Video | Dr Aye Maung’s Rathedaung Speech delivered on 15 January 2018

ေဒါက္တာေအးေမာင္ ရေသ့ေတာင္ၿမိဳ႕ ေတာင္ရင္းတန္းရပ္ကြက္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ (၁၅-၀၁-၂၀၁၈) ရက္ေန႔က ေဟာေျပာခဲ့တဲ့ေဟာေျပာခ်က္ကို အသံဖိုင္နဲ႔ (လံုးေကာက္) ျမန္မာဘာသာျပန္ စာတန္းထိုးထားတာကို ဗီဒီယိုဖိုင္ျပဳလုပ္ၿပီး ပူးတြဲေပးထားပါတယ္။ အဲသည္ ေဟာေျပာခ်က္ ျမန္မာဘာသာျပန္ကို ဒီပို႔စ္ေအာက္မွာ အစအဆံုး ထည့္ေပးထားပါတယ္။

ေဒါက္တာေအးေမာင္ကို စစ္ေတြေထာင္အခ်ဳပ္ ပို႔ႏိုင္ေအာင္ ျပဳလုပ္တဲ့ စြပ္စြဲခ်က္ ႏွစ္ခုနဲ႔ ပတ္သက္တဲ့ ေျပာဆိုမႈေတြဟာ ေဒါက္တာေအးေမာင္အေနနဲ႔ သေဘာတရားပိုင္းအရ ေျပာခဲ့တာျဖစ္ေၾကာင္းေတြ႕ရပါတယ္။ အဲဒီအခ်က္ႏွစ္ခ်က္ကို အက်ဥ္းခ်ဳပ္ ျပန္ေျပာရရင္ေတာ့ဒီလိုပါ။

(တစ္) ဗမာတစ္ႏိုင္ငံလံုး အဂၤလိပ္ကၽြန္ျဖစ္ခဲ့ဖူးတယ္။ တိုင္းရင္းသားေတြအေနနဲ႔ တန္းတူညီမွ်ေနခြင့္ရမယ္ ထင္လို႔ လြတ္လပ္ေရး အတူတူ ယူလာခဲ့ၿပီးခါမွ အဲဒီအတိုင္းမဟုတ္ပဲ ငါတို႔ဟာ ဗမာကၽြန္ေတြ ျဖစ္ေနပါလားဆိုၿပီးေတာ့ ခံစားေနရရင္၊ ဗမာေတြကိုယ္တိုင္ ငါတို႔ဘက္က ဘာေတြမွားေနသလဲ ဆိုၿပီးေတာ့ စဥ္းစားဖို႔ လိုအပ္တယ္။

(ႏွစ္) ရခုိင္တို႔ရဲ႕အခ်ဳပ္အခ်ာအာဏာကို ရရွိေရးအတြက္ ႀကိဳးပမ္းၾကရာမွာ နည္းလမ္းႏွစ္သြယ္ရွိတယ္။ ကၽြန္ေတာ္ (ေဒါက္တာေအးေမာင္)တို႔ အေနနဲ႔ လူထုနည္းအားျဖင့္ ႏိုင္ငံေရးလုပ္တယ္။ ဒီနည္းကို မယံုၾကည္တဲ့သူေတြ ဒီနည္းဟာအလုပ္မျဖစ္ဘူးလို႔ ယူဆတဲ့သူေတြကေတာ့ လက္နက္ကိုင္တယ္။ ဒီႏွစ္လမ္းကိုသြားၾကသူေတြရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကေတာ့ အတူတူပဲ ျဖစ္ပါတယ္။

ေဒါက္တာေအးေမာင္ရဲ႕ ေဟာေျပာခ်က္ ျမန္မာျပန္စာသား အျပည္အစံုကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

အားလံုးကို ေက်းဇူးတင္ပါတယ္။ ဆိုေတာ့ . . . ကြၽန္ေတာ္က စာေရးဆရာ မဟုတ္ပါ။  စာေရးဆရာ မဟုတ္ေတာ့ ရတုရကန္ေတြ ပ်ိဳ႕ေတြ လကၤာေတြနဲ႔ စီကာပတ္ကံုး ရယ္စရာငိုစရာေတြကို ေျပာလို႔ရတဲ့လူလည္း မဟုတ္တဲ့အခါမွာ ကြၽန္ေတာ္ ေဆြးေႏြးတဲ့ အေၾကာင္းအရာမ်ားဟာ မာမာေၾကာေၾကာမ်ားလည္း ျဖစ္လာႏိုင္ပါ တယ္။

                   ဒါေၾကာင့္ . . . ႀကိဳၿပီး ေမတၱာရပ္ခံပါတယ္။ စာေရးဆရာေတြလို အရမ္း တင္းမာတဲ့ အခ်ိန္မွာ ေပ်ာ့ေပ်ာင္းသြားေအာင္ သီခ်င္းဆိုလို႔လည္း မရပါဘူး။ ဒါေၾကာင့္ ဒီအခမ္းအနားကို ကြၽန္ေတာ့္အား ဖိတ္ၾကား တဲ့အခါမွာလည္း ကြၽန္ေတာ္ ေတာ္ေတာ္ စဥ္းစားပါတယ္။ တစ္ခ်ိဳ႕ ေဖ့စ္ဘုတ္ေတြမွာလည္း စာေရးဆရာလည္း မဟုတ္၊ ဟိုသြားဒီသြား ပါတီတစ္ခုေထာင္ဖို႔ စည္း႐ံုးေရး ဆင္းေနသလားမသိ ဆိုၿပီးေတာ့ သံသယမ်က္လံုးနဲ႔ ေရးတာကိုလည္း ခံရပါတယ္။

                   ဆိုေတာ့ . . . ကြၽန္ေတာ့္ကို အခမ္းအနားမွဴးက ကိုယ္ေရးရာဇ၀င္ေတြကို ေတာင္းပါတယ္။ ကြၽန္ေတာ္ကလည္း မေပးျဖစ္ခဲ့တာေၾကာင့္ ကိုယ္ေရးရာဇ၀င္ေတြကို နည္းနည္းေလာက္ ေျပာၿပီးတဲ့အခါမွ ကြၽန္ေတာ္ေျပာခ်င္တာေလးကို ေျပာပါမယ္။ ကြၽန္ေတာ့္နာမည္ ေအးေမာင္ပါ။ မယူကမ္း ေအာင္ဆိပ္မွာ ၁၉၅၇ ခုႏွစ္၊ ႏို၀င္ဘာလ (၁)ရက္ေန႔မွာ ေမြးပါတယ္။ ဗမာလို  ၁၃၁၉-ခုႏွစ္ တန္ေဆာင္မုန္းလဆန္း (၁၀)ရက္ပါ။ ညီအစ္ကို ေမာင္ႏွမ သံုးဦးရွိပါတယ္။ ကြၽန္ေတာ္ အႀကီးဆံုးပါ။ ကြၽန္ေတာ့္မွာ သားႏွစ္ေယာက္ ရွိပါတယ္။ ေျမးႏွစ္ေယာက္ ရွိပါတယ္။ (၆၁)ႏွစ္ထဲမွာ ေရာက္ပါၿပီ။ (၂၅)ႏွစ္ေလာက္ အစိုးရ၀န္ထမ္း လုပ္ပါတယ္။ အဲဒီ ကာလမွာလည္း ကမၻာ့ကုလသမဂၢ စားနပ္ရိကၡာ ႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႕မွာ ငါးႏွစ္ေလာက္ အႀကိမ္ႀကိမ္ လုပ္ပါ တယ္။ ေနာက္ ပင္စင္ယူၿပီးခါ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီကို တည္ေထာင္ရာမွာ ၾကားလူျဖစ္တဲ့ ကြၽန္ေတာ္ ကို ဥကၠ႒ တင္ၾကပါတယ္။ ၂၀၁၀ ေရြးေကာက္ပြဲ မွာ အေပၚမွာ (၁၈)၊ ေအာက္မွာ (၁၈) ေနရာ ႏိုင္ပါ တယ္။ တိုင္းရင္းသားေရးရာ၀န္ႀကီး တစ္ေနရာ ပါ,ပါတယ္။

                   ဒီလိုနဲ႔ ၂၀၁၅ ကို ျဖတ္ရန္ကာလမွာ ALD ႏွင့္ RNDP ကို ေပါင္းၿပီးေတာ့ ANP ကို တည္ေထာင္ ပါတယ္။ ၂၀၁၇ ခုႏွစ္ ႏို၀င္ဘာလ (၂၇)ရက္ေန႔ ကြၽန္ေတာ္ ရခိုင္အမ်ိဳးသားပါတီကေန ဥကၠ႒တာ၀န္ကေရာ ပါတီ၀င္အျဖစ္ကပါ ႏႈတ္ထြက္ပါတယ္။ အခု ႏႈတ္ထြက္ၿပီးစ ႏွစ္လ၀န္းက်င္ထဲမွာပါ။ ဒါေတြဟာ ကြၽန္ေတာ့္ရဲ႕ ကိုယ္ေရးအခ်က္အလက္အက်ဥ္းပါ။  အခုလက္ရွိမွာ ကြၽန္ေတာ္ဟာ အမ္း မဲဆႏၵနယ္ေျမက ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ျဖစ္ပါတယ္။

                   ဒီေတာ့ အခု . . . ေခါင္းစဥ္နဲ႔ ပတ္သက္လို႔ ျပန္ၾကည့္ပါမယ္။ ႏွစ္ေပါင္း (၂၃၃)ႏွစ္ အခ်ဳပ္အျခာ အာဏာ က်ဆံုးတဲ့ေန႔နဲ႔ ပတ္သက္လို႔ က်င္းပတဲ့ ရေသ့ေတာင္ ၿမိဳ႕နယ္က ေမယုရင္ေသြး ပရဟိတအသင္းနဲ႔ ယခုပါဆို ကြၽန္ေတာ္ ႏွစ္ႀကိမ္လာၿပီး ယခုလို ေဆြးေႏြးဖူးပါတယ္။ ဒီေန႔ . . . အခ်ဳပ္အျခာအာဏာက်ဆံုးျခင္းနဲ႔ ပတ္သက္လို႔ ေဟာေျပာ ေဆြးေႏြးတာျဖစ္ပါတယ္။

                   ဦးေ၀ဟင္ေအာင္ . . . ၿပီးခဲ့တဲ့ ၂၀၁၆ ထင္ပါတယ္၊ ၂၀၁၅ မွာ ေရြးေကာက္္ပြဲ မႏိုင္လို႔ အားေနတဲ့ ကာလမွာ ဆရာေတာ္ ဦးဥတၱမ ပ်ံလြန္ေတာ္မူတဲ့ေန႔နဲ႔ ပတ္သက္လို႔ ထိုင္းကို ဖိတ္တဲ့အခါ အတူတူ . . . ကြၽန္ေတာ္ထင္တယ္ . . . တစ္ေနရာမွာ ေဟာေျပာ ဖူးပါတယ္။ လူငယ္ပရဟိတသမား၊ ႏုိင္ငံေရး နဲ႕ႏြယ္ေသာ ဇာတိေသြး ဇာတိမာန္ကို တက္ၾကြ ေအာင္ ေဟာေျပာပို႔ခ်ႏိုင္တဲ့ ေခါင္းေဆာင္တစ္ဦးပါ။ အဲဒီ ကာလကတည္းက ကြၽန္ေတာ္တို႔ သေဘာေပါက္ ပါတယ္။ အခု ကြၽန္ေတာ္ေရွ႕မွာ တစ္နာရီ ေက်ာ္ေက်ာ္ ေလာက္ စီကာပတ္ကံုး သမိုင္းသင္ခန္းစာေတြ၊ ကြၽန္ေတာ္တို႔ လူငယ္ေတြအတုယူသင့္တဲ့ အေၾကာင္းအရာ ေလးေတြကို ေဟာေျပာပို႔ခ်ေပးတဲ့အခါမွာ ကြၽန္ေတာ္ . . . ေတာ္ေတာ္ေလး . . . အခုနက ဆရာ ဦးေ၀ဟင္ေအာင္ရဲ႕ ေဟာေျပာပို႔ခ်ခ်က္ေတြကို အေလးအနက္ထားၿပီးေတာ့ ကြၽန္ေတာ္ အသံဖမ္းထားပါတယ္။

                   ကြၽန္ေတာ့္က႑က်ေတာ့ . . . ကြၽန္ေတာ္ ဘာေျပာရမလဲဆိုတာ . . . ကြၽန္ေတာ္ကေတာ့ ေခါင္းစဥ္ကို ဒီကိုေရာက္မွပဲ ဘာေျပာရမလဲဆိုတာကို စဥ္စားပါတယ္။ ဘယ္ၿမိဳ႕မွာမဆို ကြၽန္ေတာ္ ႀကိဳၿပီးဘာမွ မလုပ္ထားတတ္ပါဘူး။ ေရာက္တဲ့အခါမွ ျဖစ္လာတဲ့ ခံစားခ်က္နဲ႔ ကြၽန္ေတာ္ ေျပာပါတယ္။ အခုလည္း ျပန္ၾကည့္ တဲ့အခါမွာ . . . (၂၃၃)ႏွစ္သည္ တကယ္ေတာ့ စိတ္ပ်က္အားငယ္ေနစရာမလို။ (၂၃၃)ႏွစ္ကို ဘယ္လို က်ဥ္း ေအာင္ တစ္နည္းအားျဖင့္ အခ်ဳပ္အျခာအာဏာက်ဆံုးခဲ့ရရင္ ျပန္ရေအာင္ ဘယ္လိုလုပ္မလဲ၊၊ အဲသလို မိမိတို႔၏ စိတ္သႏၲာန္ထဲမွာ စြဲမွတ္ေစခ်င္လို႔ လာေျပာတာျဖစ္ပါတယ္။

                   ၀မ္းနည္းေနလို႔ . . . ငိုေၾကြးေနလို႔ . . . အတိတ္မွာ ျဖစ္ပ်က္ခဲ့တာေတြကို ေနာင္တရေနလို႔ ေတာ့ခါ . . . ေနာင္တရေနဖို႔ေတာ့ခါ လိုပါတယ္။ သင္ခန္းစာယူေနဖို႔ လိုပါတယ္။ သို႔ေသာ္ တမ္းတေန႐ံုနဲ႔ တာ၀န္မေက်ႏိုင္ပါဘူး။ အဲဒါေတြကိုေျပာခ်င္လို႔ ဖိတ္မႏၲကျပဳတဲ့ပုဂၢိဳလ္ေတြက . . . လာဖို႔လည္း အားေနတယ္ . . . မနက္ျဖန္ဆိုရင္ “လလည္းကြယ္ ျပည္လည္းဆံုး” ဆိုတဲ့ အခမ္းအနားကို ကြၽန္ေတာ့္ကို ဖိတ္ပါတယ္။ “တိမ္ညိဳ” မွာ (၆)နာရီ၊ “နန္းရာကုန္း” မွာ (၁၀)နာရီေလာက္ ျဖစ္မယ္ ထင္ပါတယ္။

                   ဒီေန႔ဆို လႊတ္ေတာ္ျပန္စပါတယ္။ ကြၽန္ေတာ္လႊတ္ေတာ္မသြားဘဲ တစ္ပတ္ ေလာက္ ခြင့္ယူ ထားပါတယ္။

                   ဆိုရင္ . . . ျပန္စပါမယ္။

                   ကြၽန္ေတာ္တို႔ . . . ဆရာဦးေ၀ဟင္ေအာင္ ေျပာခဲ့သလို ကြၽန္ေတာ္တို႔ ႏိုင္ငံ ဆံုးသြားတာ မဟုတ္။ ေျမရွိတယ္၊ လူရွိတယ္၊ ယဥ္ေက်းမႈရွိတယ္၊ အေမြအႏွစ္ရွိတယ္။ အခ်ဳပ္အျခာအာဏာဆံုးသြားတာ။ ဒါကို အားလံုး လက္ခံဖို႔လိုပါတယ္။

