
[ Zawgyi ]
၂၀၁၅ ေရြးေကာက္ပြဲမတိုင္မီ ၂၀၁၅ စက္တင္ဘာလ (၂၅) ရက္ေန႔ထုတ္ နိရဥၨရာ သတင္းဂ်ာနယ္တြင္ ထည့္သြင္းေဖာ္ျပခဲ့ေသာ ဦးေက်ာ္ေဇာဦး ႏွင့္ အင္တာဗ်ဴးအား ေဖာ္ျပလိုက္ပါသည္။
————————————–
စစ္ေတြၿမိဳ႕နယ္အမွတ္(၂) မဲဆႏၵနယ္ေျမမွ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ကိုေက်ာ္ေဇာဦးႏွင့္ ေတြ႕ဆံုျခင္း
၂၀၁၅-ခုႏွစ္ ႏို၀င္ဘာလ ဂရက္ေန႔တြင္ က်င္းပမည့္အေထြေထြေရြးေကာက္ပြဲတြင္ ရခုိင္ျပည္နယ္မွ ႏိုင္ငံေရးသမား လူႀကီးမ်ားသာမက လူငယ္၊ လူလတ္ပိုင္းအရြယ္ ႏိုင္ငံေရးသမား အမ်ားအျပားလည္း သက္ဆိုင္ရာပါတီမ်ား ကိုယ္စားျပဳ၍ေသာ္လည္းေကာင္း ၊ တစ္သီးပုဂၢလကိုယ္စားလွယ္မ်ားအျဖစ္ မိမိေနထိုင္ရာၿမိဳ႕နယ္မ်ားကို ကိုယ္စားျပဳ၍ေသာ္လည္းေကာင္း ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ပါသည္။ ထိုအထဲတြင္ မိခင္ပါတီရွိပါလ်က္ မိခင္ပါတီမွ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္မရခဲ့သျဖင့္ စစ္ေတြၿမိဳ႕နယ္ အမွတ္(၂) မဲဆႏၵနယ္မွ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုေက်ာ္ေဇာဦးလည္း ပါ၀င္သည္။ ကိုေက်ာ္ေဇာဦးသည္ တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ေလွ်ာက္လႊာ တင္ၿပီးမွ ေနာက္ထပ္တစ္ႀကိမ္ ကိုယ္စားလွယ္အရည္အခ်င္း မျပည့္မီဟုဆိုကာ စစ္ေတြခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္က ပယ္ခ်ခဲ့သည္။ ေနာက္ပိုင္းတြင္ အယူခံ၀င္ခဲ့ရာ အယူခံေအာင္ျမင္ခဲ့သျဖင့္ လာမည့္ေရြးေကာက္ပြဲတြင္ ပါ၀င္ယွဥ္ၿပိဳင္ရန္ လိုအပ္သည့္ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ေနၿပီျဖစ္သည္။ နိရဥၨရာသတင္းဌာနမွ ကိုစံေမာင္သန္းက ကိုေက်ာ္ေဇာဦးအား ေတြ႕ဆံုၿပီး ေမးျမန္းထားခ်က္မ်ားကို တင္ျပေပးလိုက္ပါသည္။
ေမး။ ေရြးေကာက္ပြဲေကာ္မရွင္ကေနၿပီးေတာ့ ဦးေက်ာ္ေဇာဦးကို လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးမွာ ရွိသင့္တဲ့ အရည္အခ်င္းနဲ႔ မကိုက္ညီဘူးဆိုၿပီးေတာ့ ကိုယ္စားလွယ္ေလာင္းအျဖစ္က အပယ္ခံရတယ္လို႔ ၾကားလိုက္ရတယ္။ ဘယ္အခ်က္နဲ႔ၿငိတာပါလဲ။
ေျဖ။ ကၽြန္ေတာ့္ကို အဓိကေတာ့ အာဖဂန္နစၥတန္ကို လြန္ခဲ့တဲ့ ၆ ႏွစ္ေလာက္က ၆ လေလာက္ သြားၿပီး ေတာ့ အလုပ္လုပ္ခဲ့တယ္။ အဲဒါကို ကၽြန္ေတာ္နဲ႔ ၿပိဳင္ဘက္ျဖစ္တဲ့ ဦးေအာင္ျမေက်ာ္က ေနၿပီးေတာ့ အဲဒီဟာက ကၽြန္ေတာ္ဟာ ၁၀ႏွစ္ဆက္တိုက္ တိုင္းျပည္ထဲမွာ ေနတဲ့သူမဟုတ္ ဆိုၿပီးေတာ့ တိုင္ပါတယ္။ တိုင္တဲ့အတြက္ ခရိုင္ေကာ္မရွင္က စံုစမ္းတဲ့အခါမွာ သူ႔မွာေတာ့ သက္ေသခံ အေထာက္အထားအေနနဲ႔ ဘာေတြကို တင္ျပထားတယ္ ဆိုတာေတာ့ မသိဘူး။ ဆိုေတာ့ ကၽြန္ေတာ့္ ကို စစ္ေဆးတဲ့အခါ ပတ္(စ္)ပို႔နဲ႔ သြားတာမွန္တယ္၊ ဗီဇာနဲ႔သြားတာမွန္တယ္။ ဒါေပမဲ့ ကၽြန္ေတာ္ဟာ အိႏိၵယကို တစ္လဗီဇာနဲ႔သြားၿပီးေတာ့ အာဖဂန္တစၥတန္ကို သြားဖို႔အတြက္ ဗီဇာထပ္ခံတယ္။ ၿပီးေတာ့ အာဖဂန္တစၥတန္မွာ ဗီဇာထပ္တိုးၿပီး ေနခဲ့တာမွန္တယ္။ ဒါေပမဲ့ ဗမာျပည္ကထြက္တဲ့အခါမွာ ၁လဗီဇာနဲ႔ ထြက္တာ ျဖစ္တယ္။ ၿပီးေတာ့ ဘာေၾကာင့္မို႔လို႔ တစ္လဗီဇာကို ေက်ာ္ၿပီးေတာ့ ဟိုးဘက္မွာ အၾကာႀကီး ေျခာက္လဲကာ ေနခဲ့ရသလဲ၊ အဲဒါ လုပ္ထံုးလုပ္နည္းနဲ႔မညီဘူး။ အဲဒီဟာ အက်ိဳးဆက္အေနနဲ႔ ေနၿပီးေတာ့ အဲဒါက လုပ္ထံုးလုပ္နည္းနဲ႔ မညီဘဲ ထြက္တာျဖစ္တဲ့အတြက္ ကၽြန္ေတာ္ဟာ ၆ လ သက္တမ္းမျပည့္ဘူး ဆိုတဲ့ဟာနဲ႔ (ဆိုလိုသည္မွာ ႏိုင္ငံအတြင္း တစ္ဆက္တစပ္တည္း ဆယ္ႏွစ္ ေနထိုင္သူ မဟုတ္ဘူး ဆိုေသာ အခ်က္အားျဖင့္) ကၽြန္ေတာ့္ကို ပယ္လိုက္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ ေရြးေကာက္ခံႏိုင္တဲ့ ကိုယ္စားလွယ္ အရည္အခ်င္း ပ်က္ယြင္းတယ္ ဆိုၿပီး သတ္မွတ္ၿပီးေတာ့ ကၽြန္ေတာ့္ကို ပယ္လိုက္ပါတယ္။ ဆိုေတာ့္ ၇ ရက္အတြင္း ျပည္နယ္မွာ တဆင့္ အယူခံႏိုင္တယ္ ဆိုေတာ့ ကၽြန္ေတာ္ အယူခံပါတယ္။
