ အစည်းအဝေး တက်တဲ့ ကိစ္စကို ခင်ဗျားအစီအစဉ်နဲ့ ခင်ဗျားလုပ်စေချင်တယ်။ ကျွန်တော်တို့က ခင်ဗျားကို ကမကထ လုပ်ပေးတယ် ဆိုတာမျိုး မဖြစ်ချင်ဘူး။ ကရင်တွေနဲ့ ကျွန်တော်တို့ ပြဿနာ မဖြစ်စေချင်ဘူး လို့ဆိုကြတယ်။

ရတယ်၊ ကိစ္စမရှိဘူး လို့ပြောပြီး ဘကြီးလည်း ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သွားတယ်။ ကေအင်(န်)ယူ တပ်မဟာ(၆) တပ်မှူး ရွှေဆိုင်းကနေတစ်ဆင့် သွားတယ်။ ရွှေဆိုင်းရဲ့လက်ထောက်တစ်ယောက်ဖြစ်တဲ့ မူတူး ဆေးဖော က မယ်လ (Maila) စခန်းအရောက် ကိုယ့်ကို ကားမောင်းလိုက်ပို့ပေးတယ်။

မယ်လစခန်းမှာ လုပ်တဲ့ သင်တန်းဆင်းပွဲ တစ်ခုမှာ ဗိုလ်မြက မိန့်ခွန်းလာပြောတယ်။ ကိုယ် အစည်းအဝေး တက်ဖို့အရေးအတွက် ကေအင်(န်)ယူ တွဲဖက် အတွင်းရေးမှူး ဗိုလ်မောင်မောင်က ကိုယ့်ကို ဗိုလ်မြနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီမှာတင် ဗိုလ်မြနဲ့ ကိုယ်နဲ့ ကတောက်ကဆဖြစ်ရတော့တာပါပဲ။

“ခင်ဗျားကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။”

“ဘာဖြစ်လို့လဲ၊ ဗိုလ်ချုပ်”

“ခင်ဗျားတို့လူ ကိုရွှေသာလာတုန်းက ပေါက်ကရတွေ ပြောသွားတယ်။ ဘာ . . . ညာ . . . နဲ့ ။ ယိုးဒယား အစိုးရက စိတ်ဆိုးတယ်ဗျ။ ယိုးဒယား အစိုးရက ဒါမျိုးတွေ မလိုလားဘူး ဗျ။”

“ကျွန်တော်တို့ အခု တော်လှန်ရေးလုပ်နေကြတာဟာ လူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ တိုင်းရင်းသား လူမျိုးစုံ ရဲ့ လွတ်မြောက်မှုအတွက်လား။ ဒါမှမဟုတ် ထိုင်းဘုရင့်နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ အတွက်လား။”

ဗိုလ်မြဟာ မျက်နှာကြီး ရဲတက်သွားပြီး ဒေါသလည်းထွက်လာတယ်။

သူလည်း ဒေါနဲ့မောနဲ့ ပြောတော့တာပါပဲ။

“ကျွန်တော်တို့က ဒီမှာ မှီခိုနေကြရတာဗျ” ဘာညာနဲ့ ပြောတော့တာပါပဲ။

ကိုယ်ကပြောပါတယ်။ သိပါတယ်၊ နားလည်ပါတယ် . . . လို့ ။ ဘာပဲဆိုဆို တစ်မျိုးတစ်ဖုံ နဲ့ နည်းလမ်းရှာပြီး အဆင်ပြေအောင် လုပ်ရမှာပေါ့ လို့ပြောလိုက်တယ်။

“ဟာ . . . မဖြစ်ဘူး။ ခင်ဗျားတို့ကို အစည်းအဝေး တက်ခွင့်မပြုနိုင်ဘူး” လို့ သူက ပြောတယ်။

ဒီတော့ ကိုယ်က . . . ဟုတ်ပြီဗျာ . . . ဆွေးနွေးသူ အနေနဲ့ မတက်ဘူးဗျာ။ လေ့လာသူ အနေနဲ့ ကျုပ်တက်မယ် ဆိုတော့ ဗိုလ်မြက “ဒီလိုဆိုရင် ခင်ဗျားတို့ လုံခြုံရေးကို ကျုပ်တာဝန်မခံနိုင်ဘူး” လို့ တင်းတင်းမားမာ ပြန်ပြောတယ်။ ဒီလို အသက် အန္တရယ် ခြိမ်းခြောက်တဲ့စကား သူ့ပါးစပ်က ထွက်လာတော့ ကိုယ်တို့နှစ်ယောက်စလုံးရဲ့ ပတ်ဝန်းကျင်က လူတွေ အကုန်လုံးငြိမ်ကျသွားတယ်။ လူဝကြီး ဗိုလ်မြက ယူနီဖောင်းအပြည့်နဲ့ ကိုယ့်ရှေ့မှာ ခါးထောက်ပြီး ရပ်နေတယ်။ ရင်ဘတ်ပေါ်မှာလည်း ဆုတံဆိပ်တွေ အပြည့်နဲ့။ ခါးမှာလည်း ပစ္စတို တစ်လက်ချိတ်လို့ . . . ။

