ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ

[ Zawgyi Version here ] [ Unicode version below ]

ေခါင္းေလာင္းထိုးသံ ဘယ္သူ႔ထံ
**********************
By ေက်ာ္ေဇာဦး ၊ (၂၃/၀၉/၂၀၁၆)

၂၀၁၂-ခုႏွစ္ ၿပီးခဲ့တဲ့ေလးႏွစ္ေက်ာ္ကာလက ဂြၿမိဳ႕ရဲ႕ ၿမိဳ႕ခန္းမထဲမွာ ရခုိင္စာေရးဆရာ သံုးေယာက္နဲ႔ စာေပေဟာေျပာပြဲတစ္ခုလုပ္ခဲ့ပါတယ္။ ဆရာေတာ္ အသွ်င္ပညာစာရ၊ ကၽြန္ေတာ္ ေက်ာ္ေဇာဦး နဲ႔ ဆရာ ေမာင္လိႈင္(လမု) တို႔ ေဟာေျပာခဲ့ၾကပါတယ္။

စာေပေဟာေျပာပြဲည ၿပီးေတာ့ ေနာက္တစ္ေန႔ ေန႔လယ္စာကို ဂြၿမိဳ႕ျပင္တစ္ေနရာက အေ၀းေျပး လမ္း ေပၚမွာရွိတဲ့ အိမ္ဆိုင္ကေလးဖြင့္ထားတဲ့ အန္အယ္ဒီေခါင္းေဆာင္ ဦးညီပု (ယခု ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္) တို႔ မိသားစု ရဲ႕ အိမ္ကုပ္ကုပ္ ကေလးမွာ ရိုးရွင္းလွတဲ့ ရိုးရာ ထမင္းဟင္းအား အိမ္သား ေတြက ေမတၱာ ေစတနာ အျပည့္နဲ႔ ထည့္ခ်က္ထားတာကို စားခဲ့ၾကပါတယ္။ ကၽြန္ေတာ္တို႔အဖြဲ႕က ဆရာေမာင္လိႈင္(လမု) က (တစ္ခ်ိန္က)အန္အယ္ဒီ အမာခံေတြ ဆိုေတာ့ ဆရာေမာင္လိႈင္(လမု) ကို အေၾကာင္းျပဳၿပီး ထမင္းဖိတ္ေကၽြးတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ဆိုတဲ့လူက စကားနည္းသေလာက္ ဦးညီပုက ႏႈတ္ဆိတ္တတ္ပံုရေလေတာ့ ကၽြန္ေတာ္မွတ္မိသေလာက္ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေတာင္ မေျပာျဖစ္ခဲ့ဘူးေလလား လို႔ေတာင္ ထင္မိတယ္။ ၿပံဳးုျပ၊ ထမင္းကို လက္ေဆးစား၊ ေက်းဇူးတင္ပါတယ္လို႔ ႏႈတ္ဆက္ၿပီး ျပန္လာခဲ့တယ္ ထင္တာပါပဲ။ ဦးညီပုရဲ႕ ဇနီးနဲ႔ သမီးက ေဖာ္ေဖာ္ေရြေရြနဲ႔ လိုေလေသးမရွိေစရ ဧည့္ခံေကၽြးေမြးခဲ့ပါတယ္။

ဒီေနရာမွာ အဓိကေျပာခ်င္တာက အဲသည္အေၾကာင္းမဟုတ္ပါဘူး။ အဲသည္ စာေပေဟာေျပာပြဲမွာ ကၽြန္ေတာ္ ေျပာခဲ့တဲ့အေၾကာင္းအရာေတြထဲက တစ္ခုကို ထုတ္ႏႈတ္ ေျပာျပခ်င္တာျဖစ္ပါတယ္။

အဲသည္ ေဟာေျပာခ်က္ရဲ႕ တစ္ေနရာရာမွာ ရာဇ၀တ္ျပစ္မႈက်ဴးလြန္သူကို လူ႕အဖြဲ႕အစည္းက (ေၾကေအးမႈကို လက္မခံဘဲ) ဘာေၾကာင့္ တရားစြဲအေရးယူရသလဲ ဆိုတာကို အေၾကာင္း အလ်င္းသင့္လို႔ ထည့္ေျပာျဖစ္ခဲ့တယ္လို႔ မွတ္္မိပါတယ္။ တစ္ျခားအေၾကာင္းအရာ တစ္ခုကို ေျပာျပ ရင္းနဲ႔ အဲဒါကို ရွင္းရွင္းလင္းလင္း ေျပာျဖစ္ခဲ့ပါတယ္။

