ခြေလေးချောင်းတော်လှန်ရေးထဲက နွားနို့၊ ဝက် နှင့် ခွေး တို့အကြောင်း


ေျခေလးေခ်ာင္းေတာ္လွန္ေရးထဲက ႏြားႏို႔၊ ၀က္ ႏွင့္ ေခြး တို႔အေၾကာင္း

(written by Kyaw Zaw Oo)

(၁) မိတ္ဆက္

“ကဲ့ယူေသာ ႏြားႏို႔တို႔အားျဖင့္ အာဏာရွင္ေလာင္း ၀က္သည္ ေခြးေပါက္ကိုးေကာင္အား ေမြးျမဴထားေလရာ၊ ေနာက္ပိုင္းတြင္ ႀကီးမားထြားႀကိဳင္းလာေသာ အဆိုပါေခြးႀကီးကိုးေကာင္ကို မ႑ိဳင္ျပဳလ်က္ ထို၀က္သည္ ေျခေလးေခ်ာင္းကြင္းတြင္ အာဏာရွင္ျဖစ္သြားေလသည္။” ဤသည္မွာ “ေျခေလးေခ်ာင္းေတာ္လွန္ေရး” ၀တၱဳ အား ရႈေထာင့္တစ္ရပ္မွ ၾကည့္ျမင္လ်က္ စာတစ္ေၾကာင္းတည္းျဖင့္ အက်ဥ္းခ်ဳပ္ၾကည့္ျခင္း ျဖစ္ေလသည္။

(၂) ေတာ္လွန္ေရးတို႔ လမ္းေခ်ာ္ေသာအခါ . . .

လူမ်ိဳးတစ္မ်ိဳး၏ လြတ္ေျမာက္ေရးတိုက္ပြဲသည္ ေရရွည္တည္ေဆာက္ရေသာ ခရီးရွည္ ျဖစ္ေလသည္။ မဟာဗ်ဴဟာေျမာက္ရည္မွန္းခ်က္တို႔ဆီ ဦးတည္ခ်ီတက္ရင္း နည္းဗ်ဴဟာမ်ား က႑အလိုက္ ဖြင့္ကာ တည္ေဆာက္ ခ်ီတက္ၾကရသည္။ ဥပမာအားျဖင့္ လီနင္၏ အယူအဆအတိုင္းဆိုရလွ်င္ ပါလီမန္အခန္းက႑၊ အလုပ္သမားလႈပ္ရွားမႈ၊ လက္နက္ကိုင္တပ္တည္ေဆာက္မႈ တို႔မွာ သီးျခားနည္းဗ်ဴဟာမ်ားျဖစ္ေသာ္လည္း မဟာဗ်ဴဟာေျမာက္ ရည္မွန္းခ်က္တစ္ခုတည္းသို႔ ဦးတည္ ခ်ီတက္ေနျခင္း ျဖစ္ေလသည္။

ၿပီးေသာ္တဖန္ ထိုမွတစ္ဆင့္ ေအာက္သို႔ထပ္ဆင့္ခြဲစဥ္းစားလုိက္လွ်င္  မိမိတို႔လူမ်ိဳးတစ္မ်ိဳးလံုး၏ လြတ္ေျမာက္ေရးတိုက္ပြဲတြင္ ကၽြန္ေတာ္အပါအ၀င္ လူပုဂၢိဳလ္တစ္ဦးခ်င္းစီ၏ အခန္းက႑တို႔မွာ ပိုမိုေသးငယ္ေသာ လက္ေအာက္ခံ အေၾကာင္းအရာမ်ားသာလွ်င္ ျဖစ္ၾကသည္ ဟု ယူဆႏိုင္ေလသည္။

ကၽြန္ေတာ့္၏ ယခုအသက္မွာ (၄၄) ႏွစ္ ျဖစ္သည့္အတြက္ ကံေကာင္းေထာက္မစြာ က်န္းမာအသက္ရွည္ပါက ေနာက္ထပ္ အႏွစ္ (၂၀) ေကာင္းစြာ အလုပ္လုပ္ႏိုင္ဦးမည္ ဟု ေမွ်ာ္လင့္ႏိုင္၏။ မိမိအေကာင္းဆံုး အလုပ္လုပ္ေပးႏိုင္မည့္ အခန္းက႑မ်ားတြင္ မေသမီအခ်ိန္အထိ ပါ၀င္ထမ္းေဆာင္ခဲ့ရန္ စိတ္ကရည္သန္ ထားပါ၏။  အမ်ိဳးသား ရည္မွန္းခ်က္ဆီသို႔ ကေန႔နက္ျဖန္ ခ်က္ခ်င္းေရာက္ႏိုင္မည္ မေရာက္ႏိုင္မည္ကိုကား တပ္အပ္ေသခ်ာ မေျပာႏိုင္ပါေသာ္ျငားလည္း၊ ပိုမိုေကာင္းမြန္ေသာ အေနအထား မိမိတို႔ရည္မွန္းခ်က္ႏွင့္ ပိုမိုနီးစပ္ေသာ အေနအထား က်န္ရစ္ခဲ့လွ်င္ ေသရက်ိဳးနပ္သည္ ဟု ဆိုႏိုင္ေလသည္။

တိုေတာင္းေသာ လူ႔ဘ၀ ႏွင့္ ေရရွည္ျဖစ္ေသာ ေတာ္လွန္ေရး၏ ခရီးရွည္ကို ေတြးေတာဆင္ျခင္ရင္း၊ ေတာ္လွန္ေရးတို႔၏ သေဘာသဘာ၀ကို မိမိနားလည္းႏိုင္သေလာက္ ဖတ္ရႈဆည္းပူးဖူးသည္တို႔ထဲမွ မွ်ေ၀သင့္သည္တို႔အား မွ်ေ၀ၾကည့္ရန္ စဥ္းစားၾကည့္ရာ၊ ေဂ်ာ့ခ်္ေအာ္၀ဲလ္ ေရးသားခဲ့ေသာ ေျခေလးေခ်ာင္းေတာ္လွန္ေရး စာအုပ္အား အေျခခံ၍ ေတာ္လွန္ေရးတို႔ လမ္းေခ်ာ္တတ္ျခင္း အေၾကာင္းအရာ ကို ေဆာင္းပါးျပဳ၍ ဤတြင္ေရးသားအပ္ေလသည္။ ထိုစာအုပ္ကို ဖတ္ရႈလ်က္ ျဖစ္ေပၚမိေသာ ေမးခြန္းမ်ားကို စတင္ေဆြးေႏြးလိုပါသည္။

ကနဦးေမးခြန္း။ ။ ေတာ္လွန္ေရးတို႔သည္ မိမိတို႔၏ မူရင္းရည္ရြယ္ခ်က္တို႔မွ အဘယ္ေၾကာင့္ ရံဖန္ရံခါ လမ္းေခ်ာ္သြားကာ၊ အေဟာင္းေသာ အာဏာရွင္မ်ားကို ေတာ္လွန္သူမ်ားထဲမွ အခ်ိဳ႕သည္ အဘယ္ေၾကာင့္ အသစ္ေသာ အာဏာရွင္မ်ား ျဖစ္လာတတ္ၾကသနည္း။

ထိုေမးခြန္းႏွစ္ခုကို ေျဖဆိုဖို႔ႀကိဳးစားရင္း ထပ္ဆင့္ေမးခြန္းမ်ား ေပၚေပါက္လာေလသည္။

ဒုတိယေမးခြန္း။ ။ လူသားတို႔သည္ပင္လွ်င္ ပင္ကိုယ္အားျဖင့္ မေကာင္းသည့္ဘက္သို႔ ပ်က္စီးသည့္ဘက္သို႔ သြားလိုသည့္ အေလးကဲသေလာ။ သို႔တည္းမဟုတ္ အာဏာသည္ပင္လွ်င္ လူသားတို႔အား ပ်က္စီးေစတတ္သေလာ။

တတိယေမးခြန္း။ ။ လူ႕အဖြဲ႕အစည္းတို႔လည္ပတ္မႈအတြက္ မျဖစ္မေနလိုအပ္သည့္ အာဏာ ႏွင့္ ထိုအာဏာအားျဖင့္ အက်င့္ပ်က္ျခစားျခင္းတို႔အား မည္ကဲ့သို႔ ထိန္းခ်ဳပ္ကန္႔သတ္မည္နည္း။

စတုတၳေမးခြန္း။ ။ ႏုနယ္ေသာေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားတြင္ အဖြဲ႕အစည္း၏ ေရရွည္ရည္မွန္းခ်က္မ်ားကို ရည္မွန္းေဆာက္ရြက္ရမည့္အစား မိမိတို႔အစုအဖြဲ႕အဖို႔အာဏာစုစည္းမႈ ႏွင့္ အက်င့္ပ်က္ျခစားမႈ တို႔အား အစဥ္တစိုက္ေဆာင္ရြက္ေနမႈတို႔ ျဖစ္ေပၚလာတတ္ၾကေလရာ၊ ယင္းတို႔ကို မည္ကဲ့သို႔ တြန္းလွန္ေခ်ဖ်က္ ၾကမည္ နည္း။

ပဥၥမေမးခြန္း။ ။ အက်င့္ပ်က္ျခစားသူမ်ားအဖို႔ သူတို႔၏ျခစားမႈအေၾကာင္းကို လူမသိေလေကာင္းေလ ျဖစ္သည့္အတြက္ တတ္ႏုိင္သမွ် သတင္းအေမွာင္ခ်ထားရန္ ႀကိဳးစားတတ္ၾကေလရာ (သို႔တည္းမဟုတ္ သတင္းမွားျဖန္႔ခ်ိမႈအားျဖင့္ မေကာင္းမႈတို႔အား ကာကြယ္လုပ္ေဆာင္တတ္ၾကေလရာ)၊ က်န္းမာစြာလည္ပတ္ေသာအဖြဲ႕အစည္းတစ္ခု ျဖစ္ေစေရးအတြက္ ေ၀ဖန္ေရး ႏွင့္ မိမိကိုယ္ကိုေ၀ဖန္ေရး တို႔အား မည္သည့္ အတိုင္းအတာအထိ က်င့္သံုးရမည္နည္း။ (ယခင္ လက္၀ဲ၀ါဒီတို႔က “ေ၀ဖန္ေရး ႏွင့္ မိမိကိုယ္ကို ေ၀ဖန္ေရး” ဟု သံုးႏႈန္းတတ္ၾကၿပီး ေခတ္ေပၚစကားအရ ဆိုလွ်င္ ျပန္လွန္သံုးသပ္ျခင္း (review) ပင္ ျဖစ္ေလသည္)။

ဆ႒မေမးခြန္း။ ။ အဖြဲ႕အစည္းအတြင္း အားၿပိဳင္မႈမ်ားတြင္ ျခစားသည့္အုပ္စုသည္ ျခမစားသူၿပိဳင္ဘက္မ်ားအား တည္ရွိေနသည့္ ၿခိမ္းေျခာက္မႈမ်ားအျဖစ္ရႈျမင္သည့္အတြက္ ျခမစားသူၿပိဳင္ဘက္မ်ားအား ေခ်မႈန္းသုတ္သင္ရာ၌ သစၥာေဖာက္မ်ား၊ သတင္းေပးမ်ား၊ တစ္ဖက္သူလွ်ိဳမ်ား စသည္ျဖင့္ တံဆိပ္ကပ္ကာ စြပ္စြဲသုတ္သင္တတ္ေလရာ၊ ထိုအျဖစ္ဆိုးမ်ား မျဖစ္ရေလေအာင္ အတတ္ႏိုင္ဆံုး မည္ကဲ့သို႔ ထိန္းသိမ္းၾက မည္နည္း။

သတၱမေမးခြန္း။ ။ ေတာ္လွန္ေရးအဖြဲ႕အစည္းတစ္ခုအတြင္း အထက္ေဖာ္ျပပါ အျပစ္အနာအဆာမ်ား ႀကီးထြားရင့္မာလာကာအဖြဲ႕အစည္းအား လႊမ္းမိုးခ်ဳပ္ကိုင္သြားသည့္အေျခအေနသို႔ ေရာက္မသြားေစဖို႔ ထိမ္းသိန္းေစာင့္ေရွာက္ၾကရန္ မည္သူတို႔မွာ တာ၀န္ရွိသနည္း။

အထက္ေဖာ္ျပပါေမးခြန္း ခုနစ္ခုတို႔အနက္ ကနဦးပင္မ ပထမ ေမးခြန္းႏွင့္ပတ္သက္၍ ယူဂိုဆလပ္ကြန္ျမဴနစ္ ေခါင္းေဆာင္ေဟာင္းႏွင့္ ကြန္ျမဴနစ္၀ါဒကို ေ၀ဖန္သူ အတိုက္အခံ (ကြယ္လြန္သူ) မီလိုဗန္ ဒဂ်ီးလတ္စ္ က “လူတန္းစားသစ္ (The New Class: An Analysis of the Communist System)”  အမည္ရ သူ၏စာအုပ္တြင္ သံုးသပ္ေရးသားဖူးသည္။ ဖိႏွိပ္သူလူတန္းစားအေဟာင္းအားေတာ္လွန္ခဲ့သည္ဆိုပါမွ၊ ေတာ္လွန္ေရးေအာင္ျမင္ၿပီးသည့္အခ်ိန္တြင္ အာဏာရ ကြန္ျမဴနစ္ေခါင္းေဆာင္မ်ားသည္ တိုင္းျပည္ကို အာဏာရွင္ဆန္ဆန္အုပ္ခ်ဳပ္သည့္ အခြင့္ထူးခံ အုပ္ခ်ဳပ္သူလူတန္းစားသစ္ တစ္ရပ္ ျဖစ္လာေၾကာင္းကို ေရးသားထားသည္။ ပညာရပ္ဆန္သည့္ ထိုစာအုပ္အေၾကာင္းကိုေတာ့ အက်ယ္မေျပာေတာ့ပါ။

အထက္ေဖာ္ျပပါေမးခြန္း ခုနစ္ခုစလံုးအား ေတြးေတာသံုးသပ္စရာ ေခါင္းစဥ္မ်ားအျဖစ္ ေပၚထြန္းေစသည့္ စာအုပ္တစ္အုပ္မွာ ေဂ်ာ့ခ်္ ေအာ္၀ဲလ္ (George Orwell) ၏ Animal Farm စာအုပ္ ျဖစ္သည္။

ေဂ်ာ့(ခ်္)ေအာ္၀ဲလ္ ေရးသားေသာ Animal Farm အမည္ရ ၀တၱဳလတ္မွာ အဂၤလိပ္စာေပတြင္ ဂႏၱ၀င္ တန္း၀င္အျဖစ္သတ္မွတ္တန္ဖိုးထားျခင္းခံရသည့္ ႏိုင္ငံေရးသေရာ္္စာဆန္ဆန္ ပံုႏိႈင္း၀တၱဳ ျဖစ္ေလသည္။ ဟိုးယခင္ကာလတုန္းက ထို၀တၱဳလတ္အား သခင္ဘေသာင္းက “ေျခေလးေခ်ာင္း ေတာ္လွန္ေရး” အမည္ျဖင့္ ဘာသာျပန္လ်က္ ဘာသာျပန္စာေပအသင္းက ထုတ္ေ၀ဖူးေလသည္။ ထိုစာအုပ္မွာ အိမ္က မိဘတို႔၏ စာအုပ္စင္တြင္ ရွိသျဖင့္ ငယ္စဥ္ ငါးတန္း ေျခာက္တန္းေက်ာင္းသား အရြယ္ကတည္းက မိမိ ဖတ္ဖူးေလသည္။

အဆိုပါ ေျခေလးေခ်ာင္းေတာ္လွန္ေရး ၀တၱဳက တင္ျပထားသည္မွာ – ရည္ရြယ္ခ်က္ေကာင္းတို႔ျဖင့္ ေတာ္လွန္ခဲ့ၾကေသာ္လည္း မသမာသူ ႏိုင္ငံေရးသမားမ်ားက ေတာ္လွန္ေရးအတြင္း မသိမသာ အခြင့္အေရးယူရင္း အာဏာရွင္စနစ္ကို တည္ေဆာက္ၾကသျဖင့္ မိမိတို႔အားလံုးမွာ အာဏာရွင္လက္သစ္လက္ေအာက္သို႔ က်ေရာက္သြားရသည့္ ျဖစ္အင္အား တိရိစၦာန္ဇာတ္ေကာင္မ်ားျဖင့္ ဇာတ္ကြက္ေဖာ္တင္ျပထားျခင္းျဖစ္ေလသည္။ ဆိုဗီယက္ႏိုင္ငံတြင္ စတာလင္ တစ္ေယာက္ အာဏာရွင္ ျဖစ္လာပံုသည္ ဤ၀တၱဳက ေက်ာရိုးယူထားသည့္ ေနာက္ခံ အေၾကာင္းအရာ ျဖစ္သည္။

********************

(၃) ေျခေလးေခ်ာင္းေတာ္လွန္ေရး

ေျခေလးေခ်ာင္းေတာ္လွန္ေရး စာအုပ္ပါ ဇာတ္လမ္းအက်ဥ္းကား ဤသို႔ ျဖစ္ေလသည္။

လယ္သမား ဦးသာေခါင္ (Mr. Jones) ပိုင္ဆိုင္သည့္ ယင္းမာပင္ကြင္း (Manor Farm) တြင္ ႏြား၊ ၾကက္၊ ၀က္၊ ျမည္း၊ ျမင္း၊ ဆိတ္၊ ဘဲ၊ ေခြး စသည့္ တိရိစၦာန္မ်ိဳးစံု ရွိၾကေလသည္။ ေပါ့ေလ်ာ့တတ္လ်က္ ၀ီရိယအားနည္းသည့္ ဦးသာေခါင္တစ္ေယာက္ ထန္းရည္မူးၿပီး အိပ္ေနသည့္ တစ္ညေသာ ကာလတြင္ ကြင္းအတြင္းရွိ တိရိစၦာန္ေပါင္းစံုတို႔သည္ “ဗိုလ္ႀကီး” အမည္ရ ၀က္အိုႀကီး ထံသြားေရာက္ၿပီးလွ်င္ ေတာ္လွန္ေရးတရား နာၾကားၾကသည္။