အဲသလို တင်းတင်းမာမာဖြစ်သွားကြစဉ်မှာ ဗိုလ်မောင်မောင်က အခြေအနေကို ဝင်ထိန်းတယ်။ “အေးဗျာ . . . ကိုစံရွှေမောင်၊ ကျွန်တော်တို့ ဒီကိစ္စကို နောက်မှ အေးအေး ဆေးဆေး ဆွေးနွေးကြတာပေါ့ဗျာ။ အခုတော့ ဗိုလ်ချုပ်လည်း ခရီးထွက်စရာရှိသေးတယ်” ဘာညာနဲ့ ဝင်ပြီး ဖြန်ဖြေလိုက်တာပေါ့။

အချုပ်ပြောရရင် အဲဒီဒုတိယအစည်းအဝေးကို ကိုယ်တက်ခွင့်မရခဲ့ဘူး။ မူတူးဆေးဖောက ကိုယ့်ကို ဒတ်ဆန်းကားလေး တစ်စီးနဲ့ လာခေါ်တယ်။ မဲဆောက်ကိုဖြတ်ပြီး ဘုရားသုံးဆူက ဦးသွင်အိမ်ကို လိုက်ပို့တယ်။ (ထို မူတူးဆေးဖော မှာ KNU ၏ လက်ရှိ အကြီးအကဲ မူတူးဆေးဖော ပင် ဖြစ်ပါသည်။)

ကရင်အင်အားစုတွေ၊ မွန်အင်အားစုတွေနဲ့ ဆက်ဆံရေးလမ်းကြောင်းတွေအပြင် ထိုင်းကွန်မြူနစ်ပါတီနဲ့ပါ ဆက်ဆံရေးလမ်းကြောင်းတစ်ကြောင်း ဖောက်ခဲ့သေးတယ်။

ကိုယ်နဲ့ ကိုယ့်လူ ဆယ်ယောက်လောက် ထိုင်းကွန်မြူနစ်တွေနဲ့အတူ ချုံခိုတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြတယ်။ သိမ်းမိတဲ့ လက်နက်တွေကို ခွဲဝေယူကြတယ်။ သူတို့ကတော့ အများစုယူတာပေါ့။ ကိုယ်တို့ကတော့ နည်းနည်းပဲ ရတာပေါ့လေ။

တစ်ခါက နယ်ခြားက ထိုင်းရဲစခန်းတစ်ခုကို ဝင်တိုက်ကြတယ်။
ကိုယ်တို့အဖွဲ့ကပဲ အနိုင်အရှုံး အဆုံးအဖြတ်ရအောင် တိုက်သွားတာပါပဲ။ စခန်းက တောင်ကုန်းပေါ်မှာ။ ကိုယ်တို့တစ်တွေက တောင်ကုန်းရှေ့ဘက် အောက်ခြေကနေ တရွေ့ရွေ့တက်လာပြီး တိုက်တာ။ အပေါ်ကအကောင်တွေက သူတို့အဝိုင်းခံနေရပြီဆိုတာကို သိပေမယ့် လက်နက်မချဘူး။

ဒါနဲ့ကိုယ်က ပြောတယ်။ ကိုယ့်အုပ်စုက စခန်းအနောက်ဘက် တောင်နံရံကို တွယ်တက်ပြီး အလစ်ဝင်တိုက်တယ်လို့ . . . ။ ဒါနဲ့ အနောက်ကနေ ပတ်တက်ကြတယ်။ မမျှော်လင့်တဲ့နေရာကနေ တက်လာပြီးပစ်ထည့်လိုက်တော့ ထိုင်းရဲစခန်းထဲက လူတွေ တော်တော်များများ ကျကုန်တယ်။

ဒါပေမဲ့ စခန်းအဆောက်အအုံထဲမှာ ခုခံနေတဲ့လူတွေ ရှိကြတုန်းပဲ။ အတင်းတက်ပြီး ဝင်တိုက်ရင်လည်း သူတို့ ပစ်ကွင်းထဲကနေ ဖြတ်ရမယ်။ အသေအပျောက်ရှိမယ်။ ဒါပေမဲ့ အချိန်က သိပ်မပေးနိုင်တော့ဘူး။ ဒီအတိုင်းရှေ့မတိုးသာ တောက်မဆုတ်သာ တန့်နေလို့ကို မဖြစ်တော့ဘူး။ ပြောက်ကျားတွေ ဝင်တိုက်နေကြောင်းကို အနီးဆုံးမြို့က လေတပ်စခန်းက သိသွားတာနဲ့ ကိုယ်တို့ သက်သာမှာ မဟုတ်ဘူး။ လေယာဉ်နဲ့ လာပစ်မှာ သေချာတယ်။

