
[ Zawgyi version here ] [ Unicode version below ]
ရခိုင္နယ္စပ္
မူဂ်ာဟစ္ဒင္မ်ား၊ ဒုကၡသည္ စစ္သည္ေတာ္မ်ား ႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား
****************************
By ဦးေက်ာ္ေဇာဦး ၊ (၂၇-၁၀-၂၀၁၆)
ဒုကၡသည္ စစ္သည္ေတာ္ေတြ (refugee warriors) ဆိုတဲ့ အသံုးအႏံႈးကို ၁၉၉၈-ခုႏွစ္ေလာက္မွာ ေရးသားထုတ္ေ၀ခဲ့တဲ့ “Escape from Violence: Conflict and the Refugee Crisis in the Developing World” ဆိုတဲ့စာအုပ္မွာ စာေရးသူ Astri Suhrke က စတင္ သံုးစြဲခဲ့တယ္ လို႔ဆိုပါတယ္။ ဒုကၡသည္ေတြအျဖစ္ ႏိုင္ငံတကာ အေထာက္အပံ့ေတြကို ရယူခံစားရပ္တည္ရင္း တိုက္ခိုက္ေရးသမား အျဖစ္ လုပ္ေဆာင္ေနၾကသူေတြကို ေခၚေ၀ၚသံုးစြဲတာ ျဖစ္ပါတယ္။
ရခိုင္ေဒသ နယ္စပ္မွာ မၾကာေသးခင္ ေအာက္တိုဘာလ ၉-ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈေတြကို ဖန္တီးခဲ့သူ အရပ္သားအသြင္ ၀တ္ဆင္ထားၾကသူေတြဟာ ႏွစ္ေပါင္းႏွစ္ဆယ္ခန္႔ ႏိုင္ငံတကာက ေကၽြးေမြးေထာက္ပံ့ထားခဲ့သူေတြျဖစ္ပါတယ္။ ဒီလူေတြဟာ မိမိတို႔ႏိုင္ငံပိုင္နက္ထဲမွာ ဥပေဒေဘာင္ျပင္ပက ေနထိုင္ရင္း ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အေၾကာင္းအမ်ိဳးအမ်ိဳးျပ ေက်ြးေမြး ေထာက္ပံ့တာကို ရယူစားေသာက္ရင္း မိမိတို႔ႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာကို ေျပာင္ေျပာင္တင္းတင္း တိုက္ခိုက္တဲ့ အေနအထားကို ေရာက္လာၾကတာ ျဖစ္ပါတယ္။
၂၀၁၂-ခုႏွစ္
ဘဂၤလီဆူပူမႈေနာက္ပိုင္း ဒုကၡသည္စခန္းေတြ ေပၚမလာခင္ကတည္းက ၁၉၉၄
ပတ္၀န္းက်င္ေလာက္ကတည္းက UNHCR ဟာ တစ္ဘက္ကမ္းက ျပန္လာသူေတြ (returnees) အေျခတက်
ျဖစ္ႏိုင္ဖို႔အတြက္ စားေရရိကၡာအပါအ၀င္ ပံုစံေပါင္းစံုေသာ အကူအညီ အေထာက္အပံ့ေတြကို
ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ေဒသက မူဆလင္ေတြကို တစ္သက္သက္ နင္းကန္ေထာက္ပံ့
လာခဲ့တယ္။ UNHCR အပါအ၀င္ UN အဖြဲ႕အစည္းေတြ၊ တစ္ဆင့္ခံ INGO ေတြ၊ NGO ေတြ အားျဖင့္
နယ္စပ္ေဒသ ခိုး၀င္ ဘဂၤါလီေတြကို တစ္ဘက္သတ္ ေထာက္ပံ့လို႔ အားေကာင္းေစၿပီး ေဒသခံ
ဌာေနတိုင္းရင္းသားေတြကို အားငယ္ေလ်ာ့ပါးေစခဲ့တာ ႏွစ္ေပါင္း ႏွစ္ဆယ္ေလာက္ရွိပါၿပီ။
ေဒသအတြင္းမွာ အရပ္သားပံုစံနဲ႔ ရွိေနၾကတဲ့ ဒုကၡသည္ စစ္သည္ေတာ္ (refugee warrior)
