ကိုဖီအာနန်ကော်မရှင်အား အသိအမှတ်မပြုကြောင်း အဆိုရှင် ဦးကျော်ဇောဦးက ရခိုင်လွှတ်တော်သို့ တင်သွင်းသော အရေးကြီးအဆို

[ Zawgyi version here ] [ Unicode version below ]

ကိုဖီအာနန္ေကာ္မရွင္အား အသိအမွတ္မျပဳေၾကာင္း အဆိုရွင္ ဦးေက်ာ္ေဇာဦးက ရခိုင္လႊတ္ေတာ္သို႔ တင္သြင္းေသာ အေရးႀကီးအဆို
*******************************
၁၂-၀၉-၂၀၁၆

ကိုဖီအာနန္ဦးေဆာင္ေသာ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္အား ဖြဲ႕စည္း ခဲ့ျခင္းသည္ ရခိုင္ျပည္နယ္အတြင္းရွိ ရခုိင္အပါအ၀င္ တိုင္ရင္းသားႏိုင္ငံသားမ်ား၏ သေဘာ တူညီခ်က္ကို ရယူလ်က္ ဖြဲ႕စည္းခဲ့ျခင္းမဟုတ္သည့္အတြက္ ထိုေကာ္မရွင္၏ ဖြဲ႕စည္း ျဖစ္တည္မႈ ႏွင့္ လုပ္ေဆာင္ခ်က္မ်ားအားလံုးကို ရခုိင္ျပည္နယ္လႊတ္ေတာ္က အသိအမွတ္ မျပဳသင့္ေၾကာင္း အေရးႀကီးအဆို။
*******************************

ေလးစားအပ္ပါေသာ လႊတ္ေတာ္ဥကၠ႒ႀကီးႏွင့္တကြ တပ္မေတာ္သားကိုယ္စားလွယ္မ်ား အပါအ၀င္ျဖစ္တဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတာ္ႀကီးမ်ား ခင္ဗ်ာ . . .

ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ၀န္ႀကီးဌာနရဲ႕ (၂၄-၀၈-၂၀၁၆) ေန႔ သတင္းထုတ္ျပန္ခ်က္အရ ဖြဲ႕စည္းတဲ့ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္ဟာ ေကာ္မရွင္လုပ္ငန္းနဲ႔ တိုက္ရိုက္ သက္ဆိုင္တဲ့ ရခိုင္ျပည္နယ္အပါအ၀င္ ျဖစ္ေသာ မိမိတို႔ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးေနျခင္း အပါအ၀င္ ျပစ္ခ်က္ မ်ားစြာ ရွိေနတဲ့ အတြက္၊ ရခုိင္ျပည္နယ္သူျပည္နယ္သား မဲဆႏၵရွင္ႏုိုင္ငံသားမ်ားထံက ဆင္းသက္တဲ့ အခ်ဳပ္အျခာအာဏာရယ္၊ ေနာက္ၿပီးေတာ့ ရခိုင္ျပည္နယ္နဲ႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ထံသို႔ ခြဲေ၀ရရွိေသာ အခ်ဳပ္အျခာအာဏာရယ္ အဲသလိုနည္းလမ္းႏွစ္မ်ိဳးအားျဖင့္ ရရွိေသာ အခ်ဳပ္အျခာအာဏာတို႔ကို အေျခခံလ်က္ ရခိုင္ျပည္နယ္လႊတ္ေတာ္ဟာ ယခုအဆိုမွာပါရွိတဲ့အတိုင္း “ထိုေကာ္မရွင္၏ ဖြဲ႕စည္း ျဖစ္တည္မႈ ႏွင့္ လုပ္ေဆာင္ခ်က္ မ်ားအားလံုးကို ရခုိင္ျပည္နယ္လႊတ္ေတာ္က အသိအမွတ္ မျပဳေၾကာင္း” သေဘာထား ျမြက္ဟေဖာ္ျပခ်က္ကို ဆံုးျဖတ္ၿပီး ေၾကျငာႏိုင္ဖို႔ အခုလို အေရးႀကီးအဆိုအျဖစ္ တင္သြင္းရတာ ျဖစ္ပါတယ္။

အေရးေပၚျဖစ္ေပၚလာတဲ့ အေျခအေနမ်ားေၾကာင့္ အာနန္ေကာ္မရွင္လို႔ ေခၚေနၾက တဲ့ ဒီ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္ကိစၥကို အထူးအစည္းအေ၀း ေခၚယူကာ ေဆြးေႏြးဆံုးျဖတ္ဖို႔လိုအပ္လာတဲ့အေလ်ာက္၊ လံုေလာက္တဲ့အေရအတြက္ရွိတဲ့ ရခုိင္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လက္မွတ္ေရးထိုးေတာင္းဆိုတဲ့အတြက္ ဒီကေန႔ စက္တင္ဘာလ (၁၂) ရက္ေန႔ ရက္စြဲနဲ႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ အထူး အစည္းအေ၀းကို ေခၚယူခဲ့ပါတယ္။ လက္မွတ္ေရးထိုးေတာင္းဆိုတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ဘံုရပ္တည္ခ်က္ကို ေဖာ္ျပေပးဖို႔ရာ ၎တို႔ရဲ႕တာ၀န္ေပးခ်က္အရ ကၽြန္ေတာ္ ဦးေက်ာ္ေဇာဦး (စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္-၂ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္) က ဒီအေရးႀကီးအဆိုကို တာ၀န္ယူ ေရးသား တင္သြင္းပါတယ္။

ဒီ အေရးႀကီးအဆိုရဲ႕ အႏွစ္ခ်ဳပ္သေဘာကို ရွင္းလင္းတဲ့ ေနရာမွာ အပိုင္းငယ္ ငါးပိုင္း ခြဲၿပီးေတာ့ –
အပိုင္း(က) ရခိုင္ျပည္နယ္လႊတ္ေတာ္ရဲ႕ အခန္းက႑
အပိုင္း(ခ) ဘယ္သူက ကိုယ့္ႏိုင္ငံသား ဆိုတာကို ကိုယ္တိုင္ဆံုးျဖတ္ခြင့္
အပိုင္း(ဂ) အာနန္ေကာ္မရွင္ရဲ႕ တျခားျပစ္ခ်က္မ်ား
အပိုင္း(ဃ) ဆိုးက်ိဳး ျဖစ္လာႏိုင္ေျခအလားအလာ
အပိုင္း(င) နိဂံုး –
ဆိုၿပီးေတာ့ အပိုင္းငယ္ ငါးပိုင္းခြဲၿပီးေတာ့ အက်ဥ္းသေဘာ တင္ျပသြားမွာ ျဖစ္ပါ တယ္။

အပုိင္း(က) ရခိုင္ျပည္နယ္လႊတ္ေတာ္ရဲ႕ အခန္းက႑

ျမန္မာႏိုင္ငံရဲ႕ ဖြဲ႕စည္းပံုုအေျခခံဥပေဒ ပုဒ္မ-၄ မွာ ဘယ္လို ျပ႒ာန္းထား သလဲ ဆိုေတာ့ “ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာသည္ ႏိုင္ငံသားမ်ားထံမွ ဆင္းသက္ၿပီး ႏိုင္ငံေတာ္တစ္၀ွမ္းလံုး၌ တည္သည္” လို႔ ျပ႒ာန္းထားပါတယ္။ ရခိုင္ျပည္နယ္အတြင္း မွာရွိတဲ့ မဲဆႏၵရွင္ႏိုင္ငံသားမ်ားဆီက ဆင္းသက္လာတဲ့ အခ်ဳပ္အျခာအာဏာဟာ မဲေပးေရြးခ်ယ္လိုက္တဲ့ ၎တို႔ရဲ႕ ကိုယ္စားလွယ္မ်ားအားျဖင့္ လႊတ္ေတာ္သံုးရပ္ဆီကို ေရာက္သြားေစပါတယ္။ အဲသလိုေရာက္သြားေစတဲ့ လႊတ္ေတာ္သံုးရပ္ထဲမွာ ရခုိင္ျပည္နယ္ လႊတ္ေတာ္လည္း အပါအ၀င္ျဖစ္ပါတယ္။ ျပည္နယ္လႊတ္ေတာ္ဆီကို သက္ဆိုင္ရာ ျပည္နယ္မဲဆႏၵရွင္ေတြဆီက အခ်ဳပ္အျခာ အာဏာေတြ စီးဆင္းသက္ေရာက္လာတဲ့အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ၎တို႔ကိုယ္စား စုေပါင္းကိုယ္စားျပဳေျပာဆိုခြင့္ပါ တပါတည္း ေပးလိုက္တာ ျဖစ္ပါတယ္။

