ကျဉ်တုတ်ခံဝံ့ မခံဝံ့

[ Zawgyi version here ] [ Unicode version below ]

က်ဥ္တုတ္ခံ၀ံ့ မခံ၀ံ့

By ဦးေက်ာ္ေဇာဦး ၊ (၂၅/၀၉/၂၀၁၆)

ဒီည ညဥ့္နက္ပိုင္း စာဖတ္ေနက်အခ်ိန္မွာ အေၾကာင္းျခင္းရာ တိုက္ဆိုင္လို႔ စစ္သံု႔ပန္း ဆိုတဲ့ ေခါင္းစဥ္ကို ကိုင္ၿပီးေတာ့ ဂ်ီနီဗာကြန္ဗန္းရွင္းေတြနဲ႔ ပရိုတိုေကာေတြ အေၾကာင္း ကို ရွာဖတ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္ေလာက္က AA (ရကၡိဳင့္တပ္မေတာ္)က တပ္ဖြဲ႕၀င္ဆိုသူတစ္ဦး ရေသ့ေတာင္ၿမိဳ႕နယ္ တစ္ေနရာမွာ အဖမ္းခံရတယ္။ သူ႔နာမည္က ကိုထြန္းထြန္းႏိုင္ လို႔ ေခၚတယ္ လို႔ သိရတယ္။ အသက္က ၃၅-ႏွစ္ခန္႔ ျဖစ္ပါတယ္။ ဓါတ္ပံုထဲမွာေတာ့ သူ႔ေရွ႕မွာ လက္နက္ေတြ ခ်ခင္းထားတာ ေတြ႕ရတယ္။

မေန႔က မနက္ပိုင္း သူ႔ရဲ႕အစ္မႏွစ္ဦး ဘာလုပ္ရမွန္းမသိတာနဲ႔ စစ္ေတြၿမိဳ႕ကို ေရာက္ လာၿပီး ကၽြန္ေတာ့္ကို လာေတြ႕ၾကပါတယ္။ မႏွစ္တုန္းက သူတို႔အေဖဆံုးေတာ့ မိသားစု ၀င္ေတြက ကိုထြန္းထြန္းႏိုင္ကို အေၾကာင္းၾကားဖို႔ အသည္းအသန္ လိုက္ရွာ စံုစမ္းတာ စံုစမ္းလို႔ မရဘူးလို႔ ေျပာပါတယ္။ အခု သတင္းေတြတက္လာၿပီး ဓါတ္ပံုေတြ ျမင္ရ ေတာ့မွ သူတို႔ေမာင္ ကိုထြန္းထြန္းႏိုင္ ဒီလိုျဖစ္ပ်က္ခဲ့ၿပီဆိုတာကို သူတို႔ သိၾကတာ ျဖစ္ ပါတယ္။

စက္တင္ဘာလ (၁၉) ရက္ေန႔မွာ သူ႔ကို ျမန္မာ့တပ္မေတာ္က ဖမ္းဆီးသြားမွန္း နရဥၨရာ သတင္းအရ သိရေပမယ့္ ေတြ႕ခြင့္ရဖို႔ ႀကိဳးစားတာ ဒီေန႔အထိ ေတြ႕ခြင့္မရေသးဘူးလို႔ ဆိုပါတယ္။ ကိုထြန္းထြန္းႏိုင္ ကို ရြာသားေတြရဲ႕ မ်က္စိေရွ႕မွာတင္ ဘယ္လိုဆက္ဆံ တယ္ ဆိုတာမ်ိဳးေတြကို ၾကားထားရတဲ့အတြက္ အစ္မေတြက စိုးရိမ္တယ္။ ရေသ့ေတာင္ ရဲတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္ဖြဲ႕၊ ေနာက္ၿပီးေတာ့ ရေသ့ေတာင္ (၅၃၈) တပ္ရင္း စတဲ့ လံုၿခံဳေရး စစ္ေရး အဖြဲ႕အစည္းေတြထံမွာ သူတို႔သြားစံုစမ္းေပမယ့္ ဘယ္ေနရာမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမွန္း မသိခဲ့ရဘူး လို႔ ဆိုပါတယ္။

