ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

[ Zawgyi Font first / Unicode below ]

(Written by U San Shwe Maung)

ရိုဟင္ဂ်ာမ်က္ႏွာဖုံးေအာက္မွ “အာကစၥတန္”

(သမိုင္းသုေတသနဌာန၊ ေမာ္ကြန္းအမွတ္ D 1315)

ယခုအခါတြင္ ရိုဟင္ဂ်ာဆိုေသာ ေဝါဟာရသည္ မီဒီယာအသီးသီးမွ ေပၚထြက္လာျပန္သည္။
ယခင္က ရိုဟင္ဂ်ာဆိုေသာ ေဝါဟာရသည္ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ပယ္ေလာက္သာ ပစ္မွတ္ရွိခဲ့ေသာ္လည္း ယခုအခါ ရခိုင္ျပည္ေျမာက္ပိုင္းတစ္ခုလုံး ပစ္မွတ္ထားရွိေနၿပီ ျဖစ္သည္။
ရိုဟင္ဂ်ာသည္ တိုင္းရင္းသားျဖစ္/မျဖစ္ဆိုသည္ကို၄င္း၊ ရိုဟင္ဂ်ာသည္ ရခိုင္ျပည္ကို စိုးမိုးခဲ့သည္ မစိုးမိုးခဲ့သည္ကို၄င္း ပညာရွင္အသီးသီးေခ်ပရွင္းလင္းခဲ့ၿပီး၊ ရွင္းလင္းေနဆဲ၊ ေနာင္ကိုလည္း ရွင္းလင္းၾကဦးမည္သာ ျဖစ္ပါသည္။

သို့ေသာ္ ရိုဟင္ဂ်ာဆိုေသာေဝါဟာရ၏ ေနာက္ကြယ္တြင္ ေလးနက္သည့္အဓိပၸါယ္ေဖၚေဆာင္ခ်က္ကို ကၽြန္ေတာ္တို့သိသင့္ပါသည္။

ဗိုလ္မွူးခ်ဳပ္ေအာင္ႀကီး ဦးစီးေသာ မုတ္သုန္ဦးစစ္ဆင္ေရးအၿပီးတြင္ ကုလားသူပုန္လက္က်န္အနည္းငယ္မွလြဲ၍ အေတာ္အတန္ ၿငိမ္သက္သြားခဲ့ပါသည္။

ရိုဟင္ဂ်ာလူမ်ိဳးအျဖစ္လက္ခံၿပီး ရိုဟင္ဂ်ာအသံဆိုေသာ ဘဂၤလီဘာသာအသံလႊင့္အစီအစဥ္ကြယ္ေပ်ာက္သြားခဲ့ၿပီး “ရိုဟင္ဂ်ာ” ေဝါဟာရသည္လည္း အေတာ္အတန္ေမွးမွိန္ေနခဲ့ပါသည္။

သို့ေသာ္ ၁၉၆၆ ခုႏွစ္ခန္႔တြင္ ကုလားသူပုန္လွုပ္ရွားမွုမ်ား အလၽွိုလၽွိုေပၚလာျပန္သည္။ ကာဆင္း၏ မူဂ်ာဟစ္လက္က်န္ အဒူေဇာ္လီႏွင့္ ေညာင္ေခ်ာင္းပတ္ဝန္းက်င္မွ ဘီေအ-ေဇၚေဖာသည္၄င္း အလံနီႂကြင္းအက်န္မ်ားႏွင့္ ပူးေပါင္းေနေသာ ဇါေဖၚ(အႀကီး)တို့အစုသည္၄င္း အသီးသီးေပၚေပါက္လာခဲ့ပါသည္။

ယခင္က မူဆလင္ဘာသာေရးေႂကြးေၾကာ္သံျဖင့္ ဂ်ီဟက္စစ္ပြဲကို လွုံ႔ေဆာ္စည္း႐ုံးခဲ့ၾကေသာ္လည္း ထိုေႂကြးေၾကာ္သံသည္ နာမည္ပ်က္ႏွင့္ အဆုံးသတ္သြားခဲ့ၿပီးျဖစ္သျဖင့္ နည္းဗ်ဴဟာသစ္ကို ကိုင္တြယ္လာၾကသည္။ ပိုမိုနက္ရွိုင္းေသာဗ်ဴဟာသစ္ကို ခ်ခင္းလာၾကပါသည္။ မူဆလင္နည္းဗ်ဴဟာသစ္ကို ကိုင္တြယ္ခဲ့သူတစ္ဦးမွာ စစ္ေတြမွ စူလတန္မာမြက္ ျဖစ္ပါသည္။ ေမာ္လဝီဂိုဏ္းခ်ဳပ္မ်ားႏွင့္ စူလတန္မာမြက္တို့သည္ စစ္ေတြမွ ပညာတတ္အခ်ိဳ့ကို စည္း႐ုံးၿပီး အေရွ႕အလယ္ပိုင္းအာရပ္နိုင္ငံတစ္ခုျဖစ္ေသာ လစ္ဗ်ားသို့ ေစလႊတ္ခဲ့ရပါသည္။ လစ္ဗ်ားႏွင့္ပိုမိုနီးစပ္မွုရွိေသာ ထိုင္းနိုင္ငံမူဆလင္အဖြဲ႕ခ်ဳပ္ကို ခ်ဥ္းကပ္ၿပီး ေထာက္ခံမွုရယူခဲ့ၾကပါသည္။ ထိုစဥ္က ထိုင္းနိုင္ငံမူဆလင္အဖြဲ႕ခ်ဳပ္ဥကၠဌမွာ ျမန္မာနိုင္ငံသားစစ္စစ္ ကခ်င္လူမ်ိဳး “အာလီ” ဆိုသူျဖစ္ပါသည္။

ထိုစဥ္က ကဒက္ဖီသည္ မူဆလင္မ်ား၏ေခါင္းေဆာင္၊ အာရပ္မ်ား၏ေခါင္းေဆာင္ျဖစ္လိုသည့္ ဆႏၵျပင္းျပေနသည့္အခ်ိန္ျဖစ္ပါသည္။ ရခိုင္မွမူဆလင္မ်ား၏တင္ျပခ်က္မ်ားကို လစ္ဗ်ားမွအလယ္အလတ္ရွိ၊ သေဘာထားရွိသူမ်ားက စီစစ္ခဲ့ၾကပါသည္။ ရခိုင္ျပည္ရွိ မူဆလင္ကုလားမ်ားသည္ ရခိုင္ျပည္အတြင္း ကုလားျပည္ ထူေထာင္လိုသည့္သေဘာကို သိျမင္ခဲ့ၾကပါသည္။ ထို့ေၾကာင့္ ရခိုင္ျပည္ရွိ အစိုးရဆန္႔က်င္ေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ညီညြတ္ေရးတည္ေဆာက္ၿပီး တန္းတူအခြင့္အေရးရရွိနိုင္ေရးအတြက္ တိုက္ပြဲဝင္ရန္ တိုက္တြန္းခဲ့ေၾကာင္း သိရပါသည္။ လိုအပ္သည့္အခ်ိန္တြင္ လိုအပ္သလိုကူညီပါမည္ဟုလည္း ျပန္ၾကားခဲ့ေၾကာင္းသိရပါသည္။

