စစ်ဘေးရှောင် ဒုက္ခသည်များအား မိုးမကျမီကပင် အကူအညီပေးနိုင်ရန် ရခိုင်အစိုးရက အမြန်ဆုံး အကူအညီပေးသင့်ကြောင်း အရေးကြီးအဆိုအား ရခိုင်ပြည်နယ်လွှတ်တော်တွင် ဦးကျော်ဇောဦး၏ ထောက်ခံ/အကြံပြု ဆွေးနွေးချက်

***********************

[ Zawgyi ]

စစ္ေဘးေရွာင္ ဒုကၡသည္မ်ားအား မိုးမက်မီကပင္ အကူအညီေပးႏိုင္ရန္ ရခိုင္အစိုးရက အျမန္ဆံုး အကူအညီေပးသင့္ေၾကာင္း အေရးႀကီးအဆိုအား ရခိုင္ျပည္နယ္လႊတ္ေတာ္တြင္ ဦးေက်ာ္ေဇာဦး၏ ေထာက္ခံ/အႀကံျပဳ ေဆြးေႏြးခ်က္

ေန႔စြဲ – ၁၁ – ၀၅ – ၂၀၁၆

လႊတ္ေတာ္ဥကၠဌနဲ႔တကြ ေလးစားအပ္ပါေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေတာ္ႀကီးမ်ား ခင္ဗ်ား . . .

ကၽြန္ေတာ္ကေတာ့ စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)ကို ကိုယ္စားျပဳတဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇာဦးျဖစ္ပါတယ္။ အခုကၽြန္ေတာ္ တင္ျပေဆြးေႏြးမယ့္ အေၾကာင္းအရာကေတာ့ ေက်ာက္ျဖဴၿမိဳ႕နယ္ အမွတ္(၂)မဲဆႏၵနယ္ေျမက ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ တင္သြင္း ခဲ့တဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြနဲ႔ ပတ္သက္တဲ့ အေရးတႀကီးအဆိုကို ေထာက္ခံၿပီးေတာ့ လိုအပ္သလို အႀကံျပဳေဆြးေႏြးသြားမွာျဖစ္ပါတယ္။

ဦးေက်ာ္လြင္ရဲ႕အဆိုကို အတိအက် ဖတ္ၿပီးေျပာရမယ္ဆိုရင္ေတာ့ “လက္ရွိ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားလ်က္ ရွိေသာ တိုင္းရင္းသားလက္နက္ကိုင္ (AA) တပ္ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔ ၏ ရင္ဆိုင္တိုက္ပြဲမ်ားေၾကာင့္ ေနရပ္ စြန္႔ခြာ ထြက္ေျပးလာၾကရေသာ ေဒသခံတိုင္းရင္းသားဒုကၡသည္မ်ား၏ စား၀တ္ေနေရး ႏွင့္ လူမႈကယ္ဆယ္ေရး လုပ္ငန္းမ်ားကို မိုးမက်မီ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕မွ အျမန္ဆံုး အကူအညီေပးသင့္ေၾကာင္းကို တိုက္တြန္း သည့္ အေရးတႀကီးအဆို” ျဖစ္ပါတယ္။

ဒီမွာ ၾကားညွပ္ေျပားခ်င္တာေလး တစ္ခုရွိပါတယ္။ မေန႔က ဦးေက်ာ္လြင္က အဆိုကို တင္သြင္းၿပီးေနာက္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ နယ္စပ္ေရးရာနဲ႔ လံုၿခံဳေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးထိန္လင္းက ဒီအေရးႀကီးအဆိုကို အဆိုအေနနဲ႔ မေဆြးေႏြးေစလိုေၾကာင္း မွတ္တမ္းတင္တာပဲ ျပဳလုပ္ေစလိုေၾကာင္း ကနဦးမွာ ေျပာၾကားခဲ့ ေပမယ္ ဒုတိယတစ္ႀကိမ္ေဆြးေႏြးရာမွာက်ေတာ့ ဗိုလ္မွဴးႀကီးကပဲ ဘာေျပာသလဲ ဆိုေတာ့ အဆိုကို ဆက္လက္ ေဆြးေႏြးပါ၊ ဒါေပမဲ့ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ ဒီလို ဒီလိုမ်ိဳးေတြ ကူညီေဆာင္ရြက္ေပးခဲ့မႈေတြ ရွိတယ္၊ အျခား အဖြဲ႕အစည္းေတြကလည္း ဒီလို ဒီလို မ်ိဳးေတြ ကူညီတာေတြရွိတယ္၊ အဲဒါေတြကိုေတာ့ မွတ္တမ္းတင္ ေပးပါ ဆိုၿပီးေတာ့ ဒုတိယအႀကိမ္မွာ ေဆြးေႏြးသြားပါတယ္။ ဒီေတာ့ ဒီမွာ ၾကားညွပ္ေျပာသြားခ်င္တာက အဲသလိုမ်ိဳး လံုၿခံဳေရးရာ၀န္ႀကီး အေနနဲ႔ အဆိုတင္သြင္းေဆြးေႏြးျခင္းကို မကန္႔ကြက္ေတာ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆိုတဲ့အေၾကာင္း ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကိုယ္စား ဗိုလ္မွဴးႀကီး ထိန္လင္း ရဲ႕ေျပာၾကားခ်က္အရ ရခိုင္ျပည္နယ္ထဲက ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ တို႔မွာ မၾကာခင္က (ရကၡိဳင့္တပ္မေတာ္ လို႔ မိမိကိုယ္ကို ေခၚၾကတဲ့) ေအေအ လက္နက္ကိုင္တပ္ဖြဲ႕ နဲ႔ ျမန္မာ့တပ္မေတာ္ တို႔ အၾကားျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာရတဲ့ စစ္ေဘးေရွာင္ စစ္ေျပးဒုကၡသည္ IDP ဦးေရ ဟာ (၁၉၀၀) ဦး ရွိေနတယ္ လို႔သိရပါတယ္။ အခုဆိုရင္ ဒီထက္မက မ်ားေကာင္း မ်ားႏိုင္ပါတယ္။

