
[ Zawgyi Font first / Unicode below ]
ရဲနီစံလႈိင္
(ရဲနီစံလိႈင္ ႏွင့္ပတ္သက္သည့္ ေအာက္ပါ အေၾကာင္းအရာမ်ားကို ရဲနီစံလႈိင္၏ တူျဖစ္သူ ကိုခင္ေမာင္ရီ က ေျပာျပသည္။)
“ဦးႀကီးစံလိႈင္က အကို႔အေမရဲ့ ေမာင္တစ္ဝမ္းကြဲေတာ္တယ္။ အေမတို႔အမ်ိဳးေတြက ေက်ာက္ျဖဴဇာတိေတြ။ ဒါေပမဲ့ ဒီ့မတိုင္ခင္ စစ္ေတြ ၾကက္ကိုင္းတန္ဘက္ကလာခဲ့ၾကတာလို႔ သိရတယ္။ မ်ိဳးရိုးစဥ္ဆက္ ဘယ္လို ပတ္သက္မွန္းမသိရတဲ့ ေက်ာက္ဆစ္႐ုပ္ထုတခ်ိဳ႕ကို အကို႔အေမ အျမတ္တနိုး သိမ္းဆည္းထားခဲ့တာ အကို အခုထက္ထိမွတ္မိေသးတယ္။
“ဦးႀကီးစံလိႈင္ရဲ႕ အေဖနာမည္က (ဦး)ကၽြန္ေတာင္း။ ေက်ာက္ျဖဴ ၿမိဳ႕တစ္ၿမိဳ႕လုံးမွာ တိုက္ႏွစ္လုံးတည္းပဲရွိေသးတဲ့ ဟိုစဥ္အခ်ိန္က တစ္လုံး ေသာတိုက္ဟာ အဖိုးဦးကၽြန္ေတာင္းပိုင္တဲ့ မိသားစုေနအိမ္ျဖစ္တယ္။ ကၽြန္ေတာင္းတိုက္ရယ္လို႔ အမ်ားကေခၚၾကတယ္။ မိသားစုကခ်မ္းသာတဲ့ အေလ်ာက္ ဦးႀကီးစံလိႈင္တို႔ ညီအစ္ကိုေမာင္ႏွမေတြကို ဟိုးေခတ္ က တည္းက ရန္ကုန္ကို ေက်ာင္းအိပ္ေက်ာင္းစားပို႔ၿပီး ပညာသင္ခိုင္းတယ္။ ဦးႀကီးစံလိႈင္ရဲ႕ အစ္ကိုတစ္ေယာက္ဆိုရင္ ဆရာဝန္ျဖစ္လာၿပီး ေဆး ပညာနဲ႔ပဲ သက္ေမြးဝမ္းေက်ာင္းျပဳသြားခဲ့တယ္။ ဦးႀကီးစံလိႈင္လည္း ငယ္ငယ္ကတည္းက ရန္ကုန္မွာ ေက်ာင္းတက္ၿပီး ႀကီးျပင္းလာခဲ့တာ။ေဆးေက်ာင္းတက္ခြင့္ရတယ္။ ေက်ာင္းသားနိုင္ငံေရးေတြမွာ ပါဝင္ ပတ္ သက္တယ္။ လက္ဝဲစာေပေတြကိုဖတ္တယ္။ (ဟိုစဥ္က လက္ယာစာေပ ဆိုတာလည္း ရွိမွမရွိပဲကိုး။) ေဆးေက်ာင္း စတုတၳႏွစ္အထိေရာက္ခဲ့ တယ္။ ၿပီးေတာ့ ေတာခိုတယ္။
“ေတာခိုေသာင္းက်န္းသူေတြထဲမွာ ေခတ္ပညာတတ္ရွားပါးတဲ့ အေလ်ာက္ ရဲနီေက်ာ္ဇံရႊီရဲ့ အားကိုးအားထားျပဳျခင္းခံရတယ္။
“ေတာထဲမွာ အိမ္ေထာင္က်တယ္။ အိမ္ေထာင္က်ပုံက ဒီလို။ သူ႔အထက္အရာရွိတစ္ေယာက္ ေသအံ့မူးမူးအခ်ိန္မွာ သူ႔ကိုေခၚေတြ႕ တယ္လို႔ဆိုတယ္။ သူမရွိေတာ့တဲ့အခ်ိန္မွာ သူ႔မိန္းမနဲ႔ သူ႔ကေလးကို သူ႔ကိုယ္စားေစာင့္ေရွာက္ေပးဖို႔ ေမတၱာရပ္ခံတယ္လို႔ဆိုတယ္။ သူက ေခါင္းညိတ္လိုက္တယ္။ သည္လိုနဲ႔ သူ႔ဆရာကြယ္လြန္ေတာ့ သူ႔ဆရာရဲ့ မိန္းမကို သူယူလိုက္တယ္။
“ရကပရဲ့အက်ပိုင္းမွာ ရဲနီစံလိႈင္ဟာ အမ္းၿမိဳ႕နယ္က ေက်းရြာတစ္ရြာမွာ ေန႔ေရာညပါ အရက္ေသာက္ေနခဲ့တယ္။ ေျပာက္ က်ားေရာက္ေနတယ္ဆိုၿပီး သတင္းရလို႔ စစ္တပ္ကဝိုင္းေတာ့ ရဲေဘာ္ စံလွိုင္ဟာ အိမ္ေပၚကခုန္ခ်ထြက္ေျပးတယ္။ ဒါေပမဲ့ စစ္သားေတြ လွမ္း ပစ္တာ သူ႔ ေပါင္တစ္ဘက္မွာထိၿပီး ဆက္မေျပးနိုင္ေတာ့ဘူး။ သူ႔ကို ပစ္မသတ္လိုက္ဖို႔ တပ္ၾကပ္ႀကီးက အခ်ိန္မီတားလိုက္နိုင္ခဲ့လို႔ သူမေသ ဘူး။ ေနာက္မွ သူ႔ကို ဗိုလ္မႉးလွျမင့္ရဲ့ညီမွန္းသိၾကတာ။ ဒီေတာ့ ရဲနီစံလိႈင္လည္း အဖမ္းခံရရာကေန တစ္ခါတည္း အလင္းဝင္လိုက္ဖို႔ ျဖစ္ လာတယ္။
“အရပ္သားဘ၀မွာ ဦးစံလိႈင္ဟာ ကားဒရိုင္ဘာတစ္ေယာက္ ျဖစ္ လာတယ္။ အေသာက္အစားကလည္း မေလၽွာ့ဘူး။ ဌာနဆိုင္ရာတစ္ခုမွာ ဒုညႊန္ခ်ဳပ္ရာထူးကေန သူ႔အစ္မ အၿငိမ္းစားယူေတာ့ ေလးဘီးကားတစ္စီး ဝယ္တယ္။ ဟိုဘက္ေခတ္ တန္ဖိုးနဲ႔ ေငြက်ပ္ငါးေထာင္ပဲက်တယ္နဲ႔ တူပါတယ္။ အဲသည္ကားကို ဦးစံလိႈင္ တကၠစီဆြဲေသးတယ္။ ရန္ကုန္ မွာေပါ့။
“တစ္ေန႔ သူ႔ေလးဘီးေပၚကို ခရီးသည္မိန္းမႏွစ္ေယာက္တက္ လာတယ္။ သူတို႔လိုရာ ခရီးကိုသြားေနတုန္း အမ်ိဳးသမီးႏွစ္ေယာက္က ရခိုင္လိုစကားေျပာေနၾကတယ္။ သူလည္း အတိုင္းသားၾကားေနရတယ္။ ေအ့ . .၊ ဒရိုင္ဘာက တို႔ဆီက “ကၽြန္ေတာင္း” သား အဆိုးအေကာင္နဲ႔ တူလိုက္တာ ေအ။ ေနာက္တစ္ေယာက္က ျပန္ေျပာတယ္။ မဟုတ္ နိုင္ပါဘူးေအ၊ အဲသည္အေကာင္က ကားေတာင္ေမာင္းတတ္ပါ့မလား ဟဲ့ လို႔ဆိုသတဲ့။ “ကၽြန္ေတာင္း” သား ဦးစံလိႈင္ ကေတာ့ ခပ္မဆိတ္ ဘာမွ မေျပာပဲ သူတို႔ကို လိုက္ပို႔ေပးခဲ့တယ္။ ေဆးေက်ာင္းသားလူထြက္၊ ေျပာက္က်ား အလင္းဝင္၊ အရက္ႀကိဳက္တတ္တဲ့ ဒရိုင္ဘာတစ္ေယာက္ အေနနဲ႔ လူ႔အသိုင္းအဝိုင္းက သူ႔ကို ေကာင္းေကာင္းကန္းကန္း အသိ အမွတ္ျပဳစရာ လုပ္မျပနိုင္ခဲ့ေသးဘူးေလ။ သူ႔ဘ၀မွာ အရႈံးေနာက္က အရႈံးေတြဆင့္ကာ တန္းစီလ်က္ရွိေနခဲ့တယ္။