၄င္းတို့၏မဟာဗ်ဴဟာသစ္သည္ ဘာသာေရးစစ္ပြဲတစ္ရပ္အျဖစ္မေၾကျငာေသာ္လည္း ယခင္ကထက္ပိုမိုနက္ရွိုင္းလာသည္ကို ေတြ႕ရပါသည္။ သူတို့၏ဘာသာေရးရည္မွန္းခ်က္သည္ ကၽြန္ေတာ္တို့အဖို့ ပိုမိုအႏၲရာယ္ႀကီးမားလာပါသည္။ ပစ္မွတ္သည္ မယူကမ္းသြယ္(ေမာင္ေတာ-ဘူးသီးေတာင္ႏွင့္ရေသ့ေတာင္ၿမိဳ့နယ္ တစိတ္တပိုင္းပါဝင္ပါသည္။) ေဒသတစ္ခုလုံးျဖစ္ပါသည္။ ဤေဒသသည္ ARAKAN (အာရကံ)ေခၚ ရခိုင္ျပည္ႏွင့္ ပါကစၥတန္ၾကားရွိေဒသျဖစ္ရာ ေဒသႏွစ္ခုအမည္မ်ားပါရွိေစေသာ ARKISTAND(အာကစၥတန္)အျဖစ္ သူတို့အမည္သမုတ္ခဲ့ၾကပါသည္။ အာကစၥတန္သည္ ဒီမိုကေရစီနိုင္ငံလည္းမဟုတ္ ဆိုရွယ္လစ္နိုင္ငံလည္းမဟုတ္ေသာ ဘာသာေရးဆိုင္ရာနိုင္ငံတစ္ခုအျဖစ္ ေဖၚထုတ္လိုခဲ့ၾကပါသည္။ မိမိတို့၏အဖြဲ႕အစည္းကိုလည္း “အာကစၥတန္ဦးေဆာင္မွုအဖြဲ႕” အျဖစ္ ဖြဲ႕စည္းခဲ့ၾကပါသည္။ မယူကၽြန္းဆြယ္မွဗုဒၶဘာသာဝင္မ်ားကို ေမာင္းထုတ္ၿပီးေသာအခါ မူဆလင္စစ္စစ္မ်ားသာရွိေသာ မူဆလင္သာသနာ့နယ္ေျမ(MUSLIM HOLLY LAND)တစ္ခုတည္ေဆာက္လိုသည့္ စိတ္ကူးယဥ္ဆႏၵတစ္ခုျဖစ္ပါသည္။ သူတို့တည္ေဆာက္မည့္နိုင္ငံသည္ ေမာ္လဝီ (သို့မဟုတ္) ေမာ္လာနာတစ္ဦးဦးက ဦးေဆာင္အုပ္ခ်ဳပ္ၿပီး ထိုပုဂၢိဳလ္၏ေအာက္တြင္ ကာကြယ္ေရးႏွင့္ပတ္သတ္၍ ဆာနီ(စစ္ဦးစီးခ်ဳပ္)တစ္ဦးက တာဝန္ယူေဆာင္ရြက္ရန္ျဖစ္သည္။ ဤအစီအစဥ္မ်ားကို ႐ုပ္လုံးေဖာ္ေဆာင္ရြက္နိုင္ရန္ အာကစၥတန္ဦးေဆာင္အဖြဲ႕သည္ လက္နက္ကိုင္မူဆလင္ကုလားမ်ားကို စည္း႐ုံးခဲ့ၾကပါသည္။

မူဆလင္ကုလားအဖြဲ႕မ်ားျဖစ္ေသာ အဒူေဇာ္လီအဖြဲ႕၊ ဘီေအေဇာ္ေဖၚအဖြဲ႕ႏွင့္ ဇါေဖၚ(အႀကီး)တို့အား ပူးေပါင္းေစခဲ့ပါသည္။ သူတို့၏အဖြဲ႕အစည္းအမည္ကိုလည္း ေမွးမွိန္ေနၿပီျဖစ္ေသာ “ရိုဟင္ဂ်ာ” ေဝါဟာရကို ထည့္သြင္းသုံးစြဲၿပီး “ရိုဟင္ဂ်ာအမ်ိဳးသားလြတ္ေျမာက္ေရးပါတီ”ဟူ၍ ဖြဲ႕စည္းလိုက္ၾကပါသည္။ ရိုဟင္ဂ်ာပါတီသည္ ရခိုင္ပါတီမ်ားျဖစ္ေသာ ရခိုင္အမ်ိဳးသားလြတ္ေျမာက္ေရးပါတီ(ရမလ)၊ ရခိုင္ျပည္ကြန္ျမဴနစ္ပါတီ(ရကဝ)တို့ကို ညီညြတ္ေရးကမ္းလွမ္းခဲ့ၾကပါသည္။ ဗကပ ကိုမူ ဗမာျပည္ႏွင့္သက္ဆိုင္သည္ဆိုကာ ညီညြတ္ေရးကမ္းလွမ္းမွုမရွိခဲ့ပါ။ ရခိုင္ျပည္ႏွင့္သက္ဆိုင္သည္ဆိုေသာ ပါတီမ်ားႏွင့္ေဆြးေႏြးရာတြင္ ရမလမွ တစ္ပါတီျဖစ္ေျမာက္ေရးအတြက္ တင္ျပေဆြးေႏြးခဲ့ေသာ္လည္း ရကပသည္ တစ္ေပါင္းစုျဖစ္ေျမာက္ေရးအတြက္ တင္ျပခဲ့ပါသည္။ သို့ရာတြင္ ရိုဟင္ဂ်ာပါတီမွ တင္ျပေတာင္းဆိုခ်က္ျဖစ္ေသာ –

(၁)ရိုဟင္ဂ်ာမ်ားသည္ ရခိုင္ျပည္နယ္တိုင္းရင္းသားလူမ်ိဳးတစ္မ်ိဳးျဖစ္ေၾကာင္း အသိအမွတ္ျပဳရန္၊
(၂)ဘူးသီးေတာင္/ေမာင္ေတာနယ္ေျမသည္ ရိုဟင္ဂ်ာေဒသျဖစ္ေၾကာင္း အသိအမွတ္ျပဳရန္၊
(၃)ရခိုင္ျပည္လြတ္ေျမာက္သည့္အခါတြင္ အုပ္ခ်ဳပ္ေရးတြင္ ရခိုင္ ၆၀%၊ ကုလား ၄၀%၊ ပါဝင္ေစရမည္ဟူ၍ ေတာင္းဆိုခဲ့ၾကပါသည္။

ဤေတာင္းဆိုခ်က္မ်ားသည္ စင္စစ္မထူးဆန္းပါ။ ဤေတာင္းဆိုခ်က္မ်ား၏ေရေသာက္ျမစ္သည္ ၁၉၅၁ ခုႏွစ္၊ အလယ္သံေက်ာ္ဆုံးျဖတ္ခ်က္မ်ားသာျဖစ္ပါသည္။ အလယ္သံေက်ာ္ဆုံးျဖတ္ခ်က္တြင္ အၾကမ္းအားျဖင့္ (၁) တပ္မေတာ္ဖြဲ႕စည္းေရးတြင္ တပ္မေတာ္အတြင္း၌၄င္း၊ (၂) စစ္ေတြဆိပ္ကမ္းအုပ္ခ်ဳပ္ေရးႏွင့္ တျခားအုပ္ခ်ဳပ္မွုးမ်ားတြင္ လူမ်ိဳးႏွစ္ရပ္(ရခိုင္ႏွင့္ကုလား) အညီအမၽွပါဝင္ရမည္။ စင္စစ္အားျဖင့္ စစ္ေတြအပါအဝင္ ရခိုင္ေျမာက္ပိုင္း ကာကြယ္ေရးႏွင့္ အုပ္ခ်ဳပ္ေရးတြင္ ၅၀/၅၀ ျဖစ္ရမည္ဟု ေတာင္းဆိုခဲ့ပါသည္။ ဇာေဖၚတို့ ရိုဟင္ဂ်ာမ်ားကမူ ၆၀/၄၀ ေတာင္းဆိုျခင္းမွာ ေတာ္ေသးသည္ဟု ဆိုရပါမည္။

