
💙💙💙💙💙
ျမန္မာတို႔ရဲ႕
“အမ်ိဳး ဘာသာ သာသနာ”
********
Written by – ေက်ာ္ေဇာဦး
“အမ်ိဳး ဘာသာ သာသနာ” ဆိုတဲ့ အယူအဆ ဟာ မင္းႀကီးညိဳလက္ထက္က စတင္ခဲ့တာျဖစ္ႏိုင္တယ္ လို႔
ဆိုၾကတယ္။
အေရွ႕ေတာင္အာရွသမိုင္းမွာ အႀကီးမားအက်ယ္ေျပာဆံုး နယ္ေျမလႊမ္းမိုးသိမ္းပိုက္ႏိုင္ခဲ့တဲ့
အင္ပါယာ တစ္ခုရဲ႕ မင္းေနျပည္ေတာ္ ျဖစ္လာမယ့္ ေကတုမတီ ေတာင္ငူၿမိဳ႕ကို မင္းႀကီးညိဳ အစပ်ိဳး
အားေမြးခါစမွာ ေတာင္ငူဟာ အင္း၀ေရႊနန္းေတာ္ရဲ႕ လက္ေအာက္ခံ ၿမိဳ႕ငယ္မွ်သာျဖစ္တယ္။
ခရစ္ႏွစ္ ၁၅၁၀ မွာ ေတာင္ငူၿမိဳ႕ကို မင္းႀကီးညိဳ ထူေထာင္တယ္။ ေနာက္ထပ္ (၁၇)ႏွစ္ အၾကာ
၁၅၂၇-ခုႏွစ္မွာ ဗမာႏုိင္ငံေတာ္ ရဲ႕ ၿမိဳ႕ေတာ္ အင္း၀ေရႊနန္းေတာ္ကို ရွမ္းလူမ်ိဴး သိုဟန္ဘြား
က သိမ္းပိုက္စိုးစံတယ္။ သိုဟန္ဘြား ကေန အုန္းေဘာင္ခံုမိႈင္း ၊ ထို႔ေနာက္ မိုးၿဗဲနရပတိ
အထိ ရွမ္းမင္းသံုးဆက္ဟာ ၁၅၄၇-ခုႏွစ္ အထိ အင္း၀ထီးနန္းကို စိုးစံအုပ္ခ်ဳပ္ခဲ့ၾကတယ္။
အင္း၀ကို ရွမ္းေတြသိမ္းပိုက္လိုက္တာနဲ႔ အင္အားႀကီးဗမာလူမ်ိဳးရဲ႕ အာဏာဗဟိုခ်က္မ ဟာ ယာယီ
ေပ်ာက္ဆံုး သြားခဲ့တယ္။ အဲသည္အခ်ိန္မွာ တည္ၿငိမ္တဲ့အုပ္ခ်ဳပ္ေရးကို ဖန္တီးႏိုင္တဲ့
ေတာင္ငူၿမိဳ႕နဲ႔၀န္းက်င္ကို ဗမာ လူဦးေရ ေတာ္ေတာ္မ်ားမ်ား ေျပာင္းေရြ႕လာခဲ့ၾကတယ္။ ေတာင္ငူ
စတင္ဖြံ႕ၿဖိဳးလာတယ္။ အုပ္ခ်ဳပ္သူရဲ႕ ဂုဏ္သတင္း ေမႊးႀကိဳင္မႈဟာလည္းပဲ အုပ္ခ်ဳပ္ခံလူဦးေရမ်ားျပားတိုးပြားဖို႔ကို
အေထာက္အကူျပဳပါတယ္။
ေတာင္ငူဟာ ဗမာလူဦးေရျဖန္႔က်က္တည္ရွိရာ ျမန္မာႏိုင္ငံအထက္ပိုင္းရဲ႕အလယ္တည့္တည့္မွာ
ရွိမေနဘူး။ မြန္လူဦးေရႀကီးမားလႊမ္းၿခံဳရာ ေအာက္ျမန္မာႏိုင္ငံဘက္ကို နီးတယ္။ မြန္လူဦးေရ
အစုအဖြဲ႕တစ္ရပ္ဟာလည္း ေပၚထြန္းခါစ ေတာင္ငူအုပ္ခ်ဳပ္မႈ လက္ေအာက္မွာ ရွိေနတယ္။ ဒါ့အျပင္
သုေတသီတခ်ိဳ႕ရဲ႕အဆိုအရ ေတာင္ငူ စတည္ခါစမွာ သံတြဲရခုိင္သား အခ်ိဳ႕ကိုေနရာခ်ထားေပးခဲ့တယ္
လို႔လည္း ဆိုၾကတာရွိေသးတယ္။ ေျပာခ်င္တဲ့ လိုရင္းအခ်က္က ေတာင္ငူရဲ႕လူဦးေရဖြဲ႕စည္းမႈအခ်ိဳးအစား
ဟာ အင္း၀ရဲ႕ လူဦးေရဖြဲ႕စည္းမႈ အခ်ိဳးအစားနဲ႔ မတူဘူး။ ဗမာေတြ ခ်ည္းသက္သက္ မဟုတ္ဘူး။
