ဦးကျော်ဇောဦး၏ ရခိုင်အမျိုးသားနိ့ ဟောပြောချက် (၂၀၁၈ မေလ ၃၀ ရက်)


ပြီးခဲ့သော ၂၀၁၈ မေလ (၃၀) ရက်နေ့ ညပိုင်း ဘူးသီးတောင်မြို့ ဘောလုံးကွင်း၌ ကျင်းပခဲ့သည့် ရခိုင်အမျိုးသားနိ့ အခမ်းအနားတွင် ကျွန်တော် တက်ရောက်ဟောပြောခဲ့ပါသည်။ ဟောပြောချက် ကို အနှစ်ချုပ်ပြောရမည်ဆိုလျှင် –

၁။ အမျိုးသားနိုင်ငံအဆင့်ကို တည်ထောင်နိုင်သည့် လူမျိုးအဖွဲ့အစည်းတို့ nation တို့အနေဖြင့် အမျိုးသားနေ့ကို ကျင်းပကြခြင်း အကြောင်း၊

၂။ nation သို့မဟုတ် patrie ဟု ဆိုသည့် အဖတိုင်းပြည်တို့မည်သည်မှာ (၁) အတိတ်၏ အမွေအနှစ် နှင့် (၂) ပစ္စုပန်တွင် အတူရပ်တည်ကြရန် သဘောတူညီမှု (consent) တို့ပါဝင်သော ညီညွတ်သော စိတ်နှလုံးဖြင့် စုစည်းတည်ရှိနေခြင်းအကြောင်း၊

၃။ ရည်မှန်းချက်၊ လူထုထောက်ခံမှု နှင့် စည်းကမ်းတို့သည် အောင်မြင်မှုအတွက် မလွဲမသွေ လိုအပ်ချက်များ ဖြစ်သည့်အကြောင်း၊

၄။ လူထုချီတက်ပွဲများတွင် သီဆိုလေ့ရှိကြသည့် We shall overcome သီချင်း။ အနာဂတ် တစ်ချိန်ချိန်တွင် သေချာပေါက်ကျော်လွှားအောင်မြင်နိုင်ကြဖို့ရာ ယနေ့ယခု မကြောက်ရွံ့ဖို့ လိုအပ်သည့်အကြောင်း၊

၅။ အကျဉ်းစံ ဒေါက်တာအေးမောင်အား ဤဟောပြောချက်ဖြင့် ဂုဏ်ပြုသည် ဆိုသည့် အကြောင်း . . . တို့ကို ဟောပြောခဲ့ပါသည်။

ဟောပြောချက် အပြည့်အစုံကို အောက်တွင် စာသားဖြင့် ဖော်ပြထားပြီး၊ တွဲဖက်ပါ video clip ကိုလည်း နားဆင်နိုင်ပါသည်။

မူရင်​း ဗီဒီယို ရိုက်​ကူးကူးသူ – Khin Mgshwe
ကြာမြင်​့ချိန်​ – ၂၅:၂၉ မိနစ်​


(oration delivered by Kyaw Zaw Oo at Buthidaung Football Stadium on Arakan National Day 30 May 2018)

အားလုံး မင်္ဂလာပါ။

ဒေဂနိန့်ကျရောက်တေ ငါးနှစ်မြောက် ရခိုင်အမျိုးသားနိ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက် လာကတ်သော ဘူးသီးတောင်မြို့သူမြို့သားများအားလုံးကို လေးစားကြောင်း ပဏာမပြောကြားလိုပါရေ။ . . . ကျွန်တော် ကျော်ဇောဦးပါ။

ရခိုင်အမျိုးသားနိအခမ်းအနားမှာ ရခိုင်အမျိုးသားနိ့နန့်ပတ်သက်လို့ တစုံတရာ ဟောပြောဖို့ ဖိတ်ကြား ရေအတွက်နန့် ကျွန်တော် မပျက်မကွက်လာပါရေ။ ယကေလေ့သော့ မုန်တိုင်းနန့် မိုးသက်လီပြင်းနန့် အခက်အခဲတိကြားမှာ ဖြစ်လားခရေကြားထဲက မဖြစ်နန့်အဖြစ် ကျွန်တော့်ကိုလာခေါ်ကတ်တေ။ ကျွန်တော်ကလည်း မဖြစ်မနီလာပါရေ။ ဟောပြောချက်ကတော့ခါ ရာသီဥတုကလည်း တိမ်တိဆိုင်းလာရေအတွက်နန့် အချိန်ကောင်းကောင်း မယူဘဲနန့် အတိုချေရာပြောလားပါဖို့။ ယကေလေ့သော့ အမှားအယွင်းနည်းအောင် ကျွန်တော်က ဖြဖြေးချေ ပြောလားဖို့ စိုင်းစားထားပါရေ။