ယင္းမာပင္ကြင္းအပါအ၀င္ ႏိုင္ငံတစ္၀ွမ္း၏ သာယာ၀ေျပာမႈမွန္သမွ်သည္ တိရိစၱာန္တို႔၏လုပ္အားျဖင့္ တည္ေဆာက္ထားျခင္းသာ ျဖစ္ေၾကာင္း၊ ပိုင္ရွင္လူသားတို႔မွာ တိရိစၦာန္တို႔အား မတရား ဂုတ္ေသြးစုပ္လ်က္ ခ်မ္းသားၾကြယ္၀ေနၾကလ်က္ လုပ္အားရွင္ တိရိစၦာန္တို႔မွာ မေသရံုတမယ္ နိမ့္က်ေသာ အေျခအေနတို႔ျဖင့္ ရွင္သန္/ေသဆံုး ေနၾကရေၾကာင္း၊ လူသားတို႔ကို သုတ္သင္ႏိုင္မွသာလွ်င္ သာယာေသာ တိရိစၦာန္ေဘာင္ႀကီးကို ထူေထာင္နိုင္မွာ ျဖစ္ေၾကာင္း ျမြက္ၾကားသည္။ လူသားမ်ားကိုေတာ္လွန္သည့္အခါတြင္လည္း လူသားမ်ားလို မက်င့္ႀကံၾကဖို႔၊ တိရိစၱာန္အခ်င္းခ်င္း ႏိုင္ထက္စီးနင္းမလုပ္ၾကဖို႔ အစရွိေသာ က်င့္၀တ္မ်ားကို လမ္းညႊန္သည္။ “ဒို႔ တိရိစၦာန္ သီခ်င္း (The Beasts of England)” ကို တိရိစၦာန္အေပါင္းတို႔အား သင္ၾကားေပးသည္။

အဆိုပါ ဗိုလ္ႀကီး (Major) အမည္ရ ၀က္ႀကီးမွာ ကြယ္လြန္ၿပီးေနာက္  လပိုင္းကာလမ်ားတြင္ ဗႏၶဳလ (Napoleon) ႏွင့္ ေဘာ္ျဖဴ (Snowball) ဟူသည့္ ၀က္ထီးႏွစ္ေကာင္က တိရိစၦာန္မ်ားအား ေတာ္လွန္ေရးတရားမ်ားကို လွ်ိဳ႕၀ွက္လက္ဆင့္ကမ္း သင္ၾကားေပးသည္။ တစ္ရက္တြင္ တိရိစၦာန္မ်ားသည္ ဦးသာေခါင္ႏွင့္ အေပါင္းအပါ လူသားမ်ားအား ေတာ္လွန္ၿပီး ယင္းမာပင္ကြင္းကို သိမ္းပိုက္လိုက္သည္။ ယင္းမာပင္ကြင္းအားလည္း “တိရိစၦာန္ကြင္း (Animal Farm)” ဟု အမည္ေျပာင္းလဲလိုက္ၾကသည္။ က်ီထရံတြင္ တိရိစၦာန္၀ါဒ၏ အေျခခံအခ်က္ႀကီး ခုနစ္ရပ္ကို အကၡရာတင္ၾကသည္။ “တိရိစၦာန္မ်ားအားလံုး တစ္တန္းတစားတည္း ျဖစ္သည္ (All animals are equal.)” ဆိုသည့္အခ်က္မွာ အေရးအႀကီးဆံုးအခ်က္ အေနျဖင့္ ပါ၀င္သည္။

ေဘာ္ျဖဴ က တိရိစၦာန္မ်ားအား စာေရးစာဖတ္ႏိုင္ရန္ သင္ၾကားေပးသည္။ ဗႏၶဳလ ကမူ ႏြားမႀကီးမ်ားထံမွ ရေသာ ႏို႔မ်ားကို ကဲ့ယူထားၿပီး၊ ေခြးေပါက္ကေလးကိုးေကာင္ကို လ်ိဳ႕၀ွက္တစ္ေနရာ၌ ၄င္း၏ ထိန္းသိမ္းမႈေအာက္တြင္ သီးျခားထားကာ အဆိုပါ ႏြားႏို႔မ်ားျဖင့္ ေကၽြးေမြး ေမြးျမဴထားသည္။ ၀က္မ်ားမွာ ေကာင္းစြာ စီမံခန္႔ခြဲမႈ လုပ္ႏိုင္ရန္ အလို႔ငွာ ဟု အေၾကာင္းျပလ်က္ အစားေကာင္းအေသာက္ေကာင္းမ်ား ရယူၾကသည္။ ၀က္တို႔မွာ ႏို႔ ႏွင့္ သရက္သီးမွည့္မ်ားကို က်န္းမာေရးအတြက္ စားသံုးၾကရန္လိုအပ္သည္ ဟု သံေၾကာင္ (Squealer) အမည္ရ ၀က္ထီးတစ္ေကာင္အား တိရိစၦာန္မ်ားထံ ေစလႊတ္၍ လွည့္လည္ရွင္းျပေစသည္။  ဦးသာေခါင္အိမ္ေပၚရွိ အခန္းတစ္ခန္းကို ဌာနခ်ဳပ္ျပဳလုပ္လ်က္ ယင္းအခန္းမွေန၍ ၀က္မ်ားက စီမံခန္႔ခြဲလုပ္ေဆာင္သည္။

ကာလအတန္ၾကာေသာ္ တိရိစၦာန္ကြင္းအား လူသားမ်ားလာေရာက္တိုက္ခိုက္ၾကသည္။ အနီးအနား၀န္းက်င္မွ လယ္ပိုင္ရွင္မ်ားသည္လည္း တိရိစၦာန္ေတာ္လွန္ေရး ကူးစက္လာမည္ကိုစုိးရိမ္သျဖင့္ ဦးသာေခါင္ႏွင့္ ပူးေပါင္းကာ တိုက္ခိုက္ေပးၾကသည္။ ႏြားတင္းကုတ္ အနီးမွ ထိုးေဖာက္၀င္ေရာက္မႈကို ေဘာ္ျဖဴ ေခါင္းေဆာင္ကာ ရြပ္ရြပ္ခ်ြံခ်ြံ ခုခံတိုက္ခိုက္ကာ တြန္းလွန္လိုက္ၾကသည္။ ေဘာ္ျဖဴအား တိရိစၦာန္မ်ား၏ ခ်စ္ခင္ေလးစားမႈ ျမင့္မားလာသည္။ အဆိုပါ ႏြားတင္းကုတ္တိုက္ပြဲ (The Battle of Cowshed)၏ ေအာင္ျမင္မႈကို ႏွစ္စဥ္ႏွစ္တုိင္း ေသနတ္ပစ္ေဖာက္ ပြဲက်င္းပ၍ ေအာင္ပြဲခံၾကသည္။

ဦးေဆာင္မႈက႑တြင္ ဗႏၶဳလ ႏွင့္ ေဘာ္ျဖဴတို႔၏ အားၿပိဳင္မႈမွာ ျမင္သာလာသည္။ မီးစက္ တည္ေဆာက္ၿပီး တိရိစၦာန္ကြင္းအား ေခတ္မီသာယာ၀ေျပာေစမည့္ အစီအမံအား အစည္းအေ၀းတြင္ ခ်က္က်လက္က် ေဘာ္ျဖဴကတင္ျပသည္။ ဗႏၶဳလက မလုပ္သင့္ဟုသာ ေျပာသည္၊ ပရိတ္သတ္ကို ဆြဲေဆာင္ႏိုင္ျခင္းမရွိ။ သို႔ရာတြင္ မဲခြဲဆံုးျဖတ္ျခင္းမျပဳမီ ဗႏၶဳလက လက္ေခါက္မႈတ္လိုက္ရာ ေခြးႀကီးကိုးေကာင္ ၀င္လာၿပီး ေဘာ္ျဖဴအား ထိုးဟပ္တိုက္ခိုက္သျဖင့္ ေဘာ္ျဖဴ ထြက္ေျပးသြားရသည္။

ယင္းေနာက္ပိုင္းတြင္ ကြင္း၏စီမံအုပ္ခ်ဳပ္မႈမ်ားကို အစည္းအေ၀းျဖင့္ ဆံုးျဖတ္ျခင္းမျပဳေတာ့ဘဲ ဗႏၶဳလ ေခါင္းေဆာင္သည့္ ၀က္ေကာ္မီတီကသာ ဆံုးျဖတ္မည္ ဟု ဗႏၶဳလက မိန္႔ခြန္းေခၽြသည္။ ထိုသည္ကို ၀က္ေလးေကာင္က ကန္႔ကြက္ေသးေသာ္လည္း ေခြးႀကီးမ်ားက ထကာ မန္ဖီဟိန္းေဟာက္သျဖင့္ အားလံုးၿငိမ္ေနလိုက္ရသည္။ ေခါင္းေဆာင္ႀကီး ဗႏၶဳလ မွာ တိရိစၦာန္မ်ားအား ကိုယ္တိုင္ စကားထြက္မေျပာေတာ့ပဲ ၀က္ သံေၾကာင္ မွတဆင့္သာ ေၾကာ္ျငာခ်က္မ်ား အမိန္႔မ်ား ထုတ္ျပန္သည္။

မီးစက္တည္ေဆာက္ေရးကို လုပ္ေဆာင္မည္ဟု သံေၾကာင္က တဆင့္ ဗႏၶဳလက ေၾကျငာသည္။ မီးစက္တည္ေဆာက္ေရးမွာ ေဘာ္ျဖဴ၏ အႀကံမဟုတ္ေၾကာင္း၊ ဗႏၶဳလက စတင္ႀကံစည္အားထုတ္ခဲ့ေသာ အမႈသာလွ်င္ ျဖစ္ေၾကာင္း သံေၾကာင္က တိရိစၦာန္မ်ားအား ရွင္းျပသည္။ မီးစက္လည္ပတ္လာသည့္အခါ ဘ၀သာယာလာမည့္အေၾကာင္း ကတိမ်ား အေျပာမ်ားကို ေမွ်ာ္မွန္းရမ္းေရာ္လ်က္၊ အစာေလွ်ာ့စားကာ အလုပ္ပိုလုပ္၍ မီးစက္တည္ေဆာက္ေရးအတြက္ တိရိစၦာန္မ်ား အားထုတ္ၾကရသည္။ 

တစ္ရက္ေန႔တြင္ မုန္တိုင္းတိုက္ေလရာ မခိုင္ခန္႔ေသာ မီးစက္အေဆာက္အအံုမွာ ျပားျပား၀ပ္ ၿပိဳက်သည္။ မီးစက္ၿပိဳပ်က္ရျခင္းမွာ ေဘာ္ျဖဴ၏ လက္ခ်က္ျဖစ္ေၾကာင္း ဗႏၶဳလႏွင့္ သံေၾကာင္က တိရိစၦာန္မ်ားအား အယံုသြင္းသည္။ ေဘာ္ျဖဴကို လူဆိုးျဖစ္ေအာင္ ပံုေဖာ္သည္သာမက ေဘာ္ျဖဴႏွင့္ ပူးေပါင္းလုပ္ေဆာင္သည္ ဟူေသာ စြပ္စြဲခ်က္ျဖင့္ အျခားတိရိစၦာန္မ်ားစြာကို စြဲခ်က္တင္ သတ္ျဖတ္သည္။ (ဆ႒မေျမာက္ အေျခခံတရား ျဖစ္သည့္ “တိရိစၦာန္အခ်င္းခ်င္း မသတ္ျဖတ္ရ” ဆိုသည့္အခ်က္ကို က်ီနံရံတြင္ ညအခ်ိန္၌ ႏြားမ ခြာျဖဴ ႏွင့္ လား မေဟာ္ တို႔ သြားဖတ္ၾကည့္ၾကရာ၊ “အေၾကာင္းမဲ့” ဆိုေသာ စကားရပ္အားထည့္သြင္းလ်က္ “တိရိစၦာန္အခ်င္းခ်င္း  အေၾကာင္းမဲ့ မသတ္ျဖတ္ရ” ဟု ျပင္ေရးထားၿပီးျဖစ္သည္ကို ေတြ႕ရေလသည္။)

ဒို႔တိရိစၦာန္သီခ်င္းကို မသီဆိုရ ဟု တားျမစ္သည္။ ယင္းအစား ဗႏၶဳလ ၏ ဘုန္းေတာ္ဘြဲ႕သီခ်င္းမ်ားကို သီဆိုေစသည္။ ဗႏၶဳလ ကိုယ္တိုင္မွာမူ လူတစ္ေယာက္ပမာ ဇိမ္က်က် ေနထိုင္ စည္းစိမ္ခံသည္။ ႏြားတင္းကုတ္တိုက္ပြဲတြင္ ေဘာ္ျဖဴ “တိရိစၦာန္ဇာနည္ ပထမတန္းဘြဲ႕” ရခဲ့သည္ဆိုသည္မွာ မဟုတ္ဘဲ သူရဲေဘာေၾကာင္ေသာေၾကာင့္ ရႈတ္ခ်ျခင္းခံခဲ့ရသည္ ဟု တိရိစာၦန္မ်ားကို အယံုသြင္းသည္။

အနီးအနားမွ လယ္သမားတစ္ဦးျဖစ္သည့္ ဦးေအာင္ပန္းႏွင့္ အဖြဲ႕သည္ တိရိစၦာန္မ်ားေဆာက္ေနသည့္ ဓါတ္မီးစက္ကို ဒိုင္းနမိုက္ျဖင့္ လာေရာက္ေဖာက္ခြဲျဖစ္လိုက္ၾကသည္။ ထိုသူတို႔အား ေမာင္းထုတ္ႏိုင္ခဲ့ေသာ္လည္း မိမိတို႔ တိရိစၦာန္မ်ားစြာ ဒဏ္ရာရက်န္ခဲ့ၾကရာ၊ ဒဏ္ရာရသူမ်ားထဲတြင္ အဓိက တိရိစၦာန္လုပ္အားရွင္ ႏြားႀကီး “ဂ်ိဳကား” (မူရင္း အဂၤလိပ္ဘာသာမူတြင္ ျမင္းႀကီး Boxer) လည္း အပါအ၀င္ ျဖစ္သည္။  

ဒဏ္ရာပင္ရေသာ္ျငားလည္း ႏြားႀကီး ဂ်ိဳကားမွာ ၄င္း၏ ေဆာင္ပုဒ္ ႏွစ္ခုျဖစ္သည့္ “ငါ အလုပ္ကို ပိုႀကိဳးစားလုပ္မယ္” ႏွင့္ “ဗႏၶဳလ အၿမဲမွန္သည္” ဆိုသည့္ ေဆာင္ပုဒ္ႏွစ္ရပ္ကို ပါးစပ္ကမခ်ေျပာရင္း အလုပ္ကို ႀကိဳးစားသထက္ႀကိဳးစားလုပ္ကိုင္ေလရာ၊ ဘုန္းဘုန္းလဲသည့္ အေျခအေနသို႔ ေရာက္သြားေလသည္။ ထိုအခါ ဗႏၶဳလ၏ အမိန္႔ျဖင့္ ရြာသစ္ႀကီးေဆးရံုသို႔ ပို႔ရန္ စီစဥ္ၾကေလသည္။ ေဆးရံုသို႔ပို႔မည့္ကားေပၚသို႔ ဂ်ိဳကားကို တက္ေစၿပီးေနာက္ ကားကို စေမာင္းထြက္သြားသည့္အခါက်မွ စာေကာင္းစြာဖတ္တတ္သည့္ လား မေဟာ္ က ကားနံေဘး စာမ်ားကို ဖတ္ၾကည့္ရာ၊ “ရြာသစ္ႀကီး သားသတ္ကုမၸဏီ၊ သားေရႏွင့္ အမဲရိုးေရာင္းသူမ်ား” ဟု ျဖစ္ေနသျဖင့္ တိရိစၦာန္မ်ားအား ဖတ္ျပသည္။ မေဟာ္ ႏွင့္ တိရိစၦာန္မ်ားက ဂ်ိဳကားေရ နင့္ကို သတ္ေတာ့မယ္ ခုန္ခ် ခ်န္ခ် ဟု ေအာ္ဟစ္သျဖင့္ ဂ်ိဳကားက တ၀ုန္း၀ုန္းကန္ေက်ာက္ကာ ဆင္းေျပးႏိုင္ရန္ ႀကိဳးစားေသာ္လည္း အားမတန္ဘဲ လိုက္ပါသြားရသည္။