ဒီေတာ့ အသစ္ေပၚခါစ “ေတာင္ငူ” ၿမိဳ႕ျပႏုိင္ငံငယ္ကေလးရဲ႕ စုဖြဲ႕ရပ္တည္ၾကရမႈ အေၾကာင္းရင္းခံ
အျဖစ္ ဗမာ တစ္မ်ိဳးတည္းကို အေျခခံတဲ့ ဗမာမ်ိဳးခ်စ္၀ါဒသက္သက္နဲ႔ စုစည္းမရႏိုင္ဘူး။ ပိုမိုက်ယ္ျပန္တဲ့
ဘံုတူညီခ်က္ ေတြနဲ႔လည္း စုစည္းရပ္တည္ၾကဖို႔လိုအပ္တယ္။ (ထိုစဥ္က ထိပါးျခင္းခံရတဲ့) မြန္လူမ်ိဳး
ဗမာလူမ်ိဳးတို႔ရဲ႕ ကိုးကြယ္ရာ ဗုဒၶဘာသာဟာ မိမိတို႔ ေက်ာခ်င္းကပ္ရပ္တည္ၾကရမယ့္ ဘံုတူညီခ်က္တစ္ရပ္
ျဖစ္တယ္ ဆုိတာကို မိမိတို႔ ၿမိဳ႕ျပ ႏိုင္ငံသားေတြ သေဘာတူလက္ခံႏိုင္ၾကမယ့္အခ်က္ အျဖစ္
ေပၚထြက္လာတယ္။ ဒီေတာ့ ထိုေခတ္ ေပၚထြန္းစ ေတာင္ငူ လူ႔အဖြဲ႕အစည္းကို စုစည္းေပးတဲ့ ခံယူခ်က္ဟာ
“အမ်ိဳး ဘာသာ သာသနာ” ကို ကာကြယ္ ေစာင့္ေရွာက္ၾကဖို႔ ဆိုတဲ့ ခံယူခ်က္ ျဖစ္ပါတယ္။ ထိုခံယူခ်က္အားျဖင့္
ေတာင္ငူဟာ စတင္ စုစည္းႏိုင္ခဲ့တယ္။ ဒီ့ေနာက္ ဆက္လက္ ႀကီးထြားခဲ့ တယ္။ ဘုရင့္ေနာင္ရဲ႕ေခါင္းေဆာင္မႈေအာက္မွာ
အေရွ႕ေတာင္အာရွသမိုင္းရဲ႕ အက်ယ္ေျပာဆံုး နယ္ေျမ သိမ္းပိုက္ႏိုင္မႈ အားျဖင့္ အင္ပါယာတစ္ခု
ျဖစ္ထြန္းေစခဲ့တယ္။
ေတာင္ငူေခတ္ကို ဆက္ခံတဲ့ ေညာင္ရမ္းေခတ္ က အေနာက္ဘက္လြန္မင္းလက္ထက္မွာ “အမ်ိဳး ဘာသာ
သာသနာ” ခံယူခ်က္အားျဖင့္ ေစ့ေဆာ္လုပ္ေဆာင္မႈေတြအားျဖင့္ အမ်ိဳးသားဆက္လက္တည္တံ့ေရး လုပ္ေဆာင္ႏိုင္ခဲ့တာကို
ျမင္သာႏိုင္တယ္။ သံလ်င္ကိုအေျချပဳကာ ကိုယ္ပိုင္ ဘုရင့္ႏိုင္ငံ တည္ေထာင္တဲ့ ဒီဘရစ္တို
ဦးေဆာင္တဲ့ ေပၚတူဂီေတြရဲ႕ နယ္ေျမခ်ဲ႕ထြင္မႈကို အစတံုး ေခ်မႈန္းႏိုင္ခဲ့တယ္။ ဘုရားပုထိုးကရတဲ့
သတၱဳေတြနဲ႔ အေျမာက္သြန္းတဲ့ ရန္သူေတြကို ရွင္းလင္းပစ္ခဲ့တယ္။ သံလ်င္ကို ဗဟိုျပဳၿပီး
ျမန္မာျပည္ ေအာက္ပိုင္း ကမ္းေျခကို ေပၚတူဂီေတြကသာ ရာစုႏွစ္ေတြနဲ႔ခ်ီၿပီး ခ်ဳပ္ကိုင္ထားႏိုင္ခဲ့ရင္၊
အထက္က ပဲခူးတို႔၊ အင္း၀တို႔ဟာ ကုန္းတြင္းပိတ္အေနနဲ႔သာ ရွိေနခဲ့ၿပီး ျမန္မာဟာ ႏိုင္ငံတစ္ဖန္
ထူေထာင္ႏိုင္တဲ့ အင္အားရွိ လာႏိုင္ေစမယ့္ ႀကီးထြားမႈကို ေလ်ာ့ပါးအားနည္းေကာင္း အားနည္းေစခဲ့မွာျဖစ္ပါတယ္။
ယေန႔ မ်က္ေမွာက္ေခတ္ကာလမွာလည္း “အမ်ိဳး ဘာသာ သာသနာ” လို႔ ပါးစပ္ကေျပာသည္ ျဖစ္ေစ မေျပာသည္ျဖစ္ေစ
