နိုင်ငံ၊ လူမျိုးနှင့် အချုပ်အခြာ အာဏာကို စောင့်ရှောက်သော ဥပဒေ (အပိုင်း ၁)

[ Zawgyi version here ] [ Unicode version below ]

နိုင္ငံ၊ လူမ်ိဳးႏွင့္ အခ်ဳပ္အျခာ အာဏာကို ေစာင့္ေရွာက္ေသာ ဥပေဒ (အပိုင္း ၁)

႐ံႈးေနရင္းကကို အေက်ာေတြ ေပးေပးေနရ

တစ္ခါတေလ ကစားပြဲ (Game)ေတြမွာ မိမိကိုယ္ႏိႈက္က လက္ခံတဲ့အတြက္ အေက်ာေပးတဲ့ အေနနဲ႔ျဖစ္ေစ မလႊဲမေရွာင္သာေတာ့လို႔ျဖစ္ေစ ေရြးခ်ယ္စရာ မရွိေတာ့လို႔ျဖစ္ေစ ကစားပြဲရဲ႕စည္းမ်ဥ္းမ်ား (Rule of the Game) ေတြဟာ မွ်တျခင္းမရွိေၾကာင္း သိသိႀကီးနဲ႔ကို အေၾကာင္းေၾကာင္းေသာ အေၾကာင္းေၾကာင္းတို႔ကို အေၾကာင္းျပဳၿပီး သကာလ အဲဒီစည္းမ်ဥ္းေတြကို လက္ခံကာ ပါ၀င္ကစားၾကရတဲ့ ကစားပြဲေတြ ရွိတတ္ၾကတယ္။ ဥပမာအားျဖင့္ အနီးစပ္ဆံုးျပရရင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ ျဖစ္ပါတယ္။ 

အခု ၁၉၈၂-ႏုိင္ငံသားျဖစ္မႈ ဥပေဒနဲ႔ စိစစ္တဲ့ ျဖစ္စဥ္မွာ စစ္ေဆးမႈ လုပ္လိုက္တိုင္း လုပ္လိုက္တိုင္း မိမိတို႔ဘက္က ႐ံႈးေနတဲ့အ႐ံႈး တစ္ခုရွိတယ္။ ဟုတ္ၿပီ . . . ၈၂ နဲ႔ စစ္တာေတာ့ ဟုတ္ၿပီ၊ စစ္လိုက္လို႔ ႏုိင္ငံသားမျဖစ္ထိုက္ေၾကာင္း ေတြ႕ရွိရသူေတြကိုက်ေတာ့ ဘာလုပ္မလဲဆိုတဲ့ အေမးကို ေမးၾကည့္ရင္ ကိုယ္ဘာ ႐ံႈးေနသလဲဆိုတာကို ျမင္ရပါတယ္။ ဒီတရားမဲ့ ေရာက္ရွိေနသူေတြကို ဥပေဒနဲ႔အညီ ေထာင္ခ်မွာလား၊ ေထာင္ခ်ၿပီးလို႔ ေထာင္ကလြတ္လာရင္ ဘယ္ကိုပို႔မွာလဲ၊ ဘဂၤလားဘက္ကို အတင္းျပန္ပို႔မလား၊ ပင္လယ္ထဲက ကြၽန္းတစ္ကြၽန္းေပၚကို ပို႔မလား၊ ေထာင္မွာ မဆံ့ရင္ေကာ ဘယ္လိုလုပ္မလဲ၊ ကုန္းေပၚက ကန္႔သတ္နယ္ေျမတစ္ခုမွာ သံဆူးႀကိဳး ျခံစည္း႐ိုး ခတ္ထားမလား၊ ဒါမွမဟုတ္ ခိုး၀င္မွန္းသိတဲ့သူေတြကို အခုေနအတိုင္း INGO ေတြက ေဒသခံလူနည္းစုေတြကို မေပးတဲ့ ေထာက္ပံ့မႈ အတိုင္းအတာေတြေပး အားေဆးေတြထိုးၿပီး ျပဳစုပ်ိဳးေထာင္ထားမလား …။ ကြၽန္ေတာ္ တို႔မွာေတာ့ ေမးခြန္းေတြပဲရွိေနတယ္။ ေဒသခံ ၿမိဳ၊ ခမီ၊ ဒိုင္းနက္၊ ရခိုင္ စတာေတြထက္ ခိုး၀င္ေတြကို ပိုမိုအားေကာင္းေအာင္ ႏိုင္ငံတကာ အေထာက္အပံ့ ဒလေဟာေပးခြင့္ကို တာ၀န္မဲ့စြာနဲ႔ ဒီအတိုင္းပဲ ေပးထားမွာကိုလည္း သိေနတယ္။