ဂ်ီနီဗာကြန္ဗန္းရွင္းေတြ နဲ႔ ထပ္တိုး ပရိုတိုေကာေတြအရ စစ္သံု႔ပန္း(POW) အဆင့္လို႔ သတ္မွတ္ႏိုင္ဖို႔ရာ lawful combatant (သတ္မွတ္ခ်က္ေဘာင္၀င္ေနတဲ့ တိုက္ခိုက္ေရး သမား) တစ္ဦး ျဖစ္ေနဖို႔လိုအပ္ပါလိမ့္မယ္။ သတ္မွတ္ခ်က္ေဘာင္၀င္ဖို႔ရာ အေသခ်ာ ဆံုး သတ္မွတ္ခ်က္က အၾကမ္းဖ်င္းအားျဖင့္ စစ္မက္ဖက္ၿပိဳင္တဲ့ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စစ္သည္ ျဖစ္ေနျခင္းပဲ ျဖစ္ပါတယ္။ သတ္မွတ္ခ်က္ေဘာင္ေတြမွာမ၀င္ရင္ – ဥပမာ ဆိုၾကပါစို႔ စစ္တံဆိပ္ ၀တ္ဆင္ထားတာမရွိတာတို႔ . . . လက္နက္ကို ထင္ထင္ေပၚေပၚ ကိုင္တြယ္ထားျခင္း မရွိတာတို႔ေၾကာင့္ သာမန္ အရပ္သားနဲ႔ ကြဲျပားမႈမရွိဘူး ျဖစ္ေနရင္ ေဘာင္မ၀င္ႏိုင္တဲ့အတြက္ unlawful combatant ဒါမွမဟုတ္ unprivileged combatant လို႔ ေခၚႏိုင္တဲ့ ေဘာင္မ၀င္ တိုက္ခိုက္ေရးသမားေတြ ျဖစ္သြားပါလိမ့္မယ္။

ေဘာင္မ၀င္ တိုက္ခိုက္ေရးသမားတစ္ဦးပင္ ျဖစ္ေနေစကာမူ တိုက္ခိုက္ေရးသမား တစ္ဦးဦးဟာ အေျခအေနတစ္ရပ္ရပ္ေၾကာင့္ တိုက္ပြဲျပင္ပေရာက္တဲ့ (Hors de combat ျဖစ္တဲ့) ပုဂၢိဳလ္တစ္ဦး ျဖစ္သြားတဲ့အခါ ထိုသူကို လူသားတစ္ဦးအျဖစ္ ေထာက္ထားညႇာတာမႈ ထားလ်က္ ဆက္ဆံၾကရပါတယ္။