မ်ား နဲ႔ ဒီရခိုင္ေျမာက္ပိုင္းမွာ လာလုပ္ေနၾကတဲ့ ႏိုင္ငံတကာ
အကူအညီေပးေရးအဖြဲ႕အစည္းေတြ၊ အဲသည္အဖြဲ႕အစည္းေတြရဲ႕ မီဒီယာ အခ်ိတ္အဆက္ေတြ၊
ပညာရွင္အဆင့္ ေလာ္ဘီေတြဟာ ဘယ္ေလာက္အတိုင္းအတာအထိ ခ်ိတ္ဆက္လုပ္ေဆာင္ေနၾကသလဲ ဆိုတာဟာ
ေျပာဖို႔ခက္ပါတယ္။ အဲသည္ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕အစည္း ဆိုတာေတြဟာ
အၾကမ္းဖက္သမားေတြကို ဘယ္ေရြ႕ဘယ္မွ် သိသိႀကီးနဲ႔ အကူအညီေပးသလဲ ဆိုတာကို
ေျပာဖို႔ခက္ပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၂၀) ရက္ေန႔ေလာက္က တစ္ခါ ကၽြန္ေတာ္ သတိေပးဖူးပါတယ္။ ေအာက္တိုဘာလ (၉) ရက္ေန႔ ကုလားဆိုးမ်ားရဲ႕ တိုက္ခိုက္မႈမတိုင္ခင္ ရက္မ်ားအတြင္း ကာလတစ္ခုခုမွာ ေမာင္ေတာခရိုင္အတြင္းရွိ ကုလားမ်ားကို စားနပ္ရိကၡာ ေထာက္ပံ့မႈ ျပဳလုပ္ေနတဲ့ ႏိုင္ငံတကာ ေထာက္ပံ့ ကူညီေရး အဖြဲ႕အစည္းတစ္ခုဟာ ပံုမွန္ေပးေနက်ထက္ အေရအတြက္အားျဖင့္ ႏွစ္ဆ ရွိတဲ့ ဆန္အိတ္မ်ားကို တစ္ၿပိဳင္တည္းထုတ္ေပးခဲ့တယ္ ဆိုတဲ့ သတင္း ေတြကို ၾကားသိရတယ္ လို႔ ကၽြန္ေတာ္သတိေပးဖူးပါတယ္။
အဲသည္ ဆန္အိတ္ေတြထဲက အေရအတြက္ ေတာ္ေတာ္မ်ားမ်ားဟာ တိုက္ခိုက္ေရးအတြက္ အဆင္သင့္ ျပင္ဆင္ေနတဲ့ ကုလားဆိုးမ်ားရဲ႕ ရိကၡာသို၀ွက္ရာေနရာေတြဆီကို ေရာက္သြားခဲ့တာ ျဖစ္ရမယ္ လို႔ တြက္ဆမႈေတြရွိေနၾကတယ္။
ဒါေၾကာင့္
ဒီအၾကမ္းဖက္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ေလ့လာသံုးသပ္မႈလုပ္ဖို႔ရာ မၾကာေသးခင္က
ဖြဲ႕စည္းလိုက္တဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ ေကာ္မရွင္တစ္ခုရဲ႕ လုပ္ငန္းတာ၀န္ေတြထဲက
တစ္ခုအျဖစ္ ေအာက္ပါအခ်က္ကို ျပ႒ာန္းထားပါတယ္။ “သက္ဆိုင္ရာ
အာဏာပိုင္အဖြဲ႕အစည္းမ်ားအပါအ၀င္ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္
တိုက္ရိုက္ေသာ္လည္းေကာင္း သြယ္၀ိုက္၍ ေသာ္လည္းေကာင္း ပတ္သက္ေနသည့္ ျပည္တြင္း/ျပည္ပ
အဖြဲ႕အစည္းမ်ား၏ လုပ္ငန္းစဥ္မ်ားႏွင့္ ေဆာင္ရြက္ခ်က္မ်ားကို ေလ့လာသံုးသပ္ရန္”
ဆိုတဲ့အခ်က္ကို ထည့္သြင္းသတ္မွတ္ျပ႒ာန္းခဲ့ၾကတာ ျဖစ္ပါတယ္။
ဘာေၾကာင့္ ဒီေလာက္အထိ အ၀ိုက္အ၀န္းခ်ဲ႕လို႔ ေျပာရသလဲ ဆိုေတာ့ UN ၊ INGO ၊ NGO
ေတြကို လုပ္ကိုင္မႈ ေတြကို သံုးသပ္ရံုမွ်မကဘူး၊ ဒီအဖြဲ႕အစည္းေတြကို