ဒီကစားပြဲ (Game) မွာ ပံုစံက ဘယ္လိုျဖစ္ေနသလဲဆိုေတာ့ ‘ငါေတာ့ မ႐ံႈးဘူး၊ ဖဲတစ္ပြဲခ်င္း တစ္လက္ခ်င္းမွာ ငါ နည္းနည္းစီ ႏိုင္မယ္၊ မင္းလက္ထဲမွာ ပါလာတဲ့ပိုက္ဆံေတြ အကုန္ကုန္ၿပီး ငါ့လက္ထဲကိုေရာက္ေတာ့မွ ဖဲ၀ိုင္းၿပီးမယ္’ ဆိုသလိုမ်ဳိး ျဖစ္ေနတယ္။ ၁၉၈၂ ဥပေဒကို ေဖာက္ဖ်က္ လီဆယ္ ၿပီးေတာ့ ဘဂၤါလီေတြကို ျပဳႏိုင္ငံသား နည္းနည္းခ်င္း ေပးသြားမယ္၊ က်န္တဲ့ တရားမဲ့ ေရာက္ရွိ ေနသူေတြကို ဒီအတိုင္းထားမယ္၊ ခုနက ျပဳႏိုင္ငံသား ျဖစ္သြားတဲ့သူနဲ႔ မျဖစ္ေသးတဲ့ သူေတြနဲ႔ လက္ထပ္မယ္၊ ကေလးေတြေမြးမယ္၊ လက္မထပ္လည္း ျပႆနာမရွိဘူး၊ ဖမ္းမွ မဖမ္းတာကိုး …။ ဒီလိုနဲ႔ အခ်ိန္ေတြ ေနာက္ နည္းနည္း ၾကာလာတဲ့အခါ ေနာက္တစ္ခါ ႏိုင္ငံသားစိစစ္ေရး လုပ္တယ္ဆိုတာႀကီးကို ေနာက္ထပ္လုပ္ျပန္ဦးမယ္ …။ ဒီလိုနဲ႔ ပံုမွန္ လူဦးေရတိုးႏႈန္းထက္ မကေသာ ႏႈန္းထားနဲ႔ တိုးေနတဲ့ ျပင္ပလူအုပ္စု တစ္စုဟာ ႏိုင္ငံသားေတြ ျဖစ္သြားမယ္။ အဲဒီလူအုပ္စုဟာ လူဦးေရ ေပါက္ကြဲမႈျဖစ္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံကလူေတြ ေနာက္ထပ္ ၀င္လာဖို႔အတြက္ရာ အခိုင္အမာ စခန္းေထာက္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ လူမႈေရး၊ စီးပြားေရးနဲ႔ ႏိုင္ငံေရးတို႔မွာ ေနရာရၿပီး ျဖစ္ေနလိမ့္မယ္။ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာဟာလည္း စည္းေပါက္ယြင္းယိုတဲ့ Compromised ျဖစ္သြားတဲ့ အေျခအေန ေရာက္သြားပါလိမ့္မယ္။

ဒီေတာ့ ေမးခြန္းက ဒီလို …၊ ဟုတ္ၿပီ၊ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဥပေဒနဲ႔ ဒီဘဂၤါလီေတြကို စစ္မယ္။ စစ္လို႔ (ျပဳ)ႏိုင္ငံသား ျဖစ္တဲ့လူ ျဖစ္လာမယ္၊ ဟုတ္ၿပီ၊ ႏိုင္ငံသားေပးလိုက္ပါ၊ ဒါေပမဲ့ ႏိုင္ငံသား ျဖစ္ထိုက္ေၾကာင္း မေတြ႕ရဘဲ ျမန္မာႏိုင္ငံထဲမွာ ေရာက္ေနတဲ့သူေတြကို ဘာလုပ္ၾကမွာလဲ …။

‘ျမန္မာႏိုင္ငံသား ဥပေဒဆိုင္ရာ လုပ္ထံုးလုပ္နည္းမ်ား’ ရဲ႕ အပိုဒ္-၂၈ မွာ ဒီလိုျပ႒ာန္းထားတယ္။ ‘၁၉၄၈ ခုႏွစ္ ဇြန္န၀ါရီလ ၄ ရက္ ေန႔မွစ၍ ႏိုင္ငံေတာ္အတြင္းသို႔ မတရားေသာ နည္းလမ္းျဖင့္ ၀င္ေရာက္လာၾကၿပီး ႏုိင္ငံသား မွတ္ပံုတင္ လက္မွတ္ကိုင္ေဆာင္ျခင္းမရွိဘဲ  ေနထိုင္လ်က္ရွိေသာ ႏိုင္ငံျခားသားမ်ားသည္ ျပည္ထဲေရး ၀န္ႀကီးဌာနက သတ္မွတ္သည့္ ေန႔ရက္ကို ေနာက္ဆံုးထား၍ ႏိုင္ငံေတာ္မွ ထြက္ခြာသြားရမည္’ လို႔ ဆိုထားတယ္။ သူ႔ရဲ႕ ေနာက္ဆက္တြဲ အပိုဒ္-၂၉ ကေတာ့ ထြက္ခြာသြားျခင္း မျပဳရင္ တည္ဆဲဥပေဒျပ႒ာန္းခ်က္ေတြအရ အေရးယူရမည္လို႔ ဆိုထားပါတယ္။

ေဖာ္ျပထားတဲ့ အေရးယူႏိုင္တဲ့ျပ႒ာန္းခ်က္ သံုးမ်ဳိးအနက္ တစ္မ်ဳိးကေတာ့ ၁၉၄၇ ခုႏွစ္ ျမန္မာႏိုင္ငံ လူ၀င္မႈႀကီးၾကပ္ေရး (လတ္တေလာ ျပ႒ာန္းခ်က္မ်ား) အက္ဥပေဒ ပုဒ္မ ၁၃ (၁) ျဖစ္ပါတယ္။ တရားဥပေဒနဲ႔မညီတဲ့ ၀င္ေရာက္ေနထိုင္သူေတြကို ပုဒ္မ ၁၃ (၁) အရ ေထာင္ေျခာက္လကေန ငါးႏွစ္အတြင္းျဖစ္ေစ၊ အနည္းဆံုး ဒဏ္ေငြ က်ပ္ ၁၅၀၀ ျဖစ္ေစ၊ ႏွစ္မ်ဳိးစလံုးျဖစ္ေစ ခ်မွတ္စီရင္ရမယ္လို႔ ျပ႒ာန္းထားတယ္။

ဥပေဒအတိုင္း တိတိက်က်ျဖစ္ရမယ့္ ဥစၥာေတြကို အထက္မွာ ဥပေဒ အခ်က္အလက္ေတြ ဘာေတြနဲ႔ ေျပာခဲ့တာကို လူနားလည္လြယ္ေအာင္ ျပန္ေျပာရရင္ … လူတစ္သန္းလား ဘာလား ဒီမွာ ေရာက္ေနတယ္၊ ဘာကတ္မွ မရွိဘူး၊ ဒီေတာ့ ဥပေဒသတ္မွတ္ခ်က္အရဆိုရင္ ႏိုင္ငံျခားသားေတြ ျဖစ္ေနတယ္၊ ဥပေဒအတိုင္း အေရးယူမယ္ဆိုရင္ သူတို႔ကို ဒီေျမကေန ထြက္သြားေစရမယ္၊ မသြားဘူးလား … ေထာင္ခ်ရမယ္။ ဒါက သတ္မွတ္ ျပ႒ာန္းထားတဲ့အတိုင္း ျဖစ္ရမယ့္ သေဘာကို လိုရင္းတိုရွင္း ေျပာျပတာ။

