ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)

[ Zawgyi Font first / Unicode below ]

သူရဲေကာင္းတစ္ေယာက္နဲ႔ ႂကြက္စုတ္သုံးေကာင္

          ဗီယက္နမ္ကြန္ျမဴနစ္ပါတီ (ဆိုလိုတာက ဗီယက္နမ္အလုပ္သမား ပါတီ) နဲ႔ အဆက္အသြယ္ယူၿပီး မိမိတို႔တပ္ကိုေလ့က်င့္နိုင္ဖို႔လည္း ကိုယ္ ေတာ္ေတာ္ ႀကိဳးစားခဲ့ေသးတယ္။

          ရန္ကုန္က ဗီယက္နမ္သံ႐ုံးကို သြားဆက္သြယ္ေတာ့ သူတို႔က ဗီယက္နမ္ကို စရိတ္စက အကုန္အက်ခံပို႔ေပးဖို႔ မတတ္နိုင္ဘူးလို႔ ေျပာ တယ္။ တစ္ခုေတာ့ရွိတယ္၊ စာေရးေပးပါဆိုရင္ ေရးေပးလိုက္လို႔ရတယ္ တဲ့။ အဲသည္တုန္းက ကိုယ္သိသေလာက္ . . . ၿငိမ္းခ်မ္းေရးတံတားဆိုတာ ရွိတယ္။ တ႐ုတ္ထဲကိုဝင္၊ ၿငိမ္းခ်မ္းေရးတံတားကေန ျဖတ္သြားလို႔ရင္ ဗီယက္နမ္ထဲကို ေရာက္တယ္လို႔ ကိုယ္ၾကားဖူးတာရွိတယ္။

          (ဆိုဗီယက္သံ႐ုံး၊ တ႐ုတ္သံ႐ုံးနဲ႔ ဗီယက္နမ္သံ႐ုံးေတြကို ကိုယ္ အျမဲ အဝင္အထြက္ရွိခဲ့တယ္။ ဆိုဗီယက္သံ႐ုံးကေတာ့ ကိုယ့္စားအိမ္ ေသာက္အိမ္လိုပဲေပါ့။ ဒါေပမဲ့ ဗီယက္နမ္သံ႐ုံးကေတာ့ ခ်ိဳ႕တဲ့တယ္။ သိပ္ မေကၽြးေမြးနိုင္ဘူး ဆိုပါေတာ့။)

          တ႐ုတ္သံ႐ုံးကို ကိုယ္ဆက္သြယ္ေတာ့ သူတို႔ကေမးတယ္။ မင္း တို႔က ဘဇာေၾကာင့္ ဗကပနဲ႔ အတူတူျဖစ္မေနရတာတုန္းလို႔ေမးတယ္။ ကိုယ္က ရကပရဲ့ အမ်ိဳးသားေရးလမ္းေၾကာင္းကိုရွင္းျပပါရဲ့။ ဒါေပမဲ့ ဗကပ နဲ႔ ခြဲျခမ္းခြဲျခမ္းလုပ္ေနစရာမလိုဘူးလို႔ဆိုတယ္။ မင္းတို႔ ေလ့က်င့္ေရး အကူ အညီ လိုတယ္ဆိုရင္ ဗကပနဲ႔ အရင္သြားညႇိပါတဲ့။ ၿပီးမွ ငါတို႔ဆီကိုလာ ဆိုၿပီး သူတို႔ကေျပာတယ္။ ကိုယ္တို႔ကေတာ့ ဒီလိုျဖင့္မသြားနိုင္ဘူး။ ဗကပ က ကိုယ္တို႔ကို ခိုင္းစားသြားမွာေပါ့။

          ဒီေတာ့ ထိုင္းကြန္ျမဴနစ္ေတြနဲ႔အတူ ခ်ဳံခိုတိုက္ပြဲေတြမွာ ကိုယ္ ပါေနတုန္း ထိုင္းကြန္ျမဴနစ္ေတြကို ကိုယ္အကူအညီေတာင္းတယ္။

          ထိုင္းကြန္ျမဴနစ္ပါတီနဲ႔ ဗီယက္နမ္အလုပ္သမားပါတီတို႔ရဲ့ ဆက္ စပ္မႈက ဒီလို . . . ။ တ႐ုတ္နဲ႔ ဆိုဗီယက္တို႔ သေဘာတရားေရးရာ အကြဲ အျပဲျဖစ္ၾကတဲ့ကာလမွာ ထိုင္းကြန္ျမဴနစ္ပါတီရဲ့ အသံလႊင့္ဌာနဟာ တ႐ုတ္ ျပည္ ယူနန္နယ္ထဲမွာ ရွိေနခဲ့တယ္။ ဆိုဗီယက္ေတြကို ဆိုရွယ္နယ္ခ်ဲ႕ ေတြဆိုၿပီး ပုတ္ခတ္ေျပာဆိုဖို႔ တ႐ုတ္အာဏာပိုင္ေတြက ထိုင္းကြန္ျမဴနစ္ေတြ ကို ညႊန္ၾကားတယ္။ ဒါေပမဲ့ ဆိုဗီယက္ေတြကို ထိုင္းကြန္ျမဴနစ္ေတြက ဆိုရွယ္နယ္ခ်ဲ႕လို႔ မျမင္ဘူး။ ဒီေတာ့ တ႐ုတ္ခိုင္းတဲ့အတိုင္း မေျပာဘူး။ ဒီေတာ့ ထိုင္းအသံလႊင့္ဌာနကို ယူနန္ျပည္နယ္ထဲကႏွင္ထုတ္တယ္။ ထိုင္း ေတြကလည္း အားက်မခံ လာအိုနိုင္ငံထဲကိုေျပာင္းတယ္။ လာအိုက ဗီယက္နမ္ထီးရိပ္ေအာက္ကနိုင္ငံ။ ဗီယက္နမ္ကသာခြင့္ျပဳရင္ ထိုင္း အသံလႊင့္ဌာနကို အဲဒီမွာထားလို႔ရတယ္။ အဲသလိုမ်ိဳး ထိုင္းနဲ႔ ဗီယက္နမ္ ကြန္ျမဴနစ္ေတြ ဆက္စပ္ပတ္သက္ေနၾကတာ။ ဗီယက္နမ္ကြန္ျမဴနစ္ေတြ ကလည္း တ႐ုတ္လိုင္း မဟုတ္ဘူး။ ဆိုဗီယက္လိုင္း . . . ။

          လာအိုနိုင္ငံထဲမွာ ဗီယက္နမ္တပ္ေတြေရာက္ေနတာ ရွိေလေတာ့ အဲဒီတပ္ေတြနဲ႔ ဆက္သြယ္လို႔ရေအာင္ သြားနိုင္ဖို႔ ထိုင္းကြန္ျမဴနစ္မိတ္ေဆြ ေတြက ကိုယ့္ကိုလမ္းေၾကာင္းခ်ေပးတယ္။ စာထည့္သြားရင္ အႏၲရာယ္ရွိ တာေၾကာင့္ စာေတာ့ေရးမေပးလိုက္ဘူး။ သူတို႔လူတစ္ေယာက္ကို ကိုယ္နဲ႔ ထည့္ေပးလိုက္တယ္။