ဤေတာင္းဆိုခ်က္မ်ားကို ရမလမ်ားအေနျဖင့္ မည္သို့မၽွမွတ္ခ်က္မေပးနိုင္ခဲ့ေသာ္လည္း ရတဝတို့ကမူ ထိုေတာင္းဆိုခ်က္မ်ားကို ေလာေလာဆယ္သေဘာတူညီမွုမေပးနိုင္ခဲ့ေသာ္လည္း တျဖည္းျဖည္းညႇိႏွိုင္းသြားမည္ျဖစ္ေၾကာင္း ထိုကာလအတြင္း ညီညြတ္ေရးကို အေျခခံေသာ “ပူးတြဲစစ္ေကာ္မတီ”တစ္ရပ္ကို ဖြဲ႕စည္းသင့္ေၾကာင္း တင္ျပခဲ့ၾကသည္။ ယာယီအားျဖင့္ “ပူးတြဲစစ္ေကာ္မတီ”တစ္ရပ္ကိုဖြဲ႕စည္းရန္ အခက္အခဲႏွင့္ ၾကဳံရျပန္သည္။ ကုလားမ်ားက မိမိတို့၏အေျခခံမူကို ပုံစံအမ်ိဳးမ်ိဳးႏွင့္ ဆုပ္ကိုင္နိုင္ၾကေသာ္လည္း ရခိုင္မ်ားက ဆုပ္ကိုင္မထားနိုင္ခဲ့ၾကပါ။ တစ္ဖက္တြင္ အင္အားႀကီးေသာကုလားအဖြဲ႕ႏွင့္ တစ္ဖက္တြင္ အင္ႏွင့္အားႏွင့္မၾကာခဏတိုက္စစ္ဝင္နိုင္ေသာ ဗကပတို့၏ရန္ႏွစ္ဖက္ၾကားတြင္ ရခိုင္ပါတီအစုႏွစ္စု ညႇပ္ပိတ္ေနခဲ့ၾကေသာ္လည္း ထိုအစုကေလးႏွစ္စုသည္ တူညီေသာသေဘာထားတစ္ခုမွမရရွိနိုင္ဘဲ ကုလားမ်ား၏အလိုက် သေဘာတူလက္မွတ္ေရးထိုးေပးလိုက္ရပါသည္။ ထိုသေဘာတူခ်က္ေျမာက္ျမားစြာထဲမွ အဓိကအခ်က္မ်ားတြင္-

(၁) ရိုဟင္ဂ်ာပါတီသည္ ရိုဟင္ဂ်ာ(ကုလားမ်ား)၏ တစ္ခုတည္းေသာပါတီျဖစ္သည္။
(၂) ထို့ေၾကာင့္ ကုလားအမ်ားစုရွိေသာ ေမာင္ေတာ၊ဘူးသီးေတာင္အေနာက္ဖက္ေတာင္ရင္းပိုင္းသည္၄င္း၊ ဘူးသီးေတာင္ၿမိဳ့နယ္၊ ေညာင္ေခ်ာင္းႏွင့္ေညာင္ေခ်ာင္းအထက္ပိုင္းသည္၄င္း၊ ရိုဟင္ဂ်ာ(ကုလားမ်ား)၏နယ္ေျမျဖစ္သည္ဟူ၍၄င္း၊
(၃) “ပူးတြဲစစ္ေကာ္မတီ”၏ အႀကီးအကဲသည္ စစ္အင္အားမ်ားျပားေသာ ရိုဟင္ဂ်ာပါတီမွျဖစ္ရမည္ စသည့္အခ်က္မ်ားႏွင့္ အစိုးရဆန္႔က်င္ေရးအျမင္သေဘာထားမ်ားစြာကို ဖြဲ႕ႏြဲ႕ေရးသားထားေသာ စာတမ္းကို အဖြဲ႕(၃)ဖြဲ႕ သေဘာတူညီခ်က္အျပင္ လက္မွတ္ေရးထိုးလိုက္ၾကပါသည္။ ဤသေဘာတူညီခ်က္အရ ရခိုင္မ်ားသည္ ေညာင္ေခ်ာင္းေအာက္ရခိုင္ရြာကေလးမ်ားကြက္ကြက္တြင္ ဘယ္လွည့္ညာလွည့္ ထြက္ခ်ီဝင္ခ်ီလွုပ္ရွားရပါေတ့ာသည္။
ကုလားတို့သည္ ရခိုင္ပါတီမ်ားႏွင့္ သေဘာတူညီခ်က္ကို အမ်ိဳးမ်ိဳးလိုရာဘာသာျပန္ၿပီး (PROTOCOL) တစ္ခုအျဖစ္ဖန္တီးကာ လစ္ဗ်ားသို့ ျပန္သြားၾကျပန္သည္။ အကူအညီေတာင္းခံခဲ့ၾကပါသည္။ လစ္ဗ်ားတို့ကလည္း ပုဂၢိဳလ္အရေကာက္ခံရရွိေသာ သဒၵါေၾကးမ်ားကို စြန္႔ၾကဲလိုက္ပါသည္။ ၄င္းတို့ျပန္လည္ေရာက္ရွိလာသည့္အခါ လစ္ဗ်ားမွစြန္႔ေၾကးလိုက္ေသာသဒၵါေၾကးမ်ားကို စစ္ေတြၿမိဳ့ေပၚရွိ အာကစၥတန္ေခါင္းေဆာင္မ်ားက ထိန္းသိမ္းလိုက္ၾကပါသည္။ ထို့ေနာက္ တကၠသိုလ္ေက်ာင္းထြက္တစ္ဦးျဖစ္ေသာ လွျမင့္ဆိုသူကို ဇါေဖၚ၏အတြင္းေရးမွူးအျဖစ္ ေစလႊတ္ခဲ့ပါသည္။

စူလတန္မာမြတ္သည္ အာကစၥတန္တည္ေဆာက္ေရးႏွင့္ပတ္သတ္၍ အေရွ႕ပါကစၥတန္အာဏာပိုင္မ်ားထံ အကူအညီေတာင္းခဲ့ပါသည္။ ထိုစဥ္က အေရွ႕ပါကစၥတန္တြင္ ဘဂၤလီမ်ားခြဲထြက္ေရးတိုက္ပြဲဝင္ေနခိုက္ျဖစ္ပါသည္။ စူလတန္မာမြတ္က အေရွ႕ပါကစၥတန္အစိုးရကို ေထာက္ခံၿပီး ခြဲထြက္ေရးဘဂၤလီမ်ားကို ကန္႔ကြက္ရွုံ႔ခ်ခဲ့သည္။ အေရွ႕ပါကစၥတန္တြင္ စစ္ေရး၊ နိုင္ငံေရးရွုပ္ေထြးေနခိုက္ျဖစ္သျဖင့္ သြားလာဆက္သြယ္ေရးခက္ခဲေသာေၾကာင့္ ထိုစာသည္ လွျမင့္ထံသို့ ျပန္လည္ဆိုက္ေရာက္လာခဲ့ပါသည္။

