UNHCR တည်း ဟူသော ထရိုဂျန် မြင်းရုပ်

[ Zawgyi version here ] [Unicode version below ]

By ဦးေက်ာ္ေဇာဦး ၊ (၃၀-၁၀-၂၀၁၆) ၊ ၁၆း၃၈ နာရီ

၁။ ရခိုင္နယ္စပ္မွာ ဘဂၤါလီ ရွစ္သိန္းေက်ာ္ကို ပိုးေမြးသလိုေမြးၿပီး ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာ အာဏာကို ဆန္႔က်င္ဖ်က္ဆီးရာေရာက္တဲ့ ေဆာင္ရြက္ခ်က္ေတြကို စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနခဲ့ တဲ့ အဖြဲ႕အစည္းကေတာ့ UNHCR လို႔ အတိုေကာက္ သိၾကတဲ့ ကမၻာ့ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီးရံုး ပဲ ျဖစ္ပါတယ္။ HCR လို႔လည္း အဲသည္အဖြဲ႕အစည္းကို ေခၚၾကပါတယ္။

၂။ ဒုတိယ ကမၻာစစ္ ၿပီးခါစ ကာလမွာ UNHCR ဆိုတာမရွိခင္တံုးက၊ ႏိုင္ငံတကာဒုကၡသည္အဖြဲ႕ (International Refugee Organazation) အတိုေကာက္အားျဖင့္ IRO လို႔ေခၚတဲ့ အဖြဲ႕ကို ႏိုင္ငံေတြ ပါ၀င္ဖြဲ႕စည္း လုပ္ေဆာင္ ခဲ့ၾကတယ္။ အဲသည္တံုးက လုပ္ေဆာင္ရာမွာ Displaced Person (DP) လို႔ ေခၚတဲ့ မူရင္းေနရာမွ တိမ္းေရွာင္ထြက္ေျပးရသူေတြ နဲ႔ Refugee လို႔ေခၚတဲ့ ဒုကၡသည္ေတြကို ခြဲျခားျခင္း ေနာက္ၿပီးေတာ့ ခြဲျခားသည့္အေလ်ာက္ ပံ့ပိုးလုပ္ေဆာင္မႈကြဲျပားျခင္းတို႔ေၾကာင့္ အျငင္းအခုန္ေတြ အမ်ားႀကီး လုပ္ခဲ့ရ တာေတြ ရွိခဲ့တယ္။ ဥပမာအားျဖင့္ နာဇီဂ်ာမနီက ထြက္ေျပးလာတဲ့ ဂ်ဴးေတြကို အာရပ္ႏိုင္ငံေတြက သတ္မွတ္ေပးခ်င္တာက တိမ္းေရွာင္ထြက္ေျပးရသူ (DP) ေတြအျဖစ္ သတ္မွတ္လိုက္ခ်င္တယ္။ ဒီလိုသတ္မွတ္ရင္ မူရင္း ေနရပ္ျပန္ပို႔ျခင္း (repatriation) ျပဳလုပ္ရမွာ ျဖစ္တဲ့အတြက္ ဂ်ာမနီ နဲ႔ အျခား ဥေရာပေဒသေတြကို ျပန္ပို႔ရမယ္။ အဲသည္ ဂ်ဴးေတြကို တိမ္းေရွာင္ထြက္ေျပးရသူ (DP) ေတြအျဖစ္ အမ်ိဳးအစားမသတ္မွတ္ဘူး ဒုကၡသည္ (Refugee) လို႔ပဲ သတ္မွတ္မယ္ ဆိုရင္ေတာ့ ေနရာျပန္လည္ ခ်ထားျခင္း (re-settlement) လုပ္ရမွာ ျဖစ္တဲ့အတြက္ ပါလက္စတိုင္းကိုပဲပို႔ရေတာ့မယ့္ အေျခကို ဆိုက္လာေတာ့မွာ ျဖစ္တဲ့အတြက္ ဒုကၡသည္ (Refugee) အျဖစ္သတ္မွတ္မွာကို အာရပ္ႏိုင္ငံေတြက အျပင္းအထန္ဆန္႔က်င္ခဲ့ၾကတယ္။ ဒုကၡသည္ေရးရာမူ၀ါဒ ခ်မွတ္လုပ္ေဆာင္ရာမွာ မူဆလင္ႏိုင္ငံေတြ၊ အာရပ္ႏိုင္ငံေတြဟာ မိမိတို႔ အစၥလမ္မစ္ကမၻာရဲ႕ အသာစီးရမႈကို တြက္ခ်က္ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္တယ္ လို႔ ျဖစ္ရပ္သက္ေသနဲ႔ ေထာက္ျပတာ ျဖစ္ပါတယ္။

၃။ ၁၉၅၀ ေလာက္မွာ UNHCR ကို စဖြဲ႕တဲ့အခါ ဒုကၡသည္ေတြရဲ႕ ရပုိင္ခြင့္ေတြရေစဖို႔ ကိုယ္စိတ္ ေကာင္းမြန္စြာ ေနထိုင္ႏိုင္မႈကို ရရွိေရးကို ေဆာင္ရြက္ေပးဖို႔ေလာက္ကို လုပ္ပိုင္ခြင့္ ေပးထားရာကေန ေနာက္ပိုင္းလုပ္ပိုင္ခြင့္ေတြကို တိုးခ်ဲ႕ရလာတာ ဘယ္ေလာက္အထိ ရလာသလဲဆိုေတာ့၊ စိုးရိမ္ဖြယ္ရာ အေျခအေနထဲ ေရာက္ရွိေနသူေတြ (Persons of Concern) မွန္သမွ်နဲ႔ ပတ္သက္လို႔ တာ၀န္ယူ လုပ္ေဆာင္ခြင့္ ေတြရ လာတယ္။ စိုးရိမ္ဖြယ္ရာအေျခအေနထဲ ေရာက္ရွိေနသူေတြ (Persons of Concern) လို႔ ဆိုရာမွာ ႏုိင္ငံမဲ့ (stateless people) ေတြပါ ပါ၀င္ထည့္သြင္း လာတယ္။