ပုဒ္မ-၄၉(ဋ) အရ ျမန္မာႏိုင္ငံရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ ရခုိင္ျပည္နယ္ဟာ ပုဒ္မ-၁၁ ရဲ႕ ပုဒ္မခြဲ (က) နဲ႔ (ခ) တို႔အရ ႏိုင္ငံေတာ္အခ်ဳပ္အခ်ာအာဏာရဲ႕ အာဏာသံုးရပ္ကို ခြဲေ၀ အပ္ႏွင္းျခင္းခံရပါတယ္။ ရခိုင္ျပည္နယ္ရဲ႕ ရခုိင္ျပည္နယ္လႊတ္ေတာ္ဆီကိုလည္း အာဏာ ေတြ ခြဲေ၀အပ္ႏွင္းျခင္း ခံရတာ ျဖစ္ပါတယ္။

ပုဒ္မ-၆(စ) အရ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑မွာ ပါ၀င္မယ့္၊ ေနာက္ ၿပီးေတာ့ . . . ပုဒ္မ-၂၀(စ) အရ ႏုိင္ငံေတာ္ရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ကာကြယ္ ေစာင့္ေရွာက္ရမယ့္ တပ္မေတာ္ဟာ ပုဒ္မ-၁၆၁(ဃ) အရ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ရခုိင္ျပည္နယ္လႊတ္ေတာ္ရဲ႕ အစိတ္အပိုင္းအျဖစ္ ခန္႔အပ္ပါတယ္။

အဲဒီေတာ့ အထက္က ေဖာ္ျပခဲ့သလို ႏုိင္ငံသားေတြဆီက ဆင္းသက္တဲ့ အခ်ဳပ္ အျခာ အာဏာ၊ ေနာက္ၿပီးေတာ့ ခြဲေ၀အပ္ႏွင္းျခင္းခံရတဲ့ အခ်ဳပ္အျခာအာဏာ တို႔နဲ႔တကြ တပ္မေတာ္ရဲ႕ ပါ၀င္မႈတို႔ျဖင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္ဟာ လုပ္ငန္းေတြကို ဆံုးျဖတ္ ေဆာင္ရြက္တာ ျဖစ္ပါတယ္။

ပုဒ္မ-၃၅၄(က) အရ ႏိုင္ငံသားတိုင္းဟာ မိမိ၏ ယံုၾကည္ခ်က္၊ ထင္ျမင္ယူဆခ်က္ မ်ားကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ ေရးသားျဖန္႔ေ၀ခြင့္ ရွိတယ္ လို႔ ျပ႒ာန္းထား တယ္။ ရခိုင္ျပည္နယ္မဲဆႏၵနယ္မ်ားစြာတို႔က မဲဆႏၵရွင္ေတြက ဒီ အာနန္ေကာ္မရွင္အား အသိအမွတ္မျပဳႏိုင္ လက္မခံႏိုင္တဲ့ အေၾကာင္းကို ေဖာ္ျပေျပာဆိုၾကပါတယ္။ ဒါ့အျပင္ ဒီလို လက္မခံႏိုင္တဲ့ အေၾကာင္းကိုလည္း မိမိတို႔ကို စုစည္းကိုယ္စားျပဳတဲ့ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကတစ္ဆင့္ ျပည္နယ္လႊတ္ေတာ္ကေနၿပီးေတာ့ ထပ္ဆင့္ ဆံုးျဖတ္ ေဖာ္ျပၾက ေစလိုပါ တယ္။

ဒါေၾကာင့္မို႔လုိ႔ ပုဒ္မ-၄ အရ ႏိုင္ငံသားမ်ားဆီက ဆင္းသက္တဲ့ အခ်ဳပ္အျခာအာဏာ အရ . . . ေနာက္ၿပီးေတာ့ ျပည္သူတို႔အပ္ႏွင္းထားတဲ့ စုေပါင္းကိုယ္စားျပဳေျပာဆိုခြင့္အရ . . . အာနန္ေကာ္မရွင္ကို ရခိုင္ျပည္နယ္လႊတ္ေတာ္အေနျဖင့္ လံုး၀ အသိအမွတ္မျပဳေၾကာင္း ဒီ အေရးႀကီးအဆိုအား ေဆြးေႏြးအတည္ျပဳၾကဖုိ႔ကို အျခားမည္သည့္လႊတ္ေတာ္တစ္ခုခုရဲ႕ လက္ေအာက္ခံမဟုတ္တဲ့ . . . သီးျခားလႊတ္ေတာ္တစ္ခုျဖစ္တဲ့ . . . ရခုိင္ျပည္နယ္ လႊတ္ေတာ္မွာ တင္သြင္းရတာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္တဲ့ အဆိုတစ္ခုကို ၿပီးခဲ့တဲ့ စက္တင္ဘာလ (၆) ရက္ေန႔မွာ ေနျပည္ေတာ္က ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးဆံုးျဖတ္ခဲ့ၿပီးပါၿပီ။ ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးဆံုးျဖတ္ၿပီး ျဖစ္ေစကာမူ တိုက္ရိုက္သက္ဆိုင္ေနတဲ့ ကာယကံရွင္ျပည္နယ္ျဖစ္တဲ့ ရခိုင္ျပည္နယ္က လႊတ္ေတာ္ရဲ႕ သေဘာထားဟာ ႏိုင္ငံေရးအရေရာ သမိုင္းအဓိပၸါယ္အရပါ အလြန္အေရးႀကီးတဲ့အတြက္ ဒီရခုိင္ျပည္နယ္လႊတ္ေတာ္မွာ ဒီအေရးႀကီးအဆိုကို တင္သြင္း ရျခင္း ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီအခ်ိန္ ဒီေနရာမွာ ဒီလိုေဆြးေႏြးခဲ့ၾကတယ္ ဒီလို ဆံုးျဖတ္ခဲ့ၾကတယ္ ဆိုတာဟာ လက္ရွိ ဒီကေန႔တင္မက ေနာင္တစ္ခ်ိန္ အနီးအနာဂတ္ မွာေရာ အေ၀းအနာဂတ္မွာပါ အေရးႀကီးလာမွာ ျဖစ္ပါတယ္။

အပိုင္း(ခ) ဘယ္သူက ကိုယ့္ႏိုင္ငံသားဆိုတာကို ကိုယ္တိုင္ဆံုးျဖတ္ခြင့္

၁၉၃၀-ခုႏွစ္ေလာက္ကတည္းေလာက္ကပဲ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ႏိုင္ငံသားဟုတ္/မဟုတ္ ဆံုးျဖတ္ျခင္းကိစၥဟာ သက္ဆိုင္ရာႏိုင္ငံရဲ႕ကိစၥသာ ျဖစ္တယ္ဆိုတဲ့ ေယဘုယ်မူကို ႏိုင္ငံတကာမွာ လက္ခံ ဆံုးျဖတ္ထားၾကၿပီး ျဖစ္ပါတယ္။ ၁၉၃၀ The Hague ၿမိဳ႕မွာ က်င္းပ တဲ့ ႏိုင္ငံတကာ ဥပေဒဆိုင္ရာ အစည္းအေ၀းက ႏိုင္ငံသားျဖစ္မႈဥပေဒေတြနဲ႔ ပတ္သက္တဲ့ သေဘာတူညီခ်က္ ကြန္ဗန္းရွင္းတစ္ခု (အဂၤလိပ္လို) Convention on Certain Questions Relating to the Conflict of Nationality Law ကို သေဘာတူအတည္ျပဳႏိုင္ခဲ့ၾကတယ္။ အဲသည္ကြန္ဗန္းရွင္းရဲ႕ ပထမဆံုးပုဒ္မ article 1 ပထမဆံုးစာေၾကာင္းက ဒီလို ဆိုပါတယ္။ It is for each State to determine under its own law who are its nationals. ဘယ္သူဘယ္၀ါဟာ မိမိတို႔ႏိုင္ငံသား ျဖစ္တယ္ ဆိုတာကို သတ္မွတ္ဖို႔ဟာ သက္ဆိုင္ရာ ႏိုင္ငံက ၎တို႔ႏိုင္ငံရဲ႕ဥပေဒအရသာလွ်င္ ဆံုးျဖတ္ရမယ့္ကိစၥ ျဖစ္တယ္ လို႔ ဆိုပါတယ္။ မိမိတို႔ ႏိုင္ငံတစ္ခုခ်င္းရဲ႕ သီးျခားကိစၥသာလွ်င္ ျဖစ္တယ္ လို႔ ဆိုတာျဖစ္ပါတယ္။ လိုရင္းကို ေျပာရမယ္ဆိုရင္ေတာ့ တစံုတစ္ေယာက္ကို ႏိုင္ငံသားေပးတယ္ဆိုတာ အဲသည္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ ကိစၥသာလွ်င္ ျဖစ္ပါတယ္။

