ရခိုင်က အိမ်ရှင်နဲ့သူခိုး တို့ရဲ့ တန်းတူရေးပြဿနာ
************************
[ Zawgyi ]
ကျော်ဇောဦး
(၂၃-၀၅-၂၀၁၆)
ကျော်ဇောဦး
(၂၃-၀၅-၂၀၁၆)
************************
************************
[ Unicode ]
ရခိုင်က အိမ်ရှင်နဲ့ သူခိုး တို့ရဲ့ တန်းတူရေးပြဿနာ
ကျော်ဇောဦး
(၂၃-၀၅-၂၀၁၆)
မနေ့က (၂၂-၀၅-၂၀၁၆ နေ့က) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ဖြစ်ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး (နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ) ပြောတဲ့ အထဲမှာ “အဲသည် (လူမျိုးလိမ်) နာမည်ကိစ္စထက် ပိုပြီးအရေးကြီးတဲ့ ပြဿနာတွေ ကျွန်မတို့မှာ ကိုင်တွယ်ဖြေရှင်း ဖို့ရာရှိနေတယ် လို့ ကျွန်မတို့ပြောနေတာဖြစ်တယ်” ဆိုပြီး ပါ ပါတယ်။ (What we are saying is that there are more important things for us to cope with than just the issue of nomenclature.)
ဒီနေ့ (၂၃-၀၅-၂၀၁၆)မနက်ပိုင်းမှာ သြစတေးလျလူမျိုး သတင်းသမားတစ်ယောက် ကျွန်တော့်အိမ်ကို ရောက်လာလို့ အလွတ်သဘော ဟိုဟိုသည်သည် ထိုင်ပြောဖြစ်ကြတော့ အဲဒီအကြောင်းကို ကျွန်တော် ထည့်ပြောဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး မနေ့က ပြောတဲ့ အတိုင်းအတာဟာ ရခိုင်လူမျိူးတစ်မျိုး တည်းသာမက မြန်မာ ဆိုတဲ့ တစ်တိုင်းပြည်လုံးရင်ဆိုင်နေရတဲ့ ဧရာမ ပြဿနာကြီးတစ်ခုကို ဘာမှ မဟုတ်ပါဘူး ဆိုပြီး သေးသိမ်သွားအောင် လုပ်ရာရောက်တယ်၊ ပြဿနာရဲ့ အရေးပါမှုကို သေးသိမ်စေတယ်၊ She downplayed/understated the seriousness of the issue. လို့တောင် ကျွန်တော် ပြောဖြစ်ခဲ့ သေး တယ်။
ပြီးတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့အထဲမှာ တိုင်းရင်းသားရခိုင်တွေကို နစ်နာစေတဲ့ အချက် တစ်ချက်က ဟိုခိုးဝင်လူအုပ်စုကို ဒေသခံတိုင်းရင်းသားတွေနဲ့ တန်းတူထားပြီး လူ့အဖွဲ့အစည်း နှစ်ခုလို့ ခေါ်ဝေါ် သုံးစွဲသွားတာ ဖြစ်ပါတယ်။ to the benefits of both communities လို့ ပြောသွားတဲ့ အထဲမှာ အဆုံးပိုင်းမှာ ပါ ပါတယ်။ ဒါတင်မကသေးဘူး။ အစောပိုင်းပြောတဲ့ စကားပိုင်းမှာ ဆိုရင် “ရခိုင်ဒေသက ကျွန်မတို့ ပြည်သူတွေ အကြား ပိုမိုကြီးမားတဲ့ (စိတ်ဝမ်း)ကွဲပြားမှုတွေ ကို ဖန်တီးရာရောက်စေတဲ့ . . . ( . . . create greater division between our people in the Rakhine.)” ဆိုတဲ့စကားဟာ ဒီနှစ်မျိုးကွဲပြားတာကို ရည်ညွှန်းပြီး ခိုးဝင်တွေကိုလည်း ရောထွေးယှက်တင် ‘ကျွန်မတို့ပြည်သူတွေ’ လို့ ဆိုလိုရာရောက်နေတယ်။