ဥပမာ ဆိုၾကပါစို႔။ လူတစ္ေယာက္ဟာ ေနာက္လူတစ္ေယာက္ကို သတ္လိုက္တယ္ ဆိုပါစို႔။ အဲသည္အခါမွာ အသတ္ခံရသူရဲ႕ မိသားစုက ၿပီးသြားတာ ၿပီးပါေစေတာ့ ငါတို႔သားေလးလည္း ျပန္ရွင္ လာေတာ့မွာ မဟုတ္ပါဘူး ဆိုၿပီး ေၾကေအးခ်င္တယ္ ဆိုတိုင္း ေၾကေအး လို႔ မရပါဘူး။ ျပစ္မႈ က်ဴးလြန္သူဟာ လူသတ္မႈကို က်ဴးလြန္ရံုမွ်မက မိမိတို႔ အသက္ရွင္ရာ လူ႔အဖြဲ႕အစည္းကိုလည္း ၿခိမ္းေျခာက္လိုက္တဲ့ လုပ္ရပ္ကို တစ္ၿပိဳင္တည္းလုပ္လိုက္ရာ ေရာက္ပါတယ္။ ဒီလူဟာ လူသတ္တာ သက္သက္ မဟုတ္ဘူး၊ . . . ငါတို႔အားလံုးကို မထီမဲ့ျမင္လုပ္လိုက္တာလည္း ျဖစ္တယ္၊ . . . ဒီလူကို ငါတို႔ အေရးမယူရင္ ငါတို႔အထဲက ေနာက္တစ္ေယာက္ေယာက္ ဒီလိုမ်ိဳးက်ဳးလြန္တာကို သူ႔လက္ခ်က္ နဲ႔ပဲ ျဖစ္ျဖစ္ သူ႔လိုလူလက္ခ်က္​နဲ႔ပဲျဖစ္ျဖစ္ ငါတို႔ခံလာရႏိုင္တယ္၊ . . . သူ႔ရဲ႕လူသတ္မႈဟာ ငါတို႔ အားလံုးကို ၿခိမ္းေျခာက္လိုက္တာပဲ ျဖစ္တယ္ . . . ဆိုၿပီးေတာ့ လူ႔အဖြဲ႕အစည္းက သေဘာထားပါ တယ္။ ဒါေၾကာင့္မို႔လို႔ ဒီလိုျပစ္မႈမ်ိဳးေတြမွာ က်ဴးလြန္ျခင္းခံရသူ (victim) ကိုယ္တိုင္ကပဲ ျဖစ္ျဖစ္ က်ဴးလြန္ျခင္းခံရသူရဲ႕ မိသားစုကပဲ ျဖစ္ျဖစ္ ေၾကေအးခ်င္တယ္ ဆိုတိုင္း လူ႔အဖြဲ႕အစည္းက ခြင့္လႊတ္လို႔မရပါဘူး။ လူတစ္ေယာက္ကို သတ္လိုက္တာဟာ လူ႔အဖြဲ႕အစည္းရဲ႕ က်ဴးလြန္သူရဲ႕ ေနာင္ ထပ္ဆင့္ က်ဴးလြန္လာႏိုင္ေျခ နဲ႔ အျခားသူမ်ားကလည္း အလြယ္တကူ က်ဴးလြန္လာနုိင္မယ့္ အလားအလာကို ေမွ်ာ္ေတြးၿပီး လူ႔အဖြဲ႔အစည္းအက်ိဳးအလို႔ငွာ မျဖစ္မေန အေရးယူဖို႔ရာ စြဲခ်က္တင္ တရားစြဲရပါတယ္။

ဒီလူသတ္မႈအတြက္ လူ႔အဖြဲ႕အစည္းရဲ႕ကိုယ္စား ႏိုင္ငံေတာ္ (the state) က တာ၀န္ယူ တရားစြဲရပါ တယ္။ ႏိုင္ငံေတာ္ရဲ႕ ကိုယ္စား ႏိုင္ငံရဲ႕အစိုးရ (the government) က တရားစြဲရတယ္။ အစိုးရက ထပ္ဆင့္ ခိုင္းေစတဲ့ တရားဥပေဒသက္ေရာက္ေစမႈ (law enforcement) ေဆာင္ရြက္ရာ အဖြဲ႕အစည္း တစ္ခုခု – ဥပမာ ရဲတပ္ဖြဲ႕၊ အဲသည္ ရဲတပ္ဖြဲ႕ကိုယ္စား ရြာက ရဲစခန္းမွဴး က တရားစြဲရတာ ျဖစ္ပါတယ္။ အဲသည္ တရားစြဲတဲ့ ရဲအရာရွိဟာ လူ႔အဖြဲ႕အစည္းကိုယ္စား ႏိုင္ငံကိုယ္စား ျပစ္မႈက်ဴးလြန္သူကို တရားစြဲရတာ ျဖစ္ပါတယ္။

လူတစ္ေယာက္ကို သတ္လိုက္တာဟာ လူအဖြဲ႕အစည္းရဲ႕ အစိတ္အပိုင္းတစ္ရပ္ကို သတ္လိုက္ တာျဖစ္တဲ့အတြက္ (အဲသည္လူ တစ္ဦးတည္းကိုသာမက လူ႕အဖြဲ႕အစည္းအေပၚ က်ဴးလြန္ရာ ေရာက္ တဲ့အတြက္ ၊ တစ္နည္းအားျဖင့္ လူ႔အဖြဲ႕အစည္းကိုလည္း သတ္ရာေရာက္တဲ့ အတြက္) ေၾကေအး ေျပၿငိမ္း အမႈရုပ္သိမ္းလို႔ မရႏိုင္ပါဘူး။ လူသတ္မႈနဲ႔ အျခား အမႈႀကီးေတြမွာ ေၾကေအးေျပၿငိမ္း အမႈ ရုပ္သိမ္းလို႔ မရတာဟာ ဒီအေျခခံအေတြးအေခၚ (concept) နဲ႔ တည္ေဆာက္ ထားတဲ့ စနစ္ျဖစ္ပါ တယ္။