ရခိုင်လူမျိုးရို့၏ ရခိုင်အမျိုးသားနိန့်ကို လွန်ခရေ ငါးနှစ်ကျော်ကာလ ကျောက်ဖြူမှာ ကျင်းပခရေ ရခိုင်အမျိုးသားညီလာခံမှာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက လွှတ်လိုက်တေ ကိုယ်စားလှယ်အဖွဲ့တိ အသေအချာ ဆွေးနွေးကတ်ပြီးကေ ဓညဝတီခေတ် ရခိုင်ပြည်မှာ မြတ်စွာဘုရားရှင်၏ ရုပ်ပွားတော်ကို သွန်းလောင်း ပြီးစီးေသော နိန့် ကဆုန်လပြည့်ကျော် တစ်ရက်နိန့်ကို ရခိုင်အမျိုးသားနိန့် အဖြစ်သတ်မှတ်ဖို့ အများ သဘောတူ ဆုံးဖြတ်ခကတ်ပါရေ။ ယင်းအခါကပင် နှစ်စိုင်နှစ်တိုင်း ကဆုန်လပြည့်ကျော် တစ်ရက်နိန့် ရောက် တိုင်း ရခိုင်ပြည် မြို့နယ်အသီးသီးနန့် ကမ္ဘာအရပ်ရပ်က ရခိုင်လူမျိုးအစုအဖွဲ့တိစွာ ရခိုင် အမျိုးသားနိန့်ကို ကျင်းပခကတ်စွာ ဖြစ်ပါရေ။

ဒေဂနိန့် ကျွန်တော်ဆွေးနွေးချင်စွာ အကြောင်းအရာက အမျိုးသားနိန့်ဆိုစွာရေ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် ဇာအဓိပ္ပါယ်ကိုဆောင်လေဆိုစွာကို ဆွေးနွေးလားဖို့ဖြစ်ပါရေ။ တစ်ခါတည်းနန့် သက်ရောက် အဓိပ္ပါယ်ကတော့ခါ အထူးသဖြင့် ရခိုင်လူ့အဖွဲ့အစည်းအတွက်ကား ရခိုင်အမျိုးသားနိ့ ဆိုစွာ ဇာအဓိပ္ပါယ်ကို ဆောင်လေး ဆိုစွာကို တခါတည်း သက်ရောက်အဓိပ္ပါယ်ရလားဖို့ ဖြစ်ပါရေ။.

အမျိုးသားနိ့ ဆိုစွာကို အင်္ဂလိပ်ပိုင် ပြောကေ National Day လို့ ဆိုပါရေ။ ရခိုင်အမျိုးသားနိ့ ဆိုကေ Arakan National Day ဖြစ်ပါဖို့။

National Day ဆိုစွာရေ Nation (N-A-T-I-O-N) ဆိုစွာကို အထိမ်းအမှတ်ပြုလို့ ကျင်းပကတ်စွာဖြစ်ပါရေ။ Nation ဆိုစွာက နိုင်ငံတည်းဟူသော အစုအဖွဲ့ (သို့မဟုတ်) အမျိုးသားနိုင်ငံကို ဆိုလိုခြင်း ဖြစ်ပါရေ။ ကမ္ဘာအရပ်ရပ်မှာ National Day ကို ကျင်းပကတ်သော လူ့အဖွဲ့အစည်းအသီးသီးရို့ရေ မိမိရို့၏ လက်ရှိနိုင်ငံကို တည်ထောင်ကတ်ရာမှာ အရေးကြီးရေ အဖြစ်အပျက်တစ်ခုခုဖြစ်ပျက်ခရေ နိန့်ရက် ကို အမျိုးသားနိ့အဖြစ် ကျင်းပတတ်ကတ်ပါရေ။ သို့တည်းမဟုတ် မိမိရို့အမျိုးသားနိုင်ငံ၏ အချုပ်အချာအာဏာ ဆုံးရှုံးလားခရရေ နိန့်ကို လေ့သော့ အမျိုးသားနိ့အဖြစ် ကျင်းပတတ်ကတ်ပါရေ။