          ပထမ တစ္ႀကိမ္သြားေတာ့ ဘယ္လိုမွနယ္စပ္ေက်ာ္လို႔မရဘူး ျဖစ္ေနတယ္။ တပ္ခ္ ခရိုင္ကိုေတာင္ ေက်ာ္လို႔ မရဘူး။ ထိုင္းအစိုးရကလည္း အာဏာသိမ္းထားတဲ့ စစ္တပ္အစိုးရ။ ထိုင္းလာအိုနယ္စပ္မွာ အေျခအေန ဘယ္ေလာက္ဆိုးသလဲ ဆိုေတာ့ လာအိုလူမ်ိဳးေတြကို ပစ္သတ္ၿပီး လမ္းမ ေပၚမွာ ဒီအတိုင္းစုပုံထားတာ။ ဒီေတာ့ ပထမတစ္ႀကိမ္မွာ သြားလိုရာခရီးကို မေရာက္ပဲျပန္လွည့္လာရတယ္။

          အဲသည္ထိုင္းရဲေဘာ္နဲ႔ပဲ ဒုတိယအႀကိမ္သြားတဲ့အခါ သြားလိုရာ ခရီးကိုေတာ့ ေရာက္ပါရဲ့ . . . ၊ တစ္ရက္ေနာက္က်သြားတယ္။ ဒီေတာ့ ခ်ိန္းထားတဲ့လူနဲ႔ လြဲသြားၿပီးေတာ့ ဗီယက္နမ္တပ္ေတြဆီမွာ အဖမ္းခံရတယ္။ သူတို႔နားဝင္ေအာင္ ဘယ္လိုမွ ရွင္းျပလို႔မရဘူး။

          ကိုယ္တစ္ခ်က္မွားသြားတာက ကိုယ္တတ္တဲ့ ထိုင္းစကား မေတာက္တေခါက္နဲ႔ ရွင္းျပဖို႔ ႀကိဳးစားမိတာပါပဲ။ ျမန္မာျပည္ကဆိုရင္ ဘာေၾကာင့္ ထိုင္းစကားေျပာရသလဲ . . . ဘာလဲ ညာလဲ ျဖစ္လာတယ္။ မင္းတို႔ႏွစ္ေယာက္က စီအိုင္ေအသူလၽွိုေတြလား ဘာလားေပါ့။

          ဒါနဲ႔ အဖမ္းခံရတယ္။ အခ်ဳပ္ခန္းထဲမွာ ထည့္ထားတာေတာင္ လက္ႏွစ္ဘက္နဲ႔ ေျခႏွစ္ဘက္ကို ႀကိဳးခ်ည္ထားတယ္။ ႏွိပ္စက္ညႇဥ္းပန္း မႈေတာ့ အထူးတလည္ မလုပ္ဘူး။ ဒါေပမဲ့ တစ္ခ်ိန္လုံးႀကိဳးခ်ည္ထားတာ ႏွိပ္စက္တာတစ္မ်ိဳးပဲေပါ့။ ထမင္းစားမယ့္ အခ်ိန္ေလာက္ပဲ လက္ကႀကိဳးကို ျဖည္ေပးတယ္။ စားၿပီးတာနဲ႔ ျပန္ခ်ည္ေတာ့တာပဲ။

          ဒါေတာင္ ကိုယ္ကထိုင္းလူမ်ိဳးမဟုတ္လို႔ ေတာ္ေသးတယ္လို႔ ေျပာရမလား မသိဘူး။ ကိုယ္နဲ႔ပါလာတဲ့ ထိုင္းရဲေဘာ္ကေတာ့ ေကာင္း ေကာင္း အရိုက္ခံရတယ္လို႔ ဆိုတယ္။

          အခုအေျခအေနမွာ ကိုယ္သိရသေလာက္ကေတာ့ သူတို႔တပ္မမႉး တပ္မဌာနခ်ဳပ္ကို ျပန္ေရာက္လာတဲ့အထိ ေစာင့္မယ္။ တပ္မမႉးလာရင္ ကိုယ္တို႔ႏွစ္ေယာက္ကို စီအိုင္ေအသူလၽွို ဆိုၿပီး ျပမယ္။ ၿပီးရင္ စီရင္စရာ ရွိတာကို စီရင္မယ္ဆိုတာပါပဲ။

          ကိုယ့္ကိုခ်ဳပ္ထားတဲ့ အခ်ဳပ္ခန္းရဲ့ ေရွ႕ဘက္မွာ အသက္အစိတ္ ေလာက္ရွိတဲ့ ဗီယက္နမ္စစ္ဗိုလ္ကေလးတစ္ေယာက္ စားပြဲနဲ႔အက်အန ထိုင္ၿပီး ေအးေအးလူလူ စာဖတ္ေနတယ္။ ဒါနဲ႔ အသက္ေဘးကလြတ္ဖို႔ အေရးအတြက္ ရနိုင္သမၽွနည္းလမ္းစုံကို သူသုံးရမွာပဲဆိုတဲ့သေဘာကို ႏွလုံးမူၿပီး၊ အဲသည္ စစ္ဗိုလ္ကေလးနဲ႔စကားေျပာဖို႔ႀကိဳးစားတယ္။

          မင္းအဂၤလိပ္လိုေျပာတတ္သလားလို႔ကိုယ္ကစကားစတယ္။

          ေျပာတတ္တယ္တဲ့။ သူက လွည့္မၾကည့္ပဲေျဖတယ္။

          မင္းဖတ္ေနတဲ့စာအုပ္ကအဂၤလိပ္လိုေရးထားတာလား။

          မဟုတ္ဘူး၊ ျပင္သစ္လိုေရးထားတာ။

          စစ္ဗိုလ္ကေလးက စာအုပ္ကေန မ်က္ႏွာမခြာဘူး။ စကားေျပာ ေနတာကို သိပ္အေလးမထားဘူးဆိုတဲ့ သေဘာ။

          ဘာစာအုပ္လဲ။

          ကဗ်ာစာအုပ္တစ္အုပ္ပဲ။

          ဘာအေၾကာင္းလဲ။

          တပ္ဦးငါးႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ျမန္မာျပည္ကရဲေဘာ္ေတြေရးထားတဲ့ကဗ်ာေတြပဲ။

          မင္းဖတ္ေနတဲ့စာအုပ္မွာ “သူရဲေကာင္းတစ္ေယာက္နဲ႔ ႂကြက္စုတ္ သုံးေကာင္” ဆိုတဲ့ကဗ်ာပါလိမ့္မယ္။

          အင္း . . . ပါတယ္။ ခင္ဗ်ားဒီစာအုပ္ကိုဖတ္ဖူးလို႔လား။

          မဖတ္ဖူးဘူး။ ငါျပင္သစ္လိုမတတ္ဘူး။ ဒါေပမဲ့ အဲဒီကဗ်ာ အေၾကာင္းကို ငါေျပာျပမယ္။

          အင္း . . . ေျပာခ်င္ေျပာေလ။

          သူက ေျပာခ်င္ေျပာေလဆိုေတာ့ အဲသည္ကဗ်ာပါ အေၾကာင္း အရာေတြကို ကိုယ္ေျပာျပတယ္။ ဒါနဲ႔ သူမ်က္လုံးေတြက အံ့အားသင့္ တဲ့ အရိပ္အေယာင္ေတြနဲ႔ ဝိုင္းစက္လာတယ္။ ဒီေလာက္ထိအေသးစိတ္ ခင္ဗ်ားဘယ္လိုလုပ္သိသလဲတဲ့ . . . သူကေမးတယ္။ ဒီကဗ်ာကို ျမန္မာဘာသာစကားနဲ႔ ငါေရးခဲ့တာလို႔ ေျပာျပလိုက္တယ္။

