ဌာနချုပ်ကို ပစ်သော အမြောက်ဆံများ အဘယ်ကလာသနည်း ?

*************************

[ Zawgyi ]

ဌာနခ်ဳပ္ကို ပစ္ေသာ အေျမာက္ဆံမ်ား အဘယ္ကလာသနည္း ?

Written by – ေက်ာ္ေဇာဦး
(၂၀၁၆ ေမလ ၁၈ ရက္)

(ယဥ္ေက်းမႈေတာ္လွန္ေရး အႏွစ္ငါးဆယ္ျပည့္ အထိမ္းအမွတ္ စာစု)

ေမာ္စီတုန္း ဦးေဆာင္သည့္ ယဥ္ေက်းမႈေတာ္လွန္ေရး ဟု ေခၚတြင္ေသာ ဧရာမ ႏိုင္ငံေရး ျဖဳတ္ထုတ္သတ္ ျဖစ္စဥ္ႀကီး မွာ ၿပီးခဲ့ေသာ ၂၀၁၆-ခုႏွစ္ ေမလ (၁၆) ရက္ေန႔က အႏွစ္ငါးဆယ္ ျပည့္ေျမာက္ခဲ့ၿပီး ေလၿပီ။ မဟာ ပစၥည္းမဲ့ ယဥ္ေက်းမႈေတာ္လွန္ေရး (Great Proletarian Cultural Revolution) ဟု တရုတ္ကြန္ျမဴနစ္ပါတီ တရား၀င္ေခၚေ၀ၚေသာ ဗရုတ္သုတ္ခကာလႀကီးပင္ ျဖစ္ေလသည္။

ျဖစ္စဥ္၏ စလံုးေရစ ၁၉၆၆-ခုႏွစ္ ေမလ (၁၆) ရက္ေန႔တြင္ ေအာက္ပါစာသားမ်ားပါ၀င္ေသာ အသိေပးထုတ္ျပန္ခ်က္ တစ္ေစာင္ကို ထုတ္ျပန္ျခင္းျဖင့္ ယဥ္ေက်းမႈေတာ္လွန္ေရးကို စတင္ခဲ့သည္။

“ပါတီထဲ၊ အစိုးရအဖြဲ႕ထဲ၊ တပ္မေတာ္ထဲ ႏွင့္ ယဥ္ေက်းမႈနယ္ပယ္အသီးသီးသို႔ တိတ္တဆိတ္ စိမ့္၀င္ထိုးေဖာက္လာခဲ့ၾကေသာ ထို ဘူဇြာလူတန္းစား ကိုယ္စားလွယ္မ်ားမွာ တန္ျပန္ ေတာ္လွန္ေရးသမား ျပန္လည္ျပင္ဆင္ေရးသမား တစ္သိုက္ျဖစ္ၾကသည္။ ၄င္းတို႔အတြက္ အေျခအေနအရပ္ရပ္တို႔ ရင့္မွည့္ အဆင္သင့္ျဖစ္သည္ႏွင့္ တၿပိဳင္နက္ ထိုသူတို႔သည္ ႏိုင္ငံေရးအာဏာကို ရယူသိမ္းပိုက္ၿပီးေနာက္ ပစၥည္းမဲ့အာဏာရွင္စနစ္ကို ဘူဇြာတို႔၏အာဏာရွင္စနစ္ အျဖစ္သို႔ ေျပာင္းလဲပစ္လိုက္ၾကမည္ ျဖစ္သည္။ ထိုသူမ်ားထဲမွ အခ်ိဳ႕ကို သိသာျမင္သာႏိုင္ၿပီ ျဖစ္ေသာ္လည္း အခ်ိဳ႕ကိုကား မသိသာမျမင္သာႏိုင္ေသးေပ။ ယင္းထဲမွ အခ်ိဳ႕မွာ ကၽြႏ္ုပ္တို႔ အခုထက္တိုင္ ယံုၾကည္မိေနၾကေသးသူမ်ား ျဖစ္ၾကၿပီး၊ ကၽြႏ္ုပ္တို႔ကို ဆက္ခံဖို႔အတြက္ေတာင္ ေလ့က်င့္သင္ၾကား ေနရာေပးထားသူေတြ ျဖစ္ေနၾကသည္။ ပမာဆိုရလွ်င္ ခရူးရွက္ ၏ သေဘာသဘာ၀ရွိေသာသူမ်ား ျဖစ္သည္။ ထိုသူမ်ားသည္ (ဆိုလိုသည္မွာ ထိုရန္သူမ်ားသည္) ကၽြႏ္ုပ္တို႔၏ နံေဘးတြင္ပင္ သက္ေတာင့္သက္သာ လဲေလ်ာင္းေနၾက တုန္းပင္ျဖစ္ေလသည္။ အဆင့္ဆင့္ေသာ ပါတီေကာ္မီတီ အားလံုးတို႔သည္ ဤအေရးကိစၥအား မျပတ္ သတိထား ေစာင့္ၾကည့္ၾကရမည္ ျဖစ္သည္။”

ဆိုလိုရင္းသတင္းစကား ကား ရွင္းပစ္ရမယ့္ လူေတြ ငါတို႔ထဲမွာ ရွိေနတယ္ ဟူ၏။

ထို႔ေနာက္ ေမလ (၂၅) ရက္ေန႔တြင္ ပီကင္းရွိ တကၠသိုလ္တစ္ခုမွ ပါေမာကၡတစ္ဦး ႏွင့္ ၄င္း၏ အေပါင္းအသင္းမ်ား သည္ ယင္းတကၠသိုလ္ပါတီေခါင္းေဆာင္မ်ားကို ေ၀ဖန္ထားေသာ စကားလံုးတိုက္ပြဲ ပိုစတာ တစ္ခုအား ေက်ာင္း၀င္းရွိ အေဆာက္အအံုတစ္ခု နံရံတြင္ ကပ္သည္။ ရက္မ်ားမၾကာမီ ပီကင္းရွိ အျခားေသာ တကၠသိုလ္တစ္ခုရွိ တကၠသိုလ္ေက်ာင္းသား တစ္စုကလည္း မိမိတို႔ကုိယ္မိမိတို႔ တပ္နီလူငယ္မ်ား ဟု အမည္တပ္ကာ အလားတူ စကားလံုးတိုက္ပြဲ ပိုစတာမ်ား ကပ္ၾကသည္။