ဥပမာအားဖြင့် မြန်မာရို့မှာဆိုကေ အင်္ဂလိပ်တိက ကိုလိုနီအဖြစ် အုပ်ချုပ်နီစိုင်ကာလမှာ – အင်္ဂလိပ်ရို့၏ ကျွန်ပညာရေးစနစ်ကို ကန့်ကွက်တေ ဆိုပြီးကေ ရန်ကုန်တက္ကသိုလ် ကျောင်းသားတိနန့် ဂျပ်ဆင်ကောလိပ်ကျောင်းသားတိက ပညာရေးဥပဒေကို ကန့်ကွက်သပိတ် စတင်ဆင်နွှဲရေနိန့်၊ ယင်းနိန့်ကို မြန်မာရို့၏အမျိုးသားနိန့်အဖြစ် သတ်မှတ်ကတ်ပါရေ။ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြေသည် ဒို့ပြေ ဆိုရေ ကြွေးကြော်သံတိနန့် ထိုအခါက လှုပ်ရှားလာကတ်တေ လှုပ်ရှားမှုကနိန် စတင်ပြီးကေ ၁၉၄၈-ခုနှစ် မြန်မာပြေလွတ်လပ်ရေး ရရေအထိ ဖြစ်လားခပါရေ။ ယင်းအတွက်နန့် ကျောင်းသားသပိတ်စခရေ တန်းဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နိန့်ကို မြန်မာရို့၏ အမျိုးသားနိန့် အဖြစ် ကျင်းပကတ် ပါရေ။

ဒေနိန်ရာမှာ Natiional Day နန့်ပတ်သက်လို့ Nation ဆိုစွာကို ဆက်စပ်ဆွေးနွေးဖို့ လိုပါရေ။ Nation (အမျိုးသားနိုင်ငံ) ဆိုစွာကို ပြင်သစ်စကားလုံး တစ်လုံးနဲ့ ဘာသာပြန်လို့ ပြောရဖို့ဆိုကေ P-A-T-R-I-E (Patrie) လို့ ဆိုပါရေ။ အင်္ဂလိပ်မှာ Patriot ဆိုကေ မျိုးချစ် ဆိုစွာယင်းစကားလုံးကလာစွာ ဖြစ်ပါရေ။ အင်္ဂလိပ်မှာ Nation လို့ ဆိုစွာကို ပြင်သစ်မှာ ဇာခေါ်လေး ဆိုကေ Patrie လို့ခေါ်ပါရေ။ အင်္ဂလိပ်မှာ fatherland လို့ပင်ခေါ်ခေါ် motherland လို့ပဲ ခေါ်ခေါ် homeland လို့ပဲခေါ်ခေါ် ယင်းစကားလုံးသုံးလုံးကို ပြင်သစ်စကားလုံးပြန်လိုက်ကေ Patrie လို့ အဓိပ္ပါယ်ရပါရေ။ ရခိုင်ဘာသာစကားနန့် ပြန်လိုက်ကေ အဖရခိုင်ပြည်လို့ ဆိုလိုရေသဘော . . . မြန်မာဘာသာစကားနန့်ပြန်လိုက်ကေ အမိမြန်မာနိုင်ငံ ဆိုရေသဘော ကို ဆိုလိုပါရေ။

ဆက်ပြောရဖို့ဆိုကေ Patrie ဆိုစွာရေ ငါရို့ပြေ ငါရို့ nation လို့ ဆိုလိုစွာ ဖြစ်ပါရေ။ ငါရို့ပြေ ငါရို့ nation လို့ဆိုရေ အဖပြည်လူ့အဖွဲ့အစည်းရေ လက်ရှိမှာ အချုပ်အချာအာဏာပိုင်ရေ နိုင်ငံတစ်ခုခု ဖြစ်ချင်ဖြစ်ဖို့ မဖြစ်ချင်ကေလေ့ မဖြစ်။ ဥပမာအားဖြင့် – စပိန်နိုင်ငံထဲက Catalonia နယ်သားတိ၏ အမျိုးသားနိ့စွာ ဇာနိန့်လေးဆိုကေ . . . လွန်ခရေ နှစ်ပေါင်းသုံးရာကျော်က ကတ်တလိုးနီးယား ၏ မြို့တော် ဘာစီလိုးနားမြို့ ကျဆုံးလားခရေ နိ့ (စက်တင်ဘာလ ၁၁ ရက်နိ့) ကို ကတ်တလန် အမျိုးသားရို့၏ အမျိုးသားနိ့ အဖြစ် သတ်မှတ်ပြီးကေ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းပိုင်အားဖြင့် ကတ်တလန်သားရို့ရေ ကိုယ်ရို့ကို ကိုယ်ရို့ နိုင်ငံတစ်ခု အနိန်နန့် ရပ်တည်ခရေ ဆိုစွာကို အစိုင်အမြဲ မမိန့်မလျော့ အေနိ့ထက်ထိ ရှိကတ်ပါရေ။ ၂၀၁၇-ခုနှစ်ကဆိုကေ နိုင်ငံအဆင့်ကို ပြန်လည် ခွဲထွက် ရပ်တည်နိုင်ကတ်ဖို့စွာကို ဆန္ဒခံယူပွဲကျင်းပကတ်ပြီးကေ အားထုတ်ကတ်တေ။ စပိန်နိုင်ငံ ဗဟိုအစိုးရက အေနိန့်ထက်ထိ ဖြိုခွင်းနှိပ်ကွပ်တေအတွက်နန့် အေနိ့ထက်ထိတော့ မအောင်မြင် ကတ် ပါသိမ့်။ သို့သော် ကိုယ်ရို့ကို ကိုယ်ရို့ အမျိုးသားလူမျိုးတစ်မျိုး patrie တစ်ခု တိုင်းပြည် တပြည် လို့ ကတ်တလန်အမျိုးသားရို့ အားလုံး ၏ ရင်ထဲမှာ သတ်မှတ်ထားကတ်တေ။ ယင်းပိုင် ကိုယ့်ကိုကိုယ် မသတ်မှတ်တေ နိ့စွာ ယင်းလူမျိုး ပျောက်ကွယ်လားရေနိန့် . . . ယင်း လူမျိုးရေ လူမျိုးအဖြစ်ကရပ်တန့်လားရေနိ့ ဖြစ်ပါရေ။

