ဥပဒေဖောက်ဖျက်နေသူတွေက နိုင်ငံသားစိစစ်ရေးကို ဥပဒေမဲ့ လုပ်နေကြသလား

[ Zawgyi version here ] [ Unicode versiion below ]

ဥပေဒေဖာက္ဖ်က္ေနသူေတြက ႏိုင္ငံသားစိစစ္ေရးကို ဥပေဒမဲ့ လုပ္ေနၾကသလား
***********************
Written by ဦးေက်ာ္ေဇာဦး၊ ၂၆-၀၈-၂၀၁၆

ၿပီးခဲ့တဲ့ တစ္ရက္ေက်ာ္က ရခိုင္ျပည္နယ္အစိုးရအဖြဲ႕နဲ႔ ANP တို႔ဟာ အစိုးရရဲ႕ ႏိုင္ငံသား စိစစ္ေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္အစိုးရ (RSG) ဘက္က နယ္/လံု၀န္ႀကီး၊ ဥပေဒခ်ဳပ္ နဲ႔တကြ ရဲ ျပည္နယ္မွဴး၊ စသံုးလံုး ျပည္နယ္ညႊန္ၾကားေရးမွဴး နဲ႔ လ၀က ျပည္နယ္မွဴးတို႔ တက္ေရာက္ၾကတယ္။

ရခိုင္အမ်ိဳးသားပါတီ (ANP) ဘက္က ေဒၚေအးႏုစိန္၊ ဦးေက်ာ္ေဇာဦး၊ ဦးထြန္းေအာင္သိန္း နဲ႔ ဦးေအာင္၀င္းတို႔ တက္ေရာက္ခဲ့ၾကပါတယ္။

ကၽြန္ေတာ္တို႔ ANP ဘက္ကဒီကိစၥကို သီးျခားတံခါးပိတ္ ေဆြးေႏြးၾကမယ့္သေဘာလို႔ နားလည္ထားခဲ့ေပမယ့္ ရခိုင္အစိုးရအဖြဲ႕က မီဒီယာကို အစည္းအေ၀းခန္းထဲမွာပဲ အဆင္သင့္ ေခၚထားတာကို ေတြ႕ရပါတယ္။

ေရွ႕ကေနၿပီး နယ္/လံု၀န္ႀကီး ဗိုလ္မွဴးႀကီးထိန္လင္း နဲ႔ ျပည္နယ္ဥပေဒခ်ဳပ္တို႔က ဘူးသီးေတာင္မွာ ၿမိဳ႕နယ္ စံုစစ္ အဖြဲ႕၀င္ေတြ ျဖစ္ၾကတဲ့ ၿမိဳ႕နယ္အဆင့္ အရာရွိအခ်ိဳ႕ကို ဘူးသီးေတာင္ၿမိဳ႕သား ၄၀၀ ေလာက္က ၿမိဳ႕အစည္းအေ၀းလုပ္ၿပီး အစည္းအေ၀း ဆံုးျဖတ္ခ်က္နဲ႔ အမ်ိဳးသားသစၥာေဖာက္ေတြ ဆိုၿပီး ေၾကျငာခဲ့ၾကတဲ့ ျဖစ္ရပ္ကို ျပန္ေႏႊး ပါတယ္။ (ALP က ဗိုလ္မွဴးခိုင္မ်ိဳးထြန္းကိစၥ ကို သူတို႔ဘက္က ေျပာပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ဘက္က ဒီကိစၥကို ေျပာဖို႔ ခ်ိန္းထားတာမဟုတ္ပါဘူး။ ဒါ့အျပင္ ျပည္နယ္ ရဲမွဴးက ရက္(၁၀၀) စီမံခ်က္အေၾကာင္းကို ရွင္းလင္းေျပာျပပါတယ္။ ကၽြန္ေတာ္တို႔က နားေထာင္ ေပးခဲ့ပါတယ္။)

ရခိုင္ျပည္နယ္ လ၀က ျပည္နယ္မွဴးက လက္ရွိလုပ္ေနတဲ့ ဘဂၤါလီေတြကို ႏိုင္ငံသား စိစစ္တဲ့ လုပ္ငန္းစဥ္ကို ရွင္းလင္းတင္ျပတယ္။ ေနာက္ၿပီးေတာ့ ဘူးသီးေတာင္က ျမနႏၵာခင္ လို႔ အမည္ရတဲ့ ဘဂၤါလီ အမ်ိဳးသမီးငယ္တစ္ဦးကို ႏိုင္ငံသားေပးတာဟာ ဥပေဒနဲ႔ ညီညြတ္ပါတယ္ လို႔ သက္ေသျပႏိုင္ဖို႔ ႀကိဳးပမ္းတယ္။ ဘိုးဘြားေလးဦးမွာ ေလးဦး မဟုတ္ရင္ေတာင္ သံုးဦးက သံုးေခါက္ခ်ိဳးကတ္ ကိုင္ေဆာင္ခဲ့သူေတြျဖစ္ပါတယ္ လို႔ ရွင္းျပတယ္။