၄။ UNHCR ဟာ ၁၉၉၄ ေလာက္မွာ ျမန္မာႏိုင္ငံ ေမာင္ေတာေဒသသို႔ ေနရပ္ျပန္သူ(returnee)ေတြလို႔ သူတို႔ သတ္မွတ္ထားသူအခ်ိဳ႕ကို မူရင္းေနရပ္ျပန္ပို႔ျခင္း (repatriation) လုပ္ေဆာင္တာ အေျခတက် ျဖစ္ေအာင္ လုပ္ေဆာင္တာေတြ လုပ္ေနခဲ့တယ္။ ၁၉၉၅-ခုႏွစ္ေလာက္က စလို႔ ထင္ပါတယ္၊ UNHCR ရဲ႕ လုပ္ပိုင္ခြင့္ေတြ ကို ကုလသမဂၢအေထြေထြညီလာခံ အစည္းအေ၀းဆံုးျဖတ္ခ်က္ေတြအားျဖင့္ တိုးၿမွင့္ေပး လိုက္ေတာ့ ႏိုင္ငံမဲ့ဆိုသူေတြကို ေက်ြးေမြးျပဳစု အားေဆးထိုးပိုင္ခြင့္ေတြ ရလာတယ္။ ယေန႔ ရခိုင္နယ္စပ္မွာ UNHCR က ေက်ြးေမြးျပဳစု အားေဆးထိုးေနတဲ့ ႏိုင္ငံမဲ့ဆိုသူေတြရဲ႕ အေရအတြက္ဟာ သူတို႔ရဲ႕ တရား၀င္စာရင္းအရ ရွစ္သိန္းရွိတယ္။ လူမ်ိဳးလိမ္နာမည္တစ္ခုကို ဖန္တီးၿပီး နယ္ေျမအပိုင္စီးႏိုင္ဖို႔ ႀကိဳးစားေနတဲ့ လူရွစ္သိန္းရွိ လူအုပ္စုတစ္ခုကို ႏိုင္ငံတကာ အေထာက္အပံ့မ်ားအားျဖင့္ ႏွစ္ေပါင္းႏွစ္ဆယ္ေလာက္ အားေကာင္းသထက္ အားေကာင္းေအာင္ လူေနမႈဘ၀ပံုစံေတြ ဘက္ေပါင္းစံုက တိုးတက္ေအာင္ ႏွစ္ေပါင္းႏွစ္ဆယ္ေလာက္ UNHCR က အားေဆးထိုး ေနခဲ့တယ္။

၅။ ကုလသမဂၢရဲ႕ တရား၀င္ လုပ္ပိုင္ခြင့္အပ္ႏွင္းမႈ (mandate) အားျဖင့္ ႏိုင္ငံတကာရံပံုေငြကို သံုးၿပီး အဲသည္ႏိုင္ငံမဲ့ ဆိုသူလူအုပ္စုဟာ အဆက္မျပတ္အေထာက္အပံ့ေတြ ရေနခဲ့ခ်ိန္မွာ နဂိုကတည္းက အႀကိမ္ႀကိမ္ လူမ်ိဳးတံုးသတ္ျဖတ္မႈေၾကာင့္ လူဦးေရနည္းေနတဲ့ ဘက္ေပါင္းစံုကခ်ိနဲ႔ေနတဲ့ ၿမိဳ၊ ဒိုင္းနက္၊ ခမီး၊ ရခုိင္ အစရွိတဲ့ တိုင္းရင္းသားလူမ်ိဳးေတြ ဟာ ဆင္းရဲသထက္ဆင္းရဲလာတယ္။ လယ္၊ ယာ၊ ေခ်ာင္း၊ ေျမာင္း၊ ကုန္းေတြ၊ ေတာင္ေတြကို တိုင္းရင္းသားေတြ မပိုင္ေတာ့ဘူး။ ကုလားေတြ ရဲ႕အပိုင္ေတြ ခ်ည္း ျဖစ္လာခဲ့တယ္။ တိုင္းရင္းသားေတြဟာ တစ္ေန႔စာတစ္ေန႔ရွာစား၊ ေတာင္တက္ ထင္းေကာက္၊ ေခ်ာင္းဆင္း ခရုေကာက္ ဖားရွာ စားရတဲ့ သူေတြ အေနအထားမွာပဲ ရွိေနခဲ့တယ္။ စီးပြားေရးလို႔ ရွိရင္လည္း ဘူးသီးေတာင္၊ ေမာင္ေတာက စီးပြားနယ္ပယ္မွန္သမွ်ဟာ ကုလား လက္ေအာက္ခံ လုပ္ရတာေတြ ခ်ည္းပဲ ျဖစ္တယ္။