ေစာင့္ၾကည့္သူေတြကို ထပ္ဆင့္ ေစာင့္ၾကည့္ဖို႔ လိုအပ္ေနလို႔ ျဖစ္ပါတယ္။
အက်င့္ပ်က္ျခစားမႈေတြ ႀကီးႀကီးမားမားရွိေနတယ္ လို႔ ဆိုၾကပါတယ္။ NGO ေတြကို
ေစာင့္ၾကည့္ဖို႔ရာ တာ၀န္ရွိေနသူတခ်ိဳ႕ဆီကို NGO ကိုယ္စားလွယ္ေတြက ညေနခ်မ္းပိုင္း
အိမ္အလည္သြားတာကို ကၽြန္ေတာ္တို႔ ၾကားသိေနရပါတယ္။
ျပည္တြင္းကို ေရာက္ေနတဲ့ ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႕အစည္း ေတြကို အဓိပၸါယ္ရွိတဲ့ ၾကပ္မတ္မႈေတြနဲ႔ တိတိက်က် ကိုင္တြယ္တတ္ဖို႔ လိုအပ္ပါတယ္။ ဥပမာအားျဖင့္ ၂၀၁၂-ခုႏွစ္ ျမန္မာဘက္ျခမ္းမွာ (ရခိုင္ျပည္နယ္မွာ) မၿငိမ္မသက္မႈ ျဖစ္တာနဲ႔ခ်က္ခ်င္း ဘဂၤလာေဒ့ရွ္ အစိုးရဟာ ဘဂၤလာ-ျမန္မာနယ္စပ္ ဘဂၤလာဘက္ျခမ္းမွာလုပ္ကိုင္ေနၾကတဲ့ MSF အပါအ၀င္ ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႕အစည္းေတြကို ခ်က္ခ်င္း အလုပ္ရပ္ခိုင္းၿပီး ႏွင္ထုတ္ပစ္လိုက္တယ္။ သူတို႔ရွိေနရင္ ျမန္မာဖက္ျခမ္းက လွ်ံက်ျပန္ေရာက္လာႏိုင္တဲ့ ဒုကၡသည္ေတြကို လက္ယပ္ ဖိတ္ေခၚ ေနရာ က်သြားမွာ မို႔လို႔ ျဖစ္ပါတယ္။
ဒီကေန႔ ကၽြန္ေတာ္ေျပာလိုတဲ့ သတင္းစကားကို အခ်ဳပ္ေျပာရရင္ –
၁။ ျမန္မာျပည္အေနာက္ဘက္နယ္စပ္မွာ ဒုကၡသည္စစ္သည္ေတာ္ (refugee warrior) ေတြ ရွိေန တယ္။
၂။ အဲသည္လူေတြကို ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႕အစည္း ေတြက အေထာက္အပံ့ ေပး ေနတဲ့ သေဘာလိုလို ျဖစ္ေနတယ္။ အၾကမ္းဖက္တိုက္ခိုက္ေရးတပ္ဖြဲ႕ရဲ႕ ေထာက္/ပို႔ (logistics) ပိုင္း နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈပိုင္းကို တာ၀န္ယူလုပ္ေဆာင္ေပးေနသလိုမ်ိဳး ျဖစ္ေနတယ္။
၃။ အဲသည္ ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႕အစည္း (international aid agencies) ကို ေစာင့္ၾကည့္ရမယ့္ တာ၀န္ရွိသူတခ်ိဳ႕ကို ကၽြန္ေတာ္တို႔က ထပ္ဆင့္ေစာင့္ၾကည့္ရမယ့္ သေဘာ ျဖစ္ေန တယ္။
၄။ ႏိုင္ငံတကာအကူအညီေပးေရးအဖြဲ႕အစည္းေတြကို ထိန္းခ်ဳပ္ႏိုင္တာဟာ ဒုကၡသည္ အမည္ခံ ခိုး၀င္ လူ႔အဖြဲ႕အစည္း ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားရာမွာ အေရးႀကီးတဲ့အခ်က္ တစ္ခ်က္ ျဖစ္တယ္။
ေလးစားစြာျဖင့္ –
ဦးေက်ာ္ေဇာဦး
ရခုိင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)
