နှစ်ဖက်ပြည်သူတွေလို့ ပြောကတည်းက ကျနော်တို့ စရှုံးနေပြီ – ဦးကျော်ဇောဦး

[ Zawgyi version here ] [ Unicode version below ]

ႏွစ္ဖက္ျပည္သူေတြလုိ႔ ေျပာကတည္းက က်ေနာ္တုိ႔ စ႐ႈံးေနၿပီ – ဦးေက်ာ္ေဇာဦး

By ေနာ္ႏိုရင္း / 16 September 2016 / DVB

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္အေပၚ ရခိုင္ျပည္နယ္လႊတ္ေတာ္အေနနဲ႔ အသိအမွတ္မျပဳဖို႔ အေရးႀကီးအဆိုကို ျပည္နယ္လႊတ္ေတာ္က ကန္႔ကြက္သူမရွိဘဲ အတည္ျပဳခဲ့ပါတယ္။
စက္တင္ဘာ ၁၂ ရက္က စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇာဦး တင္သြင္းခဲ့တဲ့ အဆိုကို စက္တင္ဘာလ ၁၄ ရက္ေန႔ လႊတ္ေတာ္ထဲ ကိုယ္စားလွယ္ ၁၄ ေယာက္က ေထာက္ခံေဆြးေႏြးခဲ့ၾကၿပီး အတည္ျပဳလိုက္တာျဖစ္ပါတယ္။
ဒီအဆုိကုိ တင္သြင္းရတာနဲ႔ပတ္သက္လုိ႔ အဆုိတင္သြင္းသူ ဦးေက်ာ္ေဇာဦးကုိ ဆက္သြယ္ ေမးျမန္းထားပါတယ္။

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ကို အသိအမွတ္မျပဳဖို႔အဆုိကုိ ဘာေၾကာင့္ တင္သြင္းရတာလဲ။

“က်ေနာ္တုိ႔ ရခုိင္ျပည္နယ္အတြင္းမွာ ေရာက္ေနတဲ့ စစ္တေကာင္းသား ဘဂါၤလီေတြကိစၥက အဓိကကေတာ့ လူ၀င္မႈႀကီးၾကပ္ေရးျပႆနာလုိ႔ က်ေနာ္တုိ႔က သတ္မွတ္ပါတယ္။ လူ၀င္မႈႀကီးၾကပ္ေရးျပသနာဟာ တနည္းတဖုံေျပာရမယ္ဆုိရင္ေတာ့ ႏုိင္ငံသားတေယာက္ကုိ သူ႔ကုိ ႏုိင္ငံသားေပး ေပးမေပးဆုိတာ အဲဒီႏုိင္ငံရဲ့ အခ်ဳပ္အျခာ အာဏာနဲ႔ ဆုိင္တဲ့ကိစၥျဖစ္ပါတယ္။ အဲဒါကုိ ႏုိင္ငံတကာ ျပႆနာမဟုတ္ဘဲနဲ႔ ျပည္တြင္းေရးျပႆနာျဖစ္တယ္။ ဒါကုိ ႏုိင္ငံတကာျပႆနာအဆင့္ ေရာက္ေအာင္ကုိ စြဲတင္ေနၾကတဲ့ အင္အားစုေတြရွိတယ္။ အခု မစၥတာ ကုိဖီအာနန္ ဦးေဆာင္တဲ့ ေကာ္မရွင္တခုက ဒီကိစၥကုိ ေလ့လာသုံးသတ္ၿပီး အႀကံေပးမယ္ဆုိတဲ့ အခါက်ေတာ့ က်ေနာ္တုိ႔ဒီကိစၥက ႏုိင္ငံတကာကုိ စြဲတင္လုိက္တဲ့ သေဘာျဖစ္ၿပီးေတာ့ အျပင္ကေနၿပီးေတာ့ ၀င္ေရာက္စြဲဖက္ေျပာဆုိႏုိင္တဲ့ အေျခအေန ပုိသာလာတာေပါ့ေနာ္။ အဲဒါအျပင္ တျခားအေၾကာင္းေတြလည္း အမ်ားႀကီးရွိတာေပါ့ေနာ္။ ေျပာရမယ္ဆုိရင္ က်ေနာ္တုိ႔ ရခုိင္လူထုရဲ့သေဘာထား၊ ရခုိင္လူထုရဲ့ သေဘာတူညီခ်က္ကုိ ႀကဳိတင္မယူဘဲနဲ႔၊ ဘာမွမေျပာဘဲနဲ ဒီအႀကံေပးေကာ္မရွင္ကုိ ဖြဲ႔တာ။ ေနာက္ၿပီးေတာ့ အႀကံေပးေကာ္မရွင္ကုိ ဖြဲ႔ဖုိ႔အတြက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံဆုိင္ရာ ဥပေဒရွိတယ္။ အဲဒီဥပေဒကလည္း အဲလုိမ်ဳိးႏုိင္ငံေတာ္ အဆင့္ဆုိင္ရာ ေက္ာမရွင္တခုကုိ ဖြဲ႔စည္းဖုိ႔ ခြင့္ျပဳျပ႒ာန္းေပးထားတာလည္းမရွိဘူး။ ႏုိင္ငံေတာ္ အတုိင္ပင္ခံ႐ုံး၀န္ႀကီးဌာနဆုိတာကလည္း ၀န္ႀကီးဌာနတခုပဲျဖစ္တယ္။ ႏုိင္ငံေတာ္သမၼတကမွ ဒီလုိမ်ဳိးေကာ္မရွင္ကို ဖြဲ႔စည္းခြင့္ရွိတာေပါ့ေနာ္။ ဒီလုိမ်ဳိး ဥပေဒကုိ ေက်ာ္ၿပီးလုပ္ထား တာျဖစ္တဲ့အတြက္ ဒီေကာ္မရွင္ကေတာ့ သူ႔တရား ဥပေဒအရ ဆုိရင္ေတာ့ ဖြဲ႔စည္းစဥ္ကတည္း က စလုိ႔ ပ်က္ျပယ္ၿပီးျဖစ္ပါတယ္။ ဒီေကာ္မရွင္ဟာ တရား၀င္မႈမရွိဘူး။

“က်ေနာ္တုိ႔ေျပာမယ္ဆုိရင္ ဒီေကာ္မရွင္လည္ပတ္ဖုိ႔ ရန္ပုံေငြေတြကုိ ဘယ္က ရသလဲ။ ႏုိင္ငံေတာ္ ဘတ္ဂ်က္က ခ်ေပးတယ္ဆုိရင္လည္း ဘ႑ေငြရယူမႈ ဘ႑ေငြခ်ေပးမႈဟာ နည္းလမ္းတက် ရွိရဲ႕လား က်ေနာ္တုိ႔ ဘာမွမသိရဘူး။ ျပင္ပက အကူအညီေပးတယ္ဆုိရင္လည္း ေစတနာ႐ုိးနဲ႔ ေပးတဲ့အကူအညီ ဟုတ္မဟုတ္၊ သူတုိ႔လုိခ်င္တဲ့ ရလဒ္တခုကုိ ရေအာင္တြန္းတဲ့ အုပ္စုကေနၿပီးေတာ့ ေပးတာမ်ား ျဖစ္ေနမလား အဲဒါေတြကိုလည္း က်ေနာ္တုိ႔ သုံးသပ္ဖုိ႔လုိတယ္။

“ေနာက္တခု ေျပာရမယ္ဆုိရင္ ျမန္မာႏုိင္ငံရဲ့ ႏုိင္ငံေတာ္အဆင့္ အဖြဲ႔အစည္း တရပ္ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ျမန္မာႏုိင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒ ဦး၀င္းျမကုိ ႏုိင္ငံျခားသား ဦးေဆာင္တဲ့ ေကာ္မရွင္မွာ ႐ုိး႐ိုးအဖြဲ႔၀င္အေနနဲ႔ ထည့္ထားတာေပါ့ေနာ္။ ဒါက Protocol နဲ႔ ညီမညီဆုိတာ စဥ္းစားစရာရွိပါတယ္။ ဒါ့အျပင္ အဲဒီသုံးဦးထဲမွာ က်ေနာ္တုိ႔ ဒုတိယတဦးျဖစ္တဲ့ မစၥတာဂါဆန္ ဆလမ္ရဲ့အလုပ္အကုိင္မွာ က်ေနာ္တုိ႔ ရခုိင္ျပည္နယ္ထဲက ကိစၥေတြနဲ႔ပတ္သက္လုိ႔ ဘက္လုိက္မႈ ကင္းမကင္းဆုိတာကလည္း သံသယ ျဖစ္ဖြယ္ရွိပါတယ္။ သူက International crisis group ဘုတ္အဖြဲရဲ့ ဒုဥကၠ႒ျဖစ္တယ္ဆုိတာရယ္ ေနာက္သူက Open Society Institute မွာလည္း ဘုတ္အဖြဲ႔၀င္အေနနဲ႔ ပါတယ္လုိ႔ က်ေနာ္တုိ႔ သိထားတာေပါ့ေနာ္။ ICG ဆုိတာ ရခုိင္ျပည္နယ္ကုိ ေရာက္ေနတဲ့ စစ္တေကာင္းသား ဘဂါၤလီေတြနဲ႔ ပတ္သက္လုိ႔ အစီရင္ခံစာေရးဖူးတယ္။ ဘက္လုိက္ၿပီးေတာ့ ေရးထားတဲ့ အစီရင္ခံစာလုိ႔ က်ေနာ္တုိ႔ ျမင္ရတယ္။ Open Society Institute ကလည္း ရခုိင္ျပည္နယ္ေရာက္ ဘဂၤါလီေတြနဲ႔ပတ္သက္ရင္ အဲဒီဘက္က လုိက္တဲ့ေျပာဆုိေရးသားမႈေတြ ျမင္ရတဲ့အဖြဲ႔အစည္းျဖစ္တယ္။ က်ေနာ္တုိ႔ ရခုိင္ျပည္နယ္ကုိေရာက္ေနတဲ့ စစ္တေကာင္းသား ဘဂၤါလီေတြရဲ့ ျပႆနာမွာ ႏုိင္ငံျခားသားေတြရဲ့ ၾကားေနမႈကုိ က်ေနာ္တုိ႔ လုိတာမဟုတ္ဘူး။ ဒီမွာ မွန္ကန္တဲ့ဘက္က မွန္တဲ့အတုိင္း ရပ္တည္ဖုိ႔ကုိ လုိအပ္တာျဖစ္ပါတယ္။ အခုက အဲဒီေကာ္မရွင္ကုိ ႏုိင္ငံျခားသား ဦးေဆာင္႐ုံမကဘူး ဦးေဆာင္ေနတဲ့ ပုဂၢိဳလ္ မစၥတာကုိဖီအာနန္ကုိယ္တုိင္ သတင္းစာရွင္းလင္းပြဲေတြဘာေတြမွာ လူမ်ဳိးေတြ ေခၚေ၀ၚတဲ့နာမည္ကို ေျပာဆုိေခၚေ၀ၚသုံးစြဲတယ္ဆုိတာ ျပႆနာကုိ ပုိမုိႀကီးထြားလာေအာင္ လုပ္ေနရာ ေရာက္ပါတယ္။ ဒီေကာ္မရွင္ရဲ့ သုံးသပ္ခ်က္အႀကံေပးခ်က္ေတြ ဘယ္လုိထြက္လာမလဲဆုိတာ က်ေနာ္တုိ႔ မသိေသးဘူး။ ဒါေပမယ့္ ေကာင္းက်ဳိးထက္ ဆုိးက်ဳိးမ်ားႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

