AA အား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ဖိတ်ခေါ်သင့်ကြောင်း ၂၀၁၆-ခုနှစ်က ဦးဝေစိန်အောင်၏ အမျိုးသားလွှတ်တော် အဆို

AA အား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ဖိတ်ခေါ်သင့်ကြောင်း ၂၀၁၆-ခုနှစ်က ဦးဝေစိန်အောင်၏ အမျိုးသားလွှတ်တော် အဆို

[ Zawgyi Version First ] [ Unicode version below ]

[ Now read in Zawgyi version here ]

(၂၀၁၆-ခုႏွစ္၊ ေမလ ၃ ရက္)

ဦးေ၀စိန္ေအာင္၊ ရခိုင္ျပည္နယ္မဲဆႏၵနယ္အမွတ္ (၁) ၏ “ျမန္မာ့တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕ (ရကိၡဳင့္တပ္မေတာ္) တို႔အၾကား ရခိုင္ျပည္နယ္အတြင္း ယခုတေလာ တစ္ေက်ာ့ျပန္ျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားကို ခ်က္ခ်င္းရပ္စဲၿပီး AA လက္နက္ကိုင္အဖြဲ႕ (ရကိၡဳင့္တပ္မေတာ္) ကို ႏိုင္ငံေရးအရေဆြးေႏြးပြဲသို႔ ဖိတ္ေခၚသင့္ေၾကာင္း ျပည္ေထာင္စုအစိုးရအား တုိက္တြန္းေၾကာင္း အေရးႀကီးအဆို”

ေကာက္ႏႈတ္ခ်က္ (တစ္)
“အဓိကအခ်က္ကေတာ့ ျမန္မာ့လြတ္လပ္ေရးကို နယ္ခ်ဲ႕တို႔ထံမွ တိုင္းရင္းသားေတြ စုေပါင္းတိုက္ခိုက္ယူလာခဲ့တုန္းက ေပးခဲ့တဲ့ကတိက၀တ္မ်ားကို အုပ္ခ်ဳပ္သူအစိုးရ အဆက္ဆက္က အေကာင္အထည္မေဖာ္ခဲ့လုိ႔ပဲ ျဖစ္ပါတယ္။ အဲဒီကတိက၀တ္ေတြကေတာ့ ျပည္ေထာင္စုျမန္မာ ႏိုင္ငံကိုဖြဲ႕စည္းတည္ေထာင္ရာမွာခ်ဳပ္ဆိုခဲ့တဲ့ ပင္လံုစာခ်ဳပ္ကတိက၀တ္မ်ားကို အေကာင္အထည္မေဖာ္လို႔ျဖစ္ပါတယ္။ မေဖာ္ေသးလို႔လည္း ျဖစ္ပါတယ္။ အဲဒီစာခ်ဳပ္မ်ားပါ ကတိက၀တ္ေတြကို တိုင္းရင္းသားေတြရဲ႕ ရပိုင္ခြင့္ေတြကို မရလို႔ျဖစ္ပါတယ္။”

ေကာက္ႏႈတ္ခ်က္ (ႏွစ္)
“လက္နက္ကိုင္တုိက္ပြဲခ်င္း ေခ်မႈန္းႏိုင္႐ံုနဲ႕ ဒီပဋိပကၡဟာ ထာ၀စဥ္ရပ္စဲသြားမွာ မဟုတ္ဘူးဆိုတာ ျမန္မာ့သမိုင္းက သက္ေသျပထားၿပီးျဖစ္ပါတယ္။ လူမ်ိဳးတိုင္း လူမ်ိဳးတိုင္းမွာ မ်ိဳးဆက္ဆိုတာရွိပါတယ္။ မ်ိဳးခ်စ္စိတ္ဆိုတာလည္း ရွိတာပါပဲျဖစ္ပါတယ္။ ဒီပကတိ တရားေတြေၾကာင့္ AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)ကို ႏိုင္ငံေရးအရ စာခ်ဳပ္လက္မွတ္ေရးထိုးေဆြးေႏြးပြဲသို႔ ဖိတ္ေခၚဖို႔ လိုအပ္ပါတယ္။”