ေနာက္လပိုင္းအၾကာ ၾသဂုတ္လ (၆) ရက္ေန႔တြင္ ေမာ္စီတုန္းသည္ အဆိုပါ လႈပ္ရွားမႈမ်ားကို အားေပးေသာ မိန္႔ခြန္းတစ္ခုအား ေျပာၾကားသည္။ တဖန္ ေနာက္ရက္မ်ားမၾကာမီပင္ ေမာ္စီတုန္း ပထမဆံုး စီကံုးေရးသားသည္ ဆိုေသာ တိုက္ပြဲပိုစတာ ထြက္ရွိလာေလသည္။ ယခုေဆာင္းပါး၏ ပူးတြဲပါ ဓါတ္ပံုဖိုင္ တစ္ခုတြင္ စာေရးစုတ္တံကိုင္ထားေသာ ေမာ္စီတုန္းပံုပါရွိသည္။ ယင္းပိုစတာပင္ ျဖစ္ေလသည္။ အဆိုပါ ပိုစတာ၏ ညာဘက္ အေပၚပိုင္း တြင္ စာသံုးေၾကာင္းပါရွိသည္။ ပထမစာေၾကာင္းက ဆိုသည္မွာ “ဌာနခ်ဳပ္ကို အေျမာက္ႏွင့္ ပစ္ၾက” ဟူ၏။ ဒုတိယစာေၾကာင္းက “ကၽြႏ္ုပ္၏ ပထမဆံုး စာလံုးႀကီး ပိုစတာ” ၊ တတိယစာေၾကာင္းက “ေမာ္စီတုန္း” အသီးသီးျဖစ္ၾကသည္။ ေမာ္၏ နာမည္ႀကီး ျဖဳတ္ထုတ္သတ္ တိုက္ပြဲေခၚသံ ပိုစတာျဖစ္ေလသည္။ “ဌာနခ်ဳပ္ကို အေျမာက္ႏွင့္ ပစ္ၾက” (Bombard the heardquarters) ။ ၇၂-ႏွစ္ အရြယ္ ေမာ္ ၏ တိုက္ပြဲ ေအာ္သံ ျဖစ္ေလသည္။

ထို႔ေနာက္ ၾသဂုတ္လ (၈) ရက္ေန႔တြင္ လာမည့္ ယဥ္ေက်းမႈေတာ္လွန္ေရးအတြင္း က်င့္သံုးရမည့္ ေမာ္စီတုန္း၏ လမ္းညႊန္ခ်က္ (၁၆) ခ်က္ ထြက္ရွိ ထုတ္ျပန္သည္။ ထိန္းထိန္းသိမ္းသိမ္း ေရးသားထားသည္ပင္မွန္ေသာ္လည္း စကားလံုးမ်ား၏ အထဲတြင္ အၾကမ္းဖက္မႈ မ်ိဳးေစ့မ်ား ပါ၀င္ေနသည္။ ဥပမာ – အခ်က္ နံပါတ္ (ေလး)။

အခ်က္နံပါတ္ (ေလး) ။ ။ လူထုကို ယံုၾကည္ပါ အားကိုးပါ၊ လူထု၏ ဦးေဆာင္ဦးရြက္ျပဳမႈကို ေလးစားပါ။ ေၾကာက္ရြံ႕မႈကို လႊင့္ပစ္ပါ။ ဥကၠဌႀကီးေမာ္က ကၽြႏ္ုပ္တို႔အား ေျပာသည္မွာ – ေတာ္လွန္ေရးမည္သည္ အလြန္ သိမ္ေမြ႕ေန၍မရ၊ ႏူးညံ့ေန၍မရ၊ ၾကင္နာသနား ယဥ္ေက်းကာ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ထိန္းထိန္း သိမ္းသိမ္း လူသူေတာ္ေကာင္း ပံုစံ လုပ္ေန၍ မရ။

တပ္နီအေစာင့္တပ္ဖြဲ႕လႈပ္ရွားမႈ အား လုပ္ေဆာင္ၾကရေတာ့မည္ ဟု ၾသဂုတ္လ (၁၈) ရက္ေန႔ ထိယင္နင္မင္ ရင္ျပင္၌ ျပဳလုပ္ေသာ ဧရာမ လူထုစုရံုးေဟာေျပာပြဲတြင္ ေမာ္စီတုန္းက တိုက္တြန္းေဟာေျပာသည္။ ထိုေန႔က ေဟာေျပာေနစဥ္ ေမာ္၏ လက္ေမာင္းတြင္ စည္းေႏွာင္ထားေသာ လက္ပတ္နီမွာ ဤေက်ာင္းသားလူငယ္မ်ား လႈပ္ရွားမႈ၏ အမွတ္တံဆိပ္ ျဖစ္လာခဲ့သည္။ “အေဟာင္းေလးမ်ိဳးကို ၿဖိဳဖ်က္ၿပီး အသစ္ေလးမ်ိဳးကို ပ်ိဳးေထာင္ၾက” ဖို႔ တပ္နီလူငယ္မ်ားအား ထိုေဟာေျပာပြဲတြင္ တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ေနာက္တြင္ ဆင့္ကဲဆင့္ကဲ ျဖစ္ပ်က္ခဲ့ေသာ သမိုင္း၀င္ျဖစ္စဥ္မ်ားတြင္ကား “ဥကၠဌႀကီးေမာ္၏ အဆိုအမိန္႔မ်ား” အမည္ရွိ စာအုပ္နီကေလးမ်ားကို လက္တြင္ကိုင္ေဆာင္ထားၾကသည့္ တပ္နီလူငယ္မ်ား တရုတ္ႏိုင္ငံအႏွံ႕အျပားတြင္း ေသာင္းက်န္းမင္းမူၾကေလသည္။ ေနာက္ႏွစ္နွစ္ဆက္တိုက္ ကာလ လံုးလံုး ရက္စက္မႈ အေပါင္း သရဖူေဆာင္းသည္။ အၾကမ္းဖက္မႈတို႔ လႊမ္းၿခံဳသည္။ တရုတ္တစ္ျပည္လံုး ၀ရုန္းသုန္းကား ျဖစ္ပ်က္ေနခဲ့ေလသည္။ မည္သူမွ် ထိန္းခ်ဳပ္၍ မရ။ ထို မည္သူမွ်ထိန္းခ်ဳပ္၍ မရေသာ ၀ရုန္းသုန္းကား ျဖစ္စဥ္ႀကီးကိုပင္လွ်င္ ေမာ္က ဇက္ႀကိဳးကိုင္ထားခဲ့သည္။ ႏွင္တံတို႔ထားခဲ့သည္။