ဒါကုိ ျပည္သူ႔လႊတ္ေတာ္မွာေတာ့ ေဆြးေႏြးဆုံးျဖတ္ထားတာေတာ့ရွိပါတယ္။ ဒါေပမယ့္ ဒီေကာ္မရွင္နဲ႔ တုိက္႐ုိက္ သက္ဆုိင္ေနတဲ့ ရခုိင္ျပည္နယ္လႊတ္ေတာ္အေနနဲ႔ ဘယ္လုိမ်ား လုပ္ႏုိင္မလဲ၊ ဆိုးက်ဳိးေတြကို အေကာင္းဆုံး တားဆီးႏုိင္တဲ့ နည္းလမ္းတခု၊ ဆုံးျဖတ္ခ်က္တခု ရွိမယ္ဆုိၿပီးေတာ့ ၀ုိင္း၀န္စဥ္းစားၿပီးေတာ့ ဒီဟာကုိ ဖြဲ႔စည္းတာက ဗဟုိအစုိးရရ့ဲ ၀န္ႀကီးဌာနက ဖြဲ႔စည္းတယ္။ က်ေနာ္တုိ႔က ဖ်က္ပါဆုိလည္း ဖ်က္ခ်င္မွဖ်က္မယ့္သေဘာေတာ့ရွိတာေပါ့။ အဲေတာ့ က်ေနာ္တု႔ိ ရပ္တည္ေျပာဆုိရင္တာကေတာ့ ဒီဖြဲ႔စည္းမႈဟာ ေဒသခံရခုိင္လူမ်ဳိးေတြကို မတုိင္ဘဲ ဖြဲ႔တာ။ အဓိက အဲဒါ အရမ္းအေရးႀကီးတဲ့အခ်က္။ ဒုတိယအခ်က္က လက္ရွိတည္ဆဲဥပေဒကုိ ေက်ာ္လြန္ၿပီး ဖြဲ႔တာျဖစ္တယ္။ ဒါေၾကာင့္မုိ႔ စဖြဲ႔ကတည္းက သူဟာ ဥပေဒအရ ပ်က္ျပယ္ၿပီးသားျဖစ္တယ္။ အဲေတာ့ အေကာင္းဆုံးက ဒီေကာ္မရွင္ရဲ့ ျဖစ္လာႏုိင္ေျခရွိတဲ့ ဆုိးက်ဳိးေတြကုိ ကာကြယ္တားဆီဖုိ႔ကေတာ့ အေကာင္းဆုံးကေတာ့ ဒီေကာ္မရွင္ကုိ ဖ်က္သိမ္းလိုက္တာ အေကာင္းဆုံးပါပဲ။ က်ေနာ္တုိ႔ ဖ်က္ဆုိ လည္း ဖ်က္ခ်င္မွဖ်က္မွာေပါ့။ က်ေနာ္တုိ႔ သေဘာထားကေတာ့ ဖ်က္သည္ျဖစ္ေစ၊ မဖ်က္ သည္ျဖစ္ေစ ဒီေကာ္မရွင္ရဲ့ ဖြဲ႔စည္းျဖစ္တည္မႈနဲ႔ သူရဲ့လုပ္ေဆာင္မႈေတြ၊လုပ္ေဆာင္ခ်က္ေတြအားလုံးကုိ က်ေနာ္တုိ႔ အသိအမွတ္မျပဳဘူးဆုိတဲ့ ရပ္တည္ခ်က္ကေန ရပ္တည္မယ္။ ဒါဟာ က်ေနာ္တုိ႔မဲ့ဆႏၵရွင္ေတြအားလုံးရဲ့ ေျပာပုိင္ခြင့္ေပါေနာ္။ ႏုိင္ငံသားတုိင္းဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိေရးသားေဖာ္ျပခြင့္ရွိတယ္။ ဒီရခုိင္ျပည္နယ္ထဲမွာရွိတဲ့ မဲဆႏၵနယ္မ်ားစြာထဲက မဲဆႏၵရွင္ေတြဟာ က်ေနာ္ တု႔ိနဲ႔ သတေဘာတည္းရွိပါတယ္။ ဒီသေဘာကိုပဲေျပာၾကပါတယ္။ ဒီေကာ္မရွင္ကုိ ဖ်က္သိမ္းေပးဖုိ႔၊ အသိ အမွတ္မျပဳဖုိ႔ဆုိတဲ့ဥစၥာကုိ တဦးခ်င္းေျပာတာေတြအမ်ားႀကီးရွိတယ္။ ဆုိေတာ့ အဲလုိမ်ဳိး တဦးခ်င္း ေျပာမယ့္အစား အဲဒီလူေတြကုိ စုေပါင္းကုိယ္စားျပဳ စကားေျပာခြင့္ရတဲ့ ျပည္နယ္လြတ္ေတာ္အမတ္ေတြ စုၿပီးေတာ့ ဆုံးျဖတ္ခ်က္ ခ်ၿပီးေတာ့ ဒီေကာ္မရွင္ကုိ အသိအမွတ္မျပဳပါဘူး ဆုိတဲ့ ဆုံးျဖတ္ခ်က္ မ်ဳိး ခ်သင့္တယ္လုိ႔ က်ေနာ္တုိ႔ုတုိင္ပင္ၿပီးေတာ့ ဒီအဆုိကုိ တင္သြင္းရတာျဖစ္ပါတယ္။”

ဒီအဆုိေအာင္လုိ႔အတည္ျပဳထားၿပီဆုိေတာ့ ဘာဆက္ျဖစ္မလဲ။

“က်ေနာ္တုိ႔က အသိအမွတ္မျပဳဘူးဆုိတဲ့ဆုံးျဖတ္ခ်က္ကုိ ခ်လုိက္တဲ့အခါ အဲဒီအသိအမွတ္မျပဳဘူးဆုိတဲ့ ဆုံးျဖတ္ခ်က္ဟာ ျပႆနာမွာ တုိက္ရုိက္ပတ္သက္ေနတဲ့လူေတြရဲ့ သေဘာထားျဖစ္ပါတယ္။ အဲဒီလူေတြရဲ့သေဘာထားက ငါတုိ႔က မင္းတုိ႔ ေျပာတာကုိ ဘာမွမမွတ္ယူဘူး၊ အသိအမွတ္မျပဳဘူးလုိ႔ေျပာလုိက္တဲ့အခါ အဲဒီေျပာဆုိမႈ အၾကံေပးမႈေတြရဲ့ တရား၀င္ျဖစ္မႈေတြဟာ တန္ဖုိးမ်ားစြာ ေလ်ာ့က်ေစပါတယ္။ အဲေတာ့ ဒီဆုံးျဖတ္ခ်က္ဟာ ၀န္ႀကီးဌာန သုိ႔မဟုတ္ ႏုိင္ငံေတာ္ သမၼတဆီသြားၿပီး ပယ္ဖ်က္ဖုိ႔ လုပ္ေပးပါဆုိတဲအေနနဲ႔ သြားမွာမဟုတ္ဘူး။ ဒါေပမယ့္ဒီကိစၥနဲ႔ တုိက္ရုိက္ပတ္သက္ေနတဲ့ ျပည္သူ၊ ျပည္သူလူထုတရပ္လုံးကုိ ကုိယ္စားျပဳတဲ့ လႊတ္ေတာ္က ဒီလုိ သေဘာထားရွိတယ္ဆုိတာ Moral အရ က်ေနာ္တုိ႔ အင္မတန္မွ အားရွိပါတယ္။ ဟုိဘက္က ဆုံးျဖတ္ခ်က္ေတြက က်ေနာ္တုိ႔ကုိ မည္မွ်ပင္အႏုိင္က်င့္ၿပီး လုပ္ေစကာမူ ဒါဟာ အႏုိင္က်င့္မႈျဖစ္တယ္ဆုိတာ ေပၚလြင္သြားပါလိမ့္မယ္။ ဒါဟာ ႏုိင္ငံေရးအရ အဓိပၸာယ္၊ သမုိင္းအရ အဓိပၸာယ္ အမ်ားႀကီးရွိပါတယ္။ ဒါဟာ ေနာင္အခါမွာျဖစ္ေပၚလာမယ့္ ဆုိးက်ဳိးေတြကုိလည္း က်ေနာ္တုိ႔ ျပန္ၿပီး တြန္းလွန္တဲ့ေနရာမွာ အင္အားတခုအေနနဲ႔ သက္ေရာက္ပါလိမ့္မယ္။ ”