          ဟိုစဥ္က ေဒါင္းႏြယ္ေဆြ ဥကၠဌအျဖစ္ ေဆာင္ရြက္တဲ့ ျပည္သူ႔ ကဗ်ာဆရာအသင္းကေနၿပီးေတာ့ ဗီယက္နမ္ျပည္သူ႔လြတ္ ေျမာက္ေရး တပ္ဦးရဲ hငါးႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ကဗ်ာ ဆယ့္ငါးပုဒ္ပို႔ေပးခဲ့တာရွိတယ္။ အဲသည္ ဆယ့္ငါးပုဒ္ထဲမွာ ကိုယ္ေရး ခဲ့တဲ့ “သူရဲေကာင္းတစ္ေယာက္နဲ႔ ႂကြက္စုတ္သုံးေကာင္” ဆိုတဲ့ ကဗ်ာ လည္းအပါအဝင္ေပါ့။ တိုက္ပြဲမွာ က်ဆုံးၿပီးလဲေနတဲ့ ဗီယက္နမ္ ရဲေဘာ္ တစ္ေယာက္ရဲ့ ရင္ဘတ္ေပၚမွာ အေမရိကန္စစ္သား သုံးေယာက္က ေျခေထာက္တင္ၿပီး ဟားတိုက္ရယ္ေမာေနတဲ့ ဓါတ္ပုံကို ျမင္ရတဲ့အခါ ျဖစ္ေပၚလာတဲ့ ခံစားခ်က္ကို ေဖာ္က်ဴးထားတဲ့ ကဗ်ာကေလး။ အဲသည္ ကဗ်ာေလးက ကိုယ့္အသက္ကို ကယ္လိုက္တာပဲ။

          ခင္ဗ်ားက စီအိုင္ေအသူလၽွို ဆို . . . လို႔ စစ္ဗိုလ္ကေလးက ေမးတယ္။ မဟုတ္ပါဘူး၊ ငါရွင္းျပဖို႔ႀကိဳးစားတာ ဘယ္လိုမွ သူတို႔က လက္မခံၾကဖူး . . . လို႔ ကိုယ္ေျပာျပတယ္။

          ဒါဆို ခင္ဗ်ား ဗမာကြန္ျမဴနစ္ေပါ့။

          ဟုတ္တယ္ေျပာရင္လည္း မွန္တယ္။ မဟုတ္ဘူးလို႔ ေျပာရင္ လည္းမွန္တာပဲ။ ကြန္ျမဴနစ္ေတာ့ ကြန္ျမဴနစ္ပဲ။

          ခင္ဗ်ား ဗမာမဟုတ္ဘူးလား။

          မဟုတ္ဘူး ၊ ငါက ရခိုင္ လို႔ေျဖတယ္။ ဒါေပမဲ့ ရခိုင္ဆိုလည္း သူကမသိဘူး။ Arakan  လို႔ေျပာလည္း သူကမသိဘူး။ ဒီေတာ့ သူကို ကမၻာ့ေျမပုံယူခိုင္းၿပီး ျမန္မာျပည္ေျမပုံရဲ့ အေနာက္ဘက္ကမ္းေျမာင္ ေဒသကိုသူေပးတဲ့ တုတ္တံရွည္တစ္ေခ်ာင္းနဲ႔ အခ်ဳပ္ခန္းထဲကေန ကိုယ္ လွမ္းေထာက္ျပတယ္။

          သူက တကၽြတ္ကၽြတ္နဲ႔ စုပ္တသပ္သပ္ျဖစ္ေနတယ္။

          ခင္ဗ်ားေတာ္ေတာ္ကံဆိုးတာပဲ။ ခင္ဗ်ားကို စပိုင္ဆိုၿပီး ဖမ္း ထားတာ။ အခုအသတ္ခံရေတာ့မလိုျဖစ္ေနၿပီ။ တပ္မမႉးျပန္ေရာက္ တဲ့အခါ သူလက္မွတ္ထိုးလိုက္တာနဲ႔ ခင္ဗ်ားကိုေသဒဏ္စီရင္ၾကေတာ့ မွာ။

          ေအး… ျဖစ္လာမွေတာ့ ဘယ္တတ္နိုင္မလဲ။ ပစၥည္းမဲ့ ေတာ္လွန္ ေရးသမားေတြအဖို႔ရာ ေအာင္ပြဲနဲ႔ေသလမ္းႏွစ္လမ္းပဲရွိတယ္။ ေအာင္ပြဲရရင္ရ၊ မရရင္ေသရမွာပါပဲ . . . လို႔ကိုယ္ေျဖတယ္။

          ဒီလိုနဲ႔ ေနာက္ႏွစ္ရက္ေလာက္ၾကာေတာ့ ဗီယက္နမ္တပ္မမႉး ျပန္ေရာက္လာတယ္။ ကိုယ္နဲ႔ကိုယ့္ရဲ့ ထိုင္းရဲေဘာ္ကိုေခၚ ၿပီး အခန္း တစ္ခန္းရဲ့ သီးျခားေထာင့္ႏွစ္ဘက္မွာထားတယ္။ ကိုယ္တို႔ႏွစ္ေယာက္ ကို သူရဲ့လက္ေထာက္ေတြက သီးျခားစစ္ေဆးတယ္။ ဘယ္ရြာက ဘယ္ ရြာသူႀကီးနဲ႔ ဘယ္ေန႔ဘယ္ေနရာမွာေတြဖို႔ခ်ိန္းထားတာ။ ေနာက္ က် သြားလို႔လြဲသြားတာစသည္ျဖင့္နာမည္နဲ႔အတိအက် ကိုယ့္ရဲ့ ထိုင္းလူမ်ိဳး လမ္းျပရဲေဘာ္က ထြက္ဆိုတယ္။ ဗီယက္နမ္ေတြလည္း အဲသည္ ရြာသူႀကီးကိုလိုက္ရွာၿပီး ေခၚလာခဲ့တယ္။ထိုင္းရဲေဘာ္ ေျပာတာ အမွန္ အတိုင္း ဟုတ္မဟုတ္စစ္တဲ့သေဘာေပါ့။

          အဲသည္ရြာသူႀကီးလည္းေရာက္ေရာ … ရြာသူႀကီးနဲ႔ ထိုင္း ရဲေဘာ္တို႔ႏွစ္ေယာက္ ဖက္ရမ္း၊ ငိုေႂကြးၾကပါေလေရာ။ သူတို႔ အခ်င္း ခ်င္း ထိုင္းစကားနဲ႔ေျပာငိုငိုၾကတာေပါ့။ တပ္မမႉးကေတာ့ ျပဳံးျပဳံးနဲ႔ ၾကည့္ေနတာေပါ့။ ငါမင္းတို႔ကို ယုံပါၿပီတဲ့ သူကေျပာတယ္။ အခုက်မွ သူလည္း စကားျပန္ေတြ ဘာေတြ မထားေတာ့ပဲ အဂၤလိပ္လို ကိုယ့္ကို တိုက္ရိုက္စကားေျပာေတာ့တာ။ ကိုယ္တို႔ႏွစ္ေယာက္အခုက်မွ ေရမိုးခ်ိဳး ခြင့္ေတြရတယ္။ ကိုယ္တို႔အတြက္ အဝတ္အစားအသစ္ေတြ ထုတ္ေပး တယ္။ ခပ္ပြပြ ဗီယက္နမ္ဝတ္စုံေတြ။