အမ်ိဳးသားေရးအသြင္လကၡဏာေတြရွင္သန္ေနတဲ့ ႏိုင္ငံတည္တံ့ေရးကို မလြဲမေသြ လုပ္ေဆာင္ ေနၾကရမွာပဲ
ျဖစ္ပါတယ္။
အိႏိၵယလို ႀကီးေပ့ဆိုတဲ့ ႏိုင္ငံေတာင္မွ လူဦးေရထဲမွာ ဘာသာေရးကိုးကြယ္သူ အခ်ိဳးအစားေျပာင္းလဲမႈကို
မ်က္ေျခမျပတ္ ထည့္တြက္ၾကရတဲ့ သေဘာရွိတယ္။
ဘဂၤလီေတြေနတဲ့ ဘဂၤလားနယ္ကို အိႏၵိယႏိုင္ငံဘက္ကိုပါသြားမယ့္ ဟိႏၵဴအမ်ားစုေနတဲ့ အပိုင္း
နဲ႔ အေရွ႕ပါကိစၥတန္ (ေနာင္ ဘဂၤလာေဒ့ရွ္) ျဖစ္သြားမယ့္ မူဆလင္အမ်ားစု ေနထိုင္တဲ့ အပိုင္းလို႔
၁၉၄၇-ခုႏွစ္မွာ ႏွစ္ပိုင္း ခြဲျခမ္းခဲ့ၾကတယ္။ ခြဲျခမ္းခါစကာလမွာ အိႏိၵယဘက္ကို ပါသြားတဲ့
အပိုင္းမွာ မူဆလင္ (၁၂) % ရွိၿပီး၊ ဘဂၤလာေဒ့ရွ္ ျဖစ္သြားမယ့္ အပုိင္းမွာ ဟိႏၵဴ (၃၀)%
ရွိခဲ့တယ္။ ဒါေပမဲ့ ၂၀၁၁ သန္းေခါင္စာရင္းအရ အိႏိၵယဘက္ကို ပါသြားတဲ့ အပိုင္းမွာ မူဆလင္
(၂၇)% အထိ တိုးလာၿပီး၊ ဘဂၤလာေဒ့ရွ္ ျဖစ္သြားတဲ့ အပုိင္းမွာ ဟိႏၵဴ (၈)% အထိ နည္းသြားခဲ့တယ္။
မူဆလင္ေတြလူဦးေရတိုးႏႈန္းမ်ားျခင္း နဲ႔ ဘာသာေျပာင္းရန္ နည္းမ်ိဳးစံုနဲ႔ ဖိအား ေပးမႈ
ရွိေနျခင္း တို႔တြက္ေၾကာင့္ ႏွစ္ျခမ္းစလံုးမွာ ဟိႏၵဴနည္းလာၿပီး မူဆလင္မ်ားလာတာ လို႔
ဆိုပါတယ္။
V.S. Naipaul ေရးသားတဲ့ “Beyond Beliefs: Islamic Excursions Among the Converted
Peoples” ဆိုတဲ့စာအုပ္မွာ အရင္က ဖာရစီ၊ ဟိႏၵဴ၊ ဗုဒၶဘာသာေတြကို ကိုးကြယ္ခဲ့ၾကတဲ့ ႏိုင္ငံေတြ
လူမ်ိဳးေတြဟာ အစၥလမ္ဘာသာကို ေျပာင္းလဲကိုးကြယ္တဲ့ ႏိုင္ငံေတြ လူမ်ိဳးေတြ ျဖစ္လာခဲ့ပံုကို
ကြင္းဆင္းေလ့လာ သံုးသပ္ ေရးသားထားပါတယ္။ ဥပမာ – အီရန္၊ မေလးရွား၊ အင္ဒိုနီးရွား၊ ပါကိစၥတန္၊
အာဖဂန္နစၥတန္ စတဲ့ ႏိုင္ငံေတြအေၾကာင္းကို ေရးသားထားပါတယ္။ ကၽြန္ေတာ္တို႔လည္း သူတို႔
ႀကံဳခဲ့ရတဲ့ အလားတူ အေတြ႕အႀကံဳ အခ်ိဳ႕ကို ေတြ႕ႀကံဳ ျဖတ္သန္းေနၾကရတာပဲ ျဖစ္ပါတယ္။
မိမိတို႔ ဒီကေန႔ ေျပာေနၾကတဲ့ “အမ်ိဳး ဘာသာ သာသနာ” အေရးမွာ – ဒီဘက္က ေတာင့္ခံၾကတဲ့သူေတြ
ရွိသလို ဟိုဘက္က ပါေနၾကတဲ့သူေတြရွိတယ္။ ဒီဘက္က ေတာင့္ခံေနၾကတဲ့သူေတြရွိသလို အျခား တစ္ဘက္မွာ
ဒီဘက္က လူေတြကို အၿပိဳ ၿဖိဳခ်င္ေနတဲ့ သူေတြရွိတယ္။