ဒီေကာ္မရွင္မဖြဲ႔ခင္ကတည္းက ရခုိင္ျပည္နယ္က လူထုကုိ သြားၿပီးေတြ႔ဆုံေဆြးေႏြးခဲ့တယ္၊ ဖြဲ႔မယ္ဆုိတဲ့အေၾကာင္းလည္းအေၾကာင္းၾကားတာရွိလုိ႔ ေကာ္မရွင္အဖြဲ႔၀င္တေယာက္က ေျပာပါတယ္။ ေနာက္ဒီေကာ္မရွင္ကလည္း အၾကံေပးရုံသက္သက္ပါ။ ယူတာမယူတာက ျမန္မာျပည္သူေတြရဲ့ သေဘာထားလုိ႔ ေျပာပါတယ္။ ဆုိေတာ့ အန္ကယ္တုိ႔ မသိရဘူးလား ဒီကိစၥအေပၚ။

“ၿပီးခဲ့တဲ့လက စစ္ေတြကုိေရာက္တယ္ဗ်ာ။ အရပ္ဘက္လူ႔အဖြဲ႔အစည္း ဘာညာေတြဖိတ္တယ္။ စစ္ေတြၿမိဳ႕နယ္က ဦးဥတၱမ ခန္းမမွာ က်ေနာ့္ကုိလညး္ မဖိတ္ဘူး။ အဲဒီလူေတြကုိ ဖိတ္ၿပီးေတာ့ ဖြဲ႔ဖုိ႔လုပ္ထားၿပီဆုိတာ ေျပာတယ္။ အဲဒါကုိ က်ေနာ္က သတင္းမွာေတြ႔မွသိရတယ္။ ဖြဲ႔ဖုိ႔လုပ္ထား ၿပီဆုိေတာ့ အဲဒီမွာ ငုတ္တုတ္ထုိင္ၿပီး နားေထာင္တဲ့လူေတြက ဘာေျပာၾကမွာလဲ။ အဲဒါက ေဆြးေႏြးတာလည္းမဟုတ္ဘူး။ တုိင္ပင္တာလည္းမဟုတ္ဘူး။ အဲဒါက ငါတုိ႔လုပ္ထားၿပီဆုိတာ ေျပာတာျဖစ္တယ္။ အဲဒါကုိျပည္သူလူထုနဲ႔ တုိင္ပင္တယ္လုိ႔ ေျပာလုိ႔မရဘူး။ ျပည္သူလူထုက စနစ္တက် ေရြးခ်ယ္ထားတဲ့ သူ႔ကိုယ္စားလွယ္ေတြရွိတယ္။ သူ႔ကုိယ္စားလွယ္ေတြနဲ႔ တုိင္ပင္ရမယ္။ သူ႔ကုိယ္စားလွယ္ေတြနဲ႔ တုိင္ပင္တာမဟုတ္ဘဲ လူတစုကုိ လက္ဖက္ရည္ေသာက္ဖုိ႔လုိလုိ ဘာလုိလုပ္ၿပီးတေနရာရာမွာ စုၿပီး ငါတုိ႔ဖြဲ႔ဖုိ႔ လုပ္ထားၿပီလုိ႔ ေျပာတာဟာ လူထုကုိ တုိင္ပင္တာမဟုတ္ဘူး။ ”

ဒီေကာ္မရွင္က ရခုိင္ျပည္နယ္မွာရွိတဲ့ ျပည္သူေတြရဲ့အသံကုိနားေထာင္ဖုိ႔၊ ရခုိင္ျပည္နယ္က ႏွစ္ဖက္ျပည္သူေတြရဲ့ အသံကုိနားေထာင္ၿပီး အၾကံေပးဖုိ႔ပဲ။ ဆုံးျဖတ္ပုိင္ခြင့္က ျမန္မာျပည္ သူျပည္သားေတြရဲ့ လက္ထဲမွာပဲရွိတယ္လုိ႔ ေျပာပါတယ္။ လြတ္လပ္တဲ့ေကာ္မရွင္ျဖစ္တယ္လုိ႔ ေျပာပါတယ္။ ဆုိေတာ့ ဒီေက္ာမရွင္က သူတုိ႔ လုပ္မယ့္အရာတခုအေပၚမွာ လြတ္လြတ္လပ္လပ္ ဆုံးျဖတ္ခြင့္ရွိတယ္ဆုိရင္ေကာ ေကာ္မရွင္လုံး၀မရွိသင့္ဘူးလား။

“က်ေနာ္ေျပာမယ္။ ႐ႈျမင္တဲ့႐ႈေထာင့္က စၿပီးေတာ့လြဲေနၿပီ။ သူတုိ႔က ေျပာတယ္။ က်ေနာ္တုိ႔ ရခုိင္ျပည္သူေတြနဲ႔သြားေတြ႕ၿပီးေတာ ႏွစ္ဖက္လူေတြနဲ႔သြားေတြ႕ၿပီးေတာ သုံးသပ္ခ်က္ေလး ေပးမယ္ဆုိတာေပါ့ေနာ္။ အဲေတာ့ ႏွစ္ဖက္ျပည္သူ၊ ရခုိင္ျပည္သူေတြဆုိတာ ဘယ္သူေတြတုန္း။ အဲဒီကတည္းကစၿပီးေတာ့ က်ေနာ္တုိ႔ရခုိင္ျပည္နယ္မွာေနလာတဲ့ တုိင္းရင္းသား၊ ႏုိင္ငံသား မဲဆႏၵရွင္၊ ဒီႏုိင္ငံမွာ ႏွစ္ေပါင္း ႏွစ္ေထာင္သုံးေထာင္ေလးေထာင္ေနလာခဲ့တဲ့ လူေတြတဖြဲ႔ရွိတယ္။ ေနာက္တအုပ္စုက ဘာရွိလဲဆုိေတာ့ ဟုိဘက္ကလာၿပီးေတာ့ ႏုိင္ငံသား ဟုတ္မွန္းမဟုတ္မွန္း မသိတဲ့တဖြဲ႔ရွိတယ္။ အဲဒီတဖြဲ႔က လ၀က ဥပေဒအရ၊ ႏုိင္ငံသားဥပေဒအရ စိစစ္ျခင္းကုိ ခံရၿပီးမွ ႏုိင္ငံသား ဟုတ္မဟုတ္ကုိ သိရမယ့္ဥစၥာ ဒါဟာ ဒီဘက္က အေသအခ်ာ ရပ္တည္ထားတဲ့ဥစၥာ။ အဲဒီရပ္တည္ထားတဲ့ဥစၥာကုိ အဲဒီအတုိင္းရပ္မေနဘဲ အဲဒီႏွစ္အုပ္စုကုိေရာၿပီးေတာ့ ျပည္သူလုိ႔စၿပီးေျပာတယ္။ အဲလုိေျပာကတည္းက စလုိ႔မွားေနၿပီ။ အဲလုိစေျပာကတည္းက ဟုိဘက္က လုိက္ေနရာက်တယ္။ က်ေနာ္တုိ႔ လြန္ခဲ့တဲ့ ေလးငါးေျခာက္ ႏွစ္ကတည္းက စၿပီး ေျပာလာခဲ့တဲ့စကားပါ။ ဒီျပႆနာကုိ ဒီနယ္ေျမမွာႏွစ္ေပါင္း တေထာင္ႏွစ္ေထာင္ေနလာခဲ့တဲ့ ဒီေဒသခံ တုိင္းရင္းသား ႏုိင္ငံသား မဲဆႏၵရွင္ေတြရဲ့ အသုိင္းအ၀ုိင္းလူမ်ဳိးေတြရဲ့ သေဘာထားကုိ အေျခမခံဘဲနဲ႔ လုပ္လုိ႔ ဘယ္ေတာမွ ဒီျပႆနာဟာ ေျပလည္မွာမဟုတ္ဘူး။ ရခုိင္လူမ်ဳိးေတြ ေဒသခံလူမ်ဳိးေတြ လက္မခံႏုိင္တဲ့ အေျခအေနလာလုပ္ေနရင္ ျပႆနာကုိ ပုိႀကီးထြားေအာင္လာလုပ္ရာပဲက်ပါတယ္။ ”

ရခုိင္ျပည္တည္ၿငိမ္ေအးခ်မ္းမႈေတြကုိ အရင္ကတည္းက ႀကိဳးစားလာခဲ့တယ္။ဒါေပမယ့္ ျပႆနာေတြက ဆက္ၿပီးေတာ့ ျဖစ္ေနတယ္။ ဆုိေတာ့ အဲဒီေကာ္မရွင္ရဲ့ႀကံေပးခ်က္ေတြက ရခုိင္အသုိင္းအ၀ုိင္းနဲ႔ မြတ္စလင္အသုိင္းအ၀ုိင္းအၾကား တစုံတရာအေျဖေပးမသြားႏုိင္ဘူးလား။

