ပင်လုံစာချုပ်ရဲ့အနှစ်သာရကို မမေ့ကြဖို့လိုတယ်

[ Zawgyi version here ] [ Unicode version below ]

ပင္လံုစာခ်ဳပ္ရဲ႕အႏွစ္သာရကို မေမ့ၾကဖို႔လိုတယ္

Written by – ေက်ာ္ေဇာဦး

၁။ ပင္လံုစာခ်ဳပ္ရဲ႕အႏွစ္သာရကို ဘယ္အေျခအေနေရာက္ေရာက္ မေမ့ၾကဖို႔လိုပါတယ္။ ပင္လံုစာခ်ဳပ္ရဲ႕ အႏွစ္သာရက ဘာလဲဆိုရင္ သက္ဆိုင္ရာအမ်ိဳးသားျပည္နယ္ေတြရဲ႕ ကိုယ္ပိုင္္အုပ္ခ်ဳပ္ပိုင္ခြင့္ ကို ဗဟိုအစိုးရရဲ႕ အုပ္ခ်ဳပ္ေရးအာဏာက လာေရာက္ထိပါးျခင္း မရွိေစရဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ ဒီအႏွစ္သာရကို စကားလံုးအားျဖင့္ ေျပာရရင္ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္၊ ကိုယ့္ကံၾကမၼာကို ကိုယ္ ဖန္တီးခြင့္ျဖစ္ပါတယ္။

၂။ (၂၄-၀၅-၂၀၁၇) ဒီကေန႔ ၂၁ ရာစုပင္လံု (ေခၚ) ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ရဲ႕ ဒုတိယအႀကိမ္ အစည္းအေ၀း ပထမေန႔ကို က်င္းပရာမွာ ျမန္မာ့တပ္မေတာ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေကအန္ယူ အႀကီးအကဲ အဘ မူတူးေစးေဖာ တို႔ရဲ႕ မိန္႔ခြန္းေတြကို ဒီေန႔မနက္ မိမိ ေနအိမ္ကေန အေ၀းေရာက္ ၾကားျမင္ ဖတ္ရႈရပါတယ္။

၃။ ဒီအထဲမွာ ႏွစ္ခ်က္ သတိထားမိပါတယ္။ ပထမတစ္ခ်က္က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ရဲ႕ အေျပာပါ။ “ၿပီးခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံမွာ တင္သြင္းခဲ့တဲ့ စာတမ္း ၇၂ ေစာင္ကို ေလ့လာတဲ့အခါမွာ အခ်ိဳ႕တိုင္းရင္းသားအဖြဲ႕မ်ားရဲ႕ ေဆြးေႏြးခ်က္၊ လုပ္ေဆာင္ခ်က္နဲ႔ အေျခခံအယူအဆေတြဟာ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ဆိုတဲ့ ဖက္ဒရယ္ကို ေက်ာ္လြန္ၿပီး အလြန္အကၽြံေတာင္းဆိုမႈေတြ ျဖစ္ေနတာကိုလည္း သတိထားမိခဲ့တယ္” လို႔ သူက ေျပာပါတယ္။ ဒါဟာ “တိုင္းရင္းသားျပည္သူေတြရဲ႕ ဆႏၵနဲ႔ အက်ိဳးစီးပြားကို ဆန္႔က်င္ေနျခင္း” ျဖစ္ၿပီးေတာ့ “ဆန္႔က်င္ဖ်က္ဆီ္းေနတဲ့ လုပ္ရပ္ေတြနဲ႔ အဖြဲ႕အစည္းေတြအေပၚ မိမိတို႔ရဲ႕ တာ၀န္နဲ႔အညီ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္” လို႔ ၿခိမ္းေျခာက္တဲ့ သေဘာဆန္တဲ့ စကားလံုးေတြကို တစ္ဆက္တည္း ေျပာသြားပါတယ္။