အယူခံတဲ့အခါ ျပည္နယ္က ဆံုးျဖတ္တာက ဒီလိုမ်ိဳး ပတ္(စ္)ပို႔နဲ႔ သြားျခင္းဟာ ႏိုင္ငံျခားကို တရား၀င္သြားတာျဖစ္တယ္။ ကၽြန္ေတာ္က အခြန္ေဆာင္ထားပါတယ္။ အဲဒီလိုအခြန္ေဆာင္ထားတဲ့ ႏိုင္ငံသား တစ္ေယာက္ျဖစ္တယ္။ အဲဒါေၾကာင့္ ျပည္နယ္က ေျပာတာက တစ္အခ်က္ ပတ္(စ္)ပို႔နဲ႔ တရား၀င္သြားတာျဖစ္တယ္၊ ႏွစ္အခ်က္ လုပ္ထံုးလုပ္နည္း နည္းဥပေဒမွာဆိုရင္ ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲ နည္းဥပေဒ ပုဒ္မ (၂၇) ရွင္းလင္းခ်က္ (၂) မွာဆိုရင္ တိုင္ၾကားမယ္ဆိုရင္ ကန္႔ကြက္သူ ဘက္မွ ခိုင္လံုတဲ့သက္ေသ (သို႔မဟုတ္) အေထာက္အထား၊ သက္ဆိုင္ရာဌာန (သို႔မဟုတ္) အဖြဲ႕အစည္း၏ မွန္ကန္ေၾကာင္းလက္မွတ္ေရးထိုးထားသည့္ ဆံုးျဖတ္ခ်က္ (သို႔မဟုတ္) မွတ္တမ္းမိတၱဴ အမွန္တစ္ခုခုကို တင္ျပရမယ္။ ထိုသို႔ တင္ျပျခင္းမရွိပါက ထိုကန္႔ကြက္ခ်က္ကို အေရးမယူရ ဟု ေဖာ္ျပ ထားပါတယ္။ ဆိုေတာ့ ျပည္နယ္ကသံုးသပ္တာက ကန္႔ကြက္သူဦးေအာင္ျမေက်ာ္အေနျဖင့္ ခိုင္လံု ေသာ သက္ေသအေထာက္အထားတစ္ခုခုကို တစ္စံုတရာတင္ျပျခင္းမေတြ႕ရ ဆိုၿပီး သံုးသပ္ပါတယ္။ ဒါေၾကာင့္မို႔ (ခရိုင္ေကာ္မရွင္ရဲ႕)ဆံုးျဖတ္ခ်က္ကို ျပန္ၿပီးေတာ့ ပယ္ခ်လိုက္ပါတယ္။ ၿပီးေတာ့ အေရြးခံ ခြင့္ျပဳလိုက္ပါတယ္။
ေမး။ အခု တသီးပုဂၢလဆိုေတာ့ ရခိုင္အမ်ိဳးသားပါတီနဲ႔ လက္ရွိဆက္ဆံေရးက ဘယ္လိုရွိပါသလဲ။
ေျဖ။ ကၽြန္ေတာ္ တသီးပုဂၢလ အေရြးခံမယ္လို႔ ဆိုကတည္းက ပါတီရံုးကို မေရာက္ေတာ့ဘူး။ ကၽြန္ေတာ္ ႏိုင္ၿပီးသည္ျဖစ္ေစ၊ ရံႈးၿပီးသည္ျဖစ္ေစ၊ ေရြးေကာက္ပြဲၿပီးတဲ့အခါက်မွ ပါတီနဲ႔ ထိေတြ႕ ဆက္ဆံမႈ ျပန္လုပ္ မွာက တစ္ပိုင္းေပါ့။ အခုေလာလာဆယ္မွာေတာ့ ကၽြန္ေတာ့္လူနဲ႔ သီးျခား ကၽြန္ေတာ့္ ေအာင္ႏိုင္ေရးအုပ္စုကေလးနဲ႔ အလုပ္လုပ္ဖို႔ျပင္ဆင္ေနပါတယ္။ တကယ္လို႔ အဲဒီအုပ္စု ထဲမွာ ပါတီ၀င္ေတြပါမယ္ဆိုရင္လည္းပဲ သူတို႔ကို ကၽြန္ေတာ္က ပါတီကေန ႏႈတ္ထြက္ခိုင္းပါမယ္။ ေနာက္မွပဲ ျပန္၀င္ရင္လည္း ၀င္ၾကေပါ့။ ဒီလိုမ်ိဳး ကင္းကင္းရွင္းရွင္း လုပ္သြားမွာပါ။
ေမး။ မဲဆြယ္စည္းရံုးေရးအေနနဲ႔ ဘာေတြ ဘာေတြ ျပင္ဆင္ထားသလဲ။ ဘယ္ေန႔မွာ စတင္ၿပီးေတာ့ မဲဆြယ္မွာလဲ။
ေျဖ။ ကၽြန္ေတာ္ အခုေလာေလာဆယ္ေတာ့ ေအးေအးပဲ ရွိေနေသးတယ္။ ေအးေအးပဲဆိုရင္ ေရြးေကာက္ပြဲ မစခင္ တစ္လကိုပဲ ဖိဖိစီးစီးနဲ႔ လုပ္ဖို႔ ရည္မွန္းထားပါတယ္။
ေမး။ မဲဆြယ္စည္းရံုးေရးလုပ္တဲ့အခါ ၿမိဳ႕ေပၚအျပင္ နယ္ေတြကိုလည္း ဆင္းမွာလား။
ေျဖ။ ဆင္းပါ့မယ္။
ေမး။ ဘာေတြကို အဓိကထားၿပီးေတာ့ စည္းရံုးေရးလုပ္မွာလဲ။
ေျဖ။ အဓိကေတာ့ ရခိုင္အမ်ိဳးသားပါတီထဲကို ကိုယ္စားျပဳၿပီးေတာ့ သြားတယ္ဆိုရင္ ရခုိင္အမ်ိဳးသား ပါတီရဲ႕ မူ၀ါဒ၊ ရည္မွန္းခ်က္ သံုးရပ္ကို ကိုင္တြယ္ၿပီးေတာ့ သြားရမယ္။ အခုေလာေလာဆယ္ တသီးပုဂၢလလည္းျဖစ္တယ္ ဆိုေတာ့ ကိုယ့္မွာ ကိုယ္အားသန္တဲ့ မူ၀ါဒကို ကိုင္ၿပီးသြားရမွာပါ။
ေမး။ ေဆာင္ပုဒ္အေနနဲ႔ ဘာေတြကို ေရြးခ်ယ္ထားလဲ။
