
[ Zawgyi font first / Unicode below ]
ရကပလက္ေဟာင္း ရဲနီစံေရႊေမာင္ အပုိင္း (၈)
ရခိုင္ထဲမွာ ကိုယ္တို႔လႈပ္ရွားခဲ့တဲ့ ကာလေတြအတြင္း အား အေကာင္းဆုံးအခ်ိန္မွာ လူအင္အား(၁၆၀)ခန႔္အထိရွိခဲ့တယ္။
သူပုန္ေပမယ့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းေတြကိုလည္း ကိုယ္တို႔ လုပ္ခဲ့တယ္ဆိုတာ ျငင္းလို႔မရနိုင္ဘူး။ ဥပမာအားျဖင့္ နယ္ေျမအတြင္းက လယ္သမားေတြအတြက္ဆည္တာတမံေတြ ကိုယ္တို႔ပါတီက တည္ေဆာက္ ေပးတယ္။ ေခ်ာင္းေတြကို ဆည္ၿပီး တမံတုတ္ေပးတယ္။ ေခ်ာင္းေတြကို ဆည္လိုက္ျခင္းအားျဖင့္ စိုက္ခင္းေတြအတြက္ ေရခ်ိဳေပါလၽွံစြာ ရရွိတယ္။ေရငံေတြျပန္မဝင္ေတာ့ဘူး။ ေရခ်ိဳငါးပုဇြန္ေတြကို ဖမ္းလို႔ရတာလည္း အလၽွံ ပယ္ပဲ။
ေခ်ာင္းတစ္ေခ်ာင္းကို ဆည္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္ ေခ်ာင္းထဲက ငါးေတြကိုဖမ္းဆီးေရာင္းခ်ခြင့္ ေလလံပစ္တယ္။ ဒါေတြအားလုံးကို ပါတီက စီစဥ္ေပးတာမွန္ေပမယ့္ ပါတီရံပုံေငြအတြက္ မဟုတ္ဘူး။ သက္ဆိုင္ရာ ေက်းရြာကပဲ ေလလံေရာင္းခ်ေငြကိုရရွိတယ္။
ေခတ္မီ စက္ပစၥည္းကိရိယာေတြ မရွိေပမယ့္ လက္ေတြ႕အျဖစ္ နိုင္ဆုံးနဲ႔ အေကာင္းဆုံးနည္းလမ္းေတြကို ရွာေဖြၿပီး ကိုယ္တို႔ တမံဆည္ခဲ့ တယ္။ ေရစီးသန္တဲ့ ေခ်ာင္းေတြကို ေျမဖို႔မပိတ္ခင္မွာ ဝါးမ်က္ကြင္း (တစ္ ေခ်ာင္းယက္ ေလးေထာင့္ကြက္ဝါးထရံအက်ဲ)ေတြကို ေခ်ာင္းကန႔္လန႔္ျဖတ္ ေတာက္ေလၽွာက္ခ်တယ္။ အဲသည္ဝါးမ်က္ကြင္းေတြရဲ့ ေရညာဘက္ကကပ္ ၿပီးေတာ့ ေျမစာေတြသြန္ထည့္တယ္။ ေျမစာအလႊာေတြၾကားထဲမွာ သစ္ပင္ အကိုင္းအရြက္ေတြကို သြန္ထည့္ေပးတယ္။ သည္နည္းအားျဖင့္ ေျမစာေတြ ေမ်ာပါမသြားေတာ့ပဲ ေျမသားနံရံေတြျမင့္လာေအာင္ ဖို႔သြားတယ္။ (ဒီဆည္တမံေတြကို ဘယ္သူဆည္တာလဲလို႔ အစိုးရတပ္ေတြေရာက္ခိုက္မွာ ေမးၾကရင္ ရကပပါတီက ဆည္ေပးတာပါလို႔ ရြာသားေတြက ေျဖၾကသတဲ့။ သူတို႔မွာ အင္ဂ်င္နီယာပါသလားလို႔ေမးရင္ ကၽြန္ေတာ္တို႔ေတာ့ အေသအခ်ာ မသိပါ။ ဒါေပမဲ့ မ်က္မွန္တပ္ထားတဲ့ လူတစ္ေယာက္က ဦးေဆာင္ညႊန္ၾကား ၿပီး လုပ္ၾကတာေတာ့ေတြ႕ပါတယ္လို႔ ေျဖၾကသတဲ့။ ကိုယ့္ကို ရည္ညႊန္းၿပီး ေျပာၾကတာေပါ့။)
ငပလီမွာက်င္းပတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အစီအစဥ္ အရ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းနဲ႔ေဆြးေႏြးဖို႔ အလံနီပါတီရဲ့ကိုယ္စား သခင္းစိုး လာသလို ရကပရဲ့ကိုယ္စား ရဲနီေက်ာ္ဇံရႊီလာတယ္။ ကိုယ္တို႔ ရကပ ဟာ အလံနီပါတီကေန ခြဲထြက္သြားတဲ့ပါတီျဖစ္ၿပီး သခင္စိုးနဲ႔ရဲနီေက်ာ္ဇံရႊီတို႔ဟာ ဆရာေဟာင္း တပည့္ေဟာင္းေတြျဖစ္ၾကတယ္။
သူတို႔ႏွစ္ေယာက္ဟာ အစိုးရအဖြဲ႕ကိုယ္စားလွယ္ေတြနဲ႔ သီးျခားစီ ေဆြးေႏြးခဲ့ၾကတယ္။ ကိုယ္တို႔ရဲ့ ရဲနီေက်ာ္ဇံရႊီကေတာ့ “ရခိုင္ျပည္သူ႔ သမၼတနိုင္ငံ ထူေထာင္ေရး” ကိုေတာင္းဆိုတယ္။ အဲသည္ သမၼတနိုင္ငံဟာ ျပည္ေထာင္စုျမန္မာနိုင္ငံရဲ့ အဖြဲ႕ဝင္ျဖစ္ရမယ္ေပါ့။
အစိုးရနဲ႔ေဆြးေႏြးၾကတာေတြအျပင္ သခင္စိုးနဲ႔ရဲနီေက်ာ္ဇံရႊီတို႔ဟာ သူတို႔ႏွစ္ေယာက္တည္း သီးျခားေဆြးေႏြးပြဲလုပ္ခဲ့ၾကတယ္။ အဲသည္ ေဆြးေႏြးပြဲမွာ ရဲနီေက်ာ္ဇံရႊီဘက္က မွတ္တမ္းတင္သူအျဖစ္ တက္ေရာက္ ခဲ့တာကေတာ့ ကိုယ္တို႔ရဲ့ ရဲေဘာ္စံလွိုင္ပဲျဖစ္တယ္။
ငပလီေဆြးေႏြးပြဲက ျပန္လာေတာ့ ကိုစံလွိုင္ဟာ ကိုယ္တို႔ဆီကို ကေသာကေမ်ာနဲ႔လာေျပာတယ္။ “ငါ့လူတို႔ . . . သြားၿပီ။ ကုန္ၿပီဗ်။ ကိုယ္တို႔အဘိုးႀကီးနဲ႔ေတာ့ မျဖစ္ေခ်ေတာ့ဘူး” တဲ့။
ဘာျဖစ္လို႔လဲလို႔ ဝိုင္းေမးၾကေတာ့ “သခင္စိုးနဲ႔ ရဲနီေက်ာ္ဇံရႊီတို႔ ေဆြးေႏြးၾကေတာ့ ကိုယ္တို႔ ဦးေက်ာ္ဇံရႊီက ဘာကတိေပးခဲ့သလဲ သိလား။ကိုယ္တို႔ပါတီကို အလံနီပါတီနဲ႔ အျမန္ဆုံးျပန္လည္ေပါင္းစည္းနိုင္ဖို႔ ႀကိဳးစားပါ့မယ္ . . . ဆိုပဲဗ်။ က်ဳပ္တို႔ေတာ့ ဒီလူႀကီးနဲ႔ ဆက္ၿပီးလက္တြဲဖို႔ မလြယ္ဘူးဗ်။”
ျဖစ္ရတာက . . . လူငယ္ေတြက သီးျခားရပ္တည္ခ်င္တယ္။ ဒါေပမဲ့ ရဲနီေက်ာ္ဇံရႊီက သူ႔ရဲ့ငယ္ဆရာသခင္စိုးရဲ့ဩဇာကို မပယ္ရွားနိုင္ ဘူး။ မပယ္ရွားရဲဘူး ျဖစ္ေနတာ။
“ဆရာႀကီး ခင္ဗ်၊ ဒီကေလးေတြကငယ္ေသးေတာ့ အရမ္း တက္ႂကြၿပီး အဆင္အျခင္နည္းေသးတဲ့အရြယ္မို႔လို႔ လုပ္ခ်င္ရာလုပ္ မိၾကတာပါ။ ႏွစ္ပါတီျပန္ေပါင္းနိုင္ေအာင္ႀကိဳးစားပါ့မယ္” လို႔ေျပာခဲ့ တယ္ဆိုပဲ။ အဲသည္မွာတင္ ရဲနီေက်ာ္ဇံရႊီနဲ႔ ကိုယ္တို႔လူငယ္အုပ္အစု ကြဲၾကျပဲၾကဖို႔ စၿပီးအက္ေၾကာင္းထင္လာေတာ့တာပါပဲ။
သခင္စိုးက ကြန္ျမဴနစ္ဝါဒကိုထုံးလိုေခ် ေရလိုေႏွာက္ထား တဲ့သူ။ လိုရင္လိုသလို မလိုရင္မလိုသလို ကြန္ျမဴနစ္အေတြးအေခၚ ေတြကိုပဲ ေဆးစက္က်ရာအ႐ုပ္ထင္ေအာင္ေျပာနိုင္တဲ့သူ၊ ေျပာတတ္တဲ့ သူ၊ ရဲနီေက်ာ္ဇံရႊီက သခင္စိုးေျပာသမၽွကိုနားေထာင္ၿပီး ဓါတ္က်တတ္ တဲ့သူ။
တစ္ခါကလည္း ၾကည့္ . . . ။
သခင္စိုးက “အမ်ိဳးသမီးလြတ္ေျမာက္ေရး” ဆိုတဲ့ အေၾကာင္း အရာကိုဘမ္းျပၿပီး စာတမ္းတစ္ေစာင္ေရးတယ္။ လင္ရွိမယားနဲ႔ မယား ရွိလင္ အျပန္အလွန္ခ်စ္ေရးဆိုနိုင္တယ္လို႔ သခင္စိုးက အဲဒီ စာတမ္းမွာ ေရးထားတယ္။ တကယ္ေတာ့ သခင္စိုးက ရဲနီေက်ာ္ဝင္းရဲ့ ဇနီးကို မ်က္စိက်ေနေလေတာ့ ဒီယုံျမင္လို႔သည္ခ်ဳံကိုထြင္တဲ့အေနနဲ႔ အဲသည္ စာတမ္းကိုေရးတာ။ အဲသည္စာတမ္းကို ရဲနီေက်ာ္ဇံရႊီက ယူလာ ၿပီး ပါတီမွာလာျပတယ္။ ဒီေတာ့ကိုယ္ကေမးတယ္။ “ဥကၠဌ၊ ဒီအယူဝါဒ ေတြကို ပါတီထဲမွာ က်င့္သုံးဖို႔ေျပာခ်င္တာလား” လို႔ေမးေတာ့ “မဟုတ္ပါဘူး။ မင္းတို႔ေလ့လာနိုင္ဖို႔အတြက္ ငါယူလာတာပါကြာ” လို႔ ေလၽွာခ်သြားတယ္။ ဒါေတာင္မွ ကိုထြန္းေအာင္စိန္ဆိုတဲ့လူက ဘာေျပာသလဲဆိုေတာ့ “ခ်ီးမွာပဲ … ဒီလိုသာဆိုရင္ ငါတို႔ေတာ့ ခါးမွာ ဓားအျမဲထိုးထားၿပီးသြားေနရမွာေပါ့”
ဘာေၾကာင့္လဲလို႔ေမးေတာ့ “ဟ… အဲသလိုမ်ိဳးသာဆိုရင္ ငါတို႔ ရဲ့မိန္းမေတြကို လိုက္ၿပီး ရည္စားစကားေျပာေနၾကတဲ့လူေတြကို ရွင္းဖို႔ ဓားေဆာင္ထားမွျဖစ္မွာေပါ့” တဲ့။ စသည္ျဖင့္ စသည္ျဖင့္ ကိုယ္တို႔က ဝိုင္းေဆြးေႏြးၾကေတာ့ ဘာမွမဟုတ္ပါဘူးကြာ၊ ငါကျပ႐ုံပဲ ယူလာတာပါ ဆိုၿပီး ရဲနီေက်ာ္ဇံရႊီက စကားေလၽွာခ်သြားတယ္။
အရွင္းလင္းဆုံးနဲ႔ ဒဲ့ဒိုးအက်ဆုံးေျပာျပရမယ္ဆိုရင္ ပညာေရး အေျခခံအားနည္းတဲ့ ရဲနီေက်ာ္ဇံရႊီဟာ အလံနီသခင္စိုးရဲ့ သေဘာ တရားေရးရာ လက္ေဝခံျဖစ္တယ္ လို႔ေျပာရမွာပဲ။ သခင္စိုးေျပာတိုင္း ေယာင္တတ္တယ္လို႔ေျပာရမွာပဲ။
ေနာက္ၿပီးေျပာလိုက္ဦးမယ္။ သမိုင္းမွာ ရွက္ဖို႔ေကာင္းတဲ့ ဥစၥာ တစ္ခုကို ေျပာလိုက္ဦးမယ္။ ကိုယ္တို႔ ရခိုင္ျပည္ ကြန္ျမဴနစ္ပါတီမွာ မူ ဆိုလို႔ ဘာမူမွမရွိခဲ့ဘူး။ ဘာပန္းတိုင္မွမရွိခဲ့ဘူး။ ဒီစကားဟာ မွန္ေသာ စကားျဖစ္တယ္။
ဦးဇယႏၲေဗာဓိ (ရပကေခါင္းေဆာင္ေဟာင္း၊ စာေရးဆရာ ပန္းေအာင္) ေျပာတဲ့စကားအတိုင္းေျပာရမယ္ဆိုရင္ ၁၉၆၇ခု ငါတို႔ ရဲနီ ေက်ာ္ဇံရႊီနဲ႔ စကြဲတဲ့အခ်ိန္မွက်မွ အမ်ိဳးသားေရးဝါဒကို ေကာင္းမြန္ ရွင္းလင္း ျပတ္သားစြာခ်မွတ္လုပ္ေဆာင္နိုင္ခဲ့တာျဖစ္တယ္ဆိုတာ အမွန္ပဲ။
ရဲနီေက်ာ္ဇံရႊီနဲ႔ကိုယ္တို႔အုပ္စု ကြဲၾကျပဲၾကေတာ့ ကိုယ္တို႔ဘက္ မွာ ေသနတ္(၁၁)လက္ပဲပါလာခဲ့တယ္။ ဒီေတာ့ ဖဒူကၽြန္းမွာေရာက္ေန တဲ့ လက္နက္ေတြကို ကိုယ္တို႔က အကုန္သိမ္းလိုက္တယ္။ ဒီေတာ့ ရဲနီေက်ာ္ဇံရႊီက လုထုစည္းေဝးပြဲတစ္ခုၿခိမ့္ၿခိမ့္သဲက်င္းပၿပီးေတာ့ ကိုယ္ တို႔ဆီက လက္နက္ေတြကို ျပန္ေတာင္းတယ္။ ကိုယ္တို႔ကို ရႈတ္ခ်တယ္။ ဒီေတာ့ ကိုယ္တို႔လည္း ေခ်ာင္ပိတ္ခံရၿပီး၊ ဖဒူကၽြန္းကသိမ္းလာတဲ့ လက္နက္ ေတြကို အကုန္ျပန္ေပးလိုက္ရတယ္။ ဒါနဲ႔ နဂိုအတိုင္း လက္နက္(၁၁)လက္ နဲ႔ပဲ ျပန္စရတာေပါ့။
ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္တို႔လည္းအားမက်မခံ ဒီလိုေၾကျငာ တယ္။ က်ဴးဘားေတာ္လွန္ေရးဟာလည္း လက္နက္(၁၁)လက္တည္းနဲ႔ စခဲ့တာပဲ။ အခု ငါတို႔လည္းလက္နက္(၁၁)လက္နဲ႔စတယ္။ ငါတို႔ရဲ့ ေတာ္လွန္ေရး လည္း ပဲ က်ဴးဘားေတာ္လွန္ေရးလို ေအာင္ျမင္ရမွာပဲ . . . လို႔။
အဲသလို လက္နက္အခက္အခဲေတြေၾကာင့္ လက္နက္ရွာေဖြ ေရး ခရီးစဥ္ေတြကို အေခါက္ေခါက္အခါခါ ကိုယ္သြားခဲ့ရတာပဲ။
ျပည္တြင္းမွာေတာ့ ကိုယ္တို႔ဟာ မ်ားေသာအားျဖင့္ ေက်ာက္ ေတာ္၊ ေျမပုံ၊ မင္းျပားနယ္ေတြမွာလႈပ္ရွားခဲ့တယ္။ ေတာ္ေတာ္ အေသ အေၾကတိုက္ရတဲ့ တိုက္ပြဲမ်ိဳးက ႏွစ္ပြဲေလာက္ပဲ ျပည္တြင္းမွာ ၾကဳံဖူး တယ္လို႔ဆိုရမယ္ ထင္ပါတယ္။ တစ္ပြဲကေတာ့ ျပည္သူ႔စစ္ေတြနဲ႔ တိုက္ ရတာ။ ျပည္သူ႔စစ္ေတြ ေတာ္ေတာ္မ်ားမ်ားက်ဆုံးကုန္တယ္။ ေနာက္ တစ္ပြဲကေတာ့ လယ္ထြန္စက္စခန္းတစ္ခုကို ကိုယ္တို႔ဝင္စီးတာ။ဟို ဘက္က အက်အဆုံးမ်ားတယ္။ ကိုယ္တို႔ဘက္က အက်အဆုံးနည္းတယ္။
ဒါေပမဲ့ ကိုယ္တို႔က အျမဲတမ္းတပ္မေတာ္မဟုတ္ပဲ ေျပာက္ က်ားတပ္ဆိုေတာ့ မ်ားေသာအားျဖင့္ အစိုးရတပ္နဲ႔ ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္ေနရတာပါပဲ။
တစ္ခါက ဘူးသီးေတာင္ၿမိဳ႕နယ္ ရက္ေခ်ာင္းေက်းရြာဘက္က ဘုရားပြဲတစ္ခုကို သြားရင္း လူႀကီးတစ္ေယာက္က ကိုယ့္ကို ေတာ စပ္ဘက္ လက္တို႔ေခၚသြားၿပီး သတင္းေပးတယ္။ ဒီလကုန္ရင္ မင္းကို အရဖမ္းမယ္၊ မင္းတို႔အုပ္စုကိုလည္း အျပဳတ္ခ်မယ္ဆိုၿပီး ေဒသခံလမ္းစဥ္ပါတီ အစည္း အေဝးမွာ ဆုံးျဖတ္ထားၿပီးေနၿပီ။ မင္းတို႔ မေပါ့နဲ႔၊ လုပ္စရာရွိတာကို လုပ္ ထား . . . ဆိုၿပီး ကိုယ့္ကို သတင္းေပးတယ္။
မၾကာမီရက္မ်ားအတြင္းမွာပဲ စစ္အင္အားမ်ားမ်ားနဲ႔ ေလွနဲ႔ ရိကၡာနဲ႔ အစိုးရတပ္ေတြနယ္ဘက္ကိုဆင္းလာတာေတြ႕တယ္။ ဒီလို အေျခအေန မ်ိဳးဆိုရင္ေတာ့ ပုံမွန္ကင္းလွည့္တဲ့သေဘာမဟုတ္ေတာ့ဘူး၊ စစ္ဆင္ေရး အေသးေလးသေဘာပဲဆိုၿပီး ကိုယ္တို႔လည္း အစည္းအေဝးခ် ညႇိႏွိုင္းၿပီး စီမံစရာရွိတာကိုစီမံရတယ္။