Red Guards ေခၚ တပ္နီလူငယ္မ်ားသည္ စာအုပ္မ်ားကို မီးတိုက္သည္။ ဘုရားေက်ာင္းကန္မ်ားကို ၿဖိဳဖ်က္သည္။ ေက်ာင္းဆရာမ်ားကို နည္းမ်ိဳးစံုျဖင့္ ဆံုးမသည္။ ေမာ္စီတုန္းအား ႏိုင္ငံေရးအရ အားၿပိဳင္ႏိုင္သူမ်ားကို ရွင္းလင္းသည္။ လူအမ်ား ေသေၾကပ်က္စီးၾကရသည္။ နံပါတ္ႏွစ္အဆင့္ ေခါင္းေဆာင္ တရုတ္သမၼတ လ်ဴေရွာက္ရွီ မွာ ဖမ္းဆီးႏွိပ္စက္ျခင္းကို ခံရသည္။ ရန္သူ၏ သူလွ်ိဳ ျဖစ္သည္ အစရွိေသာ စြပ္စြဲခ်က္ေပါင္းမ်ားစြာျဖင့္ ရာထူးတာ၀န္မ်ားအားလံုးမွ ဖယ္ရွားပစ္ျခင္းခံရသည္။ ပါတီမွထုတ္ပစ္ျခင္းခံရသည္။ လ်ဴေလ်ာက္ရွီမွာ အခါအားေလ်ာ္စြာ အမ်ားျမင္ကြင္း လူစုလူေ၀းေရွ႕တြင္ စြဲခ်က္တင္ အျပစ္တင္ျခင္း လူပံုအလယ္တြင္ ရိုက္ပုတ္ျခင္း ထုေထာင္းျခင္း တို႔ကို တပ္နီလူငယ္မ်ားျပဳသမွ်ခံခဲ့ရသည္။ ၁၉၆၉-ခုႏွစ္တြင္ ထို ဒဏ္ရာ ဒဏ္ခ်က္ မ်ားျဖင့္ ကြယ္လြန္သည္။ နံပါတ္ သံုး-ေလး ေခါင္းေဆာင္ အဆင့္ရွိခဲ့သူ တိန္ေရွာင့္ဖိန္ သည္ လည္း ရာထူးတာ၀န္မ်ားအားလံုးမွ ဖယ္ရွားျခင္းခံရသည္။ စက္ရံုတစ္ရံုတြင္ ေအာက္ေျခအဆင့္ သာမန္အလုပ္သမား တစ္ဦးအျဖစ္ ေလးႏွစ္ အလုပ္လုပ္ခဲ့ရသည္။

ထိုစဥ္က ျဖစ္ရပ္ ဓါတ္ပံုမ်ားစြာတို႔တြင္ တပ္နီလူငယ္မ်ားမွာ စာအုပ္နီကေလးမ်ားကို ကိုင္ေဆာင္ထား ၾကသည္ ကို ေတြ႕ရသည္။ ရက္စက္ေသာလုပ္ရပ္မ်ားကို လုပ္ရာတြင္ ဥကၠဌႀကီးေမာ္၏ အဆိုအမိန္႔မ်ားကို ထိုစာအုပ္ငယ္ထဲမွ မၾကာခဏ ကိုးကားၾကသည္။ “သင္တို႔ကိုယ္တိုင္နဲ႔ လူတန္းစားရန္သူ အၾကားမွာ ျပတ္ျပတ္သားသား ျခားေနပါေစ (Draw a line between yourselves and the class enemy)” တို႔၊ “ရန္သူကို သနားတာဟာ ျပည္သူလူထုကို ရက္စက္တာနဲ႔ အတူတူပဲ (Mercy to the enemy is cruelty to the people!)” ဆိုသည့္ ေမာ္၏ စကားတို႔မွာ ၄င္းတို႔၏ လက္စြဲမ်ား ျဖစ္ၾကေလသည္။ တရုတ္ျပည္အႏွံ႔တြင္ လူႀကီးမ်ား၊ ပညာရွင္မ်ား၊ ပါတီေခါင္းေဆာင္မ်ား၊ ဘာမွန္းညာမွန္းမသိ စြပ္စြဲခံရသူ ေယာက်ၤား မိန္းမမ်ားစြာတို႔သည္ မိမိတို႔သားအရြယ္ ေျမးအရြယ္ လူငယ္မ်ားထံ ေသြးသံရဲရဲျဖင့္ ဒူးေထာက္ေတာင္းပန္ၾကရသည္။ လည္ပင္းတြင္ သစၥာေဖာက္ ဆိုသည့္ စာတမ္းကို ခ်ိတ္ဆြဲၿပီး လူျမင္ကြင္းတြင္ ထုေထာင္းသတ္ပုတ္ျခင္း ခံၾကရသည္။ ေခတ္ပညာတတ္ ၿမိဳ႕ေနလူတန္းစားတို႔အား လယ္ေတာယာေတာမ်ားတြင္ အလုပ္ၾကမ္းလုပ္ရန္ အစုလိုက္အၿပံဳလိုက္ ပို႔သည္။

ေမာ္စီတုန္း၏ မဟာခုန္ပ်ံေက်ာ္လႊားမႈႀကီး (the Great Leap Forward) ဟု အမည္ေပးထားသည့္ စီမံကိန္းႀကီး က်ရံႈးသြားၿပီးေနာက္ပိုင္း ငတ္မြတ္ေခါင္းပါးမႈျဖစ္ပြားကာ တရုတ္ျပည္သူသန္းေပါင္းမ်ားစြာ ေသေၾကခဲ့ရ သည္။ ထိုက်ရံႈးမႈမွာ ေမာ္၀ါဒီတို႔ ယံုၾကည္ေသာ ကြန္ျမဴနစ္ေတာ္လွန္ေရးႀကီး ကိုယ္တိုင္၌က မွားေနလို႔ ျဖစ္ရတာမဟုတ္၊ ဒီေတာ္လွန္ေရးႀကီးကို သစၥာေဖာက္ေသာသူမ်ား ရွိေနလို႔သာ ေတာ္လွန္ေရးႀကီး က်ရံႈးေနရျခင္းျဖစ္သည္ ဟု ယဥ္ေက်းမႈေတာ္လွန္ေရးအားျဖင့္ ပံုေဖာ္ပစ္လိုက္သည္။ အင္အား ႀကီးမားလွစြာေသာ ျပည္သူလူထု၏ မေက်နပ္မႈ ကို ထြက္ေပါက္ ေပးလိုက္သည္။ တစ္ၿပိဳင္တည္းမွာ ႏိုင္ငံေရးၿပိဳင္ဖက္မ်ား (တစ္ကယ္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ ေဟာင္းမ်ား) ကို ရွင္းလင္းပစ္ လိုက္သည္။