ဆိုပါေတာ့ – ရန္သူ႔လက္တြင္းကို သက္ဆင္းသြားတဲ့အခါ . . . ၊ ဒါမွမဟုတ္ လက္နက္ခ် ပါမယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပထားၿပီးတဲ့ အေျခအေနကို ေရာက္သြားတဲ့ အခါ . . . ၊ သတိမရတဲ့ အေျခအေနေရာက္ေနလွ်င္ေသာ္လည္းေကာင္း ဒဏ္ရာေၾကာင့္ ေသာ္လည္းေကာင္း ေရာဂါေၾကာင့္ေသာ္လည္းေကာင္း မိမိကိုယ္ကို ကာကြယ္ခုခံႏိုင္တဲ့ အေျခအေနလံုး၀မရွိေတာ့တဲ့အခါ ထိုတိုက္ခိုက္ေရးသမားေတြဟာ Hors de combat (တိုက္ပြဲျပင္ပေရာက္တဲ့) အေျခအေနကို ေရာက္သြားတယ္လို႔ သတ္မွတ္ပါတယ္။ Hors de combat ျဖစ္ သြားသူေတြ (တိုက္ပြဲျပင္ပအေျခအေနေရာက္သြားသူေတြ) ဟာ ထပ္တိုး ပရိုတိုေကာ တစ္ (Additional Protocol I of 1977) ရဲ႕ ပုဒ္မ-၇၅ မွာ ခ်မွတ္ထားတဲ့ ကာကြယ္မႈ ေတြကို ခံစားခြင့္ရၾကရမွာ ျဖစ္ပါတယ္။ အဲသည္ ပုဒ္မ-၇၅ အရ သူတို႔အေပၚ မက်ဴးလြန္ ရဘူးလို႔ တားျမစ္ထားတာေတြထဲက တခ်ိဳ႕ကို ေျပာရမယ္ ဆိုရင္ေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။
– စိတ္ပိုင္းဆိုင္ရာကို ရုပ္ပိုင္းဆိုင္ရာကို က်န္းမာေရးဆိုင္ရာကို အသက္ကို ထိခုိက္ ေအာင္ အၾကမ္းဖက္ျပဳမႈတာ
– သတ္ျဖတ္တာ
– စိတ္ပိုင္း ရုပ္ပိုင္း ႏွိပ္စက္ညွဥ္းဆဲတာ (torture)
– ႀကိမ္ဒဏ္ေပးတာမ်ိဳးေတြ
– ခႏၶာကိုယ္အစိတ္အပိုင္းေတြကို လွီးျဖတ္တာ . . . စတာေတြကို သူတို႔အေပၚ မလုပ္ေဆာင္ၾကဖို႔ တားျမစ္ခ်က္ သတ္မွတ္ထားပါတယ္။

ဒါ့အျပင္ လူသားတစ္ေယာက္ သာမန္ႏိုင္ငံသား တစ္ေယာက္ရပိုင္ခြင့္ ရွိတဲ့ ဥပေဒ အရ အက်ိဳးခံစားခြင့္ေတြကို ထိုသူတို႔ ခံစားခြင့္ ရွိရမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ – anyone charged with an offence is presumed innocent until proved guilty according to law ဥပေဒအရ အျပစ္ရွိတယ္လို႔ သက္ေသမျပႏိုင္ေသးခင္ အခ်ိန္အထိ စြပ္စြဲ ခံရသူအား အျပစ္မရွိ ဟု မွတ္ယူရမည္ ဆိုတာမ်ိဳးကအစ လူသားဆန္စြာ ဆက္ဆံ ၾကရ မွာ ျဖစ္တယ္။ မိသားစုႏွင့္ အဆက္အသြယ္လုပ္ပိုင္ခြင့္ေတြလည္း ရွိေနၾကရမွာ ျဖစ္ပါ တယ္။ ပံုမွန္တရားစီရင္မႈအတိုင္း မွ်တစြာ တရားစီရင္ျခင္း ခံရေစဖို႔ အခြင့္ေပးရမွာ ျဖစ္ ပါတယ္။ လူ႔ဂုဏ္သိကၡာရရွိႏိုင္တဲ့ အေျခအေနမ်ိဳးနဲ႔သာလွ်င္ သူ႔ကို ထိန္းသိမ္းထားရမွာ ျဖစ္ပါတယ္။

ေဘာင္မ၀င္တဲ့ တိုက္ခိုက္ေရးသမား (unlawful combatant) ျဖစ္ခဲ့ဖူးတဲ့ အက်ဥ္းသား ဟာ မိမိကို ထိန္းသိမ္းခ်ဳပ္ေႏွာင္လိုက္တဲ့ အာဏာစက္ပိုင္ရွင္ႏိုင္ငံ (Detaining Power) ရဲ႕ ဥပေဒေတြအတိုင္း တရားစီရင္ျခင္းခံရဦးမွာ ျဖစ္ေပမယ့္ လက္ရွိတည္ဆဲဥပေဒေတြ ရဲ႕ အကာအကြယ္ေတြကိုလည္း ခံစားခြင့္ေပးရမွာ ျဖစ္ပါတယ္။