ဒီလို သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ သီးျခားကိစၥ၊ သက္ဆိုင္ရာႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာ အာဏာ နဲ႔ သက္ဆိုင္တဲ့ကိစၥတစ္ခုကို ဆံုးျဖတ္လုပ္ေဆာင္နိုင္ဖို႔အေရးအတြက္ အႀကံဥာဏ္ ေပးဖို႔ရာ တာ၀န္အပ္ႏွင္းတဲ့ေကာ္မရွင္တစ္ရပ္အား ႏိုင္ငံျခားသားတစ္ဦးကို ဦးေဆာင္ခိုင္း တာ၊ ၿပီးေတာ့ တျခား ႏိုင္ငံျခားသားႏွစ္ဦးပါေနတာ၊ သူတို႔ကို မိမိတို႔ရဲ႕ ျပည္တြင္းေရးကိစၥ ကို ၀င္ေရာက္စြက္ဖက္ေျပာဆိုပိုင္ခြင့္ေပးလိုက္တာဟာ ႏုိင္ငံသူႏိုင္ငံသားေတြ အေနနဲ႔ အမ်ားႀကီး အရႈံးထြက္ေနၿပီးသား ျဖစ္သြားပါၿပီ။

ကမၻာ့ကုလသမဂၢရဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာကိုဖီအာနန္လို ႏိုင္ငံတကာပံုရိပ္ျမင့္တဲ့လူတစ္ဦးနဲ႔ ေကာ္မရွင္ဖြဲ႕ၿပီးေတာ့ ရခိုင္ျပည္နယ္ေရာက္ စစ္တေကာင္းသားဘဂၤါလီေတြကိစၥကို ဒီလိုေျပာဆိုခြင့္ေပးလိုက္တာဟာ ဒီကိစၥကို မိမိတို႔ က မိမိတို႔ဥပေဒ အတိုင္းဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့ လူ၀င္မႈႀကီးၾကပ္ေရးျပႆနာ ႏိုင္ငံသားျဖစ္မႈ ကိစၥ ကုိယ့္ျပည္တြင္းေရးကိစၥအျဖစ္ ကိုယ့္ႏိုင္ငံရဲ႕စီရင္ပိုင္ခြင့္ထဲမွာရွိေနရာကေနၿပီးေတာ့ ႏိုင္ငံတကာျပႆနာ ျဖစ္ေအာင္ ဆြဲတင္လိုက္ၿပီးသကာလ ႏိုင္ငံျပင္ပကမဆိုင္သူေတြက ဒီကိစၥမွာ ၀င္ေရာက္ေျပာဆိုစြက္ဖက္ခြင့္ နဲ႔ ဆံုးျဖတ္ရာမွာ ၾသဇာလႊမ္းမိုးႏိုင္ခြင့္ ရယူႏိုင္ ေအာင္ လုပ္ေပး လိုက္ရာက်သြားပါတယ္။

အပိုင္း(ဂ) အာနန္ေကာ္မရွင္ရဲ႕ တျခားျပစ္ခ်က္မ်ား

မစၥတာကိုဖီအာနန္ဦးေဆာင္တဲ့ ရခုိင္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္ ဖြဲ႕စည္းမႈ ရဲ႕ အျခားေသာျပစ္ခ်က္ေတြကို ေျပာရမယ္ဆိုရင္ ေအာက္ပါအတိုင္းျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ျမင္သိေနသူေတြက ေထာက္ျပၿပီးသား ေဆြးေႏြးျပၿပီးသား အခ်က္ေတြ ျဖစ္ပါတယ္။

(၁) ရခိုင္လူထုရဲ႕ သေဘာထား၊ သေဘာတူညီခ်က္ကို တင္ႀကိဳရယူမႈ မရွိခဲ့တာ ျဖစ္ ပါတယ္။ ဒီလိုကိစၥရပ္ေတြကို သံုးသပ္အႀကံေပးဖို႔ ဒီလိုလူေတြနဲ႔ ဖြဲ႕စည္းေဆာင္ရြက္မယ္ ဆိုတာကို ရခိုင္ျပည္သူေတြကို အဓိကကိုယ္စားျပဳတဲ့ ႏိုင္ငံေရးအဖြဲ႕အစည္းကို အေရးအရာ ျပဳလို႔ အဖက္လုပ္လို႔ တိုင္ကိုမတိုင္ပင္ခဲ့တာကိုလည္း ျမင္ခဲ့ရပါတယ္။ (ANP ကို တခ်က္ ေလာက္ ႀကိဳၿပီးေတာ့ ေဆြးေႏြးေပးထားပါဆိုၿပီးေတာ့ ေကာ္မရွင္ကိုဦးေဆာင္မယ့္သူ ကိုယ္တိုင္က ေမတၱာရပ္ခံခဲ့တာကိုေတာင္ ဂရုကို မစိုက္တာ ျဖစ္ပါတယ္)။

(၂) ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ဆိုင္ရာဥပေဒအရ ႏိုင္ငံေတာ္အဆင့္ ေကာ္မရွင္ တစ္ရပ္ ဖြဲ႕စည္းခြင့္ကို ခြင့္ျပဳျပ႒ာန္းေပးထားတာ မရွိဘဲနဲ႔ ေက်ာ္လြန္လုပ္ေဆာင္ ဖြဲ႕စည္း ခဲ့တာ ျဖစ္ပါတယ္၊ (ဒါ့အျပင္ ၀န္ႀကီးဌာန တစ္ခုသာျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး ဝန္ႀကီးဌာနဟာ ဒီလို ႏိုင္ငံေတာ္အဆင့္ေကာ္မရွင္တစ္ရပ္ကို ဖြဲ႕စည္းခြင့္မရွိပါဘူး)၊ ဒါေၾကာင့္ ဒီေကာ္မရွင္ဟာ စတင္ဖြဲ႕စည္းစဥ္ကတည္းက အလိုအေလ်ာက္ပ်က္ျပယ္ၿပီး ျဖစ္ ပါတယ္။ ဒီေကာ္မရွင္ဟာ တရား၀င္မႈမရွိပါဘူး။

(၃) ဒီေကာ္မရွင္လည္ပတ္ဖို႔ ရံပံုေငြကို ဘယ္ကရသလဲ။ ႏိုင္ငံေတာ္ကခ်ေပးတယ္ ဆိုရင္ေကာ ဘ႑ာေငြရယူမႈဟာ နည္းလမ္းတက် ျဖစ္ရဲ႕လား။ ျပင္ပအကူအညီ ျဖစ္ေန တယ္ဆိုရင္ေကာ ေစတနာရိုးနဲ႔ကူညီတဲ့ အကူအညီဟုတ္မွ ဟုတ္ရဲ႕လား။ ဒီလိုျဖစ္လာ ေအာင္ OIC ဘက္ကေနၿပီးေတာ့ တည္ထားတာ ႀကာၿပီ ေရြးေကာက္ပြဲ မတိုင္ခင္ေလာက္ ကတည္းက စီစဥ္ေနတာျဖစ္တယ္ လို႔ေျပာေနၾကတာေကာ ဟုတ္ႏိုင္ပါသလား။ ေမးစရာ ေတြရွိပါတယ္။

(၄) ႏိုင္ငံေတာ္အဆင့္အဖြဲ႕အစည္းတစ္ရပ္ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ျမန္မာႏုိင္ငံ အမ်ဳိးသား လူ႔အခြင့္အေရးေကာ္မရွင္ ရဲ႕ ဥကၠ႒ ဦး၀င္းျမကို ႏိုင္ငံျခားသားတစ္ဦး ဦးေဆာင္တဲ့ ဒီ အာနန္ေကာ္မရွင္ထဲမွာ အဖြဲ႕၀င္အေနနဲ႔ ထည့္ထားတာကိုေတြ႕ရပါတယ္။ ဒီလိုထည့္တာဟာ protocol နဲ႔ ညီမညီကို စဥ္းစားစရာ ရွိပါတယ္။

(၅) ေကာ္မရွင္မွာပါ၀င္တဲ့ ႏိုင္ငံျခားသား သံုးဦးရဲ႕ဘက္လိုက္မႈ ကင္းျခင္း/မကင္း ျခင္းဟာ သံသယမကင္းဖြယ္ ျဖစ္ပါတယ္။ အထူးသျဖင့္ မစၥတာ ဂါဆန္ဆလမ္ ဟာ International Crisis Group ဘုတ္အဖြဲ႕ရဲ႕ ဒုဥကၠ႒ ျဖစ္ၿပီးေတာ့၊ Open Society Institute ရဲ႕ ဘုတ္အဖြဲ႕၀င္လည္း ျဖစ္တယ္ လို႔ သိရတယ္။ International Crisis Group ဟာ ရခုိင္ျပည္ေရာက္ စစ္တေကာင္းသားဘဂၤါလီမ်ား နဲ႔ပတ္သက္လို႔ တစ္ဖက္သတ္ ေရးသားမႈေတြပါတဲ့ အစီရင္ခံစာ ေရးသားဖူးတဲ့ အဖြဲ႕အစည္းျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ Open Society Institute ဟာလည္း ရခုိင္ျပည္ေရာက္ စစ္တေကာင္းသားဘဂၤါလီ မ်ား ဘက္က အားတက္သေရာ စိတ္ေရာကိုယ္ပါ ပါေနတဲ့ အဖြဲ႕အစည္းတစ္ရပ္ျဖစ္တယ္။ သူခိုး နဲ႔ အိမ္ရွင္ဘက္မွာ သူခိုးဘက္က ဘက္လိုက္ေနတဲ့ သေဘာရွိတဲ့ အဖြဲ႕အစည္း ျဖစ္ပါ တယ္။