“ျပႆနာရဲ့ အေျဖက ရွင္းရွင္းေလးပါ။ ဒီကျပည္သူလူထုတရပ္လုံးကလည္း အရင္ကတည္းက ရွင္းရွင္းေလးကုိ ေျပာထားၿပီးသားပါ။ ဒီမွာ အိမ္ရွင္ရွိတယ္။ ေနာက္တအုပ္စုက သူခုိးအုပ္စုရွိတယ္။ အိမ္ရွင္နဲ႔ သူခုိးျပႆနာျဖစ္တာကုိ က်ေနာ္တု႔ိက ၾကားကေန ေျပေျပလည္လည္ျဖစ္ေစခ်င္ပါတယ္လုိ႔ လာေျပာေနရင္ လာေျပာေနတဲ့ဟာက ဘယ္ေတာ့မွ ေျပလည္မွာမဟုတ္ဘူး။ ဒီျပႆနာကုိေျပလည္ဖုိ႔က အိမ္ရွင္ရဲ့အခြင့္အေရးကုိ အဲဒီအခြင့္အေရးအတုိင္း သတ္သတ္မွတ္မွတ္ လုပ္ေပးႏုိင္တဲ့အခ်ိန္က်မွ ေျပလည္မွာျဖစ္ပါတယ္။ က်ေနာ္တုိ႔ ေျပလည္ေစခ်င္ပါတယ္လုိ႔ သူခုိးနဲ႔နီးစပ္တဲ့လူနဲ႔ သူခုိးရဲ့ေဆြးမ်ဳိးသားခ်င္းေတြ တက္လာၿပီးေတာ့ အိမ္ရွင္နဲ႔ သူခုိးၾကားမွာလာၿပီးေတာ့ ညႇိႏႈိင္းေပးမယ္ဆုိတာ ဘယ္ေတာမွ ေျပလည္မွာမဟုတ္ဘူး။ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကေျပာခဲ့တဲ့ဥစၥာက ဒါဟာ လူ၀င္မႈၾကည့္ၾကပ္ေရး ျပႆနာျဖစ္တယ္။ လူ၀င္မႈၾကည့္ၾကပ္ေရး ျပႆနာကုိ လူ၀င္မႈၾကည့္ၾကပ္ေရး ျပႆနာအတုိင္း သတ္သတ္မွတ္မွတ္ အေသအခ်ာ ေျဖရွင္းပါ။ လူ၀င္မႈၾကည့္ၾကပ္ေရးနဲ႔ ေျဖရွင္းရတဲ့ အုပ္စုတအုပ္စုကုိ အိမ္ရွင္နဲ႔တန္းတူထားၿပီး ဒီႏွစ္အုပ္စုလုိ႔ မေျပာပါနဲ႔။ ဒီႏွစ္အုပ္စုက တန္းတူမဟုတ္ဘူး။ ဒီႏွစ္အုပ္စုရဲ့ ရပုိင္ခြင့္ေတြက တန္းတူမဟုတ္ဘူး။ ျပႆနာက ဘယ္ေတာ့မွ ေျပလည္မလဲဆုိေတာ့ အဲဒီခုိး၀င္လာတဲ့ အုပ္စုကုိ လ၀က ဥပေဒနဲ႔ အေသအခ်ာ စိစစ္ၿပီး ေဆာင္ရြက္ႏုိင္တဲ့ေန႔က်မွ ေျပလည္မွာျဖစ္ပါတယ္။ ”

သူတုိ႔ေတြက ႏွစ္ေပါင္းမ်ားစြာကတည္းက ၀င္လာတယ္။ ေနာက္ ျမန္မာႏုိင္ငံမွာပဲ ေမြးဖြားလာတဲ့သူေတြျဖစ္တယ္။ ဆုိေတာ့ ျမန္မာႏုိင္ငံမွာေမြးဖြားတဲ့သူကုိ ျမန္မာႏုိင္ငံသား ေပးလုိ႔ရလား။

“ျမန္မာႏုိင္ငံမွာ ေမြးဖြားတုိင္း ျမန္မာႏုိင္ငံသား ေပးလုိ႔မရပါဘူး။ အဲဒါ ၁၉၈၂ ႏုိင္ငံသားဥပေဒကုိ အေသအခ်ာဖတ္ဖုိ႔လုိပါတယ္။ ၁၉၈၂ ဥပေဒဟာ ျမန္မာႏုိင္ငံမွာ ေမြးဖြာတဲ့လူတခ်ဳိ႕တ၀က္နဲ႔ ျမန္မာႏုိင္ငံက ႏုိင္ငံသားအခြင့္အေရးရျပီးသားလူေတြနဲ႔ ေပါင္းဖက္လုိ႔ရရွိတယ္ဆုိရင္ေတာ့ တပုိင္းစဥ္းစားလုိ႔ရပါတယ္။ အစဥ္အဆက္ ဒီဘက္က ႏုိင္ငံသားဟုတ္တဲ့လူေတြနဲ႔ ေသြးမပါဘဲနဲ႔ ဒီအတုိင္းပဲ ေမြးလာလုိ႔ ႏုိင္ငံသားျဖစ္စရာမရွိပါဘူး။ ၈၂ ဥပေဒကုိ သုံးသပ္ၿပီးေျပာရမယ္ဆုိရင္ ကမၻာေပၚမွာ ႏုိင္ငံသား ျဖစ္မႈ ဥေပဒအမ်ားႀကီးရွိတာေပါ့။ ၈၂ ဥပေဒက ဘာကုိ အဓိက ထားလဲဆုိေတာ့ ေသြးမ်ဳိးဆက္ကုိ အဓိကထားပါတယ္။ ဆင္းသက္လာသူရဲ့ေသြးမ်ဳိးဆက္ကုိ အေျခခံၿပီးေတာ့ ႏုိင္ငံသား ေပးတာျဖစ္ပါတယ္။ အဲေတာ့ ေမြးတုိင္းရမယ္မဟုတ္ပါဘူး။ အေသအခ်ာ သူမွာ ပါတဲ့နည္းလမ္းအတုိင္း စိစစ္ၿပီးမွ ရမွာျဖစ္ပါတယ္။ တခ်ဳိ႕တ၀က္လည္း ရႏုိင္ေခ်ရွိပါတယ္။”

သူ႔တုိ႔က ႏုိင္ငံသားလည္းမရဘူး။ က်မတုိ႔သိသေလာက္ဆုိရင္လည္း ေမြးဖြားႏႈန္းကလည္း အရမ္းျမင့္ေနတဲ့လူေတြေလ။ ဆုိေတာ့ သူတုိ႔က ဘယ္မွာသြားေနရမွာလဲ။

“အဲဒါ ႏုိင္ငံရဲ့အင္အားနဲ႔ ဆုိင္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တဆယ္ႏွစ္ဆယ္ေလာက္က ဆုိရင္ေတာ့ ေျပာၾကတယ္။ ဒါ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ့ ထမ္းေဆာင္ရမယ့္ တာ၀န္လည္း အမ်ားႀကီးပါ တယ္။ ျမန္မာႏုိင္ငံဟာ ၾကားမွာေတာက္ေလွ်ာက္ ႏုိင္ငံတကာနဲ႔ အဆက္အသြယ္ျပတ္ေနတဲ့အခ်ိန္၊ လူ႔အခြင့္အေရးကုိ ခ်ဳိးေဖာက္တယ္၊ ဒီမုိကေရစီမဆန္ဘူးဆုိၿပီးေတာ့ ႏုိင္ငံတကာမွာ မိတ္နည္းေနတဲ့အခ်ိန္မွာ ဘဂၤလားေဒ့ရွ္က မိတ္ေတြအမ်ားႀကီးရွိတယ္။ လူေတာတုိးတယ္ဆုိေတာ့ က်ေနာ္တုိ႔ ဒီျပႆနာဟာ တျဖည္းျဖည္းနဲ႔ ႀကီးထြားလာရာကေန ဘဂၤလာေဒ့ရွ္ကုိယ္တုိင္ကလည္း အစၥလာမ္ႏုိင္ငံေတြရဲ့ ပံ့ပုိးကူညီမႈကုိရတယ္။ အဲေတာ့ ႀကီးထြားလာရာကေန ဘာျဖစ္လာလဲဆုိေတာ့ ဒီျပႆနာကုိ ျမန္မာႏုိင္ငံဘက္ျခမ္းကုိပဲ ပုံခ်ေနၾကတယ္။ အမွန္က ဒီျပႆနာဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံက တာ၀န္ယူရမယ့္ကိစၥျဖစ္ပါတယ္။ ”

ဆုိေတာ့ အန္ကယ့္အေနနဲ႔က အခု ဆက္ၿပီးျဖစ္ေနတဲ့ ဒီျပႆနာ ျမန္မာႏုိင္ငံမွာပဲ ေမြးပြားလာတဲ့ အဲဒီလူမ်ဳိးေတြကလည္း ဘဂၤလားေဒ့ရွ္ကုိ ပုိ႔မယ္ဆုိတဲ့သေဘာလား။

“အဲဒါက က်ေနာ္သတ္မွတ္ထားတာမဟုတ္ပါဘူး။ ဒါဥပေဒအရပဲ သတ္မွတ္ရမွာပဲျဖစ္ပါတယ္။ ၈၂ ဥပေဒက ဘယ္လုိသတ္မွတ္ထားသလဲ၊ အဲဒီအတုိင္းပဲ သတ္မွတ္ရမယ္။ တကယ္လုိ႔ ဒီလူေတြက ဘဂၤလားေဒ့ရွ္က လာတာျဖစ္ေနလား။ လာတာျဖစ္ေနတယ္ဆုိရင္ အဲဒီဘက္ကုိျပန္ရမွာျဖစ္တယ္။”

လူသားခ်င္းစာနာမႈအရ ၾကည့္မယ္ဆုိရင္ေကာ ဘယ္လုိမ်ဳိး လုပ္ေဆာင္လုိ႔ရမယ့္ အေနအထားမ်ဳိးရွိလဲ။