                   ဒါေၾကာင့္ အခ်ဳပ္အျခာအာဏာျပန္ရရန္အတြက္ ကြၽန္ေတာ္တို႔ ႀကိဳးစား လာတာ သမိုင္းနဲ႔ ခ်ီပါ တယ္။

                   ႏွစ္ေပါင္း (၂၃၃)ႏွစ္မွာ . . . ယခု(၂၃၃)ႏွစ္တိုင္တိုင္ လို႔ ေျပာလို႔ရပါတယ္၊ ေတာ္လွန္ေရး . . . ဆံုး႐ႈံးၿပီးအခ်ိန္ကစၿပီး ေတာ္လွန္ေရးကို လုပ္လာခဲ့တာ . . . ျပန္ၾကည့္ရင္ . . . ဦးေ၀ဟင္ေအာင္တို႔ ေျပာတဲ့ . . . ေတာင္မင္းႀကီးေက်ာ္ေထြး တို႔ . . . ကြၽန္ေတာ္တို႔ အမ္းမွာဆိုရင္ ဒလက္ ဘက္မွာ ငေပါလံုးတို႔ . . . အဲဒီလိုနဲ႔ အေရွ႕ဘက္ကိုေက်ာ္ၿပီးေတာ့ ဒီယႏၲရားထဲမွာ ၀င္ပါလာတဲ့ ငသံေဒြတို႔ရဲ႕ မ်ိဳး႐ိုး . . . ခ်င္းပ်ံ . . . ေတာ္လွန္ေရး မ်ိဳးေစ့ေလးကို ရတယ္။

                   ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔သည္ ႏွစ္ေပါင္း (၂၃၃)ႏွစ္တိုင္ပါၿပီ၊ သို႔ေသာ္ ယေန႔ထက္ထိ ႐ုန္းကန္ႀကိဳးစားေနဆဲ ျဖစ္တယ္ဆိုတာကို . . . ။ ယခုၾကြေရာက္လာတဲ့ ပရိသတ္ေတြကို ၾကည့္တဲ့အခါ လူငယ္ေတြ မ်ားမ်ားပါတယ္။ လူငယ္ထဲမွာ အမ်ိဳးသမီးငယ္ေတြ အမ်ားႀကီးပါတယ္၊ ေနာင္ မိခင္ေလာင္းေတြ ျဖစ္မယ့္ . . . သားသမီးေတြကို မ်ိဳးေစ့မွန္ကို ေရာက္ေအာင္၊ ပဲ့ျပင္ပံုသြင္းႏိုင္မယ့္ အနာဂတ္ေခါင္းေဆာင္ေတြ . . . ။ အားရပါတယ္။

                   ဒါေၾကာင့္ ဒီေနရာမွာ . . . ဦးေ၀ဟင္ေအာင္(တို႔ ေျပာသ)လို မင္းသားႀကီး ေရႊဘန္း မွာခဲ့တဲ့ စကားေလးတစ္ခုကို ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ မေန႔ကလည္း ေဖ့စ္ဘုတ္မွာ တက္တယ္။ ဦးေက်ာ္သာၫြန္႔တို႔ . . . မဟာသမၼတရာဇာ၏ဇနီး ျမသႏၲာ အုတ္ဂူကိုရွာတဲ့အခါမွာ အဲဒီေနရာရဲ႕ နံရံေပၚမွာေရးထားတဲ့စာသား . . . မင္းသားႀကီးေရႊဘန္း မွာၾကားတဲ့ စာသားေလးကို ကြၽန္ေတာ္ေတြ႕လို႔ . . . အဲဒါကို ျပန္ေျပာခ်င္ပါတယ္။ ဦးေ၀ဟင္ေအာင္ တို႔လို႔ ဌန္က႐ိုင္း က်ခ်င္မွက်မယ္။ အဲဒီမွာ ဘာေျပာလဲဆိုရင္ စကားလံုးတိုင္းမွာ အဓိပၸါယ္ ရွိပါတယ္။ “ေနာက္သားေနာင္လူ၊ ရခိုင္သူတို႔၊ အယူမေျပာင္း၊ ငါ့လမ္းေၾကာင္းကို ေကာင္းေကာင္းလိုက္နာ၊ ျပည္ဓညာကို၊ တစ္ခါမုခ်၊ ငါ႐ို႕ရအံ့” ဆိုတာကိုရင္ထဲမွာ ဆိုၾကည့္ပါ။ ၾကက္သီးျဖန္းျဖန္းထသြားတယ္။ ဘာေၾကာင့္လဲ။ လက္မေလ်ာ့နဲ႔၊ ငါတို႔လို ျပည္ဓညာကို တစ္ခါရေအာင္ ငါ့လမ္းေၾကာင္းအတိုင္းသြားၾက။ ရကိုရ,ရမယ္ဆိုတဲ့ သံဓိ႒ာန္ သူ႔မွာရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ အခု အခ်ဳပ္အျခာအာဏာအတြက္ လုပ္တဲ့အခါမွာ နည္းလမ္းႏွစ္သြယ္ရွိပါတယ္။ ေနရာတိုင္းမွာလည္း ကြၽန္ေတာ္ေျပာပါတယ္၊ တစ္ခုက ႏုိင္ငံေရးမွာ လက္နက္ကိုင္ၿပီးေတာ္လွန္တာ . . . ေတာ္လွန္ေရးလုိ႔ေျပာပါတယ္။

                   လူထုကို ဗဟိုျပဳၿပီးေတာ့ . . . လူထုကိုစည္း႐ံုးၿပီး ပန္းတိုင္ကို ေရာက္ေအာင္ လုပ္တာ ႏုိင္ငံေရး လို႔ေခၚပါတယ္။ လူထုႏိုင္ငံေရး။ ကြၽန္ေတာ္တို႔ အခု လုပ္ေနတာ လူထုႏိုင္ငံေရးပါ။ တစ္နည္းအားျဖင့္ ပန္းတိုင္သည္ တူပါတယ္။

                   ဒါေၾကာင့္ ကြၽန္ေတာ္ . . . ၂၀၁၄ . . . ရခုိင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ရခိုင္ တိုင္ရင္းသားမ်ား တိုးတက္ေရးပါတီ ပူးေပါင္းဖို႔ရာ အဆင္ေျပတဲ့ကာလ . . . မေလးရွားကို ဖိတ္လို႔ ကြၽန္ေတာ္တို႔ကို ဒီလိုမ်ိဳး ေဟာေျပာပြဲ လုပ္ခိုင္းပါတယ္။ အဲဒီမွာ ပထမဆံုး ကြၽန္ေတာ္ ေျပာတဲ့ စကားအားလံုး၏ အႏွစ္သာရသည္ . . . အတြင္း-အျပင္ ညီၫြတ္ဖို႔လိုတယ္၊ လူမ်ိဳးတိုင္းမွာ အႏၲိမရည္မွန္းခ်က္ရွိတယ္၊ ရည္မွန္းခ်က္ေပါက္ေျမာက္ဖို႔ အတြက္ အတြင္း-အျပင္ ညီၫြတ္ဖို႔လိုတယ္၊ အျပင္သည္ အျပင္အလုပ္ကို လုပ္၊ အတြင္းသည္ အတြင္း အလုပ္ ကိုလုပ္၊ အတြင္း-အျပင္ ညီၫြတ္ေသာ တစ္ေန႔သည္ အႏၲိမရည္မွန္းခ်က္ကို ေပါက္ေျမာက္ေအာင္ျမင္တဲ့ေန႔ ျဖစ္တယ္လို႔ ကြၽန္ေတာ္ေျပာပါတယ္။ ဒါေၾကာင့္မို႔လို႔ မေလးရွားကို ေရာက္တဲ့ပုဂၢိဳလ္ေတြ . . . ထိုင္းကိုေရာက္တဲ့ ပုဂၢိဳလ္ေတြ . . . စကၤာပူကို ေရာက္တဲ့ ပုဂၢိဳလ္ေတြ . . . ကမၻာတစ္ခုလံုးကို ပ်ံ႕ႏွံ႔ေနတဲ့ ပုဂၢိဳလ္ေတြ . . . မေလးရွားအဖဲြ႕တို႔ ထိုင္းအဖြဲ႕တိ႔ု ဆိုတာမ်ိဳး မလုပ္ၾကပါနဲ႕။ ကမၻာအရပ္ရပ္မွာ ေရာက္ေနတဲ့ ရခိုင္အမ်ိဳးသား အဖြဲ႕ခ်ဳပ္ ကိုဖြဲ႕ပါ။ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ကိုဖြဲ႕ပါ။ ညီၫြတ္ဖို႔ လိုတယ္။ ျပည္တြင္းမွာ လည္း ကြၽန္ေတာ္တို႔ ညီၫြတ္ရန္ လိုတယ္။ ျပည္တြင္းမွာလည္း ကြၽန္ေတာ္တို႔ ညီၫြတ္မႈကိုယူမယ္။ သို႔ေသာ္ အခုကြၽန္ေတာ္ ရခိုင္အမ်ိဳးသားပါတီမွ ႏႈတ္ထြက္တယ္။ ကြၽန္ေတာ္ေမွ်ာ္မွန္းတဲ့ အတြင္းညီၫြတ္မႈရွိလို႔ ႏုတ္ထြက္သလား၊ မရွိလို႔ ႏုတ္ထြက္သလား၊ သံုးသပ္ၾကပါ။

                   ကြၽန္ေတာ္တို႔ ဦးေက်ာ္ေဇာဦးလည္း ေရးပါတယ္၊ ဗဟိုခ်က္ဆိုတာ . . . တပ္ဦး ဆိုတာ . . . ။ တပ္ဦးၿပိဳကြဲျခင္းသည္ ကြၽန္ေတာ္တို႔ေမွ်ာ္မွန္းတဲ့ Dream ပန္းတိုင္ကို သြားလို႔ မေရာက္ႏုိင္တဲ့အေနအထားရွိလိ႔ု . . . သြားလို႔ေရာက္ႏိုင္တဲ့ အေနအထားရွိေအာင္ က်စ္လစ္ေသာ တပ္ဦးတစ္ခုကို တည္ေဆာက္ဖို႔အတြက္ လိုအပ္လို႔ . . . အခ်ိန္ရွိလို႔ . . . ဆိုတဲ့ သံုးသပ္ခ်က္ကိုသာ သံုးသပ္လိုရွိရင္ . . . ။ ေက်ာက္ျဖဴမွာ အားေပး ၾကပါတယ္။

                   အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔အားလံုးသည္ ေမွ်ာ္မွန္းခ်က္ မေပ်ာက္ဆံုးဖို႔ လိုပါတယ္။ ေမွ်ာ္မွန္းခ်က္ ပန္းတိုင္ကို တစ္လွမ္းခ်င္း တစ္လွမ္းခ်င္းသြားၾကဖို႔ လိုပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ လက္ရွိ ႏိုင္ငံေရး၏ လိုလားခ်က္ ျဖစ္ပါတယ္။

                   ဒါေၾကာင့္ ျပန္ၾကည့္ရင္ . . . အခုနက မင္းသားႀကီး ေရႊဘန္းမတိုင္ခင္ ကြၽန္ေတာ္ တင္ျပခဲ့တဲ့ ငေပါလံုးတို႔ . . . ဒီဘက္က ငသံေဒြ . . သူ႔သား သက္ႏွင္းေ၀(ကို)  ဟိုးဘက္က ဘိုးေတာ္ေမာင္၀ိုင္းတို႔က အမရပူရမွာ သတ္ပစ္တဲ့အခါမွာ စစ္အင္အား လက္နက္အင္အား မပို႔ႏိုင္လို႔ အေရအတြက္ျပည့္၀ေအာင္ မပို႔ႏိုင္ လို႔ သတ္ပစ္တဲ့အခါမွ သာလွ်င္၊ ဒီပုဂၢိဳလ္ေတြကို ျပန္ေတာ္လွန္ရမယ္ ဆိုတဲ့အသိ၊ အဲဒီခါက်မွ အားလံုး သိပါ တယ္။ သူ႕သမီးလည္း ေျမာက္ဦးက ၿမိဳ႕၀န္နဲ႔ေပးစား၊ “အဒါထြီး” လို႔ သိၾကပါတယ္။ ဒီလိုနဲ႔ တပ္ဦးကကြၽံသြားၿပီး၊ ခုနက သတိရလာလို႔ ေတာ္လွန္ေရးမ်ိဳးေစ့ေတြျဖစ္လာတဲ့အခါ . . . အခုထိ ငသံေဒြဆိုတဲ့ သစြာေဖါက္မ်ိဳး႐ိုးကပဲ ျပန္ၿပီး ေတာ္လွန္ေရးကို စလာတဲ့အခါမွာ . . . အခု ကြၽန္ေတာ္တို႔ အားလံုးသိပါတယ္ . . . ေျမာက္ဦးၿမိဳ႕ကို ၀ိုင္းၿပီးသိမ္းဖို႔ ေအာင္ပြဲဆင္ဖို႔ကာလမွာတစ္ခါ ညီၫြတ္မႈက ၿပိဳကြဲ။ အဲဒီလိုနဲ႔ သံသရာလည္တာ ႏွစ္ေပါင္း (၂၃၃)ႏွစ္ ရွိလာပါၿပီ။ ဆိုေတာ့ . . . လြတ္လပ္ေရး ေခတ္ဦး ဆရာေတာ္ ဦးဥတၱမတို႔ ေျပာခဲ့တဲ့အသံုးအႏႈန္းေတြ ျပန္ၾကည့္ပါ။ “လူဆိုတာ လုပ္သင့္လုပ္ ထိုက္တဲ့အခ်ိန္မွာ လုပ္ႏိုင္္မွ လူနဲ႔တူတယ္” ။ အခ်ိန္အရ ေပးထားတဲ့ လုပ္သင့္ လုပ္ထိုက္တဲ့ အခ်ိန္ကာလမွာ လုပ္ႏိုင္မွ ဆိုေတာ့ ကြၽန္ေတာ္တို႔ အခု ကမၻာ့ႏိုင္ငံေရး ျမန္မာ့ႏိုင္ငံေရး လက္ရွိ ကြၽန္ေတာ္တို႔ သြားေနရတဲ့ ပန္းတိုင္အားလံုးကို သံုးသပ္လို႔ရွိရင္ လုပ္ကိုလုပ္ရမယ့္ ကာလတစ္ခုဟာ လာမယ့္ “၂၀၂၀” မွာ ျဖစ္ပါတယ္။

                   ျမန္မာ့ႏိုင္ငံေရးရဲ႕ႏွစ္ေပါင္း (၇၀)အက်ပ္အတည္း . . . ရခိုင္တို႔ရဲ႕ႏွစ္ေပါင္း (၂၃၃)ႏွစ္ၾကာ . . . ခုနက ဦးေ၀ဟင္ေအာင္ လည္းေျပာခဲ့တယ္ . . . ကြၽန္ေတာ္တို႔ မ်ိဳးဆက္ ငါးဆက္နီးပါးေလာက္ ဒုကၡသုကၡ ခံၿပီးေတာ့ အဆင္းရဲတကာ့ အဆင္းရဲဆံုးဘ၀မွာ မဆင္းရဲသင့္ပါလ်က္နဲ႔ အခုလိုရပ္တည္ေနရတဲ့ သခင္ျဖစ္ခဲ့တဲ့ ကြၽန္ျဖစ္ဆဲ လူမ်ိဳး တစ္ေယာက္ လူမ်ိဳးတစ္ဦး၊ လူမ်ိဳးတစ္စု၊ လူမ်ိဳးတစ္မ်ိဳး . . . စဥ္စားရင္ ရင္နာဖို႔ ေကာင္း ပါတယ္။