နောက်ဆုံးတော့ မထူးတော့ပါဘူးဆိုပြိး အတင်းဝင်တိုက်ရတော့တာပါပဲ။

တချို့က ကာပစ်ပစ်နေကြတုန်းမှာ ကိုယ့်လူ လေးငါးယောက်က စခန်းကို ပြေးဝင်ပြီးစိးနင်းကြတယ်။ ကံကောင်းချင်တော့ အထဲမှာ အသက်ရှင်နေတဲ့ ရန်သူ သုံးယောက်ပဲ ကျန်တော့တာကို တွေ့ရတယ်။ တစ်ယောက်ပဲသေနတ်ကိုင်ပြှး ပစ်နေနိုင်တာ။ အဲဒီတစ်ယောက်ကို ပစ်သတ်လိုက်တယ်။ လဲနေတဲ့ နှစ်ယောက်မှာ တစ်ယောက်က အခြေအနေ မကောင်းဘူး။ နောက်တစ်ယောက်ကတော့ ပေါင်မှာ ကျည်ထိထားတာ။
သူ့ရှေ့ကို ရောက်လို့ ကိုယ်က ဓါးမြောင်ဆွဲထုတ်တော့ သူက မသတ်ဖို့ တောင်းပန်တယ်။ တကယ်တော့ ကိုယ်က ဓါးမြောင်နဲ့ သူ့ဘောင်းဘီကို ခွဲပြီး ဒဏ်ရာကို စစ်ဆေးကြည့်တာပါ။ သူ့ပေါင်ထဲက ကျည်ဆံကို ဆွဲထုတ်ပြီး၊ ဒဏ်ရာကို ပတ်တီးလေးဘာလေး စည်းပေးခဲ့တယ်။ ဒဏ်ရာကို ဆေးကြောဖို့ အချိန်မရတော့ဘူး။ လက်နက်တွေကို အကုန်သိမ်းပြီး မြန်မြန်သွက်သွက်ပဲ ဆုတ်လာခဲ့ကြတယ်။ လက်နက်တွေကို ထိုင်း ကွန်မြူနစ်တွေနဲ့ ခွဲဝေယူကြတာပေါ့။

ကိုယ်တို့ စုဆောင်းရရှိသမျှ လက်နက်တွေကို ကိုခိုင်စိုးဆီအပ်ပြီး ရခိုင်ကိုပို့ဖို့ စီစဉ်ရတယ်။ ဒါတောင် တစ်ခါက ကရင်တွေနဲ့ ကိုယ်တို့နဲ့ ကတောက်ကဆဖြစ်ကြတော့ ကိုယ်တို့လက်နက်တွေကို ကရင်တွေက သိမ်းသွားသေး တယ်။ နောက်တော့ပြန်ရပါတယ်။

(စာရေးသူ ၏ မှတ်ချက်။ ။ ကရင်များက ရတပ အတွက် လက်နက် များကို အတိုင်းအတာ တစ်ခု အထိ ထောက်ပံ့ပေးမည် ဟု ကတိပေးပြီးသားရှိနေရာမှ၊ ဦးစံရွှေမောင်၏ ပြဿနာ တစ်ခုကို အကြောင်းပြု၍ ကရင်များဘက်က ထိုသို့ လက်နက်ထောက်ပံ့ပေးရန် အစီအစဉ်ကို ဖျက်သိမ်းပစ်ခဲ့ဖူးသည် ဟု အခြားသော ခေတ်ပြိုင်ရင်းမြစ်အချို့က စာရေးသူအား ပြောပြသည်ကို မှတ်သားရဖူးပါသည်။

ထိုအကြောင်းအချက် မှန်ကန်မှုရှိမရှိကို ဘကြီး ဦးစံရွှေမောင် အသက်ထင်ရှားရှိစဉ် အတောအတွင်း စာရေးသူဘက်က မမေးမြန်း ဖြစ်ခဲ့သည့်အတွက် ဘကြီးအနေဖြင့် ငြင်းဆိုရန် အခွင့်အရေးကို မရရှိခဲ့ပါ။)

ကျော်ဇောဦး ရေးသားသည်။


[💙💙💙💙💙 zawgyi version]

အပိုင်း (ခြောက်) ကို ဆက်လက် ဖတ်ရှုပါရန်။

စံေရႊေမာင္ (သို႔မဟုတ္) လက္နက္ခ် ရကပ က်ားတစ္ေကာင္ (အပိုင္း-ငါး)

အေရွ႕ဘက္ျခမ္း ဆက္ဆံေရးတည္ေဆာက္မႈ
=========================

By Kyaw Zaw Oo

စစ္ေတြ ၊ ၂၀ ေမလ ၂၀၁၃ ၊ Coral Arakan News ၊ [ အခန္းဆက္ အတၳဳပတၱိ ေဆာင္းပါးရွည္ ]

=========================

အေရွ႕ဘက္ျခမ္း ဆက္ဆံေရးတည္ေဆာက္မႈ
မိမိတို႔ပါတီအတြက္ လက္နက္ရဖို႔၊ ႏိုင္ငံျခားအဆက္အသြယ္ေတြရဖို႔ ကိုယ္အမ်ားႀကီး စြန္႔စြန္႔စားစားနဲ႔ သြားလာလႈပ္ရွားခဲ့တယ္။ မေအာင္ျမင္ခဲ့လို႔ ဘာမွ လက္ဆုပ္လက္ကိုင္မျပႏိုင္ေပမယ့္ ကိုယ့္အသက္ကို ပဓါန မထားဘဲ သြားလာလႈပ္ရွားခဲ့တာ အမွန္ပဲ။