“က်ေနာ္တုိ႔ အဲဒီ ႏုိင္ငံမဲ့ျဖစ္သြားတဲ့လူေတြ နည္းႏုိင္သမွ်နည္းေအာင္ ႏုိင္ငံတကာက စာခ်ဳပ္စာတန္း ေတြ ေရးဆြဲၿပီးေတာ့ သေဘာတူညီခ်က္ေတြ ေရးဆြဲၿပီးေတာ့ လက္မွတ္ထုိးၾကတာေတြရွိပါတယ္။ အဲဒီထဲမွာ က်ေနာ္အေသအခ်ာ သိသေလာက္ ျမန္မာႏုိင္ငံေတာ့ မပါဘူးထင္ပါတယ္။ ေသခ်ာတာကေတာ့ အေမရိကန္လုိ ဒီမုိကေရစီႏုိင္ငံႀကီးေတြေတာင္မပါေသးပါဘူး။ ဘာေၾကာင့္မပါရလဲဆုိေတာ့ ကံမေကာင္းအေၾကာင္းမလွလုိ႔ ႏုိင္ငံမဲ့ျဖစ္သြားရတဲ့သူေတြကုိ ႏုိင္ငံေတြက မွ်ေ၀ၿပီးေတာ့ တာ၀န္ထမ္းရမယ့္ သေဘာရွိတယ္။ ဒါေပမယ့္ အင္အားႀကီးတဲ့ႏုိင္ငံႀကီေတြေတာင္မွ ဒါကုိမခံခ်င္လုိ႔ လက္မွတ္မထုိးတာ က်ေနာ္တုိ႔လုိ အင္အားနည္းတဲ့ႏုိင္ငံက ပုိလုိ႔တာ၀န္မခံခ်င္တာေပါ့။ ဒါဟာ တကယ္ေတာ့ ႏုိင္ငံတကာက မွ်ေ၀ၿပီးေတာ့ ဒီျပႆနာကုိ နည္းလမ္းမွ်တစြာ က်နစြာ တႏုိင္ငံတည္းကုိ အျပစ္ပုန္မခ်ဘဲနဲ႔ ေျဖရွင္းရမွာျဖစ္ပါတယ္။ အဲဒီနည္းလမ္းကုိပဲ ရွာရမွာျဖစ္ပါတယ္။”

ႏုိင္ငံတကာက မွ်ေ၀ရမယ္ဆုိရင္ေတာ့အခုနက ေျပာတဲ့ ကုိဖီအာနန္ပါ၀င္တဲ့ ေကာ္မရွင္ ႏုိင္ငံတကာကအသုိင္းအ၀ုိင္းကေန ပါ၀င္တာက မေကာင္းဘူးလား။

“အဲဒီဥစၥာကေတာ့ ေနာက္တဆင့္မွ လာရမွာေပါ့။ ဒီကိစၥက်ေနာ္တုိ႔ ပထမကိစၥက ဘာလဲဆုိေတာ့ ဒီကိစၥဟာ က်ေနာ္တုိ႔ ဘယ္မွာ ခုိင္ခုိင္ျမဲျမဲ ေျခေထာက္ကုိနင္းထားရမလဲဆုိေတာ့ ငါတုိ႔ ဥပေဒအတုိင္း သတ္မွတ္တဲ့လူဟာ ႏုိင္ငံသားျဖစ္တယ္။ က်န္တဲ့သူအျပင္ဘက္ဟာ ႏုိင္ငံျခားသားျဖစ္တယ္ဆုိတဲ့ ေဘာင္ကေန ခ်ထားရမွာျဖစ္ပါတယ္။ အဲဒီဟာကုိ အေျခခံၿပီးခါမွ ႏုိင္ငံအဆင့္၊ ႏုိင္ငံ အႀကီးအကဲေတြ ကေန ပုိၿပီးေတာ့ ကုိင္စြဲထားရမယ့္ လမ္းဆက္ၿပီးေဆြးေႏြးရမွာျဖစ္ပါတယ္။ အဲဒါကုိ မကုိင္စြဲဘဲနဲ႔ ဟုိပထမ အစကတည္းက ေျပာလာကတည္းက ႏွစ္ဖက္ျပည္သူေတြလုိ႔ ေျပာကတည္းက က်ေနာ္တုိ႔ စ႐ႈံးေနၿပီ။ အဲလုိမ်ဳိးမေျပာရဘူး။ အဲလုိမ်ဳိးမေျပာဘဲနဲ႔ ခုိင္ခုိင္မာမာ ငါတုိ႔ရဲ့ ႏုိင္ငံသားျဖစ္သင့္တဲ့လူျဖစ္မယ္။ မျဖစ္သင့္တဲ့လူမျဖစ္ဘူး။ အဲဒီအခ်က္ကုိ ခုိင္ခုိင္မာမာကုိင္ၿပီးမွ ဟုိးအထက္ဆုံးအဆင့္ကေန ႏုိင္ငံေတာ္အႀကီးအကဲအဆင့္ကေန ႏုိင္ငံတကာကုိ ဆက္ဆံတဲ့အဆင့္ကုိသြားရမယ္။ ဟုိေအာက္ေျခ ျပႆနာရဲ့အေသးစိတ္ကုိ စၿပီးကုိင္တဲ့ အဆင့္ကေန ႏွစ္ဖက္ျပည္သူေတြ၊ အဲလုိမ်ဳိး အသုံးအနႈန္းနဲ႔စရင္ က်ေနာ္တုိ႔တုိင္းျပည္ ငါးပါးေမွာက္သြားမွာျဖစ္ပါတယ္။ ”

( DVB မွ ေနာ္ႏိုရင္း ေမးျမန္းေရးသားသည္)

မူရင္းလင့္ ။

http://burmese.dvb.no/archives/168481

[ Unicode version here ]

နှစ်ဖက်ပြည်သူတွေလို့ ပြောကတည်းက ကျနော်တို့ စရှုံးနေပြီ – ဦးကျော်ဇောဦး

By နော်နိုရင်း / 16 September 2016 / DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပေါ် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ အရေးကြီးအဆိုကို ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်က စစ်တွေမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး တင်သွင်းခဲ့တဲ့ အဆိုကို စက်တင်ဘာလ ၁၄ ရက်နေ့ လွှတ်တော်ထဲ ကိုယ်စားလှယ် ၁၄ ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီအဆိုကို တင်သွင်းရတာနဲ့ပတ်သက်လို့ အဆိုတင်သွင်းသူ ဦးကျော်ဇောဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အသိအမှတ်မပြုဖို့အဆိုကို ဘာကြောင့် တင်သွင်းရတာလဲ။

“ကျနော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ရောက်နေတဲ့ စစ်တကောင်းသား ဘဂါင်္လီတွေကိစ္စက အဓိကကတော့ လူဝင်မှုကြီးကြပ်ရေးပြဿနာလို့ ကျနော်တို့က သတ်မှတ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးပြသနာဟာ တနည်းတဖုံပြောရမယ်ဆိုရင်တော့ နိုင်ငံသားတယောက်ကို သူ့ကို နိုင်ငံသားပေး ပေးမပေးဆိုတာ အဲဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါကို နိုင်ငံတကာ ပြဿနာမဟုတ်ဘဲနဲ့ ပြည်တွင်းရေးပြဿနာဖြစ်တယ်။ ဒါကို နိုင်ငံတကာပြဿနာအဆင့် ရောက်အောင်ကို စွဲတင်နေကြတဲ့ အင်အားစုတွေရှိတယ်။ အခု မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တခုက ဒီကိစ္စကို လေ့လာသုံးသတ်ပြီး အကြံပေးမယ်ဆိုတဲ့ အခါကျတော့ ကျနော်တို့ဒီကိစ္စက နိုင်ငံတကာကို စွဲတင်လိုက်တဲ့ သဘောဖြစ်ပြီးတော့ အပြင်ကနေပြီးတော့ ဝင်ရောက်စွဲဖက်ပြောဆိုနိုင်တဲ့ အခြေအနေ ပိုသာလာတာပေါ့နော်။ အဲဒါအပြင် တခြားအကြောင်းတွေလည်း အများကြီးရှိတာပေါ့နော်။ ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်လူထုရဲ့သဘောထား၊ ရခိုင်လူထုရဲ့ သဘောတူညီချက်ကို ကြိုတင်မယူဘဲနဲ့၊ ဘာမှမပြောဘဲနဲ ဒီအကြံပေးကော်မရှင်ကို ဖွဲ့တာ။ နောက်ပြီးတော့ အကြံပေးကော်မရှင်ကို ဖွဲ့ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံဆိုင်ရာ ဥပဒေရှိတယ်။ အဲဒီဥပဒေကလည်း အဲလိုမျိုးနိုင်ငံတော် အဆင့်ဆိုင်ရာ ကေ်ာမရှင်တခုကို ဖွဲ့စည်းဖို့ ခွင့်ပြုပြဋ္ဌာန်းပေးထားတာလည်းမရှိဘူး။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနဆိုတာကလည်း ဝန်ကြီးဌာနတခုပဲဖြစ်တယ်။ နိုင်ငံတော်သမ္မတကမှ ဒီလိုမျိုးကော်မရှင်ကို ဖွဲ့စည်းခွင့်ရှိတာပေါ့နော်။ ဒီလိုမျိုး ဥပဒေကို ကျော်ပြီးလုပ်ထား တာဖြစ်တဲ့အတွက် ဒီကော်မရှင်ကတော့ သူ့တရား ဥပဒေအရ ဆိုရင်တော့ ဖွဲ့စည်းစဉ်ကတည်း က စလို့ ပျက်ပြယ်ပြီးဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ တရားဝင်မှုမရှိဘူး။
“ကျနော်တို့ပြောမယ်ဆိုရင် ဒီကော်မရှင်လည်ပတ်ဖို့ ရန်ပုံငွေတွေကို ဘယ်က ရသလဲ။ နိုင်ငံတော် ဘတ်ဂျက်က ချပေးတယ်ဆိုရင်လည်း ဘဏ္ဍငွေရယူမှု ဘဏ္ဍငွေချပေးမှုဟာ နည်းလမ်းတကျ ရှိရဲ့လား ကျနော်တို့ ဘာမှမသိရဘူး။ ပြင်ပက အကူအညီပေးတယ်ဆိုရင်လည်း စေတနာရိုးနဲ့ ပေးတဲ့အကူအညီ ဟုတ်မဟုတ်၊ သူတို့လိုချင်တဲ့ ရလဒ်တခုကို ရအောင်တွန်းတဲ့ အုပ်စုကနေပြီးတော့ ပေးတာများ ဖြစ်နေမလား အဲဒါတွေကိုလည်း ကျနော်တို့ သုံးသပ်ဖို့လိုတယ်။