                   အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က . . . (၂၃၃)ႏွစ္ . . . ေနာက္ႏွစ္ဆိုရင္ (၂၃၄)ႏွစ္ . . . ေရာက္တိုင္း ေရာက္တိုင္းမွာ ျပန္ၿပီးေတာ့ ငါတို႔ အခ်ဳပ္အျခာ အာဏာ ကို ဘယ္လိုရမွာလဲ . . . ။ ဒီလိုစိတ္မ်ိဳး ေမြးဖို႔လိုတဲ့အခါမွာ . . . အခုနက ကြၽန္ေတာ္တို႔ တင္ျပတဲ့အတိုင္း ေတာ္လွန္ေရး၊ လက္နက္ကိုင္ရင္ လက္နက္ကိုင္ေတာ္လွန္ေရး၊ လူထုကို စည္း႐ံုးရင္ လူထုနည္းနဲ႔ ဗဟိုျပဳတဲ့ႏိုင္ငံေရး၊ အားလံုးရဲ႕ပန္းတိုင္ဟာ အခု အခ်ဳပ္အျခာအာဏာကို ဘယ္လို ျပန္ရမွာလဲ၊ တစ္နည္းအားျဖင့္ ကြၽန္ေတာ္တို႔၏ အုပ္ခ်ဳပ္ေရးယႏၲရား အာဏာကို ဘယ္လိုျပန္ရမွာလဲ၊ ဆိုတဲ့ နည္းမွာ သြားၿပီး ဦးတုိက္ပါတယ္။ အဲဒါေၾကာင့္ အာဏာကိုရမယ့္ နည္း ေပါင္းစံုနဲ႔ ကြၽန္ေတာ္တို႔ လူထုကို စည္း႐ံုးတယ္ . . . လက္နက္ကိုင္ တြန္းလွန္တယ္ . . . အမ်ိဳးသား လြတ္ေျမာက္ေရးတိုက္ပြဲကို ဆင္ႏြဲတယ္ . . . ဆိုတာ အားလံုးသည္ . . . ရည္မွန္းခ်က္ပန္းတိုင္တစ္ခုကို သြားေနတယ္ ဆိုတဲ့ သေဘာတရား တစ္ခုကိုေတာ့ နားလည္ေပးေစခ်င္ပါတယ္။

                   ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အခု ျပန္ၾကည့္ရင္ . . . ၿမိဳ႕ေပၚထက္ ေက်းရြာလူထု မ်ားတာကို သေဘာေပါက္ပါတယ္။

                   ေက်းလက္က ၿမိဳ႕ထက္ ဆင္းရဲပါတယ္။ တစ္ခါက အမ္းမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ၾကားျဖတ္ေရြး ေကာက္ပြဲမွာ ႏိုင္လို႔ ပုဏၰားကြၽန္းတို႔ . . . ရြာေတြကိုျဖတ္ၿပီး စစ္ေတြလာတဲ့ အခါ . . . အမ်ားအားျဖင့္ ေက်းလက္ေတြက တိုးတိုးေလးလာေျပာတဲ့ . . . အသက္ႀကီးႀကီး ပုဂၢိဳလ္ အမ်ိဳးသမီးႀကီးေတြက ဘာေျပာလဲ ဆိုရင္ “လြတ္လပ္ေရး” ကို ဘယ္ေတာ့ရမွာလဲ၊ “လြတ္လပ္ေရး” ကို ငါတို႔ ဘယ္ေတာ့ရမွာလဲ။ တိုးတိုးေလး ေျပာတာပါ။ “လြတ္လပ္ေရး” ကိုလိုခ်င္တယ္။ အသက္ႀကီးႀကီးေတြ ဆင္းရဲဒဏ္ကို မခံႏိုင္ေတာ့ဘူး။ အဖိႏွိပ္ခံ ဘ၀မွာ မေနခ်င္ေတာ့ဘူး။ ဒီလိုလြတ္လပ္ေရးကို လိုခ်င္တယ္ဆိုတဲ့ ဒီအသက္အရြယ္ (၈၀) (၇၀) ေက်းလက္ လူထုရဲ႕ ရင္ထဲမွာ ျဖစ္တည္ေနျခင္းပင္လွ်င္ ျမန္မာ့ႏုိင္ငံေရးကို ျပန္သံုးသပ္ရမယ့္ကာလလို႔ နားလည္ေပးဖို႔ လိုပါတယ္။

                   တုိင္းရင္းသားေတြရင္ထဲမွာ ဘယ္လိုျဖစ္လို႔ အမ်ိဳးသား လြတ္ေျမာက္မႈကို လိုခ်င္သလဲ၊ လြပ္လပ္တဲ့ဘ၀မွာ တန္းတူအခြင့္အေရးနဲ႔ေနခ်င္လို႔ လြတ္လပ္တဲ့ႏိုင္ငံကို တည္ေထာင္လာၿပီးခါမွ ႏွစ္ေပါင္း (၇၀)လည္း ၾကာလို႔ ေပးသင့္ေပးထိုက္တဲ့ အတိုင္းအတာ တစ္ခုထိ ေပးဖို႔လိုအပ္တဲ့ ကာလေက်ာ္လြန္ၿပီးခါမွ . . . ဘာျဖစ္လို႔ ပိုၿပီးျပင္ထန္တဲ့ လက္နက္ကိုင္ပဋိပကၡျဖစ္လာရသလဲ။ ရခုိင္ျပည္မွာလည္း အသက္ႀကီးတဲ့ ပုဂၢိဳလ္ ေတြ ခံစားသလို . . .  တုိင္းရင္းသားတိုင္းရဲ႕ ရင္ထဲမွာ ခံစားရလိမ့္မယ္။ ဘာျဖစ္လို႔ လြတ္လပ္ေရးကို ျပန္ေတာင္းရသလဲ။ အဂၤလိပ္ဆီမွာ ကြၽန္ျဖစ္ခဲ့တယ္ . . . ဗမာႏိုင္ငံ တစ္ခုလံုး။ အခု တိုင္းရင္းသားေတြ ဗမာ ဆီမွာ ကြၽန္ျဖစ္ေနတယ္လို႔ ခံစားေနရရင္ . . . ဗမာေတြက ျပန္သံုးသပ္ရမယ္ . . . ငါတို႔ ဘာမွားေနလဲ။ ျပန္ သံုးသပ္ရမယ့္ ကာလ။ ဒါေၾကာင့္ ႏုိင္ငံေရးသည္ အၿမဲတမ္း ထိေတြ႕ေနတဲ့ တိုက္ပြဲျဖစ္ပါတယ္။

                   ဒါေၾကာင့္ ကြၽန္ေတာ္တို႔ . . . လူထုနည္းနဲ႔ . . . ကြၽန္ေတာ္တို႔၏ အခ်ဳပ္အျခာအာဏာ ရသင့္ရထိုက္တဲ့ အခ်ဳပ္အျခာအာဏာ၊ ကုိယ္ပိုင္အုပ္ခ်ဳပ္ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္၊ အတိတ္ဘ၀မွာ ဆံုး႐ႈံးခဲ့ေသာ အခ်ဳပ္အျခာအာဏာကို ျပန္ရဖို႔အတြက္ ကြၽန္ေတာ္တို႔က ႏုိင္ငံေရးပါတီကို တည္ေထာင္သလို . . . ဒီနည္းက ျဖင့္ေတာ့ အလုပ္မျဖစ္၊ လက္နက္ကိုင္ မွသာ ငါတို႔၏ ဆံုး႐ႈံးေနေသာ အခ်ဳပ္အျခာအာဏာကိုရမယ္လို႔ ယံုလို႔ လက္နက္ကိုင္တယ္။ ပန္းတိုင္ကေတာ့ အတူတူပါပဲ။

                   ဒါေၾကာင့္ လက္ရွိအုပ္ခ်ဳပ္ေနတဲ့ ပုဂၢိဳလ္ေတြ . . . ငါတို႔ ဘယ္ေလာက္မ်ား တိုင္းရင္းသားေတြ ကို ေပးရန္လိုသလဲ။

                   ျပည္ေထာင္စုကိုလည္း မၿပိဳကြဲေစခ်င္ . . . ေျမပံုကို ဒီအတိုင္းလည္း ထားခ်င္တယ္၊ တိုင္းရင္းသားေတြရင္ထဲမွာလည္း အတူတူ လြတ္လပ္ျခင္းအရသာကို မခံစားရေသးလို႔ ယူဆယံုၾကည္ေနတယ္၊ တန္းတူအခြင့္အေရးမရွိ၊ အုပ္ခ်ဳပ္ခံဘ၀မွာ ေနရ တယ္လို႔ ယူဆေနရင္ . . . ကြၽန္ေတာ္တုိ႔ တစ္စံုတစ္ခုမ်ား အေပးအယူ လုပ္သင့္သလား ဆိုတဲ့ . . . လက္ရွိႏွစ္ေပါင္း (၇၀) ႏိုင္ငံေရးပဋိပကၡ၏ ထြက္လာတဲ့ အသံေတြကို သံုးသပ္ရန္ မလိုဘူးလား။

                   ဦးေ၀ဟင္ေအာင္ေျပာခဲ့တဲ့ အတိုင္းပါ။ (၄၈)၊ (၅၈)၊ (၆၂) မွာ အာဏာသိမ္း တယ္။ ပထစ လက္ထက္ မတိုင္ခင္မွာ ဦးေန၀င္းကို အိမ္ေစာင့္ခန္႔ထားတယ္။ (၆၂)ကေန (၈၈)ထိ၊ (၈၈)ကေန (၂၀၁၀)ထိ၊ ၂၀၁၀ ေနာက္ပိုင္းမွာ ဒီမိုကေရစီအစိုးရ၊ ဖြဲ႕စည္းပံု အေျခခံဥပေဒတစ္ခု။ အမ်ားႀကီး မေမွ်ာ္လင္ခဲ့ပါ။

                   ၂၀၁၅ မွာ လူထုအစိုးရ၊ ျပည္သူ႔အစိုးရမတိုင္ခင္ အမ်ားႀကီး ေမွ်ာ္လင့္ခဲ့တယ္။ အခု ကိုယ္တိုင္ ႀကံဳရတဲ့အခါ ပိုၿပီးေတာ့ ခံစားရတယ္။ အဲဒီသံသရာက မထြက္ ေသးပါ။ ၁၉၄၈ ကေနတက္လာတဲ့ ဗမာ အမ်ိဳးသားေတြပါတဲ့ အစိုးရ၊ ယင္းမူ၀ါဒ၊ ယင္းက်င့္စဥ္၊ ယေန႔အထိရွိတယ္။ ဒါ့ေၾကာင့္လည္း လက္နက္ကိုင္ ပဋိပကၡသည္ အျမင့္ဆံုး၊ ႏုိင္ငံေရးတိုက္ပြဲသည္ အျပင္းထန္ဆံုး၊ ယင္းကာလမွာ ရခိုင္ျပည္မွာ ႏုိင္ငံေရးပါတီေတြ အမ်ားႀကီးရွိပါတယ္။

                   ဘာေၾကာင့္ ႏိုင္ငံေရးပါတီတည္ေထာင္ပါသလဲ။ ဦးေ၀ဟင္ေအာင္လည္း ေျပာခဲ့ပါတယ္။ အာဏာလိုခ်င္လို႔၊ အခ်ဳပ္အျခာအာဏာကို ဒီနည္းနဲ႔ ရမယ္လို႔ ေမွ်ာ္လင့္လို႔ ဒီနည္းကိုသံုးတယ္။ ဒါ့ေၾကာင့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲမွာ ကြၽန္ေတာ္ ေျပာခဲ့ပါတယ္။

                   ကြၽန္ေတာ္တို႔က ေသနတ္ကိုင္တဲ့ လူမဟုတ္။ ေသနတ္မကိုင္ေသာ္လည္း ပါးစပ္က ထြက္ လာတဲ့ စကားတလံုးသည္ က်ည္ဆံထက္ျပင္းရမယ္။ ဒါေၾကာင့္ အခ်ဳပ္အျခာအာဏာကို က်ည္ဆံတစ္ေတာင့္မွ မသံုးဘဲနဲ႔ ရေအာင္ယူမယ္။ ရင္ထဲမွာ အမ်ိဳးသားညီၫြတ္မႈစိတ္၊ ကိုယ့္ျပည္ကို ကိုယ္တို႔ ကိုယ္တိုင္ အုပ္ခ်ဳပ္ခ်င္ တဲ့ စိတ္၊ ရကိၡတစိတ္ တည္ရွိေနရင္ ကြၽန္ေတာ္တို႔ဟာ ကြၽန္မဟုတ္။ ႐ုန္းကန္လိုေသာစိတ္ လူတိုင္းမွာ ရွိေနဖို႔ လိုတယ္။ က်ားကုပ္က်ားခဲ ႀကိဳးစားေနဖို႔လိုတယ္။ အခု ကြၽန္ေတာ့္တို႔ အသက္ႀကီးၿပီ၊ (၆၁)။ (၆၀)။ (၆၀)အရြယ္တို႔ ရင္ထဲမွာ (၆၀)အရြယ္တို႔ ရင္ထဲအေလ်ာက္ ရွိဖို႔လိုပါတယ္။ (၁၀)စုႏွစ္၊ အသက္(၂၀)အရြယ္ ေတြ ရင္ထဲမွာ စြဲနစ္သြားေအာင္ . . . ငါတို႔၏ မၿပီးဆံုးေသးတဲ့ တာ၀န္ကို လက္ဆင့္ကမ္းၿပီးလုပ္ၾက၊ လက္ဆင့္ကမ္းၿပီး ခ်ီတက္၊ ပန္းတုိင္ကို ေရာက္ေအာင္လုပ္ၾက . . . ဆိုတဲ့ ဒီရင္ထဲက ရွိသင့္တဲ့ မာန၊ ခံယူခ်က္၊ ဦးတည္ခ်က္၊ ရည္ရြယ္ခ်က္ ေတြကို မေပ်ာက္ေအာင္ ကြၽန္ေတာ္တို႔ မိဘျပည္သူမ်ား ညီအစ္ကိုေမာင္ႏွမမ်ား ႏုလံုးသားထဲမွာသြင္းႏုိင္ရင္ ကြၽန္ေတာ္တို႔၏ ေတာ္လွန္စိတ္မေပ်ာက္။ ယင္းသည္ပင္လွ်င္ အခ်ဳပ္အျခာ အာဏာသည္ လက္တကမ္းမွာရွိ တယ္ဆိုတာကို . . . ကြၽန္ေတာ္တို႔ ယံုကိုယံု ရမွာ ျဖစ္ပါတယ္။

                   ဒါ့ေၾကာင့္ ရခိုင္ကို လက္ရွိ တိုင္းရင္းသားမ်ားအားလံုးထဲမွာ အေၾကာက္ဆံုး။ ရခိုင္တို႔မွာ လက္ၫိုးထိုးျပစရာ သမိုင္းသက္ေသရွိတယ္။ သီးသန္႔နယ္ေျမရွိတယ္။ လံုေလာက္တဲ့ လူဦးေရနဲ႔ စီးပြားေရး ရွိတယ္။ ကမၻာ၏ စစ္ေရးဆိုင္ရာ Military  အခုနက Politics, ေနာက္ Geo-politics, ပထ၀ီႏိုင္ငံေရးဆိုင္ရာ ဗဟို၊ စီးပြားေရးဗဟို Social Economics နဲ႔ပတ္သက္လို႔ ဒီဗဟိုခ်က္မွာ က်တယ္။ အဲဒါဟာ ၿပီးခဲ့တဲ့ (၁၀)စုႏွစ္ တစ္စု ေလာက္က စက်လာတာ ျဖစ္ပါတယ္။