ျပည္တြင္းက တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ အဆက္အသြယ္ရေအာင္ ႀကိဳးပမ္းခဲ့တာလည္း အႀကိမ္ႀကိမ္ပဲေပါ့။
၁၉၆၃-ခုႏွစ္ ေႏွာင္းပိုင္းေလာက္မွာ ဗကပ၊ ေကအင္(န္)ယူ တို႔နဲ႔ မဒညတ ျပန္လည္တိုးခ်ဲ႕ဖြဲ႕စည္းေရးကို ျမစ္၀ကၽြန္းေပၚေဒသမွာ သြား ေဆြးေႏြးၾကတယ္။ (ေဆြးေႏြးပြဲတိုင္းမွာ ကိုယ္မပါျဖစ္ခဲ့ဘူး။) မဒညတ ဆိုတာက ဗကပ အပါအ၀င္ သူပုန္ေတြ ေပါင္းၿပီး ဖြဲ႕ထားတာ။ အဲသည္မွာ ကိုယ္တို႔ပါတီက တင္ျပတာကို ဗကပ က လံုး၀ လက္မခံဘူး။

ကိုယ္တို႔တင္ျပတာက မဒညတ ကို ျပန္လည္တိုးခ်ဲ႕ဖြဲ႕စည္းဖို႔ လိုအပ္တယ္၊ သေဘာတူညီခ်က္ ေတြထဲမွာ လူနည္းစု လူမ်ိဳးစုေတြရဲ႕ ရပိုင္ခြင့္ မပါေသးဘူး၊ လြတ္လပ္စြာခြဲထြက္ပိုင္ခြင့္ အပါအ၀င္ ကိုယ္ပိုင္ ျပဌာန္းပိုင္ခြင့္မူ ကို ကိုယ္တို႔က တင္ျပေတာင္းဆိုတယ္။ ဗကပ က လံုး၀ လက္မခံဘူး။ လက္မခံဘူး ဆိုေတာ့ ကိုယ္တို႔ ျပန္တာေပါ့။ ဗကပေတြ ေျပာတာက တိုးခ်ဲ႕ေရးကို လက္ခံတယ္၊ ျပန္လည္ဖြဲ႕စည္းေရးကို လက္မခံဘူး။ (လူနည္းစု အမ်ိဳးသားေရးကိစၥဟာ ဗကပ ေတြက တူးတူးခါးခါး မလိုလားတဲ့ ကိစၥပဲ။)

ကိုယ္တို႔လည္း ျပန္သာျပန္ရတယ္၊ ေက်ာမလံုဘူး။ ဗကပေတြကို ေျပာတယ္။ ငါတို႕ေနာက္ကိုေတာ့ လိုက္မတိုက္နဲ႕လို႔ . . . ။ သူတို႔ကေတာ့ မတိုက္ဘူးလို႔ ေျပာတာေပါ့ေလ။ ဒါေပမဲ့ စိတ္မခ်ေတာ့ ကရင္ေတြကို ေမးစမ္းၿပီး အကူအညီေတာင္းတယ္။ ကရင္ေတြက ေျပာတယ္။ သိပ္ေတာ့ စိတ္မခ်ရဘူးဗ်။ ကၽြန္ေတာ္တို႔ သံုးရက္ေလာက္ေတာ့ အခ်ိန္ေတာင္းထားတယ္။ သံုးရက္အတြင္း ခင္ဗ်ားတို႔ ေရာက္ေအာင္ ေက်ာ္ႏိုင္ပါ့မလား ဆိုေတာ့ ရေအာင္ေက်ာ္ရမွာေပါ့ဗ်ာ ဆိုၿပီး ခရီး စထြက္ခဲ့ၾကတယ္။

ဆက္သြယ္ေရးသင္တန္း ေပးဖို႔အတြက္ ထည့္ေပးလိုက္တဲ့ ကရင္ရဲေဘာ္ ႏွစ္ေယာက္လည္း ကိုယ္တို႔နဲ႔ အတူ ပါလာတယ္။

ကိုယ္တို႔လည္း သံုးရက္အတြင္း ေက်ာ္ႏိုင္ေအာင္ေတာ့ ႀကိဳးစားတာပါပဲ။ ဒါေပမဲ့ ကိုယ္ စိုးရိမ္တဲ့အတို္ငး ျဖစ္လာေတာ့တယ္။ ပုသိမ္ခရိုင္ကေန ရခိုင္အျပန္ ရခိုင္ရိုးမအေရွ႕ဘက္ျခမ္းတစ္ေနရာမွာ ဗကပေတြရဲ႕ လုပ္ႀကံတိုက္ခိုက္ျခင္း ခံရတယ္။ ကရင္ရဲေဘာ္ႏွစ္ေယာက္ နဲ႔ ရခိုင္ရဲေဘာ္တစ္ေယာက္ က်ဆံုးသြားတယ္။