“အမ်ိဳး” ကိစၥနဲ႔ “ဘာသာ သာသနာ” ကိစၥ ေတြမွာ တူရူခ်က္ေတြ ရွိေနပံုကို ျမင္ရပါတယ္။
“အမ်ိဳး” ကိစၥ။ ဒီႏုိင္ငံရဲ႕ ႏိုင္ငံသားေတြဟာ ေသြးအားျဖင့္ ဆင္းသက္သူေတြ (blood
descendent) ေတြ ျဖစ္ရမယ္၊ soil descendent ဆိုတာမ်ိဳး ဒီေျမမွာေမြးတာနဲ႔ ႏိုင္ငံသားျဖစ္မယ္
လို႔ သတ္မွတ္မေပးတဲ့ ၁၉၈၂ ႏိုင္ငံသားဥပေဒျဖင့္ တိတိပပ ျပ႒ာန္းထားတယ္။ ဒီ ၈၂ ဥပေဒကို
ၾကပ္ၾကပ္မတ္မတ္ အေရးယူ ေဆာင္ရြက္ျခင္းအားျဖင့္ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာကို ကာကြယ္ေစာင့္ေရွာက္ေစလိုသူေတြ
ရွိတယ္။ အျခား တစ္ဖက္မွာ ဒီဥပေဒေတြကို အေပါက္ေဖာက္ၿပီး ႏိုင္ငံသားေပးပစ္လိုက္ ခ်င္ေနၾကသူေတြရွိတယ္။
“ဘာသာ သာသနာ” ကိစၥ။ ဒီ “ဘာသာ သာသနာ” ကိစၥကို ဘာသာ သာသနာလို႔ခ်ည္းသက္သက္မျမင္ဘဲ နဲ႔
ယဥ္ေက်းမႈကိစၥလို႔ ျမင္ၾကည့္ႏိုင္ရင္ မိမိတို႔ ဌာေနတိုင္းရင္းသားေတြ ရဲ႕ အားထုတ္မႈကို
နားလည္မႈ ပိုေပးႏိုင္ ပါလိမ့္မယ္။ ယဥ္ေက်းမႈခ်င္း ထိပ္တိုက္ေတြ႔ၾကတဲ့အခါ မိမိတို႔ အစဥ္အဆက္
က်င့္သံုးရာ ဓေလ့ထံုးတမ္း၊ ယဥ္ေက်းမႈကို ပြန္းပဲ့ပေပ်ာက္သြားတာ မျဖစ္ေစလိုတဲ့အတြက္
ကာကြယ္ေစာင့္ေရွာက္ဖို႔ ႀကိဳးစားေနၾကတာ လက္ဆင့္ထပ္ကမ္းႏိုင္ေအာင္ ႀကိဳးစားေနတာပါ လို႔
ရႈျမင္ႏိုင္ရင္ ျပႆနာကို ဒီထက္မက နားလည္ႏိုင္ ပါလိမ့္မယ္။ ယဥ္ေက်းမႈလို႔ ျမင္ၾကည့္မယ့္အစား
ဘာသာေရး လို႔ပဲ မ်က္ျမင္လကၡဏာရပ္ တစ္ခုတည္းကို ေကာက္ယူၿပီး သံုးသပ္ဆံုးျဖတ္မႈလုပ္ေနရင္
. . . က်မ္းမွာပါတဲ့အတုိင္း မက်င့္ရေကာင္းလား အျပစ္တင္ဖို႔ကိုပဲ ၾကည့္ေနရင္ . . . စာအုပ္ႀကီးအတိုင္း
ေလာကီ နဲ႔ ေလာကုတ္ ထက္ျခမ္းျခမ္းဖို႔ႀကိဳးစားေနရင္ . . . ဌာနတိုင္းရင္းသားတို႔ရဲ႕ ပင္မေရစီး
ယဥ္ေက်းမႈကို အျပဳတ္ျဖဳတ္ဖို႔ ႀကိဳးစားေနမွန္း သိသာလြန္းေနရင္ . . . ၀မ္းနည္းစရာ ျဖစ္ရပ္မ်ားဆီ
ဦးတည္သြားမွာကိုပဲ စိုးရိမ္မိပါတယ္။ ယဥ္ေက်းမႈ ဓေလ့ထံုးတမ္းသေဘာကို မႏုႆေဗဒအရ ရိုးရိုးရွင္းရွင္း
နားလည္ ေပးလိုက္တာက အျမင္မ်ားကို ရွင္းလင္းေစပါတယ္။
ဒီအခ်က္ေတြကို မျဖစ္မေန ေထာက္ျပဖို႔လိုအပ္လို႔ ေထာက္ျပ ေျပာဆိုရွင္းလင္းတာက တစ္ပိုင္း.