ဒုကၡသည္ေတြကို အကူအညီေပးဖို႔လိုအပ္တယ္ ဆိုတဲ့အေၾကာင္းကို အျငားပြားခ်င္မွ အျငင္းပြားၾကပါလိမ့္မယ္။ ဒီအခ်က္ကို အျငင္းပြားၾကမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ အကူအညီေပးဖို႔ဆိုတာကို ေဒသဆိုင္ရာအစိုးရအဖြဲ႕အား တိုက္တြန္းေၾကာင္းအဆို အေနနဲ႔ အတည္ျပဳဖို႔ လိုအပ္ပါရဲ႕လားလို႔ အျငင္းပြားခ်င္တဲ့လူ ရွိေကာင္းရွိပါလိမ့္မယ္။ ဒါကို ကၽြန္ေတာ္ ေဆြးေႏြးလိုပါတယ္။

ဒီလိုမ်ိဳး အဆိုတစ္ခုအေနနဲ႔ အတည္ျပဳတိုက္တြန္းျခင္းအားျဖင့္ အုပ္ခ်ဳပ္ေရးယႏၱရားကို လက္ရွိ တာ၀န္ယူ ထားသူေတြအေနနဲ႔ ဘယ္တုန္းက ဘယ္လို ဟိုဟာေလး တို႔တိ တို႔တိ၊ ဒီဟာေလး တို႔တိ တို႔တိ ေခါက္ဆြဲေျခာက္ထုပ္ေလး ဘာေလး ဟိုတုန္းက ဒီတုန္းက ေပးထားပါတယ္ ဆိုရံုနဲ႔မၿပီးေတာ့ဘူး။ တာ၀န္တစ္ခု အေနနဲ႔ က်က်နနတာ၀န္ယူၿပီးေတာ့ အစိုးရတစ္ရပ္အေနနဲ႔ ေရတိုေရရွည္တာ၀န္ယူၿပီး ပီပီျပင္ျပင္ ေဆာင္ရြက္ ေပးၾကရေတာ့မွာ ျဖစ္တယ္။ အဲဒီတာ၀န္ကို ထမ္းေဆာင္ဖို႔ လုပ္ပိုင္ခြင့္ နဲ႔ အဲဒီတာ၀န္ကို ထမ္းေဆာင္ဖို႔ သက္ဆိုင္ရာအာဏာပိုင္အေနနဲ႔ လိုအပ္တဲ့ ရံပံုေငြဘ႑ာေရးက႑ကိုပါ ရွာေဖြစုရံုးခြင့္ စီမံခြင့္ရလာမွာ ျဖစ္တယ္။ မိုးမက်ခင္ ဘာမွ လံုလံုေလာက္ေလာက္မျပင္ဆင္ရေသးတဲ့ အေနအထားမွာ မိုးေရခ်ိန္ လက္မ တစ္ရာႏွစ္ရာ ရြာတတ္တဲ့ ေဒသမ်ိဳးမွာ ကၽြန္ေတာ္တို႔ ေခါက္ဆြဲေျခာက္ထုပ္ေတြ သြားေပးထားၿပီးၿပီေလ . . . ကၽြန္ေတာ္တို႔ ကူညီၿပီးၿပီပဲ . . . လို႔ ဆိုရံုအေနအထားနဲ႔ မလံုေလာက္ပါဘူး။ ဒါေၾကာင့္ အဆိုတစ္ခုအေနနဲ႔ အတည္ျပဳၿပီး လက္ရွိေဒသႏၱရအစိုးရကို တိတိပပ တြန္းအားေပးဖို႔လိုပါတယ္။

ဒီေနရာမွာ အခ်က္ ေလးခ်က္ ပိုင္းျခားၿပီး ေဆြးေႏြးလိုပါတယ္။

နံပါတ္တစ္အခ်က္၊ ဒီ အေယာက္ (၁၉၀၀) ေက်ာ္ (၂၀၀၀) ဝန္းက်င္ေသာ တိုင္းရင္းသားႏိုင္ငံသားေတြ (ေနာက္ ထပ္တိုးရင္လည္း ထပ္တိုး သေလာက္ေပါ့) ဒီလူသားေတြဟာ စစ္မက္ေဘးရန္ေၾကာင့္ ဘ၀ေနထိုင္မႈ မလံုၿခံဳတဲ့အတြက္ေၾကာင့္ ေျပးလႊား ပုန္းေရွာင္ေနၾကရတဲ့ ဒုကၡသည္ေတြ ျဖစ္တယ္ ဆိုတာကို အသိအမွတ္ျပဳရပါမယ္။ ဒုကၡသည္ေတြ ရွိေနရင္ ရွိတယ္လို႔ အသိအမွတ္ျပဳၾကရပါမယ္။ ဒါကို ရခိုင္က အသိအမွတ္ျပဳရမယ္။ ျမန္မာကလည္း အသိအမွတ္ ျပဳရမယ္။ ဒါမွလည္း ကမၻာကလည္း အသိအမွတ္ျပဳမွာျဖစ္တယ္။