ရခိုင္အမ်ိဳးသားပါတီ ဘူးသီးေတာင္အမတ္ ဦးထြန္းေအာင္သိန္းက ဘူးသီးေတာင္ ျဖစ္စဥ္ကို သူျပန္ရွင္းျပပါတယ္။ ရခိုင္လႊတ္ေတာ္ဥကၠ႒က တာ၀န္ေပးေစလႊတ္တဲ့ အတြက္ အဲသည္ကိစၥကို ဘူးသီးေတာင္ကို သြားေရာက္စံုစမ္းလို႔ မေန႔ကမွ ျပန္ေရာက္လာတာ ျဖစ္တယ္။ ဘဂၤါလီေတြကို ဘာမွ တကယ္တမ္းစိစစ္တာ မလုပ္ဘဲနဲ႔ အဲသည္ဘဂၤါလီေတြ ႏိုင္ငံသားျဖစ္သင့္ေၾကာင္း လက္မွတ္ထိုးေထာက္ခံေပးရတဲ့ အရာရွိေတြဟာ ဒီအတိုင္းပဲ လက္မွတ္ထိုးေပးလိုက္ရတာ ျဖစ္ေၾကာင္း ေမးျမန္း စံုစမ္း ေတြ႔ရွိခဲ့တယ္ လို႔ သူက ေျပာျပပါတယ္။ သည္လို ဥပေဒနဲ႔ မညီညႊတ္ဘဲ ဘဂၤါလီေတြကို ႏိုင္ငဲသားျဖစ္ဖို႔အတြက္ မဟုတ္မဟတ္ ေထာက္ခံလက္မွတ္ထိုးလိုက္ၾကတဲ့အတြက္ ၿမိဳ႕သူၿမိဳ႕သားေတြက သည္လို တံု႔ျပန္ၾကတာ ျဖစ္ပါတယ္။ ေနာက္ၿပီး ျမနႏၵာခင္ ကိစၥကို ေျပာရာမွာ သူ႔ ဖခင္နဲ႔ မိခင္ ႏွစ္ဦးစလံုးဟာ ႏိုင္ငံသားျဖစ္ဖို႔ ေလွ်ာက္ထားခဲ့တာ အေထာက္အထားမျပည့္စံုတဲ့အတြက္ ပယ္ခ်ျခင္းကို ခံခဲ့ရတယ္၊ ဒီေတာ့ အေမအေဖကို ႏိုင္ငံသားမေပးႏိုင္ဘဲနဲ႔ ဘယ္လိုလုပ္ၿပီး သားသမီး ျဖစ္သူကို ႏိုင္ငံသားေပးလို႔ မရႏိုင္ ပါ ဘူး။

ဦးထြန္းေအာင္သိန္း ေျပာအၿပီးမွာ ANP က ဦးေက်ာ္ေဇာဦး က လ၀က ျပည္နယ္မွဴးု ဦး၀င္းလြင္ကို ေမးခြန္းထုတ္ပါတယ္။ အခုနက ျမနႏၵခင္ကိစၥမွာ အဲသည္ အမ်ိဳးသမီး ငယ္ကို ၈၂ ဥပေဒ ပုဒ္မ-၇ အရ ႏိုင္ငံသားေပးခဲ့တယ္လို႔ ေျပာခဲ့တယ္ထင္ပါတယ္ ဟုတ္ပါသလား လို႔ေမးပါတယ္။ ဒီေတာ့ ဦး၀င္းလြင္က ပုဒ္မ-၇ လို႔ အတိအက် ရယ္လို႔ေတာ့ မဟုတ္ဘူး၊ ဥပေဒနဲ႔ အညီေပးခဲ့တယ္ လို႔ပဲ မွတ္ထားေစခ်င္တယ္ လို႔ ျပန္ေျဖပါတယ္။ ဒီေတာ့ ဦးေက်ာ္ေဇာဦးက ၁၉၈၂ ႏိုင္ငံသားဥပေဒရဲ႕ဘယ္ပုဒ္မအရ ႏိုင္ငံသား ျဖစ္ေပးခဲ့တယ္ ဆိုတာကို အတိအက် ေျပာပါလို႔ထပ္ေမးတဲ့ အခါ၊ ဦး၀င္းလြင္ဟာ ျမနႏၵာခင္ ဖိုင္ကို ေကာက္လွန္လို႔ လက္ညိႇဳးနဲ႔ ေထာက္ျပၿပီး ပုဒ္မ-၇(က) အရ ေပးခဲ့တယ္လို႔ ေျဖပါတယ္။ ဒီေတာ့ ဦးေက်ာ္ေဇာဦးက ပါလာတဲ့ ၁၉၈၂ ႏိုင္ငံသားဥပေဒကို ေကာက္လွန္ၿပီး ဖတ္ျပပါတယ္။ ပုဒ္မ-၇(က) က “ႏိုင္ငံသားမိဘ ႏွစ္ပါးမွ ေမြးဖြားသူမ်ား” လို႔ ေျပာထားတယ္။ မိဘႏွစ္ပါးဟာ ျမန္မာႏိုင္ငံသား မဟုတ္တဲ့ ျမနႏၵာခင္ကို ႏိုင္ငံသားေပးတာဟာ ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ၿပီး ႏိုင္ငံသား ေပးတာ ျဖစ္တယ္ ဆိုတဲ့အေၾကာင္းကို ဦးေက်ာ္ေဇာဦးက ေျပာပါတယ္။ ဦး၀င္းလြင္က ေဒါသတႀကီးနဲ႔ တံု႔ျပန္ပါတယ္။ ၿပီးေတာ့ လ၀က လုပ္သက္ ႏွစ္ေပါင္း (၃၀)ေက်ာ္ ရွိၿပီျဖစ္တဲ့ သူရဲ႕ လက္ေထာက္ (ဒုျပည္နယ္မွဴးလို႔ ထင္ပါတယ္) ကို ရွင္းျပခိုင္းပါတယ္။ ဥပေဒမွာ မပါလည္း ဘာေၾကာင့္ ႏိုင္ငံသားေပးလို႔ရတယ္ ဆိုတာကို ရွင္းျပခိုင္းပါတယ္။

အဲသည္ လ၀က အရာရွိက စရွင္းပါတယ္။ ကၽြန္ေတာ္တို႔က ႏွစ္ပိုင္းစဥ္းစားပါတယ္ တဲ့ . . . ၊ ႏိုင္ငံသားဥပေဒ အတည္ျဖစ္တဲ့ ၁၉၈၂ မတိုင္ခင္ေမြးတဲ့ လူေတြကို တစ္ပိုင္း စဥ္းစားတယ္ တဲ့၊ ၁၉၈၂ ေနာက္ပိုင္း ေမြးတဲ့သူေတြကုိ တစ္ပိုင္းစဥ္းစားတယ္ လို႔ သူက စရွင္းပါတယ္။