(၆) ရခိုင္ျပည္ကိုေရာက္ေနတဲ့ စစ္တေကာင္းသားဘဂၤါလီေတြျပႆနာမွာ လိုအပ္ ေနတာက ဒီႏိုင္ငံျခားသားေတြရဲ႕ ၾကားေနမႈကို လိုအပ္ေနတာမဟုတ္ပါဘူး။ မွန္ကန္တဲ့ ဘက္က ဘက္လိုက္ရပ္တည္မႈကိုသာလိုအပ္ေနတာ ျဖစ္ပါတယ္။ လူ၀င္မႈႀကီးၾကပ္ေရး ျပႆနာကို အရွိအတိုင္း ရွင္းလင္းေျဖရွင္းဖို႔ကသာလွ်င္ လုပ္ေဆာင္ရမယ့္ နည္းလမ္းျဖစ္ ပါ တယ္။ သူခိုး နဲ႔ အိမ္ရွင္အၾကားမွာ ၾကားေနျခင္း ဘက္လိုက္မႈမရွိျခင္းဟာလည္း သူခိုးဘက္ က ဘက္လိုက္ျခင္း တစ္မ်ိဳးပဲျဖစ္ပါတယ္။

(၇) မစၥတာကိုဖီအာနန္ကိုယ္တိုင္ စစ္တေကာင္းသားဘဂၤါလီေတြရဲ႕ လူမ်ိဳးလိမ္ နာမည္ကို ယခုအခါ သံုးစြဲေျပာဆိုေနပါတယ္။ ဒါဟာ ပဋိပကၡႀကီးမားေအာင္ လုပ္ေဆာင္ ေနရာ ေရာက္ပါတယ္။ ဒါဟာ လက္ခံႏိုင္ဖြယ္ရာ လံုး၀မရွိတဲ့ အေျခအေနျဖစ္ပါတယ္။ ဒီေကာ္မရွင္အေနနဲ႔ ရခိုင္ျပည္နယ္အတြင္းက ေဒသခံတိုင္းရင္းသားေတြကို နစ္နာေအာင္ ေဆာင္ရြက္သြားဖြယ္ ရွိတယ္ဆိုတာကို သိသာေစတဲ့ ေျပာဆိုခ်က္လည္း ျဖစ္ပါတယ္။

အပိုင္း (ဃ) ဆိုးက်ိဳး ျဖစ္လာႏိုင္ေျခအလားအလာ

သူခိုး နဲ႔ အိမ္ရွင္ၾကားက အဆံုးအျဖတ္ဟာ အိမ္ရွင္ရဲ႕ မိမိကိုယ္ကိုကာကြယ္ပိုင္ခြင့္ နဲ႔ အိမ္ရွင္ရဲ႕မိမိအသက္အိုးအိမ္စည္းစိမ္ေတြကို ကာကြယ္ပိုင္ခြင့္တို႔ကသာလွ်င္ အဆံုး အျဖတ္ ျဖစ္ေစရမွာ ျဖစ္ပါတယ္။ ဒီကာကြယ္ခြင့္ေတြက အဆံုးအျဖတ္ ျဖစ္ရမယ့္အစား သူခိုးရဲ႕ ေဆြမ်ိဳးသားခ်င္းေတြက ၾကားက၀င္လာၿပီးေတာ့ ငါတို႔၀င္ဆံုးျဖတ္ေပးမယ္ ဆိုတာ ဟာ မဆံုးျဖတ္ရေသးခင္ကတည္းက အိမ္ရွင္ကို အရံႈးေပးလိုက္တာနဲ႔ အတူတူပဲ ျဖစ္ပါ တယ္။

လူအခြင့္အေရးစံုစမ္းစစ္ေဆးမႈေတြ လုပ္မွာ မဟုတ္ဘူး . . . ရဲလုပ္ငန္းလို စံုစမ္း စစ္ေဆးတာေတြ လုပ္မွာ မဟုတ္ဘူး လို႔ မည္မွ်ပင္ဆိုေစကာမူ လံုၿခံဳေရးအျမင္ရွိသူေတြ အေနနဲ႔ ေရွ႕ကိုလွမ္းေမွ်ာ္တြက္ခ်က္ၾကည့္လိုက္ရင္ ဒီေကာ္မရွင္ရဲ႕ ၀င္ေရာက္စြက္ဖက္ ပါ၀င္ေနမႈဟာ စိတ္မေက်နပ္ဖြယ္ရာ ျဖစ္ပါတယ္။ အစရွိ ေနာင္ေနာင္ ဆိုသလို ႏိုင္ငံျခားသား ၀င္ေရာက္စြက္ဖက္ လုပ္ေဆာင္မႈေတြ ေနာင္အခါမွာ အက်င့္ပါ လုပ္ေဆာင္ျခင္းရဲ႕ အစျဖစ္သြားႏိုင္ပါတယ္။

ေကာ္မရွင္အေနနဲ႔ “ျပည္ပႏိုင္ငံမ်ားတြင္ ဒုကၡသည္အျဖစ္ ခံယူသူမ်ား၏ ပင္ရင္း ႏိုင္ငံႏွင့္ ေနာက္ခံအေၾကာင္းအရာ အပါအဝင္ ႏိုင္ငံတကာဆက္ႏႊယ္မႈတို႔ကိုလည္း” သံုးသပ္သြားမယ္လို႔ ေျပာထားတာဟာ အလြန္တရာ အႏၱရာယ္ႀကီးတဲ့အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။ ဒီကလာတာပါလို႔ ေျပာၿပီး ႏိုင္ငံတကာမွာ အေနေခ်ာင္အစားေခ်ာင္ေအာင္ လုပ္ႀကံေျပာဆိုခိုလႈံေနၾကသူ အေရအတြက္ သန္းခ်ီတယ္လို႔ ဆိုၾကတဲ့ ဘဂၤါလီမ်ားအေနနဲ႔ ရခုိင္ျပည္နယ္မွာ လာေရာက္ အေျခစိုက္ႏိုင္ေအာင္ လမ္းဖြင့္ေပးတဲ့မွတ္ခ်က္ေတြကိုသာ ဒီေကာ္မရွင္ကသာ ေပးခဲ့မယ္ဆိုရင္ ရခိုင္ျပည္နယ္ရဲ႕ ခြဲေ၀ရရွိထားတဲ့အခ်ဳပ္အျခာအာဏာ က်ဆံုးသြားဖို႔ လမ္းစျဖစ္တယ္။ ဒီကေနတစ္ဆင့္ ရခိုင္ျပည္နယ္မွာ ဘဂၤါလီေတြရသြားတဲ့ ႀကီးႀကီးမားမား ေျခကုတ္စခန္းကေန ျမန္မာတစ္ႏိုင္ငံလံုးက်ဆံုးသြားေစဖို႔ကို သူတို႔ ဆင့္ကဲ လုပ္ေဆာင္ သြားႏိုင္မွာျဖစ္ပါတယ္။

အခုကတည္းကိုက လူမ်ိဳးလိမ္နာမည္ကို ထည့္သြင္းေျပာဆိုေနသူ ကိုဖီအာနန္ ဦးေဆာင္တဲ့ ဒီေကာ္မရွင္ရဲ႕ အစီရင္ခံစာဟာ ဘဂၤါလီမ်ားရဲ႕တစ္ဘက္လႈပ္ရွားမႈကို အစဥ္အဆက္ လုပ္ေဆာင္လာသူမ်ားအတြက္ ႏိုင္ငံတကာမွာ အစဥ္အဆက္ ကိုးကားစရာ တစ္ခု ျဖစ္လာပါလိမ့္မယ္။ ဒီအစီရင္ခံစာဟာ အမ်ားသိေအာင္ ထုတ္ျပန္္မွာ မဟုတ္ဘူးလို႔ အာမပင္ခံေစကာမူ အမ်ားသိႏိုင္တဲ့ ေနရာကို အေႏွးနဲ႔ အျမန္ေရာက္လာမွာ မုခ်ပဲ ျဖစ္ပါ တယ္။

အပိုင္း (င) နိဂံုး

ရခိုင္ျပည္နယ္မွာျဖစ္တဲ့ ရခိုင္ျပႆနာကို ေျဖရွင္းတဲ့ေနရာမွာ ေဒသခံ ရခိုင္ တိုင္းရင္းသားမ်ားရဲ႕ သေဘာဆႏၵသာလွ်င္ အဓိကအက်ဆံုး အေရးအပါဆံုး ျဖစ္ပါတယ္။ ရခုိင္လူမ်ိဳးေတြလက္မခံႏိုင္တဲ့ ဘယ္နည္းလမ္းနဲ႔မဆို ေျဖရွင္းေစကာမူ၊ ဒီျပႆနာ ေျပလည္သြားႏိုင္မွာ မဟုတ္ပါဘူး။ ရခုိင္လူမ်ိဳးေတြလက္မခံႏိုင္တဲ့ နည္းလမ္းတစ္ခုခုနဲ႔ ေျဖရွင္းရင္ ဒီျပႆနာကို ပိုမိုႀကီးထြားလာေအာင္ လုပ္ရာသာ ေရာက္သြားပါလိမ့္မယ္။ ေဒသခံရခိုင္လူမ်ိဳးမ်ားရဲ႕ သေဘာတူညီခ်က္ကို မရယူဘဲနဲ႔ ဖြဲ႕စည္းလုပ္ေဆာင္ခဲ့တာဟာ ဒီေကာ္မရွင္ရဲ႕ျပစ္ခ်က္မ်ားစြာထဲမွာ ႀကီးမားတဲ့ ျပစ္ခ်က္ႀကီး ျဖစ္ပါတယ္။