          သည့္ေနာက္ . . . ကိုယ္ တပ္မမႉးနဲ႔ေဆြးေႏြးခြင့္ရတယ္။ ကိုယ္ဒီကို လာရတဲ့အေၾကာင္းရင္း Mission ကိုရွင္းျပတယ္။ တ႐ုတ္ ဘက္ေတာ္သား ဗကပနဲ႔ ကိုယ္တို႔နဲ႔ မတူေသးတဲ့ အေၾကာင္းကို ကိုယ္ ရွင္းျပတယ္။

          ဗီယက္နမ္ဟာ အေမရိကန္ကိုတိုက္ထုတ္ ေအာင္နိုင္ခဲ့တယ္ ဆိုေပမယ့္ ဆင္းရဲတဲ့ နိုင္ငံငယ္ေလးတစ္ခုပဲျဖစ္ပါတယ္တဲ့၊ မိမိတို႔ တိုင္းျပည္ကို မိမိတို႔ျပန္လည္တည္ေဆာက္ရဦးမယ္တဲ့ . . .၊ သူကေျပာ တယ္။

          ဘယ္သူ ဘယ္ဝါမဆို ကိုယ့္တိုင္းျပည္ကို ကိုယ္တည္ေဆာက္ ၾကသလို ကမၻာႀကီးကို တည္ေဆာက္ ရာမွာလည္း အုတ္တစ္ခ်ပ္ သဲ တစ္ပြင့္ဆိုသလို ပါဝင္ၾကဖို႔ လိုတယ္လို႔ကိုယ္ကစကားစတယ္။ အကူ အညီေတာင္းဖို႔ စကားရိပ္သမ္းတယ္။

          ကိုယ္ေျပာျပတယ္။ ကိုယ္လိုခ်င္တာက လက္နက္အင္အား ဘယ္ေရြ႕ဘယ္မၽွေပးပါလို႔ ေျပာခ်င္တာမဟုတ္ဘူး။ ကိုယ္ရဲ့ ရခိုင္ကြန္ျမဴ နစ္ရဲေဘာ္ေတြကို စစ္ပညာေပးေလ့က်င့္ေပးဖို႔ပါပဲ။ ပထမအသုတ္ အေနနဲ႔ လူသုံးဆယ္ကိုအရာရွိသင္တန္းေပးေစခ်င္တယ္။ ျဖစ္နိုင္ပါ့ မလား လို႔ေမးေတာ့ သူက ျဖစ္နိုင္တယ္လို႔သေဘာတူတယ္။ ဒီကိစၥကို လည္း ဗဟိုကိုတင္ျပေပးမယ္လို႔ဆိုတယ္။ ေလ့က်င့္ေရးစခန္း ကေတာ့ လာအိုမွာထားမယ္လို႔သူကဆိုတယ္။

          ကိုယ္ လာအိုနယ္စပ္ကေန ထိုင္းကိုျဖတ္ၿပီး ဘုရားသုံးဆူ ေရာက္ေအာင္ျပန္လာတယ္။ အဲသည္မွာ ကိုခိုင္စိုးနဲ႔ေတြ႕တယ္။ ကိုခိုင္စိုး ကို အေၾကာင္းစုံရွင္းျပၿပီး၊ ရခိုင္မွာဦးစီးေနတဲ့ ကိုေရႊသာကို လွမ္း အေၾကာင္းၾကားတယ္။ ဗီယက္နမ္ေတြက လာအိုမွာေလ့က်င့္ေပးမယ့္ စစ္အရာရွိသင္တန္းအတြက္ ေခတ္ပညာတတ္ ရခိုင္လူငယ္သုံးဆယ္ လႊတ္ေပးပါလို႔လွမ္းေတာင္းတယ္။ ဆယ္တန္းမေအာင္ရင္ေတာင္မွ ဆယ္တန္းေျဖဖူးတဲ့လူျဖစ္ရမယ္။ ဥပမာအားျဖင့္ ေမာင္ေက်ာ္ထြန္း ကဲ့သို႔ေသာသူမ်ိဳးကို လႊတ္လိုက္ပါ… စသည္ျဖင့္အေသအခ်ာလွမ္းမွာ လိုက္တာ။

          အား..လား…လား…။ ကိုေရႊသာလႊတ္လိုက္တဲ့လူေတြ ေရာက္ လာလို႔ ၾကည့္လိုက္ေတာ့ ရခိုင္လို “ဒုံဂ်ာ” လို႔ေခၚတဲ့ လူစားမ်ိဳးေတြ ျဖစ္ေနတာကို ေတြ႕ရ ေတာ့တာ ပါပဲ။ ပုတ္ေလာက္ႀကီးတဲ့ “ကႀကီး” ကို ျပန္ကူးေရးရင္ေတာင္မွ တစ္ဘက္က အေသး၊ တစ္ဘက္က အႀကီး ေရးမယ့္ လူစားမ်ိဳးေတြေရာက္ခ်လာတယ္။ ၿပီးေတာ့ ဓါးျပ၊ သူခိုးေတြ ကလည္းပါလိုက္ေသး။ ေဟ့…ေဟ့… ငါေတာ့ ဒီလူေတြကို သင္တန္း မပို႔နိုင္ဘူး လို႔ကိုယ္ကအျပတ္ျငင္းတယ္။ အဲသည္လူေတြဟာ လူတန္း စားအေျခခံေကာင္းတဲ့လူေတြျဖစ္ေၾကာင္း၊ လယ္သမား သားသမီးေတြ ျဖစ္ေၾကာင္း၊ ပါတီအေပၚသစၥာရွိတဲ့ ပါတီေကဒါေတြျဖစ္ေၾကာင္း ကိုေရႊသာက လွမ္းအေၾကာင္းျပန္တယ္။ စိတ္ခ်ရတဲ့ ပါတီေကဒါေတြ ဆိုပဲ။

          ကိုယ္ျပန္ေျပာတယ္။

          ကၽြန္ေတာ္တို႔အခုလုပ္ေနတာ ပါတီတည္ေဆာက္ေနတာ မဟုတ္ဘူးဗ်။ တပ္တည္ေဆာက္ဖို႔လုပ္ေနတာ။ ဒါေၾကာင့္ စာတတ္ ေပတတ္ အဂၤလိပ္လိုတတ္တဲ့ လူေတြလိုတယ္လို႔ ကိုယ္ အေၾကာင္းျပန္ တယ္။ ဒီလိုဆို ဒီကိစၥေတြကို အေၾကအလည္ေဆြးေႏြးရေအာင္ ရခိုင္ ကိုျပန္လာခဲ့ပါလို႔ . . . ကိုေရႊသာက ဘႀကီးကို လွမ္းေခၚတယ္။

          ကိုယ္ကျပန္မလာနိုင္ဘူးလို႔ . . . ၊ လာၿပီးရင္ ေနာက္တစ္ ေခါက္ ျပန္ထြက္လာဖို႔လြယ္တာမဟုတ္ဘူးလို႔ . . . ။ ဒါနဲ႔ သင္တန္း လႊတ္ဖို႔ လူေရြးတဲ့ေနရာမွာတင္မေၾကမလည္နဲ႔ တစ္ေနပါေလေရာ ။