ပုိင္ရွင္ေဟာင္း ဦးသာေခါင္ေနသည့္ အိမ္တြင္ ၀က္မ်ားတက္ေနၾကေနသည္မွာ ၾကာခဲ့ၿပီ။ ယခုနာမည္ “တိရိစၦာန္ကြင္း” အား ေတာ္လွန္းမတိုင္မီ ယခင္မူလနာမည္ “ယင္းမာပင္ကြင္း” အျဖစ္သို႔ ျပန္လည္ ေျပာင္းလဲ သတ္မွတ္သည္။ ဓါတ္မီးစက္ တစ္လံုးမက တည္ေဆာက္ၿပီး ကြင္း၏ ၀င္ေငြလည္းတိုးတက္လာေသာ္လည္း ၀က္မ်ား ႏွင့္ ေခြးမ်ားမွလြဲ၍ က်န္တိရိစၦာန္မ်ားမွာ ပင္းပန္းႀကီးစြာ အလုပ္လုပ္ၾကရသည္။ ၀က္မ်ားႏွင့္ ေခြးမ်ားမွာ ဆူၿဖိဳးသထက္ ဆူၿဖိဳးလာၾကသည္။ “ေျခေလးေခ်ာင္းေကာင္းတယ္။ ေျခႏွစ္ေခ်ာင္းမေကာင္းဘူး” ဆိုေသာ ေဆာင္ပုဒ္ အစား “ေျခေလးေခ်ာင္းေကာင္းတယ္။ ေျခႏွစ္ေခ်ာင္းက ပိုေကာင္းတယ္” ဟူေသာေဆာင္ပုဒ္ကို ဆိုၾကရသည္။ ၀က္တို႔သည္ ေျခႏွစ္ေခ်ာင္းေထာက္၍ လမ္းေလွ်ာက္ၾကၿပီး လူအ၀တ္အစား၀တ္ကာ ကြင္းထဲတြင္ သြားလာၾကသည္။ ၀က္ေခါင္းေဆာင္မ်ားသည္ နံေဘးကြင္းမ်ားမွ လယ္သမားမ်ား ႏွင့္ ေရာင္း၀ယ္ေဖါက္ကားၾကသည္။ ဦးသာေခါင္ေနခဲ့သည့္အိမ္ေပၚတြင္ ၀က္မ်ားႏွင့္ လူမ်ား ပါတီပြဲခ်ကာ အရက္ေသာက္ဖဲရိုက္ၾကသည္။ ထိုျဖစ္အင္မ်ားကို က်န္တိရိစၦာန္မ်ားက ေငးေမာ၍ သာ ၾကည္႔ေနၾကရေတာ့သည္။

ပိုင္ရွင္ေဟာင္း ဦးသာေခါင္လက္ထက္က ပိုမိုပင္ပန္းခ်ိဳ႕တဲ့သလား၊ ၀က္မ်ားအုပ္ခ်ဳပ္သည့္ ဤကာလတြင္မွ ပိုမို ပင္ပန္းခ်ိဳ႕တဲ့သလား ဆိုသည္ကို မွတ္ဥာဏ္ေကာင္း၊ စာဖတ္တတ္၊ ဥာဏ္ပညာရွိသည့္ လား တိရိစၦာန္ မေဟာ္ (မူရင္း အဂၤလိပ္မူတြင္ ျမည္း တိရိစၦာန္ Benjamin) ကလြဲ၍ မည္သည့္ တိရိစၦာန္ကမွ မမွတ္မိၾကေတာ့ေခ်။

ျဖတ္သန္းခဲ့သည့္ႏွစ္ကာလမ်ားအတြင္း အေျခခံမူႀကီး ခုနစ္ခ်က္ကိုလည္း တိရိစၦာန္မ်ားအိပ္ၾကသည့္ ညအခ်ိန္က်မွ ၀က္ သံေၾကာင္က ေလွကား ႏွင့္ ေဆးဗူး ယူၿပီး၊  က်ီနံရံေပၚတြင္ ဟိုခါ ျပင္ေရးလိုက္ သည္ခါ ဖ်က္ေရးလိုက္ႏွင့္ပင္ အေျခခံမူအခ်က္ ခုႏွစ္ခ်က္အနက္ အခ်က္နံပါတ္(၇) တစ္ခ်က္တည္းသာ က်န္ေတာ့သည္။ တိုတစ္ခ်က္ကို ပင္လွ်င္လည္း ျပန္ျပင္ ေရးသားထားေၾကာင္းေတြ႕ရေလသည္။

ႏြာမအိုႀကီး ခြာျဖဴ သည္ အေျခခံမူႀကီး ခုနစ္ခ်က္အား ေရွ႕ျဖစ္ေဟာင္းေအာက္ေမ့ဖြယ္ ျပန္ဖတ္ခ်င္သျဖင့္ စာဖတ္တတ္ေသာ လား မေဟာ္ကို အတူေခၚသြား၍ ဖတ္ျပခိုင္းရာ မေဟာ္ မွာ စိတ္မခ်မ္းေျမ႕စြာျဖင့္ ဖတ္ျပရေလသည္။ ခုနစ္ခ်က္ထဲမွာ တစ္ခ်က္တည္းက်န္ေတာ့သည္။ ယခင္ မူရင္း အေျခခံမူအခ်က္နံပါတ္(၇) မွာ “တိရိစၦာန္မ်ားအားလံုး တစ္တန္းတစားတည္း ျဖစ္သည္ (All animals are equal.)” ဟု ျဖစ္ေသာ္လည္း၊ ယခုက်န္ေတာ့သည့္ ထိုအခ်က္နံပါတ္ (၇) တစ္ခ်က္တည္းကိုပင္လွ်င္ ေအာက္ပါအတိုင္း ေျပာင္းလဲ ေရးသားထားေလသည္။

“အားလံုးေသာ တိရိစၦာန္တို႔မွာ တန္းတူ ျဖစ္သည္။ သို႔ရာတြင္ အခ်ိဳ႕တိရိစၦာန္တို႔မွာ ပို၍တန္းတူ ျဖစ္ၿပီးလွ်င္၊ အခ်ိဳ႕တိရိစၦာန္တို႔မွာ ေလ်ာ့၍ တန္းတူ ျဖစ္သည္။ (All animals are equal but some animals are more equal than others.)”

************************************

(၄) ႏြားႏို႔ေပ်ာက္သည့္ကိစၥ ႏွင့္ ေခြးကိုးေကာင္

“ေျခေလးေခ်ာင္းေတာ္လွန္ေရး” အမည္ျဖင့္ သခင္ဘေသာင္းဘာသာျပန္သည့္စာအုပ္တြင္ ႏြားႏို႔ကိစၥအား ဗႏၶဳလ က ထိန္းခ်ဳပ္ကိုင္တြယ္သြားပံုကို ေအာက္ပါအတိုင္းေရးသား တင္ျပထားသည္။

“ထိုအခိုက္တြင္ ႏို႔ညႇစ္ႏြားမႀကီး သံုးေကာင္မွာ မအီမသာျဖစ္ေန၍ ျပင္းထန္စြာ ေအာ္လ်က္ရွိၾကသည္။ ဦးသာေခါင္ ရွိစဥ္က မနက္တိုင္း ႏို႔ညႇစ္ေသာ္လည္း ဦးသာေခါင္ကို ေတာ္လွန္လိုက္ၿပီးေနာက္ လြတ္လပ္ျခင္းရ၍ ဘယ္သူမွ ႏို႔ညႇစ္မည့္သူ မရွိသျဖင့္ ႏို႔ေတြေတာင့္ၿပီး ႏို႔အံုႀကီးေတြ ကြဲမတတ္ျဖစ္ကာ မခ်ိမဆန္႔ ျဖစ္ေနၾကသည္။ ခဏတာမွ်ေတြ၍ ျဖစ္ေနၾကၿပီးလွ်င္ ၀က္မ်ားက အႀကံရ၍ ႏို႔ပံုးမ်ားကို ယူေစၿပီးေနာက္ ခြာၾကားႏွင့္ ညႇပ္၍ ႏို႔ညႇစ္ၾကရာ အေတာ္ကေလး ဟန္သည္။ မၾကာမီ ပံုးငါးပံုးႏွင့္ အျပည့္ရ၍ အားလံုးေသာ တိရိစၦာန္တို႔ သြားရည္တမ်ားမ်ား ျဖစ္ေနၾကသည္။

“ဒီႏို႔ေတြ ဘယ္လိုလုပ္ၾကမလဲ။ ဦးသာေခါင္ရွိတုန္းကေတာ့ တစ္ခါတေလ ဒို႔စားတဲ့ အစာထဲထည့္ေကၽြးတယ္” ဟု တိရိစၦာန္တစ္ေကာင္ကေျပာသည္။ ထိုအခါ ဗႏၶုဳလက ႏို႔ပံုးမ်ားေရွ႕တြင္ ရပ္၍ “ရဲေဘာ္တို႔၊ ဒီႏို႔အတြက္ဟာ ကိစၥ မရွိပါဘူး။ ငါၾကည့္ၿပီး စီမံပါ့မယ္။ စပါးရိတ္ဖို႔က ပိုအေရးႀကီးပါတယ္။ ရဲေဘာ္ ေဘာ္ျဖဴေနာက္ကို လိုက္ၾကပါ။ ငါ အခုပဲ လိုက္လာခဲ့ပါ့မယ္။ ကိုင္း . . . သြားၾကေပေတာ့။ အရိတ္ေနာက္သြားက်ရင္ စပါးေတြ ပ်က္ကုန္မယ္” ဟု ဆိုသည္။

အားလံုးေသာ တိရိစၦာန္တို႔လည္း ဗႏၶဳလေျပာသည့္အတိုင္း ေဘာ္ျဖဴကို ေခါင္းေဆာင္ျပဳ၍ စပါးရိတ္သြား ၾက သည္။ ညေန စပါးရိတ္ၿပီး ျပန္လာၾကေသာအခါ ႏို႔ပံုးမ်ားကို မေတြ႕ၾကရေတာ့။”

အထက္တြင္ေဖာ္ျပထားသည့္အတိုင္း ေန႔စဥ္ထြက္ရွိေနသည့္ ႏြားႏို႔ကိစၥကို ကိုင္တြယ္ထိန္းခ်ဳပ္လိုက္မႈသည္ ဗႏၶဳလ၏ အာဏာရွင္စနစ္ တည္ေဆာက္မႈတြင္ ကနဦးဆံုးအဆင့္ ျဖစ္ေလသည္။ ထိုႏြားႏို႔တို႔ကို ဗႏၶဳလသည္ မိမိကိုယ္တိုင္ စားသံုးသည့္အျပင္ မိမိကိုသစၥာခံေအာင္ ေခြးေပါက္ကေလးမ်ားအား ေကၽြးေမြးပ်ိဳးေထာင္ရာ၌ ထိုႏြားႏို႔မ်ားကို အသံုးခ်ခဲ့ေလသည္။ လမ်ားအၾကာတြင္ ထိုေခြးေပါက္ကေလးကိုးေကာင္မွာ ဆူၿဖိဳးလာလ်က္ ေခြးႀကီးကိုးေကာင္ ျဖစ္လာသည္။ တိရိစၦာန္ကြင္း၏ ေကာင္းရာေကာင္းက်ိဳး ေဆာင္ရြက္ေနသူျဖစ္ေသာ္လည္း ေခါင္းေဆာင္မႈတြင္ မိမိႏွင့္ၿပိဳင္ဘက္ပမာျဖစ္ေနသူ ေဘာ္ျဖဴအား ေမာင္းထုတ္ရန္ႏွင့္ အျခားတိရိစၦာန္မ်ားအေပၚ အေၾကာက္တရားျဖင့္ လႊမ္းမိုးထားႏိုင္ေအာင္ ဗႏၶဳလက ေခြးကိုးေကာင္ကို အသံုးခ်လ်က္ ခ်ဳပ္ကိုင္ႏိုင္ခဲ့သည္။ 

အေပၚက ပံုပမာထဲက ႏြားႏို႔ဆိုသည္ကား အခြင့္အေရးအက်ိဳးစီးပြားတို႔အား အလကၤာျပဳ ဆိုလိုရင္းျဖစ္ေလသည္။ ယခုေခတ္တြင္ နားလည္လြယ္ေအာင္ေျပာရလွ်င္ အသင္းအဖြဲ႕ပိုင္ ဘ႑ာေငြမ်ားကို ကုိင္တြယ္စီမံပိုင္ခြင့္ လည္း ျဖစ္ႏိုင္သည္။ ဒါမွမဟုတ္ လမ္းအေဆာက္အအံုစသည့္ ျပည္သူ႔လုပ္ငန္း ေဆာက္လုပ္ခြင့္ ကန္ထရိုက္လည္း ျဖစ္ႏိုင္သည္။ ဒါမွမဟုတ္ ၿငိမ္းခ်မ္းေရး ကားပါမစ္မ်ားလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ေလသည္။ အခ်ိဳ႕ေခါင္းေဆာင္မ်ားသည္ ထိုအခြင့္အေရး (incentive) မ်ားအား တပည့္ငယ္သားအျဖစ္ခံယူသူမ်ားကို ထပ္ဆင့္ခ်ေပးျခင္းအားျဖင့္ အိမ္ႀကီးထဲတြင္ အိမ္ငယ္ေဆာက္ကာ မိမိအုပ္စုတည္း ဟူေသာ အင္အားစုကို တည္ေဆာက္တတ္ၾကေလသည္။

တစ္ခါတစ္ခါ ေျပာတတ္ၾကေလသည္။ ႏြားႏို႔ တစ္ဗူးႏွစ္ဗူး ေပ်ာက္တာ ဘာမွ ေရးႀကီးခြင္က်ယ္ကိစၥ မဟုတ္ဘူး ဟု ဆိုတတ္ၾကေလသည္။ ႏြားႏို႔ေပ်ာက္သည့္ကိစၥမွာ ပမာဏအားျဖင့္ ေသးငယ္လွ်င္ အေရးမႀကီး ဟု ဆိုေကာင္းဆိုလို႔ ရႏိုင္သည္။ သို႔ရာတြင္ ထိုႏြားႏို႔မ်ားအား အသံုးခ်လ်က္ အဖြဲ႕အစည္း ပ်က္စီးရာပ်က္စီးေၾကာင္းအား (တနည္း၊ အဖြဲ႕အစည္းအတြင္း လူပုဂၢိဳလ္ဗဟိုျပဳအာဏာရွင္စနစ္အား) မည္ကဲ့သို႔ ဦးတည္ တည္ေဆာက္ေနသနည္း ဆိုသည့္အခ်က္က ပိုမို အေရးႀကီးေလသည္။ ကိစၥကို ငယ္ႏုစဥ္က ကိုင္တြယ္ေသာ္ ႏိုင္နင္းႏိုင္ေသာ္လည္း၊ ဘာမွမဟုတ္ပါဘူး ဟုလႊတ္ထားကာ ေရာဂါရင့္ေသာအခါက်မွ ကိုင္တြယ္လွ်င္ မႏိုင္နင္း မတားဆီးႏိုင္ေတာ့ေပ။

ေခြးကိုးေကာင္ မွာ စတာလင္၏ လွ်ိဳ႕၀ွက္ပုလိပ္အဖြဲ႕ကို အလကၤာျပဳထင္ဟပ္ျပေလသည္။ ထို႔အျပင္ ယဥ္ေက်းမႈေတာ္လွန္ေရးကာလ ေမာ္စီတုန္း အသံုးခ်ခဲ့ေသာ တပ္နီလူငယ္မ်ားကို ျမင္ေယာင္ၾကည့္ ႏိုင္ေလသည္။ သို႔တည္းမဟုတ္ ေခါင္းေဆာင္တစ္ဦးတစ္ေယာက္ ပါတီတစ္သင္းတစ္ဖြဲ႕ကို မွားမွားမွန္မွန္ ေထာက္ခံလ်က္ တစ္ဖက္သားမ်ားကို အပုတ္ခ်တိုက္ခိုက္တတ္သည့္ ေခတ္သစ္ ေလာ္ဘီ အခ်ိဳ႕သည္ ပင္လည္း ဤအမ်ိဳးအစား၏ လကၡဏာပါရွိေနသည္ ဟု ဆိုႏိုင္ေလသည္။

လက္၀ဲဆန္သည့္ ေခါင္းေဆာင္အခ်ိဳ႕က ၄င္းတို႔၏ငယ္သားမ်ားအားသင္ၾကားတတ္သည့္ အယူအဆတစ္ခုမွာ – ၿပိဳင္ဘက္ (သို႔မဟုတ္၊ သေဘာထားခ်င္း မတူသူ) မ်ားအား ပုတ္ခတ္ျခင္း တိုက္ခိုက္ျခင္း ၿခိမ္းေျခာက္ျခင္း သည္ပင္လွ်င္ ေတာ္လွန္ေရးတာ၀န္ ထမ္းေဆာင္ျခင္းပင္ ျဖစ္သည္ ဟု သင္ၾကားတတ္ၾက ေလသည္။

******************************

(၅) ပါေဂ်ာင္သတ္ျဖတ္မႈ

ေတာ္လွန္ေရးအတြက္ သစၥာရွိရွိ လုပ္ေဆာင္ေနသူမ်ားအား ေတာ္လွန္ေရးကို သစၥာေဖာက္ေနသူမ်ားက သစၥာေဖာက္ ဟု စြပ္စြဲကာ သုတ္သင္ၾကသည့္ ျဖစ္စဥ္မ်ားသည္ သမိုင္း၏ ဟိုအေကြ႕ သည္အေကြ႕မ်ားတြင္ ရွိတတ္ေလသည္။

၁၉၈၈ လူထုအေရးေတာ္ပံုေနာက္ပိုင္း စစ္တပ္အာဏာသိမ္းလိုက္သျဖင့္ မိမိထက္ အသက္ သံုးေလးငါးႏွစ္ ႀကီးသည့္ တကၠသိုလ္ေက်ာင္းသား ရာေပါင္းမ်ားစြာတို႔ နယ္စပ္ေဒသမ်ားသို႔ တိမ္းေရွာင္ ထြက္ေျပးခဲ့ၾကရာမွ စုစည္းေပၚေပါက္လာသည့္ ABSDF ေက်ာင္းသားတပ္မေတာ္ အတြင္းတြင္ ျဖစ္ပြားခဲ့သည့္ အဖြဲ႕အစည္းအတြင္း ျဖဳတ္ထုတ္သတ္ ျဖစ္ရပ္ႀကီးမွာ ယေန႔ထက္တိုင္ ေသြးစက္မ်ားမေျခာက္ေသး ဟု ဆိုႏိုင္ေလသည္။