“ရွစ္ဆယ့္ရွစ္ အေရးအခင္းေနာက္ပိုင္း အကို ဂ်ီတီအိုင္တက္ဖို႔ ရန္ကုန္ကေန တစ္ဆင့္သြားေတာ့ ဦးႀကီးစံလိႈင္တို႔ အိမ္ကို ခဏ အလည္ ဝင္တယ္။ အဲသည္အခ်ိန္မွာ ဦးႀကီးဟာ အစိုးရ ပုလဲနဲ႔ငါးလုပ္ငန္းက ကားႀကီးေတြကို ျမန္မာျပည္ အလယ္ပိုင္းဆီေမာင္းပို႔ေပးရတဲ့ အလုပ္ လုပ္ေနတယ္။ သူ႔ကို ေတြ႕ခဲ့တယ္။ ခရီးက တစ္ေခါက္ျပန္ေရာက္ေနခိုက္ ေပါ့။ အဲဒါ သူ႔ကို ေနာက္ဆုံးေတြ႕ခဲ့တာပဲ။ ၂၀၀၅-၂၀၀၆ေလာက္မွာ ဆုံးတယ္။ သူ႔ဆရာေဟာင္း ဦးေက်ာ္ဇံရႊီနဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ပဲ ကြယ္ လြန္သြားၾကတာ။ သူကြယ္လြန္ခ်ိန္မွာ အသက္(၈၁) ႏွစ္။
“သူ႔သမီး(မယားပါသမီး)က အက်ဥ္းစီးဌာနမွာ ေထာင္မႉး အဆင့္ တာဝန္ထမ္းေဆာင္ခဲ့တယ္။ က်န္ရစ္ခဲတဲ့ သားတစ္ေယာက္ လည္း ေခတ္ပညာတတ္ဘြဲ႕ရတစ္ေယာက္ျဖစ္လာခဲ့တယ္။ ဘ၀ရဲ့အရႈံး ေတြၾကားထဲက အျမတ္ကေတာ့ သားသမီးေတြကို လူလူသူသူ ျဖစ္သြား ေအာင္ ကူညီေထာက္မနိုင္ခဲ့ျခင္းပဲျဖစ္တယ္လို႔ ဆိုရပါလိမ့္မယ္။”
==========
သူတို႔ဘက္ကၾကည့္ေတာ့ သစၥာေဖာက္
(ေအာက္ပါ အေၾကာင္းအရာမ်ားမွာ ဦးစံေရႊေမာင္က ေျပာျပျခင္း ျဖစ္ပါသည္။)
ယေန႔အခါမွာ ရကပကို ရခိုင္ဒီမိုကရက္တစ္ပါတီ ( Democratic Party of Arakan) ဆိုတဲ့ အမည္သို႔ေျပာင္းလဲၿပီး ရပ္တည္ ေနၾကတယ္လို႔ အင္တာနက္ဝက္ဘ္ဆိုက္ေတြအရသိရတယ္။ လူ အင္အားဘယ္ေရြ႕ ဘယ္မၽွက်န္ေသးသလဲ။ ဘယ္မွာအေျခစိုက္သလဲ ဆိုတာေတာ့ ကိုယ္မသိေတာ့ဘူး။ ကိုယ္သိသေလာက္က မာန္ေအာင္ သား ကိုသိန္းေဖက ဥကၠဌျဖစ္ေနၿပီးေတာ့ ကိုယ့္ရဲ့ ရဲေဘာ္ေဟာင္းႀကီး ကိုေရႊသာကိုေတာ့ နယက အျဖစ္တင္ေပးလိုက္တယ္လို႔သိရတယ္။
ေအး . . . ကိုေရႊသာနဲ႔ ကိုယ္နဲ႔ အေၾကာင္းကို ဆက္ေျပာရ ဦးမယ္။ ကိုယ္အလင္းဝင္ၿပီးေနာက္ပိုင္းမွာ ကိုေရႊသာဟာ ကိုယ့္ကို လုပ္ႀကံဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တယ္။
ကိုယ္အလင္းဝင္ၿပီး ၃ လေလာက္ အၾကာမွာ ရကပ က မင္းျပားၿမိဳ႕ကို ဝင္စီးတယ္။ မင္းျပားဘဏ္က ေငြေၾကးေတြကို အကုန္ ယူသြားတယ္။ ဒါနဲ႔ ကိုယ့္ကို ဘန္ဂလိုတစ္ခုမွာ အစိုးရဘက္က ေခၚယူ ထိန္းသိမ္းထားတယ္။ ဘာၾကာင့္လဲဆိုေတာ့ မင္းျပားၿမိဳ႕သိမ္းပြဲကို ကိုခိုင္စိုးဦးေဆာင္ၿပီးလုပ္တဲ့အခါ အလင္းဝင္ၿပီးတဲ့ ယခင္ရကပ ေဟာင္းေတြ ပါဝင္ပတ္သက္ေနေၾကာင္း ေတြ႕ရလို႔ပဲ။ ကိုခိုင္စိုးအပါ အဝင္ သူ႔ရဲ့ရဲေဘာ္ငယ္သားေတြ၊ ကြင္းဆက္ေတြအားလုံးကို ေဖာ္ထုတ္ ဖမ္းဆီးနိုင္တဲ့အခ်ိန္အထိ ကိုယ့္ကို ထိန္းသိမ္း ထားတယ္။ ဒီ စစ္ဆင္ ေရးမွာ ကိုယ္ပါဝင္ပတ္သက္မႈမရွိဘူးဆိုတာကို ကိုယ္ကေျပာေပမယ့္ ဗိုလ္ေမာင္ေမာင္သန္းက အစဦးမွာသိပ္မယုံေသးဘူး။ ကိုယ့္ကို အၾကမ္း ပတမ္း စစ္ေဆးျခင္းမခံရေအာင္ ကယ္လိုက္တဲ့ သက္ေသပစၥည္း တစ္ခု ကေတာ့ ကိုေရႊသာ့လက္ေရးနဲ႔ ေရးထားတဲ့ ညႊန္ၾကားစာတစ္ေစာင္ ပါပဲ။ အဲသည္ညႊန္ၾကားစာမွာ ေရးထားတာက စံေရႊေမာင္ရဲ့ ဓါတ္ပုံေတြ ကို ရသမၽွရွာေဖြဖို႔၊ ၿပီးရင္ ပုံႀကီးခ်ဲ႕ျဖန႔္ေဝဖို႔နဲ႔ လုပ္စရာရွိတာ ဆက္ လုပ္ဖို႔ ဆိုတဲ့အေၾကာင္းကိုေရးထားတာ။
ကိုယ့္ကို ရကပ က လုပ္ႀကံဖို႔ ညႊန္ၾကားစာ ထုတ္ထားတယ္ ဆိုတာသိသြားေတာ့မွ ကိုယ္ဟာ ရကပရဲ့ အတြင္းစည္းထဲမွာ မရွိေတာ့ ဘူးဆိုတာကို လက္ခံသြားတာ။ တပ္မေတာ္ကဖမ္းမိတဲ့ သက္ေသခံ ပစၥည္းေတြထဲမွာ ကိုယ့္ရဲ့မွတ္ပုံတင္ပါလာေသးတယ္။ ကိုယ္က ကိုယ့္ မွတ္ပုံတင္ကို ေတာထဲမွာထားခဲ့တာကိုး။ ကိုယ္ျပန္ေတာင္းေတာ့ မရပါ ဘူး။ ဒါက သက္ေသခံပစၥည္းျဖစ္ေနၿပီမို႔လို႔ မေပးနိုင္ဘူးတဲ့။ မွတ္ပုံ တင္ အသစ္တစ္ခုပဲ လုပ္လိုက္ပါေတာ့တဲ့။