          အဲသလို ကိုယ့္စိတ္ႀကိဳက္ သင္တန္းသားေတြ မရနိုင္တာ ကလည္းတစ္ေၾကာင္း၊ ကိုယ္သေဘာတူညီခ်က္လုပ္ထားခဲ့သူက နယ္ေၿမ စစ္အာဏာပိုင္အဆင့္ေလာက္ပဲျဖစ္ေနတာကတစ္ေၾကာင္း၊ ၿပီးေတာ့ . . . ဗမာျပည္ကျဖစ္ၿပီးေတာ့ ဘာေၾကာင့္မို႔လို႔ ဗမာျပည္ ကြန္ျမဴနစ္ပါတီနဲ႔ အတူတူမဟုတ္ပဲသီးျခားျဖစ္ေနရတာလဲဆိုတဲ့ အေမးစကားေတြရွိေနရတာ က အေၾကာင္းတစ္သြယ္ . . . စတာေတြေၾကာင့္ ကိုယ္ခရီးဆက္ဖို႔ ဆုံးျဖတ္တယ္။

          (တစ္)  အင္ဒိုနီးရွားေဘာ္နီယိုကၽြန္းေပၚက ကာလီမန္တန္ ကြန္ျမဴနစ္ပါတီနဲ႔သြားေရာက္ဆက္သြယ္ဖို႔၊

          (ႏွစ္)    အဲဒီကေနတစ္ဆင့္ ဗီယက္နမ္ထဲကို တိုက္ရိုက္ ဝင္နိုင္ဖို႔ ႀကိဳးစားမယ္လို႔ ကိုယ္ဆုံးျဖတ္တယ္။

ေက်ာ္ေဇာဦး ေရးသားသည္။

[အပိုင္း-ခုနစ္အား ဆက္လက္ဖတ္ရႈပါရန္]

==========

[ Unicode here ]

သူရဲကောင်းတစ်ယောက်နဲ့ ကြွက်စုတ်သုံးကောင်

            ဗီယက်နမ်ကွန်မြူနစ်ပါတီ (ဆိုလိုတာက ဗီယက်နမ်အလုပ်သမား ပါတီ) နဲ့ အဆက်အသွယ်ယူပြီး မိမိတို့တပ်ကိုလေ့ကျင့်နိုင်ဖို့လည်း ကိုယ် တော်တော် ကြိုးစားခဲ့သေးတယ်။

            ရန်ကုန်က ဗီယက်နမ်သံရုံးကို သွားဆက်သွယ်တော့ သူတို့က ဗီယက်နမ်ကို စရိတ်စက အကုန်အကျခံပို့ပေးဖို့ မတတ်နိုင်ဘူးလို့ ပြော တယ်။ တစ်ခုတော့ရှိတယ်၊ စာရေးပေးပါဆိုရင် ရေးပေးလိုက်လို့ရတယ် တဲ့။ အဲသည်တုန်းက ကိုယ်သိသလောက် . . . ငြိမ်းချမ်းရေးတံတားဆိုတာ ရှိတယ်။ တရုတ်ထဲကိုဝင်၊ ငြိမ်းချမ်းရေးတံတားကနေ ဖြတ်သွားလို့ရင် ဗီယက်နမ်ထဲကို ရောက်တယ်လို့ ကိုယ်ကြားဖူးတာရှိတယ်။

            (ဆိုဗီယက်သံရုံး၊ တရုတ်သံရုံးနဲ့ ဗီယက်နမ်သံရုံးတွေကို ကိုယ် အမြဲ အဝင်အထွက်ရှိခဲ့တယ်။ ဆိုဗီယက်သံရုံးကတော့ ကိုယ့်စားအိမ် သောက်အိမ်လိုပဲပေါ့။ ဒါပေမဲ့ ဗီယက်နမ်သံရုံးကတော့ ချို့တဲ့တယ်။ သိပ် မကျွေးမွေးနိုင်ဘူး ဆိုပါတော့။)

            တရုတ်သံရုံးကို ကိုယ်ဆက်သွယ်တော့ သူတို့ကမေးတယ်။ မင်း တို့က ဘဇာကြောင့် ဗကပနဲ့ အတူတူဖြစ်မနေရတာတုန်းလို့မေးတယ်။ ကိုယ်က ရကပရဲ့ အမျိုးသားရေးလမ်းကြောင်းကိုရှင်းပြပါရဲ့။ ဒါပေမဲ့ ဗကပ နဲ့ ခွဲခြမ်းခွဲခြမ်းလုပ်နေစရာမလိုဘူးလို့ဆိုတယ်။ မင်းတို့ လေ့ကျင့်ရေး အကူ အညီ လိုတယ်ဆိုရင် ဗကပနဲ့ အရင်သွားညှိပါတဲ့။ ပြီးမှ ငါတို့ဆီကိုလာ ဆိုပြီး သူတို့ကပြောတယ်။ ကိုယ်တို့ကတော့ ဒီလိုဖြင့်မသွားနိုင်ဘူး။ ဗကပ က ကိုယ်တို့ကို ခိုင်းစားသွားမှာပေါ့။

            ဒီတော့ ထိုင်းကွန်မြူနစ်တွေနဲ့အတူ ချုံခိုတိုက်ပွဲတွေမှာ ကိုယ် ပါနေတုန်း ထိုင်းကွန်မြူနစ်တွေကို ကိုယ်အကူအညီတောင်းတယ်။

            ထိုင်းကွန်မြူနစ်ပါတီနဲ့ ဗီယက်နမ်အလုပ်သမားပါတီတို့ရဲ့ ဆက် စပ်မှုက ဒီလို . . . ။ တရုတ်နဲ့ ဆိုဗီယက်တို့ သဘောတရားရေးရာ အကွဲ အပြဲဖြစ်ကြတဲ့ကာလမှာ ထိုင်းကွန်မြူနစ်ပါတီရဲ့ အသံလွှင့်ဌာနဟာ တရုတ် ပြည် ယူနန်နယ်ထဲမှာ ရှိနေခဲ့တယ်။ ဆိုဗီယက်တွေကို ဆိုရှယ်နယ်ချဲ့ တွေဆိုပြီး ပုတ်ခတ်ပြောဆိုဖို့ တရုတ်အာဏာပိုင်တွေက ထိုင်းကွန်မြူနစ်တွေ ကို ညွှန်ကြားတယ်။ ဒါပေမဲ့ ဆိုဗီယက်တွေကို ထိုင်းကွန်မြူနစ်တွေက ဆိုရှယ်နယ်ချဲ့လို့ မမြင်ဘူး။ ဒီတော့ တရုတ်ခိုင်းတဲ့အတိုင်း မပြောဘူး။ ဒီတော့ ထိုင်းအသံလွှင့်ဌာနကို ယူနန်ပြည်နယ်ထဲကနှင်ထုတ်တယ်။ ထိုင်း တွေကလည်း အားကျမခံ လာအိုနိုင်ငံထဲကိုပြောင်းတယ်။ လာအိုက ဗီယက်နမ်ထီးရိပ်အောက်ကနိုင်ငံ။ ဗီယက်နမ်ကသာခွင့်ပြုရင် ထိုင်း အသံလွှင့်ဌာနကို အဲဒီမှာထားလို့ရတယ်။ အဲသလိုမျိုး ထိုင်းနဲ့ ဗီယက်နမ် ကွန်မြူနစ်တွေ ဆက်စပ်ပတ်သက်နေကြတာ။ ဗီယက်နမ်ကွန်မြူနစ်တွေ ကလည်း တရုတ်လိုင်း မဟုတ်ဘူး။ ဆိုဗီယက်လိုင်း . . . ။

