
By Kyaw Zaw Oo
စစ်တွေ ၊ ၁၄ သြဂုတ် ၂၀၁၄၊ Coral Arakan News ၊ [ သူ့အမြင် ]
စစ်တွေမြို့တွင် ဆန်ပြဿနာဖြစ်ပွားပြီး လူနှစ်ရာခန့် အသတ်ခံခဲ့ရသည့် ရခိုင်ပြည် ဆန်ပြဿနာနေ့ (၄၇) နှစ်မြောက် ဝမ်းနည်းဖွယ်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို စစ်တွေမြို့ ကန်တော်ကြီးအနီး အာရက္ခဖောင်ဒေးရှင်း ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ဟောပြောသူတစ်ဦးအနေဖြင့် ကျွန်တော် ပါဝင်ဟောပြောခဲ့ပါသည်။
ကျွန်တော့် ဟောပြောချက်ထဲမှ လိုရင်းအချက်အချို့မှာ အကြမ်းဖျင်းအားဖြင့် မှတ်မိသလောက် အောက်ပါအတိုင်းဖြစ်ပါသည်။ ဆီလျော်ချောမောအောင် ထုတ်နှုတ်ရေးသားပါသည်။
(၁) အများပြည်သူတို့ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒဏ်ကိုခဲ့ရသည့် အဖြစ်အပျက်များအား ပညာရှင်များ၏ လေ့လာမှုအရ တွေ့ရှိချက်များထဲမှ အချို့မှာ တစ်၊ ထိုဒေသကိုအုပ်ချုပ်နေသူများသည် တိုင်းတပါးသားများ ဖြစ်သည့်အတွက် ဒေသခံများ ငတ်သေသည့်တိုင်အောင် အရေးမစိုက်သည့်သဘောရှိနေခြင်း၊ နှစ်၊ ဒီမိုကရက်တစ် မဆန်သော အာဏာရှင်အစိုးရက အုပ်ချုပ်နေခြင်း တို့မှာ ငတ်မွတ်ခေါင်းပါးမှုဘေး ဖြစ်စဉ်တို့တွင် များသောအားဖြင့် တူညီသော လက္ခဏာများဖြစ်တတ် ကြပါသည်။ ဥပမာအားဖြင့် အိုင်ယာလန်ကို ဗြိတိသျှများ အုပ်ချုပ်စဉ်က အာလူစိုက်ခင်းများ အဆိပ်မှိုမည်းစွဲခြင်း (potato blight) ဖြစ်ပေါ်ကာ အိုင်းရစ်လူမျိုးများ စုပြုံငတ်မွတ် သေကြေခဲ့ကြခြင်း၊ ဗြိတိသျှများ အုပ်စိုးစဉ်က ဘင်္ဂလားဒေသတွင် ငတ်မွတ်သေကြေမှု (Bengal Famine) ဖြစ်ပွားခြင်း နှင့် ၁၉၆၇ စစ်တွေဆန်ပြဿနာ တို့သည် တူညီသည့် သဘောတရားအချို့ကို ထုတ်နှုတ်ဆင်ခြင်သုံးသပ်နိုင်သည့် ဖြစ်စဉ်များဖြစ်သည်။
