စပါးစိုက်ပေးရသော ဓညဝတီသားတို့ကို ဆန်ပြုတ်သာ စားစေသောအခါ . . .

[ Zawgyi version here ] [ Unicode version below ]

စပါးစိုက္ေပးရေသာ ဓညဝတီသားတို႔ကို ဆန္ျပဳတ္သာ စားေစေသာအခါ . . .

Written by ဦးေက်ာ္ေဇာဦး

၁။ ရခိုင့္သမိုင္းကို လြန္ခဲ့ေသာ ႏွစ္ေပါင္းငါးေထာင္ေက်ာ္က ဓညဝတီေခတ္ ရခိုင့္နိုင္ငံေတာ္ကို ထူေထာင္ျခင္းျဖင့္ စတင္ခဲ့ပါသည္။ ယခု ပလက္ဝခရိုင္ ႏွင့္ ေက်ာက္ေတာ္-ေျမာက္ဦးလြင္ျပင္တို႔ကို စိုးမိုးေသာ ၿမိဳ႕ေတာ္ “ဓညဝတီ” ဟူေသာ အမည္ သည္ ဆန္ေရစပါး ေပါမ်ားရာအရပ္ ဟု အဓိပၸါယ္ရပါသည္။

၂။ လြန္ခဲ့ေသာႏွစ္ေပါင္းငါးဆယ္ခန႔္က ဗိုလ္ေနဝင္းဦးေဆာင္ေသာ ေတာ္လွန္ေရး ေကာင္စီ အစိုးရေခတ္တြင္ နိုင္ငံေတာ္ဘ႑ာကို အာဏာသိမ္း စစ္အစိုးရက မနိုင္မနင္း ကိုင္တြယ္မႈမ်ား ရွိသည့္အျပင္ ဗိုလ္ေနဝင္း၏ တကိုယ္ရည္ အလြဲသုံးစား အသုံးစရိတ္မ်ား ႀကီးႀကီးမားမား ရွိေနရာ ထိုအတြက္ ျဖည့္သြင္းေပးရမည့္ လိုအပ္ေငြ မ်ားကို ဆန္စပါးတြန္းထိုးတင္ပို႔ကာ ေငြရွာျခင္းျဖင့္ ေျဖရွင္းရန္ ႀကိဳးစားသည္။ ျပည္တြင္း စားသုံးမႈ လိုအပ္ခ်က္ကို ထည့္မစဥ္းစားပဲ ျပည္ပသို႔ ဆန္တင္ပို႔သည္။