ဦးစြာပထမ မိုးစာေလွာင္ထားတဲ့ စပါးတင္းတစ္ရာကို ေနရာေရႊ႕ၿပီး ဝွက္ရတယ္။ ၿပီးေတာ့ စခန္းေျပာင္းရတယ္။ စခန္းအတု တစ္ခုလည္း တည္ေဆာက္ရတယ္။ အဲဒါကေတာ့ အစိုးရတပ္ကဝင္တိုက္ၿပီး သိမ္းခ်င္ရင္ သိမ္းလို႔ရေအာင္လို႔ . . . ။
ဒီလိုျပင္ဆင္ေနရင္းနဲ႔ တစ္ရက္ေတာ့ အစိုးရတပ္နဲ႔ လွမ္းျမင္ရတဲ့ တဲတစ္တဲဘက္ကို မထင္မွတ္ပဲေရာက္သြားပါေလေရာ။ ရြာသား တစ္ ေယာက္က ကိုယ္တို႔ကို ေျပာတယ္။ ဆရာေလး ဟိုးက လွမ္းျမင္ေနရတဲ့ တဲထဲမွာ စစ္သားေတြေရာက္ေနတယ္ တဲ့။
ေအး . . . သိတယ္။ သူတို႔မွာလည္း ေသနတ္ပါသလို ငါတို႔မွာ ပါတဲ့ဟာေတြလည္း ေျပာက္တံတို႔ေလးဂြတို႔မဟုတ္ဘူးကြလို႔ ဟန္ကိုယ့္ဖို႔နဲ႔ ေျပာရတယ္။ ဒါေပမဲ့ ရန္သူစခန္းခ်တဲ့ေနရာကို သိၿပီးေနာက္မွာ ကိုယ္တို႔ လည္း ေဝးနိုင္သမၽွေဝးတဲ့တဲေတြဆီကို တစ္တဲကေန တစ္တဲ ေျပာင္းသြား တယ္။ ေနာက္ဆုံး ေခ်ာင္း၀ဖက္ကိုေရာက္တဲ့ အထိေပါ့။ ညေနပိုင္းက်ေတာ့ ေခ်ာင္း၀ကတဲမွာ ကကတစ္ငါးဝယ္ခ်က္၊ ထမင္းခ်က္ၿပီးေတာ့ စားၾက တယ္။ ၿပီးေတာ့ ေရဒီယိုကိုအသံ က်ယ္ က်ယ္ဖြင့္တယ္။ ၿပီးေတာ့ ေမွာင္သြား တဲ့ အခ်ိန္မွာ ဟိုဘက္ကမ္းကို စေျပာင္းတယ္။ လူခုနစ္ေယာက္ဆိုေတာ့ ေလွႏွစ္စီးခြဲၿပီး ဒိုင္းဘုံကၽြန္းဘက္ကိုကူးတယ္။ ဒုတိယေလွနဲ႔အသင့္ျဖစ္ခ်ိန္မွာ ေရဒီယိုကိုပိတ္ၿပီး ထြက္လာခဲ့တယ္။
ဒိုင္းဘုံကၽြန္းကေန ကိုယ္တို႔ဆက္ၿပီးခ်ီတက္လာေတာ့ ကန႔္ေကာ္ ဆိုတဲ့ ခ်င္းရြာကေလးကိုေရာက္တယ္။ အဲသည္က ရြာသူႀကီး (ေကာင္စီ ဥကၠဌ) ကိုဝင္ေခၚတယ္။ ခင္ဗ်ား၊ က်ဳပ္တို႔နဲ႔လိုက္ခဲ့ေတာ့ လို႔ ေခၚလာတယ္။ သူက သူ႔အိမ္ကိုဝင္ၿပီး မွာစရာရွိတာမွာဦးမယ္တဲ့။ လုပ္မေနနဲ႔၊ ဘာမွ မွာမေန နဲ႔ေတာ့ ခင္ဗ်ားကို ကၽြန္ေတာ္တို႔ အခုျပန္ေပးဆြဲေနတာ၊ အခုလမ္းမွာ ေတြ႕ တဲ့ တစ္ေယာက္ေယာက္ကိုပဲ ေတာင္ယာကိုတက္သြားတယ္လို႔ပဲ မွာခဲ့ေတာ့ လို႔ေျပာၿပီး သူ႔ကိုေခၚလာခဲ့တယ္။
ကန႔္ေကာ္ယာခင္းေတာင္ေပၚကေနၿပီး ရက္ေခ်ာင္း၀ အဝင္ အထြက္ကိုလွမ္းျမင္ေနရတယ္။ အနီးအနားမွာ ေတာဝက္ေတြရတတ္ တယ္ဆိုေတာ့ ကိုယ္တို႔ထဲက ေသနတ္ပစ္လက္ေျဖာင့္တဲ့ ဗိုလ္ျမဒင္ ထြက္ပစ္ တာ ေတာဝက္တစ္ေကာင္ရတယ္။ ဝက္တစ္ေကာင္လုံးလိုလို ကို ရြာသား ေတြကို ေပးလိုက္တယ္။ ဝက္သားခ်က္တဲ့ လူက ခ်က္တယ္။ ကင္းေထာက္ တဲ့သူက ကင္းေထာက္တယ္။ ရြာသားေတြက အသားေပၚရလို႔ ဝမ္းသာေန ၾကတယ္။ အသားအမ်ားစုကိုေတာ့ ရြာသားေတြကို ေပးလိုက္တာပါပဲ။ လမ္းခရီးမွာစားဖို႔အတြက္ တံစို႔ထိုးကင္ၿပီး နည္းနည္းပါးပါး ကိုယ္တို႔ ယူသြားတယ္။ အဲသည္ကန႔္ေကာ္ရြာေတာင္မွာ သုံးရက္ၾကာတယ္။ ထပ္ၿပီး ဒီမွာၾကာရွည္ေနဖို႔ မသင့္ေတာ္ဘူးဆိုၿပီး သုံးရက္ေျမာက္ေန႔ ေနဝင္ရီတေရာ မွာ ကိုယ္တို႔ခရီးထပ္ဆက္တယ္။ကန႔္ေကာ္ရြာကေန ေအာက္ဖက္ကို ဆင္းသြားေတာ့ ရီရွင္ဆိုတဲ့ရြာကို ေရာက္တယ္။ ငါတို႔ဟိုဘက္ကမ္းကူးမလို႔ ေလွရွာေပးဆိုၿပီး ရြာသားေတြကိုေျပာတယ္။ ရြာသားေတြက ေမးတယ္။ ဂိုးဂိုတို႔(အစ္ကိုတို႔) ဘယ္မွာ အိပ္မွာလဲတဲ့။ ငါတို႔ဟိုဘက္ကမ္းမွာ ယိုးေခ်ာင္းသားတဲကို သြားမွာ၊ ငါတို႔အဲဒီမွာပဲအိပ္မွာလို႔ ေျပာခဲ့တယ္။ ရီရွင္ရြာသားေတြ ေလွနဲ႔လိုက္ပို႔လို႔ ယိုးေခ်ာင္းသားတဲကိုေရာက္တယ္။ အဲသည္တဲမွာ ယိုးေခ်ာင္းသား အဘိုးႀကီးက ထန္းလ်က္နဲ႔ ေရေႏြးၾကမ္းနဲ႔ ဧည့္ခံတယ္။ အဘိုးႀကီးက အိပ္ပါလို႔ ေလာကြတ္ျပဳေပမယ့္ မအိပ္နိုင္ပဲ ဆက္လက္ခ်ီတက္ၾကတယ္။
ဆလိမ္ေတာ တစ္ေတာကိုေဖာက္ထြက္တယ္။ ဆလိမ္ေတာရဲ့ အဆုံးမွာ ကၽြန္းရဲ့ဟိုဘက္ကမ္းက ကတို႔ဆိပ္ကိုေတြ႕တယ္။ အဲသည္ ကတို႔ ဆိပ္ရဲ့မ်က္ႏွာခ်င္းဆိုင္မွာက မိုးထိနတ္ေတာင္ကၽြန္းရွိေနတယ္။ လိုက္ပို႔တဲ့ လူက ကိုယ္တို႔ကို ဘယ္ဆက္သြားမလဲလို႔ ေမးတယ္။ ငါတို႔ ကြန္းေခ်ာင္း ကၽြန္းကိုသြားမယ္လို႔ ေျပာထားခဲ့တယ္။
မိုးထိနတ္ေတာင္ကၽြန္းဆီကို ကိုယ္တို႔ကူးတယ္။ မိုးထိနတ္ ေတာင္ကို တက္ၾကတယ္။ ၿပီးေတာ့ မိုးထိနတ္ေတာင္ရြာထဲကို ဝင္ၾက တယ္။ အဲသည္ရြာမွာ ရြာအိပ္ရြာစားေနတဲ့ ကိုယ္တို႔ပါတီဝင္ သုံးေယာက္ရွိ တယ္။ အဲသည္ သုံးေယာက္လည္း စစ္တပ္လာတဲ့သတင္း ၾကားလို႔ ေျပး ကုန္ၿပီ။ ပါတီဝင္ေတြကို ဘာမွာဦးမလဲလို႔ ရြာသားေတြကေမးေပမယ့္ ဘာမွအေထြအထူးမေျပာခဲ့ပဲ ရြာျပင္ထြက္ၿပီး တဲတစ္တဲမွာ သြားေနၾက တယ္။ အဲသည္ေတာင္ေပၚကေနၿပီး ရက္ေခ်ာင္း၀ကိုေစာင့္ၾကည့္လိုက္၊ ကင္းထြက္ေထာက္လိုက္နဲ႔ သုံးေလးငါးရက္ ဆိုသလိုေနတယ္။ ဒီနယ္ေၿမ အတြင္းမွာ ဘာတိုက္ပြဲျဖစ္သံမွ မၾကားရဘူး။ ဒီေတာ့ ဘာပဲေျပာေျပာ တျခား တပ္စုက ကိုယ့္လူေတြအတြက္ နည္းနည္း စိတ္ေအးသြားတယ္။ ဒါေပမဲ့ ဒီေလာက္အထိ ေျပာက္က်ားလုံး၀မေတြ႕ပဲ ေပ်ာက္ေနလို႔ ရန္သူက ဓားစာခံ ရွာရင္ အူတူတူအတတ ေက်းေတာသားေတြခံေနရမွာလည္း စိုးရတယ္ဆိုတဲ့ အေတြးနဲ႔ ကိုယ္တို႔တပ္စု တစ္ေနရာရာမွာ အထြက္ျပၿပီး နည္းနည္းပါးပါး တိုက္ျပရေအာင္ ဆိုၿပီး တိုင္ပင္ၾကတယ္။
ဒီေတာ့ စစ္ကိုင္းကၽြန္းဘက္မွာ အထြက္ျပမယ္လို႔ ဆုံးျဖတ္ၾက တယ္။ စစ္ကိုင္းကၽြန္းဘက္ ကိုေရာက္ေတာ့ အဆီျပည့္ဥျပည့္ ေတာ္သလင္း ကဏန္းေတြရၾကလို႔ စားေကာင္းေကာင္းနဲ႔ တြယ္လိုက္တာ ကိုယ္ဝမ္းေလၽွာ ပါေလေရာ။ ဒီေတာ့ ကိုယ့္လက္ေထာက္ ဗိုလ္ျမဒင္ကေျပာတယ္။ အစ္ကို႔ ဆီက အေရးႀကီးတဲ့စာရြက္စာတမ္းေတြကို ကၽြန္ေတာ့္ကို ေပးထား၊ အစ္ကို ပစၥတိုတစ္လက္ပဲယူထား၊ တိုက္ပြဲျဖစ္လို႔ ေျပးရရင္ ကၽြန္ေတာ္နဲ႔ လမ္းမတူ ေအာင္လမ္းခြဲၿပီးေျပးပါ. . . လို႔သူက အစီအစဥ္ခ်တယ္။ စုရပ္ကေတာ့ ၿပိဳင္းေတာင္ေက်ာ္လမ္းမွာ အစ္ကိုတို႔ ကၽြန္ေတာ္တို႔ သိတဲ့ေနရာမွာ ျပန္ဆုံ ၾကမယ္တဲ့။ တိုက္ပြဲျဖစ္ရင္ ရန္သူကို သူကမၽွားၿပီး ဆြဲထုတ္ယူသြားမယ္ ဆိုတဲ့ သေဘာ။
ဒါေပမဲ့ ရန္သူနဲ႔ လမ္းမွာမေတြ႕ဘူး။ ဆက္ခ်ီတက္ၾကေတာ့ တဲ တစ္တဲကို ေရာက္ၾကျပန္တယ္။ ကိုယ္ေဆးျပင္းေတြေသာက္လိုက္ အနားယူလိုက္နဲ႔ သက္သာၿပီးနာလံျပန္ထူလာတယ္။ ကိုယ္တို႔ေရာက္ ေနတာက ရက္ေခ်ာင္းဖ်ားက မိေက်ာင္းတက္ဆိုတဲ့ရြာ။ အဲသည္ရြာမွာ အစိုးရတပ္ေရာက္ေနတယ္ဆိုတာကိုသိရတာနဲ႔ သူတို႔ ဘယ္ေနရာမွာ ကင္းပုန္းခ်ထားနိုင္သလဲမွန္းၾကတယ္။ ျဖစ္နိုင္တာက ေတာင္ေပၚက ေညာင္ပင္ေအာက္မွာ ကင္းပုန္းခ်ထားတာျဖစ္နိုင္တယ္လို႔ ေတြးမိၾကတယ္။
ရန္သူေတြဘယ္အခ်ိန္ေလာက္ထြက္လာၾကမယ္လို႔ မင္းထင္ သလဲလို႔ ဗိုလ္ျမဒင္ကိုေမးေတာ့ ဒီေကာင္ေတြ လထြက္ခ်ိန္ေလာက္က်ရင္ ထြက္လာေလာက္တယ္လို႔ ဗိုလ္ျမဒင္ကေျဖတယ္။ အဲသလိုဆိုရင္ ငါတို႔ လမထြက္ခင္ သူတို႔ဆီသြားတိုက္ၾကရေအာင္ဆိုေတာ့ ဗိုလ္ျမဒင္ကႀကိဳက္ တယ္။ သေဘာတူတယ္။
လမထြက္ခင္မွာ ကိုယ္တို႔က သူတို႔ဆီကို အေရာက္သြားၿပီး မနီး မေဝးက ေစာင့္ေနတယ္။ လမထြက္ခင္ထြက္ခင္ေလးမွာ သူတို႔တပ္စု ထြက္ လာတာနဲ႔ ကိုယ္တို႔ပစ္ၾကေတာ့တာပဲ။ ကိုယ္တို႔လူခုႏွစ္ေယာက္က တစ္ေယာက္က်ည္ေလးငါးေတာင့္ေလာက္ပစ္လိုက္တယ္။ ရန္သူ ႏွစ္ ေယာက္ ဒဏ္ရာရတယ္။ တစ္ေယာက္ကေပါင္မွာ ဒဏ္ရာရတယ္။ အဲသလိုပစ္ၿပီးတာနဲ႔ ကိုယ္တို႔လည္းဆုတ္တယ္။ သူတို႔လည္း အကာ အကြယ္ယူၿပီး က်န္ခဲ့တယ္။
ဒီလိုမ်ိဳး တိုက္ပြဲသုံးပြဲေလာက္ ကိုယ္တို႔နဲ႔ ရန္သူနဲ႔ၾကားမွာ တိုက္ၾကတယ္။ ကိုယ္တို႔ဘက္ကအက်အဆုံးမရွိေပမဲ့ ရန္သူတစ္ေယာက္ ေတာင္ေပၚကလိမ့္အက်မွာ ဝါးခၽြန္စူးလို႔ ၿမိဳ႕ေဆး႐ုံကို ပို႔ရတယ္။ ေနာက္ ရန္သူတစ္ေယာက္က ေႁမြကိုက္လို႔ေသတယ္။ ေႁမြကိုက္ရတဲ့အေၾကာင္းက ရန္သူလည္း ကိုယ္တို႔လိုပဲ ေတာထဲမွာ ဖိနပ္စီးသြားဖို႔ရာ အခြင့္မသာဘူး။ ဖိနပ္စီးသြားရင္ မိမိေရာက္ေနမွန္း ကိုယ့္ရန္သူက သိသြားမွာစိုးလို႔။ ေျခနဲ႔ဖဝါးနဲ႔သြားမွ ေျခရာက ရြာသားေျခရာလား၊ ေျပာက္က်ားေျခရာလား၊ စစ္သားေျခရာလားဆိုတာကို ခြဲျခားလို႔မရေတာ့ဘူး။ ဒီေတာ့ ဒီလို ေျခနဲ႔ ဖဝါးနဲ႔သြားရတဲ့အတြက္ ပိုးထိလို႔ေသတာ။
ရန္သူေတြက ကိုဖိုးညိဳလို႔ေခၚတဲ့ လမ္းျပတစ္ေယာက္ကို ေခၚ သုံးၿပီး ေတာနင္းတာေလ။ ကိုဖိုးညိဳက အလင္းဝင္ ဗကပေဟာင္း။ ကိုယ္ တို႔ကို ေတာထဲမွာရွာလို႔မေတြ႕ရင္ ရန္သူ႔တပ္စုေခါင္းေဆာင္က သူ႔ကို မာန္ တတ္တယ္။ “ကိုဖိုးညိဳ…ဘယ္မလဲဗ်။ ခင္ဗ်ားအလံနီေတြ” လို႔ေမးရင္ ကိုဖိုးညိဳက မႀကံတတ္ျဖစ္ၿပီး ေျဖရွင္းခ်က္ေပးရတယ္။ (ကိုယ္တို႔က အလံနီ ကခြဲထြက္လာၿပီးျဖစ္ေပမယ့္ အလံနီအႏြယ္ေတြမို႔လို႔ ရန္သူက ကိုယ္တို႔ ကိုအလံနီလို႔ပဲေခၚတယ္။) “အလံနီဆိုတာ ရြာအိပ္ရြာစားမေနတတ္ၾက ပါဘူး။ ေတာထဲမွာပဲ ခိုေအာင္းေနတတ္ၾကတာ။ ေတာကၽြမ္းတယ္၊ ဖက္ရြက္ ကေလးတစ္ရြက္ေအာက္မွာေတာင္ ခိုအိပ္လို႔ေနနိုင္တဲ့ ေတာၾကက္လိုလူမ်ိဳး ေတြပါ ဗိုလ္ႀကီး” လို႔ေျဖရွင္းတတ္တယ္လို႔ ဆိုတယ္။
တိုက္ပြဲသုံးပြဲစလုံးမွာ ရန္သူဘက္က အထိနာတယ္။ ရန္သူ တစ္ ေယာက္ ထပ္က်တယ္။ ဒီလိုနဲ႔ ကိုယ္တို႔ကိုရန္သူကလည္း ေနာက္က ဖိမလိုက္ရဲေတာ့ဘူး။ ကိုယ္တို႔လည္း သူတို႔နဲ႔သိပ္မေဝးတဲ့ ေတာထဲ ေတာင္ထဲမွာေနၿပီး သူတို႔ကိုလွမ္းအကဲခတ္ေနတဲ့အခါေနတယ္။ ေတာနက္ ပိုင္းက ကိုယ္တို႔စခန္းထဲကိုဝင္ေနတဲ့အခါလည္း ဝင္တာေပါ့။
မိုးရာသီကာလမွာ ေတာနက္ထဲကိုဝင္ေလ ေခ်ာင္းဖ်ားမွာ ငါးေပါ ေလဆိုေတာ့ ငါးေတြကမစားခ်င္အဆုံး။ ေက်ာက္ကဏန္းေတြက အဆီ အျပည့္နဲ႔ ေပါမွေပါ။ တခ်ိဳ႕တပ္သားေတြကေတာင္ ေျပာတယ္။ ဒီလိုအျမဲ ေတာနက္ထဲမွာ ဝင္ေနရရင္ေကာင္းမွာပဲ တဲ့။ ငါး ေကာင္းေကာင္းစားရလို႔ တဲ့။