နံပါတ္ႏွစ္အခ်က္၊ အျခားတပါးက ဘာမဆိုင္ညာမဆိုင္ ေရေမ်ာကမ္းတင္လာသူေတြ မဟုတ္တဲ့ မိမိတို႔ တိုင္းရင္းသားႏိုင္ငံသားေတြ အျပစ္မဲ့အရပ္သားေတြဟာ ႏိုင္ငံတြင္းမတည္မၿငိမ္ျဖစ္လို႔ အခုလိုဒုကၡေရာက္ ေနၾကရတဲ့အခါ သက္ဆိုင္ရာအာဏာပိုင္မ်ားအေနနဲ႔ ႏိုင္ငံအစိုးရအေနနဲ႔ ဒီဒုကၡသည္ေတြကို အတတ္ႏိုင္ဆံုး ေစာင့္ေရွာက္မႈေပးဖို႔ရာ တာ၀န္ရွိပါတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပါ ပုဒ္မ-၃၅၆ ပုဒ္မ-၃၅၇ အစရွိတဲ့ ျပဌာန္းခ်က္ေတြအရ ႏိုင္ငံသားေတြဟာ ကာကြယ္ေစာင့္ေရွာက္ေပးမႈကို ရထိုက္ပါတယ္။ ႏိုင္ငံသား ဒုကၡသည္ ေတြကို ကာကြယ္ေစာင့္ေရွာက္ရာမွာ IDP ဆိုရင္ IDP ေတြအျဖစ္နဲ႔ မိုးရာသီကို မိုးလံုေလလံု ျဖတ္သန္းႏိုင္မယ့္ ဒုကၡသည္စခန္းေတြ ေဆာက္ေပးၾကရပါမယ္။ အခု ဒုကၡသည္ျဖစ္ေနသူအမ်ားစုဟာ ေတာေတာင္ကို မွီတင္းၿပီး ၀ါးရွာ ငါးရွာ တစ္ေန႔စာကို တစ္ေန႔ ရွာစားေနၾကတဲ့သူေတြျဖစ္ၾကတဲ့အေလ်ာက္ အခုအေျခအေနမွာ ေတာထဲေတာင္ထဲ မ၀င္ႏိုင္တဲ့အတြက္ စားေရးေသာက္ေရး ခက္ခဲကုန္ပါၿပီ။ စားေရရိကၡာကို ျပတ္လပ္ မသြားေအာင္ စီစဥ္ေပးဖို႔လိုပါတယ္။ မၾကာခင္မွာ ဇြန္လ ေရာက္တာနဲ႔ ေက်ာင္းသားအရြယ္ေတြ ေက်ာင္းတက္ ၾကရေတာ့မယ္။ ဒီအတြက္လည္း ေက်ာင္းသားေတြ ပညာသင္ၾကားႏိုင္ေအာင္လည္းပဲ အာဏာပိုင္ေတြက စီစဥ္ေပးၾကဖို႔လိုအပ္ပါတယ္။ ဒုကၡသည္စခန္းရဲ႕ အေျခခံလိုအပ္ခ်က္ေတြျဖစ္တဲ့ ေရ၊ မီး၊ အိမ္သာ ေတြ ျပည့္ျပည့္စံုစံုျဖစ္ေအာင္ စီစဥ္ရမယ့္ အျပင္ က်န္းမာေရး ၀န္ေဆာင္မႈကို လြယ္လင့္တကူ လက္လွမ္းတမီ ျဖစ္ေအာင္ စီမံေဆာင္ရြက္ေပးဖို႔ လိုပါလိမ့္မယ္။ စခန္းစီမံအုပ္ခ်ဳပ္မႈေကာင္းေအာင္၊ လံုၿခံဳေရးအရ အလြယ္တကူတာ၀န္ယူႏိုင္ေအာင္ စခန္းအငယ္ေလးေတြ ခြဲထားမယ့္အစား စုစည္းစခန္းေတြ ျဖစ္ေအာင္ စီစဥ္ႏိုင္ေလ အကူအညီေပးရသူေတြအတြက္ ပိုမိုအဆင္ေျပ ေခ်ာေမြ႕ေလ ျဖစ္ပါလိမ့္မယ္။ ဒုကၡသည္ေတြ အတြက္လည္း အကာအကြယ္ပိုရေလျဖစ္ပါတယ္။