ေမာ္ သည္ အတုမရွိ ေခါင္းေဆာင္ ျပန္ျဖစ္သြားသည္။
———————-

ျမန္မာ့ႏိုင္ငံေရးတြင္ တစ္ခါက ေမာ္၀ါဒီေတြ ေပါေပါမ်ားမ်ားေတြ႕ရေသာ ေခတ္တစ္ေခတ္ ရွိခဲ့ဖူးသည္။

ယဥ္ေက်းမႈေတာ္လွန္ေရးမွာ ရာစုႏွစ္၀က္ ၾကာျမင့္ခဲ့ၿပီး၊ ေမာ္စီတုန္း ကြယ္လြန္သည္မွာ ႏွစ္ေပါင္းေလးဆယ္ရွိခဲ့ၿပီ ျဖစ္ေသာ္လည္း ျမန္မာ့လူ႕အဖြဲ႕အစည္း ရခိုင့္လူ႕အဖြဲ႕အစည္းတို႔တြင္ ေမာ္၀ါဒအား လွ်ိဳ႕၀ွက္သိုသိပ္စြာ ရင္၀ယ္ပိုက္ထားၾကသူမ်ား ယေန႔ထက္တိုင္ ရွိေနဆဲ ဟုတ္မဟုတ္ တိတိပပ မေျပာႏိုင္ေပ။ သို႔ရာတြင္ သေဘာတရားေရးအရ ေမာ္၀ါဒီ လံုး၀မဟုတ္ပါ ဟု ခံျငင္းေစဦးေတာ့ ႏိုင္ငံေရးအမူအက်င့္ ႏိုင္ငံေရးေဆာင္ရြက္ရာမွာ လုပ္တတ္ကိုင္တတ္ပံု (modus operandi) မွာ ေမာ္၀ါဒီ အရိပ္အေငြ႕မ်ား ရွိေကာင္း ရွိေနႏိုင္သည္။

လူထုယံုၾကည္မႈ မွန္ကန္စြာရယူႏိုင္ေရးထက္ ပါတီထိန္းခ်ဳပ္ႏိုင္ေရးကိုသာ အားျပဳျခင္း၊ ‘ရန္မုန္းမွ ငါခ်စ္ရာေရာက္သည္၊ ရန္ငါျပတ္ရမည္’ စသည္အားျဖင့္ လူငယ္မ်ားအားမႈိင္းတိုက္ျခင္း၊ မိႈင္းမိေနေသာ လူငယ္မ်ားကတစ္ဆင့္ မိမိ၏ ႏိုင္ငံေရးၿပိဳင္ဖက္မ်ားအား ပုတ္ခတ္ျခင္း တိုက္ခိုက္ျခင္း ေခ်မႈန္းျခင္း၊ လုပ္ေဖာ္ကိုင္ဖက္မ်ား ၿပိဳင္ဘက္မ်ားကို ‘ရန္သူ’ အျဖစ္ ‘ရန္သူ႕သူလွ်ိဳ’ အျဖစ္ ‘သစၥာေဖာက္’ အျဖစ္ ပံုေဖာ္ျခင္း တို႔မွာ ယဥ္ေက်းမႈေတာ္လွန္ေရးကာလ ေမာ္စီတုန္း၏ နည္းလမ္းအခ်ိဳ႕ ျဖစ္ေလသည္။ ဌာနခ်ဳပ္ကို ပစ္ပါ ဟု အမိန္႔ေပးခံရေသာ အေျမာက္ဆံ တို႔သည္ အဘယ္က လာသနည္း ? ။ ထိုအေျမာက္ဆံတို႔သည္ မလံုၿခံဳမႈခံစားရေသာ မနာလိုစိတ္မ်ားစီးယိုေနေသာ ေမာ္၀ါဒီ ေခါင္းေဆာင္မ်ား ၏ ရင္ထဲက လာျခင္းပင္ ျဖစ္ေလသည္။

အေမရိကန္ လက္ယာ၀ါဒီ Tea Party လႈပ္ရွားမႈက သံုးစြဲေသာ အထိမ္းအမွတ္အလံတြင္ ခေလာက္ေျမြတစ္ေကာင္က ေပါက္ေတာ့မည့္ ဟန္ျပင္ေနသည့္ ပံုပါရွိသည္။ ထိုေျမြပံု၏ ေအာက္တြင္ Don’t tread on me! ဟု စာေရးထားသည္။ ငါ႔ကို မနင္းနဲ႔၊ နင္းရဲရင္ နင္းၾကည့္ ဆိုသည့္သေဘာ။ လာနင္းရင္ေတာ့ ျပန္ကိုက္မည္၊ မနင္းရင္ မကိုက္ဆိုသည့္ သေဘာ။ မိမိက စလို႔က်ဴးကာ တိုက္ခိုက္သူ မဟုတ္ ဆိုသည့္ သေဘာ ပါေနသည္။ ႏိုင္ငံေရးၿပိဳင္ဖက္မ်ားကို လက္ဦးမႈရယူ အျပတ္ရွင္းတတ္သည့္ ေမာ္ ၏ လုပ္နည္းလုပ္ဟန္ ႏွင့္ ကၽြန္ေတာ္ ႏိႈင္းယွဥ္ေတြးေတာမိျခင္း ျဖစ္သည္။

သို႔ေသာ္ အျခားတစ္ဘက္က ေမာ္၀ါဒီ အေတြးအေခၚ က်ေတာ့ ရန္သူကို မုန္းမွ ျပည္သူကို ခ်စ္ရာေရာက္သည္ ဟု ဆိုၿပီးသည့္ေနာက္၊ မိမိတစ္ဘက္တည္းသားေတြကိုပင္လွ်င္ ရန္သူဆိုတာ ဒီလူေတြ ဟု တံဆိပ္ကပ္ လ်က္ ပစ္မွတ္ေပး ေခ်မႈန္းေစျခင္း နည္းလမ္း ပါရွိသည္ ကို ေတြ႕ႏိုင္သည္။

