ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)

[ Zawgyi Font first / Unicode below ]

ကမၻာလွည့္ ေတာ္လွန္ေရးသမား

          ထိုင္းကေနတစ္ဆင့္ မေလးရွားကိုေရာက္တယ္။ မေလးရွားမွာ ဟိုစဥ္ကရွိေနတဲ့ မေလးရွားကြန္ျမဴနစ္ပါတီနဲ႔လက္တြဲၿပီး သူတို႔ရဲ့ ေျပာက္က်ားတိုက္ပြဲေတြမွာပါဝင္ဆင္ႏြဲခဲ့တယ္။ ေျပာက္က်ားျဖစ္တဲ့အတိုင္း ရင္ဆိုင္တိုက္ပြဲေတြကိုေရွာင္ၿပီး ျခဳံခိုတိုက္ ၊ ရသမၽွလက္နက္ ေကာက္သိမ္း ၿပီးရင္ ျမန္ျမန္ဆုတ္ေျပးဆိုတဲ့ ပစ္-ေျပးတိုက္ပြဲေတြပါပဲ။ မေလးရွားက တိုက္ပြဲသုံးပြဲမွာကိုယ္ပါခဲ့တယ္။ ပထမဆုံးတိုက္ပြဲမွာ သူတို႔ရဲ့တိုက္ပြဲ သေဘာကို နားမလည္ေသးေတာ့ စစ္အသုံးေဆာင္ေတြ ယူလာတာမ်ားသြား ၿပီး ကိုယ္က ကိုရိုးကားရားနဲ႔ျဖစ္ေနတာေပါ့ေလ။

          တိုက္ပြဲအတြက္အဆင္သင့္လုပ္ၾကတဲ့အခါ ကိုယ္ကရွိေနတဲ့ လက္နက္ေတြထဲက ကာဘိုင္တစ္လက္ေရြးယူတယ္။ ကာဘိုင္က ကိုယ့္ ရဲ့အႏွစ္သက္ဆုံးလက္နက္ငယ္။ ခႏၶာမွာလည္းပစၥည္းေတြ အျပည့္အစုံ တပ္ဆင္တယ္။ ဟန္းေကာခ်ိဳင့္ေတြ ဘာေတြေတာင္ ခါးမွာ ခ်ိတ္လိုက္ေသး တယ္။ (ကိုယ္တို႔ဆီမွာက မေတာ္ရင္ ခရီးရွည္ေတြေလၽွာက္ပတ္ၿပီး တိမ္း ေရွာင္ေနရတာကိုး . . .။) မေလးရွားရဲေဘာ္ေတြက ကိုယ့္ကို နားမလည္ နိုင္သလို ၾကည့္ေနၾကတယ္။ ဘာမွေတာ့မေျပာ ဘူး။

          အဲသည္တိုက္ပြဲကို ကိုယ္တို႔ဘက္က တပ္မႉးစီစဥ္ထားတဲ့ အတိုင္း ဆိုရင္ ေတာင္ခ်ိဳင္အလယ္မွာေရာက္ေနတဲ့ရန္သူကို ေဘးေတာင္နံရံႏွစ္ဘက္ ကဆင္းလာၿပီး ေနရာယူကာတိုက္မယ္၊ အကုန္လုံးကို အေသေခ်မႈန္းမယ္၊ ၿပီးရင္ ပစ္တဲ့အဖြဲ႕က ကိုယ့္ေနရာကိုယ္ယူၿပီး အသင့္ေစာင့္ေနစဥ္မွာ ေနာက္ တစ္ဖြဲ႕က ရန္သူ႔လက္နက္ေတြကို အကုန္အစင္ ဆင္းေကာက္သိမ္းမယ္။ ၿပီးရင္ ႏွစ္ဖြဲ႕စလုံးက အတူေျပးၾကမွာ။ (ေျပးဟယ္ လႊားဟယ္ဆိုရင္ ကိုယ္ လြယ္ထားတဲ့ ဟန္းေကာခ်ိဳင့္က ဂလုံးဂလြမ္းနဲ႔ အသံေပးပါေလေရာ။)

          ျဖစ္ခ်င္ေတာ့ အႀကိဳကင္းေထာက္တဲ့ ရဲေဘာ္ေတြက အနီးအနား တစ္ဘက္ေတာင္ေၾကာမွာ သံခ်ပ္ကာယာဥ္ေတြခ်ထားတာကို သတိမထား မိခဲ့ဘူး။ တိုက္ပြဲျဖစ္လို႔ပစ္သံခတ္သံၾကားတယ္ဆိုတာနဲ႔ ႏြားေခ်းထိုးပိုး အႀကီးႀကီးေတြလို သံခ်ပ္ကာကားေတြ တကၽြီကၽြီနဲ႔တက္လာၿပီး အေျမာက္နဲ႔ လွမ္းပစ္ေတာ့တာပါပဲ။ အဲသည္ အေျမာက္ဆံ ေတြၾကားမွာ ကိုယ္တို႔ အသက္ကို ဖက္နဲ႔ထုပ္ၿပီးေျပးရေတာ့တာပဲ။ အေျမာက္ဆံတည့္တည့္ မမွန္ ေပမယ့္ အေျမာက္ဆံေၾကာင့္ ထက္ပိုင္းက်ိဳးသြားတဲ့ ကညင္သား ကိုင္းမႀကီး တစ္ခုက ေက်ာက္နံရံတစ္ခုကိုသြားရိုက္ရာက ျပန္လြင့္စင္လာၿပီး ကိုယ့္ ေျခေထာက္တစ္ဘက္ကိုထိတယ္။

          ေရွ႕ကေရာက္ႏွင့္တဲ့ မေလးရွားရဲေဘာ္ေတြက “ေျပး . . . ေျပး . . . ေျပး . . .” လို႔ ေအာ္ေပမယ့္ ကိုယ္လိုက္မေျပးနိုင္ေတာ့ဘူး။ လဲေနရာက မထနိုင္ဘူး။ ေျခေထာက္တစ္ဘက္ကဘာခံစားမႈမွ မရွိေတာ့ ဘူး။ ေရွ႕ကရဲေဘာ္ေတြက ကိုယ္ဆီကိုျပန္ေျပးလာတယ္။ My leg has become senseless. လို႔ကိုယ္ရွင္းျပတယ္။ ဗလေကာင္းေကာင္း ရဲေဘာ္ ႏွစ္ေယာက္က ကိုယ့္ကိုခ်ိဳင္းကေနမၿပီး ခ်ီယူေျပးတယ္။ စခန္းကို  ျပန္ေရာက္ ေတာ့ ကိုယ္ရဲ့အေျခအေနကို သုံးသပ္ၿပီး ေတာေဆးေတြ လိမ္းေပးၾကတာ ေတြ႕တယ္။ ေျခေတာက္ကျပန္ၿပီးပူေႏြးလာၿပီး ေသြးေတြျပန္ေလၽွာက္တယ္။ ေနာက္ေတာ့တ႐ုတ္ေဆးေတြ ထိုးေပးတာေတြ႕တယ္။ ေနာက္ေတာ့ ကိုယ္ ပုံမွန္အတိုင္း လမ္းေလၽွာက္လို႔ရသြားတယ္။ ဒီဒဏ္ရာဟာ အသက္ ငယ္စဥ္မွာေပ်ာက္ကင္းသြားေပမယ့္ အခုအသက္ ခုႏွစ္ဆယ္ေက်ာ္တဲ့အခါ ျပန္ေပၚလာတယ္။ အခု ဘႀကီး လမ္းေလၽွာက္တိုင္း ေျခေတာက္ ေထာ့နဲ႔ ေထာ့နဲ႔ ျဖစ္ေနတာ ဒဏ္ရာေဟာင္းက ျပန္ေပၚၿပီးနာလို႔ေပါ့။

          ေနာက္ထပ္တိုက္ပြဲႏွစ္ပြဲ ကိုယ္ႏြဲလိုက္ခဲ့ေသးတယ္။ သည္း ထိတ္ရင္ဖိုနဲ႔ သူ႔အသက္ကိုယ့္အသက္လုၾကရတဲ့တိုက္ပြဲေတြခ်ည္းပဲေပါ့။