တခါက ကျွန်တော်စွာ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်ထဲက ကျေးရွာတရွာမှာ ဗမာစကားပြောသော ရိုးသားသော တောင်သူလယ်သမားမိသားစု တစုနန့် စကားစမြည် ထိုင်ပြောနိန်ခဖူးရေ။ ဘကြီးရို့စွာ ဇာလူမျိုးလေး လို့ ကျွန်တော်က မိန်းပါရေ။ ယကေ ဘကြီးရို့စွာ ဗမာလူမျိုးပါလတ်၊ သူရို့ကဖြေပါရေ။ ယကေ ကျွန်တော်ကဆက်လို့ မိန်းပါရေ၊ ဘကြီးရို့ရေ ဘကြီးရို့ အဖိုးအဖီး အဇူအစိုင်တိစွာ တခြားတရပ်တကျေးကနိန်ပြီးကေ အေမဒို့ ပြောင်းလာကတ်စွာထင်ပါရေ လို့ ကျွန်တော်ကမိန်းပါရေ။ ယကေ ယင်းလူကြီးက ကျွန်တော့်ကို ဇာဖြေလေးဆိုကေ . . . မဟုတ်လတ်၊ ငါရို့ အဖိုးအဖီးအဇူအစိုင် အစိုင်အဆက် ဒေအမှာနီ ပြီးကေ အေမာကြီးပြင်းကတ်စွာ၊ အေနိန့်ထက်ထိ ငါရို့စွာ ယင်းမာက ဆင်းသက်လာစွာ ဖြစ်တေလို့ ဖြေပါရေ။ နှစ်ရာချီလို့ရာ ဝီးကွာခရေအချိန် ကောင်းကောင်းမဝီးသိရေအချိန် . . . နှစ်ရာချီလို့ ဝီးကွာခရေ အချိန်တချိန်က ယင်းနိန်ရာ (ဥက္ကံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်အပါအဝင် အောက်မြန်မာနိုင်ငံတခွင်လုံး) စွာ . . . မွန်ပြည်ဆိုစွာကို အေနိန့်အေချိန်ခါမှာ တယောက်လေးမသိလိုက်ကတ်ပါဗျာလ်။ သူရို့လေး . . . ဒေနိန့်ဒေလူတိလေး မသိလိုက်ကတ်ပါဗျာလ်။ မွန်လူမျိုးတိ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်ခံရစွာတိကို ဒေလူတိ မသိလိုက်ဗျာလ်။ အေလူတိ အေနိန့်မသိလိုက်ကတ်ပါဗျာလ်။ မွန်ဘုန်းကြီးတိ အစုလိုက် အပြုံလိုက် အသတ်ခံခရဖူးရေ ဆိုစွာကိုလေး အေနိန့် အေလူတိ မသိလိုက်ပါဗျာလ်။ ယင်းပိုင် မသိခြင်းနှင့်အတူ မွန်လူမျိုး မွန်နိုင်ငံတည်ရှိခြင်းသည်လည်း ရပ်စဲလားပါရေ။ ဇာလောက်အထိ အခြေအနီဆိုးလားခလေးဆိုကေ ရှေးယခင်ကမွန်ရို့တိုင်းပြည်မှာ ပါဝင်ခရေ ဒေကနိန့် ရန်ကုန်တိုင်းဒေသကြီး လို့ခေါ်သော နယ်မြေမှာ မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တစ်ဦး အရွီးခံနိုင်ဖို့အတွက် မွန်လူမျိုး ငါးသောင်းလိုပါရေ။ ယင်းပိုင် ငါရို့ရေ မွန်လူမျိုးဖြစ်ပါရေ လို့ နာမေခံဖို့လူ ငါးသောင်းတောင် မရှိလိုက်ပါယာ။ ယင်းတွက်နန့် ယင်းဒေသ ရန်ကုန်တိုင်းဒေသကြီးမှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာကို မရကတ်ပါ။ မွန်နိုင်ငံကို ပြန်ရဖို့ဆိုစွာ ကောင်းကောင်း အဝီးကြီး ပါသိ။