“နောက်တခု ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်း တရပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြကို နိုင်ငံခြားသား ဦးဆောင်တဲ့ ကော်မရှင်မှာ ရိုးရိုးအဖွဲ့ဝင်အနေနဲ့ ထည့်ထားတာပေါ့နော်။ ဒါက Protocol နဲ့ ညီမညီဆိုတာ စဉ်းစားစရာရှိပါတယ်။ ဒါ့အပြင် အဲဒီသုံးဦးထဲမှာ ကျနော်တို့ ဒုတိယတဦးဖြစ်တဲ့ မစ္စတာဂါဆန် ဆလမ်ရဲ့အလုပ်အကိုင်မှာ ကျနော်တို့ ရခိုင်ပြည်နယ်ထဲက ကိစ္စတွေနဲ့ပတ်သက်လို့ ဘက်လိုက်မှု ကင်းမကင်းဆိုတာကလည်း သံသယ ဖြစ်ဖွယ်ရှိပါတယ်။ သူက International crisis group ဘုတ်အဖွဲရဲ့ ဒုဥက္ကဋ္ဌဖြစ်တယ်ဆိုတာရယ် နောက်သူက Open Society Institute မှာလည်း ဘုတ်အဖွဲ့ဝင်အနေနဲ့ ပါတယ်လို့ ကျနော်တို့ သိထားတာပေါ့နော်။ ICG ဆိုတာ ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ စစ်တကောင်းသား ဘဂါင်္လီတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာရေးဖူးတယ်။ ဘက်လိုက်ပြီးတော့ ရေးထားတဲ့ အစီရင်ခံစာလို့ ကျနော်တို့ မြင်ရတယ်။ Open Society Institute ကလည်း ရခိုင်ပြည်နယ်ရောက် ဘင်္ဂါလီတွေနဲ့ပတ်သက်ရင် အဲဒီဘက်က လိုက်တဲ့ပြောဆိုရေးသားမှုတွေ မြင်ရတဲ့အဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ စစ်တကောင်းသား ဘင်္ဂါလီတွေရဲ့ ပြဿနာမှာ နိုင်ငံခြားသားတွေရဲ့ ကြားနေမှုကို ကျနော်တို့ လိုတာမဟုတ်ဘူး။ ဒီမှာ မှန်ကန်တဲ့ဘက်က မှန်တဲ့အတိုင်း ရပ်တည်ဖို့ကို လိုအပ်တာဖြစ်ပါတယ်။ အခုက အဲဒီကော်မရှင်ကို နိုင်ငံခြားသား ဦးဆောင်ရုံမကဘူး ဦးဆောင်နေတဲ့ ပုဂ္ဂိုလ် မစ္စတာကိုဖီအာနန်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲတွေဘာတွေမှာ လူမျိုးတွေ ခေါ်ဝေါ်တဲ့နာမည်ကို ပြောဆိုခေါ်ဝေါ်သုံးစွဲတယ်ဆိုတာ ပြဿနာကို ပိုမိုကြီးထွားလာအောင် လုပ်နေရာ ရောက်ပါတယ်။ ဒီကော်မရှင်ရဲ့ သုံးသပ်ချက်အကြံပေးချက်တွေ ဘယ်လိုထွက်လာမလဲဆိုတာ ကျနော်တို့ မသိသေးဘူး။ ဒါပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒါကို ပြည်သူ့လွှတ်တော်မှာတော့ ဆွေးနွေးဆုံးဖြတ်ထားတာတော့ရှိပါတယ်။ ဒါပေမယ့် ဒီကော်မရှင်နဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ဘယ်လိုများ လုပ်နိုင်မလဲ၊ ဆိုးကျိုးတွေကို အကောင်းဆုံး တားဆီးနိုင်တဲ့ နည်းလမ်းတခု၊ ဆုံးဖြတ်ချက်တခု ရှိမယ်ဆိုပြီးတော့ ဝိုင်းဝန်စဉ်းစားပြီးတော့ ဒီဟာကို ဖွဲ့စည်းတာက ဗဟိုအစိုးရရဲ့ ဝန်ကြီးဌာနက ဖွဲ့စည်းတယ်။ ကျနော်တို့က ဖျက်ပါဆိုလည်း ဖျက်ချင်မှဖျက်မယ့်သဘောတော့ရှိတာပေါ့။ အဲတော့ ကျနော်တို့ ရပ်တည်ပြောဆိုရင်တာကတော့ ဒီဖွဲ့စည်းမှုဟာ ဒေသခံရခိုင်လူမျိုးတွေကို မတိုင်ဘဲ ဖွဲ့တာ။ အဓိက အဲဒါ အရမ်းအရေးကြီးတဲ့အချက်။ ဒုတိယအချက်က လက်ရှိတည်ဆဲဥပဒေကို ကျော်လွန်ပြီး ဖွဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ စဖွဲ့ကတည်းက သူဟာ ဥပဒေအရ ပျက်ပြယ်ပြီးသားဖြစ်တယ်။ အဲတော့ အကောင်းဆုံးက ဒီကော်မရှင်ရဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကို ကာကွယ်တားဆီဖို့ကတော့ အကောင်းဆုံးကတော့ ဒီကော်မရှင်ကို ဖျက်သိမ်းလိုက်တာ အကောင်းဆုံးပါပဲ။ ကျနော်တို့ ဖျက်ဆို လည်း ဖျက်ချင်မှဖျက်မှာပေါ့။ ကျနော်တို့ သဘောထားကတော့ ဖျက်သည်ဖြစ်စေ၊ မဖျက် သည်ဖြစ်စေ ဒီကော်မရှင်ရဲ့ ဖွဲ့စည်းဖြစ်တည်မှုနဲ့ သူရဲ့လုပ်ဆောင်မှုတွေ၊လုပ်ဆောင်ချက်တွေအားလုံးကို ကျနော်တို့ အသိအမှတ်မပြုဘူးဆိုတဲ့ ရပ်တည်ချက်ကနေ ရပ်တည်မယ်။ ဒါဟာ ကျနော်တို့မဲ့ဆန္ဒရှင်တွေအားလုံးရဲ့ ပြောပိုင်ခွင့်ပေါနော်။ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားဖော်ပြခွင့်ရှိတယ်။ ဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မဲဆန္ဒနယ်များစွာထဲက မဲဆန္ဒရှင်တွေဟာ ကျနော် တို့နဲ့ သတဘောတည်းရှိပါတယ်။ ဒီသဘောကိုပဲပြောကြပါတယ်။ ဒီကော်မရှင်ကို ဖျက်သိမ်းပေးဖို့၊ အသိ အမှတ်မပြုဖို့ဆိုတဲ့ဥစ္စာကို တဦးချင်းပြောတာတွေအများကြီးရှိတယ်။ ဆိုတော့ အဲလိုမျိုး တဦးချင်း ပြောမယ့်အစား အဲဒီလူတွေကို စုပေါင်းကိုယ်စားပြု စကားပြောခွင့်ရတဲ့ ပြည်နယ်လွတ်တော်အမတ်တွေ စုပြီးတော့ ဆုံးဖြတ်ချက် ချပြီးတော့ ဒီကော်မရှင်ကို အသိအမှတ်မပြုပါဘူး ဆိုတဲ့ ဆုံးဖြတ်ချက် မျိုး ချသင့်တယ်လို့ ကျနော်တို့ုတိုင်ပင်ပြီးတော့ ဒီအဆိုကို တင်သွင်းရတာဖြစ်ပါတယ်။”

ဒီအဆိုအောင်လို့အတည်ပြုထားပြီဆိုတော့ ဘာဆက်ဖြစ်မလဲ။

“ကျနော်တို့က အသိအမှတ်မပြုဘူးဆိုတဲ့ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အခါ အဲဒီအသိအမှတ်မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ပြဿနာမှာ တိုက်ရိုက်ပတ်သက်နေတဲ့လူတွေရဲ့ သဘောထားဖြစ်ပါတယ်။ အဲဒီလူတွေရဲ့သဘောထားက ငါတို့က မင်းတို့ ပြောတာကို ဘာမှမမှတ်ယူဘူး၊ အသိအမှတ်မပြုဘူးလို့ပြောလိုက်တဲ့အခါ အဲဒီပြောဆိုမှု အကြံပေးမှုတွေရဲ့ တရားဝင်ဖြစ်မှုတွေဟာ တန်ဖိုးများစွာ လျော့ကျစေပါတယ်။ အဲတော့ ဒီဆုံးဖြတ်ချက်ဟာ ဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော် သမ္မတဆီသွားပြီး ပယ်ဖျက်ဖို့ လုပ်ပေးပါဆိုတဲအနေနဲ့ သွားမှာမဟုတ်ဘူး။ ဒါပေမယ့်ဒီကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ပြည်သူ၊ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်က ဒီလို သဘောထားရှိတယ်ဆိုတာ Moral အရ ကျနော်တို့ အင်မတန်မှ အားရှိပါတယ်။ ဟိုဘက်က ဆုံးဖြတ်ချက်တွေက ကျနော်တို့ကို မည်မျှပင်အနိုင်ကျင့်ပြီး လုပ်စေကာမူ ဒါဟာ အနိုင်ကျင့်မှုဖြစ်တယ်ဆိုတာ ပေါ်လွင်သွားပါလိမ့်မယ်။ ဒါဟာ နိုင်ငံရေးအရ အဓိပ္ပာယ်၊ သမိုင်းအရ အဓိပ္ပာယ် အများကြီးရှိပါတယ်။ ဒါဟာ နောင်အခါမှာဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုလည်း ကျနော်တို့ ပြန်ပြီး တွန်းလှန်တဲ့နေရာမှာ အင်အားတခုအနေနဲ့ သက်ရောက်ပါလိမ့်မယ်။ ”

ဒီကော်မရှင်မဖွဲ့ခင်ကတည်းက ရခိုင်ပြည်နယ်က လူထုကို သွားပြီးတွေ့ဆုံဆွေးနွေးခဲ့တယ်၊ ဖွဲ့မယ်ဆိုတဲ့အကြောင်းလည်းအကြောင်းကြားတာရှိလို့ ကော်မရှင်အဖွဲ့ဝင်တယောက်က ပြောပါတယ်။ နောက်ဒီကော်မရှင်ကလည်း အကြံပေးရုံသက်သက်ပါ။ ယူတာမယူတာက မြန်မာပြည်သူတွေရဲ့ သဘောထားလို့ ပြောပါတယ်။ ဆိုတော့ အန်ကယ်တို့ မသိရဘူးလား ဒီကိစ္စအပေါ်။

