
[ Zawgyi version here ] [ Unicode version below ]
ႏိုင္ငံ၊ လူမ်ဳိးႏွင့္ အခ်ဳပ္အျခာ အာဏာကိုေစာင့္ေရွာက္ေသာ ဥပေဒ (အပိုင္း ၃)
ကတ္ျပားေတြ ထုတ္ေပးမႈဟာနည္းဥပေဒေတြနဲ႔ မညီညြတ္တာကို အရင္ကတည္းက ေတြ႕ရဖူးတယ္။ ဥပမာအားျဖင့္ White Card ေခၚအျဖဴေရာင္ ကတ္ျပားဟာ ျပ႒ာန္း နည္းဥပေဒ လုပ္ထံုးလုပ္နည္းမ်ားအရ ဆိုရင္ ႏိုင္ငံသားစိစစ္ေရး ပန္းေရာင္ကတ္ျပား ကိုင္ေဆာင္သူ ႏိုင္ငံသား တစ္ဦးဦး သူ႔ရဲ႕ ပန္းေရာင္ကတ္ပ်က္စီး ေပ်ာက္ဆံုးေနစဥ္ ကာလမွာ ယာယီသံုးဖို႔ ထုတ္ေပးႏိုင္တယ္လို႔ ျပ႒ာန္းထားတဲ့ကတ္အမ်ိဳးအစား ျဖစ္ပါတယ္။ ဒါေပမဲ့ အျဖဴေရာင္ကတ္ကို ႏုိင္ငံသား ဟုတ္မဟုတ္မသိရေသးတဲ့ ဘဂၤါလီေတြကို (လုပ္ထံုးလုပ္နည္းနဲ႔ ညီညြတ္ျခင္း မရွိဘဲ)ထုတ္ေပးခဲ့ၾကတယ္။ ဒီလိုမ်ဳိး ထုတ္ေပးလို႔ ရတယ္ ဆိုၿပီးေတာ့ လ၀က တာ၀န္ရွိသူေတြဟာက်ယ္က်ယ္ျပန္႔ျပန္႔ တရား၀င္ ထုတ္ေဖာ္ ေျပာခဲ့ၾကတယ္။
ႏိုင္ငံသား၊ ဧည့္ႏိုင္ငံသားနဲ႔ ျပဳႏိုင္ငံသား ကတ္ျပားေတြကို (ကတ္ျပား အစစ္ေတြကို)နည္းလမ္း ညီညြတ္ျခင္း မရွိဘဲ ျမန္မာႏိုင္ငံ တစ္၀န္းမွာ သိန္းခ်ီလို႔ထုတ္ေပးခဲ့ၾကၿပီးၿပီ။ လ၀က ေအာက္ေျခ၀န္ထမ္းမွ အစ ၀န္ႀကီးအထိ ဘယ္သူမွ တရားစြဲဆိုခံရျခင္း ေထာင္က်ျခင္း မရွိေသးဘူး။ ၁၉၈၂ ခုႏွစ္ ႏုိင္ငံသား ဥပေဒ ပုဒ္မ ၁၉ နဲ႔တရားစြဲဆိုျခင္း ခံရတာဟာ … ကြၽန္ေတာ္ သိသေလာက္ ေကာ့ေသာင္းမွာ ဖမ္းမိတဲ့ဘဂၤါလီေတြ အမႈမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက လ၀က ၀န္ထမ္း ႏွစ္ဦးကို အမႈနဲ႔ဆက္စပ္ၿပီးေတာ့ တရားစြဲတာဟာ ပထမဦးဆံုး အႀကိမ္ ျဖစ္ပါတယ္။
ဒါေၾကာင့္မို႔လို႔ အစိမ္းေရာင္ ကတ္ျပားဟာ ဥပေဒ နည္းဥပေဒ လုပ္ထံုး လုပ္နည္းမ်ားနဲ႔ညီညြတ္မႈ ရွိ မရွိကို အေသအခ်ာ သံုးသပ္ၾကဖို႔ လိုအပ္ပါတယ္။
(၄)
ဥပေဒက လံုေပမယ့္ ေခါင္မိုးက မလံုရင္
၁၉၈၂-ခုႏွစ္ ႏိုင္ငံသား ဥပေဒဟာ ျမန္မာႏိုင္ငံ ေရရွည္ တည္တံ့ေရးကို ရည္မွန္းၿပီး
လူထု လူတန္းစား အသီးသီးရဲ႕ ပါ၀င္ အၾကံျပဳခ်က္ေတြနဲ႔ အခ်ိန္ယူ ေရးဆြဲ ျပ႒ာန္းခဲ့တဲ့
ဥပေဒ ျဖစ္တဲ့အတြက္ ယိုေပါက္ေတြ ဟာကြက္ေတြ လြတ္ေပါက္ေတြ ရွိႏုိင္ေျခ အင္မတန္
နည္းေၾကာင္း ေရွ႕က တင္ျပ ေရးသားခဲ့ၿပီးပါၿပီ။ ဥပေဒကို ကိုင္တြယ္ သံုးစြဲတဲ့
လူေတြကသာ ေဖာက္ျခင္း ျဖစ္ေၾကာင္းကိုလည္း ထည့္သြင္း ေရးသားခဲ့ပါတယ္။ ဒါေပမဲ့
တစ္ဘက္မွာ လြတ္ေပါက္ႏွစ္ရပ္ ရွိေနေသးေၾကာင္းကိုလည္း စိတ္မေကာင္းစြာနဲ႔ပဲ
ထည့္ေျပာရပါဦးမယ္။ အခု ဆက္ေဆြးေႏြးမယ့္ ေဖာ္ျပပါ အခ်က္ေတြကေတာ့ ေခါင္မိုး လံု
မလံုနဲ႔ အဓိက ပတ္သက္ပါတယ္။
လြတ္ေပါက္ တစ္ – ၁၉၈၂ ခုႏွစ္
ႏုိင္ငံသား ဥပေဒ ပုဒ္မ ၈ (က)
၈၂ ဥပေဒ ပုဒ္မ ၈ (မူရင္း) စာသားက ဒီလို ဆိုပါတယ္။ “ႏိုင္ငံေတာ္ ေကာင္စီသည္
ႏုိင္ငံေတာ္၏ အက်ဳိးငွာ မည္သူ႔ကို မဆို ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသား
သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ ရသူအျဖစ္ သတ္မွတ္ႏိုင္သည္” လို႔ ဆိုတားပါတယ္။
(စကားရပ္ အစားထိုးၿပီးသား Update လုပ္ၿပီးသား စာသားကေတာ့ ‘ႏိုင္ငံေတာ္ သမၼတ
(သို႔မဟုတ္) ျပည္ေထာင္စု အစိုးရ အဖြဲ႕’ သည္ ႏုိင္ငံေတာ္၏ အက်ိဳးငွာ မည္သူ႔ကို မဆို
ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသား သို႔မဟုတ္ ႏိုင္ငံသား ျပဳခြင့္ရသူ အျဖစ္
သတ္မွတ္ႏိုင္သည္’ လို႔ ဆိုပါတယ္။
ဒါကို အဆိုးဆံုး အေျခအေန လွမ္းေမွ်ာ္ၿပီး ေတြးၾကည့္လိုက္မိတဲ့ အခါ မိမိတို႔
ႏိုင္ငံကို အုပ္ခ်ဳပ္ေနတဲ့ အစိုးရက တုိင္းျပည္နဲ႔ လူမ်ဳိးအေပၚ သစၥာ မရွိခဲ့ရင္
‘မည္သူ႔ကို မဆို’ ႏိုင္ငံသား တစ္မ်ိဳးမ်ိဳး သတ္မွတ္ေပးႏိုင္တယ္ ဆိုတဲ့ ဒီပုဒ္မကို
အလြဲသံုးစား လုပ္လာႏိုင္တယ္။ ဒီဥပေဒရဲ႕ အျခား ေနရာေတြမွာ ဘယ္လိုပဲ ျပ႒ာန္းထားထား
ဒီႏိုင္ငံကို အုပ္ခ်ဳပ္ခြင့္ ရထားတဲ့ အစိုးရမင္းကသာ ‘ႏိုင္ငံေတာ္၏ အက်ဳိး’
ရွိပါတယ္လို႔ တစ္နည္းနည္းနဲ႔ ေျပာၿပီး ‘မည္သူ႔ကို မဆို’ ႏိုင္ငံသား တစ္မ်ိဳးမ်ိဳးေပးတာ
လုပ္သြားႏိုင္တယ္။ ဒါဟာ လြတ္ေပါက္ (Loophole) တစ္ခု အေနနဲ႔ ရွိေနတယ္။
လြတ္ေပါက္ ႏွစ္ – ၁၉၈၂ ခုႏွစ္
ႏုိင္ငံသား ဥပေဒ ပုဒ္မ ၇၅
၈၂ ဥပေဒ ပုဒ္မ-၇၅ (မူရင္း)စာသားက ဒီလို ဆိုပါတယ္။ ‘ဤဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို
ေဆာင္ရြက္ႏိုင္ရန္ အလို႔ငွာ (အစိုးရအဖြဲ႕)သည္ လိုအပ္ေသာ လုပ္ထံုး လုပ္နည္းမ်ားကို
ႏိုင္ငံေတာ္ ေကာင္စီ၏ သေဘာတူညီခ်က္ျဖင့္ ထုတ္ျပန္ရမည္’ လို႔ ဆိုထားပါတယ္။ (စကားရပ္
အစားထိုးၿပီးသား update လုပ္ၿပီးသား စာသားကေတာ့ ‘ဤဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို
ေဆာင္ရြက္ႏိုင္ရန္ အလို႔ငွာ ျပည္ေထာင္စု အစိုးရ အဖြဲ႕သည္ လိုအပ္ေသာ လုပ္ထံုးလုပ္နည္းမ်ားကို
ႏိုင္ငံေတာ္ သမၼတ (သို႔မဟုတ္) ျပည္ေထာင္စု အစိုးရ အဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္
ထုတ္ျပန္ရမည္’ လို႔ ဆိုပါတယ္။) ၈၂ ဥပေဒ ပုဒ္မ-၇၅ အရ အပ္ႏွင္းထားတဲ့
လုပ္ပိုင္ခြင့္ေတြကို က်င့္သံုးၿပီး သကာလ ထိုစဥ္က ၀န္ႀကီးအဖြဲ႕ဟာ ႏိုင္ငံေတာ္
ေကာင္စီရဲ႕ သေဘာတူညီခ်က္နဲ႔ ‘ျမန္မာႏိုင္ငံသား ဥပေဒဆိုင္ရာ လုပ္ထံုးလုပ္နည္းမ်ား’
ကို အမိန္႔ေၾကျငာစာ အမွတ္ ၁၃/၈၃ အားျဖင့္ (၁၀-၀၉-၁၉၈၃) ရက္ေန႔မွာ တစ္ဆက္တည္း
ျပ႒ာန္းထားခဲ့ၿပီး ျဖစ္တယ္။
ဒါေပမဲ့ ေရွ႕က ခိုင္ခိုင္မာမာ ဘယ္လိုပဲ ျပ႒ာန္းထား ျပ႒ာန္းထား ဥပေဒကို ယိုေပါက္ေတြ
ဖန္တီးေပးႏိုင္မယ့္ လုပ္ထံုးလုပ္နည္းေတြကို ေရးဆြဲ ျပ႒ာန္းလာခဲ့ရင္ . . .