လွျမင့္သည္ အယူသည္းမူဆလင္တစ္ဦးမဟုတ္ပါ။ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ဦးျဖစ္ၿပီး ရခိုင္မ်ားႏွင့္အေပါင္းသင့္သူတစ္ဦး ျဖစ္ပါသည္။ ထို့ေၾကာင့္ အာကစၥတန္မဟာဗ်ဴဟာအျမစ္ကို လွန္ျပခဲ့ပါသည္။ ရိုဟင္ဂ်ာအမ်ိဳးသားလြတ္ေျမာက္ေရးပါတီအမည္ခံယူထားေသာ္လည္း “အာကစၥတန္”မဟာဗ်ဴဟာကို လုံးဝစြန္႔လႊတ္မွုမရွိဘဲ လုံးဝဆုပ္ကိုင္ထားခဲ့ၾကသည္။ မယူကၽြန္းဆြယ္တစ္ခုလုံးမွ ဗုဒၶဘာသာဝင္မ်ားကို ေမာင္းထုတ္ၿပီး မူဆလင္သန္႔သန္႔ဂုဏ္သိကၡာရွိေသာ နိုင္ငံတစ္ရပ္ကို ထူေထာင္လိုၾကသည္။ တစ္နည္းအားျဖင့္ ခရစ္ယာန္တို့၏ ဗာတီကန္ေဒသကို တုၿပိဳင္လိုၾကသည့္ မူဆလင္ေဒသအျဖစ္ ဖန္တီးလိုၾကသည္။ ထို့ေၾကာင့္ သာသနာနိုင္ငံတည္ေဆာက္ေရးအေျခခံအရ ဘာသာေရးေခါင္းေဆာင္က အုပ္ခ်ဳပ္ၿပီး ကာကြယ္ေရးအတြက္ ဆာနီ(စစ္ဦးစီးခ်ဳပ္)တစ္ဦးက တာဝန္ယူရမည္ျဖစ္ပါသည္။ ထို့ေၾကာင့္ လက္နက္ကိုင္မ်ားကို ဦးစီးေနေသာ ဇာေဖါသည္ ဆာနီဘြဲ႕ကို ခံယူၿပီး သူ၏ဂုဏ္ပုဒ္ကို ဇာေဖါဆာနီဟူ၍ သတ္မွတ္ခဲ့ပါသည္။

စင္စစ္မူဆလင္တို့၏ မဟာဗ်ဴဟာသည္ ရခိုင္တို့အားေမာင္းထုတ္ၿပီး ရခိုင္တို့၏ဘိုးဘြားပိုင္နယ္ေျမမ်ားကို သိမ္းပိုက္လိုသည့္ မဟာဗ်ဴဟာတစ္ရပ္ျဖစ္သည္မွာ ယုံမွားသံသယျဖစ္စရာမလိုေပ။

၁၉၈၅ ခုႏွစ္၊ ပါကစၥတန္လြတ္လပ္ေရးေန႔တြင္ အေနာက္ပါကစၥတန္နိုင္ငံ ရာဝါလ္ပန္ဒီၿမိဳ့အနီးရွိ ဘားမားကိုလိုနီ(BURMA COLONY)ေက်းရြာတြင္ ရခိုင္ျပည္နယ္မွ တိမ္းေရွာင္ထြက္ေျပးသြားၾကသည့္ မူဆလင္မ်ားသည္ အစည္းအေဝးတစ္ရပ္ကို က်င္းပခဲ့ၾကပါသည္။ (ဘားမားကိုလိုနီဆိုသည္မွာ အေနာက္ပါကစၥတန္ ရာဝါလ္ပန္ဒီၿမိဳ့အနီး၌ ျမန္မာျပည္ေျပးမူဆလင္မ်ားအား တည္ေဆာက္ေပးထားသည့္ေက်းရြာျဖစ္သည္။)

မူဆလင္လြတ္လပ္ေရးတိုက္ပြဲဝင္သူမ်ား၏ အစည္းအေဝးတြင္ ရိုဟင္ဂ်ာလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(RLO)၏ ဥကၠဌ အာမက္ရွား၏ မိန္႔ခြန္းကို ဗီဒီယိုတိတ္ေခြျဖင့္ ျဖန္႔ေဝခဲ့ပါသည္။ ထိုမိန္႔ခြန္းတြင္ အာမတ္ရွားက “ခင္ဗ်ားတို့ဟာ မယူကၽြန္းဆြယ္ေပၚမွာရွိေနတဲ့ မူဆလင္ဘာသာဝင္မဟုတ္တဲ့သူေတြကို ဒီေဒသကထြက္သြားေအာင္ နည္းမ်ိဳးစုံေတြ သုံးရမယ္။ ဒီေနရာေတြကို ကၽြန္ေတာ္တို့က အစားဝင္နိုင္ေအာင္ လုပ္ရမယ္။ ဒီေဒသေတြကို အမာခံျဖစ္ေအာင္လုပ္ရမယ္။ ေနာက္တစ္ခါ ခင္ဗ်ားတို့ကို ရခိုင္-ဗမာေတြက ႏွိပ္စက္ရင္ထြက္မေျပးၾကပါနဲ႔။ “အလာဟုအရွင္ျမတ္ရဲ့တန္ခိုးေတာ္နဲ႔ မသတ္နိုင္ပါ” ဟူ၍ ျဖစ္ပါသည္။ အာမတ္ရွား၏အဓိပၸါယ္မွာ ရွင္းလွပါသည္။ မယူကၽြန္းဆြယ္ရွိ ဗုဒၶဘာသာဝင္မ်ားကို ေမာင္းထုတ္ၿပီး မူဆလင္နိုင္ငံတစ္ရပ္တည္ေဆာက္ရန္ ျဖစ္ပါသည္။

မူဆလင္လွုပ္ရွားမွုျဖစ္ေသာ – အလယ္သံေက်ာ္ညီလာခံ၊ မူဂ်ာဟစ္လွုပ္ရွားမွု၊ ရိုဟင္ဂ်ာလွုပ္ရွားမွုႏွင့္ မူဆလင္မ်ားလွုပ္ရွားမွုတေလၽွာက္လုံး သူတို့၏ေတာင္းဆိုခ်က္မ်ားတြင္ –

(၁) မူဆလင္(ရိုဟင္ဂ်ာ)မ်ားသည္ ရခိုင္ျပည္၏ တိုင္းရင္းသားလူမ်ိဳးတစ္ရပ္ျဖစ္သည္။
(၂) ဘူးသီးေတာင္/ေမာင္ေတာနယ္ေျမသည္ မူဆလင္တို့၏နယ္ေျမျဖစ္သည္။
(၃) အနာဂါတ္ ရခိုင္ျပည္တည္ေဆာက္သည့္အခါ ရခိုင္-ကုလား အာဏာခြဲေဝရာတြင္ ၄၀/၆၀ သို့မဟုတ္ ၅၀/၅၀ ရယူရန္ ဟူ၍ ျဖစ္ပါသည္။