၆။ UNHCR ကို ယခု အပ္ႏွင္းထားတဲ့ လုပ္ပိုင္ခြင့္ေတြအရ ႏိုင္ငံမဲ့ေတြကို ကူညီေထာက္ပံ့ဖို႔ ဆိုတာအျပင္ အဲသည္လူေတြ ႏိုင္ငံသားျဖစ္ႏိုင္ဖို႔ ႀကိဳးပမ္းဖို႔ကိုပါ လုပ္ပိုင္ခြင့္ေပးထားတယ္ လို႔ သိရပါတယ္။ ဒါေၾကာင့္မို႔လို႔ ကုလားေလးေတြကို ေဆးရံုမွာလာေမြးၿပီးေတာ့ ေမြးစာရင္းေပး ေပးဖို႔ ကူေတာင္းေနတဲ့ ႏိုင္ငံျခားသားလူျဖဴေတြကို ဘူးသီးေတာင္နဲ႔ေမာင္ေတာ ေဆးရံုေတြမွာ မၾကာခဏ ဆိုသလို ေတြ႕ႏိုင္ တယ္။ ဒါေၾကာင့္မို႔လို႔ ျပည္တြင္းက ႏိုင္ငံတကာအဖြဲ႕အစည္းအခ်ိဳ႕ဟာ ႏိုင္ငံျခားသားကၽြမ္းက်င္သူ ပညာရွင္ေတြ ငွားရမ္းၿပီး ၁၉၈၂-ခုႏွစ္္ ျမန္မာႏိုင္ငံသားဥပေဒကို အေသးစိတ္ အႏုလံုပဋိလံု ေလ့လာျခင္း ဥပေဒကို ဆီလို အေပါက္ရွာျခင္းေတြ ျပဳလုပ္ၾကတာ ျဖစ္ပါတယ္။ နယ္ျခားက ဘဂၤါလီေတြ ႏိုင္ငံသား ျဖစ္လာႏိုင္တဲ့အထိ ျမန္မာႏိုင္ငံသားဥပေဒကို ေျပာင္းလဲႏိုင္ေအာင္ အဆက္အသြယ္ရွာတာတို႔၊ ေျပာင္းလဲဖို႔ လိုအပ္ေနပါၿပီလို႔ သူတို႔ရဲ႕ ႏိုင္ငံေရး အဆက္အသြယ္ ေတြက တစ္ဆင့္ အသံထြက္ ေစတာ တို႔ကို လုပ္ေနၾကတာျဖစ္ပါတယ္။

၇။ တကယ္ေတာ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တည္ဆဲဥပေဒအရ ႏိုင္ငံသားမျဖစ္ႏိုင္သူေတြကို ႏိုင္ငံသား ျဖစ္ေအာင္ ျပည္ပအဖြဲ႕အစည္းတစ္ခုက ႀကိဳးပမ္းေနတာဟာ ဒီႏိုင္ငံရဲ႕ အခ်ပ္အခ်ာအာဏာကို တစ္စခ်င္း ခ်ိဳးဖဲ့ေနတာပဲ ျဖစ္ပါတယ္။ ၁၉၃၀-ေလာက္က သည္ဟိတ္ၿမိဳ႕မွာ ႏိုင္ငံအမ်ားေရးဆြဲခဲ့ၾကတဲ့ ႏိုင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒေတြနဲ႔ ပတ္သက္တဲ့ သေဘာတူညီခ်က္ တစ္ခုမွာ ဘယ္လို ေျပာထား သလဲဆိုေတာ့ It is for each State to determine under its own law who are its nationals. လို႔ ဆိုထားတယ္။ ဘယ္သူဘယ္၀ါေတြဟာ ႏိုင္ငံသားျဖစ္တယ္ ဆိုတာကို သက္ဆိုင္ရာ ႏိုင္ငံရဲ႕ ဥပေဒမ်ားအားျဖင့္သာ သတ္မွတ္ ဆံုးျဖတ္ရမယ္ လို႔ ဆိုလိုတာျဖစ္ပါတယ္။ (ရည္ညႊန္း။ Convention on Certain Questions Relating to the Conflict of Nationality Law: 13 April 1930)

၈။ ယခုႏွစ္ ၂၀၁၆-ခုႏွစ္ ဘ႑ာေရးႏွစ္အတြင္းမွာ သံုးစြဲဖို႔ UNHCR ရရွိထားတဲ့ ဘ႑ာေငြပမာဏဟာ (ၿပီးခဲ့တဲ့ စက္တင္ဘာလအထိ သိရသမွ် ဆိုရင္) အေမရိကန္ေဒၚလာ သန္းေပါင္း ၃,၄၆၇ သန္း ေက်ာ္ ရရွိထားခဲ့တယ္။ ဒီေငြေတြကို ဆက္တိုက္သံုးစြဲခဲ့တယ္။ ေနာင္လည္း သံုးစြဲဖို႔ ၀င္လာဦးမွာ ျဖစ္ပါတယ္။ အဲသည္ရံပံုေငြထဲက ဘယ္ေရြ႕ဘယ္မွ်ကို ရခိုင္ျပည္နယ္ထဲက ႏိုင္ငံမဲ့ဆိုသူ ရွစ္သိန္းနဲ႔ ဒုကၡသည္ စခန္းေရာက္ တစ္သိန္းႏွစ္ေသာင္း (စုစုေပါင္းအားျဖင့္ ကိုးသိန္းႏွစ္ေသာင္း) အတြက္ ဘယ္ေလာက္ သံုးစြဲေနတယ္ဆိုတာ မသိရဘူး။ အၾကမ္းဖ်င္းမွန္းဆခ်က္ေတြအရ ႏိုင္ငံတကာအဖြဲ႕အစည္း ေတြအားလံုး ရခိုင္ျပည္နယ္မွာ သံုးစြဲေနတဲ့ ေငြေၾကးပမာဏဟာ ရခိုင္ျပည္နယ္အစိုးရရဲ႕ ႏွစ္စဥ္ဘက္ဂ်က္နဲ႔ ဆတူ ရွိႏိုင္တယ္ လို႔ေျပာၾကတယ္။ ဒါေပမဲ့ ဒါကလည္း ကိန္းဂဏန္းအေသအခ်ာ သိရမွ အတိအက် ေျပာႏိုင္မယ့္ ကိစၥျဖစ္ပါတယ္။

