တသီးပုဂ္ဂလ အမတ်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စု ရွေး/ကော် သို့ တင်ပြခြင်း

တသီးပုဂၢလ လႊတ္​​ေတာ္​ကိုယ္​စားလွယ္​အျဖစ္​ သတ္​မွတ္​​ေၾကျငာ​ေပးပါရန္​ ျပည္​​ေထာင္​စု​ေ႐ြး​ေကာက္​ပြဲ​ေကာ္​မရွင္​သို႔ တင္​ျပျခင္​း

=========

သို႔ ဥကၠ႒ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ေနျပည္ေတာ္

ရက္စြဲ။ ။ ၂၀၁၈-ခုႏွစ္ ဇြန္န၀ါရီလ (၂၂) ရက္

အေၾကာင္းအရာ။ တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ သတ္မွတ္ေၾကျငာ ေပးပါရန္ တင္ျပျခင္း။

၁။ အထက္ေဖာ္ျပပါအေၾကာင္းအရာႏွင့္ ပတ္သက္၍ ကြၽန္ေတာ္ ဦးေက်ာ္ေဇာဦးသည္ ၂၀၁၅-ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ၌ တသီးပုဂၢလ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အျဖစ္ ၀င္ေရာက္ ယွဥ္ၿပိဳင္ကာ အႏိုင္ရခဲ့ပါသည္။

၂။ ထိုကဲ့သို႔ ေရြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ ရခိုင္အမ်ိဳးသားပါတီ၏ ရည္ရြယ္ခ်က္၊ လုပ္ငန္းစဥ္မ်ားကို မိမိအေနျဖင့္ ယံုၾကည္လက္ခံႏိုင္ေၾကာင္း ထိုစဥ္က ေတြ႕ရသျဖင့္ ရခုိင္ အမ်ိဳးသားပါတီ၀င္အျဖစ္ ၀င္ေရာက္လုပ္ကိုင္ခဲ့ပါသည္။

၃။ သို႔ရာတြင္ ႏွစ္ႏွစ္ခန္႔အၾကာ၌ ပါတီတြင္းလုပ္ကိုင္ေဆာင္ရြက္မ်ားအေပၚ သေဘာထား ကြဲလြဲမႈမ်ားရွိလာၾကသည့္အျပင္ ပါတီ၏လမ္းစဥ္အေပၚ ယံုၾကည္မႈမရွိေတာ့ပါသျဖင့္ ၂၀၁၇-ခုႏွစ္ ဒီဇင္ဘာလ (၄) ရက္ေန႔တြင္ ရခိုင္အမ်ိဳးသားပါတီ၀င္အျဖစ္မွ ႏႈတ္ထြက္ခြင့္ျပဳပါရန္ ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မီတီထံ မိမိ၏ ႏႈတ္ထြက္စာ ေပးပို႔တင္ျပ အေၾကာင္းၾကားလ်က္ ႏႈတ္ထြက္ခဲ့ပါသည္။

၄။ ရခုိင္အမ်ိဳးသားပါတီ ဖြဲ႕စည္းပံုစည္းမ်ဥ္း ပုဒ္မ-၆၅ တြင္ ပါတီမွ ႏႈတ္ထြက္ျခင္းႏွင့္ ပတ္သက္္္၍ “ပါတီ၀င္တစ္ဦးသည္ ပါတီ၀င္ (သို႔မဟုတ္) ပါတီအဖြဲ႕အစည္း၀င္ အျဖစ္မွ မိမိဆႏၵ အေလ်ာက္ အခ်ိန္မေရြးႏႈတ္ထြက္ခြင့္ရွိသည္။ သို႔ရာတြင္ ပါတီ၀င္ျဖစ္စဥ္ တစ္စံုတရာ ရွင္းလင္း ရန္ရွိပါက ထိုကိစၥ ရွင္းလင္းၿပီးမွသာလွ်င္ ႏႈတ္ထြက္ခြင့္ျပဳႏိုင္သည္။ ဤကိစၥကိုလည္း ပါတီဗဟို အလုပ္အမႈေဆာင္ေကာ္မီတီက အၿပီးအျပတ္ ဆံုးျဖတ္ရမည္” ဟု ျပ႒ာန္းထားပါသည္။

၅။ မိမိ ႏႈတ္ထြက္စာတင္ၿပီးေနာက္ တစ္လအၾကာ ဇြန္န၀ါရီလ (၄) (၅) (၆) (၇) ရက္ေန႔မ်ား၌ ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မီတီ အစည္းအေ၀း က်င္းပခဲ့ပါသည္။ မိမိမွာ ပါတီကိုယ္စားျပဳယွဥ္ၿပိဳင္အႏိုင္ရခဲ့သူမဟုတ္ဘဲ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း အျဖစ္ ယွဥ္ၿပိဳင္အႏိုင္ရခဲ့သူ ျဖစ္သည့္အျပင္ ပါတီတြင္းရွင္းလင္းစရာကိစၥမ်ား လံုး၀မရွိေနသည့္အတြက္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံုအေျခခံဥပေဒပါ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးဆိုင္ရာ ျပ႒ာန္းထားခ်က္မ်ားႏွင့္အညီ ကြၽန္ေတာ့္အား ရခိုင္အမ်ိဳးသားပါတီ၀င္ အျဖစ္မွ နႈတ္ထြက္ခြင့္ေပးၿပီး ျဖစ္သည္ ဟု ကြၽန္ေတာ္ ယံုၾကည္ပါသည္။