ေျဖ။ Logo တစ္ခုလိုေတာ့ တသီးပုဂၢလ Logo အေနနဲ႔ လုပ္တဲ့အခါ အျဖဴ-အနီ ေနာက္ခံမွာ အျပာေရာင္ အနားကြပ္နဲ႔ေပါ့။ အဲဒီအေရာင္ ၃ ေရာင္ ဟာဆိုရင္ ရခိုင္တို႔ရဲ႕ အေရာင္ေပါ့ေလ။ အဲဒီမွာ သေကၤတ ၃ ခု ပါတယ္။ တစ္ခုက ရခိုင္တို႔ရဲ႕ အမ်ိဳးသား အထိမ္းအမွတ္ျဖစ္တဲ့ သီရိ၀စၥ၊ ေနာက္ တစ္ခုက လက္သီးဆုပ္အမွတ္အသား solidarity ကို ကိုယ္စားျပဳတဲ့ လက္သီးဆုပ္ အမွတ္အသား၊ ေနာက္တစ္ခုက တိုးတက္ေရးဆိုတဲ့ စကားလံုးေပါ့။ ဒါေတြက ကၽြန္ေတာ္သြားေနတဲ့ ႏိုင္ငံေရး လမ္းေၾကာင္းကို ထင္ဟပ္တဲ့ အရာေတြ ျဖစ္တယ္။ ဥပမာ ဆိုရင္ တစ္အခ်က္ ကၽြန္ေတာ္ ဘာအတြက္ လုပ္မွာလဲ၊ ရခိုင္အမ်ိဳးသားေရး၊ သီရိ၀ိစၥဟာ ရခုိင္အမ်ိဳးသားေရးကို ကိုယ္စားျပဳတယ္။ ၿပီးေတာ့ လက္သီးဆုပ္ကေတာ့ တစ္ကမၻာလံုးမွာ လက္သီးဆုပ္သ႑ာန္ဆိုတာ solidarity ေသြးစည္းညီညြတ္မႈ ကို ကိုယ္စားျပဳပါတယ္။ ေသြးစည္း ညီညြတ္ေရးကို ရခိုင္လူမ်ိဳးအတြက္ တည္ေဆာက္သြားပါမယ္။ တတိယတစ္ခ်က္က ကၽြန္ေတာ္တို႔ တိုးတက္ေရးနဲ႔သြားပါမယ္။ တိုးတက္ေရးဆိုတာ ရည္မွန္းတဲ့ လမ္းကို ျဖည္းျဖည္းခ်င္း သြားႏိုင္ဖို႔အတြက္၊ ေတာ္လွန္ေရးဆိုတာကို မလုပ္ဘဲနဲ႔ အင္အားျပည့္ေအာင္ ကိုယ့္ဟာကိုယ္ Capacity လူမ်ိဳးတစ္မ်ိဳးကို အင္အားျပည့္ေစတဲ့ တိုးတက္ေရး၊ ဒီသံုးခု၊ ရခိုင္ အမ်ိဳးသားေရး၊ ေသြးစည္းညီညြတ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုတဲ့ မူသံုးခုနဲ႔ ကၽြန္ေတာ္ အလုပ္ ဆက္လုပ္သြားမယ္။ အရင္တုန္းကဆိုရင္လည္း အလုပ္လုပ္ခဲ့ပါတယ္လို႔ ျပည္သူလူထုကို ရွင္းလင္း တင္ျပသြားမယ္။
ေမး – ဆိုရင္ တစ္သီးပုဂၢလအေနနဲ႔ ေရြးေကာက္ပြဲအတြက္ မဲဆြယ္မႈုျပဳလုပ္တဲ့အခါ ဘယ္လို အခက္အခဲေတြ ရွိေနလဲ။
ေျဖ – တစ္သီးပုဂၢလအေနနဲ႔ . . . ၊ ကၽြန္ေတာ္က အရင္ ၄-၅ ႏွစ္ ဆက္တိုက္က ပါတီကို ဆက္တိုက္ တည္ေဆာက္လာခဲ့တဲ့သူျဖစ္ပါတယ္။ ဆိုရင္ ပါတီအေနနဲ႔ မ၀င္ရဘဲ တစ္သီးပုဂၢလ၀င္ရတယ္ဆိုေတာ့ ကၽြန္ေတာ့္ရဲ႕၊ ကၽြန္ေတာ့္ကို အားေပးခ်င္တဲ့သူ ကၽြန္ေတာ့္ကိုရံေပးခ်င္တဲ့သူအားလံုးဟာ ပါတီထဲမွာဘဲ ရွိေနတယ္။ ကၽြန္ေတာ့္ကို ခ်စ္တဲ့သူေတြ၊ ရဲေဘာ္ရဲဘက္ေတြအားလံုး ပါတီထဲမွာပဲ ရွိေနပါတယ္။ ဆိုေတာ့ သူတို႔ကိုလည္း ပါတီက မထြက္ေစခ်င္ဘူး။ မထြက္ၾကပါနဲ႔။ က်န္ခဲ့ၾကပါ ဆိုၿပီးေတာ့ ကၽြန္ေတာ္က ေျပာခဲ့ရတယ္။ ေနက္ၿပီးေတာ့ ကၽြန္ေတာ့္ရဲ႕ ေအာင္ႏိုင္ေရးအဖြဲ႕ကို ပါတီ၀င္ မဟုတ္တဲ့ သူေတြနဲ႔ ဖြဲ႕ဖို႔ႀကိဳးစားရပါတယ္။ အခက္အခဲေတြ ရွိတာေပါ့ေလ။ ၿပီးေတာ့ ေနာက္တစ္ခ်က္အေနနဲ႔ ပါတီ၀င္(အေနနဲ႔ ဆို)ရင္ေတာ့ ေငြေၾကး အဲ့ဒီေလာက္ကုန္က်မွာမဟုတ္ဘူး။ တစ္သီးပုဂၢလဆိုေတာ့ အရင္တုန္းကထက္ ထပ္ၿပီးေတာ့ ရွာရမယ္၊ ထပ္ၿပီးေတာ့ သံုးရမယ့္သေဘာ ရွိ တယ္။ ကၽြန္ေတာ့္ကို အားေပးတဲ့သူေတြက ပိုၿပီး အားစိုက္ ရမယ့္ သေဘာရွိတယ္။
ေမး – လက္ရွိရခိုင့္ႏိုင္ငံေရးျဖစ္တည္မႈအေပၚမွာ ဘယ္လိုျမင္လဲ၊ အားရစရာေတြ ေတြ႕ရဲ႕လား။
ေျဖ – အားရစရာေတြ႕လား ဆိုေတာ့ . . . ၊ ကၽြန္ေတာ္တို႔ ဒီရခိုင့္ႏိုင္ငံေရးမွာဆိုရင္ အဓိကအေနနဲ႔ ရခုိင္အမ်ိဳးသားပါတီက ဦးေဆာင္ေနပါတယ္။ (ဒီလို)ဦးေဆာင္ေနမႈ အခန္းက႑ကိုဆိုရင္လည္း ျပည္သူလူထု စိတ္ပ်က္တာလည္းရွိမယ္၊ စိတ္ပ်က္တဲ့ကာလလည္းရွိမယ္။ ဒါေပမဲ့လည္း အေရးႀကီး ၿပီဆိုရင္ ေရြးေကာက္ပြဲနီးလာတဲ့အခါ ဒီပါတီကို၀ိုင္းရံရမယ္ ဆိုၿပီးေတာ့ ၀ိုင္းရံၾကတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ခါ ကၽြန္ေတာ္တို႔ကိုယ္တိုင္ မေျပာခ်င္တာေတြ ရွိတယ္။ ေျပာလိုက္ရင္ ကိုယ္နာမွာ ေတာ့ မဟုတ္ဘူး။ အမ်ားနစ္နာမယ္။ ကိုယ္ကနစ္နာေနတယ္။ ထုတ္မေျပာခ်င္တဲ့အတြက္ ထုတ္မေျပာတာပါ။ တခါကဆိုရင္လည္း ေဒါက္တာေအးေမာင္ Messenger နဲ႕အင္တာဗ်ဴးတဲ့အခါ ထင္တယ္၊ လြန္ခဲ့တဲ့ သံုးေလးလက ေရြးေကာက္ပြဲမတုိင္မီ ရခိုင္ပါတီ ၿပိဳကြဲမယ္ ဆိုၿပီးေတာ့ေပါ့ေလ။ ဘာေၾကာင့္လဲဆိုေတာ့ အတြင္းမွာလုပ္ေနတဲ့သူေတြက သိတယ္။ အင္မတန္မွ ခံစားရခက္ခဲတဲ့ ဖံုးကြယ္ထားရတဲ့ က႑ရွိတယ္။ ရခိုင့္ႏိုင္ငံေရးနယ္ပယ္ထဲမွာဆိုရင္ အုပ္စုဖြဲ႕အားၿပိဳင္မႈေတြရွိတယ္။ အႏိုင္က်င့္မႈေတြရွိတယ္။ တရားမွ်တစြာ လုပ္တဲ့သူေတြကို မတရားလုပ္တဲ့သူေတြက ၀ိုင္း၀န္း အႏိုင္က်င့္မႈေတြ ရွိေနတယ္။ ေနရာ ဘယ္ေနရာမွာလို႔ေတာ့ မဆိုလိုေတာ့ဘူး။ ရွိေနေလေတာ့ ဘာပဲေျပာေျပာ အဲ့ဒါေတြကို အမွန္တရားတစ္ခုခု ေရာက္ေအာင္ ကၽြန္ေတာ္တို႔တြန္းပို႔ၿပီးေတာ့ ပံုေဖာ္သြားရပါမယ္။ စိတ္ရွည္ရမယ္ဆိုတဲ့ သေဘာရွိတယ္။