“ပြီးခဲ့တဲ့လက စစ်တွေကိုရောက်တယ်ဗျာ။ အရပ်ဘက်လူ့အဖွဲ့အစည်း ဘာညာတွေဖိတ်တယ်။ စစ်တွေမြို့နယ်က ဦးဥတ္တမ ခန်းမမှာ ကျနော့်ကိုလညး် မဖိတ်ဘူး။ အဲဒီလူတွေကို ဖိတ်ပြီးတော့ ဖွဲ့ဖို့လုပ်ထားပြီဆိုတာ ပြောတယ်။ အဲဒါကို ကျနော်က သတင်းမှာတွေ့မှသိရတယ်။ ဖွဲ့ဖို့လုပ်ထား ပြီဆိုတော့ အဲဒီမှာ ငုတ်တုတ်ထိုင်ပြီး နားထောင်တဲ့လူတွေက ဘာပြောကြမှာလဲ။ အဲဒါက ဆွေးနွေးတာလည်းမဟုတ်ဘူး။ တိုင်ပင်တာလည်းမဟုတ်ဘူး။ အဲဒါက ငါတို့လုပ်ထားပြီဆိုတာ ပြောတာဖြစ်တယ်။ အဲဒါကိုပြည်သူလူထုနဲ့ တိုင်ပင်တယ်လို့ ပြောလို့မရဘူး။ ပြည်သူလူထုက စနစ်တကျ ရွေးချယ်ထားတဲ့ သူ့ကိုယ်စားလှယ်တွေရှိတယ်။ သူ့ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ရမယ်။ သူ့ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်တာမဟုတ်ဘဲ လူတစုကို လက်ဖက်ရည်သောက်ဖို့လိုလို ဘာလိုလုပ်ပြီးတနေရာရာမှာ စုပြီး ငါတို့ဖွဲ့ဖို့ လုပ်ထားပြီလို့ ပြောတာဟာ လူထုကို တိုင်ပင်တာမဟုတ်ဘူး။ ”

ဒီကော်မရှင်က ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့အသံကိုနားထောင်ဖို့၊ ရခိုင်ပြည်နယ်က နှစ်ဖက်ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး အကြံပေးဖို့ပဲ။ ဆုံးဖြတ်ပိုင်ခွင့်က မြန်မာပြည် သူပြည်သားတွေရဲ့ လက်ထဲမှာပဲရှိတယ်လို့ ပြောပါတယ်။ လွတ်လပ်တဲ့ကော်မရှင်ဖြစ်တယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီကေ်ာမရှင်က သူတို့ လုပ်မယ့်အရာတခုအပေါ်မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိတယ်ဆိုရင်ကော ကော်မရှင်လုံးဝမရှိသင့်ဘူးလား။

“ကျနော်ပြောမယ်။ ရှုမြင်တဲ့ရှုထောင့်က စပြီးတော့လွဲနေပြီ။ သူတို့က ပြောတယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေနဲ့သွားတွေ့ပြီးတော နှစ်ဖက်လူတွေနဲ့သွားတွေ့ပြီးတော သုံးသပ်ချက်လေး ပေးမယ်ဆိုတာပေါ့နော်။ အဲတော့ နှစ်ဖက်ပြည်သူ၊ ရခိုင်ပြည်သူတွေဆိုတာ ဘယ်သူတွေတုန်း။ အဲဒီကတည်းကစပြီးတော့ ကျနော်တို့ရခိုင်ပြည်နယ်မှာနေလာတဲ့ တိုင်းရင်းသား၊ နိုင်ငံသား မဲဆန္ဒရှင်၊ ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်သုံးထောင်လေးထောင်နေလာခဲ့တဲ့ လူတွေတဖွဲ့ရှိတယ်။ နောက်တအုပ်စုက ဘာရှိလဲဆိုတော့ ဟိုဘက်ကလာပြီးတော့ နိုင်ငံသား ဟုတ်မှန်းမဟုတ်မှန်း မသိတဲ့တဖွဲ့ရှိတယ်။ အဲဒီတဖွဲ့က လဝက ဥပဒေအရ၊ နိုင်ငံသားဥပဒေအရ စိစစ်ခြင်းကို ခံရပြီးမှ နိုင်ငံသား ဟုတ်မဟုတ်ကို သိရမယ့်ဥစ္စာ ဒါဟာ ဒီဘက်က အသေအချာ ရပ်တည်ထားတဲ့ဥစ္စာ။ အဲဒီရပ်တည်ထားတဲ့ဥစ္စာကို အဲဒီအတိုင်းရပ်မနေဘဲ အဲဒီနှစ်အုပ်စုကိုရောပြီးတော့ ပြည်သူလို့စပြီးပြောတယ်။ အဲလိုပြောကတည်းက စလို့မှားနေပြီ။ အဲလိုစပြောကတည်းက ဟိုဘက်က လိုက်နေရာကျတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ လေးငါးခြောက် နှစ်ကတည်းက စပြီး ပြောလာခဲ့တဲ့စကားပါ။ ဒီပြဿနာကို ဒီနယ်မြေမှာနှစ်ပေါင်း တထောင်နှစ်ထောင်နေလာခဲ့တဲ့ ဒီဒေသခံ တိုင်းရင်းသား နိုင်ငံသား မဲဆန္ဒရှင်တွေရဲ့ အသိုင်းအဝိုင်းလူမျိုးတွေရဲ့ သဘောထားကို အခြေမခံဘဲနဲ့ လုပ်လို့ ဘယ်တောမှ ဒီပြဿနာဟာ ပြေလည်မှာမဟုတ်ဘူး။ ရခိုင်လူမျိုးတွေ ဒေသခံလူမျိုးတွေ လက်မခံနိုင်တဲ့ အခြေအနေလာလုပ်နေရင် ပြဿနာကို ပိုကြီးထွားအောင်လာလုပ်ရာပဲကျပါတယ်။ ”

ရခိုင်ပြည်တည်ငြိမ်အေးချမ်းမှုတွေကို အရင်ကတည်းက ကြိုးစားလာခဲ့တယ်။ဒါပေမယ့် ပြဿနာတွေက ဆက်ပြီးတော့ ဖြစ်နေတယ်။ ဆိုတော့ အဲဒီကော်မရှင်ရဲ့ကြံပေးချက်တွေက ရခိုင်အသိုင်းအဝိုင်းနဲ့ မွတ်စလင်အသိုင်းအဝိုင်းအကြား တစုံတရာအဖြေပေးမသွားနိုင်ဘူးလား။

“ပြဿနာရဲ့ အဖြေက ရှင်းရှင်းလေးပါ။ ဒီကပြည်သူလူထုတရပ်လုံးကလည်း အရင်ကတည်းက ရှင်းရှင်းလေးကို ပြောထားပြီးသားပါ။ ဒီမှာ အိမ်ရှင်ရှိတယ်။ နောက်တအုပ်စုက သူခိုးအုပ်စုရှိတယ်။ အိမ်ရှင်နဲ့ သူခိုးပြဿနာဖြစ်တာကို ကျနော်တို့က ကြားကနေ ပြေပြေလည်လည်ဖြစ်စေချင်ပါတယ်လို့ လာပြောနေရင် လာပြောနေတဲ့ဟာက ဘယ်တော့မှ ပြေလည်မှာမဟုတ်ဘူး။ ဒီပြဿနာကိုပြေလည်ဖို့က အိမ်ရှင်ရဲ့အခွင့်အရေးကို အဲဒီအခွင့်အရေးအတိုင်း သတ်သတ်မှတ်မှတ် လုပ်ပေးနိုင်တဲ့အချိန်ကျမှ ပြေလည်မှာဖြစ်ပါတယ်။ ကျနော်တို့ ပြေလည်စေချင်ပါတယ်လို့ သူခိုးနဲ့နီးစပ်တဲ့လူနဲ့ သူခိုးရဲ့ဆွေးမျိုးသားချင်းတွေ တက်လာပြီးတော့ အိမ်ရှင်နဲ့ သူခိုးကြားမှာလာပြီးတော့ ညှိနှိုင်းပေးမယ်ဆိုတာ ဘယ်တောမှ ပြေလည်မှာမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပြောခဲ့တဲ့ဥစ္စာက ဒါဟာ လူဝင်မှုကြည့်ကြပ်ရေး ပြဿနာဖြစ်တယ်။ လူဝင်မှုကြည့်ကြပ်ရေး ပြဿနာကို လူဝင်မှုကြည့်ကြပ်ရေး ပြဿနာအတိုင်း သတ်သတ်မှတ်မှတ် အသေအချာ ဖြေရှင်းပါ။ လူဝင်မှုကြည့်ကြပ်ရေးနဲ့ ဖြေရှင်းရတဲ့ အုပ်စုတအုပ်စုကို အိမ်ရှင်နဲ့တန်းတူထားပြီး ဒီနှစ်အုပ်စုလို့ မပြောပါနဲ့။ ဒီနှစ်အုပ်စုက တန်းတူမဟုတ်ဘူး။ ဒီနှစ်အုပ်စုရဲ့ ရပိုင်ခွင့်တွေက တန်းတူမဟုတ်ဘူး။ ပြဿနာက ဘယ်တော့မှ ပြေလည်မလဲဆိုတော့ အဲဒီခိုးဝင်လာတဲ့ အုပ်စုကို လဝက ဥပဒေနဲ့ အသေအချာ စိစစ်ပြီး ဆောင်ရွက်နိုင်တဲ့နေ့ကျမှ ပြေလည်မှာဖြစ်ပါတယ်။ ”
သူတို့တွေက နှစ်ပေါင်းများစွာကတည်းက ဝင်လာတယ်။ နောက် မြန်မာနိုင်ငံမှာပဲ မွေးဖွားလာတဲ့သူတွေဖြစ်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာမွေးဖွားတဲ့သူကို မြန်မာနိုင်ငံသား ပေးလို့ရလား။