၉။ ကမၻာေပၚမွာလက္ရွိရွိေနတဲ့ ႏိုင္ငံမဲ့ လူဦးေရ စုစုေပါင္းဟာ ဆယ္သန္းကေန ဆယ့္ငါးသန္း အၾကား ရွိမယ္လို႔ အၾကမ္းဖ်င္းခန္႔မွန္းၾကပါတယ္။ အဲသည္အေရအတြက္ထဲမွာ ရခိုင္နယ္စပ္က ဘဂၤါလီလူမ်ိဳး ရွစ္သိန္း လည္း အပါအ၀င္ ျဖစ္ပါတယ္။ ဒီလူရွစ္သိန္းကို ႏိုင္ငံမဲ့ေတြဆိုၿပီး တစ္ဖက္သတ္ အကူအညီ ႏွစ္ဆယ္ေပါင္းမ်ားစြာ ေပးျခင္းအားျဖင့္၊ အဲသည္ေဒသထဲက တိုင္းရင္းသားႏိုင္ငံသားေတြဟာ နဂိုကတည္းက ဆင္းရဲေနၿပီးသား ျဖစ္ေနရာကေန ဘဂၤါလီေတြကို လူမႈေရး စီးပြားေရးအရ လံုး၀မယွဥ္ႏိုင္တဲ့ အဆင့္ကို က်ဆင္းလာခဲ့တယ္။ အကူအညီေပးတဲ့ေနရာမွာ တိုင္းရင္းသားရြာသိမ္ရြာငယ္ေလးေတြကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး (ဥပမာ အိမ္ေျခ ၅၀ မျပည့္လို႔ ဆိုတာမ်ိဳး အေၾကာင္းျပၿပီး) အကူအညီမေပးဘဲ ခ်န္ထားတဲ့ ျဖစ္စဥ္ေတြအမ်ားႀကီးရွိခဲ့ဖူးတယ္။ အဲသည္အေနအထားမွာ ႏိုင္ငံမဲ့ဆိုသူေတြဟာ ဘယ္ေလာက္အထိအားေကာင္းလာသလဲဆိုရင္ လက္နက္စြဲကိုင္တိုက္ခိုက္ၿပီး လံုၿခံဳေရးတပ္ဖြဲ႕၀င္ေတြကို သတ္ျဖတ္ၿပီး ႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာ ကို တိုက္ခိုက္ႏိုင္တဲ့ အဆင့္ကို ေရာက္ရွိလာခဲ့ၾကတယ္။

၁၀။ ရခုိင္ျပည္နယ္အတြင္းက ႏိုင္ငံတကာ အေထာက္အပံ့အဖြဲ႕အစည္းေတြထဲမွာ UNHCR ဟာ ဘက္ဂ်က္အမ်ားဆံုး သံုးစြဲသူ ဆရာႀကီးျဖစ္တယ္။ မ်ားေသာအားျဖင့္ အျခား UN အဖြဲ႕အစည္းေတြ နဲ႔ INGO ၊ NGO ေတြဟာ အဲသည္ဆရာႀကီးနဲ႔ လက္တြဲေဆာင္ရြက္ရသူေတြသာျဖစ္ၾကတယ္။ UNHCR ခုိင္းတာကို တစ္ဆင့္ခံလုပ္ေပးရတဲ့ အဖြဲ႕အစည္းေတြဟာ ျဖစ္ၾကတယ္။

၁၁။ ဆရာႀကီးျဖစ္သူ UNHCR ကလာတဲ့ အလုပ္ေတြကို UNOCHA က ထိန္းညိွျခင္း steering လုပ္ျခင္းအားျဖင့္ ပဲ့ကိုင္တယ္။ ယခုအခါ အႏၱရယ္တစ္ခုက ဘာလဲဆိုေတာ့ ျဖဴစင္ႏွလံုးသား MHDO လိုမ်ိဳး ျမန္မာျပည္မက ခရစ္ယန္ အဖြဲ႕အစည္းေတြကို ဘဂၤါလီအားေဆးထိုး လုပ္ငန္းမွာ အႀကီးအက်ယ္ ေခၚသံုးေနတဲ့ကိစၥ ျဖစ္ပါတယ္။ UN နဲ႔ INGO ေတြမွာ ေဒသခံေတြ မပါဘူး၊ ေဒသခံေတြပါရမယ္ လို႔ဆိုရင္ ခ်င္းလူမ်ိဳးေတြကို ေခၚထည့္ထားၿပီးေတာ့ ေဒသခံပါတယ္လို႔ သူတို႔ ဆိုျပန္တယ္။ ဒီလိုနည္းအားျဖင့္ ေဒသခံရခုိင္လူမ်ိဳးေတြရဲ႕ ရန္သူစစ္တပ္ႀကီးတစ္တပ္ဟာ နယ္ေျမက်ဴးေက်ာ္သိမ္းပိုက္ေရးလႈပ္ရွားမႈကို ေၾကးစားစစ္သားေတြသံုးၿပီးေတာ့ မိမိတို႔ နယ္ေျမထဲမွာ ေန႔ညရွိသေရြ႕ အခ်ိန္ျပည့္လႈပ္ရွားေနၾကတယ္။ ရခိုင္ေတြ ဘာမွ မသိရဘူး။ ရခိုင္ေတြ ဘာမွ မသိရဘဲ နယ္ေျမက်ဆးံုေနတယ္။ သိျပန္ရင္လည္း မိမိတို႔က ဘာမွလုပ္ပိုင္ခြင့္မရွိတဲ့ အေျခအေနမွာ တာ၀န္ရွိသူေတြက အျပည့္အ၀တာ၀န္ယူ အကာအကြယ္မေပးတာကိုပဲ ႀကံဳေတြ႕ၾကရတယ္။