ေမး – ရခိုုင္လူ႔အဖြဲ႕အစည္းေတြရဲ႕ ျဖစ္တည္ေနမႈအပိုင္းေတြကိုလည္း ေျပာျပေပးပါဦး။ ရခိုင္ လူ႔အဖြဲ႕အစည္းရဲ႕ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြကိုပါ။
ေျဖ – ရခိုင္လူ႔အဖြဲ႕အစည္းဟာဆိုရင္ အင္မတန္မွ အင္အားခ်ိနဲ႔ေနပါတယ္။ မ်ိဳးခ်စ္စိတ္ဓါတ္ ရွိရံုက လြဲလို႔ေပါ့။ အဲဒါေၾကာင့္မို႔ ကၽြန္ေတာ္တို႔ တိုးတက္ေရး၊ တိုးတက္ေရးလို႔ ေျပာေနၾကတယ္။ RNDP ထူေထာင္တုန္းကဆိုရင္လည္း တိုးတက္ေရးဆိုတဲ့ မူ၀ါဒကိုကိုင္ၿပီးေတာ့ေျပာၾကတယ္။ အခုဆိုရင္ လည္း ကၽြန္ေတာ္ဟာ တိုးတက္ေရးကိုပဲ ကိုင္စြဲထားတယ္။ ေဒါက္တာေအးေမာင္တို႔ ဆိုရင္လည္း ျပည္နယ္ကို အာရံုစိုက္မယ္။ ပညာ၊ က်န္းမာ နဲ႔ infrastructure ကို လုပ္ၾကမယ္ ဆိုၿပီးေတာ့၊ အျခား ရည္မွန္းခ်က္ အႀကီးႀကီးကို မသြားဘဲနဲ႔ ေပါ့ေလ။ ပညာေရး၊ က်န္းမာေရးနဲ႔ အျခား infrastructure ကိုသာလုပ္ၾကမယ္၊ ရခိုင္တိုးတက္ေရးအတြက္ေပါ့ေလ၊ လုပ္ၾကမယ္လို႔ ႏိုင္ငံေရးသမားတခ်ိဳ႕က အဲဒီလို ရည္မွန္းၾကတယ္။ ကၽြန္ေတာ္ အပါအ၀င္လည္း အဲဒီလိုပဲ ရည္မွန္းပါတယ္။ ဘာေၾကာင့္ ဒီလို ရည္မွန္းရတာလဲဆိုေတာ့ အျခားဟာေတြမလုပ္မီ ဒီလူမ်ိဳးဟာ အင္အားစည္ပင္ရမယ္။ အင္အား စည္ပင္ၿပီးမွ တျခားဟာေတြကို တက္လွမ္းႏိုင္ၾကမယ္။ ရခိုင္လူထုအေျခအေနက အဲဒီလိုမ်ိဳး ေရာက္ ေနတယ္။ တျခားရည္မွန္းခ်က္ သိပ္ႀကီးႀကီးမားမားသြားႏိုင္မယ့္ အားမရွိေသးဘူး။ ဒါေၾကာင့္ infrastrure ပိုင္းကို တည္ေဆာက္ႏိုင္ရင္ ကၽြန္ေတာ္တို႔ ဆယ္ႏွစ္၊ အႏွစ္ ၂၀ သာ တကယ္လုပ္ႏိုင္ရင္ ေနာက္တစ္ဆင့္ကို တက္လွမ္း ႏိုင္မယ္လို႔ ထင္ပါတယ္။
ေမး – တကယ္တမ္း ေရြးခ်ယ္တင္ေျမႇာက္ခံခဲ့ရရင္ ျပည္သူအတြက္ ရခိုင္ျပည္နယ္အတြက္ ဘာေတြကို အဓိကဦးစားေပးအေနနဲ႔ လုပ္သြားမွာလဲ။
ေျဖ – အဓိကအေနနဲ႔ကေတာ့ အရင္ intrastructure ပိုင္း နဲ႔ ပညာ၊ က်န္းမာ နဲ႔ infrastructure ကို အဓိကတည္ေဆာက္ႏိုင္ဖို႔၊ တိုးတက္တည္ေဆာက္ႏိုင္ဖို႔ ဟာေတြကို ႀကိဳးစားမယ္။ ေနာက္တစ္ခုက လူ႔အဖြဲ႕အစည္းအတြင္းမွာ ရွိေနတဲ့၊ ေျပာေနရတဲ့၊ သိသာတဲ့၊ မသိသာတဲ့ တရားမမွ်တမႈေတြကို တိုက္ပြဲ၀င္ဖို႔ ရပ္တည္သြားပါ့မယ္။ အဲဒီလို ေရတိုအလုပ္ေတြကို လုပ္ေနတာနဲ႔ တၿပိဳင္နက္တည္းမွာပဲ ေရရွည္အလုပ္ေတြအတြက္လည္းပဲ လမ္းေၾကာင္းေတြ လုပ္ႏိုင္တာေတြကို ႀကိဳၿပီးေတာ့ ဆက္လုပ္ သြားပါမယ္။
ေမး – ေနာက္ဆံုးအေနနဲ႔ ရခုိင္လူထုကို ဘာေတြ ေျပာၾကားခ်င္ပါသလဲ။
ေျဖ – ညီညြတ္တယ္၊ ညီညြတ္ေရး ညီညြတ္ေရးလို႔ ေျပာၾကတယ္ဆိုရင္ . . . ၊ ေသြးစည္းညီညြတ္ေရး ဆိုတဲ့ေနရာမွာ ေဖာက္ျပန္ေရးသမားေတြ၊ ရခိုင္အမ်ိဳးသားေရး နာမည္ခံေဖာက္ျပန္ေရးသမားေတြ ညီညြတ္ရင္ ကိုယ့္အတြက္ ဘာမွအက်ိဳးမရွိပါဘူး။ စားဖားေတြညီညြတ္လို႔ ဘာမွအက်ိဳးမရွိဘူး။ အဲဒါေၾကာင့္ တကယ့္ရခုိင္ျပည္အတြက္ အနစ္နာခံလို႔လုပ္ၾကမယ့္သူေတြ ညီညြတ္မွပဲ ရခိုင္ျပည္ အက်ိဳးကို ေဖာ္ေဆာင္ႏိုင္မယ္။ အဲဒါက ဒီေခတ္ဒီကာလမွာ သတိထားရမယ့္ အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။
နိရဥၨရာ – ဟုတ္ကဲ့။ ေက်းဇူးပါပဲ။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၂၀၁၅ စက်တင်ဘာလ (၂၅) ရက်နေ့ထုတ် နိရဥ္ဇရာ သတင်းဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သော ဦးကျော်ဇောဦး နှင့် အင်တာဗျူးအား ဖော်ပြလိုက်ပါသည်။