          အဲဒီတိုက္ပြဲေတြေနာက္ပိုင္းမွာ ကိုယ္ကသူတို႔ကို အကူအညီ ေတာင္းတယ္။ ကာလီမန္တန္ကြန္ျမဴနစ္ပါတီကတစ္ဆင့္ ဗီယက္နမ္ကို ငါသြားခ်င္တယ္လို႔၊ မင္းတို႔ငါ့ကိုဘယ္ေလာက္အထိ လိုက္ပို႔နိုင္မလဲလို႔ . . . သူတို႔ကိုေမးတယ္။ (စာေရးသူ႔မွတ္ခ်က္။ ။ကာလီမန္တန္ကၽြန္းကို မေလးရွားကတစ္စိတ္တစ္ပိုင္း၊ အင္ဒိုနီးရွားက တစ္စိတ္တစ္ပိုင္းစီ ပိုင္ဆိုင္ ၾကတယ္။ မေလးရွားဆာရာဝက္ျပည္နယ္ဟာ မေလးရွား ကာလီမန္တန္ အပိုင္းထဲမွာရွိတယ္။ မေလးရွားဆာရာဝက္ျပည္နယ္အတြက္ တိုက္ပြဲဝင္ ေနတဲ့ ကာလီမန္တန္ကြန္ျမဴနစ္ပါတီ (The North Kalimantan Communist Party) ကလည္း အင္ဒိုနီးရွားကြန္ျမဴနစ္ပါတီနဲ႔ အၿပိဳင္တည္ရွိေနခဲ့ တယ္။ ဆူဟာတိုဦးေဆာင္တဲ့အင္ဒိုနီရွားစစ္တပ္က ကြန္ျမဴနစ္ေတြကို အျပဳတ္ရွင္းေတာ့ ထြက္ေျပးလာနိုင္တဲ့ အင္ဒိုနီးရွားကြန္ျမဴနစ္ေတြကို ကာလီ မန္တန္ ကြန္ျမဴနစ္ေတြကလက္ခံၿပီး ခိုလႈံခြင့္ေပး ေစာင့္ေရွာက္ ခဲ့ၾကတယ္လို႔ အဆိုရွိတယ္။)

          ကိုယ္က ရခိုင္ကြန္ျမဴနစ္ပါတီကိုယ္စားလွယ္အေနနဲ႔ နိုင္ငံျခား အကူအညီ လာေတာင္းတဲ့အခါ ဘာေၾကာင့္ ဗကပနဲ႔အတူတူမဟုတ္ပဲ ခြဲျခမ္းခြဲျခမ္းလုပ္ေနရသလဲဆိုတဲ့ ေမးခြန္းက အျမဲတမ္းေပၚေပါက္တယ္။ ဒီေတာ့ ကာလီမန္တန္တစ္ကၽြန္းတည္းေပၚမွာ အင္ဒိုနီးရွားကြန္ျမဴနစ္ပါတီနဲ႔ အၿပိဳင္ ကာလီမန္တန္ကြန္ျမဴနစ္ပါတီရဲ့ရပ္တည္နိုင္မႈဟာ ဒီေမးခြန္း အတြက္ အေျဖတစ္ခုခုမ်ား ေပးနိုင္မလားလို႔ကိုယ္ေတြးတယ္။ ဒါေၾကာင့္ မို႔လို႔ ကာလီမန္တန္ကိုသြားၿပီးမွ ဗီယက္နမ္ပါတီေခါင္းေဆာင္ေတြနဲ႔ ကိုယ္ကေတြ႕ခ်င္တာ။

          မေလးရွားကြန္ျမဴနစ္ရဲေဘာ္ေတြက ကိုယ့္ကို ကြာလာလမ္ပူ လိုက္ပို႔တယ္။ ၿပီးေတာ့ ကြာလာလမ္ပူကေန စင္ကာပူကိုေရာက္တယ္။ စင္ကာပူမွာ သူတို႔ရဲ့အဆက္အသြယ္ ဝိန္ေကာင္းလို႔အမည္ရတဲ့ စင္ကာပူ ကြန္ျမဴနစ္တ႐ုတ္နဲ႔ေတြ႕တယ္။ သူကကိုယ့္ကိုေကာင္းစြာ ျပဳစု ေကၽြးေမြး ဧည္ခံထားပါတယ္။ သူကေျပာတယ္။ အခု(ဖိလစ္ပိုင္ အတိုက္အခံ ေခါင္း ေဆာင္) အကြီနိုတစ္ေယာက္ စင္ကာပူ ေရာက္ေနတယ္တဲ့။ မင္းေတြ႕ခ်င္ရင္ သြားေတြ႕ပါလားတဲ့။ ကိုယ္ကေတြ႕ခ်င္တယ္ဆိုတာနဲ႔ ဝိန္ေကာင္းက အခ်ိန္း အခ်က္လုပ္ေပးတယ္။ အကြီနို တည္းေနတဲ့ ဟိုတယ္မွာ အကြီနိုကိုေရာ၊ သူ႔မိန္းမ ကိုရာဇန္ကိုပါေတြ႕တယ္။ အဓိကကေတာ့ အကြီနိုနဲ႔ပဲ ကိုယ္နဲ႔ စကားေျပာၾကတာပါ။ သူ႔မိန္းမကေတာ့ ဘာမွဝင္မပါ၊ ဝင္မေျပာပါဘူး။ ကိုယ္တို႔ႏွစ္ေယာက္အနားမွာ စာအုပ္တစ္အုပ္ဖတ္ၿပီးထိုင္ေနတာပါပဲ။ သူတို႔ ကေလးေတြေတာ့ စင္ကာပူကို မပါမလာဘူး။ အျခားတစ္နိုင္နိုင္ငံကို ေရာက္ ေနပုံရတယ္။

          ကိုယ္တို႔ႏွစ္ေယာက္ရဲ့စကားဝိုင္းက နိုင္ငံေရး ရည္ရြယ္ခ်က္ တစ္ခုခုအတြက္ ေဆြးေႏြးၾကတာမဟုတ္ပဲ ေတာ္လွန္ေရးသမား အခ်င္း ခ်င္း မိတ္ျဖစ္ေဆြျဖစ္စကားဝိုင္းဖြဲ႕ၾကတဲ့သေဘာပါပဲ။ ဒီေတာ့ ေျပာၾကတဲ့ အေၾကာင္းအရာေတြလည္း ေယဘုယ်ေခါင္းစဥ္ေတြေလာက္ပဲ ဟိုေျပာ သည္ေျပာ အၾကမ္းဖ်င္းေဆြးေႏြးၾကတာေလာက္ပါပဲ။ ကိုယ့္အျမင္ သူ႔အျမင္ မတူတာေတာ့ရွိတာေပါ့ေလ။

          ဥပမာအားျဖင့္ လက္ဝဲအျမင္ရွိတဲ့ ကိုယ္ကေျပာတယ္။ “အမွန္ တရားဆိုတာ ျပည္သူအထဲမွာပဲရွိတယ္” လို႔ . . . ။ “မင္းတို႔ ကြန္ျမဴနစ္ ေတြကေတာ့ အမွန္တရားဆိုတာ ျပည္သူေတြထဲမွာရွိတယ္ လို႔ေျပာမွာေပါ့။ ငါ့အျမင္အရ ဓမၼဓိ႒ာန္က်က် ေျပာရမယ္ဆိုရင္ ဘက္ႏွစ္ဘက္စလုံးမွာ အမွန္တရားရွိတယ္လို႔ေျပာရမွာပဲ” လို႔ သူက တုန႔္ျပန္ေျပာတယ္။

          ဖိလစ္ပိုင္ကိုမျပန္ဖို႔ ကိုယ္သူ႔ကိုတားခဲ့ေသးတယ္။ လူထုကို ေခါင္းေဆာင္ရမယ့္ ျပည္သူ႔ေခါင္းေဆာင္တစ္ေယာက္အဖို႔ ျပည္သူ ေတြၾကားမွာ ရွိေနဖို႔လိုတယ္။ ငါ့အေနနဲ႔ ျပန္မွျဖစ္မယ္လို႔ သူကဆို တယ္။

          မၾကာခင္ေနာက္ပိုင္းမွာ အကြီနို ဖိလစ္ပိုင္ကိုျပန္သြားတယ္။ သူ ရွာေဖြတည္ေဆာက္ခ်င္တဲ့အမွန္တရားကိုမေတြ႕ခင္မွာ ေလဆိပ္က ေသနတ္က်ည္ဆံေတြနဲ႔ပဲေတြ႕သြားရရွာတယ္။ သူဆုံးသြားတာကို ၾကား ရစဥ္မွာ ကိုယ္လည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္ခဲ့ရတယ္။