(၂) ဆန်စပါးကို ဥရောပသို့ ထုတ်လုပ်တင်ပို့ရာဒေသဖြစ်ခဲ့သည့် စစ်တွေ နှင့် ရခိုင်ပြည်အနှံ့တွင် ထိုစဉ်က အာဏာပိုင်များ၏ မှားယွင်း(ယုတ်မာ)စွာ စီမံခန့်ခွဲမှုကြောင့် ဆန်ရှားပါးမှု ဖြစ်ပေါ်လာသောအခါ၊ ငတ်မွတ်မှုကို ဖြေရှင်းပေးရန် တောင်းဆိုသည့် လူထုအား ပစ်သတ် ဖြေရှင်းသည့် ထိုစဉ်က အာဏာပိုင်များ၏ လုပ်ရပ်ကို ကောက်ချက်ပြန်ဆွဲပါက၊ ထိုလုပ်ရပ်များအားဖြင့် မိမိတို့ အုပ်ချုပ်သူများသည် တိုင်းတစ်ပါးသား အုပ်ချုပ်သူများဖြစ်ကြောင်း မိမိတို့အုပ်ချုပ်သူများမှာ သခင်များ ဖြစ်ပြီး ပစ်သတ်ခံရသူ ရခိုင်လူထုမှာ ကျွန်လူမျိုးဖြစ်ကြောင်းကို လုပ်ရပ်သက်သေအားဖြင့် ဖော်ပြလိုက်သည့် သဘော သက်ရောက်သွားခဲ့သည်။ (ထိုဖြစ်ရပ်ကြောင့် ထိုအချိန်မှစ၍ ရခိုင်တို့သည် ပြည်မပါတီကြီးများ၏ နောက်မြီးဆွဲနိုင်ငံရေးကို လုပ်ဆောင်ခြင်းထက် ရခိုင်အမျိုးသားရေး ဗဟိုပြုနိုင်ငံရေးကို အားပေးမှု ယခင်ကထက် ဖြစ်ထွန်းလာသည်ကို တွေ့မြင်နိုင်သည်။ )
(၃) အုပ်ချုပ်သူအစိုးရမင်းတို့အနေဖြင့် ထိုသဘောထားအတိုင်း ဆက်ရှိနေမည် ဆိုပါက၊ မိမိ (ဟောပြောသူ) နှင့် ရဲဘော်ရဲဘက်တို့သည့် မပြီးသေးသည့် ရခိုင့်တော်လှန်ရေးကို အစဦးဆုံးဆင်နွှဲသူ တောင်မင်းကျော်ထွီး (ကျားရီဝတ် ကျော်ထွီး) ၏ အဆက်အနွယ်များအဖြစ် ရှိနေမည်ဖြစ်ပြီး၊ ဗိုလ်ချုပ်မောင်မောင်အုန်း အထိသော ရခိုင်ပြည်ကို အဆက်ဆက် အုပ်ချုပ်သူများကိုမူ ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းပြီးနောက် ပထမဦးဆုံး အုပ်ချုပ်သည့် ရခိုင်မြို့ဝန် နန္ဒပကျန်၏ ရာထူးကို ဆက်ခံအုပ်ချုပ်သူများ အဖြစ် သဘောထားရမည်ဖြစ်သည်။
(၄) မိမိတို့၏ မဟာဗျူဟာမြောက် အားသာချက်တို့ကို ဖန်တီးနိုင်မည့် ရခိုင်တို့၏ အင်အားမှာ ယခုအချိန်တွင် လွန်စွာ အားနည်းနေသေးသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ရရှိပြီး ရခိုင့်အရေးကို ရခိုင်တို့ စီမံခန့်ခွဲနိုင်သည့် အနေအထားရောက်ရှိလာအောင် တွန်းပို့လုပ်ဆောင်သွားရန် လိုအပ်သည်။