တည္ဆဲဥပေဒျပ႒ာန္းခ်က္ေတြထဲမွာ အပါအ၀င္ ျဖစ္တဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၃၇၆ “ႏိုင္ငံေတာ္ လံုၿခံဳေရး၊ တရားဥပေဒစိုးမိုးေရး၊ အမ်ားျပည္သူ ေအးခ်မ္း သာယာေရးႏွင့္ အမ်ားျပည္သူအက်ိဳးငွာ ဥပေဒႏွင့္အညီ ႀကိဳတင္ကာကြယ္ထားရွိရန္ လိုအပ္ေသာကိစၥ သို႔မဟုတ္ တည္ဆဲဥပေဒတစ္ရပ္အရ ခြင့္ျပဳသည့္ကိစၥမွတစ္ပါး စီရင္ခြင့္ရွိေသာ တရားသူႀကီး၏ ခ်ဳပ္မိန္႔မရဘဲ မည္သူ႔ကိုမွ် (၂၄) နာရီထက္ ေက်ာ္လြန္ ခ်ဳပ္ေႏွာင္ျခင္းမျပဳရ” ဆိုတဲ့ ဥပေဒရဲ႕ အကာအကြယ္ေတြကိုလည္း ခံစားခြင့္ေပးရမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္တင္ျပလိုတာက ဤမွ်သာ ျဖစ္ပါတယ္။

ျမန္မာျပည္ႀကီး ၿငိမ္းခ်မ္းပါေစ။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ (၂)

==========

[ Unicode version here ]

ကျဉ်တုတ်ခံဝံ့ မခံဝံ့

By ဦးကျော်ဇောဦး ၊ (၂၅/၀၉/၂၀၁၆)

ဒီည ညဉ့်နက်ပိုင်း စာဖတ်နေကျအချိန်မှာ အကြောင်းခြင်းရာ တိုက်ဆိုင်လို့ စစ်သုံ့ပန်း ဆိုတဲ့ ခေါင်းစဉ်ကို ကိုင်ပြီးတော့ ဂျီနီဗာကွန်ဗန်းရှင်းတွေနဲ့ ပရိုတိုကောတွေ အကြောင်း ကို ရှာဖတ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က AA (ရက္ခိုင့်တပ်မတော်)က တပ်ဖွဲ့ဝင်ဆိုသူတစ်ဦး ရသေ့တောင်မြို့နယ် တစ်နေရာမှာ အဖမ်းခံရတယ်။ သူ့နာမည်က ကိုထွန်းထွန်းနိုင် လို့ ခေါ်တယ် လို့ သိရတယ်။ အသက်က ၃၅-နှစ်ခန့် ဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာတော့ သူ့ရှေ့မှာ လက်နက်တွေ ချခင်းထားတာ တွေ့ရတယ်။

မနေ့က မနက်ပိုင်း သူ့ရဲ့အစ်မနှစ်ဦး ဘာလုပ်ရမှန်းမသိတာနဲ့ စစ်တွေမြို့ကို ရောက် လာပြီး ကျွန်တော့်ကို လာတွေ့ကြပါတယ်။ မနှစ်တုန်းက သူတို့အဖေဆုံးတော့ မိသားစု ဝင်တွေက ကိုထွန်းထွန်းနိုင်ကို အကြောင်းကြားဖို့ အသည်းအသန် လိုက်ရှာ စုံစမ်းတာ စုံစမ်းလို့ မရဘူးလို့ ပြောပါတယ်။ အခု သတင်းတွေတက်လာပြီး ဓါတ်ပုံတွေ မြင်ရ တော့မှ သူတို့မောင် ကိုထွန်းထွန်းနိုင် ဒီလိုဖြစ်ပျက်ခဲ့ပြီဆိုတာကို သူတို့ သိကြတာ ဖြစ် ပါတယ်။