          Sea Dragon (ပင္လယ္နဂါး)လို႔အမည္ေပးထားတဲ့ ငါးဖမ္း သေဘၤာကေလးတစ္စီးနဲ႔ တစ္ခုေသာမနက္ေစာေစာ ေလးနာရီခြဲ ေလာက္မွာ ေဘာ္နီယိုကၽြန္းကို ဦးတည္ၿပီးသကာလ စင္ကာပူက ကိုယ္ ထြက္ခြာလာခဲ့တယ္။ ကိုယ့္ကိုလိုက္ပို႔မယ့္ ကြန္ျမဴနစ္ရဲေဘာ္ တစ္ေယာက္ ပါတယ္။ ၿပီးေတာ့ မာလိန္မႉးရယ္၊ စက္ဆရာရယ္နဲ႔ စုစုေပါင္း ေလး ေယာက္ပဲ ပါတယ္။

          ေမွာင္စပ်ိဳးတဲ့အခ်ိန္မွာ အင္ဒိုနီးရွား ေဘာ္နီယိုကမ္းေျခက ကာလီတန္ဆိုတဲ့ တံငါရြာကေလးနားကိုကပ္မိတယ္။ ကမ္းေျခက ေက်ာက္ ေဆာင္ေတြေပါတာမို႔လို႔ ေရာက္ေရာက္ခ်င္း ညဦးညမိုက္အခ်ိန္မွာ ကမ္း မကပ္ေသးပဲေစာင့္ေနၾကတယ္။ မနက္လင္းလင္းခ်င္းခ်င္းမွာ ကမ္းကပ္ တာမ်ိဳးလည္း လူျမင္သူျမင္မလုပ္ခ်င္ေတာ့ ညႀကီးပိုင္း လထြက္ေတာ့မွ ကမ္းကပ္မယ္ဆိုၿပီး ေစာင့္ေနၾကတာ။ ေက်ာက္ဆူးခ်ၿပီး ရပ္ေနတယ္။

          ကံဆိုးခ်င္ေတာ့ လလည္းထြက္လာေရာ၊ ေလကထပါေလေရာ . . . ။ လွိုင္းေလထဲမွာေက်ာက္ခ်ထားခဲ့တဲ့ ကိုယ္တို႔သေဘၤာကေလး လူးေနတာ ဘာနဲ႔တူသလဲဆိုရင္ ကၽြဲရိုင္းတစ္ေကာင္ကို ဖမ္းၿပီး ခ်ည္ ထားတဲ့အခါ မရမက႐ုန္းကန္တိုက္ခိုက္ေနတဲ့ပုံစံမ်ိဳး . . .၊ တဝုန္းဝုန္း အသံေတြၾကားမွာ ေျမာက္ခ်ီ နိမ့္ခ်ီ လိမ့္ခ်ီနဲ႔ လူးေနပါေလေရာ။

          မာလိန္မႉးက ေက်ာက္ဆူးကိုတင္ၿပီး ကမ္းကပ္ဖို႔ႀကိဳးစား တယ္။ ေက်ာက္ဆူးတင္တာေတာင္မွ မာလိန္မႉးကၽြမ္းက်င္လို႔သာပဲ။ မေတာ္ရင္ အဲဒီအခ်ိန္ကတည္းက သေဘၤာေမွာက္သြားနိုင္တယ္။ ေနာက္လွိုင္းတစ္လုံး အလာမွာ သေဘၤာကနည္းနည္းေလးေစာင္းသြားတာနဲ႔ ေက်ာက္ဆူးကို ကြက္တိ တင္လိုက္တာ။ ဝွီးကနဲ . . . တစ္ခါတည္း ေက်ာက္ဆူးအတင္မွာ သေဘၤာဟာ လွိုင္းနဲ႔အတူ ေျမာက္ပါသြားတာပါပဲ။

          ဒီလိုနဲ႔ သေဘၤာကိုကမ္းနားေမာင္းသြားၿပီး ကမ္းကပ္ဖို႔ ႀကိဳး စားတယ္။ ကမ္းနားမွာေက်ာက္ေပါတဲ့အေလ်ာက္ လွိုင္းလုံးေတြက ႀကီး တယ္။ ေက်ာက္ေဆာင္ေတြကို လွိုင္းပုတ္သံ တဝုန္းဝုန္းဆူညံေနတယ္။ အဲသလိုေမာင္းေနတဲ့အခ်ိန္မွာ ကိုယ္ရယ္၊ ကိုယ့္အတြက္  အေဖာ္ထည့္ ေပးလိုက္တဲ့ရဲေဘာ္ရယ္ ႏွစ္ေယာက္က သေဘၤာဦးပိုင္းကို သြားၿပီး ကမ္းကိုလွမ္းေမၽွာ္ၾကည့္ၾကတယ္။ ကိုယ္နဲ႔သူနဲ႔သိပ္မကြာဘူး။ ရပ္ေန ၾကတာ။ အဲဒီအခ်ိန္ ကိုယ္ဘာမွန္းမသိလိုက္ခင္မွာ ဝုန္းကနဲ ဒုန္းကနဲ အသံၾကားလိုက္ရၿပီး သတိေမ့သြားေတာ့တာပဲ။ သတိရလာေတာ့ ကိုယ္ ေရထဲေရာက္ေနၿပီ။

          ဘာျဖစ္သြားမွန္း ကိုယ္လည္း မသိလိုက္ဘူး။အေျမာက္နဲ႔ပဲ ပစ္သလား၊ ဘာလား ထင္မိတယ္။(တကယ္ေတာ့ ေက်ာက္ေဆာင္နဲ႔ တိုက္ မိတာလို႔ ေနာက္မွသိရတယ္။) လွိုင္းထဲေလထဲမွာ ေရမနစ္ေအာင္ ႀကိဳးစား ရင္း ကိုယ္လည္း ဝူးဝူးဝါးဝါးျဖစ္ေနတာေပါ့။ ေမွာင္ေမွာင္မည္းမည္းထဲမွာ ေရကူးဖို႔ ႀကိဳးစားေနတုန္း မ်က္ႏွာျပင္ ေခ်ာေခ်ာမြတ္မြတ္တစ္ခုနဲ႔ ကိုယ့္လက္နဲ႔ ထိမိတယ္။ ေခ်ာကနဲပဲ။ ဒါ ငါးမန္းပဲ ျဖစ္ရမယ္ဆိုၿပီး ကိုယ္လည္း ေၾကာက္ လန႔္တၾကားနဲ႔ ကယ္ပါယူပါ အသည္းအသန္ ေအာ္ဟစ္ေတာ့တာပဲ။ (ကိုယ့္ စိတ္ထင္ ရခိုင္စကားနဲ႔ ေအာ္ေနတာပဲ ျဖစ္ပါလိမ့္မယ္။ ဗမာလိုေအာ္ဖို႔ အဂၤလိပ္လိုေအာ္ဖို႔ ဘယ္ကလာ သတိရေနနိုင္မွာတုန္း။) ေက်ာက္ေဆာင္ ေတြကေပါေတာ့ လွိုင္းသံေတြကလည္း တဝုန္းဝုန္းနဲ႔ရွိေနတယ္။

          ကံေကာင္းခ်င္ေတာ့ အဲသည္ ေခ်ာကနဲေခ်ာကနဲအရာက ဆီပုံး အလြတ္ျဖစ္ေနတယ္။ တစ္ေခါက္လွိုင္းအပုတ္မွာ ဆီပုံးရဲ့လက္ကိုင္ထဲကို ကိုယ့္လက္ေရာက္သြားေတာ့မွ ဆီပုံးမွန္းသိတာ။ ဒါနဲ႔ ဆီပုံးကိုဖက္ထားၿပီး တစ္ညလုံး လွိုင္းလူးရာ ေမ်ာပါေနေတာ့တာပဲ။