နံပါတ္သံုးအခ်က္၊ ျပည္နယ္အဆင့္ စစ္ဘက္ပိုင္း လံုၿခံဳေရးပိုင္း တာ၀န္ရွိသူတစ္ဦး ေျပာသြားတာကို ၾကား လိုက္တာ တစ္ခုရွိပါတယ္။ အေၾကာင္းအရာက ဆက္စပ္ေနတဲ့အတြက္ အခုအႀကံျပဳေဆြးေႏြးတဲ့ေနရာမွာ အဲဒါကို မျဖစ္မေန ေဆြးေႏြးဖို႔ လိုအပ္တဲ့အတြက္ ကၽြန္ေတာ္ ေဆြးေႏြးမွာျဖစ္ပါတယ္။ သူ႔ရဲ႕စကားက “နယ္ေျမ အေျခအေနေတြဟာ တည္ၿငိမ္ေအးခ်မ္းေနၿပီ ျဖစ္တဲ့အတြက္ ဒုကၡသည္ေတြကို မိုးမက်မီ သက္ဆိုင္ရာ ေက်းရြာေတြဆီ ျပန္ပို႔ႏိုင္မယ့္ အေျခအေန ရွိပါတယ္” ဆိုတဲ့ စကားပါ။ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈရွိတယ္၊ တို႔ ထိန္းထားၿပီ လို႔ တစ္ဘက္က ဆိုတယ္။ ေနာက္တစ္ဘက္ကလည္း ငါတို႔ အဲဒီေနရာမွာ ရွိတယ္၊ သတိထား လို႔ ဆိုျပန္တယ္။ အဲဒီေတာ့ ဗိုလ္ ဗိုလ္ခ်င္းေတြ႕ၾကလို႔ တိုက္ၾကရင္ ၾကားကခံရတာက ျပည္သူလူထုပဲ ျဖစ္ပါတယ္။ ေျမစာပင္ကေတာ့ ျပည္သူေတြပါပဲ။ အတည္မျပဳႏိုင္ေသးေပမယ့္ အခုလည္း တိုက္ပြဲသတင္းေတြႀကိဳၾကားႀကိဳၾကား ၾကားေနရဆဲပဲ ျဖစ္ပါတယ္။ ဒုကၡေရာက္ၾကရတဲ့ အေျခအေနေတြၾကားမွာ အမွန္တကယ္ ဒုကၡေရာက္ ၾကရတဲ့ ဒုကၡသည္ေတြ ရွိပါရဲ႕သားနဲ႔ ဒုကၡသည္ေတြ မရွိဘူးလို႔ ျပခ်င္တဲ့အတြက္ ဒုကၡသည္ေတြကို အတင္းအဓမၼ ေနရပ္ျပန္ပို႔ျခင္းေတြ မလုပ္မိဖို႔ လိုပါတယ္။ ဒီလူေတြဟာ တကယ့္ကို ေ၀းလံ ေခါင္သီတဲ့ေနရာက လူေတြပါ၊ ေန႔တဒူ၀ ေတာထဲကို ၀င္ၿပီး ၀မ္းစာ ရွာႏိုင္မွ ထမင္းစားၾကရတဲ့လူေတြ ဒီဒုကၡသည္ေတြထဲမွာ အမ်ားႀကီးပါ ပါတယ္။ မတည္ၿငိမ္တဲ့ တိုက္ပြဲျဖစ္ေနတဲ့ အေနအထားမွာ ေတာထဲကို မ၀င္၀ံ့ၾကပါဘူး။ ေတာထဲကို ၀င္သြားလို႔ ေတာထဲမွာ တစ္ဘက္စစ္တပ္နဲ႔ေတြ႕ရင္ သူပုန္ကို သတင္းသြားေပးတယ္ လို႔ သံသယ အျဖစ္ခံရႏိုင္တယ္။ အႏၱရာယ္ရွိတယ္။ ဒါ့အျပင္ ဒီလို တင္းမာမႈရွိေနတဲ့ အေနအထားမ်ိဴးမွာ အထမ္းအမား ေပၚတာ အျဖစ္ အတင္းအဓမၼ ေခၚယူခိုင္းေစျခင္း ခံရႏိုင္တဲ့ အႏၱရယ္က အၿမဲရွိေနတယ္။ ဒီလိုေပၚတာဆြဲခံရတဲ့ သာဓကေတြလည္း ရွိခဲ့တယ္။ ဆိိုလိုတာက နယ္ေျမတည္ၿငိမ္ေအးခ်မ္းေနပါၿပီလို႔ ဘယ္ေလာက္ပဲဆိုဆို ကၽြန္ေတာ္တို႔ေတာ့ စိတ္မခ်ႏိုင္ဘူး။ အျပစ္မဲ့ အရပ္သားေတြအတြက္ အသက္အိုးအိမ္စည္းစိမ္ လံုၿခံဳမယ့္ ေနရာမွာ စုစည္းစခန္းခ်ထားေပးဖို႔ကိုပဲ ကၽြန္ေတာ္ ေထာက္ခံေဆြးေႏြးလိုပါတယ္။

နံပါတ္ေလးအခ်က္၊ ဒီဒုကၡသည္ေတြအတြက္ တစ္ႏွစ္ ႏွစ္၀က္ စသည္ျဖင့္ ကာလအလိုက္ လိုအပ္တဲ့ ဘ႑ာေရး ခန္႔မွန္းတြက္ခ်က္မႈေတြ ျပဳလုပ္ၿပီးေတာ့ ဘ႑ာေငြရွာေဖြ စုစည္းေရးအတြက္ပါ ျပင္ဆင္ၾကဖို႔ လိုအပ္တယ္ ဆိုတဲ့ အခ်က္ကိုလည္း အႀကံျပဳ ေဆြးေႏြး တင္ျပလိုပါတယ္။