(ဥပေဒမွာျပ႒ာန္းထားျခင္းမရွိဘဲ ဒီလိုမ်ိဳး ႏွစ္ပိုင္းခြဲသတ္မွတ္ၿပီး ဒီလိုမ်ိဳး လုပ္ႀကံ လိမ္ေပါက္ ေဖာက္ၿပီး ႏိုင္ငံသားေပးဖို႔လုပ္ေနၾကတာကို မိမိတို႔က ၾကားဖူးသိရွိေန ၿပီး သား ျဖစ္ပါတယ္။)

ဒီေတာ့ သူတို႔ အဲသည္လံၾကဳတ္ကို အစအဆံုး အရွည္ႀကီးေျပာမွာကို နားမေထာင္ ေတာ့ဘဲ ၾကားျဖတ္ၿပီးေတာ့ အဲသည္ လ၀က အရာရွိကို ဦးေက်ာ္ေဇာဦးက ေမးပါ တယ္။ အဲသလို ၁၉၈၂ မတိုင္ခင္ ေမြးတဲ့သူေတြကို တစ္ပိုင္းခြဲ၊ ၈၂ ေနာက္ပိုင္းေမြးတဲ့ သူေတြကို ေနာက္တစ္ပိုင္းခြဲၿပီးေတာ့ ႏွစ္ပိုင္းစဥ္းစားပါ ဆိုၿပီးေတာ့ ၁၉၈၂ ႏိုင္ငံသား ဥပေဒမွာ ျပ႒ာန္းထားပါသလား လို႔ ဦးေက်ာ္ေဇာဦးက ေမးပါတယ္။ အဲသည္ လ၀က အရာရွိ ဘာမွမေျပာ ႏိုင္ဘဲ ျပန္ထိုင္ပါတယ္။

ဒီေတာ့ ျပည္နယ္လ၀ကမွဴး ဦး၀င္းလြင္က တစ္ခန္းထပါတယ္။ မတ္တပ္ထရပ္ၿပီး ေျပာ ပါတယ္။ ဒီလူ (ဦးေက်ာ္ေဇာဦး) ေျပာတာကို မွတ္တမ္းတင္ထားပါ၊ ဒီလူေျပာတဲ့အတြက္ ကၽြန္ေတာ္ဟာ ျမနႏၵာခင္ရဲ႕ မိဘႏွစ္ဦးကို ႏိုင္ငံသားျဖစ္ဖို႔ အထက္ကို တင္ရေတာ့မယ္၊ မျဖစ္မေနတင္ရေတာ့မယ္၊ ဘာေၾကာင့္လဲဆိုေတာ့ သားသမီးက ႏိုင္ငံသား ျဖစ္ၿပီး မိဘက ႏိုင္ငံသားမျဖစ္ေသးလို႔ ဆိုၿပီးေတာ့ ဦး၀င္းလြင္က ထေျပာပါတယ္။ (ဒီလ၀က အရာရွိေတြဟာ powerpoint ေတြနဲ႔ အျခားၿမိဳ႕ေတြမွာ ရွင္းျပေနတာကို ျပန္ၾကားရပါ တယ္။ အခုလည္းပဲ ကိုယ္တိုင္ ျမင္ခဲ့ရတာေပါ့။ အဲသည္ ဘဂၤါလီေတြဟာ အိမ္ေထာင္စု စာရင္း တို႔၊ ေျမခြန္ေဆာင္ထားတဲ့ ခ်လံတို႔ကို ျပၿပီး ဒီလူေတြ ႏိုင္ငံသားျဖစ္ထိုက္ပါတယ္ လို႔ သူတို႔က ေျပာေနတယ္။ အဲဒါေတြရွိရင္ ႏိုင္ငံသားေပးလိုက္ပါလို႔ ဥပေဒမွာျပ႒ာန္း ထားတာ မရွိဘူး ကၽြန္ေတာ့္ စကားထဲမွာ ထည့္ေျပာခဲ့ပါေသးတယ္။)

ဒီေတာ့ ဦးေက်ာ္ေဇာဦးက ျပန္ေျပာပါတယ္။ ဥပေဒမွာ ဒီလိုေတာ့ မျပ႒ာန္းထားဘူး ထင္ပါတယ္ လို႔ . . . ၊ သားသမီး ျဖစ္သူကို ဥပေဒနဲ႔ မညီဘဲ တရားမဲ့ ႏိုင္ငံသားေပး လိုက္တဲ့ အတြက္ အဲဒါကို ဖံုးကြယ္ဖို႔အတြက္ မိဘျဖစ္သူေတြကို ႏိုင္ငံသားေပးလိုက္ပါ လို႔ မျပ႒ာန္းထားပါဘူး လို႔ ေခ်ပပါတယ္။

ဒီေနာက္ပိုင္းမွာ ANP ဘက္ျခမ္းကို ဦးေဆာင္လာတဲ့ ေဒၚေအးႏုစိန္က ဥပေဒေၾကာင္း အရ ရွင္းလင္းေျပာၾကားပါတယ္။ ေဒၚေအးႏုစိန္ဟာ ရခိုင္အမ်ိဳးသားပါတီရဲ႕ ဒုဥကၠ႒ တစ္ဦး ျဖစ္သလို တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးလည္း ျဖစ္ပါတယ္။ အဓိက အေၾကာင္းက သံုးေခါက္ခ်ိဳးကတ္လို႔ေခၚတဲ့ အမတကတ္ေတြကိုလက္၀ယ္ကိုင္ထားတဲ့ သူေတြဟာ ႏိုင္ငံသားျဖစ္ႏိုင္ရန္ အေၾကာင္း လံုေလာက္တယ္ လို႔ ျမန္မာႏိုင္ငံသား ဥပေဒမွာ ျပ႒ာန္းထားျခင္းမရွိ္တဲ့ အေၾကာင္းကို ရွင္းျပပါတယ္။ သံုးေခါက္ခ်ိဳးကတ္ ေတြဟာ ဒီေနရာမွာ လူေတြကိုမွတ္ပံုတင္တံုးက ဒီလူရွိေနခဲ့တယ္ ဆိုတာကို ျပတာသာ ျဖစ္ပါတယ္။ ဒီကတ္္ျပားဟာ ဒီႏိုင္ငံသားျဖစ္ေၾကာင္း သက္ေသခံ အလ်ဥ္း မျဖစ္ေစရ လို႔ ေတာင္ ကတ္ျပားေပၚမွာေတာင္ ေရးလို႔ပါပါတယ္။ ဒီကတ္ျပားပါရင္ ႏိုင္ငံသားေပးပါ လို႔ ၁၉၈၂ ႏိုင္ငံသားျဖစ္မႈ ဥပေဒမွာျပ႒ာန္းထားခ်က္ လံုး၀မရွိပါဘူး။