==========
(စတင္ခ်ိန္ – ၁၀း၃၂)

ေလးစားအပ္ပါတဲ့ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ႀကီးႏွင့္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား . . . ။ ကြၽန္ေတာ္ကေတာ့ ရခိုင္ျပည္နယ္မဲဆႏၵနယ္အမွတ္ (၁)မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀စိန္ေအာင္ ျဖစ္ပါတယ္။ အခု ကြၽန္ေတာ္အေရးႀကီးအဆိုတစ္ရပ္ကို တင္သြင္းသြားဖို႔ျဖစ္ပါ တယ္။
ကြၽန္ေတာ္ တင္သြင္းမယ့္ အေရးႀကီးအဆိုကေတာ့ ျမန္မာ့တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္) တို႔အၾကား ရခိုင္ျပည္နယ္အတြင္း အခုတေလာ တစ္ေက်ာ့ျပန္ျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားကိုခ်က္ခ်င္းရပ္စဲၿပီး AA လက္နက္ကိုင္ အဖြဲ႕ကို ႏိုင္ငံေရးအရေဆြးေႏြးပြဲသို႔ဖိတ္ေခၚသင့္ေၾကာင္း ျပည္ေထာင္စုအစိုးရအား တုိက္တြန္းေၾကာင္း အေရးႀကီးအဆို ျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ႀကီးႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား . . . ၊ ၂၀၁၆ ခုႏွစ္၊ ဧၿပီလ ၁၆ ရက္ေန႔ကစလို႔ တစ္ေက်ာ့ျပန္္ျဖစ္ေပၚလာတဲ့ ျမန္မာ့တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)တို႔အၾကား တိုက္ပြဲေတြေၾကာင့္ ရခုိင္ျပည္နယ္အတြင္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ေတြနဲ႕ ေက်းရြာအခ်ိဳ႕မွ ရြာသူရြားသားအခ်ိဳ႕ Porter ဆြဲခံရ၊ တခ်ိဳ႕ေသဆံုးရ၊ သက္ႀကီးရြယ္အိုမ်ား၊ ကေလးသူငယ္မ်ား၊ အမ်ိဳးသမီးမ်ားအပါအ၀င္ ရာေထာင္ခ်ီေသာ အျပစ္မဲ့ျပည္သူမ်ား စစ္ေျပးေရွာင္ဒုကၡသည္မ်ားအျဖစ္ တိမ္းေရွာင္ထြက္ေျပးေနၾကရတာ ၾကားသိေတြ႕ျမင္ေနရပါတယ္။

ျမန္မာ့တပ္မေတာ္မွ ယာယီတပ္ရင္းမွဴးတစ္ဦးအပါအ၀င္ အရာရွိစစ္သည္မ်ား တုိက္ပြဲအတြင္း အသက္ဆံုး႐ံႈးရေၾကာင္းလည္း အစိုးရထုတ္သတင္းစာမ်ားထဲတြင္ ေဖာ္ျပပါရွိ၍ သိရွိရပါတယ္။ တိုက္ပြဲတစ္ခုျဖစ္ပြားတယ္ဆိုရင္ ႏွစ္ဖက္စလံုးဆံုး႐ံႈးရသည္သာမက ျပည္သူမ်ားမွာလည္း ေျမစာပင္ဘ၀ေရာက္ခဲ့ၾကရပါတယ္။ တိုက္ပြဲမ်ားသည္ ယေန႔အထိ ျဖစ္ပြားေနဆဲလည္းျဖစ္ပါတယ္။ စစ္ပြဲေဒသမ်ားအတြင္း အျပစ္မဲ့ျပည္သူမ်ား ေနအိမ္မ်ားကို စြန္႔ခြာ ထြက္ေျပးခဲ့ရ၊ လယ္ယာေျမမ်ားကိုစြန္႔ပစ္ထြက္ေျပးခဲ့ရ၊ စားရမဲ့ေသာက္ရမဲ့ဘ၀ျဖင့္ လူသားမ်ားခံႏိုင္ရည္မစြမ္း ႏိုင္ေသာ ဧၿပီလ ေမလ တို႔ရဲ႕ ထူးကဲလြန္အပူ ေနပူက်ဲက်ဲေအာက္တြင္ ဒုကၡသည္စခန္းမ်ားရွိရာသို႔ ထြက္ေျပးလာရသည္မွာ မျဖစ္သင့္ မျဖစ္ထိုက္ေသာ လူသားအေျခအေနမ်ားျဖစ္ပါတယ္။ အဲဒီအေျခအေနမ်ားကို ကုသဖုိ႔ ခ်က္ခ်င္းဆုိ ခ်က္ခ်င္း တိုက္ပြဲမ်ားရပ္စဲဖို႔လိုအပ္ပါတယ္။