ေနာက္ေတာ့တစ္ခါ စစ္ေတြေလဆိပ္လမ္း မ်က္ႏွာခ်င္းဆိုင္က ဘုန္းေတာ္ႀကီးေက်ာင္းေရွ႕မွာ လူတစ္ေယာက္ ေသနတ္ပစ္လုပ္ႀကံခံရ တယ္။ အဲသည္လူက ကိုယ္နဲ႔အလုံးအရပ္တူ၊ ကိုယ့္လိုပဲ မ်က္မွန္တပ္ ထားတာ။ အဲသည္လူနဲ႔ ဘုန္းႀကီးတစ္ပါး ရပ္ၿပီး စကားေျပာေနၾက တုန္းမွာ ဆိုင္ကယ္စီးေသနတ္သမားက ပစ္ၿပီး ေျပးသြားတာ။အဲသည္ မ်က္မွန္နဲ႔လူက ေသတယ္။ ဘုန္းႀကီးက ဒဏ္ရာရသြားတယ္။ အဲဒီ အခ်ိန္က ကိုယ္စစ္ေတြေရာက္ေနတဲ့ အခ်ိန္နဲ႔ကြက္တိျဖစ္ေနေလေတာ့ သက္ဆိုင္ရာ ေထာက္လွမ္းေရးအရာရွိေတြက ရဲစခန္းေတြကို ဖုန္းဆက္ ၿပီး ကိုယ့္ကိုလိုက္ရွာဖို႔၊ ကာကြယ္ေစာင့္ေရွာက္ထားဖို႔ ညႊန္ၾကားတယ္။ သူတို႔အထင္ ဒါဟာ ကိုယ့္ကိုလုပ္ႀကံတာသာျဖစ္ၿပီး၊ ဟိုလူက အေခ်ာင္ ၾကားက လူမွားအသတ္ခံသြားရတာလို႔ ယူဆတယ္။
ေနာက္တစ္ခါက်ေတာ့ ကိုယ့္ကိုသတ္ဖို႔အတြက္ ပါးကြက္ သား ဘေစာခင္ကို ကိုေရႊသာက ေစလႊတ္လိုက္ျပန္တယ္။ ဓါးျပလိုလို နိုင္ငံေရးလိုလိုနဲ႔ ဘေစာခင္ဟာ ဘူးသီးေတာင္အခ်ဳပ္ကလြတ္လာၿပီး ေနာက္ ကိုေရႊသာတို႔ဆီကို ေရာက္သြားတယ္။ ေျမပုံၿမိဳ႕နယ္ ကမ္း ေထာင့္ႀကီးရြာသား ဗလေကာင္းေကာင္း တုတ္တုတ္ခိုင္ခိုင္နဲ႔ ဘေစာခင္ ထိုင္းနိုင္ငံ ရေနာင္းဘက္ကို အသြားမွာ တာဝန္ႏွစ္ခုပါတယ္။ တစ္ခုက သရက္ေတာင္မွာ ကိုေမာင္ဟန္ရဲ့သား ဦးေရႊသိန္း အသတ္ခံရတဲ့ ေသြးေႂကြးအတြက္ သတ္သူကိုအေပ်ာက္ရွင္းဖို႔။ (တကယ္ေတာ့ ေသသူ ရဲ့ဖခင္ ကိုေမာင္ဟန္ကိုယ္တိုင္က မလုပ္ပါနဲ႔ေတာ့ကြာ၊ ေသတဲ့လူက ေသၿပီးေနၿပီပဲလို႔ တားလိုက္ေသးတယ္။) ေနာက္တာဝန္တစ္ခုကိုေတာ့ ကိုေရႊသာကခိုင္းလိုက္တာ။ ဘူးသီးေတာင္ကိုဝင္ၿပီးေတာ့ ဘႀကီးကို ဝင္ရွင္းပစ္ခဲ့ဖို႔။ ဒါေပမဲ့ ဘေစာခင္က ကိုယ့္ကိုမသတ္ခဲ့ဘူး။ သူနဲ႔ မ်က္ႏွာသိ လူတစ္ေယာက္ကို တိတ္တိတ္ေလးမွာခဲ့တယ္။ ဂိုးဂိုႀကီး (အစ္ကိုႀကီး) စံေရႊေမာင္ကိုေျပာလိုက္ပါတဲ့။ အခု ကိုေရႊသာက သူ႔ကို လႊတ္ၿပီး အစ္ကိုႀကီးကိုသတ္ခိုင္းလိုက္တာတဲ့။ အခုေတာ့ သူက မသတ္ ပဲနဲ႔ ေရွ႕ဆက္သြားၿပီတဲ့။ ဒါေပမဲ့ ကိုေရႊသာက လက္ေလၽွာ့ဦးမွာ မဟုတ္ ေသးဘူး။ ေနာက္လူေတြကိုလႊတ္ၿပီး သတ္ရင္သတ္ခိုင္းဦးမွာ . . .၊ ဒီ ေတာ့ သတိနဲ႔ေနပါတဲ့။ ကိုယ့္ဆီကိုစကားေရာက္ေအာင္ ဘေစာခင္က မွာခဲ့တယ္။ သူ႔ခရီးသူဆက္တယ္။ ကိုေမာင္ဟန္သားအတြက္ ေသြး ေႂကြးဆပ္တယ္။ ေနာက္ၿပီး ေျမပုံနယ္မွာ တစ္ကိုယ္ေတာ္ ေအးဓါးၿပ လိုလိုဆက္ေၾကးေကာက္သူလိုလို လုပ္ၿပီး ပိုက္ဆံရွာတယ္။ ရတဲ့ ပိုက္ဆံနဲ႔ ေသနတ္တစ္လက္ဝယ္တယ္။ ရေနာင္းကိုသြားတယ္။ (သူ႔ညီ ျမန္မာျပည္ထဲကရဲစခန္းတစ္ခုမွာ အဖမ္းခံရၿပီးေနာက္ပိုင္း ရေနာင္းက ဘေစာခင္လည္းအစအနေပ်ာက္သြားတယ္။သုတ္သင္ျခင္းခံရတယ္လို႔ ယူဆတဲ့လူက ယူဆၾကတယ္။)
ၿပီးေတာ့ေနာက္တစ္ဖန္ ဆင္ပစ္အဖြဲ႕တစ္ဖြဲ႕ ရခိုင္ထဲကို ေရာက္ လာျပန္တယ္။ တစ္ဘက္နိုင္ငံကရခိုင္ေတြပါတဲ့ ဆင္ပစ္အဖြဲ႕တစ္ဖြဲ႕ ဆင္းလာတယ္လို႔ ကိုယ္စၾကားတယ္။ ဆင္ပစ္အဖြဲ႕ဆိုတာ တရားမဝင္ ဆင္သတ္ၿပီး ဆင္စြယ္ေရာင္းတဲ့ ဂိုဏ္းသေဘာေပါ့။ အဲသည္အဖြဲ႕ နယ္စပ္ကဆင္းလာတယ္ဆိုကတည္းက ကိုယ္မျပတ္နားစြင့္ထားတယ္။
သူတို႔နီးလာတာနဲ႔အမၽွ သံသယႀကီးတယ္လို႔ပဲေျပာေျပာ ကိုယ္က မေနနိုင္ေတာ့ဘူး။ ဖင္တႂကြႂကြျဖစ္ေနၿပီ။ ဆင္ပစ္အဖြဲ႕ဟာ ကိုယ္ေနတဲ့ဘူးသီးေတာင္ၿမိဳ႕အနီးက အာကာပ်ံရြာနားေရာက္တယ္ ဆို ရင္ပဲ ကိုယ္ဒီအတိုင္း ထိုင္မေနနိုင္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တယ္။အာကာပ်ံနဲ႔ ဘူးသီးေတာင္က အသြားအျပန္ နီးနီးေလး။ ကိုယ့္ကို လာသတ္ၿပီး ဆင္ပစ္အဖြဲ႕နဲ႔ ေရာေႏွာပူးေပါင္းျပန္သြား႐ုံပဲ။ ဒီေတာ့ ေထာက္လွမ္းေရးအဖြဲ႕ရဲ့နယ္ေျမတာဝန္ခံကို သြားေျပာတယ္။ခင္ဗ်ားတို႔ ဘာမွထမလုပ္ဘူးဆိုရင္ ယမ္းေထာင္း (တူးမီး)ေသနတ္ပဲရရ ရတာ သြားရွာဝယ္ၿပီး အဲဒီအဖြဲ႕ကို က်ဳပ္တစ္ေယာက္တည္း သြားတိုက္ေတာ့ မယ္။ ဘူးသီးေတာင္က က်ဳပ္အိမ္ေပၚတက္လာၿပီး က်ဳပ္ကိုပစ္သတ္ မွာကို ဒီအတိုင္းထိုင္ေစာင့္ မေနနိုင္ဘူးလို႔သြားေျပာတယ္။ ဒီေတာ့မွ သူတို႔လည္း အာကာပ်ံရြာနားကို လိုက္သြားတယ္။ သူတို႔နဲ႔ ဆင္ပစ္ အဖြဲ႕နဲ႔ ညအေမွာင္မွာကပ္လြဲသြားတယ္။ ဒါေပမဲ့ ဆင္ပစ္အဖြဲ႕လည္း တစ္ခ်ိဳးတည္း လစ္သြားတယ္။ ဒီေတာ့မွ ကိုယ္လည္း ဟင္းခနဲ သက္ျပင္းခ်နိုင္ေတာ့တယ္။