[ Unicode ]
စစ်တွေမြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ကိုကျော်ဇောဦးနှင့် တွေ့ဆုံခြင်း
၂၀၁၅-ခုနှစ် နိုဝင်ဘာလ ဂရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ နိုင်ငံရေးသမား လူကြီးများသာမက လူငယ်၊ လူလတ်ပိုင်းအရွယ် နိုင်ငံရေးသမား အများအပြားလည်း သက်ဆိုင်ရာပါတီများ ကိုယ်စားပြု၍သော်လည်းကောင်း ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် မိမိနေထိုင်ရာမြို့နယ်များကို ကိုယ်စားပြု၍သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ထိုအထဲတွင် မိခင်ပါတီရှိပါလျက် မိခင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့သဖြင့် စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုကျော်ဇောဦးလည်း ပါဝင်သည်။ ကိုကျော်ဇောဦးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ပြီးမှ နောက်ထပ်တစ်ကြိမ် ကိုယ်စားလှယ်အရည်အချင်း မပြည့်မီဟုဆိုကာ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။ နောက်ပိုင်းတွင် အယူခံဝင်ခဲ့ရာ အယူခံအောင်မြင်ခဲ့သဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။ နိရဥ္ဇရာသတင်းဌာနမှ ကိုစံမောင်သန်းက ကိုကျော်ဇောဦးအား တွေ့ဆုံပြီး မေးမြန်းထားချက်များကို တင်ပြပေးလိုက်ပါသည်။
မေး။ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ဦးကျော်ဇောဦးကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ ရှိသင့်တဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီးတော့ ကိုယ်စားလှယ်လောင်းအဖြစ်က အပယ်ခံရတယ်လို့ ကြားလိုက်ရတယ်။ ဘယ်အချက်နဲ့ငြိတာပါလဲ။
ဖြေ။ ကျွန်တော့်ကို အဓိကတော့ အာဖဂန်နစ္စတန်ကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က ၆ လလောက် သွားပြီး တော့ အလုပ်လုပ်ခဲ့တယ်။ အဲဒါကို ကျွန်တော်နဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဦးအောင်မြကျော်က နေပြီးတော့ အဲဒီဟာက ကျွန်တော်ဟာ ၁ဝနှစ်ဆက်တိုက် တိုင်းပြည်ထဲမှာ နေတဲ့သူမဟုတ် ဆိုပြီးတော့ တိုင်ပါတယ်။ တိုင်တဲ့အတွက် ခရိုင်ကော်မရှင်က စုံစမ်းတဲ့အခါမှာ သူ့မှာတော့ သက်သေခံ အထောက်အထားအနေနဲ့ ဘာတွေကို တင်ပြထားတယ် ဆိုတာတော့ မသိဘူး။ ဆိုတော့ ကျွန်တော့် ကို စစ်ဆေးတဲ့အခါ ပတ်(စ်)ပို့နဲ့ သွားတာမှန်တယ်၊ ဗီဇာနဲ့သွားတာမှန်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အိန္ဒိယကို တစ်လဗီဇာနဲ့သွားပြီးတော့ အာဖဂန်တစ္စတန်ကို သွားဖို့အတွက် ဗီဇာထပ်ခံတယ်။ ပြီးတော့ အာဖဂန်တစ္စတန်မှာ ဗီဇာထပ်တိုးပြီး နေခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗမာပြည်ကထွက်တဲ့အခါမှာ ၁လဗီဇာနဲ့ ထွက်တာ ဖြစ်တယ်။ ပြီးတော့ ဘာကြောင့်မို့လို့ တစ်လဗီဇာကို ကျော်ပြီးတော့ ဟိုးဘက်မှာ အကြာကြီး ခြောက်လဲကာ နေခဲ့ရသလဲ၊ အဲဒါ လုပ်ထုံးလုပ်နည်းနဲ့မညီဘူး။ အဲဒီဟာ အကျိုးဆက်အနေနဲ့ နေပြီးတော့ အဲဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ထွက်တာဖြစ်တဲ့အတွက် ကျွန်တော်ဟာ ၆ လ သက်တမ်းမပြည့်ဘူး ဆိုတဲ့ဟာနဲ့ (ဆိုလိုသည်မှာ နိုင်ငံအတွင်း တစ်ဆက်တစပ်တည်း ဆယ်နှစ် နေထိုင်သူ မဟုတ်ဘူး ဆိုသော အချက်အားဖြင့်) ကျွန်တော့်ကို ပယ်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ ရွေးကောက်ခံနိုင်တဲ့ ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းတယ် ဆိုပြီး သတ်မှတ်ပြီးတော့ ကျွန်တော့်ကို ပယ်လိုက်ပါတယ်။ ဆိုတော့် ၇ ရက်အတွင်း ပြည်နယ်မှာ တဆင့် အယူခံနိုင်တယ် ဆိုတော့ ကျွန်တော် အယူခံပါတယ်။