. . တရားဥပေဒ စိုးမိုးမႈ (rule of law) မရွိ လုပ္ခ်င္ရာလုပ္ၾကတာကို လက္မခံတာက တစ္ပိုင္း
ျဖစ္ပါတယ္ ရယ္ လို႔ ေဆာင္းပါး အဆံုးသတ္မွာေျပာခဲ့ပါရေစ။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)
၂၀၁၆-ခုႏွစ္ ဇူလိုင္လ (၉) ရက္

[ Unicode version here ]
Written by – ကျော်ဇောဦး
“အမျိုး ဘာသာ သာသနာ” ဆိုတဲ့ အယူအဆ ဟာ မင်းကြီးညိုလက်ထက်က စတင်ခဲ့တာဖြစ်နိုင်တယ် လို့ ဆိုကြတယ်။
အရှေ့တောင်အာရှသမိုင်းမှာ အကြီးမားအကျယ်ပြောဆုံး နယ်မြေလွှမ်းမိုးသိမ်းပိုက်နိုင်ခဲ့တဲ့ အင်ပါယာ တစ်ခုရဲ့ မင်းနေပြည်တော် ဖြစ်လာမယ့် ကေတုမတီ တောင်ငူမြို့ကို မင်းကြီးညို အစပျိုး အားမွေးခါစမှာ တောင်ငူဟာ အင်းဝရွှေနန်းတော်ရဲ့ လက်အောက်ခံ မြို့ငယ်မျှသာဖြစ်တယ်။
ခရစ်နှစ် ၁၅၁၀ မှာ တောင်ငူမြို့ကို မင်းကြီးညို ထူထောင်တယ်။ နောက်ထပ် (၁၇)နှစ် အကြာ ၁၅၂၇-ခုနှစ်မှာ ဗမာနိုင်ငံတော် ရဲ့ မြို့တော် အင်းဝရွှေနန်းတော်ကို ရှမ်းလူမျိူး သိုဟန်ဘွား က သိမ်းပိုက်စိုးစံတယ်။ သိုဟန်ဘွား ကနေ အုန်းဘောင်ခုံမှိုင်း ၊ ထို့နောက် မိုးဗြဲနရပတိ အထိ ရှမ်းမင်းသုံးဆက်ဟာ ၁၅၄၇-ခုနှစ် အထိ အင်းဝထီးနန်းကို စိုးစံအုပ်ချုပ်ခဲ့ကြတယ်။
အင်းဝကို ရှမ်းတွေသိမ်းပိုက်လိုက်တာနဲ့ အင်အားကြီးဗမာလူမျိုးရဲ့ အာဏာဗဟိုချက်မ ဟာ ယာယီ ပျောက်ဆုံး သွားခဲ့တယ်။ အဲသည်အချိန်မှာ တည်ငြိမ်တဲ့အုပ်ချုပ်ရေးကို ဖန်တီးနိုင်တဲ့ တောင်ငူမြို့နဲ့ဝန်းကျင်ကို ဗမာ လူဦးရေ တော်တော်များများ ပြောင်းရွေ့လာခဲ့ကြတယ်။ တောင်ငူ စတင်ဖွံ့ဖြိုးလာတယ်။ အုပ်ချုပ်သူရဲ့ ဂုဏ်သတင်း မွှေးကြိုင်မှုဟာလည်းပဲ အုပ်ချုပ်ခံလူဦးရေများပြားတိုးပွားဖို့ကို အထောက်အကူပြုပါတယ်။
တောင်ငူဟာ ဗမာလူဦးရေဖြန့်ကျက်တည်ရှိရာ မြန်မာနိုင်ငံအထက်ပိုင်းရဲ့အလယ်တည့်တည့်မှာ ရှိမနေဘူး။ မွန်လူဦးရေကြီးမားလွှမ်းခြုံရာ အောက်မြန်မာနိုင်ငံဘက်ကို နီးတယ်။ မွန်လူဦးရေ အစုအဖွဲ့တစ်ရပ်ဟာလည်း ပေါ်ထွန်းခါစ တောင်ငူအုပ်ချုပ်မှု လက်အောက်မှာ ရှိနေတယ်။ ဒါ့အပြင် သုတေသီတချို့ရဲ့အဆိုအရ တောင်ငူ စတည်ခါစမှာ သံတွဲရခိုင်သား အချို့ကိုနေရာချထားပေးခဲ့တယ် လို့လည်း ဆိုကြတာရှိသေးတယ်။ ပြောချင်တဲ့ လိုရင်းအချက်က တောင်ငူရဲ့လူဦးရေဖွဲ့စည်းမှုအချိုးအစား ဟာ အင်းဝရဲ့ လူဦးရေဖွဲ့စည်းမှု အချိုးအစားနဲ့ မတူဘူး။ ဗမာတွေ ချည်းသက်သက် မဟုတ်ဘူး။