မူဆလင္တို့သည္ သူတို့၏ ေတာင္းဆိုခ်က္ျဖစ္ေသာ တိုင္းရင္းသားလူမ်ိဳးတစ္ရပ္ျဖစ္သည္ဆိုပါလ်င္ ဘူးသီးေတာင္/ေမာင္ေတာသည္ ၄င္းတို့အမ်ားစုေနထိုင္ေသာ အမ်ိဳးသားနယ္ေျမ(NATIONAL AREA) ျဖစ္လာပါေတ့ာသည္။ သို့ဆိုလၽွင္ ဘာသာမတူသူမ်ား၏ ခြဲထြက္ေရးတိုက္ပြဲသည္ မလြဲမေသြျဖစ္လာပါေတ့ာမည္။ ထို့ေၾကာင့္ ကၽြန္ေတာ္တို့၏ဘူးသီးေတာင္/ေမာင္ေတာနယ္ေျမသည္ (မယူကၽြန္းဆြယ္) ဒုတိယကပ္ရွမီးယား သို့မဟုတ္ ပါလက္စတိုင္းကဲ့သို့ေသာ နယ္ေျမတစ္ရပ္အျဖစ္ မီးဟုန္းဟုန္းေတာက္လာဘြယ္ရာရွိပါသည္။

မူဆလင္ကုလားတို့၏ မဟာဗ်ဴဟာသည္ – သာမန္လူ႔အခြင့္အေရး(HUMAN RIGHT) ေတာင္းဆိုမွုမဟုတ္ ကၽြန္ေတာ္တို့၏ဘိုးဘြားပိုင္နယ္ေျမကို လုယက္တိုက္ခိုက္ယူလိုေသာ မူဆလင္တို့၏ဘာသာေရးနယ္ခ်ဲ႕စစ္ပြဲမွလြဲ၍ အျခားအဓိပၸါယ္မရွိပါ။ ရခိုင္မူဆလင္ဘဲေျပာေျပာ ရိုဟင္ဂ်ာဘဲဆိုဆို၊ နည္းဗ်ဴဟာအရသာျဖစ္ၿပီး မဟာဗ်ဴဟာသည္ နယ္ေျမခြဲထုတ္လိုသည့္ မူဆလင္တို့၏လုယက္ေရးတိုက္ပြဲမွလြဲ၍ အျခားမရွိနိုင္ေတ့ာေၾကာင္း သေဘာေပါက္သင့္ပါသည္။

စံေရႊေမာင္
အမွတ္ (၃) ရပ္ကြက္
ဘူးသီးေတာင္ၿမိဳ့

===========

[ Unicode here ]

ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

(သမိုင်းသုတေသနဌာန၊ မော်ကွန်းအမှတ် D 1315)

ယခုအခါတွင် ရိုဟင်ဂျာဆိုသော ဝေါဟာရသည် မီဒီယာအသီးသီးမှ ပေါ်ထွက်လာပြန်သည်။

ယခင်က ရိုဟင်ဂျာဆိုသော ဝေါဟာရသည် ဘူးသီးတောင်၊ မောင်တောနယ်ပယ်လောက်သာ ပစ်မှတ်ရှိခဲ့သော်လည်း ယခုအခါ ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံး ပစ်မှတ်ထားရှိနေပြီ ဖြစ်သည်။

ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ်/မဖြစ်ဆိုသည်ကို၄င်း၊ ရိုဟင်ဂျာသည် ရခိုင်ပြည်ကို စိုးမိုးခဲ့သည် မစိုးမိုးခဲ့သည်ကို၄င်း ပညာရှင်အသီးသီးချေပရှင်းလင်းခဲ့ပြီး၊ ရှင်းလင်းနေဆဲ၊ နောင်ကိုလည်း ရှင်းလင်းကြဦးမည်သာ ဖြစ်ပါသည်။

သို့သော် ရိုဟင်ဂျာဆိုသောဝေါဟာရ၏ နောက်ကွယ်တွင် လေးနက်သည့်အဓိပ္ပါယ်ဖေါ်ဆောင်ချက်ကို ကျွန်တော်တို့သိသင့်ပါသည်။

ဗိုလ်မှူးချုပ်အောင်ကြီး ဦးစီးသော မုတ်သုန်ဦးစစ်ဆင်ရေးအပြီးတွင် ကုလားသူပုန်လက်ကျန်အနည်းငယ်မှလွဲ၍ အတော်အတန် ငြိမ်သက်သွားခဲ့ပါသည်။

ရိုဟင်ဂျာလူမျိုးအဖြစ်လက်ခံပြီး ရိုဟင်ဂျာအသံဆိုသော ဘင်္ဂလီဘာသာအသံလွှင့်အစီအစဉ်ကွယ်ပျောက်သွားခဲ့ပြီး “ရိုဟင်ဂျာ” ဝေါဟာရသည်လည်း အတော်အတန်မှေးမှိန်နေခဲ့ပါသည်။

သို့သော် ၁၉၆၆ ခုနှစ်ခန့်တွင် ကုလားသူပုန်လှုပ်ရှားမှုများ အလျှိုလျှိုပေါ်လာပြန်သည်။ ကာဆင်း၏ မူဂျာဟစ်လက်ကျန် အဒူဇော်လီနှင့် ညောင်ချောင်းပတ်ဝန်းကျင်မှ ဘီအေ-ဇေါ်ဖောသည်၄င်း အလံနီကြွင်းအကျန်များနှင့် ပူးပေါင်းနေသော ဇါဖေါ်(အကြီး)တို့အစုသည်၄င်း အသီးသီးပေါ်ပေါက်လာခဲ့ပါသည်။

ယခင်က မူဆလင်ဘာသာရေးကြွေးကြော်သံဖြင့် ဂျီဟက်စစ်ပွဲကို လှုံ့ဆော်စည်းရုံးခဲ့ကြသော်လည်း ထိုကြွေးကြော်သံသည် နာမည်ပျက်နှင့် အဆုံးသတ်သွားခဲ့ပြီးဖြစ်သဖြင့် နည်းဗျူဟာသစ်ကို ကိုင်တွယ်လာကြသည်။ ပိုမိုနက်ရှိုင်းသောဗျူဟာသစ်ကို ချခင်းလာကြပါသည်။ မူဆလင်နည်းဗျူဟာသစ်ကို ကိုင်တွယ်ခဲ့သူတစ်ဦးမှာ စစ်တွေမှ စူလတန်မာမွက် ဖြစ်ပါသည်။ မော်လဝီဂိုဏ်းချုပ်များနှင့် စူလတန်မာမွက်တို့သည် စစ်တွေမှ ပညာတတ်အချို့ကို စည်းရုံးပြီး အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတစ်ခုဖြစ်သော လစ်ဗျားသို့ စေလွှတ်ခဲ့ရပါသည်။ လစ်ဗျားနှင့်ပိုမိုနီးစပ်မှုရှိသော ထိုင်းနိုင်ငံမူဆလင်အဖွဲ့ချုပ်ကို ချဉ်းကပ်ပြီး ထောက်ခံမှုရယူခဲ့ကြပါသည်။ ထိုစဉ်က ထိုင်းနိုင်ငံမူဆလင်အဖွဲ့ချုပ်ဥက္ကဌမှာ မြန်မာနိုင်ငံသားစစ်စစ် ကချင်လူမျိုး “အာလီ” ဆိုသူဖြစ်ပါသည်။