အယူခံတဲ့အခါ ပြည်နယ်က ဆုံးဖြတ်တာက ဒီလိုမျိုး ပတ်(စ်)ပို့နဲ့ သွားခြင်းဟာ နိုင်ငံခြားကို တရားဝင်သွားတာဖြစ်တယ်။ ကျွန်တော်က အခွန်ဆောင်ထားပါတယ်။ အဲဒီလိုအခွန်ဆောင်ထားတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်တယ်။ အဲဒါကြောင့် ပြည်နယ်က ပြောတာက တစ်အချက် ပတ်(စ်)ပို့နဲ့ တရားဝင်သွားတာဖြစ်တယ်၊ နှစ်အချက် လုပ်ထုံးလုပ်နည်း နည်းဥပဒေမှာဆိုရင် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ (၂၇) ရှင်းလင်းချက် (၂) မှာဆိုရင် တိုင်ကြားမယ်ဆိုရင် ကန့်ကွက်သူ ဘက်မှ ခိုင်လုံတဲ့သက်သေ (သို့မဟုတ်) အထောက်အထား၊ သက်ဆိုင်ရာဌာန (သို့မဟုတ်) အဖွဲ့အစည်း၏ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသည့် ဆုံးဖြတ်ချက် (သို့မဟုတ်) မှတ်တမ်းမိတ္တူ အမှန်တစ်ခုခုကို တင်ပြရမယ်။ ထိုသို့ တင်ပြခြင်းမရှိပါက ထိုကန့်ကွက်ချက်ကို အရေးမယူရ ဟု ဖော်ပြ ထားပါတယ်။ ဆိုတော့ ပြည်နယ်ကသုံးသပ်တာက ကန့်ကွက်သူဦးအောင်မြကျော်အနေဖြင့် ခိုင်လုံ သော သက်သေအထောက်အထားတစ်ခုခုကို တစ်စုံတရာတင်ပြခြင်းမတွေ့ရ ဆိုပြီး သုံးသပ်ပါတယ်။ ဒါကြောင့်မို့ (ခရိုင်ကော်မရှင်ရဲ့)ဆုံးဖြတ်ချက်ကို ပြန်ပြီးတော့ ပယ်ချလိုက်ပါတယ်။ ပြီးတော့ အရွေးခံ ခွင့်ပြုလိုက်ပါတယ်။
မေး။ အခု တသီးပုဂ္ဂလဆိုတော့ ရခိုင်အမျိုးသားပါတီနဲ့ လက်ရှိဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။
ဖြေ။ ကျွန်တော် တသီးပုဂ္ဂလ အရွေးခံမယ်လို့ ဆိုကတည်းက ပါတီရုံးကို မရောက်တော့ဘူး။ ကျွန်တော် နိုင်ပြီးသည်ဖြစ်စေ၊ ရှုံးပြီးသည်ဖြစ်စေ၊ ရွေးကောက်ပွဲပြီးတဲ့အခါကျမှ ပါတီနဲ့ ထိတွေ့ ဆက်ဆံမှု ပြန်လုပ် မှာက တစ်ပိုင်းပေါ့။ အခုလောလာဆယ်မှာတော့ ကျွန်တော့်လူနဲ့ သီးခြား ကျွန်တော့် အောင်နိုင်ရေးအုပ်စုကလေးနဲ့ အလုပ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ တကယ်လို့ အဲဒီအုပ်စု ထဲမှာ ပါတီဝင်တွေပါမယ်ဆိုရင်လည်းပဲ သူတို့ကို ကျွန်တော်က ပါတီကနေ နှုတ်ထွက်ခိုင်းပါမယ်။ နောက်မှပဲ ပြန်ဝင်ရင်လည်း ဝင်ကြပေါ့။ ဒီလိုမျိုး ကင်းကင်းရှင်းရှင်း လုပ်သွားမှာပါ။
မေး။ မဲဆွယ်စည်းရုံးရေးအနေနဲ့ ဘာတွေ ဘာတွေ ပြင်ဆင်ထားသလဲ။ ဘယ်နေ့မှာ စတင်ပြီးတော့ မဲဆွယ်မှာလဲ။
ဖြေ။ ကျွန်တော် အခုလောလောဆယ်တော့ အေးအေးပဲ ရှိနေသေးတယ်။ အေးအေးပဲဆိုရင် ရွေးကောက်ပွဲ မစခင် တစ်လကိုပဲ ဖိဖိစီးစီးနဲ့ လုပ်ဖို့ ရည်မှန်းထားပါတယ်။
မေး။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါ မြို့ပေါ်အပြင် နယ်တွေကိုလည်း ဆင်းမှာလား။
ဖြေ။ ဆင်းပါ့မယ်။
မေး။ ဘာတွေကို အဓိကထားပြီးတော့ စည်းရုံးရေးလုပ်မှာလဲ။
ဖြေ။ အဓိကတော့ ရခိုင်အမျိုးသားပါတီထဲကို ကိုယ်စားပြုပြီးတော့ သွားတယ်ဆိုရင် ရခိုင်အမျိုးသား ပါတီရဲ့ မူဝါဒ၊ ရည်မှန်းချက် သုံးရပ်ကို ကိုင်တွယ်ပြီးတော့ သွားရမယ်။ အခုလောလောဆယ် တသီးပုဂ္ဂလလည်းဖြစ်တယ် ဆိုတော့ ကိုယ့်မှာ ကိုယ်အားသန်တဲ့ မူဝါဒကို ကိုင်ပြီးသွားရမှာပါ။
မေး။ ဆောင်ပုဒ်အနေနဲ့ ဘာတွေကို ရွေးချယ်ထားလဲ။