ဒီတော့ အသစ်ပေါ်ခါစ “တောင်ငူ” မြို့ပြနိုင်ငံငယ်ကလေးရဲ့ စုဖွဲ့ရပ်တည်ကြရမှု အကြောင်းရင်းခံ အဖြစ် ဗမာ တစ်မျိုးတည်းကို အခြေခံတဲ့ ဗမာမျိုးချစ်ဝါဒသက်သက်နဲ့ စုစည်းမရနိုင်ဘူး။ ပိုမိုကျယ်ပြန်တဲ့ ဘုံတူညီချက် တွေနဲ့လည်း စုစည်းရပ်တည်ကြဖို့လိုအပ်တယ်။ (ထိုစဉ်က ထိပါးခြင်းခံရတဲ့) မွန်လူမျိုး ဗမာလူမျိုးတို့ရဲ့ ကိုးကွယ်ရာ ဗုဒ္ဓဘာသာဟာ မိမိတို့ ကျောချင်းကပ်ရပ်တည်ကြရမယ့် ဘုံတူညီချက်တစ်ရပ် ဖြစ်တယ် ဆိုတာကို မိမိတို့ မြို့ပြ နိုင်ငံသားတွေ သဘောတူလက်ခံနိုင်ကြမယ့်အချက် အဖြစ် ပေါ်ထွက်လာတယ်။ ဒီတော့ ထိုခေတ် ပေါ်ထွန်းစ တောင်ငူ လူ့အဖွဲ့အစည်းကို စုစည်းပေးတဲ့ ခံယူချက်ဟာ “အမျိုး ဘာသာ သာသနာ” ကို ကာကွယ် စောင့်ရှောက်ကြဖို့ ဆိုတဲ့ ခံယူချက် ဖြစ်ပါတယ်။ ထိုခံယူချက်အားဖြင့် တောင်ငူဟာ စတင် စုစည်းနိုင်ခဲ့တယ်။ ဒီ့နောက် ဆက်လက် ကြီးထွားခဲ့ တယ်။ ဘုရင့်နောင်ရဲ့ခေါင်းဆောင်မှုအောက်မှာ အရှေ့တောင်အာရှသမိုင်းရဲ့ အကျယ်ပြောဆုံး နယ်မြေ သိမ်းပိုက်နိုင်မှု အားဖြင့် အင်ပါယာတစ်ခု ဖြစ်ထွန်းစေခဲ့တယ်။
တောင်ငူခေတ်ကို ဆက်ခံတဲ့ ညောင်ရမ်းခေတ် က အနောက်ဘက်လွန်မင်းလက်ထက်မှာ “အမျိုး ဘာသာ သာသနာ” ခံယူချက်အားဖြင့် စေ့ဆော်လုပ်ဆောင်မှုတွေအားဖြင့် အမျိုးသားဆက်လက်တည်တံ့ရေး လုပ်ဆောင်နိုင်ခဲ့တာကို မြင်သာနိုင်တယ်။ သံလျင်ကိုအခြေပြုကာ ကိုယ်ပိုင် ဘုရင့်နိုင်ငံ တည်ထောင်တဲ့ ဒီဘရစ်တို ဦးဆောင်တဲ့ ပေါ်တူဂီတွေရဲ့ နယ်မြေချဲ့ထွင်မှုကို အစတုံး ချေမှုန်းနိုင်ခဲ့တယ်။ ဘုရားပုထိုးကရတဲ့ သတ္တုတွေနဲ့ အမြောက်သွန်းတဲ့ ရန်သူတွေကို ရှင်းလင်းပစ်ခဲ့တယ်။ သံလျင်ကို ဗဟိုပြုပြီး မြန်မာပြည် အောက်ပိုင်း ကမ်းခြေကို ပေါ်တူဂီတွေကသာ ရာစုနှစ်တွေနဲ့ချီပြီး ချုပ်ကိုင်ထားနိုင်ခဲ့ရင်၊ အထက်က ပဲခူးတို့၊ အင်းဝတို့ဟာ ကုန်းတွင်းပိတ်အနေနဲ့သာ ရှိနေခဲ့ပြီး မြန်မာဟာ နိုင်ငံတစ်ဖန် ထူထောင်နိုင်တဲ့ အင်အားရှိ လာနိုင်စေမယ့် ကြီးထွားမှုကို လျော့ပါးအားနည်းကောင်း အားနည်းစေခဲ့မှာဖြစ်ပါတယ်။
ယနေ့ မျက်မှောက်ခေတ်ကာလမှာလည်း “အမျိုး ဘာသာ သာသနာ” လို့ ပါးစပ်ကပြောသည် ဖြစ်စေ မပြောသည်ဖြစ်စေ အမျိုးသားရေးအသွင်လက္ခဏာတွေရှင်သန်နေတဲ့ နိုင်ငံတည်တံ့ရေးကို မလွဲမသွေ လုပ်ဆောင် နေကြရမှာပဲ ဖြစ်ပါတယ်။