ထိုစဉ်က ကဒက်ဖီသည် မူဆလင်များ၏ခေါင်းဆောင်၊ အာရပ်များ၏ခေါင်းဆောင်ဖြစ်လိုသည့် ဆန္ဒပြင်းပြနေသည့်အချိန်ဖြစ်ပါသည်။ ရခိုင်မှမူဆလင်များ၏တင်ပြချက်များကို လစ်ဗျားမှအလယ်အလတ်ရှိ၊ သဘောထားရှိသူများက စီစစ်ခဲ့ကြပါသည်။ ရခိုင်ပြည်ရှိ မူဆလင်ကုလားများသည် ရခိုင်ပြည်အတွင်း ကုလားပြည် ထူထောင်လိုသည့်သဘောကို သိမြင်ခဲ့ကြပါသည်။ ထို့ကြောင့် ရခိုင်ပြည်ရှိ အစိုးရဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်ရေးတည်ဆောက်ပြီး တန်းတူအခွင့်အရေးရရှိနိုင်ရေးအတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ လိုအပ်သည့်အချိန်တွင် လိုအပ်သလိုကူညီပါမည်ဟုလည်း ပြန်ကြားခဲ့ကြောင်းသိရပါသည်။

၄င်းတို့၏မဟာဗျူဟာသစ်သည် ဘာသာရေးစစ်ပွဲတစ်ရပ်အဖြစ်မကြေငြာသော်လည်း ယခင်ကထက်ပိုမိုနက်ရှိုင်းလာသည်ကို တွေ့ရပါသည်။ သူတို့၏ဘာသာရေးရည်မှန်းချက်သည် ကျွန်တော်တို့အဖို့ ပိုမိုအန္တရာယ်ကြီးမားလာပါသည်။ ပစ်မှတ်သည် မယူကမ်းသွယ်(မောင်တော-ဘူးသီးတောင်နှင့်ရသေ့တောင်မြို့နယ် တစိတ်တပိုင်းပါဝင်ပါသည်။) ဒေသတစ်ခုလုံးဖြစ်ပါသည်။ ဤဒေသသည် ARAKAN (အာရကံ)ခေါ် ရခိုင်ပြည်နှင့် ပါကစ္စတန်ကြားရှိဒေသဖြစ်ရာ ဒေသနှစ်ခုအမည်များပါရှိစေသော ARKISTAND(အာကစ္စတန်)အဖြစ် သူတို့အမည်သမုတ်ခဲ့ကြပါသည်။ အာကစ္စတန်သည် ဒီမိုကရေစီနိုင်ငံလည်းမဟုတ် ဆိုရှယ်လစ်နိုင်ငံလည်းမဟုတ်သော ဘာသာရေးဆိုင်ရာနိုင်ငံတစ်ခုအဖြစ် ဖေါ်ထုတ်လိုခဲ့ကြပါသည်။ မိမိတို့၏အဖွဲ့အစည်းကိုလည်း “အာကစ္စတန်ဦးဆောင်မှုအဖွဲ့” အဖြစ် ဖွဲ့စည်းခဲ့ကြပါသည်။ မယူကျွန်းဆွယ်မှဗုဒ္ဓဘာသာဝင်များကို မောင်းထုတ်ပြီးသောအခါ မူဆလင်စစ်စစ်များသာရှိသော မူဆလင်သာသနာ့နယ်မြေ(MUSLIM HOLLY LAND)တစ်ခုတည်ဆောက်လိုသည့် စိတ်ကူးယဉ်ဆန္ဒတစ်ခုဖြစ်ပါသည်။ သူတို့တည်ဆောက်မည့်နိုင်ငံသည် မော်လဝီ (သို့မဟုတ်) မော်လာနာတစ်ဦးဦးက ဦးဆောင်အုပ်ချုပ်ပြီး ထိုပုဂ္ဂိုလ်၏အောက်တွင် ကာကွယ်ရေးနှင့်ပတ်သတ်၍ ဆာနီ(စစ်ဦးစီးချုပ်)တစ်ဦးက တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ ဤအစီအစဉ်များကို ရုပ်လုံးဖော်ဆောင်ရွက်နိုင်ရန် အာကစ္စတန်ဦးဆောင်အဖွဲ့သည် လက်နက်ကိုင်မူဆလင်ကုလားများကို စည်းရုံးခဲ့ကြပါသည်။

မူဆလင်ကုလားအဖွဲ့များဖြစ်သော အဒူဇော်လီအဖွဲ့၊ ဘီအေဇော်ဖေါ်အဖွဲ့နှင့် ဇါဖေါ်(အကြီး)တို့အား ပူးပေါင်းစေခဲ့ပါသည်။ သူတို့၏အဖွဲ့အစည်းအမည်ကိုလည်း မှေးမှိန်နေပြီဖြစ်သော “ရိုဟင်ဂျာ” ဝေါဟာရကို ထည့်သွင်းသုံးစွဲပြီး “ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေးပါတီ”ဟူ၍ ဖွဲ့စည်းလိုက်ကြပါသည်။ ရိုဟင်ဂျာပါတီသည် ရခိုင်ပါတီများဖြစ်သော ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ရမလ)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကဝ)တို့ကို ညီညွတ်ရေးကမ်းလှမ်းခဲ့ကြပါသည်။ ဗကပ ကိုမူ ဗမာပြည်နှင့်သက်ဆိုင်သည်ဆိုကာ ညီညွတ်ရေးကမ်းလှမ်းမှုမရှိခဲ့ပါ။ ရခိုင်ပြည်နှင့်သက်ဆိုင်သည်ဆိုသော ပါတီများနှင့်ဆွေးနွေးရာတွင် ရမလမှ တစ်ပါတီဖြစ်မြောက်ရေးအတွက် တင်ပြဆွေးနွေးခဲ့သော်လည်း ရကပသည် တစ်ပေါင်းစုဖြစ်မြောက်ရေးအတွက် တင်ပြခဲ့ပါသည်။ သို့ရာတွင် ရိုဟင်ဂျာပါတီမှ တင်ပြတောင်းဆိုချက်ဖြစ်သော –

(၁)ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ကြောင်း အသိအမှတ်ပြုရန်၊

(၂)ဘူးသီးတောင်/မောင်တောနယ်မြေသည် ရိုဟင်ဂျာဒေသဖြစ်ကြောင်း အသိအမှတ်ပြုရန်၊

(၃)ရခိုင်ပြည်လွတ်မြောက်သည့်အခါတွင် အုပ်ချုပ်ရေးတွင် ရခိုင် ၆၀%၊ ကုလား ၄၀%၊ ပါဝင်စေရမည်ဟူ၍ တောင်းဆိုခဲ့ကြပါသည်။

ဤတောင်းဆိုချက်များသည် စင်စစ်မထူးဆန်းပါ။ ဤတောင်းဆိုချက်များ၏ရေသောက်မြစ်သည် ၁၉၅၁ ခုနှစ်၊ အလယ်သံကျော်ဆုံးဖြတ်ချက်များသာဖြစ်ပါသည်။ အလယ်သံကျော်ဆုံးဖြတ်ချက်တွင် အကြမ်းအားဖြင့် (၁) တပ်မတော်ဖွဲ့စည်းရေးတွင် တပ်မတော်အတွင်း၌၄င်း၊ (၂) စစ်တွေဆိပ်ကမ်းအုပ်ချုပ်ရေးနှင့် တခြားအုပ်ချုပ်မှုးများတွင် လူမျိုးနှစ်ရပ်(ရခိုင်နှင့်ကုလား) အညီအမျှပါဝင်ရမည်။ စင်စစ်အားဖြင့် စစ်တွေအပါအဝင် ရခိုင်မြောက်ပိုင်း ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးတွင် ၅၀/၅၀ ဖြစ်ရမည်ဟု တောင်းဆိုခဲ့ပါသည်။ ဇာဖေါ်တို့ ရိုဟင်ဂျာများကမူ ၆၀/၄၀ တောင်းဆိုခြင်းမှာ တော်သေးသည်ဟု ဆိုရပါမည်။