(အခု ရခိုင္ျပည္နယ္မွာ ႏိုင္ငံသားစိစစ္ေရးလုပ္ေနတဲ့ ျဖစ္စဥ္မွာ သံုးေခါက္ခ်ိဳးကတ္ ကိုင္ထားတဲ့သူေတြဟာ ႏိုင္ငံသားျဖစ္ဖို႔ အေၾကာင္းလံုေလာက္တယ္ ဆိုတဲ့ ယူဆခ်က္ အေပၚ အေျခခံၿပီး ႏိုင္ငံသားစိစစ္ေရးလုပ္ေနၾကတာ ျဖစ္ပါတယ္။ ဒါဟာ လက္ရွိ တည္ဆဲ ျဖစ္တဲ့ ၁၉၈၂ ႏိုင္ငံသားဥပေဒ နဲ႔ ညီညြတ္ျခင္းလံုး၀မရွိပါဘူး။)

ရခုိင္ျပည္နယ္က ႏိုင္ငံသားစိစစ္မႈကို ဦးေဆာင္တဲ့ ျပည္နယ္စံုစစ္အဖြဲ႕ဥကၠ႒ ဗိုလ္မွဴးႀကီးထိန္လင္း နိဂံုးခ်ဳပ္စကားေျပာတဲ့အခါ ၾကားလိုက္ပါတယ္။ သူတို႔အေနနဲ႔ ဒါေတြကို တစ္ခါမွ မၾကားဖူးေသးတဲ့အေၾကာင္း ဒီလိုမ်ိဳး ANP ဘက္ကရွင္းျပတာဟာ ပူးေပါင္းေဆာင္ရြက္ရာ ေရာက္တယ္ဆိုတဲ့အေၾကာင္း အဲသလိုသေဘာမ်ိဳး ေျပာသြား ပါ တယ္။

အစည္းအေ၀းၿပီးလို႔ ကိုယ့္စာရြက္စာတမ္းေတြကို သိမ္းၿပီး ျပန္မယ္လို႔ ထၾကေတာ့ ဗိုလ္မွဴးႀကီးထိန္လင္းက ကၽြန္ေတာ္တို႔ေလးဦးဘက္ကို စကားလွမ္းေျပာပါတယ္။ . . . ဘူးသီးေတာင္က စာရြက္ေတြက ကၽြန္ေတာ္တို႔ ဆီကိုေတာ့ မေရာက္ေသးဘူး၊ ကၽြန္ေတာ္တို႔သာ လက္မွတ္ထိုးလိုက္လို႔ကေတာ့ ကၽြန္ေတာ္တို႔လည္း ဘူးသီးေတာင္က လူေတြလို အမ်ိဳးသားသစၥာေဖာက္ေတြ ျဖစ္ၿပီ ဗ် လို႔ ရယ္က်ဲက်ဲနဲ႔ လွမ္းေျပာပါတယ္။ ကၽြန္ေတာ္တို႔လည္း သူ႔ကို ၾကည့္ၿပီး ခြက္ထိုးခြက္လွန္ ရယ္ၾကပါတယ္။

ဒါေပမဲ့ ေလာေလာဆယ္ကေတာ့ ဒီဥပေဒမဲ့ ျဖစ္စဥ္ဟာ ရပ္တန္႔သြားၿပီလို႔ မဆိုႏိုင္တဲ့ အတြက္ အေျခအေနက ရယ္စရာေတာ့ မေကာင္းေသးပါဘူး။

အဲသည္ေန႔က ရခိုင္ျပည္နယ္အစိုးရနဲ႔ ANP တို႔ ေဆြးေႏြးမႈျဖစ္စဥ္မွာ ေတြ႕ရွိရခ်က္ ကေတာ့ – ရခိုင္ျပည္နယ္အစိုးရက ပါ၀င္ဦးေဆာင္လုပ္ေနတဲ့ ႏိုင္ငံသားနဲ႔ ႏိုင္ငံသား ျပဳ ခြင့္ရသူ ဆိုင္ရာ စံုစမ္းစစ္ေဆးေရး ျဖစ္စဥ္ (ႏုိင္ငံသားစိစစ္ေရး လုပ္ငန္းစဥ္) ဟာ တည္ဆဲ ၁၉၈၂ ျမန္မာနိုင္ငံသားဥပေဒနဲ႔ ညီညြတ္မႈမရွိတဲ့ အလုပ္ေတြလုပ္ၿပီး ႏိုင္ငံသား ေပးဖို႔ လုပ္ေနတာကို ေတြ႕ေနရတယ္ လို႔ ANP ဘက္က ေထာက္ျပေျပာဆိုခဲ့တယ္။