ဒါေပမဲ့ ဒီလိုေနရင္းေနရင္း တပ္သားအခ်ိဳ႕က အသံေပးပါေလ ေရာ။ ငါးခ်ည္းပဲစားေနရတာ အီလွၿပီတဲ့၊ အေျပာင္းအလဲအေနနဲ႔ ဟင္း သီးဟင္းရြက္ေလး ဘာေလးကို င႐ုတ္သီးေထာင္းနဲ႔ စားခ်င္လိုက္တာ တဲ့။ ကိုယ္ကလည္းဒီအႀကံကို သေဘာက်တာနဲ႔ ဟင္းရွာထြက္ခဲ့ၾကတယ္။ အဲဒီေန႔က ညေနစာကို ေလးနာရီေလာက္မွာ စားၿပီး ထြက္ခဲ့ၾကတယ္။ ေခ်ာင္း၀ကိုေရာက္ေတာ့ ယိုးေခ်ာင္းသား ေနာက္တစ္ေယာက္ရဲ့ တဲတစ္တဲကို ေတြ႕ျပန္တယ္။ အစ္ကိုတို႔ ဘယ္သြားမွာလဲဗ် ဆိုေတာ့ . . . ငါတို႔ ဟင္းသီး ဟင္းရြက္ေတြ သြားခူးမွာ လို႔ . . . ။
ျဖစ္ပါ့မလား အစ္ကိုတို႔ရ။ စစ္တပ္ရွိတယ္ဗ်။
အာ . . . ျဖစ္ပါတယ္ကြာ။ ငါတို႔လုပ္ရင္ မျဖစ္တာမရွိဘူး ဆိုၿပီး ဆင္းလာခဲ့ၾကတယ္။
ေနစုံးစုံးျမဳပ္သြားေတာ့ ေတာထဲမွာ ေရွ႕ေနာက္စီတန္းၿပီး ကိုယ္ တို႔ ေလၽွာက္လာခဲ့ၾကတယ္။ လမ္းမွာ က်ားေပါက္ကေလး တစ္ေကာင္ နဲ႔ ေတြ႕ေသးတယ္။ အဲသည္အေကာင္က ကိုယ္တို႔လူတန္းေဘးမွာ ကပ္ ကပ္ၿပီး လိုက္ေနတာ။ ဘာေၾကာင့္ လိုက္ေနမွန္းေတာ့မသိဘူး။ အသံ တခၽြတ္ခၽြတ္ပဲၾကားရတယ္၊ မျမင္ရဘူး။ ကိုယ္တို႔ကေတာ့ မျမင္ရတာမို႔ ေခြးလို႔ပဲ ထင္ေနတာ။ ကိုယ္တို႔ထဲက တစ္ေယာက္က သစ္ကိုင္းက်ိဳး တစ္ပိုင္း ကိုကိုင္ၿပီး ရိုက္လိုက္တာ “ကိန္” လို႔ မျမည္ပဲ “ေဝါင္း” ကနဲ ျမည္ၿပီး ထြက္ေျပး သြားမွ က်ားမွန္းသိတာ။
ဒီလိုနဲ႔ ညဦးပိုင္းမွာ ၿပိဳင္းေခ်ာင္းေက်ာ္လမ္းက ေတာင္ယာကို ေရာက္တယ္။ အသီးအႏွံမ်ိဳးစုံကို အမယ္စုံေအာင္ခူးၿပီး ပုဆိုးေခါင္းထဲ ထည့္ထုပ္ယူၾကတယ္။ ကိုယ္ကေတာ့ ကင္းေစာင့္ေနတာေပါ့ေလ။ သူတို႔ အဲသလို ခူးေနဆြတ္ေနၾကစဥ္မွာ မိုးတိတ္သြားၿပီး လထြက္လာတယ္။ ကိုယ္ လည္း ကိုယ့္ေနာက္ကအသံ တခၽြတ္ခၽြတ္ၾကားတာနဲ႔ လွည့္ ၾကည့္လိုက္တာ . . . အား လား လား၊ အေမွာင္ထဲမွာ ရဲရဲေတာက္ေနတဲ့ မ်က္လုံးႏွစ္လုံးနဲ႔ က်ားတစ္ေကာင္က ကိုယ့္ကိုၾကည့္ေနတာ ကလား။ ကိုယ္ကလည္း ေၾကာက္လန႔္တၾကားနဲ႔ ေအာ္လိုက္တာ ကိုယ့္ေအာ္သံက က်ယ္လြန္းတာ ေၾကာင့္ပဲလား၊ ဒါမွမဟုတ္၊ ကိုယ့္မ်က္မွန္နဲ႔ လေရာင္နဲ႔ ေရာင္ျပန္ဟပ္ သြားလို႔လား ဘာလားေတာ့မသိဘူး။ က်ားလည္း ေၾကာက္လန႔္တၾကားနဲ႔ ခုန္ထြက္ေျပးသြားတယ္။
ဟင္းသီးဟင္းရြက္နဲ႔ င႐ုတ္သီးေတြခူးၿပီးေတာ့ ယိုးေခ်ာင္းသား တဲကို ျပန္လာၾကတယ္။ ယိုးေခ်ာင္းသားက သူ႔မွာရွိတဲ့ ေကာက္ညႇင္းဆန္ သုံးဗူးကို ခ်က္ေပးတယ္။ ကိုယ္တို႔က ဟင္းသီးဟင္းရြက္ေတြကိုခ်က္၊ င႐ုတ္ သီးေထာင္း ေကာင္းေကာင္းလုပ္ၿပီး အားပါးတရ ေလြးၾကတယ္။ အဲသည္ည ယိုးေခ်ာင္သားတဲမွာပဲ ကိုယ္တို႔ အိပ္လိုက္ၾကတယ္။
မနက္က်ေတာ့ ယိုးေခ်ာင္းသားက မနက္ဆြမ္းလွည့္ရွိတာေၾကာင့္ မို႔လို႔ ဆြမ္းခ်က္ဖို႔ရာ မိုးမလင္းခင္ကတည္းက ထသြားရတယ္။ မီးတုတ္ ကိုင္ၿပီး လမ္းတစ္ေလၽွာက္သီခ်င္းဆိုသြားဖို႔ ကိုယ္တို႔က ယိုးေခ်ာင္းသားကို မွာလိုက္တယ္။ ရြာနဲ႔ ေတာင္အၾကားက ေညာင္ပင္ေအာက္မွာ စစ္သားေတြ ကင္းေစာင့္ေနတာရွိမွာပဲလို႔ ကိုယ္တို႔တြက္ထားတဲ့အတြက္ မနက္ေစာေစာ ေမွာင္ေမွာင္မည္းမည္းမွာ ယိုးေခ်ာင္းသား အပစ္ခံရတာမ်ိဳး မျဖစ္ေစခ်င္လို႔ အဲသလိုမွာလိုက္ရတာ။ စစ္သားေတြကေမးရင္လည္း ေျပာက္က်ား ဘယ္ႏွစ္ ေယာက္၊ ဘယ္သူဘယ္ဝါ၊ ဘယ္လက္နက္ေတြကိုင္ၿပီး ကၽြန္ေတာ့္တဲမွာ ရွိေနေလရဲ့ လို႔ မကြယ္မဝွက္ေျပာလိုက္ဖို႔ မွာလိုက္တယ္။
တဲကေန သူထြက္သြားတာကို ကိုယ္တို႔ေစာင့္ၾကည့္ေနတယ္။ ကိုယ္တို႔ထင္တဲ့အတိုင္းပဲ ေညာင္ပင္နားကိုေရာက္တာနဲ႔ မီးတုတ္ ၿငိမ္းသြား တယ္။ သူ႔ကိုစစ္သားေတြက စစ္ေမးၾကတယ္တဲ့။ သူ႔ကို ဆြမ္းခ်က္မယ့္ ေနရာမသြားခိုင္းပဲ အဲဒီေညာင္ပင္ေအာက္မွာ မိုးလင္းတဲ့အထိ ထိုင္ခိုင္းထား တယ္။ ဒါေပမဲ့ စစ္သားႏွစ္ေယာက္ကို သူ႔ကိုယ္စား ဆြမ္းခ်က္ေပးဖို႔ လႊတ္ ေပးတယ္လို႔ဆိုတယ္။ ယိုးေခ်ာင္းသားက သူ႔တဲမွာက်န္ခဲ့တဲ့ ေျပာက္က်ား ေတြရဲ့ အေရအတြက္နဲ႔ လက္နက္ေတြကို မလိမ္မညာေျပာျပတယ္။ တစ္ခု ေတာ့ လိမ္တာေပါ့ေလ။ ေျပာက္က်ားေတြက သူ႔ရဲ့ေကာင္ညႇင္းဆန္သုံးဗူး ကို အတင္းလုယူၿပီး ခ်က္စားၾကပါတယ္လို႔ ေျပာတာတစ္ခုပဲ လိမ္တာ။ တကယ္ေတာ့ သူခ်က္ေပးတာ။ ကၽြန္ေတာ္ ခ်က္ေပးခဲ့ပါတယ္ဆိုရင္ သူပုန္ အားေပးသူ ျဖစ္သြားမွာစိုးလို႔။
သူတို႔က သတင္းရေပမယ့္ ကိုယ္တို႔ကိုလာမတိုက္ဘူး။ ကိုယ္ တို႔က အေပၚစီးကျဖစ္ေနၿပီး သူတို႔က ေအာက္ကေန တက္လာရမွာ။ လာရ မယ့္လမ္းကလည္း တစ္လမ္းတည္းပဲရွိေတာ့ ]ငါတို႔နဖူးထဲကို ျမဒင္က က်ည္ေတာင့္ေတြ ေအးေအးေဆးေဆးပစ္ထည့္မွာေပါ့} လို႔ေျပာၾကတယ္ တဲ့။
ၿပီးေတာ့တစ္ခါ စစ္ဆင္ေရးကာလအတြင္းမွာ မ်က္မွန္တပ္ထားတဲ့ ရြာသားတစ္ေယာက္ကို ကိုယ္ျဖစ္ရမယ္အထင္နဲ႔ လူမွားဖမ္းတာေတြလုပ္ ေသးတယ္။
တစ္ခါက ေက်ာက္မ်က္လုံး ထြန္းဝင္းကို ဒါကိုယ္ပဲျဖစ္ရမယ္ ဆိုၿပီး ထင္း ေခြျပန္အလာမွာ စစ္သားေတြကဖမ္းတယ္။ ထြန္းဝင္းက မ်က္မွန္ တပ္ထားတာကိုး၊ စံေရႊေမာင္လို႔ထင္ေနၾကတာေပါ့။ အကာ အကြယ္ေတြ ေနာက္က စစ္သားေတြက ထြန္းဝင္းကို တျဖည္းျဖည္း ဝိုင္းလာၾကတာကို ေတာင္ေပၚကလွမ္းၾကည့္ေနတဲ့ ကိုယ္တို႔က အတိုင္းသား ျမင္ေနရတယ္။ မိၿပီ၊ မလႈပ္နဲ႔ ဆိုၿပီး သူ႔ကို ေသနတ္နဲ႔ ဝိုင္းခ်ိန္ထားၾကတယ္။ ၿပီးေတာ့ တစ္ေယာက္က သူ႔မ်က္ႏွာကို ရိုက္ထည့္လိုက္တာ မ်က္မွန္ေကာ ေက်ာက္ မ်က္လုံးပါကၽြတ္ထြက္လာတယ္။ ထြန္းဝင္းက သူ စံေရႊေမာင္ မဟုတ္ပါဘူး လို႔ ရွင္းျပတာ စစ္တပ္ကခ်င္းဗိုလ္ႀကီးကမယုံတဲ့အတြက္ သူ႔ရြာကို ေခၚသြား ၿပီး ရြာလူႀကီးေတြ ကိုေမးျမန္းတယ္။ ရြာလူႀကီးေတြက သူဟာ စံေရႊေမာင္ မဟုတ္ပါဘူး။ ဒီရြာသား ထြန္းဝင္းပါ။ သူပုန္မဟုတ္ပါဘူးလို႔ အာမခံၾက ေတာ့မွ ငိုရခက္ ရယ္ရခက္နဲ႔ ထြန္းဝင္းကိုလႊတ္ေပးလိုက္ၾကတယ္ တဲ့။
ဒီလိုနဲ႔ သူတို႔လည္း ကိုယ္တို႔ကို သိပ္ဖိဖိစီးစီး မတိုက္ျဖစ္ဘူး ဆိုပါေတာ့။ ဒီလိုနဲ႔ မ်က္မွန္တပ္ စံေရႊေမာင္ေခါင္းေဆာင္တဲ့ အလံနီ အုပ္စုကို လာေရာက္ရွင္းလင္းတဲ့ဥစၥာဟာ တစ္လေလာက္ အီလယ္လယ္နဲ႔ ၾကာသြား ၿပီး ေနာက္ဆုံးေတာ့ ရန္သူတပ္ေတြ ျပန္သြားတယ္။
ဒါေပမဲ့ အစိုးရက ျဖတ္ေလးျဖတ္ေပၚလစီနဲ႔ ကိုယ္တို႔ကို တိုက္ၿပီး ေနာက္ပိုင္းမွာ ကိုယ္တို႔လည္း ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယနိုင္ငံ မီဇိုရန္ ျပည္နယ္ဘက္ကို ေရွာင္ေျပးၾကရတာပါပဲ။
အဲ . . . မီဇိုရန္ကို အေျပးမွာ တစ္ခါလမ္းမွားေသးတယ္။ ကိုယ္တို႔ က ကိုယ္တို႔ထင္ရာျမင္ရာအရပ္မ်က္ႏွာအတိုင္းခ်ီတက္ရာမွာ ခ်င္းအဖိုးႀကီး တစ္ယာက္နဲ႔ ခ်င္းအပ်ိဳမေလးႏွစ္ေယာက္ကို လမ္းခုလတ္ မွာေတြ႕တယ္။ ခ်င္းလူမ်ိဳးလို႔ထင္ရတဲ့အေၾကာင္းရင္းက သည္နယ္ေျမက ခ်င္းျပည္နယ္ ျဖစ္တဲ့အျပင္ အဲသည္သုံးေယာက္ကလည္း ရြာခ်င္းေတြလို ခါးမွာခ်ိတ္ထား တဲ့ ပဒရီနံငယ္ပိုင္းကေလးကလြဲရင္ ဘာမွဝတ္မထားဘူး။ ခ်င္းမေလး ႏွစ္ေယာက္ကလည္း ရင္ဘတ္ဟာလာဟင္းလင္းနဲ႔ သူတို႔ရိုးရာအတိုင္း နို႔ ေတြေပၚလို႔ …။ ကေလးမေလးေတြက ျဖဴျဖဴ ေဖြးေဖြး ေခ်ာမွေခ်ာပါဘိသနဲ႔ . . . ။
ဒါနဲ႔ခ်င္းအဘိုးႀကီးက ကိုယ္တို႔ကို ရခိုင္စကား ပီပီသသနဲ႔ လွမ္း ႏႈတ္ဆက္တယ္။ “ေဝး . . . မင္းရို႔ ရခိုင္သားတိလား” တဲ့။
“ဟုတ္ပါတယ္၊အဘ” လို႔ေျဖေတာ့ “မင္းတို႔လက္နက္ခ်ဖို႔ သြားၾကတာလား” လို႔ေမးျပန္တယ္။
“အာ…မဟုတ္ဘူး။ ကၽြန္ေတာ္တို႔က မီဇိုရန္ကိုသြားတာ။ အစိုးရ တပ္ေတြကို ေရွာင္လာတာ” လို႔ေျဖတယ္။
“ေအး …. ဒီလမ္းအတိုင္းမင္းတို႔သြားရင္ေတာ့ လက္နက္ခ်ရ မွာပဲကြ။ ဒီလမ္းက မတူပီကိုသြားတဲ့လမ္း”
အဲဒါနဲ႔ မီဇိုရန္ဘက္သြားရာလမ္းေၾကာင္းမွန္ေအာင္ လမ္းျပေပးဖို႔ အဘိုးႀကီးကို ေမတၱာရပ္ခံရတယ္။
လမ္းမွာသြားၾကရင္းနဲ႔ အဘက ခ်င္းလား၊ ရခိုင္လားလို႔ သူ႔ကို ကိုယ္တို႔ေမးၾကတယ္။ “ေအးကြ…။ငါက အစကေတာ့ ရခိုင္ပဲ။ အခုေတာ့ ရခိုင္အခ်င္းခ်င္း ေသာက္ျမင္ကတ္လို႔အေပၚကို တက္သြားရင္း တက္သြား ရင္းကေန ခ်င္းလုံးလုံးျဖစ္သြားပါေလေရာကြာ” တဲ့။
ကၽြန္ေတာ္တို႔နဲ႔ လမ္းခြဲမယ့္ေနရာကိုေရာက္ေတာ့ သူတို႔ ေျမးအဖိုး သုံးေယာက္ကို အဝတ္အစားလုံလုံျခဳံျခဳံဝတ္ခိုင္းရတယ္။ စစ္သား ျဖစ္ေစ၊ ေျပာက္က်ားျဖစ္ေစ လက္နက္ကိုင္ေယာက္်ားအုပ္စုေတြ သြားလာေနတဲ့ နယ္ေျမၾကမ္းမွာ ျဖဴျဖဴေဖြးေဖြး မိန္းကေလးႏွစ္ေယာက္အဖို႔ အဝတ္အစား လုံလုံျခဳံျခဳံဝတ္ၿပီးမွ ခရီးသြားတာက ပိုၿပီး စိတ္ခ်ရတယ္ေလ။
မင္းတို႔ ဒီဆမံတလန္ေတာင္တန္းကိုေက်ာ္ၿပီးရင္ မီဇိုရန္ ေရာက္ၿပီ တဲ့ . . .။ အဖိုးႀကီးက လမ္းညႊန္ရင္း ႏႈတ္ဆက္စကားေျပာၿပီး ခြဲခြာခဲ့ၾက တယ္။
ဆမံတလန္ေတာင္တန္းကိုေက်ာ္ေနစဥ္မွာ ႏွစ္ခါသုံးခါေလာက္ ၾကားျဖတ္အတိုက္ခံရတယ္။ ကိုယ့္လူေတြက်တယ္။ ေတာင္ တန္းကို ေက်ာ္ၿပီး အိႏၵိယနယ္ေျမကိုဝင္ခါနီးမွာ တိုက္ပြဲတစ္ပြဲျဖစ္တယ္။ အဲသည္ တိုက္ပြဲမွာ ကိုယ္ရဲ့ ညာလက္႐ုံး ဗိုလ္ျမဒင္က်ဆုံးတယ္။
ဆမံတလန္ေတာင္တန္းဟာ အိႏၵိယနဲ႔ ခ်င္းျပည္နယ္ နယ္စပ္ ေပါ့။ ကိုယ္တို႔က ေရွ႕ကေနခ်ီတက္တိမ္းေရွာင္တယ္။ အစိုးရစစ္တပ္ ကလည္း ေနာက္ကေန ဇြဲေကာင္းေကာင္းနဲ႔လိုက္တိုက္တယ္။ ကိုယ္တို႔ကို မီလာတဲ့အခ်ိန္က်ရင္ အေသအခ်ာခ်ိန္ကိုက္ၿပီးၾကားကေန ျဖတ္ျဖတ္တိုက္ တာ။ အဲသလိုႏွစ္ခါေလာက္အတိုက္ခံရတဲ့အခါ ကိုယ္တို႔ဘက္က အက်အဆုံးေတြရွိတယ္။ ေပ်ာက္တဲ့လူေပ်ာက္သြားတယ္။ သူတို႔ဘက္က လည္း က်တဲ့လူက်တယ္။ ေပ်ာက္တဲ့လူေပ်ာက္တယ္။ (ကိုယ္တို႔ဘက္က လူ ငါးေယာက္လက္နက္နဲ႔တကြ ေပ်ာက္သြားၿပီး။ သူတို႔ဘက္က စစ္သား သုံးေယာက္လက္နက္နဲ႔တကြေပ်ာက္သြားတယ္။ အဲသည္ရွစ္ေယာက္ရဲ့ အေလာင္းေတြကိုလည္းရွာမေတြ႕ဘူး။ သူတို႔ လက္နက္ေတြပါ စုပ္စျမဳပ္စ ေပ်ာက္သြားေလရဲ့။)