          ဒီလိုနဲ႔ တျဖည္းျဖည္းမိုးလင္းဘက္ကိုေရာက္လာတယ္။ ေနလုံး ကထြက္လာတယ္။ ေလတိုက္တာကေတာ့ ရပ္သြားတယ္။ ကိုယ္ကေတာ့ ပင္လယ္ဆားငံေရထဲမွာ ေပါေလာေမ်ာေနတုန္းပဲ။ ခပ္ေဝးေဝးက သေဘၤာ ေတြျဖတ္ေမာင္းသြားတာကို ကိုယ္လွမ္းျမင္ရတယ္။ ကိုယ္ လွမ္းေခၚတယ္။ လက္ျပတယ္။ သေဘၤာေတြက ကိုယ့္ကိုသတိမထားမိပဲ ဆက္ေမာင္း သြားၾကတယ္။ ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာတာနဲ႔အမၽွ  ကိုယ္ေရငတ္လာ တယ္။ အာေျခာက္လာတယ္။ အိပ္ခ်င္လာတယ္။ ေနာက္ဆုံးမွာ စက္ေလွသံ လိုလို အင္ဂ်င္သံလိုလို ကိုယ့္နားထဲမွာ ၾကားရတယ္။ ၿပီးေတာ့ ကိုယ္ ကေယာင္ကတမ္းလိုလို ဘာလိုလို ျဖစ္လာတယ္ထင္တာပဲ။ ကိုယ္ ေနာက္ ဆုံး သိလိုက္တာက ကိုယ္စီးခဲ့တဲ့ Sea Dragon သေဘၤာကေလးဟာ Phantom ship တေစၧသေဘၤာပုံစံမ်ိဳးနဲ႔ ေရေအာက္ကေန ဘြားကနဲ ကိုယ့္ ေဘးက ထိုးထြက္လာတာကို ျမင္ရတာပဲ။ ၿပီးေတာ့ သေဘၤာေပၚမွာ ရွိေနတဲ့ အဝတ္ျဖဴေတြဝတ္ထားတဲ့လူေတြက ကိုယ့္ကိုဝိုင္းငုံ႔ၾကည့္ၿပီး တဟားဟားနဲ႔ ရယ္ေနၾကတယ္။ ၿပီးေတာ့ ကိုယ္အိပ္ေပ်ာ္ ေမ့ေမ်ာ့သြား ျပန္တယ္။

          ကိုယ့္ကို (ဒါမွမဟုတ္၊ ကိုယ့္အေလာင္းကို) တစ္မနက္လုံး အျမန္ ေမာ္ေတာ္ (speed boat) နဲ႔ လိုက္ရွာၾကတယ္လို႔ဆိုတယ္။  မြန္းတည့္ ခါနီး ဆယ့္တစ္နာရီ ဆယ့္ႏွစ္ရီေလာက္မွာ ကိုယ့္ကိုေတြ႕တယ္။ ကိုယ့္ကို အဝတ္အစားေတြဘာေတြခၽြတ္၊ ေရခ်ိဳနဲ႔ေရခ်ိဳးေပးၿပီး သိပ္ထားလိုက္တာ ညေနငါးနာရီေလာက္မွ ကိုယ္နိုးလာတယ္။

          ကိုယနိုးလာေတာ့ ကိုယ့္တို႔သေဘၤာရဲ့ မာလိန္မႉးအိုႀကီးက ကိုယ့္ ကို ဝမ္းသာအားရဖက္ရမ္းၿပီး Oh my sonny! Oh my sonny! ရယ္လို႔ ျမည္တမ္းကာမ်က္ရည္ဝိုင္းေနေလေတာ့တယ္။ ကိုယ့္ကို ဒီလို ခ်စ္ခင္တဲ့သူေတြနဲ႔ဆုံဆည္းရလို႔ ကိုယ္လည္း ေတာ္ေတာ့္ ကို ဝမ္းသာပီတိ ျဖစ္ရတယ္။

          ဒါေပမဲ့ မာလိန္မႉးက ကိုယ့္ကို မေတြ႕ေတြ႕ေအာင္လိုက္ရွာတာ၊ အသက္ရွင္လ်က္ေတြ႕လို႔ ဝမ္းပမ္းတသာျဖစ္ရတာ ေနာက္အေၾကာင္း အခ်က္ တစ္ခုရွိေသးတယ္။ ကိုယ့္အေလာင္းကိုသာ သူတို႔ရွာမေတြ႕ဘူး ဆိုရင္ ဝိန္ေကာင္းက မာလိန္မႉးကိုသတ္မွာ။ အေသသတ္မွာ။ ကိုယ့္ အေလာင္းကိုသာယူၿပီးမျပနိုင္ဘူး၊ ၿပီးေတာ့အေၾကာင္းစုံကို လိပ္ပတ္လည္ ေအာင္ရွင္းမျပနိုင္ဘူးဆိုရင္ . . . မာလိန္မႉးဟာ ကိုယ့္ကို လုပ္ႀကံသတ္ပစ္ လိုက္တာပဲ ျဖစ္ရမယ္လို႔ ဝိန္ေကာင္းကယူဆမွာ အမွန္ပဲ။ ဒီေတာ့ ကိုယ့္ကို က်န္းက်န္းမာမာနဲ႔ကယ္ဆယနိုင္ခဲ့တာဟာ မာလိန္မႉး အဖို႔ သူ႔အသက္ကို သူ ျပန္ကယ္နိုင္တာနဲ႔အတူတူပဲ။ ကိုယ္က ဝိန္ေကာင္းတို႔ရဲ့ အေရွ႕ေတာင္ အာရွ ကြန္ျမဴနစ္အစုမွာ အဖြဲ႕ဝင္အမွတ္ ၁၃၆။ ကိုယ္ဟာ မေလးရွားက သူ႔ရဲ့ေဘာ္ေတြနဲ႔ ေသတူရွင္ဘက္ တိုက္လာခဲ့တဲ့ ရဲေဘာ္ရဲဘက္ အရင္းအခ်ာ ျဖစ္တယ္။

          ကိုယ့္ကို လိုက္ပို႔မယ့္ စင္ကာပူ ကြန္ျမဴနစ္ရဲေဘာ္ရဲ့ အေလာင္းကို မနက္လင္းလင္းခ်င္းပဲ ေက်ာက္ေဆာင္ေတြအၾကားမွာ ေတြ႕တယ္လို႔ဆို တယ္။ ေခါင္းမွာဟက္တက္ကြဲဒဏ္ရာႀကီးနဲ႔ . . . ။ ေက်ာက္ေဆာင္နဲ႔ တိုက္မိမိခ်င္း ဒဏ္ရာရၿပီး တစ္ခါတည္းဆုံးပါးသြားတာ လို႔ယူဆရတယ္။ စက္ဆရာရဲ့အေလာင္းကိုေတာ့ ဆယ္လို႔ မရဘူး။ မဆယ္ခဲ့ေတာ့ဘူး။ သူကသေဘၤာဝမ္းေခါင္းထဲက စက္ခန္းထဲမွာ ပါသြားတယ္။ မာလိန္မႉးကို ေတာ့ သေဘၤာျမဳပ္ျမဳပ္ခ်င္းပဲ ငါးဖမ္းစက္ေလွတစ္စီးက ကယ္လိုက္တာ။

          ကိုယ့္ရဲ့ ပတ္စ္ပို႔နဲ႔ စာရြက္စာတမ္းေတြကိုလည္း ပလက္စတစ္နဲ႔ လုံလုံျခဳံျခဳံထုပ္ထားတာဆိုေတာ့ ကိုယ့္ခႏၡာေပၚကပဲ မပ်က္မစီး ျပန္ရတယ္။ တကယ္ေတာ့ ဒီပတ္စ္ပို႔ေတြက ဝိန္ေကာင္းရဲ့အစီအစဥ္နဲ႔ အင္ဒိုနီးရွားကို အဝင္ျပၿပီးသား တုံးထုၿပီးသားလုပ္ၿပီး ကိုယ့္ကို ေပးလိုက္တာ။ လူကိုယ္တိုင္ ဂ်ကာတာၿမိဳ႕ကေနဝင္ၿပီး ကုန္းလမ္းအတိုင္း အရွည္ႀကီးျဖတ္သြားရင္ မေတာ္ တဆ တစ္ခုခုျဖစ္မွာစိုးလို႔ . . . .တုံးထုၿပီးသား ပတ္စ္ပို႔နဲ႔ ေဘာ္နီယိုကၽြန္း ေပၚကို ေရလမ္းကေနတက္ခိုင္းတာ။

          ေဘာ္နီယိုကမ္းကိုေတာ့တက္နိုင္ပါရဲ့ . . . ။ ကိုယ္ရဲ့လမ္းၿပ မိတ္ဆက္ရဲေဘာ္ Guide ကေသၿပီ။ ကာလီမန္တန္ဘက္ကို ကူးဖို႔ လုပ္သာလုပ္ရတာ ဘာမွဝီထိမေပါက္ဘူး။ ဘာအဆက္အသြယ္မွ မရ ဘူး။ ဆာရာဝပ္ကိုေရာက္ေပမယ့္ အဲသည္မွာ စီအိုင္ေအနဲ႔ အစိုးရသူလၽွို ေတြ ေျခခ်င္းလိမ္ေနတာေတြ႕ရတယ္။ စိတ္ခ်ရတဲ့ ၾကားခံလူမရွိပဲ ဘယ္သူ႔ကို ဆက္သြယ္လို႔ မရနိုင္ဘူး။ ဒါနဲ႔ စိတ္ပ်က္လက္ပ်က္ျဖစ္ေန ရတုန္း . . . ဘ႐ူနိုင္းဘက္ကို ကူးသြားၿပီး အလည္အပတ္သေဘာ ေလၽွာက္ၾကည့္ တယ္။ ကမၻာလွည့္ခရီးသြားလုပ္ၾကည့္ (playing tourist) တာေပါ့။ ရက္ခ်င္းျပန္ ခရီးပါပဲ။