ရခိုင္ကြန္ျမဴနစ္ေတြျဖစ္တဲ့အတိုင္း ကိုယ္တို႔ရဲ႕ အမ်ိဳးသားေရးရာမွာ တစ္ဘက္က အမ်ိဳးသားေရး၊ ေနာက္တစ္ဘက္က ကြန္ျမဴနစ္ အယူအဆနဲ႔ ျဖစ္ေနတာကိုး။ အမ်ိဳးသားေရးစကားေျပာမိလို႔ ဗကပနဲ႔ အဆင္မေျပသလို ကြန္ျမဴနစ္အေရာင္အေသြးေၾကာင့္ ကရင္ေတြရဲ႕ ျမင္ျပင္းကတ္ျခင္းခံရတာေတြကိုလည္း ႀကံဳရဖူးတယ္။

သည့္ေနာက္ပိုင္း မဒတ အဖြဲ႕ ဆိုတာကို ေထာင္ၾကတယ္။ ဗကပေတြ မပါဘဲ ကရင္ေတြ ဦးေဆာင္ၿပီး ဗမာမပါ လူမ်ိဳးေပါင္းစံုအဖြဲ႕ ဖြဲ႕ၾကတာ။

ကိုယ္တို႔ဆီက ကိုေရႊသာကို ရကပ ကိုယ္စားလွယ္အေနနဲ႔ မဒတ ေဆြးေႏြးပြဲ တက္ဖို႔ လႊတ္လိုက္တယ္။ ဟိုစဥ္က ေကအင္(န္)ယူ အတြင္းေရးမွဴး ျဖစ္တဲ့ ေစာသန္းေအာင္က ကိုေရႊသာ နဲ႔ ပုဂိၢဳလ္ေရးအရ အရမ္း ရင္းႏွီးတယ္။ ေစာသန္းေအာင္က ဖိတ္လိုက္လို႔ ကိုေရႊသာ တက္လာတာပဲ။ ဒါပမဲ့ ကိုေရႊသာ တစ္ေယာက္ ခေတာင္က်ိဳက္လိုက္၊ တင္လံုးလိုက္၊ ေခြးေခၚလိုက္နဲ႔ ဘာမွ အရာမေရာက္ ေသးခင္မွာ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီက ခိုင္မိုးလင္း သူ႕ေရွ႕က ၀င္သြားပါေလေရာဗ်ာ။

ကိုေရႊသာဟာ အဲသည္မွာ မြန္ျပည္သစ္ပါတီနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့တာေတာ့ မွန္ပါရဲ႕။ ဒါေပမဲ့ အဓိကအလုပ္က မေအာင္ျမင္ခဲ့ဘူး။ ျဖစ္ရတာက ဒီလို . . . ။ ကိုေရႊသာဟာ အစည္းအေ၀းမွာ ကြန္ျမဴနစ္ သေဘာတရား စကားလံုးအႀကီးႀကီးေတြကို လက္သီးလက္ေမာင္းတန္းၿပီး အတံုးလိုက္ အတစ္လိုက္ ေျပာပါသတဲ့။ ဒီေတာ့ ဗိုလ္ျမက အစည္းအေ၀းမွာ သူ႔ကို မ်က္ေထာင့္နီနီႀကီးေတြနဲ႔ လွမ္းလွမ္းၾကည့္ပါေလေရာ။ ဗိုလ္ျမက အဲသည္အခ်ိန္မွာ ဟိုလူ႕ကို အစိုးရ သူလွ်ိဳလို႔ စြပ္စြဲလိုက္ သတ္လိုက္၊ ဒီလူ႔ကို သူလွ်ိဳလို႔ စြပ္စြဲလိုက္ သတ္လိုက္ လုပ္ေနတာဆိုေတာ့ ဗိုလ္ျမ မ်က္ေစာင္းထိုးတာကို ခံရတဲ့အခါ ကိုေရႊသာတစ္ေယာက္ အူေရာ အသည္းတုန္ ရင္ခုန္သြားပါသတဲ့။ ဒီေတာ့ ကိုေရႊသာတစ္ေယာက္ ၀ယ္ထားတဲ့ လက္နက္ေတြကိုေတာင္ သယ္မလာႏိုင္ေတာ့ဘဲ မြန္ျပည္သစ္ပါတီမွာပဲ ထားခဲ့ၿပီး၊ ပုဆိုးမႏိုင္ ပု၀ါမႏိုင္နဲ႔ ရခိုင္ကို အူယားဖားယား ျပန္ေျပးလာတယ္။

ဒီေတာ့ ကိုေရႊသာ ကိုယ္စား ကိုယ္သြားရေတာ့တာေပါ့။

ပထမဦးဆံုး မြန္ျပည္သစ္ပါတီကို ကိုယ္၀င္ေတြ႕တယ္။ သူတို႔က ကိုယ့္ကို ေျပာတယ္။ အစည္းအေ၀း တက္တဲ့ ကိစၥကို ခင္ဗ်ားအစီအစဥ္နဲ႔ ခင္ဗ်ားလုပ္ေစခ်င္တယ္။ ကၽြန္ေတာ္တို႔က ခင္ဗ်ားကို ကမကထ လုပ္ေပးတယ္ ဆိုတာမ်ိဳး မျဖစ္ခ်င္ဘူး။ ကရင္ေတြနဲ႔ ကၽြန္ေတာ္တို႔ ျပႆနာ မျဖစ္ေစခ်င္ဘူး လို႔ဆိုၾကတယ္။