(၅) ရခိုင့်အမျိုးသား အရောင်များဖြစ်ကြသော အောင်ဖြူ နှင့် အောင်နီတို့ကို အမြဲသတိရကာ၊ အနီရောင်က ကိုယ်စားပြုသော သတ္တိဗျတ္တိ နှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာမက၊ အဖြူရောင်က ကိုယ်စားပြုသော ဖြူစင်ခြင်း နှင့် ဉာဏ်ပညာ သတိရှိခြင်းတို့ကို အမြဲစိတ်နှလုံးသွင်းလျက်၊ လိမ္မာပါးနပ်စွာဖြင့် ရှေ့ခရီးကို ကြိုတင် မြော်မြင်ကာ တွက်ချက်လှမ်းဆက်ကြရန် လိုအပ်သည်။
(၆) ရခိုင်နှစ်ပါတီပေါင်းစည်းရေးကို လုပ်ဆောင်ကြခြင်းသည် သင့်မြတ်မှန်ကန်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ရခိုင်နှစ်ပါတီပေါင်းစည်းရေးဟူသည် မဲပုံးနိုင်ငံရေးကို အခြေပြုကာလုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ရခိုင့် ရှေ့ရေးကို စစ်စစ်မှန်မှန် လုံခြုံစိတ်ချရအောင် လုပ်ဆောင်လိုသည့် ရခိုင့်အမျိုးသား ရခိုင့်အမျိုးသမီးများ အနေဖြင့် မဲပုံးနိုင်ငံရေးထက်မကသော အခြားအခြားသော လုပ်ဆောင်ဖွယ်ရာများစွာ ရှိနေသေးသည်ကို သတိချပ်ရန် လိုအပ်သည်။
ကျော်ဇောဦး
၁၄ သြဂုတ် ၂၀၁၄
====================================================

[ Zawgyi Font ]
ဆန္မရဘဲ
က်ည္ဆန္သာရၾကေသာအခါ ကၽြႏု္ပ္တို႔ ဘာလုပ္ၾကမည္နည္း
==================
By Kyaw Zaw Oo
စစ္ေတြ ၊ ၁၄ ၾသဂုတ္ ၂၀၁၄၊ Coral Arakan News ၊ [ သူ႔အျမင္ ]
စစ္ေတြၿမိဳ႕တြင္ ဆန္ျပႆနာျဖစ္ပြားၿပီး လူႏွစ္ရာခန္႔ အသတ္ခံခဲ့ရသည့္ ရခိုင္ျပည္ ဆန္ျပႆနာေန႔ (၄၇) ႏွစ္ေျမာက္ ၀မ္းနည္းဖြယ္ေန႔ အထိမ္းအမွတ္ ေဟာေျပာပြဲကို စစ္ေတြၿမိဳ႕ ကန္ေတာ္ႀကီးအနီး အာရကၡေဖာင္ေဒးရွင္း ဘုန္းေတာ္ႀကီး ေက်ာင္း၀င္းအတြင္း ယမန္ေန႔မြန္းလြဲပိုင္းတြင္ က်င္းပရာ ေဟာေျပာသူတစ္ဦးအေနျဖင့္ ကၽြန္ေတာ္ ပါ၀င္ေဟာေျပာခဲ့ပါသည္။
ကၽြန္ေတာ့္ ေဟာေျပာခ်က္ထဲမွ လိုရင္းအခ်က္အခ်ိဳ႕မွာ အၾကမ္းဖ်င္းအားျဖင့္ မွတ္မိသေလာက္ ေအာက္ပါအတိုင္းျဖစ္ပါသည္။ ဆီေလ်ာ္ေခ်ာေမာေအာင္ ထုတ္ႏႈတ္ေရးသားပါသည္။