                   ဒါေၾကာင့္ အခု အားလံုး ကမၻာအေရး၊ ျမန္မာ့အေရး၊ ရခုိင္အေရးကို သံုးသပ္ တိုင္းမွာ . . . ကမၻာမွာ ရခိုင္သည္ အခုေရွ႕တန္းကို ထြက္လာတယ္။ ကမၻာမွာ ရခိုင္တို႔၏ အေနအထားကို ပိုၿပီး အာရံုစိုက္ လာၾကတယ္။ ဘာေၾကာင့္လဲ။ ကြၽန္ေတာ္တို႔ရဲ႕ ႏွစ္ေပါင္း (၂၃၃)ႏွစ္၀န္းက်င္ေလာက္ ေရာက္လာတဲ့အခါ . . . ။ အခု ကြၽန္ေတာ္တို႔က ဟိုတုန္း ကလည္း ယံုပါတယ္ . . . ဗိုလ္ခ်ဳပ္ခင္ၫြန္႔တို႔ လို အင္မတန္ တန္ခိုးထြားတဲ့ ပုဂၢိဳလ္ေတြ ရခုိင္ျပည္ကိုလာရင္၊ “မိုးရြာခ်တယ္” ၊ ရခိုင္ျပည္မွာ “နတ္ေကာင္းနတ္ျမတ္မ်ား” ရွိတယ္၊ “ေစာင့္ေရွာက္တယ္” မဟာျမတ္မုနိကုန္းမွာလည္း  . . . အဲဒီလိုေတြ ရွိတယ္။

                   ကြၽန္ေတာ္တို႔ (၉၉)လတၱံ႕ကို ျပန္ၾကည့္လိုက္ရင္ “အလယ္တ႐ိုး ထီးျဖဴမိုး” မယ္ လို႔ ဆိုတယ္။ ေက်ာက္ျဖဴ . . . သူ႔ဟာသူ ဗဟိုခ်က္ကို ေရာက္သြားတယ္။ အဲဒီလတၱံ႕မွာ ျပန္ၾကည့္။ “မဟာျမတ္မုနိကို စိနျပည္က လာပင့္မယ္၊ ပင့္ၿပီးရင္ရခုိင္ကို ျပန္အပ္မယ္” ။ ဆိုေတာ့ . . .  ျပန္ၿပီး ကြၽန္ေတာ္တို႔၏ လမ္းေၾကာင္း သည္ . . . ၂၀၁၀ နီးပါးေလာက္က၊ မတိုင္ခင္ေလာက္က ပြတ္ရွမႈသည္ ၁၀-စုႏွစ္တစ္ခုအတြင္းမွာ ထိပ္ပိုင္းကို ေရာက္သြားတယ္။ ဒါေၾကာင့္ ကုလား-ရခိုင္ ပဋိပကၡသည္ ျမင့္လာတယ္။ ရခိုင္တို႔၏ အလယ္တည့္တည့္မွာ ကမၻာစီးပြားေရးဗဟိုခ်က္ကို ေရာက္မယ့္လမ္းေၾကာင္းသည္ ခုနက ကမၻာမဟာအင္အားႀကီး ႏိုင္ငံမ်ား၏ ပြတ္ရွမႈ ျဖစ္လာတယ္။

                   မႀကံဳစမဖူး ကြၽန္ေတာ္တို႔၏ ဘဂၤလား သမုဒၵရာ ပင္လယ္ျပင္ေအာက္ထဲမွာ ဓါတ္ေငြသိုက္ေတြ မ်ားစြာ ေတြ႕လာတယ္။ ယခု ဗမာျပည္ကိုေတြးရင္၊ ရခုိင္ျပည္၊ ရခိုင္ျပည္ကို ေတြးရင္ . . . ဘူးသီးေတာင္၊ ေမာင္ေတာ၊ မယူကမ္းေဒသ . . . ရခိုင္ႏုိင္ငံေရးတစ္ခု၊ ဗမာ့ႏိုင္ငံေရးတစ္ခုလံုး၏ “ထိပ္မွာ” ရွိေနတယ္။ ဒါေၾကာင့္ . . . ျပန္ၾကည့္ပါ။ လက္နက္ကိုင္ အမ်ိဳးသားေတာ္လွန္ေရး အင္အားစုေတြကို ျပန္ၾကည့္ရင္လည္း . . . အရင္က ထိုင္းနယ္စပ္က လူဦးေရ နည္းနည္းပါးပါးေလာက္နဲ႔ လက္နက္ကိုင္ေတာ္လွန္ေရး နယ္ေျမထဲကို ၀င္လာတဲ့ပါတီေတြ အထူးသျဖင့္ ရေသ့ေတာင္နယ္က ပုဂၢိဳလ္ေတြ ေခါင္းေဆာင္ခဲ့ၾကတယ္။ သို႔ေသာ္လည္း ပန္းတိုင္မေရာက္ခဲ့ၾကပါဘူး။

                   အခု လြန္ခဲ့သည့္ ကိုးႏွစ္-ခုနစ္ႏွစ္ေလာက္က ထြန္းေပၚလာတဲ့ “ရကၡိဳင့္ တပ္မေတာ္” ၊ . . . အားလံုးသည္ အိပ္မက္တစ္ခုဆီကို သြားေနတယ္။ အဲသည္အိပ္မက္သည္ ခုနက ျမန္မာ့ႏိုင္ငံေရး အားအနည္းဆံုးအခ်ိန္မွာ ကြၽန္ေတာ္တို႔၏ အခြင့္အေရး ကို အမိအရ ဆုပ္ကိုင္ႏိုင္ဖို႔ . . . ဆရာေတာ္ ဦးဥတၱမ ေျပာခဲ့သလို – “ရသင့္ရထိုက္တဲ့ အခြင့္အေရးကို ရေအာင္ယူႏိုင္မွ လူနဲ႔တူတယ္” ၊ ရသင့္ရထုိက္သည့္ အခြင့္အေရးကို ရေအာင္ယူဖို႔ အခ်ိန္သည္ လက္တကမ္းမွာရွိေနသည့္အခါမွာ- ကြၽန္ေတာ္တို႔ ႏုိင္ငံေရး နယ္ပယ္ထဲက ရခိုင္တို႔၏ႏုိင္ငံေရးဗဟိုခ်က္ကို ျပန္ၾကည့္တဲ့အခါမွာ- ဗဟိုမွာ ကန္အားမ်ားေနတယ္။ အခ်င္းခ်င္းပဋိပကၡမ်ားေနတယ္။ ဗိုလ္ခ်င္းပ်ံ ေျမာက္ဦးကို သိမ္းခါနီးမွာ ျဖစ္ေနတဲ့ အျဖစ္အပ်က္မ်ိဳး . . . ကြၽန္ေတာ္တုိ႔ ႀကံဳေနၾကရၿပီ။ ဒါေၾကာင့္ ဗဟိုခ်က္ . . . ခိုင္မာေသာ၊ ညီၫြတ္ေသာ၊ စည္းကမ္းျပည့္၀ေသာ၊ တပ္ဦးတစ္ခု လိုအပ္တယ္ ဆိုတဲ့ ခံယူခ်က္နဲ႔ ကြၽန္ေတာ္ေနာက္ကို ဆုတ္ပါတယ္။ ေနာက္ကို ဆုတ္ရင္းနဲ႔ တည္ေဆာက္ပါတယ္။

                   ေရွ႕ကိုသြားဖို႔အခ်ိန္ လံုေလာက္တဲ့ အတိုင္းအတာ ကြၽန္ေတာ္တို႔ ရွိတယ္လို႔ ထင္ပါတယ္။ အဲဒါဟာ ဒီေန႔ ႏွစ္ေပါင္း (၂၃၃)ႏွစ္ၾကာက စၿပီးေတာ့ . . . ဦးေ၀ဟင္ေအာင္ တို႔လည္း ေျပာပါတယ္ . . . ႏွစ္ေပါင္း (၄၀)၊ ၁၇၈၄ မွ အဂၤလိပ္ သိမ္းတဲ့ ၁၈၂၃-၂၄ ထိ ႏွစ္ေပါင္း (၄၀)၊ အဂၤလိပ္အုပ္ခ်ဳပ္တဲ့ ႏွစ္ေပါင္း (၁၀၀)ေခတ္ေကာင္းကာလ၊ အဲဒီကာလ တိုင္းမွာ ျဖစ္တည္လာတဲ့ ေတာ္လွန္စိတ္၊ မၿပီးဆံုးေသးတဲ့ ဒီ ကြၽန္ေတာ္တို႔ရဲ႕ ေတာ္လွန္စိတ္၊ အားလံုးရင္ထဲမွာ စြဲၿငိသြားမယ္ဆိုရင္ . . . ကြၽန္ေတာ္တို႔ ဘာလုပ္သင့္သလဲ ဆိုတဲ့ အေျဖတစ္ခုကို ရလာမယ္ ထင္ပါတယ္။

                   ဒီလိုရသြားေအာင္ ဦးေ၀ဟင္ေအာင္တို႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးႏိုင္ျခင္းသည္ပင္လွ်င္ ကြၽန္ေတာ္တို႔၏ ပန္းတိုင္၊ ရည္မွန္းခ်က္သည္ ကြၽန္ေတာ္တို႔၏ မ်ိဳးဆက္သစ္တို႔၏ ရင္ထဲမွစြဲၿငိသြားၿပီ လို႔ ကြၽန္ေတာ္တို႔ ယံုပါတယ္။

                   ဒီလိုစြဲၿငိသြားမွ လက္ဆင့္ကမ္းသြားမွ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းတဲ့ “တခါမုခ် . . . ျပည္ဓညာကို၊ တခါမုခ်၊ ငါတို႔ရအံ့” ဆိုတ့ဲ မဆုတ္နစ္တဲ့ သံဓိ႒ာန္ျဖစ္ပါတယ္။ ဒီလို သံဓိ႒ာန္သည္ ၾကြေရာက္လာၾကတဲ့ ကြၽန္ေတာ္တင္ျပလို႔ နားေထာင္ေနၾကတဲ့ ပုဂၢိဳလ္မ်ား၏ ရင္ထဲမွာ၊ ႏွလံုးထဲမွာ စြဲစြဲၿမဲၿမဲ ရွိခဲ့လို႔ ရွိခဲ့ၾကမယ္ဆိုရင္ . . . ဘာေၾကာင့္ ကိုယ့္ျပည္ ကိုယ္မင္း၊ ကိုယ့္ႏိုင္ငံနဲ႔ ကိုယ္ပိုင္ႏိုင္ငံနဲ႔ ေနထိုင္လာခဲ့တဲ့လူမ်ိဳး၊ ဘာေၾကာင့္ ၿပိဳကြဲခ်ိန္တန္တဲ့အခါ ၿပိဳကြဲသြားရတယ္ ဆိုတဲ့ ႏွစ္ေပါင္း (၂၃၃)ႏွစ္ၾကာသမိုင္းကို ျပန္ၿပီး ဆင္ျခင္ႏုိင္ဖို႔အတြက္ ျဖစ္ပါတယ္။ တစ္ဦးခ်င္း ဆင္ျခင္ႏိုင္ဖို႔ ျဖစ္ပါတယ္။ တစ္ဦးခ်င္း ဆင္ျခင္ႏိုင္မွသာလွ်င္ ကိုယ့္မ်ိဳးဆက္ေတြကို တစ္ဦးခ်င္းက တာ၀န္ယူၿပီးေတာ့ . . . ဒီလိုျဖင့္ သမိုင္းတြင္ ငါတို႔ႀကံဳခဲ့ရတယ္၊ ငါတို႔ေမွ်ာ္မွန္းတဲ့ပန္းတိုင္ ရည္မွန္းခ်က္ကို မင္းတို႔ လက္ဆင့္ကမ္းၿပီးေတာ့ မရ-ရေအာင္ ယူၾက ဆိုတဲ့ တာ၀န္ေပးခ်က္မ်ား ရွိလာရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ရခိုင္မွာ- ဒီလိုစာေပ ေဟာေျပာမႈေတြရွိပါတယ္။ တျခားလူမ်ိဳးေတြမွာ မရွိလို႔လည္း . . . ကြၽန္ေတာ္တို႔လို က်ယ္က်ယ္ျပန္႔ျပန္႔မရွိ လို႔လည္း ေျပာစမွတ္ျပဳၾကပါတယ္။ ဗမာေတြမွာေတာ့ ရွိပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ႏုိင္ငံေရး ပါတီက ပုဂၢိဳလ္ေတြ . . . ကြၽန္ေတာ္ ထင္ပါတယ္ . . . လက္နက္ကိုင္ေတာ္လွန္ေရးက ပုဂၢိဳလ္ေတြလည္း ဦးေ၀ဟင္ေအာင္တို႔လို စာေရးဆရာေတြ စစ္ေတြညိဳသန္႔ တို႔လို႔ စာေရးဆရာေတြ၊ ျပည္သူတို႔ထံသြားၿပီး သမိုင္း၏ဒဏ္ရာဒဏ္ခ်က္ . . . ေရွ႕ကိုသြားဖို႔ရာ ေမွ်ာ္မွန္းခ်က္ ေတြကို နားထဲမွာ စြဲ၀င္သြားေစေအာင္ . . . တစ္ရြာ၀င္၊ တစ္ရြာထြက္၊ ယခုလို စာေပေဟာေျပာပြဲေတြကို ဖန္တီး ၿပီးေတာ့ ဇာတိေသြး၊ ဇာတိမာန္မေပ်ာက္ေအာင္၊ အမ်ိဳးသားရည္မွန္းခ်က္ေတြကို ကိန္း၀ပ္ေအာင္၊ ေဆြးေႏြးေပး ေစခဲ့ျခင္းသည္ပင္လွ်င္ . . ကြၽန္ေတာ္ထင္တယ္ . . . တာ၀န္တစ္ခုျဖစ္ပါတယ္။ အလြန္႔အလြန္ တာ၀န္ေက် ၾကပါတယ္။ ဒါေၾကာင့္ ႏုိင္ငံေရးပါတီမ်ားက ပုဂၢိဳလ္ေတြကလည္း စာေရးဆရာႀကီးေတြ ခုလိုစီစဥ္တဲ့ စာေပေဟာေျပာပြဲေတြကို စီစဥ္တဲ့ပုဂၢိဳလ္ေတြကို အၿမဲတမ္းအားေပးပါတယ္။ ေလးစားပါ တယ္။ ဒီလိုပဲ လက္နက္ကိုင္တိုက္ပြဲ၀င္ေနတဲ့ ပုဂၢိဳလ္ေတြကလည္းပဲ စာေရးဆရာေတြကို၊ အခုလိုစီစဥ္တဲ့ ပုဂၢိဳလ္ေတြကို ေက်းဇူးတင္မယ္လို႔ ထင္ပါတယ္။ ဒါသည္ အမ်ိဳးသား ပန္းတိုင္တစ္ခုကို ေရာက္ေအာင္ ႏိုင္ငံေရးအရ ေဆာင္ရြက္ေနျခင္းျဖစ္တယ္ လို႔ ကြၽန္ေတာ္တို႔ နားလည္ ပါတယ္။

                   ဒါေၾကာင့္ ခ်ံဳ႕လိုက္ရရင္ . . . ကြၽန္ေတာ္တို႔အားလံုး ရင္ထဲတြင္ ႏွစ္ေပါင္း (၂၃၃)ႏွစ္ . . . ေနာက္ႏွစ္ ဆိုရင္ (၂၃၄)ႏွစ္ . . . ဒီလိုမ်ိဴး အခမ္းအနားေတြကို ေရာက္တိုင္း ေရာက္တိုင္းမွာ ကြၽန္ေတာ္တို႔၏ တာ၀န္၊ ကြၽန္ေတာ္တို႔၏ပန္းတိုင္၊ ရည္မွန္းခ်က္ကို ရင္ထဲမွာ . . . အားလံုးသူတို႔၏ ရင္ထဲမွာ . . . စြဲၿငိသြားေစ ေအာင္ မွတ္မိသြားေအာင္ ဒီလိုေဟာေျပာပြဲေတြက သင္ခန္းစာကို ရယူသြားႏိုင္ခဲ့တယ္ဆိုရင္ . . . စီစဥ္တဲ့ ပုဂၢိဳလ္မ်ား၏ ရည္ရြယ္ခ်က္ ေအာင္ျမင္တယ္ လို႔ ကြၽန္ေတာ္ယံုပါတယ္။