            လာအိုနိုင်ငံထဲမှာ ဗီယက်နမ်တပ်တွေရောက်နေတာ ရှိလေတော့ အဲဒီတပ်တွေနဲ့ ဆက်သွယ်လို့ရအောင် သွားနိုင်ဖို့ ထိုင်းကွန်မြူနစ်မိတ်ဆွေ တွေက ကိုယ့်ကိုလမ်းကြောင်းချပေးတယ်။ စာထည့်သွားရင် အန္တရာယ်ရှိ တာကြောင့် စာတော့ရေးမပေးလိုက်ဘူး။ သူတို့လူတစ်ယောက်ကို ကိုယ်နဲ့ ထည့်ပေးလိုက်တယ်။

            ပထမ တစ်ကြိမ်သွားတော့ ဘယ်လိုမှနယ်စပ်ကျော်လို့မရဘူး ဖြစ်နေတယ်။ တပ်ခ် ခရိုင်ကိုတောင် ကျော်လို့ မရဘူး။ ထိုင်းအစိုးရကလည်း အာဏာသိမ်းထားတဲ့ စစ်တပ်အစိုးရ။ ထိုင်းလာအိုနယ်စပ်မှာ အခြေအနေ ဘယ်လောက်ဆိုးသလဲ ဆိုတော့ လာအိုလူမျိုးတွေကို ပစ်သတ်ပြီး လမ်းမ ပေါ်မှာ ဒီအတိုင်းစုပုံထားတာ။ ဒီတော့ ပထမတစ်ကြိမ်မှာ သွားလိုရာခရီးကို မရောက်ပဲပြန်လှည့်လာရတယ်။

            အဲသည်ထိုင်းရဲဘော်နဲ့ပဲ ဒုတိယအကြိမ်သွားတဲ့အခါ သွားလိုရာ ခရီးကိုတော့ ရောက်ပါရဲ့ . . . ၊ တစ်ရက်နောက်ကျသွားတယ်။ ဒီတော့ ချိန်းထားတဲ့လူနဲ့ လွဲသွားပြီးတော့ ဗီယက်နမ်တပ်တွေဆီမှာ အဖမ်းခံရတယ်။ သူတို့နားဝင်အောင် ဘယ်လိုမှ ရှင်းပြလို့မရဘူး။

            ကိုယ်တစ်ချက်မှားသွားတာက ကိုယ်တတ်တဲ့ ထိုင်းစကား မတောက်တခေါက်နဲ့ ရှင်းပြဖို့ ကြိုးစားမိတာပါပဲ။ မြန်မာပြည်ကဆိုရင် ဘာကြောင့် ထိုင်းစကားပြောရသလဲ . . . ဘာလဲ ညာလဲ ဖြစ်လာတယ်။ မင်းတို့နှစ်ယောက်က စီအိုင်အေသူလျှိုတွေလား ဘာလားပေါ့။

            ဒါနဲ့ အဖမ်းခံရတယ်။ အချုပ်ခန်းထဲမှာ ထည့်ထားတာတောင် လက်နှစ်ဘက်နဲ့ ခြေနှစ်ဘက်ကို ကြိုးချည်ထားတယ်။ နှိပ်စက်ညှဉ်းပန်း မှုတော့ အထူးတလည် မလုပ်ဘူး။ ဒါပေမဲ့ တစ်ချိန်လုံးကြိုးချည်ထားတာ နှိပ်စက်တာတစ်မျိုးပဲပေါ့။ ထမင်းစားမယ့် အချိန်လောက်ပဲ လက်ကကြိုးကို ဖြည်ပေးတယ်။ စားပြီးတာနဲ့ ပြန်ချည်တော့တာပဲ။

            ဒါတောင် ကိုယ်ကထိုင်းလူမျိုးမဟုတ်လို့ တော်သေးတယ်လို့ ပြောရမလား မသိဘူး။ ကိုယ်နဲ့ပါလာတဲ့ ထိုင်းရဲဘော်ကတော့ ကောင်း ကောင်း အရိုက်ခံရတယ်လို့ ဆိုတယ်။

            အခုအခြေအနေမှာ ကိုယ်သိရသလောက်ကတော့ သူတို့တပ်မမှူး တပ်မဌာနချုပ်ကို ပြန်ရောက်လာတဲ့အထိ စောင့်မယ်။ တပ်မမှူးလာရင် ကိုယ်တို့နှစ်ယောက်ကို စီအိုင်အေသူလျှို ဆိုပြီး ပြမယ်။ ပြီးရင် စီရင်စရာ ရှိတာကို စီရင်မယ်ဆိုတာပါပဲ။

            ကိုယ့်ကိုချုပ်ထားတဲ့ အချုပ်ခန်းရဲ့ ရှေ့ဘက်မှာ အသက်အစိတ် လောက်ရှိတဲ့ ဗီယက်နမ်စစ်ဗိုလ်ကလေးတစ်ယောက် စားပွဲနဲ့အကျအန ထိုင်ပြီး အေးအေးလူလူ စာဖတ်နေတယ်။ ဒါနဲ့ အသက်ဘေးကလွတ်ဖို့ အရေးအတွက် ရနိုင်သမျှနည်းလမ်းစုံကို သူသုံးရမှာပဲဆိုတဲ့သဘောကို နှလုံးမူပြီး၊ အဲသည် စစ်ဗိုလ်ကလေးနဲ့စကားပြောဖို့ကြိုးစားတယ်။

            မင်းအင်္ဂလိပ်လိုပြောတတ်သလားလို့ကိုယ်ကစကားစတယ်။

            ပြောတတ်တယ်တဲ့။ သူက လှည့်မကြည့်ပဲဖြေတယ်။

            မင်းဖတ်နေတဲ့စာအုပ်ကအင်္ဂလိပ်လိုရေးထားတာလား။

            မဟုတ်ဘူး၊ ပြင်သစ်လိုရေးထားတာ။

            စစ်ဗိုလ်ကလေးက စာအုပ်ကနေ မျက်နှာမခွာဘူး။ စကားပြော နေတာကို သိပ်အလေးမထားဘူးဆိုတဲ့ သဘော။

            ဘာစာအုပ်လဲ။

            ကဗျာစာအုပ်တစ်အုပ်ပဲ။

            ဘာအကြောင်းလဲ။

            တပ်ဦးငါးနှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာပြည်ကရဲဘော်တွေရေးထားတဲ့ကဗျာတွေပဲ။

            မင်းဖတ်နေတဲ့စာအုပ်မှာ “သူရဲကောင်းတစ်ယောက်နဲ့ ကြွက်စုတ် သုံးကောင်” ဆိုတဲ့ကဗျာပါလိမ့်မယ်။

            အင်း . . . ပါတယ်။ ခင်ဗျားဒီစာအုပ်ကိုဖတ်ဖူးလို့လား။

            မဖတ်ဖူးဘူး။ ငါပြင်သစ်လိုမတတ်ဘူး။ ဒါပေမဲ့ အဲဒီကဗျာ အကြောင်းကို ငါပြောပြမယ်။

            အင်း . . . ပြောချင်ပြောလေ။

            သူက ပြောချင်ပြောလေဆိုတော့ အဲသည်ကဗျာပါ အကြောင်း အရာတွေကို ကိုယ်ပြောပြတယ်။ ဒါနဲ့ သူမျက်လုံးတွေက အံ့အားသင့် တဲ့ အရိပ်အယောင်တွေနဲ့ ဝိုင်းစက်လာတယ်။ ဒီလောက်ထိအသေးစိတ် ခင်ဗျားဘယ်လိုလုပ်သိသလဲတဲ့ . . . သူကမေးတယ်။ ဒီကဗျာကို မြန်မာဘာသာစကားနဲ့ ငါရေးခဲ့တာလို့ ပြောပြလိုက်တယ်။