၁၉၉၂-ခုႏွစ္ခန္႔တြင္ တရုတ္နယ္စပ္ ကခ်င္ေဒသတြင္းတစ္ေနရာ ပါေဂ်ာင္ေဒသအေျခစိုက္ ABSDF ေက်ာင္းသားတပ္ အဖြဲ႕ခြဲအတြင္း အဖြဲ႕တြင္းအားၿပိဳင္ၾကရာမွ လူမ်ားၿပီးအုပ္စီးႏိုင္သည့္အဖြဲ႕က က်န္အနည္းစုအား သစၥာေဖာက္ ဟု စြပ္စြဲ ႏွိပ္စက္ သတ္ျဖတ္ခဲ့ၾကသည္ကို ကနဦးတြင္ ဖံုးဖိထားၾကရာမွ ေနာင္တြင္ ဟိုးေလးတေၾကာ္ ေပၚထြက္လာခဲ့သည္။

စုစုေပါင္းမွ ၃၅၀-၄၀၀ ခန္႔ရွိသည့္ ေက်ာင္းသားတပ္ဖြဲ႕အတြင္း သံုးပံုတစ္ပံုခန္႔ျဖစ္သည့္ ေက်ာင္းသားရဲေဘာ္ (၁၀၇) ဦးအား စစ္ေထာက္လွမ္းေရးမ်ားျဖစ္ၾကသည္ ဟု စြပ္စြဲကာ လူမဆန္ေသာ နည္းလမ္းေပါင္းစံုျဖင့္ ႏွိပ္စက္ခဲ့ၾကသည္။ အက်ဥ္းခ် ႏွိပ္စက္ခံရသူမ်ားထဲမွ (၃၆) ဦးမွာ သတ္ျဖတ္ျခင္းခံရသည္၊ သို႔မဟုတ္ ႏွိပ္စက္မႈဒဏ္ ေၾကာင့္ ေသဆံုးခဲ့ၾကရသည္။ ေက်ာင္းသူ ရဲေမ တစ္ဦးအားႏွိပ္စက္ သတ္ျဖတ္ခဲ့ၾကပံုမွာ စာတင္၍ မေရးခ်င္ေလာက္ေအာင္ ရက္စက္ၾကမ္းၾကဳတ္ခဲ့ၾကသည္။

အလားတူ ေနာက္ထပ္ျဖစ္ရပ္တစ္ခုမွာ အီဆာ အႀကီး ကိစၥ ျဖစ္သည္။ အစၥေရးႏိုင္ငံထူေထာင္သည္ႏွင့္ အစၥေရးစစ္ဘက္ဆိုင္ရာ ေထာက္လွမ္းေရးတပ္ဖြဲ႕၏ ပထမဆံုး အႀကီးအကဲအျဖစ္ ခန္႔အပ္ျခင္းခံရသည့္ အီဆာ အႀကီး (Big Isser  သို႔မဟုတ္ Isser Be’eri) မွာ ၿပိဳင္ဘက္မ်ားႏွင့္ ပုဂၢိဳလ္ေရးျပႆနာရွိသူမ်ားကို သစၥာေဖာက္ သတင္းေပး ဟုစြပ္စြဲကာ လုပ္ႀကံျခင္း ကြပ္မ်က္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့သူျဖစ္သည္။ အျပစ္မရွိသည့္ အစၥေရးစစ္ဗိုလ္  ကပၸတိန္ Tubiansky အား အာရပ္သတင္းေပး ဟု စြပ္စြဲၿပီး တစ္နာရီမွ် အက်ဥ္းရံုးစစ္ေဆးကာ (အျပစ္မရွိ ဟု သူကိုယ္တိုင္ သိရက္သားႏွင့္) ေသဒဏ္ခ် ပစ္သတ္ကြပ္မ်က္ခဲ့သည္။ အာရပ္ဖက္မွသတင္းမ်ားကို မိမိတို႔ဘက္သို႔ေပးေနသူ သတင္းေပး Ali Kassem အား အလုပ္သေဘာအရ မည္သည့္မွားယြင္းမႈ မည္သည့္ျပစ္ခ်က္မွမရွိဘဲ လုပ္ႀကံသတ္ျဖတ္ခိုင္းခဲ့သည္။ ေနာက္ ရက္သတၱပတ္ အနည္းငယ္အၾကာတြင္ ၀န္ႀကီးခ်ဳပ္ ဘင္ဂူရီယံ၏ မိတ္ေဆြ မာပိုင္းပါတီေခါင္းေဆာင္တစ္ဦးျဖစ္သည့္ Abba Hushi ကိုပင္ သက္ေသမ်ား အခိုင္အမာျပလ်က္ ၿဗိတိသွ် သူလွ်ိဳ ဟုစြပ္စြဲသည္။ သူကိုယ္တိုင္ ခိုင္းေစျပဳလုပ္ခိုင္းခဲ့သည့္ သံႀကိဳးစာအတုကို သက္ေသအျဖစ္ တင္ျပသည္။ စြပ္စြဲခံရသူ၏မိတ္ေဆြတစ္ဦးကို ရက္ေပါင္း ခုနစ္ဆယ္ေက်ာ္မွ် ဖမ္းဆီးႏွိပ္စက္ၿပီး ထိုေခါင္းေဆာင္မွာ ၿဗိတိသွ်သူလွ်ိဳ ျဖစ္ေၾကာင္းထြက္ဆိုေစခဲ့သည္။ စံုစမ္းစစ္ေဆးမႈမ်ားလုပ္ၿပီးေနာက္ပိုင္း ေတြရွိခ်က္မ်ားအရ၊ ဆိုဗီယက္ကြန္ျမဴနစ္ ေထာက္လွမ္းေရး KGB နည္းလမ္းမ်ားျဖစ္သည့္ ေထာင္ေခ်ာက္ဆင္စြပ္စြဲျခင္း၊ အတုျပဳလုပ္စြပ္စြဲျခင္း၊ ႏွိပ္စက္ေမးျမန္းျခင္း တို႔အားက်င့္သံုးကာ ပုဂၢိဳလ္ေရးၾသဇာ အား ခ်ဲ႕ထြင္တည္ေဆာက္ သည့္ အီဆာ အႀကီး အား စစ္ခံုရံုးတင္ အျပစ္ေပးခဲ့ရသည္။

အီဆာ အႀကီး ကဲ့သို႔ေသာ သူမ်ားသည္ ထိုေခတ္ ထိုေနရာမ်ားတြင္သာ ရွိသည္ မဟုတ္။ ေနရာတိုင္းတြင္ ရွိတတ္သည္။ မည္သည့္တိုင္းျပည္တြင္မဆို ရွိေနႏိုင္သည္။ ထိုသူကဲ့သို႔ေသာသူမ်ားအား ကၽြႏ္ုပ္လည္းႀကံဳခဲ့ဖူးသည္။ ေတြ႕ႀကံဳေနရဆဲျဖစ္သည္။ သင္လည္း ေတြ႕ႀကံဳရႏိုင္သည္။ ဘင္ဂူရီယံ ကဲ့သို႔ အေျမာ္အျမင္ရွိရွိ ဆံုးျဖတ္လုပ္ကိုင္တတ္သူမ်ား၏ ကြပ္ညႇပ္ေဆာင္ရြက္မႈမ်ားျဖင့္သာလွ်င့္ ထိုသို႔ေသာ သူမ်ားကို ဆိုရြားခြင့္မရႏိုင္ေအာင္ တားဆီးႏိုင္မည္ ျဖစ္ေလသည္။

ထို႔အျပင္ လက္ရွိ ၿမိဳ႕ေပၚႏိုင္ငံေရးလႈပ္ရွားသူမ်ားကိုယ္တိုင္ခံစားခဲ့ရဖူးေသာ ႏိုင္ငံေရးလုပ္ႀကံမႈအခ်ိဳ႕ကို ခ်င့္တြက္ၾကည့္ပါလည္း၊ ေသနတ္ကိုင္ထားၿပီး က်ည္ဆံ အလြဲသံုးစားလုပ္တတ္သူမ်ားၾကားမွာသာဆိုလွ်င္ အသတ္ခံရၿပီး ျဖစ္ေနလိမ့္မည္ ဟုပင္ တစ္ခါတစ္ခါ ေတြးမိႏိုင္ေလသည္။

*****************************

(၆) ဘင္ဂ်မင္၏ အခန္းက႑

ေဂ်ာ့ခ်္ေအာ္၀ဲလ္ ၏ ေျခေလးေခ်ာင္းေတာ္လွန္ေရး ၀တၱဳအား အထက္တန္း၊ တကၠသိုလ္ အဂၤလိပ္စာ သင္ရိုးညႊန္းတမ္းမ်ားတြင္ ထည့္သြင္းသင္ၾကားၾကသည္။

အဂၤလိပ္စာေပအား အေမရိကန္အထက္တန္းေက်ာင္းမ်ားအခ်ိဳ႕တြင္ သင္ၾကားေပးရစဥ္က Animal Farm အား ျပဌာန္းစာအုပ္အေနျဖင့္ ႏွစ္စဥ္သင္ၾကားေပးရသူ အဂၤလိပ္စာဆရာမ ေပၚလင္းေဟာ့ကင္းစ္ (Pauline Hawkins) က “ေျခေလးေခ်ာင္းေတာ္လွန္ေရး အားျဖင့္ ရရွိလာေသာ လြတ္လပ္ခြင့္မ်ား ရပိုင္ခြင့္မ်ား ပ်က္စီးဆံုးရံႈးသြားခဲ့ရျခင္းအတြက္ တာ၀န္ရွိသည့္ ဇာတ္ေကာင္တစ္ေကာင္ အေၾကာင္းကို ေရးသားပါ” ဆိုသည့္ ေမးခြန္းကို ေမးျမန္းလ်က္ ေက်ာင္းသားမ်ားအား ယူဆခ်က္ေရးသားခိုင္းေလ့ရွိသည္။ ဆရာမလက္ခံရရွိေသာ အေျဖမ်ားအနက္ ဆရာမ အေလးအနက္ထားမိေသာ (၁၄ ႏွစ္သား ေက်ာင္းသားတစ္ဦး ေျဖဆိုသည့္) အေျဖတစ္ခု ဤသို႔ဆိုသည္။

ဇာတ္လမ္းအစပိုင္းမွ အဆံုးအထိ – ေတာ္လွန္ေရးအစျပဳသည္မွစ၍ ဗႏၶဳလ (Nepoleon) အမည္ရ ၀က္ေခါင္းေဆာင္ က အာဏာရွင္ျဖစ္လာသည္အထိ – အခ်င္းအရာမ်ားကို ေကာင္းစြာသိရွိ မွတ္မိသည့္ “မေဟာ္” (Benjamin) အမည္ရ လား ဇာတ္ေကာင္ မွာ တာ၀န္အမ်ားႀကီး ရွိသည္ ဟူသတတ္။ အေျခအေနမ်ားမွာ မေကာင္းေသာဘက္သို႔ လမ္းေၾကာင္း တိမ္းေစာင္းသြားေနသည္ကို ေကာင္းစြာ သိပါလ်က္ စ-လယ္-ဆံုး ဘာကိုမွ မွတ္ခ်က္ျပဳ ၀င္မေျပာခဲ့သူ မဆန္႔က်င္ရဲခဲ့သူ ျမည္း မေဟာ္မွာ တာ၀န္အမ်ားႀကီး ရွိပါသည္ ဟူသတတ္။

တိရိစၦာန္တို႔ အဖြဲ႕အစည္း၏ လက္ရွိႏွင့္ ေရရွည္ေကာင္းက်ိဳးအတြက္ မေဟာ္ က ေထာက္ျပေျပာဆိုမႈ တစ္ခုခု လုပ္လွ်င္ တန္ျပန္ခံစားရမည့္ အေမွာင္ဂိုဏ္းသားမ်ား၏ တိုက္ခိုက္မႈကို မေဟာ္ မွာ ခံႏိုင္ရည္ ရွိဟန္မတူေခ်။ သူကား သိသူ ျဖစ္ေလသည္။ ေျပာသူလည္း မဟုတ္၊ လုပ္ေဆင္သူလည္း မဟုတ္ေခ်။ အနက္ေရာင္ဂုိဏ္းသားမ်ား အားမေကာင္းေသးခင္ကာလကပင္ သူ႔အေနႏွင့္ ေထာက္ျပထိန္းညိႇမႈမ်ားျပဳလုပ္ႏိုင္ခဲ့လွ်င္ အခ်ိန္မီေကာင္းမီခဲ့ပါလိမ့္မည္။ ဇာတ္လမ္းတစ္ပုဒ္လံုးတြင္ သူ၏တစ္ခုတည္းေသာ အေရးယူ တံု႔ျပန္လႈပ္ရွားမႈမွာ ဇာတ္လမ္းဆံုးခါနီးက်မွ သူ၏ အခ်စ္ခင္ရဆံုး မိတ္ေဆြ ႏြားႀကီး ဂ်ိဳကား အား သားသတ္ရံုကားေပၚမွ ခုန္ခ်ရန္အတြက္ ကားေနာက္မွလိုက္ေျပး ေအာ္ေျပာခဲ့မႈ ျဖစ္သည္။ သို႔ရာတြင္ သူ႔မိတ္ေဆြ၏အသက္ကိုကား မကယ္တင္ႏိုင္ ခဲ့ေတာ့ေခ်။

တိုင္းျပည္၏ကုန္ထုတ္လုပ္ေရးတာ၀န္ကို ထမ္းေဆာင္သည့္ အလုပ္သမားလူတန္းစားကို ကိုယ္စားျပဳသည့္ ႏြားႀကီး ဂ်ိဳကား ႏႈတ္က မခ်သည့္ ေဆာင္ပုဒ္ႏွစ္ခု ျဖစ္သည့္ “ငါ ပိုၿပီး ႀကိဳးစား အလုပ္လုပ္မယ္” ႏွင့္ “ဗႏၶဳလ အၿမဲမွန္သည္” တို႔မွာ အုပ္ခ်ဳပ္ခံ တိရိစၦာန္အေပါင္းတို႔၏ အသိဥာဏ္ ႏုန္႔နဲ႔မႈကို ညႊန္းဆိုျပေလသည္။ ႏြားႀကီး ဂ်ိဳကားႏွင့္တကြေသာ အုပ္ခ်ဳပ္ခံ တိရိစၦာန္အေပါင္းတို႔အား လမ္းညႊန္ျပရန္မွာ ဇာတ္လမ္းထဲရွိ တစ္ေကာင္တည္းေသာ အသိဥာဏ္ရွိ အုပ္ခ်ဳပ္ခံျဖစ္သည့္ လား မေဟာ္ တြင္ တာ၀န္ရွိသည္ ဟု ယူဆႏိုင္ေလသည္။ မေဟာ္က လမ္းမွန္ရာကို ျဖစ္သင့္ျဖစ္ထိုက္ရာကို ေျပာျပဖို႔ႀကိဳးစားတိုင္း အေမွာင္ဂိုဏ္းသားမ်ား၏ ၿငိဳျငင္ျခင္းခံရမည္ကို စိုးရိမ္မိေပလိမ့္မည္။ အသက္အႏၱရယ္ ၿခိမ္းေျခာက္ျခင္းကိုေသာ္လည္းေကာင္း သတ္ျဖတ္ခံရျခင္းကို ေသာ္လည္းေကာင္း ခံေကာင္းခံရမည္ကို စိုးရိမ္ခဲ့ေပလိမ့္မည္။

သို႔ရာတြင္ ျပႆနာကား – မွားျခင္း ႏွင့္ မွန္ျခင္း ဟုတ္/မဟုတ္အား သတင္းအခ်က္အလက္ အေသအခ်ာ ေစ့ေစ့ငုငုမသိရဘဲ လူအမ်ားစုတို႔က ဆံုးျဖတ္ႏိုင္ၾကသည္ မဟုတ္။ အမွားကိုက်ဴးလြန္ထားသူ အေမွာင္ဂိုဏ္းသားမ်ားမူကား အျဖစ္အပ်က္မ်ားကို ဖံုးကြယ္ႏိုင္ရန္ ႀကိဳးစားတတ္သည္။ သို႔ရာတြင္ လူအမ်ားစုတို႔အေနျဖင့္ သိသင့္သိထိုက္သည္ကို သိႏိုင္ၾကမွသာလွ်င္ အမွားျပင္ကာလမ္းမွန္ကို ေလွ်ာက္လမ္းႏိုင္ၾကေပလိမ့္မည္။ ႏႈတ္ဆိတ္ေနေသာ လူမ်ားစု (silent majority) ဟူသည္ ရွိ၏။ ထိုသူတို႔သည္ ပါးစပ္အားျဖင့္ တံု႔ျပန္ေျပာဆိုမႈကိုမျပဳတတ္ၾက။ သို႔ရာတြင္ တရားမႈ/မတရားမႈ ဟုတ္မဟုတ္ဆိုသည္ကို ေကာင္းစြာခြဲျခားႏိုင္ေလာက္သည့္ အခ်က္အလက္မ်ားအား ရရွိပါက မတရားသည့္ဘက္က မရပ္တည္လိုၾကေပ။ မတရားသည္ကို မတရား ဟု  ႏႈတ္ဆိတ္ေနေသာ လူမ်ားစု သိရွိသြားျခင္းသည္ ပင္လွ်င္ အေမွာင္ကြယ္၍ အလင္းႀကီးစိုးဖို႔ရာ ပထမအဆင့္ ျဖစ္ေလသည္။