                   ဒါေၾကာင့္ ေနာင္ႏွစ္မ်ားတြင္လည္း အတတ္ႏုိင္ဆံုး ႀကိဳးစားၿပီး က်င္းပေပးၾကပါ။ ရေသ့ေတာင္ၿမိဳ႕မွာ မဟုတ္ဘဲနဲ႔ . . . ဗဟိုျပဳႏိုင္ေလာက္တဲ့ ေက်းလက္ တိုက္နယ္ေတြမွာ သြားၿပီး က်င္းပေပး ေစလိုပါတယ္။ ဒီလို ကြၽန္ေတာ္တို႔ ၿမိဳ႕တိုင္းၿမိဳ႕တိုင္းမွာ ယေန႔လို အခမ္းအနားမ်ားကို က်င္းပေပးျခင္းျဖင့္ ကြၽန္ေတာ္တို႔ တစ္မ်ိဳးသားလံုးထားအပ္သည့္ ပန္းတိုင္ရည္မွန္းခ်က္ကဘာလဲ၊ ဘယ္ေလာက္ထိ က်ားကုပ္ က်ားခဲ အမ်ိဳးသားေရးတာ၀န္တစ္ရပ္အေနနဲ႔ ေဆာင္ရြက္ဖို႔လိုတယ္ဆိုတဲ့ အသိေတြကို ဖလွယ္ႏိုင္မယ္ လို႔ ယုံပါတယ္။

                   အားလံုးကို ခ်ံဳ႕ၾကည့္ရရင္ . . . ကြၽန္ေတာ္တို႔ကလည္း . . . ရွင္ဘုရင္ေခတ္က ျဖစ္ပ်က္လာတဲ့ အေၾကာင္း အရာေတြကို စီကာပတ္ကံုးေတာ့ မေျပာေတာ့ပါ။ ျဖစ္ပ်က္မႈ မ်ားကေတာ့ သမိုင္းမွာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ေရွ႕ဆက္သြား တဲ့အခါမွာ- ကြၽန္ေတာ္တို႔ခ်ီတက္တဲ့ ခရီးလမ္းေၾကာင္းမွာ အတတ္ႏိုင္ ဆံုး တတပ္တအား အုပ္တစ္ခ်ပ္ သဲတစ္ပြင့္အျဖစ္ ပါေပးၾကရန္ ေမတၱာရပ္ခံပါတယ္။ အထူးသျဖင့္ ေက်းလက္ ျပည္သူေတြကို ပိုၿပီး ေမတၱာရပ္ ခံလိုပါတယ္။ တကူူးတက အခ်ိန္ကုန္ ေငြပန္းလူပန္းၿပီး ဒီမွာ လာၿပီး နားေထာင္၊ ကိုယ့္ရပ္ရြာ ေရာက္တဲ့အခါ ျပန္ၿပီး သက္ဆိုင္တဲ့ေနရာေတြမွာ ကိုယ့္လူေတြကို ျပန္ေျပာျပ ေစခ်င္ပါတယ္။

                   ကြၽန္ေတာ္တို႔ တစ္ျပည္လံုး လွည္းေနေလွေအာင္း အားလံုးမက်န္ အမ်ိဳးသားေရးစိတ္ဓါတ္ရွိ ေနမွ ကြၽန္ေတာ္တို႔ရဲ႕ လက္ရွိ အက်ဥ္းက်ပ္အတြင္းကေန ႐ုန္းထြက္ႏုိင္မွာ ျဖစ္ပါတယ္။ ျပန္ေတြးၾကည့္ရင္ . . . ဦးေ၀ဟင္ေအာင္ ေျပာခဲ့တဲ့အတိုင္းပါပဲ၊ အေရွ႕ဖက္က ျဖစ္လာတဲ့ဖိအား၊ အေနာက္ဖက္က ဖိလာတဲ့ ဖိအား ၾကားမွာ . . . ကြၽန္ေတာ္တို႔ အက်ဥ္းအက်ပ္ၾကားထဲမွာ ေရာက္ေနပါတယ္။

                   ဒါေၾကာင့္ ဒီအခ်ိန္ဒီကာလမွာ ကြၽန္ေတာ္တို႔ ေက်ာခ်င္းကပ္ၿပီး ႏုိင္ငံေရးအသိရွိရွိနဲ႔ ကြၽန္ေတာ္တို႔ သမိုင္းထဲမွာ ၀ဲလည္လည္မျဖစ္ဘဲ နဲ႔ နည္းေပါင္းစံုနဲ႔ ျပန္ၿပီးေတာ့ ကိုယ့္ျပည္ ကိုယ့္ေဒသကို ျပန္လည္ေဆာက္ရမယ့္ကာလျဖစ္တယ္ဆိုတဲ့ သတိေပးခ်က္တစ္ခုကိုေတာ့ခါ ကြၽန္ေတာ္ ျပန္ၿပီးေတာ့ တင္ျပလို ပါတယ္။

                   ဒါေၾကာင့္ အားလံုးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တင္ျပတဲ့အပိုင္းက ဒီေလာက္ဆိုရင္ က်ဥ္းက်ဥ္းကေလးနဲ႔ လိုရင္းကို ကြၽန္ေတာ္တင္ျပျခင္းျဖစ္တဲ့အတြက္ . . . ဒီေလာက္ပဲ တင္ျပခဲ့တာကိုခြင့္လႊတ္ဖို႔ ေမတၲာရပ္ခံလိုပါတယ္။ အားလံုး ေတာ္လွန္ေရး သတိနဲ႔ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းတဲ့ ပန္းတိုင္ ရည္မွန္းခ်က္ကို ေပါက္ေျမာက္ေအာင္ တာ၀န္တစ္ခုအျဖစ္ ဆက္လက္ၿပီးေတာ့ မ်ိဳးဆက္သစ္မ်ားကို လက္ဆင့္ကမ္းေပးၾကပါလို႔ တင္ျပရင္း နိဂံုးခ်ဳပ္ပါတယ္။ ေက်းဇူးတင္ပါတယ္။

==============================

[ Unicode version ]

ဒေါက်တာအေးမောင်၏ ရသေ့တောင် ဟောပြောချက်

ဒေါက်တာအေးမောင် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ (၁၅-၀၁-၂၀၁၈) ရက်နေ့က ဟောပြောခဲ့တဲ့ဟောပြောချက်ကို အသံဖိုင်နဲ့ (လုံးကောက်) မြန်မာဘာသာပြန် စာတန်းထိုးထားတာကို ဗီဒီယိုဖိုင်ပြုလုပ်ပြီး ပူးတွဲပေးထားပါတယ်။ အဲသည် ဟောပြောချက် မြန်မာဘာသာပြန်ကို ဒီပို့စ်အောက်မှာ အစအဆုံး ထည့်ပေးထားပါတယ်။

ဒေါက်တာအေးမောင်ကို စစ်တွေထောင်အချုပ် ပို့နိုင်အောင် ပြုလုပ်တဲ့ စွပ်စွဲချက် နှစ်ခုနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေဟာ ဒေါက်တာအေးမောင်အနေနဲ့ သဘောတရားပိုင်းအရ ပြောခဲ့တာဖြစ်ကြောင်းတွေ့ရပါတယ်။ အဲဒီအချက်နှစ်ချက်ကို အကျဉ်းချုပ် ပြန်ပြောရရင်တော့ဒီလိုပါ။

(တစ်) ဗမာတစ်နိုင်ငံလုံး အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ဖူးတယ်။ တိုင်းရင်းသားတွေအနေနဲ့ တန်းတူညီမျှနေခွင့်ရမယ် ထင်လို့ လွတ်လပ်ရေး အတူတူ ယူလာခဲ့ပြီးခါမှ အဲဒီအတိုင်းမဟုတ်ပဲ ငါတို့ဟာ ဗမာကျွန်တွေ ဖြစ်နေပါလားဆိုပြီးတော့ ခံစားနေရရင်၊ ဗမာတွေကိုယ်တိုင် ငါတို့ဘက်က ဘာတွေမှားနေသလဲ ဆိုပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်။

(နှစ်) ရခိုင်တို့ရဲ့အချုပ်အချာအာဏာကို ရရှိရေးအတွက် ကြိုးပမ်းကြရာမှာ နည်းလမ်းနှစ်သွယ်ရှိတယ်။ ကျွန်တော် (ဒေါက်တာအေးမောင်)တို့ အနေနဲ့ လူထုနည်းအားဖြင့် နိုင်ငံရေးလုပ်တယ်။ ဒီနည်းကို မယုံကြည်တဲ့သူတွေ ဒီနည်းဟာအလုပ်မဖြစ်ဘူးလို့ ယူဆတဲ့သူတွေကတော့ လက်နက်ကိုင်တယ်။ ဒီနှစ်လမ်းကိုသွားကြသူတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ အတူတူပဲ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ရဲ့ ဟောပြောချက် မြန်မာပြန်စာသား အပြည်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

==========

အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ . . . ကျွန်တော်က စာရေးဆရာ မဟုတ်ပါ။ စာရေးဆရာ မဟုတ်တော့ ရတုရကန်တွေ ပျို့တွေ လင်္ကာတွေနဲ့ စီကာပတ်ကုံး ရယ်စရာငိုစရာတွေကို ပြောလို့ရတဲ့လူလည်း မဟုတ်တဲ့အခါမှာ ကျွန်တော် ဆွေးနွေးတဲ့ အကြောင်းအရာများဟာ မာမာကြောကြောများလည်း ဖြစ်လာနိုင်ပါ တယ်။

ဒါကြောင့် . . . ကြိုပြီး မေတ္တာရပ်ခံပါတယ်။ စာရေးဆရာတွေလို အရမ်း တင်းမာတဲ့ အချိန်မှာ ပျော့ပျောင်းသွားအောင် သီချင်းဆိုလို့လည်း မရပါဘူး။ ဒါကြောင့် ဒီအခမ်းအနားကို ကျွန်တော့်အား ဖိတ်ကြား တဲ့အခါမှာလည်း ကျွန်တော် တော်တော် စဉ်းစားပါတယ်။ တစ်ချို့ ဖေ့စ်ဘုတ်တွေမှာလည်း စာရေးဆရာလည်း မဟုတ်၊ ဟိုသွားဒီသွား ပါတီတစ်ခုထောင်ဖို့ စည်းရုံးရေး ဆင်းနေသလားမသိ ဆိုပြီးတော့ သံသယမျက်လုံးနဲ့ ရေးတာကိုလည်း ခံရပါတယ်။

ဆိုတော့ . . . ကျွန်တော့်ကို အခမ်းအနားမှူးက ကိုယ်ရေးရာဇဝင်တွေကို တောင်းပါတယ်။ ကျွန်တော်ကလည်း မပေးဖြစ်ခဲ့တာကြောင့် ကိုယ်ရေးရာဇဝင်တွေကို နည်းနည်းလောက် ပြောပြီးတဲ့အခါမှ ကျွန်တော်ပြောချင်တာလေးကို ပြောပါမယ်။ ကျွန်တော့်နာမည် အေးမောင်ပါ။ မယူကမ်း အောင်ဆိပ်မှာ ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှာ မွေးပါတယ်။ ဗမာလို ၁၃၁၉-ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၀)ရက်ပါ။ ညီအစ်ကို မောင်နှမ သုံးဦးရှိပါတယ်။ ကျွန်တော် အကြီးဆုံးပါ။ ကျွန်တော့်မှာ သားနှစ်ယောက် ရှိပါတယ်။ မြေးနှစ်ယောက် ရှိပါတယ်။ (၆၁)နှစ်ထဲမှာ ရောက်ပါပြီ။ (၂၅)နှစ်လောက် အစိုးရဝန်ထမ်း လုပ်ပါတယ်။ အဲဒီ ကာလမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့မှာ ငါးနှစ်လောက် အကြိမ်ကြိမ် လုပ်ပါ တယ်။ နောက် ပင်စင်ယူပြီးခါ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို တည်ထောင်ရာမှာ ကြားလူဖြစ်တဲ့ ကျွန်တော် ကို ဥက္ကဋ္ဌ တင်ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မှာ အပေါ်မှာ (၁၈)၊ အောက်မှာ (၁၈) နေရာ နိုင်ပါ တယ်။ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ပါ,ပါတယ်။

ဒီလိုနဲ့ ၂၀၁၅ ကို ဖြတ်ရန်ကာလမှာ ALD နှင့် RNDP ကို ပေါင်းပြီးတော့ ANP ကို တည်ထောင် ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ ကျွန်တော် ရခိုင်အမျိုးသားပါတီကနေ ဥက္ကဋ္ဌတာဝန်ကရော ပါတီဝင်အဖြစ်ကပါ နှုတ်ထွက်ပါတယ်။ အခု နှုတ်ထွက်ပြီးစ နှစ်လဝန်းကျင်ထဲမှာပါ။ ဒါတွေဟာ ကျွန်တော့်ရဲ့ ကိုယ်ရေးအချက်အလက်အကျဉ်းပါ။ အခုလက်ရှိမှာ ကျွန်တော်ဟာ အမ်း မဲဆန္ဒနယ်မြေက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဒီတော့ အခု . . . ခေါင်းစဉ်နဲ့ ပတ်သက်လို့ ပြန်ကြည့်ပါမယ်။ နှစ်ပေါင်း (၂၃၃)နှစ် အချုပ်အခြာ အာဏာ ကျဆုံးတဲ့နေ့နဲ့ ပတ်သက်လို့ ကျင်းပတဲ့ ရသေ့တောင် မြို့နယ်က မေယုရင်သွေး ပရဟိတအသင်းနဲ့ ယခုပါဆို ကျွန်တော် နှစ်ကြိမ်လာပြီး ယခုလို ဆွေးနွေးဖူးပါတယ်။ ဒီနေ့ . . . အချုပ်အခြာအာဏာကျဆုံးခြင်းနဲ့ ပတ်သက်လို့ ဟောပြော ဆွေးနွေးတာဖြစ်ပါတယ်။

ဦးဝေဟင်အောင် . . . ပြီးခဲ့တဲ့ ၂၀၁၆ ထင်ပါတယ်၊ ၂၀၁၅ မှာ ရွေးကောက််ပွဲ မနိုင်လို့ အားနေတဲ့ ကာလမှာ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့နေ့နဲ့ ပတ်သက်လို့ ထိုင်းကို ဖိတ်တဲ့အခါ အတူတူ . . . ကျွန်တော်ထင်တယ် . . . တစ်နေရာမှာ ဟောပြော ဖူးပါတယ်။ လူငယ်ပရဟိတသမား၊ နိုင်ငံရေး နဲ့နွယ်သော ဇာတိသွေး ဇာတိမာန်ကို တက်ကြွ အောင် ဟောပြောပို့ချနိုင်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ အဲဒီ ကာလကတည်းက ကျွန်တော်တို့ သဘောပေါက် ပါတယ်။ အခု ကျွန်တော်ရှေ့မှာ တစ်နာရီ ကျော်ကျော် လောက် စီကာပတ်ကုံး သမိုင်းသင်ခန်းစာတွေ၊ ကျွန်တော်တို့ လူငယ်တွေအတုယူသင့်တဲ့ အကြောင်းအရာ လေးတွေကို ဟောပြောပို့ချပေးတဲ့အခါမှာ ကျွန်တော် . . . တော်တော်လေး . . . အခုနက ဆရာ ဦးဝေဟင်အောင်ရဲ့ ဟောပြောပို့ချချက်တွေကို အလေးအနက်ထားပြီးတော့ ကျွန်တော် အသံဖမ်းထားပါတယ်။

ကျွန်တော့်ကဏ္ဍကျတော့ . . . ကျွန်တော် ဘာပြောရမလဲဆိုတာ . . . ကျွန်တော်ကတော့ ခေါင်းစဉ်ကို ဒီကိုရောက်မှပဲ ဘာပြောရမလဲဆိုတာကို စဉ်စားပါတယ်။ ဘယ်မြို့မှာမဆို ကျွန်တော် ကြိုပြီးဘာမှ မလုပ်ထားတတ်ပါဘူး။ ရောက်တဲ့အခါမှ ဖြစ်လာတဲ့ ခံစားချက်နဲ့ ကျွန်တော် ပြောပါတယ်။ အခုလည်း ပြန်ကြည့် တဲ့အခါမှာ . . . (၂၃၃)နှစ်သည် တကယ်တော့ စိတ်ပျက်အားငယ်နေစရာမလို။ (၂၃၃)နှစ်ကို ဘယ်လို ကျဉ်း အောင် တစ်နည်းအားဖြင့် အချုပ်အခြာအာဏာကျဆုံးခဲ့ရရင် ပြန်ရအောင် ဘယ်လိုလုပ်မလဲ၊၊ အဲသလို မိမိတို့၏ စိတ်သန္တာန်ထဲမှာ စွဲမှတ်စေချင်လို့ လာပြောတာဖြစ်ပါတယ်။