            ဟိုစဉ်က ဒေါင်းနွယ်ဆွေ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့ ကဗျာဆရာအသင်းကနေပြီးတော့ ဗီယက်နမ်ပြည်သူ့လွတ် မြောက်ရေး တပ်ဦးရဲ hငါးနှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကဗျာ ဆယ့်ငါးပုဒ်ပို့ပေးခဲ့တာရှိတယ်။ အဲသည် ဆယ့်ငါးပုဒ်ထဲမှာ ကိုယ်ရေး ခဲ့တဲ့ “သူရဲကောင်းတစ်ယောက်နဲ့ ကြွက်စုတ်သုံးကောင်” ဆိုတဲ့ ကဗျာ လည်းအပါအဝင်ပေါ့။ တိုက်ပွဲမှာ ကျဆုံးပြီးလဲနေတဲ့ ဗီယက်နမ် ရဲဘော် တစ်ယောက်ရဲ့ ရင်ဘတ်ပေါ်မှာ အမေရိကန်စစ်သား သုံးယောက်က ခြေထောက်တင်ပြီး ဟားတိုက်ရယ်မောနေတဲ့ ဓါတ်ပုံကို မြင်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ဖော်ကျူးထားတဲ့ ကဗျာကလေး။ အဲသည် ကဗျာလေးက ကိုယ့်အသက်ကို ကယ်လိုက်တာပဲ။

            ခင်ဗျားက စီအိုင်အေသူလျှို ဆို . . . လို့ စစ်ဗိုလ်ကလေးက မေးတယ်။ မဟုတ်ပါဘူး၊ ငါရှင်းပြဖို့ကြိုးစားတာ ဘယ်လိုမှ သူတို့က လက်မခံကြဖူး . . . လို့ ကိုယ်ပြောပြတယ်။

            ဒါဆို ခင်ဗျား ဗမာကွန်မြူနစ်ပေါ့။

            ဟုတ်တယ်ပြောရင်လည်း မှန်တယ်။ မဟုတ်ဘူးလို့ ပြောရင် လည်းမှန်တာပဲ။ ကွန်မြူနစ်တော့ ကွန်မြူနစ်ပဲ။

            ခင်ဗျား ဗမာမဟုတ်ဘူးလား။

            မဟုတ်ဘူး ၊ ငါက ရခိုင် လို့ဖြေတယ်။ ဒါပေမဲ့ ရခိုင်ဆိုလည်း သူကမသိဘူး။ Arakan  လို့ပြောလည်း သူကမသိဘူး။ ဒီတော့ သူကို ကမ္ဘာ့မြေပုံယူခိုင်းပြီး မြန်မာပြည်မြေပုံရဲ့ အနောက်ဘက်ကမ်းမြောင် ဒေသကိုသူပေးတဲ့ တုတ်တံရှည်တစ်ချောင်းနဲ့ အချုပ်ခန်းထဲကနေ ကိုယ် လှမ်းထောက်ပြတယ်။

            သူက တကျွတ်ကျွတ်နဲ့ စုပ်တသပ်သပ်ဖြစ်နေတယ်။

            ခင်ဗျားတော်တော်ကံဆိုးတာပဲ။ ခင်ဗျားကို စပိုင်ဆိုပြီး ဖမ်း ထားတာ။ အခုအသတ်ခံရတော့မလိုဖြစ်နေပြီ။ တပ်မမှူးပြန်ရောက် တဲ့အခါ သူလက်မှတ်ထိုးလိုက်တာနဲ့ ခင်ဗျားကိုသေဒဏ်စီရင်ကြတော့ မှာ။

            အေး… ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ။ ပစ္စည်းမဲ့ တော်လှန် ရေးသမားတွေအဖို့ရာ အောင်ပွဲနဲ့သေလမ်းနှစ်လမ်းပဲရှိတယ်။ အောင်ပွဲရရင်ရ၊ မရရင်သေရမှာပါပဲ . . . လို့ကိုယ်ဖြေတယ်။

            ဒီလိုနဲ့ နောက်နှစ်ရက်လောက်ကြာတော့ ဗီယက်နမ်တပ်မမှူး ပြန်ရောက်လာတယ်။ ကိုယ်နဲ့ကိုယ့်ရဲ့ ထိုင်းရဲဘော်ကိုခေါ် ပြီး အခန်း တစ်ခန်းရဲ့ သီးခြားထောင့်နှစ်ဘက်မှာထားတယ်။ ကိုယ်တို့နှစ်ယောက် ကို သူရဲ့လက်ထောက်တွေက သီးခြားစစ်ဆေးတယ်။ ဘယ်ရွာက ဘယ် ရွာသူကြီးနဲ့ ဘယ်နေ့ဘယ်နေရာမှာတွေဖို့ချိန်းထားတာ။ နောက် ကျ သွားလို့လွဲသွားတာစသည်ဖြင့်နာမည်နဲ့အတိအကျ ကိုယ့်ရဲ့ ထိုင်းလူမျိုး လမ်းပြရဲဘော်က ထွက်ဆိုတယ်။ ဗီယက်နမ်တွေလည်း အဲသည် ရွာသူကြီးကိုလိုက်ရှာပြီး ခေါ်လာခဲ့တယ်။ထိုင်းရဲဘော် ပြောတာ အမှန် အတိုင်း ဟုတ်မဟုတ်စစ်တဲ့သဘောပေါ့။

            အဲသည်ရွာသူကြီးလည်းရောက်ရော … ရွာသူကြီးနဲ့ ထိုင်း ရဲဘော်တို့နှစ်ယောက် ဖက်ရမ်း၊ ငိုကြွေးကြပါလေရော။ သူတို့ အချင်း ချင်း ထိုင်းစကားနဲ့ပြောငိုငိုကြတာပေါ့။ တပ်မမှူးကတော့ ပြုံးပြုံးနဲ့ ကြည့်နေတာပေါ့။ ငါမင်းတို့ကို ယုံပါပြီတဲ့ သူကပြောတယ်။ အခုကျမှ သူလည်း စကားပြန်တွေ ဘာတွေ မထားတော့ပဲ အင်္ဂလိပ်လို ကိုယ့်ကို တိုက်ရိုက်စကားပြောတော့တာ။ ကိုယ်တို့နှစ်ယောက်အခုကျမှ ရေမိုးချိုး ခွင့်တွေရတယ်။ ကိုယ်တို့အတွက် အဝတ်အစားအသစ်တွေ ထုတ်ပေး တယ်။ ခပ်ပွပွ ဗီယက်နမ်ဝတ်စုံတွေ။

            သည့်နောက် . . . ကိုယ် တပ်မမှူးနဲ့ဆွေးနွေးခွင့်ရတယ်။ ကိုယ်ဒီကို လာရတဲ့အကြောင်းရင်း Mission ကိုရှင်းပြတယ်။ တရုတ် ဘက်တော်သား ဗကပနဲ့ ကိုယ်တို့နဲ့ မတူသေးတဲ့ အကြောင်းကို ကိုယ် ရှင်းပြတယ်။

            ဗီယက်နမ်ဟာ အမေရိကန်ကိုတိုက်ထုတ် အောင်နိုင်ခဲ့တယ် ဆိုပေမယ့် ဆင်းရဲတဲ့ နိုင်ငံငယ်လေးတစ်ခုပဲဖြစ်ပါတယ်တဲ့၊ မိမိတို့ တိုင်းပြည်ကို မိမိတို့ပြန်လည်တည်ဆောက်ရဦးမယ်တဲ့ . . .၊ သူကပြော တယ်။