၄။ ေနာက္တစ္ခု သတိထားမိတာက ၿငိမ္းခ်မ္းေရးဗိသုကာ အခန္းက႑မွာ ပါ၀င္ေဆာင္ရြက္ေနတယ္ လို႔ ဆိုၾကတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အေျပာပါ။ “ေပၚပင္အမ်ားႀကိဳက္မယ့္ နည္းေတြရွာၿပီးဖိအားေပးတာမ်ိဳး၊ နိုင္ငံေရးအရ အက်ပ္ကိုင္တာမ်ိဳး ကၽြန္မတို႔ လုပ္မွာ မဟုတ္ပါဘူး။ အားလံုးနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးညႇိႏိႈင္းၿပီး အားလံုးလက္ခံႏိုင္တဲ့ သေဘာတူညီခ်က္ေတြရရွိေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္” လိုိ႔ ေျပာသြားပါတယ္။ “အားလံုးလက္ခံႏိုင္တဲ့” လို႔ ဆိုရာမွာ ျမန္မာတပ္မေတာ္က လက္ခံႏိုင္ဖို႔ရာက လက္ေတြ႕ အေျခအေနအရ အေရးအႀကီးဆံုးဆံုးလို႔ အဓိပၸါယ္ဖြင့္ၾကတဲ့သူေတြ ရွိလာပါလိမ့္မယ္။ ေပၚပင္အမ်ားႀကိဳက္ မလုပ္ဘူးဆိုတဲ့ စကားအပါအ၀င္ ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ စကားလံုးေတြရဲ႕ေနာက္ကြယ္မွာ တကယ့္အဓိပၸါယ္ေတြကို လိုက္ရွာအနက္ဖြင့္ၾကဖို႔ မျဖစ္မေနလိုအပ္ပါတယ္။

၅။ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တရုတ္ရဲ႕ပါ၀င္ပတ္သက္မႈ အခန္းက႑၊ ဘယ္သူေတြက ဘာေၾကာင့္တက္၊ ဘယ္သူေတြက ဘာေၾကာင့္မတက္၊ ဒီမိုကေရစီဖက္ဒရယ္လား ဖက္ဒရယ္ဒီမိုကေရစီလား၊ အဖြဲ႕အလိုက္ အေျခအေနအလိုက္ ေဆာင္ရြက္ၾကတဲ့ အတိုးအဆုတ္ေတြ . . . စတဲ့ အခ်က္ေတြအပါအ၀င္ အျခားအေသးစိတ္အခ်က္အလက္ေတြကို ထည့္သြင္းေဆြးေႏြးႏိုင္မွ ဒီျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ျဖစ္စဥ္ႀကီးရဲ႕ တကယ့္အျဖစ္သနစ္ကို ျမင္သာႏိုင္မွာ ျဖစ္ေပမယ့္၊ ဒီ ေဆာင္းပါးငယ္မွာ ဒါေတြကို မေဆြးေႏြးေတာ့ဘဲ၊ အေရးအႀကီးဆံုး အႏွစ္သာရတစ္ခ်က္ကိုသာ မေမ့မေလ်ာ့ အၿမဲ ဆုပ္ကိုင္ရပ္တည္ၾကဖို႔ကို အစုအဖြဲ႕အသီးသီးက မိမိတို႔ ရခုိင္ရဲေဘာ္မ်ားအပါအ၀င္ အျခားေသာတိုင္းရင္းသားရဲေဘာ္ အားလံုးကို ကၽြန္ေတာ္ ႏိႈးေဆာ္တိုက္တြန္းလိုပါတယ္။

၆။ ၁၉၄၇-ခုႏွစ္ ေဖေဖာ္၀ါရီလ အတြင္း သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကတဲ့ ပင္လံုသေဘာတူညီခ်က္မွာ နိဒါန္း အပုိဒ္ တစ္ပုိဒ္ နဲ႔ အျခားအခ်က္ ကိုးခ်က္ပါပါတယ္။ အဓိကအေရးႀကီးတာက နိဒါန္းစာပုိဒ္ နဲ႔ အခ်က္နံပါတ္ (၅) ျဖစ္ပါတယ္။ အခ်က္နံပါတ္ (၅) က ဒီလိုဆိုပါတယ္။

၇။ “(V) Though the Governor’s Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of these Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.”