          စင္ကာပူကိုျပန္တယ္။ စင္ကာပူက ဝိန္ေကာင္းတို႔ အုပ္စုကို ေနာက္ထပ္အပူမကပ္ခ်င္ေတာ့ဘူး။ သူတို႔ဘက္က တာဝန္ေက်ပါတယ္။ စင္ကာပူကေန ထိုင္းနိုင္ငံထဲကိုေရာက္ေအာင္သြားတယ္။ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္ကေန ေလယာဥ္ခရီးနဲ႔ ဘဂၤလာေဒ့ရွ္နိုင္ငံ ဒါကာၿမိဳ႕ကို သြားတယ္။ ၿပီးေတာ့ ရခိုင္နယ္စပ္ကိုသြားတယ္။ ကိုယ့္နယ္ေျမထဲကို ဝင္တယ္။ ပါတီနဲ႔ ေပါင္းမိတယ္။

          ထိုင္းနယ္စပ္မွာ ကိုယ္စုထားခဲ့ၿပီး ကိုခိုင္စိုးကတစ္ဆင့္ ပို႔ေပးခဲ့တဲ့ ဒုတိယအသုတ္လက္နက္ေတြ ပါတီကိုေရာက္ေနၿပီ။

ေက်ာ္ေဇာဦး ေရးသားသည္။

(ရဲနီစံေရႊေမာင္ အပိုင္း-ရွစ္ အား ဆက္လက္ဖတ္ရႈပါရန္)

==========

ကမ္ဘာလှည့် တော်လှန်ရေးသမား

                ထိုင်းကနေတစ်ဆင့် မလေးရှားကိုရောက်တယ်။ မလေးရှားမှာ ဟိုစဉ်ကရှိနေတဲ့ မလေးရှားကွန်မြူနစ်ပါတီနဲ့လက်တွဲပြီး သူတို့ရဲ့ ပြောက်ကျားတိုက်ပွဲတွေမှာပါဝင်ဆင်နွဲခဲ့တယ်။ ပြောက်ကျားဖြစ်တဲ့အတိုင်း ရင်ဆိုင်တိုက်ပွဲတွေကိုရှောင်ပြီး ခြုံခိုတိုက် ၊ ရသမျှလက်နက် ကောက်သိမ်း ပြီးရင် မြန်မြန်ဆုတ်ပြေးဆိုတဲ့ ပစ်-ပြေးတိုက်ပွဲတွေပါပဲ။ မလေးရှားက တိုက်ပွဲသုံးပွဲမှာကိုယ်ပါခဲ့တယ်။ ပထမဆုံးတိုက်ပွဲမှာ သူတို့ရဲ့တိုက်ပွဲ သဘောကို နားမလည်သေးတော့ စစ်အသုံးဆောင်တွေ ယူလာတာများသွား ပြီး ကိုယ်က ကိုရိုးကားရားနဲ့ဖြစ်နေတာပေါ့လေ။

                တိုက်ပွဲအတွက်အဆင်သင့်လုပ်ကြတဲ့အခါ ကိုယ်ကရှိနေတဲ့ လက်နက်တွေထဲက ကာဘိုင်တစ်လက်ရွေးယူတယ်။ ကာဘိုင်က ကိုယ့် ရဲ့အနှစ်သက်ဆုံးလက်နက်ငယ်။ ခန္ဓာမှာလည်းပစ္စည်းတွေ အပြည့်အစုံ တပ်ဆင်တယ်။ ဟန်းကောချိုင့်တွေ ဘာတွေတောင် ခါးမှာ ချိတ်လိုက်သေး တယ်။ (ကိုယ်တို့ဆီမှာက မတော်ရင် ခရီးရှည်တွေလျှောက်ပတ်ပြီး တိမ်း ရှောင်နေရတာကိုး . . .။) မလေးရှားရဲဘော်တွေက ကိုယ့်ကို နားမလည် နိုင်သလို ကြည့်နေကြတယ်။ ဘာမှတော့မပြော ဘူး။

                အဲသည်တိုက်ပွဲကို ကိုယ်တို့ဘက်က တပ်မှူးစီစဉ်ထားတဲ့ အတိုင်း ဆိုရင် တောင်ချိုင်အလယ်မှာရောက်နေတဲ့ရန်သူကို ဘေးတောင်နံရံနှစ်ဘက် ကဆင်းလာပြီး နေရာယူကာတိုက်မယ်၊ အကုန်လုံးကို အသေချေမှုန်းမယ်၊ ပြီးရင် ပစ်တဲ့အဖွဲ့က ကိုယ့်နေရာကိုယ်ယူပြီး အသင့်စောင့်နေစဉ်မှာ နောက် တစ်ဖွဲ့က ရန်သူ့လက်နက်တွေကို အကုန်အစင် ဆင်းကောက်သိမ်းမယ်။ ပြီးရင် နှစ်ဖွဲ့စလုံးက အတူပြေးကြမှာ။ (ပြေးဟယ် လွှားဟယ်ဆိုရင် ကိုယ် လွယ်ထားတဲ့ ဟန်းကောချိုင့်က ဂလုံးဂလွမ်းနဲ့ အသံပေးပါလေရော။)

                ဖြစ်ချင်တော့ အကြိုကင်းထောက်တဲ့ ရဲဘော်တွေက အနီးအနား တစ်ဘက်တောင်ကြောမှာ သံချပ်ကာယာဉ်တွေချထားတာကို သတိမထား မိခဲ့ဘူး။ တိုက်ပွဲဖြစ်လို့ပစ်သံခတ်သံကြားတယ်ဆိုတာနဲ့ နွားချေးထိုးပိုး အကြီးကြီးတွေလို သံချပ်ကာကားတွေ တကျွီကျွီနဲ့တက်လာပြီး အမြောက်နဲ့ လှမ်းပစ်တော့တာပါပဲ။ အဲသည် အမြောက်ဆံ တွေကြားမှာ ကိုယ်တို့ အသက်ကို ဖက်နဲ့ထုပ်ပြီးပြေးရတော့တာပဲ။ အမြောက်ဆံတည့်တည့် မမှန် ပေမယ့် အမြောက်ဆံကြောင့် ထက်ပိုင်းကျိုးသွားတဲ့ ကညင်သား ကိုင်းမကြီး တစ်ခုက ကျောက်နံရံတစ်ခုကိုသွားရိုက်ရာက ပြန်လွင့်စင်လာပြီး ကိုယ့် ခြေထောက်တစ်ဘက်ကိုထိတယ်။

                ရှေ့ကရောက်နှင့်တဲ့ မလေးရှားရဲဘော်တွေက “ပြေး . . . ပြေး . . . ပြေး . . .” လို့ အော်ပေမယ့် ကိုယ်လိုက်မပြေးနိုင်တော့ဘူး။ လဲနေရာက မထနိုင်ဘူး။ ခြေထောက်တစ်ဘက်ကဘာခံစားမှုမှ မရှိတော့ ဘူး။ ရှေ့ကရဲဘော်တွေက ကိုယ်ဆီကိုပြန်ပြေးလာတယ်။ My leg has become senseless. လို့ကိုယ်ရှင်းပြတယ်။ ဗလကောင်းကောင်း ရဲဘော် နှစ်ယောက်က ကိုယ့်ကိုချိုင်းကနေမပြီး ချီယူပြေးတယ်။ စခန်းကို  ပြန်ရောက် တော့ ကိုယ်ရဲ့အခြေအနေကို သုံးသပ်ပြီး တောဆေးတွေ လိမ်းပေးကြတာ တွေ့တယ်။ ခြေတောက်ကပြန်ပြီးပူနွေးလာပြီး သွေးတွေပြန်လျှောက်တယ်။ နောက်တော့တရုတ်ဆေးတွေ ထိုးပေးတာတွေ့တယ်။ နောက်တော့ ကိုယ် ပုံမှန်အတိုင်း လမ်းလျှောက်လို့ရသွားတယ်။ ဒီဒဏ်ရာဟာ အသက် ငယ်စဉ်မှာပျောက်ကင်းသွားပေမယ့် အခုအသက် ခုနှစ်ဆယ်ကျော်တဲ့အခါ ပြန်ပေါ်လာတယ်။ အခု ဘကြီး လမ်းလျှောက်တိုင်း ခြေတောက် ထော့နဲ့ ထော့နဲ့ ဖြစ်နေတာ ဒဏ်ရာဟောင်းက ပြန်ပေါ်ပြီးနာလို့ပေါ့။