အစၥေရးႏိုင္ငံကို ဦးေဆာင္တည္ေထာင္သူ ေဒးဗစ္ ဘင္ဂူရီယန္ မွာ နဂိုက လက္၀ဲ၀ါဒီ တစ္ေယာက္ပင္ျဖစ္ေသာ္လည္း အစၥေရးႏိုင္ငံကို ထူေထာင္မည္ဆိုေသာ ရည္မွန္းခ်က္ျဖင့္ သြားရာလမ္းတြင္ အမ်ိဳးမ်ိဳးေသာ မိမိတို႔ အဖြဲ႕ကြဲမ်ားကို တပ္ေပါင္းစုသေဘာ စုစည္းၿပီး ရည္မွန္းခ်က္ဆီ ေရာက္ေအာင္သြားခဲ့သည္။ သူကိုယ္၌က လက္၀ဲယိမ္း ဇီယြန္၀ါဒီ ျဖစ္ေသာ္ျငားလည္း တည္ေထာင္ၾကမည့္ အစၥေရးႏိုင္ငံသစ္မွာ ဒီမိုကေရစီႏိုင္ငံပံုစံျဖစ္ရမည္ ဟု အေသအခ်ာ ဆံုးျဖတ္ပံုေဖာ္ခဲ့ေသာသူ ျဖစ္ေလ သည္။ လက္တြဲေဖာ္မ်ားကိုပင္ ငါနဲ႔မတူ ငါ့ရန္သူဆိုၿပီး ကိုယ့္လူမ်ိဳးခ်င္း ေခ်မႈန္းခဲ့ေသာ ေခါင္းေဆာင္မ်ိဳးမဟုတ္ေခ်။ သူႏွင့္တကြ ရည္မွန္းခ်က္ရွိရာသို႔လည္း ေရာက္ေအာင္ အတူတူ သြားႏိုင္ခဲ့ၾကသည္။

(စကားမွာ စကား ဆိုပါေတာ့) ေမာ္ လား၊ ေဒးဗစ္ လား ဆိုသည့္ အေမး ရွိလာလွ်င္ ေဒးဗစ္ ဟုသာ ေျဖမည္ သာ ျဖစ္ေလသည္။

ေက်ာ္ေဇာဦး
(၁၈-၀၅-၂၀၁၆)

—————–
ကိုးကား –
(1) Destroy the Old !
(2) Cultrul Revolution (Wikipedia)
(3) အျခားေသာ အင္တာနက္ ေဆာင္းပါးမ်ား

*************************

*************************

[ Unicode ]

ဌာနချုပ်ကို ပစ်သော အမြောက်ဆံများ အဘယ်ကလာသနည်း ?

Written by – ကျော်ဇောဦး
(၂၀၁၆ မေလ ၁၈ ရက်)

(ယဉ်ကျေးမှုတော်လှန်ရေး အနှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် စာစု)

မော်စီတုန်း ဦးဆောင်သည့် ယဉ်ကျေးမှုတော်လှန်ရေး ဟု ခေါ်တွင်သော ဧရာမ နိုင်ငံရေး ဖြုတ်ထုတ်သတ် ဖြစ်စဉ်ကြီး မှာ ပြီးခဲ့သော ၂၀၁၆-ခုနှစ် မေလ (၁၆) ရက်နေ့က အနှစ်ငါးဆယ် ပြည့်မြောက်ခဲ့ပြီး လေပြီ။ မဟာ ပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေး (Great Proletarian Cultural Revolution) ဟု တရုတ်ကွန်မြူနစ်ပါတီ တရားဝင်ခေါ်ဝေါ်သော ဗရုတ်သုတ်ခကာလကြီးပင် ဖြစ်လေသည်။

ဖြစ်စဉ်၏ စလုံးရေစ ၁၉၆၆-ခုနှစ် မေလ (၁၆) ရက်နေ့တွင် အောက်ပါစာသားများပါဝင်သော အသိပေးထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခြင်းဖြင့် ယဉ်ကျေးမှုတော်လှန်ရေးကို စတင်ခဲ့သည်။

“ပါတီထဲ၊ အစိုးရအဖွဲ့ထဲ၊ တပ်မတော်ထဲ နှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးသို့ တိတ်တဆိတ် စိမ့်ဝင်ထိုးဖောက်လာခဲ့ကြသော ထို ဘူဇွာလူတန်းစား ကိုယ်စားလှယ်များမှာ တန်ပြန် တော်လှန်ရေးသမား ပြန်လည်ပြင်ဆင်ရေးသမား တစ်သိုက်ဖြစ်ကြသည်။ ၄င်းတို့အတွက် အခြေအနေအရပ်ရပ်တို့ ရင့်မှည့် အဆင်သင့်ဖြစ်သည်နှင့် တပြိုင်နက် ထိုသူတို့သည် နိုင်ငံရေးအာဏာကို ရယူသိမ်းပိုက်ပြီးနောက် ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ဘူဇွာတို့၏အာဏာရှင်စနစ် အဖြစ်သို့ ပြောင်းလဲပစ်လိုက်ကြမည် ဖြစ်သည်။ ထိုသူများထဲမှ အချို့ကို သိသာမြင်သာနိုင်ပြီ ဖြစ်သော်လည်း အချို့ကိုကား မသိသာမမြင်သာနိုင်သေးပေ။ ယင်းထဲမှ အချို့မှာ ကျွန်ုပ်တို့ အခုထက်တိုင် ယုံကြည်မိနေကြသေးသူများ ဖြစ်ကြပြီး၊ ကျွန်ုပ်တို့ကို ဆက်ခံဖို့အတွက်တောင် လေ့ကျင့်သင်ကြား နေရာပေးထားသူတွေ ဖြစ်နေကြသည်။ ပမာဆိုရလျှင် ခရူးရှက် ၏ သဘောသဘာဝရှိသောသူများ ဖြစ်သည်။ ထိုသူများသည် (ဆိုလိုသည်မှာ ထိုရန်သူများသည်) ကျွန်ုပ်တို့၏ နံဘေးတွင်ပင် သက်တောင့်သက်သာ လဲလျောင်းနေကြ တုန်းပင်ဖြစ်လေသည်။ အဆင့်ဆင့်သော ပါတီကော်မီတီ အားလုံးတို့သည် ဤအရေးကိစ္စအား မပြတ် သတိထား စောင့်ကြည့်ကြရမည် ဖြစ်သည်။”