၈။ အဲသည္အခ်က္ကို ဗမာလို အၾကမ္းဖ်င္းဘာသာျပန္ၾကည့္ရင္ ဒီလို သေဘာေပါက္ႏိုင္ပါတယ္။ “ဘုရင္ခံရဲ႕ အမႈေဆာင္ေကာင္စီ ကို အထက္ပါ သေဘာတူညီခ်က္ေတြအတိုင္း အားျဖည့္ဖြဲ႕စည္းမွာ ျဖစ္ေပမယ့္၊ ဘုရင္ခံရဲ႕ အမႈေဆာင္ေကာင္စီ (တနည္း ဗဟိုအစိုးရ)ဟာ နယ္ျခားေဒသမ်ား (တနည္း တိုင္းရင္းသားျပည္နယ္မ်ား) နဲ႔ပတ္သက္ေဆာင္ရြက္တဲ့အခါမွာ ဒီနယ္ျခားေဒသမ်ား လက္ရွိ ရရွိခံစားေနၾကရတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို မည္သည့္နည္းလမ္းႏွင့္မဆို စိုးစဥ္းငယ္မွေတာင္ ထိပါးကာ (ဗဟိုအစိုးရက) အုပ္ခ်ဳပ္ေစျခင္းမရွိေစရ။ ဒီနယ္ျခားေဒသေတြရဲ႕ ျပည္နယ္တြင္းအုပ္ခ်ဳပ္ေဆာင္ရြက္ျခင္းႏွင့္ပတ္သက္၍ အျပည္အ၀ေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္ကို မူအားျဖင့္ လက္ခံသေဘာတူၾကသည္။”

၉။ ျပည္နယ္ေတြရဲ႕ ရပိုင္ခြင့္ကို ဗဟိုအစိုးရက လံုး၀ထိပါးျခင္းမရွိေစရ ဆိုတဲ့ အႏွစ္သာရအားျဖင့္ ပင္လံု ပဋိညာဥ္ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးစီးေသာ ဗမာေခါင္းေဆာင္မ်ားနဲ႔ ကခ်င္၊ ရွမ္း၊ ခ်င္း ကိုယ္စားလွယ္ေတြ လက္မွတ္ေရးထိုး သေဘာတူခဲ့ၾကတာျဖစ္ပါတယ္။

၁၀။ ျပည္နယ္ေတြရဲ႕ ရပိုင္ခြင့္ကို ဗဟိုအစိုးရက လံုး၀ထိပါးျခင္းမရွိေစရ ဆိုတဲ့ အႏွစ္သာရကို ေကာင္းစြာ နားလည္ရင္ ကၽြန္ေတာ္တို႔ တည္ေဆာက္အပ္ေသာဖက္ဒရယ္ျပည္ေထာင္စုဟာ ဘယ္လိုမ်ိဳးဆိုတာကို ေကာင္းစြာ နားလည္ႏိုင္ပါတယ္။ ဗဟိုအစိုးရက မပို႔မစို႔ ခြင့္ျပဳထားတဲ့ ထမင္းတစ္ဆုပ္ေရတစ္မႈတ္ ဆိုင္ရာ လုပ္ပိုင္ခြင့္ကေလးေတြ ေပးထားတဲ့ ေဘာင္အတြင္းက ျပည္နယ္ေတြဟာ ကိုယ္ဘာသာကိုယ္ ျပည္နယ္ ဖြဲ႕စည္းပံု ေရးဆြဲႏိုင္ၾကပါၿပီလို႔ လုပ္ပိုင္ခြင့္ေပးတာမ်ိဳးဟာ ကၽြန္ေတာ္တို႔အေမြဆက္ခံထားတဲ့ မူလ ပင္လံုသေဘာတူညီခ်က္နဲ႔ ေျပာင္းျပန္သေဘာ ျဖစ္ေနပါတယ္။ မူလသေဘာတူညီခ်က္အရဆိုရင္ ၾကြင္းက်န္အာဏာေတြ အားလံုးဟာ ျပည္နယ္ေတြမွာ ရွိရမွာ ျဖစ္ၿပီးေတာ့၊ ဗဟိုအစိုးရဟာ ျပည္နယ္ေတြက ခြဲေ၀ေပးတဲ့ အာဏာေတြကို ရရွိရမွာ ျဖစ္ပါတယ္။