အတိုခ်ဳပ္ရင္ – (တစ္အခ်က္) စစ္ရွိေနတယ္၊ အက်ိဳးဆက္အေနနဲ႔ စစ္ေဘးဒုကၡသည္ေတြ ရွိေနတယ္။ (ႏွစ္အခ်က္) ဒါေၾကာင့္ ဒုကၡသည္စခန္းေတြနဲ႔ စနစ္တက် စား/ေန/က်န္းမာ/လူမႈ/ပညာ အကူအညီေပးဖို႔လိုတယ္။ (သံုးအခ်က္) မတည္ၿငိမ္ေသးဘဲနဲ႔ ဒုကၡသည္ေတြကို ျပန္ပို႔မယ္ဆိုရင္ အျပစ္မဲ့ အရပ္သားေတြအတြက္ အႏၱရာယ္ရွိတယ္။ (ေလးအခ်က္) ဒီဒုကၡသည္ေတြအေရးအတြက္ ဘ႑ာေရးနည္းလမ္းရွာ ျပင္ဆင္ဖို႔လိုတယ္။

ဒီေတာ့ အႏွစ္ခ်ဳပ္တင္ျပရရင္ – မေန႔က ဦးေက်ာ္လြင္ တင္သြင္းလိုက္တဲ့ စစ္ေဘးေရွာင္ တိုင္းရင္းသား ဒုကၡသည္ ေတြရဲ႕ စား၀တ္ေနေရး နဲ႔ လူမႈကယ္ဆယ္ေရးလုပ္ငန္းမ်ားကို မိုးရာသီ မက်ေရာက္မီ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕အေနနဲ႔ အျမန္ဆံုး အကူအညီေပးသင့္ေၾကာင္းကို တိုက္တြန္းလိုက္တဲ့ အေရးတႀကီးအဆို ကို ကၽြန္ေတာ့္အေနနဲ႔ အေလးအနက္ ေထာက္ခံပါေၾကာင္း၊ တစ္ဆက္တည္းေျပာရရင္ ရခိုင္ျပည္နယ္လႊတ္ေတာ္ အေနနဲ႔ ဒီအဆိုကို အတည္ျပဳကာ ရခိုင္ျပည္နယ္အစိုးရအား တိုက္တြန္း သင့္ပါေၾကာင္း ေျပာၾကားရင္း နိဂံုးခ်ဳပ္အပ္ပါတယ္။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)

***********************

***********************

[ Unicode ]

စစ်ဘေးရှောင် ဒုက္ခသည်များအား မိုးမကျမီကပင် အကူအညီပေးနိုင်ရန် ရခိုင်အစိုးရက အမြန်ဆုံး အကူအညီပေးသင့်ကြောင်း အရေးကြီးအဆိုအား ရခိုင်ပြည်နယ်လွှတ်တော်တွင် ဦးကျော်ဇောဦး၏ ထောက်ခံ/အကြံပြု ဆွေးနွေးချက်

နေ့စွဲ – ၁၁ – ၀၅ – ၂၀၁၆

လွှတ်တော်ဥက္ကဌနဲ့တကွ လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား . . .

ကျွန်တော်ကတော့ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကို ကိုယ်စားပြုတဲ့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးဖြစ်ပါတယ်။ အခုကျွန်တော် တင်ပြဆွေးနွေးမယ့် အကြောင်းအရာကတော့ ကျောက်ဖြူမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် တင်သွင်း ခဲ့တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အရေးတကြီးအဆိုကို ထောက်ခံပြီးတော့ လိုအပ်သလို အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဦးကျော်လွင်ရဲ့အဆိုကို အတိအကျ ဖတ်ပြီးပြောရမယ်ဆိုရင်တော့ “လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသော တိုင်းရင်းသားလက်နက်ကိုင် (AA) တပ်နှင့် မြန်မာ့တပ်မတော် တို့ ၏ ရင်ဆိုင်တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံတိုင်းရင်းသားဒုက္ခသည်များ၏ စားဝတ်နေရေး နှင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို မိုးမကျမီ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမြန်ဆုံး အကူအညီပေးသင့်ကြောင်းကို တိုက်တွန်း သည့် အရေးတကြီးအဆို” ဖြစ်ပါတယ်။