ဆိုလိုရင်းသတင်းစကား ကား ရှင်းပစ်ရမယ့် လူတွေ ငါတို့ထဲမှာ ရှိနေတယ် ဟူ၏။

ထို့နောက် မေလ (၂၅) ရက်နေ့တွင် ပီကင်းရှိ တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦး နှင့် ၄င်း၏ အပေါင်းအသင်းများ သည် ယင်းတက္ကသိုလ်ပါတီခေါင်းဆောင်များကို ဝေဖန်ထားသော စကားလုံးတိုက်ပွဲ ပိုစတာ တစ်ခုအား ကျောင်းဝင်းရှိ အဆောက်အအုံတစ်ခု နံရံတွင် ကပ်သည်။ ရက်များမကြာမီ ပီကင်းရှိ အခြားသော တက္ကသိုလ်တစ်ခုရှိ တက္ကသိုလ်ကျောင်းသား တစ်စုကလည်း မိမိတို့ကိုယ်မိမိတို့ တပ်နီလူငယ်များ ဟု အမည်တပ်ကာ အလားတူ စကားလုံးတိုက်ပွဲ ပိုစတာများ ကပ်ကြသည်။

နောက်လပိုင်းအကြာ သြဂုတ်လ (၆) ရက်နေ့တွင် မော်စီတုန်းသည် အဆိုပါ လှုပ်ရှားမှုများကို အားပေးသော မိန့်ခွန်းတစ်ခုအား ပြောကြားသည်။ တဖန် နောက်ရက်များမကြာမီပင် မော်စီတုန်း ပထမဆုံး စီကုံးရေးသားသည် ဆိုသော တိုက်ပွဲပိုစတာ ထွက်ရှိလာလေသည်။ ယခုဆောင်းပါး၏ ပူးတွဲပါ ဓါတ်ပုံဖိုင် တစ်ခုတွင် စာရေးစုတ်တံကိုင်ထားသော မော်စီတုန်းပုံပါရှိသည်။ ယင်းပိုစတာပင် ဖြစ်လေသည်။ အဆိုပါ ပိုစတာ၏ ညာဘက် အပေါ်ပိုင်း တွင် စာသုံးကြောင်းပါရှိသည်။ ပထမစာကြောင်းက ဆိုသည်မှာ “ဌာနချုပ်ကို အမြောက်နှင့် ပစ်ကြ” ဟူ၏။ ဒုတိယစာကြောင်းက “ကျွန်ုပ်၏ ပထမဆုံး စာလုံးကြီး ပိုစတာ” ၊ တတိယစာကြောင်းက “မော်စီတုန်း” အသီးသီးဖြစ်ကြသည်။ မော်၏ နာမည်ကြီး ဖြုတ်ထုတ်သတ် တိုက်ပွဲခေါ်သံ ပိုစတာဖြစ်လေသည်။ “ဌာနချုပ်ကို အမြောက်နှင့် ပစ်ကြ” (Bombard the heardquarters) ။ ၇၂-နှစ် အရွယ် မော် ၏ တိုက်ပွဲ အော်သံ ဖြစ်လေသည်။

ထို့နောက် သြဂုတ်လ (၈) ရက်နေ့တွင် လာမည့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ကျင့်သုံးရမည့် မော်စီတုန်း၏ လမ်းညွှန်ချက် (၁၆) ချက် ထွက်ရှိ ထုတ်ပြန်သည်။ ထိန်းထိန်းသိမ်းသိမ်း ရေးသားထားသည်ပင်မှန်သော်လည်း စကားလုံးများ၏ အထဲတွင် အကြမ်းဖက်မှု မျိုးစေ့များ ပါဝင်နေသည်။ ဥပမာ – အချက် နံပါတ် (လေး)။

အချက်နံပါတ် (လေး) ။ ။ လူထုကို ယုံကြည်ပါ အားကိုးပါ၊ လူထု၏ ဦးဆောင်ဦးရွက်ပြုမှုကို လေးစားပါ။ ကြောက်ရွံ့မှုကို လွှင့်ပစ်ပါ။ ဥက္ကဌကြီးမော်က ကျွန်ုပ်တို့အား ပြောသည်မှာ – တော်လှန်ရေးမည်သည် အလွန် သိမ်မွေ့နေ၍မရ၊ နူးညံ့နေ၍မရ၊ ကြင်နာသနား ယဉ်ကျေးကာ ချင့်ချင့်ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း လူသူတော်ကောင်း ပုံစံ လုပ်နေ၍ မရ။

တပ်နီအစောင့်တပ်ဖွဲ့လှုပ်ရှားမှု အား လုပ်ဆောင်ကြရတော့မည် ဟု သြဂုတ်လ (၁၈) ရက်နေ့ ထိယင်နင်မင် ရင်ပြင်၌ ပြုလုပ်သော ဧရာမ လူထုစုရုံးဟောပြောပွဲတွင် မော်စီတုန်းက တိုက်တွန်းဟောပြောသည်။ ထိုနေ့က ဟောပြောနေစဉ် မော်၏ လက်မောင်းတွင် စည်းနှောင်ထားသော လက်ပတ်နီမှာ ဤကျောင်းသားလူငယ်များ လှုပ်ရှားမှု၏ အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။ “အဟောင်းလေးမျိုးကို ဖြိုဖျက်ပြီး အသစ်လေးမျိုးကို ပျိုးထောင်ကြ” ဖို့ တပ်နီလူငယ်များအား ထိုဟောပြောပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက်တွင် ဆင့်ကဲဆင့်ကဲ ဖြစ်ပျက်ခဲ့သော သမိုင်းဝင်ဖြစ်စဉ်များတွင်ကား “ဥက္ကဌကြီးမော်၏ အဆိုအမိန့်များ” အမည်ရှိ စာအုပ်နီကလေးများကို လက်တွင်ကိုင်ဆောင်ထားကြသည့် တပ်နီလူငယ်များ တရုတ်နိုင်ငံအနှံ့အပြားတွင်း သောင်းကျန်းမင်းမူကြလေသည်။ နောက်နှစ်နှစ်ဆက်တိုက် ကာလ လုံးလုံး ရက်စက်မှု အပေါင်း သရဖူဆောင်းသည်။ အကြမ်းဖက်မှုတို့ လွှမ်းခြုံသည်။ တရုတ်တစ်ပြည်လုံး ဝရုန်းသုန်းကား ဖြစ်ပျက်နေခဲ့လေသည်။ မည်သူမျှ ထိန်းချုပ်၍ မရ။ ထို မည်သူမျှထိန်းချုပ်၍ မရသော ဝရုန်းသုန်းကား ဖြစ်စဉ်ကြီးကိုပင်လျှင် မော်က ဇက်ကြိုးကိုင်ထားခဲ့သည်။ နှင်တံတို့ထားခဲ့သည်။