၃။ ထိုကဲ့သို႔ေသာ အေျခအေန ၁၉၆၇-ခုႏွစ္ ၾသဂုတ္လ အတြင္းတြင္ ရခိုင္ျပည္နယ္ အတြင္း ဆန္ရွားပါးမႈ စတင္ခံစားရသည္။ ဆန္စပါးစိုက္ပ်ိဳးသည့္ ေက်းလက္ ေတာရြာ မ်ားတြင္ ဝမ္းစာစပါးသိုေလွာင္ထားၾကသည့္အျပင္ ရပ္ရြာအလိုက္ မရွိဆင္းရဲသားမ်ား အား ဆန္မၽွေဝေပးၾကျခင္းအားျဖင့္ ငတ္မြတ္သူမရွိေအာင္ ထိန္းထားနိုင္သည္။ သို႔ရာတြင္ ၿမိဳ႕ျပျဖစ္သည့္ စစ္ေတြၿမိဳ႕ေပၚတြင္ ထိုကဲ့သို႔ ေတာင္သူမ်ားလည္းမဟုတ္ သည့္အတြက္ ဝမ္းစာသိုေလွာင္မႈလည္းမရွိ၊ ရြာငယ္မ်ားကဲ့သို႔အျပန္အလွန္ ေကၽြးေမြး ေစာင့္ေရွာက္ နိုင္သည့္ စနစ္မရွိသည့္အတြက္ ထမင္းငတ္သည့္ မိသားစုမ်ားရွိသည့္ အေျခအေနကို စေရာက္လာၾကသည္။ ရခိုင္သူရခိုင္သားမ်ားထမင္းငတ္ေနၾကသည္ႏွင့္ တစ္ၿပိဳင္နက္တည္းမွာပင္ ရခိုင္သူရခိုင္သားတို႔စိုက္ပ်ိဳးရရွိေသာ ဆန္စပါးတို႔အား ေသနတ္အားကိုးျဖင့္ အစိုးရကဝယ္စုေဆာင္းထားကာ သေဘၤာႀကီးငယ္ျဖင့္ နိုင္ငံျခားသို႔ တင္ပို႔ သည္။ စစ္ေတြၿမိဳ႕သူၿမိဳ႕သားမ်ား ငတ္ျပတ္ေနခ်ိန္တြင္ ဆန္စပါးအား နိုင္ငံျခားသို႔ တင္ပို႔မည့္ သေဘၤာအခ်ိဳ႕ စစ္ေတြဆိပ္ကမ္းေနရာမ်ားတြင္ ဆန္အျပည့္ျဖင့္ ဆိုက္ကပ္ လ်က္ ရွိေနဆဲျဖစ္သည္္။ ထို ဆန္ကို သိုေလွာင္ထားသည့္ ဂိုေထာင္မ်ား၊ ဆန္တင္ ထားသည့္ သေဘၤာမ်ားကိုတက္၍ ငတ္ျပတ္ေနသူမ်ားက ဆန္လုမႈမ်ား စတင္ျဖစ္ပြား သည္။ ၾသဂုတ္လ (၁၂) ရက္တြင္ ဆန္လုယူမႈမ်ား စျဖစ္သည္။ (သို႔ေသာ္ ပစ္သတ္မႈ ျဖစ္သည္မွာ ဆန္လုသူမ်ားကို ပစ္သတ္ျခင္းမဟုတ္၊ ေနာက္တစ္ေန႔ ဆႏၵျပသူမ်ားကို ပစ္သတ္ျခင္း ျဖစ္သည္။)

၅။ မၿငိမ္မသက္ျဖစ္လာ လႈပ္လာသည့္အေျခအေနမ်ားကို ထိန္းသိမ္းနိုင္ရန္အတြက္ အာဏာပိုင္မ်ားဘက္က ရခိုင္အရာရွိမ်ားႏွင့္ စစ္ေတြၿမိဳ႕ခံလူႀကီးမ်ား စကားေျပာဆိုမႈ မ်ား ရွိခဲ့သည္ ဟု ၾကားသိမွတ္သားရဖူးသည္။ မွတ္သားဖြယ္ရာတစ္ခုက – ရခိုင္မ်ား ဆန္မရွိလၽွင္ မုန႔္တီစားၾကပါ ဟူ၍ အေျမာ္အျမင္ကင္းစြာ ေပးေသာ အႀကံစကား တစ္ခြန္းကို တစုံတစ္ေယာက္က ေျပာခဲ့သည္ ဟူသည့္အခ်က္ျဖစ္သည္။ ထိုစကားကို ၿမိဳ႕သူၿမိဳ႕သားမ်ား တဆင့္စကား တဆင့္နားျဖင့္ ၾကားသိၾကသည္။

၆။ ၾသဂုတ္လ (၁၃) ရက္ေန႔တြင္ စစ္ေတြၿမိဳ႕လုံးကၽြတ္နီးပါး လမ္းေပၚဆႏၵျပမႈျဖစ္ပြား သည္။ ေႂကြးေၾကာ္သံမ်ားအနက္ “ဆန္ျပဳတ္မစား ရခိုင္သား” ဟူသည့္ ေႂကြးေၾကာ္သံ လည္းပါဝင္သည္။ လူတန္းႀကီးက မိုင္နီးပါးရွည္နိုင္သည္ ဟု ဆိုၾကသည္။ ကုန္သည္လမ္း ျမဆန္စက္ေရွ႕တြင္ စစ္တပ္၏ ပိတ္ဆို႔မႈႏွင့္ ရင္ဆိုင္ရသည္။ ထိုေနရာတြင္ ပစ္သတ္မႈ ျဖစ္ပြားသည္။ ခန႔္မွန္းေၿခ လူႏွစ္ရာခန႔္ေသသည္။ ေသသူေရာ မေသမရွင္ျဖစ္ေနသူ မ်ားကိုပါ ကားႀကီးမ်ားေပၚ ဆြဲတင္ယူေဆာင္သြားသည္။ စစ္အာဏာပိုင္မ်ားက အေလာင္းမ်ား ကို ညတြင္းခ်င္း ျမႇုပ္ႏွံေဖ်ာက္ဖ်က္ခဲ့သည္။