တိုင္းျပည္ရဲ႕ အခ်ဳပ္အျခာ အာဏာနဲ႔ အမ်ိဳးဘာသာ သာသနာကေတာ့ ေရစံုေမ်ာရမယ့္ အေျခအေန
ျဖစ္သြားပါလိမ့္မယ္။
၈၂ ဥပေဒနဲ႔ စိစစ္မႈကို လုပ္ေဆာင္ဖို႔ရာကို အဆိုတင္ႏိုင္ဖို႔အတြက္ မၾကာခင္က ျပည္သူ႔
လႊတ္ေတာ္မွာ ႀကိဳးပမ္းၾကတဲ့အခါ အဆို တင္သင့္ေၾကာင္း ေဆြးေႏြးတဲ့ အမတ္ေတြ ေဆြးေႏြး
အၿပီးမွာ ပါတီႀကီး တစ္ခုရဲ႕ အမတ္ေတြ ဘယ္သူမွ လက္ခုပ္ မတီးၾကတာဟာ ဘယ္ဘက္ကို
ဦးတည္ေနသလဲ ဆိုတာ ေတြးေတာ စဥ္းစားစရာ ျဖစ္ေနပါတယ္။
တိုင္းရင္းသား အေရးမွာ ရွမ္းက ဦးေဆာင္ေနေလ့ ရွိခဲ့ရာကေန ယေန႔ အခ်ိန္အခါမွာ ေျမေပၚႏိုင္ငံေရးမွာ
ရွမ္းနဲ႔ တန္းတူ ရင္ေဘာင္တန္း ဦးေဆာင္လာတဲ့ ရခိုင္ကို ႏိုင္ငံေရး အားသာခ်က္ေတြ
မရႏိုင္ေအာင္ ႏွိပ္ကြပ္ထားႏိုင္မွ ျဖစ္မယ္ ဆိုတာမ်ိဳး၊ ရခိုင္ကို ကုလားနဲ႔
ကစားထားမွ ျဖစ္မယ္ ကုလားနဲ႔ ညႇပ္ထားမွ ဒီေကာင္ေတြ ၾကပ္ေနမယ္လို႔ စဥ္စားပံုမ်ိဳးကို
အရင္ အစိုးရ အဆက္ဆက္ဆီက အေမြဆက္ခံ ထားမိတယ္ ဆိုခဲ့ရင္ . . . ဒီ ဘဂၤါလီ အေရးဟာ
ဒီလို ကစားရင္း ကစားရင္းနဲ႔ ႀကီးထြားလာခဲ့တာဟာ (ျပည္ေထာင္စု အဆင့္)
ျမန္မာတစ္ႏိုင္ငံလံုးရဲ႕ ေနာင္ေရး ရင္မေအးစရာ ျဖစ္လာေနၿပီဆိုတဲ့ အခ်က္ကိုလည္း
ႏွလံုးသြင္းေပးၾကဖို႔ ပန္ၾကားလိုပါတယ္။ ဖဆပလ မဲႏိုင္ဖို႔အတြက္ ေခၚေတာ ကုလားေတြကို
သမၺာန္ အစီးေပါင္း ဆယ္ခ်ီ ရာခ်ီတိုက္ နတ္ျမစ္ကို ေက်ာ္သြင္းၿပီး မဲေပးေစခဲ့တာ . .
. ၊ စစ္အစိုးရ လက္ထက္ ေထာက္လွမ္းေရး ႀကီးစိုးစဥ္ ရခိုင္ေတြကို ျပားျပား၀ပ္ေအာင္
ႏွိပ္ကြပ္ၿပီး ကုလား လုပ္ငန္းရွင္ေတြကို ဖြံ႕ၿဖိဳး ႀကီးထြားေအာင္ ေျမေတာင္ ေျမႇာက္ေပးခဲ့တာ
. . . ၊ ႀကံ႕ခိုင္ေရးပါတီ မဲရဖို႔အတြက္ ဘူးသီးေတာင္ ေမာင္ေတာမွာ အျဖဴေရာင္ကတ္ေတြ
ထုတ္ေပးၿပီး မဲေပးခြင့္ ျပဳခဲ့တာ . . . ၊ စသည္ျဖင့္ စသည္ျဖင့္ . . . ဒီလိုမ်ိဳး
လုပ္ရပ္ေတြ မူ၀ါဒေတြ ခ်ဥ္းကပ္ စဥ္းစားမႈေတြဟာ ဒီဘက္မွာ ပါမလာေတာ့ဖို႔ကို
ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။
(၅)
အာမားရ္႐ိႈနား မိုင္ယန္မား။ ကြၽႏု္ပ္၏ ျမန္မာ ေရႊႏိုင္ငံ
ၿပီးခဲ့တဲ့ ဇြန္လ (၇) ရက္ (၀၇-၀၆-၂၀၁၆) ရက္ေန႔က ပုဏၰားကြၽန္းၿမိဳ႕နယ္ ကာဒီ
(ဘဂၤါလီ) ရြာကို လ၀က တာ၀န္ရွိသူေတြ သြားေရာက္ၿပီး ႏိုင္ငံသား စိစစ္ေရး လုပ္ငန္း
အဆင့္ေတြ လုပ္ေဆာင္ႏိုင္ဖို႔ သြားေရာက္ခဲ့ၾကေပမယ့္ စိစစ္ လုပ္ေဆာင္တဲ့ ေနရာမွာ
လူမ်ိဳး/ဘာသာ အခ်က္အလက္ေတြကို ေမးျမန္း ထည့္သြင္းျခင္း မပါရွိတဲ့အတြက္ ကာဒီ ရြာသား
ဘဂၤါလီ လူမ်ိဳးေတြက ႏိုင္ငံသား စိစစ္ေရး ျဖစ္စဥ္ မလုပ္ႏိုင္ေၾကာင္း
ျငင္းပယ္ခဲ့တယ္။ အစစ္ခံမယ့္ လူေတြက ျငင္းပယ္တဲ့အတြက္ စစ္ေဆးရမယ့္ တာ၀န္ရွိတဲ့သူေတြ
ဘာမွ မလုပ္ႏိုင္ဘဲ ျပန္လာခဲ့ၾကရတယ္။
မိမိ သိသေလာက္ ႏိုင္ငံေတာ္ သမၼတနဲ႔ ဒုသမၼတေတြဟာ တိုင္းရင္းသားေတြ ျဖစ္ၾကရမယ္
ဆိုတဲ့ အခ်က္က လြဲၿပီး မည္သည့္ ႏိုင္ငံသား မဆို (တိုင္းရင္းသား ဟုတ္ဟုတ္
မဟုတ္ဟုတ္) ဥပေဒအရ ရပုိင္ခြင့္ေတြ တန္းတူ အကုန္ ရၾကတယ္လို႔ ျပ႒ာန္းထားတဲ့ သည္
ျမန္မာႏိုင္ငံမွာ ႏိုင္ငံသား ဟုတ္၊ မဟုတ္ မေသခ်ာသူ ခိုး၀င္ေတြလို႔ သံသယရွိျခင္း
ခံရသူ လူအုပ္စု တစ္စုဟာ ႏိုင္ငံသား စိစစ္ေရးကို လုပ္ေပးပါမယ္ ဆိုၿပီး
အိမ္တိုင္ရာေရာက္ လာလုပ္ေပးတာကို လူမ်ိဳး/ဘာသာ အခ်က္အလက္ မပါလို႔ ႏိုင္ငံသား
စိစစ္မႈ ျဖစ္စဥ္ကို ျငင္းပယ္တယ္ ဆိုတာကို ၾကည့္လိုက္လွ်င္ ျမင္သာေနတဲ့
အခ်က္တစ္ခ်က္ ေပၚလာပါတယ္။ သူတို႔ အတြက္ ႏိုင္ငံသားျဖစ္မႈ ဆိုတာ အေရးႀကီးရင္
ႀကီးမယ္၊ ဒါနဲ႔ ထပ္တူ (သို႔မဟုတ္) ဒါထက္ အေရးႀကီးတာကေတာ့ သူတို႔ရဲ႕ လူမ်ိဳးနဲ႔
ဘာသာ identity ျဖစ္ပါတယ္။ သူတို႔အတြက္ လူမ်ိဳးဘာသာက ဘာေၾကာင့္ အေရးႀကီးရသလဲ။
သူတို႔အတြက္ လူမ်ိဳး ဘာသာက ဘာေၾကာင့္ အေရးႀကီးရသလဲ ဆိုေတာ့ လူမ်ိဳး ဘာသာကို
အေျခခံၿပီး ထပ္ဆင့္ ရလာႏိုင္တဲ့ တိုင္းရင္းသား အခြင့္အေရး၊ (တစ္ေယာက္ခ်င္း
မဟုတ္တဲ့ အစုအဖြဲ႕အလိုက္) ႏိုင္ငံေရး ရပိုင္ခြင့္၊ နယ္ေျမ ပိုင္စိုးခြင့္၊
နယ္ေျမအလိုက္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ အစရွိတဲ့ ႏိုင္ငံေရး ရည္မွန္းခ်က္ေတြကို
လွမ္းေမွ်ာ္ၾကည့္ေနၾကၿပီးသား ျဖစ္ေနၾကလို႔ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၂၀)ေက်ာ္ ကြၽန္ေတာ္ ျပည္ဂ်ီတီအိုင္မွာ တက္ေနစဥ္ ကာလကလို႔
ထင္ပါတယ္။ ျပည္ၿမိဳ႕ထဲမွာ သြားလာေနတံုး မိုးရြာတာနဲ႔ ထီးမပါေတာ့ နီးရာ လက္ဖက္ရည္ဆိုင္
တစ္ဆိုင္မွာ ၀င္ထိုင္ရပါတယ္။ ဘဂၤါလီဆိုင္ တစ္ဆိုင္ ျဖစ္ေနပါတယ္။ ျဖစ္ခ်င္ေတာ့
အဲသည္ အခ်ိန္မွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔ ကန္တဲ့ပြဲ တီဗြီမွာ လာေနတယ္။ (ဘယ္ဖလား
ဘာပြဲစဥ္လဲ ဆိုတာကိုေတာ့ အမွတ္တမဲ့ပါပဲ။) ဆိုင္ရွင္ မိသားစုနဲ႔ သူနဲ႔
မ်ိဳးႏြယ္တူသူေတြ အားလံုးက ဘဂၤလားေဒ့ရွ္ဘက္က အသည္းအသန္ အားေပးေနၾကတယ္။ ျမန္မာ
ဂုိးသမားက ဘာလုပ္လိုက္ျပန္ၿပီ၊ ညစ္လိုက္ျပန္ၿပီ၊ ဘာညာ စသည္ျဖင့္ သူတို႔ပါးစပ္က
ေျပာၾက ဆိုၾက ေတာက္တေခါက္ေခါက္နဲ႔ အားေပးၾက လုပ္ေနၾကခ်ိန္မွာ ကြၽန္ေတာ္နဲ႔ အျခား
စားသံုးသူေတြက အသာေလး ၿငိမ္ၿပီး ဘာမွ မေျပာပဲ တီဗီကိုပဲ ၾကည့္ေနခဲ့ၾကတယ္။
မွတ္မွတ္ရရပါပဲ။ အဲဒီ ကတည္းက ရင္ထဲမွာ ေမးခြန္း တစ္ခု ရွိပါတယ္။ ဘယ္သူေတြဟာ
ဘယ္ႏိုင္ငံကို သစၥာခံၾကသလဲ၊ ဘယ္အလံကို အေလးျပဳမလဲ၊ ဘယ္ႏိုင္ငံေတာ္ သီခ်င္းကို
ဆိုၾကမလဲ ဆိုတဲ့ ေမးခြန္းပါ။
၁၉၈၂-ခုႏွစ္ ႏိုင္ငံသား ဥပေဒမွာ ႏိုင္ငံသားျပဳခြင့္ ရရန္ ေလွ်ာက္ထားသူရဲ႕
အရည္အခ်င္းေတြထဲမွာ ‘တိုင္းရင္းသား ဘာသာစကား တစ္မ်ဳိးမ်ဳိးကို ေကာင္းမြန္စြာ
ေျပာတတ္ျခင္း ဆိုတာကို ထည့္သြင္း ျပ႒ာန္းထားပါတယ္။ အေမရိကန္မွာလည္း
ႏုိင္ငံသားေလွ်ာက္တဲ့ သူတစ္ေယာက္ဟာ အဂၤလိပ္ ဘာသာကို မိခင္ ဘာသာစကား အေနနဲ႔
ေျပာတဲ့သူပင္ ျဖစ္ေစကာမူ (ဥပမာ ကေနဒီယန္ေတြပဲ ျဖစ္ျဖစ္ေပါ့) ဘာသာစကားပိုင္း
စမ္းသပ္စစ္ေဆးမႈငယ္တစ္ခုကို ျဖတ္သန္းရပါေသးတယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံရဲ႕ သမိုင္း၊
ႏိုင္ငံရဲ႕ ႏိုင္ငံေရး စနစ္ စတာေတြနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြ ေမးလို႔
ေက်နပ္ေလာက္တဲ့ အေျဖေတြရမွ အေမရိကန္ႏိုင္ငံသားျပဳခြင့္ ရၾကပါတယ္။ အေမရိကန္ႏိုင္ငံသား
အျဖစ္ က်မ္းက်ိန္တဲ့ေန႔မွာ က်မ္းက်ိန္ၿပီးသည္ေနာက္ အေမရိကန္ႏိုင္ငံရဲ႕ ႏိုင္ငံေတာ္
သီခ်င္းျဖစ္တဲ့ The Star-Spangled Banner ကို သံၿပိဳင္ သီဆိုၾကရပါတယ္။
ပုဏၰားကြၽန္းၿမိဳ႕နယ္ ကာဒီ (ဘဂၤါလီ) ရြာကို လ၀က တာ၀န္ရွိသူေတြဟာ ႏိုင္ငံသား