ဒီသေဘာကို ၂၀၁၂ ဂြၿမိဳ႕ စာေပေဟာေျပာပြဲ မွာ ကၽြန္ေတာ္ေျပာျဖစ္ခဲ့ပါတယ္။

ဒီကေန႔ ျဖစ္ပ်က္ေနတဲ့ အင္း၀အပ္ခ်ဳပ္ဆိုင္ကိစၥမွာ ေကာ့မွဴးၿမိဳ႕နယ္က (ကရင္လား ဗမာလား မသိ ရတဲ့) လူမမယ္မိန္းကေလးႏွစ္ဦး ကၽြန္ျပဳႏွိပ္စက္ခံရတဲ့အခါ ကၽြန္ေတာ္အပါအ၀င္ လူ႕အဖြဲ႕အစည္း တစ္ရပ္လံုးရဲ႕ ႏွလံုးသားမွာ နာက်င္ပါတယ္။ တရားမွ်တမႈကိုမရတဲ့အခါ လူ႕အဖြဲ႕အစည္းဟာ ေဒါသ ထြက္ပါတယ္။ ျဖစ္သင့္ျဖစ္ထိုက္တဲ့ တရားမွ်တမႈကို ေတာင္းဆိုၾကပါတယ္။ လူ႔အခြင့္အေရး ေကာ္မရွင္က ၾကား၀င္ညႇိႏိႈင္းေပးလို႔ ေငြ သိန္းငါးဆယ္နဲ႔ ေၾကေအးလိုက္ရမယ္​့ကိစၥမ်ိဳး မဟုတ္ပါဘူး။

ရာဇ၀တ္မႈေတြနဲ႔ ပတ္သက္လာရင္ လူ႕အဖြဲ႕အစည္းက ခံယူေဆာက္တည္ထားတဲ့ အေျခခံ သေဘာထား (concept) ေလးကိုေတာင္ နားမလည္တဲ့ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ က လက္ရွိအဖြဲ႕၀င္ေတြ ျဖစ္ၾကတဲ့ အသက္ႀကီးရင့္သူ ပုဂၢိဳလ္ေတြဟာဆိုရင္ ဒီဥပေဒ အေျခခံသေဘာထား (concept) ကို ႏွလံုးသားထဲကေန သိေနၾကတဲ့ သတင္းေထာက္လူရြယ္ေတြရဲ႕ ေမးခြန္းေတြေအာက္မွာ မရႈႏိုင္မကယ္ႏိုင္ ျဖစ္ၾကရပါတယ္။ အလဲလဲအကြဲကြဲ က်ရံႈးတဲ့ သူတို႔ရဲ႕ သတင္းစာ ရွင္းလင္းပြဲမွာ သူတို႔ဟာ လူ႔အခြင့္အေရးကိုကာကြယ္သူ (champion of human rights) တစ္ေယာက္ျဖစ္ဖို႔ရာ လိုအပ္တဲ့ ႏွလံုးသားေတြလည္းမရွိေၾကာင္း၊ အလုပ္ရဲ႕သေဘာသဘာ၀က ေတာင္းဆိုတဲ့ ပညာရွင္ပီသတတ္ပြန္မႈ (professional competency) လည္းမရွိေၾကာင္း ေပၚလြင္ သြားခဲ့ပါတယ္။

အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ဥကၠ႒ ဦး၀င္းျမကို အဲသည္ေန႔က သတင္းစာ ရွင္းလင္းပြဲမွာ အရွက္တကြဲ ျဖစ္ၾကတဲ့အထဲမွာ မျမင္လိုက္ရပါဘူး။ အိမ္အကူ ကေလးေတြ ခံစားခဲ့ရတာေတြ (နဲ႔ ျမန္မာ့လူ႔အဖြဲ႕အစည္း ရဲ႕ဂုဏ္သိကၡာ) ကို ေငြက်ပ္ သိန္းငါးဆယ္ နဲ႔ ခ်ိန္ခြင္လွ်ာမွ်ႏိုင္တယ္ လို႔ အေတြးေရာက္တတ္သူ ေတြရွိ ေနတဲ့အတြက္၊ ရခိုင္လူမ်ိဳး(နဲ႔ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ) ကိုလည္းပဲ သိန္းငါးဆယ္ လိုမ်ိဳး ေပါေပါေလာေလာတစ္ခုနဲ႔ အခ်ိန္အတြယ္ညီမွ်မႈရွိတယ္ လို႔ အေတြးမေရာက္ၾကဖို႔ရာကို ေမွ်ာ္လင့္ ဆုေတာင္းရပါတယ္။ ဆရာႀကီး ဦး၀င္းျမဟာ ရခိုင္ျပည္နယ္ဆိုင္ရာေလ့လာေရးေကာ္မရွင္ရဲ႕ အဖြဲ႕၀င္ တစ္ဦးလည္း ျဖစ္ေပသကိုး . . ။