အခ်ဳပ္သေဘာကို ေျပာရရင္ေတာ့ – တိုင္းျပည္နဲ႔ လူမ်ိဳးကို ဆိုးက်ိဳးအလားအလာ ေပးႏိုင္ေျခမ်ားတဲ့ ဒီေကာ္မရွင္ကို ျဖစ္ႏိုင္သမွ် နည္းလမ္းမ်ိဳးစံုနဲ႔ ဆန္႔က်င္သြားဖို႔လုိပါတယ္။

ဒီေကာ္မရွင္ဟာ တည္ဆဲဥပေဒေတြကို ေက်ာ္လြန္ဖြဲ႕စည္းခဲ့တာ ျဖစ္တဲ့အတြက္ စတင္ ဖြဲ႕စည္းစဥ္ကတည္းက အလိုအေလ်ာက္ပ်က္ျပယ္ၿပီးျဖစ္ပါတယ္။ တရား၀င္မႈ မရွိပါ ဘူး။ ေနာက္ၿပီးေတာ့ ဒီေကာ္မရွင္ရဲ႕ ဖြဲ႕စည္းျဖစ္တည္လာမႈကို ကၽြန္ေတာ္တို႔ အသိအမွတ္ မျပဳဘူး။ ဒီ ေကာ္မရွင္ရဲ႕ လက္ရွိလည္ပတ္လုပ္ေဆာင္ေနမႈ ေတြကိုလည္း ကၽြန္ေတာ္တို႔ အယံုအၾကည္ မရွိဘူး၊ လက္မခံႏိုင္ပါဘူး။ အေကာင္းဆံုးက ဒီေကာ္မရွင္ကို ဖ်က္သိမ္း လိုက္တာ အေကာင္းဆံုးပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီေကာ္မရွင္ကို ဖ်က္သိမ္းသည္ျဖစ္ေစ မဖ်က္သိမ္းသည္ျဖစ္ေစ ေသခ်ာတာကေတာ့ ဒီေကာ္မရွင္ကို ကၽြန္ေတာ္တို႔က လံုး၀ အသိအမွတ္မျပဳဘူး ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ ဒီအခ်က္ကို ရခုိင္ျပည္နယ္ထဲက ႏိုင္ငံသား မဲဆႏၵရွင္ေတြရဲ႕ တစ္ဦးတစ္ေယာက္ခ်င္းဆႏၵေတြအျဖစ္ ေဖာ္ျပေနမယ့္အစား ရခိုင္ ျပည္နယ္လႊတ္ေတာ္ရဲ႕ ျမြက္ဟေဖာ္ျပခ်က္ ဆံုးျဖတ္ခ်က္တစ္ခုအျဖစ္ ဆံုးျဖတ္ခ်က္ခ်ၿပီး ေဖာ္ျပမွသာလွ်င္ ေနာင္အခါ က်ေရာက္လာႏိုင္ေျခရွိတဲ့ ဒီေကာ္မရွင္ရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို တြန္းလွန္ႏိုင္ဖို႔ အင္အားရွိမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကၽြန္ေတာ္ ယခုတင္သြင္းတဲ့ အေရးႀကီးအဆို “ကိုဖီအာနန္ဦးေဆာင္ေသာ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္အား ဖြဲ႕စည္းခဲ့ျခင္းသည္ ရခိုင္ျပည္နယ္အတြင္းရွိ ရခုိင္အပါအ၀င္ တိုင္ရင္းသားႏိုင္ငံသားမ်ား၏ သေဘာတူညီခ်က္ကို ရယူလ်က္ ဖြဲ႕စည္း ခဲ့ျခင္း မဟုတ္သည့္အတြက္ ထိုေကာ္မရွင္၏ ဖြဲ႕စည္းျဖစ္တည္မႈ ႏွင့္ လုပ္ေဆာင္ခ်က္မ်ား အားလံုးကို ရခုိင္ျပည္နယ္လႊတ္ေတာ္က အသိအမွတ္မျပဳသင့္ေၾကာင္း အေရးႀကီးအဆို” ဒီ အေရးႀကီးအဆိုကို ရခုိင္ျပည္နယ္လႊတ္ေတာ္အေနနဲ႔ ေဆြးေႏြးအတည္ျပဳၿပီးေတာ့ ဒီေကာ္မရွင္ ကို အသိအမွတ္မျပဳေၾကာင္း ဆံုးျဖတ္ခ်က္အား အတည္ျပဳခ်မွတ္ေပး ေစလို ပါေၾကာင္း တိုက္တြန္း ေျပာၾကားရင္း နိဂံုးခ်ဳပ္အပ္ပါတယ္။

အားလံုးကို ေက်းဇူးတင္ပါတယ္။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)

*******************************************

[ Unicode version here ]

ကိုဖီအာနန်ကော်မရှင်အား အသိအမှတ်မပြုကြောင်း အဆိုရှင် ဦးကျော်ဇောဦးက ရခိုင်လွှတ်တော်သို့ တင်သွင်းသော အရေးကြီးအဆို


၁၂-၀၉-၂၀၁၆
ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အား ဖွဲ့စည်း ခဲ့ခြင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်အပါအဝင် တိုင်ရင်းသားနိုင်ငံသားများ၏ သဘော တူညီချက်ကို ရယူလျက် ဖွဲ့စည်းခဲ့ခြင်းမဟုတ်သည့်အတွက် ထိုကော်မရှင်၏ ဖွဲ့စည်း ဖြစ်တည်မှု နှင့် လုပ်ဆောင်ချက်များအားလုံးကို ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ် မပြုသင့်ကြောင်း အရေးကြီးအဆို။


လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တပ်မတော်သားကိုယ်စားလှယ်များ အပါအဝင်ဖြစ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ . . .
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ (၂၄-၀၈-၂၀၁၆) နေ့ သတင်းထုတ်ပြန်ချက်အရ ဖွဲ့စည်းတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဟာ ကော်မရှင်လုပ်ငန်းနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ရခိုင်ပြည်နယ်အပါအဝင် ဖြစ်သော မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနေခြင်း အပါအဝင် ပြစ်ချက် များစွာ ရှိနေတဲ့ အတွက်၊ ရခိုင်ပြည်နယ်သူပြည်နယ်သား မဲဆန္ဒရှင်နိုုင်ငံသားများထံက ဆင်းသက်တဲ့ အချုပ်အခြာအာဏာရယ်၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ထံသို့ ခွဲဝေရရှိသော အချုပ်အခြာအာဏာရယ် အဲသလိုနည်းလမ်းနှစ်မျိုးအားဖြင့် ရရှိသော အချုပ်အခြာအာဏာတို့ကို အခြေခံလျက် ရခိုင်ပြည်နယ်လွှတ်တော်ဟာ ယခုအဆိုမှာပါရှိတဲ့အတိုင်း “ထိုကော်မရှင်၏ ဖွဲ့စည်း ဖြစ်တည်မှု နှင့် လုပ်ဆောင်ချက် များအားလုံးကို ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ် မပြုကြောင်း” သဘောထား မြွက်ဟဖော်ပြချက်ကို ဆုံးဖြတ်ပြီး ကြေငြာနိုင်ဖို့ အခုလို အရေးကြီးအဆိုအဖြစ် တင်သွင်းရတာ ဖြစ်ပါတယ်။
အရေးပေါ်ဖြစ်ပေါ်လာတဲ့ အခြေအနေများကြောင့် အာနန်ကော်မရှင်လို့ ခေါ်နေကြ တဲ့ ဒီ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိစ္စကို အထူးအစည်းအဝေး ခေါ်ယူကာ ဆွေးနွေးဆုံးဖြတ်ဖို့လိုအပ်လာတဲ့အလျောက်၊ လုံလောက်တဲ့အရေအတွက်ရှိတဲ့ ရခိုင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးတောင်းဆိုတဲ့အတွက် ဒီကနေ့ စက်တင်ဘာလ (၁၂) ရက်နေ့ ရက်စွဲနဲ့ ရခိုင်ပြည်နယ်လွှတ်တော် အထူး အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဘုံရပ်တည်ချက်ကို ဖော်ပြပေးဖို့ရာ ၎င်းတို့ရဲ့တာဝန်ပေးချက်အရ ကျွန်တော် ဦးကျော်ဇောဦး (စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) က ဒီအရေးကြီးအဆိုကို တာဝန်ယူ ရေးသား တင်သွင်းပါတယ်။
ဒီ အရေးကြီးအဆိုရဲ့ အနှစ်ချုပ်သဘောကို ရှင်းလင်းတဲ့ နေရာမှာ အပိုင်းငယ် ငါးပိုင်း ခွဲပြီးတော့ –
အပိုင်း(က) ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အခန်းကဏ္ဍ
အပိုင်း(ခ) ဘယ်သူက ကိုယ့်နိုင်ငံသား ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်
အပိုင်း(ဂ) အာနန်ကော်မရှင်ရဲ့ တခြားပြစ်ချက်များ
အပိုင်း(ဃ) ဆိုးကျိုး ဖြစ်လာနိုင်ခြေအလားအလာ
အပိုင်း(င) နိဂုံး –
ဆိုပြီးတော့ အပိုင်းငယ် ငါးပိုင်းခွဲပြီးတော့ အကျဉ်းသဘော တင်ပြသွားမှာ ဖြစ်ပါ တယ်။
အပိုင်း(က) ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အခန်းကဏ္ဍ
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုုံအခြေခံဥပဒေ ပုဒ်မ-၄ မှာ ဘယ်လို ပြဋ္ဌာန်းထား သလဲ ဆိုတော့ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌ တည်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း မှာရှိတဲ့ မဲဆန္ဒရှင်နိုင်ငံသားများဆီက ဆင်းသက်လာတဲ့ အချုပ်အခြာအာဏာဟာ မဲပေးရွေးချယ်လိုက်တဲ့ ၎င်းတို့ရဲ့ ကိုယ်စားလှယ်များအားဖြင့် လွှတ်တော်သုံးရပ်ဆီကို ရောက်သွားစေပါတယ်။ အဲသလိုရောက်သွားစေတဲ့ လွှတ်တော်သုံးရပ်ထဲမှာ ရခိုင်ပြည်နယ် လွှတ်တော်လည်း အပါအဝင်ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်ဆီကို သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒရှင်တွေဆီက အချုပ်အခြာ အာဏာတွေ စီးဆင်းသက်ရောက်လာတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ၎င်းတို့ကိုယ်စား စုပေါင်းကိုယ်စားပြုပြောဆိုခွင့်ပါ တပါတည်း ပေးလိုက်တာ ဖြစ်ပါတယ်။
ပုဒ်မ-၄၉(ဋ) အရ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ ပုဒ်မ-၁၁ ရဲ့ ပုဒ်မခွဲ (က) နဲ့ (ခ) တို့အရ နိုင်ငံတော်အချုပ်အချာအာဏာရဲ့ အာဏာသုံးရပ်ကို ခွဲဝေ အပ်နှင်းခြင်းခံရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဆီကိုလည်း အာဏာ တွေ ခွဲဝေအပ်နှင်းခြင်း ခံရတာ ဖြစ်ပါတယ်။
ပုဒ်မ-၆(စ) အရ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်မယ့်၊ နောက် ပြီးတော့ . . . ပုဒ်မ-၂၀(စ) အရ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ့် တပ်မတော်ဟာ ပုဒ်မ-၁၆၁(ဃ) အရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အစိတ်အပိုင်းအဖြစ် ခန့်အပ်ပါတယ်။
အဲဒီတော့ အထက်က ဖော်ပြခဲ့သလို နိုင်ငံသားတွေဆီက ဆင်းသက်တဲ့ အချုပ် အခြာ အာဏာ၊ နောက်ပြီးတော့ ခွဲဝေအပ်နှင်းခြင်းခံရတဲ့ အချုပ်အခြာအာဏာ တို့နဲ့တကွ တပ်မတော်ရဲ့ ပါဝင်မှုတို့ဖြင့် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လုပ်ငန်းတွေကို ဆုံးဖြတ် ဆောင်ရွက်တာ ဖြစ်ပါတယ်။
ပုဒ်မ-၃၅၄(က) အရ နိုင်ငံသားတိုင်းဟာ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိတယ် လို့ ပြဋ္ဌာန်းထား တယ်။ ရခိုင်ပြည်နယ်မဲဆန္ဒနယ်များစွာတို့က မဲဆန္ဒရှင်တွေက ဒီ အာနန်ကော်မရှင်အား အသိအမှတ်မပြုနိုင် လက်မခံနိုင်တဲ့ အကြောင်းကို ဖော်ပြပြောဆိုကြပါတယ်။ ဒါ့အပြင် ဒီလို လက်မခံနိုင်တဲ့ အကြောင်းကိုလည်း မိမိတို့ကို စုစည်းကိုယ်စားပြုတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကတစ်ဆင့် ပြည်နယ်လွှတ်တော်ကနေပြီးတော့ ထပ်ဆင့် ဆုံးဖြတ် ဖော်ပြကြ စေလိုပါ တယ်။
ဒါကြောင့်မို့လို့ ပုဒ်မ-၄ အရ နိုင်ငံသားများဆီက ဆင်းသက်တဲ့ အချုပ်အခြာအာဏာ အရ . . . နောက်ပြီးတော့ ပြည်သူတို့အပ်နှင်းထားတဲ့ စုပေါင်းကိုယ်စားပြုပြောဆိုခွင့်အရ . . . အာနန်ကော်မရှင်ကို ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် လုံးဝ အသိအမှတ်မပြုကြောင်း ဒီ အရေးကြီးအဆိုအား ဆွေးနွေးအတည်ပြုကြဖို့ကို အခြားမည်သည့်လွှတ်တော်တစ်ခုခုရဲ့ လက်အောက်ခံမဟုတ်တဲ့ . . . သီးခြားလွှတ်တော်တစ်ခုဖြစ်တဲ့ . . . ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်သွင်းရတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်တဲ့ အဆိုတစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၆) ရက်နေ့မှာ နေပြည်တော်က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးပါပြီ။ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ပြီး ဖြစ်စေကာမူ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကာယကံရှင်ပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်က လွှတ်တော်ရဲ့ သဘောထားဟာ နိုင်ငံရေးအရရော သမိုင်းအဓိပ္ပါယ်အရပါ အလွန်အရေးကြီးတဲ့အတွက် ဒီရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီအရေးကြီးအဆိုကို တင်သွင်း ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအချိန် ဒီနေရာမှာ ဒီလိုဆွေးနွေးခဲ့ကြတယ် ဒီလို ဆုံးဖြတ်ခဲ့ကြတယ် ဆိုတာဟာ လက်ရှိ ဒီကနေ့တင်မက နောင်တစ်ချိန် အနီးအနာဂတ် မှာရော အဝေးအနာဂတ်မှာပါ အရေးကြီးလာမှာ ဖြစ်ပါတယ်။