ေနာက္ၿပီးေတာ့ – ၈၂ ဥပေဒရဲ႕ ပုဒ္မ-၇(က)ကို ကိုးကားၿပီး ဘူးသီးေတာင္က ဘဂၤါလီ အမ်ိဳးသမီးငယ္တစ္ဦးကို ႏုိင္ငံသားေပးလုိက္တဲ့ ရခုိင္ျပည္နယ္ လ၀ကရဲ႕ ျပည္နယ္မွဴး ဦး၀င္းလြင္ဟာ ဥပေဒကို ေဖာက္ဖ်က္ၿပီး ႏိုင္ငံသားမရသင့္သူကို ႏိုင္ငံသားရေအာင္ လုပ္ေပးလိုက္တဲ့အတြက္ တရားရင္ဆိုင္ၿပီး ျပစ္ဒဏ္က်ခံရမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕လုပ္ရပ္ ဟာ ၁၉၈၂ ျမန္မာႏိုင္ငံသားဥပေဒ ပုဒ္မ-၁၉ နဲ႔ ၿငိစြန္းပါတယ္။ ပုဒ္မ-၁၉ အရ ေထာင္ဒဏ္ နဲ႔ ေငြဒဏ္ က်ခံရမွာ ျဖစ္ပါတယ္။

ပုဒ္မ-၁၉ က ဒီလိုဆိုပါတယ္။ “ႏုိင္ငံသား တစ္ဦးသည္ မသမာေသာနည္းလမ္းျဖင့္ ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသား သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ရသူ လက္မွတ္ကို သူတစ္ဦးရရွိရန္ အားေပးကူညီလွ်င္ ေထာင္ဒဏ္ ခုနစ္ႏွစ္ ႏွင့္ ေငြဒဏ္ တစ္�ေသာင္းကို က်ခံေစရမည္”

ဒီလို ျပစ္ဒဏ္က်ခံထိုက္တဲ့ ျပစ္မႈနဲ႔ ၿငိစြန္းေၾကာင္းကို ရခုိင္ျပည္နယ္ နယ္/လံု၀န္ႀကီး နဲ႔ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္တို႔က ကၽြန္ေတာ္တို႔ရဲ႕ ဒီေတြ႕ဆံုပြဲမွာတည္းက ေကာင္းစြာ သိရွိခဲ့ၾကၿပီးျဖစ္ပါတယ္။ ေဖာ္ျပပါ ပုဂၢိဳလ္ႏွစ္ဦးဟာ ရခုိင္ျပည္နယ္ရဲ႕ တရားဥပေဒစုိးမိုးမႈ အတြက္ ႀကီးေလးစြာတာ၀န္ရွိသူမ်ား ျဖစ္ၾကတဲ့အေလ်ာက္ ၎တို႔ရဲ႕ မ်က္စိေရွ႕မွာ ေတြ႕ျမင္ခဲ့ရတဲ့ ျပစ္မႈက်ဳးလြန္ျခင္းကို မ်က္စိမွိတ္ကာ မျမင္ခ်င္ေယာင္ မေဆာင္ၾကဖို႔ရာ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။

ေလးစားစြာျဖင့္ –

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)
၂၀၁၆-ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္

*************************

[ Unicode version here ]

ဥပဒေဖောက်ဖျက်နေသူတွေက နိုင်ငံသားစိစစ်ရေးကို ဥပဒေမဲ့ လုပ်နေကြသလား


Written by ဦးကျော်ဇောဦး၊ ၂၆-၀၈-၂၀၁၆

ပြီးခဲ့တဲ့ တစ်ရက်ကျော်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ANP တို့ဟာ အစိုးရရဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရ (RSG) ဘက်က နယ်/လုံဝန်ကြီး၊ ဥပဒေချုပ် နဲ့တကွ ရဲ ပြည်နယ်မှူး၊ စသုံးလုံး ပြည်နယ်ညွှန်ကြားရေးမှူး နဲ့ လဝက ပြည်နယ်မှူးတို့ တက်ရောက်ကြတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဘက်က ဒေါ်အေးနုစိန်၊ ဦးကျော်ဇောဦး၊ ဦးထွန်းအောင်သိန်း နဲ့ ဦးအောင်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ANP ဘက်ကဒီကိစ္စကို သီးခြားတံခါးပိတ် ဆွေးနွေးကြမယ့်သဘောလို့ နားလည်ထားခဲ့ပေမယ့် ရခိုင်အစိုးရအဖွဲ့က မီဒီယာကို အစည်းအဝေးခန်းထဲမှာပဲ အဆင်သင့် ခေါ်ထားတာကို တွေ့ရပါတယ်။

ရှေ့ကနေပြီး နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း နဲ့ ပြည်နယ်ဥပဒေချုပ်တို့က ဘူးသီးတောင်မှာ မြို့နယ် စုံစစ် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ မြို့နယ်အဆင့် အရာရှိအချို့ကို ဘူးသီးတောင်မြို့သား ၄၀၀ လောက်က မြို့အစည်းအဝေးလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အမျိုးသားသစ္စာဖောက်တွေ ဆိုပြီး ကြေငြာခဲ့ကြတဲ့ ဖြစ်ရပ်ကို ပြန်နွှေး ပါတယ်။ (ALP က ဗိုလ်မှူးခိုင်မျိုးထွန်းကိစ္စ ကို သူတို့ဘက်က ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဒီကိစ္စကို ပြောဖို့ ချိန်းထားတာမဟုတ်ပါဘူး။ ဒါ့အပြင် ပြည်နယ် ရဲမှူးက ရက်(၁၀၀) စီမံချက်အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ ကျွန်တော်တို့က နားထောင် ပေးခဲ့ပါတယ်။)

ရခိုင်ပြည်နယ် လဝက ပြည်နယ်မှူးက လက်ရှိလုပ်နေတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းစဉ်ကို ရှင်းလင်းတင်ပြတယ်။ နောက်ပြီးတော့ ဘူးသီးတောင်က မြနန္ဒာခင် လို့ အမည်ရတဲ့ ဘင်္ဂါလီ အမျိုးသမီးငယ်တစ်ဦးကို နိုင်ငံသားပေးတာဟာ ဥပဒေနဲ့ ညီညွတ်ပါတယ် လို့ သက်သေပြနိုင်ဖို့ ကြိုးပမ်းတယ်။ ဘိုးဘွားလေးဦးမှာ လေးဦး မဟုတ်ရင်တောင် သုံးဦးက သုံးခေါက်ချိုးကတ် ကိုင်ဆောင်ခဲ့သူတွေဖြစ်ပါတယ် လို့ ရှင်းပြတယ်။