အိမ္အကူ ကေလးေတြအတြက္ တရားမွ်တမႈရရွိဖို႔ရာ ​ေဆာင္​႐ြက္​သူ Myanmar Now က သတင္းသမား ကိုေဆြ၀င္းရဲ႕ ဂုဏ္ရည္ႏွစ္ခုကို ျမင္ေတြ႕ႏိုင္ပါတယ္။ ပထမဂုဏ္ရည္က taking sides တစ္ဘက္ဘက္မွာ ေရြးၿပီး ရပ္တည္တာ၊ အဖိႏွိပ္ခံေတြဘက္က ရပ္တည္တာ။ ဒုတိယဂုဏ္ရည္က Going out of his way to help somebody ကူညီႏိုင္ဖို႔အတြက္ ကရိကထခံအားထုတ္တာ ျဖစ္ပါတယ္။ အဲသည္ ဂုဏ္ရည္ေတြ၊ အဲသည္ ဂုဏ္ရည္ေတြကို ျဖစ္ေပၚေစတဲ့ ႏွလံုးသားမ်ိဳးေတြကို လူ႔အခြင့္အေရးေကာ္မရွင္ လူႀကီးေတြမွာ မရွိၾကတာကို ၀မ္းနည္းစဖြယ္ေတြ႕ျမင္ခဲ့ရပါတယ္။

အိမ္အကူ ကေလးေတြရဲ႕ ေကာမွဴးၿမိဳ႕နယ္ကို ကၽြန္ေတာ္တစ္ႀကိမ္ေရာက္ဖူးပါတယ္။ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲ မတိုင္ခင္တစ္ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ ယွဥ္ၿပိဳင္တဲ့ ေကာ့မွဴးၿမိဳ႕နယ္ထဲမွာ ကၽြန္ေတာ္ ရွိေနခဲ့တယ္။ မဲေပးတဲ့ေန႔ ေနာက္တစ္ရက္မွာ ရန္ကုန္ကိုေရာက္တယ္။ အဲသည္ေန႔ ညကားနဲ႔ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕ကို သြားပါတယ္။ အဲသည္မွာ ကၽြန္ေတာ္တို႔ရဲ႕ ေနရာေပါင္း ႏွစ္ဆယ္ေက်ာ္ ေဟာေျပာတဲ့ စာေပေဟာေျပာပြဲခရီးစဥ္ကို စပါတယ္။ ရမ္းၿဗဲ၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္၊ သံတြဲ၊ ဂြ ၿမိဳ႕နယ္ေတြထဲက ေနရာေပါင္း ႏွစ္ဆယ္ေက်ာ္မွာ ေဟာေျပာခဲ့တယ္။ ေနာက္ဆံုး ေဟာေျပာတာကေတာ့ အခုနကေျပာခဲ့တဲ့ ဂြၿမိဳ႕ထဲက ၿမိဳ႕ခန္းမမွာ ေဟာေျပာခဲ့တဲ့ပြဲ ျဖစ္ပါ တယ္။ အဲသည္ ဂြၿမိဳ႕ေဟာျပာခ်က္ထဲမွာ ေရွ႕ကေျပာခဲ့တဲ့ လူ႔အဖြဲ႕အစည္းက ျပစ္မႈက်ဴးလြန္သူကို မျဖစ္မေန အေရးယူရတဲ့ သေဘာတရားကို ထည့္သြင္းေျပာျပျဖစ္ခဲ့တာ ျဖစ္ပါတယ္။

တစ္ေယာက္ေယာက္အေပၚ ရာဇ၀တ္မႈ က်ဴးလြန္တာဟာ လူ႕အဖြဲ႕အစည္းတစ္ရပ္လံုး အေပၚ က်ဴးလြန္တာျဖစ္တယ္လို႔ သေဘာထားတဲ့အတြက္ ဒီရပ္တည္ခ်က္ကို အေျခခံၿပီး မေၾကေအးစတမ္း အျပစ္ေပးရတာ ျဖစ္ပါတယ္။