စိစစ္မႈကို လုပ္ေဆာင္ဖို႔ သြားေရာက္ရာမွာ မေအာင္ျမင္ဘဲ ျပန္လာခဲ့ရတဲ့ေန႔က အဲဒီ
သတင္းကို ဖတ္ၿပီးေတာ့ ကြၽန္ေတာ္ စဥ္းစားမိတာ တစ္ခုရွိတယ္။ လူမ်ဳိးဘာသာ နာမည္
မပါလို႔ စာရင္း အေကာက္မခံဘူး ဆိုတဲ့ သူေတြေပါ့ေနာ္ . . . ဒီလူေတြဟာ ဒီႏိုင္ငံရဲ႕
ႏိုင္ငံေတာ္ သီခ်င္းကို ဆိုမွ ဆိုတတ္ပါ့မလားလို႔ ကြၽန္ေတာ္ ေတြးေနမိတယ္။ ဒီဘက္က
ႏုိင္ငံေတာ္သီခ်င္းကို ဆိုဖို႔ မသင္ဘဲ ဟိုဘက္က ႏုိင္ငံေတာ္ သီခ်င္းကို ဆိုဖို႔
သင္ေပးရင္ သူတို႔အတြက္ ပိုေတာင္ လြယ္ဦးမယ္လို႔ ေတြးေတာမိျပန္တယ္။
ရာဘင္ဒရာနတ္တဂိုး ေရးသားခဲ့တဲ့ “အာမားရ္႐ိႈနားဘင္းဂလား (ကြၽႏု္ပ္၏ ဘဂၤလားေဒ့ရွ္
ေရႊႏိုင္ငံ)” သီခ်င္းက သူတို႔အတြက္ ဆိုရ ပိုလြယ္ေနလိမ့္ဦးမယ္။ ဒါမွမဟုတ္
ကြၽန္ေတာ္တို႔ဘက္က စာရင္းသြားေကာက္တဲ့ အရာရွိမင္းမ်ားကပဲ အဲဒီ ရြာသူရြာသားတို႔
အသာတၾကည္နဲ႔ စာရင္းအေကာက္ခံ ေပးဖို႔ရာ အတြက္ အဲဒီ ႏိုင္ငံေတာ္ သီခ်င္းကို
ျမန္မာႏိုင္ငံ နာမည္ ထည့္ဆိုျပရင္ေကာ ဘယ္လိုေနမလဲလို႔ ေတြးေတာမိတယ္။
အရင္က ျမန္မာႏိုင္ငံကို နတ္ျမစ္ဟို ဘက္ျခမ္းမွာ ေဘာ္ရ္မာလို႔ ေခၚၾကတယ္၊ ၾကမာေပါ့။
ေနာက္ပိုင္းက်ေတာ့ မိုင္ယန္မာလို႔ ေခၚၾကတယ္လို႔ ဆိုပါတယ္၊ Myanmar ေပါ့။ အဲဒီေတာ့
သူတို႔အႀကိဳက္ “အာမားရ္႐ိႈနား ေဘာ္ရ္မာ”၊ ဒါမွမဟုတ္ “အာမားရ္႐ိႈနား မိုင္ယန္မား” (ကြၽႏု္ပ္၏
ျမန္မာေရႊႏိုင္ငံ) သီခ်င္း အသစ္ေလးနဲ႔မွ ေျပလည္မွာလား စဥ္းစားၾကပါေလကုန္။
အေမရိကန္ ႏိုင္ငံေတာ္ သီခ်င္း The Star-Spangled Banner ကို မကၠဆီကန္ႏြယ္ဖြား
လက္တင္ႏိုေတြ ဆိုရလြယ္ေအာင္ စပိန္ ဘာသာစကားနဲ႔ သီဆိုခြင့္ျပဳဖို႔ ၂၀၀၆-ခုႏွစ္
၀န္းက်င္ေလာက္က အာသီသျပဳၾကတာကို အေမရိကန္ စာေရးသူ Lee Harris ကေတာ့ ကန္႔ကြက္
ေရးသား ခဲ့ဖူးတယ္။ အရင္အတိုင္းပဲ ေကာင္းပါတယ္တဲ့..သူက ဆိုတယ္။ ဖိနပ္နဲ႔ မေတာ္လို႔
ဖေနာင့္ကို မလွီးပါနဲ႔လို႔ ေျပာခ်င္တဲ့ သေဘာပါ။
ယေန႔ အုပ္စိုးသူ အေပါင္းတို႔ ေခါင္းစားေနၾကတဲ့ “ႏိုင္ငံသား မျဖစ္ႏိုင္သူေတြကို
ဘယ္လို ရွင္းထုတ္မလဲ” နဲ႔ “ဒီလူေတြ ႏိုင္ငံသား ျဖစ္ႏိုင္ေအာင္ တည္ဆဲ ဥပေဒကို
ဘယ္လို အေပါက္ေဖာက္ရမလဲ” ဆိုတဲ့ ခ်ဥ္းကပ္မႈ ႏွစ္ခုၾကားက ေရြးခ်ယ္မႈ အက်ပ္အတည္းဟာ
ဖိနပ္ကို လွီးမလား ဖေနာင့္ကို လွီးမလား ဆိုတဲ့ အက်ပ္အတည္းနဲ႔ သေဘာခ်င္း
ခပ္ဆင္ဆင္လို႔ ေျပာရင္ မွားမယ္လို႔ မထင္ . . . ။
(၆)
ႏိုင္ငံသား စိစစ္မႈ အစစ္အမွန္ ဆိုတာ
ဒီလိုပါ
၁၉၈၂-ခုႏွစ္ နိုင္ငံသား ဥပေဒအရ – (၁) ႏိုင္ငံသား၊ ဧည့္ႏိုင္ငံသားနဲ႔
ႏိုင္ငံသား ျပဳခြင့္ရသူ ဆိုၿပီး သံုးမ်ိဳးသံုးစား ရွိေၾကာင္း စကားဦး
ေဖာ္ျပလိုတယ္။
(၂) ၁၅-၁၀-၁၉၈၂ ရက္ေန႔ မတိုင္ခင္က ၄၈ ဥပေဒ တည္ဆဲကာလက ႏုိင္ငံသား
ေလွ်ာက္ထားၿပီးသား သူေတြကိုေတာင္ ႏိုင္ငံသား မေပးေတာ့ဘူး၊ ျဖစ္သင့္တယ္ ထင္ရင္
ေထာင္ဧည့္ႏိုင္ငံသားလို႔ပဲ ၈၂ ဥပေဒပုဒ္မ ၂၃ အရ သတ္မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားတယ္။
ဧည့္ႏိုင္ငံသားလို႔ပဲ သတ္မွတ္ေပးခဲ့ၾကတယ္။ ဆိုေတာ့ကာ အခုမွ ၃၄-ႏွစ္ ၾကာၿပီးခါမွ
ဧည့္ႏိုင္ငံသားထက္ အဆင့္ျမင့္တဲ့ ႏိုင္ငံသား အျဖစ္ကို လာေလွ်ာက္ေနလို႔ မရေတာ့ဘူး။
ရွင္းရွင္း ေျပာရရင္ ဧည့္ႏိုင္ငံသား အျဖစ္ကို ေလွ်ာက္ထားခြင့္နဲ႔ ႏိုင္ငံသား
အျဖစ္တို႔ကို ေလွ်ာက္ထားခြင့္တို႔ မက်န္ေတာ့ဘူး။ ႏိုင္ငံသားျပဳခြင့္ရသူ အျဖစ္ကိုပဲ
ေလွ်ာက္ထားႏိုင္ေတာ့မွာ ျဖစ္တယ္။ (ရည္ညႊန္းခ်က္ တစ္၊ ၈၂ ဥပေဒ ပုဒ္မ ၂၃။ “၁၉၄၈-
ခုႏွစ္၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံသား ျဖစ္မႈ အက္ဥပေဒ အရ ႏိုင္ငံသား ျဖစ္ရန္
ေလွ်ာက္ထားသူမ်ားသည္ သတ္မွတ္ခ်က္မ်ားႏွင့္ အရည္အခ်င္းမ်ား ကိုက္ညီပါက
ဧည့္ႏိုင္ငံသား အျဖစ္ ဗဟို အဖြဲ႕က သတ္မွတ္ႏိုင္သည္”) (ရည္ညႊန္းခ်က္ ႏွစ္၊ ျမန္မာႏိုင္ငံသား
ဥပေဒဆိုင္ရာ လုပ္ထံုးလုပ္နည္းမ်ား အပိုဒ္ ၂၅ (ခ)။ “ဥပေဒ အာဏာ တည္သည့္ ၁၉၈၂-ခုႏွစ္
ေအာက္တိုဘာလ ၁၅ ရက္ေန႔ ေနာက္ပိုင္းတြင္ ဥပေဒ ပုဒ္မ ၈ ပုဒ္မခြဲ (က) ပါ
ျပ႒ာန္းခ်က္အရမွ အပ ႏိုင္ငံျခားသား တစ္ဦးသည္ မည္သည့္နည္းႏွင့္မွ် ႏိုင္ငံသား
အျဖစ္ကို ရရွိမည္ မဟုတ္ပါ”)
(၃) ဒါတင္ မကဘူး၊ ႏိုင္ငံျခားသားေတြ (ႏိုင္ငံျခားသား ျဖစ္ေၾကာင္း
ေသခ်ာေနသူေတြဟာ) ႏိုင္ငံသား ျပဳခြင့္ရသူ အျဖစ္ကိုေတာင္ ေလွ်ာက္ထားခြင့္ မရွိဘူး။
(ရည္ညႊန္းခ်က္၊ ၈၂ ဥပေဒ ပုဒ္မ ၇၂။ “ဤဥပေဒ အာဏာ တည္သည့္ေန႔မွ စ၍ ဤဥပေဒပါ
ျပ႒ာန္းခ်က္ တစ္ရပ္ရပ္ အရမွ အပ မည္သည့္ ႏိုင္ငံျခားသားမွ် ႏိုင္ငံသားျပဳခြင့္ ရရန္
ေလွ်ာက္ထားခြင့္ မရွိေစရ”)
(၄) အနည္းဆံုး မိဘ တစ္ဦးဦးဟာ ႏိုင္ငံသား အမ်ဳိးအစား တစ္မ်ဳိးမ်ဳိး
(ႏိုင္ငံသား၊ ဧည့္ႏိုင္ငံသား၊ ျပဳႏိုင္ငံသား) ျဖစ္သူေတြမွသာလွ်င္ ႏိုင္ငံသား
ျပဳခြင့္ရသူ (ျပဳႏိုင္ငံသား) အျဖစ္ကို ေလွ်ာက္ထားႏိုင္တယ္။ ႏိုင္ငံတကာ
ဖိအားေပးတာကို ျမန္မာႏိုင္ငံက ခံရတဲ့ အတြက္ေၾကာင့္ မို႔လို႔ အမိ သို႔မဟုတ္ အဘ
တစ္ဦးဦးေတာင္ ဘာမွ မဟုတ္တဲ့ သူေတြကို ႏိုင္ငံသား ျပဳခြင့္ရသူ အျဖစ္
ေလွ်ာက္ထားခြင့္ ေပးလိုက္ပါကြာ ဆိုတာမ်ိဳးကို ၈၂ ဥပေဒက ျပ႒ာန္း ေပးမထားဘူး။
(ရည္ညႊန္းခ်က္၊ ၈၂ ဥပေဒ ပုဒ္မ ၄၃ အား အက်ယ္ ဖတ္ပါရန္။)
(၅) ဒီလိုမ်ိဳး မဟုတ္ရင္လည္း အရင္ ဥပေဒ အေဟာင္း (၄၈ ဥပေဒ) အရ
ေလွ်ာက္ထားဖို႔ က်န္ရွိေနေသးပါတယ္ ခင္ဗ် ဆိုၿပီးေတာ့ “ခိုင္လံုေသာ သက္ေသ
အေထာက္အထားမ်ားျဖင့္” ျပဳႏိုင္ငံသား ျဖစ္ခြင့္ ရရွိေရးကို ေလွ်ာက္ထားႏိုင္တယ္။
(ရည္ညႊန္းခ်က္၊ ၈၂ ဥပေဒ ပုဒ္မ ၄၂။ “၁၉၄၈-ခုႏွစ္၊ ဇန္န၀ါရီလ ၄ ရက္ေန႔ မတိုင္မီ
ကာလတြင္ ႏိုင္ငံေတာ္ အတြင္း၌ ေရာက္ရွိ ေနထိုင္သူႏွင့္ ထိုသူတို႔မွ
ႏိုင္ငံေတာ္အတြင္း ေမြးဖြားသည့္ သားသမီးသည္ ၁၉၄၈-ခုႏွစ္ ျပည္ေထာင္စု
ျမန္မာႏိုင္ငံသားျဖစ္မႈ အက္ဥပေဒအရ ေလွ်ာက္ထားရန္ က်န္ရွိေနေၾကာင္း ခိုင္လံုေသာ
အေထာက္အထားမ်ားျဖင့္ ဗဟို အဖြဲ႕သို႔ ႏိုင္ငံသားျပဳခြင့္ ရရန္
ေလွ်ာက္ထားႏိုင္သည္။”)
(၆) အထက္က ေျပာသလို ၄၈ ဥပေဒအရ ေလွ်ာက္ဖို႔ က်န္ေနခဲ့ပါတယ္ ဆိုတာကို
ခိုင္ခိုင္လံုလံု တင္ျပမယ္ ဆိုလည္း အဲဒီ ၄၈ ဥပေဒမွာ ေဖာ္ျပထားတာက –
မေလွ်ာက္ထားခင္မွာ ေလွ်ာက္ထားဖို႔ ၾကံရြယ္ပါတယ္ ဆိုတာကို အေၾကာင္းၾကား ထားခဲ့တာဟာ
တစ္ႏွစ္ကေန ငါးႏွစ္အတြင္း ကာလမွာ ရွိေနရပါမယ္။ ေလွ်ာက္မယ္လို႔ေတာ့ စိတ္ထဲက
ၾကံခဲ့ဖူးတာပဲလို႔ လာရႊီးလို႔ မရပါဘူး။ (ရည္ညႊန္းခ်က္၊ ၄၈ ဥပေဒ ၇ (၁) (ဃ) “. . .