ရတယ္၊ ကိစၥမရွိဘူး လို႔ေျပာၿပီး ဘႀကီးလည္း ကိုယ့္လမ္းေၾကာင္းနဲ႔ ကိုယ္သြားတယ္။ ေကအင္(န္)ယူ တပ္မဟာ(၆) တပ္မွဴး ေရႊဆိုင္းကေနတစ္ဆင့္ သြားတယ္။ ေရႊဆိုင္းရဲ႕လက္ေထာက္တစ္ေယာက္ျဖစ္တဲ့ မူတူး ေဆးေဖာ က မယ္လ (Maila) စခန္းအေရာက္ ကိုယ့္ကို ကားေမာင္းလိုက္ပို႔ေပးတယ္။

မယ္လစခန္းမွာ လုပ္တဲ့ သင္တန္းဆင္းပြဲ တစ္ခုမွာ ဗိုလ္ျမက မိန္႔ခြန္းလာေျပာတယ္။ ကိုယ္ အစည္းအေ၀း တက္ဖို႔အေရးအတြက္ ေကအင္(န္)ယူ တြဲဖက္ အတြင္းေရးမွဴး ဗိုလ္ေမာင္ေမာင္က ကိုယ့္ကို ဗိုလ္ျမနဲ႔ မိတ္ဆက္ေပးတယ္။ အဲဒီမွာတင္ ဗိုလ္ျမနဲ႔ ကိုယ္နဲ႔ ကေတာက္ကဆျဖစ္ရေတာ့တာပါပဲ။

“ခင္ဗ်ားကို ကၽြန္ေတာ္တို႔ လက္မခံႏိုင္ဘူး။”

“ဘာျဖစ္လို႔လဲ၊ ဗိုလ္ခ်ဳပ္”

“ခင္ဗ်ားတို႔လူ ကိုေရႊသာလာတုန္းက ေပါက္ကရေတြ ေျပာသြားတယ္။ ဘာ . . . ညာ . . . နဲ႔ ။ ယိုးဒယား အစိုးရက စိတ္ဆိုးတယ္ဗ်။ ယိုးဒယား အစိုးရက ဒါမ်ိဳးေတြ မလိုလားဘူး ဗ်။”

“ကၽြန္ေတာ္တို႔ အခု ေတာ္လွန္ေရးလုပ္ေနၾကတာဟာ လူမ်ိဳးႀကီး၀ါဒရဲ႕ ဖိႏွိပ္မႈကို ခံေနရတဲ့ တိုင္းရင္းသား လူမ်ိဳးစံု ရဲ႕ လြတ္ေျမာက္မႈအတြက္လား။ ဒါမွမဟုတ္ ထိုင္းဘုရင့္ႏိုင္ငံေတာ္ကို ကာကြယ္ ေစာင့္ေရွာက္ဖို႔ အတြက္လား။”

ဗိုလ္ျမဟာ မ်က္ႏွာႀကီး ရဲတက္သြားၿပီး ေဒါသလည္းထြက္လာတယ္။

သူလည္း ေဒါနဲ႔ေမာနဲ႔ ေျပာေတာ့တာပါပဲ။

“ကၽြန္ေတာ္တို႔က ဒီမွာ မွီခိုေနၾကရတာဗ်” ဘာညာနဲ႔ ေျပာေတာ့တာပါပဲ။

ကိုယ္ကေျပာပါတယ္။ သိပါတယ္၊ နားလည္ပါတယ္ . . . လို႔ ။ ဘာပဲဆိုဆို တစ္မ်ိဳးတစ္ဖံု နဲ႔ နည္းလမ္းရွာၿပီး အဆင္ေျပေအာင္ လုပ္ရမွာေပါ့ လို႔ေျပာလိုက္တယ္။

“ဟာ . . . မျဖစ္ဘူး။ ခင္ဗ်ားတို႔ကို အစည္းအေ၀း တက္ခြင့္မျပဳႏိုင္ဘူး” လို႔ သူက ေျပာတယ္။

ဒီေတာ့ ကိုယ္က . . . ဟုတ္ၿပီဗ်ာ . . . ေဆြးေႏြးသူ အေနနဲ႔ မတက္ဘူးဗ်ာ။ ေလ့လာသူ အေနနဲ႔ က်ဳပ္တက္မယ္ ဆိုေတာ့ ဗိုလ္ျမက “ဒီလိုဆိုရင္ ခင္ဗ်ားတို႔ လံုၿခံဳေရးကို က်ဳပ္တာ၀န္မခံႏိုင္ဘူး” လို႔ တင္းတင္းမားမာ ျပန္ေျပာတယ္။ ဒီလို အသက္ အႏၱရယ္ ၿခိမ္းေျခာက္တဲ့စကား သူ႕ပါးစပ္က ထြက္လာေတာ့ ကိုယ္တို႔ႏွစ္ေယာက္စလံုးရဲ႕ ပတ္၀န္းက်င္က လူေတြ အကုန္လံုးၿငိမ္က်သြားတယ္။ လူ၀ႀကီး ဗိုလ္ျမက ယူနီေဖာင္းအျပည့္နဲ႔ ကိုယ့္ေရွ႕မွာ ခါးေထာက္ၿပီး ရပ္ေနတယ္။ ရင္ဘတ္ေပၚမွာလည္း ဆုတံဆိပ္ေတြ အျပည့္နဲ႔။ ခါးမွာလည္း ပစၥတို တစ္လက္ခ်ိတ္လို႔ . . . ။