၁၁။ ပင္လံုစာခ်ဳပ္ရဲ႕အႏွစ္သာရကို ဘယ္အေျခအေနေရာက္ေရာက္ မေမ့ၾကဖို႔လိုပါတယ္။ ရပိုင္ခြင့္ေတြအတြက္ တိုက္ပြဲ၀င္ၾကရာမွာ ကြဲျပားတဲ့ အေျခအေနအမ်ိဳးမ်ိဳး မတူညီၾကတဲ့ ျဖစ္စဥ္အဆင့္အသီးသီးကို ျဖတ္သန္းေနၾကရေပမယ့္ ပင္လံုစာခ်ဳပ္ရဲ႕ ပင္မအႏွစ္သာရကို မေမ့ေလ်ာၾကဖို႔နဲ႔ မ်က္ေျခမျပတ္ၾကဖို႔ လိုပါတယ္။

၁၂။ ျပည္ေထာင္စုသား ညီအစ္ကိုေမာင္ႏွမမ်ားအားလံုး က်န္းမာရႊင္လန္းၾကပါေစ။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)

၂၀၁၇ ေမလ(၂၄) ရက္
၁၅ း ၀၄ နာရီ

[ Unicode version here ]

ပင်လုံစာချုပ်ရဲ့အနှစ်သာရကို မမေ့ကြဖို့လိုတယ်

Written by – ကျော်ဇောဦး | ၂၀၁၇ မေလ(၂၄) ရက်

၁။ ပင်လုံစာချုပ်ရဲ့အနှစ်သာရကို ဘယ်အခြေအနေရောက်ရောက် မမေ့ကြဖို့လိုပါတယ်။ ပင်လုံစာချုပ်ရဲ့ အနှစ်သာရက ဘာလဲဆိုရင် သက်ဆိုင်ရာအမျိုးသားပြည်နယ်တွေရဲ့ ကိုယ်ပိုင််အုပ်ချုပ်ပိုင်ခွင့် ကို ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေးအာဏာက လာရောက်ထိပါးခြင်း မရှိစေရဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအနှစ်သာရကို စကားလုံးအားဖြင့် ပြောရရင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီးခွင့်ဖြစ်ပါတယ်။

၂။ (၂၄-၀၅-၂၀၁၇) ဒီကနေ့ ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ရဲ့ ဒုတိယအကြိမ် အစည်းအဝေး ပထမနေ့ကို ကျင်းပရာမှာ မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကေအန်ယူ အကြီးအကဲ အဘ မူတူးစေးဖော တို့ရဲ့ မိန့်ခွန်းတွေကို ဒီနေ့မနက် မိမိ နေအိမ်ကနေ အဝေးရောက် ကြားမြင် ဖတ်ရှုရပါတယ်။

၃။ ဒီအထဲမှာ နှစ်ချက် သတိထားမိပါတယ်။ ပထမတစ်ချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အပြောပါ။ “ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်း ၇၂ စောင်ကို လေ့လာတဲ့အခါမှာ အချို့တိုင်းရင်းသားအဖွဲ့များရဲ့ ဆွေးနွေးချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံအယူအဆတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိထားမိခဲ့တယ်” လို့ သူက ပြောပါတယ်။ ဒါဟာ “တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်း” ဖြစ်ပြီးတော့ “ဆန့်ကျင်ဖျက်ဆီ်းနေတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် မိမိတို့ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ခြိမ်းခြောက်တဲ့ သဘောဆန်တဲ့ စကားလုံးတွေကို တစ်ဆက်တည်း ပြောသွားပါတယ်။