(၁) အမ်ားျပည္သူတို႔ ငတ္မြတ္ေခါင္းပါးျခင္း ေဘးဒဏ္ကိုခဲ့ရသည့္ အျဖစ္အပ်က္မ်ားအား ပညာရွင္မ်ား၏ ေလ့လာမႈအရ ေတြ႕ရွိခ်က္မ်ားထဲမွ အခ်ိဳ႕မွာ တစ္၊ ထိုေဒသကိုအုပ္ခ်ဳပ္ေနသူမ်ားသည္ တိုင္းတပါးသားမ်ား ျဖစ္သည့္အတြက္ ေဒသခံမ်ား ငတ္ေသသည့္တိုင္ေအာင္ အေရးမစိုက္သည့္သေဘာရွိေနျခင္း၊ ႏွစ္၊ ဒီမိုကရက္တစ္ မဆန္ေသာ အာဏာရွင္အစိုးရက အုပ္ခ်ဳပ္ေနျခင္း တို႔မွာ ငတ္မြတ္ေခါင္းပါးမႈေဘး ျဖစ္စဥ္တို႔တြင္ မ်ားေသာအားျဖင့္ တူညီေသာ လကၡဏာမ်ားျဖစ္တတ္ ၾကပါသည္။ ဥပမာအားျဖင့္ အိုင္ယာလန္ကို ၿဗိတိသွ်မ်ား အုပ္ခ်ဳပ္စဥ္က အာလူစိုက္ခင္းမ်ား အဆိပ္မႈိမည္းစြဲျခင္း (potato blight) ျဖစ္ေပၚကာ အိုင္းရစ္လူမ်ိဳးမ်ား စုၿပံဳငတ္မြတ္ ေသေၾကခဲ့ၾကျခင္း၊ ၿဗိတိသွ်မ်ား အုပ္စိုးစဥ္က ဘဂၤလားေဒသတြင္ ငတ္မြတ္ေသေၾကမႈ (Bengal Famine) ျဖစ္ပြားျခင္း ႏွင့္ ၁၉၆၇ စစ္ေတြဆန္ျပႆနာ တို႔သည္ တူညီသည့္ သေဘာတရားအခ်ိဳ႕ကို ထုတ္ႏႈတ္ဆင္ျခင္သံုးသပ္ႏိုင္သည့္ ျဖစ္စဥ္မ်ားျဖစ္သည္။
(၂) ဆန္စပါးကို ဥေရာပသို႔ ထုတ္လုပ္တင္ပို႔ရာေဒသျဖစ္ခဲ့သည့္ စစ္ေတြ ႏွင့္ ရခိုင္ျပည္အႏွံ႕တြင္ ထိုစဥ္က အာဏာပိုင္မ်ား၏ မွားယြင္း(ယုတ္မာ)စြာ စီမံခန္႔ခြဲမႈေၾကာင့္ ဆန္ရွားပါးမႈ ျဖစ္ေပၚလာေသာအခါ၊ ငတ္မြတ္မႈကို ေျဖရွင္းေပးရန္ ေတာင္းဆိုသည့္ လူထုအား ပစ္သတ္ ေျဖရွင္းသည့္ ထိုစဥ္က အာဏာပိုင္မ်ား၏ လုပ္ရပ္ကို ေကာက္ခ်က္ျပန္ဆြဲပါက၊ ထိုလုပ္ရပ္မ်ားအားျဖင့္ မိမိတို႔ အုပ္ခ်ဳပ္သူမ်ားသည္ တိုင္းတစ္ပါးသား အုပ္ခ်ဳပ္သူမ်ားျဖစ္ေၾကာင္း မိမိတို႔အုပ္ခ်ဳပ္သူမ်ားမွာ သခင္မ်ား ျဖစ္ၿပီး ပစ္သတ္ခံရသူ ရခိုင္လူထုမွာ ကၽြန္လူမ်ိဳးျဖစ္ေၾကာင္းကို လုပ္ရပ္သက္ေသအားျဖင့္ ေဖာ္ျပလိုက္သည့္ သေဘာ သက္ေရာက္သြားခဲ့သည္။ (ထိုျဖစ္ရပ္ေၾကာင့္ ထိုအခ်ိန္မွစ၍ ရခိုင္တို႔သည္ ျပည္မပါတီႀကီးမ်ား၏ ေနာက္ၿမီးဆြဲႏိုင္ငံေရးကို လုပ္ေဆာင္ျခင္းထက္ ရခိုင္အမ်ိဳးသားေရး ဗဟိုျပဳႏိုင္ငံေရးကို အားေပးမႈ ယခင္ကထက္ ျဖစ္ထြန္းလာသည္ကို ေတြ႕ျမင္ႏိုင္သည္။ )