ရခိုင်အမျိုးသားပါတီ ဘူးသီးတောင်အမတ် ဦးထွန်းအောင်သိန်းက ဘူးသီးတောင် ဖြစ်စဉ်ကို သူပြန်ရှင်းပြပါတယ်။ ရခိုင်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးစေလွှတ်တဲ့ အတွက် အဲသည်ကိစ္စကို ဘူးသီးတောင်ကို သွားရောက်စုံစမ်းလို့ မနေ့ကမှ ပြန်ရောက်လာတာ ဖြစ်တယ်။ ဘင်္ဂါလီတွေကို ဘာမှ တကယ်တမ်းစိစစ်တာ မလုပ်ဘဲနဲ့ အဲသည်ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်သင့်ကြောင်း လက်မှတ်ထိုးထောက်ခံပေးရတဲ့ အရာရှိတွေဟာ ဒီအတိုင်းပဲ လက်မှတ်ထိုးပေးလိုက်ရတာ ဖြစ်ကြောင်း မေးမြန်း စုံစမ်း တွေ့ရှိခဲ့တယ် လို့ သူက ပြောပြပါတယ်။ သည်လို ဥပဒေနဲ့ မညီညွှတ်ဘဲ ဘင်္ဂါလီတွေကို နိုင်ငဲသားဖြစ်ဖို့အတွက် မဟုတ်မဟတ် ထောက်ခံလက်မှတ်ထိုးလိုက်ကြတဲ့အတွက် မြို့သူမြို့သားတွေက သည်လို တုံ့ပြန်ကြတာ ဖြစ်ပါတယ်။ နောက်ပြီး မြနန္ဒာခင် ကိစ္စကို ပြောရာမှာ သူ့ ဖခင်နဲ့ မိခင် နှစ်ဦးစလုံးဟာ နိုင်ငံသားဖြစ်ဖို့ လျှောက်ထားခဲ့တာ အထောက်အထားမပြည့်စုံတဲ့အတွက် ပယ်ချခြင်းကို ခံခဲ့ရတယ်၊ ဒီတော့ အမေအဖေကို နိုင်ငံသားမပေးနိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး သားသမီး ဖြစ်သူကို နိုင်ငံသားပေးလို့ မရနိုင် ပါ ဘူး။

ဦးထွန်းအောင်သိန်း ပြောအပြီးမှာ ANP က ဦးကျော်ဇောဦး က လဝက ပြည်နယ်မှူးု ဦးဝင်းလွင်ကို မေးခွန်းထုတ်ပါတယ်။ အခုနက မြနန္ဒခင်ကိစ္စမှာ အဲသည် အမျိုးသမီး ငယ်ကို ၈၂ ဥပဒေ ပုဒ်မ-၇ အရ နိုင်ငံသားပေးခဲ့တယ်လို့ ပြောခဲ့တယ်ထင်ပါတယ် ဟုတ်ပါသလား လို့မေးပါတယ်။ ဒီတော့ ဦးဝင်းလွင်က ပုဒ်မ-၇ လို့ အတိအကျ ရယ်လို့တော့ မဟုတ်ဘူး၊ ဥပဒေနဲ့ အညီပေးခဲ့တယ် လို့ပဲ မှတ်ထားစေချင်တယ် လို့ ပြန်ဖြေပါတယ်။ ဒီတော့ ဦးကျော်ဇောဦးက ၁၉၈၂ နိုင်ငံသားဥပဒေရဲ့ဘယ်ပုဒ်မအရ နိုင်ငံသား ဖြစ်ပေးခဲ့တယ် ဆိုတာကို အတိအကျ ပြောပါလို့ထပ်မေးတဲ့ အခါ၊ ဦးဝင်းလွင်ဟာ မြနန္ဒာခင် ဖိုင်ကို ကောက်လှန်လို့ လက်ညှိုးနဲ့ ထောက်ပြပြီး ပုဒ်မ-၇(က) အရ ပေးခဲ့တယ်လို့ ဖြေပါတယ်။ ဒီတော့ ဦးကျော်ဇောဦးက ပါလာတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ကောက်လှန်ပြီး ဖတ်ပြပါတယ်။ ပုဒ်မ-၇(က) က “နိုင်ငံသားမိဘ နှစ်ပါးမှ မွေးဖွားသူများ” လို့ ပြောထားတယ်။ မိဘနှစ်ပါးဟာ မြန်မာနိုင်ငံသား မဟုတ်တဲ့ မြနန္ဒာခင်ကို နိုင်ငံသားပေးတာဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံသား ပေးတာ ဖြစ်တယ် ဆိုတဲ့အကြောင်းကို ဦးကျော်ဇောဦးက ပြောပါတယ်။ ဦးဝင်းလွင်က ဒေါသတကြီးနဲ့ တုံ့ပြန်ပါတယ်။ ပြီးတော့ လဝက လုပ်သက် နှစ်ပေါင်း (၃၀)ကျော် ရှိပြီဖြစ်တဲ့ သူရဲ့ လက်ထောက် (ဒုပြည်နယ်မှူးလို့ ထင်ပါတယ်) ကို ရှင်းပြခိုင်းပါတယ်။ ဥပဒေမှာ မပါလည်း ဘာကြောင့် နိုင်ငံသားပေးလို့ရတယ် ဆိုတာကို ရှင်းပြခိုင်းပါတယ်။

အဲသည် လဝက အရာရှိက စရှင်းပါတယ်။ ကျွန်တော်တို့က နှစ်ပိုင်းစဉ်းစားပါတယ် တဲ့ . . . ၊ နိုင်ငံသားဥပဒေ အတည်ဖြစ်တဲ့ ၁၉၈၂ မတိုင်ခင်မွေးတဲ့ လူတွေကို တစ်ပိုင်း စဉ်းစားတယ် တဲ့၊ ၁၉၈၂ နောက်ပိုင်း မွေးတဲ့သူတွေကို တစ်ပိုင်းစဉ်းစားတယ် လို့ သူက စရှင်းပါတယ်။