ေလးစားအပ္ပါေသာ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ႀကီးခင္ဗ်ား . . . ။ ျမန္မာျပည္ လြတ္လပ္ေရးနဲ႔အတူ ေပါက္ပြားလာေသာ ျပည္တြင္းစစ္ေၾကာင့္ ႏွစ္ေပါင္း (၇၀)နီးပါး ျမန္မာျပည္တစ္၀န္း၊ ျမန္မာျပည္သူျပည္သားမ်ား စစ္ေဘး ဒုကၡပင္လယ္ေ၀ခဲ့ရပါတယ္။ ဖဆပလေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္၊ န၀တ၊ နအဖေခတ္အဆက္ဆက္မွာလည္း ဒီျပည္တြင္းစစ္ရပ္စဲေရးအတြက္ အစိုးရက ေဆြးေႏြးပြဲေတြလုပ္ေပးခဲ့ပါတယ္္။ ဒါေပမဲ့ လက္နက္ကိုင္ပဋိပကၡေတြကို ေျဖရွင္းမေပးႏိုင္ခဲ့ပါဘူး။ တိုင္းရင္းသားလက္နက္ကိုင္တပ္မ်ား တစ္ေခတ္ၿပီး တစ္ေခတ္တိုးပြားလာတာကိုသာ ေတြ႕ျမင္ေနရပါတယ္။ အဓိကအခ်က္ကေတာ့ ျမန္မာ့လြတ္လပ္ေရးကို နယ္ခ်ဲ႕တို႔ထံမွ တိုင္းရင္းသားေတြ စုေပါင္းတိုက္ခိုက္ယူလာခဲ့တုန္းက ေပးခဲ့တဲ့ကတိက၀တ္မ်ားကို အုပ္ခ်ဳပ္သူအစိုးရ အဆက္ဆက္က အေကာင္အထည္မေဖာ္ခဲ့လုိ႔ပဲျဖစ္ပါတယ္။ အဲဒီကတိက၀တ္ေတြကေတာ့ ျပည္ေထာင္စုျမန္မာ ႏိုင္ငံကိုဖြဲ႕စည္းတည္ေထာင္ရာမွာခ်ဳပ္ဆိုခဲ့တဲ့ ပင္လံုစာခ်ဳပ္ကတိက၀တ္မ်ားကို အေကာင္အထည္မေဖာ္လို႔ျဖစ္ပါ တယ္။ မေဖာ္ေသးလို႔လည္း ျဖစ္ပါတယ္။ အဲဒီစာခ်ဳပ္မ်ားပါ ကတိက၀တ္ေတြကို တိုင္းရင္းသားေတြရဲ႕ ရပိုင္ခြင့္ေတြကို မရလို႔ျဖစ္ပါတယ္။ AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)ကလည္း တိုင္းရင္းသားလူမ်ိဳးမ်ား တန္းတူေရး၊ ရခိုင္တို႔ကံၾကမၼာကို မိမိတို႔ကိုယ္တိုင္ဖန္တီးေရး၊ ကိုယ္ပိုင္ျပ႒ာန္းေရးဆိုတဲ့ လူမ်ိဳးတစ္မ်ိဳးရဲ႕ ရပိုင္ခြင့္ေတြကို ေတာင္းဆိုတုိက္ပြဲ၀င္ေန တယ္လို႔ ေၾကညာထားတာေတြ႕ရပါတယ္။ ဒါေၾကာင့္ အခုျဖစ္ပြားေနတဲ့တိုက္ပြဲဟာ ႏိုင္ငံေရး အခြင့္အေရးရရွိေရးတိုက္ပြဲလို႔ ျမင္ပါတယ္။ ႏိုင္ငံေရးအရ ေဆြးေႏြးမႈရွိမွသာ ေျပလည္ႏုိင္မယ္လို႔ျမင္ပါတယ္။ ႏိုင္ငံေရးေျဖရွင္းမွ ထာ၀စဥ္ ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ေပၚလာမည္လို႔ ျမင္ပါတယ္။ လက္နက္ကိုင္တုိက္ပြဲခ်င္း ေခ်မႈန္းႏိုင္႐ံုနဲ႕ ဒီပဋိပကၡဟာ ထာ၀စဥ္ရပ္စဲသြားမွာ မဟုတ္ဘူးဆိုတာ ျမန္မာ့သမိုင္းက သက္ေသျပထားၿပီးျဖစ္ပါတယ္။