ကိုယ့်လူမျိုး ကိုယ့်နိုင်ငံလို့ဆိုရေ Nation သို့မဟုတ် Patrie လို့ ကိုယ့်ကိုယ်ကို ခံယူဖို့အတွက် မိမိရို့၏ စုပေါင်းအတိတ်လို့ဆိုရေ မိမိရို့၏ သမိုင်းကို မမိန့်မလျော့ရှိလျက် လူမျိုးနဲ့ နယ်မြေကို ကိုင်စွဲထားနိုင်ဖို့ အလွန်အရေးကြီးပါရေ။ ဇာဖြစ်လို့လေးဆိုကေ အချုပ်အချာအာဏာကို ပိုင်သည်ဖြစ်စေ မပိုင်သည် ဖြစ်စေ နိုင်ငံအဆင့်ကိုတည်ထောင်နိုင်သော လူမျိုးအစုအဖွဲ့၊ အခုနကပြောရေ nation လို့ ခေါ်ခေါ် Patrie လို့ပဲ ခေါ်ခေါ် မိမိရို့၏အမျိုးသားအစုအဖွဲ့ ဆိုစွာရေ ပေါင်းစည်းထားသော စိတ်နှလုံးသားနန့် ဖြစ်တည်စွာ ဖြစ်ပါရေ။ ယင်းပိုင် ပေါင်းစည်းထားသော စိတ်နှလုံးသားများနန့် စုဝေး ဖြစ်တည်နိုင်ဖို့ရာမှာ အချက်နှစ်ချက် လိုအပ်ပါရေ၊ အချက်နှသ်ချက်ပါ။ အပိုင်းနှစ်ပိုင်း ရှိပါရေ။ တပိုင်းက ဇာဆိုလေးဆိုကေ မိမိရို့၏ အတိတ်မှာတည်ရှိခရေ၊ နောက်တစ်ပိုင်းစွာ မိမိရို့၏ ပစ္စုပန်မှာ ရှိရေ။ ယင်းပိုင်အပိုင်းနှစ်ပိုင်း နန့် လူမျိုးတမျိုးရေ လက်ရှိအခြေအနေမှာ ရှိနိန်စွာ ဖြစ်ပါရေ။ တစ်ပိုင်းက မိမိရို့ရေ လူမျိုးတစ်မျိုးအနိန်နန့် အတိတ်က ကြီးကျယ်ခစွာကိုပါ မကြီးကျယ်ခစွာကိုပါ ရှုံးနိမ့်ပျက်စီး ခစွာကိုပါ အတိတ်က မှတ်မိစရာ အကြောင်းအချက်တိကို မိမိရို့ သမိုင်းအမွီအနှစ်အနိန်နန့် ရထားစွာ ဖြစ်ပြီးကေ၊ နောက်တစ်ပိုင်းမှာ . . . (ယင်းဟင့်ကတပိုင်း) . . . နောက်တပိုင်းက ဇာလေးဆိုကေ လက်ရှိအခြေအနေမှာ မိမိရို့ရေ လူမျိုးတစ်မျိုးအနိန်နန့် တစုတစည်းတည်းနိန်ကတ်ဖို့ ဆိုစွာ မိမိရို့၏ consent သဘောတူညီချက်ရှိရဖို့။ ယင်းနှစ်ချက်ပြည့်စုံကေ အေနိန့် အေအချိန်မှာ လူမျိုးတစ်မျိုးအနိန်နန့် တည်ရှိနိုင်ဖို့ ဖြစ်ပါရေ။ ယင်းတွက်နန့် တနည်းအားဖြင့် မိမိရို့၏ အမျိုးသား လူ့အဖွဲ့အစည်း တနည်းအားဖြင့် မိမိရို့မှာ ဆိုကေ အဖရခိုင်ပြေလို့ ခေါ်ကတ်တေ အမျိုးသား လူ့အဖွဲ့အစည်း၏ အနှစ်သာရက ဇာလေးဆိုကေ . . . ယင်းနှစ်ပိုင်း ယင်းနှစ်ပိုင်း ရှိနိန်သိလို့ အေကနိန် မိမိရို့ အမျိုးသားလူ့အဖွဲ့အစည်း ရှိနိန်စွာ ဖြစ်ပါရေ။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး သွန်းလောင်းပြီးစီးသော နိန့်ရက်ကို ရခိုင်အမျိုးသားနိန့် အဖြစ်သတ်မှတ်စွာ အင်မတန်မှ သင့်မြတ် လျော်ကန်ပါရေ။ တစ်အချက်က ဇာဖြစ်လို့လေးဆိုကေ “အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်ရာတည်း” လို့ ဆိုကတ်သော ရခိုင်ရို့၏ ဂုဏ်ရည်နှစ်ရပ်မှာ တရပ်က အမျိုးကိုစောင့်ဖို့၊ အမျိုးကို စောင့်ရုံမျှသာမဟုတ် သီလကိုပါစောင့်ရေ ဆိုရေ ဂုဏ်ပုဒ်ကိုပါ ထည့်ထားပါရေ၊ ဆိုကေ . . . ယင်းသီလကိုစောင့်ရေဆိုသော ဂုဏ်ပုဒ်ကို ထပ်ဆင့်အနက်အဓိပ္ပါယ်ကောက်ဖို့ဆိုကေ . . . ကျွန်တော်ရို့ ရခိုင်တိရေ ဗုဒ္ဓဘာသာဖြစ်ကတ်ကေ၊ အထူးသဖြင့် လွန်ခရေ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကပင် မြတ်စွာဘုရားရှင် လက်ထက်ကပင် ဗုဒ္ဓဘာသာဝင်တိဖြစ်ကတ်ကေ ဆိုရေအချက်ကို အလေးအနက် ဆိုလိုရင်း ဖြစ်ပါရေ။ နှစ်အချက်က ရခိုင်ရို့ရေ မဟာမုနိဘုရားကြီးကို ရခိုင်ရို့အချုပ်အချာအာဏာ၏ သင်္ကေတအဖြစ် မှတ်ယူကတ်ပါရေ။ ယင်းအချက်ကိုလည်း မမိန့်မလျော့ နှလုံးသားထဲမှာ အစိုင်အမြဲ အတွက်ကျ နိန်ဇီဖို့ အေအမျိုးသားနိ့က အထောက်အကူပြုပါလိမ့်မေ။