၁၂။ ၂၀၁၄-ခုႏွစ္ မတ္လ (၂၇) ရက္ေန႔ စစ္ေတြၿမိဳ႕မွာ စစ္ေတြၿမိဳ႕သူၿမိဳ႕သားအခ်ိဳ႕ဟာ လူအုပ္စုဖြဲ႕ၿပီး UN အဖြဲ႕အစည္းေတြ၊ INGO ေတြ၊ NGO ေတြရဲ႕ ရံုးခန္းေတြကို ဖ်က္ဆီးခဲ့ၾကတယ္။ ရခုိင္ ျပည္နယ္ထဲကို လာေရာက္အေျခစိုက္ရံုးခန္းဖြင့္ၿပီး ဘဂၤါလီႏိုင္ငံထူေထာင္ႏိုင္ေရးကို လာေရာက္ လုပ္ကိုင္ေနသူေတြကို ဘယ္ေဒသခံ ဌာေနတိုင္းရင္းသားကမွ ဒီအတိုင္းလက္ပိုက္ၾကည့္ေနႏိုင္မွာ မဟုတ္ပါဘူး။ ျမန္မာ/ရခိုင္ နယ္ေျမေတြကို က်ဴးေက်ာ္နယ္ခ်ဲ႕ရာမွာ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ပါ၀င္ကူညီေနတယ္လို႔ သိရွိေနရတဲ့အတြက္ အလားတူေပါက္ကြဲမႈမ်ိဳးဟာ ဘယ္အခါမဆို ထပ္ျဖစ္ လာႏိုင္တယ္။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)
၂၀၁၆-ခုႏွစ္ ေအာက္တိုဘာ (၃၀)

[ Unicode version here ]

UNHCR တည်း ဟူသော ထရိုဂျန် မြင်းရုပ်

By ဦးကျော်ဇောဦး ၊ (၃၀-၁၀-၂၀၁၆) ၊ ၁၆း၃၈ နာရီ

၁။ ရခိုင်နယ်စပ်မှာ ဘင်္ဂါလီ ရှစ်သိန်းကျော်ကို ပိုးမွေးသလိုမွေးပြီး မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ဆန့်ကျင်ဖျက်ဆီးရာရောက်တဲ့ ဆောင်ရွက်ချက်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့ တဲ့ အဖွဲ့အစည်းကတော့ UNHCR လို့ အတိုကောက် သိကြတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ပဲ ဖြစ်ပါတယ်။ HCR လို့လည်း အဲသည်အဖွဲ့အစည်းကို ခေါ်ကြပါတယ်။

၂။ ဒုတိယ ကမ္ဘာစစ် ပြီးခါစ ကာလမှာ UNHCR ဆိုတာမရှိခင်တုံးက၊ နိုင်ငံတကာဒုက္ခသည်အဖွဲ့ (International Refugee Organazation) အတိုကောက်အားဖြင့် IRO လို့ခေါ်တဲ့ အဖွဲ့ကို နိုင်ငံတွေ ပါဝင်ဖွဲ့စည်း လုပ်ဆောင် ခဲ့ကြတယ်။ အဲသည်တုံးက လုပ်ဆောင်ရာမှာ Displaced Person (DP) လို့ ခေါ်တဲ့ မူရင်းနေရာမှ တိမ်းရှောင်ထွက်ပြေးရသူတွေ နဲ့ Refugee လို့ခေါ်တဲ့ ဒုက္ခသည်တွေကို ခွဲခြားခြင်း နောက်ပြီးတော့ ခွဲခြားသည့်အလျောက် ပံ့ပိုးလုပ်ဆောင်မှုကွဲပြားခြင်းတို့ကြောင့် အငြင်းအခုန်တွေ အများကြီး လုပ်ခဲ့ရ တာတွေ ရှိခဲ့တယ်။ ဥပမာအားဖြင့် နာဇီဂျာမနီက ထွက်ပြေးလာတဲ့ ဂျူးတွေကို အာရပ်နိုင်ငံတွေက သတ်မှတ်ပေးချင်တာက တိမ်းရှောင်ထွက်ပြေးရသူ (DP) တွေအဖြစ် သတ်မှတ်လိုက်ချင်တယ်။ ဒီလိုသတ်မှတ်ရင် မူရင်း နေရပ်ပြန်ပို့ခြင်း (repatriation) ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ဂျာမနီ နဲ့ အခြား ဥရောပဒေသတွေကို ပြန်ပို့ရမယ်။ အဲသည် ဂျူးတွေကို တိမ်းရှောင်ထွက်ပြေးရသူ (DP) တွေအဖြစ် အမျိုးအစားမသတ်မှတ်ဘူး ဒုက္ခသည် (Refugee) လို့ပဲ သတ်မှတ်မယ် ဆိုရင်တော့ နေရာပြန်လည် ချထားခြင်း (re-settlement) လုပ်ရမှာ ဖြစ်တဲ့အတွက် ပါလက်စတိုင်းကိုပဲပို့ရတော့မယ့် အခြေကို ဆိုက်လာတော့မှာ ဖြစ်တဲ့အတွက် ဒုက္ခသည် (Refugee) အဖြစ်သတ်မှတ်မှာကို အာရပ်နိုင်ငံတွေက အပြင်းအထန်ဆန့်ကျင်ခဲ့ကြတယ်။ ဒုက္ခသည်ရေးရာမူဝါဒ ချမှတ်လုပ်ဆောင်ရာမှာ မူဆလင်နိုင်ငံတွေ၊ အာရပ်နိုင်ငံတွေဟာ မိမိတို့ အစ္စလမ်မစ်ကမ္ဘာရဲ့ အသာစီးရမှုကို တွက်ချက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ် လို့ ဖြစ်ရပ်သက်သေနဲ့ ထောက်ပြတာ ဖြစ်ပါတယ်။