လူမ်ိဳးတိုင္း လူမ်ိဳးတိုင္းမွာ မ်ိဳးဆက္ဆိုတာရွိပါတယ္။ မ်ိဳးခ်စ္စိတ္ဆိုတာလည္း ရွိတာပါပဲျဖစ္ပါတယ္။ ဒီပကတိ တရားေတြေၾကာင့္ AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)ကို ႏိုင္ငံေရးအရ စာခ်ဳပ္လက္မွတ္ေရးထိုးေဆြးေႏြးပြဲသို႔ဖိတ္ေခၚဖို႔ လိုအပ္ပါတယ္။ ၂၁ ရာစု ပင္လံုညီလာခံတြင္ တိုင္းရင္းသားအခြင့္အေရးေျဖရွင္းႏိုင္ေအာင္အထိ AA လက္နက္ကိုင္ အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)ကို ေခၚယူေဆြးေႏြးရမွာျဖစ္ပါတယ္။ အဲဒါမွ အမ်ိဳးသားရင္ၾကားေစ့ေရးကို ျဖစ္ႏိုင္မွာျဖစ္ၿပီး ေရရွည္ၿငိမ္းခ်မ္း ေရး၊ ထာ၀စဥ္ၿငိမ္္းခ်မ္းေရးကိုလည္းရရွိလာမည္ ျဖစ္ပါတယ္။

ေလးစားအပ္ပါေသာ ဥကၠ႒ႀကီးခင္ဗ်ား။ ဒါေၾကာင့္ ျမန္မာ့တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)တို႔ ယခုတေလာ တစ္ေက်ာ့ျပန္ျဖစ္ပြားေနတဲ့ တုိက္ပြဲမ်ားကို ခ်က္ခ်င္းဆို ခ်က္ခ်င္းရပ္စဲၿပီး AA လက္နက္ကိုင္အဖြဲ႕(ရကိၡဳင့္တပ္မေတာ္)ကို ႏိုင္ငံေရးအရ ေဆြးေႏြးပြဲသို႔ဖိတ္ေခၚေဆြးေႏြးရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုအစိုးရအား တိုက္တြန္းေၾကာင္း အေရးႀကီးအဆိုတစ္ရပ္ကို တင္သြင္းအပ္ပါတယ္ခင္ဗ်ား။ အားလံုးေက်းဇူးတင္ပါတယ္။ (ၾသဘာသံမ်ား)

ဦးေ၀စိန္ေအာင္၊ ရခိုင္ျပည္နယ္မဲဆႏၵနယ္အမွတ္ (၁)၊ အမ်ိဳးသားလႊတ္ေတာ္။
၂၀၁၆-ခုႏွစ္ ေမလ ၃ ရက္ေန႔

(ၿပီးဆံုးခ်ိန္ – ၁၀း၄၀)