ဆယ့္ေျခာက္ရာစု အဂၤလိပ္ကဗ်ာဆရာႀကီး ဂၽြန္ဒုန္းရဲ႕ နာမည္ႀကီးကဗ်ာ No man is an island မွာ ေျပာထားတယ္။ လူတိုင္းဟာ (ကမၻာ့)တိုက္ႀကီးရဲ႕ အပိုင္းအစေလးေတြလိုပါပဲတဲ့ . . . ၊ ေျမတစ္စ ပဲ့က်လို႔ ပင္လယ္ထဲကို ေရာက္သြားရင္ တိုက္ႀကီးဟာ နည္းပါး ပါးလ်ားသြားပါသတဲ့ . . . ၊ လူသား တစ္ေယာက္တိုင္းရဲ႕ ေသဆံုးမႈတစ္ခုတိုင္းဟာ မိမိကိုနည္းပါး ပါးလ်ားသြားေစပါသတဲ့ . . . ၊ ဘာေၾကာင့္လဲဆိုေတာ့ မိမိဟာလူသားမ်ိဳးႏြယ္ရဲ႕ အစိတ္အပိုင္း ျဖစ္ေနလို႔တဲ့ . . . ၊ ဒါေၾကာင့္မို႔လို႔ အသုဘေခါင္းေလာင္းထိုးသံ ကိုၾကားရင္ ဘယ္သူေသလို႔ ထိုးတာလဲ လို႔ မေမးပါနဲ႔တဲ့ . . . ၊ ဘယ္သူပဲေသေသ မိမိအတြက္ ထိုးတဲ့ အသုဘေခါင္းေလာင္းသံ လို႔ပဲ မွတ္ယူရန္ ျဖစ္ပါသတဲ့ . . . ။

ဂၽြန္ဒုန္းရဲ႕ အဂၤလိပ္ ကဗ်ာကို ေအာက္မွာ ပူးတြဲ ေဖာ္ျပေပးလိုက္ပါတယ္။

ေက်ာ္ေဇာဦး
၂၃ စက္တင္ဘာ ၂၀၁၆

================

No man is an island,
Entire of itself,
Every man is a piece of the continent,
A part of the main.
If a clod be washed away by the sea,
Europe is the less.
As well as if a promontory were.
As well as if a manor of thy friend’s
Or of thine own were:
Any man’s death diminishes me,
Because I am involved in mankind,
And therefore never send to know for whom the bell tolls;
It tolls for thee.

John Donne

==========

[ Unicode version here ]

ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ


By ကျော်ဇောဦး ၊ (၂၃/၀၉/၂၀၁၆)

၂၀၁၂-ခုနှစ် ပြီးခဲ့တဲ့လေးနှစ်ကျော်ကာလက ဂွမြို့ရဲ့ မြို့ခန်းမထဲမှာ ရခိုင်စာရေးဆရာ သုံးယောက်နဲ့ စာပေဟောပြောပွဲတစ်ခုလုပ်ခဲ့ပါတယ်။ ဆရာတော် အသျှင်ပညာစာရ၊ ကျွန်တော် ကျော်ဇောဦး နဲ့ ဆရာ မောင်လှိုင်(လမု) တို့ ဟောပြောခဲ့ကြပါတယ်။

စာပေဟောပြောပွဲည ပြီးတော့ နောက်တစ်နေ့ နေ့လယ်စာကို ဂွမြို့ပြင်တစ်နေရာက အဝေးပြေး လမ်း ပေါ်မှာရှိတဲ့ အိမ်ဆိုင်ကလေးဖွင့်ထားတဲ့ အန်အယ်ဒီခေါင်းဆောင် ဦးညီပု (ယခု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်) တို့ မိသားစု ရဲ့ အိမ်ကုပ်ကုပ် ကလေးမှာ ရိုးရှင်းလှတဲ့ ရိုးရာ ထမင်းဟင်းအား အိမ်သား တွေက မေတ္တာ စေတနာ အပြည့်နဲ့ ထည့်ချက်ထားတာကို စားခဲ့ကြပါတယ်။ ကျွန်တော်တို့အဖွဲ့က ဆရာမောင်လှိုင်(လမု) က (တစ်ချိန်က)အန်အယ်ဒီ အမာခံတွေ ဆိုတော့ ဆရာမောင်လှိုင်(လမု) ကို အကြောင်းပြုပြီး ထမင်းဖိတ်ကျွေးတာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုတဲ့လူက စကားနည်းသလောက် ဦးညီပုက နှုတ်ဆိတ်တတ်ပုံရလေတော့ ကျွန်တော်မှတ်မိသလောက်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် စကားတောင် မပြောဖြစ်ခဲ့ဘူးလေလား လို့တောင် ထင်မိတယ်။ ပြုံးုပြ၊ ထမင်းကို လက်ဆေးစား၊ ကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်ပြီး ပြန်လာခဲ့တယ် ထင်တာပါပဲ။ ဦးညီပုရဲ့ ဇနီးနဲ့ သမီးက ဖော်ဖော်ရွေရွေနဲ့ လိုလေသေးမရှိစေရ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ဒီနေရာမှာ အဓိကပြောချင်တာက အဲသည်အကြောင်းမဟုတ်ပါဘူး။ အဲသည် စာပေဟောပြောပွဲမှာ ကျွန်တော် ပြောခဲ့တဲ့အကြောင်းအရာတွေထဲက တစ်ခုကို ထုတ်နှုတ် ပြောပြချင်တာဖြစ်ပါတယ်။
အဲသည် ဟောပြောချက်ရဲ့ တစ်နေရာရာမှာ ရာဇဝတ်ပြစ်မှုကျူးလွန်သူကို လူ့အဖွဲ့အစည်းက (ကြေအေးမှုကို လက်မခံဘဲ) ဘာကြောင့် တရားစွဲအရေးယူရသလဲ ဆိုတာကို အကြောင်း အလျင်းသင့်လို့ ထည့်ပြောဖြစ်ခဲ့တယ်လို့ မှတ််မိပါတယ်။ တစ်ခြားအကြောင်းအရာ တစ်ခုကို ပြောပြ ရင်းနဲ့ အဲဒါကို ရှင်းရှင်းလင်းလင်း ပြောဖြစ်ခဲ့ပါတယ်။