Red Guards ခေါ် တပ်နီလူငယ်များသည် စာအုပ်များကို မီးတိုက်သည်။ ဘုရားကျောင်းကန်များကို ဖြိုဖျက်သည်။ ကျောင်းဆရာများကို နည်းမျိုးစုံဖြင့် ဆုံးမသည်။ မော်စီတုန်းအား နိုင်ငံရေးအရ အားပြိုင်နိုင်သူများကို ရှင်းလင်းသည်။ လူအများ သေကြေပျက်စီးကြရသည်။ နံပါတ်နှစ်အဆင့် ခေါင်းဆောင် တရုတ်သမ္မတ လျူရှောက်ရှီ မှာ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရသည်။ ရန်သူ၏ သူလျှို ဖြစ်သည် အစရှိသော စွပ်စွဲချက်ပေါင်းများစွာဖြင့် ရာထူးတာဝန်များအားလုံးမှ ဖယ်ရှားပစ်ခြင်းခံရသည်။ ပါတီမှထုတ်ပစ်ခြင်းခံရသည်။ လျူလျောက်ရှီမှာ အခါအားလျော်စွာ အများမြင်ကွင်း လူစုလူဝေးရှေ့တွင် စွဲချက်တင် အပြစ်တင်ခြင်း လူပုံအလယ်တွင် ရိုက်ပုတ်ခြင်း ထုထောင်းခြင်း တို့ကို တပ်နီလူငယ်များပြုသမျှခံခဲ့ရသည်။ ၁၉၆၉-ခုနှစ်တွင် ထို ဒဏ်ရာ ဒဏ်ချက် များဖြင့် ကွယ်လွန်သည်။ နံပါတ် သုံး-လေး ခေါင်းဆောင် အဆင့်ရှိခဲ့သူ တိန်ရှောင့်ဖိန် သည် လည်း ရာထူးတာဝန်များအားလုံးမှ ဖယ်ရှားခြင်းခံရသည်။ စက်ရုံတစ်ရုံတွင် အောက်ခြေအဆင့် သာမန်အလုပ်သမား တစ်ဦးအဖြစ် လေးနှစ် အလုပ်လုပ်ခဲ့ရသည်။

ထိုစဉ်က ဖြစ်ရပ် ဓါတ်ပုံများစွာတို့တွင် တပ်နီလူငယ်များမှာ စာအုပ်နီကလေးများကို ကိုင်ဆောင်ထား ကြသည် ကို တွေ့ရသည်။ ရက်စက်သောလုပ်ရပ်များကို လုပ်ရာတွင် ဥက္ကဌကြီးမော်၏ အဆိုအမိန့်များကို ထိုစာအုပ်ငယ်ထဲမှ မကြာခဏ ကိုးကားကြသည်။ “သင်တို့ကိုယ်တိုင်နဲ့ လူတန်းစားရန်သူ အကြားမှာ ပြတ်ပြတ်သားသား ခြားနေပါစေ (Draw a line between yourselves and the class enemy)” တို့၊ “ရန်သူကို သနားတာဟာ ပြည်သူလူထုကို ရက်စက်တာနဲ့ အတူတူပဲ (Mercy to the enemy is cruelty to the people!)” ဆိုသည့် မော်၏ စကားတို့မှာ ၄င်းတို့၏ လက်စွဲများ ဖြစ်ကြလေသည်။ တရုတ်ပြည်အနှံ့တွင် လူကြီးများ၊ ပညာရှင်များ၊ ပါတီခေါင်းဆောင်များ၊ ဘာမှန်းညာမှန်းမသိ စွပ်စွဲခံရသူ ယောကျင်္ား မိန်းမများစွာတို့သည် မိမိတို့သားအရွယ် မြေးအရွယ် လူငယ်များထံ သွေးသံရဲရဲဖြင့် ဒူးထောက်တောင်းပန်ကြရသည်။ လည်ပင်းတွင် သစ္စာဖောက် ဆိုသည့် စာတမ်းကို ချိတ်ဆွဲပြီး လူမြင်ကွင်းတွင် ထုထောင်းသတ်ပုတ်ခြင်း ခံကြရသည်။ ခေတ်ပညာတတ် မြို့နေလူတန်းစားတို့အား လယ်တောယာတောများတွင် အလုပ်ကြမ်းလုပ်ရန် အစုလိုက်အပြုံလိုက် ပို့သည်။

မော်စီတုန်း၏ မဟာခုန်ပျံကျော်လွှားမှုကြီး (the Great Leap Forward) ဟု အမည်ပေးထားသည့် စီမံကိန်းကြီး ကျရှုံးသွားပြီးနောက်ပိုင်း ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားကာ တရုတ်ပြည်သူသန်းပေါင်းများစွာ သေကြေခဲ့ရ သည်။ ထိုကျရှုံးမှုမှာ မော်ဝါဒီတို့ ယုံကြည်သော ကွန်မြူနစ်တော်လှန်ရေးကြီး ကိုယ်တိုင်၌က မှားနေလို့ ဖြစ်ရတာမဟုတ်၊ ဒီတော်လှန်ရေးကြီးကို သစ္စာဖောက်သောသူများ ရှိနေလို့သာ တော်လှန်ရေးကြီး ကျရှုံးနေရခြင်းဖြစ်သည် ဟု ယဉ်ကျေးမှုတော်လှန်ရေးအားဖြင့် ပုံဖော်ပစ်လိုက်သည်။ အင်အား ကြီးမားလှစွာသော ပြည်သူလူထု၏ မကျေနပ်မှု ကို ထွက်ပေါက် ပေးလိုက်သည်။ တစ်ပြိုင်တည်းမှာ နိုင်ငံရေးပြိုင်ဖက်များ (တစ်ကယ်တော့ လုပ်ဖော်ကိုင်ဖက် ဟောင်းများ) ကို ရှင်းလင်းပစ် လိုက်သည်။

မော် သည် အတုမရှိ ခေါင်းဆောင် ပြန်ဖြစ်သွားသည်။
———————-

မြန်မာ့နိုင်ငံရေးတွင် တစ်ခါက မော်ဝါဒီတွေ ပေါပေါများများတွေ့ရသော ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။