==========

သတင္းေကာက္ႏႈတ္ခ်က္ [from RFA Burmese (2016-05-02)]
“အဲ့ဒီအဆုိမွာ AA တပ္မေတာ္လို႔ သံုးႏႈန္းထားတာကို တပ္မေတာ္သား ကိုယ္စားလွယ္ ႏွစ္ဦးက ကန္႔ကြက္ရာ အမ်ဳိးသားလႊတ္ေတာ္ ဥကၠဌ ဦးမန္း၀င္းခိုင္သန္းက AA လက္နက္ကိုင္အဖဲြ႔လို႔သာ သံုးႏႈန္းဖို႔ ေျပာၾကားခဲ့ပါတယ္။
“ဦးေဝစိန္ေအာင္ တင္တဲ့ အေရးႀကီးအဆိုကေတာ့ AA တပ္မေတာ္ကို ႏိုင္ငံေရးအရ ေဆြးေႏြးပြဲသို႔ ဖိတ္ေခၚသင့္ေၾကာင္း အဆိုျဖစ္ပါတယ္၊ ခုနက တပ္မေတာ္သား ကိုယ္စားလွယ္ေျပာသလို AA တပ္မေတာ္ဆိုတာ မရွိဘူးဆိုတဲ့အတြက္ေၾကာင့္မို႔ က်ေနာ္ႏုတ္ေပးပါမယ္၊ AA လက္နက္ကိုင္အဖြဲ႕လို႔ က်ေနာ္သတ္မွတ္ေပးပါမယ္” –

RFA Burmese (2016-05-02)
==========

[ Now read in Unicode version here ]

(၂၀၁၆-ခုနှစ်၊ မေလ ၃ ရက်)

ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) ၏ “မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ (ရက္ခိုင့်တပ်မတော်) တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတလော တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့ (ရက္ခိုင့်တပ်မတော်) ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို”

ကောက်နှုတ်ချက် (တစ်)

“အဓိကအချက်ကတော့ မြန်မာ့လွတ်လပ်ရေးကို နယ်ချဲ့တို့ထံမှ တိုင်းရင်းသားတွေ စုပေါင်းတိုက်ခိုက်ယူလာခဲ့တုန်းက ပေးခဲ့တဲ့ကတိကဝတ်များကို အုပ်ချုပ်သူအစိုးရ အဆက်ဆက်က အကောင်အထည်မဖော်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲဒီကတိကဝတ်တွေကတော့ ပြည်ထောင်စုမြန်မာ နိုင်ငံကိုဖွဲ့စည်းတည်ထောင်ရာမှာချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကတိကဝတ်များကို အကောင်အထည်မဖော်လို့ဖြစ်ပါတယ်။ မဖော်သေးလို့လည်း ဖြစ်ပါတယ်။ အဲဒီစာချုပ်များပါ ကတိကဝတ်တွေကို တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို မရလို့ဖြစ်ပါတယ်။”

ကောက်နှုတ်ချက် (နှစ်)

“လက်နက်ကိုင်တိုက်ပွဲချင်း ချေမှုန်းနိုင်ရုံနဲ့ ဒီပဋိပက္ခဟာ ထာဝစဉ်ရပ်စဲသွားမှာ မဟုတ်ဘူးဆိုတာ မြန်မာ့သမိုင်းက သက်သေပြထားပြီးဖြစ်ပါတယ်။ လူမျိုးတိုင်း လူမျိုးတိုင်းမှာ မျိုးဆက်ဆိုတာရှိပါတယ်။ မျိုးချစ်စိတ်ဆိုတာလည်း ရှိတာပါပဲဖြစ်ပါတယ်။ ဒီပကတိ တရားတွေကြောင့် AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်)ကို နိုင်ငံရေးအရ စာချုပ်လက်မှတ်ရေးထိုးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်။”

==========

(စတင်ချိန် – ၁ဝး၃၂)

လေးစားအပ်ပါတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား . . . ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင် ဖြစ်ပါတယ်။ အခု ကျွန်တော်အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းသွားဖို့ဖြစ်ပါ တယ်။