ဆမံတလန္ေတာင္ေပၚကို ကိုယ္တို႔ကရန္သူထက္ တစ္ရက္ႀကိဳၿပီး ေရာက္ေနတာ။ ရန္သူေတြက တစ္ညလုံး လိုက္တက္လာၿပီး ပန္းေနတာ။ ကိုယ္တို႔က မနက္ရွစ္နာရီက်ရင္ ဆက္လက္ ခ်ီတက္ဖို႔အစီအစဥ္လုပ္ထား တယ္။ ခရီးမသြားခင္မွာ ထမင္းစားၾကရာမွာ တကယ္ေတာ့ ႏွစ္သုတ္ခြဲၿပီး ထမင္းစားရမယ့္ဥစၥာ၊ တစ္သုတ္တည္းနဲ႔ စားလိုက္ၾကတာေၾကာင့္ အလစ္ ဝင္တိုက္တာ ခံလိုက္ရတယ္။ အဲသည္အခ်ိန္မွာ ေနာက္ပိုင္းကင္းမႉးက်ေန တာ ေမာင္ေစာယဥ္နဲ႔ ထြန္းေအာင္ေက်ာ္။ သူတို႔ႏွစ္ေယာက္က လူ အလဲ အလွယ္နဲ႔ အလွည့္နဲ႔ ထမင္းစားမယ့္အစား ကင္းေစာင့္မယ့္လူ မထားပဲနဲ႔ ထမင္းစားလိုက္ၾကတာ . . .။ ရန္သူက ဝင္တိုက္ေတာ့ ျပန္ပစ္ဖို႔ ေနေန သာသာ၊ ကိုယ္တို႔ ေခါင္းေတာင္မေဖာ္နိုင္ဘူး။
က်န္တဲ့တပ္အပိုင္းက ေရွ႕ကဆုတ္ေနခ်ိန္မွာ ဗိုလ္ျမဒင္တို႔ အစုက ေနာက္ဆြယ္မွာက်န္ခဲ့ၿပီး ကာပစ္ပစ္ရင္း ဆုတ္လာတယ္။ ဗိုလ္ျမဒင္က သူ႔လူေတြကို ဟိုေနရာကေန သည္ေနရာေျပာင္း စသည္အားျဖင့္ အမိန႔္ ေပးၿပီး ျဖည္းျဖည္းခ်င္း ဆုတ္လာေနတယ္။ ဆုတ္ပါလို႔ သူ႔ႏႈတ္ကေတာ့ အမိန႔္မေပးဘူး။ ဒါေပမဲ့ စနစ္တက် ဆုတ္ေနတာပါပဲ။ ေနာက္ဆုံး ပစ္တာ ခတ္တာကိုရပ္ၿပီး အၿပီးသတ္ဆုတ္ခြာသြားရမယ့္ အခ်ိန္က်ေတာ့ ဗိုလ္ျမဒင္ အမွားတစ္ခုကိုက်ဴးလြန္မိတယ္။
အပစ္ရပ္ၿပီးဆုတ္ဖို႔အမိန႔္ကို ေသနတ္သုံးခ်က္ မိုးေပၚေထာင္ပစ္ၿပီး အခ်က္ေပးရမယ့္အစား . . . ဝီစီမႈတ္ၿပီး အခ်က္ေပးမိတယ္။ ဝီစီမႈတ္ သံၾကားေတာ့ ဒါအရာရွိပဲျဖစ္ရမယ္ဆိုၿပီး ဗိုလ္ျမဒင္အထမွာ ရိပ္ကနဲဆိုတာနဲ႔ ရန္သူေတြက စုျပဳံၿပီးပစ္လိုက္တာ ဗိုလ္ျမဒင္ကို ထိတယ္။ သူ ျပန္လဲက် သြားတယ္။
ဒါနဲ႔ ကိုယ္တို႔ရဲ့ ေနာက္တပ္စုတစ္စုက ကာပစ္ပစ္ေပးေနတဲ့ အခ်ိန္ မွာ သာေအးနဲ႔ေနာက္တစ္ေယာက္က ဗိုလ္ျမဒင္ကိုသြားဆြဲယူတယ္။ ဗိုလ္ျမဒင္ကိုလည္းသယ္ရင္း ခံပစ္ပစ္ရင္း ဆုတ္လာခဲ့ ၾကတယ္။
ဒဏ္ရာေတြ ျမင္မေကာင္းေအာင္ျဖစ္ေနၿပီး ေသြးေတြကလည္း ရႊဲလို႔ . . . အသက္ကို ခက္ခက္ခဲခဲရႈေနရတယ္။ အခုဒီလိုေသမင္း ခံတြင္း၀ေရာက္ေနခ်ိန္မွာေတာင္ ဗိုလ္ျမဒင္ဟာ တာဝန္ေက်နိုင္ဖို႔ ႀကိဳး စားတယ္။ သူ႔ေက်ာပိုးအိတ္ထဲက အေရးႀကီးစာရြက္စာတမ္းေတြကို ထုတ္ခိုင္းၿပီး ကိုယ္ကိုအပ္တယ္။ (အဲသည္အေၾကာင္းကို ျပန္ေျပာင္း ေျပာရတိုင္း မ်က္စိထဲမွာ ကြက္ကြက္ကြင္းကြင္းျမင္လာၿပီး ရင္မွာ ဆို႔နစ္ ေအာင္ဝမ္းနည္မိတယ္) ဗိုလ္ျမဒင္က ကိုယ့္ကို ေတာင္းပန္စကားဆိုတယ္။ “ကၽြန္ေတာ္ တာဝန္မေက်နိုင္ခဲ့ဘူးအစ္ကို။ ကၽြန္ေတာ့္ကို ခြင့္လႊတ္ပါ။ အစ္ကိုတို႔ကို လုံျခဳံတဲ့ေနရာအေရာက္ ကၽြန္ေတာ္ မပို႔ေပးနိုင္ခဲ့ေတာ့ဘူး။ …. ကၽြန္ေတာ့္မ်က္လုံးေတြျပာကုန္ၿပီ။ ဘာမွ မျမင္ရေတာ့ဘူး။ ကၽြန္ေတာ္ကို ထားခဲ့ၿပီး၊ အစ္ကိုတို႔ ဆက္သြားပါေတာ့” လို႔ ေျပာေနရင္း ေျပာေနရင္းကေန ဗိုလ္ျမဒင္တစ္ေယာက္ ေသနတ္ဒဏ္ရာေတြေၾကာင့္ ဆုံးရွာတယ္။ သတၱိ ေကာင္းၿပီး တိုက္ရည္ခိုက္ရည္လည္းျပည့္၀တဲ့၊ ကိုယ့္အေပၚမွာ သစၥာရွိတဲ့ ကိုယ္ကလည္း အားကိုးအားထားျပဳရတဲ့၊ ညီတစ္ေယာက္လို ခ်စ္ရတဲ့ ဗိုလ္ျမဒင္ဟာ ဆမံတလန္ေတာင္ေပၚမွာ ကိုယ့္မ်က္စိေရွ႕မွာပဲ ကြယ္လြန္ တယ္။ ဆမံတလန္ေတာင္တန္းေပၚမွာ သူရဲ့႐ုပ္အေလာင္းကို ျမႇုပ္ႏွံ ထားရစ္ခဲ့တယ္။ တြင္းတူးဖို႔ ေပါက္တူး ေပါက္ျပားေတြမပါေတာ့ အိုးေတြ ခြက္ေတြနဲ႔ တြင္းတူးၿပီး ျမႇုပ္ခဲ့ရတယ္။
ကိုယ္တို႔ ဆုတ္စစ္နဲ႔ စဆုတ္တုန္းက လူတစ္ရာေက်ာ္ေက်ာ္နဲ႔ ခ်ီတက္သြားတာ။ မီဇိုရန္ျပည္နယ္ထဲကိုဝင္ေတာ့ လူအင္အား ေျခာက္ဆယ္ေလာက္နဲ႔ ေရာက္တယ္။ လမ္းမွာကြဲသြားတဲ့အဖြဲ႕ေတြက ေနာက္ပိုင္းမွာလာပူးေပါင္းေတာ့ အင္အားျပန္တိုးလာတယ္။ ဒါေပမဲ့ ေနာက္တဖန္ လက္နက္အပ္ၿပီး ထြက္ခြင့္ေတာင္းလို႔ခြင့္ျပဳလိုက္ရတာနဲ႔ ဘာနဲ႔ညာနဲ႔ဆိုရင္ လူအင္အားေျခာက္ဆယ္သာသာေလာက္အထိ ျပန္ လည္ က်ဆင္းသြားတယ္။
ဒီလိုနဲ႔ ၁၉၈၀ ျပည့္ႏွစ္မွာ မိုဇိုရန္ျပည္နယ္ထဲကို ကိုယ္တို႔ တစ္တပ္လုံးေရာက္သြားတယ္။ (၁၉၈၀ ဆိုတာ ဗကပတိုင္းမႉး ဗိုလ္သက္ထြန္းတို႔၊ ၿပီးေတာ့ ရကပ ရဲနီေက်ာ္ဇံရႊီ တို႔လက္နက္ခ်တဲ့ ခုႏွစ္ေပါ့။)
မီဇိုရန္ထဲကို အစုေလးေတြခြဲၿပီးေရာက္သြားတယ္။ ကိုယ္တို႔ အုပ္စုကေလးက ရခိုင္အဘိုးႀကီးတစ္ေယာက္ရွိေနတဲ့ ယာတဲတစ္တဲ ကိုေတြ႕တယ္။ ကိုယ္တို႔က သူ႔ကို အကူအညီေတာင္းတယ္။ “ေဘးေဘ (ဘႀကီး) . . . ကၽြန္ေတာ္တို႔အတြက္ ထမင္းခ်က္ေပးပါ။ ကၽြန္ေတာ္ တို႔က လုယက္စားေသာက္တတ္တဲ့လူစားမ်ိဳးေတြမဟုတ္ပါဘူး။ ပိုက္ဆံ ေပးမွာပါ။ ပိုက္ဆံလည္းပါပါတယ္” လို႔ေျပာရတယ္။
ကိုယ္တို႔အစုကေလး ေျခာက္ေယာက္စာအတြက္ ဆန္ဆယ့္ႏွစ္ ဗူး ခ်က္ခိုင္းတယ္။ အဘိုးႀကီးကသုံးဗူးပဲခ်က္တယ္။ ဘႀကီး . . . ဒါ ဘယ္လိုလုပ္ၿပီး ေလာက္မွာတုန္း လို႔ေျပာေတာ့ မင္းတို႔ ေအးေအး ေဆးေဆးသာ ထိုင္ေစာင့္ၾကည့္ေနပါကြာလို႔ သူကဆိုတယ္။ ဒါနဲ႔ ထမင္းက်က္ေတာ့ စားၾကတာ သုံးဗူးထမင္းကို ကိုယ္တို႔ ေျခာက္ ေယာက္ စားလို႔မကုန္နိုင္ဘူး။ လမ္းမွာရက္ေပါင္းမ်ားစြာ ငတ္ျပတ္လာ လို႔ အူက်ဥ္းသြားတာ။ ဆုတ္စစ္ခ်ီခဲ့ရတဲ့စုစုေပါင္း (၅၉) ရက္မွာ ကနဦး ရက္ေပါင္း(၃၀)ပဲ ကိုယ္တို႔မွာဆန္ရွိတယ္။ က်န္တဲ့ (၂၉)ရက္ကေတာ့ ဆန္လည္းမရွိ ဘာစားစရာမွမပါဘဲနဲ႔ ဒီအတိုင္းခ်ီတက္သြားရတာ။ လမ္းမွာေတြ႕တဲ့ အသီးအရြက္ေတြ ခူးစားတန္ခူးစား၊ ငွက္ေပ်ာအူ ဝါး တန္ဝါးၿပီး အငတ္ငတ္ အျပတ္ျပတ္နဲ႔ ခ်ီလာခဲ့ရတာ။
ကိုယ္တို႔မစားနိုင္တာေတြ႕ေတာ့ အဘိုႀကီးက တဝါးဝါးနဲ႔ ရယ္ ပါေလရဲ့။ ငါသိတာေပါ့ကြ၊ မင္းတို႔မစားနိုင္ဘူးဆိုတာ၊ မင္းတို႔ ပုံပန္း သ႑ာန္ၾကည့္လိုက္တာနဲ႔သိတယ္၊ စစ္နိုင္လို႔ ေပ်ာ္ပြဲစားထြက္ လာတဲ့ ပုံမွ မေပါက္တာကြာ။ ကိုယ့္အသက္ကို ဖက္နဲ႔ထုပ္ၿပီး ေခြးေျပးဝက္ေျပး ေျပးလာခဲ့ရတဲ့ပုံပဲလို႔ သူကရီရီ ေမာေမာနဲ႔ေျပာတယ္။
ၿပီးေတာ့အဘိုးႀကီးက ကိုယ္တို႔အတြက္ ၾကက္တစ္ေကာင္ သတ္တယ္။ ဆန္ျပဳတ္အိုးႀကီး တစ္အိုးတည္တယ္။ ဒီတစ္ရက္ ႏွစ္ရက္ ေတာ့ မင္းတို႔ဆန္ျပဳတ္ပဲစား လို႔အႀကံေပးတယ္။ ေနာက္မွ ထမင္းျဖဴနဲ႔ အစားေကာင္းေကာင္းကို မင္းတို႔ႀကိဳက္သေလာက္စားေတာ့လို႔ အႀကံ ျပဳတယ္။
တိုက္ပြဲရႈံးရေလာက္ေအာင္၊ အရာရွိက်ဆုံးရေလာင္ေအာင္ ကင္းတာဝန္ပ်က္ကြက္ခဲ့တဲ့ ေမာင္ေစာယဥ္နဲ႔ ထြန္းေအာင္ေက်ာ္တို႔ကို ပါတီက ခုံ႐ုံးဖြဲ႕ၿပီးစစ္ေဆးတယ္။ ေသဒဏ္ေပးတယ္။ ဒါေပမဲ့ အယူခံ တင္တဲ့ အခါက်ေတာ့ မိမိတို႔ရဲ့ အမွားအတြက္ ျပန္လည္ ေပးဆပ္တဲ့ အေနနဲ႔ ျပည္တြင္းျပန္လည္ထိုးေဖာက္ေရး အလုပ္တာဝန္ တစ္ခုကို ေက်ႁပြန္ေအာင္ထမ္းေဆာင္ပါ့မယ္ဆိုၿပီးတင္ျပေတာ့ ခုံ႐ုံးက ျပန္ စဥ္းစားၿပီး ေသဒဏ္ကလႊတ္ေပးလိုက္တယ္။ အဲသည္အလုပ္ကို သူတို႔ သြားလုပ္တာလည္းမေအာင္ျမင္ပဲ ျပန္ေျပးလာရတယ္။ သူတို႔လည္း ပါတီကို ျပန္မလာရဲတာနဲ႔ ေတာႀကိဳအုံၾကား တစ္ေနရာရာမွာ လၽွို႔လၽွို႔ ဝွက္ဝွက္နဲ႔ ေတာင္ယာထြန္ယက္စားေသာက္ေနခဲ့ၾကတယ္လို႔ သိရ တာပဲ။
ရဲနီေက်ာ္ဇံရႊီဟာ ၁၉၈၀ ျပည့္ႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔မွာ ေပါက္ေတာၿမိဳ႕နယ္မွာ အလင္းဝင္တယ္။ ကိုယ္က ၁၉၈၆ခုႏွစ္ ေဖာ္ဝါရီ လ (၁၂)ရက္ေန႔မွာ အလင္းဝင္တယ္။ ထိုနည္းတူစြာ ကိုယ္နဲ႔ေခတ္ၿပိဳင္ လုပ္ေဖာ္ကိုင္ဖက္ေတြလည္း ပါတီရဲ့အက်ပိုင္းမွာ တစ္စစီၾကဲျပန႔္သြား ကုန္တယ္။
ရဲေဘာ္ေရႊမိုးေအာင္ဟာ သူရဲ့ကာဘိုင္ေသနတ္ရယ္၊ ၿပီးေတာ့ ပါတီနဲ႔သက္ဆိုင္တဲ့ စာရြက္စာတမ္းေတြအားလုံးရယ္နဲ႔အတူ စာတို တစ္ေစာင္ေရးထားခဲ့ၿပီးသကာလ ငပလီမွာ ပါတီကို စြန႔္ခြာသြားတယ္။
“ငါ၏အလံနီစိတ္ဓါတ္သည္ ငပလီဆားငန္ေရနဲ႔ထိေတြ႕ၿပီး သံေခ်းတက္သြားတဲ့အတြက္ ေတာ္လွန္ေရးမွာ ငါဆက္လက္ပါဝင္နိုင္ စြမ္း မရွိေတာ့ပါ” လို႔ သူရဲ့စာက ဆိုတယ္။
ရဲေဘာ္စံလွိုင္ကေတာ့ သံတြဲေတာင္ကုတ္မွာပဲ က်င္လည္ရင္း အရက္ကို မနားတမ္း နင္းကန္ေသာက္ေနခဲ့တယ္လို႔ဆိုပါတယ္။ ေဆး တကၠသိုလ္တက္ၿပီးမွ ေတာခိုခဲ့တဲ့၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာ ရဲနီေက်ာ္ဇံရႊီေဘးကထိုင္ခဲ့တဲ့ ရဲေဘာ္စံလွိုင္ဟာ ေတာင္ကုတ္သံတြဲ တစ္ေနရာရာက ေက်းရြာတစ္ရြာမွာ ယစ္ထုပ္ႀကီးဘ၀နဲ႔ မိမိရဲ့အသည္း၊ ႏွလုံး၊ ဦးေႏွာက္ေတြအကုန္လုံးကို အရက္နဲ႔စိမ္လ်က္ နစ္မြန္းေနစဥ္မွာ စစ္တပ္ရဲ့ ပစ္ခတ္ဖမ္းဆီးျခင္းကိုခံရတယ္။
ေျပာက္က်ားတစ္ေယာက္ေရာက္ေနတယ္လို႔ သတင္းရတဲ့ နယ္ေျမခံ စစ္တပ္ဟာ သူတည္းေနတဲ့ အိမ္ကို ဝိုင္းတယ္။ ရဲေဘာ္စံလွိုင္ ဆင္းေျပးတယ္။ စစ္သားေတြက လွမ္းပစ္ေတာ့ ေပါင္မွာထိၿပီး ဆက္ မေျပးနိုင္ေတာ့ဘူး။ ေပါင္ကဒဏ္ရာနဲ႔လဲေနတဲ့သူ႔ကိုျမင္ေတာ့မွ အၾကပ္တစ္ေယာက္က သူဘယ္သူဘယ္ဝါမွန္းမွတ္မိသြားတယ္ လို႔ ဆိုတယ္။ “ေဟ့ ေဟ့ ပစ္မသတ္နဲ႔။ အဲဒါ ဗိုလ္မႉးရဲ့ညီ” လို႔ စစ္သား ေတြကို လွမ္းတားတယ္လို႔ ဆိုတယ္။ရဲေဘာ္စံလွိုင္ရဲ့ အစ္ကိုအရင္းက တပ္မေတာ္က ဗိုလ္မႉးတစ္ေယာက္ပဲ။ ဒါနဲ႔ တပ္မေတာ္ရဲေဘာ္ေတြက သူ႔ဒဏ္ရာကို ပတ္တီးေလးဘာေလးစည္းေပးတယ္။ ထမ္းစင္ေပၚ တင္ၿပီး ေဆး႐ုံပို႔ရတယ္လို႔ဆိုတယ္။ ေတာကေနေဆး႐ုံကို သြားတဲ့ လမ္းတစ္ေလၽွာက္ အရက္ပဲဝယ္ဝယ္ခိုင္းၿပီး ႂကြက္တြင္းေရထည့္သလို ေသာက္လာတယ္လို႔ စစ္သားေလးေတြက ကိုယ့္ကိုေျပာျပၾကတယ္။ အဖမ္းခံရတဲ့အတြက္ ရဲေဘာ္စံလွိုင္ဟာ အလင္းဝင္လိုက္ရတယ္။ ေနာက္ပိုင္းမွာ သူ႔အစ္ကိုဗိုလ္မႉးက သူ႔ကို ရခိုင္နဲ႔ေဝးရာ ရွမ္းျပည္ ဘက္ကို ပို႔လိုက္တယ္ဆိုလား ဘာလား ေျပာသံၾကားလိုက္တယ္။
ေက်ာ္ေဇာဦး ေမးျမန္းေရးသားသည္။
(ရကပလက္ေဟာင္း ရဲနီစံေရႊေမာင္ အပုိင္း-ကိုး အား ဆက္လက္ဖတ္ရႈပါရန္။)
==========
[ Unicode here ]
ရကပလက်ဟောင်း ရဲနီစံရွှေမောင် အပိုင်း (၈)
ရခိုင်ထဲမှာ ကိုယ်တို့လှုပ်ရှားခဲ့တဲ့ ကာလတွေအတွင်း အား အကောင်းဆုံးအချိန်မှာ လူအင်အား(၁၆၀)ခန့်အထိရှိခဲ့တယ်။