အဲသလို တင္းတင္းမာမာျဖစ္သြားၾကစဥ္မွာ ဗိုလ္ေမာင္ေမာင္က အေျခအေနကို ၀င္ထိန္းတယ္။ “ေအးဗ်ာ . . . ကိုစံေရႊေမာင္၊ ကၽြန္ေတာ္တို႔ ဒီကိစၥကို ေနာက္မွ ေအးေအး ေဆးေဆး ေဆြးေႏြးၾကတာေပါ့ဗ်ာ။ အခုေတာ့ ဗိုလ္ခ်ဳပ္လည္း ခရီးထြက္စရာရွိေသးတယ္” ဘာညာနဲ႔ ၀င္ၿပီး ျဖန္ေျဖလိုက္တာေပါ့။

အခ်ဳပ္ေျပာရရင္ အဲဒီဒုတိယအစည္းအေ၀းကို ကိုယ္တက္ခြင့္မရခဲ့ဘူး။ မူတူးေဆးေဖာက ကိုယ့္ကို ဒတ္ဆန္းကားေလး တစ္စီးနဲ႔ လာေခၚတယ္။ မဲေဆာက္ကိုျဖတ္ၿပီး ဘုရားသံုးဆူက ဦးသြင္အိမ္ကို လိုက္ပို႕တယ္။ (ထို မူတူးေဆးေဖာ မွာ KNU ၏ လက္ရွိ အႀကီးအကဲ မူတူးေဆးေဖာ ပင္ ျဖစ္ပါသည္။)

ကရင္အင္အားစုေတြ၊ မြန္အင္အားစုေတြနဲ႔ ဆက္ဆံေရးလမ္းေၾကာင္းေတြအျပင္ ထိုင္းကြန္ျမဴနစ္ပါတီနဲ႔ပါ ဆက္ဆံေရးလမ္းေၾကာင္းတစ္ေၾကာင္း ေဖာက္ခဲ့ေသးတယ္။

ကိုယ္နဲ႔ ကိုယ့္လူ ဆယ္ေယာက္ေလာက္ ထိုင္းကြန္ျမဴနစ္ေတြနဲ႕အတူ ခ်ံဳခိုတိုက္ပြဲေတြမွာ ပါ၀င္ဆင္ႏႊဲခဲ့ၾကတယ္။ သိမ္းမိတဲ့ လက္နက္ေတြကို ခြဲေ၀ယူၾကတယ္။ သူတို႔ကေတာ့ အမ်ားစုယူတာေပါ့။ ကိုယ္တို႔ကေတာ့ နည္းနည္းပဲ ရတာေပါ့ေလ။

တစ္ခါက နယ္ျခားက ထိုင္းရဲစခန္းတစ္ခုကို ၀င္တိုက္ၾကတယ္။
ကိုယ္တို႔အဖြဲ႕ကပဲ အႏိုင္အရံႈး အဆံုးအျဖတ္ရေအာင္ တိုက္သြားတာပါပဲ။ စခန္းက ေတာင္ကုန္းေပၚမွာ။ ကိုယ္တို႔တစ္ေတြက ေတာင္ကုန္းေရွ႕ဘက္ ေအာက္ေျခကေန တေရြ႕ေရြ႕တက္လာၿပီး တိုက္တာ။ အေပၚကအေကာင္ေတြက သူတို႔အ၀ိုင္းခံေနရၿပီဆိုတာကို သိေပမယ့္ လက္နက္မခ်ဘူး။

ဒါနဲ႕ကိုယ္က ေျပာတယ္။ ကိုယ့္အုပ္စုက စခန္းအေနာက္ဘက္ ေတာင္နံရံကို တြယ္တက္ၿပီး အလစ္၀င္တိုက္တယ္လို႔ . . . ။ ဒါနဲ႔ အေနာက္ကေန ပတ္တက္ၾကတယ္။ မေမွ်ာ္လင့္တဲ့ေနရာကေန တက္လာၿပီးပစ္ထည့္လိုက္ေတာ့ ထိုင္းရဲစခန္းထဲက လူေတြ ေတာ္ေတာ္မ်ားမ်ား က်ကုန္တယ္။

ဒါေပမဲ့ စခန္းအေဆာက္အအံုထဲမွာ ခုခံေနတဲ့လူေတြ ရွိၾကတုန္းပဲ။ အတင္းတက္ၿပီး ၀င္တိုက္ရင္လည္း သူတို႔ ပစ္ကြင္းထဲကေန ျဖတ္ရမယ္။ အေသအေပ်ာက္ရွိမယ္။ ဒါေပမဲ့ အခ်ိန္က သိပ္မေပးႏိုင္ေတာ့ဘူး။ ဒီအတိုင္းေရွ႕မတိုးသာ ေတာက္မဆုတ္သာ တန္႔ေနလို႔ကို မျဖစ္ေတာ့ဘူး။ ေျပာက္က်ားေတြ ၀င္တိုက္ေနေၾကာင္းကို အနီးဆံုးၿမိဳ႕က ေလတပ္စခန္းက သိသြားတာနဲ႔ ကိုယ္တို႔ သက္သာမွာ မဟုတ္ဘူး။ ေလယာဥ္နဲ႔ လာပစ္မွာ ေသခ်ာတယ္။