၇။ လူဦးေရ သိန္းသန္းခ်ီကာေသခဲ့သည့္ ၁၈၄၅ ႏွင့္ ၁၈၅၂ အၾကားတြင္ ျဖစ္ပြားခဲ့ေသာ အိုင္းရစ္ ငတ္မြတ္မႈႀကီးေလာက္ မႀကီးက်ယ္ေသာ္လည္း ႏွိုင္းယွဥ္စဥ္းစားစရာအခ်က္ အခ်ိဳ႕ရွိသည္။ တစ္အခ်က္၊ ငတ္မြတ္မႈသည္ စားေရရိကၡာ မထုတ္လုပ္နိုင္ေသာေၾကာင့္ မဟုတ္။ ႏွစ္အခ်က္၊ အုပ္ခ်ဳပ္သူမ်ားက ငတ္ေသၾကေတာ့မည့္ အုပ္ခ်ဳပ္ခံမ်ားကို ငါတို႔လူမ်ိဳးမဟုတ္ ဟု သေဘာထားသည္၊ သူတို႔သည္ ကိုလိုနီနယ္သားမ်ားသာ ျဖစ္ သည္ ဟု သေဘာထားသည္။

၈။ ရခိုင္တို႔၏ကံၾကမၼာကို ရခိုင္တို႔ကိုယ္တိုင္ ဖန္တီးပိုင္ခြင့္ ရလာမွသာ ထိုအျဖစ္မ်ိဳး ေနာင္တြင္ မၾကဳံရေလေအာင္ ႀကိဳတင္တားဆီးနိုင္မည္ ျဖစ္သည္။

၉။ ရခိုင္သည္ ကိုလိုနီနယ္မဟုတ္ ဆိုၿပီး ရည္မွန္းခ်က္တစ္ရပ္အေနနဲ႔ စိတ္ထဲမွာ ထားရွိဖို႔ လိုအပ္သည္။ မိမိတို႔ျပည္နယ္က မိမိတို႔က ေရြးေကာက္ တင္ေျမႇာက္သူမ်ားက မိမိတို႔ကိုယ္စား အုပ္ခ်ဳပ္ပိုင္ခြင့္၊ မိမိတို႔ ျပည္နယ္မွ ထြက္ရွိေသာ သဘာဝ သယံဇာတမ်ားကို မိမိတို႔ ပိုင္ဆိုင္-စီမံ-အက်ိဳးခံစားခြင့္ နဲ႔ မိမိတို႔အေရးအရာကို မိမိစီမံခန႔္ခြဲခြင့္ တို႔ ရွိေနပါမွ မိမိတို႔သည္ ကိုလိုနီနယ္မဟုတ္သည့္အေျခအေနကို ေရာက္လာၿပီျဖစ္ေၾကာင္း သိရွိနိုင္သည္။ ထိုသို႔မဟုတ္ပါက မိမိတို႔သည္ ကိုလိုနီနယ္ သားမ်ားအျဖစ္ အုပ္ခ်ဳပ္ခံေနရေၾကာင္း သုံးသပ္နိုင္သည္။