အခုကိုယ္တို႔ အိမ္ကေလးေဆာက္ထားတဲ့ ေျမကြက္ကို ျပန္ လည္ေနရာခ်ထားေရးက စီစဥ္ေပးတာ။ လမ္းစဥ္ပါတီေခတ္တုန္းက ခ်ေပးခဲ့တာမွန္ေပမယ့္ ေနာက္အစိုးရေတြတက္လာေတာ့ ေရွ႕ကဟာ ေတြကိုမသိေတာ့ဘူးဆိုၿပီး ဌာနဆိုင္ရာေတြက လာ လာ ႏွင္ထုတ္တာ ခဏခဏပဲ။ ကိုယ္ကလည္း အိမ္ေျပာင္းမေပးနိုင္ဘူးလို႔ေျပာရတာ ခဏ ခဏပဲ။ အခုေတာ့ ေျမဂရံကို ကိုယ့္နာမည္နဲ႔ အမည္ေပါက္ရသြားပါၿပီ။
ဒီတစ္ထပ္ေျမစိုက္ဝါးထရံကာ အိမ္ကေလးကေတာ့ ကိုယ့္ ဘာသာကိုယ္ ေဆာက္ၿပီးေနတာ။ ကိုယ္အလင္းဝင္ခါစက ဘာမွလည္း မလုပ္တတ္ မကိုင္တတ္ . . . ၊ လက္ထဲမွာလည္း အရင္းအႏွီး တစ္ျပား တစ္ခ်ပ္မွမရွိ . . . ။ ကိုယ္ကေျပာက္က်ားေဟာင္းဆိုေတာ့ ေဒသခံ အာဏာပိုင္ေတြကလည္း ကိုယ္ကိုသိပ္မယုံ၊ အရပ္သားေတြကလည္း ကိုယ့္ကိုခပ္လန႔္လန႔္ဆိုေတာ့ ဘာမွလုပ္ကိုင္စားေသာက္လို႔ အဆင္ မေခ်ာခဲ့ဘူးဆိုပါေတာ့။ ဒီေတာ့ ဆင္းရဲလိုက္တာမွ ေတာ္ေတာ့္ကို ဆင္းရဲတာကလား . . . ။ (ဗိုလ္ခ်ဳပ္ျမသင္းက ကိုယ့္ကိုေျပာတယ္။ ခင္ဗ်ားက အလင္းဝင္ေျပာက္က်ားေဟာင္းဆိုေတာ့ မ်က္ႏွာႏွစ္ခုနဲ႔လူလို႔ ႏွစ္ဘက္စလုံးက သဘာထားၾကတာကိုခံရလိမ့္မယ္တဲ့။ ဘယ္ဘက္ကမွ ခင္ဗ်ားကို ယုံမွာမဟုတ္ဘူးတဲ့။)
ကိုယ္ကဟိုေခတ္ ဟိုအေနနဲ႔ ေဘာဂေဗဒနဲ႔ ဘြဲ႕ရခဲ့တာပါ။ R.A. (Registered Accountant) ေျဖလို႔ေအာင္ခဲ့တယ္။ ၿပီးေတာ့ ထိုင္းမွာ ေနတုန္းက ေဆးမႉးသင္တန္းၿပီးေအာင္တက္ၿပီး လက္မွတ္ေတြ ဘာေတြ ရၿပီး အဲသည္လက္မွတ္နဲ႔ လုပ္ကိုင္စားေသာက္ခဲ့ေသးတယ္။ ဘဂၤလာ ေဒ့ရွ္ ေရာက္ေတာ့ အဲသည္လက္မွတ္က သူတို႔ဆီမွာ အသိအမွတ္ မျပဳဘူးဆိုလို႔ ေဘာင္ဝင္သြားေအာင္ စာေမးပြဲေတြေျဖလို႔ ေအာင္ၿပီး သကာလ ေဆးမႉးဘ၀နဲ႔ လုပ္ကိုင္ခဲ့ျပန္ေသးတယ္။ အခု အလင္းဝင္ လာၿပီး ျမန္မာျပည္ထဲမွာ အဲသည္လက္မွတ္ႏွစ္ေစာင္စလုံးကို အသိ အမွတ္မျပဳနိုင္ဘူးဆိုေတာ့ သင္တန္းတက္စာေမးပြဲေျဖအလုပ္ကို ကိုယ္ ထပ္မလုပ္ခ်င္ေတာ့ဘူး။ ဒီေတာ့ အဲသည္လိုင္းဘက္ကလည္း မလုပ္ ကိုင္ျဖစ္ဘူး ဆိုပါေတာ့။
အလင္းဝင္ၿပီးခါစ ကနဦးကာလေတြမွာ သက္ဆိုင္ရာ ေဒသ အာဏာပိုင္ေတြက ကိုယ္ကိုအေထာက္အပံ့ေပးပါတယ္။ တစ္လ ေငြ တစ္ေသာင္း၊ ဆန္တစ္အိတ္ဆိုသလိုမ်ိဳးရဖူးတယ္။ ကိုယ့္ကို ေဈးအဖြဲ႕ ထဲထည့္ထားၿပီး သေဘၤာဆိပ္မွာတာဝန္ခ်ထားတယ္။ အဲဒီကေန ဝင္ေငြအနည္းအက်ဥ္းရတယ္။ေနာက္ပိုင္း ဘူးသီးေတာင္ကို အင္(န္) ဂ်ီအိုေတြ အသီးသီး အသကအသက ေရာက္လာၾကေတာ့ ကိုယ္လည္း ကိုယ့္ပညာအရည္အခ်င္းေလးနဲ႔ အဂၤလိပ္စကားေျပာတတ္တာေလးေတြ ရယ္ေၾကာင့္ ACF မွာအလုပ္ရတယ္။ ကိုယ္အဲသည္မွာ သုံးႏွစ္ ေလာက္ အလုပ္လုပ္ခဲ့တယ္။
သမီးေလးႀကီးျပင္းလာလို႔ ဘြဲ႕ကေလးဘာေလးရၿပီးေနာက္ ပိုင္း Finance Assistant အေနနဲ႔ အင္(န္)ဂ်ီအိုတစ္ခုမွာ အလုပ္ရ တယ္။ အခုေတာ့သမီးက အိမ္ေထာင္က်ၿပီဆိုေပမယ့္ အားကိုး အားထားျပဳလို႔ရတဲ့အတြက္ ကိုယ္တို႔အဘိုးႀကီးအဘြားႀကီးႏွစ္ေယာက္ စိတ္ခ်မ္းသာသာေနနိုင္ၾကတာေပါ့။
၁၉၉၀ ခုႏွစ္ ေရြးေကာက္ပြဲကာလမွာ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ရဒဖ)ရဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ဥကၠဌ၊ ေနာက္ေတာ့ ဗဟိုေကာ္မတီ အဖြဲ႕ဝင္အေနနဲ႔ ေဆာင္ရြက္ခဲ့တယ္။ အခုေတာ့ ကိုယ္လည္း ရဒဖက ႏႈတ္ထြက္ၿပီးပါၿပီ။ တစ္ခါက ျမန္မာ့ေရးရာကၽြမ္းက်င္သူ သတင္းစာ ဆရာ စာေရးဆရာ ေရာဘတ္ေတလာ (Robert H. Taylor ) ကိုယ့္ အိမ္ကိုေရာက္လာလို႔ ေျပာၾကဆိုၾကေတာ့ ကိုယ့္ကို နိုင္ငံေရးဆက္လုပ္ ဦးမွာတဲ့ . . . ေမးတယ္။ ကိုယ္က နိုင္ငံေရးက အနားယူလိုက္ၿပီလို႔ ေျပာခဲ့တယ္။
ကိုယ္အိုၿပီ။
ကိုယ္ အနားယူပါၿပီ။
(ၿပီး)
ေက်ာ္ေဇာဦး ေမးျမန္းေရးသားသည္။
==========
[ Unicode here ]
ရဲနီစံလှိုင်
(ရဲနီစံလှိုင် နှင့်ပတ်သက်သည့် အောက်ပါ အကြောင်းအရာများကို ရဲနီစံလှိုင်၏ တူဖြစ်သူ ကိုခင်မောင်ရီ က ပြောပြသည်။)