သို႔ရာတြင္ ထိုသူသည္ ႏုိင္ငံသားျပဳမႈ လက္မွတ္ ရလိုေၾကာင္း မေလွ်ာက္ထားမီ
တစ္ႏွစ္ထက္ မနည္း ငါးႏွစ္ထက္ မမ်ား ႀကိဳတင္၍ ဤအက္ဥပေဒအရ ျပ႒ာန္းထားေသာ
နည္းဥပေဒမ်ား၌ ပါရွိသည့္ ပံုစံအတိုင္း ႏိုင္ငံသားျပဳမႈ လက္မွတ္ ေတာင္းယူရန္
ၾကံရြယ္ေၾကာင္းကို စာျဖင့္ အေၾကာင္းၾကားထားၿပီး ျဖစ္ရမည္။”)
(၇) ဒီေတာ့ “ႏိုင္ငံသား သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ ရသူဆိုင္ရာ စံုစမ္း
စစ္ေဆးေရး အဖြဲ႕” လို႔ ေခၚတဲ့ ဘဂၤါလီေတြကို ႏိုင္ငံသား စိစစ္တဲ့ လုပ္ငန္းစဥ္ကို
ႀကီးၾကပ္ လုပ္ေဆာင္မယ့္ အဖြဲ႕၀င္ေတြကို ကြၽန္ေတာ္ အၾကံျပဳ လိုတာက – စနစ္တက် ဆိုရင္
ဒီလို လုပ္သင့္ပါတယ္လို႔ အၾကံျပဳလိုပါတယ္။
ေလွ်ာက္ထားသူ ဖိုင္တြဲတစ္ခုကို ကိုင္ပါ။ မိဘ တစ္ဦးဦး ႏုိင္ငံသား အမ်ဳိးအစား
တစ္မ်ဳိးမ်ဳိး ျဖစ္တာ ေသခ်ာသလား (အတု မဟုတ္တဲ့ ကတ္ျပားေတြ အမွန္တကယ္ ရွိသလား)
ၾကည့္ပါ။ ဟုတ္တယ္၊ ေသခ်ာတယ္ ဆိုရင္ ျပဳႏိုင္ငံသားေတာ့ စဥ္းစားေပးလို႔ ရတယ္။
ႏိုင္ငံသား၊ ဧည့္ႏုိင္ငံသားေတာ့ စဥ္းစားေပးဖို႔ မလိုေတာ့ဘူး။
မိဘ တစ္ဦးဦးဟာ ႏုိင္ငံသား အမ်ဳိးအစား တစ္မ်ဳိးမ်ဳိး ဟုတ္မေနဘူး ဆိုရင္ ၄၈ ဥပေဒအရ
ေလွ်ာက္ထားရန္ က်န္ရွိေၾကာင္း အေထာက္အထား ခိုင္ခိုင္လံုလံုနဲ႔ (ဆိုလိုတာက
ျပဳႏိုင္ငံသား ေလွ်ာက္ဖို႔ ႀကံရြယ္ေၾကာင္းကို စာပို႔ထားတာ တစ္ႏွစ္နဲ႔
ငါးႏွစ္ၾကားမွာ ရွိေနေၾကာင္း ခိုင္လံု အေထာက္အထားမ်ားနဲ႔) ေလွ်ာက္တာလား ၾကည့္ပါ။
အဲသလို ဟုတ္ေနရင္ ထည့္သြင္း စဥ္းစားေပးလို႔ ရပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ နိ႒ိ
တံပါၿပီ။ အမႈဖိုင္ကို အသာေလးပိတ္ၿပီး ေဘးဖယ္လိုက္ပါ။ စဥ္းစားစရာ မလိုေတာ့ပါဘူး။
(၈) အထက္ေဖာ္ျပပါ နည္းလမ္းအတိုင္း မဟုတ္ဘဲ အေမရိကန္ကို ဘာပဲ အလိုက္ေပးလို႔
ေပါင္းရေပါင္းရ ေပါင္းသင္းခ်င္ေဇာ လြန္ေနတာက တစ္မ်ဳိး၊ တူရကီ
ႏိုင္ငံျခားေရး၀န္ႀကီး မ်က္ႏွာကို ေျပးျမင္ၿပီး OIC နဲ႔လည္း မ်က္ႏွာ မပ်က္ဖို႔
လိုတယ္ေလ ဆိုၿပီး အားနာတာက တစ္ဖံု၊ နည္းလမ္း မညီညြတ္ဘဲ ႏိုင္ငံသား၊
ျပဳႏိုင္ငံသားေပးဖို႔ လုပ္ၾကတယ္ ဆိုရင္ေတာ့ တိုင္းျပည္နဲ႔ လူမ်ဳိးကို
ေရာင္းစားၾကတာပဲ ျဖစ္ပါေတာ့တယ္။
(၉) တျမန္ေန႔ (၁၅-၀၆-၂၀၁၆) ရက္ ေန႔ရက္စြဲပါ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္
ဦးညီပု လက္မွတ္နဲ႔ ထုတ္ျပန္တဲ့ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ ညႊန္ၾကားခ်က္ အမွတ္
(၆၆/၂၀၁၆)အားျဖင့္ ျပည္နယ္ အဆင့္နဲ႔ ၿမိဳ႕နယ္အဆင့္ “ႏိုင္ငံသား သို႔မဟုတ္
ႏိုင္ငံသား ျပဳခြင့္ရသူ ဆိုင္ရာ စံုစမ္းစစ္ေဆးေရး အဖြဲ႕” ေတြကို ဖြဲ႕စည္း
တာ၀န္ေပးအပ္ေၾကာင္း ညႊန္ၾကားခ်က္ ထုတ္ျပန္တာကို ၾကားသိရပါတယ္။ အဲဒီ
စံုစမ္းစစ္ေဆးေရး အဖြဲ႕ေတြမွာ ေဒသခံ လူထုကို ကိုယ္စားျပဳႏိုင္တဲ့သေဘာ ရွိသူေတြ
ပါႏိုင္ေအာင္ ၿမိဳ႕မိ ၿမိဳ႕ဖ (ဒါမွမဟုတ္) လူထုက တစ္နည္းနည္းျဖင့္ ေရြးခ်ယ္ေပးသူ
ႏွစ္ဦးစီကို အရင္တုန္းက ထည့္သြင္း ဖြဲ႕စည္းခဲ့ပါတယ္။ အခု သိရွိရတဲ့
ဒီညႊန္ၾကားခ်က္မွာ ၿမိဳ႕မိ ၿမိဳ႕ဖ ႏွစ္ဦးအစား “ဌာနဆိုင္ရာ အမ်ားၾကည္ညိဳ
ေလးစားျခင္း ခံရသူ ႏွစ္ဦး” လို႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ စကား အသြားအလာအရ
အမ်ားၾကည္ညိဳ ေလးစားျခင္းကို ခံရေစဦးေတာ့ ဌာနဆိုင္ရာေတြက မႀကိဳက္ရင္ အဖြဲ႕ထဲမွာ
တာ၀န္ေပးလို႔ မရဘူး ဆိုတဲ့သေဘာ ျဖစ္ေနတယ္။ အမိန္႔ နာခံေနရသူေတြ မဟုတ္တဲ့
လြတ္လြတ္လပ္လပ္ သေဘာထားေပးႏိုင္သူ တစ္ေယာက္မွ မပါႏိုင္ေအာင္ ျပဳလုပ္ထားတဲ့ အစီအမံ
ျဖစ္ေနတဲ့အတြက္ ဒီအစီအမံဟာ လုံး၀ မျဖစ္သင့္ေၾကာင္းကို ျပည္သူလူထုက
ကိုယ္စားျပဳ ေျပာဆိုခြင့္ ေပးထားေသာ ႏိုင္ငံေရးသမား တစ္ဦး အေနျဖင့္ မိမိက
ကန္႔ကြက္ပါတယ္။ စံုစမ္းစစ္ေဆးေရး အဖြဲ႕ထဲမွာ ၿမိဳ႕လူထုက တစ္နည္းနည္းျဖင့္
ေရြးခ်ယ္ေပးထားတဲ့သူ အစိုးရ ဌာနဆိုင္ရာက ႀကိဳက္ႏွစ္သက္ျခင္း၊ ၾကည္ညိဳေလးစားျခင္းကို
ရတယ္၊ မရဘူး ရယ္လို႔ ေျပာေနစရာ မလိုသူ ႏွစ္ဦးကို အရင္အတိုင္းပဲ
ထည့္သြင္းေပးေစလိုေၾကာင္းကို တိုက္တြန္းပါတယ္။
(၇)
ဥပေဒ အေဟာင္းကို ဖ်က္ၿပီး အသစ္
ဘာေၾကာင့္ ျပဳခဲ့ၾကရသလဲ
တည္ဆဲ ဥပေဒျဖစ္တဲ့ ၁၉၈၂-ခုႏွစ္ ႏုိင္ငံသား ဥပေဒကို တိတိက်က် ၾကပ္ၾကပ္မတ္မတ္
မတိမ္းမေစာင္း သံုးစြဲၾကဖို႔ ဘာေၾကာင့္ တိုက္တြန္းေနရသလဲ ဆိုတာကို ပိုမို ထင္လင္း
သိသာ ေစႏိုင္ဖို႔ရာ ၁၉၈၂ ႏိုင္ငံသား ဥပေဒ ေရးဆြဲစဥ္ ကာလ ၁၉၈၀ ျပည့္ႏွစ္ ဇြန္လက
ပံုႏွိပ္ ထုတ္ေ၀ခဲ့တဲ့ “ႏိုင္ငံသား ဥပေဒၾကမ္း ေရးဆြဲေရးႏွင့္ စပ္လ်ဥ္း၍
ရွင္းလင္းေရးႏွင့္ အၾကံဉာဏ္ ေတာင္းခံေရးအဖြဲ႕ အဆင့္ဆင့္အတြက္ လက္စြဲစာတမ္း” ထဲမွာ
အရင္ ၁၉၄၈ ဥပေဒေဟာင္းကို မသံုးေတာ့ဘဲ ဖ်က္သိမ္းဖို႔ရာ ျဖစ္လာရတဲ့ အေၾကာင္း
တစ္ခ်က္ကို ဒီမွာ ျပန္လည္ ေဖာ္ျပလိုပါတယ္။ ထိုစဥ္က ႏိုင္ငံေတာ္ သမၼတရဲ႕
မွတ္ခ်က္စကား ျဖစ္ပါတယ္။ “ဥပေဒေဟာင္းအတိုင္း ဘိုးဘြား ေလးဦးအနက္ တစ္ဦးသည္
ျမန္မာျဖစ္လွ်င္ (ေျမး)ကို တိုင္းရင္းသား အျဖစ္ အသိအမွတ္ ျပဳမည္ ဆိုပါက
အဆံုးမသတ္ႏိုင္သည့္ အခြင့္အေရး တစ္ရပ္ျဖစ္ေၾကာင္း၊ တစ္ဖန္ ဘိုးဘြားေလးဦး စလံုး
ႏိုင္ငံျခားသား ျဖစ္သည့္တိုင္ေအာင္ ႏွစ္အပိုင္းအျခားျဖင့္ သားစဥ္ေျမးဆက္ သံုးဆက္
ေဖာ္ျပထားသည္ကို ေတြ႕ရေၾကာင္း၊ ထိုအခ်ိန္က လြတ္လပ္ေရး ရရွိဖို႔ ႀကိဳးပမ္းေနခ်ိန္
ျဖစ္၍ လိုက္ေလ်ာေပးခဲ့ရျခင္း ျဖစ္ေၾကာင္း၊ ယခု အခ်ိန္တြင္ ယင္းအခ်က္ကို ဆက္လက္
ထားရွိရန္ မလိုေတာ့ေၾကာင္း” မွတ္ခ်က္ေပး လမ္းညႊန္ခဲ့တာကို ေဖာ္ျပထားပါတယ္။
ေျပာခ်င္တာက ဒီေလာက္ အေရးႀကီးတဲ့ ဥပေဒ တစ္ရပ္မွာ ဒီေလာက္ထိကို အေပါက္ႀကီး ေဟာင္းေလာင္း
ဒိုးယိုေပါက္ ပြင့္ေနတာႀကီးကို အၿပီးပိတ္ကာ ဥပေဒအသစ္ ျပဳသင့္တယ္ ဆိုၿပီး ၈၂
ဥပေဒကို ျပဳခဲ့ၾကတယ္။ ဒီဘက္ေခတ္ကို ေရာက္ေတာ့မွပဲ ၈၂ ဥပေဒ စာအုပ္ကို လူမျမင္ေအာင္
အသာေလးပိတ္ၿပီး အရင္ ဥပေဒအေဟာင္း ၄၈ ဥပေဒ စာအုပ္ကို မဆီမဆိုင္ ဖြင့္ၿပီးေတာ့
ႏိုင္ငံသား ေပးႏိုင္ဖို႔ ၾကံတာကို ေတြ႕ရတဲ့အတြက္၊ အံ့ေရာ . . . အံ့ေရာလို႔ပဲ
ျမည္တမ္းရေတာ့မလား မသိေတာ့ပါဘူး။
(၈)
ပန္ၾကားခ်က္
ႏိုင္ငံရဲ႕အခ်ဳပ္အျခာ အာဏာဟာ ႏိုင္ငံသားေတြဆီက ဆင္းသက္တာ ျဖစ္တဲ့အတြက္ ႏိုင္ငံသား
မျဖစ္သင့္သူေတြ ႏိုင္ငံသား ျဖစ္လာတဲ့ အခါ မိမိတို႔ ႏုိင္ငံရဲ႕ အခ်ဳပ္အခ်ာ အာဏာဟာ
ထိပါးယိုယြင္းျခင္း ခံရပါတယ္။ ႏိုင္ငံသား မျဖစ္သင့္သူေတြ ႏိုင္ငံသား ျဖစ္လာ႐ံုမက
အဲဒီ လူေတြဟာ နံေဘးကပ္လ်က္ လူဦးေရ မိမိတို႔ထက္ သံုးဆမက မ်ားၿပီး လူဦးေရ
ေပါက္ကြဲေနတဲ့ အိမ္နီးခ်င္းႏိုင္ငံက ႏိုင္ငံသားေတြနဲ႔ လူမ်ိဳး တစ္မ်ဳိးတည္း
(နီးကပါး) ျဖစ္ေနတဲ့ အခါ ဒီလူေတြဟာ အေရအတြက္အားျဖင့္ တစ္သန္းတည္းပါပဲ ဆိုတာထက္
အမ်ားႀကီး အဓိပၸာယ္ ေဆာင္ပါတယ္။ အေႏွးနဲ႔ အျမန္ ဆိုသလို ႏိုင္ငံက်ဆံုးခန္း