မိမိရို့၏ စုပေါင်းမှတ်ညာဏ်ထဲမှာ မိမိရို့အတိတ်က ပျော်ရွှင်သာယာခံစားခရရေ ကာလတိလည်း ရှိဖို့၊ မိမိရို့နာကျင်ခံစားခရရေ ကာလတိလေး ရှိပါဖို့။ ဥပမာအားဖြင့် လူမျိုးတုန်းသတ်ဖြတ်ခံရမှု၊ အချုပ်အချာအာဏာ ဆုံးရှုံးမှုရို့ရေ မမိန့်မလျော့ကောင်းသော ဖြစ်ရပ်တိဖြစ်ပါရေ။ မိမိရို့ ရခိုင်တည်းဟူသော မိမိရို့ အမျိုးသားအဖွဲ့အစည်းမှာရေ အတိတ်က ရွှေထီးဆောင်ခရေ ကာလတိ လည်းရှိဖို့၊ ယပြီးကေ မိမိရို့ အတိတ်မှာ ခါးသီးခံစားခရရေ ဒုက္ခရောက်ရရေ ကာလတိလည်း ရှိပါဖို့၊ မိမိရို့သမိုင်းမှာ ဟိပါဖို့။ ယင်းနှစ်မျိုးထဲမှာ မိမိရို့အတိတ်မှာ ခါးသီးခံစားခရသော ဒုက္ခရောက်ခရသော ကာလတိစွာ ဒုက္ခမရောက်တေကာလထက် ပိုကောင်းစွ တချက်ရှိရေ။ ဒုက္ခရောက်ခရသောကာလတိရေ ဇာဖြစ်စီလေးဆိုကေ ကျွန်တော်ရို့ကို ပိုပြီးကေ စုစည်းညီညွတ်စီပါရေ။ စည်းနှောင်မှုဖြစ်စီရေ၊ စုစည်းမှုဖြစ်စီရေ။ မိမိရို့၏အတိတ် မိမိရို့၏သမိုင်းမှာ ခါးသီးဒုက္ခ ခံစားဒုက္ခရောက်ကတ်ရရေ ကာလတိရှိခခြင်း “having suffered together” ဆိုစွာရေ . . . ပျော်ရွှင်ခရရေကာလတိထက် ကျွန်တော်ရို့ကို ပိုလို့ စုစည်းညီညွတ်စီပါရေ။ အမျိုးသားတစ်ရပ်လုံး နန့် သက်ဆိုင်ရေ မှတ်မိသတိရစရာတိနန့် ပတ်သက်လာကေ၊ ပူဆွေးသောကရောက်ခကတ်ရခြင်းတိရေ အောင်ပွဲရခကတ်ခြင်းတိ ထက်ပိုပြီးကေ တန်ဖိုးပိုရှိပါရေ။ ဇာဖြစ်လို့လေးဆိုကေ ယင်းပိုင် ပူဆွေးသောက ရောက်ကတ်ရရေ ကာလတိစွာရေ ကျွန်တော်ရို့ ပခုံးတိထက်ကို တာဝန်တိ ပီးအပ်ပါရေ။ ကျွန်တော်ရို့ကို လက်တွဲဆောင်ရွက်ရဖို့ တာဝန်တိချမှတ်ပီးပါရေ။ လက်တွဲကြိုးပမ်းကတ်ရဖို့ဆိုပြီးကေ မဖြစ်မနေဖြစ်လာစီပါရေ။ ရည်မှန်းအပ်ရာတိလေး ကျွန်တော်ရို့ဘားမှာ ရှိလာစီပါရေ။ ယင်း ရည်မှန်းချက်ကို လျှောက်လှမ်းရဖို့ဆိုစွာကိုလည်း ကျွန်တော်ရို့ အမျိုးသား အမျိုးသမီးတိကို သိမြင်စီပါရေ။