“ဦးကြီးစံလှိုင်က အကို့အမေရဲ့ မောင်တစ်ဝမ်းကွဲတော်တယ်။ အမေတို့အမျိုးတွေက ကျောက်ဖြူဇာတိတွေ။ ဒါပေမဲ့ ဒီ့မတိုင်ခင် စစ်တွေ ကြက်ကိုင်းတန်ဘက်ကလာခဲ့ကြတာလို့ သိရတယ်။ မျိုးရိုးစဉ်ဆက် ဘယ်လို ပတ်သက်မှန်းမသိရတဲ့ ကျောက်ဆစ်ရုပ်ထုတချို့ကို အကို့အမေ အမြတ်တနိုး သိမ်းဆည်းထားခဲ့တာ အကို အခုထက်ထိမှတ်မိသေးတယ်။
“ဦးကြီးစံလှိုင်ရဲ့ အဖေနာမည်က (ဦး)ကျွန်တောင်း။ ကျောက်ဖြူ မြို့တစ်မြို့လုံးမှာ တိုက်နှစ်လုံးတည်းပဲရှိသေးတဲ့ ဟိုစဉ်အချိန်က တစ်လုံး သောတိုက်ဟာ အဖိုးဦးကျွန်တောင်းပိုင်တဲ့ မိသားစုနေအိမ်ဖြစ်တယ်။ ကျွန်တောင်းတိုက်ရယ်လို့ အများကခေါ်ကြတယ်။ မိသားစုကချမ်းသာတဲ့ အလျောက် ဦးကြီးစံလှိုင်တို့ ညီအစ်ကိုမောင်နှမတွေကို ဟိုးခေတ် က တည်းက ရန်ကုန်ကို ကျောင်းအိပ်ကျောင်းစားပို့ပြီး ပညာသင်ခိုင်းတယ်။ ဦးကြီးစံလှိုင်ရဲ့ အစ်ကိုတစ်ယောက်ဆိုရင် ဆရာဝန်ဖြစ်လာပြီး ဆေး ပညာနဲ့ပဲ သက်မွေးဝမ်းကျောင်းပြုသွားခဲ့တယ်။ ဦးကြီးစံလှိုင်လည်း ငယ်ငယ်ကတည်းက ရန်ကုန်မှာ ကျောင်းတက်ပြီး ကြီးပြင်းလာခဲ့တာ။ဆေးကျောင်းတက်ခွင့်ရတယ်။ ကျောင်းသားနိုင်ငံရေးတွေမှာ ပါဝင် ပတ် သက်တယ်။ လက်ဝဲစာပေတွေကိုဖတ်တယ်။ (ဟိုစဉ်က လက်ယာစာပေ ဆိုတာလည်း ရှိမှမရှိပဲကိုး။) ဆေးကျောင်း စတုတ္ထနှစ်အထိရောက်ခဲ့ တယ်။ ပြီးတော့ တောခိုတယ်။
“တောခိုသောင်းကျန်းသူတွေထဲမှာ ခေတ်ပညာတတ်ရှားပါးတဲ့ အလျောက် ရဲနီကျော်ဇံရွှီရဲ့ အားကိုးအားထားပြုခြင်းခံရတယ်။
“တောထဲမှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပုံက ဒီလို။ သူ့အထက်အရာရှိတစ်ယောက် သေအံ့မူးမူးအချိန်မှာ သူ့ကိုခေါ်တွေ့ တယ်လို့ဆိုတယ်။ သူမရှိတော့တဲ့အချိန်မှာ သူ့မိန်းမနဲ့ သူ့ကလေးကို သူ့ကိုယ်စားစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ဆိုတယ်။ သူက ခေါင်းညိတ်လိုက်တယ်။ သည်လိုနဲ့ သူ့ဆရာကွယ်လွန်တော့ သူ့ဆရာရဲ့ မိန်းမကို သူယူလိုက်တယ်။
“ရကပရဲ့အကျပိုင်းမှာ ရဲနီစံလှိုင်ဟာ အမ်းမြို့နယ်က ကျေးရွာတစ်ရွာမှာ နေ့ရောညပါ အရက်သောက်နေခဲ့တယ်။ ပြောက် ကျားရောက်နေတယ်ဆိုပြီး သတင်းရလို့ စစ်တပ်ကဝိုင်းတော့ ရဲဘော် စံလှိုင်ဟာ အိမ်ပေါ်ကခုန်ချထွက်ပြေးတယ်။ ဒါပေမဲ့ စစ်သားတွေ လှမ်း ပစ်တာ သူ့ ပေါင်တစ်ဘက်မှာထိပြီး ဆက်မပြေးနိုင်တော့ဘူး။ သူ့ကို ပစ်မသတ်လိုက်ဖို့ တပ်ကြပ်ကြီးက အချိန်မီတားလိုက်နိုင်ခဲ့လို့ သူမသေ ဘူး။ နောက်မှ သူ့ကို ဗိုလ်မှူးလှမြင့်ရဲ့ညီမှန်းသိကြတာ။ ဒီတော့ ရဲနီစံလှိုင်လည်း အဖမ်းခံရရာကနေ တစ်ခါတည်း အလင်းဝင်လိုက်ဖို့ ဖြစ် လာတယ်။
“အရပ်သားဘဝမှာ ဦးစံလှိုင်ဟာ ကားဒရိုင်ဘာတစ်ယောက် ဖြစ် လာတယ်။ အသောက်အစားကလည်း မလျှော့ဘူး။ ဌာနဆိုင်ရာတစ်ခုမှာ ဒုညွှန်ချုပ်ရာထူးကနေ သူ့အစ်မ အငြိမ်းစားယူတော့ လေးဘီးကားတစ်စီး ဝယ်တယ်။ ဟိုဘက်ခေတ် တန်ဖိုးနဲ့ ငွေကျပ်ငါးထောင်ပဲကျတယ်နဲ့ တူပါတယ်။ အဲသည်ကားကို ဦးစံလှိုင် တက္ကစီဆွဲသေးတယ်။ ရန်ကုန် မှာပေါ့။
“တစ်နေ့ သူ့လေးဘီးပေါ်ကို ခရီးသည်မိန်းမနှစ်ယောက်တက် လာတယ်။ သူတို့လိုရာ ခရီးကိုသွားနေတုန်း အမျိုးသမီးနှစ်ယောက်က ရခိုင်လိုစကားပြောနေကြတယ်။ သူလည်း အတိုင်းသားကြားနေရတယ်။ အေ့ . .၊ ဒရိုင်ဘာက တို့ဆီက “ကျွန်တောင်း” သား အဆိုးအကောင်နဲ့ တူလိုက်တာ အေ။ နောက်တစ်ယောက်က ပြန်ပြောတယ်။ မဟုတ် နိုင်ပါဘူးအေ၊ အဲသည်အကောင်က ကားတောင်မောင်းတတ်ပါ့မလား ဟဲ့ လို့ဆိုသတဲ့။ “ကျွန်တောင်း” သား ဦးစံလှိုင် ကတော့ ခပ်မဆိတ် ဘာမှ မပြောပဲ သူတို့ကို လိုက်ပို့ပေးခဲ့တယ်။ ဆေးကျောင်းသားလူထွက်၊ ပြောက်ကျား အလင်းဝင်၊ အရက်ကြိုက်တတ်တဲ့ ဒရိုင်ဘာတစ်ယောက် အနေနဲ့ လူ့အသိုင်းအဝိုင်းက သူ့ကို ကောင်းကောင်းကန်းကန်း အသိ အမှတ်ပြုစရာ လုပ်မပြနိုင်ခဲ့သေးဘူးလေ။ သူ့ဘဝမှာ အရှုံးနောက်က အရှုံးတွေဆင့်ကာ တန်းစီလျက်ရှိနေခဲ့တယ်။