“မြန်မာနိုင်ငံမှာ မွေးဖွားတိုင်း မြန်မာနိုင်ငံသား ပေးလို့မရပါဘူး။ အဲဒါ ၁၉၈၂ နိုင်ငံသားဥပဒေကို အသေအချာဖတ်ဖို့လိုပါတယ်။ ၁၉၈၂ ဥပဒေဟာ မြန်မာနိုင်ငံမှာ မွေးဖွာတဲ့လူတချို့တဝက်နဲ့ မြန်မာနိုင်ငံက နိုင်ငံသားအခွင့်အရေးရပြီးသားလူတွေနဲ့ ပေါင်းဖက်လို့ရရှိတယ်ဆိုရင်တော့ တပိုင်းစဉ်းစားလို့ရပါတယ်။ အစဉ်အဆက် ဒီဘက်က နိုင်ငံသားဟုတ်တဲ့လူတွေနဲ့ သွေးမပါဘဲနဲ့ ဒီအတိုင်းပဲ မွေးလာလို့ နိုင်ငံသားဖြစ်စရာမရှိပါဘူး။ ၈၂ ဥပဒေကို သုံးသပ်ပြီးပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံသား ဖြစ်မှု ဥပေဒအများကြီးရှိတာပေါ့။ ၈၂ ဥပဒေက ဘာကို အဓိက ထားလဲဆိုတော့ သွေးမျိုးဆက်ကို အဓိကထားပါတယ်။ ဆင်းသက်လာသူရဲ့သွေးမျိုးဆက်ကို အခြေခံပြီးတော့ နိုင်ငံသား ပေးတာဖြစ်ပါတယ်။ အဲတော့ မွေးတိုင်းရမယ်မဟုတ်ပါဘူး။ အသေအချာ သူမှာ ပါတဲ့နည်းလမ်းအတိုင်း စိစစ်ပြီးမှ ရမှာဖြစ်ပါတယ်။ တချို့တဝက်လည်း ရနိုင်ချေရှိပါတယ်။”
သူ့တို့က နိုင်ငံသားလည်းမရဘူး။ ကျမတို့သိသလောက်ဆိုရင်လည်း မွေးဖွားနှုန်းကလည်း အရမ်းမြင့်နေတဲ့လူတွေလေ။ ဆိုတော့ သူတို့က ဘယ်မှာသွားနေရမှာလဲ။

“အဲဒါ နိုင်ငံရဲ့အင်အားနဲ့ ဆိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တဆယ်နှစ်ဆယ်လောက်က ဆိုရင်တော့ ပြောကြတယ်။ ဒါ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထမ်းဆောင်ရမယ့် တာဝန်လည်း အများကြီးပါ တယ်။ မြန်မာနိုင်ငံဟာ ကြားမှာတောက်လျှောက် နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်နေတဲ့အချိန်၊ လူ့အခွင့်အရေးကို ချိုးဖောက်တယ်၊ ဒီမိုကရေစီမဆန်ဘူးဆိုပြီးတော့ နိုင်ငံတကာမှာ မိတ်နည်းနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်က မိတ်တွေအများကြီးရှိတယ်။ လူတောတိုးတယ်ဆိုတော့ ကျနော်တို့ ဒီပြဿနာဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာရာကနေ ဘင်္ဂလာဒေ့ရှ်ကိုယ်တိုင်ကလည်း အစ္စလာမ်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုကိုရတယ်။ အဲတော့ ကြီးထွားလာရာကနေ ဘာဖြစ်လာလဲဆိုတော့ ဒီပြဿနာကို မြန်မာနိုင်ငံဘက်ခြမ်းကိုပဲ ပုံချနေကြတယ်။ အမှန်က ဒီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ယူရမယ့်ကိစ္စဖြစ်ပါတယ်။ ”

ဆိုတော့ အန်ကယ့်အနေနဲ့က အခု ဆက်ပြီးဖြစ်နေတဲ့ ဒီပြဿနာ မြန်မာနိုင်ငံမှာပဲ မွေးပွားလာတဲ့ အဲဒီလူမျိုးတွေကလည်း ဘင်္ဂလားဒေ့ရှ်ကို ပို့မယ်ဆိုတဲ့သဘောလား။

“အဲဒါက ကျနော်သတ်မှတ်ထားတာမဟုတ်ပါဘူး။ ဒါဥပဒေအရပဲ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ ၈၂ ဥပဒေက ဘယ်လိုသတ်မှတ်ထားသလဲ၊ အဲဒီအတိုင်းပဲ သတ်မှတ်ရမယ်။ တကယ်လို့ ဒီလူတွေက ဘင်္ဂလားဒေ့ရှ်က လာတာဖြစ်နေလား။ လာတာဖြစ်နေတယ်ဆိုရင် အဲဒီဘက်ကိုပြန်ရမှာဖြစ်တယ်။”

လူသားချင်းစာနာမှုအရ ကြည့်မယ်ဆိုရင်ကော ဘယ်လိုမျိုး လုပ်ဆောင်လို့ရမယ့် အနေအထားမျိုးရှိလဲ။

“ကျနော်တို့ အဲဒီ နိုင်ငံမဲ့ဖြစ်သွားတဲ့လူတွေ နည်းနိုင်သမျှနည်းအောင် နိုင်ငံတကာက စာချုပ်စာတန်း တွေ ရေးဆွဲပြီးတော့ သဘောတူညီချက်တွေ ရေးဆွဲပြီးတော့ လက်မှတ်ထိုးကြတာတွေရှိပါတယ်။ အဲဒီထဲမှာ ကျနော်အသေအချာ သိသလောက် မြန်မာနိုင်ငံတော့ မပါဘူးထင်ပါတယ်။ သေချာတာကတော့ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတွေတောင်မပါသေးပါဘူး။ ဘာကြောင့်မပါရလဲဆိုတော့ ကံမကောင်းအကြောင်းမလှလို့ နိုင်ငံမဲ့ဖြစ်သွားရတဲ့သူတွေကို နိုင်ငံတွေက မျှဝေပြီးတော့ တာဝန်ထမ်းရမယ့် သဘောရှိတယ်။ ဒါပေမယ့် အင်အားကြီးတဲ့နိုင်ငံကြီတွေတောင်မှ ဒါကိုမခံချင်လို့ လက်မှတ်မထိုးတာ ကျနော်တို့လို အင်အားနည်းတဲ့နိုင်ငံက ပိုလို့တာဝန်မခံချင်တာပေါ့။ ဒါဟာ တကယ်တော့ နိုင်ငံတကာက မျှဝေပြီးတော့ ဒီပြဿနာကို နည်းလမ်းမျှတစွာ ကျနစွာ တနိုင်ငံတည်းကို အပြစ်ပုန်မချဘဲနဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။ အဲဒီနည်းလမ်းကိုပဲ ရှာရမှာဖြစ်ပါတယ်။”

နိုင်ငံတကာက မျှဝေရမယ်ဆိုရင်တော့အခုနက ပြောတဲ့ ကိုဖီအာနန်ပါဝင်တဲ့ ကော်မရှင် နိုင်ငံတကာကအသိုင်းအဝိုင်းကနေ ပါဝင်တာက မကောင်းဘူးလား။

“အဲဒီဥစ္စာကတော့ နောက်တဆင့်မှ လာရမှာပေါ့။ ဒီကိစ္စကျနော်တို့ ပထမကိစ္စက ဘာလဲဆိုတော့ ဒီကိစ္စဟာ ကျနော်တို့ ဘယ်မှာ ခိုင်ခိုင်မြဲမြဲ ခြေထောက်ကိုနင်းထားရမလဲဆိုတော့ ငါတို့ ဥပဒေအတိုင်း သတ်မှတ်တဲ့လူဟာ နိုင်ငံသားဖြစ်တယ်။ ကျန်တဲ့သူအပြင်ဘက်ဟာ နိုင်ငံခြားသားဖြစ်တယ်ဆိုတဲ့ ဘောင်ကနေ ချထားရမှာဖြစ်ပါတယ်။ အဲဒီဟာကို အခြေခံပြီးခါမှ နိုင်ငံအဆင့်၊ နိုင်ငံ အကြီးအကဲတွေ ကနေ ပိုပြီးတော့ ကိုင်စွဲထားရမယ့် လမ်းဆက်ပြီးဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒါကို မကိုင်စွဲဘဲနဲ့ ဟိုပထမ အစကတည်းက ပြောလာကတည်းက နှစ်ဖက်ပြည်သူတွေလို့ ပြောကတည်းက ကျနော်တို့ စရှုံးနေပြီ။ အဲလိုမျိုးမပြောရဘူး။ အဲလိုမျိုးမပြောဘဲနဲ့ ခိုင်ခိုင်မာမာ ငါတို့ရဲ့ နိုင်ငံသားဖြစ်သင့်တဲ့လူဖြစ်မယ်။ မဖြစ်သင့်တဲ့လူမဖြစ်ဘူး။ အဲဒီအချက်ကို ခိုင်ခိုင်မာမာကိုင်ပြီးမှ ဟိုးအထက်ဆုံးအဆင့်ကနေ နိုင်ငံတော်အကြီးအကဲအဆင့်ကနေ နိုင်ငံတကာကို ဆက်ဆံတဲ့အဆင့်ကိုသွားရမယ်။ ဟိုအောက်ခြေ ပြဿနာရဲ့အသေးစိတ်ကို စပြီးကိုင်တဲ့ အဆင့်ကနေ နှစ်ဖက်ပြည်သူတွေ၊ အဲလိုမျိုး အသုံးအနှုန်းနဲ့စရင် ကျနော်တို့တိုင်းပြည် ငါးပါးမှောက်သွားမှာဖြစ်ပါတယ်။ ”

( DVB မှ နော်နိုရင်း မေးမြန်းရေးသားသည်)

မူရင်းလင့် ။
http://burmese.dvb.no/archives/168481

#Bengali

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s