မူရင်းနေထိုင်သူ တိုင်းရင်းသားအုပ်စု နဲ့ ခိုးဝင်တွေအုပ်စု နှစ်အုပ်စု စလုံးကို မငြိုငြင်စေချင်တဲ့အတွက် အခေါ်အဝေါ် နှစ်မျိုးစလုံးကို မသုံးစေချင်ဘူးလို့ ဆိုလိုရာရောက်တဲ့စကားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး က ပြောသွားပါတယ်။ တရားမျှတသူကြီးရဲ့ စကားလိုလို ဘာလိုလို ပုံဖမ်းထားပေမယ့် (၁) ဒီနှစ်အုပ်စုစလုံး (အိမ်ရှင်နဲ့သူခိုး) ကို တန်းတူထားလို့ တန်းညှိပြီး ပြောတာ၊ (၂) နှစ်ဘက်လုံးက အသီးသီး သုံးစေချင်တဲ့ အခေါ်အဝေါ် အသီးသီးဟာ ပြဿနာဘက်ကို ဦးတည်နိုင်တဲ့ အတွက် ဒီအခေါ်အဝေါ် နှစ်မျိုးစလုံးကို မသုံးစေလိုကြောင်း ပြောတာ၊ ဆိုလိုတဲ့သဘောက အိမ်ရှင်စကားကိုလည်း အမှန်မယူဘူး သူခိုးစကားကိုလည်း အတည်မကိုင်ဘူး လို့ဆိုတာ (၃) Chitagonian Bengali စစ်တကောင်းသား ဘင်္ဂါလီ ကို စစ်တကောင်းသား ဘင်္ဂါလီ လို့ မခေါ်ရဲတာ . . . စတာတွေကို ထောက်ချင့်ခြင်းအားဖြင့် မိမိတို့တရားဝင်အစိုးရရဲ့ ရပ်တည်ချက်ဟာ အရင်အစိုးရထက် ပိုပြီးတော့တောင် မြန်မာနိုင်ငံသားတွေ နစ်နာဖွယ်ရာကို ဦးတည်နေတယ် ဆိုတာကို မြင်နေရပါတယ်။ မိမိတို့ မြန်မာနိုင်ငံသားတွေ ဘက်က ခြေလှမ်းတွေ နောက်ဆုတ်ပေးထားတယ် ဆိုတာကို မြင်နိုင်ပါတယ်။ ဒါဟာ လက်ရှိမျိုးဆက် ကိုသာမက လာမယ့် မြန်မာနိုင်ငံသား မျိုးဆက်တွေကို များစွာ နစ်နာစေမယ့် အကြောင်းတွေ ရှိလာမှာ ဖြစ်ပါတယ်။
စစ်တွေက သက္ကယ်ပြင်ရွာသား ဘင်္ဂါလီတွေဟာ တရုတ်ပြည်နယ်စပ်ဘက်နား ဟိုနေရာသည်နေရာတွေမှာ တိုင်းရင်းသူတွေကို ယူပြီး ဟိုမှာ အစုလိုက် ဒီမှာအစုလိုက် အခြေကျနေကြတာ တချို့အစုတွေဆိုရင် ဒုတိယ သက္ကယ်ပြင်ရွာ လို့တောင် ခေါ်ရလောက်အောင် ဖြစ်နေပြီ။ အခြား အခြားသော ရောဂါလက္ခဏာတွေကိုတော့ အသေးစိတ် မပြောတော့ပါဘူး။
ကင်ဆာရောဂါကို ကင်ဆာလို့မခေါ်ပါနဲ့ လို့ဆိုတဲ့အတွက် ကင်ဆာလို့ မခေါ်ကြရုံနဲ့၊ ဒီလို မခေါ်တဲ့အတွက် ကုဖို့မလိုဘူး ဆိုပြီး မကုဘဲနေရုံနဲ့ ကင်ဆာရောဂါ ပျောက်မသွားဘူး။ သေမှာပဲ။ ကင်ဆာကို ကင်ဆာလို့ ခေါ်ကြရင်တော့ ဟာ . . . ဒါ ကင်ဆာပဲ၊ ကုသမှုတွေ လုပ်နိုင်ရင်လုပ်ရမယ် ဆိုပြီး ကုသမှုလုပ်လို့ အချိန်မီရင် အသက်ကယ်နိုင်ပါလိမ့်မယ်။ အချိန်တစ်ခုခုသော်လည်းကောင်း ဆွဲဆန့်နိုင်ပါလိမ့်မယ်။
သက်ဆိုင်ရာအခေါ်အဝေါ် နောက်က လိုက်လုပ်ရမယ့် သက်ဆိုင်ရာလုပ်ရပ်တွေက စောင့်ဆိုင်းနေတယ်။
သက်ဆိုင်ရာလုပ်ရပ်တွေနောက်က သက်ဆိုင်ရာအကျိုးဆက်တွေက စောင့်နေတယ်။ အဲဒါကတော့ သေမလား၊ ရှင်မလား ဆိုတာပဲ။
တာဝန်ကြီးကြီးယူကြရသူတွေဟာ အပေးအယူ အလျော်အစားတွေ၊ ရေတိုရေရှည်တွေကို အားလုံးတွက်ချက် စဉ်းစားပြီး လုပ်ဆောင်ပြောဆိုကြရတယ် ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ဒီအပေးအယူ အလျော်အစားတွေကြားမှာ ဘာတွေကို စားသင့်ပြီးတော့ ဘာတွေကို အစားကျွေးလိုက်ရင်တောင်းမယ် လို့ ဆုံးဖြတ်တဲ့ နေရာမှာ ခေါင်းဆောင်တွေရဲ့ ဦးစားပေး သတ်မှတ်ချက်တွေတော့ တူကြမယ် မထင်ပါဘူး။
ဒီကစားပွဲမှာ ခေတ်သစ်နယ်ချဲ့ဝါဒီ အမေရိကန်ကတော့ ရှေ့ကိုလေးလှမ်းတိုးပြီးခါမှ တစ်လှမ်း ပြန်ဆုတ်လိုက် တယ်။ အလျှော့ပေးလိုက်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အရင်ကထက် သုံးလှမ်းစာ နေရာယူ ထားပြီးသား ဖြစ်သွားတယ်။
ကျော်ဇောဦး
(၂၃-၀၅-၂၀၁၆)
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s