(၃) အုပ္ခ်ဳပ္သူအစိုးရမင္းတို႔အေနျဖင့္ ထိုသေဘာထားအတိုင္း ဆက္ရွိေနမည္ ဆိုပါက၊ မိမိ (ေဟာေျပာသူ) ႏွင့္ ရဲေဘာ္ရဲဘက္တို႔သည့္ မၿပီးေသးသည့္ ရခိုင့္ေတာ္လွန္ေရးကို အစဦးဆံုးဆင္ႏႊဲသူ ေတာင္မင္းေက်ာ္ထြီး (က်ားရီ၀တ္ ေက်ာ္ထြီး) ၏ အဆက္အႏြယ္မ်ားအျဖစ္ ရွိေနမည္ျဖစ္ၿပီး၊ ဗိုလ္ခ်ဳပ္ေမာင္ေမာင္အုန္း အထိေသာ ရခုိင္ျပည္ကို အဆက္ဆက္ အုပ္ခ်ဳပ္သူမ်ားကိုမူ ရခိုင္ျပည္ကို ဘိုးေတာ္ေမာင္၀ိုင္းသိမ္းၿပီးေနာက္ ပထမဦးဆံုး အုပ္ခ်ဳပ္သည့္ ရခိုင္ၿမိဳ႕၀န္ နႏၵပက်န္၏ ရာထူးကို ဆက္ခံအုပ္ခ်ဳပ္သူမ်ား အျဖစ္ သေဘာထားရမည္ျဖစ္သည္။
(၄) မိမိတို႔၏ မဟာဗ်ဴဟာေျမာက္ အားသာခ်က္တို႔ကို ဖန္တီးႏိုင္မည့္ ရခိုင္တို႔၏ အင္အားမွာ ယခုအခ်ိန္တြင္ လြန္စြာ အားနည္းေနေသးသည္။ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စု ရရွိၿပီး ရခိုင့္အေရးကို ရခိုင္တို႔ စီမံခန္႔ခြဲႏိုင္သည့္ အေနအထားေရာက္ရွိလာေအာင္ တြန္းပို႔လုပ္ေဆာင္သြားရန္ လိုအပ္သည္။
(၅) ရခိုင့္အမ်ိဳးသား အေရာင္မ်ားျဖစ္ၾကေသာ ေအာင္ျဖဴ ႏွင့္ ေအာင္နီတို႔ကို အၿမဲသတိရကာ၊ အနီေရာင္က ကိုယ္စားျပဳေသာ သတၱိဗ်တၱိ ႏွင့္ ရုပ္ပိုင္းဆုိင္ရာခြန္အားကိုသာမက၊ အျဖဴေရာင္က ကိုယ္စားျပဳေသာ ျဖဴစင္ျခင္း ႏွင့္ ဥာဏ္ပညာ သတိရွိျခင္းတို႔ကို အၿမဲစိတ္ႏွလံုးသြင္းလ်က္၊ လိမၼာပါးနပ္စြာျဖင့္ ေရွ႕ခရီးကို ႀကိဳတင္ ေျမာ္ျမင္ကာ တြက္ခ်က္လွမ္းဆက္ၾကရန္ လိုအပ္သည္။
(၆) ရခိုင္ႏွစ္ပါတီေပါင္းစည္းေရးကို လုပ္ေဆာင္ၾကျခင္းသည္ သင့္ျမတ္မွန္ကန္ေသာ ေျခလွမ္းတစ္ရပ္ျဖစ္သည္။ သို႔ရာတြင္ ရခိုင္ႏွစ္ပါတီေပါင္းစည္းေရးဟူသည္ မဲပံုးႏိုင္ငံေရးကို အေျချပဳကာလုပ္ေဆာင္ၾကျခင္းသာ ျဖစ္သည္။ ရခိုင့္ ေရွ႕ေရးကို စစ္စစ္မွန္မွန္ လံုၿခံဳစိတ္ခ်ရေအာင္ လုပ္ေဆာင္လိုသည့္ ရခိုင့္အမ်ိဳးသား ရခိုင့္အမ်ိဳးသမီးမ်ား အေနျဖင့္ မဲပံုးႏိုင္ငံေရးထက္မကေသာ အျခားအျခားေသာ လုပ္ေဆာင္ဖြယ္ရာမ်ားစြာ ရွိေနေသးသည္ကို သတိခ်ပ္ရန္ လိုအပ္သည္။
ေက်ာ္ေဇာဦး
၁၄ ၾသဂုတ္ ၂၀၁၄