ဆိုဗီယက္ႏိုင္ငံတည္ေထာင္သူ ဖခင္ႀကီး လီနင္ မေသဆံုးမီ ေလျဖတ္ၿပီး ေကာင္းစြာ မဦးစီးႏိုင္ေတာ့သည့္ ကာလမ်ားတြင္ ဇနီးအကူအညီျဖင့္ ေရးသားခဲ့သည့္ လီနင္၏ သံုးသပ္ထြက္ဆိုခ်က္ (Lenin’s Statement) တစ္နည္းအားျဖင့္ လီနင္၏ ေသတမ္းစာကို လီနင္၏ ဆႏၵအရဆိုလွ်င္ ပါတီကြန္ကရက္ တက္ေရာက္လာသူအားလံုးအား ဖတ္ရႈႏိုင္ရန္ ပံုႏွိပ္ျဖန္႔ေ၀ရမည္ျဖစ္ေလသည္။ ထို လီနင္၏ေသတမ္းစာ ေရးသားထားခ်က္မ်ားထဲတြင္ – စတာလင္မွာ ရက္စက္ၾကမ္းၾကဳတ္သူျဖစ္ေၾကာင္း လက္ရွိရာထူးျဖစ္သည့္ ပါတီ၏အေထြေထြအတြင္းေရးမွဴး ရာထူးေနရာမွ ဖယ္ရွားပစ္သင့္ေၾကာင္း အစရွိသည့္ မွတ္ခ်က္မ်ားပါရွိသည္။ ထိုအခ်က္မ်ားကိုသာ ပါတီကြန္ကရက္ကိုယ္စားလွယ္မ်ားကသာ ဖတ္ရႈရပါက စတာလင္အေနျဖင့္ လီနင္ကို ဆက္ခံၿပီး ဆိုဗီယက္ယူနီယံကိုအုပ္ခ်ဳပ္သူ ျဖစ္လာႏိုင္စရာအေၾကာင္း လံုး၀မရွိေပ။ သို႔ရာတြင္ ထိုေသတမ္းစာကို ထိပ္ပိုင္းေခါင္းေဆာင္မ်ားကသာလွ်င္ အကန္႔အသတ္ျဖင့္ သိရွိၿပီး က်န္သူမ်ားေကာင္းစြာ မသိႏိုင္ေအာင္ အေျခအေနကို စတာလင္က ထိန္းခ်ဳပ္နုိင္ခဲ့သည္။ သို႔ျဖင့္ ေနာင္တြင္ အားလံုးသိၾကသည့္အတိုင္း စတာလင္မွာ ဆိုဗီယက္ယူနီယံ၏ အာဏာရွင္ ျဖစ္လာခဲ့သည္။

ဟိုးယခင္လက္၀ဲသမားတို႔အေခၚအေ၀ၚအတိုင္းဆိုလွ်င္ “ေ၀ဖန္ေရး ႏွင့္ မိမိကိုယ္ကို ေ၀ဖန္ေရး” (တစ္နည္းအားျဖင့္ ျပန္လွန္သံုးသပ္မႈ review) အား အဖြဲ႕အစည္းအက်ိဳးအလို႔ငွာ ျပဳသင့္ျပဳထိုက္ေပသည္။ အနာအိုင္း ျဖစ္ေနသည္ကို အနာအိုင္း ျဖစ္ေနသည္ ဟု အသိေပးႏိုင္မွသာ အခ်ိန္မီ ေဆးကုႏိုင္ေပမည္။ သို႔မွသာ က်န္းမာေသာ အဖြဲ႕အစည္းအျဖစ္ ရပ္တည္ႏိုင္ေပမည္။ 

ယခုေဆြးေႏြးေနၾကသည့္ သင္ခန္းစာမ်ားကိုယခုမွ ရသည္မဟုတ္။ ေခတ္အဆက္ဆက္ ေတြ႕ႀကံဳခဲ့ရသည္ကို သံုးသပ္ေကာက္ႏႈတ္ၿပီးသကာလ ဤလကၡဏာမ်ား ျပေနလွ်င္ ဤေရာဂါမ်ားျဖစ္တတ္ေၾကာင္း ေရွးလူမ်ားက အေတြ႕အႀကံဳျဖင့္ ရင္းကာ သင္ခန္းစာထုတ္ႏႈတ္ျပခဲ့ၿပီးၾကေလၿပီ။ မိမိတို႔က ထုတ္ႏႈတ္ယူကာ အသံုးခ်တတ္ရန္ သာျဖစ္ေလသည္။

ကၽြန္ေတာ့္အျမင္အရဆိုလွ်င္ ေတာ္လွန္ေရးလမ္းမေခ်ာ္သြားဖို႔ ထိန္းေက်ာင္းသြားရန္မွာ လား မေဟာ္ (Benjamin) တစ္ေကာင္တည္း၏ တာ၀န္မဟုတ္၊ ေတာ္လွန္ေရးတြင္ပါ၀င္ၾကသူ အားလံုး၏ တာ၀န္ပင္ ျဖစ္လသည္။

ေက်ာ္ေဇာဦး

၂၃ ဧၿပီလ ၂၀၁၇-ခုႏွစ္

၁၃ း ၄၀ နာရီ

**************************

ခြေလေးချောင်းတော်လှန်ရေးထဲက နွားနို့၊ ဝက် နှင့် ခွေး တို့အကြောင်း

(written by Kyaw Zaw Oo)

(၁) မိတ်ဆက်

“ကဲ့ယူသော နွားနို့တို့အားဖြင့် အာဏာရှင်လောင်း ဝက်သည် ခွေးပေါက်ကိုးကောင်အား မွေးမြူထားလေရာ၊ နောက်ပိုင်းတွင် ကြီးမားထွားကြိုင်းလာသော အဆိုပါခွေးကြီးကိုးကောင်ကို မဏ္ဍိုင်ပြုလျက် ထိုဝက်သည် ခြေလေးချောင်းကွင်းတွင် အာဏာရှင်ဖြစ်သွားလေသည်။” ဤသည်မှာ “ခြေလေးချောင်းတော်လှန်ရေး” ဝတ္တု အား ရှုထောင့်တစ်ရပ်မှ ကြည့်မြင်လျက် စာတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်ကြည့်ခြင်း ဖြစ်လေသည်။

(၂) တော်လှန်ရေးတို့ လမ်းချော်သောအခါ . . .

လူမျိုးတစ်မျိုး၏ လွတ်မြောက်ရေးတိုက်ပွဲသည် ရေရှည်တည်ဆောက်ရသော ခရီးရှည် ဖြစ်လေသည်။ မဟာဗျူဟာမြောက်ရည်မှန်းချက်တို့ဆီ ဦးတည်ချီတက်ရင်း နည်းဗျူဟာများ ကဏ္ဍအလိုက် ဖွင့်ကာ တည်ဆောက် ချီတက်ကြရသည်။ ဥပမာအားဖြင့် လီနင်၏ အယူအဆအတိုင်းဆိုရလျှင် ပါလီမန်အခန်းကဏ္ဍ၊ အလုပ်သမားလှုပ်ရှားမှု၊ လက်နက်ကိုင်တပ်တည်ဆောက်မှု တို့မှာ သီးခြားနည်းဗျူဟာများဖြစ်သော်လည်း မဟာဗျူဟာမြောက် ရည်မှန်းချက်တစ်ခုတည်းသို့ ဦးတည် ချီတက်နေခြင်း ဖြစ်လေသည်။

ပြီးသော်တဖန် ထိုမှတစ်ဆင့် အောက်သို့ထပ်ဆင့်ခွဲစဉ်းစားလိုက်လျှင် မိမိတို့လူမျိုးတစ်မျိုးလုံး၏ လွတ်မြောက်ရေးတိုက်ပွဲတွင် ကျွန်တော်အပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အခန်းကဏ္ဍတို့မှာ ပိုမိုသေးငယ်သော လက်အောက်ခံ အကြောင်းအရာများသာလျှင် ဖြစ်ကြသည် ဟု ယူဆနိုင်လေသည်။

ကျွန်တော့်၏ ယခုအသက်မှာ (၄၄) နှစ် ဖြစ်သည့်အတွက် ကံကောင်းထောက်မစွာ ကျန်းမာအသက်ရှည်ပါက နောက်ထပ် အနှစ် (၂၀) ကောင်းစွာ အလုပ်လုပ်နိုင်ဦးမည် ဟု မျှော်လင့်နိုင်၏။ မိမိအကောင်းဆုံး အလုပ်လုပ်ပေးနိုင်မည့် အခန်းကဏ္ဍများတွင် မသေမီအချိန်အထိ ပါဝင်ထမ်းဆောင်ခဲ့ရန် စိတ်ကရည်သန် ထားပါ၏။ အမျိုးသား ရည်မှန်းချက်ဆီသို့ ကနေ့နက်ဖြန် ချက်ချင်းရောက်နိုင်မည် မရောက်နိုင်မည်ကိုကား တပ်အပ်သေချာ မပြောနိုင်ပါသော်ငြားလည်း၊ ပိုမိုကောင်းမွန်သော အနေအထား မိမိတို့ရည်မှန်းချက်နှင့် ပိုမိုနီးစပ်သော အနေအထား ကျန်ရစ်ခဲ့လျှင် သေရကျိုးနပ်သည် ဟု ဆိုနိုင်လေသည်။

တိုတောင်းသော လူ့ဘဝ နှင့် ရေရှည်ဖြစ်သော တော်လှန်ရေး၏ ခရီးရှည်ကို တွေးတောဆင်ခြင်ရင်း၊ တော်လှန်ရေးတို့၏ သဘောသဘာဝကို မိမိနားလည်းနိုင်သလောက် ဖတ်ရှုဆည်းပူးဖူးသည်တို့ထဲမှ မျှဝေသင့်သည်တို့အား မျှဝေကြည့်ရန် စဉ်းစားကြည့်ရာ၊ ဂျော့ချ်အော်ဝဲလ် ရေးသားခဲ့သော ခြေလေးချောင်းတော်လှန်ရေး စာအုပ်အား အခြေခံ၍ တော်လှန်ရေးတို့ လမ်းချော်တတ်ခြင်း အကြောင်းအရာ ကို ဆောင်းပါးပြု၍ ဤတွင်ရေးသားအပ်လေသည်။ ထိုစာအုပ်ကို ဖတ်ရှုလျက် ဖြစ်ပေါ်မိသော မေးခွန်းများကို စတင်ဆွေးနွေးလိုပါသည်။

ကနဦးမေးခွန်း။ ။ တော်လှန်ရေးတို့သည် မိမိတို့၏ မူရင်းရည်ရွယ်ချက်တို့မှ အဘယ်ကြောင့် ရံဖန်ရံခါ လမ်းချော်သွားကာ၊ အဟောင်းသော အာဏာရှင်များကို တော်လှန်သူများထဲမှ အချို့သည် အဘယ်ကြောင့် အသစ်သော အာဏာရှင်များ ဖြစ်လာတတ်ကြသနည်း။

ထိုမေးခွန်းနှစ်ခုကို ဖြေဆိုဖို့ကြိုးစားရင်း ထပ်ဆင့်မေးခွန်းများ ပေါ်ပေါက်လာလေသည်။

ဒုတိယမေးခွန်း။ ။ လူသားတို့သည်ပင်လျှင် ပင်ကိုယ်အားဖြင့် မကောင်းသည့်ဘက်သို့ ပျက်စီးသည့်ဘက်သို့ သွားလိုသည့် အလေးကဲသလော။ သို့တည်းမဟုတ် အာဏာသည်ပင်လျှင် လူသားတို့အား ပျက်စီးစေတတ်သလော။

တတိယမေးခွန်း။ ။ လူ့အဖွဲ့အစည်းတို့လည်ပတ်မှုအတွက် မဖြစ်မနေလိုအပ်သည့် အာဏာ နှင့် ထိုအာဏာအားဖြင့် အကျင့်ပျက်ခြစားခြင်းတို့အား မည်ကဲ့သို့ ထိန်းချုပ်ကန့်သတ်မည်နည်း။

စတုတ္ထမေးခွန်း။ ။ နုနယ်သောတော်လှန်ရေး အဖွဲ့အစည်းများတွင် အဖွဲ့အစည်း၏ ရေရှည်ရည်မှန်းချက်များကို ရည်မှန်းဆောက်ရွက်ရမည့်အစား မိမိတို့အစုအဖွဲ့အဖို့အာဏာစုစည်းမှု နှင့် အကျင့်ပျက်ခြစားမှု တို့အား အစဉ်တစိုက်ဆောင်ရွက်နေမှုတို့ ဖြစ်ပေါ်လာတတ်ကြလေရာ၊ ယင်းတို့ကို မည်ကဲ့သို့ တွန်းလှန်ချေဖျက် ကြမည် နည်း။

ပဥ္စမမေးခွန်း။ ။ အကျင့်ပျက်ခြစားသူများအဖို့ သူတို့၏ခြစားမှုအကြောင်းကို လူမသိလေကောင်းလေ ဖြစ်သည့်အတွက် တတ်နိုင်သမျှ သတင်းအမှောင်ချထားရန် ကြိုးစားတတ်ကြလေရာ (သို့တည်းမဟုတ် သတင်းမှားဖြန့်ချိမှုအားဖြင့် မကောင်းမှုတို့အား ကာကွယ်လုပ်ဆောင်တတ်ကြလေရာ)၊ ကျန်းမာစွာလည်ပတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်စေရေးအတွက် ဝေဖန်ရေး နှင့် မိမိကိုယ်ကိုဝေဖန်ရေး တို့အား မည်သည့် အတိုင်းအတာအထိ ကျင့်သုံးရမည်နည်း။ (ယခင် လက်ဝဲဝါဒီတို့က “ဝေဖန်ရေး နှင့် မိမိကိုယ်ကို ဝေဖန်ရေး” ဟု သုံးနှုန်းတတ်ကြပြီး ခေတ်ပေါ်စကားအရ ဆိုလျှင် ပြန်လှန်သုံးသပ်ခြင်း (review) ပင် ဖြစ်လေသည်)။

ဆဋ္ဌမမေးခွန်း။ ။ အဖွဲ့အစည်းအတွင်း အားပြိုင်မှုများတွင် ခြစားသည့်အုပ်စုသည် ခြမစားသူပြိုင်ဘက်များအား တည်ရှိနေသည့် ခြိမ်းခြောက်မှုများအဖြစ်ရှုမြင်သည့်အတွက် ခြမစားသူပြိုင်ဘက်များအား ချေမှုန်းသုတ်သင်ရာ၌ သစ္စာဖောက်များ၊ သတင်းပေးများ၊ တစ်ဖက်သူလျှိုများ စသည်ဖြင့် တံဆိပ်ကပ်ကာ စွပ်စွဲသုတ်သင်တတ်လေရာ၊ ထိုအဖြစ်ဆိုးများ မဖြစ်ရလေအောင် အတတ်နိုင်ဆုံး မည်ကဲ့သို့ ထိန်းသိမ်းကြ မည်နည်း။

သတ္တမမေးခွန်း။ ။ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအတွင်း အထက်ဖော်ပြပါ အပြစ်အနာအဆာများ ကြီးထွားရင့်မာလာကာအဖွဲ့အစည်းအား လွှမ်းမိုးချုပ်ကိုင်သွားသည့်အခြေအနေသို့ ရောက်မသွားစေဖို့ ထိမ်းသိန်းစောင့်ရှောက်ကြရန် မည်သူတို့မှာ တာဝန်ရှိသနည်း။

အထက်ဖော်ပြပါမေးခွန်း ခုနစ်ခုတို့အနက် ကနဦးပင်မ ပထမ မေးခွန်းနှင့်ပတ်သက်၍ ယူဂိုဆလပ်ကွန်မြူနစ် ခေါင်းဆောင်ဟောင်းနှင့် ကွန်မြူနစ်ဝါဒကို ဝေဖန်သူ အတိုက်အခံ (ကွယ်လွန်သူ) မီလိုဗန် ဒဂျီးလတ်စ် က “လူတန်းစားသစ် (The New Class: An Analysis of the Communist System)” အမည်ရ သူ၏စာအုပ်တွင် သုံးသပ်ရေးသားဖူးသည်။ ဖိနှိပ်သူလူတန်းစားအဟောင်းအားတော်လှန်ခဲ့သည်ဆိုပါမှ၊ တော်လှန်ရေးအောင်မြင်ပြီးသည့်အချိန်တွင် အာဏာရ ကွန်မြူနစ်ခေါင်းဆောင်များသည် တိုင်းပြည်ကို အာဏာရှင်ဆန်ဆန်အုပ်ချုပ်သည့် အခွင့်ထူးခံ အုပ်ချုပ်သူလူတန်းစားသစ် တစ်ရပ် ဖြစ်လာကြောင်းကို ရေးသားထားသည်။ ပညာရပ်ဆန်သည့် ထိုစာအုပ်အကြောင်းကိုတော့ အကျယ်မပြောတော့ပါ။

အထက်ဖော်ပြပါမေးခွန်း ခုနစ်ခုစလုံးအား တွေးတောသုံးသပ်စရာ ခေါင်းစဉ်များအဖြစ် ပေါ်ထွန်းစေသည့် စာအုပ်တစ်အုပ်မှာ ဂျော့ချ် အော်ဝဲလ် (George Orwell) ၏ Animal Farm စာအုပ် ဖြစ်သည်။