၆။ သို႔ျဖစ္ပါ၍ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) ကိုယ္စားျပဳ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ကြၽန္ေတာ္ ဦးေက်ာ္ေဇာဦးအား တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ သတ္မွတ္ေၾကျငာေပးပါရန္ တင္ျပအေၾကာင္းၾကားအပ္ပါသည္။

၇။ ၂၀၁၇ ဒီဇင္ဘာလ (၄) ရက္ေန႔ ရက္စြဲပါ မိမိ၏ ႏႈတ္ထြက္လႊာမိတၠဴကိုလည္း ပူးတြဲ တင္ျပအပ္ပါသည္။

ေလးစားစြာျဖင့္ –

ဦးေက်ာ္ေဇာဦး ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)

မိတၲဴကို –

၁။ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ၊ စစ္ေတြၿမိဳ႕။ ၂။ စစ္ေတြခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ၊ စစ္ေတြၿမိဳ႕။ ၃။ စစ္ေတြၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ၊ စစ္ေတြၿမိဳ႕။ ၄။ အမ်ားျပည္သူ ေၾကျငာသင္ပုန္း ၅။ လက္ခံ

တသီးပုဂၢလ အမတ္အျဖစ္​ သတ္​မွတ္​​ေပးရန္​ ျပည္​​ေထာင္​စု ေ႐ြး​/ေကာ္​ သို႔ တင္​ျပျခင္​း

[ Unicode version here ]

သို့ ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်

ရက်စွဲ။ ။ ၂၀၁၈-ခုနှစ် ဇွန်နဝါရီလ (၂၂) ရက်

အကြောင်းအရာ။ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေငြာ ပေးပါရန် တင်ပြခြင်း။

၁။ အထက်ဖော်ပြပါအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော် ဦးကျော်ဇောဦးသည် ၂၀၁၅-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ၌ တသီးပုဂ္ဂလ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပါသည်။

၂။ ထိုကဲ့သို့ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ရခိုင်အမျိုးသားပါတီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို မိမိအနေဖြင့် ယုံကြည်လက်ခံနိုင်ကြောင်း ထိုစဉ်က တွေ့ရသဖြင့် ရခိုင် အမျိုးသားပါတီဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။

၃။ သို့ရာတွင် နှစ်နှစ်ခန့်အကြာ၌ ပါတီတွင်းလုပ်ကိုင်ဆောင်ရွက်များအပေါ် သဘောထား ကွဲလွဲမှုများရှိလာကြသည့်အပြင် ပါတီ၏လမ်းစဉ်အပေါ် ယုံကြည်မှုမရှိတော့ပါသဖြင့် ၂၀၁၇-ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရခိုင်အမျိုးသားပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုပါရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီထံ မိမိ၏ နှုတ်ထွက်စာ ပေးပို့တင်ပြ အကြောင်းကြားလျက် နှုတ်ထွက်ခဲ့ပါသည်။

၄။ ရခိုင်အမျိုးသားပါတီ ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ-၆၅ တွင် ပါတီမှ နှုတ်ထွက်ခြင်းနှင့် ပတ်သက်််၍ “ပါတီဝင်တစ်ဦးသည် ပါတီဝင် (သို့မဟုတ်) ပါတီအဖွဲ့အစည်းဝင် အဖြစ်မှ မိမိဆန္ဒ အလျောက် အချိန်မရွေးနှုတ်ထွက်ခွင့်ရှိသည်။ သို့ရာတွင် ပါတီဝင်ဖြစ်စဉ် တစ်စုံတရာ ရှင်းလင်း ရန်ရှိပါက ထိုကိစ္စ ရှင်းလင်းပြီးမှသာလျှင် နှုတ်ထွက်ခွင့်ပြုနိုင်သည်။ ဤကိစ္စကိုလည်း ပါတီဗဟို အလုပ်အမှုဆောင်ကော်မီတီက အပြီးအပြတ် ဆုံးဖြတ်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

၅။ မိမိ နှုတ်ထွက်စာတင်ပြီးနောက် တစ်လအကြာ ဇွန်နဝါရီလ (၄) (၅) (၆) (၇) ရက်နေ့များ၌ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်းအဝေး ကျင်းပခဲ့ပါသည်။ မိမိမှာ ပါတီကိုယ်စားပြုယှဉ်ပြိုင်အနိုင်ရခဲ့သူမဟုတ်ဘဲ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်သည့်အပြင် ပါတီတွင်းရှင်းလင်းစရာကိစ္စများ လုံးဝမရှိနေသည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းထားချက်များနှင့်အညီ ကျွန်တော့်အား ရခိုင်အမျိုးသားပါတီဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပေးပြီး ဖြစ်သည် ဟု ကျွန်တော် ယုံကြည်ပါသည်။

၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားပြု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျွန်တော် ဦးကျော်ဇောဦးအား တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေငြာပေးပါရန် တင်ပြအကြောင်းကြားအပ်ပါသည်။

၇။ ၂၀၁၇ ဒီဇင်ဘာလ (၄) ရက်နေ့ ရက်စွဲပါ မိမိ၏ နှုတ်ထွက်လွှာမိတ္ကူကိုလည်း ပူးတွဲ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့် –

ဦးကျော်ဇောဦး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)

မိတ္တူကို –

၁။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ စစ်တွေမြို့။ ၂။ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ စစ်တွေမြို့။ ၃။ စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ စစ်တွေမြို့။ ၄။ အများပြည်သူ ကြေငြာသင်ပုန်း ၅။ လက်ခံ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s