ကဲ ဒီေတာ့ အထက္မွာ ဆင့္ကဲဆင့္ကဲ ေရးထားတာေတြကို အခ်ဳပ္ျပဳလို႔ေျပာရမယ္ဆိုရင္ ဘာပဲေျပာေျပာ … ေရေမ်ာကမ္းတင္ေတြကို ကုန္းေပၚက ဘယ္လိုဖယ္ရွားမယ္ဆိုတဲ့ ရွင္းရွင္းလင္းလင္း မူ၀ါဒ တစ္ခုခု ကြၽန္ေတာ္တို႔ မ်က္စိေရွ႕မွာ ထင္သာျမင္သာ ရွိမေနဘူးလို႔ပဲ ေျပာရပါလိမ့္မယ္။

(၂)

၈၂ ဥပေဒမွာ အေပါက္ေတြ ေပါက္ေနတယ္ ဆိုတာ မွန္သလား

ႏိုင္ငံတကာ INGO နဲ႔ UN bodies ေတြရဲ႕ အႀကီးအကဲအခ်ဳိ႕နဲ႔ ၂၀၁၅ ေရြးေကာက္ပြဲအၿပီး ကြၽန္ေတာ္နဲ႔ သီးျခား ေတြ႕ဆံုျဖစ္ခဲ့ ၾကစဥ္မွာ သူတို႔ဘက္က ေျပာတာရွိတယ္။ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဥပေဒနဲ႔ ဘဂၤါလီေတြကို စိစစ္လိုက္ရင္ အကုန္လံုးနီးပါးက ႏိုင္ငံသားေတြ ျဖစ္သြားႏိုင္တယ္ဆိုတဲ့ ဥပေဒပိုင္းဆိုင္ရာ သံုးသပ္ခ်က္ အခိုင္အမာ ရွိေနတယ္လို႔ သူတို႔က ဆိုတယ္။ ကြၽန္ေတာ္က လံုး၀မဟုတ္ဘူးလို႔ ျငင္းတယ္။ သူတို႔ကေတာ့ အဓိပၸာယ္ပါတဲ့ အျပံဳးေတြကို ျပံဳးျပပါတယ္။ ငါတို႔ ဖဲခ်ဳိးထားတာကို ဒီငနဲ သိပံုမရဘူးဆိုတဲ့ အဓိပၸာယ္ ျဖစ္ေကာင္းျဖစ္မယ္။

အလားတူပဲ ၿပီးခဲ့တဲ့သံုးပတ္ေလာက္က ျမန္မာ့အေရးကြၽမ္းက်င္သူ (အထူးသျဖင့္ ျမန္မာႏိုင္ငံထဲက ဘဂၤါလီမ်ားအေရး) ကို ကြၽမ္းက်င္သူ ႏိုင္ငံျခားသား စာေရးသူတစ္ဦးက ေတြ႕ခ်င္ ေျပာခ်င္ပါတယ္ဆိုလို႔ ကြၽန္ေတာ့္ ေနအိမ္ကို ေရာက္လာၿပီး အလြတ္သေဘာ ေျပာၾကရာမွာ သူကလည္းပဲ ဒီသေဘာကို ေျပာပါတယ္။ အဓိက,ကေတာ့ လူ၀င္မႈ ႀကီးၾကပ္ေရး ၀န္ႀကီးေဟာင္း ဦးခင္ရီကလည္း ဘဂၤါလီေတာ္ေတာ္မ်ားမ်ား ႏိုင္ငံသား ရသြားႏုိင္တယ္လို႔ ေျပာဖူးေၾကာင္းကို ေထာက္ျပတယ္။ ၈၂-ဥပေဒ အာဏာသက္ေရာက္မႈ မရွိခင္ကာလက ႏိုင္ငံသားျဖစ္ၿပီးသူေတြဟာ ႏိုင္ငံသား ျဖစ္တယ္ဆိုတဲ့အခ်က္နဲ႔ အဓိက သက္ဆိုင္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

ေနာက္ၿပီးေတာ့ ေျမပံုမွာစစ္ေဆးတဲ့ အခါ ဒီလို မရမက ေဖာက္ထားတဲ့ အေပါက္ကို သံုးၿပီးေတာ့ ေလွ်ာက္ထားသူေတြထဲက ေတာ္ေတာ္မ်ားမ်ားကို ႏိုင္ငံသားနဲ႔ ျပဳႏိုင္ငံသားေတြအျဖစ္ကို ေပးခဲ့တယ္။ ကိန္းဂဏန္းအတိအက်ဆိုရင္ ႏိုင္ငံသား ၄၀ နဲ႔ ျပဳႏိုင္ငံသား ၁၆၉ ဦး ျဖစ္ပါတယ္။ ဒါကိုမေက်နပ္တဲ့ ေျမပံု ၿမိဳ႕သူၿမိဳ႕သားေတြဟာ ျပည္နယ္အာဏာပိုင္ေတြ ေျမပံုၿမိဳ႕ကို ေရာက္လာတဲ့အခါ တစ္ၿမိဳ႕လံုး အိမ္တံခါး ေစ်းဆိုင္တံခါးေတြပိတ္ၿပီး အသံတိတ္ ဆႏၵျပခဲ့ၾကတယ္။

ဒီေတာ့ သူတို႔ေတြေျပာေနသလို တကယ္ပဲ ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသားဥပေဒမွာ ယိုေပါက္ေတြ ေပါက္ေနျခင္း ဟုတ္မဟုတ္ အမ်ားျပည္သူသိေအာင္ ေဖာ္ထုတ္ေျပာျပဖို႔ လိုအပ္လာပါတယ္။ ပထမဆံုးအခ်က္အေနနဲ႔ ၈၂ ဥပေဒ အာဏာသက္ေရာက္မႈ မရွိခင္ ကာလက ႏိုင္ငံသားျဖစ္ၿပီးသူေတြဟာ ႏိုင္ငံသား ျဖစ္တယ္ဆိုတဲ့အခ်က္နဲ႔ သက္ဆိုင္တဲ့ ၈၂ ဥပေဒရဲ႕ ပုဒ္မ ၆ ကို အေသအခ်ာ ေစ့ေစ့ငုငု အႏုလံုပဋိလံု သံုးသပ္ၾကည့္ၾကပါမယ္။

၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသားဥပေဒ ပုဒ္မ ၆ က ဒီလိုဆိုပါတယ္။ ‘ဤဥပေဒ အာဏာ တည္သည့္ေန႔တြင္ ႏိုင္ငံသားျဖစ္ၿပီးသူသည္ ႏိုင္ငံသားျဖစ္သည္။ သို႔ရာတြင္ ပုဒ္မ ၁၈ ပါ ျပ႒ာန္းခ်က္ႏွင့္ ၿငိစြန္းလွ်င္ ယင္းပုဒ္မ အရ အေရးယူျခင္းခံရမည္’ လို႔ ေဖာ္ျပထားတယ္။ ပုဒ္မ ၆ ထဲမွာ တစ္ခါတည္း ထည့္သြင္း ဆက္စပ္ေဖာ္ျပထားတဲ့ ပုဒ္မ ၁၈ ကေတာ့ျဖင့္ မမွန္ကန္တဲ့နည္းလမ္းနဲ႔ ႏိုင္ငံသား ရတာဆိုရင္ ‘ႏိုင္ငံသားအျဖစ္မွ ႐ုပ္သိမ္းခံရမည့္ အျပင္’ ျပစ္ဒဏ္က်ခံရမယ္လို႔ ျပ႒ာန္းထားတဲ့ ပုဒ္မျဖစ္ပါတယ္။ ပုဒ္မ ၁၈ ေအာက္ဘက္က ပုဒ္မ ၂၀ (က)မွာ ႏိုင္ငံသားအျဖစ္မွ ဘယ္လို ႐ုပ္သိမ္းမလဲဆိုတာကို ေဖာ္ျပထားတယ္။  ‘ပုဒ္မ ၂၀ (က) ႏိုင္ငံသားအျဖစ္မွ ရပ္စဲခံရသူ၊ သို႔မဟုတ္ ႐ုပ္သိမ္းခံရသူ၏ ႏိုင္ငံသား လက္မွတ္ကို ပယ္ဖ်က္ရမည္’’ လို႔ ဆိုပါတယ္။

ဒီေတာ့ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေျပာရရင္ ၁၉၈၂ ဥပေဒ စတင္အာဏာတည္တဲ့ေန႔ (၁၅-၁၀-၁၉၈၂) ရက္ေန႔မတိုင္မီ ႏိုင္ငံသား ျဖစ္ ‘ၿပီး’ သူဆိုတာ ‘အဲဒီတုန္းက ခြၽန္ေဒၚ မရန္မာ ႏိုင္ငံသားေလ …၊ အဲဒီတုန္းက ခြၽန္ေဒါ့အမားက ႏိုင္ငံသား ဖစ္ပီးပီ’ စသည္ျဖင့္ မိမိပါးစပ္က ေျပာတဲ့သူ၊ သူခိုးအခ်င္းခ်င္း တစ္ေယာက္တစ္လွည့္ ေထာက္ခံေပးျခင္း ခံရသူေတြကို ႏိုင္ငံသား ျဖစ္ၿပီးသူေတြလို႔ ဆိုလိုတာ မဟုတ္ဘူး၊ ျမန္မာႏိုင္ငံသားလက္မွတ္ ရၿပီးသူမ်ားကိုသာ ဆိုလိုတာျဖစ္ပါတယ္။  ဒါေၾကာင့္ ဒီမွာ ဟိုးကတည္းက ကြၽန္ေတာ္တို႔ ေရာက္ေနၿပီးသားေလ ဆိုတာမ်ဳိး အခ်င္းခ်င္း ေထာက္ခံေပးတာ ေလာက္အားျဖင့္ ၈၂ ဥပေဒ မျပ႒ာန္းခင္ကတည္းက ႏိုင္ငံသားျဖစ္ၿပီးသား ျဖစ္တယ္ရယ္လို႔ ေကာက္ယူ အလုပ္ မလုပ္ၾကပါနဲ႔။ ႏိုင္ငံသားလက္မွတ္ ထုတ္ေပး ခံရၿပီးသူျဖစ္ဖို႔ လိုအပ္ပါတယ္။ လက္မွတ္ ေပ်ာက္သြားပါတယ္ ဆိုရင္ေတာင္မွ ႏိုင္ငံသားလက္မွတ္ကို မွန္ကန္စြာ ထုတ္ေပးထားတာ ျဖစ္တဲ့အေၾကာင္း မွတ္တမ္းမွတ္ရာေတြဟာ သက္ဆိုင္ရာ ႏုိင္ငံသားလက္မွတ္ ထုတ္ေပးတဲ့႐ံုးမွာ က်န္ေနမွာျဖစ္တယ္။ အဲဒီမွတ္တမ္းကို ရည္ညႊန္းႏိုင္ဖို႔ အနည္းဆံုး လိုအပ္မယ္။