            ကျွန်တော် တင်သွင်းမယ့် အရေးကြီးအဆိုကတော့ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်) တို့အကြား ရခိုင်ပြည်နယ်အတွင်း အခုတလော တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲများကိုချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ဖြစ်ပါတယ်။

            အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား . . . ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ကစလို့ တစ်ကျော့ပြန််ဖြစ်ပေါ်လာတဲ့ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်)တို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေနဲ့ ကျေးရွာအချို့မှ ရွာသူရွားသားအချို့ Porter ဆွဲခံရ၊ တချို့သေဆုံးရ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် ရာထောင်ချီသော အပြစ်မဲ့ပြည်သူများ စစ်ပြေးရှောင်ဒုက္ခသည်များအဖြစ် တိမ်းရှောင်ထွက်ပြေးနေကြရတာ ကြားသိတွေ့မြင်နေရပါတယ်။

            မြန်မာ့တပ်မတော်မှ ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိစစ်သည်များ တိုက်ပွဲအတွင်း အသက်ဆုံးရှုံးရကြောင်းလည်း အစိုးရထုတ်သတင်းစာများထဲတွင် ဖော်ပြပါရှိ၍ သိရှိရပါတယ်။ တိုက်ပွဲတစ်ခုဖြစ်ပွားတယ်ဆိုရင် နှစ်ဖက်စလုံးဆုံးရှုံးရသည်သာမက ပြည်သူများမှာလည်း မြေစာပင်ဘဝရောက်ခဲ့ကြရပါတယ်။ တိုက်ပွဲများသည် ယနေ့အထိ ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ စစ်ပွဲဒေသများအတွင်း အပြစ်မဲ့ပြည်သူများ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရ၊ လယ်ယာမြေများကိုစွန့်ပစ်ထွက်ပြေးခဲ့ရ၊ စားရမဲ့သောက်ရမဲ့ဘဝဖြင့် လူသားများခံနိုင်ရည်မစွမ်း နိုင်သော ဧပြီလ မေလ တို့ရဲ့ ထူးကဲလွန်အပူ နေပူကျဲကျဲအောက်တွင် ဒုက္ခသည်စခန်းများရှိရာသို့ ထွက်ပြေးလာရသည်မှာ မဖြစ်သင့် မဖြစ်ထိုက်သော လူသားအခြေအနေများဖြစ်ပါတယ်။ အဲဒီအခြေအနေများကို ကုသဖို့ ချက်ချင်းဆို ချက်ချင်း တိုက်ပွဲများရပ်စဲဖို့လိုအပ်ပါတယ်။

            လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား . . . ။ မြန်မာပြည် လွတ်လပ်ရေးနဲ့အတူ ပေါက်ပွားလာသော ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်း (၇၀)နီးပါး မြန်မာပြည်တစ်ဝန်း၊ မြန်မာပြည်သူပြည်သားများ စစ်ဘေး ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖခေတ်အဆက်ဆက်မှာလည်း ဒီပြည်တွင်းစစ်ရပ်စဲရေးအတွက် အစိုးရက ဆွေးနွေးပွဲတွေလုပ်ပေးခဲ့ပါတယ််။ ဒါပေမဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တပ်များ တစ်ခေတ်ပြီး တစ်ခေတ်တိုးပွားလာတာကိုသာ တွေ့မြင်နေရပါတယ်။ အဓိကအချက်ကတော့ မြန်မာ့လွတ်လပ်ရေးကို နယ်ချဲ့တို့ထံမှ တိုင်းရင်းသားတွေ စုပေါင်းတိုက်ခိုက်ယူလာခဲ့တုန်းက ပေးခဲ့တဲ့ကတိကဝတ်များကို အုပ်ချုပ်သူအစိုးရ အဆက်ဆက်က အကောင်အထည်မဖော်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီကတိကဝတ်တွေကတော့ ပြည်ထောင်စုမြန်မာ နိုင်ငံကိုဖွဲ့စည်းတည်ထောင်ရာမှာချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကတိကဝတ်များကို အကောင်အထည်မဖော်လို့ဖြစ်ပါ တယ်။ မဖော်သေးလို့လည်း ဖြစ်ပါတယ်။ အဲဒီစာချုပ်များပါ ကတိကဝတ်တွေကို တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို မရလို့ဖြစ်ပါတယ်။ AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်)ကလည်း တိုင်းရင်းသားလူမျိုးများ တန်းတူရေး၊ ရခိုင်တို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းရေးဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုတိုက်ပွဲဝင်နေ တယ်လို့ ကြေညာထားတာတွေ့ရပါတယ်။ ဒါကြောင့် အခုဖြစ်ပွားနေတဲ့တိုက်ပွဲဟာ နိုင်ငံရေး အခွင့်အရေးရရှိရေးတိုက်ပွဲလို့ မြင်ပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုရှိမှသာ ပြေလည်နိုင်မယ်လို့မြင်ပါတယ်။ နိုင်ငံရေးဖြေရှင်းမှ ထာဝစဉ် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ပေါ်လာမည်လို့ မြင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲချင်း ချေမှုန်းနိုင်ရုံနဲ့ ဒီပဋိပက္ခဟာ ထာဝစဉ်ရပ်စဲသွားမှာ မဟုတ်ဘူးဆိုတာ မြန်မာ့သမိုင်းက သက်သေပြထားပြီးဖြစ်ပါတယ်။

            လူမျိုးတိုင်း လူမျိုးတိုင်းမှာ မျိုးဆက်ဆိုတာရှိပါတယ်။ မျိုးချစ်စိတ်ဆိုတာလည်း ရှိတာပါပဲဖြစ်ပါတယ်။ ဒီပကတိ တရားတွေကြောင့် AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်)ကို နိုင်ငံရေးအရ စာချုပ်လက်မှတ်ရေးထိုးဆွေးနွေးပွဲသို့ဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားအခွင့်အရေးဖြေရှင်းနိုင်အောင်အထိ AA လက်နက်ကိုင် အဖွဲ့(ရက္ခိုင့်တပ်မတော်)ကို ခေါ်ယူဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒါမှ အမျိုးသားရင်ကြားစေ့ရေးကို ဖြစ်နိုင်မှာဖြစ်ပြီး ရေရှည်ငြိမ်းချမ်း ရေး၊ ထာဝစဉ်ငြိမ််းချမ်းရေးကိုလည်းရရှိလာမည် ဖြစ်ပါတယ်။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်)တို့ ယခုတလော တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲများကို ချက်ချင်းဆို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့(ရက္ခိုင့်တပ်မတော်)ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ဖိတ်ခေါ်ဆွေးနွေးရန်လိုအပ်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁)၊ အမျိုးသားလွှတ်တော်။

၂၀၁၆-ခုနှစ် မေလ ၃ ရက်နေ့

(ပြီးဆုံးချိန် – ၁ဝး၄၀)

==========

သတင်းကောက်နှုတ်ချက် [from RFA Burmese (2016-05-02)]

“အဲ့ဒီအဆိုမှာ AA တပ်မတော်လို့ သုံးနှုန်းထားတာကို တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်ရာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက AA လက်နက်ကိုင်အဖွဲ့လို့သာ သုံးနှုန်းဖို့ ပြောကြားခဲ့ပါတယ်။

“ဦးဝေစိန်အောင် တင်တဲ့ အရေးကြီးအဆိုကတော့ AA တပ်မတော်ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း အဆိုဖြစ်ပါတယ်၊ ခုနက တပ်မတော်သား ကိုယ်စားလှယ်ပြောသလို AA တပ်မတော်ဆိုတာ မရှိဘူးဆိုတဲ့အတွက်ကြောင့်မို့ ကျနော်နုတ်ပေးပါမယ်၊ AA လက်နက်ကိုင်အဖွဲ့လို့ ကျနော်သတ်မှတ်ပေးပါမယ်” –

RFA Burmese (2016-05-02)

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s