၄။ နောက်တစ်ခု သတိထားမိတာက ငြိမ်းချမ်းရေးဗိသုကာ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတယ် လို့ ဆိုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောပါ။ “ပေါ်ပင်အများကြိုက်မယ့် နည်းတွေရှာပြီးဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျွန်မတို့ လုပ်မှာ မဟုတ်ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်” လိို့ ပြောသွားပါတယ်။ “အားလုံးလက်ခံနိုင်တဲ့” လို့ ဆိုရာမှာ မြန်မာတပ်မတော်က လက်ခံနိုင်ဖို့ရာက လက်တွေ့ အခြေအနေအရ အရေးအကြီးဆုံးဆုံးလို့ အဓိပ္ပါယ်ဖွင့်ကြတဲ့သူတွေ ရှိလာပါလိမ့်မယ်။ ပေါ်ပင်အများကြိုက် မလုပ်ဘူးဆိုတဲ့ စကားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားလုံးတွေရဲ့နောက်ကွယ်မှာ တကယ့်အဓိပ္ပါယ်တွေကို လိုက်ရှာအနက်ဖွင့်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။

၅။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ၊ ဘယ်သူတွေက ဘာကြောင့်တက်၊ ဘယ်သူတွေက ဘာကြောင့်မတက်၊ ဒီမိုကရေစီဖက်ဒရယ်လား ဖက်ဒရယ်ဒီမိုကရေစီလား၊ အဖွဲ့အလိုက် အခြေအနေအလိုက် ဆောင်ရွက်ကြတဲ့ အတိုးအဆုတ်တွေ . . . စတဲ့ အချက်တွေအပါအဝင် အခြားအသေးစိတ်အချက်အလက်တွေကို ထည့်သွင်းဆွေးနွေးနိုင်မှ ဒီပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်ကြီးရဲ့ တကယ့်အဖြစ်သနစ်ကို မြင်သာနိုင်မှာ ဖြစ်ပေမယ့်၊ ဒီ ဆောင်းပါးငယ်မှာ ဒါတွေကို မဆွေးနွေးတော့ဘဲ၊ အရေးအကြီးဆုံး အနှစ်သာရတစ်ချက်ကိုသာ မမေ့မလျော့ အမြဲ ဆုပ်ကိုင်ရပ်တည်ကြဖို့ကို အစုအဖွဲ့အသီးသီးက မိမိတို့ ရခိုင်ရဲဘော်များအပါအဝင် အခြားသောတိုင်းရင်းသားရဲဘော် အားလုံးကို ကျွန်တော် နှိုးဆော်တိုက်တွန်းလိုပါတယ်။

၆။ ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ အတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံသဘောတူညီချက်မှာ နိဒါန်း အပိုဒ် တစ်ပိုဒ် နဲ့ အခြားအချက် ကိုးချက်ပါပါတယ်။ အဓိကအရေးကြီးတာက နိဒါန်းစာပိုဒ် နဲ့ အချက်နံပါတ် (၅) ဖြစ်ပါတယ်။ အချက်နံပါတ် (၅) က ဒီလိုဆိုပါတယ်။

၇။ “(V) Though the Governor’s Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of these Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.”