မိမိရို့အမျိုးသားအတွက် အလုပ်လုပ်လိုသော အဖွဲ့အစည်းတရပ်ရေ ထွန်းပေါက် ထိရောက်ဖို့အတွက် မဖြစ်မနေလိုအပ်ချက် သုံးခုရှိရေလို့ ခေါင်းဆောင်တိက ပြောကတ်စွာ ရှိပါရေ။ တစ်အချက် ရည်မှန်းချက်ရှိရဖို့၊ နှစ် လူထုထောက်ခံမှုရှိရဖို့၊ သုံး စည်းကမ်းရှိရဖို့ လို့ ပြောကတ်ပါ ရေ။

နံပါတ်တစ်၊ ရည်မှန်းချက် ရှိရဖို့။ အမျိုးသားတစ်ရပ်မှာ ရှိရဖို့ ရည်မှန်းချက်ဆိုစွာ ဇာလေးဆိုစွာ ကိုတော့ခါ အေမှာ မဆွေးနွေးပါဗျာလ်။ နောက်ဆက်တွဲ ဆက်စပ်စွာတစ်ခုကတော့ခါ ယင်းရည်မှန်းချက်ပန်းတိုင်ကို လားရာမှာ ဇာနည်းလမ်းတိနန့် လားရဖို့လေး။ ယင်းဟင့်ကိုလေး မဆွေးနွေးပါဗျာလ်။ ယကေ ယင်းရည်မှန်းချက်ပန်းတိုင်ကိုလားရာမှာ နည်းလမ်းနှစ်သွယ် ရှိရေလို့ . . . ပြောမိလားခကေလေး အေနိန့်အေအချိန်မှာ ကျပ်တည်းရေအတွက်နန့် ကျွန်တော်ရို့ ဒုက္ခရောက်လားနိုင်ပါရေ။ အရှည်တော့ မပြောပါဗျာလ်။