ဆိုက္ေရာက္လာႏုိင္တဲ့ အလားအလာမ်ဳိး ျဖစ္ပါတယ္။
ညီအစ္ကိုခ်င္း စကားမ်ားတတ္ ရန္ျဖစ္တတ္ၾကတာက လက္သီးနဲ႔ ထိုးခ်င္ ထိုးတတ္ၾကတာက သဘာ၀
ျဖစ္ေပမယ့္ အိမ္ကို ခိုးသူေတြ ခ်ဳိးေဖာက္၀င္ေရာက္ လာတဲ့ အခါက်ရင္
ညီအစ္ကိုေတြအားလံုး လွံဆြဲ ရင္ဆိုင္ၿပီး မိမိတို႔ ကိုယ္တိုင္ရဲ႕ အသက္ကို သာမက
မိမိတို႔ရဲ႕ အိုးအိမ္၊ အစ္မ ႏွမ၊ မိခင္ ဖခင္တို႔ကို ၀ိုင္း၀န္း ကာကြယ္
ၾကရပါေၾကာင္း . . . ျပည္ေထာင္စုသား အားလံုးတို႔အား သတင္းစကား ပို႔သ အပ္ပါတယ္။
Writer: ေက်ာ္ေဇာဦး
Daily Eleven သတင္းစာ
၂၀၁၆-ခုႏွစ္ ဇြန္လ (၂၆) ရက္ ၊ တနဂၤေႏြေန႔
**************************

[ Unicode version here ]
နိုင်ငံ၊ လူမျိုးနှင့် အချုပ်အခြာ အာဏာကို စောင့်ရှောက်သော ဥပဒေ (အပိုင်း ၃)
ကတ်ပြားတွေ ထုတ်ပေးမှုဟာ နည်းဥပဒေတွေနဲ့ မညီညွတ်တာကို အရင်ကတည်းက တွေ့ရဖူးတယ်။ ဥပမာအားဖြင့် White Card ခေါ် အဖြူရောင် ကတ်ပြားဟာ ပြဋ္ဌာန်း နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအရ ဆိုရင် နိုင်ငံသား စိစစ်ရေး ပန်းရောင်ကတ်ပြား ကိုင်ဆောင်သူ နိုင်ငံသား တစ်ဦးဦး သူ့ရဲ့ ပန်းရောင်ကတ် ပျက်စီး ပျောက်ဆုံးနေစဉ် ကာလမှာ ယာယီသုံးဖို့ ထုတ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားတဲ့ ကတ်အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ အဖြူရောင်ကတ်ကို နိုင်ငံသား ဟုတ်မဟုတ် မသိရသေးတဲ့ ဘင်္ဂါလီတွေကို (လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်ခြင်း မရှိဘဲ) ထုတ်ပေးခဲ့ကြတယ်။ ဒီလိုမျိုး ထုတ်ပေးလို့ ရတယ် ဆိုပြီးတော့ လဝက တာဝန်ရှိသူတွေဟာ ကျယ်ကျယ်ပြန့်ပြန့် တရားဝင် ထုတ်ဖော် ပြောခဲ့ကြတယ်။
နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ ပြုနိုင်ငံသား ကတ်ပြားတွေကို (ကတ်ပြား အစစ်တွေကို) နည်းလမ်း ညီညွတ်ခြင်း မရှိဘဲ မြန်မာနိုင်ငံ တစ်ဝန်းမှာ သိန်းချီလို့ ထုတ်ပေးခဲ့ကြပြီးပြီ။ လဝက အောက်ခြေဝန်ထမ်းမှ အစ ဝန်ကြီးအထိ ဘယ်သူမှ တရားစွဲဆို ခံရခြင်း ထောင်ကျခြင်း မရှိသေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခြင်း ခံရတာဟာ … ကျွန်တော် သိသလောက် ကော့သောင်းမှာ ဖမ်းမိတဲ့ ဘင်္ဂါလီတွေ အမှုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လဝက ဝန်ထမ်း နှစ်ဦးကို အမှုနဲ့ ဆက်စပ်ပြီးတော့ တရားစွဲတာဟာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အစိမ်းရောင် ကတ်ပြားဟာ ဥပဒေ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနဲ့ ညီညွတ်မှု ရှိ မရှိကို အသေအချာ သုံးသပ်ကြဖို့ လိုအပ်ပါတယ်။
(၄)
ဥပဒေက လုံပေမယ့် ခေါင်မိုးက မလုံရင်
၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေဟာ မြန်မာနိုင်ငံ ရေရှည် တည်တံ့ရေးကို ရည်မှန်းပြီး လူထု လူတန်းစား အသီးသီးရဲ့ ပါဝင် အကြံပြုချက်တွေနဲ့ အချိန်ယူ ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်တဲ့အတွက် ယိုပေါက်တွေ ဟာကွက်တွေ လွတ်ပေါက်တွေ ရှိနိုင်ခြေ အင်မတန် နည်းကြောင်း ရှေ့က တင်ပြ ရေးသားခဲ့ပြီးပါပြီ။ ဥပဒေကို ကိုင်တွယ် သုံးစွဲတဲ့ လူတွေကသာ ဖောက်ခြင်း ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာ လွတ်ပေါက်နှစ်ရပ် ရှိနေသေးကြောင်းကိုလည်း စိတ်မကောင်းစွာနဲ့ပဲ ထည့်ပြောရပါဦးမယ်။ အခု ဆက်ဆွေးနွေးမယ့် ဖော်ပြပါ အချက်တွေကတော့ ခေါင်မိုး လုံ မလုံနဲ့ အဓိက ပတ်သက်ပါတယ်။
လွတ်ပေါက် တစ် – ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပုဒ်မ ၈ (က)
၈၂ ဥပဒေ ပုဒ်မ ၈ (မူရင်း) စာသားက ဒီလို ဆိုပါတယ်။ “နိုင်ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူ့ကို မဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ် သတ်မှတ်နိုင်သည်” လို့ ဆိုတားပါတယ်။ (စကားရပ် အစားထိုးပြီးသား Update လုပ်ပြီးသား စာသားကတော့ ‘နိုင်ငံတော် သမ္မတ (သို့မဟုတ်) ပြည်ထောင်စု အစိုးရ အဖွဲ့’ သည် နိုင်ငံတော်၏ အကျိုးငှာ မည်သူ့ကို မဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ အဖြစ် သတ်မှတ်နိုင်သည်’ လို့ ဆိုပါတယ်။
ဒါကို အဆိုးဆုံး အခြေအနေ လှမ်းမျှော်ပြီး တွေးကြည့်လိုက်မိတဲ့ အခါ မိမိတို့ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရက တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာ မရှိခဲ့ရင် ‘မည်သူ့ကို မဆို’ နိုင်ငံသား တစ်မျိုးမျိုး သတ်မှတ်ပေးနိုင်တယ် ဆိုတဲ့ ဒီပုဒ်မကို အလွဲသုံးစား လုပ်လာနိုင်တယ်။ ဒီဥပဒေရဲ့ အခြား နေရာတွေမှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားထား ဒီနိုင်ငံကို အုပ်ချုပ်ခွင့် ရထားတဲ့ အစိုးရမင်းကသာ ‘နိုင်ငံတော်၏ အကျိုး’ ရှိပါတယ်လို့ တစ်နည်းနည်းနဲ့ ပြောပြီး ‘မည်သူ့ကို မဆို’ နိုင်ငံသား တစ်မျိုးမျိုးပေးတာ လုပ်သွားနိုင်တယ်။ ဒါဟာ လွတ်ပေါက် (Loophole) တစ်ခု အနေနဲ့ ရှိနေတယ်။
လွတ်ပေါက် နှစ် – ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပုဒ်မ ၇၅
၈၂ ဥပဒေ ပုဒ်မ-၇၅ (မူရင်း)စာသားက ဒီလို ဆိုပါတယ်။ ‘ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် အလို့ငှာ (အစိုးရအဖွဲ့)သည် လိုအပ်သော လုပ်ထုံး လုပ်နည်းများကို နိုင်ငံတော် ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်’ လို့ ဆိုထားပါတယ်။ (စကားရပ် အစားထိုးပြီးသား update လုပ်ပြီးသား စာသားကတော့ ‘ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စု အစိုးရ အဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော် သမ္မတ (သို့မဟုတ်) ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်’ လို့ ဆိုပါတယ်။) ၈၂ ဥပဒေ ပုဒ်မ-၇၅ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး သကာလ ထိုစဉ်က ဝန်ကြီးအဖွဲ့ဟာ နိုင်ငံတော် ကောင်စီရဲ့ သဘောတူညီချက်နဲ့ ‘မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ’ ကို အမိန့်ကြေငြာစာ အမှတ် ၁၃/၈၃ အားဖြင့် (၁၀-၀၉-၁၉၈၃) ရက်နေ့မှာ တစ်ဆက်တည်း ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်တယ်။
ဒါပေမဲ့ ရှေ့က ခိုင်ခိုင်မာမာ ဘယ်လိုပဲ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား ဥပဒေကို ယိုပေါက်တွေ ဖန်တီးပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲ ပြဋ္ဌာန်းလာခဲ့ရင် . . . တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးဘာသာ သာသနာကတော့ ရေစုံမျောရမယ့် အခြေအနေ ဖြစ်သွားပါလိမ့်မယ်။