ဂျော့(ချ်)အော်ဝဲလ် ရေးသားသော Animal Farm အမည်ရ ဝတ္တုလတ်မှာ အင်္ဂလိပ်စာပေတွင် ဂန္တဝင် တန်းဝင်အဖြစ်သတ်မှတ်တန်ဖိုးထားခြင်းခံရသည့် နိုင်ငံရေးသရော််စာဆန်ဆန် ပုံနှိုင်းဝတ္တု ဖြစ်လေသည်။ ဟိုးယခင်ကာလတုန်းက ထိုဝတ္တုလတ်အား သခင်ဘသောင်းက “ခြေလေးချောင်း တော်လှန်ရေး” အမည်ဖြင့် ဘာသာပြန်လျက် ဘာသာပြန်စာပေအသင်းက ထုတ်ဝေဖူးလေသည်။ ထိုစာအုပ်မှာ အိမ်က မိဘတို့၏ စာအုပ်စင်တွင် ရှိသဖြင့် ငယ်စဉ် ငါးတန်း ခြောက်တန်းကျောင်းသား အရွယ်ကတည်းက မိမိ ဖတ်ဖူးလေသည်။

အဆိုပါ ခြေလေးချောင်းတော်လှန်ရေး ဝတ္တုက တင်ပြထားသည်မှာ – ရည်ရွယ်ချက်ကောင်းတို့ဖြင့် တော်လှန်ခဲ့ကြသော်လည်း မသမာသူ နိုင်ငံရေးသမားများက တော်လှန်ရေးအတွင်း မသိမသာ အခွင့်အရေးယူရင်း အာဏာရှင်စနစ်ကို တည်ဆောက်ကြသဖြင့် မိမိတို့အားလုံးမှာ အာဏာရှင်လက်သစ်လက်အောက်သို့ ကျရောက်သွားရသည့် ဖြစ်အင်အား တိရိစ္ဆာန်ဇာတ်ကောင်များဖြင့် ဇာတ်ကွက်ဖော်တင်ပြထားခြင်းဖြစ်လေသည်။ ဆိုဗီယက်နိုင်ငံတွင် စတာလင် တစ်ယောက် အာဏာရှင် ဖြစ်လာပုံသည် ဤဝတ္တုက ကျောရိုးယူထားသည့် နောက်ခံ အကြောင်းအရာ ဖြစ်သည်။


(၃) ခြေလေးချောင်းတော်လှန်ရေး

ခြေလေးချောင်းတော်လှန်ရေး စာအုပ်ပါ ဇာတ်လမ်းအကျဉ်းကား ဤသို့ ဖြစ်လေသည်။

လယ်သမား ဦးသာခေါင် (Mr. Jones) ပိုင်ဆိုင်သည့် ယင်းမာပင်ကွင်း (Manor Farm) တွင် နွား၊ ကြက်၊ ဝက်၊ မြည်း၊ မြင်း၊ ဆိတ်၊ ဘဲ၊ ခွေး စသည့် တိရိစ္ဆာန်မျိုးစုံ ရှိကြလေသည်။ ပေါ့လျော့တတ်လျက် ဝီရိယအားနည်းသည့် ဦးသာခေါင်တစ်ယောက် ထန်းရည်မူးပြီး အိပ်နေသည့် တစ်ညသော ကာလတွင် ကွင်းအတွင်းရှိ တိရိစ္ဆာန်ပေါင်းစုံတို့သည် “ဗိုလ်ကြီး” အမည်ရ ဝက်အိုကြီး ထံသွားရောက်ပြီးလျှင် တော်လှန်ရေးတရား နာကြားကြသည်။

ယင်းမာပင်ကွင်းအပါအဝင် နိုင်ငံတစ်ဝှမ်း၏ သာယာဝပြောမှုမှန်သမျှသည် တိရိစ္တာန်တို့၏လုပ်အားဖြင့် တည်ဆောက်ထားခြင်းသာ ဖြစ်ကြောင်း၊ ပိုင်ရှင်လူသားတို့မှာ တိရိစ္ဆာန်တို့အား မတရား ဂုတ်သွေးစုပ်လျက် ချမ်းသားကြွယ်ဝနေကြလျက် လုပ်အားရှင် တိရိစ္ဆာန်တို့မှာ မသေရုံတမယ် နိမ့်ကျသော အခြေအနေတို့ဖြင့် ရှင်သန်/သေဆုံး နေကြရကြောင်း၊ လူသားတို့ကို သုတ်သင်နိုင်မှသာလျှင် သာယာသော တိရိစ္ဆာန်ဘောင်ကြီးကို ထူထောင်နိုင်မှာ ဖြစ်ကြောင်း မြွက်ကြားသည်။ လူသားများကိုတော်လှန်သည့်အခါတွင်လည်း လူသားများလို မကျင့်ကြံကြဖို့၊ တိရိစ္တာန်အချင်းချင်း နိုင်ထက်စီးနင်းမလုပ်ကြဖို့ အစရှိသော ကျင့်ဝတ်များကို လမ်းညွှန်သည်။ “ဒို့ တိရိစ္ဆာန် သီချင်း (The Beasts of England)” ကို တိရိစ္ဆာန်အပေါင်းတို့အား သင်ကြားပေးသည်။

အဆိုပါ ဗိုလ်ကြီး (Major) အမည်ရ ဝက်ကြီးမှာ ကွယ်လွန်ပြီးနောက် လပိုင်းကာလများတွင် ဗန္ဓုလ (Napoleon) နှင့် ဘော်ဖြူ (Snowball) ဟူသည့် ဝက်ထီးနှစ်ကောင်က တိရိစ္ဆာန်များအား တော်လှန်ရေးတရားများကို လျှို့ဝှက်လက်ဆင့်ကမ်း သင်ကြားပေးသည်။ တစ်ရက်တွင် တိရိစ္ဆာန်များသည် ဦးသာခေါင်နှင့် အပေါင်းအပါ လူသားများအား တော်လှန်ပြီး ယင်းမာပင်ကွင်းကို သိမ်းပိုက်လိုက်သည်။ ယင်းမာပင်ကွင်းအားလည်း “တိရိစ္ဆာန်ကွင်း (Animal Farm)” ဟု အမည်ပြောင်းလဲလိုက်ကြသည်။ ကျီထရံတွင် တိရိစ္ဆာန်ဝါဒ၏ အခြေခံအချက်ကြီး ခုနစ်ရပ်ကို အက္ခရာတင်ကြသည်။ “တိရိစ္ဆာန်များအားလုံး တစ်တန်းတစားတည်း ဖြစ်သည် (All animals are equal.)” ဆိုသည့်အချက်မှာ အရေးအကြီးဆုံးအချက် အနေဖြင့် ပါဝင်သည်။

ဘော်ဖြူ က တိရိစ္ဆာန်များအား စာရေးစာဖတ်နိုင်ရန် သင်ကြားပေးသည်။ ဗန္ဓုလ ကမူ နွားမကြီးများထံမှ ရသော နို့များကို ကဲ့ယူထားပြီး၊ ခွေးပေါက်ကလေးကိုးကောင်ကို လျို့ဝှက်တစ်နေရာ၌ ၄င်း၏ ထိန်းသိမ်းမှုအောက်တွင် သီးခြားထားကာ အဆိုပါ နွားနို့များဖြင့် ကျွေးမွေး မွေးမြူထားသည်။ ဝက်များမှာ ကောင်းစွာ စီမံခန့်ခွဲမှု လုပ်နိုင်ရန် အလို့ငှာ ဟု အကြောင်းပြလျက် အစားကောင်းအသောက်ကောင်းများ ရယူကြသည်။ ဝက်တို့မှာ နို့ နှင့် သရက်သီးမှည့်များကို ကျန်းမာရေးအတွက် စားသုံးကြရန်လိုအပ်သည် ဟု သံကြောင် (Squealer) အမည်ရ ဝက်ထီးတစ်ကောင်အား တိရိစ္ဆာန်များထံ စေလွှတ်၍ လှည့်လည်ရှင်းပြစေသည်။ ဦးသာခေါင်အိမ်ပေါ်ရှိ အခန်းတစ်ခန်းကို ဌာနချုပ်ပြုလုပ်လျက် ယင်းအခန်းမှနေ၍ ဝက်များက စီမံခန့်ခွဲလုပ်ဆောင်သည်။

ကာလအတန်ကြာသော် တိရိစ္ဆာန်ကွင်းအား လူသားများလာရောက်တိုက်ခိုက်ကြသည်။ အနီးအနားဝန်းကျင်မှ လယ်ပိုင်ရှင်များသည်လည်း တိရိစ္ဆာန်တော်လှန်ရေး ကူးစက်လာမည်ကိုစိုးရိမ်သဖြင့် ဦးသာခေါင်နှင့် ပူးပေါင်းကာ တိုက်ခိုက်ပေးကြသည်။ နွားတင်းကုတ် အနီးမှ ထိုးဖောက်ဝင်ရောက်မှုကို ဘော်ဖြူ ခေါင်းဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ကာ တွန်းလှန်လိုက်ကြသည်။ ဘော်ဖြူအား တိရိစ္ဆာန်များ၏ ချစ်ခင်လေးစားမှု မြင့်မားလာသည်။ အဆိုပါ နွားတင်းကုတ်တိုက်ပွဲ (The Battle of Cowshed)၏ အောင်မြင်မှုကို နှစ်စဉ်နှစ်တိုင်း သေနတ်ပစ်ဖောက် ပွဲကျင်းပ၍ အောင်ပွဲခံကြသည်။

ဦးဆောင်မှုကဏ္ဍတွင် ဗန္ဓုလ နှင့် ဘော်ဖြူတို့၏ အားပြိုင်မှုမှာ မြင်သာလာသည်။ မီးစက် တည်ဆောက်ပြီး တိရိစ္ဆာန်ကွင်းအား ခေတ်မီသာယာဝပြောစေမည့် အစီအမံအား အစည်းအဝေးတွင် ချက်ကျလက်ကျ ဘော်ဖြူကတင်ပြသည်။ ဗန္ဓုလက မလုပ်သင့်ဟုသာ ပြောသည်၊ ပရိတ်သတ်ကို ဆွဲဆောင်နိုင်ခြင်းမရှိ။ သို့ရာတွင် မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ဗန္ဓုလက လက်ခေါက်မှုတ်လိုက်ရာ ခွေးကြီးကိုးကောင် ဝင်လာပြီး ဘော်ဖြူအား ထိုးဟပ်တိုက်ခိုက်သဖြင့် ဘော်ဖြူ ထွက်ပြေးသွားရသည်။

ယင်းနောက်ပိုင်းတွင် ကွင်း၏စီမံအုပ်ချုပ်မှုများကို အစည်းအဝေးဖြင့် ဆုံးဖြတ်ခြင်းမပြုတော့ဘဲ ဗန္ဓုလ ခေါင်းဆောင်သည့် ဝက်ကော်မီတီကသာ ဆုံးဖြတ်မည် ဟု ဗန္ဓုလက မိန့်ခွန်းချွေသည်။ ထိုသည်ကို ဝက်လေးကောင်က ကန့်ကွက်သေးသော်လည်း ခွေးကြီးများက ထကာ မန်ဖီဟိန်းဟောက်သဖြင့် အားလုံးငြိမ်နေလိုက်ရသည်။ ခေါင်းဆောင်ကြီး ဗန္ဓုလ မှာ တိရိစ္ဆာန်များအား ကိုယ်တိုင် စကားထွက်မပြောတော့ပဲ ဝက် သံကြောင် မှတဆင့်သာ ကြော်ငြာချက်များ အမိန့်များ ထုတ်ပြန်သည်။

မီးစက်တည်ဆောက်ရေးကို လုပ်ဆောင်မည်ဟု သံကြောင်က တဆင့် ဗန္ဓုလက ကြေငြာသည်။ မီးစက်တည်ဆောက်ရေးမှာ ဘော်ဖြူ၏ အကြံမဟုတ်ကြောင်း၊ ဗန္ဓုလက စတင်ကြံစည်အားထုတ်ခဲ့သော အမှုသာလျှင် ဖြစ်ကြောင်း သံကြောင်က တိရိစ္ဆာန်များအား ရှင်းပြသည်။ မီးစက်လည်ပတ်လာသည့်အခါ ဘဝသာယာလာမည့်အကြောင်း ကတိများ အပြောများကို မျှော်မှန်းရမ်းရော်လျက်၊ အစာလျှော့စားကာ အလုပ်ပိုလုပ်၍ မီးစက်တည်ဆောက်ရေးအတွက် တိရိစ္ဆာန်များ အားထုတ်ကြရသည်။

တစ်ရက်နေ့တွင် မုန်တိုင်းတိုက်လေရာ မခိုင်ခန့်သော မီးစက်အဆောက်အအုံမှာ ပြားပြားဝပ် ပြိုကျသည်။ မီးစက်ပြိုပျက်ရခြင်းမှာ ဘော်ဖြူ၏ လက်ချက်ဖြစ်ကြောင်း ဗန္ဓုလနှင့် သံကြောင်က တိရိစ္ဆာန်များအား အယုံသွင်းသည်။ ဘော်ဖြူကို လူဆိုးဖြစ်အောင် ပုံဖော်သည်သာမက ဘော်ဖြူနှင့် ပူးပေါင်းလုပ်ဆောင်သည် ဟူသော စွပ်စွဲချက်ဖြင့် အခြားတိရိစ္ဆာန်များစွာကို စွဲချက်တင် သတ်ဖြတ်သည်။ (ဆဋ္ဌမမြောက် အခြေခံတရား ဖြစ်သည့် “တိရိစ္ဆာန်အချင်းချင်း မသတ်ဖြတ်ရ” ဆိုသည့်အချက်ကို ကျီနံရံတွင် ညအချိန်၌ နွားမ ခွာဖြူ နှင့် လား မဟော် တို့ သွားဖတ်ကြည့်ကြရာ၊ “အကြောင်းမဲ့” ဆိုသော စကားရပ်အားထည့်သွင်းလျက် “တိရိစ္ဆာန်အချင်းချင်း အကြောင်းမဲ့ မသတ်ဖြတ်ရ” ဟု ပြင်ရေးထားပြီးဖြစ်သည်ကို တွေ့ရလေသည်။)

ဒို့တိရိစ္ဆာန်သီချင်းကို မသီဆိုရ ဟု တားမြစ်သည်။ ယင်းအစား ဗန္ဓုလ ၏ ဘုန်းတော်ဘွဲ့သီချင်းများကို သီဆိုစေသည်။ ဗန္ဓုလ ကိုယ်တိုင်မှာမူ လူတစ်ယောက်ပမာ ဇိမ်ကျကျ နေထိုင် စည်းစိမ်ခံသည်။ နွားတင်းကုတ်တိုက်ပွဲတွင် ဘော်ဖြူ “တိရိစ္ဆာန်ဇာနည် ပထမတန်းဘွဲ့” ရခဲ့သည်ဆိုသည်မှာ မဟုတ်ဘဲ သူရဲဘောကြောင်သောကြောင့် ရှုတ်ချခြင်းခံခဲ့ရသည် ဟု တိရိစ္ဆာန်များကို အယုံသွင်းသည်။

အနီးအနားမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးအောင်ပန်းနှင့် အဖွဲ့သည် တိရိစ္ဆာန်များဆောက်နေသည့် ဓါတ်မီးစက်ကို ဒိုင်းနမိုက်ဖြင့် လာရောက်ဖောက်ခွဲဖြစ်လိုက်ကြသည်။ ထိုသူတို့အား မောင်းထုတ်နိုင်ခဲ့သော်လည်း မိမိတို့ တိရိစ္ဆာန်များစွာ ဒဏ်ရာရကျန်ခဲ့ကြရာ၊ ဒဏ်ရာရသူများထဲတွင် အဓိက တိရိစ္ဆာန်လုပ်အားရှင် နွားကြီး “ဂျိုကား” (မူရင်း အင်္ဂလိပ်ဘာသာမူတွင် မြင်းကြီး Boxer) လည်း အပါအဝင် ဖြစ်သည်။

ဒဏ်ရာပင်ရသော်ငြားလည်း နွားကြီး ဂျိုကားမှာ ၄င်း၏ ဆောင်ပုဒ် နှစ်ခုဖြစ်သည့် “ငါ အလုပ်ကို ပိုကြိုးစားလုပ်မယ်” နှင့် “ဗန္ဓုလ အမြဲမှန်သည်” ဆိုသည့် ဆောင်ပုဒ်နှစ်ရပ်ကို ပါးစပ်ကမချပြောရင်း အလုပ်ကို ကြိုးစားသထက်ကြိုးစားလုပ်ကိုင်လေရာ၊ ဘုန်းဘုန်းလဲသည့် အခြေအနေသို့ ရောက်သွားလေသည်။ ထိုအခါ ဗန္ဓုလ၏ အမိန့်ဖြင့် ရွာသစ်ကြီးဆေးရုံသို့ ပို့ရန် စီစဉ်ကြလေသည်။ ဆေးရုံသို့ပို့မည့်ကားပေါ်သို့ ဂျိုကားကို တက်စေပြီးနောက် ကားကို စမောင်းထွက်သွားသည့်အခါကျမှ စာကောင်းစွာဖတ်တတ်သည့် လား မဟော် က ကားနံဘေး စာများကို ဖတ်ကြည့်ရာ၊ “ရွာသစ်ကြီး သားသတ်ကုမ္ပဏီ၊ သားရေနှင့် အမဲရိုးရောင်းသူများ” ဟု ဖြစ်နေသဖြင့် တိရိစ္ဆာန်များအား ဖတ်ပြသည်။ မဟော် နှင့် တိရိစ္ဆာန်များက ဂျိုကားရေ နင့်ကို သတ်တော့မယ် ခုန်ချ ချန်ချ ဟု အော်ဟစ်သဖြင့် ဂျိုကားက တဝုန်းဝုန်းကန်ကျောက်ကာ ဆင်းပြေးနိုင်ရန် ကြိုးစားသော်လည်း အားမတန်ဘဲ လိုက်ပါသွားရသည်။