၁၀။ ၂၀၀၈ ဖြဲ႕စည္းပုံကို မျပင္နိုင္သေရြ႕ ရခိုင္တို႔သည္ ကိုယ္ပိုင္ျပဌာန္းနိုင္ခြင့္ ရနိုင္မည္ မဟုတ္။ ထို႔အျပင္ ၂၀၀၈ ဖြဲ႕စည္းပုံက မစို႔မပို႔ဟေပးထားေသာ ေခြးတိုးေပါက္ နိုင္ငံေရးနည္းလမ္းမ်ား သက္သက္အားျဖင့္လည္း ရခိုင့္ကံၾကမၼာကို ရခိုင္ဖန္တီးပိုင္ခြင့္ ရနိုင္ဖို႔မလြယ္။ နည္းလမ္း ေပါင္းစုံျဖင့္ ႀကိဳးစားခ်ဲ႕ထြင္နိုင္ဖို႔ လိုအပ္ပါသည္။

(ယေန႔မြန္းလြဲပိုင္းက စစ္ေတြၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ႐ုံး၌ က်င္းပခဲ့ေသာ ၄၉-ႏွစ္ေျမာက္ ရခိုင္ဆနာျပႆနာေန ဝမ္းနည္းေအာက္ေမ့ဖြယ္ အခမ္းအနားတြင္ အထက္ပါ အခ်က္မ်ားကို အေျခခံလ်က္ ေဟာေျပာခဲ့ပါသည္။)

ေလးစားလ်က္ –

ဦးေက်ာ္ေဇာဦး
၁၃ ၾသဂုတ္ ၂၀၁၆

[ Unicode version here]

စပါးစိုက်ပေးရသော ဓညဝတီသားတို့ကို ဆန်ပြုတ်သာ စားစေသောအခါ . . .

Written by ဦးကျော်ဇောဦး

၁။ ရခိုင့်သမိုင်းကို လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ကျော်က ဓညဝတီခေတ် ရခိုင့်နိုင်ငံတော်ကို ထူထောင်ခြင်းဖြင့် စတင်ခဲ့ပါသည်။ ယခု ပလက်ဝခရိုင် နှင့် ကျောက်တော်-မြောက်ဦးလွင်ပြင်တို့ကို စိုးမိုးသော မြို့တော် “ဓညဝတီ” ဟူသော အမည် သည် ဆန်ရေစပါး ပေါများရာအရပ် ဟု အဓိပ္ပါယ်ရပါသည်။

၂။ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ခန့်က ဗိုလ်နေဝင်းဦးဆောင်သော တော်လှန်ရေး ကောင်စီ အစိုးရခေတ်တွင် နိုင်ငံတော်ဘဏ္ဍာကို အာဏာသိမ်း စစ်အစိုးရက မနိုင်မနင်း ကိုင်တွယ်မှုများ ရှိသည့်အပြင် ဗိုလ်နေဝင်း၏ တကိုယ်ရည် အလွဲသုံးစား အသုံးစရိတ်များ ကြီးကြီးမားမား ရှိနေရာ ထိုအတွက် ဖြည့်သွင်းပေးရမည့် လိုအပ်ငွေ များကို ဆန်စပါးတွန်းထိုးတင်ပို့ကာ ငွေရှာခြင်းဖြင့် ဖြေရှင်းရန် ကြိုးစားသည်။ ပြည်တွင်း စားသုံးမှု လိုအပ်ချက်ကို ထည့်မစဉ်းစားပဲ ပြည်ပသို့ ဆန်တင်ပို့သည်။