၈၂ ဥပဒေနဲ့ စိစစ်မှုကို လုပ်ဆောင်ဖို့ရာကို အဆိုတင်နိုင်ဖို့အတွက် မကြာခင်က ပြည်သူ့ လွှတ်တော်မှာ ကြိုးပမ်းကြတဲ့အခါ အဆို တင်သင့်ကြောင်း ဆွေးနွေးတဲ့ အမတ်တွေ ဆွေးနွေး အပြီးမှာ ပါတီကြီး တစ်ခုရဲ့ အမတ်တွေ ဘယ်သူမှ လက်ခုပ် မတီးကြတာဟာ ဘယ်ဘက်ကို ဦးတည်နေသလဲ ဆိုတာ တွေးတော စဉ်းစားစရာ ဖြစ်နေပါတယ်။
တိုင်းရင်းသား အရေးမှာ ရှမ်းက ဦးဆောင်နေလေ့ ရှိခဲ့ရာကနေ ယနေ့ အချိန်အခါမှာ မြေပေါ်နိုင်ငံရေးမှာ ရှမ်းနဲ့ တန်းတူ ရင်ဘောင်တန်း ဦးဆောင်လာတဲ့ ရခိုင်ကို နိုင်ငံရေး အားသာချက်တွေ မရနိုင်အောင် နှိပ်ကွပ်ထားနိုင်မှ ဖြစ်မယ် ဆိုတာမျိုး၊ ရခိုင်ကို ကုလားနဲ့ ကစားထားမှ ဖြစ်မယ် ကုလားနဲ့ ညှပ်ထားမှ ဒီကောင်တွေ ကြပ်နေမယ်လို့ စဉ်စားပုံမျိုးကို အရင် အစိုးရ အဆက်ဆက်ဆီက အမွေဆက်ခံ ထားမိတယ် ဆိုခဲ့ရင် . . . ဒီ ဘင်္ဂါလီ အရေးဟာ ဒီလို ကစားရင်း ကစားရင်းနဲ့ ကြီးထွားလာခဲ့တာဟာ (ပြည်ထောင်စု အဆင့်) မြန်မာတစ်နိုင်ငံလုံးရဲ့ နောင်ရေး ရင်မအေးစရာ ဖြစ်လာနေပြီဆိုတဲ့ အချက်ကိုလည်း နှလုံးသွင်းပေးကြဖို့ ပန်ကြားလိုပါတယ်။ ဖဆပလ မဲနိုင်ဖို့အတွက် ခေါ်တော ကုလားတွေကို သမ္ဗာန် အစီးပေါင်း ဆယ်ချီ ရာချီတိုက် နတ်မြစ်ကို ကျော်သွင်းပြီး မဲပေးစေခဲ့တာ . . . ၊ စစ်အစိုးရ လက်ထက် ထောက်လှမ်းရေး ကြီးစိုးစဉ် ရခိုင်တွေကို ပြားပြားဝပ်အောင် နှိပ်ကွပ်ပြီး ကုလား လုပ်ငန်းရှင်တွေကို ဖွံ့ဖြိုး ကြီးထွားအောင် မြေတောင် မြှောက်ပေးခဲ့တာ . . . ၊ ကြံ့ခိုင်ရေးပါတီ မဲရဖို့အတွက် ဘူးသီးတောင် မောင်တောမှာ အဖြူရောင်ကတ်တွေ ထုတ်ပေးပြီး မဲပေးခွင့် ပြုခဲ့တာ . . . ၊ စသည်ဖြင့် စသည်ဖြင့် . . . ဒီလိုမျိုး လုပ်ရပ်တွေ မူဝါဒတွေ ချဉ်းကပ် စဉ်းစားမှုတွေဟာ ဒီဘက်မှာ ပါမလာတော့ဖို့ကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။
(၅)
အာမားရ်ရှိုနား မိုင်ယန်မား။ ကျွနု်ပ်၏ မြန်မာ ရွှေနိုင်ငံ
ပြီးခဲ့တဲ့ ဇွန်လ (၇) ရက် (၀၇-၀၆-၂၀၁၆) ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကာဒီ (ဘင်္ဂါလီ) ရွာကို လဝက တာဝန်ရှိသူတွေ သွားရောက်ပြီး နိုင်ငံသား စိစစ်ရေး လုပ်ငန်း အဆင့်တွေ လုပ်ဆောင်နိုင်ဖို့ သွားရောက်ခဲ့ကြပေမယ့် စိစစ် လုပ်ဆောင်တဲ့ နေရာမှာ လူမျိုး/ဘာသာ အချက်အလက်တွေကို မေးမြန်း ထည့်သွင်းခြင်း မပါရှိတဲ့အတွက် ကာဒီ ရွာသား ဘင်္ဂါလီ လူမျိုးတွေက နိုင်ငံသား စိစစ်ရေး ဖြစ်စဉ် မလုပ်နိုင်ကြောင်း ငြင်းပယ်ခဲ့တယ်။ အစစ်ခံမယ့် လူတွေက ငြင်းပယ်တဲ့အတွက် စစ်ဆေးရမယ့် တာဝန်ရှိတဲ့သူတွေ ဘာမှ မလုပ်နိုင်ဘဲ ပြန်လာခဲ့ကြရတယ်။
မိမိ သိသလောက် နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေဟာ တိုင်းရင်းသားတွေ ဖြစ်ကြရမယ် ဆိုတဲ့ အချက်က လွဲပြီး မည်သည့် နိုင်ငံသား မဆို (တိုင်းရင်းသား ဟုတ်ဟုတ် မဟုတ်ဟုတ်) ဥပဒေအရ ရပိုင်ခွင့်တွေ တန်းတူ အကုန် ရကြတယ်လို့ ပြဋ္ဌာန်းထားတဲ့ သည် မြန်မာနိုင်ငံမှာ နိုင်ငံသား ဟုတ်၊ မဟုတ် မသေချာသူ ခိုးဝင်တွေလို့ သံသယရှိခြင်း ခံရသူ လူအုပ်စု တစ်စုဟာ နိုင်ငံသား စိစစ်ရေးကို လုပ်ပေးပါမယ် ဆိုပြီး အိမ်တိုင်ရာရောက် လာလုပ်ပေးတာကို လူမျိုး/ဘာသာ အချက်အလက် မပါလို့ နိုင်ငံသား စိစစ်မှု ဖြစ်စဉ်ကို ငြင်းပယ်တယ် ဆိုတာကို ကြည့်လိုက်လျှင် မြင်သာနေတဲ့ အချက်တစ်ချက် ပေါ်လာပါတယ်။ သူတို့ အတွက် နိုင်ငံသားဖြစ်မှု ဆိုတာ အရေးကြီးရင် ကြီးမယ်၊ ဒါနဲ့ ထပ်တူ (သို့မဟုတ်) ဒါထက် အရေးကြီးတာကတော့ သူတို့ရဲ့ လူမျိုးနဲ့ ဘာသာ identity ဖြစ်ပါတယ်။ သူတို့အတွက် လူမျိုးဘာသာက ဘာကြောင့် အရေးကြီးရသလဲ။
သူတို့အတွက် လူမျိုး ဘာသာက ဘာကြောင့် အရေးကြီးရသလဲ ဆိုတော့ လူမျိုး ဘာသာကို အခြေခံပြီး ထပ်ဆင့် ရလာနိုင်တဲ့ တိုင်းရင်းသား အခွင့်အရေး၊ (တစ်ယောက်ချင်း မဟုတ်တဲ့ အစုအဖွဲ့အလိုက်) နိုင်ငံရေး ရပိုင်ခွင့်၊ နယ်မြေ ပိုင်စိုးခွင့်၊ နယ်မြေအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အစရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို လှမ်းမျှော်ကြည့်နေကြပြီးသား ဖြစ်နေကြလို့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)ကျော် ကျွန်တော် ပြည်ဂျီတီအိုင်မှာ တက်နေစဉ် ကာလကလို့ ထင်ပါတယ်။ ပြည်မြို့ထဲမှာ သွားလာနေတုံး မိုးရွာတာနဲ့ ထီးမပါတော့ နီးရာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်ရပါတယ်။ ဘင်္ဂါလီဆိုင် တစ်ဆိုင် ဖြစ်နေပါတယ်။ ဖြစ်ချင်တော့ အဲသည် အချိန်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ကန်တဲ့ပွဲ တီဗွီမှာ လာနေတယ်။ (ဘယ်ဖလား ဘာပွဲစဉ်လဲ ဆိုတာကိုတော့ အမှတ်တမဲ့ပါပဲ။) ဆိုင်ရှင် မိသားစုနဲ့ သူနဲ့ မျိုးနွယ်တူသူတွေ အားလုံးက ဘင်္ဂလားဒေ့ရှ်ဘက်က အသည်းအသန် အားပေးနေကြတယ်။ မြန်မာ ဂိုးသမားက ဘာလုပ်လိုက်ပြန်ပြီ၊ ညစ်လိုက်ပြန်ပြီ၊ ဘာညာ စသည်ဖြင့် သူတို့ပါးစပ်က ပြောကြ ဆိုကြ တောက်တခေါက်ခေါက်နဲ့ အားပေးကြ လုပ်နေကြချိန်မှာ ကျွန်တော်နဲ့ အခြား စားသုံးသူတွေက အသာလေး ငြိမ်ပြီး ဘာမှ မပြောပဲ တီဗီကိုပဲ ကြည့်နေခဲ့ကြတယ်။ မှတ်မှတ်ရရပါပဲ။ အဲဒီ ကတည်းက ရင်ထဲမှာ မေးခွန်း တစ်ခု ရှိပါတယ်။ ဘယ်သူတွေဟာ ဘယ်နိုင်ငံကို သစ္စာခံကြသလဲ၊ ဘယ်အလံကို အလေးပြုမလဲ၊ ဘယ်နိုင်ငံတော် သီချင်းကို ဆိုကြမလဲ ဆိုတဲ့ မေးခွန်းပါ။
၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေမှာ နိုင်ငံသားပြုခွင့် ရရန် လျှောက်ထားသူရဲ့ အရည်အချင်းတွေထဲမှာ ‘တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို ကောင်းမွန်စွာ ပြောတတ်ခြင်း ဆိုတာကို ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။ အမေရိကန်မှာလည်း နိုင်ငံသားလျှောက်တဲ့ သူတစ်ယောက်ဟာ အင်္ဂလိပ် ဘာသာကို မိခင် ဘာသာစကား အနေနဲ့ ပြောတဲ့သူပင် ဖြစ်စေကာမူ (ဥပမာ ကနေဒီယန်တွေပဲ ဖြစ်ဖြစ်ပေါ့) ဘာသာစကားပိုင်း စမ်းသပ်စစ်ဆေးမှုငယ်တစ်ခုကို ဖြတ်သန်းရပါသေးတယ်။ နောက်ပြီးတော့ နိုင်ငံရဲ့ သမိုင်း၊ နိုင်ငံရဲ့ နိုင်ငံရေး စနစ် စတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလို့ ကျေနပ်လောက်တဲ့ အဖြေတွေရမှ အမေရိကန်နိုင်ငံသားပြုခွင့် ရကြပါတယ်။ အမေရိကန်နိုင်ငံသား အဖြစ် ကျမ်းကျိန်တဲ့နေ့မှာ ကျမ်းကျိန်ပြီးသည်နောက် အမေရိကန်နိုင်ငံရဲ့ နိုင်ငံတော် သီချင်းဖြစ်တဲ့ The Star-Spangled Banner ကို သံပြိုင် သီဆိုကြရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကာဒီ (ဘင်္ဂါလီ) ရွာကို လဝက တာဝန်ရှိသူတွေဟာ နိုင်ငံသား စိစစ်မှုကို လုပ်ဆောင်ဖို့ သွားရောက်ရာမှာ မအောင်မြင်ဘဲ ပြန်လာခဲ့ရတဲ့နေ့က အဲဒီ သတင်းကို ဖတ်ပြီးတော့ ကျွန်တော် စဉ်းစားမိတာ တစ်ခုရှိတယ်။ လူမျိုးဘာသာ နာမည် မပါလို့ စာရင်း အကောက်မခံဘူး ဆိုတဲ့ သူတွေပေါ့နော် . . . ဒီလူတွေဟာ ဒီနိုင်ငံရဲ့ နိုင်ငံတော် သီချင်းကို ဆိုမှ ဆိုတတ်ပါ့မလားလို့ ကျွန်တော် တွေးနေမိတယ်။ ဒီဘက်က နိုင်ငံတော်သီချင်းကို ဆိုဖို့ မသင်ဘဲ ဟိုဘက်က နိုင်ငံတော် သီချင်းကို ဆိုဖို့ သင်ပေးရင် သူတို့အတွက် ပိုတောင် လွယ်ဦးမယ်လို့ တွေးတောမိပြန်တယ်။ ရာဘင်ဒရာနတ်တဂိုး ရေးသားခဲ့တဲ့ “အာမားရ်ရှိုနားဘင်းဂလား (ကျွနု်ပ်၏ ဘင်္ဂလားဒေ့ရှ် ရွှေနိုင်ငံ)” သီချင်းက သူတို့အတွက် ဆိုရ ပိုလွယ်နေလိမ့်ဦးမယ်။ ဒါမှမဟုတ် ကျွန်တော်တို့ဘက်က စာရင်းသွားကောက်တဲ့ အရာရှိမင်းများကပဲ အဲဒီ ရွာသူရွာသားတို့ အသာတကြည်နဲ့ စာရင်းအကောက်ခံ ပေးဖို့ရာ အတွက် အဲဒီ နိုင်ငံတော် သီချင်းကို မြန်မာနိုင်ငံ နာမည် ထည့်ဆိုပြရင်ကော ဘယ်လိုနေမလဲလို့ တွေးတောမိတယ်။