၂၀၁၆-ခုႏွစ္ ေအာက္တိုဘာလ (၂၇) ရက္

[ Unicode version here ]
ရခိုင်နယ်စပ် မူဂျာဟစ်ဒင်များ၊ ဒုက္ခသည် စစ်သည်တော်များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ
By ဦးကျော်ဇောဦး ၊ (၂၇-၁၀-၂၀၁၆)
ဒုက္ခသည် စစ်သည်တော်တွေ (refugee warriors) ဆိုတဲ့ အသုံးအနှုံးကို ၁၉၉၈-ခုနှစ်လောက်မှာ ရေးသားထုတ်ဝေခဲ့တဲ့ “Escape from Violence: Conflict and the Refugee Crisis in the Developing World” ဆိုတဲ့စာအုပ်မှာ စာရေးသူ Astri Suhrke က စတင် သုံးစွဲခဲ့တယ် လို့ဆိုပါတယ်။ ဒုက္ခသည်တွေအဖြစ် နိုင်ငံတကာ အထောက်အပံ့တွေကို ရယူခံစားရပ်တည်ရင်း တိုက်ခိုက်ရေးသမား အဖြစ် လုပ်ဆောင်နေကြသူတွေကို ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်။
ရခိုင်ဒေသ နယ်စပ်မှာ မကြာသေးခင် အောက်တိုဘာလ ၉-ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဖန်တီးခဲ့သူ အရပ်သားအသွင် ဝတ်ဆင်ထားကြသူတွေဟာ နှစ်ပေါင်းနှစ်ဆယ်ခန့် နိုင်ငံတကာက ကျွေးမွေးထောက်ပံ့ထားခဲ့သူတွေဖြစ်ပါတယ်။ ဒီလူတွေဟာ မိမိတို့နိုင်ငံပိုင်နက်ထဲမှာ ဥပဒေဘောင်ပြင်ပက နေထိုင်ရင်း နိုင်ငံတကာအဖွဲ့အစည်းတွေက အကြောင်းအမျိုးအမျိုးပြ ကျွေးမွေး ထောက်ပံ့တာကို ရယူစားသောက်ရင်း မိမိတို့နိုင်ငံရဲ့ အချုပ်အချာအာဏာကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်တဲ့ အနေအထားကို ရောက်လာကြတာ ဖြစ်ပါတယ်။
၂၀၁၂-ခုနှစ် ဘင်္ဂလီဆူပူမှုနောက်ပိုင်း ဒုက္ခသည်စခန်းတွေ ပေါ်မလာခင်ကတည်းက ၁၉၉၄ ပတ်ဝန်းကျင်လောက်ကတည်းက UNHCR ဟာ တစ်ဘက်ကမ်းက ပြန်လာသူတွေ (returnees) အခြေတကျ ဖြစ်နိုင်ဖို့အတွက် စားရေရိက္ခာအပါအဝင် ပုံစံပေါင်းစုံသော အကူအညီ အထောက်အပံ့တွေကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသက မူဆလင်တွေကို တစ်သက်သက် နင်းကန်ထောက်ပံ့ လာခဲ့တယ်။ UNHCR အပါအဝင် UN အဖွဲ့အစည်းတွေ၊ တစ်ဆင့်ခံ INGO တွေ၊ NGO တွေ အားဖြင့် နယ်စပ်ဒေသ ခိုးဝင် ဘင်္ဂါလီတွေကို တစ်ဘက်သတ် ထောက်ပံ့လို့ အားကောင်းစေပြီး ဒေသခံ ဌာနေတိုင်းရင်းသားတွေကို အားငယ်လျော့ပါးစေခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိပါပြီ။