                နောက်ထပ်တိုက်ပွဲနှစ်ပွဲ ကိုယ်နွဲလိုက်ခဲ့သေးတယ်။ သည်း ထိတ်ရင်ဖိုနဲ့ သူ့အသက်ကိုယ့်အသက်လုကြရတဲ့တိုက်ပွဲတွေချည်းပဲပေါ့။

                အဲဒီတိုက်ပွဲတွေနောက်ပိုင်းမှာ ကိုယ်ကသူတို့ကို အကူအညီ တောင်းတယ်။ ကာလီမန်တန်ကွန်မြူနစ်ပါတီကတစ်ဆင့် ဗီယက်နမ်ကို ငါသွားချင်တယ်လို့၊ မင်းတို့ငါ့ကိုဘယ်လောက်အထိ လိုက်ပို့နိုင်မလဲလို့ . . . သူတို့ကိုမေးတယ်။ (စာရေးသူ့မှတ်ချက်။ ။ကာလီမန်တန်ကျွန်းကို မလေးရှားကတစ်စိတ်တစ်ပိုင်း၊ အင်ဒိုနီးရှားက တစ်စိတ်တစ်ပိုင်းစီ ပိုင်ဆိုင် ကြတယ်။ မလေးရှားဆာရာဝက်ပြည်နယ်ဟာ မလေးရှား ကာလီမန်တန် အပိုင်းထဲမှာရှိတယ်။ မလေးရှားဆာရာဝက်ပြည်နယ်အတွက် တိုက်ပွဲဝင် နေတဲ့ ကာလီမန်တန်ကွန်မြူနစ်ပါတီ (The North Kalimantan Communist Party) ကလည်း အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ အပြိုင်တည်ရှိနေခဲ့ တယ်။ ဆူဟာတိုဦးဆောင်တဲ့အင်ဒိုနီရှားစစ်တပ်က ကွန်မြူနစ်တွေကို အပြုတ်ရှင်းတော့ ထွက်ပြေးလာနိုင်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်တွေကို ကာလီ မန်တန် ကွန်မြူနစ်တွေကလက်ခံပြီး ခိုလှုံခွင့်ပေး စောင့်ရှောက် ခဲ့ကြတယ်လို့ အဆိုရှိတယ်။)

                ကိုယ်က ရခိုင်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အနေနဲ့ နိုင်ငံခြား အကူအညီ လာတောင်းတဲ့အခါ ဘာကြောင့် ဗကပနဲ့အတူတူမဟုတ်ပဲ ခွဲခြမ်းခွဲခြမ်းလုပ်နေရသလဲဆိုတဲ့ မေးခွန်းက အမြဲတမ်းပေါ်ပေါက်တယ်။ ဒီတော့ ကာလီမန်တန်တစ်ကျွန်းတည်းပေါ်မှာ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ အပြိုင် ကာလီမန်တန်ကွန်မြူနစ်ပါတီရဲ့ရပ်တည်နိုင်မှုဟာ ဒီမေးခွန်း အတွက် အဖြေတစ်ခုခုများ ပေးနိုင်မလားလို့ကိုယ်တွေးတယ်။ ဒါကြောင့် မို့လို့ ကာလီမန်တန်ကိုသွားပြီးမှ ဗီယက်နမ်ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်ကတွေ့ချင်တာ။

                မလေးရှားကွန်မြူနစ်ရဲဘော်တွေက ကိုယ့်ကို ကွာလာလမ်ပူ လိုက်ပို့တယ်။ ပြီးတော့ ကွာလာလမ်ပူကနေ စင်ကာပူကိုရောက်တယ်။ စင်ကာပူမှာ သူတို့ရဲ့အဆက်အသွယ် ဝိန်ကောင်းလို့အမည်ရတဲ့ စင်ကာပူ ကွန်မြူနစ်တရုတ်နဲ့တွေ့တယ်။ သူကကိုယ့်ကိုကောင်းစွာ ပြုစု ကျွေးမွေး ဧည်ခံထားပါတယ်။ သူကပြောတယ်။ အခု(ဖိလစ်ပိုင် အတိုက်အခံ ခေါင်း ဆောင်) အကွီနိုတစ်ယောက် စင်ကာပူ ရောက်နေတယ်တဲ့။ မင်းတွေ့ချင်ရင် သွားတွေ့ပါလားတဲ့။ ကိုယ်ကတွေ့ချင်တယ်ဆိုတာနဲ့ ဝိန်ကောင်းက အချိန်း အချက်လုပ်ပေးတယ်။ အကွီနို တည်းနေတဲ့ ဟိုတယ်မှာ အကွီနိုကိုရော၊ သူ့မိန်းမ ကိုရာဇန်ကိုပါတွေ့တယ်။ အဓိကကတော့ အကွီနိုနဲ့ပဲ ကိုယ်နဲ့ စကားပြောကြတာပါ။ သူ့မိန်းမကတော့ ဘာမှဝင်မပါ၊ ဝင်မပြောပါဘူး။ ကိုယ်တို့နှစ်ယောက်အနားမှာ စာအုပ်တစ်အုပ်ဖတ်ပြီးထိုင်နေတာပါပဲ။ သူတို့ ကလေးတွေတော့ စင်ကာပူကို မပါမလာဘူး။ အခြားတစ်နိုင်နိုင်ငံကို ရောက် နေပုံရတယ်။

                ကိုယ်တို့နှစ်ယောက်ရဲ့စကားဝိုင်းက နိုင်ငံရေး ရည်ရွယ်ချက် တစ်ခုခုအတွက် ဆွေးနွေးကြတာမဟုတ်ပဲ တော်လှန်ရေးသမား အချင်း ချင်း မိတ်ဖြစ်ဆွေဖြစ်စကားဝိုင်းဖွဲ့ကြတဲ့သဘောပါပဲ။ ဒီတော့ ပြောကြတဲ့ အကြောင်းအရာတွေလည်း ယေဘုယျခေါင်းစဉ်တွေလောက်ပဲ ဟိုပြော သည်ပြော အကြမ်းဖျင်းဆွေးနွေးကြတာလောက်ပါပဲ။ ကိုယ့်အမြင် သူ့အမြင် မတူတာတော့ရှိတာပေါ့လေ။

                ဥပမာအားဖြင့် လက်ဝဲအမြင်ရှိတဲ့ ကိုယ်ကပြောတယ်။ “အမှန် တရားဆိုတာ ပြည်သူအထဲမှာပဲရှိတယ်” လို့ . . . ။ “မင်းတို့ ကွန်မြူနစ် တွေကတော့ အမှန်တရားဆိုတာ ပြည်သူတွေထဲမှာရှိတယ် လို့ပြောမှာပေါ့။ ငါ့အမြင်အရ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမယ်ဆိုရင် ဘက်နှစ်ဘက်စလုံးမှာ အမှန်တရားရှိတယ်လို့ပြောရမှာပဲ” လို့ သူက တုန့်ပြန်ပြောတယ်။

                ဖိလစ်ပိုင်ကိုမပြန်ဖို့ ကိုယ်သူ့ကိုတားခဲ့သေးတယ်။ လူထုကို ခေါင်းဆောင်ရမယ့် ပြည်သူ့ခေါင်းဆောင်တစ်ယောက်အဖို့ ပြည်သူ တွေကြားမှာ ရှိနေဖို့လိုတယ်။ ငါ့အနေနဲ့ ပြန်မှဖြစ်မယ်လို့ သူကဆို တယ်။

                မကြာခင်နောက်ပိုင်းမှာ အကွီနို ဖိလစ်ပိုင်ကိုပြန်သွားတယ်။ သူ ရှာဖွေတည်ဆောက်ချင်တဲ့အမှန်တရားကိုမတွေ့ခင်မှာ လေဆိပ်က သေနတ်ကျည်ဆံတွေနဲ့ပဲတွေ့သွားရရှာတယ်။ သူဆုံးသွားတာကို ကြား ရစဉ်မှာ ကိုယ်လည်း တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။