(ဥပဒေမှာပြဋ္ဌာန်းထားခြင်းမရှိဘဲ ဒီလိုမျိုး နှစ်ပိုင်းခွဲသတ်မှတ်ပြီး ဒီလိုမျိုး လုပ်ကြံ လိမ်ပေါက် ဖောက်ပြီး နိုင်ငံသားပေးဖို့လုပ်နေကြတာကို မိမိတို့က ကြားဖူးသိရှိနေ ပြီး သား ဖြစ်ပါတယ်။)

ဒီတော့ သူတို့ အဲသည်လံကြုတ်ကို အစအဆုံး အရှည်ကြီးပြောမှာကို နားမထောင် တော့ဘဲ ကြားဖြတ်ပြီးတော့ အဲသည် လဝက အရာရှိကို ဦးကျော်ဇောဦးက မေးပါ တယ်။ အဲသလို ၁၉၈၂ မတိုင်ခင် မွေးတဲ့သူတွေကို တစ်ပိုင်းခွဲ၊ ၈၂ နောက်ပိုင်းမွေးတဲ့ သူတွေကို နောက်တစ်ပိုင်းခွဲပြီးတော့ နှစ်ပိုင်းစဉ်းစားပါ ဆိုပြီးတော့ ၁၉၈၂ နိုင်ငံသား ဥပဒေမှာ ပြဋ္ဌာန်းထားပါသလား လို့ ဦးကျော်ဇောဦးက မေးပါတယ်။ အဲသည် လဝက အရာရှိ ဘာမှမပြော နိုင်ဘဲ ပြန်ထိုင်ပါတယ်။

ဒီတော့ ပြည်နယ်လဝကမှူး ဦးဝင်းလွင်က တစ်ခန်းထပါတယ်။ မတ်တပ်ထရပ်ပြီး ပြော ပါတယ်။ ဒီလူ (ဦးကျော်ဇောဦး) ပြောတာကို မှတ်တမ်းတင်ထားပါ၊ ဒီလူပြောတဲ့အတွက် ကျွန်တော်ဟာ မြနန္ဒာခင်ရဲ့ မိဘနှစ်ဦးကို နိုင်ငံသားဖြစ်ဖို့ အထက်ကို တင်ရတော့မယ်၊ မဖြစ်မနေတင်ရတော့မယ်၊ ဘာကြောင့်လဲဆိုတော့ သားသမီးက နိုင်ငံသား ဖြစ်ပြီး မိဘက နိုင်ငံသားမဖြစ်သေးလို့ ဆိုပြီးတော့ ဦးဝင်းလွင်က ထပြောပါတယ်။ (ဒီလဝက အရာရှိတွေဟာ powerpoint တွေနဲ့ အခြားမြို့တွေမှာ ရှင်းပြနေတာကို ပြန်ကြားရပါ တယ်။ အခုလည်းပဲ ကိုယ်တိုင် မြင်ခဲ့ရတာပေါ့။ အဲသည် ဘင်္ဂါလီတွေဟာ အိမ်ထောင်စု စာရင်း တို့၊ မြေခွန်ဆောင်ထားတဲ့ ချလံတို့ကို ပြပြီး ဒီလူတွေ နိုင်ငံသားဖြစ်ထိုက်ပါတယ် လို့ သူတို့က ပြောနေတယ်။ အဲဒါတွေရှိရင် နိုင်ငံသားပေးလိုက်ပါလို့ ဥပဒေမှာပြဋ္ဌာန်း ထားတာ မရှိဘူး ကျွန်တော့် စကားထဲမှာ ထည့်ပြောခဲ့ပါသေးတယ်။)

ဒီတော့ ဦးကျော်ဇောဦးက ပြန်ပြောပါတယ်။ ဥပဒေမှာ ဒီလိုတော့ မပြဋ္ဌာန်းထားဘူး ထင်ပါတယ် လို့ . . . ၊ သားသမီး ဖြစ်သူကို ဥပဒေနဲ့ မညီဘဲ တရားမဲ့ နိုင်ငံသားပေး လိုက်တဲ့ အတွက် အဲဒါကို ဖုံးကွယ်ဖို့အတွက် မိဘဖြစ်သူတွေကို နိုင်ငံသားပေးလိုက်ပါ လို့ မပြဋ္ဌာန်းထားပါဘူး လို့ ချေပပါတယ်။

ဒီနောက်ပိုင်းမှာ ANP ဘက်ခြမ်းကို ဦးဆောင်လာတဲ့ ဒေါ်အေးနုစိန်က ဥပဒေကြောင်း အရ ရှင်းလင်းပြောကြားပါတယ်။ ဒေါ်အေးနုစိန်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဋ္ဌ တစ်ဦး ဖြစ်သလို တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ အဓိက အကြောင်းက သုံးခေါက်ချိုးကတ်လို့ခေါ်တဲ့ အမတကတ်တွေကိုလက်ဝယ်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံသားဖြစ်နိုင်ရန် အကြောင်း လုံလောက်တယ် လို့ မြန်မာနိုင်ငံသား ဥပဒေမှာ ပြဋ္ဌာန်းထားခြင်းမရှိ်တဲ့ အကြောင်းကို ရှင်းပြပါတယ်။ သုံးခေါက်ချိုးကတ် တွေဟာ ဒီနေရာမှာ လူတွေကိုမှတ်ပုံတင်တုံးက ဒီလူရှိနေခဲ့တယ် ဆိုတာကို ပြတာသာ ဖြစ်ပါတယ်။ ဒီကတ််ပြားဟာ ဒီနိုင်ငံသားဖြစ်ကြောင်း သက်သေခံ အလျဉ်း မဖြစ်စေရ လို့ တောင် ကတ်ပြားပေါ်မှာတောင် ရေးလို့ပါပါတယ်။ ဒီကတ်ပြားပါရင် နိုင်ငံသားပေးပါ လို့ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေမှာပြဋ္ဌာန်းထားချက် လုံးဝမရှိပါဘူး။