ဒီေတာ့ ၈၂ ဥပေဒ ပုဒ္မ-၆ က ဆိုတာက ရွင္းရွင္းေလး … (၁၅-၁၀-၁၉၈၂) မတိုင္ခင္ ႏိုင္ငံသားလက္မွတ္ ရၿပီးသားသူဟာ ႏိုင္ငံသားေတြျဖစ္ေၾကာင္း ဆိုလိုတယ္။ ပိုၿပီးေတာ့ တိတိက်က် ေျပာရမယ္ဆိုရင္ ႏိုင္ငံသားလက္မွတ္ (၁၉၄၈ ႏိုင္ငံသား ျဖစ္မႈဆိုင္ရာဥပေဒ ႏွစ္ခုအနက္ တစ္ခုခုအရ ထုတ္ေပးတဲ့ ႏိုင္ငံသားလက္မွတ္) လက္ကိုင္ရွိတဲ့သူကိုမွ ႏိုင္ငံသားျဖစ္ၿပီးသူလို႔ သတ္မွတ္တာျဖစ္တယ္။ (အရင္ ဥပေဒအေဟာင္းျဖစ္တဲ့) ၁၉၄၈ ခုႏွစ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံသားျဖစ္မႈ အက္ဥပေဒ ပုဒ္မ ၆(၁) အရ ဒြိဟျဖစ္ႏိုင္စရာရွိတဲ့ သူကို ႏိုင္ငံသားေပးတာပဲျဖစ္ျဖစ္၊ ပုဒ္မ ၆(၂)အရ ယတိျပတ္ သံသယ ကင္းႏိုင္တဲ့သူကို ႏိုင္ငံသားေပးတာပဲျဖစ္ျဖစ္၊ ေပးအပ္လိုက္တဲ့ ႏိုင္ငံသားကတ္ျပားေတြမွာ ၆ (၁) ဒါမွမဟုတ္ ၆(၂) လို႔ ပါရွိပါလိမ့္မယ္။ အဲသလို ေရးမွတ္ ပံုႏွိပ္ ပါရွိတဲ့ ႏိုင္ငံသားလက္မွတ္ေတြကို ကိုင္ေဆာင္ထားတဲ့ သူေတြကိုမွသာလွ်င္ (ယခု တည္ဆဲဥပေဒျဖစ္တဲ့) ၁၉၈၂ ႏုိင္ငံသား ဥပေဒက အဲဒီလူေတြဟာ ႏိုင္ငံသားျဖစ္ ‘ၿပီး’သူ ေတြျဖစ္တယ္လို႔ သတ္မွတ္တာျဖစ္ပါတယ္။ (အျခားတစ္ဖက္မွာ ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြက်ေတာ့ ေမြးရာပါအခြင့္အေရးအရ ႏိုင္ငံသားျဖစ္ၾကသူေတြ (Citizens by Birth) ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔တိုင္းရင္းသားေတြ၊ မ်ဳိးႏြယ္စုေတြဟာ ျမန္မာႏိုင္ငံသားေတြ ျဖစ္တယ္လို႔ ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသားဥပေဒ ပုဒ္မ ၃ မွာ ျပ႒ာန္းထားပါတယ္။ ဒီေတာ့ ႏိုင္ငံသားျဖစ္ ‘ၿပီး’ သူ ဆိုတာ ေမြးရာပါ အခြင့္အေရးအရ ႏိုင္ငံသားျဖစ္တဲ့ တိုင္းရင္းသား ဟုတ္ရင္ဟုတ္၊ မဟုတ္ရင္ ‘ႏိုင္ငံသား လက္မွတ္’ ရၿပီးသားသူ ျဖစ္ရမယ္။

ဆက္လက္ေဖာ္ျပပါမည္။

Writer:  ေက်ာ္ေဇာဦး

Daily Eleven သတင္းစာ

၂၀၁၆-ခုႏွစ္ ဇြန္လ (၂၄)  ရက္၊ (ေသာၾကာေန႔)

**********************

[ Unicode version here ]

နိုင်ငံ၊ လူမျိုးနှင့် အချုပ်အခြာ အာဏာကို စောင့်ရှောက်သော ဥပဒေ (အပိုင်း ၁)

■ ရှုံးနေရင်းကကို အကျောတွေ ပေးပေးနေရ

တစ်ခါတလေ ကစားပွဲ (Game)တွေမှာ မိမိကိုယ်နှိုက်က လက်ခံတဲ့အတွက် အကျောပေးတဲ့ အနေနဲ့ဖြစ်စေ မလွှဲမရှောင်သာတော့လို့ဖြစ်စေ ရွေးချယ်စရာ မရှိတော့လို့ဖြစ်စေ ကစားပွဲရဲ့စည်းမျဉ်းများ (Rule of the Game) တွေဟာ မျှတခြင်းမရှိကြောင်း သိသိကြီးနဲ့ကို အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကို အကြောင်းပြုပြီး သကာလ အဲဒီစည်းမျဉ်းတွေကို လက်ခံကာ ပါဝင်ကစားကြရတဲ့ ကစားပွဲတွေ ရှိတတ်ကြတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံးပြရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပါတယ်။

အခု ၁၉၈၂-နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ စိစစ်တဲ့ ဖြစ်စဉ်မှာ စစ်ဆေးမှု လုပ်လိုက်တိုင်း လုပ်လိုက်တိုင်း မိမိတို့ဘက်က ရှုံးနေတဲ့အရှုံး တစ်ခုရှိတယ်။ ဟုတ်ပြီ . . . ၈၂ နဲ့ စစ်တာတော့ ဟုတ်ပြီ၊ စစ်လိုက်လို့ နိုင်ငံသားမဖြစ်ထိုက်ကြောင်း တွေ့ရှိရသူတွေကိုကျတော့ ဘာလုပ်မလဲဆိုတဲ့ အမေးကို မေးကြည့်ရင် ကိုယ်ဘာ ရှုံးနေသလဲဆိုတာကို မြင်ရပါတယ်။ ဒီတရားမဲ့ ရောက်ရှိနေသူတွေကို ဥပဒေနဲ့အညီ ထောင်ချမှာလား၊ ထောင်ချပြီးလို့ ထောင်ကလွတ်လာရင် ဘယ်ကိုပို့မှာလဲ၊ ဘင်္ဂလားဘက်ကို အတင်းပြန်ပို့မလား၊ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်ကို ပို့မလား၊ ထောင်မှာ မဆံ့ရင်ကော ဘယ်လိုလုပ်မလဲ၊ ကုန်းပေါ်က ကန့်သတ်နယ်မြေတစ်ခုမှာ သံဆူးကြိုး ခြံစည်းရိုး ခတ်ထားမလား၊ ဒါမှမဟုတ် ခိုးဝင်မှန်းသိတဲ့သူတွေကို အခုနေအတိုင်း INGO တွေက ဒေသခံလူနည်းစုတွေကို မပေးတဲ့ ထောက်ပံ့မှု အတိုင်းအတာတွေပေး အားဆေးတွေထိုးပြီး ပြုစုပျိုးထောင်ထားမလား …။ ကျွန်တော် တို့မှာတော့ မေးခွန်းတွေပဲရှိနေတယ်။ ဒေသခံ မြို၊ ခမီ၊ ဒိုင်းနက်၊ ရခိုင် စတာတွေထက် ခိုးဝင်တွေကို ပိုမိုအားကောင်းအောင် နိုင်ငံတကာ အထောက်အပံ့ ဒလဟောပေးခွင့်ကို တာဝန်မဲ့စွာနဲ့ ဒီအတိုင်းပဲ ပေးထားမှာကိုလည်း သိနေတယ်။