အပိုင်း(ခ) ဘယ်သူက ကိုယ့်နိုင်ငံသားဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်
၁၉၃၀-ခုနှစ်လောက်ကတည်းလောက်ကပဲ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဟုတ်/မဟုတ် ဆုံးဖြတ်ခြင်းကိစ္စဟာ သက်ဆိုင်ရာနိုင်ငံရဲ့ကိစ္စသာ ဖြစ်တယ်ဆိုတဲ့ ယေဘုယျမူကို နိုင်ငံတကာမှာ လက်ခံ ဆုံးဖြတ်ထားကြပြီး ဖြစ်ပါတယ်။ ၁၉၃၀ The Hague မြို့မှာ ကျင်းပ တဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ အစည်းအဝေးက နိုင်ငံသားဖြစ်မှုဥပဒေတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက် ကွန်ဗန်းရှင်းတစ်ခု (အင်္ဂလိပ်လို) Convention on Certain Questions Relating to the Conflict of Nationality Law ကို သဘောတူအတည်ပြုနိုင်ခဲ့ကြတယ်။ အဲသည်ကွန်ဗန်းရှင်းရဲ့ ပထမဆုံးပုဒ်မ article 1 ပထမဆုံးစာကြောင်းက ဒီလို ဆိုပါတယ်။ It is for each State to determine under its own law who are its nationals. ဘယ်သူဘယ်ဝါဟာ မိမိတို့နိုင်ငံသား ဖြစ်တယ် ဆိုတာကို သတ်မှတ်ဖို့ဟာ သက်ဆိုင်ရာ နိုင်ငံက ၎င်းတို့နိုင်ငံရဲ့ဥပဒေအရသာလျှင် ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ် လို့ ဆိုပါတယ်။ မိမိတို့ နိုင်ငံတစ်ခုချင်းရဲ့ သီးခြားကိစ္စသာလျှင် ဖြစ်တယ် လို့ ဆိုတာဖြစ်ပါတယ်။ လိုရင်းကို ပြောရမယ်ဆိုရင်တော့ တစုံတစ်ယောက်ကို နိုင်ငံသားပေးတယ်ဆိုတာ အဲသည်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိစ္စသာလျှင် ဖြစ်ပါတယ်။
ဒီလို သက်ဆိုင်ရာနိုင်ငံတွေရဲ့ သီးခြားကိစ္စ၊ သက်ဆိုင်ရာနိုင်ငံရဲ့ အချုပ်အချာ အာဏာ နဲ့ သက်ဆိုင်တဲ့ကိစ္စတစ်ခုကို ဆုံးဖြတ်လုပ်ဆောင်နိုင်ဖို့အရေးအတွက် အကြံဉာဏ် ပေးဖို့ရာ တာဝန်အပ်နှင်းတဲ့ကော်မရှင်တစ်ရပ်အား နိုင်ငံခြားသားတစ်ဦးကို ဦးဆောင်ခိုင်း တာ၊ ပြီးတော့ တခြား နိုင်ငံခြားသားနှစ်ဦးပါနေတာ၊ သူတို့ကို မိမိတို့ရဲ့ ပြည်တွင်းရေးကိစ္စ ကို ဝင်ရောက်စွက်ဖက်ပြောဆိုပိုင်ခွင့်ပေးလိုက်တာဟာ နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့ အများကြီး အရှုံးထွက်နေပြီးသား ဖြစ်သွားပါပြီ။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်လို နိုင်ငံတကာပုံရိပ်မြင့်တဲ့လူတစ်ဦးနဲ့ ကော်မရှင်ဖွဲ့ပြီးတော့ ရခိုင်ပြည်နယ်ရောက် စစ်တကောင်းသားဘင်္ဂါလီတွေကိစ္စကို ဒီလိုပြောဆိုခွင့်ပေးလိုက်တာဟာ ဒီကိစ္စကို မိမိတို့ က မိမိတို့ဥပဒေ အတိုင်းဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာ နိုင်ငံသားဖြစ်မှု ကိစ္စ ကိုယ့်ပြည်တွင်းရေးကိစ္စအဖြစ် ကိုယ့်နိုင်ငံရဲ့စီရင်ပိုင်ခွင့်ထဲမှာရှိနေရာကနေပြီးတော့ နိုင်ငံတကာပြဿနာ ဖြစ်အောင် ဆွဲတင်လိုက်ပြီးသကာလ နိုင်ငံပြင်ပကမဆိုင်သူတွေက ဒီကိစ္စမှာ ဝင်ရောက်ပြောဆိုစွက်ဖက်ခွင့် နဲ့ ဆုံးဖြတ်ရာမှာ သြဇာလွှမ်းမိုးနိုင်ခွင့် ရယူနိုင် အောင် လုပ်ပေး လိုက်ရာကျသွားပါတယ်။
အပိုင်း(ဂ) အာနန်ကော်မရှင်ရဲ့ တခြားပြစ်ချက်များ
မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းမှု ရဲ့ အခြားသောပြစ်ချက်တွေကို ပြောရမယ်ဆိုရင် အောက်ပါအတိုင်းဖြစ်ပါတယ်။ တော်တော်များများကတော့ မြင်သိနေသူတွေက ထောက်ပြပြီးသား ဆွေးနွေးပြပြီးသား အချက်တွေ ဖြစ်ပါတယ်။
(၁) ရခိုင်လူထုရဲ့ သဘောထား၊ သဘောတူညီချက်ကို တင်ကြိုရယူမှု မရှိခဲ့တာ ဖြစ် ပါတယ်။ ဒီလိုကိစ္စရပ်တွေကို သုံးသပ်အကြံပေးဖို့ ဒီလိုလူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်မယ် ဆိုတာကို ရခိုင်ပြည်သူတွေကို အဓိကကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်းကို အရေးအရာ ပြုလို့ အဖက်လုပ်လို့ တိုင်ကိုမတိုင်ပင်ခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။ (ANP ကို တချက် လောက် ကြိုပြီးတော့ ဆွေးနွေးပေးထားပါဆိုပြီးတော့ ကော်မရှင်ကိုဦးဆောင်မယ့်သူ ကိုယ်တိုင်က မေတ္တာရပ်ခံခဲ့တာကိုတောင် ဂရုကို မစိုက်တာ ဖြစ်ပါတယ်)။
(၂) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအရ နိုင်ငံတော်အဆင့် ကော်မရှင် တစ်ရပ် ဖွဲ့စည်းခွင့်ကို ခွင့်ပြုပြဋ္ဌာန်းပေးထားတာ မရှိဘဲနဲ့ ကျော်လွန်လုပ်ဆောင် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်၊ (ဒါ့အပြင် ဝန်ကြီးဌာန တစ်ခုသာဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဟာ ဒီလို နိုင်ငံတော်အဆင့်ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခွင့်မရှိပါဘူး)၊ ဒါကြောင့် ဒီကော်မရှင်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက အလိုအလျောက်ပျက်ပြယ်ပြီး ဖြစ် ပါတယ်။ ဒီကော်မရှင်ဟာ တရားဝင်မှုမရှိပါဘူး။
(၃) ဒီကော်မရှင်လည်ပတ်ဖို့ ရံပုံငွေကို ဘယ်ကရသလဲ။ နိုင်ငံတော်ကချပေးတယ် ဆိုရင်ကော ဘဏ္ဍာငွေရယူမှုဟာ နည်းလမ်းတကျ ဖြစ်ရဲ့လား။ ပြင်ပအကူအညီ ဖြစ်နေ တယ်ဆိုရင်ကော စေတနာရိုးနဲ့ကူညီတဲ့ အကူအညီဟုတ်မှ ဟုတ်ရဲ့လား။ ဒီလိုဖြစ်လာ အောင် OIC ဘက်ကနေပြီးတော့ တည်ထားတာ ကြာပြီ ရွေးကောက်ပွဲ မတိုင်ခင်လောက် ကတည်းက စီစဉ်နေတာဖြစ်တယ် လို့ပြောနေကြတာကော ဟုတ်နိုင်ပါသလား။ မေးစရာ တွေရှိပါတယ်။
(၄) နိုင်ငံတော်အဆင့်အဖွဲ့အစည်းတစ်ရပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြကို နိုင်ငံခြားသားတစ်ဦး ဦးဆောင်တဲ့ ဒီ အာနန်ကော်မရှင်ထဲမှာ အဖွဲ့ဝင်အနေနဲ့ ထည့်ထားတာကိုတွေ့ရပါတယ်။ ဒီလိုထည့်တာဟာ protocol နဲ့ ညီမညီကို စဉ်းစားစရာ ရှိပါတယ်။
(၅) ကော်မရှင်မှာပါဝင်တဲ့ နိုင်ငံခြားသား သုံးဦးရဲ့ဘက်လိုက်မှု ကင်းခြင်း/မကင်း ခြင်းဟာ သံသယမကင်းဖွယ် ဖြစ်ပါတယ်။ အထူးသဖြင့် မစ္စတာ ဂါဆန်ဆလမ် ဟာ International Crisis Group ဘုတ်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပြီးတော့၊ Open Society Institute ရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်တယ် လို့ သိရတယ်။ International Crisis Group ဟာ ရခိုင်ပြည်ရောက် စစ်တကောင်းသားဘင်္ဂါလီများ နဲ့ပတ်သက်လို့ တစ်ဖက်သတ် ရေးသားမှုတွေပါတဲ့ အစီရင်ခံစာ ရေးသားဖူးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နောက်ပြီးတော့ Open Society Institute ဟာလည်း ရခိုင်ပြည်ရောက် စစ်တကောင်းသားဘင်္ဂါလီ များ ဘက်က အားတက်သရော စိတ်ရောကိုယ်ပါ ပါနေတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်။ သူခိုး နဲ့ အိမ်ရှင်ဘက်မှာ သူခိုးဘက်က ဘက်လိုက်နေတဲ့ သဘောရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါ တယ်။