                Sea Dragon (ပင်လယ်နဂါး)လို့အမည်ပေးထားတဲ့ ငါးဖမ်း သင်္ဘောကလေးတစ်စီးနဲ့ တစ်ခုသောမနက်စောစော လေးနာရီခွဲ လောက်မှာ ဘော်နီယိုကျွန်းကို ဦးတည်ပြီးသကာလ စင်ကာပူက ကိုယ် ထွက်ခွာလာခဲ့တယ်။ ကိုယ့်ကိုလိုက်ပို့မယ့် ကွန်မြူနစ်ရဲဘော် တစ်ယောက် ပါတယ်။ ပြီးတော့ မာလိန်မှူးရယ်၊ စက်ဆရာရယ်နဲ့ စုစုပေါင်း လေး ယောက်ပဲ ပါတယ်။

                မှောင်စပျိုးတဲ့အချိန်မှာ အင်ဒိုနီးရှား ဘော်နီယိုကမ်းခြေက ကာလီတန်ဆိုတဲ့ တံငါရွာကလေးနားကိုကပ်မိတယ်။ ကမ်းခြေက ကျောက် ဆောင်တွေပေါတာမို့လို့ ရောက်ရောက်ချင်း ညဦးညမိုက်အချိန်မှာ ကမ်း မကပ်သေးပဲစောင့်နေကြတယ်။ မနက်လင်းလင်းချင်းချင်းမှာ ကမ်းကပ် တာမျိုးလည်း လူမြင်သူမြင်မလုပ်ချင်တော့ ညကြီးပိုင်း လထွက်တော့မှ ကမ်းကပ်မယ်ဆိုပြီး စောင့်နေကြတာ။ ကျောက်ဆူးချပြီး ရပ်နေတယ်။

                ကံဆိုးချင်တော့ လလည်းထွက်လာရော၊ လေကထပါလေရော . . . ။ လှိုင်းလေထဲမှာကျောက်ချထားခဲ့တဲ့ ကိုယ်တို့သင်္ဘောကလေး လူးနေတာ ဘာနဲ့တူသလဲဆိုရင် ကျွဲရိုင်းတစ်ကောင်ကို ဖမ်းပြီး ချည် ထားတဲ့အခါ မရမကရုန်းကန်တိုက်ခိုက်နေတဲ့ပုံစံမျိုး . . .၊ တဝုန်းဝုန်း အသံတွေကြားမှာ မြောက်ချီ နိမ့်ချီ လိမ့်ချီနဲ့ လူးနေပါလေရော။

                မာလိန်မှူးက ကျောက်ဆူးကိုတင်ပြီး ကမ်းကပ်ဖို့ကြိုးစား တယ်။ ကျောက်ဆူးတင်တာတောင်မှ မာလိန်မှူးကျွမ်းကျင်လို့သာပဲ။ မတော်ရင် အဲဒီအချိန်ကတည်းက သင်္ဘောမှောက်သွားနိုင်တယ်။ နောက်လှိုင်းတစ်လုံး အလာမှာ သင်္ဘောကနည်းနည်းလေးစောင်းသွားတာနဲ့ ကျောက်ဆူးကို ကွက်တိ တင်လိုက်တာ။ ဝှီးကနဲ . . . တစ်ခါတည်း ကျောက်ဆူးအတင်မှာ သင်္ဘောဟာ လှိုင်းနဲ့အတူ မြောက်ပါသွားတာပါပဲ။

                ဒီလိုနဲ့ သင်္ဘောကိုကမ်းနားမောင်းသွားပြီး ကမ်းကပ်ဖို့ ကြိုး စားတယ်။ ကမ်းနားမှာကျောက်ပေါတဲ့အလျောက် လှိုင်းလုံးတွေက ကြီး တယ်။ ကျောက်ဆောင်တွေကို လှိုင်းပုတ်သံ တဝုန်းဝုန်းဆူညံနေတယ်။ အဲသလိုမောင်းနေတဲ့အချိန်မှာ ကိုယ်ရယ်၊ ကိုယ့်အတွက်  အဖော်ထည့် ပေးလိုက်တဲ့ရဲဘော်ရယ် နှစ်ယောက်က သင်္ဘောဦးပိုင်းကို သွားပြီး ကမ်းကိုလှမ်းမျှော်ကြည့်ကြတယ်။ ကိုယ်နဲ့သူနဲ့သိပ်မကွာဘူး။ ရပ်နေ ကြတာ။ အဲဒီအချိန် ကိုယ်ဘာမှန်းမသိလိုက်ခင်မှာ ဝုန်းကနဲ ဒုန်းကနဲ အသံကြားလိုက်ရပြီး သတိမေ့သွားတော့တာပဲ။ သတိရလာတော့ ကိုယ် ရေထဲရောက်နေပြီ။

                ဘာဖြစ်သွားမှန်း ကိုယ်လည်း မသိလိုက်ဘူး။အမြောက်နဲ့ပဲ ပစ်သလား၊ ဘာလား ထင်မိတယ်။(တကယ်တော့ ကျောက်ဆောင်နဲ့ တိုက် မိတာလို့ နောက်မှသိရတယ်။) လှိုင်းထဲလေထဲမှာ ရေမနစ်အောင် ကြိုးစား ရင်း ကိုယ်လည်း ဝူးဝူးဝါးဝါးဖြစ်နေတာပေါ့။ မှောင်မှောင်မည်းမည်းထဲမှာ ရေကူးဖို့ ကြိုးစားနေတုန်း မျက်နှာပြင် ချောချောမွတ်မွတ်တစ်ခုနဲ့ ကိုယ့်လက်နဲ့ ထိမိတယ်။ ချောကနဲပဲ။ ဒါ ငါးမန်းပဲ ဖြစ်ရမယ်ဆိုပြီး ကိုယ်လည်း ကြောက် လန့်တကြားနဲ့ ကယ်ပါယူပါ အသည်းအသန် အော်ဟစ်တော့တာပဲ။ (ကိုယ့် စိတ်ထင် ရခိုင်စကားနဲ့ အော်နေတာပဲ ဖြစ်ပါလိမ့်မယ်။ ဗမာလိုအော်ဖို့ အင်္ဂလိပ်လိုအော်ဖို့ ဘယ်ကလာ သတိရနေနိုင်မှာတုန်း။) ကျောက်ဆောင် တွေကပေါတော့ လှိုင်းသံတွေကလည်း တဝုန်းဝုန်းနဲ့ရှိနေတယ်။

                ကံကောင်းချင်တော့ အဲသည် ချောကနဲချောကနဲအရာက ဆီပုံး အလွတ်ဖြစ်နေတယ်။ တစ်ခေါက်လှိုင်းအပုတ်မှာ ဆီပုံးရဲ့လက်ကိုင်ထဲကို ကိုယ့်လက်ရောက်သွားတော့မှ ဆီပုံးမှန်းသိတာ။ ဒါနဲ့ ဆီပုံးကိုဖက်ထားပြီး တစ်ညလုံး လှိုင်းလူးရာ မျောပါနေတော့တာပဲ။

                ဒီလိုနဲ့ တဖြည်းဖြည်းမိုးလင်းဘက်ကိုရောက်လာတယ်။ နေလုံး ကထွက်လာတယ်။ လေတိုက်တာကတော့ ရပ်သွားတယ်။ ကိုယ်ကတော့ ပင်လယ်ဆားငံရေထဲမှာ ပေါလောမျောနေတုန်းပဲ။ ခပ်ဝေးဝေးက သင်္ဘော တွေဖြတ်မောင်းသွားတာကို ကိုယ်လှမ်းမြင်ရတယ်။ ကိုယ် လှမ်းခေါ်တယ်။ လက်ပြတယ်။ သင်္ဘောတွေက ကိုယ့်ကိုသတိမထားမိပဲ ဆက်မောင်း သွားကြတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ  ကိုယ်ရေငတ်လာ တယ်။ အာခြောက်လာတယ်။ အိပ်ချင်လာတယ်။ နောက်ဆုံးမှာ စက်လှေသံ လိုလို အင်ဂျင်သံလိုလို ကိုယ့်နားထဲမှာ ကြားရတယ်။ ပြီးတော့ ကိုယ် ကယောင်ကတမ်းလိုလို ဘာလိုလို ဖြစ်လာတယ်ထင်တာပဲ။ ကိုယ် နောက် ဆုံး သိလိုက်တာက ကိုယ်စီးခဲ့တဲ့ Sea Dragon သင်္ဘောကလေးဟာ Phantom ship တစ္ဆေသင်္ဘောပုံစံမျိုးနဲ့ ရေအောက်ကနေ ဘွားကနဲ ကိုယ့် ဘေးက ထိုးထွက်လာတာကို မြင်ရတာပဲ။ ပြီးတော့ သင်္ဘောပေါ်မှာ ရှိနေတဲ့ အဝတ်ဖြူတွေဝတ်ထားတဲ့လူတွေက ကိုယ့်ကိုဝိုင်းငုံ့ကြည့်ပြီး တဟားဟားနဲ့ ရယ်နေကြတယ်။ ပြီးတော့ ကိုယ်အိပ်ပျော် မေ့မျော့သွား ပြန်တယ်။