“ရှစ်ဆယ့်ရှစ် အရေးအခင်းနောက်ပိုင်း အကို ဂျီတီအိုင်တက်ဖို့ ရန်ကုန်ကနေ တစ်ဆင့်သွားတော့ ဦးကြီးစံလှိုင်တို့ အိမ်ကို ခဏ အလည် ဝင်တယ်။ အဲသည်အချိန်မှာ ဦးကြီးဟာ အစိုးရ ပုလဲနဲ့ငါးလုပ်ငန်းက ကားကြီးတွေကို မြန်မာပြည် အလယ်ပိုင်းဆီမောင်းပို့ပေးရတဲ့ အလုပ် လုပ်နေတယ်။ သူ့ကို တွေ့ခဲ့တယ်။ ခရီးက တစ်ခေါက်ပြန်ရောက်နေခိုက် ပေါ့။ အဲဒါ သူ့ကို နောက်ဆုံးတွေ့ခဲ့တာပဲ။ ၂၀၀၅-၂၀၀၆လောက်မှာ ဆုံးတယ်။ သူ့ဆရာဟောင်း ဦးကျော်ဇံရွှီနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ကွယ် လွန်သွားကြတာ။ သူကွယ်လွန်ချိန်မှာ အသက်(၈၁) နှစ်။
“သူ့သမီး(မယားပါသမီး)က အကျဉ်းစီးဌာနမှာ ထောင်မှူး အဆင့် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျန်ရစ်ခဲတဲ့ သားတစ်ယောက် လည်း ခေတ်ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်လာခဲ့တယ်။ ဘဝရဲ့အရှုံး တွေကြားထဲက အမြတ်ကတော့ သားသမီးတွေကို လူလူသူသူ ဖြစ်သွား အောင် ကူညီထောက်မနိုင်ခဲ့ခြင်းပဲဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။”
==========
သူတို့ဘက်ကကြည့်တော့ သစ္စာဖောက်
(အောက်ပါ အကြောင်းအရာများမှာ ဦးစံရွှေမောင်က ပြောပြခြင်း ဖြစ်ပါသည်။)
ယနေ့အခါမှာ ရကပကို ရခိုင်ဒီမိုကရက်တစ်ပါတီ ( Democratic Party of Arakan) ဆိုတဲ့ အမည်သို့ပြောင်းလဲပြီး ရပ်တည် နေကြတယ်လို့ အင်တာနက်ဝက်ဘ်ဆိုက်တွေအရသိရတယ်။ လူ အင်အားဘယ်ရွေ့ ဘယ်မျှကျန်သေးသလဲ။ ဘယ်မှာအခြေစိုက်သလဲ ဆိုတာတော့ ကိုယ်မသိတော့ဘူး။ ကိုယ်သိသလောက်က မာန်အောင် သား ကိုသိန်းဖေက ဥက္ကဌဖြစ်နေပြီးတော့ ကိုယ့်ရဲ့ ရဲဘော်ဟောင်းကြီး ကိုရွှေသာကိုတော့ နယက အဖြစ်တင်ပေးလိုက်တယ်လို့သိရတယ်။
အေး . . . ကိုရွှေသာနဲ့ ကိုယ်နဲ့ အကြောင်းကို ဆက်ပြောရ ဦးမယ်။ ကိုယ်အလင်းဝင်ပြီးနောက်ပိုင်းမှာ ကိုရွှေသာဟာ ကိုယ့်ကို လုပ်ကြံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။
ကိုယ်အလင်းဝင်ပြီး ၃ လလောက် အကြာမှာ ရကပ က မင်းပြားမြို့ကို ဝင်စီးတယ်။ မင်းပြားဘဏ်က ငွေကြေးတွေကို အကုန် ယူသွားတယ်။ ဒါနဲ့ ကိုယ့်ကို ဘန်ဂလိုတစ်ခုမှာ အစိုးရဘက်က ခေါ်ယူ ထိန်းသိမ်းထားတယ်။ ဘာကြာင့်လဲဆိုတော့ မင်းပြားမြို့သိမ်းပွဲကို ကိုခိုင်စိုးဦးဆောင်ပြီးလုပ်တဲ့အခါ အလင်းဝင်ပြီးတဲ့ ယခင်ရကပ ဟောင်းတွေ ပါဝင်ပတ်သက်နေကြောင်း တွေ့ရလို့ပဲ။ ကိုခိုင်စိုးအပါ အဝင် သူ့ရဲ့ရဲဘော်ငယ်သားတွေ၊ ကွင်းဆက်တွေအားလုံးကို ဖော်ထုတ် ဖမ်းဆီးနိုင်တဲ့အချိန်အထိ ကိုယ့်ကို ထိန်းသိမ်း ထားတယ်။ ဒီ စစ်ဆင် ရေးမှာ ကိုယ်ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာကို ကိုယ်ကပြောပေမယ့် ဗိုလ်မောင်မောင်သန်းက အစဦးမှာသိပ်မယုံသေးဘူး။ ကိုယ့်ကို အကြမ်း ပတမ်း စစ်ဆေးခြင်းမခံရအောင် ကယ်လိုက်တဲ့ သက်သေပစ္စည်း တစ်ခု ကတော့ ကိုရွှေသာ့လက်ရေးနဲ့ ရေးထားတဲ့ ညွှန်ကြားစာတစ်စောင် ပါပဲ။ အဲသည်ညွှန်ကြားစာမှာ ရေးထားတာက စံရွှေမောင်ရဲ့ ဓါတ်ပုံတွေ ကို ရသမျှရှာဖွေဖို့၊ ပြီးရင် ပုံကြီးချဲ့ဖြန့်ဝေဖို့နဲ့ လုပ်စရာရှိတာ ဆက် လုပ်ဖို့ ဆိုတဲ့အကြောင်းကိုရေးထားတာ။
ကိုယ့်ကို ရကပ က လုပ်ကြံဖို့ ညွှန်ကြားစာ ထုတ်ထားတယ် ဆိုတာသိသွားတော့မှ ကိုယ်ဟာ ရကပရဲ့ အတွင်းစည်းထဲမှာ မရှိတော့ ဘူးဆိုတာကို လက်ခံသွားတာ။ တပ်မတော်ကဖမ်းမိတဲ့ သက်သေခံ ပစ္စည်းတွေထဲမှာ ကိုယ့်ရဲ့မှတ်ပုံတင်ပါလာသေးတယ်။ ကိုယ်က ကိုယ့် မှတ်ပုံတင်ကို တောထဲမှာထားခဲ့တာကိုး။ ကိုယ်ပြန်တောင်းတော့ မရပါ ဘူး။ ဒါက သက်သေခံပစ္စည်းဖြစ်နေပြီမို့လို့ မပေးနိုင်ဘူးတဲ့။ မှတ်ပုံ တင် အသစ်တစ်ခုပဲ လုပ်လိုက်ပါတော့တဲ့။