ဒီမှာ ကြားညှပ်ပြေားချင်တာလေး တစ်ခုရှိပါတယ်။ မနေ့က ဦးကျော်လွင်က အဆိုကို တင်သွင်းပြီးနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒီအရေးကြီးအဆိုကို အဆိုအနေနဲ့ မဆွေးနွေးစေလိုကြောင်း မှတ်တမ်းတင်တာပဲ ပြုလုပ်စေလိုကြောင်း ကနဦးမှာ ပြောကြားခဲ့ ပေမယ် ဒုတိယတစ်ကြိမ်ဆွေးနွေးရာမှာကျတော့ ဗိုလ်မှူးကြီးကပဲ ဘာပြောသလဲ ဆိုတော့ အဆိုကို ဆက်လက် ဆွေးနွေးပါ၊ ဒါပေမဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဒီလို ဒီလိုမျိုးတွေ ကူညီဆောင်ရွက်ပေးခဲ့မှုတွေ ရှိတယ်၊ အခြား အဖွဲ့အစည်းတွေကလည်း ဒီလို ဒီလို မျိုးတွေ ကူညီတာတွေရှိတယ်၊ အဲဒါတွေကိုတော့ မှတ်တမ်းတင် ပေးပါ ဆိုပြီးတော့ ဒုတိယအကြိမ်မှာ ဆွေးနွေးသွားပါတယ်။ ဒီတော့ ဒီမှာ ကြားညှပ်ပြောသွားချင်တာက အဲသလိုမျိုး လုံခြုံရေးရာဝန်ကြီး အနေနဲ့ အဆိုတင်သွင်းဆွေးနွေးခြင်းကို မကန့်ကွက်တော့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဗိုလ်မှူးကြီး ထိန်လင်း ရဲ့ပြောကြားချက်အရ ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ် နဲ့ ဘူးသီးတောင်မြို့နယ် တို့မှာ မကြာခင်က (ရက္ခိုင့်တပ်မတော် လို့ မိမိကိုယ်ကို ခေါ်ကြတဲ့) အေအေ လက်နက်ကိုင်တပ်ဖွဲ့ နဲ့ မြန်မာ့တပ်မတော် တို့ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင် စစ်ပြေးဒုက္ခသည် IDP ဦးရေ ဟာ (၁၉၀၀) ဦး ရှိနေတယ် လို့သိရပါတယ်။ အခုဆိုရင် ဒီထက်မက များကောင်း များနိုင်ပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကို အငြားပွားချင်မှ အငြင်းပွားကြပါလိမ့်မယ်။ ဒီအချက်ကို အငြင်းပွားကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကူအညီပေးဖို့ဆိုတာကို ဒေသဆိုင်ရာအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို အနေနဲ့ အတည်ပြုဖို့ လိုအပ်ပါရဲ့လားလို့ အငြင်းပွားချင်တဲ့လူ ရှိကောင်းရှိပါလိမ့်မယ်။ ဒါကို ကျွန်တော် ဆွေးနွေးလိုပါတယ်။

ဒီလိုမျိုး အဆိုတစ်ခုအနေနဲ့ အတည်ပြုတိုက်တွန်းခြင်းအားဖြင့် အုပ်ချုပ်ရေးယန္တရားကို လက်ရှိ တာဝန်ယူ ထားသူတွေအနေနဲ့ ဘယ်တုန်းက ဘယ်လို ဟိုဟာလေး တို့တိ တို့တိ၊ ဒီဟာလေး တို့တိ တို့တိ ခေါက်ဆွဲခြောက်ထုပ်လေး ဘာလေး ဟိုတုန်းက ဒီတုန်းက ပေးထားပါတယ် ဆိုရုံနဲ့မပြီးတော့ဘူး။ တာဝန်တစ်ခု အနေနဲ့ ကျကျနနတာဝန်ယူပြီးတော့ အစိုးရတစ်ရပ်အနေနဲ့ ရေတိုရေရှည်တာဝန်ယူပြီး ပီပီပြင်ပြင် ဆောင်ရွက် ပေးကြရတော့မှာ ဖြစ်တယ်။ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ လုပ်ပိုင်ခွင့် နဲ့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ သက်ဆိုင်ရာအာဏာပိုင်အနေနဲ့ လိုအပ်တဲ့ ရံပုံငွေဘဏ္ဍာရေးကဏ္ဍကိုပါ ရှာဖွေစုရုံးခွင့် စီမံခွင့်ရလာမှာ ဖြစ်တယ်။ မိုးမကျခင် ဘာမှ လုံလုံလောက်လောက်မပြင်ဆင်ရသေးတဲ့ အနေအထားမှာ မိုးရေချိန် လက်မ တစ်ရာနှစ်ရာ ရွာတတ်တဲ့ ဒေသမျိုးမှာ ကျွန်တော်တို့ ခေါက်ဆွဲခြောက်ထုပ်တွေ သွားပေးထားပြီးပြီလေ . . . ကျွန်တော်တို့ ကူညီပြီးပြီပဲ . . . လို့ ဆိုရုံအနေအထားနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် အဆိုတစ်ခုအနေနဲ့ အတည်ပြုပြီး လက်ရှိဒေသန္တရအစိုးရကို တိတိပပ တွန်းအားပေးဖို့လိုပါတယ်။

ဒီနေရာမှာ အချက် လေးချက် ပိုင်းခြားပြီး ဆွေးနွေးလိုပါတယ်။

နံပါတ်တစ်အချက်၊ ဒီ အယောက် (၁၉၀၀) ကျော် (၂၀၀၀) ဝန်းကျင်သော တိုင်းရင်းသားနိုင်ငံသားတွေ (နောက် ထပ်တိုးရင်လည်း ထပ်တိုး သလောက်ပေါ့) ဒီလူသားတွေဟာ စစ်မက်ဘေးရန်ကြောင့် ဘဝနေထိုင်မှု မလုံခြုံတဲ့အတွက်ကြောင့် ပြေးလွှား ပုန်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ ဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုရပါမယ်။ ဒုက္ခသည်တွေ ရှိနေရင် ရှိတယ်လို့ အသိအမှတ်ပြုကြရပါမယ်။ ဒါကို ရခိုင်က အသိအမှတ်ပြုရမယ်။ မြန်မာကလည်း အသိအမှတ် ပြုရမယ်။ ဒါမှလည်း ကမ္ဘာကလည်း အသိအမှတ်ပြုမှာဖြစ်တယ်။