၃။ ထိုကဲ့သို့သော အခြေအနေ ၁၉၆၇-ခုနှစ် သြဂုတ်လ အတွင်းတွင် ရခိုင်ပြည်နယ် အတွင်း ဆန်ရှားပါးမှု စတင်ခံစားရသည်။ ဆန်စပါးစိုက်ပျိုးသည့် ကျေးလက် တောရွာ များတွင် ဝမ်းစာစပါးသိုလှောင်ထားကြသည့်အပြင် ရပ်ရွာအလိုက် မရှိဆင်းရဲသားများ အား ဆန်မျှဝေပေးကြခြင်းအားဖြင့် ငတ်မွတ်သူမရှိအောင် ထိန်းထားနိုင်သည်။ သို့ရာတွင် မြို့ပြဖြစ်သည့် စစ်တွေမြို့ပေါ်တွင် ထိုကဲ့သို့ တောင်သူများလည်းမဟုတ် သည့်အတွက် ဝမ်းစာသိုလှောင်မှုလည်းမရှိ၊ ရွာငယ်များကဲ့သို့အပြန်အလှန် ကျွေးမွေး စောင့်ရှောက် နိုင်သည့် စနစ်မရှိသည့်အတွက် ထမင်းငတ်သည့် မိသားစုများရှိသည့် အခြေအနေကို စရောက်လာကြသည်။ ရခိုင်သူရခိုင်သားများထမင်းငတ်နေကြသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရခိုင်သူရခိုင်သားတို့စိုက်ပျိုးရရှိသော ဆန်စပါးတို့အား သေနတ်အားကိုးဖြင့် အစိုးရကဝယ်စုဆောင်းထားကာ သင်္ဘောကြီးငယ်ဖြင့် နိုင်ငံခြားသို့ တင်ပို့ သည်။ စစ်တွေမြို့သူမြို့သားများ ငတ်ပြတ်နေချိန်တွင် ဆန်စပါးအား နိုင်ငံခြားသို့ တင်ပို့မည့် သင်္ဘောအချို့ စစ်တွေဆိပ်ကမ်းနေရာများတွင် ဆန်အပြည့်ဖြင့် ဆိုက်ကပ် လျက် ရှိနေဆဲဖြစ်သည််။ ထို ဆန်ကို သိုလှောင်ထားသည့် ဂိုထောင်များ၊ ဆန်တင် ထားသည့် သင်္ဘောများကိုတက်၍ ငတ်ပြတ်နေသူများက ဆန်လုမှုများ စတင်ဖြစ်ပွား သည်။ သြဂုတ်လ (၁၂) ရက်တွင် ဆန်လုယူမှုများ စဖြစ်သည်။ (သို့သော် ပစ်သတ်မှု ဖြစ်သည်မှာ ဆန်လုသူများကို ပစ်သတ်ခြင်းမဟုတ်၊ နောက်တစ်နေ့ ဆန္ဒပြသူများကို ပစ်သတ်ခြင်း ဖြစ်သည်။)

၅။ မငြိမ်မသက်ဖြစ်လာ လှုပ်လာသည့်အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် အာဏာပိုင်များဘက်က ရခိုင်အရာရှိများနှင့် စစ်တွေမြို့ခံလူကြီးများ စကားပြောဆိုမှု များ ရှိခဲ့သည် ဟု ကြားသိမှတ်သားရဖူးသည်။ မှတ်သားဖွယ်ရာတစ်ခုက – ရခိုင်များ ဆန်မရှိလျှင် မုန့်တီစားကြပါ ဟူ၍ အမြော်အမြင်ကင်းစွာ ပေးသော အကြံစကား တစ်ခွန်းကို တစုံတစ်ယောက်က ပြောခဲ့သည် ဟူသည့်အချက်ဖြစ်သည်။ ထိုစကားကို မြို့သူမြို့သားများ တဆင့်စကား တဆင့်နားဖြင့် ကြားသိကြသည်။

၆။ သြဂုတ်လ (၁၃) ရက်နေ့တွင် စစ်တွေမြို့လုံးကျွတ်နီးပါး လမ်းပေါ်ဆန္ဒပြမှုဖြစ်ပွား သည်။ ကြွေးကြော်သံများအနက် “ဆန်ပြုတ်မစား ရခိုင်သား” ဟူသည့် ကြွေးကြော်သံ လည်းပါဝင်သည်။ လူတန်းကြီးက မိုင်နီးပါးရှည်နိုင်သည် ဟု ဆိုကြသည်။ ကုန်သည်လမ်း မြဆန်စက်ရှေ့တွင် စစ်တပ်၏ ပိတ်ဆို့မှုနှင့် ရင်ဆိုင်ရသည်။ ထိုနေရာတွင် ပစ်သတ်မှု ဖြစ်ပွားသည်။ ခန့်မှန်းခြေ လူနှစ်ရာခန့်သေသည်။ သေသူရော မသေမရှင်ဖြစ်နေသူ များကိုပါ ကားကြီးများပေါ် ဆွဲတင်ယူဆောင်သွားသည်။ စစ်အာဏာပိုင်များက အလောင်းများ ကို ညတွင်းချင်း မြှုပ်နှံဖျောက်ဖျက်ခဲ့သည်။