(အခု ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်နေတဲ့ ဖြစ်စဉ်မှာ သုံးခေါက်ချိုးကတ် ကိုင်ထားတဲ့သူတွေဟာ နိုင်ငံသားဖြစ်ဖို့ အကြောင်းလုံလောက်တယ် ဆိုတဲ့ ယူဆချက် အပေါ် အခြေခံပြီး နိုင်ငံသားစိစစ်ရေးလုပ်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ တည်ဆဲ ဖြစ်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ နဲ့ ညီညွတ်ခြင်းလုံးဝမရှိပါဘူး။)

ရခိုင်ပြည်နယ်က နိုင်ငံသားစိစစ်မှုကို ဦးဆောင်တဲ့ ပြည်နယ်စုံစစ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးထိန်လင်း နိဂုံးချုပ်စကားပြောတဲ့အခါ ကြားလိုက်ပါတယ်။ သူတို့အနေနဲ့ ဒါတွေကို တစ်ခါမှ မကြားဖူးသေးတဲ့အကြောင်း ဒီလိုမျိုး ANP ဘက်ကရှင်းပြတာဟာ ပူးပေါင်းဆောင်ရွက်ရာ ရောက်တယ်ဆိုတဲ့အကြောင်း အဲသလိုသဘောမျိုး ပြောသွား ပါ တယ်။

အစည်းအဝေးပြီးလို့ ကိုယ့်စာရွက်စာတမ်းတွေကို သိမ်းပြီး ပြန်မယ်လို့ ထကြတော့ ဗိုလ်မှူးကြီးထိန်လင်းက ကျွန်တော်တို့လေးဦးဘက်ကို စကားလှမ်းပြောပါတယ်။ . . . ဘူးသီးတောင်က စာရွက်တွေက ကျွန်တော်တို့ ဆီကိုတော့ မရောက်သေးဘူး၊ ကျွန်တော်တို့သာ လက်မှတ်ထိုးလိုက်လို့ကတော့ ကျွန်တော်တို့လည်း ဘူးသီးတောင်က လူတွေလို အမျိုးသားသစ္စာဖောက်တွေ ဖြစ်ပြီ ဗျ လို့ ရယ်ကျဲကျဲနဲ့ လှမ်းပြောပါတယ်။ ကျွန်တော်တို့လည်း သူ့ကို ကြည့်ပြီး ခွက်ထိုးခွက်လှန် ရယ်ကြပါတယ်။

ဒါပေမဲ့ လောလောဆယ်ကတော့ ဒီဥပဒေမဲ့ ဖြစ်စဉ်ဟာ ရပ်တန့်သွားပြီလို့ မဆိုနိုင်တဲ့ အတွက် အခြေအနေက ရယ်စရာတော့ မကောင်းသေးပါဘူး။

အဲသည်နေ့က ရခိုင်ပြည်နယ်အစိုးရနဲ့ ANP တို့ ဆွေးနွေးမှုဖြစ်စဉ်မှာ တွေ့ရှိရချက် ကတော့ – ရခိုင်ပြည်နယ်အစိုးရက ပါဝင်ဦးဆောင်လုပ်နေတဲ့ နိုင်ငံသားနဲ့ နိုင်ငံသား ပြု ခွင့်ရသူ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဖြစ်စဉ် (နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်) ဟာ တည်ဆဲ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ အလုပ်တွေလုပ်ပြီး နိုင်ငံသား ပေးဖို့ လုပ်နေတာကို တွေ့နေရတယ် လို့ ANP ဘက်က ထောက်ပြပြောဆိုခဲ့တယ်။

နောက်ပြီးတော့ – ၈၂ ဥပဒေရဲ့ ပုဒ်မ-၇(က)ကို ကိုးကားပြီး ဘူးသီးတောင်က ဘင်္ဂါလီ အမျိုးသမီးငယ်တစ်ဦးကို နိုင်ငံသားပေးလိုက်တဲ့ ရခိုင်ပြည်နယ် လဝကရဲ့ ပြည်နယ်မှူး ဦးဝင်းလွင်ဟာ ဥပဒေကို ဖောက်ဖျက်ပြီး နိုင်ငံသားမရသင့်သူကို နိုင်ငံသားရအောင် လုပ်ပေးလိုက်တဲ့အတွက် တရားရင်ဆိုင်ပြီး ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ် ဟာ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၁၉ နဲ့ ငြိစွန်းပါတယ်။ ပုဒ်မ-၁၉ အရ ထောင်ဒဏ် နဲ့ ငွေဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

ပုဒ်မ-၁၉ က ဒီလိုဆိုပါတယ်။ “နိုင်ငံသား တစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ထောင်ဒဏ် ခုနစ်နှစ် နှင့် ငွေဒဏ် တစ်�သောင်းကို ကျခံစေရမည်”

ဒီလို ပြစ်ဒဏ်ကျခံထိုက်တဲ့ ပြစ်မှုနဲ့ ငြိစွန်းကြောင်းကို ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီး နဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ်တို့က ကျွန်တော်တို့ရဲ့ ဒီတွေ့ဆုံပွဲမှာတည်းက ကောင်းစွာ သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဖော်ပြပါ ပုဂ္ဂိုလ်နှစ်ဦးဟာ ရခိုင်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှု အတွက် ကြီးလေးစွာတာဝန်ရှိသူများ ဖြစ်ကြတဲ့အလျောက် ၎င်းတို့ရဲ့ မျက်စိရှေ့မှာ တွေ့မြင်ခဲ့ရတဲ့ ပြစ်မှုကျုးလွန်ခြင်းကို မျက်စိမှိတ်ကာ မမြင်ချင်ယောင် မဆောင်ကြဖို့ရာ ကျွန်တော် မျှော်လင့်ပါတယ်။

လေးစားစွာဖြင့် –

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
၂၀၁၆-ခုနှစ် သြဂုတ်လ (၂၆) ရက်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s