၃။ ၁၉၅၀ လောက်မှာ UNHCR ကို စဖွဲ့တဲ့အခါ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေရစေဖို့ ကိုယ်စိတ် ကောင်းမွန်စွာ နေထိုင်နိုင်မှုကို ရရှိရေးကို ဆောင်ရွက်ပေးဖို့လောက်ကို လုပ်ပိုင်ခွင့် ပေးထားရာကနေ နောက်ပိုင်းလုပ်ပိုင်ခွင့်တွေကို တိုးချဲ့ရလာတာ ဘယ်လောက်အထိ ရလာသလဲဆိုတော့၊ စိုးရိမ်ဖွယ်ရာ အခြေအနေထဲ ရောက်ရှိနေသူတွေ (Persons of Concern) မှန်သမျှနဲ့ ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်ခွင့် တွေရ လာတယ်။ စိုးရိမ်ဖွယ်ရာအခြေအနေထဲ ရောက်ရှိနေသူတွေ (Persons of Concern) လို့ ဆိုရာမှာ နိုင်ငံမဲ့ (stateless people) တွေပါ ပါဝင်ထည့်သွင်း လာတယ်။

၄။ UNHCR ဟာ ၁၉၉၄ လောက်မှာ မြန်မာနိုင်ငံ မောင်တောဒေသသို့ နေရပ်ပြန်သူ(returnee)တွေလို့ သူတို့ သတ်မှတ်ထားသူအချို့ကို မူရင်းနေရပ်ပြန်ပို့ခြင်း (repatriation) လုပ်ဆောင်တာ အခြေတကျ ဖြစ်အောင် လုပ်ဆောင်တာတွေ လုပ်နေခဲ့တယ်။ ၁၉၉၅-ခုနှစ်လောက်က စလို့ ထင်ပါတယ်၊ UNHCR ရဲ့ လုပ်ပိုင်ခွင့်တွေ ကို ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးဆုံးဖြတ်ချက်တွေအားဖြင့် တိုးမြှင့်ပေး လိုက်တော့ နိုင်ငံမဲ့ဆိုသူတွေကို ကျွေးမွေးပြုစု အားဆေးထိုးပိုင်ခွင့်တွေ ရလာတယ်။ ယနေ့ ရခိုင်နယ်စပ်မှာ UNHCR က ကျွေးမွေးပြုစု အားဆေးထိုးနေတဲ့ နိုင်ငံမဲ့ဆိုသူတွေရဲ့ အရေအတွက်ဟာ သူတို့ရဲ့ တရားဝင်စာရင်းအရ ရှစ်သိန်းရှိတယ်။ လူမျိုးလိမ်နာမည်တစ်ခုကို ဖန်တီးပြီး နယ်မြေအပိုင်စီးနိုင်ဖို့ ကြိုးစားနေတဲ့ လူရှစ်သိန်းရှိ လူအုပ်စုတစ်ခုကို နိုင်ငံတကာ အထောက်အပံ့များအားဖြင့် နှစ်ပေါင်းနှစ်ဆယ်လောက် အားကောင်းသထက် အားကောင်းအောင် လူနေမှုဘဝပုံစံတွေ ဘက်ပေါင်းစုံက တိုးတက်အောင် နှစ်ပေါင်းနှစ်ဆယ်လောက် UNHCR က အားဆေးထိုး နေခဲ့တယ်။

၅။ ကုလသမဂ္ဂရဲ့ တရားဝင် လုပ်ပိုင်ခွင့်အပ်နှင်းမှု (mandate) အားဖြင့် နိုင်ငံတကာရံပုံငွေကို သုံးပြီး အဲသည်နိုင်ငံမဲ့ ဆိုသူလူအုပ်စုဟာ အဆက်မပြတ်အထောက်အပံ့တွေ ရနေခဲ့ချိန်မှာ နဂိုကတည်းက အကြိမ်ကြိမ် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် လူဦးရေနည်းနေတဲ့ ဘက်ပေါင်းစုံကချိနဲ့နေတဲ့ မြို၊ ဒိုင်းနက်၊ ခမီး၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဟာ ဆင်းရဲသထက်ဆင်းရဲလာတယ်။ လယ်၊ ယာ၊ ချောင်း၊ မြောင်း၊ ကုန်းတွေ၊ တောင်တွေကို တိုင်းရင်းသားတွေ မပိုင်တော့ဘူး။ ကုလားတွေ ရဲ့အပိုင်တွေ ချည်း ဖြစ်လာခဲ့တယ်။ တိုင်းရင်းသားတွေဟာ တစ်နေ့စာတစ်နေ့ရှာစား၊ တောင်တက် ထင်းကောက်၊ ချောင်းဆင်း ခရုကောက် ဖားရှာ စားရတဲ့ သူတွေ အနေအထားမှာပဲ ရှိနေခဲ့တယ်။ စီးပွားရေးလို့ ရှိရင်လည်း ဘူးသီးတောင်၊ မောင်တောက စီးပွားနယ်ပယ်မှန်သမျှဟာ ကုလား လက်အောက်ခံ လုပ်ရတာတွေ ချည်းပဲ ဖြစ်တယ်။