ပိုင်ရှင်ဟောင်း ဦးသာခေါင်နေသည့် အိမ်တွင် ဝက်များတက်နေကြနေသည်မှာ ကြာခဲ့ပြီ။ ယခုနာမည် “တိရိစ္ဆာန်ကွင်း” အား တော်လှန်းမတိုင်မီ ယခင်မူလနာမည် “ယင်းမာပင်ကွင်း” အဖြစ်သို့ ပြန်လည် ပြောင်းလဲ သတ်မှတ်သည်။ ဓါတ်မီးစက် တစ်လုံးမက တည်ဆောက်ပြီး ကွင်း၏ ဝင်ငွေလည်းတိုးတက်လာသော်လည်း ဝက်များ နှင့် ခွေးများမှလွဲ၍ ကျန်တိရိစ္ဆာန်များမှာ ပင်းပန်းကြီးစွာ အလုပ်လုပ်ကြရသည်။ ဝက်များနှင့် ခွေးများမှာ ဆူဖြိုးသထက် ဆူဖြိုးလာကြသည်။ “ခြေလေးချောင်းကောင်းတယ်။ ခြေနှစ်ချောင်းမကောင်းဘူး” ဆိုသော ဆောင်ပုဒ် အစား “ခြေလေးချောင်းကောင်းတယ်။ ခြေနှစ်ချောင်းက ပိုကောင်းတယ်” ဟူသောဆောင်ပုဒ်ကို ဆိုကြရသည်။ ဝက်တို့သည် ခြေနှစ်ချောင်းထောက်၍ လမ်းလျှောက်ကြပြီး လူအဝတ်အစားဝတ်ကာ ကွင်းထဲတွင် သွားလာကြသည်။ ဝက်ခေါင်းဆောင်များသည် နံဘေးကွင်းများမှ လယ်သမားများ နှင့် ရောင်းဝယ်ဖေါက်ကားကြသည်။ ဦးသာခေါင်နေခဲ့သည့်အိမ်ပေါ်တွင် ဝက်များနှင့် လူများ ပါတီပွဲချကာ အရက်သောက်ဖဲရိုက်ကြသည်။ ထိုဖြစ်အင်များကို ကျန်တိရိစ္ဆာန်များက ငေးမော၍ သာ ကြည့်နေကြရတော့သည်။

ပိုင်ရှင်ဟောင်း ဦးသာခေါင်လက်ထက်က ပိုမိုပင်ပန်းချို့တဲ့သလား၊ ဝက်များအုပ်ချုပ်သည့် ဤကာလတွင်မှ ပိုမို ပင်ပန်းချို့တဲ့သလား ဆိုသည်ကို မှတ်ဉာဏ်ကောင်း၊ စာဖတ်တတ်၊ ဉာဏ်ပညာရှိသည့် လား တိရိစ္ဆာန် မဟော် (မူရင်း အင်္ဂလိပ်မူတွင် မြည်း တိရိစ္ဆာန် Benjamin) ကလွဲ၍ မည်သည့် တိရိစ္ဆာန်ကမှ မမှတ်မိကြတော့ချေ။

ဖြတ်သန်းခဲ့သည့်နှစ်ကာလများအတွင်း အခြေခံမူကြီး ခုနစ်ချက်ကိုလည်း တိရိစ္ဆာန်များအိပ်ကြသည့် ညအချိန်ကျမှ ဝက် သံကြောင်က လှေကား နှင့် ဆေးဗူး ယူပြီး၊ ကျီနံရံပေါ်တွင် ဟိုခါ ပြင်ရေးလိုက် သည်ခါ ဖျက်ရေးလိုက်နှင့်ပင် အခြေခံမူအချက် ခုနှစ်ချက်အနက် အချက်နံပါတ်(၇) တစ်ချက်တည်းသာ ကျန်တော့သည်။ တိုတစ်ချက်ကို ပင်လျှင်လည်း ပြန်ပြင် ရေးသားထားကြောင်းတွေ့ရလေသည်။

နွာမအိုကြီး ခွာဖြူ သည် အခြေခံမူကြီး ခုနစ်ချက်အား ရှေ့ဖြစ်ဟောင်းအောက်မေ့ဖွယ် ပြန်ဖတ်ချင်သဖြင့် စာဖတ်တတ်သော လား မဟော်ကို အတူခေါ်သွား၍ ဖတ်ပြခိုင်းရာ မဟော် မှာ စိတ်မချမ်းမြေ့စွာဖြင့် ဖတ်ပြရလေသည်။ ခုနစ်ချက်ထဲမှာ တစ်ချက်တည်းကျန်တော့သည်။ ယခင် မူရင်း အခြေခံမူအချက်နံပါတ်(၇) မှာ “တိရိစ္ဆာန်များအားလုံး တစ်တန်းတစားတည်း ဖြစ်သည် (All animals are equal.)” ဟု ဖြစ်သော်လည်း၊ ယခုကျန်တော့သည့် ထိုအချက်နံပါတ် (၇) တစ်ချက်တည်းကိုပင်လျှင် အောက်ပါအတိုင်း ပြောင်းလဲ ရေးသားထားလေသည်။

“အားလုံးသော တိရိစ္ဆာန်တို့မှာ တန်းတူ ဖြစ်သည်။ သို့ရာတွင် အချို့တိရိစ္ဆာန်တို့မှာ ပို၍တန်းတူ ဖြစ်ပြီးလျှင်၊ အချို့တိရိစ္ဆာန်တို့မှာ လျော့၍ တန်းတူ ဖြစ်သည်။ (All animals are equal but some animals are more equal than others.)”


(၄) နွားနို့ပျောက်သည့်ကိစ္စ နှင့် ခွေးကိုးကောင်

“ခြေလေးချောင်းတော်လှန်ရေး” အမည်ဖြင့် သခင်ဘသောင်းဘာသာပြန်သည့်စာအုပ်တွင် နွားနို့ကိစ္စအား ဗန္ဓုလ က ထိန်းချုပ်ကိုင်တွယ်သွားပုံကို အောက်ပါအတိုင်းရေးသား တင်ပြထားသည်။

“ထိုအခိုက်တွင် နို့ညှစ်နွားမကြီး သုံးကောင်မှာ မအီမသာဖြစ်နေ၍ ပြင်းထန်စွာ အော်လျက်ရှိကြသည်။ ဦးသာခေါင် ရှိစဉ်က မနက်တိုင်း နို့ညှစ်သော်လည်း ဦးသာခေါင်ကို တော်လှန်လိုက်ပြီးနောက် လွတ်လပ်ခြင်းရ၍ ဘယ်သူမှ နို့ညှစ်မည့်သူ မရှိသဖြင့် နို့တွေတောင့်ပြီး နို့အုံကြီးတွေ ကွဲမတတ်ဖြစ်ကာ မချိမဆန့် ဖြစ်နေကြသည်။ ခဏတာမျှတွေ၍ ဖြစ်နေကြပြီးလျှင် ဝက်များက အကြံရ၍ နို့ပုံးများကို ယူစေပြီးနောက် ခွာကြားနှင့် ညှပ်၍ နို့ညှစ်ကြရာ အတော်ကလေး ဟန်သည်။ မကြာမီ ပုံးငါးပုံးနှင့် အပြည့်ရ၍ အားလုံးသော တိရိစ္ဆာန်တို့ သွားရည်တများများ ဖြစ်နေကြသည်။

“ဒီနို့တွေ ဘယ်လိုလုပ်ကြမလဲ။ ဦးသာခေါင်ရှိတုန်းကတော့ တစ်ခါတလေ ဒို့စားတဲ့ အစာထဲထည့်ကျွေးတယ်” ဟု တိရိစ္ဆာန်တစ်ကောင်ကပြောသည်။ ထိုအခါ ဗန္ဓုုလက နို့ပုံးများရှေ့တွင် ရပ်၍ “ရဲဘော်တို့၊ ဒီနို့အတွက်ဟာ ကိစ္စ မရှိပါဘူး။ ငါကြည့်ပြီး စီမံပါ့မယ်။ စပါးရိတ်ဖို့က ပိုအရေးကြီးပါတယ်။ ရဲဘော် ဘော်ဖြူနောက်ကို လိုက်ကြပါ။ ငါ အခုပဲ လိုက်လာခဲ့ပါ့မယ်။ ကိုင်း . . . သွားကြပေတော့။ အရိတ်နောက်သွားကျရင် စပါးတွေ ပျက်ကုန်မယ်” ဟု ဆိုသည်။

အားလုံးသော တိရိစ္ဆာန်တို့လည်း ဗန္ဓုလပြောသည့်အတိုင်း ဘော်ဖြူကို ခေါင်းဆောင်ပြု၍ စပါးရိတ်သွား ကြ သည်။ ညနေ စပါးရိတ်ပြီး ပြန်လာကြသောအခါ နို့ပုံးများကို မတွေ့ကြရတော့။”

အထက်တွင်ဖော်ပြထားသည့်အတိုင်း နေ့စဉ်ထွက်ရှိနေသည့် နွားနို့ကိစ္စကို ကိုင်တွယ်ထိန်းချုပ်လိုက်မှုသည် ဗန္ဓုလ၏ အာဏာရှင်စနစ် တည်ဆောက်မှုတွင် ကနဦးဆုံးအဆင့် ဖြစ်လေသည်။ ထိုနွားနို့တို့ကို ဗန္ဓုလသည် မိမိကိုယ်တိုင် စားသုံးသည့်အပြင် မိမိကိုသစ္စာခံအောင် ခွေးပေါက်ကလေးများအား ကျွေးမွေးပျိုးထောင်ရာ၌ ထိုနွားနို့များကို အသုံးချခဲ့လေသည်။ လများအကြာတွင် ထိုခွေးပေါက်ကလေးကိုးကောင်မှာ ဆူဖြိုးလာလျက် ခွေးကြီးကိုးကောင် ဖြစ်လာသည်။ တိရိစ္ဆာန်ကွင်း၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နေသူဖြစ်သော်လည်း ခေါင်းဆောင်မှုတွင် မိမိနှင့်ပြိုင်ဘက်ပမာဖြစ်နေသူ ဘော်ဖြူအား မောင်းထုတ်ရန်နှင့် အခြားတိရိစ္ဆာန်များအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးထားနိုင်အောင် ဗန္ဓုလက ခွေးကိုးကောင်ကို အသုံးချလျက် ချုပ်ကိုင်နိုင်ခဲ့သည်။

အပေါ်က ပုံပမာထဲက နွားနို့ဆိုသည်ကား အခွင့်အရေးအကျိုးစီးပွားတို့အား အလင်္ကာပြု ဆိုလိုရင်းဖြစ်လေသည်။ ယခုခေတ်တွင် နားလည်လွယ်အောင်ပြောရလျှင် အသင်းအဖွဲ့ပိုင် ဘဏ္ဍာငွေများကို ကိုင်တွယ်စီမံပိုင်ခွင့် လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် လမ်းအဆောက်အအုံစသည့် ပြည်သူ့လုပ်ငန်း ဆောက်လုပ်ခွင့် ကန်ထရိုက်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ငြိမ်းချမ်းရေး ကားပါမစ်များလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ အချို့ခေါင်းဆောင်များသည် ထိုအခွင့်အရေး (incentive) များအား တပည့်ငယ်သားအဖြစ်ခံယူသူများကို ထပ်ဆင့်ချပေးခြင်းအားဖြင့် အိမ်ကြီးထဲတွင် အိမ်ငယ်ဆောက်ကာ မိမိအုပ်စုတည်း ဟူသော အင်အားစုကို တည်ဆောက်တတ်ကြလေသည်။

တစ်ခါတစ်ခါ ပြောတတ်ကြလေသည်။ နွားနို့ တစ်ဗူးနှစ်ဗူး ပျောက်တာ ဘာမှ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ဘူး ဟု ဆိုတတ်ကြလေသည်။ နွားနို့ပျောက်သည့်ကိစ္စမှာ ပမာဏအားဖြင့် သေးငယ်လျှင် အရေးမကြီး ဟု ဆိုကောင်းဆိုလို့ ရနိုင်သည်။ သို့ရာတွင် ထိုနွားနို့များအား အသုံးချလျက် အဖွဲ့အစည်း ပျက်စီးရာပျက်စီးကြောင်းအား (တနည်း၊ အဖွဲ့အစည်းအတွင်း လူပုဂ္ဂိုလ်ဗဟိုပြုအာဏာရှင်စနစ်အား) မည်ကဲ့သို့ ဦးတည် တည်ဆောက်နေသနည်း ဆိုသည့်အချက်က ပိုမို အရေးကြီးလေသည်။ ကိစ္စကို ငယ်နုစဉ်က ကိုင်တွယ်သော် နိုင်နင်းနိုင်သော်လည်း၊ ဘာမှမဟုတ်ပါဘူး ဟုလွှတ်ထားကာ ရောဂါရင့်သောအခါကျမှ ကိုင်တွယ်လျှင် မနိုင်နင်း မတားဆီးနိုင်တော့ပေ။

ခွေးကိုးကောင် မှာ စတာလင်၏ လျှို့ဝှက်ပုလိပ်အဖွဲ့ကို အလင်္ကာပြုထင်ဟပ်ပြလေသည်။ ထို့အပြင် ယဉ်ကျေးမှုတော်လှန်ရေးကာလ မော်စီတုန်း အသုံးချခဲ့သော တပ်နီလူငယ်များကို မြင်ယောင်ကြည့် နိုင်လေသည်။ သို့တည်းမဟုတ် ခေါင်းဆောင်တစ်ဦးတစ်ယောက် ပါတီတစ်သင်းတစ်ဖွဲ့ကို မှားမှားမှန်မှန် ထောက်ခံလျက် တစ်ဖက်သားများကို အပုတ်ချတိုက်ခိုက်တတ်သည့် ခေတ်သစ် လော်ဘီ အချို့သည် ပင်လည်း ဤအမျိုးအစား၏ လက္ခဏာပါရှိနေသည် ဟု ဆိုနိုင်လေသည်။

လက်ဝဲဆန်သည့် ခေါင်းဆောင်အချို့က ၄င်းတို့၏ငယ်သားများအားသင်ကြားတတ်သည့် အယူအဆတစ်ခုမှာ – ပြိုင်ဘက် (သို့မဟုတ်၊ သဘောထားချင်း မတူသူ) များအား ပုတ်ခတ်ခြင်း တိုက်ခိုက်ခြင်း ခြိမ်းခြောက်ခြင်း သည်ပင်လျှင် တော်လှန်ရေးတာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်သည် ဟု သင်ကြားတတ်ကြ လေသည်။


(၅) ပါဂျောင်သတ်ဖြတ်မှု

တော်လှန်ရေးအတွက် သစ္စာရှိရှိ လုပ်ဆောင်နေသူများအား တော်လှန်ရေးကို သစ္စာဖောက်နေသူများက သစ္စာဖောက် ဟု စွပ်စွဲကာ သုတ်သင်ကြသည့် ဖြစ်စဉ်များသည် သမိုင်း၏ ဟိုအကွေ့ သည်အကွေ့များတွင် ရှိတတ်လေသည်။

၁၉၈၈ လူထုအရေးတော်ပုံနောက်ပိုင်း စစ်တပ်အာဏာသိမ်းလိုက်သဖြင့် မိမိထက် အသက် သုံးလေးငါးနှစ် ကြီးသည့် တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာတို့ နယ်စပ်ဒေသများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြရာမှ စုစည်းပေါ်ပေါက်လာသည့် ABSDF ကျောင်းသားတပ်မတော် အတွင်းတွင် ဖြစ်ပွားခဲ့သည့် အဖွဲ့အစည်းအတွင်း ဖြုတ်ထုတ်သတ် ဖြစ်ရပ်ကြီးမှာ ယနေ့ထက်တိုင် သွေးစက်များမခြောက်သေး ဟု ဆိုနိုင်လေသည်။

၁၉၉၂-ခုနှစ်ခန့်တွင် တရုတ်နယ်စပ် ကချင်ဒေသတွင်းတစ်နေရာ ပါဂျောင်ဒေသအခြေစိုက် ABSDF ကျောင်းသားတပ် အဖွဲ့ခွဲအတွင်း အဖွဲ့တွင်းအားပြိုင်ကြရာမှ လူများပြီးအုပ်စီးနိုင်သည့်အဖွဲ့က ကျန်အနည်းစုအား သစ္စာဖောက် ဟု စွပ်စွဲ နှိပ်စက် သတ်ဖြတ်ခဲ့ကြသည်ကို ကနဦးတွင် ဖုံးဖိထားကြရာမှ နောင်တွင် ဟိုးလေးတကြော် ပေါ်ထွက်လာခဲ့သည်။

စုစုပေါင်းမှ ၃၅၀-၄၀၀ ခန့်ရှိသည့် ကျောင်းသားတပ်ဖွဲ့အတွင်း သုံးပုံတစ်ပုံခန့်ဖြစ်သည့် ကျောင်းသားရဲဘော် (၁၀၇) ဦးအား စစ်ထောက်လှမ်းရေးများဖြစ်ကြသည် ဟု စွပ်စွဲကာ လူမဆန်သော နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ခဲ့ကြသည်။ အကျဉ်းချ နှိပ်စက်ခံရသူများထဲမှ (၃၆) ဦးမှာ သတ်ဖြတ်ခြင်းခံရသည်၊ သို့မဟုတ် နှိပ်စက်မှုဒဏ် ကြောင့် သေဆုံးခဲ့ကြရသည်။ ကျောင်းသူ ရဲမေ တစ်ဦးအားနှိပ်စက် သတ်ဖြတ်ခဲ့ကြပုံမှာ စာတင်၍ မရေးချင်လောက်အောင် ရက်စက်ကြမ်းကြုတ်ခဲ့ကြသည်။