(၆) ရခိုင်ပြည်ကိုရောက်နေတဲ့ စစ်တကောင်းသားဘင်္ဂါလီတွေပြဿနာမှာ လိုအပ် နေတာက ဒီနိုင်ငံခြားသားတွေရဲ့ ကြားနေမှုကို လိုအပ်နေတာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ဘက်က ဘက်လိုက်ရပ်တည်မှုကိုသာလိုအပ်နေတာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ပြဿနာကို အရှိအတိုင်း ရှင်းလင်းဖြေရှင်းဖို့ကသာလျှင် လုပ်ဆောင်ရမယ့် နည်းလမ်းဖြစ် ပါ တယ်။ သူခိုး နဲ့ အိမ်ရှင်အကြားမှာ ကြားနေခြင်း ဘက်လိုက်မှုမရှိခြင်းဟာလည်း သူခိုးဘက် က ဘက်လိုက်ခြင်း တစ်မျိုးပဲဖြစ်ပါတယ်။
(၇) မစ္စတာကိုဖီအာနန်ကိုယ်တိုင် စစ်တကောင်းသားဘင်္ဂါလီတွေရဲ့ လူမျိုးလိမ် နာမည်ကို ယခုအခါ သုံးစွဲပြောဆိုနေပါတယ်။ ဒါဟာ ပဋိပက္ခကြီးမားအောင် လုပ်ဆောင် နေရာ ရောက်ပါတယ်။ ဒါဟာ လက်ခံနိုင်ဖွယ်ရာ လုံးဝမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတိုင်းရင်းသားတွေကို နစ်နာအောင် ဆောင်ရွက်သွားဖွယ် ရှိတယ်ဆိုတာကို သိသာစေတဲ့ ပြောဆိုချက်လည်း ဖြစ်ပါတယ်။
အပိုင်း (ဃ) ဆိုးကျိုး ဖြစ်လာနိုင်ခြေအလားအလာ
သူခိုး နဲ့ အိမ်ရှင်ကြားက အဆုံးအဖြတ်ဟာ အိမ်ရှင်ရဲ့ မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့် နဲ့ အိမ်ရှင်ရဲ့မိမိအသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပိုင်ခွင့်တို့ကသာလျှင် အဆုံး အဖြတ် ဖြစ်စေရမှာ ဖြစ်ပါတယ်။ ဒီကာကွယ်ခွင့်တွေက အဆုံးအဖြတ် ဖြစ်ရမယ့်အစား သူခိုးရဲ့ ဆွေမျိုးသားချင်းတွေက ကြားကဝင်လာပြီးတော့ ငါတို့ဝင်ဆုံးဖြတ်ပေးမယ် ဆိုတာ ဟာ မဆုံးဖြတ်ရသေးခင်ကတည်းက အိမ်ရှင်ကို အရှုံးပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါ တယ်။
လူအခွင့်အရေးစုံစမ်းစစ်ဆေးမှုတွေ လုပ်မှာ မဟုတ်ဘူး . . . ရဲလုပ်ငန်းလို စုံစမ်း စစ်ဆေးတာတွေ လုပ်မှာ မဟုတ်ဘူး လို့ မည်မျှပင်ဆိုစေကာမူ လုံခြုံရေးအမြင်ရှိသူတွေ အနေနဲ့ ရှေ့ကိုလှမ်းမျှော်တွက်ချက်ကြည့်လိုက်ရင် ဒီကော်မရှင်ရဲ့ ဝင်ရောက်စွက်ဖက် ပါဝင်နေမှုဟာ စိတ်မကျေနပ်ဖွယ်ရာ ဖြစ်ပါတယ်။ အစရှိ နောင်နောင် ဆိုသလို နိုင်ငံခြားသား ဝင်ရောက်စွက်ဖက် လုပ်ဆောင်မှုတွေ နောင်အခါမှာ အကျင့်ပါ လုပ်ဆောင်ခြင်းရဲ့ အစဖြစ်သွားနိုင်ပါတယ်။
ကော်မရှင်အနေနဲ့ “ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်း နိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာဆက်နွှယ်မှုတို့ကိုလည်း” သုံးသပ်သွားမယ်လို့ ပြောထားတာဟာ အလွန်တရာ အန္တရာယ်ကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒီကလာတာပါလို့ ပြောပြီး နိုင်ငံတကာမှာ အနေချောင်အစားချောင်အောင် လုပ်ကြံပြောဆိုခိုလှုံနေကြသူ အရေအတွက် သန်းချီတယ်လို့ ဆိုကြတဲ့ ဘင်္ဂါလီများအနေနဲ့ ရခိုင်ပြည်နယ်မှာ လာရောက် အခြေစိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့မှတ်ချက်တွေကိုသာ ဒီကော်မရှင်ကသာ ပေးခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ခွဲဝေရရှိထားတဲ့အချုပ်အခြာအာဏာ ကျဆုံးသွားဖို့ လမ်းစဖြစ်တယ်။ ဒီကနေတစ်ဆင့် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေရသွားတဲ့ ကြီးကြီးမားမား ခြေကုတ်စခန်းကနေ မြန်မာတစ်နိုင်ငံလုံးကျဆုံးသွားစေဖို့ကို သူတို့ ဆင့်ကဲ လုပ်ဆောင် သွားနိုင်မှာဖြစ်ပါတယ်။
အခုကတည်းကိုက လူမျိုးလိမ်နာမည်ကို ထည့်သွင်းပြောဆိုနေသူ ကိုဖီအာနန် ဦးဆောင်တဲ့ ဒီကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဘင်္ဂါလီများရဲ့တစ်ဘက်လှုပ်ရှားမှုကို အစဉ်အဆက် လုပ်ဆောင်လာသူများအတွက် နိုင်ငံတကာမှာ အစဉ်အဆက် ကိုးကားစရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီအစီရင်ခံစာဟာ အများသိအောင် ထုတ်ပြန််မှာ မဟုတ်ဘူးလို့ အာမပင်ခံစေကာမူ အများသိနိုင်တဲ့ နေရာကို အနှေးနဲ့ အမြန်ရောက်လာမှာ မုချပဲ ဖြစ်ပါ တယ်။
အပိုင်း (င) နိဂုံး
ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ရခိုင်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒေသခံ ရခိုင် တိုင်းရင်းသားများရဲ့ သဘောဆန္ဒသာလျှင် အဓိကအကျဆုံး အရေးအပါဆုံး ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေလက်မခံနိုင်တဲ့ ဘယ်နည်းလမ်းနဲ့မဆို ဖြေရှင်းစေကာမူ၊ ဒီပြဿနာ ပြေလည်သွားနိုင်မှာ မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေလက်မခံနိုင်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ဖြေရှင်းရင် ဒီပြဿနာကို ပိုမိုကြီးထွားလာအောင် လုပ်ရာသာ ရောက်သွားပါလိမ့်မယ်။ ဒေသခံရခိုင်လူမျိုးများရဲ့ သဘောတူညီချက်ကို မရယူဘဲနဲ့ ဖွဲ့စည်းလုပ်ဆောင်ခဲ့တာဟာ ဒီကော်မရှင်ရဲ့ပြစ်ချက်များစွာထဲမှာ ကြီးမားတဲ့ ပြစ်ချက်ကြီး ဖြစ်ပါတယ်။
အချုပ်သဘောကို ပြောရရင်တော့ – တိုင်းပြည်နဲ့ လူမျိုးကို ဆိုးကျိုးအလားအလာ ပေးနိုင်ခြေများတဲ့ ဒီကော်မရှင်ကို ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သွားဖို့လိုပါတယ်။
ဒီကော်မရှင်ဟာ တည်ဆဲဥပဒေတွေကို ကျော်လွန်ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် စတင် ဖွဲ့စည်းစဉ်ကတည်းက အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်ပါတယ်။ တရားဝင်မှု မရှိပါ ဘူး။ နောက်ပြီးတော့ ဒီကော်မရှင်ရဲ့ ဖွဲ့စည်းဖြစ်တည်လာမှုကို ကျွန်တော်တို့ အသိအမှတ် မပြုဘူး။ ဒီ ကော်မရှင်ရဲ့ လက်ရှိလည်ပတ်လုပ်ဆောင်နေမှု တွေကိုလည်း ကျွန်တော်တို့ အယုံအကြည် မရှိဘူး၊ လက်မခံနိုင်ပါဘူး။ အကောင်းဆုံးက ဒီကော်မရှင်ကို ဖျက်သိမ်း လိုက်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကော်မရှင်ကို ဖျက်သိမ်းသည်ဖြစ်စေ မဖျက်သိမ်းသည်ဖြစ်စေ သေချာတာကတော့ ဒီကော်မရှင်ကို ကျွန်တော်တို့က လုံးဝ အသိအမှတ်မပြုဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီအချက်ကို ရခိုင်ပြည်နယ်ထဲက နိုင်ငံသား မဲဆန္ဒရှင်တွေရဲ့ တစ်ဦးတစ်ယောက်ချင်းဆန္ဒတွေအဖြစ် ဖော်ပြနေမယ့်အစား ရခိုင် ပြည်နယ်လွှတ်တော်ရဲ့ မြွက်ဟဖော်ပြချက် ဆုံးဖြတ်ချက်တစ်ခုအဖြစ် ဆုံးဖြတ်ချက်ချပြီး ဖော်ပြမှသာလျှင် နောင်အခါ ကျရောက်လာနိုင်ခြေရှိတဲ့ ဒီကော်မရှင်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွန်းလှန်နိုင်ဖို့ အင်အားရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော် ယခုတင်သွင်းတဲ့ အရေးကြီးအဆို “ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အား ဖွဲ့စည်းခဲ့ခြင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်အပါအဝင် တိုင်ရင်းသားနိုင်ငံသားများ၏ သဘောတူညီချက်ကို ရယူလျက် ဖွဲ့စည်း ခဲ့ခြင်း မဟုတ်သည့်အတွက် ထိုကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှု နှင့် လုပ်ဆောင်ချက်များ အားလုံးကို ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုသင့်ကြောင်း အရေးကြီးအဆို” ဒီ အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ဆွေးနွေးအတည်ပြုပြီးတော့ ဒီကော်မရှင် ကို အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ချက်အား အတည်ပြုချမှတ်ပေး စေလို ပါကြောင်း တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s