အိန္ဒိယလို ကြီးပေ့ဆိုတဲ့ နိုင်ငံတောင်မှ လူဦးရေထဲမှာ ဘာသာရေးကိုးကွယ်သူ အချိုးအစားပြောင်းလဲမှုကို မျက်ခြေမပြတ် ထည့်တွက်ကြရတဲ့ သဘောရှိတယ်။
ဘင်္ဂလီတွေနေတဲ့ ဘင်္ဂလားနယ်ကို အိန္ဒိယနိုင်ငံဘက်ကိုပါသွားမယ့် ဟိန္ဒူအများစုနေတဲ့ အပိုင်း နဲ့ အရှေ့ပါကိစ္စတန် (နောင် ဘင်္ဂလာဒေ့ရှ်) ဖြစ်သွားမယ့် မူဆလင်အများစု နေထိုင်တဲ့ အပိုင်းလို့ ၁၉၄၇-ခုနှစ်မှာ နှစ်ပိုင်း ခွဲခြမ်းခဲ့ကြတယ်။ ခွဲခြမ်းခါစကာလမှာ အိန္ဒိယဘက်ကို ပါသွားတဲ့ အပိုင်းမှာ မူဆလင် (၁၂) % ရှိပြီး၊ ဘင်္ဂလာဒေ့ရှ် ဖြစ်သွားမယ့် အပိုင်းမှာ ဟိန္ဒူ (၃၀)% ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၁၁ သန်းခေါင်စာရင်းအရ အိန္ဒိယဘက်ကို ပါသွားတဲ့ အပိုင်းမှာ မူဆလင် (၂၇)% အထိ တိုးလာပြီး၊ ဘင်္ဂလာဒေ့ရှ် ဖြစ်သွားတဲ့ အပိုင်းမှာ ဟိန္ဒူ (၈)% အထိ နည်းသွားခဲ့တယ်။ မူဆလင်တွေလူဦးရေတိုးနှုန်းများခြင်း နဲ့ ဘာသာပြောင်းရန် နည်းမျိုးစုံနဲ့ ဖိအား ပေးမှု ရှိနေခြင်း တို့တွက်ကြောင့် နှစ်ခြမ်းစလုံးမှာ ဟိန္ဒူနည်းလာပြီး မူဆလင်များလာတာ လို့ ဆိုပါတယ်။
V.S. Naipaul ရေးသားတဲ့ “Beyond Beliefs: Islamic Excursions Among the Converted Peoples” ဆိုတဲ့စာအုပ်မှာ အရင်က ဖာရစီ၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာတွေကို ကိုးကွယ်ခဲ့ကြတဲ့ နိုင်ငံတွေ လူမျိုးတွေဟာ အစ္စလမ်ဘာသာကို ပြောင်းလဲကိုးကွယ်တဲ့ နိုင်ငံတွေ လူမျိုးတွေ ဖြစ်လာခဲ့ပုံကို ကွင်းဆင်းလေ့လာ သုံးသပ် ရေးသားထားပါတယ်။ ဥပမာ – အီရန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကိစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့ နိုင်ငံတွေအကြောင်းကို ရေးသားထားပါတယ်။ ကျွန်တော်တို့လည်း သူတို့ ကြုံခဲ့ရတဲ့ အလားတူ အတွေ့အကြုံ အချို့ကို တွေ့ကြုံ ဖြတ်သန်းနေကြရတာပဲ ဖြစ်ပါတယ်။
မိမိတို့ ဒီကနေ့ ပြောနေကြတဲ့ “အမျိုး ဘာသာ သာသနာ” အရေးမှာ – ဒီဘက်က တောင့်ခံကြတဲ့သူတွေ ရှိသလို ဟိုဘက်က ပါနေကြတဲ့သူတွေရှိတယ်။ ဒီဘက်က တောင့်ခံနေကြတဲ့သူတွေရှိသလို အခြား တစ်ဘက်မှာ ဒီဘက်က လူတွေကို အပြို ဖြိုချင်နေတဲ့ သူတွေရှိတယ်။
“အမျိုး” ကိစ္စနဲ့ “ဘာသာ သာသနာ” ကိစ္စ တွေမှာ တူရူချက်တွေ ရှိနေပုံကို မြင်ရပါတယ်။