ဥပမာ ဆိုကြပါစို့။ လူတစ်ယောက်ဟာ နောက်လူတစ်ယောက်ကို သတ်လိုက်တယ် ဆိုပါစို့။ အဲသည်အခါမှာ အသတ်ခံရသူရဲ့ မိသားစုက ပြီးသွားတာ ပြီးပါစေတော့ ငါတို့သားလေးလည်း ပြန်ရှင် လာတော့မှာ မဟုတ်ပါဘူး ဆိုပြီး ကြေအေးချင်တယ် ဆိုတိုင်း ကြေအေး လို့ မရပါဘူး။ ပြစ်မှု ကျူးလွန်သူဟာ လူသတ်မှုကို ကျူးလွန်ရုံမျှမက မိမိတို့ အသက်ရှင်ရာ လူ့အဖွဲ့အစည်းကိုလည်း ခြိမ်းခြောက်လိုက်တဲ့ လုပ်ရပ်ကို တစ်ပြိုင်တည်းလုပ်လိုက်ရာ ရောက်ပါတယ်။ ဒီလူဟာ လူသတ်တာ သက်သက် မဟုတ်ဘူး၊ . . . ငါတို့အားလုံးကို မထီမဲ့မြင်လုပ်လိုက်တာလည်း ဖြစ်တယ်၊ . . . ဒီလူကို ငါတို့ အရေးမယူရင် ငါတို့အထဲက နောက်တစ်ယောက်ယောက် ဒီလိုမျိုးကျုးလွန်တာကို သူ့လက်ချက် နဲ့ပဲ ဖြစ်ဖြစ် သူ့လိုလူလက်ချက်နဲ့ပဲဖြစ်ဖြစ် ငါတို့ခံလာရနိုင်တယ်၊ . . . သူ့ရဲ့လူသတ်မှုဟာ ငါတို့ အားလုံးကို ခြိမ်းခြောက်လိုက်တာပဲ ဖြစ်တယ် . . . ဆိုပြီးတော့ လူ့အဖွဲ့အစည်းက သဘောထားပါ တယ်။ ဒါကြောင့်မို့လို့ ဒီလိုပြစ်မှုမျိုးတွေမှာ ကျူးလွန်ခြင်းခံရသူ (victim) ကိုယ်တိုင်ကပဲ ဖြစ်ဖြစ် ကျူးလွန်ခြင်းခံရသူရဲ့ မိသားစုကပဲ ဖြစ်ဖြစ် ကြေအေးချင်တယ် ဆိုတိုင်း လူ့အဖွဲ့အစည်းက ခွင့်လွှတ်လို့မရပါဘူး။ လူတစ်ယောက်ကို သတ်လိုက်တာဟာ လူ့အဖွဲ့အစည်းရဲ့ ကျူးလွန်သူရဲ့ နောင် ထပ်ဆင့် ကျူးလွန်လာနိုင်ခြေ နဲ့ အခြားသူများကလည်း အလွယ်တကူ ကျူးလွန်လာနိုင်မယ့် အလားအလာကို မျှော်တွေးပြီး လူ့အဖွဲ့အစည်းအကျိုးအလို့ငှာ မဖြစ်မနေ အရေးယူဖို့ရာ စွဲချက်တင် တရားစွဲရပါတယ်။

ဒီလူသတ်မှုအတွက် လူ့အဖွဲ့အစည်းရဲ့ကိုယ်စား နိုင်ငံတော် (the state) က တာဝန်ယူ တရားစွဲရပါ တယ်။ နိုင်ငံတော်ရဲ့ ကိုယ်စား နိုင်ငံရဲ့အစိုးရ (the government) က တရားစွဲရတယ်။ အစိုးရက ထပ်ဆင့် ခိုင်းစေတဲ့ တရားဥပဒေသက်ရောက်စေမှု (law enforcement) ဆောင်ရွက်ရာ အဖွဲ့အစည်း တစ်ခုခု – ဥပမာ ရဲတပ်ဖွဲ့၊ အဲသည် ရဲတပ်ဖွဲ့ကိုယ်စား ရွာက ရဲစခန်းမှူး က တရားစွဲရတာ ဖြစ်ပါတယ်။ အဲသည် တရားစွဲတဲ့ ရဲအရာရှိဟာ လူ့အဖွဲ့အစည်းကိုယ်စား နိုင်ငံကိုယ်စား ပြစ်မှုကျူးလွန်သူကို တရားစွဲရတာ ဖြစ်ပါတယ်။