နံပါတ်နှစ်အချက်၊ အခြားတပါးက ဘာမဆိုင်ညာမဆိုင် ရေမျောကမ်းတင်လာသူတွေ မဟုတ်တဲ့ မိမိတို့ တိုင်းရင်းသားနိုင်ငံသားတွေ အပြစ်မဲ့အရပ်သားတွေဟာ နိုင်ငံတွင်းမတည်မငြိမ်ဖြစ်လို့ အခုလိုဒုက္ခရောက် နေကြရတဲ့အခါ သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့ နိုင်ငံအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေကို အတတ်နိုင်ဆုံး စောင့်ရှောက်မှုပေးဖို့ရာ တာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ-၃၅၆ ပုဒ်မ-၃၅၇ အစရှိတဲ့ ပြဌာန်းချက်တွေအရ နိုင်ငံသားတွေဟာ ကာကွယ်စောင့်ရှောက်ပေးမှုကို ရထိုက်ပါတယ်။ နိုင်ငံသား ဒုက္ခသည် တွေကို ကာကွယ်စောင့်ရှောက်ရာမှာ IDP ဆိုရင် IDP တွေအဖြစ်နဲ့ မိုးရာသီကို မိုးလုံလေလုံ ဖြတ်သန်းနိုင်မယ့် ဒုက္ခသည်စခန်းတွေ ဆောက်ပေးကြရပါမယ်။ အခု ဒုက္ခသည်ဖြစ်နေသူအများစုဟာ တောတောင်ကို မှီတင်းပြီး ၀ါးရှာ ငါးရှာ တစ်နေ့စာကို တစ်နေ့ ရှာစားနေကြတဲ့သူတွေဖြစ်ကြတဲ့အလျောက် အခုအခြေအနေမှာ တောထဲတောင်ထဲ မဝင်နိုင်တဲ့အတွက် စားရေးသောက်ရေး ခက်ခဲကုန်ပါပြီ။ စားရေရိက္ခာကို ပြတ်လပ် မသွားအောင် စီစဉ်ပေးဖို့လိုပါတယ်။ မကြာခင်မှာ ဇွန်လ ရောက်တာနဲ့ ကျောင်းသားအရွယ်တွေ ကျောင်းတက် ကြရတော့မယ်။ ဒီအတွက်လည်း ကျောင်းသားတွေ ပညာသင်ကြားနိုင်အောင်လည်းပဲ အာဏာပိုင်တွေက စီစဉ်ပေးကြဖို့လိုအပ်ပါတယ်။ ဒုက္ခသည်စခန်းရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး၊ အိမ်သာ တွေ ပြည့်ပြည့်စုံစုံဖြစ်အောင် စီစဉ်ရမယ့် အပြင် ကျန်းမာရေး ဝန်ဆောင်မှုကို လွယ်လင့်တကူ လက်လှမ်းတမီ ဖြစ်အောင် စီမံဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။ စခန်းစီမံအုပ်ချုပ်မှုကောင်းအောင်၊ လုံခြုံရေးအရ အလွယ်တကူတာဝန်ယူနိုင်အောင် စခန်းအငယ်လေးတွေ ခွဲထားမယ့်အစား စုစည်းစခန်းတွေ ဖြစ်အောင် စီစဉ်နိုင်လေ အကူအညီပေးရသူတွေအတွက် ပိုမိုအဆင်ပြေ ချောမွေ့လေ ဖြစ်ပါလိမ့်မယ်။ ဒုက္ခသည်တွေ အတွက်လည်း အကာအကွယ်ပိုရလေဖြစ်ပါတယ်။