ဝမ်းနည်းနေလို့ . . . ငိုကြွေးနေလို့ . . . အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို နောင်တရနေလို့ တော့ခါ . . . နောင်တရနေဖို့တော့ခါ လိုပါတယ်။ သင်ခန်းစာယူနေဖို့ လိုပါတယ်။ သို့သော် တမ်းတနေရုံနဲ့ တာဝန်မကျေနိုင်ပါဘူး။ အဲဒါတွေကိုပြောချင်လို့ ဖိတ်မန္တကပြုတဲ့ပုဂ္ဂိုလ်တွေက . . . လာဖို့လည်း အားနေတယ် . . . မနက်ဖြန်ဆိုရင် “လလည်းကွယ် ပြည်လည်းဆုံး” ဆိုတဲ့ အခမ်းအနားကို ကျွန်တော့်ကို ဖိတ်ပါတယ်။ “တိမ်ညို” မှာ (၆)နာရီ၊ “နန်းရာကုန်း” မှာ (၁၀)နာရီလောက် ဖြစ်မယ် ထင်ပါတယ်။

ဒီနေ့ဆို လွှတ်တော်ပြန်စပါတယ်။ ကျွန်တော်လွှတ်တော်မသွားဘဲ တစ်ပတ် လောက် ခွင့်ယူ ထားပါတယ်။

ဆိုရင် . . . ပြန်စပါမယ်။

ကျွန်တော်တို့ . . . ဆရာဦးဝေဟင်အောင် ပြောခဲ့သလို ကျွန်တော်တို့ နိုင်ငံ ဆုံးသွားတာ မဟုတ်။ မြေရှိတယ်၊ လူရှိတယ်၊ ယဉ်ကျေးမှုရှိတယ်၊ အမွေအနှစ်ရှိတယ်။ အချုပ်အခြာအာဏာဆုံးသွားတာ။ ဒါကို အားလုံး လက်ခံဖို့လိုပါတယ်။

ဒါကြောင့် အချုပ်အခြာအာဏာပြန်ရရန်အတွက် ကျွန်တော်တို့ ကြိုးစား လာတာ သမိုင်းနဲ့ ချီပါ တယ်။

နှစ်ပေါင်း (၂၃၃)နှစ်မှာ . . . ယခု(၂၃၃)နှစ်တိုင်တိုင် လို့ ပြောလို့ရပါတယ်၊ တော်လှန်ရေး . . . ဆုံးရှုံးပြီးအချိန်ကစပြီး တော်လှန်ရေးကို လုပ်လာခဲ့တာ . . . ပြန်ကြည့်ရင် . . . ဦးဝေဟင်အောင်တို့ ပြောတဲ့ . . . တောင်မင်းကြီးကျော်ထွေး တို့ . . . ကျွန်တော်တို့ အမ်းမှာဆိုရင် ဒလက် ဘက်မှာ ငပေါလုံးတို့ . . . အဲဒီလိုနဲ့ အရှေ့ဘက်ကိုကျော်ပြီးတော့ ဒီယန္တရားထဲမှာ ဝင်ပါလာတဲ့ ငသံဒွေတို့ရဲ့ မျိုးရိုး . . . ချင်းပျံ . . . တော်လှန်ရေး မျိုးစေ့လေးကို ရတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့သည် နှစ်ပေါင်း (၂၃၃)နှစ်တိုင်ပါပြီ၊ သို့သော် ယနေ့ထက်ထိ ရုန်းကန်ကြိုးစားနေဆဲ ဖြစ်တယ်ဆိုတာကို . . . ။ ယခုကြွရောက်လာတဲ့ ပရိသတ်တွေကို ကြည့်တဲ့အခါ လူငယ်တွေ များများပါတယ်။ လူငယ်ထဲမှာ အမျိုးသမီးငယ်တွေ အများကြီးပါတယ်၊ နောင် မိခင်လောင်းတွေ ဖြစ်မယ့် . . . သားသမီးတွေကို မျိုးစေ့မှန်ကို ရောက်အောင်၊ ပဲ့ပြင်ပုံသွင်းနိုင်မယ့် အနာဂတ်ခေါင်းဆောင်တွေ . . . ။ အားရပါတယ်။

ဒါကြောင့် ဒီနေရာမှာ . . . ဦးဝေဟင်အောင်(တို့ ပြောသ)လို မင်းသားကြီး ရွှေဘန်း မှာခဲ့တဲ့ စကားလေးတစ်ခုကို ကျွန်တော်ပြောချင်ပါတယ်။ မနေ့ကလည်း ဖေ့စ်ဘုတ်မှာ တက်တယ်။ ဦးကျော်သာညွန့်တို့ . . . မဟာသမ္မတရာဇာ၏ဇနီး မြသန္တာ အုတ်ဂူကိုရှာတဲ့အခါမှာ အဲဒီနေရာရဲ့ နံရံပေါ်မှာရေးထားတဲ့စာသား . . . မင်းသားကြီးရွှေဘန်း မှာကြားတဲ့ စာသားလေးကို ကျွန်တော်တွေ့လို့ . . . အဲဒါကို ပြန်ပြောချင်ပါတယ်။ ဦးဝေဟင်အောင် တို့လို့ ဌန်ကရိုင်း ကျချင်မှကျမယ်။ အဲဒီမှာ ဘာပြောလဲဆိုရင် စကားလုံးတိုင်းမှာ အဓိပ္ပါယ် ရှိပါတယ်။ “နောက်သားနောင်လူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို ကောင်းကောင်းလိုက်နာ၊ ပြည်ဓညာကို၊ တစ်ခါမုချ၊ ငါရို့ရအံ့” ဆိုတာကိုရင်ထဲမှာ ဆိုကြည့်ပါ။ ကြက်သီးဖြန်းဖြန်းထသွားတယ်။ ဘာကြောင့်လဲ။ လက်မလျော့နဲ့၊ ငါတို့လို ပြည်ဓညာကို တစ်ခါရအောင် ငါ့လမ်းကြောင်းအတိုင်းသွားကြ။ ရကိုရ,ရမယ်ဆိုတဲ့ သံဓိဋ္ဌာန် သူ့မှာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အခု အချုပ်အခြာအာဏာအတွက် လုပ်တဲ့အခါမှာ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ နေရာတိုင်းမှာလည်း ကျွန်တော်ပြောပါတယ်၊ တစ်ခုက နိုင်ငံရေးမှာ လက်နက်ကိုင်ပြီးတော်လှန်တာ . . . တော်လှန်ရေးလို့ပြောပါတယ်။

လူထုကို ဗဟိုပြုပြီးတော့ . . . လူထုကိုစည်းရုံးပြီး ပန်းတိုင်ကို ရောက်အောင် လုပ်တာ နိုင်ငံရေး လို့ခေါ်ပါတယ်။ လူထုနိုင်ငံရေး။ ကျွန်တော်တို့ အခု လုပ်နေတာ လူထုနိုင်ငံရေးပါ။ တစ်နည်းအားဖြင့် ပန်းတိုင်သည် တူပါတယ်။

ဒါကြောင့် ကျွန်တော် . . . ၂၀၁၄ . . . ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင် တိုင်ရင်းသားများ တိုးတက်ရေးပါတီ ပူးပေါင်းဖို့ရာ အဆင်ပြေတဲ့ကာလ . . . မလေးရှားကို ဖိတ်လို့ ကျွန်တော်တို့ကို ဒီလိုမျိုး ဟောပြောပွဲ လုပ်ခိုင်းပါတယ်။ အဲဒီမှာ ပထမဆုံး ကျွန်တော် ပြောတဲ့ စကားအားလုံး၏ အနှစ်သာရသည် . . . အတွင်း-အပြင် ညီညွတ်ဖို့လိုတယ်၊ လူမျိုးတိုင်းမှာ အန္တိမရည်မှန်းချက်ရှိတယ်၊ ရည်မှန်းချက်ပေါက်မြောက်ဖို့ အတွက် အတွင်း-အပြင် ညီညွတ်ဖို့လိုတယ်၊ အပြင်သည် အပြင်အလုပ်ကို လုပ်၊ အတွင်းသည် အတွင်း အလုပ် ကိုလုပ်၊ အတွင်း-အပြင် ညီညွတ်သော တစ်နေ့သည် အန္တိမရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်တဲ့နေ့ ဖြစ်တယ်လို့ ကျွန်တော်ပြောပါတယ်။ ဒါကြောင့်မို့လို့ မလေးရှားကို ရောက်တဲ့ပုဂ္ဂိုလ်တွေ . . . ထိုင်းကိုရောက်တဲ့ ပုဂ္ဂိုလ်တွေ . . . စင်္ကာပူကို ရောက်တဲ့ ပုဂ္ဂိုလ်တွေ . . . ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့နေတဲ့ ပုဂ္ဂိုလ်တွေ . . . မလေးရှားအဖွဲ့တို့ ထိုင်းအဖွဲ့တို့ ဆိုတာမျိုး မလုပ်ကြပါနဲ့။ ကမ္ဘာအရပ်ရပ်မှာ ရောက်နေတဲ့ ရခိုင်အမျိုးသား အဖွဲ့ချုပ် ကိုဖွဲ့ပါ။ ရခိုင်အမျိုးသားအဖွဲ့ချုပ် ကိုဖွဲ့ပါ။ ညီညွတ်ဖို့ လိုတယ်။ ပြည်တွင်းမှာ လည်း ကျွန်တော်တို့ ညီညွတ်ရန် လိုတယ်။ ပြည်တွင်းမှာလည်း ကျွန်တော်တို့ ညီညွတ်မှုကိုယူမယ်။ သို့သော် အခုကျွန်တော် ရခိုင်အမျိုးသားပါတီမှ နှုတ်ထွက်တယ်။ ကျွန်တော်မျှော်မှန်းတဲ့ အတွင်းညီညွတ်မှုရှိလို့ နုတ်ထွက်သလား၊ မရှိလို့ နုတ်ထွက်သလား၊ သုံးသပ်ကြပါ။

ကျွန်တော်တို့ ဦးကျော်ဇောဦးလည်း ရေးပါတယ်၊ ဗဟိုချက်ဆိုတာ . . . တပ်ဦး ဆိုတာ . . . ။ တပ်ဦးပြိုကွဲခြင်းသည် ကျွန်တော်တို့မျှော်မှန်းတဲ့ Dream ပန်းတိုင်ကို သွားလို့ မရောက်နိုင်တဲ့အနေအထားရှိလို့ . . . သွားလို့ရောက်နိုင်တဲ့ အနေအထားရှိအောင် ကျစ်လစ်သော တပ်ဦးတစ်ခုကို တည်ဆောက်ဖို့အတွက် လိုအပ်လို့ . . . အချိန်ရှိလို့ . . . ဆိုတဲ့ သုံးသပ်ချက်ကိုသာ သုံးသပ်လိုရှိရင် . . . ။ ကျောက်ဖြူမှာ အားပေး ကြပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့အားလုံးသည် မျှော်မှန်းချက် မပျောက်ဆုံးဖို့ လိုပါတယ်။ မျှော်မှန်းချက် ပန်းတိုင်ကို တစ်လှမ်းချင်း တစ်လှမ်းချင်းသွားကြဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ လက်ရှိ နိုင်ငံရေး၏ လိုလားချက် ဖြစ်ပါတယ်။

ဒါကြောင့် ပြန်ကြည့်ရင် . . . အခုနက မင်းသားကြီး ရွှေဘန်းမတိုင်ခင် ကျွန်တော် တင်ပြခဲ့တဲ့ ငပေါလုံးတို့ . . . ဒီဘက်က ငသံဒွေ . . သူ့သား သက်နှင်းဝေ(ကို) ဟိုးဘက်က ဘိုးတော်မောင်ဝိုင်းတို့က အမရပူရမှာ သတ်ပစ်တဲ့အခါမှာ စစ်အင်အား လက်နက်အင်အား မပို့နိုင်လို့ အရေအတွက်ပြည့်ဝအောင် မပို့နိုင် လို့ သတ်ပစ်တဲ့အခါမှ သာလျှင်၊ ဒီပုဂ္ဂိုလ်တွေကို ပြန်တော်လှန်ရမယ် ဆိုတဲ့အသိ၊ အဲဒီခါကျမှ အားလုံး သိပါ တယ်။ သူ့သမီးလည်း မြောက်ဦးက မြို့ဝန်နဲ့ပေးစား၊ “အဒါထွီး” လို့ သိကြပါတယ်။ ဒီလိုနဲ့ တပ်ဦးကကျွံသွားပြီး၊ ခုနက သတိရလာလို့ တော်လှန်ရေးမျိုးစေ့တွေဖြစ်လာတဲ့အခါ . . . အခုထိ ငသံဒွေဆိုတဲ့ သစွာဖေါက်မျိုးရိုးကပဲ ပြန်ပြီး တော်လှန်ရေးကို စလာတဲ့အခါမှာ . . . အခု ကျွန်တော်တို့ အားလုံးသိပါတယ် . . . မြောက်ဦးမြို့ကို ၀ိုင်းပြီးသိမ်းဖို့ အောင်ပွဲဆင်ဖို့ကာလမှာတစ်ခါ ညီညွတ်မှုက ပြိုကွဲ။ အဲဒီလိုနဲ့ သံသရာလည်တာ နှစ်ပေါင်း (၂၃၃)နှစ် ရှိလာပါပြီ။ ဆိုတော့ . . . လွတ်လပ်ရေး ခေတ်ဦး ဆရာတော် ဦးဥတ္တမတို့ ပြောခဲ့တဲ့အသုံးအနှုန်းတွေ ပြန်ကြည့်ပါ။ “လူဆိုတာ လုပ်သင့်လုပ် ထိုက်တဲ့အချိန်မှာ လုပ်နိုင််မှ လူနဲ့တူတယ်” ။ အချိန်အရ ပေးထားတဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အချိန်ကာလမှာ လုပ်နိုင်မှ ဆိုတော့ ကျွန်တော်တို့ အခု ကမ္ဘာ့နိုင်ငံရေး မြန်မာ့နိုင်ငံရေး လက်ရှိ ကျွန်တော်တို့ သွားနေရတဲ့ ပန်းတိုင်အားလုံးကို သုံးသပ်လို့ရှိရင် လုပ်ကိုလုပ်ရမယ့် ကာလတစ်ခုဟာ လာမယ့် “၂၀၂၀” မှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးရဲ့နှစ်ပေါင်း (၇၀)အကျပ်အတည်း . . . ရခိုင်တို့ရဲ့နှစ်ပေါင်း (၂၃၃)နှစ်ကြာ . . . ခုနက ဦးဝေဟင်အောင် လည်းပြောခဲ့တယ် . . . ကျွန်တော်တို့ မျိုးဆက် ငါးဆက်နီးပါးလောက် ဒုက္ခသုက္ခ ခံပြီးတော့ အဆင်းရဲတကာ့ အဆင်းရဲဆုံးဘဝမှာ မဆင်းရဲသင့်ပါလျက်နဲ့ အခုလိုရပ်တည်နေရတဲ့ သခင်ဖြစ်ခဲ့တဲ့ ကျွန်ဖြစ်ဆဲ လူမျိုး တစ်ယောက် လူမျိုးတစ်ဦး၊ လူမျိုးတစ်စု၊ လူမျိုးတစ်မျိုး . . . စဉ်စားရင် ရင်နာဖို့ ကောင်း ပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့က . . . (၂၃၃)နှစ် . . . နောက်နှစ်ဆိုရင် (၂၃၄)နှစ် . . . ရောက်တိုင်း ရောက်တိုင်းမှာ ပြန်ပြီးတော့ ငါတို့ အချုပ်အခြာ အာဏာ ကို ဘယ်လိုရမှာလဲ . . . ။ ဒီလိုစိတ်မျိုး မွေးဖို့လိုတဲ့အခါမှာ . . . အခုနက ကျွန်တော်တို့ တင်ပြတဲ့အတိုင်း တော်လှန်ရေး၊ လက်နက်ကိုင်ရင် လက်နက်ကိုင်တော်လှန်ရေး၊ လူထုကို စည်းရုံးရင် လူထုနည်းနဲ့ ဗဟိုပြုတဲ့နိုင်ငံရေး၊ အားလုံးရဲ့ပန်းတိုင်ဟာ အခု အချုပ်အခြာအာဏာကို ဘယ်လို ပြန်ရမှာလဲ၊ တစ်နည်းအားဖြင့် ကျွန်တော်တို့၏ အုပ်ချုပ်ရေးယန္တရား အာဏာကို ဘယ်လိုပြန်ရမှာလဲ၊ ဆိုတဲ့ နည်းမှာ သွားပြီး ဦးတိုက်ပါတယ်။ အဲဒါကြောင့် အာဏာကိုရမယ့် နည်း ပေါင်းစုံနဲ့ ကျွန်တော်တို့ လူထုကို စည်းရုံးတယ် . . . လက်နက်ကိုင် တွန်းလှန်တယ် . . . အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွဲတယ် . . . ဆိုတာ အားလုံးသည် . . . ရည်မှန်းချက်ပန်းတိုင်တစ်ခုကို သွားနေတယ် ဆိုတဲ့ သဘောတရား တစ်ခုကိုတော့ နားလည်ပေးစေချင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အခု ပြန်ကြည့်ရင် . . . မြို့ပေါ်ထက် ကျေးရွာလူထု များတာကို သဘောပေါက်ပါတယ်။