၈။ အဲသည်အချက်ကို ဗမာလို အကြမ်းဖျင်းဘာသာပြန်ကြည့်ရင် ဒီလို သဘောပေါက်နိုင်ပါတယ်။ “ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီ ကို အထက်ပါ သဘောတူညီချက်တွေအတိုင်း အားဖြည့်ဖွဲ့စည်းမှာ ဖြစ်ပေမယ့်၊ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီ (တနည်း ဗဟိုအစိုးရ)ဟာ နယ်ခြားဒေသများ (တနည်း တိုင်းရင်းသားပြည်နယ်များ) နဲ့ပတ်သက်ဆောင်ရွက်တဲ့အခါမှာ ဒီနယ်ခြားဒေသများ လက်ရှိ ရရှိခံစားနေကြရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မည်သည့်နည်းလမ်းနှင့်မဆို စိုးစဉ်းငယ်မှတောင် ထိပါးကာ (ဗဟိုအစိုးရက) အုပ်ချုပ်စေခြင်းမရှိစေရ။ ဒီနယ်ခြားဒေသတွေရဲ့ ပြည်နယ်တွင်းအုပ်ချုပ်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အပြည်အဝသော ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို မူအားဖြင့် လက်ခံသဘောတူကြသည်။”
၉။ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်ကို ဗဟိုအစိုးရက လုံးဝထိပါးခြင်းမရှိစေရ ဆိုတဲ့ အနှစ်သာရအားဖြင့် ပင်လုံ ပဋိညာဉ်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဗမာခေါင်းဆောင်များနဲ့ ကချင်၊ ရှမ်း၊ ချင်း ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုး သဘောတူခဲ့ကြတာဖြစ်ပါတယ်။
၁၀။ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်ကို ဗဟိုအစိုးရက လုံးဝထိပါးခြင်းမရှိစေရ ဆိုတဲ့ အနှစ်သာရကို ကောင်းစွာ နားလည်ရင် ကျွန်တော်တို့ တည်ဆောက်အပ်သောဖက်ဒရယ်ပြည်ထောင်စုဟာ ဘယ်လိုမျိုးဆိုတာကို ကောင်းစွာ နားလည်နိုင်ပါတယ်။ ဗဟိုအစိုးရက မပို့မစို့ ခွင့်ပြုထားတဲ့ ထမင်းတစ်ဆုပ်ရေတစ်မှုတ် ဆိုင်ရာ လုပ်ပိုင်ခွင့်ကလေးတွေ ပေးထားတဲ့ ဘောင်အတွင်းက ပြည်နယ်တွေဟာ ကိုယ်ဘာသာကိုယ် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲနိုင်ကြပါပြီလို့ လုပ်ပိုင်ခွင့်ပေးတာမျိုးဟာ ကျွန်တော်တို့အမွေဆက်ခံထားတဲ့ မူလ ပင်လုံသဘောတူညီချက်နဲ့ ပြောင်းပြန်သဘော ဖြစ်နေပါတယ်။ မူလသဘောတူညီချက်အရဆိုရင် ကြွင်းကျန်အာဏာတွေ အားလုံးဟာ ပြည်နယ်တွေမှာ ရှိရမှာ ဖြစ်ပြီးတော့၊ ဗဟိုအစိုးရဟာ ပြည်နယ်တွေက ခွဲဝေပေးတဲ့ အာဏာတွေကို ရရှိရမှာ ဖြစ်ပါတယ်။

၁၁။ ပင်လုံစာချုပ်ရဲ့အနှစ်သာရကို ဘယ်အခြေအနေရောက်ရောက် မမေ့ကြဖို့လိုပါတယ်။ ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်ကြရာမှာ ကွဲပြားတဲ့ အခြေအနေအမျိုးမျိုး မတူညီကြတဲ့ ဖြစ်စဉ်အဆင့်အသီးသီးကို ဖြတ်သန်းနေကြရပေမယ့် ပင်လုံစာချုပ်ရဲ့ ပင်မအနှစ်သာရကို မမေ့လျောကြဖို့နဲ့ မျက်ခြေမပြတ်ကြဖို့ လိုပါတယ်။

၁၂။ ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)

၂၀၁၇ မေလ(၂၄) ရက်
၁၅ း ၀၄ နာရီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s