သူပုန်ပေမယ့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း ကိုယ်တို့ လုပ်ခဲ့တယ်ဆိုတာ ငြင်းလို့မရနိုင်ဘူး။ ဥပမာအားဖြင့် နယ်မြေအတွင်းက လယ်သမားတွေအတွက်ဆည်တာတမံတွေ ကိုယ်တို့ပါတီက တည်ဆောက် ပေးတယ်။ ချောင်းတွေကို ဆည်ပြီး တမံတုတ်ပေးတယ်။ ချောင်းတွေကို ဆည်လိုက်ခြင်းအားဖြင့် စိုက်ခင်းတွေအတွက် ရေချိုပေါလျှံစွာ ရရှိတယ်။ရေငံတွေပြန်မဝင်တော့ဘူး။ ရေချိုငါးပုဇွန်တွေကို ဖမ်းလို့ရတာလည်း အလျှံ ပယ်ပဲ။
ချောင်းတစ်ချောင်းကို ဆည်ပြီးတာနဲ့ တစ်ပြိုင်နက် ချောင်းထဲက ငါးတွေကိုဖမ်းဆီးရောင်းချခွင့် လေလံပစ်တယ်။ ဒါတွေအားလုံးကို ပါတီက စီစဉ်ပေးတာမှန်ပေမယ့် ပါတီရံပုံငွေအတွက် မဟုတ်ဘူး။ သက်ဆိုင်ရာ ကျေးရွာကပဲ လေလံရောင်းချငွေကိုရရှိတယ်။
ခေတ်မီ စက်ပစ္စည်းကိရိယာတွေ မရှိပေမယ့် လက်တွေ့အဖြစ် နိုင်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေပြီး ကိုယ်တို့ တမံဆည်ခဲ့ တယ်။ ရေစီးသန်တဲ့ ချောင်းတွေကို မြေဖို့မပိတ်ခင်မှာ ဝါးမျက်ကွင်း (တစ် ချောင်းယက် လေးထောင့်ကွက်ဝါးထရံအကျဲ)တွေကို ချောင်းကန့်လန့်ဖြတ် တောက်လျှောက်ချတယ်။ အဲသည်ဝါးမျက်ကွင်းတွေရဲ့ ရေညာဘက်ကကပ် ပြီးတော့ မြေစာတွေသွန်ထည့်တယ်။ မြေစာအလွှာတွေကြားထဲမှာ သစ်ပင် အကိုင်းအရွက်တွေကို သွန်ထည့်ပေးတယ်။ သည်နည်းအားဖြင့် မြေစာတွေ မျောပါမသွားတော့ပဲ မြေသားနံရံတွေမြင့်လာအောင် ဖို့သွားတယ်။ (ဒီဆည်တမံတွေကို ဘယ်သူဆည်တာလဲလို့ အစိုးရတပ်တွေရောက်ခိုက်မှာ မေးကြရင် ရကပပါတီက ဆည်ပေးတာပါလို့ ရွာသားတွေက ဖြေကြသတဲ့။ သူတို့မှာ အင်ဂျင်နီယာပါသလားလို့မေးရင် ကျွန်တော်တို့တော့ အသေအချာ မသိပါ။ ဒါပေမဲ့ မျက်မှန်တပ်ထားတဲ့ လူတစ်ယောက်က ဦးဆောင်ညွှန်ကြား ပြီး လုပ်ကြတာတော့တွေ့ပါတယ်လို့ ဖြေကြသတဲ့။ ကိုယ့်ကို ရည်ညွှန်းပြီး ပြောကြတာပေါ့။)
ငပလီမှာကျင်းပတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ် အရ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ဆွေးနွေးဖို့ အလံနီပါတီရဲ့ကိုယ်စား သခင်းစိုး လာသလို ရကပရဲ့ကိုယ်စား ရဲနီကျော်ဇံရွှီလာတယ်။ ကိုယ်တို့ ရကပ ဟာ အလံနီပါတီကနေ ခွဲထွက်သွားတဲ့ပါတီဖြစ်ပြီး သခင်စိုးနဲ့ရဲနီကျော်ဇံရွှီတို့ဟာ ဆရာဟောင်း တပည့်ဟောင်းတွေဖြစ်ကြတယ်။
သူတို့နှစ်ယောက်ဟာ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ ဆွေးနွေးခဲ့ကြတယ်။ ကိုယ်တို့ရဲ့ ရဲနီကျော်ဇံရွှီကတော့ “ရခိုင်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ရေး” ကိုတောင်းဆိုတယ်။ အဲသည် သမ္မတနိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်ရမယ်ပေါ့။
အစိုးရနဲ့ဆွေးနွေးကြတာတွေအပြင် သခင်စိုးနဲ့ရဲနီကျော်ဇံရွှီတို့ဟာ သူတို့နှစ်ယောက်တည်း သီးခြားဆွေးနွေးပွဲလုပ်ခဲ့ကြတယ်။ အဲသည် ဆွေးနွေးပွဲမှာ ရဲနီကျော်ဇံရွှီဘက်က မှတ်တမ်းတင်သူအဖြစ် တက်ရောက် ခဲ့တာကတော့ ကိုယ်တို့ရဲ့ ရဲဘော်စံလှိုင်ပဲဖြစ်တယ်။
ငပလီဆွေးနွေးပွဲက ပြန်လာတော့ ကိုစံလှိုင်ဟာ ကိုယ်တို့ဆီကို ကသောကမျောနဲ့လာပြောတယ်။ “ငါ့လူတို့ . . . သွားပြီ။ ကုန်ပြီဗျ။ ကိုယ်တို့အဘိုးကြီးနဲ့တော့ မဖြစ်ချေတော့ဘူး” တဲ့။
ဘာဖြစ်လို့လဲလို့ ဝိုင်းမေးကြတော့ “သခင်စိုးနဲ့ ရဲနီကျော်ဇံရွှီတို့ ဆွေးနွေးကြတော့ ကိုယ်တို့ ဦးကျော်ဇံရွှီက ဘာကတိပေးခဲ့သလဲ သိလား။ကိုယ်တို့ပါတီကို အလံနီပါတီနဲ့ အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားပါ့မယ် . . . ဆိုပဲဗျ။ ကျုပ်တို့တော့ ဒီလူကြီးနဲ့ ဆက်ပြီးလက်တွဲဖို့ မလွယ်ဘူးဗျ။”
ဖြစ်ရတာက . . . လူငယ်တွေက သီးခြားရပ်တည်ချင်တယ်။ ဒါပေမဲ့ ရဲနီကျော်ဇံရွှီက သူ့ရဲ့ငယ်ဆရာသခင်စိုးရဲ့ဩဇာကို မပယ်ရှားနိုင် ဘူး။ မပယ်ရှားရဲဘူး ဖြစ်နေတာ။
“ဆရာကြီး ခင်ဗျ၊ ဒီကလေးတွေကငယ်သေးတော့ အရမ်း တက်ကြွပြီး အဆင်အခြင်နည်းသေးတဲ့အရွယ်မို့လို့ လုပ်ချင်ရာလုပ် မိကြတာပါ။ နှစ်ပါတီပြန်ပေါင်းနိုင်အောင်ကြိုးစားပါ့မယ်” လို့ပြောခဲ့ တယ်ဆိုပဲ။ အဲသည်မှာတင် ရဲနီကျော်ဇံရွှီနဲ့ ကိုယ်တို့လူငယ်အုပ်အစု ကွဲကြပြဲကြဖို့ စပြီးအက်ကြောင်းထင်လာတော့တာပါပဲ။
သခင်စိုးက ကွန်မြူနစ်ဝါဒကိုထုံးလိုချေ ရေလိုနှောက်ထား တဲ့သူ။ လိုရင်လိုသလို မလိုရင်မလိုသလို ကွန်မြူနစ်အတွေးအခေါ် တွေကိုပဲ ဆေးစက်ကျရာအရုပ်ထင်အောင်ပြောနိုင်တဲ့သူ၊ ပြောတတ်တဲ့ သူ၊ ရဲနီကျော်ဇံရွှီက သခင်စိုးပြောသမျှကိုနားထောင်ပြီး ဓါတ်ကျတတ် တဲ့သူ။
တစ်ခါကလည်း ကြည့် . . . ။
သခင်စိုးက “အမျိုးသမီးလွတ်မြောက်ရေး” ဆိုတဲ့ အကြောင်း အရာကိုဘမ်းပြပြီး စာတမ်းတစ်စောင်ရေးတယ်။ လင်ရှိမယားနဲ့ မယား ရှိလင် အပြန်အလှန်ချစ်ရေးဆိုနိုင်တယ်လို့ သခင်စိုးက အဲဒီ စာတမ်းမှာ ရေးထားတယ်။ တကယ်တော့ သခင်စိုးက ရဲနီကျော်ဝင်းရဲ့ ဇနီးကို မျက်စိကျနေလေတော့ ဒီယုံမြင်လို့သည်ချုံကိုထွင်တဲ့အနေနဲ့ အဲသည် စာတမ်းကိုရေးတာ။ အဲသည်စာတမ်းကို ရဲနီကျော်ဇံရွှီက ယူလာ ပြီး ပါတီမှာလာပြတယ်။ ဒီတော့ကိုယ်ကမေးတယ်။ “ဥက္ကဌ၊ ဒီအယူဝါဒ တွေကို ပါတီထဲမှာ ကျင့်သုံးဖို့ပြောချင်တာလား” လို့မေးတော့ “မဟုတ်ပါဘူး။ မင်းတို့လေ့လာနိုင်ဖို့အတွက် ငါယူလာတာပါကွာ” လို့ လျှောချသွားတယ်။ ဒါတောင်မှ ကိုထွန်းအောင်စိန်ဆိုတဲ့လူက ဘာပြောသလဲဆိုတော့ “ချီးမှာပဲ … ဒီလိုသာဆိုရင် ငါတို့တော့ ခါးမှာ ဓားအမြဲထိုးထားပြီးသွားနေရမှာပေါ့”
ဘာကြောင့်လဲလို့မေးတော့ “ဟ… အဲသလိုမျိုးသာဆိုရင် ငါတို့ ရဲ့မိန်းမတွေကို လိုက်ပြီး ရည်စားစကားပြောနေကြတဲ့လူတွေကို ရှင်းဖို့ ဓားဆောင်ထားမှဖြစ်မှာပေါ့” တဲ့။ စသည်ဖြင့် စသည်ဖြင့် ကိုယ်တို့က ဝိုင်းဆွေးနွေးကြတော့ ဘာမှမဟုတ်ပါဘူးကွာ၊ ငါကပြရုံပဲ ယူလာတာပါ ဆိုပြီး ရဲနီကျော်ဇံရွှီက စကားလျှောချသွားတယ်။
အရှင်းလင်းဆုံးနဲ့ ဒဲ့ဒိုးအကျဆုံးပြောပြရမယ်ဆိုရင် ပညာရေး အခြေခံအားနည်းတဲ့ ရဲနီကျော်ဇံရွှီဟာ အလံနီသခင်စိုးရဲ့ သဘော တရားရေးရာ လက်ဝေခံဖြစ်တယ် လို့ပြောရမှာပဲ။ သခင်စိုးပြောတိုင်း ယောင်တတ်တယ်လို့ပြောရမှာပဲ။
နောက်ပြီးပြောလိုက်ဦးမယ်။ သမိုင်းမှာ ရှက်ဖို့ကောင်းတဲ့ ဥစ္စာ တစ်ခုကို ပြောလိုက်ဦးမယ်။ ကိုယ်တို့ ရခိုင်ပြည် ကွန်မြူနစ်ပါတီမှာ မူ ဆိုလို့ ဘာမူမှမရှိခဲ့ဘူး။ ဘာပန်းတိုင်မှမရှိခဲ့ဘူး။ ဒီစကားဟာ မှန်သော စကားဖြစ်တယ်။
ဦးဇယန္တဗောဓိ (ရပကခေါင်းဆောင်ဟောင်း၊ စာရေးဆရာ ပန်းအောင်) ပြောတဲ့စကားအတိုင်းပြောရမယ်ဆိုရင် ၁၉၆၇ခု ငါတို့ ရဲနီ ကျော်ဇံရွှီနဲ့ စကွဲတဲ့အချိန်မှကျမှ အမျိုးသားရေးဝါဒကို ကောင်းမွန် ရှင်းလင်း ပြတ်သားစွာချမှတ်လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်ဆိုတာ အမှန်ပဲ။
ရဲနီကျော်ဇံရွှီနဲ့ကိုယ်တို့အုပ်စု ကွဲကြပြဲကြတော့ ကိုယ်တို့ဘက် မှာ သေနတ်(၁၁)လက်ပဲပါလာခဲ့တယ်။ ဒီတော့ ဖဒူကျွန်းမှာရောက်နေ တဲ့ လက်နက်တွေကို ကိုယ်တို့က အကုန်သိမ်းလိုက်တယ်။ ဒီတော့ ရဲနီကျော်ဇံရွှီက လုထုစည်းဝေးပွဲတစ်ခုခြိမ့်ခြိမ့်သဲကျင်းပပြီးတော့ ကိုယ် တို့ဆီက လက်နက်တွေကို ပြန်တောင်းတယ်။ ကိုယ်တို့ကို ရှုတ်ချတယ်။ ဒီတော့ ကိုယ်တို့လည်း ချောင်ပိတ်ခံရပြီး၊ ဖဒူကျွန်းကသိမ်းလာတဲ့ လက်နက် တွေကို အကုန်ပြန်ပေးလိုက်ရတယ်။ ဒါနဲ့ နဂိုအတိုင်း လက်နက်(၁၁)လက် နဲ့ပဲ ပြန်စရတာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့လည်းအားမကျမခံ ဒီလိုကြေငြာ တယ်။ ကျူးဘားတော်လှန်ရေးဟာလည်း လက်နက်(၁၁)လက်တည်းနဲ့ စခဲ့တာပဲ။ အခု ငါတို့လည်းလက်နက်(၁၁)လက်နဲ့စတယ်။ ငါတို့ရဲ့ တော်လှန်ရေး လည်း ပဲ ကျူးဘားတော်လှန်ရေးလို အောင်မြင်ရမှာပဲ . . . လို့။
အဲသလို လက်နက်အခက်အခဲတွေကြောင့် လက်နက်ရှာဖွေ ရေး ခရီးစဉ်တွေကို အခေါက်ခေါက်အခါခါ ကိုယ်သွားခဲ့ရတာပဲ။
ပြည်တွင်းမှာတော့ ကိုယ်တို့ဟာ များသောအားဖြင့် ကျောက် တော်၊ မြေပုံ၊ မင်းပြားနယ်တွေမှာလှုပ်ရှားခဲ့တယ်။ တော်တော် အသေ အကြေတိုက်ရတဲ့ တိုက်ပွဲမျိုးက နှစ်ပွဲလောက်ပဲ ပြည်တွင်းမှာ ကြုံဖူး တယ်လို့ဆိုရမယ် ထင်ပါတယ်။ တစ်ပွဲကတော့ ပြည်သူ့စစ်တွေနဲ့ တိုက် ရတာ။ ပြည်သူ့စစ်တွေ တော်တော်များများကျဆုံးကုန်တယ်။ နောက် တစ်ပွဲကတော့ လယ်ထွန်စက်စခန်းတစ်ခုကို ကိုယ်တို့ဝင်စီးတာ။ဟို ဘက်က အကျအဆုံးများတယ်။ ကိုယ်တို့ဘက်က အကျအဆုံးနည်းတယ်။
ဒါပေမဲ့ ကိုယ်တို့က အမြဲတမ်းတပ်မတော်မဟုတ်ပဲ ပြောက် ကျားတပ်ဆိုတော့ များသောအားဖြင့် အစိုးရတပ်နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်နေရတာပါပဲ။
တစ်ခါက ဘူးသီးတောင်မြို့နယ် ရက်ချောင်းကျေးရွာဘက်က ဘုရားပွဲတစ်ခုကို သွားရင်း လူကြီးတစ်ယောက်က ကိုယ့်ကို တော စပ်ဘက် လက်တို့ခေါ်သွားပြီး သတင်းပေးတယ်။ ဒီလကုန်ရင် မင်းကို အရဖမ်းမယ်၊ မင်းတို့အုပ်စုကိုလည်း အပြုတ်ချမယ်ဆိုပြီး ဒေသခံလမ်းစဉ်ပါတီ အစည်း အဝေးမှာ ဆုံးဖြတ်ထားပြီးနေပြီ။ မင်းတို့ မပေါ့နဲ့၊ လုပ်စရာရှိတာကို လုပ် ထား . . . ဆိုပြီး ကိုယ့်ကို သတင်းပေးတယ်။
မကြာမီရက်များအတွင်းမှာပဲ စစ်အင်အားများများနဲ့ လှေနဲ့ ရိက္ခာနဲ့ အစိုးရတပ်တွေနယ်ဘက်ကိုဆင်းလာတာတွေ့တယ်။ ဒီလို အခြေအနေ မျိုးဆိုရင်တော့ ပုံမှန်ကင်းလှည့်တဲ့သဘောမဟုတ်တော့ဘူး၊ စစ်ဆင်ရေး အသေးလေးသဘောပဲဆိုပြီး ကိုယ်တို့လည်း အစည်းအဝေးချ ညှိနှိုင်းပြီး စီမံစရာရှိတာကိုစီမံရတယ်။