            ဘယ်သူ ဘယ်ဝါမဆို ကိုယ့်တိုင်းပြည်ကို ကိုယ်တည်ဆောက် ကြသလို ကမ္ဘာကြီးကို တည်ဆောက် ရာမှာလည်း အုတ်တစ်ချပ် သဲ တစ်ပွင့်ဆိုသလို ပါဝင်ကြဖို့ လိုတယ်လို့ကိုယ်ကစကားစတယ်။ အကူ အညီတောင်းဖို့ စကားရိပ်သမ်းတယ်။

            ကိုယ်ပြောပြတယ်။ ကိုယ်လိုချင်တာက လက်နက်အင်အား ဘယ်ရွေ့ဘယ်မျှပေးပါလို့ ပြောချင်တာမဟုတ်ဘူး။ ကိုယ်ရဲ့ ရခိုင်ကွန်မြူ နစ်ရဲဘော်တွေကို စစ်ပညာပေးလေ့ကျင့်ပေးဖို့ပါပဲ။ ပထမအသုတ် အနေနဲ့ လူသုံးဆယ်ကိုအရာရှိသင်တန်းပေးစေချင်တယ်။ ဖြစ်နိုင်ပါ့ မလား လို့မေးတော့ သူက ဖြစ်နိုင်တယ်လို့သဘောတူတယ်။ ဒီကိစ္စကို လည်း ဗဟိုကိုတင်ပြပေးမယ်လို့ဆိုတယ်။ လေ့ကျင့်ရေးစခန်း ကတော့ လာအိုမှာထားမယ်လို့သူကဆိုတယ်။

            ကိုယ် လာအိုနယ်စပ်ကနေ ထိုင်းကိုဖြတ်ပြီး ဘုရားသုံးဆူ ရောက်အောင်ပြန်လာတယ်။ အဲသည်မှာ ကိုခိုင်စိုးနဲ့တွေ့တယ်။ ကိုခိုင်စိုး ကို အကြောင်းစုံရှင်းပြပြီး၊ ရခိုင်မှာဦးစီးနေတဲ့ ကိုရွှေသာကို လှမ်း အကြောင်းကြားတယ်။ ဗီယက်နမ်တွေက လာအိုမှာလေ့ကျင့်ပေးမယ့် စစ်အရာရှိသင်တန်းအတွက် ခေတ်ပညာတတ် ရခိုင်လူငယ်သုံးဆယ် လွှတ်ပေးပါလို့လှမ်းတောင်းတယ်။ ဆယ်တန်းမအောင်ရင်တောင်မှ ဆယ်တန်းဖြေဖူးတဲ့လူဖြစ်ရမယ်။ ဥပမာအားဖြင့် မောင်ကျော်ထွန်း ကဲ့သို့သောသူမျိုးကို လွှတ်လိုက်ပါ… စသည်ဖြင့်အသေအချာလှမ်းမှာ လိုက်တာ။

            အား..လား…လား…။ ကိုရွှေသာလွှတ်လိုက်တဲ့လူတွေ ရောက် လာလို့ ကြည့်လိုက်တော့ ရခိုင်လို “ဒုံဂျာ” လို့ခေါ်တဲ့ လူစားမျိုးတွေ ဖြစ်နေတာကို တွေ့ရ တော့တာ ပါပဲ။ ပုတ်လောက်ကြီးတဲ့ “ကကြီး” ကို ပြန်ကူးရေးရင်တောင်မှ တစ်ဘက်က အသေး၊ တစ်ဘက်က အကြီး ရေးမယ့် လူစားမျိုးတွေရောက်ချလာတယ်။ ပြီးတော့ ဓါးပြ၊ သူခိုးတွေ ကလည်းပါလိုက်သေး။ ဟေ့…ဟေ့… ငါတော့ ဒီလူတွေကို သင်တန်း မပို့နိုင်ဘူး လို့ကိုယ်ကအပြတ်ငြင်းတယ်။ အဲသည်လူတွေဟာ လူတန်း စားအခြေခံကောင်းတဲ့လူတွေဖြစ်ကြောင်း၊ လယ်သမား သားသမီးတွေ ဖြစ်ကြောင်း၊ ပါတီအပေါ်သစ္စာရှိတဲ့ ပါတီကေဒါတွေဖြစ်ကြောင်း ကိုရွှေသာက လှမ်းအကြောင်းပြန်တယ်။ စိတ်ချရတဲ့ ပါတီကေဒါတွေ ဆိုပဲ။

            ကိုယ်ပြန်ပြောတယ်။

            ကျွန်တော်တို့အခုလုပ်နေတာ ပါတီတည်ဆောက်နေတာ မဟုတ်ဘူးဗျ။ တပ်တည်ဆောက်ဖို့လုပ်နေတာ။ ဒါကြောင့် စာတတ် ပေတတ် အင်္ဂလိပ်လိုတတ်တဲ့ လူတွေလိုတယ်လို့ ကိုယ် အကြောင်းပြန် တယ်။ ဒီလိုဆို ဒီကိစ္စတွေကို အကြေအလည်ဆွေးနွေးရအောင် ရခိုင် ကိုပြန်လာခဲ့ပါလို့ . . . ကိုရွှေသာက ဘကြီးကို လှမ်းခေါ်တယ်။

            ကိုယ်ကပြန်မလာနိုင်ဘူးလို့ . . . ၊ လာပြီးရင် နောက်တစ် ခေါက် ပြန်ထွက်လာဖို့လွယ်တာမဟုတ်ဘူးလို့ . . . ။ ဒါနဲ့ သင်တန်း လွှတ်ဖို့ လူရွေးတဲ့နေရာမှာတင်မကြေမလည်နဲ့ တစ်နေပါလေရော ။

            အဲသလို ကိုယ့်စိတ်ကြိုက် သင်တန်းသားတွေ မရနိုင်တာ ကလည်းတစ်ကြောင်း၊ ကိုယ်သဘောတူညီချက်လုပ်ထားခဲ့သူက နယ်မြေ စစ်အာဏာပိုင်အဆင့်လောက်ပဲဖြစ်နေတာကတစ်ကြောင်း၊ ပြီးတော့ . . . ဗမာပြည်ကဖြစ်ပြီးတော့ ဘာကြောင့်မို့လို့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ အတူတူမဟုတ်ပဲသီးခြားဖြစ်နေရတာလဲဆိုတဲ့ အမေးစကားတွေရှိနေရတာ က အကြောင်းတစ်သွယ် . . . စတာတွေကြောင့် ကိုယ်ခရီးဆက်ဖို့ ဆုံးဖြတ်တယ်။

            (တစ်)   အင်ဒိုနီးရှားဘော်နီယိုကျွန်းပေါ်က ကာလီမန်တန် ကွန်မြူနစ်ပါတီနဲ့သွားရောက်ဆက်သွယ်ဖို့၊

            (နှစ်)     အဲဒီကနေတစ်ဆင့် ဗီယက်နမ်ထဲကို တိုက်ရိုက် ဝင်နိုင်ဖို့ ကြိုးစားမယ်လို့ ကိုယ်ဆုံးဖြတ်တယ်။

ကျော်ဇောဦး ရေးသားသည်။

[အပိုင်း-ခုနစ်အား ဆက်လက်ဖတ်ရှုပါရန်]

==========

(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s