ဖြေ။ Logo တစ်ခုလိုတော့ တသီးပုဂ္ဂလ Logo အနေနဲ့ လုပ်တဲ့အခါ အဖြူ-အနီ နောက်ခံမှာ အပြာရောင် အနားကွပ်နဲ့ပေါ့။ အဲဒီအရောင် ၃ ရောင် ဟာဆိုရင် ရခိုင်တို့ရဲ့ အရောင်ပေါ့လေ။ အဲဒီမှာ သင်္ကေတ ၃ ခု ပါတယ်။ တစ်ခုက ရခိုင်တို့ရဲ့ အမျိုးသား အထိမ်းအမှတ်ဖြစ်တဲ့ သီရိဝစ္စ၊ နောက် တစ်ခုက လက်သီးဆုပ်အမှတ်အသား solidarity ကို ကိုယ်စားပြုတဲ့ လက်သီးဆုပ် အမှတ်အသား၊ နောက်တစ်ခုက တိုးတက်ရေးဆိုတဲ့ စကားလုံးပေါ့။ ဒါတွေက ကျွန်တော်သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းကို ထင်ဟပ်တဲ့ အရာတွေ ဖြစ်တယ်။ ဥပမာ ဆိုရင် တစ်အချက် ကျွန်တော် ဘာအတွက် လုပ်မှာလဲ၊ ရခိုင်အမျိုးသားရေး၊ သီရိ၀ိစ္စဟာ ရခိုင်အမျိုးသားရေးကို ကိုယ်စားပြုတယ်။ ပြီးတော့ လက်သီးဆုပ်ကတော့ တစ်ကမ္ဘာလုံးမှာ လက်သီးဆုပ်သဏ္ဍာန်ဆိုတာ solidarity သွေးစည်းညီညွတ်မှု ကို ကိုယ်စားပြုပါတယ်။ သွေးစည်း ညီညွတ်ရေးကို ရခိုင်လူမျိုးအတွက် တည်ဆောက်သွားပါမယ်။ တတိယတစ်ချက်က ကျွန်တော်တို့ တိုးတက်ရေးနဲ့သွားပါမယ်။ တိုးတက်ရေးဆိုတာ ရည်မှန်းတဲ့ လမ်းကို ဖြည်းဖြည်းချင်း သွားနိုင်ဖို့အတွက်၊ တော်လှန်ရေးဆိုတာကို မလုပ်ဘဲနဲ့ အင်အားပြည့်အောင် ကိုယ့်ဟာကိုယ် Capacity လူမျိုးတစ်မျိုးကို အင်အားပြည့်စေတဲ့ တိုးတက်ရေး၊ ဒီသုံးခု၊ ရခိုင် အမျိုးသားရေး၊ သွေးစည်းညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မူသုံးခုနဲ့ ကျွန်တော် အလုပ် ဆက်လုပ်သွားမယ်။ အရင်တုန်းကဆိုရင်လည်း အလုပ်လုပ်ခဲ့ပါတယ်လို့ ပြည်သူလူထုကို ရှင်းလင်း တင်ပြသွားမယ်။
မေး – ဆိုရင် တစ်သီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုုပြုလုပ်တဲ့အခါ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။
ဖြေ – တစ်သီးပုဂ္ဂလအနေနဲ့ . . . ၊ ကျွန်တော်က အရင် ၄-၅ နှစ် ဆက်တိုက်က ပါတီကို ဆက်တိုက် တည်ဆောက်လာခဲ့တဲ့သူဖြစ်ပါတယ်။ ဆိုရင် ပါတီအနေနဲ့ မဝင်ရဘဲ တစ်သီးပုဂ္ဂလဝင်ရတယ်ဆိုတော့ ကျွန်တော့်ရဲ့၊ ကျွန်တော့်ကို အားပေးချင်တဲ့သူ ကျွန်တော့်ကိုရံပေးချင်တဲ့သူအားလုံးဟာ ပါတီထဲမှာဘဲ ရှိနေတယ်။ ကျွန်တော့်ကို ချစ်တဲ့သူတွေ၊ ရဲဘော်ရဲဘက်တွေအားလုံး ပါတီထဲမှာပဲ ရှိနေပါတယ်။ ဆိုတော့ သူတို့ကိုလည်း ပါတီက မထွက်စေချင်ဘူး။ မထွက်ကြပါနဲ့။ ကျန်ခဲ့ကြပါ ဆိုပြီးတော့ ကျွန်တော်က ပြောခဲ့ရတယ်။ နေက်ပြီးတော့ ကျွန်တော့်ရဲ့ အောင်နိုင်ရေးအဖွဲ့ကို ပါတီဝင် မဟုတ်တဲ့ သူတွေနဲ့ ဖွဲ့ဖို့ကြိုးစားရပါတယ်။ အခက်အခဲတွေ ရှိတာပေါ့လေ။ ပြီးတော့ နောက်တစ်ချက်အနေနဲ့ ပါတီဝင်(အနေနဲ့ ဆို)ရင်တော့ ငွေကြေး အဲ့ဒီလောက်ကုန်ကျမှာမဟုတ်ဘူး။ တစ်သီးပုဂ္ဂလဆိုတော့ အရင်တုန်းကထက် ထပ်ပြီးတော့ ရှာရမယ်၊ ထပ်ပြီးတော့ သုံးရမယ့်သဘော ရှိ တယ်။ ကျွန်တော့်ကို အားပေးတဲ့သူတွေက ပိုပြီး အားစိုက် ရမယ့် သဘောရှိတယ်။
မေး – လက်ရှိရခိုင့်နိုင်ငံရေးဖြစ်တည်မှုအပေါ်မှာ ဘယ်လိုမြင်လဲ၊ အားရစရာတွေ တွေ့ရဲ့လား။
ဖြေ – အားရစရာတွေ့လား ဆိုတော့ . . . ၊ ကျွန်တော်တို့ ဒီရခိုင့်နိုင်ငံရေးမှာဆိုရင် အဓိကအနေနဲ့ ရခိုင်အမျိုးသားပါတီက ဦးဆောင်နေပါတယ်။ (ဒီလို)ဦးဆောင်နေမှု အခန်းကဏ္ဍကိုဆိုရင်လည်း ပြည်သူလူထု စိတ်ပျက်တာလည်းရှိမယ်၊ စိတ်ပျက်တဲ့ကာလလည်းရှိမယ်။ ဒါပေမဲ့လည်း အရေးကြီး ပြီဆိုရင် ရွေးကောက်ပွဲနီးလာတဲ့အခါ ဒီပါတီကိုဝိုင်းရံရမယ် ဆိုပြီးတော့ ၀ိုင်းရံကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ကျွန်တော်တို့ကိုယ်တိုင် မပြောချင်တာတွေ ရှိတယ်။ ပြောလိုက်ရင် ကိုယ်နာမှာ တော့ မဟုတ်ဘူး။ အများနစ်နာမယ်။ ကိုယ်ကနစ်နာနေတယ်။ ထုတ်မပြောချင်တဲ့အတွက် ထုတ်မပြောတာပါ။ တခါကဆိုရင်လည်း ဒေါက်တာအေးမောင် Messenger နဲ့အင်တာဗျူးတဲ့အခါ ထင်တယ်၊ လွန်ခဲ့တဲ့ သုံးလေးလက ရွေးကောက်ပွဲမတိုင်မီ ရခိုင်ပါတီ ပြိုကွဲမယ် ဆိုပြီးတော့ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အတွင်းမှာလုပ်နေတဲ့သူတွေက သိတယ်။ အင်မတန်မှ ခံစားရခက်ခဲတဲ့ ဖုံးကွယ်ထားရတဲ့ ကဏ္ဍရှိတယ်။ ရခိုင့်နိုင်ငံရေးနယ်ပယ်ထဲမှာဆိုရင် အုပ်စုဖွဲ့အားပြိုင်မှုတွေရှိတယ်။ အနိုင်ကျင့်မှုတွေရှိတယ်။ တရားမျှတစွာ လုပ်တဲ့သူတွေကို မတရားလုပ်တဲ့သူတွေက ၀ိုင်းဝန်း အနိုင်ကျင့်မှုတွေ ရှိနေတယ်။ နေရာ ဘယ်နေရာမှာလို့တော့ မဆိုလိုတော့ဘူး။ ရှိနေလေတော့ ဘာပဲပြောပြော အဲ့ဒါတွေကို အမှန်တရားတစ်ခုခု ရောက်အောင် ကျွန်တော်တို့တွန်းပို့ပြီးတော့ ပုံဖော်သွားရပါမယ်။ စိတ်ရှည်ရမယ်ဆိုတဲ့ သဘောရှိတယ်။