ကျေးလက်က မြို့ထက် ဆင်းရဲပါတယ်။ တစ်ခါက အမ်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲမှာ နိုင်လို့ ပုဏ္ဏားကျွန်းတို့ . . . ရွာတွေကိုဖြတ်ပြီး စစ်တွေလာတဲ့ အခါ . . . အများအားဖြင့် ကျေးလက်တွေက တိုးတိုးလေးလာပြောတဲ့ . . . အသက်ကြီးကြီး ပုဂ္ဂိုလ် အမျိုးသမီးကြီးတွေက ဘာပြောလဲ ဆိုရင် “လွတ်လပ်ရေး” ကို ဘယ်တော့ရမှာလဲ၊ “လွတ်လပ်ရေး” ကို ငါတို့ ဘယ်တော့ရမှာလဲ။ တိုးတိုးလေး ပြောတာပါ။ “လွတ်လပ်ရေး” ကိုလိုချင်တယ်။ အသက်ကြီးကြီးတွေ ဆင်းရဲဒဏ်ကို မခံနိုင်တော့ဘူး။ အဖိနှိပ်ခံ ဘဝမှာ မနေချင်တော့ဘူး။ ဒီလိုလွတ်လပ်ရေးကို လိုချင်တယ်ဆိုတဲ့ ဒီအသက်အရွယ် (၈၀) (၇၀) ကျေးလက် လူထုရဲ့ ရင်ထဲမှာ ဖြစ်တည်နေခြင်းပင်လျှင် မြန်မာ့နိုင်ငံရေးကို ပြန်သုံးသပ်ရမယ့်ကာလလို့ နားလည်ပေးဖို့ လိုပါတယ်။

တိုင်းရင်းသားတွေရင်ထဲမှာ ဘယ်လိုဖြစ်လို့ အမျိုးသား လွတ်မြောက်မှုကို လိုချင်သလဲ၊ လွပ်လပ်တဲ့ဘဝမှာ တန်းတူအခွင့်အရေးနဲ့နေချင်လို့ လွတ်လပ်တဲ့နိုင်ငံကို တည်ထောင်လာပြီးခါမှ နှစ်ပေါင်း (၇၀)လည်း ကြာလို့ ပေးသင့်ပေးထိုက်တဲ့ အတိုင်းအတာ တစ်ခုထိ ပေးဖို့လိုအပ်တဲ့ ကာလကျော်လွန်ပြီးခါမှ . . . ဘာဖြစ်လို့ ပိုပြီးပြင်ထန်တဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်လာရသလဲ။ ရခိုင်ပြည်မှာလည်း အသက်ကြီးတဲ့ ပုဂ္ဂိုလ် တွေ ခံစားသလို . . . တိုင်းရင်းသားတိုင်းရဲ့ ရင်ထဲမှာ ခံစားရလိမ့်မယ်။ ဘာဖြစ်လို့ လွတ်လပ်ရေးကို ပြန်တောင်းရသလဲ။ အင်္ဂလိပ်ဆီမှာ ကျွန်ဖြစ်ခဲ့တယ် . . . ဗမာနိုင်ငံ တစ်ခုလုံး။ အခု တိုင်းရင်းသားတွေ ဗမာ ဆီမှာ ကျွန်ဖြစ်နေတယ်လို့ ခံစားနေရရင် . . . ဗမာတွေက ပြန်သုံးသပ်ရမယ် . . . ငါတို့ ဘာမှားနေလဲ။ ပြန် သုံးသပ်ရမယ့် ကာလ။ ဒါကြောင့် နိုင်ငံရေးသည် အမြဲတမ်း ထိတွေ့နေတဲ့ တိုက်ပွဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ . . . လူထုနည်းနဲ့ . . . ကျွန်တော်တို့၏ အချုပ်အခြာအာဏာ ရသင့်ရထိုက်တဲ့ အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်အုပ်ချုပ် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ အတိတ်ဘဝမှာ ဆုံးရှုံးခဲ့သော အချုပ်အခြာအာဏာကို ပြန်ရဖို့အတွက် ကျွန်တော်တို့က နိုင်ငံရေးပါတီကို တည်ထောင်သလို . . . ဒီနည်းက ဖြင့်တော့ အလုပ်မဖြစ်၊ လက်နက်ကိုင် မှသာ ငါတို့၏ ဆုံးရှုံးနေသော အချုပ်အခြာအာဏာကိုရမယ်လို့ ယုံလို့ လက်နက်ကိုင်တယ်။ ပန်းတိုင်ကတော့ အတူတူပါပဲ။

ဒါကြောင့် လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ . . . ငါတို့ ဘယ်လောက်များ တိုင်းရင်းသားတွေ ကို ပေးရန်လိုသလဲ။

ပြည်ထောင်စုကိုလည်း မပြိုကွဲစေချင် . . . မြေပုံကို ဒီအတိုင်းလည်း ထားချင်တယ်၊ တိုင်းရင်းသားတွေရင်ထဲမှာလည်း အတူတူ လွတ်လပ်ခြင်းအရသာကို မခံစားရသေးလို့ ယူဆယုံကြည်နေတယ်၊ တန်းတူအခွင့်အရေးမရှိ၊ အုပ်ချုပ်ခံဘဝမှာ နေရ တယ်လို့ ယူဆနေရင် . . . ကျွန်တော်တို့ တစ်စုံတစ်ခုများ အပေးအယူ လုပ်သင့်သလား ဆိုတဲ့ . . . လက်ရှိနှစ်ပေါင်း (၇၀) နိုင်ငံရေးပဋိပက္ခ၏ ထွက်လာတဲ့ အသံတွေကို သုံးသပ်ရန် မလိုဘူးလား။

ဦးဝေဟင်အောင်ပြောခဲ့တဲ့ အတိုင်းပါ။ (၄၈)၊ (၅၈)၊ (၆၂) မှာ အာဏာသိမ်း တယ်။ ပထစ လက်ထက် မတိုင်ခင်မှာ ဦးနေဝင်းကို အိမ်စောင့်ခန့်ထားတယ်။ (၆၂)ကနေ (၈၈)ထိ၊ (၈၈)ကနေ (၂၀၁၀)ထိ၊ ၂၀၁၀ နောက်ပိုင်းမှာ ဒီမိုကရေစီအစိုးရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု။ အများကြီး မမျှော်လင်ခဲ့ပါ။

၂၀၁၅ မှာ လူထုအစိုးရ၊ ပြည်သူ့အစိုးရမတိုင်ခင် အများကြီး မျှော်လင့်ခဲ့တယ်။ အခု ကိုယ်တိုင် ကြုံရတဲ့အခါ ပိုပြီးတော့ ခံစားရတယ်။ အဲဒီသံသရာက မထွက် သေးပါ။ ၁၉၄၈ ကနေတက်လာတဲ့ ဗမာ အမျိုးသားတွေပါတဲ့ အစိုးရ၊ ယင်းမူဝါဒ၊ ယင်းကျင့်စဉ်၊ ယနေ့အထိရှိတယ်။ ဒါ့ကြောင့်လည်း လက်နက်ကိုင် ပဋိပက္ခသည် အမြင့်ဆုံး၊ နိုင်ငံရေးတိုက်ပွဲသည် အပြင်းထန်ဆုံး၊ ယင်းကာလမှာ ရခိုင်ပြည်မှာ နိုင်ငံရေးပါတီတွေ အများကြီးရှိပါတယ်။

ဘာကြောင့် နိုင်ငံရေးပါတီတည်ထောင်ပါသလဲ။ ဦးဝေဟင်အောင်လည်း ပြောခဲ့ပါတယ်။ အာဏာလိုချင်လို့၊ အချုပ်အခြာအာဏာကို ဒီနည်းနဲ့ ရမယ်လို့ မျှော်လင့်လို့ ဒီနည်းကိုသုံးတယ်။ ဒါ့ကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျွန်တော် ပြောခဲ့ပါတယ်။

ကျွန်တော်တို့က သေနတ်ကိုင်တဲ့ လူမဟုတ်။ သေနတ်မကိုင်သော်လည်း ပါးစပ်က ထွက် လာတဲ့ စကားတလုံးသည် ကျည်ဆံထက်ပြင်းရမယ်။ ဒါကြောင့် အချုပ်အခြာအာဏာကို ကျည်ဆံတစ်တောင့်မှ မသုံးဘဲနဲ့ ရအောင်ယူမယ်။ ရင်ထဲမှာ အမျိုးသားညီညွတ်မှုစိတ်၊ ကိုယ့်ပြည်ကို ကိုယ်တို့ ကိုယ်တိုင် အုပ်ချုပ်ချင် တဲ့ စိတ်၊ ရက္ခိတစိတ် တည်ရှိနေရင် ကျွန်တော်တို့ဟာ ကျွန်မဟုတ်။ ရုန်းကန်လိုသောစိတ် လူတိုင်းမှာ ရှိနေဖို့ လိုတယ်။ ကျားကုပ်ကျားခဲ ကြိုးစားနေဖို့လိုတယ်။ အခု ကျွန်တော့်တို့ အသက်ကြီးပြီ၊ (၆၁)။ (၆၀)။ (၆၀)အရွယ်တို့ ရင်ထဲမှာ (၆၀)အရွယ်တို့ ရင်ထဲအလျောက် ရှိဖို့လိုပါတယ်။ (၁၀)စုနှစ်၊ အသက်(၂၀)အရွယ် တွေ ရင်ထဲမှာ စွဲနစ်သွားအောင် . . . ငါတို့၏ မပြီးဆုံးသေးတဲ့ တာဝန်ကို လက်ဆင့်ကမ်းပြီးလုပ်ကြ၊ လက်ဆင့်ကမ်းပြီး ချီတက်၊ ပန်းတိုင်ကို ရောက်အောင်လုပ်ကြ . . . ဆိုတဲ့ ဒီရင်ထဲက ရှိသင့်တဲ့ မာန၊ ခံယူချက်၊ ဦးတည်ချက်၊ ရည်ရွယ်ချက် တွေကို မပျောက်အောင် ကျွန်တော်တို့ မိဘပြည်သူများ ညီအစ်ကိုမောင်နှမများ နုလုံးသားထဲမှာသွင်းနိုင်ရင် ကျွန်တော်တို့၏ တော်လှန်စိတ်မပျောက်။ ယင်းသည်ပင်လျှင် အချုပ်အခြာ အာဏာသည် လက်တကမ်းမှာရှိ တယ်ဆိုတာကို . . . ကျွန်တော်တို့ ယုံကိုယုံ ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရခိုင်ကို လက်ရှိ တိုင်းရင်းသားများအားလုံးထဲမှာ အကြောက်ဆုံး။ ရခိုင်တို့မှာ လက်ညိုးထိုးပြစရာ သမိုင်းသက်သေရှိတယ်။ သီးသန့်နယ်မြေရှိတယ်။ လုံလောက်တဲ့ လူဦးရေနဲ့ စီးပွားရေး ရှိတယ်။ ကမ္ဘာ၏ စစ်ရေးဆိုင်ရာ Military အခုနက Politics, နောက် Geo-politics, ပထဝီနိုင်ငံရေးဆိုင်ရာ ဗဟို၊ စီးပွားရေးဗဟို Social Economics နဲ့ပတ်သက်လို့ ဒီဗဟိုချက်မှာ ကျတယ်။ အဲဒါဟာ ပြီးခဲ့တဲ့ (၁၀)စုနှစ် တစ်စု လောက်က စကျလာတာ ဖြစ်ပါတယ်။

ဒါကြောင့် အခု အားလုံး ကမ္ဘာအရေး၊ မြန်မာ့အရေး၊ ရခိုင်အရေးကို သုံးသပ် တိုင်းမှာ . . . ကမ္ဘာမှာ ရခိုင်သည် အခုရှေ့တန်းကို ထွက်လာတယ်။ ကမ္ဘာမှာ ရခိုင်တို့၏ အနေအထားကို ပိုပြီး အာရုံစိုက် လာကြတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ရဲ့ နှစ်ပေါင်း (၂၃၃)နှစ်ဝန်းကျင်လောက် ရောက်လာတဲ့အခါ . . . ။ အခု ကျွန်တော်တို့က ဟိုတုန်း ကလည်း ယုံပါတယ် . . . ဗိုလ်ချုပ်ခင်ညွန့်တို့ လို အင်မတန် တန်ခိုးထွားတဲ့ ပုဂ္ဂိုလ်တွေ ရခိုင်ပြည်ကိုလာရင်၊ “မိုးရွာချတယ်” ၊ ရခိုင်ပြည်မှာ “နတ်ကောင်းနတ်မြတ်များ” ရှိတယ်၊ “စောင့်ရှောက်တယ်” မဟာမြတ်မုနိကုန်းမှာလည်း . . . အဲဒီလိုတွေ ရှိတယ်။

ကျွန်တော်တို့ (၉၉)လတ္တံ့ကို ပြန်ကြည့်လိုက်ရင် “အလယ်တရိုး ထီးဖြူမိုး” မယ် လို့ ဆိုတယ်။ ကျောက်ဖြူ . . . သူ့ဟာသူ ဗဟိုချက်ကို ရောက်သွားတယ်။ အဲဒီလတ္တံ့မှာ ပြန်ကြည့်။ “မဟာမြတ်မုနိကို စိနပြည်က လာပင့်မယ်၊ ပင့်ပြီးရင်ရခိုင်ကို ပြန်အပ်မယ်” ။ ဆိုတော့ . . . ပြန်ပြီး ကျွန်တော်တို့၏ လမ်းကြောင်း သည် . . . ၂၀၁၀ နီးပါးလောက်က၊ မတိုင်ခင်လောက်က ပွတ်ရှမှုသည် ၁၀-စုနှစ်တစ်ခုအတွင်းမှာ ထိပ်ပိုင်းကို ရောက်သွားတယ်။ ဒါကြောင့် ကုလား-ရခိုင် ပဋိပက္ခသည် မြင့်လာတယ်။ ရခိုင်တို့၏ အလယ်တည့်တည့်မှာ ကမ္ဘာစီးပွားရေးဗဟိုချက်ကို ရောက်မယ့်လမ်းကြောင်းသည် ခုနက ကမ္ဘာမဟာအင်အားကြီး နိုင်ငံများ၏ ပွတ်ရှမှု ဖြစ်လာတယ်။