လူတစ်ယောက်ကို သတ်လိုက်တာဟာ လူအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ရပ်ကို သတ်လိုက် တာဖြစ်တဲ့အတွက် (အဲသည်လူ တစ်ဦးတည်းကိုသာမက လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်ရာ ရောက် တဲ့အတွက် ၊ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းကိုလည်း သတ်ရာရောက်တဲ့ အတွက်) ကြေအေး ပြေငြိမ်း အမှုရုပ်သိမ်းလို့ မရနိုင်ပါဘူး။ လူသတ်မှုနဲ့ အခြား အမှုကြီးတွေမှာ ကြေအေးပြေငြိမ်း အမှု ရုပ်သိမ်းလို့ မရတာဟာ ဒီအခြေခံအတွေးအခေါ် (concept) နဲ့ တည်ဆောက် ထားတဲ့ စနစ်ဖြစ်ပါ တယ်။

ဒီသဘောကို ၂၀၁၂ ဂွမြို့ စာပေဟောပြောပွဲ မှာ ကျွန်တော်ပြောဖြစ်ခဲ့ပါတယ်။
ဒီကနေ့ ဖြစ်ပျက်နေတဲ့ အင်းဝအပ်ချုပ်ဆိုင်ကိစ္စမှာ ကော့မှူးမြို့နယ်က (ကရင်လား ဗမာလား မသိ ရတဲ့) လူမမယ်မိန်းကလေးနှစ်ဦး ကျွန်ပြုနှိပ်စက်ခံရတဲ့အခါ ကျွန်တော်အပါအဝင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နှလုံးသားမှာ နာကျင်ပါတယ်။ တရားမျှတမှုကိုမရတဲ့အခါ လူ့အဖွဲ့အစည်းဟာ ဒေါသ ထွက်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားမျှတမှုကို တောင်းဆိုကြပါတယ်။ လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေးလို့ ငွေ သိန်းငါးဆယ်နဲ့ ကြေအေးလိုက်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။

ရာဇဝတ်မှုတွေနဲ့ ပတ်သက်လာရင် လူ့အဖွဲ့အစည်းက ခံယူဆောက်တည်ထားတဲ့ အခြေခံ သဘောထား (concept) လေးကိုတောင် နားမလည်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် က လက်ရှိအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ အသက်ကြီးရင့်သူ ပုဂ္ဂိုလ်တွေဟာဆိုရင် ဒီဥပဒေ အခြေခံသဘောထား (concept) ကို နှလုံးသားထဲကနေ သိနေကြတဲ့ သတင်းထောက်လူရွယ်တွေရဲ့ မေးခွန်းတွေအောက်မှာ မရှုနိုင်မကယ်နိုင် ဖြစ်ကြရပါတယ်။ အလဲလဲအကွဲကွဲ ကျရှုံးတဲ့ သူတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ဟာ လူ့အခွင့်အရေးကိုကာကွယ်သူ (champion of human rights) တစ်ယောက်ဖြစ်ဖို့ရာ လိုအပ်တဲ့ နှလုံးသားတွေလည်းမရှိကြောင်း၊ အလုပ်ရဲ့သဘောသဘာဝက တောင်းဆိုတဲ့ ပညာရှင်ပီသတတ်ပွန်မှု (professional competency) လည်းမရှိကြောင်း ပေါ်လွင် သွားခဲ့ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြကို အဲသည်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ အရှက်တကွဲ ဖြစ်ကြတဲ့အထဲမှာ မမြင်လိုက်ရပါဘူး။ အိမ်အကူ ကလေးတွေ ခံစားခဲ့ရတာတွေ (နဲ့ မြန်မာ့လူ့အဖွဲ့အစည်း ရဲ့ဂုဏ်သိက္ခာ) ကို ငွေကျပ် သိန်းငါးဆယ် နဲ့ ချိန်ခွင်လျှာမျှနိုင်တယ် လို့ အတွေးရောက်တတ်သူ တွေရှိ နေတဲ့အတွက်၊ ရခိုင်လူမျိုး(နဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ) ကိုလည်းပဲ သိန်းငါးဆယ် လိုမျိုး ပေါပေါလောလောတစ်ခုနဲ့ အချိန်အတွယ်ညီမျှမှုရှိတယ် လို့ အတွေးမရောက်ကြဖို့ရာကို မျှော်လင့် ဆုတောင်းရပါတယ်။ ဆရာကြီး ဦးဝင်းမြဟာ ရခိုင်ပြည်နယ်ဆိုင်ရာလေ့လာရေးကော်မရှင်ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပေသကိုး . . ။