နောက်တော့တစ်ခါ စစ်တွေလေဆိပ်လမ်း မျက်နှာချင်းဆိုင်က ဘုန်းတော်ကြီးကျောင်းရှေ့မှာ လူတစ်ယောက် သေနတ်ပစ်လုပ်ကြံခံရ တယ်။ အဲသည်လူက ကိုယ်နဲ့အလုံးအရပ်တူ၊ ကိုယ့်လိုပဲ မျက်မှန်တပ် ထားတာ။ အဲသည်လူနဲ့ ဘုန်းကြီးတစ်ပါး ရပ်ပြီး စကားပြောနေကြ တုန်းမှာ ဆိုင်ကယ်စီးသေနတ်သမားက ပစ်ပြီး ပြေးသွားတာ။အဲသည် မျက်မှန်နဲ့လူက သေတယ်။ ဘုန်းကြီးက ဒဏ်ရာရသွားတယ်။ အဲဒီ အချိန်က ကိုယ်စစ်တွေရောက်နေတဲ့ အချိန်နဲ့ကွက်တိဖြစ်နေလေတော့ သက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိတွေက ရဲစခန်းတွေကို ဖုန်းဆက် ပြီး ကိုယ့်ကိုလိုက်ရှာဖို့၊ ကာကွယ်စောင့်ရှောက်ထားဖို့ ညွှန်ကြားတယ်။ သူတို့အထင် ဒါဟာ ကိုယ့်ကိုလုပ်ကြံတာသာဖြစ်ပြီး၊ ဟိုလူက အချောင် ကြားက လူမှားအသတ်ခံသွားရတာလို့ ယူဆတယ်။
နောက်တစ်ခါကျတော့ ကိုယ့်ကိုသတ်ဖို့အတွက် ပါးကွက် သား ဘစောခင်ကို ကိုရွှေသာက စေလွှတ်လိုက်ပြန်တယ်။ ဓါးပြလိုလို နိုင်ငံရေးလိုလိုနဲ့ ဘစောခင်ဟာ ဘူးသီးတောင်အချုပ်ကလွတ်လာပြီး နောက် ကိုရွှေသာတို့ဆီကို ရောက်သွားတယ်။ မြေပုံမြို့နယ် ကမ်း ထောင့်ကြီးရွာသား ဗလကောင်းကောင်း တုတ်တုတ်ခိုင်ခိုင်နဲ့ ဘစောခင် ထိုင်းနိုင်ငံ ရနောင်းဘက်ကို အသွားမှာ တာဝန်နှစ်ခုပါတယ်။ တစ်ခုက သရက်တောင်မှာ ကိုမောင်ဟန်ရဲ့သား ဦးရွှေသိန်း အသတ်ခံရတဲ့ သွေးကြွေးအတွက် သတ်သူကိုအပျောက်ရှင်းဖို့။ (တကယ်တော့ သေသူ ရဲ့ဖခင် ကိုမောင်ဟန်ကိုယ်တိုင်က မလုပ်ပါနဲ့တော့ကွာ၊ သေတဲ့လူက သေပြီးနေပြီပဲလို့ တားလိုက်သေးတယ်။) နောက်တာဝန်တစ်ခုကိုတော့ ကိုရွှေသာကခိုင်းလိုက်တာ။ ဘူးသီးတောင်ကိုဝင်ပြီးတော့ ဘကြီးကို ဝင်ရှင်းပစ်ခဲ့ဖို့။ ဒါပေမဲ့ ဘစောခင်က ကိုယ့်ကိုမသတ်ခဲ့ဘူး။ သူနဲ့ မျက်နှာသိ လူတစ်ယောက်ကို တိတ်တိတ်လေးမှာခဲ့တယ်။ ဂိုးဂိုကြီး (အစ်ကိုကြီး) စံရွှေမောင်ကိုပြောလိုက်ပါတဲ့။ အခု ကိုရွှေသာက သူ့ကို လွှတ်ပြီး အစ်ကိုကြီးကိုသတ်ခိုင်းလိုက်တာတဲ့။ အခုတော့ သူက မသတ် ပဲနဲ့ ရှေ့ဆက်သွားပြီတဲ့။ ဒါပေမဲ့ ကိုရွှေသာက လက်လျှော့ဦးမှာ မဟုတ် သေးဘူး။ နောက်လူတွေကိုလွှတ်ပြီး သတ်ရင်သတ်ခိုင်းဦးမှာ . . .၊ ဒီ တော့ သတိနဲ့နေပါတဲ့။ ကိုယ့်ဆီကိုစကားရောက်အောင် ဘစောခင်က မှာခဲ့တယ်။ သူ့ခရီးသူဆက်တယ်။ ကိုမောင်ဟန်သားအတွက် သွေး ကြွေးဆပ်တယ်။ နောက်ပြီး မြေပုံနယ်မှာ တစ်ကိုယ်တော် အေးဓါးပြ လိုလိုဆက်ကြေးကောက်သူလိုလို လုပ်ပြီး ပိုက်ဆံရှာတယ်။ ရတဲ့ ပိုက်ဆံနဲ့ သေနတ်တစ်လက်ဝယ်တယ်။ ရနောင်းကိုသွားတယ်။ (သူ့ညီ မြန်မာပြည်ထဲကရဲစခန်းတစ်ခုမှာ အဖမ်းခံရပြီးနောက်ပိုင်း ရနောင်းက ဘစောခင်လည်းအစအနပျောက်သွားတယ်။သုတ်သင်ခြင်းခံရတယ်လို့ ယူဆတဲ့လူက ယူဆကြတယ်။)
ပြီးတော့နောက်တစ်ဖန် ဆင်ပစ်အဖွဲ့တစ်ဖွဲ့ ရခိုင်ထဲကို ရောက် လာပြန်တယ်။ တစ်ဘက်နိုင်ငံကရခိုင်တွေပါတဲ့ ဆင်ပစ်အဖွဲ့တစ်ဖွဲ့ ဆင်းလာတယ်လို့ ကိုယ်စကြားတယ်။ ဆင်ပစ်အဖွဲ့ဆိုတာ တရားမဝင် ဆင်သတ်ပြီး ဆင်စွယ်ရောင်းတဲ့ ဂိုဏ်းသဘောပေါ့။ အဲသည်အဖွဲ့ နယ်စပ်ကဆင်းလာတယ်ဆိုကတည်းက ကိုယ်မပြတ်နားစွင့်ထားတယ်။
သူတို့နီးလာတာနဲ့အမျှ သံသယကြီးတယ်လို့ပဲပြောပြော ကိုယ်က မနေနိုင်တော့ဘူး။ ဖင်တကြွကြွဖြစ်နေပြီ။ ဆင်ပစ်အဖွဲ့ဟာ ကိုယ်နေတဲ့ဘူးသီးတောင်မြို့အနီးက အာကာပျံရွာနားရောက်တယ် ဆို ရင်ပဲ ကိုယ်ဒီအတိုင်း ထိုင်မနေနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။အာကာပျံနဲ့ ဘူးသီးတောင်က အသွားအပြန် နီးနီးလေး။ ကိုယ့်ကို လာသတ်ပြီး ဆင်ပစ်အဖွဲ့နဲ့ ရောနှောပူးပေါင်းပြန်သွားရုံပဲ။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့ရဲ့နယ်မြေတာဝန်ခံကို သွားပြောတယ်။ခင်ဗျားတို့ ဘာမှထမလုပ်ဘူးဆိုရင် ယမ်းထောင်း (တူးမီး)သေနတ်ပဲရရ ရတာ သွားရှာဝယ်ပြီး အဲဒီအဖွဲ့ကို ကျုပ်တစ်ယောက်တည်း သွားတိုက်တော့ မယ်။ ဘူးသီးတောင်က ကျုပ်အိမ်ပေါ်တက်လာပြီး ကျုပ်ကိုပစ်သတ် မှာကို ဒီအတိုင်းထိုင်စောင့် မနေနိုင်ဘူးလို့သွားပြောတယ်။ ဒီတော့မှ သူတို့လည်း အာကာပျံရွာနားကို လိုက်သွားတယ်။ သူတို့နဲ့ ဆင်ပစ် အဖွဲ့နဲ့ ညအမှောင်မှာကပ်လွဲသွားတယ်။ ဒါပေမဲ့ ဆင်ပစ်အဖွဲ့လည်း တစ်ချိုးတည်း လစ်သွားတယ်။ ဒီတော့မှ ကိုယ်လည်း ဟင်းခနဲ သက်ပြင်းချနိုင်တော့တယ်။