ဦးစွာပထမ မိုးစာလှောင်ထားတဲ့ စပါးတင်းတစ်ရာကို နေရာရွှေ့ပြီး ဝှက်ရတယ်။ ပြီးတော့ စခန်းပြောင်းရတယ်။ စခန်းအတု တစ်ခုလည်း တည်ဆောက်ရတယ်။ အဲဒါကတော့ အစိုးရတပ်ကဝင်တိုက်ပြီး သိမ်းချင်ရင် သိမ်းလို့ရအောင်လို့ . . . ။
ဒီလိုပြင်ဆင်နေရင်းနဲ့ တစ်ရက်တော့ အစိုးရတပ်နဲ့ လှမ်းမြင်ရတဲ့ တဲတစ်တဲဘက်ကို မထင်မှတ်ပဲရောက်သွားပါလေရော။ ရွာသား တစ် ယောက်က ကိုယ်တို့ကို ပြောတယ်။ ဆရာလေး ဟိုးက လှမ်းမြင်နေရတဲ့ တဲထဲမှာ စစ်သားတွေရောက်နေတယ် တဲ့။
အေး . . . သိတယ်။ သူတို့မှာလည်း သေနတ်ပါသလို ငါတို့မှာ ပါတဲ့ဟာတွေလည်း ပြောက်တံတို့လေးဂွတို့မဟုတ်ဘူးကွလို့ ဟန်ကိုယ့်ဖို့နဲ့ ပြောရတယ်။ ဒါပေမဲ့ ရန်သူစခန်းချတဲ့နေရာကို သိပြီးနောက်မှာ ကိုယ်တို့ လည်း ဝေးနိုင်သမျှဝေးတဲ့တဲတွေဆီကို တစ်တဲကနေ တစ်တဲ ပြောင်းသွား တယ်။ နောက်ဆုံး ချောင်း၀ဖက်ကိုရောက်တဲ့ အထိပေါ့။ ညနေပိုင်းကျတော့ ချောင်း၀ကတဲမှာ ကကတစ်ငါးဝယ်ချက်၊ ထမင်းချက်ပြီးတော့ စားကြ တယ်။ ပြီးတော့ ရေဒီယိုကိုအသံ ကျယ် ကျယ်ဖွင့်တယ်။ ပြီးတော့ မှောင်သွား တဲ့ အချိန်မှာ ဟိုဘက်ကမ်းကို စပြောင်းတယ်။ လူခုနစ်ယောက်ဆိုတော့ လှေနှစ်စီးခွဲပြီး ဒိုင်းဘုံကျွန်းဘက်ကိုကူးတယ်။ ဒုတိယလှေနဲ့အသင့်ဖြစ်ချိန်မှာ ရေဒီယိုကိုပိတ်ပြီး ထွက်လာခဲ့တယ်။
ဒိုင်းဘုံကျွန်းကနေ ကိုယ်တို့ဆက်ပြီးချီတက်လာတော့ ကန့်ကော် ဆိုတဲ့ ချင်းရွာကလေးကိုရောက်တယ်။ အဲသည်က ရွာသူကြီး (ကောင်စီ ဥက္ကဌ) ကိုဝင်ခေါ်တယ်။ ခင်ဗျား၊ ကျုပ်တို့နဲ့လိုက်ခဲ့တော့ လို့ ခေါ်လာတယ်။ သူက သူ့အိမ်ကိုဝင်ပြီး မှာစရာရှိတာမှာဦးမယ်တဲ့။ လုပ်မနေနဲ့၊ ဘာမှ မှာမနေ နဲ့တော့ ခင်ဗျားကို ကျွန်တော်တို့ အခုပြန်ပေးဆွဲနေတာ၊ အခုလမ်းမှာ တွေ့ တဲ့ တစ်ယောက်ယောက်ကိုပဲ တောင်ယာကိုတက်သွားတယ်လို့ပဲ မှာခဲ့တော့ လို့ပြောပြီး သူ့ကိုခေါ်လာခဲ့တယ်။
ကန့်ကော်ယာခင်းတောင်ပေါ်ကနေပြီး ရက်ချောင်း၀ အဝင် အထွက်ကိုလှမ်းမြင်နေရတယ်။ အနီးအနားမှာ တောဝက်တွေရတတ် တယ်ဆိုတော့ ကိုယ်တို့ထဲက သေနတ်ပစ်လက်ဖြောင့်တဲ့ ဗိုလ်မြဒင် ထွက်ပစ် တာ တောဝက်တစ်ကောင်ရတယ်။ ဝက်တစ်ကောင်လုံးလိုလို ကို ရွာသား တွေကို ပေးလိုက်တယ်။ ဝက်သားချက်တဲ့ လူက ချက်တယ်။ ကင်းထောက် တဲ့သူက ကင်းထောက်တယ်။ ရွာသားတွေက အသားပေါ်ရလို့ ဝမ်းသာနေ ကြတယ်။ အသားအများစုကိုတော့ ရွာသားတွေကို ပေးလိုက်တာပါပဲ။ လမ်းခရီးမှာစားဖို့အတွက် တံစို့ထိုးကင်ပြီး နည်းနည်းပါးပါး ကိုယ်တို့ ယူသွားတယ်။ အဲသည်ကန့်ကော်ရွာတောင်မှာ သုံးရက်ကြာတယ်။ ထပ်ပြီး ဒီမှာကြာရှည်နေဖို့ မသင့်တော်ဘူးဆိုပြီး သုံးရက်မြောက်နေ့ နေဝင်ရီတရော မှာ ကိုယ်တို့ခရီးထပ်ဆက်တယ်။ကန့်ကော်ရွာကနေ အောက်ဖက်ကို ဆင်းသွားတော့ ရီရှင်ဆိုတဲ့ရွာကို ရောက်တယ်။ ငါတို့ဟိုဘက်ကမ်းကူးမလို့ လှေရှာပေးဆိုပြီး ရွာသားတွေကိုပြောတယ်။ ရွာသားတွေက မေးတယ်။ ဂိုးဂိုတို့(အစ်ကိုတို့) ဘယ်မှာ အိပ်မှာလဲတဲ့။ ငါတို့ဟိုဘက်ကမ်းမှာ ယိုးချောင်းသားတဲကို သွားမှာ၊ ငါတို့အဲဒီမှာပဲအိပ်မှာလို့ ပြောခဲ့တယ်။ ရီရှင်ရွာသားတွေ လှေနဲ့လိုက်ပို့လို့ ယိုးချောင်းသားတဲကိုရောက်တယ်။ အဲသည်တဲမှာ ယိုးချောင်းသား အဘိုးကြီးက ထန်းလျက်နဲ့ ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ အဘိုးကြီးက အိပ်ပါလို့ လောကွတ်ပြုပေမယ့် မအိပ်နိုင်ပဲ ဆက်လက်ချီတက်ကြတယ်။
ဆလိမ်တော တစ်တောကိုဖောက်ထွက်တယ်။ ဆလိမ်တောရဲ့ အဆုံးမှာ ကျွန်းရဲ့ဟိုဘက်ကမ်းက ကတို့ဆိပ်ကိုတွေ့တယ်။ အဲသည် ကတို့ ဆိပ်ရဲ့မျက်နှာချင်းဆိုင်မှာက မိုးထိနတ်တောင်ကျွန်းရှိနေတယ်။ လိုက်ပို့တဲ့ လူက ကိုယ်တို့ကို ဘယ်ဆက်သွားမလဲလို့ မေးတယ်။ ငါတို့ ကွန်းချောင်း ကျွန်းကိုသွားမယ်လို့ ပြောထားခဲ့တယ်။
မိုးထိနတ်တောင်ကျွန်းဆီကို ကိုယ်တို့ကူးတယ်။ မိုးထိနတ် တောင်ကို တက်ကြတယ်။ ပြီးတော့ မိုးထိနတ်တောင်ရွာထဲကို ဝင်ကြ တယ်။ အဲသည်ရွာမှာ ရွာအိပ်ရွာစားနေတဲ့ ကိုယ်တို့ပါတီဝင် သုံးယောက်ရှိ တယ်။ အဲသည် သုံးယောက်လည်း စစ်တပ်လာတဲ့သတင်း ကြားလို့ ပြေး ကုန်ပြီ။ ပါတီဝင်တွေကို ဘာမှာဦးမလဲလို့ ရွာသားတွေကမေးပေမယ့် ဘာမှအထွေအထူးမပြောခဲ့ပဲ ရွာပြင်ထွက်ပြီး တဲတစ်တဲမှာ သွားနေကြ တယ်။ အဲသည်တောင်ပေါ်ကနေပြီး ရက်ချောင်း၀ကိုစောင့်ကြည့်လိုက်၊ ကင်းထွက်ထောက်လိုက်နဲ့ သုံးလေးငါးရက် ဆိုသလိုနေတယ်။ ဒီနယ်မြေ အတွင်းမှာ ဘာတိုက်ပွဲဖြစ်သံမှ မကြားရဘူး။ ဒီတော့ ဘာပဲပြောပြော တခြား တပ်စုက ကိုယ့်လူတွေအတွက် နည်းနည်း စိတ်အေးသွားတယ်။ ဒါပေမဲ့ ဒီလောက်အထိ ပြောက်ကျားလုံး၀မတွေ့ပဲ ပျောက်နေလို့ ရန်သူက ဓားစာခံ ရှာရင် အူတူတူအတတ ကျေးတောသားတွေခံနေရမှာလည်း စိုးရတယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်တို့တပ်စု တစ်နေရာရာမှာ အထွက်ပြပြီး နည်းနည်းပါးပါး တိုက်ပြရအောင် ဆိုပြီး တိုင်ပင်ကြတယ်။
ဒီတော့ စစ်ကိုင်းကျွန်းဘက်မှာ အထွက်ပြမယ်လို့ ဆုံးဖြတ်ကြ တယ်။ စစ်ကိုင်းကျွန်းဘက် ကိုရောက်တော့ အဆီပြည့်ဥပြည့် တော်သလင်း ကဏန်းတွေရကြလို့ စားကောင်းကောင်းနဲ့ တွယ်လိုက်တာ ကိုယ်ဝမ်းလျှော ပါလေရော။ ဒီတော့ ကိုယ့်လက်ထောက် ဗိုလ်မြဒင်ကပြောတယ်။ အစ်ကို့ ဆီက အရေးကြီးတဲ့စာရွက်စာတမ်းတွေကို ကျွန်တော့်ကို ပေးထား၊ အစ်ကို ပစ္စတိုတစ်လက်ပဲယူထား၊ တိုက်ပွဲဖြစ်လို့ ပြေးရရင် ကျွန်တော်နဲ့ လမ်းမတူ အောင်လမ်းခွဲပြီးပြေးပါ. . . လို့သူက အစီအစဉ်ချတယ်။ စုရပ်ကတော့ ပြိုင်းတောင်ကျော်လမ်းမှာ အစ်ကိုတို့ ကျွန်တော်တို့ သိတဲ့နေရာမှာ ပြန်ဆုံ ကြမယ်တဲ့။ တိုက်ပွဲဖြစ်ရင် ရန်သူကို သူကမျှားပြီး ဆွဲထုတ်ယူသွားမယ် ဆိုတဲ့ သဘော။
ဒါပေမဲ့ ရန်သူနဲ့ လမ်းမှာမတွေ့ဘူး။ ဆက်ချီတက်ကြတော့ တဲ တစ်တဲကို ရောက်ကြပြန်တယ်။ ကိုယ်ဆေးပြင်းတွေသောက်လိုက် အနားယူလိုက်နဲ့ သက်သာပြီးနာလံပြန်ထူလာတယ်။ ကိုယ်တို့ရောက် နေတာက ရက်ချောင်းဖျားက မိကျောင်းတက်ဆိုတဲ့ရွာ။ အဲသည်ရွာမှာ အစိုးရတပ်ရောက်နေတယ်ဆိုတာကိုသိရတာနဲ့ သူတို့ ဘယ်နေရာမှာ ကင်းပုန်းချထားနိုင်သလဲမှန်းကြတယ်။ ဖြစ်နိုင်တာက တောင်ပေါ်က ညောင်ပင်အောက်မှာ ကင်းပုန်းချထားတာဖြစ်နိုင်တယ်လို့ တွေးမိကြတယ်။
ရန်သူတွေဘယ်အချိန်လောက်ထွက်လာကြမယ်လို့ မင်းထင် သလဲလို့ ဗိုလ်မြဒင်ကိုမေးတော့ ဒီကောင်တွေ လထွက်ချိန်လောက်ကျရင် ထွက်လာလောက်တယ်လို့ ဗိုလ်မြဒင်ကဖြေတယ်။ အဲသလိုဆိုရင် ငါတို့ လမထွက်ခင် သူတို့ဆီသွားတိုက်ကြရအောင်ဆိုတော့ ဗိုလ်မြဒင်ကကြိုက် တယ်။ သဘောတူတယ်။
လမထွက်ခင်မှာ ကိုယ်တို့က သူတို့ဆီကို အရောက်သွားပြီး မနီး မဝေးက စောင့်နေတယ်။ လမထွက်ခင်ထွက်ခင်လေးမှာ သူတို့တပ်စု ထွက် လာတာနဲ့ ကိုယ်တို့ပစ်ကြတော့တာပဲ။ ကိုယ်တို့လူခုနှစ်ယောက်က တစ်ယောက်ကျည်လေးငါးတောင့်လောက်ပစ်လိုက်တယ်။ ရန်သူ နှစ် ယောက် ဒဏ်ရာရတယ်။ တစ်ယောက်ကပေါင်မှာ ဒဏ်ရာရတယ်။ အဲသလိုပစ်ပြီးတာနဲ့ ကိုယ်တို့လည်းဆုတ်တယ်။ သူတို့လည်း အကာ အကွယ်ယူပြီး ကျန်ခဲ့တယ်။
ဒီလိုမျိုး တိုက်ပွဲသုံးပွဲလောက် ကိုယ်တို့နဲ့ ရန်သူနဲ့ကြားမှာ တိုက်ကြတယ်။ ကိုယ်တို့ဘက်ကအကျအဆုံးမရှိပေမဲ့ ရန်သူတစ်ယောက် တောင်ပေါ်ကလိမ့်အကျမှာ ဝါးချွန်စူးလို့ မြို့ဆေးရုံကို ပို့ရတယ်။ နောက် ရန်သူတစ်ယောက်က မြွေကိုက်လို့သေတယ်။ မြွေကိုက်ရတဲ့အကြောင်းက ရန်သူလည်း ကိုယ်တို့လိုပဲ တောထဲမှာ ဖိနပ်စီးသွားဖို့ရာ အခွင့်မသာဘူး။ ဖိနပ်စီးသွားရင် မိမိရောက်နေမှန်း ကိုယ့်ရန်သူက သိသွားမှာစိုးလို့။ ခြေနဲ့ဖဝါးနဲ့သွားမှ ခြေရာက ရွာသားခြေရာလား၊ ပြောက်ကျားခြေရာလား၊ စစ်သားခြေရာလားဆိုတာကို ခွဲခြားလို့မရတော့ဘူး။ ဒီတော့ ဒီလို ခြေနဲ့ ဖဝါးနဲ့သွားရတဲ့အတွက် ပိုးထိလို့သေတာ။
ရန်သူတွေက ကိုဖိုးညိုလို့ခေါ်တဲ့ လမ်းပြတစ်ယောက်ကို ခေါ် သုံးပြီး တောနင်းတာလေ။ ကိုဖိုးညိုက အလင်းဝင် ဗကပဟောင်း။ ကိုယ် တို့ကို တောထဲမှာရှာလို့မတွေ့ရင် ရန်သူ့တပ်စုခေါင်းဆောင်က သူ့ကို မာန် တတ်တယ်။ “ကိုဖိုးညို…ဘယ်မလဲဗျ။ ခင်ဗျားအလံနီတွေ” လို့မေးရင် ကိုဖိုးညိုက မကြံတတ်ဖြစ်ပြီး ဖြေရှင်းချက်ပေးရတယ်။ (ကိုယ်တို့က အလံနီ ကခွဲထွက်လာပြီးဖြစ်ပေမယ့် အလံနီအနွယ်တွေမို့လို့ ရန်သူက ကိုယ်တို့ ကိုအလံနီလို့ပဲခေါ်တယ်။) “အလံနီဆိုတာ ရွာအိပ်ရွာစားမနေတတ်ကြ ပါဘူး။ တောထဲမှာပဲ ခိုအောင်းနေတတ်ကြတာ။ တောကျွမ်းတယ်၊ ဖက်ရွက် ကလေးတစ်ရွက်အောက်မှာတောင် ခိုအိပ်လို့နေနိုင်တဲ့ တောကြက်လိုလူမျိုး တွေပါ ဗိုလ်ကြီး” လို့ဖြေရှင်းတတ်တယ်လို့ ဆိုတယ်။
တိုက်ပွဲသုံးပွဲစလုံးမှာ ရန်သူဘက်က အထိနာတယ်။ ရန်သူ တစ် ယောက် ထပ်ကျတယ်။ ဒီလိုနဲ့ ကိုယ်တို့ကိုရန်သူကလည်း နောက်က ဖိမလိုက်ရဲတော့ဘူး။ ကိုယ်တို့လည်း သူတို့နဲ့သိပ်မဝေးတဲ့ တောထဲ တောင်ထဲမှာနေပြီး သူတို့ကိုလှမ်းအကဲခတ်နေတဲ့အခါနေတယ်။ တောနက် ပိုင်းက ကိုယ်တို့စခန်းထဲကိုဝင်နေတဲ့အခါလည်း ဝင်တာပေါ့။
မိုးရာသီကာလမှာ တောနက်ထဲကိုဝင်လေ ချောင်းဖျားမှာ ငါးပေါ လေဆိုတော့ ငါးတွေကမစားချင်အဆုံး။ ကျောက်ကဏန်းတွေက အဆီ အပြည့်နဲ့ ပေါမှပေါ။ တချို့တပ်သားတွေကတောင် ပြောတယ်။ ဒီလိုအမြဲ တောနက်ထဲမှာ ဝင်နေရရင်ကောင်းမှာပဲ တဲ့။ ငါး ကောင်းကောင်းစားရလို့ တဲ့။