နံပါတ်သုံးအချက်၊ ပြည်နယ်အဆင့် စစ်ဘက်ပိုင်း လုံခြုံရေးပိုင်း တာဝန်ရှိသူတစ်ဦး ပြောသွားတာကို ကြား လိုက်တာ တစ်ခုရှိပါတယ်။ အကြောင်းအရာက ဆက်စပ်နေတဲ့အတွက် အခုအကြံပြုဆွေးနွေးတဲ့နေရာမှာ အဲဒါကို မဖြစ်မနေ ဆွေးနွေးဖို့ လိုအပ်တဲ့အတွက် ကျွန်တော် ဆွေးနွေးမှာဖြစ်ပါတယ်။ သူ့ရဲ့စကားက “နယ်မြေ အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေကို မိုးမကျမီ သက်ဆိုင်ရာ ကျေးရွာတွေဆီ ပြန်ပို့နိုင်မယ့် အခြေအနေ ရှိပါတယ်” ဆိုတဲ့ စကားပါ။ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိတယ်၊ တို့ ထိန်းထားပြီ လို့ တစ်ဘက်က ဆိုတယ်။ နောက်တစ်ဘက်ကလည်း ငါတို့ အဲဒီနေရာမှာ ရှိတယ်၊ သတိထား လို့ ဆိုပြန်တယ်။ အဲဒီတော့ ဗိုလ် ဗိုလ်ချင်းတွေ့ကြလို့ တိုက်ကြရင် ကြားကခံရတာက ပြည်သူလူထုပဲ ဖြစ်ပါတယ်။ မြေစာပင်ကတော့ ပြည်သူတွေပါပဲ။ အတည်မပြုနိုင်သေးပေမယ့် အခုလည်း တိုက်ပွဲသတင်းတွေကြိုကြားကြိုကြား ကြားနေရဆဲပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်ကြရတဲ့ အခြေအနေတွေကြားမှာ အမှန်တကယ် ဒုက္ခရောက် ကြရတဲ့ ဒုက္ခသည်တွေ ရှိပါရဲ့သားနဲ့ ဒုက္ခသည်တွေ မရှိဘူးလို့ ပြချင်တဲ့အတွက် ဒုက္ခသည်တွေကို အတင်းအဓမ္မ နေရပ်ပြန်ပို့ခြင်းတွေ မလုပ်မိဖို့ လိုပါတယ်။ ဒီလူတွေဟာ တကယ့်ကို ဝေးလံ ခေါင်သီတဲ့နေရာက လူတွေပါ၊ နေ့တဒူဝ တောထဲကို ဝင်ပြီး ဝမ်းစာ ရှာနိုင်မှ ထမင်းစားကြရတဲ့လူတွေ ဒီဒုက္ခသည်တွေထဲမှာ အများကြီးပါ ပါတယ်။ မတည်ငြိမ်တဲ့ တိုက်ပွဲဖြစ်နေတဲ့ အနေအထားမှာ တောထဲကို မဝင်ဝံ့ကြပါဘူး။ တောထဲကို ဝင်သွားလို့ တောထဲမှာ တစ်ဘက်စစ်တပ်နဲ့တွေ့ရင် သူပုန်ကို သတင်းသွားပေးတယ် လို့ သံသယ အဖြစ်ခံရနိုင်တယ်။ အန္တရာယ်ရှိတယ်။ ဒါ့အပြင် ဒီလို တင်းမာမှုရှိနေတဲ့ အနေအထားမျိူးမှာ အထမ်းအမား ပေါ်တာ အဖြစ် အတင်းအဓမ္မ ခေါ်ယူခိုင်းစေခြင်း ခံရနိုင်တဲ့ အန္တရယ်က အမြဲရှိနေတယ်။ ဒီလိုပေါ်တာဆွဲခံရတဲ့ သာဓကတွေလည်း ရှိခဲ့တယ်။ ဆိိုလိုတာက နယ်မြေတည်ငြိမ်အေးချမ်းနေပါပြီလို့ ဘယ်လောက်ပဲဆိုဆို ကျွန်တော်တို့တော့ စိတ်မချနိုင်ဘူး။ အပြစ်မဲ့ အရပ်သားတွေအတွက် အသက်အိုးအိမ်စည်းစိမ် လုံခြုံမယ့် နေရာမှာ စုစည်းစခန်းချထားပေးဖို့ကိုပဲ ကျွန်တော် ထောက်ခံဆွေးနွေးလိုပါတယ်။

နံပါတ်လေးအချက်၊ ဒီဒုက္ခသည်တွေအတွက် တစ်နှစ် နှစ်ဝက် စသည်ဖြင့် ကာလအလိုက် လိုအပ်တဲ့ ဘဏ္ဍာရေး ခန့်မှန်းတွက်ချက်မှုတွေ ပြုလုပ်ပြီးတော့ ဘဏ္ဍာငွေရှာဖွေ စုစည်းရေးအတွက်ပါ ပြင်ဆင်ကြဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကိုလည်း အကြံပြု ဆွေးနွေး တင်ပြလိုပါတယ်။

အတိုချုပ်ရင် – (တစ်အချက်) စစ်ရှိနေတယ်၊ အကျိုးဆက်အနေနဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိနေတယ်။ (နှစ်အချက်) ဒါကြောင့် ဒုက္ခသည်စခန်းတွေနဲ့ စနစ်တကျ စား/နေ/ကျန်းမာ/လူမှု/ပညာ အကူအညီပေးဖို့လိုတယ်။ (သုံးအချက်) မတည်ငြိမ်သေးဘဲနဲ့ ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုရင် အပြစ်မဲ့ အရပ်သားတွေအတွက် အန္တရာယ်ရှိတယ်။ (လေးအချက်) ဒီဒုက္ခသည်တွေအရေးအတွက် ဘဏ္ဍာရေးနည်းလမ်းရှာ ပြင်ဆင်ဖို့လိုတယ်။

ဒီတော့ အနှစ်ချုပ်တင်ပြရရင် – မနေ့က ဦးကျော်လွင် တင်သွင်းလိုက်တဲ့ စစ်ဘေးရှောင် တိုင်းရင်းသား ဒုက္ခသည် တွေရဲ့ စားဝတ်နေရေး နဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို မိုးရာသီ မကျရောက်မီ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံး အကူအညီပေးသင့်ကြောင်းကို တိုက်တွန်းလိုက်တဲ့ အရေးတကြီးအဆို ကို ကျွန်တော့်အနေနဲ့ အလေးအနက် ထောက်ခံပါကြောင်း၊ တစ်ဆက်တည်းပြောရရင် ရခိုင်ပြည်နယ်လွှတ်တော် အနေနဲ့ ဒီအဆိုကို အတည်ပြုကာ ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်း သင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s