အခုကိုယ်တို့ အိမ်ကလေးဆောက်ထားတဲ့ မြေကွက်ကို ပြန် လည်နေရာချထားရေးက စီစဉ်ပေးတာ။ လမ်းစဉ်ပါတီခေတ်တုန်းက ချပေးခဲ့တာမှန်ပေမယ့် နောက်အစိုးရတွေတက်လာတော့ ရှေ့ကဟာ တွေကိုမသိတော့ဘူးဆိုပြီး ဌာနဆိုင်ရာတွေက လာ လာ နှင်ထုတ်တာ ခဏခဏပဲ။ ကိုယ်ကလည်း အိမ်ပြောင်းမပေးနိုင်ဘူးလို့ပြောရတာ ခဏ ခဏပဲ။ အခုတော့ မြေဂရံကို ကိုယ့်နာမည်နဲ့ အမည်ပေါက်ရသွားပါပြီ။
ဒီတစ်ထပ်မြေစိုက်ဝါးထရံကာ အိမ်ကလေးကတော့ ကိုယ့် ဘာသာကိုယ် ဆောက်ပြီးနေတာ။ ကိုယ်အလင်းဝင်ခါစက ဘာမှလည်း မလုပ်တတ် မကိုင်တတ် . . . ၊ လက်ထဲမှာလည်း အရင်းအနှီး တစ်ပြား တစ်ချပ်မှမရှိ . . . ။ ကိုယ်ကပြောက်ကျားဟောင်းဆိုတော့ ဒေသခံ အာဏာပိုင်တွေကလည်း ကိုယ်ကိုသိပ်မယုံ၊ အရပ်သားတွေကလည်း ကိုယ့်ကိုခပ်လန့်လန့်ဆိုတော့ ဘာမှလုပ်ကိုင်စားသောက်လို့ အဆင် မချောခဲ့ဘူးဆိုပါတော့။ ဒီတော့ ဆင်းရဲလိုက်တာမှ တော်တော့်ကို ဆင်းရဲတာကလား . . . ။ (ဗိုလ်ချုပ်မြသင်းက ကိုယ့်ကိုပြောတယ်။ ခင်ဗျားက အလင်းဝင်ပြောက်ကျားဟောင်းဆိုတော့ မျက်နှာနှစ်ခုနဲ့လူလို့ နှစ်ဘက်စလုံးက သဘာထားကြတာကိုခံရလိမ့်မယ်တဲ့။ ဘယ်ဘက်ကမှ ခင်ဗျားကို ယုံမှာမဟုတ်ဘူးတဲ့။)
ကိုယ်ကဟိုခေတ် ဟိုအနေနဲ့ ဘောဂဗေဒနဲ့ ဘွဲ့ရခဲ့တာပါ။ R.A. (Registered Accountant) ဖြေလို့အောင်ခဲ့တယ်။ ပြီးတော့ ထိုင်းမှာ နေတုန်းက ဆေးမှူးသင်တန်းပြီးအောင်တက်ပြီး လက်မှတ်တွေ ဘာတွေ ရပြီး အဲသည်လက်မှတ်နဲ့ လုပ်ကိုင်စားသောက်ခဲ့သေးတယ်။ ဘင်္ဂလာ ဒေ့ရှ် ရောက်တော့ အဲသည်လက်မှတ်က သူတို့ဆီမှာ အသိအမှတ် မပြုဘူးဆိုလို့ ဘောင်ဝင်သွားအောင် စာမေးပွဲတွေဖြေလို့ အောင်ပြီး သကာလ ဆေးမှူးဘဝနဲ့ လုပ်ကိုင်ခဲ့ပြန်သေးတယ်။ အခု အလင်းဝင် လာပြီး မြန်မာပြည်ထဲမှာ အဲသည်လက်မှတ်နှစ်စောင်စလုံးကို အသိ အမှတ်မပြုနိုင်ဘူးဆိုတော့ သင်တန်းတက်စာမေးပွဲဖြေအလုပ်ကို ကိုယ် ထပ်မလုပ်ချင်တော့ဘူး။ ဒီတော့ အဲသည်လိုင်းဘက်ကလည်း မလုပ် ကိုင်ဖြစ်ဘူး ဆိုပါတော့။
အလင်းဝင်ပြီးခါစ ကနဦးကာလတွေမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက ကိုယ်ကိုအထောက်အပံ့ပေးပါတယ်။ တစ်လ ငွေ တစ်သောင်း၊ ဆန်တစ်အိတ်ဆိုသလိုမျိုးရဖူးတယ်။ ကိုယ့်ကို ဈေးအဖွဲ့ ထဲထည့်ထားပြီး သင်္ဘောဆိပ်မှာတာဝန်ချထားတယ်။ အဲဒီကနေ ဝင်ငွေအနည်းအကျဉ်းရတယ်။နောက်ပိုင်း ဘူးသီးတောင်ကို အင်(န်) ဂျီအိုတွေ အသီးသီး အသကအသက ရောက်လာကြတော့ ကိုယ်လည်း ကိုယ့်ပညာအရည်အချင်းလေးနဲ့ အင်္ဂလိပ်စကားပြောတတ်တာလေးတွေ ရယ်ကြောင့် ACF မှာအလုပ်ရတယ်။ ကိုယ်အဲသည်မှာ သုံးနှစ် လောက် အလုပ်လုပ်ခဲ့တယ်။
သမီးလေးကြီးပြင်းလာလို့ ဘွဲ့ကလေးဘာလေးရပြီးနောက် ပိုင်း Finance Assistant အနေနဲ့ အင်(န်)ဂျီအိုတစ်ခုမှာ အလုပ်ရ တယ်။ အခုတော့သမီးက အိမ်ထောင်ကျပြီဆိုပေမယ့် အားကိုး အားထားပြုလို့ရတဲ့အတွက် ကိုယ်တို့အဘိုးကြီးအဘွားကြီးနှစ်ယောက် စိတ်ချမ်းသာသာနေနိုင်ကြတာပေါ့။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ရဒဖ)ရဲ့ ဘူးသီးတောင်မြို့နယ်ဥက္ကဌ၊ နောက်တော့ ဗဟိုကော်မတီ အဖွဲ့ဝင်အနေနဲ့ ဆောင်ရွက်ခဲ့တယ်။ အခုတော့ ကိုယ်လည်း ရဒဖက နှုတ်ထွက်ပြီးပါပြီ။ တစ်ခါက မြန်မာ့ရေးရာကျွမ်းကျင်သူ သတင်းစာ ဆရာ စာရေးဆရာ ရောဘတ်တေလာ (Robert H. Taylor ) ကိုယ့် အိမ်ကိုရောက်လာလို့ ပြောကြဆိုကြတော့ ကိုယ့်ကို နိုင်ငံရေးဆက်လုပ် ဦးမှာတဲ့ . . . မေးတယ်။ ကိုယ်က နိုင်ငံရေးက အနားယူလိုက်ပြီလို့ ပြောခဲ့တယ်။
ကိုယ်အိုပြီ။
ကိုယ် အနားယူပါပြီ။
(ပြီး)
ကျော်ဇောဦး မေးမြန်းရေးသားသည်။
==========
(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”