ဤတောင်းဆိုချက်များကို ရမလများအနေဖြင့် မည်သို့မျှမှတ်ချက်မပေးနိုင်ခဲ့သော်လည်း ရတဝတို့ကမူ ထိုတောင်းဆိုချက်များကို လောလောဆယ်သဘောတူညီမှုမပေးနိုင်ခဲ့သော်လည်း တဖြည်းဖြည်းညှိနှိုင်းသွားမည်ဖြစ်ကြောင်း ထိုကာလအတွင်း ညီညွတ်ရေးကို အခြေခံသော “ပူးတွဲစစ်ကော်မတီ”တစ်ရပ်ကို ဖွဲ့စည်းသင့်ကြောင်း တင်ပြခဲ့ကြသည်။ ယာယီအားဖြင့် “ပူးတွဲစစ်ကော်မတီ”တစ်ရပ်ကိုဖွဲ့စည်းရန် အခက်အခဲနှင့် ကြုံရပြန်သည်။ ကုလားများက မိမိတို့၏အခြေခံမူကို ပုံစံအမျိုးမျိုးနှင့် ဆုပ်ကိုင်နိုင်ကြသော်လည်း ရခိုင်များက ဆုပ်ကိုင်မထားနိုင်ခဲ့ကြပါ။ တစ်ဖက်တွင် အင်အားကြီးသောကုလားအဖွဲ့နှင့် တစ်ဖက်တွင် အင်နှင့်အားနှင့်မကြာခဏတိုက်စစ်ဝင်နိုင်သော ဗကပတို့၏ရန်နှစ်ဖက်ကြားတွင် ရခိုင်ပါတီအစုနှစ်စု ညှပ်ပိတ်နေခဲ့ကြသော်လည်း ထိုအစုကလေးနှစ်စုသည် တူညီသောသဘောထားတစ်ခုမှမရရှိနိုင်ဘဲ ကုလားများ၏အလိုကျ သဘောတူလက်မှတ်ရေးထိုးပေးလိုက်ရပါသည်။ ထိုသဘောတူချက်မြောက်မြားစွာထဲမှ အဓိကအချက်များတွင်-

(၁) ရိုဟင်ဂျာပါတီသည် ရိုဟင်ဂျာ(ကုလားများ)၏ တစ်ခုတည်းသောပါတီဖြစ်သည်။

(၂) ထို့ကြောင့် ကုလားအများစုရှိသော မောင်တော၊ဘူးသီးတောင်အနောက်ဖက်တောင်ရင်းပိုင်းသည်၄င်း၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနှင့်ညောင်ချောင်းအထက်ပိုင်းသည်၄င်း၊ ရိုဟင်ဂျာ(ကုလားများ)၏နယ်မြေဖြစ်သည်ဟူ၍၄င်း၊

(၃) “ပူးတွဲစစ်ကော်မတီ”၏ အကြီးအကဲသည် စစ်အင်အားများပြားသော ရိုဟင်ဂျာပါတီမှဖြစ်ရမည် စသည့်အချက်များနှင့် အစိုးရဆန့်ကျင်ရေးအမြင်သဘောထားများစွာကို ဖွဲ့နွဲ့ရေးသားထားသော စာတမ်းကို အဖွဲ့(၃)ဖွဲ့ သဘောတူညီချက်အပြင် လက်မှတ်ရေးထိုးလိုက်ကြပါသည်။ ဤသဘောတူညီချက်အရ ရခိုင်များသည် ညောင်ချောင်းအောက်ရခိုင်ရွာကလေးများကွက်ကွက်တွင် ဘယ်လှည့်ညာလှည့် ထွက်ချီဝင်ချီလှုပ်ရှားရပါတေ့ာသည်။

ကုလားတို့သည် ရခိုင်ပါတီများနှင့် သဘောတူညီချက်ကို အမျိုးမျိုးလိုရာဘာသာပြန်ပြီး (PROTOCOL) တစ်ခုအဖြစ်ဖန်တီးကာ လစ်ဗျားသို့ ပြန်သွားကြပြန်သည်။ အကူအညီတောင်းခံခဲ့ကြပါသည်။ လစ်ဗျားတို့ကလည်း ပုဂ္ဂိုလ်အရကောက်ခံရရှိသော သဒ္ဒါကြေးများကို စွန့်ကြဲလိုက်ပါသည်။ ၄င်းတို့ပြန်လည်ရောက်ရှိလာသည့်အခါ လစ်ဗျားမှစွန့်ကြေးလိုက်သောသဒ္ဒါကြေးများကို စစ်တွေမြို့ပေါ်ရှိ အာကစ္စတန်ခေါင်းဆောင်များက ထိန်းသိမ်းလိုက်ကြပါသည်။ ထို့နောက် တက္ကသိုလ်ကျောင်းထွက်တစ်ဦးဖြစ်သော လှမြင့်ဆိုသူကို ဇါဖေါ်၏အတွင်းရေးမှူးအဖြစ် စေလွှတ်ခဲ့ပါသည်။

စူလတန်မာမွတ်သည် အာကစ္စတန်တည်ဆောက်ရေးနှင့်ပတ်သတ်၍ အရှေ့ပါကစ္စတန်အာဏာပိုင်များထံ အကူအညီတောင်းခဲ့ပါသည်။ ထိုစဉ်က အရှေ့ပါကစ္စတန်တွင် ဘင်္ဂလီများခွဲထွက်ရေးတိုက်ပွဲဝင်နေခိုက်ဖြစ်ပါသည်။ စူလတန်မာမွတ်က အရှေ့ပါကစ္စတန်အစိုးရကို ထောက်ခံပြီး ခွဲထွက်ရေးဘင်္ဂလီများကို ကန့်ကွက်ရှုံ့ချခဲ့သည်။ အရှေ့ပါကစ္စတန်တွင် စစ်ရေး၊ နိုင်ငံရေးရှုပ်ထွေးနေခိုက်ဖြစ်သဖြင့် သွားလာဆက်သွယ်ရေးခက်ခဲသောကြောင့် ထိုစာသည် လှမြင့်ထံသို့ ပြန်လည်ဆိုက်ရောက်လာခဲ့ပါသည်။

လှမြင့်သည် အယူသည်းမူဆလင်တစ်ဦးမဟုတ်ပါ။ ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပြီး ရခိုင်များနှင့်အပေါင်းသင့်သူတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် အာကစ္စတန်မဟာဗျူဟာအမြစ်ကို လှန်ပြခဲ့ပါသည်။ ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေးပါတီအမည်ခံယူထားသော်လည်း “အာကစ္စတန်”မဟာဗျူဟာကို လုံးဝစွန့်လွှတ်မှုမရှိဘဲ လုံးဝဆုပ်ကိုင်ထားခဲ့ကြသည်။ မယူကျွန်းဆွယ်တစ်ခုလုံးမှ ဗုဒ္ဓဘာသာဝင်များကို မောင်းထုတ်ပြီး မူဆလင်သန့်သန့်ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်ရပ်ကို ထူထောင်လိုကြသည်။ တစ်နည်းအားဖြင့် ခရစ်ယာန်တို့၏ ဗာတီကန်ဒေသကို တုပြိုင်လိုကြသည့် မူဆလင်ဒေသအဖြစ် ဖန်တီးလိုကြသည်။ ထို့ကြောင့် သာသနာနိုင်ငံတည်ဆောက်ရေးအခြေခံအရ ဘာသာရေးခေါင်းဆောင်က အုပ်ချုပ်ပြီး ကာကွယ်ရေးအတွက် ဆာနီ(စစ်ဦးစီးချုပ်)တစ်ဦးက တာဝန်ယူရမည်ဖြစ်ပါသည်။ ထို့ကြောင့် လက်နက်ကိုင်များကို ဦးစီးနေသော ဇာဖေါသည် ဆာနီဘွဲ့ကို ခံယူပြီး သူ၏ဂုဏ်ပုဒ်ကို ဇာဖေါဆာနီဟူ၍ သတ်မှတ်ခဲ့ပါသည်။