၆။ UNHCR ကို ယခု အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေအရ နိုင်ငံမဲ့တွေကို ကူညီထောက်ပံ့ဖို့ ဆိုတာအပြင် အဲသည်လူတွေ နိုင်ငံသားဖြစ်နိုင်ဖို့ ကြိုးပမ်းဖို့ကိုပါ လုပ်ပိုင်ခွင့်ပေးထားတယ် လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ကုလားလေးတွေကို ဆေးရုံမှာလာမွေးပြီးတော့ မွေးစာရင်းပေး ပေးဖို့ ကူတောင်းနေတဲ့ နိုင်ငံခြားသားလူဖြူတွေကို ဘူးသီးတောင်နဲ့မောင်တော ဆေးရုံတွေမှာ မကြာခဏ ဆိုသလို တွေ့နိုင် တယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းက နိုင်ငံတကာအဖွဲ့အစည်းအချို့ဟာ နိုင်ငံခြားသားကျွမ်းကျင်သူ ပညာရှင်တွေ ငှားရမ်းပြီး ၁၉၈၂-ခုနှစ်် မြန်မာနိုင်ငံသားဥပဒေကို အသေးစိတ် အနုလုံပဋိလုံ လေ့လာခြင်း ဥပဒေကို ဆီလို အပေါက်ရှာခြင်းတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ နယ်ခြားက ဘင်္ဂါလီတွေ နိုင်ငံသား ဖြစ်လာနိုင်တဲ့အထိ မြန်မာနိုင်ငံသားဥပဒေကို ပြောင်းလဲနိုင်အောင် အဆက်အသွယ်ရှာတာတို့၊ ပြောင်းလဲဖို့ လိုအပ်နေပါပြီလို့ သူတို့ရဲ့ နိုင်ငံရေး အဆက်အသွယ် တွေက တစ်ဆင့် အသံထွက် စေတာ တို့ကို လုပ်နေကြတာဖြစ်ပါတယ်။

၇။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲဥပဒေအရ နိုင်ငံသားမဖြစ်နိုင်သူတွေကို နိုင်ငံသား ဖြစ်အောင် ပြည်ပအဖွဲ့အစည်းတစ်ခုက ကြိုးပမ်းနေတာဟာ ဒီနိုင်ငံရဲ့ အချပ်အချာအာဏာကို တစ်စချင်း ချိုးဖဲ့နေတာပဲ ဖြစ်ပါတယ်။ ၁၉၃၀-လောက်က သည်ဟိတ်မြို့မှာ နိုင်ငံအများရေးဆွဲခဲ့ကြတဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက် တစ်ခုမှာ ဘယ်လို ပြောထား သလဲဆိုတော့ It is for each State to determine under its own law who are its nationals. လို့ ဆိုထားတယ်။ ဘယ်သူဘယ်ဝါတွေဟာ နိုင်ငံသားဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေများအားဖြင့်သာ သတ်မှတ် ဆုံးဖြတ်ရမယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ (ရည်ညွှန်း။ Convention on Certain Questions Relating to the Conflict of Nationality Law: 13 April 1930)

၈။ ယခုနှစ် ၂၀၁၆-ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ သုံးစွဲဖို့ UNHCR ရရှိထားတဲ့ ဘဏ္ဍာငွေပမာဏဟာ (ပြီးခဲ့တဲ့ စက်တင်ဘာလအထိ သိရသမျှ ဆိုရင်) အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၄၆၇ သန်း ကျော် ရရှိထားခဲ့တယ်။ ဒီငွေတွေကို ဆက်တိုက်သုံးစွဲခဲ့တယ်။ နောင်လည်း သုံးစွဲဖို့ ဝင်လာဦးမှာ ဖြစ်ပါတယ်။ အဲသည်ရံပုံငွေထဲက ဘယ်ရွေ့ဘယ်မျှကို ရခိုင်ပြည်နယ်ထဲက နိုင်ငံမဲ့ဆိုသူ ရှစ်သိန်းနဲ့ ဒုက္ခသည် စခန်းရောက် တစ်သိန်းနှစ်သောင်း (စုစုပေါင်းအားဖြင့် ကိုးသိန်းနှစ်သောင်း) အတွက် ဘယ်လောက် သုံးစွဲနေတယ်ဆိုတာ မသိရဘူး။ အကြမ်းဖျင်းမှန်းဆချက်တွေအရ နိုင်ငံတကာအဖွဲ့အစည်း တွေအားလုံး ရခိုင်ပြည်နယ်မှာ သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ ရခိုင်ပြည်နယ်အစိုးရရဲ့ နှစ်စဉ်ဘက်ဂျက်နဲ့ ဆတူ ရှိနိုင်တယ် လို့ပြောကြတယ်။ ဒါပေမဲ့ ဒါကလည်း ကိန်းဂဏန်းအသေအချာ သိရမှ အတိအကျ ပြောနိုင်မယ့် ကိစ္စဖြစ်ပါတယ်။