ဒီကစားပွဲ (Game) မှာ ပုံစံက ဘယ်လိုဖြစ်နေသလဲဆိုတော့ ‘ငါတော့ မရှုံးဘူး၊ ဖဲတစ်ပွဲချင်း တစ်လက်ချင်းမှာ ငါ နည်းနည်းစီ နိုင်မယ်၊ မင်းလက်ထဲမှာ ပါလာတဲ့ပိုက်ဆံတွေ အကုန်ကုန်ပြီး ငါ့လက်ထဲကိုရောက်တော့မှ ဖဲဝိုင်းပြီးမယ်’ ဆိုသလိုမျိုး ဖြစ်နေတယ်။ ၁၉၈၂ ဥပဒေကို ဖောက်ဖျက် လီဆယ် ပြီးတော့ ဘင်္ဂါလီတွေကို ပြုနိုင်ငံသား နည်းနည်းချင်း ပေးသွားမယ်၊ ကျန်တဲ့ တရားမဲ့ ရောက်ရှိ နေသူတွေကို ဒီအတိုင်းထားမယ်၊ ခုနက ပြုနိုင်ငံသား ဖြစ်သွားတဲ့သူနဲ့ မဖြစ်သေးတဲ့ သူတွေနဲ့ လက်ထပ်မယ်၊ ကလေးတွေမွေးမယ်၊ လက်မထပ်လည်း ပြဿနာမရှိဘူး၊ ဖမ်းမှ မဖမ်းတာကိုး …။ ဒီလိုနဲ့ အချိန်တွေ နောက် နည်းနည်း ကြာလာတဲ့အခါ နောက်တစ်ခါ နိုင်ငံသားစိစစ်ရေး လုပ်တယ်ဆိုတာကြီးကို နောက်ထပ်လုပ်ပြန်ဦးမယ် …။ ဒီလိုနဲ့ ပုံမှန် လူဦးရေတိုးနှုန်းထက် မကသော နှုန်းထားနဲ့ တိုးနေတဲ့ ပြင်ပလူအုပ်စု တစ်စုဟာ နိုင်ငံသားတွေ ဖြစ်သွားမယ်။ အဲဒီလူအုပ်စုဟာ လူဦးရေ ပေါက်ကွဲမှုဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံကလူတွေ နောက်ထပ် ဝင်လာဖို့အတွက်ရာ အခိုင်အမာ စခန်းထောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတို့မှာ နေရာရပြီး ဖြစ်နေလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာလည်း စည်းပေါက်ယွင်းယိုတဲ့ Compromised ဖြစ်သွားတဲ့ အခြေအနေ ရောက်သွားပါလိမ့်မယ်။

ဒီတော့ မေးခွန်းက ဒီလို …၊ ဟုတ်ပြီ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ဒီဘင်္ဂါလီတွေကို စစ်မယ်။ စစ်လို့ (ပြု)နိုင်ငံသား ဖြစ်တဲ့လူ ဖြစ်လာမယ်၊ ဟုတ်ပြီ၊ နိုင်ငံသားပေးလိုက်ပါ၊ ဒါပေမဲ့ နိုင်ငံသား ဖြစ်ထိုက်ကြောင်း မတွေ့ရဘဲ မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့သူတွေကို ဘာလုပ်ကြမှာလဲ …။

‘မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ’ ရဲ့ အပိုဒ်-၂၈ မှာ ဒီလိုပြဋ္ဌာန်းထားတယ်။ ‘၁၉၄၈ ခုနှစ် ဇွန်နဝါရီလ ၄ ရက် နေ့မှစ၍ နိုင်ငံတော်အတွင်းသို့ မတရားသော နည်းလမ်းဖြင့် ဝင်ရောက်လာကြပြီး နိုင်ငံသား မှတ်ပုံတင် လက်မှတ်ကိုင်ဆောင်ခြင်းမရှိဘဲ  နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသည် ပြည်ထဲရေး ဝန်ကြီးဌာနက သတ်မှတ်သည့် နေ့ရက်ကို နောက်ဆုံးထား၍ နိုင်ငံတော်မှ ထွက်ခွာသွားရမည်’ လို့ ဆိုထားတယ်။ သူ့ရဲ့ နောက်ဆက်တွဲ အပိုဒ်-၂၉ ကတော့ ထွက်ခွာသွားခြင်း မပြုရင် တည်ဆဲဥပဒေပြဋ္ဌာန်းချက်တွေအရ အရေးယူရမည်လို့ ဆိုထားပါတယ်။

ဖော်ပြထားတဲ့ အရေးယူနိုင်တဲ့ပြဋ္ဌာန်းချက် သုံးမျိုးအနက် တစ်မျိုးကတော့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြစ်ပါတယ်။ တရားဥပဒေနဲ့မညီတဲ့ ဝင်ရောက်နေထိုင်သူတွေကို ပုဒ်မ ၁၃ (၁) အရ ထောင်ခြောက်လကနေ ငါးနှစ်အတွင်းဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် ၁၅၀၀ ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ ချမှတ်စီရင်ရမယ်လို့ ပြဋ္ဌာန်းထားတယ်။

ဥပဒေအတိုင်း တိတိကျကျဖြစ်ရမယ့် ဥစ္စာတွေကို အထက်မှာ ဥပဒေ အချက်အလက်တွေ ဘာတွေနဲ့ ပြောခဲ့တာကို လူနားလည်လွယ်အောင် ပြန်ပြောရရင် … လူတစ်သန်းလား ဘာလား ဒီမှာ ရောက်နေတယ်၊ ဘာကတ်မှ မရှိဘူး၊ ဒီတော့ ဥပဒေသတ်မှတ်ချက်အရဆိုရင် နိုင်ငံခြားသားတွေ ဖြစ်နေတယ်၊ ဥပဒေအတိုင်း အရေးယူမယ်ဆိုရင် သူတို့ကို ဒီမြေကနေ ထွက်သွားစေရမယ်၊ မသွားဘူးလား … ထောင်ချရမယ်။ ဒါက သတ်မှတ် ပြဋ္ဌာန်းထားတဲ့အတိုင်း ဖြစ်ရမယ့် သဘောကို လိုရင်းတိုရှင်း ပြောပြတာ။