ဒါပေမဲ့ ဒီလိုနေရင်းနေရင်း တပ်သားအချို့က အသံပေးပါလေ ရော။ ငါးချည်းပဲစားနေရတာ အီလှပြီတဲ့၊ အပြောင်းအလဲအနေနဲ့ ဟင်း သီးဟင်းရွက်လေး ဘာလေးကို ငရုတ်သီးထောင်းနဲ့ စားချင်လိုက်တာ တဲ့။ ကိုယ်ကလည်းဒီအကြံကို သဘောကျတာနဲ့ ဟင်းရှာထွက်ခဲ့ကြတယ်။ အဲဒီနေ့က ညနေစာကို လေးနာရီလောက်မှာ စားပြီး ထွက်ခဲ့ကြတယ်။ ချောင်း၀ကိုရောက်တော့ ယိုးချောင်းသား နောက်တစ်ယောက်ရဲ့ တဲတစ်တဲကို တွေ့ပြန်တယ်။ အစ်ကိုတို့ ဘယ်သွားမှာလဲဗျ ဆိုတော့ . . . ငါတို့ ဟင်းသီး ဟင်းရွက်တွေ သွားခူးမှာ လို့ . . . ။
ဖြစ်ပါ့မလား အစ်ကိုတို့ရ။ စစ်တပ်ရှိတယ်ဗျ။
အာ . . . ဖြစ်ပါတယ်ကွာ။ ငါတို့လုပ်ရင် မဖြစ်တာမရှိဘူး ဆိုပြီး ဆင်းလာခဲ့ကြတယ်။
နေစုံးစုံးမြုပ်သွားတော့ တောထဲမှာ ရှေ့နောက်စီတန်းပြီး ကိုယ် တို့ လျှောက်လာခဲ့ကြတယ်။ လမ်းမှာ ကျားပေါက်ကလေး တစ်ကောင် နဲ့ တွေ့သေးတယ်။ အဲသည်အကောင်က ကိုယ်တို့လူတန်းဘေးမှာ ကပ် ကပ်ပြီး လိုက်နေတာ။ ဘာကြောင့် လိုက်နေမှန်းတော့မသိဘူး။ အသံ တချွတ်ချွတ်ပဲကြားရတယ်၊ မမြင်ရဘူး။ ကိုယ်တို့ကတော့ မမြင်ရတာမို့ ခွေးလို့ပဲ ထင်နေတာ။ ကိုယ်တို့ထဲက တစ်ယောက်က သစ်ကိုင်းကျိုး တစ်ပိုင်း ကိုကိုင်ပြီး ရိုက်လိုက်တာ “ကိန်” လို့ မမြည်ပဲ “ဝေါင်း” ကနဲ မြည်ပြီး ထွက်ပြေး သွားမှ ကျားမှန်းသိတာ။
ဒီလိုနဲ့ ညဦးပိုင်းမှာ ပြိုင်းချောင်းကျော်လမ်းက တောင်ယာကို ရောက်တယ်။ အသီးအနှံမျိုးစုံကို အမယ်စုံအောင်ခူးပြီး ပုဆိုးခေါင်းထဲ ထည့်ထုပ်ယူကြတယ်။ ကိုယ်ကတော့ ကင်းစောင့်နေတာပေါ့လေ။ သူတို့ အဲသလို ခူးနေဆွတ်နေကြစဉ်မှာ မိုးတိတ်သွားပြီး လထွက်လာတယ်။ ကိုယ် လည်း ကိုယ့်နောက်ကအသံ တချွတ်ချွတ်ကြားတာနဲ့ လှည့် ကြည့်လိုက်တာ . . . အား လား လား၊ အမှောင်ထဲမှာ ရဲရဲတောက်နေတဲ့ မျက်လုံးနှစ်လုံးနဲ့ ကျားတစ်ကောင်က ကိုယ့်ကိုကြည့်နေတာ ကလား။ ကိုယ်ကလည်း ကြောက်လန့်တကြားနဲ့ အော်လိုက်တာ ကိုယ့်အော်သံက ကျယ်လွန်းတာ ကြောင့်ပဲလား၊ ဒါမှမဟုတ်၊ ကိုယ့်မျက်မှန်နဲ့ လရောင်နဲ့ ရောင်ပြန်ဟပ် သွားလို့လား ဘာလားတော့မသိဘူး။ ကျားလည်း ကြောက်လန့်တကြားနဲ့ ခုန်ထွက်ပြေးသွားတယ်။
ဟင်းသီးဟင်းရွက်နဲ့ ငရုတ်သီးတွေခူးပြီးတော့ ယိုးချောင်းသား တဲကို ပြန်လာကြတယ်။ ယိုးချောင်းသားက သူ့မှာရှိတဲ့ ကောက်ညှင်းဆန် သုံးဗူးကို ချက်ပေးတယ်။ ကိုယ်တို့က ဟင်းသီးဟင်းရွက်တွေကိုချက်၊ ငရုတ် သီးထောင်း ကောင်းကောင်းလုပ်ပြီး အားပါးတရ လွေးကြတယ်။ အဲသည်ည ယိုးချောင်သားတဲမှာပဲ ကိုယ်တို့ အိပ်လိုက်ကြတယ်။
မနက်ကျတော့ ယိုးချောင်းသားက မနက်ဆွမ်းလှည့်ရှိတာကြောင့် မို့လို့ ဆွမ်းချက်ဖို့ရာ မိုးမလင်းခင်ကတည်းက ထသွားရတယ်။ မီးတုတ် ကိုင်ပြီး လမ်းတစ်လျှောက်သီချင်းဆိုသွားဖို့ ကိုယ်တို့က ယိုးချောင်းသားကို မှာလိုက်တယ်။ ရွာနဲ့ တောင်အကြားက ညောင်ပင်အောက်မှာ စစ်သားတွေ ကင်းစောင့်နေတာရှိမှာပဲလို့ ကိုယ်တို့တွက်ထားတဲ့အတွက် မနက်စောစော မှောင်မှောင်မည်းမည်းမှာ ယိုးချောင်းသား အပစ်ခံရတာမျိုး မဖြစ်စေချင်လို့ အဲသလိုမှာလိုက်ရတာ။ စစ်သားတွေကမေးရင်လည်း ပြောက်ကျား ဘယ်နှစ် ယောက်၊ ဘယ်သူဘယ်ဝါ၊ ဘယ်လက်နက်တွေကိုင်ပြီး ကျွန်တော့်တဲမှာ ရှိနေလေရဲ့ လို့ မကွယ်မဝှက်ပြောလိုက်ဖို့ မှာလိုက်တယ်။
တဲကနေ သူထွက်သွားတာကို ကိုယ်တို့စောင့်ကြည့်နေတယ်။ ကိုယ်တို့ထင်တဲ့အတိုင်းပဲ ညောင်ပင်နားကိုရောက်တာနဲ့ မီးတုတ် ငြိမ်းသွား တယ်။ သူ့ကိုစစ်သားတွေက စစ်မေးကြတယ်တဲ့။ သူ့ကို ဆွမ်းချက်မယ့် နေရာမသွားခိုင်းပဲ အဲဒီညောင်ပင်အောက်မှာ မိုးလင်းတဲ့အထိ ထိုင်ခိုင်းထား တယ်။ ဒါပေမဲ့ စစ်သားနှစ်ယောက်ကို သူ့ကိုယ်စား ဆွမ်းချက်ပေးဖို့ လွှတ် ပေးတယ်လို့ဆိုတယ်။ ယိုးချောင်းသားက သူ့တဲမှာကျန်ခဲ့တဲ့ ပြောက်ကျား တွေရဲ့ အရေအတွက်နဲ့ လက်နက်တွေကို မလိမ်မညာပြောပြတယ်။ တစ်ခု တော့ လိမ်တာပေါ့လေ။ ပြောက်ကျားတွေက သူ့ရဲ့ကောင်ညှင်းဆန်သုံးဗူး ကို အတင်းလုယူပြီး ချက်စားကြပါတယ်လို့ ပြောတာတစ်ခုပဲ လိမ်တာ။ တကယ်တော့ သူချက်ပေးတာ။ ကျွန်တော် ချက်ပေးခဲ့ပါတယ်ဆိုရင် သူပုန် အားပေးသူ ဖြစ်သွားမှာစိုးလို့။
သူတို့က သတင်းရပေမယ့် ကိုယ်တို့ကိုလာမတိုက်ဘူး။ ကိုယ် တို့က အပေါ်စီးကဖြစ်နေပြီး သူတို့က အောက်ကနေ တက်လာရမှာ။ လာရ မယ့်လမ်းကလည်း တစ်လမ်းတည်းပဲရှိတော့ ]ငါတို့နဖူးထဲကို မြဒင်က ကျည်တောင့်တွေ အေးအေးဆေးဆေးပစ်ထည့်မှာပေါ့} လို့ပြောကြတယ် တဲ့။
ပြီးတော့တစ်ခါ စစ်ဆင်ရေးကာလအတွင်းမှာ မျက်မှန်တပ်ထားတဲ့ ရွာသားတစ်ယောက်ကို ကိုယ်ဖြစ်ရမယ်အထင်နဲ့ လူမှားဖမ်းတာတွေလုပ် သေးတယ်။
တစ်ခါက ကျောက်မျက်လုံး ထွန်းဝင်းကို ဒါကိုယ်ပဲဖြစ်ရမယ် ဆိုပြီး ထင်း ခွေပြန်အလာမှာ စစ်သားတွေကဖမ်းတယ်။ ထွန်းဝင်းက မျက်မှန် တပ်ထားတာကိုး၊ စံရွှေမောင်လို့ထင်နေကြတာပေါ့။ အကာ အကွယ်တွေ နောက်က စစ်သားတွေက ထွန်းဝင်းကို တဖြည်းဖြည်း ဝိုင်းလာကြတာကို တောင်ပေါ်ကလှမ်းကြည့်နေတဲ့ ကိုယ်တို့က အတိုင်းသား မြင်နေရတယ်။ မိပြီ၊ မလှုပ်နဲ့ ဆိုပြီး သူ့ကို သေနတ်နဲ့ ဝိုင်းချိန်ထားကြတယ်။ ပြီးတော့ တစ်ယောက်က သူ့မျက်နှာကို ရိုက်ထည့်လိုက်တာ မျက်မှန်ကော ကျောက် မျက်လုံးပါကျွတ်ထွက်လာတယ်။ ထွန်းဝင်းက သူ စံရွှေမောင် မဟုတ်ပါဘူး လို့ ရှင်းပြတာ စစ်တပ်ကချင်းဗိုလ်ကြီးကမယုံတဲ့အတွက် သူ့ရွာကို ခေါ်သွား ပြီး ရွာလူကြီးတွေ ကိုမေးမြန်းတယ်။ ရွာလူကြီးတွေက သူဟာ စံရွှေမောင် မဟုတ်ပါဘူး။ ဒီရွာသား ထွန်းဝင်းပါ။ သူပုန်မဟုတ်ပါဘူးလို့ အာမခံကြ တော့မှ ငိုရခက် ရယ်ရခက်နဲ့ ထွန်းဝင်းကိုလွှတ်ပေးလိုက်ကြတယ် တဲ့။
ဒီလိုနဲ့ သူတို့လည်း ကိုယ်တို့ကို သိပ်ဖိဖိစီးစီး မတိုက်ဖြစ်ဘူး ဆိုပါတော့။ ဒီလိုနဲ့ မျက်မှန်တပ် စံရွှေမောင်ခေါင်းဆောင်တဲ့ အလံနီ အုပ်စုကို လာရောက်ရှင်းလင်းတဲ့ဥစ္စာဟာ တစ်လလောက် အီလယ်လယ်နဲ့ ကြာသွား ပြီး နောက်ဆုံးတော့ ရန်သူတပ်တွေ ပြန်သွားတယ်။
ဒါပေမဲ့ အစိုးရက ဖြတ်လေးဖြတ်ပေါ်လစီနဲ့ ကိုယ်တို့ကို တိုက်ပြီး နောက်ပိုင်းမှာ ကိုယ်တို့လည်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရန် ပြည်နယ်ဘက်ကို ရှောင်ပြေးကြရတာပါပဲ။
အဲ . . . မီဇိုရန်ကို အပြေးမှာ တစ်ခါလမ်းမှားသေးတယ်။ ကိုယ်တို့ က ကိုယ်တို့ထင်ရာမြင်ရာအရပ်မျက်နှာအတိုင်းချီတက်ရာမှာ ချင်းအဖိုးကြီး တစ်ယာက်နဲ့ ချင်းအပျိုမလေးနှစ်ယောက်ကို လမ်းခုလတ် မှာတွေ့တယ်။ ချင်းလူမျိုးလို့ထင်ရတဲ့အကြောင်းရင်းက သည်နယ်မြေက ချင်းပြည်နယ် ဖြစ်တဲ့အပြင် အဲသည်သုံးယောက်ကလည်း ရွာချင်းတွေလို ခါးမှာချိတ်ထား တဲ့ ပဒရီနံငယ်ပိုင်းကလေးကလွဲရင် ဘာမှဝတ်မထားဘူး။ ချင်းမလေး နှစ်ယောက်ကလည်း ရင်ဘတ်ဟာလာဟင်းလင်းနဲ့ သူတို့ရိုးရာအတိုင်း နို့ တွေပေါ်လို့ …။ ကလေးမလေးတွေက ဖြူဖြူ ဖွေးဖွေး ချောမှချောပါဘိသနဲ့ . . . ။
ဒါနဲ့ချင်းအဘိုးကြီးက ကိုယ်တို့ကို ရခိုင်စကား ပီပီသသနဲ့ လှမ်း နှုတ်ဆက်တယ်။ “ဝေး . . . မင်းရို့ ရခိုင်သားတိလား” တဲ့။
“ဟုတ်ပါတယ်၊အဘ” လို့ဖြေတော့ “မင်းတို့လက်နက်ချဖို့ သွားကြတာလား” လို့မေးပြန်တယ်။
“အာ…မဟုတ်ဘူး။ ကျွန်တော်တို့က မီဇိုရန်ကိုသွားတာ။ အစိုးရ တပ်တွေကို ရှောင်လာတာ” လို့ဖြေတယ်။
“အေး …. ဒီလမ်းအတိုင်းမင်းတို့သွားရင်တော့ လက်နက်ချရ မှာပဲကွ။ ဒီလမ်းက မတူပီကိုသွားတဲ့လမ်း”
အဲဒါနဲ့ မီဇိုရန်ဘက်သွားရာလမ်းကြောင်းမှန်အောင် လမ်းပြပေးဖို့ အဘိုးကြီးကို မေတ္တာရပ်ခံရတယ်။
လမ်းမှာသွားကြရင်းနဲ့ အဘက ချင်းလား၊ ရခိုင်လားလို့ သူ့ကို ကိုယ်တို့မေးကြတယ်။ “အေးကွ…။ငါက အစကတော့ ရခိုင်ပဲ။ အခုတော့ ရခိုင်အချင်းချင်း သောက်မြင်ကတ်လို့အပေါ်ကို တက်သွားရင်း တက်သွား ရင်းကနေ ချင်းလုံးလုံးဖြစ်သွားပါလေရောကွာ” တဲ့။
ကျွန်တော်တို့နဲ့ လမ်းခွဲမယ့်နေရာကိုရောက်တော့ သူတို့ မြေးအဖိုး သုံးယောက်ကို အဝတ်အစားလုံလုံခြုံခြုံဝတ်ခိုင်းရတယ်။ စစ်သား ဖြစ်စေ၊ ပြောက်ကျားဖြစ်စေ လက်နက်ကိုင်ယောက်ျားအုပ်စုတွေ သွားလာနေတဲ့ နယ်မြေကြမ်းမှာ ဖြူဖြူဖွေးဖွေး မိန်းကလေးနှစ်ယောက်အဖို့ အဝတ်အစား လုံလုံခြုံခြုံဝတ်ပြီးမှ ခရီးသွားတာက ပိုပြီး စိတ်ချရတယ်လေ။
မင်းတို့ ဒီဆမံတလန်တောင်တန်းကိုကျော်ပြီးရင် မီဇိုရန် ရောက်ပြီ တဲ့ . . .။ အဖိုးကြီးက လမ်းညွှန်ရင်း နှုတ်ဆက်စကားပြောပြီး ခွဲခွာခဲ့ကြ တယ်။
ဆမံတလန်တောင်တန်းကိုကျော်နေစဉ်မှာ နှစ်ခါသုံးခါလောက် ကြားဖြတ်အတိုက်ခံရတယ်။ ကိုယ့်လူတွေကျတယ်။ တောင် တန်းကို ကျော်ပြီး အိန္ဒိယနယ်မြေကိုဝင်ခါနီးမှာ တိုက်ပွဲတစ်ပွဲဖြစ်တယ်။ အဲသည် တိုက်ပွဲမှာ ကိုယ်ရဲ့ ညာလက်ရုံး ဗိုလ်မြဒင်ကျဆုံးတယ်။
ဆမံတလန်တောင်တန်းဟာ အိန္ဒိယနဲ့ ချင်းပြည်နယ် နယ်စပ် ပေါ့။ ကိုယ်တို့က ရှေ့ကနေချီတက်တိမ်းရှောင်တယ်။ အစိုးရစစ်တပ် ကလည်း နောက်ကနေ ဇွဲကောင်းကောင်းနဲ့လိုက်တိုက်တယ်။ ကိုယ်တို့ကို မီလာတဲ့အချိန်ကျရင် အသေအချာချိန်ကိုက်ပြီးကြားကနေ ဖြတ်ဖြတ်တိုက် တာ။ အဲသလိုနှစ်ခါလောက်အတိုက်ခံရတဲ့အခါ ကိုယ်တို့ဘက်က အကျအဆုံးတွေရှိတယ်။ ပျောက်တဲ့လူပျောက်သွားတယ်။ သူတို့ဘက်က လည်း ကျတဲ့လူကျတယ်။ ပျောက်တဲ့လူပျောက်တယ်။ (ကိုယ်တို့ဘက်က လူ ငါးယောက်လက်နက်နဲ့တကွ ပျောက်သွားပြီး။ သူတို့ဘက်က စစ်သား သုံးယောက်လက်နက်နဲ့တကွပျောက်သွားတယ်။ အဲသည်ရှစ်ယောက်ရဲ့ အလောင်းတွေကိုလည်းရှာမတွေ့ဘူး။ သူတို့ လက်နက်တွေပါ စုပ်စမြုပ်စ ပျောက်သွားလေရဲ့။)