စက်တင်ဘာလ (၁၉) ရက်နေ့မှာ သူ့ကို မြန်မာ့တပ်မတော်က ဖမ်းဆီးသွားမှန်း နရဥ္ဇရာ သတင်းအရ သိရပေမယ့် တွေ့ခွင့်ရဖို့ ကြိုးစားတာ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။ ကိုထွန်းထွန်းနိုင် ကို ရွာသားတွေရဲ့ မျက်စိရှေ့မှာတင် ဘယ်လိုဆက်ဆံ တယ် ဆိုတာမျိုးတွေကို ကြားထားရတဲ့အတွက် အစ်မတွေက စိုးရိမ်တယ်။ ရသေ့တောင် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ နောက်ပြီးတော့ ရသေ့တောင် (၅၃၈) တပ်ရင်း စတဲ့ လုံခြုံရေး စစ်ရေး အဖွဲ့အစည်းတွေထံမှာ သူတို့သွားစုံစမ်းပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားမှန်း မသိခဲ့ရဘူး လို့ ဆိုပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်းတွေ နဲ့ ထပ်တိုး ပရိုတိုကောတွေအရ စစ်သုံ့ပန်း(POW) အဆင့်လို့ သတ်မှတ်နိုင်ဖို့ရာ lawful combatant (သတ်မှတ်ချက်ဘောင်ဝင်နေတဲ့ တိုက်ခိုက်ရေး သမား) တစ်ဦး ဖြစ်နေဖို့လိုအပ်ပါလိမ့်မယ်။ သတ်မှတ်ချက်ဘောင်ဝင်ဖို့ရာ အသေချာ ဆုံး သတ်မှတ်ချက်က အကြမ်းဖျင်းအားဖြင့် စစ်မက်ဖက်ပြိုင်တဲ့နိုင်ငံတစ်နိုင်ငံရဲ့ စစ်သည် ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ သတ်မှတ်ချက်ဘောင်တွေမှာမဝင်ရင် – ဥပမာ ဆိုကြပါစို့ စစ်တံဆိပ် ဝတ်ဆင်ထားတာမရှိတာတို့ . . . လက်နက်ကို ထင်ထင်ပေါ်ပေါ် ကိုင်တွယ်ထားခြင်း မရှိတာတို့ကြောင့် သာမန် အရပ်သားနဲ့ ကွဲပြားမှုမရှိဘူး ဖြစ်နေရင် ဘောင်မဝင်နိုင်တဲ့အတွက် unlawful combatant ဒါမှမဟုတ် unprivileged combatant လို့ ခေါ်နိုင်တဲ့ ဘောင်မဝင် တိုက်ခိုက်ရေးသမားတွေ ဖြစ်သွားပါလိမ့်မယ်။

ဘောင်မဝင် တိုက်ခိုက်ရေးသမားတစ်ဦးပင် ဖြစ်နေစေကာမူ တိုက်ခိုက်ရေးသမား တစ်ဦးဦးဟာ အခြေအနေတစ်ရပ်ရပ်ကြောင့် တိုက်ပွဲပြင်ပရောက်တဲ့ (Hors de combat ဖြစ်တဲ့) ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားတဲ့အခါ ထိုသူကို လူသားတစ်ဦးအဖြစ် ထောက်ထားညှာတာမှု ထားလျက် ဆက်ဆံကြရပါတယ်။