အိမ်အကူ ကလေးတွေအတွက် တရားမျှတမှုရရှိဖို့ရာ ဆောင်ရွက်သူ Myanmar Now က သတင်းသမား ကိုဆွေဝင်းရဲ့ ဂုဏ်ရည်နှစ်ခုကို မြင်တွေ့နိုင်ပါတယ်။ ပထမဂုဏ်ရည်က taking sides တစ်ဘက်ဘက်မှာ ရွေးပြီး ရပ်တည်တာ၊ အဖိနှိပ်ခံတွေဘက်က ရပ်တည်တာ။ ဒုတိယဂုဏ်ရည်က Going out of his way to help somebody ကူညီနိုင်ဖို့အတွက် ကရိကထခံအားထုတ်တာ ဖြစ်ပါတယ်။ အဲသည် ဂုဏ်ရည်တွေ၊ အဲသည် ဂုဏ်ရည်တွေကို ဖြစ်ပေါ်စေတဲ့ နှလုံးသားမျိုးတွေကို လူ့အခွင့်အရေးကော်မရှင် လူကြီးတွေမှာ မရှိကြတာကို ဝမ်းနည်းစဖွယ်တွေ့မြင်ခဲ့ရပါတယ်။

အိမ်အကူ ကလေးတွေရဲ့ ကောမှူးမြို့နယ်ကို ကျွန်တော်တစ်ကြိမ်ရောက်ဖူးပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်တစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်တဲ့ ကော့မှူးမြို့နယ်ထဲမှာ ကျွန်တော် ရှိနေခဲ့တယ်။ မဲပေးတဲ့နေ့ နောက်တစ်ရက်မှာ ရန်ကုန်ကိုရောက်တယ်။ အဲသည်နေ့ ညကားနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို သွားပါတယ်။ အဲသည်မှာ ကျွန်တော်တို့ရဲ့ နေရာပေါင်း နှစ်ဆယ်ကျော် ဟောပြောတဲ့ စာပေဟောပြောပွဲခရီးစဉ်ကို စပါတယ်။ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်တွေထဲက နေရာပေါင်း နှစ်ဆယ်ကျော်မှာ ဟောပြောခဲ့တယ်။ နောက်ဆုံး ဟောပြောတာကတော့ အခုနကပြောခဲ့တဲ့ ဂွမြို့ထဲက မြို့ခန်းမမှာ ဟောပြောခဲ့တဲ့ပွဲ ဖြစ်ပါ တယ်။ အဲသည် ဂွမြို့ဟောပြာချက်ထဲမှာ ရှေ့ကပြောခဲ့တဲ့ လူ့အဖွဲ့အစည်းက ပြစ်မှုကျူးလွန်သူကို မဖြစ်မနေ အရေးယူရတဲ့ သဘောတရားကို ထည့်သွင်းပြောပြဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တစ်ယောက်ယောက်အပေါ် ရာဇဝတ်မှု ကျူးလွန်တာဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အပေါ် ကျူးလွန်တာဖြစ်တယ်လို့ သဘောထားတဲ့အတွက် ဒီရပ်တည်ချက်ကို အခြေခံပြီး မကြေအေးစတမ်း အပြစ်ပေးရတာ ဖြစ်ပါတယ်။
ဆယ့်ခြောက်ရာစု အင်္ဂလိပ်ကဗျာဆရာကြီး ဂျွန်ဒုန်းရဲ့ နာမည်ကြီးကဗျာ No man is an island မှာ ပြောထားတယ်။ လူတိုင်းဟာ (ကမ္ဘာ့)တိုက်ကြီးရဲ့ အပိုင်းအစလေးတွေလိုပါပဲတဲ့ . . . ၊ မြေတစ်စ ပဲ့ကျလို့ ပင်လယ်ထဲကို ရောက်သွားရင် တိုက်ကြီးဟာ နည်းပါး ပါးလျားသွားပါသတဲ့ . . . ၊ လူသား တစ်ယောက်တိုင်းရဲ့ သေဆုံးမှုတစ်ခုတိုင်းဟာ မိမိကိုနည်းပါး ပါးလျားသွားစေပါသတဲ့ . . . ၊ ဘာကြောင့်လဲဆိုတော့ မိမိဟာလူသားမျိုးနွယ်ရဲ့ အစိတ်အပိုင်း ဖြစ်နေလို့တဲ့ . . . ၊ ဒါကြောင့်မို့လို့ အသုဘခေါင်းလောင်းထိုးသံ ကိုကြားရင် ဘယ်သူသေလို့ ထိုးတာလဲ လို့ မမေးပါနဲ့တဲ့ . . . ၊ ဘယ်သူပဲသေသေ မိမိအတွက် ထိုးတဲ့ အသုဘခေါင်းလောင်းသံ လို့ပဲ မှတ်ယူရန် ဖြစ်ပါသတဲ့ . . . ။

ဂျွန်ဒုန်းရဲ့ အင်္ဂလိပ် ကဗျာကို အောက်မှာ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။

ကျော်ဇောဦး

၂၃ စက်တင်ဘာ ၂၀၁၆

No man is an island,
Entire of itself,
Every man is a piece of the continent,
A part of the main.
If a clod be washed away by the sea,
Europe is the less.
As well as if a promontory were.
As well as if a manor of thy friend’s
Or of thine own were:
Any man’s death diminishes me,
Because I am involved in mankind,
And therefore never send to know for whom the bell tolls;
It tolls for thee.


John Donne

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s