“အမျိုး” ကိစ္စ။ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေဟာ သွေးအားဖြင့် ဆင်းသက်သူတွေ (blood descendent) တွေ ဖြစ်ရမယ်၊ soil descendent ဆိုတာမျိုး ဒီမြေမှာမွေးတာနဲ့ နိုင်ငံသားဖြစ်မယ် လို့ သတ်မှတ်မပေးတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် တိတိပပ ပြဋ္ဌာန်းထားတယ်။ ဒီ ၈၂ ဥပဒေကို ကြပ်ကြပ်မတ်မတ် အရေးယူ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံရဲ့ အချုပ်အခြာကို ကာကွယ်စောင့်ရှောက်စေလိုသူတွေ ရှိတယ်။ အခြား တစ်ဖက်မှာ ဒီဥပဒေတွေကို အပေါက်ဖောက်ပြီး နိုင်ငံသားပေးပစ်လိုက် ချင်နေကြသူတွေရှိတယ်။
“ဘာသာ သာသနာ” ကိစ္စ။ ဒီ “ဘာသာ သာသနာ” ကိစ္စကို ဘာသာ သာသနာလို့ချည်းသက်သက်မမြင်ဘဲ နဲ့ ယဉ်ကျေးမှုကိစ္စလို့ မြင်ကြည့်နိုင်ရင် မိမိတို့ ဌာနေတိုင်းရင်းသားတွေ ရဲ့ အားထုတ်မှုကို နားလည်မှု ပိုပေးနိုင် ပါလိမ့်မယ်။ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ကြတဲ့အခါ မိမိတို့ အစဉ်အဆက် ကျင့်သုံးရာ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုကို ပွန်းပဲ့ပပျောက်သွားတာ မဖြစ်စေလိုတဲ့အတွက် ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားနေကြတာ လက်ဆင့်ထပ်ကမ်းနိုင်အောင် ကြိုးစားနေတာပါ လို့ ရှုမြင်နိုင်ရင် ပြဿနာကို ဒီထက်မက နားလည်နိုင် ပါလိမ့်မယ်။ ယဉ်ကျေးမှုလို့ မြင်ကြည့်မယ့်အစား ဘာသာရေး လို့ပဲ မျက်မြင်လက္ခဏာရပ် တစ်ခုတည်းကို ကောက်ယူပြီး သုံးသပ်ဆုံးဖြတ်မှုလုပ်နေရင် . . . ကျမ်းမှာပါတဲ့အတိုင်း မကျင့်ရကောင်းလား အပြစ်တင်ဖို့ကိုပဲ ကြည့်နေရင် . . . စာအုပ်ကြီးအတိုင်း လောကီ နဲ့ လောကုတ် ထက်ခြမ်းခြမ်းဖို့ကြိုးစားနေရင် . . . ဌာနတိုင်းရင်းသားတို့ရဲ့ ပင်မရေစီး ယဉ်ကျေးမှုကို အပြုတ်ဖြုတ်ဖို့ ကြိုးစားနေမှန်း သိသာလွန်းနေရင် . . . ဝမ်းနည်းစရာ ဖြစ်ရပ်များဆီ ဦးတည်သွားမှာကိုပဲ စိုးရိမ်မိပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းသဘောကို မနုဿဗေဒအရ ရိုးရိုးရှင်းရှင်း နားလည် ပေးလိုက်တာက အမြင်များကို ရှင်းလင်းစေပါတယ်။
ဒီအချက်တွေကို မဖြစ်မနေ ထောက်ပြဖို့လိုအပ်လို့ ထောက်ပြ ပြောဆိုရှင်းလင်းတာက တစ်ပိုင်း. . . တရားဥပဒေ စိုးမိုးမှု (rule of law) မရှိ လုပ်ချင်ရာလုပ်ကြတာကို လက်မခံတာက တစ်ပိုင်း ဖြစ်ပါတယ် ရယ် လို့ ဆောင်းပါး အဆုံးသတ်မှာပြောခဲ့ပါရစေ။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
၂၀၁၆-ခုနှစ် ဇူလိုင်လ (၉) ရက်