ဒေသအတွင်းမှာ အရပ်သားပုံစံနဲ့ ရှိနေကြတဲ့ ဒုက္ခသည် စစ်သည်တော် (refugee warrior) များ နဲ့ ဒီရခိုင်မြောက်ပိုင်းမှာ လာလုပ်နေကြတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ အဲသည်အဖွဲ့အစည်းတွေရဲ့ မီဒီယာ အချိတ်အဆက်တွေ၊ ပညာရှင်အဆင့် လော်ဘီတွေဟာ ဘယ်လောက်အတိုင်းအတာအထိ ချိတ်ဆက်လုပ်ဆောင်နေကြသလဲ ဆိုတာဟာ ပြောဖို့ခက်ပါတယ်။ အဲသည် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း ဆိုတာတွေဟာ အကြမ်းဖက်သမားတွေကို ဘယ်ရွေ့ဘယ်မျှ သိသိကြီးနဲ့ အကူအညီပေးသလဲ ဆိုတာကို ပြောဖို့ခက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀) ရက်နေ့လောက်က တစ်ခါ ကျွန်တော် သတိပေးဖူးပါတယ်။ အောက်တိုဘာလ (၉) ရက်နေ့ ကုလားဆိုးများရဲ့ တိုက်ခိုက်မှုမတိုင်ခင် ရက်များအတွင်း ကာလတစ်ခုခုမှာ မောင်တောခရိုင်အတွင်းရှိ ကုလားများကို စားနပ်ရိက္ခာ ထောက်ပံ့မှု ပြုလုပ်နေတဲ့ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့အစည်းတစ်ခုဟာ ပုံမှန်ပေးနေကျထက် အရေအတွက်အားဖြင့် နှစ်ဆ ရှိတဲ့ ဆန်အိတ်များကို တစ်ပြိုင်တည်းထုတ်ပေးခဲ့တယ် ဆိုတဲ့ သတင်း တွေကို ကြားသိရတယ် လို့ ကျွန်တော်သတိပေးဖူးပါတယ်။
အဲသည် ဆန်အိတ်တွေထဲက အရေအတွက် တော်တော်များများဟာ တိုက်ခိုက်ရေးအတွက် အဆင်သင့် ပြင်ဆင်နေတဲ့ ကုလားဆိုးများရဲ့ ရိက္ခာသိုဝှက်ရာနေရာတွေဆီကို ရောက်သွားခဲ့တာ ဖြစ်ရမယ် လို့ တွက်ဆမှုတွေရှိနေကြတယ်။
ဒါကြောင့် ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်မှုလုပ်ဖို့ရာ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်လွှတ်တော် ကော်မရှင်တစ်ခုရဲ့ လုပ်ငန်းတာဝန်တွေထဲက တစ်ခုအဖြစ် အောက်ပါအချက်ကို ပြဋ္ဌာန်းထားပါတယ်။ “သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက်နေသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်ရန်” ဆိုတဲ့အချက်ကို ထည့်သွင်းသတ်မှတ်ပြဋ္ဌာန်းခဲ့ကြတာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလောက်အထိ အဝိုက်အဝန်းချဲ့လို့ ပြောရသလဲ ဆိုတော့ UN ၊ INGO ၊ NGO တွေကို လုပ်ကိုင်မှု တွေကို သုံးသပ်ရုံမျှမကဘူး၊ ဒီအဖွဲ့အစည်းတွေကို စောင့်ကြည့်သူတွေကို ထပ်ဆင့် စောင့်ကြည့်ဖို့ လိုအပ်နေလို့ ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေ ကြီးကြီးမားမားရှိနေတယ် လို့ ဆိုကြပါတယ်။ NGO တွေကို စောင့်ကြည့်ဖို့ရာ တာဝန်ရှိနေသူတချို့ဆီကို NGO ကိုယ်စားလှယ်တွေက ညနေချမ်းပိုင်း အိမ်အလည်သွားတာကို ကျွန်တော်တို့ ကြားသိနေရပါတယ်။