အရင်က မြန်မာနိုင်ငံကို နတ်မြစ်ဟို ဘက်ခြမ်းမှာ ဘော်ရ်မာလို့ ခေါ်ကြတယ်၊ ကြမာပေါ့။ နောက်ပိုင်းကျတော့ မိုင်ယန်မာလို့ ခေါ်ကြတယ်လို့ ဆိုပါတယ်၊ Myanmar ပေါ့။ အဲဒီတော့ သူတို့အကြိုက် “အာမားရ်ရှိုနား ဘော်ရ်မာ”၊ ဒါမှမဟုတ် “အာမားရ်ရှိုနား မိုင်ယန်မား” (ကျွနု်ပ်၏ မြန်မာရွှေနိုင်ငံ) သီချင်း အသစ်လေးနဲ့မှ ပြေလည်မှာလား စဉ်းစားကြပါလေကုန်။
အမေရိကန် နိုင်ငံတော် သီချင်း The Star-Spangled Banner ကို မက္ကဆီကန်နွယ်ဖွား လက်တင်နိုတွေ ဆိုရလွယ်အောင် စပိန် ဘာသာစကားနဲ့ သီဆိုခွင့်ပြုဖို့ ၂၀၀၆-ခုနှစ် ဝန်းကျင်လောက်က အာသီသပြုကြတာကို အမေရိကန် စာရေးသူ Lee Harris ကတော့ ကန့်ကွက် ရေးသား ခဲ့ဖူးတယ်။ အရင်အတိုင်းပဲ ကောင်းပါတယ်တဲ့..သူက ဆိုတယ်။ ဖိနပ်နဲ့ မတော်လို့ ဖနောင့်ကို မလှီးပါနဲ့လို့ ပြောချင်တဲ့ သဘောပါ။
ယနေ့ အုပ်စိုးသူ အပေါင်းတို့ ခေါင်းစားနေကြတဲ့ “နိုင်ငံသား မဖြစ်နိုင်သူတွေကို ဘယ်လို ရှင်းထုတ်မလဲ” နဲ့ “ဒီလူတွေ နိုင်ငံသား ဖြစ်နိုင်အောင် တည်ဆဲ ဥပဒေကို ဘယ်လို အပေါက်ဖောက်ရမလဲ” ဆိုတဲ့ ချဉ်းကပ်မှု နှစ်ခုကြားက ရွေးချယ်မှု အကျပ်အတည်းဟာ ဖိနပ်ကို လှီးမလား ဖနောင့်ကို လှီးမလား ဆိုတဲ့ အကျပ်အတည်းနဲ့ သဘောချင်း ခပ်ဆင်ဆင်လို့ ပြောရင် မှားမယ်လို့ မထင် . . . ။
(၆)
နိုင်ငံသား စိစစ်မှု အစစ်အမှန် ဆိုတာ ဒီလိုပါ
၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအရ – (၁) နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ ဆိုပြီး သုံးမျိုးသုံးစား ရှိကြောင်း စကားဦး ဖော်ပြလိုတယ်။
(၂) ၁၅-၁၀-၁၉၈၂ ရက်နေ့ မတိုင်ခင်က ၄၈ ဥပဒေ တည်ဆဲကာလက နိုင်ငံသား လျှောက်ထားပြီးသား သူတွေကိုတောင် နိုင်ငံသား မပေးတော့ဘူး၊ ဖြစ်သင့်တယ် ထင်ရင် ထောင်ဧည့်နိုင်ငံသားလို့ပဲ ၈၂ ဥပဒေပုဒ်မ ၂၃ အရ သတ်မှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဧည့်နိုင်ငံသားလို့ပဲ သတ်မှတ်ပေးခဲ့ကြတယ်။ ဆိုတော့ကာ အခုမှ ၃၄-နှစ် ကြာပြီးခါမှ ဧည့်နိုင်ငံသားထက် အဆင့်မြင့်တဲ့ နိုင်ငံသား အဖြစ်ကို လာလျှောက်နေလို့ မရတော့ဘူး။ ရှင်းရှင်း ပြောရရင် ဧည့်နိုင်ငံသား အဖြစ်ကို လျှောက်ထားခွင့်နဲ့ နိုင်ငံသား အဖြစ်တို့ကို လျှောက်ထားခွင့်တို့ မကျန်တော့ဘူး။ နိုင်ငံသားပြုခွင့်ရသူ အဖြစ်ကိုပဲ လျှောက်ထားနိုင်တော့မှာ ဖြစ်တယ်။ (ရည်ညွှန်းချက် တစ်၊ ၈၂ ဥပဒေ ပုဒ်မ ၂၃။ “၁၉၄၈- ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ အရ နိုင်ငံသား ဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများ ကိုက်ညီပါက ဧည့်နိုင်ငံသား အဖြစ် ဗဟို အဖွဲ့က သတ်မှတ်နိုင်သည်”) (ရည်ညွှန်းချက် နှစ်၊ မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၂၅ (ခ)။ “ဥပဒေ အာဏာ တည်သည့် ၁၉၈၂-ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရမှ အပ နိုင်ငံခြားသား တစ်ဦးသည် မည်သည့်နည်းနှင့်မျှ နိုင်ငံသား အဖြစ်ကို ရရှိမည် မဟုတ်ပါ”)
(၃) ဒါတင် မကဘူး၊ နိုင်ငံခြားသားတွေ (နိုင်ငံခြားသား ဖြစ်ကြောင်း သေချာနေသူတွေဟာ) နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကိုတောင် လျှောက်ထားခွင့် မရှိဘူး။ (ရည်ညွှန်းချက်၊ ၈၂ ဥပဒေ ပုဒ်မ ၇၂။ “ဤဥပဒေ အာဏာ တည်သည့်နေ့မှ စ၍ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ် အရမှ အပ မည်သည့် နိုင်ငံခြားသားမျှ နိုင်ငံသားပြုခွင့် ရရန် လျှောက်ထားခွင့် မရှိစေရ”)
(၄) အနည်းဆုံး မိဘ တစ်ဦးဦးဟာ နိုင်ငံသား အမျိုးအစား တစ်မျိုးမျိုး (နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား) ဖြစ်သူတွေမှသာလျှင် နိုင်ငံသား ပြုခွင့်ရသူ (ပြုနိုင်ငံသား) အဖြစ်ကို လျှောက်ထားနိုင်တယ်။ နိုင်ငံတကာ ဖိအားပေးတာကို မြန်မာနိုင်ငံက ခံရတဲ့ အတွက်ကြောင့် မို့လို့ အမိ သို့မဟုတ် အဘ တစ်ဦးဦးတောင် ဘာမှ မဟုတ်တဲ့ သူတွေကို နိုင်ငံသား ပြုခွင့်ရသူ အဖြစ် လျှောက်ထားခွင့် ပေးလိုက်ပါကွာ ဆိုတာမျိုးကို ၈၂ ဥပဒေက ပြဋ္ဌာန်း ပေးမထားဘူး။ (ရည်ညွှန်းချက်၊ ၈၂ ဥပဒေ ပုဒ်မ ၄၃ အား အကျယ် ဖတ်ပါရန်။)
(၅) ဒီလိုမျိုး မဟုတ်ရင်လည်း အရင် ဥပဒေ အဟောင်း (၄၈ ဥပဒေ) အရ လျှောက်ထားဖို့ ကျန်ရှိနေသေးပါတယ် ခင်ဗျ ဆိုပြီးတော့ “ခိုင်လုံသော သက်သေ အထောက်အထားများဖြင့်” ပြုနိုင်ငံသား ဖြစ်ခွင့် ရရှိရေးကို လျှောက်ထားနိုင်တယ်။ (ရည်ညွှန်းချက်၊ ၈၂ ဥပဒေ ပုဒ်မ ၄၂။ “၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီ ကာလတွင် နိုင်ငံတော် အတွင်း၌ ရောက်ရှိ နေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟို အဖွဲ့သို့ နိုင်ငံသားပြုခွင့် ရရန် လျှောက်ထားနိုင်သည်။”)
(၆) အထက်က ပြောသလို ၄၈ ဥပဒေအရ လျှောက်ဖို့ ကျန်နေခဲ့ပါတယ် ဆိုတာကို ခိုင်ခိုင်လုံလုံ တင်ပြမယ် ဆိုလည်း အဲဒီ ၄၈ ဥပဒေမှာ ဖော်ပြထားတာက – မလျှောက်ထားခင်မှာ လျှောက်ထားဖို့ ကြံရွယ်ပါတယ် ဆိုတာကို အကြောင်းကြား ထားခဲ့တာဟာ တစ်နှစ်ကနေ ငါးနှစ်အတွင်း ကာလမှာ ရှိနေရပါမယ်။ လျှောက်မယ်လို့တော့ စိတ်ထဲက ကြံခဲ့ဖူးတာပဲလို့ လာရွှီးလို့ မရပါဘူး။ (ရည်ညွှန်းချက်၊ ၄၈ ဥပဒေ ၇ (၁) (ဃ) “. . . သို့ရာတွင် ထိုသူသည် နိုင်ငံသားပြုမှု လက်မှတ် ရလိုကြောင်း မလျှောက်ထားမီ တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မများ ကြိုတင်၍ ဤအက်ဥပဒေအရ ပြဋ္ဌာန်းထားသော နည်းဥပဒေများ၌ ပါရှိသည့် ပုံစံအတိုင်း နိုင်ငံသားပြုမှု လက်မှတ် တောင်းယူရန် ကြံရွယ်ကြောင်းကို စာဖြင့် အကြောင်းကြားထားပြီး ဖြစ်ရမည်။”)
(၇) ဒီတော့ “နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့” လို့ ခေါ်တဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းစဉ်ကို ကြီးကြပ် လုပ်ဆောင်မယ့် အဖွဲ့ဝင်တွေကို ကျွန်တော် အကြံပြု လိုတာက – စနစ်တကျ ဆိုရင် ဒီလို လုပ်သင့်ပါတယ်လို့ အကြံပြုလိုပါတယ်။