မကြုံစမဖူး ကျွန်တော်တို့၏ ဘင်္ဂလား သမုဒ္ဒရာ ပင်လယ်ပြင်အောက်ထဲမှာ ဓါတ်ငွေသိုက်တွေ များစွာ တွေ့လာတယ်။ ယခု ဗမာပြည်ကိုတွေးရင်၊ ရခိုင်ပြည်၊ ရခိုင်ပြည်ကို တွေးရင် . . . ဘူးသီးတောင်၊ မောင်တော၊ မယူကမ်းဒေသ . . . ရခိုင်နိုင်ငံရေးတစ်ခု၊ ဗမာ့နိုင်ငံရေးတစ်ခုလုံး၏ “ထိပ်မှာ” ရှိနေတယ်။ ဒါကြောင့် . . . ပြန်ကြည့်ပါ။ လက်နက်ကိုင် အမျိုးသားတော်လှန်ရေး အင်အားစုတွေကို ပြန်ကြည့်ရင်လည်း . . . အရင်က ထိုင်းနယ်စပ်က လူဦးရေ နည်းနည်းပါးပါးလောက်နဲ့ လက်နက်ကိုင်တော်လှန်ရေး နယ်မြေထဲကို ဝင်လာတဲ့ပါတီတွေ အထူးသဖြင့် ရသေ့တောင်နယ်က ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ခဲ့ကြတယ်။ သို့သော်လည်း ပန်းတိုင်မရောက်ခဲ့ကြပါဘူး။

အခု လွန်ခဲ့သည့် ကိုးနှစ်-ခုနစ်နှစ်လောက်က ထွန်းပေါ်လာတဲ့ “ရက္ခိုင့် တပ်မတော်” ၊ . . . အားလုံးသည် အိပ်မက်တစ်ခုဆီကို သွားနေတယ်။ အဲသည်အိပ်မက်သည် ခုနက မြန်မာ့နိုင်ငံရေး အားအနည်းဆုံးအချိန်မှာ ကျွန်တော်တို့၏ အခွင့်အရေး ကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ . . . ဆရာတော် ဦးဥတ္တမ ပြောခဲ့သလို – “ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင်ယူနိုင်မှ လူနဲ့တူတယ်” ၊ ရသင့်ရထိုက်သည့် အခွင့်အရေးကို ရအောင်ယူဖို့ အချိန်သည် လက်တကမ်းမှာရှိနေသည့်အခါမှာ- ကျွန်တော်တို့ နိုင်ငံရေး နယ်ပယ်ထဲက ရခိုင်တို့၏နိုင်ငံရေးဗဟိုချက်ကို ပြန်ကြည့်တဲ့အခါမှာ- ဗဟိုမှာ ကန်အားများနေတယ်။ အချင်းချင်းပဋိပက္ခများနေတယ်။ ဗိုလ်ချင်းပျံ မြောက်ဦးကို သိမ်းခါနီးမှာ ဖြစ်နေတဲ့ အဖြစ်အပျက်မျိုး . . . ကျွန်တော်တို့ ကြုံနေကြရပြီ။ ဒါကြောင့် ဗဟိုချက် . . . ခိုင်မာသော၊ ညီညွတ်သော၊ စည်းကမ်းပြည့်ဝသော၊ တပ်ဦးတစ်ခု လိုအပ်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်နောက်ကို ဆုတ်ပါတယ်။ နောက်ကို ဆုတ်ရင်းနဲ့ တည်ဆောက်ပါတယ်။

ရှေ့ကိုသွားဖို့အချိန် လုံလောက်တဲ့ အတိုင်းအတာ ကျွန်တော်တို့ ရှိတယ်လို့ ထင်ပါတယ်။ အဲဒါဟာ ဒီနေ့ နှစ်ပေါင်း (၂၃၃)နှစ်ကြာက စပြီးတော့ . . . ဦးဝေဟင်အောင် တို့လည်း ပြောပါတယ် . . . နှစ်ပေါင်း (၄၀)၊ ၁၇၈၄ မှ အင်္ဂလိပ် သိမ်းတဲ့ ၁၈၂၃-၂၄ ထိ နှစ်ပေါင်း (၄၀)၊ အင်္ဂလိပ်အုပ်ချုပ်တဲ့ နှစ်ပေါင်း (၁၀၀)ခေတ်ကောင်းကာလ၊ အဲဒီကာလ တိုင်းမှာ ဖြစ်တည်လာတဲ့ တော်လှန်စိတ်၊ မပြီးဆုံးသေးတဲ့ ဒီ ကျွန်တော်တို့ရဲ့ တော်လှန်စိတ်၊ အားလုံးရင်ထဲမှာ စွဲငြိသွားမယ်ဆိုရင် . . . ကျွန်တော်တို့ ဘာလုပ်သင့်သလဲ ဆိုတဲ့ အဖြေတစ်ခုကို ရလာမယ် ထင်ပါတယ်။

ဒီလိုရသွားအောင် ဦးဝေဟင်အောင်တို့ ကျွန်တော်တို့ ဆွေးနွေးနိုင်ခြင်းသည်ပင်လျှင် ကျွန်တော်တို့၏ ပန်းတိုင်၊ ရည်မှန်းချက်သည် ကျွန်တော်တို့၏ မျိုးဆက်သစ်တို့၏ ရင်ထဲမှစွဲငြိသွားပြီ လို့ ကျွန်တော်တို့ ယုံပါတယ်။

ဒီလိုစွဲငြိသွားမှ လက်ဆင့်ကမ်းသွားမှ ကျွန်တော်တို့ မျှော်မှန်းတဲ့ “တခါမုချ . . . ပြည်ဓညာကို၊ တခါမုချ၊ ငါတို့ရအံ့” ဆိုတဲ့ မဆုတ်နစ်တဲ့ သံဓိဋ္ဌာန်ဖြစ်ပါတယ်။ ဒီလို သံဓိဋ္ဌာန်သည် ကြွရောက်လာကြတဲ့ ကျွန်တော်တင်ပြလို့ နားထောင်နေကြတဲ့ ပုဂ္ဂိုလ်များ၏ ရင်ထဲမှာ၊ နှလုံးထဲမှာ စွဲစွဲမြဲမြဲ ရှိခဲ့လို့ ရှိခဲ့ကြမယ်ဆိုရင် . . . ဘာကြောင့် ကိုယ့်ပြည် ကိုယ်မင်း၊ ကိုယ့်နိုင်ငံနဲ့ ကိုယ်ပိုင်နိုင်ငံနဲ့ နေထိုင်လာခဲ့တဲ့လူမျိုး၊ ဘာကြောင့် ပြိုကွဲချိန်တန်တဲ့အခါ ပြိုကွဲသွားရတယ် ဆိုတဲ့ နှစ်ပေါင်း (၂၃၃)နှစ်ကြာသမိုင်းကို ပြန်ပြီး ဆင်ခြင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တစ်ဦးချင်း ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ တစ်ဦးချင်း ဆင်ခြင်နိုင်မှသာလျှင် ကိုယ့်မျိုးဆက်တွေကို တစ်ဦးချင်းက တာဝန်ယူပြီးတော့ . . . ဒီလိုဖြင့် သမိုင်းတွင် ငါတို့ကြုံခဲ့ရတယ်၊ ငါတို့မျှော်မှန်းတဲ့ပန်းတိုင် ရည်မှန်းချက်ကို မင်းတို့ လက်ဆင့်ကမ်းပြီးတော့ မရ-ရအောင် ယူကြ ဆိုတဲ့ တာဝန်ပေးချက်များ ရှိလာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်မှာ- ဒီလိုစာပေ ဟောပြောမှုတွေရှိပါတယ်။ တခြားလူမျိုးတွေမှာ မရှိလို့လည်း . . . ကျွန်တော်တို့လို ကျယ်ကျယ်ပြန့်ပြန့်မရှိ လို့လည်း ပြောစမှတ်ပြုကြပါတယ်။ ဗမာတွေမှာတော့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေး ပါတီက ပုဂ္ဂိုလ်တွေ . . . ကျွန်တော် ထင်ပါတယ် . . . လက်နက်ကိုင်တော်လှန်ရေးက ပုဂ္ဂိုလ်တွေလည်း ဦးဝေဟင်အောင်တို့လို စာရေးဆရာတွေ စစ်တွေညိုသန့် တို့လို့ စာရေးဆရာတွေ၊ ပြည်သူတို့ထံသွားပြီး သမိုင်း၏ဒဏ်ရာဒဏ်ချက် . . . ရှေ့ကိုသွားဖို့ရာ မျှော်မှန်းချက် တွေကို နားထဲမှာ စွဲဝင်သွားစေအောင် . . . တစ်ရွာဝင်၊ တစ်ရွာထွက်၊ ယခုလို စာပေဟောပြောပွဲတွေကို ဖန်တီး ပြီးတော့ ဇာတိသွေး၊ ဇာတိမာန်မပျောက်အောင်၊ အမျိုးသားရည်မှန်းချက်တွေကို ကိန်းဝပ်အောင်၊ ဆွေးနွေးပေး စေခဲ့ခြင်းသည်ပင်လျှင် . . ကျွန်တော်ထင်တယ် . . . တာဝန်တစ်ခုဖြစ်ပါတယ်။ အလွန့်အလွန် တာဝန်ကျေ ကြပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီများက ပုဂ္ဂိုလ်တွေကလည်း စာရေးဆရာကြီးတွေ ခုလိုစီစဉ်တဲ့ စာပေဟောပြောပွဲတွေကို စီစဉ်တဲ့ပုဂ္ဂိုလ်တွေကို အမြဲတမ်းအားပေးပါတယ်။ လေးစားပါ တယ်။ ဒီလိုပဲ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ စာရေးဆရာတွေကို၊ အခုလိုစီစဉ်တဲ့ ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်မယ်လို့ ထင်ပါတယ်။ ဒါသည် အမျိုးသား ပန်းတိုင်တစ်ခုကို ရောက်အောင် နိုင်ငံရေးအရ ဆောင်ရွက်နေခြင်းဖြစ်တယ် လို့ ကျွန်တော်တို့ နားလည် ပါတယ်။

ဒါကြောင့် ချုံ့လိုက်ရရင် . . . ကျွန်တော်တို့အားလုံး ရင်ထဲတွင် နှစ်ပေါင်း (၂၃၃)နှစ် . . . နောက်နှစ် ဆိုရင် (၂၃၄)နှစ် . . . ဒီလိုမျိူး အခမ်းအနားတွေကို ရောက်တိုင်း ရောက်တိုင်းမှာ ကျွန်တော်တို့၏ တာဝန်၊ ကျွန်တော်တို့၏ပန်းတိုင်၊ ရည်မှန်းချက်ကို ရင်ထဲမှာ . . . အားလုံးသူတို့၏ ရင်ထဲမှာ . . . စွဲငြိသွားစေ အောင် မှတ်မိသွားအောင် ဒီလိုဟောပြောပွဲတွေက သင်ခန်းစာကို ရယူသွားနိုင်ခဲ့တယ်ဆိုရင် . . . စီစဉ်တဲ့ ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက် အောင်မြင်တယ် လို့ ကျွန်တော်ယုံပါတယ်။

ဒါကြောင့် နောင်နှစ်များတွင်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ကျင်းပပေးကြပါ။ ရသေ့တောင်မြို့မှာ မဟုတ်ဘဲနဲ့ . . . ဗဟိုပြုနိုင်လောက်တဲ့ ကျေးလက် တိုက်နယ်တွေမှာ သွားပြီး ကျင်းပပေး စေလိုပါတယ်။ ဒီလို ကျွန်တော်တို့ မြို့တိုင်းမြို့တိုင်းမှာ ယနေ့လို အခမ်းအနားများကို ကျင်းပပေးခြင်းဖြင့် ကျွန်တော်တို့ တစ်မျိုးသားလုံးထားအပ်သည့် ပန်းတိုင်ရည်မှန်းချက်ကဘာလဲ၊ ဘယ်လောက်ထိ ကျားကုပ် ကျားခဲ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့ အသိတွေကို ဖလှယ်နိုင်မယ် လို့ ယုံပါတယ်။

အားလုံးကို ချုံ့ကြည့်ရရင် . . . ကျွန်တော်တို့ကလည်း . . . ရှင်ဘုရင်ခေတ်က ဖြစ်ပျက်လာတဲ့ အကြောင်း အရာတွေကို စီကာပတ်ကုံးတော့ မပြောတော့ပါ။ ဖြစ်ပျက်မှု များကတော့ သမိုင်းမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရှေ့ဆက်သွား တဲ့အခါမှာ- ကျွန်တော်တို့ချီတက်တဲ့ ခရီးလမ်းကြောင်းမှာ အတတ်နိုင် ဆုံး တတပ်တအား အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါပေးကြရန် မေတ္တာရပ်ခံပါတယ်။ အထူးသဖြင့် ကျေးလက် ပြည်သူတွေကို ပိုပြီး မေတ္တာရပ် ခံလိုပါတယ်။ တကူူးတက အချိန်ကုန် ငွေပန်းလူပန်းပြီး ဒီမှာ လာပြီး နားထောင်၊ ကိုယ့်ရပ်ရွာ ရောက်တဲ့အခါ ပြန်ပြီး သက်ဆိုင်တဲ့နေရာတွေမှာ ကိုယ့်လူတွေကို ပြန်ပြောပြ စေချင်ပါတယ်။

ကျွန်တော်တို့ တစ်ပြည်လုံး လှည်းနေလှေအောင်း အားလုံးမကျန် အမျိုးသားရေးစိတ်ဓါတ်ရှိ နေမှ ကျွန်တော်တို့ရဲ့ လက်ရှိ အကျဉ်းကျပ်အတွင်းကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ ပြန်တွေးကြည့်ရင် . . . ဦးဝေဟင်အောင် ပြောခဲ့တဲ့အတိုင်းပါပဲ၊ အရှေ့ဖက်က ဖြစ်လာတဲ့ဖိအား၊ အနောက်ဖက်က ဖိလာတဲ့ ဖိအား ကြားမှာ . . . ကျွန်တော်တို့ အကျဉ်းအကျပ်ကြားထဲမှာ ရောက်နေပါတယ်။

ဒါကြောင့် ဒီအချိန်ဒီကာလမှာ ကျွန်တော်တို့ ကျောချင်းကပ်ပြီး နိုင်ငံရေးအသိရှိရှိနဲ့ ကျွန်တော်တို့ သမိုင်းထဲမှာ ဝဲလည်လည်မဖြစ်ဘဲ နဲ့ နည်းပေါင်းစုံနဲ့ ပြန်ပြီးတော့ ကိုယ့်ပြည် ကိုယ့်ဒေသကို ပြန်လည်ဆောက်ရမယ့်ကာလဖြစ်တယ်ဆိုတဲ့ သတိပေးချက်တစ်ခုကိုတော့ခါ ကျွန်တော် ပြန်ပြီးတော့ တင်ပြလို ပါတယ်။

ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တင်ပြတဲ့အပိုင်းက ဒီလောက်ဆိုရင် ကျဉ်းကျဉ်းကလေးနဲ့ လိုရင်းကို ကျွန်တော်တင်ပြခြင်းဖြစ်တဲ့အတွက် . . . ဒီလောက်ပဲ တင်ပြခဲ့တာကိုခွင့်လွှတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ အားလုံး တော်လှန်ရေး သတိနဲ့ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပန်းတိုင် ရည်မှန်းချက်ကို ပေါက်မြောက်အောင် တာဝန်တစ်ခုအဖြစ် ဆက်လက်ပြီးတော့ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးကြပါလို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

==============================

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s