၇။ လူဦးရေ သိန်းသန်းချီကာသေခဲ့သည့် ၁၈၄၅ နှင့် ၁၈၅၂ အကြားတွင် ဖြစ်ပွားခဲ့သော အိုင်းရစ် ငတ်မွတ်မှုကြီးလောက် မကြီးကျယ်သော်လည်း နှိုင်းယှဉ်စဉ်းစားစရာအချက် အချို့ရှိသည်။ တစ်အချက်၊ ငတ်မွတ်မှုသည် စားရေရိက္ခာ မထုတ်လုပ်နိုင်သောကြောင့် မဟုတ်။ နှစ်အချက်၊ အုပ်ချုပ်သူများက ငတ်သေကြတော့မည့် အုပ်ချုပ်ခံများကို ငါတို့လူမျိုးမဟုတ် ဟု သဘောထားသည်၊ သူတို့သည် ကိုလိုနီနယ်သားများသာ ဖြစ် သည် ဟု သဘောထားသည်။

၈။ ရခိုင်တို့၏ကံကြမ္မာကို ရခိုင်တို့ကိုယ်တိုင် ဖန်တီးပိုင်ခွင့် ရလာမှသာ ထိုအဖြစ်မျိုး နောင်တွင် မကြုံရလေအောင် ကြိုတင်တားဆီးနိုင်မည် ဖြစ်သည်။

၉။ ရခိုင်သည် ကိုလိုနီနယ်မဟုတ် ဆိုပြီး ရည်မှန်းချက်တစ်ရပ်အနေနဲ့ စိတ်ထဲမှာ ထားရှိဖို့ လိုအပ်သည်။ မိမိတို့ပြည်နယ်က မိမိတို့က ရွေးကောက် တင်မြှောက်သူများက မိမိတို့ကိုယ်စား အုပ်ချုပ်ပိုင်ခွင့်၊ မိမိတို့ ပြည်နယ်မှ ထွက်ရှိသော သဘာဝ သယံဇာတများကို မိမိတို့ ပိုင်ဆိုင်-စီမံ-အကျိုးခံစားခွင့် နဲ့ မိမိတို့အရေးအရာကို မိမိစီမံခန့်ခွဲခွင့် တို့ ရှိနေပါမှ မိမိတို့သည် ကိုလိုနီနယ်မဟုတ်သည့်အခြေအနေကို ရောက်လာပြီဖြစ်ကြောင်း သိရှိနိုင်သည်။ ထိုသို့မဟုတ်ပါက မိမိတို့သည် ကိုလိုနီနယ် သားများအဖြစ် အုပ်ချုပ်ခံနေရကြောင်း သုံးသပ်နိုင်သည်။

၁၀။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်သရွေ့ ရခိုင်တို့သည် ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့် ရနိုင်မည် မဟုတ်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံက မစို့မပို့ဟပေးထားသော ခွေးတိုးပေါက် နိုင်ငံရေးနည်းလမ်းများ သက်သက်အားဖြင့်လည်း ရခိုင့်ကံကြမ္မာကို ရခိုင်ဖန်တီးပိုင်ခွင့် ရနိုင်ဖို့မလွယ်။ နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားချဲ့ထွင်နိုင်ဖို့ လိုအပ်ပါသည်။

(ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီရုံး၌ ကျင်းပခဲ့သော ၄၉-နှစ်မြောက် ရခိုင်ဆနာပြဿနာနေ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် အထက်ပါ အချက်များကို အခြေခံလျက် ဟောပြောခဲ့ပါသည်။)

လေးစားလျက် –

ဦးကျော်ဇောဦး
၁၃ သြဂုတ် ၂၀၁၆

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s