လျှောက်ထားသူ ဖိုင်တွဲတစ်ခုကို ကိုင်ပါ။ မိဘ တစ်ဦးဦး နိုင်ငံသား အမျိုးအစား တစ်မျိုးမျိုး ဖြစ်တာ သေချာသလား (အတု မဟုတ်တဲ့ ကတ်ပြားတွေ အမှန်တကယ် ရှိသလား) ကြည့်ပါ။ ဟုတ်တယ်၊ သေချာတယ် ဆိုရင် ပြုနိုင်ငံသားတော့ စဉ်းစားပေးလို့ ရတယ်။ နိုင်ငံသား၊ ဧည့်နိုင်ငံသားတော့ စဉ်းစားပေးဖို့ မလိုတော့ဘူး။
မိဘ တစ်ဦးဦးဟာ နိုင်ငံသား အမျိုးအစား တစ်မျိုးမျိုး ဟုတ်မနေဘူး ဆိုရင် ၄၈ ဥပဒေအရ လျှောက်ထားရန် ကျန်ရှိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ (ဆိုလိုတာက ပြုနိုင်ငံသား လျှောက်ဖို့ ကြံရွယ်ကြောင်းကို စာပို့ထားတာ တစ်နှစ်နဲ့ ငါးနှစ်ကြားမှာ ရှိနေကြောင်း ခိုင်လုံ အထောက်အထားများနဲ့) လျှောက်တာလား ကြည့်ပါ။ အဲသလို ဟုတ်နေရင် ထည့်သွင်း စဉ်းစားပေးလို့ ရပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ နိဋ္ဌိ တံပါပြီ။ အမှုဖိုင်ကို အသာလေးပိတ်ပြီး ဘေးဖယ်လိုက်ပါ။ စဉ်းစားစရာ မလိုတော့ပါဘူး။
(၈) အထက်ဖော်ပြပါ နည်းလမ်းအတိုင်း မဟုတ်ဘဲ အမေရိကန်ကို ဘာပဲ အလိုက်ပေးလို့ ပေါင်းရပေါင်းရ ပေါင်းသင်းချင်ဇော လွန်နေတာက တစ်မျိုး၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မျက်နှာကို ပြေးမြင်ပြီး OIC နဲ့လည်း မျက်နှာ မပျက်ဖို့ လိုတယ်လေ ဆိုပြီး အားနာတာက တစ်ဖုံ၊ နည်းလမ်း မညီညွတ်ဘဲ နိုင်ငံသား၊ ပြုနိုင်ငံသားပေးဖို့ လုပ်ကြတယ် ဆိုရင်တော့ တိုင်းပြည်နဲ့ လူမျိုးကို ရောင်းစားကြတာပဲ ဖြစ်ပါတော့တယ်။
(၉) တမြန်နေ့ (၁၅-၀၆-၂၀၁၆) ရက် နေ့ရက်စွဲပါ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားချက် အမှတ် (၆၆/၂၀၁၆)အားဖြင့် ပြည်နယ် အဆင့်နဲ့ မြို့နယ်အဆင့် “နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့” တွေကို ဖွဲ့စည်း တာဝန်ပေးအပ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်တာကို ကြားသိရပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေမှာ ဒေသခံ လူထုကို ကိုယ်စားပြုနိုင်တဲ့သဘော ရှိသူတွေ ပါနိုင်အောင် မြို့မိ မြို့ဖ (ဒါမှမဟုတ်) လူထုက တစ်နည်းနည်းဖြင့် ရွေးချယ်ပေးသူ နှစ်ဦးစီကို အရင်တုန်းက ထည့်သွင်း ဖွဲ့စည်းခဲ့ပါတယ်။ အခု သိရှိရတဲ့ ဒီညွှန်ကြားချက်မှာ မြို့မိ မြို့ဖ နှစ်ဦးအစား “ဌာနဆိုင်ရာ အများကြည်ညို လေးစားခြင်း ခံရသူ နှစ်ဦး” လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ စကား အသွားအလာအရ အများကြည်ညို လေးစားခြင်းကို ခံရစေဦးတော့ ဌာနဆိုင်ရာတွေက မကြိုက်ရင် အဖွဲ့ထဲမှာ တာဝန်ပေးလို့ မရဘူး ဆိုတဲ့သဘော ဖြစ်နေတယ်။ အမိန့် နာခံနေရသူတွေ မဟုတ်တဲ့ လွတ်လွတ်လပ်လပ် သဘောထားပေးနိုင်သူ တစ်ယောက်မှ မပါနိုင်အောင် ပြုလုပ်ထားတဲ့ အစီအမံ ဖြစ်နေတဲ့အတွက် ဒီအစီအမံဟာ လုံးဝ မဖြစ်သင့်ကြောင်းကို ပြည်သူလူထုက ကိုယ်စားပြု ပြောဆိုခွင့် ပေးထားသော နိုင်ငံရေးသမား တစ်ဦး အနေဖြင့် မိမိက ကန့်ကွက်ပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲမှာ မြို့လူထုက တစ်နည်းနည်းဖြင့် ရွေးချယ်ပေးထားတဲ့သူ အစိုးရ ဌာနဆိုင်ရာက ကြိုက်နှစ်သက်ခြင်း၊ ကြည်ညိုလေးစားခြင်းကို ရတယ်၊ မရဘူး ရယ်လို့ ပြောနေစရာ မလိုသူ နှစ်ဦးကို အရင်အတိုင်းပဲ ထည့်သွင်းပေးစေလိုကြောင်းကို တိုက်တွန်းပါတယ်။
(၇)
ဥပဒေ အဟောင်းကို ဖျက်ပြီး အသစ် ဘာကြောင့် ပြုခဲ့ကြရသလဲ
တည်ဆဲ ဥပဒေဖြစ်တဲ့ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို တိတိကျကျ ကြပ်ကြပ်မတ်မတ် မတိမ်းမစောင်း သုံးစွဲကြဖို့ ဘာကြောင့် တိုက်တွန်းနေရသလဲ ဆိုတာကို ပိုမို ထင်လင်း သိသာ စေနိုင်ဖို့ရာ ၁၉၈၂ နိုင်ငံသား ဥပဒေ ရေးဆွဲစဉ် ကာလ ၁၉၈၀ ပြည့်နှစ် ဇွန်လက ပုံနှိပ် ထုတ်ဝေခဲ့တဲ့ “နိုင်ငံသား ဥပဒေကြမ်း ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းရေးနှင့် အကြံဉာဏ် တောင်းခံရေးအဖွဲ့ အဆင့်ဆင့်အတွက် လက်စွဲစာတမ်း” ထဲမှာ အရင် ၁၉၄၈ ဥပဒေဟောင်းကို မသုံးတော့ဘဲ ဖျက်သိမ်းဖို့ရာ ဖြစ်လာရတဲ့ အကြောင်း တစ်ချက်ကို ဒီမှာ ပြန်လည် ဖော်ပြလိုပါတယ်။ ထိုစဉ်က နိုင်ငံတော် သမ္မတရဲ့ မှတ်ချက်စကား ဖြစ်ပါတယ်။ “ဥပဒေဟောင်းအတိုင်း ဘိုးဘွား လေးဦးအနက် တစ်ဦးသည် မြန်မာဖြစ်လျှင် (မြေး)ကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုမည် ဆိုပါက အဆုံးမသတ်နိုင်သည့် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ တစ်ဖန် ဘိုးဘွားလေးဦး စလုံး နိုင်ငံခြားသား ဖြစ်သည့်တိုင်အောင် နှစ်အပိုင်းအခြားဖြင့် သားစဉ်မြေးဆက် သုံးဆက် ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ထိုအချိန်က လွတ်လပ်ရေး ရရှိဖို့ ကြိုးပမ်းနေချိန် ဖြစ်၍ လိုက်လျောပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခု အချိန်တွင် ယင်းအချက်ကို ဆက်လက် ထားရှိရန် မလိုတော့ကြောင်း” မှတ်ချက်ပေး လမ်းညွှန်ခဲ့တာကို ဖော်ပြထားပါတယ်။
ပြောချင်တာက ဒီလောက် အရေးကြီးတဲ့ ဥပဒေ တစ်ရပ်မှာ ဒီလောက်ထိကို အပေါက်ကြီး ဟောင်းလောင်း ဒိုးယိုပေါက် ပွင့်နေတာကြီးကို အပြီးပိတ်ကာ ဥပဒေအသစ် ပြုသင့်တယ် ဆိုပြီး ၈၂ ဥပဒေကို ပြုခဲ့ကြတယ်။ ဒီဘက်ခေတ်ကို ရောက်တော့မှပဲ ၈၂ ဥပဒေ စာအုပ်ကို လူမမြင်အောင် အသာလေးပိတ်ပြီး အရင် ဥပဒေအဟောင်း ၄၈ ဥပဒေ စာအုပ်ကို မဆီမဆိုင် ဖွင့်ပြီးတော့ နိုင်ငံသား ပေးနိုင်ဖို့ ကြံတာကို တွေ့ရတဲ့အတွက်၊ အံ့ရော . . . အံ့ရောလို့ပဲ မြည်တမ်းရတော့မလား မသိတော့ပါဘူး။
(၈)
ပန်ကြားချက်
နိုင်ငံရဲ့အချုပ်အခြာ အာဏာဟာ နိုင်ငံသားတွေဆီက ဆင်းသက်တာ ဖြစ်တဲ့အတွက် နိုင်ငံသား မဖြစ်သင့်သူတွေ နိုင်ငံသား ဖြစ်လာတဲ့ အခါ မိမိတို့ နိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ ထိပါးယိုယွင်းခြင်း ခံရပါတယ်။ နိုင်ငံသား မဖြစ်သင့်သူတွေ နိုင်ငံသား ဖြစ်လာရုံမက အဲဒီ လူတွေဟာ နံဘေးကပ်လျက် လူဦးရေ မိမိတို့ထက် သုံးဆမက များပြီး လူဦးရေ ပေါက်ကွဲနေတဲ့ အိမ်နီးချင်းနိုင်ငံက နိုင်ငံသားတွေနဲ့ လူမျိုး တစ်မျိုးတည်း (နီးကပါး) ဖြစ်နေတဲ့ အခါ ဒီလူတွေဟာ အရေအတွက်အားဖြင့် တစ်သန်းတည်းပါပဲ ဆိုတာထက် အများကြီး အဓိပ္ပာယ် ဆောင်ပါတယ်။ အနှေးနဲ့ အမြန် ဆိုသလို နိုင်ငံကျဆုံးခန်း ဆိုက်ရောက်လာနိုင်တဲ့ အလားအလာမျိုး ဖြစ်ပါတယ်။
ညီအစ်ကိုချင်း စကားများတတ် ရန်ဖြစ်တတ်ကြတာက လက်သီးနဲ့ ထိုးချင် ထိုးတတ်ကြတာက သဘာဝ ဖြစ်ပေမယ့် အိမ်ကို ခိုးသူတွေ ချိုးဖောက်ဝင်ရောက် လာတဲ့ အခါကျရင် ညီအစ်ကိုတွေအားလုံး လှံဆွဲ ရင်ဆိုင်ပြီး မိမိတို့ ကိုယ်တိုင်ရဲ့ အသက်ကို သာမက မိမိတို့ရဲ့ အိုးအိမ်၊ အစ်မ နှမ၊ မိခင် ဖခင်တို့ကို ၀ိုင်းဝန်း ကာကွယ် ကြရပါကြောင်း . . . ပြည်ထောင်စုသား အားလုံးတို့အား သတင်းစကား ပို့သ အပ်ပါတယ်။
Writer: ကျော်ဇောဦး
Daily Eleven သတင်းစာ
၂၀၁၆-ခုနှစ် ဇွန်လ (၂၆) ရက် ၊ တနင်္ဂနွေနေ့


[…] […]
LikeLike