ကဲ ဒီတော့ အထက်မှာ ဆင့်ကဲဆင့်ကဲ ရေးထားတာတွေကို အချုပ်ပြုလို့ပြောရမယ်ဆိုရင် ဘာပဲပြောပြော … ရေမျောကမ်းတင်တွေကို ကုန်းပေါ်က ဘယ်လိုဖယ်ရှားမယ်ဆိုတဲ့ ရှင်းရှင်းလင်းလင်း မူဝါဒ တစ်ခုခု ကျွန်တော်တို့ မျက်စိရှေ့မှာ ထင်သာမြင်သာ ရှိမနေဘူးလို့ပဲ ပြောရပါလိမ့်မယ်။

(၂)

၈၂ ဥပဒေမှာ အပေါက်တွေ ပေါက်နေတယ် ဆိုတာ မှန်သလား

နိုင်ငံတကာ INGO နဲ့ UN bodies တွေရဲ့ အကြီးအကဲအချို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ကျွန်တော်နဲ့ သီးခြား တွေ့ဆုံဖြစ်ခဲ့ ကြစဉ်မှာ သူတို့ဘက်က ပြောတာရှိတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ဘင်္ဂါလီတွေကို စိစစ်လိုက်ရင် အကုန်လုံးနီးပါးက နိုင်ငံသားတွေ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက် အခိုင်အမာ ရှိနေတယ်လို့ သူတို့က ဆိုတယ်။ ကျွန်တော်က လုံးဝမဟုတ်ဘူးလို့ ငြင်းတယ်။ သူတို့ကတော့ အဓိပ္ပာယ်ပါတဲ့ အပြုံးတွေကို ပြုံးပြပါတယ်။ ငါတို့ ဖဲချိုးထားတာကို ဒီငနဲ သိပုံမရဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ကောင်းဖြစ်မယ်။

အလားတူပဲ ပြီးခဲ့တဲ့သုံးပတ်လောက်က မြန်မာ့အရေးကျွမ်းကျင်သူ (အထူးသဖြင့် မြန်မာနိုင်ငံထဲက ဘင်္ဂါလီများအရေး) ကို ကျွမ်းကျင်သူ နိုင်ငံခြားသား စာရေးသူတစ်ဦးက တွေ့ချင် ပြောချင်ပါတယ်ဆိုလို့ ကျွန်တော့် နေအိမ်ကို ရောက်လာပြီး အလွတ်သဘော ပြောကြရာမှာ သူကလည်းပဲ ဒီသဘောကို ပြောပါတယ်။ အဓိက,ကတော့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီကလည်း ဘင်္ဂါလီတော်တော်များများ နိုင်ငံသား ရသွားနိုင်တယ်လို့ ပြောဖူးကြောင်းကို ထောက်ပြတယ်။ ၈၂-ဥပဒေ အာဏာသက်ရောက်မှု မရှိခင်ကာလက နိုင်ငံသားဖြစ်ပြီးသူတွေဟာ နိုင်ငံသား ဖြစ်တယ်ဆိုတဲ့အချက်နဲ့ အဓိက သက်ဆိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

နောက်ပြီးတော့ မြေပုံမှာစစ်ဆေးတဲ့ အခါ ဒီလို မရမက ဖောက်ထားတဲ့ အပေါက်ကို သုံးပြီးတော့ လျှောက်ထားသူတွေထဲက တော်တော်များများကို နိုင်ငံသားနဲ့ ပြုနိုင်ငံသားတွေအဖြစ်ကို ပေးခဲ့တယ်။ ကိန်းဂဏန်းအတိအကျဆိုရင် နိုင်ငံသား ၄၀ နဲ့ ပြုနိုင်ငံသား ၁၆၉ ဦး ဖြစ်ပါတယ်။ ဒါကိုမကျေနပ်တဲ့ မြေပုံ မြို့သူမြို့သားတွေဟာ ပြည်နယ်အာဏာပိုင်တွေ မြေပုံမြို့ကို ရောက်လာတဲ့အခါ တစ်မြို့လုံး အိမ်တံခါး စျေးဆိုင်တံခါးတွေပိတ်ပြီး အသံတိတ် ဆန္ဒပြခဲ့ကြတယ်။

ဒီတော့ သူတို့တွေပြောနေသလို တကယ်ပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ ယိုပေါက်တွေ ပေါက်နေခြင်း ဟုတ်မဟုတ် အများပြည်သူသိအောင် ဖော်ထုတ်ပြောပြဖို့ လိုအပ်လာပါတယ်။ ပထမဆုံးအချက်အနေနဲ့ ၈၂ ဥပဒေ အာဏာသက်ရောက်မှု မရှိခင် ကာလက နိုင်ငံသားဖြစ်ပြီးသူတွေဟာ နိုင်ငံသား ဖြစ်တယ်ဆိုတဲ့အချက်နဲ့ သက်ဆိုင်တဲ့ ၈၂ ဥပဒေရဲ့ ပုဒ်မ ၆ ကို အသေအချာ စေ့စေ့ငုငု အနုလုံပဋိလုံ သုံးသပ်ကြည့်ကြပါမယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆ က ဒီလိုဆိုပါတယ်။ ‘ဤဥပဒေ အာဏာ တည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မ အရ အရေးယူခြင်းခံရမည်’ လို့ ဖော်ပြထားတယ်။ ပုဒ်မ ၆ ထဲမှာ တစ်ခါတည်း ထည့်သွင်း ဆက်စပ်ဖော်ပြထားတဲ့ ပုဒ်မ ၁၈ ကတော့ဖြင့် မမှန်ကန်တဲ့နည်းလမ်းနဲ့ နိုင်ငံသား ရတာဆိုရင် ‘နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရမည့် အပြင်’ ပြစ်ဒဏ်ကျခံရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ပုဒ်မ ၁၈ အောက်ဘက်က ပုဒ်မ ၂၀ (က)မှာ နိုင်ငံသားအဖြစ်မှ ဘယ်လို ရုပ်သိမ်းမလဲဆိုတာကို ဖော်ပြထားတယ်။  ‘ပုဒ်မ ၂၀ (က) နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ၊ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ နိုင်ငံသား လက်မှတ်ကို ပယ်ဖျက်ရမည်’’ လို့ ဆိုပါတယ်။

ဒီတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရရင် ၁၉၈၂ ဥပဒေ စတင်အာဏာတည်တဲ့နေ့ (၁၅-၁၀-၁၉၈၂) ရက်နေ့မတိုင်မီ နိုင်ငံသား ဖြစ် ‘ပြီး’ သူဆိုတာ ‘အဲဒီတုန်းက ချွန်ဒေါ် မရန်မာ နိုင်ငံသားလေ …၊ အဲဒီတုန်းက ချွန်ဒေါ့အမားက နိုင်ငံသား ဖစ်ပီးပီ’ စသည်ဖြင့် မိမိပါးစပ်က ပြောတဲ့သူ၊ သူခိုးအချင်းချင်း တစ်ယောက်တစ်လှည့် ထောက်ခံပေးခြင်း ခံရသူတွေကို နိုင်ငံသား ဖြစ်ပြီးသူတွေလို့ ဆိုလိုတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံသားလက်မှတ် ရပြီးသူများကိုသာ ဆိုလိုတာဖြစ်ပါတယ်။  ဒါကြောင့် ဒီမှာ ဟိုးကတည်းက ကျွန်တော်တို့ ရောက်နေပြီးသားလေ ဆိုတာမျိုး အချင်းချင်း ထောက်ခံပေးတာ လောက်အားဖြင့် ၈၂ ဥပဒေ မပြဋ္ဌာန်းခင်ကတည်းက နိုင်ငံသားဖြစ်ပြီးသား ဖြစ်တယ်ရယ်လို့ ကောက်ယူ အလုပ် မလုပ်ကြပါနဲ့။ နိုင်ငံသားလက်မှတ် ထုတ်ပေး ခံရပြီးသူဖြစ်ဖို့ လိုအပ်ပါတယ်။ လက်မှတ် ပျောက်သွားပါတယ် ဆိုရင်တောင်မှ နိုင်ငံသားလက်မှတ်ကို မှန်ကန်စွာ ထုတ်ပေးထားတာ ဖြစ်တဲ့အကြောင်း မှတ်တမ်းမှတ်ရာတွေဟာ သက်ဆိုင်ရာ နိုင်ငံသားလက်မှတ် ထုတ်ပေးတဲ့ရုံးမှာ ကျန်နေမှာဖြစ်တယ်။ အဲဒီမှတ်တမ်းကို ရည်ညွှန်းနိုင်ဖို့ အနည်းဆုံး လိုအပ်မယ်။

ဒီတော့ ၈၂ ဥပဒေ ပုဒ်မ-၆ က ဆိုတာက ရှင်းရှင်းလေး … (၁၅-၁၀-၁၉၈၂) မတိုင်ခင် နိုင်ငံသားလက်မှတ် ရပြီးသားသူဟာ နိုင်ငံသားတွေဖြစ်ကြောင်း ဆိုလိုတယ်။ ပိုပြီးတော့ တိတိကျကျ ပြောရမယ်ဆိုရင် နိုင်ငံသားလက်မှတ် (၁၉၄၈ နိုင်ငံသား ဖြစ်မှုဆိုင်ရာဥပဒေ နှစ်ခုအနက် တစ်ခုခုအရ ထုတ်ပေးတဲ့ နိုင်ငံသားလက်မှတ်) လက်ကိုင်ရှိတဲ့သူကိုမှ နိုင်ငံသားဖြစ်ပြီးသူလို့ သတ်မှတ်တာဖြစ်တယ်။ (အရင် ဥပဒေအဟောင်းဖြစ်တဲ့) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၆(၁) အရ ဒွိဟဖြစ်နိုင်စရာရှိတဲ့ သူကို နိုင်ငံသားပေးတာပဲဖြစ်ဖြစ်၊ ပုဒ်မ ၆(၂)အရ ယတိပြတ် သံသယ ကင်းနိုင်တဲ့သူကို နိုင်ငံသားပေးတာပဲဖြစ်ဖြစ်၊ ပေးအပ်လိုက်တဲ့ နိုင်ငံသားကတ်ပြားတွေမှာ ၆ (၁) ဒါမှမဟုတ် ၆(၂) လို့ ပါရှိပါလိမ့်မယ်။ အဲသလို ရေးမှတ် ပုံနှိပ် ပါရှိတဲ့ နိုင်ငံသားလက်မှတ်တွေကို ကိုင်ဆောင်ထားတဲ့ သူတွေကိုမှသာလျှင် (ယခု တည်ဆဲဥပဒေဖြစ်တဲ့) ၁၉၈၂ နိုင်ငံသား ဥပဒေက အဲဒီလူတွေဟာ နိုင်ငံသားဖြစ် ‘ပြီး’သူ တွေဖြစ်တယ်လို့ သတ်မှတ်တာဖြစ်ပါတယ်။ (အခြားတစ်ဖက်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေကျတော့ မွေးရာပါအခွင့်အရေးအရ နိုင်ငံသားဖြစ်ကြသူတွေ (Citizens by Birth) ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ၊ မျိုးနွယ်စုတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၃ မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီတော့ နိုင်ငံသားဖြစ် ‘ပြီး’ သူ ဆိုတာ မွေးရာပါ အခွင့်အရေးအရ နိုင်ငံသားဖြစ်တဲ့ တိုင်းရင်းသား ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ‘နိုင်ငံသား လက်မှတ်’ ရပြီးသားသူ ဖြစ်ရမယ်။

ဆက်လက်ဖော်ပြပါမည်။

One comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s