ေနာက္ဆံုးေတာ့ မထူးေတာ့ပါဘူးဆိုၿပိး အတင္း၀င္တိုက္ရေတာ့တာပါပဲ။

တခ်ိဳ႕က ကာပစ္ပစ္ေနၾကတုန္းမွာ ကိုယ့္လူ ေလးငါးေယာက္က စခန္းကို ေျပး၀င္ၿပီးစိးနင္းၾကတယ္။ ကံေကာင္းခ်င္ေတာ့ အထဲမွာ အသက္ရွင္ေနတဲ့ ရန္သူ သံုးေယာက္ပဲ က်န္ေတာ့တာကို ေတြ႕ရတယ္။ တစ္ေယာက္ပဲေသနတ္ကိုင္ၿပွး ပစ္ေနႏိုင္တာ။ အဲဒီတစ္ေယာက္ကို ပစ္သတ္လိုက္တယ္။ လဲေနတဲ့ ႏွစ္ေယာက္မွာ တစ္ေယာက္က အေျခအေန မေကာင္းဘူး။ ေနာက္တစ္ေယာက္ကေတာ့ ေပါင္မွာ က်ည္ထိထားတာ။
သူ႕ေရွ႕ကို ေရာက္လို႔ ကိုယ္က ဓါးေျမာင္ဆြဲထုတ္ေတာ့ သူက မသတ္ဖို႔ ေတာင္းပန္တယ္။ တကယ္ေတာ့ ကိုယ္က ဓါးေျမာင္နဲ႕ သူ႕ေဘာင္းဘီကို ခြဲၿပီး ဒဏ္ရာကို စစ္ေဆးၾကည့္တာပါ။ သူ႕ေပါင္ထဲက က်ည္ဆံကို ဆြဲထုတ္ၿပီး၊ ဒဏ္ရာကို ပတ္တီးေလးဘာေလး စည္းေပးခဲ့တယ္။ ဒဏ္ရာကို ေဆးေၾကာဖို႔ အခ်ိန္မရေတာ့ဘူး။ လက္နက္ေတြကို အကုန္သိမ္းၿပီး ျမန္ျမန္သြက္သြက္ပဲ ဆုတ္လာခဲ့ၾကတယ္။ လက္နက္ေတြကို ထိုင္း ကြန္ျမဴနစ္ေတြနဲ႔ ခြဲေ၀ယူၾကတာေပါ့။

ကိုယ္တို႔ စုေဆာင္းရရွိသမွ် လက္နက္ေတြကို ကိုခိုင္စိုးဆီအပ္ၿပီး ရခိုင္ကိုပို႔ဖို႔ စီစဥ္ရတယ္။ ဒါေတာင္ တစ္ခါက ကရင္ေတြနဲ႔ ကိုယ္တို႔နဲ႔ ကေတာက္ကဆျဖစ္ၾကေတာ့ ကိုယ္တို႔လက္နက္ေတြကို ကရင္ေတြက သိမ္းသြားေသး တယ္။ ေနာက္ေတာ့ျပန္ရပါတယ္။

(စာေရးသူ ၏ မွတ္ခ်က္။ ။ ကရင္မ်ားက ရတပ အတြက္ လက္နက္ မ်ားကို အတိုင္းအတာ တစ္ခု အထိ ေထာက္ပံ့ေပးမည္ ဟု ကတိေပးၿပီးသားရွိေနရာမွ၊ ဦးစံေရႊေမာင္၏ ျပႆနာ တစ္ခုကို အေၾကာင္းျပဳ၍ ကရင္မ်ားဘက္က ထိုသို႔ လက္နက္ေထာက္ပံ့ေပးရန္ အစီအစဥ္ကို ဖ်က္သိမ္းပစ္ခဲ့ဖူးသည္ ဟု အျခားေသာ ေခတ္ၿပိဳင္ရင္းျမစ္အခ်ိဳ႕က စာေရးသူအား ေျပာျပသည္ကို မွတ္သားရဖူးပါသည္။

ထိုအေၾကာင္းအခ်က္ မွန္ကန္မႈရွိမရွိကို ဘႀကီး ဦးစံေရႊေမာင္ အသက္ထင္ရွားရွိစဥ္ အေတာအတြင္း စာေရးသူဘက္က မေမးျမန္း ျဖစ္ခဲ့သည့္အတြက္ ဘႀကီးအေနျဖင့္ ျငင္းဆိုရန္ အခြင့္အေရးကို မရရွိခဲ့ပါ။)

ေက်ာ္ေဇာဦး ေရးသားသည္။

* * * *

အပိုင္း (ေျခာက္) ကို ဆက္လက္ ဖတ္ရႈပါရန္။

(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s