ယဉ်ကျေးမှုတော်လှန်ရေးမှာ ရာစုနှစ်ဝက် ကြာမြင့်ခဲ့ပြီး၊ မော်စီတုန်း ကွယ်လွန်သည်မှာ နှစ်ပေါင်းလေးဆယ်ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာ့လူ့အဖွဲ့အစည်း ရခိုင့်လူ့အဖွဲ့အစည်းတို့တွင် မော်ဝါဒအား လျှို့ဝှက်သိုသိပ်စွာ ရင်ဝယ်ပိုက်ထားကြသူများ ယနေ့ထက်တိုင် ရှိနေဆဲ ဟုတ်မဟုတ် တိတိပပ မပြောနိုင်ပေ။ သို့ရာတွင် သဘောတရားရေးအရ မော်ဝါဒီ လုံးဝမဟုတ်ပါ ဟု ခံငြင်းစေဦးတော့ နိုင်ငံရေးအမူအကျင့် နိုင်ငံရေးဆောင်ရွက်ရာမှာ လုပ်တတ်ကိုင်တတ်ပုံ (modus operandi) မှာ မော်ဝါဒီ အရိပ်အငွေ့များ ရှိကောင်း ရှိနေနိုင်သည်။

လူထုယုံကြည်မှု မှန်ကန်စွာရယူနိုင်ရေးထက် ပါတီထိန်းချုပ်နိုင်ရေးကိုသာ အားပြုခြင်း၊ ‘ရန်မုန်းမှ ငါချစ်ရာရောက်သည်၊ ရန်ငါပြတ်ရမည်’ စသည်အားဖြင့် လူငယ်များအားမှိုင်းတိုက်ခြင်း၊ မှိုင်းမိနေသော လူငယ်များကတစ်ဆင့် မိမိ၏ နိုင်ငံရေးပြိုင်ဖက်များအား ပုတ်ခတ်ခြင်း တိုက်ခိုက်ခြင်း ချေမှုန်းခြင်း၊ လုပ်ဖော်ကိုင်ဖက်များ ပြိုင်ဘက်များကို ‘ရန်သူ’ အဖြစ် ‘ရန်သူ့သူလျှို’ အဖြစ် ‘သစ္စာဖောက်’ အဖြစ် ပုံဖော်ခြင်း တို့မှာ ယဉ်ကျေးမှုတော်လှန်ရေးကာလ မော်စီတုန်း၏ နည်းလမ်းအချို့ ဖြစ်လေသည်။ ဌာနချုပ်ကို ပစ်ပါ ဟု အမိန့်ပေးခံရသော အမြောက်ဆံ တို့သည် အဘယ်က လာသနည်း ? ။ ထိုအမြောက်ဆံတို့သည် မလုံခြုံမှုခံစားရသော မနာလိုစိတ်များစီးယိုနေသော မော်ဝါဒီ ခေါင်းဆောင်များ ၏ ရင်ထဲက လာခြင်းပင် ဖြစ်လေသည်။

အမေရိကန် လက်ယာဝါဒီ Tea Party လှုပ်ရှားမှုက သုံးစွဲသော အထိမ်းအမှတ်အလံတွင် ခလောက်မြွေတစ်ကောင်က ပေါက်တော့မည့် ဟန်ပြင်နေသည့် ပုံပါရှိသည်။ ထိုမြွေပုံ၏ အောက်တွင် Don’t tread on me! ဟု စာရေးထားသည်။ ငါ့ကို မနင်းနဲ့၊ နင်းရဲရင် နင်းကြည့် ဆိုသည့်သဘော။ လာနင်းရင်တော့ ပြန်ကိုက်မည်၊ မနင်းရင် မကိုက်ဆိုသည့် သဘော။ မိမိက စလို့ကျူးကာ တိုက်ခိုက်သူ မဟုတ် ဆိုသည့် သဘော ပါနေသည်။ နိုင်ငံရေးပြိုင်ဖက်များကို လက်ဦးမှုရယူ အပြတ်ရှင်းတတ်သည့် မော် ၏ လုပ်နည်းလုပ်ဟန် နှင့် ကျွန်တော် နှိုင်းယှဉ်တွေးတောမိခြင်း ဖြစ်သည်။

သို့သော် အခြားတစ်ဘက်က မော်ဝါဒီ အတွေးအခေါ် ကျတော့ ရန်သူကို မုန်းမှ ပြည်သူကို ချစ်ရာရောက်သည် ဟု ဆိုပြီးသည့်နောက်၊ မိမိတစ်ဘက်တည်းသားတွေကိုပင်လျှင် ရန်သူဆိုတာ ဒီလူတွေ ဟု တံဆိပ်ကပ် လျက် ပစ်မှတ်ပေး ချေမှုန်းစေခြင်း နည်းလမ်း ပါရှိသည် ကို တွေ့နိုင်သည်။

အစ္စရေးနိုင်ငံကို ဦးဆောင်တည်ထောင်သူ ဒေးဗစ် ဘင်ဂူရီယန် မှာ နဂိုက လက်ဝဲဝါဒီ တစ်ယောက်ပင်ဖြစ်သော်လည်း အစ္စရေးနိုင်ငံကို ထူထောင်မည်ဆိုသော ရည်မှန်းချက်ဖြင့် သွားရာလမ်းတွင် အမျိုးမျိုးသော မိမိတို့ အဖွဲ့ကွဲများကို တပ်ပေါင်းစုသဘော စုစည်းပြီး ရည်မှန်းချက်ဆီ ရောက်အောင်သွားခဲ့သည်။ သူကိုယ်၌က လက်ဝဲယိမ်း ဇီယွန်ဝါဒီ ဖြစ်သော်ငြားလည်း တည်ထောင်ကြမည့် အစ္စရေးနိုင်ငံသစ်မှာ ဒီမိုကရေစီနိုင်ငံပုံစံဖြစ်ရမည် ဟု အသေအချာ ဆုံးဖြတ်ပုံဖော်ခဲ့သောသူ ဖြစ်လေ သည်။ လက်တွဲဖော်များကိုပင် ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ကိုယ့်လူမျိုးချင်း ချေမှုန်းခဲ့သော ခေါင်းဆောင်မျိုးမဟုတ်ချေ။ သူနှင့်တကွ ရည်မှန်းချက်ရှိရာသို့လည်း ရောက်အောင် အတူတူ သွားနိုင်ခဲ့ကြသည်။

(စကားမှာ စကား ဆိုပါတော့) မော် လား၊ ဒေးဗစ် လား ဆိုသည့် အမေး ရှိလာလျှင် ဒေးဗစ် ဟုသာ ဖြေမည် သာ ဖြစ်လေသည်။

ကျော်ဇောဦး
(၁၈-၀၅-၂၀၁၆)

—————–
ကိုးကား –
(1) Destroy the Old !
(2) Cultrul Revolution (Wikipedia)
(3) အခြားသော အင်တာနက် ဆောင်းပါးများ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s