                ကိုယ့်ကို (ဒါမှမဟုတ်၊ ကိုယ့်အလောင်းကို) တစ်မနက်လုံး အမြန် မော်တော် (speed boat) နဲ့ လိုက်ရှာကြတယ်လို့ဆိုတယ်။  မွန်းတည့် ခါနီး ဆယ့်တစ်နာရီ ဆယ့်နှစ်ရီလောက်မှာ ကိုယ့်ကိုတွေ့တယ်။ ကိုယ့်ကို အဝတ်အစားတွေဘာတွေချွတ်၊ ရေချိုနဲ့ရေချိုးပေးပြီး သိပ်ထားလိုက်တာ ညနေငါးနာရီလောက်မှ ကိုယ်နိုးလာတယ်။

                ကိုယနိုးလာတော့ ကိုယ့်တို့သင်္ဘောရဲ့ မာလိန်မှူးအိုကြီးက ကိုယ့် ကို ဝမ်းသာအားရဖက်ရမ်းပြီး Oh my sonny! Oh my sonny! ရယ်လို့ မြည်တမ်းကာမျက်ရည်ဝိုင်းနေလေတော့တယ်။ ကိုယ့်ကို ဒီလို ချစ်ခင်တဲ့သူတွေနဲ့ဆုံဆည်းရလို့ ကိုယ်လည်း တော်တော့် ကို ဝမ်းသာပီတိ ဖြစ်ရတယ်။

                ဒါပေမဲ့ မာလိန်မှူးက ကိုယ့်ကို မတွေ့တွေ့အောင်လိုက်ရှာတာ၊ အသက်ရှင်လျက်တွေ့လို့ ဝမ်းပမ်းတသာဖြစ်ရတာ နောက်အကြောင်း အချက် တစ်ခုရှိသေးတယ်။ ကိုယ့်အလောင်းကိုသာ သူတို့ရှာမတွေ့ဘူး ဆိုရင် ဝိန်ကောင်းက မာလိန်မှူးကိုသတ်မှာ။ အသေသတ်မှာ။ ကိုယ့် အလောင်းကိုသာယူပြီးမပြနိုင်ဘူး၊ ပြီးတော့အကြောင်းစုံကို လိပ်ပတ်လည် အောင်ရှင်းမပြနိုင်ဘူးဆိုရင် . . . မာလိန်မှူးဟာ ကိုယ့်ကို လုပ်ကြံသတ်ပစ် လိုက်တာပဲ ဖြစ်ရမယ်လို့ ဝိန်ကောင်းကယူဆမှာ အမှန်ပဲ။ ဒီတော့ ကိုယ့်ကို ကျန်းကျန်းမာမာနဲ့ကယ်ဆယနိုင်ခဲ့တာဟာ မာလိန်မှူး အဖို့ သူ့အသက်ကို သူ ပြန်ကယ်နိုင်တာနဲ့အတူတူပဲ။ ကိုယ်က ဝိန်ကောင်းတို့ရဲ့ အရှေ့တောင် အာရှ ကွန်မြူနစ်အစုမှာ အဖွဲ့ဝင်အမှတ် ၁၃၆။ ကိုယ်ဟာ မလေးရှားက သူ့ရဲ့ဘော်တွေနဲ့ သေတူရှင်ဘက် တိုက်လာခဲ့တဲ့ ရဲဘော်ရဲဘက် အရင်းအချာ ဖြစ်တယ်။

                ကိုယ့်ကို လိုက်ပို့မယ့် စင်ကာပူ ကွန်မြူနစ်ရဲဘော်ရဲ့ အလောင်းကို မနက်လင်းလင်းချင်းပဲ ကျောက်ဆောင်တွေအကြားမှာ တွေ့တယ်လို့ဆို တယ်။ ခေါင်းမှာဟက်တက်ကွဲဒဏ်ရာကြီးနဲ့ . . . ။ ကျောက်ဆောင်နဲ့ တိုက်မိမိချင်း ဒဏ်ရာရပြီး တစ်ခါတည်းဆုံးပါးသွားတာ လို့ယူဆရတယ်။ စက်ဆရာရဲ့အလောင်းကိုတော့ ဆယ်လို့ မရဘူး။ မဆယ်ခဲ့တော့ဘူး။ သူကသင်္ဘောဝမ်းခေါင်းထဲက စက်ခန်းထဲမှာ ပါသွားတယ်။ မာလိန်မှူးကို တော့ သင်္ဘောမြုပ်မြုပ်ချင်းပဲ ငါးဖမ်းစက်လှေတစ်စီးက ကယ်လိုက်တာ။

                ကိုယ့်ရဲ့ ပတ်စ်ပို့နဲ့ စာရွက်စာတမ်းတွေကိုလည်း ပလက်စတစ်နဲ့ လုံလုံခြုံခြုံထုပ်ထားတာဆိုတော့ ကိုယ့်ခန္ခာပေါ်ကပဲ မပျက်မစီး ပြန်ရတယ်။ တကယ်တော့ ဒီပတ်စ်ပို့တွေက ဝိန်ကောင်းရဲ့အစီအစဉ်နဲ့ အင်ဒိုနီးရှားကို အဝင်ပြပြီးသား တုံးထုပြီးသားလုပ်ပြီး ကိုယ့်ကို ပေးလိုက်တာ။ လူကိုယ်တိုင် ဂျကာတာမြို့ကနေဝင်ပြီး ကုန်းလမ်းအတိုင်း အရှည်ကြီးဖြတ်သွားရင် မတော် တဆ တစ်ခုခုဖြစ်မှာစိုးလို့ . . . .တုံးထုပြီးသား ပတ်စ်ပို့နဲ့ ဘော်နီယိုကျွန်း ပေါ်ကို ရေလမ်းကနေတက်ခိုင်းတာ။

                ဘော်နီယိုကမ်းကိုတော့တက်နိုင်ပါရဲ့ . . . ။ ကိုယ်ရဲ့လမ်းပြ မိတ်ဆက်ရဲဘော် Guide ကသေပြီ။ ကာလီမန်တန်ဘက်ကို ကူးဖို့ လုပ်သာလုပ်ရတာ ဘာမှဝီထိမပေါက်ဘူး။ ဘာအဆက်အသွယ်မှ မရ ဘူး။ ဆာရာဝပ်ကိုရောက်ပေမယ့် အဲသည်မှာ စီအိုင်အေနဲ့ အစိုးရသူလျှို တွေ ခြေချင်းလိမ်နေတာတွေ့ရတယ်။ စိတ်ချရတဲ့ ကြားခံလူမရှိပဲ ဘယ်သူ့ကို ဆက်သွယ်လို့ မရနိုင်ဘူး။ ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေ ရတုန်း . . . ဘရူနိုင်းဘက်ကို ကူးသွားပြီး အလည်အပတ်သဘော လျှောက်ကြည့် တယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ကြည့် (playing tourist) တာပေါ့။ ရက်ချင်းပြန် ခရီးပါပဲ။

                စင်ကာပူကိုပြန်တယ်။ စင်ကာပူက ဝိန်ကောင်းတို့ အုပ်စုကို နောက်ထပ်အပူမကပ်ချင်တော့ဘူး။ သူတို့ဘက်က တာဝန်ကျေပါတယ်။ စင်ကာပူကနေ ထိုင်းနိုင်ငံထဲကိုရောက်အောင်သွားတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကနေ လေယာဉ်ခရီးနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို သွားတယ်။ ပြီးတော့ ရခိုင်နယ်စပ်ကိုသွားတယ်။ ကိုယ့်နယ်မြေထဲကို ဝင်တယ်။ ပါတီနဲ့ ပေါင်းမိတယ်။

                ထိုင်းနယ်စပ်မှာ ကိုယ်စုထားခဲ့ပြီး ကိုခိုင်စိုးကတစ်ဆင့် ပို့ပေးခဲ့တဲ့ ဒုတိယအသုတ်လက်နက်တွေ ပါတီကိုရောက်နေပြီ။

ကျော်ဇောဦး ရေးသားသည်။

(ရဲနီစံရွှေမောင် အပိုင်း-ရှစ် အား ဆက်လက်ဖတ်ရှုပါရန်)

==========

(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s