ဆမံတလန်တောင်ပေါ်ကို ကိုယ်တို့ကရန်သူထက် တစ်ရက်ကြိုပြီး ရောက်နေတာ။ ရန်သူတွေက တစ်ညလုံး လိုက်တက်လာပြီး ပန်းနေတာ။ ကိုယ်တို့က မနက်ရှစ်နာရီကျရင် ဆက်လက် ချီတက်ဖို့အစီအစဉ်လုပ်ထား တယ်။ ခရီးမသွားခင်မှာ ထမင်းစားကြရာမှာ တကယ်တော့ နှစ်သုတ်ခွဲပြီး ထမင်းစားရမယ့်ဥစ္စာ၊ တစ်သုတ်တည်းနဲ့ စားလိုက်ကြတာကြောင့် အလစ် ဝင်တိုက်တာ ခံလိုက်ရတယ်။ အဲသည်အချိန်မှာ နောက်ပိုင်းကင်းမှူးကျနေ တာ မောင်စောယဉ်နဲ့ ထွန်းအောင်ကျော်။ သူတို့နှစ်ယောက်က လူ အလဲ အလှယ်နဲ့ အလှည့်နဲ့ ထမင်းစားမယ့်အစား ကင်းစောင့်မယ့်လူ မထားပဲနဲ့ ထမင်းစားလိုက်ကြတာ . . .။ ရန်သူက ဝင်တိုက်တော့ ပြန်ပစ်ဖို့ နေနေ သာသာ၊ ကိုယ်တို့ ခေါင်းတောင်မဖော်နိုင်ဘူး။
ကျန်တဲ့တပ်အပိုင်းက ရှေ့ကဆုတ်နေချိန်မှာ ဗိုလ်မြဒင်တို့ အစုက နောက်ဆွယ်မှာကျန်ခဲ့ပြီး ကာပစ်ပစ်ရင်း ဆုတ်လာတယ်။ ဗိုလ်မြဒင်က သူ့လူတွေကို ဟိုနေရာကနေ သည်နေရာပြောင်း စသည်အားဖြင့် အမိန့် ပေးပြီး ဖြည်းဖြည်းချင်း ဆုတ်လာနေတယ်။ ဆုတ်ပါလို့ သူ့နှုတ်ကတော့ အမိန့်မပေးဘူး။ ဒါပေမဲ့ စနစ်တကျ ဆုတ်နေတာပါပဲ။ နောက်ဆုံး ပစ်တာ ခတ်တာကိုရပ်ပြီး အပြီးသတ်ဆုတ်ခွာသွားရမယ့် အချိန်ကျတော့ ဗိုလ်မြဒင် အမှားတစ်ခုကိုကျူးလွန်မိတယ်။
အပစ်ရပ်ပြီးဆုတ်ဖို့အမိန့်ကို သေနတ်သုံးချက် မိုးပေါ်ထောင်ပစ်ပြီး အချက်ပေးရမယ့်အစား . . . ဝီစီမှုတ်ပြီး အချက်ပေးမိတယ်။ ဝီစီမှုတ် သံကြားတော့ ဒါအရာရှိပဲဖြစ်ရမယ်ဆိုပြီး ဗိုလ်မြဒင်အထမှာ ရိပ်ကနဲဆိုတာနဲ့ ရန်သူတွေက စုပြုံပြီးပစ်လိုက်တာ ဗိုလ်မြဒင်ကို ထိတယ်။ သူ ပြန်လဲကျ သွားတယ်။
ဒါနဲ့ ကိုယ်တို့ရဲ့ နောက်တပ်စုတစ်စုက ကာပစ်ပစ်ပေးနေတဲ့ အချိန် မှာ သာအေးနဲ့နောက်တစ်ယောက်က ဗိုလ်မြဒင်ကိုသွားဆွဲယူတယ်။ ဗိုလ်မြဒင်ကိုလည်းသယ်ရင်း ခံပစ်ပစ်ရင်း ဆုတ်လာခဲ့ ကြတယ်။
ဒဏ်ရာတွေ မြင်မကောင်းအောင်ဖြစ်နေပြီး သွေးတွေကလည်း ရွှဲလို့ . . . အသက်ကို ခက်ခက်ခဲခဲရှုနေရတယ်။ အခုဒီလိုသေမင်း ခံတွင်း၀ရောက်နေချိန်မှာတောင် ဗိုလ်မြဒင်ဟာ တာဝန်ကျေနိုင်ဖို့ ကြိုး စားတယ်။ သူ့ကျောပိုးအိတ်ထဲက အရေးကြီးစာရွက်စာတမ်းတွေကို ထုတ်ခိုင်းပြီး ကိုယ်ကိုအပ်တယ်။ (အဲသည်အကြောင်းကို ပြန်ပြောင်း ပြောရတိုင်း မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းမြင်လာပြီး ရင်မှာ ဆို့နစ် အောင်ဝမ်းနည်မိတယ်) ဗိုလ်မြဒင်က ကိုယ့်ကို တောင်းပန်စကားဆိုတယ်။ “ကျွန်တော် တာဝန်မကျေနိုင်ခဲ့ဘူးအစ်ကို။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ အစ်ကိုတို့ကို လုံခြုံတဲ့နေရာအရောက် ကျွန်တော် မပို့ပေးနိုင်ခဲ့တော့ဘူး။ …. ကျွန်တော့်မျက်လုံးတွေပြာကုန်ပြီ။ ဘာမှ မမြင်ရတော့ဘူး။ ကျွန်တော်ကို ထားခဲ့ပြီး၊ အစ်ကိုတို့ ဆက်သွားပါတော့” လို့ ပြောနေရင်း ပြောနေရင်းကနေ ဗိုလ်မြဒင်တစ်ယောက် သေနတ်ဒဏ်ရာတွေကြောင့် ဆုံးရှာတယ်။ သတ္တိ ကောင်းပြီး တိုက်ရည်ခိုက်ရည်လည်းပြည့်၀တဲ့၊ ကိုယ့်အပေါ်မှာ သစ္စာရှိတဲ့ ကိုယ်ကလည်း အားကိုးအားထားပြုရတဲ့၊ ညီတစ်ယောက်လို ချစ်ရတဲ့ ဗိုလ်မြဒင်ဟာ ဆမံတလန်တောင်ပေါ်မှာ ကိုယ့်မျက်စိရှေ့မှာပဲ ကွယ်လွန် တယ်။ ဆမံတလန်တောင်တန်းပေါ်မှာ သူရဲ့ရုပ်အလောင်းကို မြှုပ်နှံ ထားရစ်ခဲ့တယ်။ တွင်းတူးဖို့ ပေါက်တူး ပေါက်ပြားတွေမပါတော့ အိုးတွေ ခွက်တွေနဲ့ တွင်းတူးပြီး မြှုပ်ခဲ့ရတယ်။
ကိုယ်တို့ ဆုတ်စစ်နဲ့ စဆုတ်တုန်းက လူတစ်ရာကျော်ကျော်နဲ့ ချီတက်သွားတာ။ မီဇိုရန်ပြည်နယ်ထဲကိုဝင်တော့ လူအင်အား ခြောက်ဆယ်လောက်နဲ့ ရောက်တယ်။ လမ်းမှာကွဲသွားတဲ့အဖွဲ့တွေက နောက်ပိုင်းမှာလာပူးပေါင်းတော့ အင်အားပြန်တိုးလာတယ်။ ဒါပေမဲ့ နောက်တဖန် လက်နက်အပ်ပြီး ထွက်ခွင့်တောင်းလို့ခွင့်ပြုလိုက်ရတာနဲ့ ဘာနဲ့ညာနဲ့ဆိုရင် လူအင်အားခြောက်ဆယ်သာသာလောက်အထိ ပြန် လည် ကျဆင်းသွားတယ်။
ဒီလိုနဲ့ ၁၉၈၀ ပြည့်နှစ်မှာ မိုဇိုရန်ပြည်နယ်ထဲကို ကိုယ်တို့ တစ်တပ်လုံးရောက်သွားတယ်။ (၁၉၈၀ ဆိုတာ ဗကပတိုင်းမှူး ဗိုလ်သက်ထွန်းတို့၊ ပြီးတော့ ရကပ ရဲနီကျော်ဇံရွှီ တို့လက်နက်ချတဲ့ ခုနှစ်ပေါ့။)
မီဇိုရန်ထဲကို အစုလေးတွေခွဲပြီးရောက်သွားတယ်။ ကိုယ်တို့ အုပ်စုကလေးက ရခိုင်အဘိုးကြီးတစ်ယောက်ရှိနေတဲ့ ယာတဲတစ်တဲ ကိုတွေ့တယ်။ ကိုယ်တို့က သူ့ကို အကူအညီတောင်းတယ်။ “ဘေးဘေ (ဘကြီး) . . . ကျွန်တော်တို့အတွက် ထမင်းချက်ပေးပါ။ ကျွန်တော် တို့က လုယက်စားသောက်တတ်တဲ့လူစားမျိုးတွေမဟုတ်ပါဘူး။ ပိုက်ဆံ ပေးမှာပါ။ ပိုက်ဆံလည်းပါပါတယ်” လို့ပြောရတယ်။
ကိုယ်တို့အစုကလေး ခြောက်ယောက်စာအတွက် ဆန်ဆယ့်နှစ် ဗူး ချက်ခိုင်းတယ်။ အဘိုးကြီးကသုံးဗူးပဲချက်တယ်။ ဘကြီး . . . ဒါ ဘယ်လိုလုပ်ပြီး လောက်မှာတုန်း လို့ပြောတော့ မင်းတို့ အေးအေး ဆေးဆေးသာ ထိုင်စောင့်ကြည့်နေပါကွာလို့ သူကဆိုတယ်။ ဒါနဲ့ ထမင်းကျက်တော့ စားကြတာ သုံးဗူးထမင်းကို ကိုယ်တို့ ခြောက် ယောက် စားလို့မကုန်နိုင်ဘူး။ လမ်းမှာရက်ပေါင်းများစွာ ငတ်ပြတ်လာ လို့ အူကျဉ်းသွားတာ။ ဆုတ်စစ်ချီခဲ့ရတဲ့စုစုပေါင်း (၅၉) ရက်မှာ ကနဦး ရက်ပေါင်း(၃၀)ပဲ ကိုယ်တို့မှာဆန်ရှိတယ်။ ကျန်တဲ့ (၂၉)ရက်ကတော့ ဆန်လည်းမရှိ ဘာစားစရာမှမပါဘဲနဲ့ ဒီအတိုင်းချီတက်သွားရတာ။ လမ်းမှာတွေ့တဲ့ အသီးအရွက်တွေ ခူးစားတန်ခူးစား၊ ငှက်ပျောအူ ဝါး တန်ဝါးပြီး အငတ်ငတ် အပြတ်ပြတ်နဲ့ ချီလာခဲ့ရတာ။
ကိုယ်တို့မစားနိုင်တာတွေ့တော့ အဘိုကြီးက တဝါးဝါးနဲ့ ရယ် ပါလေရဲ့။ ငါသိတာပေါ့ကွ၊ မင်းတို့မစားနိုင်ဘူးဆိုတာ၊ မင်းတို့ ပုံပန်း သဏ္ဍာန်ကြည့်လိုက်တာနဲ့သိတယ်၊ စစ်နိုင်လို့ ပျော်ပွဲစားထွက် လာတဲ့ ပုံမှ မပေါက်တာကွာ။ ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ပြီး ခွေးပြေးဝက်ပြေး ပြေးလာခဲ့ရတဲ့ပုံပဲလို့ သူကရီရီ မောမောနဲ့ပြောတယ်။
ပြီးတော့အဘိုးကြီးက ကိုယ်တို့အတွက် ကြက်တစ်ကောင် သတ်တယ်။ ဆန်ပြုတ်အိုးကြီး တစ်အိုးတည်တယ်။ ဒီတစ်ရက် နှစ်ရက် တော့ မင်းတို့ဆန်ပြုတ်ပဲစား လို့အကြံပေးတယ်။ နောက်မှ ထမင်းဖြူနဲ့ အစားကောင်းကောင်းကို မင်းတို့ကြိုက်သလောက်စားတော့လို့ အကြံ ပြုတယ်။
တိုက်ပွဲရှုံးရလောက်အောင်၊ အရာရှိကျဆုံးရလောင်အောင် ကင်းတာဝန်ပျက်ကွက်ခဲ့တဲ့ မောင်စောယဉ်နဲ့ ထွန်းအောင်ကျော်တို့ကို ပါတီက ခုံရုံးဖွဲ့ပြီးစစ်ဆေးတယ်။ သေဒဏ်ပေးတယ်။ ဒါပေမဲ့ အယူခံ တင်တဲ့ အခါကျတော့ မိမိတို့ရဲ့ အမှားအတွက် ပြန်လည် ပေးဆပ်တဲ့ အနေနဲ့ ပြည်တွင်းပြန်လည်ထိုးဖောက်ရေး အလုပ်တာဝန် တစ်ခုကို ကျေပြွန်အောင်ထမ်းဆောင်ပါ့မယ်ဆိုပြီးတင်ပြတော့ ခုံရုံးက ပြန် စဉ်းစားပြီး သေဒဏ်ကလွှတ်ပေးလိုက်တယ်။ အဲသည်အလုပ်ကို သူတို့ သွားလုပ်တာလည်းမအောင်မြင်ပဲ ပြန်ပြေးလာရတယ်။ သူတို့လည်း ပါတီကို ပြန်မလာရဲတာနဲ့ တောကြိုအုံကြား တစ်နေရာရာမှာ လျှို့လျှို့ ဝှက်ဝှက်နဲ့ တောင်ယာထွန်ယက်စားသောက်နေခဲ့ကြတယ်လို့ သိရ တာပဲ။
ရဲနီကျော်ဇံရွှီဟာ ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ(၁၉)ရက်နေ့မှာ ပေါက်တောမြို့နယ်မှာ အလင်းဝင်တယ်။ ကိုယ်က ၁၉၈၆ခုနှစ် ဖော်ဝါရီ လ (၁၂)ရက်နေ့မှာ အလင်းဝင်တယ်။ ထိုနည်းတူစွာ ကိုယ်နဲ့ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေလည်း ပါတီရဲ့အကျပိုင်းမှာ တစ်စစီကြဲပြန့်သွား ကုန်တယ်။
ရဲဘော်ရွှေမိုးအောင်ဟာ သူရဲ့ကာဘိုင်သေနတ်ရယ်၊ ပြီးတော့ ပါတီနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေအားလုံးရယ်နဲ့အတူ စာတို တစ်စောင်ရေးထားခဲ့ပြီးသကာလ ငပလီမှာ ပါတီကို စွန့်ခွာသွားတယ်။
“ငါ၏အလံနီစိတ်ဓါတ်သည် ငပလီဆားငန်ရေနဲ့ထိတွေ့ပြီး သံချေးတက်သွားတဲ့အတွက် တော်လှန်ရေးမှာ ငါဆက်လက်ပါဝင်နိုင် စွမ်း မရှိတော့ပါ” လို့ သူရဲ့စာက ဆိုတယ်။
ရဲဘော်စံလှိုင်ကတော့ သံတွဲတောင်ကုတ်မှာပဲ ကျင်လည်ရင်း အရက်ကို မနားတမ်း နင်းကန်သောက်နေခဲ့တယ်လို့ဆိုပါတယ်။ ဆေး တက္ကသိုလ်တက်ပြီးမှ တောခိုခဲ့တဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရဲနီကျော်ဇံရွှီဘေးကထိုင်ခဲ့တဲ့ ရဲဘော်စံလှိုင်ဟာ တောင်ကုတ်သံတွဲ တစ်နေရာရာက ကျေးရွာတစ်ရွာမှာ ယစ်ထုပ်ကြီးဘ၀နဲ့ မိမိရဲ့အသည်း၊ နှလုံး၊ ဦးနှောက်တွေအကုန်လုံးကို အရက်နဲ့စိမ်လျက် နစ်မွန်းနေစဉ်မှာ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုခံရတယ်။
ပြောက်ကျားတစ်ယောက်ရောက်နေတယ်လို့ သတင်းရတဲ့ နယ်မြေခံ စစ်တပ်ဟာ သူတည်းနေတဲ့ အိမ်ကို ဝိုင်းတယ်။ ရဲဘော်စံလှိုင် ဆင်းပြေးတယ်။ စစ်သားတွေက လှမ်းပစ်တော့ ပေါင်မှာထိပြီး ဆက် မပြေးနိုင်တော့ဘူး။ ပေါင်ကဒဏ်ရာနဲ့လဲနေတဲ့သူ့ကိုမြင်တော့မှ အကြပ်တစ်ယောက်က သူဘယ်သူဘယ်ဝါမှန်းမှတ်မိသွားတယ် လို့ ဆိုတယ်။ “ဟေ့ ဟေ့ ပစ်မသတ်နဲ့။ အဲဒါ ဗိုလ်မှူးရဲ့ညီ” လို့ စစ်သား တွေကို လှမ်းတားတယ်လို့ ဆိုတယ်။ရဲဘော်စံလှိုင်ရဲ့ အစ်ကိုအရင်းက တပ်မတော်က ဗိုလ်မှူးတစ်ယောက်ပဲ။ ဒါနဲ့ တပ်မတော်ရဲဘော်တွေက သူ့ဒဏ်ရာကို ပတ်တီးလေးဘာလေးစည်းပေးတယ်။ ထမ်းစင်ပေါ် တင်ပြီး ဆေးရုံပို့ရတယ်လို့ဆိုတယ်။ တောကနေဆေးရုံကို သွားတဲ့ လမ်းတစ်လျှောက် အရက်ပဲဝယ်ဝယ်ခိုင်းပြီး ကြွက်တွင်းရေထည့်သလို သောက်လာတယ်လို့ စစ်သားလေးတွေက ကိုယ့်ကိုပြောပြကြတယ်။ အဖမ်းခံရတဲ့အတွက် ရဲဘော်စံလှိုင်ဟာ အလင်းဝင်လိုက်ရတယ်။ နောက်ပိုင်းမှာ သူ့အစ်ကိုဗိုလ်မှူးက သူ့ကို ရခိုင်နဲ့ဝေးရာ ရှမ်းပြည် ဘက်ကို ပို့လိုက်တယ်ဆိုလား ဘာလား ပြောသံကြားလိုက်တယ်။
ကျော်ဇောဦး မေးမြန်းရေးသားသည်။
(ရကပလက်ဟောင်း ရဲနီစံရွှေမောင် အပိုင်း-ကိုး အား ဆက်လက်ဖတ်ရှုပါရန်။)
==========
(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”