စင်စစ်မူဆလင်တို့၏ မဟာဗျူဟာသည် ရခိုင်တို့အားမောင်းထုတ်ပြီး ရခိုင်တို့၏ဘိုးဘွားပိုင်နယ်မြေများကို သိမ်းပိုက်လိုသည့် မဟာဗျူဟာတစ်ရပ်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်စရာမလိုပေ။

၁၉၈၅ ခုနှစ်၊ ပါကစ္စတန်လွတ်လပ်ရေးနေ့တွင် အနောက်ပါကစ္စတန်နိုင်ငံ ရာဝါလ်ပန်ဒီမြို့အနီးရှိ ဘားမားကိုလိုနီ(BURMA COLONY)ကျေးရွာတွင် ရခိုင်ပြည်နယ်မှ တိမ်းရှောင်ထွက်ပြေးသွားကြသည့် မူဆလင်များသည် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြပါသည်။ (ဘားမားကိုလိုနီဆိုသည်မှာ အနောက်ပါကစ္စတန် ရာဝါလ်ပန်ဒီမြို့အနီး၌ မြန်မာပြည်ပြေးမူဆလင်များအား တည်ဆောက်ပေးထားသည့်ကျေးရွာဖြစ်သည်။)

မူဆလင်လွတ်လပ်ရေးတိုက်ပွဲဝင်သူများ၏ အစည်းအဝေးတွင် ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ချုပ်(RLO)၏ ဥက္ကဌ အာမက်ရှား၏ မိန့်ခွန်းကို ဗီဒီယိုတိတ်ခွေဖြင့် ဖြန့်ဝေခဲ့ပါသည်။ ထိုမိန့်ခွန်းတွင် အာမတ်ရှားက “ခင်ဗျားတို့ဟာ မယူကျွန်းဆွယ်ပေါ်မှာရှိနေတဲ့ မူဆလင်ဘာသာဝင်မဟုတ်တဲ့သူတွေကို ဒီဒေသကထွက်သွားအောင် နည်းမျိုးစုံတွေ သုံးရမယ်။ ဒီနေရာတွေကို ကျွန်တော်တို့က အစားဝင်နိုင်အောင် လုပ်ရမယ်။ ဒီဒေသတွေကို အမာခံဖြစ်အောင်လုပ်ရမယ်။ နောက်တစ်ခါ ခင်ဗျားတို့ကို ရခိုင်-ဗမာတွေက နှိပ်စက်ရင်ထွက်မပြေးကြပါနဲ့။ “အလာဟုအရှင်မြတ်ရဲ့တန်ခိုးတော်နဲ့ မသတ်နိုင်ပါ” ဟူ၍ ဖြစ်ပါသည်။ အာမတ်ရှား၏အဓိပ္ပါယ်မှာ ရှင်းလှပါသည်။ မယူကျွန်းဆွယ်ရှိ ဗုဒ္ဓဘာသာဝင်များကို မောင်းထုတ်ပြီး မူဆလင်နိုင်ငံတစ်ရပ်တည်ဆောက်ရန် ဖြစ်ပါသည်။

မူဆလင်လှုပ်ရှားမှုဖြစ်သော – အလယ်သံကျော်ညီလာခံ၊ မူဂျာဟစ်လှုပ်ရှားမှု၊ ရိုဟင်ဂျာလှုပ်ရှားမှုနှင့် မူဆလင်များလှုပ်ရှားမှုတလျှောက်လုံး သူတို့၏တောင်းဆိုချက်များတွင် –

(၁) မူဆလင်(ရိုဟင်ဂျာ)များသည် ရခိုင်ပြည်၏ တိုင်းရင်းသားလူမျိုးတစ်ရပ်ဖြစ်သည်။

(၂) ဘူးသီးတောင်/မောင်တောနယ်မြေသည် မူဆလင်တို့၏နယ်မြေဖြစ်သည်။

(၃) အနာဂါတ် ရခိုင်ပြည်တည်ဆောက်သည့်အခါ ရခိုင်-ကုလား အာဏာခွဲဝေရာတွင် ၄၀/၆၀ သို့မဟုတ် ၅၀/၅၀ ရယူရန် ဟူ၍ ဖြစ်ပါသည်။

မူဆလင်တို့သည် သူတို့၏ တောင်းဆိုချက်ဖြစ်သော တိုင်းရင်းသားလူမျိုးတစ်ရပ်ဖြစ်သည်ဆိုပါလျင် ဘူးသီးတောင်/မောင်တောသည် ၄င်းတို့အများစုနေထိုင်သော အမျိုးသားနယ်မြေ(NATIONAL AREA) ဖြစ်လာပါတေ့ာသည်။ သို့ဆိုလျှင် ဘာသာမတူသူများ၏ ခွဲထွက်ရေးတိုက်ပွဲသည် မလွဲမသွေဖြစ်လာပါတေ့ာမည်။ ထို့ကြောင့် ကျွန်တော်တို့၏ဘူးသီးတောင်/မောင်တောနယ်မြေသည် (မယူကျွန်းဆွယ်) ဒုတိယကပ်ရှမီးယား သို့မဟုတ် ပါလက်စတိုင်းကဲ့သို့သော နယ်မြေတစ်ရပ်အဖြစ် မီးဟုန်းဟုန်းတောက်လာဘွယ်ရာရှိပါသည်။

မူဆလင်ကုလားတို့၏ မဟာဗျူဟာသည် – သာမန်လူ့အခွင့်အရေး(HUMAN RIGHT) တောင်းဆိုမှုမဟုတ် ကျွန်တော်တို့၏ဘိုးဘွားပိုင်နယ်မြေကို လုယက်တိုက်ခိုက်ယူလိုသော မူဆလင်တို့၏ဘာသာရေးနယ်ချဲ့စစ်ပွဲမှလွဲ၍ အခြားအဓိပ္ပါယ်မရှိပါ။ ရခိုင်မူဆလင်ဘဲပြောပြော ရိုဟင်ဂျာဘဲဆိုဆို၊ နည်းဗျူဟာအရသာဖြစ်ပြီး မဟာဗျူဟာသည် နယ်မြေခွဲထုတ်လိုသည့် မူဆလင်တို့၏လုယက်ရေးတိုက်ပွဲမှလွဲ၍ အခြားမရှိနိုင်တေ့ာကြောင်း သဘောပေါက်သင့်ပါသည်။

စံရွှေမောင်

အမှတ် (၃) ရပ်ကွက်

ဘူးသီးတောင်မြို့

==========

(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s