ဆိုပါတော့ – ရန်သူ့လက်တွင်းကို သက်ဆင်းသွားတဲ့အခါ . . . ၊ ဒါမှမဟုတ် လက်နက်ချ ပါမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတဲ့ အခြေအနေကို ရောက်သွားတဲ့ အခါ . . . ၊ သတိမရတဲ့ အခြေအနေရောက်နေလျှင်သော်လည်းကောင်း ဒဏ်ရာကြောင့် သော်လည်းကောင်း ရောဂါကြောင့်သော်လည်းကောင်း မိမိကိုယ်ကို ကာကွယ်ခုခံနိုင်တဲ့ အခြေအနေလုံးဝမရှိတော့တဲ့အခါ ထိုတိုက်ခိုက်ရေးသမားတွေဟာ Hors de combat (တိုက်ပွဲပြင်ပရောက်တဲ့) အခြေအနေကို ရောက်သွားတယ်လို့ သတ်မှတ်ပါတယ်။ Hors de combat ဖြစ် သွားသူတွေ (တိုက်ပွဲပြင်ပအခြေအနေရောက်သွားသူတွေ) ဟာ ထပ်တိုး ပရိုတိုကော တစ် (Additional Protocol I of 1977) ရဲ့ ပုဒ်မ-၇၅ မှာ ချမှတ်ထားတဲ့ ကာကွယ်မှု တွေကို ခံစားခွင့်ရကြရမှာ ဖြစ်ပါတယ်။ အဲသည် ပုဒ်မ-၇၅ အရ သူတို့အပေါ် မကျူးလွန် ရဘူးလို့ တားမြစ်ထားတာတွေထဲက တချို့ကို ပြောရမယ် ဆိုရင်တော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • စိတ်ပိုင်းဆိုင်ရာကို ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာရေးဆိုင်ရာကို အသက်ကို ထိခိုက် အောင် အကြမ်းဖက်ပြုမှုတာ
  • သတ်ဖြတ်တာ
  • စိတ်ပိုင်း ရုပ်ပိုင်း နှိပ်စက်ညှဉ်းဆဲတာ (torture)
  • ကြိမ်ဒဏ်ပေးတာမျိုးတွေ
  • ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှီးဖြတ်တာ . . . စတာတွေကို သူတို့အပေါ် မလုပ်ဆောင်ကြဖို့ တားမြစ်ချက် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် လူသားတစ်ယောက် သာမန်နိုင်ငံသား တစ်ယောက်ရပိုင်ခွင့် ရှိတဲ့ ဥပဒေ အရ အကျိုးခံစားခွင့်တွေကို ထိုသူတို့ ခံစားခွင့် ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် – anyone charged with an offence is presumed innocent until proved guilty according to law ဥပဒေအရ အပြစ်ရှိတယ်လို့ သက်သေမပြနိုင်သေးခင် အချိန်အထိ စွပ်စွဲ ခံရသူအား အပြစ်မရှိ ဟု မှတ်ယူရမည် ဆိုတာမျိုးကအစ လူသားဆန်စွာ ဆက်ဆံ ကြရ မှာ ဖြစ်တယ်။ မိသားစုနှင့် အဆက်အသွယ်လုပ်ပိုင်ခွင့်တွေလည်း ရှိနေကြရမှာ ဖြစ်ပါ တယ်။ ပုံမှန်တရားစီရင်မှုအတိုင်း မျှတစွာ တရားစီရင်ခြင်း ခံရစေဖို့ အခွင့်ပေးရမှာ ဖြစ် ပါတယ်။ လူ့ဂုဏ်သိက္ခာရရှိနိုင်တဲ့ အခြေအနေမျိုးနဲ့သာလျှင် သူ့ကို ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

ဘောင်မဝင်တဲ့ တိုက်ခိုက်ရေးသမား (unlawful combatant) ဖြစ်ခဲ့ဖူးတဲ့ အကျဉ်းသား ဟာ မိမိကို ထိန်းသိမ်းချုပ်နှောင်လိုက်တဲ့ အာဏာစက်ပိုင်ရှင်နိုင်ငံ (Detaining Power) ရဲ့ ဥပဒေတွေအတိုင်း တရားစီရင်ခြင်းခံရဦးမှာ ဖြစ်ပေမယ့် လက်ရှိတည်ဆဲဥပဒေတွေ ရဲ့ အကာအကွယ်တွေကိုလည်း ခံစားခွင့်ပေးရမှာ ဖြစ်ပါတယ်။

တည်ဆဲဥပဒေပြဋ္ဌာန်းချက်တွေထဲမှာ အပါအဝင် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၇၆ “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရဘဲ မည်သူ့ကိုမျှ (၂၄) နာရီထက် ကျော်လွန် ချုပ်နှောင်ခြင်းမပြုရ” ဆိုတဲ့ ဥပဒေရဲ့ အကာအကွယ်တွေကိုလည်း ခံစားခွင့်ပေးရမှာ ဖြစ်ပါတယ်။

လောလောဆယ်တင်ပြလိုတာက ဤမျှသာ ဖြစ်ပါတယ်။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s