မေး – ရခိုုင်လူ့အဖွဲ့အစည်းတွေရဲ့ ဖြစ်တည်နေမှုအပိုင်းတွေကိုလည်း ပြောပြပေးပါဦး။ ရခိုင် လူ့အဖွဲ့အစည်းရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကိုပါ။
ဖြေ – ရခိုင်လူ့အဖွဲ့အစည်းဟာဆိုရင် အင်မတန်မှ အင်အားချိနဲ့နေပါတယ်။ မျိုးချစ်စိတ်ဓါတ် ရှိရုံက လွဲလို့ပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့ တိုးတက်ရေး၊ တိုးတက်ရေးလို့ ပြောနေကြတယ်။ RNDP ထူထောင်တုန်းကဆိုရင်လည်း တိုးတက်ရေးဆိုတဲ့ မူဝါဒကိုကိုင်ပြီးတော့ပြောကြတယ်။ အခုဆိုရင် လည်း ကျွန်တော်ဟာ တိုးတက်ရေးကိုပဲ ကိုင်စွဲထားတယ်။ ဒေါက်တာအေးမောင်တို့ ဆိုရင်လည်း ပြည်နယ်ကို အာရုံစိုက်မယ်။ ပညာ၊ ကျန်းမာ နဲ့ infrastructure ကို လုပ်ကြမယ် ဆိုပြီးတော့၊ အခြား ရည်မှန်းချက် အကြီးကြီးကို မသွားဘဲနဲ့ ပေါ့လေ။ ပညာရေး၊ ကျန်းမာရေးနဲ့ အခြား infrastructure ကိုသာလုပ်ကြမယ်၊ ရခိုင်တိုးတက်ရေးအတွက်ပေါ့လေ၊ လုပ်ကြမယ်လို့ နိုင်ငံရေးသမားတချို့က အဲဒီလို ရည်မှန်းကြတယ်။ ကျွန်တော် အပါအဝင်လည်း အဲဒီလိုပဲ ရည်မှန်းပါတယ်။ ဘာကြောင့် ဒီလို ရည်မှန်းရတာလဲဆိုတော့ အခြားဟာတွေမလုပ်မီ ဒီလူမျိုးဟာ အင်အားစည်ပင်ရမယ်။ အင်အား စည်ပင်ပြီးမှ တခြားဟာတွေကို တက်လှမ်းနိုင်ကြမယ်။ ရခိုင်လူထုအခြေအနေက အဲဒီလိုမျိုး ရောက် နေတယ်။ တခြားရည်မှန်းချက် သိပ်ကြီးကြီးမားမားသွားနိုင်မယ့် အားမရှိသေးဘူး။ ဒါကြောင့် infrastrure ပိုင်းကို တည်ဆောက်နိုင်ရင် ကျွန်တော်တို့ ဆယ်နှစ်၊ အနှစ် ၂၀ သာ တကယ်လုပ်နိုင်ရင် နောက်တစ်ဆင့်ကို တက်လှမ်း နိုင်မယ်လို့ ထင်ပါတယ်။
မေး – တကယ်တမ်း ရွေးချယ်တင်မြှောက်ခံခဲ့ရရင် ပြည်သူအတွက် ရခိုင်ပြည်နယ်အတွက် ဘာတွေကို အဓိကဦးစားပေးအနေနဲ့ လုပ်သွားမှာလဲ။
ဖြေ – အဓိကအနေနဲ့ကတော့ အရင် intrastructure ပိုင်း နဲ့ ပညာ၊ ကျန်းမာ နဲ့ infrastructure ကို အဓိကတည်ဆောက်နိုင်ဖို့၊ တိုးတက်တည်ဆောက်နိုင်ဖို့ ဟာတွေကို ကြိုးစားမယ်။ နောက်တစ်ခုက လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့၊ ပြောနေရတဲ့၊ သိသာတဲ့၊ မသိသာတဲ့ တရားမမျှတမှုတွေကို တိုက်ပွဲဝင်ဖို့ ရပ်တည်သွားပါ့မယ်။ အဲဒီလို ရေတိုအလုပ်တွေကို လုပ်နေတာနဲ့ တပြိုင်နက်တည်းမှာပဲ ရေရှည်အလုပ်တွေအတွက်လည်းပဲ လမ်းကြောင်းတွေ လုပ်နိုင်တာတွေကို ကြိုပြီးတော့ ဆက်လုပ် သွားပါမယ်။
မေး – နောက်ဆုံးအနေနဲ့ ရခိုင်လူထုကို ဘာတွေ ပြောကြားချင်ပါသလဲ။
ဖြေ – ညီညွတ်တယ်၊ ညီညွတ်ရေး ညီညွတ်ရေးလို့ ပြောကြတယ်ဆိုရင် . . . ၊ သွေးစည်းညီညွတ်ရေး ဆိုတဲ့နေရာမှာ ဖောက်ပြန်ရေးသမားတွေ၊ ရခိုင်အမျိုးသားရေး နာမည်ခံဖောက်ပြန်ရေးသမားတွေ ညီညွတ်ရင် ကိုယ့်အတွက် ဘာမှအကျိုးမရှိပါဘူး။ စားဖားတွေညီညွတ်လို့ ဘာမှအကျိုးမရှိဘူး။ အဲဒါကြောင့် တကယ့်ရခိုင်ပြည်အတွက် အနစ်နာခံလို့လုပ်ကြမယ့်သူတွေ ညီညွတ်မှပဲ ရခိုင်ပြည် အကျိုးကို ဖော်ဆောင်နိုင်မယ်။ အဲဒါက ဒီခေတ်ဒီကာလမှာ သတိထားရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
နိရဥ္ဇရာ – ဟုတ်ကဲ့။ ကျေးဇူးပါပဲ။