၉။ ကမ္ဘာပေါ်မှာလက်ရှိရှိနေတဲ့ နိုင်ငံမဲ့ လူဦးရေ စုစုပေါင်းဟာ ဆယ်သန်းကနေ ဆယ့်ငါးသန်း အကြား ရှိမယ်လို့ အကြမ်းဖျင်းခန့်မှန်းကြပါတယ်။ အဲသည်အရေအတွက်ထဲမှာ ရခိုင်နယ်စပ်က ဘင်္ဂါလီလူမျိုး ရှစ်သိန်း လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလူရှစ်သိန်းကို နိုင်ငံမဲ့တွေဆိုပြီး တစ်ဖက်သတ် အကူအညီ နှစ်ဆယ်ပေါင်းများစွာ ပေးခြင်းအားဖြင့်၊ အဲသည်ဒေသထဲက တိုင်းရင်းသားနိုင်ငံသားတွေဟာ နဂိုကတည်းက ဆင်းရဲနေပြီးသား ဖြစ်နေရာကနေ ဘင်္ဂါလီတွေကို လူမှုရေး စီးပွားရေးအရ လုံးဝမယှဉ်နိုင်တဲ့ အဆင့်ကို ကျဆင်းလာခဲ့တယ်။ အကူအညီပေးတဲ့နေရာမှာ တိုင်းရင်းသားရွာသိမ်ရွာငယ်လေးတွေကို အကြောင်းအမျိုးမျိုးပြပြီး (ဥပမာ အိမ်ခြေ ၅၀ မပြည့်လို့ ဆိုတာမျိုး အကြောင်းပြပြီး) အကူအညီမပေးဘဲ ချန်ထားတဲ့ ဖြစ်စဉ်တွေအများကြီးရှိခဲ့ဖူးတယ်။ အဲသည်အနေအထားမှာ နိုင်ငံမဲ့ဆိုသူတွေဟာ ဘယ်လောက်အထိအားကောင်းလာသလဲဆိုရင် လက်နက်စွဲကိုင်တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီး နိုင်ငံရဲ့ အချုပ်အချာအာဏာ ကို တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာခဲ့ကြတယ်။

၁၀။ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံတကာ အထောက်အပံ့အဖွဲ့အစည်းတွေထဲမှာ UNHCR ဟာ ဘက်ဂျက်အများဆုံး သုံးစွဲသူ ဆရာကြီးဖြစ်တယ်။ များသောအားဖြင့် အခြား UN အဖွဲ့အစည်းတွေ နဲ့ INGO ၊ NGO တွေဟာ အဲသည်ဆရာကြီးနဲ့ လက်တွဲဆောင်ရွက်ရသူတွေသာဖြစ်ကြတယ်။ UNHCR ခိုင်းတာကို တစ်ဆင့်ခံလုပ်ပေးရတဲ့ အဖွဲ့အစည်းတွေဟာ ဖြစ်ကြတယ်။

၁၁။ ဆရာကြီးဖြစ်သူ UNHCR ကလာတဲ့ အလုပ်တွေကို UNOCHA က ထိန်းညှိခြင်း steering လုပ်ခြင်းအားဖြင့် ပဲ့ကိုင်တယ်။ ယခုအခါ အန္တရယ်တစ်ခုက ဘာလဲဆိုတော့ ဖြူစင်နှလုံးသား MHDO လိုမျိုး မြန်မာပြည်မက ခရစ်ယန် အဖွဲ့အစည်းတွေကို ဘင်္ဂါလီအားဆေးထိုး လုပ်ငန်းမှာ အကြီးအကျယ် ခေါ်သုံးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ UN နဲ့ INGO တွေမှာ ဒေသခံတွေ မပါဘူး၊ ဒေသခံတွေပါရမယ် လို့ဆိုရင် ချင်းလူမျိုးတွေကို ခေါ်ထည့်ထားပြီးတော့ ဒေသခံပါတယ်လို့ သူတို့ ဆိုပြန်တယ်။ ဒီလိုနည်းအားဖြင့် ဒေသခံရခိုင်လူမျိုးတွေရဲ့ ရန်သူစစ်တပ်ကြီးတစ်တပ်ဟာ နယ်မြေကျူးကျော်သိမ်းပိုက်ရေးလှုပ်ရှားမှုကို ကြေးစားစစ်သားတွေသုံးပြီးတော့ မိမိတို့ နယ်မြေထဲမှာ နေ့ညရှိသရွေ့ အချိန်ပြည့်လှုပ်ရှားနေကြတယ်။ ရခိုင်တွေ ဘာမှ မသိရဘူး။ ရခိုင်တွေ ဘာမှ မသိရဘဲ နယ်မြေကျဆုးံနေတယ်။ သိပြန်ရင်လည်း မိမိတို့က ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမှာ တာဝန်ရှိသူတွေက အပြည့်အဝတာဝန်ယူ အကာအကွယ်မပေးတာကိုပဲ ကြုံတွေ့ကြရတယ်။

၁၂။ ၂၀၁၄-ခုနှစ် မတ်လ (၂၇) ရက်နေ့ စစ်တွေမြို့မှာ စစ်တွေမြို့သူမြို့သားအချို့ဟာ လူအုပ်စုဖွဲ့ပြီး UN အဖွဲ့အစည်းတွေ၊ INGO တွေ၊ NGO တွေရဲ့ ရုံးခန်းတွေကို ဖျက်ဆီးခဲ့ကြတယ်။ ရခိုင် ပြည်နယ်ထဲကို လာရောက်အခြေစိုက်ရုံးခန်းဖွင့်ပြီး ဘင်္ဂါလီနိုင်ငံထူထောင်နိုင်ရေးကို လာရောက် လုပ်ကိုင်နေသူတွေကို ဘယ်ဒေသခံ ဌာနေတိုင်းရင်းသားကမှ ဒီအတိုင်းလက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ မြန်မာ/ရခိုင် နယ်မြေတွေကို ကျူးကျော်နယ်ချဲ့ရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ပါဝင်ကူညီနေတယ်လို့ သိရှိနေရတဲ့အတွက် အလားတူပေါက်ကွဲမှုမျိုးဟာ ဘယ်အခါမဆို ထပ်ဖြစ် လာနိုင်တယ်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၆-ခုနှစ် အောက်တိုဘာ (၃၀)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s