အလားတူ နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ အီဆာ အကြီး ကိစ္စ ဖြစ်သည်။ အစ္စရေးနိုင်ငံထူထောင်သည်နှင့် အစ္စရေးစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့၏ ပထမဆုံး အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသည့် အီဆာ အကြီး (Big Isser သို့မဟုတ် Isser Be’eri) မှာ ပြိုင်ဘက်များနှင့် ပုဂ္ဂိုလ်ရေးပြဿနာရှိသူများကို သစ္စာဖောက် သတင်းပေး ဟုစွပ်စွဲကာ လုပ်ကြံခြင်း ကွပ်မျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သူဖြစ်သည်။ အပြစ်မရှိသည့် အစ္စရေးစစ်ဗိုလ် ကပ္ပတိန် Tubiansky အား အာရပ်သတင်းပေး ဟု စွပ်စွဲပြီး တစ်နာရီမျှ အကျဉ်းရုံးစစ်ဆေးကာ (အပြစ်မရှိ ဟု သူကိုယ်တိုင် သိရက်သားနှင့်) သေဒဏ်ချ ပစ်သတ်ကွပ်မျက်ခဲ့သည်။ အာရပ်ဖက်မှသတင်းများကို မိမိတို့ဘက်သို့ပေးနေသူ သတင်းပေး Ali Kassem အား အလုပ်သဘောအရ မည်သည့်မှားယွင်းမှု မည်သည့်ပြစ်ချက်မှမရှိဘဲ လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့သည်။ နောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဝန်ကြီးချုပ် ဘင်ဂူရီယံ၏ မိတ်ဆွေ မာပိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် Abba Hushi ကိုပင် သက်သေများ အခိုင်အမာပြလျက် ဗြိတိသျှ သူလျှို ဟုစွပ်စွဲသည်။ သူကိုယ်တိုင် ခိုင်းစေပြုလုပ်ခိုင်းခဲ့သည့် သံကြိုးစာအတုကို သက်သေအဖြစ် တင်ပြသည်။ စွပ်စွဲခံရသူ၏မိတ်ဆွေတစ်ဦးကို ရက်ပေါင်း ခုနစ်ဆယ်ကျော်မျှ ဖမ်းဆီးနှိပ်စက်ပြီး ထိုခေါင်းဆောင်မှာ ဗြိတိသျှသူလျှို ဖြစ်ကြောင်းထွက်ဆိုစေခဲ့သည်။ စုံစမ်းစစ်ဆေးမှုများလုပ်ပြီးနောက်ပိုင်း တွေရှိချက်များအရ၊ ဆိုဗီယက်ကွန်မြူနစ် ထောက်လှမ်းရေး KGB နည်းလမ်းများဖြစ်သည့် ထောင်ချောက်ဆင်စွပ်စွဲခြင်း၊ အတုပြုလုပ်စွပ်စွဲခြင်း၊ နှိပ်စက်မေးမြန်းခြင်း တို့အားကျင့်သုံးကာ ပုဂ္ဂိုလ်ရေးသြဇာ အား ချဲ့ထွင်တည်ဆောက် သည့် အီဆာ အကြီး အား စစ်ခုံရုံးတင် အပြစ်ပေးခဲ့ရသည်။

အီဆာ အကြီး ကဲ့သို့သော သူများသည် ထိုခေတ် ထိုနေရာများတွင်သာ ရှိသည် မဟုတ်။ နေရာတိုင်းတွင် ရှိတတ်သည်။ မည်သည့်တိုင်းပြည်တွင်မဆို ရှိနေနိုင်သည်။ ထိုသူကဲ့သို့သောသူများအား ကျွန်ုပ်လည်းကြုံခဲ့ဖူးသည်။ တွေ့ကြုံနေရဆဲဖြစ်သည်။ သင်လည်း တွေ့ကြုံရနိုင်သည်။ ဘင်ဂူရီယံ ကဲ့သို့ အမြော်အမြင်ရှိရှိ ဆုံးဖြတ်လုပ်ကိုင်တတ်သူများ၏ ကွပ်ညှပ်ဆောင်ရွက်မှုများဖြင့်သာလျှင့် ထိုသို့သော သူများကို ဆိုရွားခွင့်မရနိုင်အောင် တားဆီးနိုင်မည် ဖြစ်လေသည်။

ထို့အပြင် လက်ရှိ မြို့ပေါ်နိုင်ငံရေးလှုပ်ရှားသူများကိုယ်တိုင်ခံစားခဲ့ရဖူးသော နိုင်ငံရေးလုပ်ကြံမှုအချို့ကို ချင့်တွက်ကြည့်ပါလည်း၊ သေနတ်ကိုင်ထားပြီး ကျည်ဆံ အလွဲသုံးစားလုပ်တတ်သူများကြားမှာသာဆိုလျှင် အသတ်ခံရပြီး ဖြစ်နေလိမ့်မည် ဟုပင် တစ်ခါတစ်ခါ တွေးမိနိုင်လေသည်။


(၆) ဘင်ဂျမင်၏ အခန်းကဏ္ဍ

ဂျော့ချ်အော်ဝဲလ် ၏ ခြေလေးချောင်းတော်လှန်ရေး ဝတ္တုအား အထက်တန်း၊ တက္ကသိုလ် အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားကြသည်။

အင်္ဂလိပ်စာပေအား အမေရိကန်အထက်တန်းကျောင်းများအချို့တွင် သင်ကြားပေးရစဉ်က Animal Farm အား ပြဌာန်းစာအုပ်အနေဖြင့် နှစ်စဉ်သင်ကြားပေးရသူ အင်္ဂလိပ်စာဆရာမ ပေါ်လင်းဟော့ကင်းစ် (Pauline Hawkins) က “ခြေလေးချောင်းတော်လှန်ရေး အားဖြင့် ရရှိလာသော လွတ်လပ်ခွင့်များ ရပိုင်ခွင့်များ ပျက်စီးဆုံးရှုံးသွားခဲ့ရခြင်းအတွက် တာဝန်ရှိသည့် ဇာတ်ကောင်တစ်ကောင် အကြောင်းကို ရေးသားပါ” ဆိုသည့် မေးခွန်းကို မေးမြန်းလျက် ကျောင်းသားများအား ယူဆချက်ရေးသားခိုင်းလေ့ရှိသည်။ ဆရာမလက်ခံရရှိသော အဖြေများအနက် ဆရာမ အလေးအနက်ထားမိသော (၁၄ နှစ်သား ကျောင်းသားတစ်ဦး ဖြေဆိုသည့်) အဖြေတစ်ခု ဤသို့ဆိုသည်။

ဇာတ်လမ်းအစပိုင်းမှ အဆုံးအထိ – တော်လှန်ရေးအစပြုသည်မှစ၍ ဗန္ဓုလ (Nepoleon) အမည်ရ ဝက်ခေါင်းဆောင် က အာဏာရှင်ဖြစ်လာသည်အထိ – အချင်းအရာများကို ကောင်းစွာသိရှိ မှတ်မိသည့် “မဟော်” (Benjamin) အမည်ရ လား ဇာတ်ကောင် မှာ တာဝန်အများကြီး ရှိသည် ဟူသတတ်။ အခြေအနေများမှာ မကောင်းသောဘက်သို့ လမ်းကြောင်း တိမ်းစောင်းသွားနေသည်ကို ကောင်းစွာ သိပါလျက် စ-လယ်-ဆုံး ဘာကိုမှ မှတ်ချက်ပြု ဝင်မပြောခဲ့သူ မဆန့်ကျင်ရဲခဲ့သူ မြည်း မဟော်မှာ တာဝန်အများကြီး ရှိပါသည် ဟူသတတ်။

တိရိစ္ဆာန်တို့ အဖွဲ့အစည်း၏ လက်ရှိနှင့် ရေရှည်ကောင်းကျိုးအတွက် မဟော် က ထောက်ပြပြောဆိုမှု တစ်ခုခု လုပ်လျှင် တန်ပြန်ခံစားရမည့် အမှောင်ဂိုဏ်းသားများ၏ တိုက်ခိုက်မှုကို မဟော် မှာ ခံနိုင်ရည် ရှိဟန်မတူချေ။ သူကား သိသူ ဖြစ်လေသည်။ ပြောသူလည်း မဟုတ်၊ လုပ်ဆေင်သူလည်း မဟုတ်ချေ။ အနက်ရောင်ဂိုဏ်းသားများ အားမကောင်းသေးခင်ကာလကပင် သူ့အနေနှင့် ထောက်ပြထိန်းညှိမှုများပြုလုပ်နိုင်ခဲ့လျှင် အချိန်မီကောင်းမီခဲ့ပါလိမ့်မည်။ ဇာတ်လမ်းတစ်ပုဒ်လုံးတွင် သူ၏တစ်ခုတည်းသော အရေးယူ တုံ့ပြန်လှုပ်ရှားမှုမှာ ဇာတ်လမ်းဆုံးခါနီးကျမှ သူ၏ အချစ်ခင်ရဆုံး မိတ်ဆွေ နွားကြီး ဂျိုကား အား သားသတ်ရုံကားပေါ်မှ ခုန်ချရန်အတွက် ကားနောက်မှလိုက်ပြေး အော်ပြောခဲ့မှု ဖြစ်သည်။ သို့ရာတွင် သူ့မိတ်ဆွေ၏အသက်ကိုကား မကယ်တင်နိုင် ခဲ့တော့ချေ။

တိုင်းပြည်၏ကုန်ထုတ်လုပ်ရေးတာဝန်ကို ထမ်းဆောင်သည့် အလုပ်သမားလူတန်းစားကို ကိုယ်စားပြုသည့် နွားကြီး ဂျိုကား နှုတ်က မချသည့် ဆောင်ပုဒ်နှစ်ခု ဖြစ်သည့် “ငါ ပိုပြီး ကြိုးစား အလုပ်လုပ်မယ်” နှင့် “ဗန္ဓုလ အမြဲမှန်သည်” တို့မှာ အုပ်ချုပ်ခံ တိရိစ္ဆာန်အပေါင်းတို့၏ အသိဉာဏ် နုန့်နဲ့မှုကို ညွှန်းဆိုပြလေသည်။ နွားကြီး ဂျိုကားနှင့်တကွသော အုပ်ချုပ်ခံ တိရိစ္ဆာန်အပေါင်းတို့အား လမ်းညွှန်ပြရန်မှာ ဇာတ်လမ်းထဲရှိ တစ်ကောင်တည်းသော အသိဉာဏ်ရှိ အုပ်ချုပ်ခံဖြစ်သည့် လား မဟော် တွင် တာဝန်ရှိသည် ဟု ယူဆနိုင်လေသည်။ မဟော်က လမ်းမှန်ရာကို ဖြစ်သင့်ဖြစ်ထိုက်ရာကို ပြောပြဖို့ကြိုးစားတိုင်း အမှောင်ဂိုဏ်းသားများ၏ ငြိုငြင်ခြင်းခံရမည်ကို စိုးရိမ်မိပေလိမ့်မည်။ အသက်အန္တရယ် ခြိမ်းခြောက်ခြင်းကိုသော်လည်းကောင်း သတ်ဖြတ်ခံရခြင်းကို သော်လည်းကောင်း ခံကောင်းခံရမည်ကို စိုးရိမ်ခဲ့ပေလိမ့်မည်။

သို့ရာတွင် ပြဿနာကား – မှားခြင်း နှင့် မှန်ခြင်း ဟုတ်/မဟုတ်အား သတင်းအချက်အလက် အသေအချာ စေ့စေ့ငုငုမသိရဘဲ လူအများစုတို့က ဆုံးဖြတ်နိုင်ကြသည် မဟုတ်။ အမှားကိုကျူးလွန်ထားသူ အမှောင်ဂိုဏ်းသားများမူကား အဖြစ်အပျက်များကို ဖုံးကွယ်နိုင်ရန် ကြိုးစားတတ်သည်။ သို့ရာတွင် လူအများစုတို့အနေဖြင့် သိသင့်သိထိုက်သည်ကို သိနိုင်ကြမှသာလျှင် အမှားပြင်ကာလမ်းမှန်ကို လျှောက်လမ်းနိုင်ကြပေလိမ့်မည်။ နှုတ်ဆိတ်နေသော လူများစု (silent majority) ဟူသည် ရှိ၏။ ထိုသူတို့သည် ပါးစပ်အားဖြင့် တုံ့ပြန်ပြောဆိုမှုကိုမပြုတတ်ကြ။ သို့ရာတွင် တရားမှု/မတရားမှု ဟုတ်မဟုတ်ဆိုသည်ကို ကောင်းစွာခွဲခြားနိုင်လောက်သည့် အချက်အလက်များအား ရရှိပါက မတရားသည့်ဘက်က မရပ်တည်လိုကြပေ။ မတရားသည်ကို မတရား ဟု နှုတ်ဆိတ်နေသော လူများစု သိရှိသွားခြင်းသည် ပင်လျှင် အမှောင်ကွယ်၍ အလင်းကြီးစိုးဖို့ရာ ပထမအဆင့် ဖြစ်လေသည်။

ဆိုဗီယက်နိုင်ငံတည်ထောင်သူ ဖခင်ကြီး လီနင် မသေဆုံးမီ လေဖြတ်ပြီး ကောင်းစွာ မဦးစီးနိုင်တော့သည့် ကာလများတွင် ဇနီးအကူအညီဖြင့် ရေးသားခဲ့သည့် လီနင်၏ သုံးသပ်ထွက်ဆိုချက် (Lenin’s Statement) တစ်နည်းအားဖြင့် လီနင်၏ သေတမ်းစာကို လီနင်၏ ဆန္ဒအရဆိုလျှင် ပါတီကွန်ကရက် တက်ရောက်လာသူအားလုံးအား ဖတ်ရှုနိုင်ရန် ပုံနှိပ်ဖြန့်ဝေရမည်ဖြစ်လေသည်။ ထို လီနင်၏သေတမ်းစာ ရေးသားထားချက်များထဲတွင် – စတာလင်မှာ ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း လက်ရှိရာထူးဖြစ်သည့် ပါတီ၏အထွေထွေအတွင်းရေးမှူး ရာထူးနေရာမှ ဖယ်ရှားပစ်သင့်ကြောင်း အစရှိသည့် မှတ်ချက်များပါရှိသည်။ ထိုအချက်များကိုသာ ပါတီကွန်ကရက်ကိုယ်စားလှယ်များကသာ ဖတ်ရှုရပါက စတာလင်အနေဖြင့် လီနင်ကို ဆက်ခံပြီး ဆိုဗီယက်ယူနီယံကိုအုပ်ချုပ်သူ ဖြစ်လာနိုင်စရာအကြောင်း လုံးဝမရှိပေ။ သို့ရာတွင် ထိုသေတမ်းစာကို ထိပ်ပိုင်းခေါင်းဆောင်များကသာလျှင် အကန့်အသတ်ဖြင့် သိရှိပြီး ကျန်သူများကောင်းစွာ မသိနိုင်အောင် အခြေအနေကို စတာလင်က ထိန်းချုပ်နိုင်ခဲ့သည်။ သို့ဖြင့် နောင်တွင် အားလုံးသိကြသည့်အတိုင်း စတာလင်မှာ ဆိုဗီယက်ယူနီယံ၏ အာဏာရှင် ဖြစ်လာခဲ့သည်။

ဟိုးယခင်လက်ဝဲသမားတို့အခေါ်အဝေါ်အတိုင်းဆိုလျှင် “ဝေဖန်ရေး နှင့် မိမိကိုယ်ကို ဝေဖန်ရေး” (တစ်နည်းအားဖြင့် ပြန်လှန်သုံးသပ်မှု review) အား အဖွဲ့အစည်းအကျိုးအလို့ငှာ ပြုသင့်ပြုထိုက်ပေသည်။ အနာအိုင်း ဖြစ်နေသည်ကို အနာအိုင်း ဖြစ်နေသည် ဟု အသိပေးနိုင်မှသာ အချိန်မီ ဆေးကုနိုင်ပေမည်။ သို့မှသာ ကျန်းမာသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ပေမည်။

ယခုဆွေးနွေးနေကြသည့် သင်ခန်းစာများကိုယခုမှ ရသည်မဟုတ်။ ခေတ်အဆက်ဆက် တွေ့ကြုံခဲ့ရသည်ကို သုံးသပ်ကောက်နှုတ်ပြီးသကာလ ဤလက္ခဏာများ ပြနေလျှင် ဤရောဂါများဖြစ်တတ်ကြောင်း ရှေးလူများက အတွေ့အကြုံဖြင့် ရင်းကာ သင်ခန်းစာထုတ်နှုတ်ပြခဲ့ပြီးကြလေပြီ။ မိမိတို့က ထုတ်နှုတ်ယူကာ အသုံးချတတ်ရန် သာဖြစ်လေသည်။

ကျွန်တော့်အမြင်အရဆိုလျှင် တော်လှန်ရေးလမ်းမချော်သွားဖို့ ထိန်းကျောင်းသွားရန်မှာ လား မဟော် (Benjamin) တစ်ကောင်တည်း၏ တာဝန်မဟုတ်၊ တော်လှန်ရေးတွင်ပါဝင်ကြသူ အားလုံး၏ တာဝန်ပင် ဖြစ်လသည်။

ကျော်ဇောဦး
၂၃ ဧပြီလ ၂၀၁၇-ခုနှစ်
၁၃ း ၄၀ နာရီ

Leave a comment