ပြည်တွင်းကို ရောက်နေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တွေကို အဓိပ္ပါယ်ရှိတဲ့ ကြပ်မတ်မှုတွေနဲ့ တိတိကျကျ ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၂-ခုနှစ် မြန်မာဘက်ခြမ်းမှာ (ရခိုင်ပြည်နယ်မှာ) မငြိမ်မသက်မှု ဖြစ်တာနဲ့ချက်ချင်း ဘင်္ဂလာဒေ့ရှ် အစိုးရဟာ ဘင်္ဂလာ-မြန်မာနယ်စပ် ဘင်္ဂလာဘက်ခြမ်းမှာလုပ်ကိုင်နေကြတဲ့ MSF အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ချက်ချင်း အလုပ်ရပ်ခိုင်းပြီး နှင်ထုတ်ပစ်လိုက်တယ်။ သူတို့ရှိနေရင် မြန်မာဖက်ခြမ်းက လျှံကျပြန်ရောက်လာနိုင်တဲ့ ဒုက္ခသည်တွေကို လက်ယပ် ဖိတ်ခေါ် နေရာ ကျသွားမှာ မို့လို့ ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်ပြောလိုတဲ့ သတင်းစကားကို အချုပ်ပြောရရင် –
၁။ မြန်မာပြည်အနောက်ဘက်နယ်စပ်မှာ ဒုက္ခသည်စစ်သည်တော် (refugee warrior) တွေ ရှိနေ တယ်။
၂။ အဲသည်လူတွေကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တွေက အထောက်အပံ့ ပေး နေတဲ့ သဘောလိုလို ဖြစ်နေတယ်။ အကြမ်းဖက်တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ ထောက်/ပို့ (logistics) ပိုင်း နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကို တာဝန်ယူလုပ်ဆောင်ပေးနေသလိုမျိုး ဖြစ်နေတယ်။
၃။ အဲသည် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း (international aid agencies) ကို စောင့်ကြည့်ရမယ့် တာဝန်ရှိသူတချို့ကို ကျွန်တော်တို့က ထပ်ဆင့်စောင့်ကြည့်ရမယ့် သဘော ဖြစ်နေ တယ်။
၄။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေကို ထိန်းချုပ်နိုင်တာဟာ ဒုက္ခသည် အမည်ခံ ခိုးဝင် လူ့အဖွဲ့အစည်း ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာမှာ အရေးကြီးတဲ့အချက် တစ်ချက် ဖြစ်တယ်။
လေးစားစွာဖြင့် –
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
၂၀၁၆-ခုနှစ် အောက်တိုဘာလ (၂၇) ရက်