ယကေ . . . နံပါတ်နှစ်အချက်၊ လူထုထောက်ခံမှု။ လူထုထောက်ခံမှု လို့ဆိုစွာထက် လူထု၏ ပါဝင်ပတ်သက်မှု (involvement) ဆိုကေ ပိုလို့မှန်ကန်လေးနက်ပါရေ။ ဆိုလိုရေအချက်က လူထု၏ပါဝင်ပတ်သက်မှု (involvement) ပိုပြီးကေ မြင့်မားရပါဖို့။ ဥပမာအားဖြင့် ပြောဖို့ဆိုကေ – မြန်မာနိုင်ငံ၏ လွတ်လပ်ရေး မျိုးစိကို ချပီးစွာ ဆရာတော် ဦးဥတ္တမ လို့ပြောကတ်ပါရေ။ ဆရာတော် ဦးဥတ္တမ စတင်ပြီးကေ နာမေကြီးလာရေအချိန်မှာ ဆိုကေ ဆရာတော်ဦးဥတ္တမကို တခဲနက် မြန်မာတပြည်လုံးက ထောက်ခံကတ်တေ။ ယကေ ကိစ္စစွာ ဆရာတော်ဦးဥတ္တမကို တခဲနက် တနိုင်ငံလုံးက ထောက်ခံစွာနန့် ပြီးဗျာလ်လား ဆိုကေ မပြီးပါသိ။ ဆရာတော်ဦးဥတ္တမပိုင်လူတိ ပေါ်ထွန်းလာမှ ဆရာတော်ဦးဥတ္တမအချေ၊ ဆရာတော်ဦးဥတ္တမအကြီး၊ ဆရာတော် ဦးဥတ္တမပိုင်လူတိ မြန်မာနိုင်ငံတပြည်လုံး ပြန့်ပွားလာခါမှ ဆရာတော်ဦးဥတ္တမ စိတ်ဓါတ်ပြန့်ပွား လာခါမှ – မြန်မာနို်င်ငံရေ လွတ်လပ်ရေးကို မဖြစ်မနေ ရရဖို့ ဆိုရေအနေအထားကို ရောက်လားစွာ ဖြစ်ပါရေ။

ယကေ . . . ယင်းပိုင် ပါဝင်ပတ်သက်လုပ်ဆောင်မှု (involvement) မြင့်မားအောင် ကြိုးစားရေ နိန်ရာမှာ ကျွန်တော်ရို့ရေ စုဖွဲ့မှုအားကောင်းအောင် ကြိုးစားကတ်ရဖို့။ တခါတရံမှာ စုဖွဲ့ဖို့ကြိုးစားကတ်စွာ ကြိုးစားမှုတိစွာ ပြိုကွဲချင် ပြိုကွဲလားပါဖို့ . . . ။ ယင်းပိုင် ပြိုကွဲလားကေလေ့ . . . ဖြစ်ရပ်တိက ရှိ့ကဖြစ်ရပ်တိကို သင်ခန်းစာယူပြီးကေ ပြန်လည်စုဖွဲ့ပြီးကေ ကျွန်တော်ရို့ ရည်မှန်းချက်ရှိရာကို ရောက်အောင် ဆက်လားကတ်ရဖို့ ဖြစ်ပါရေ။

အခုနကစွာကို ပြန်ကောက်ရဖို့ဆိုကေ . . . မိမိရို့အမျိုးသားအတွက် အလုပ်လုပ်ချင်ရေ အဖွဲ့အစည်း တရပ်စွာ – ရည်မှန်းချက် ရှိရဖို့၊ လူထုထောက်ခံမှု ရှိရဖို့ (သို့တည်းမဟုတ်) လူထုပါဝင်ပတ်သက်မှု (involvement) ကိုမြင့်မားအောင်လုပ်ရပါဖို့၊ ယေပြီးကေ . . . စည်းကမ်း ရှိရပါဖို့ . . . ။ ယပိုင်ဆိုကေ အောင်မြင်ကတ်ဖို့စွာရေ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါရေ။

ထိုနည်းတူစွာ လူမျိုးတိမှာ – လူမျိုးတမျိုးရေ အောက်ကျနောက်ကျ ဖြစ်ရရေကာလတိ အမြိဲ ရှိတတ်ပါရေ။ ယင်းလူမျိုးတမျိုး အောက်ကျနောက်ကျဖြစ်တေ အခြေအနေကို ရောက်ဗျာလ်ဆိုကေ ဘက်ပေါင်းစုံက အခြားအခြေအနေတိပါ ယုတ်လျော့လာတတ်တေ။ ယင်းအချိန်မှာ ပြင်ပက ရန်သူတိကလည်း မိမိရို့လူမျိုး အားနည်းသထက်အားနည်းအောင် လုပ်ဆောင်ကတ်ပါရေ။ ဥပမာ ပြောဖို့ဆိုကေ – လွန်ခရေ နှစ်ပေါင်း တရာကျော်လောက်က တရုတ်ပြည်ကို အင်္ဂလန်ရို့၊ အမေရိကန်ရို့၊ ဂျပန်ရို့ အပါအဝင် အင်အားကြီးနိုင်ငံတိက တရုတ်ပြည်ကို ဖရီးသီးစိတ်ပိုင် အစိတ်စိတ် စိတ်ရေကာလမှာ ဇာကိုပါလုပ်ကတ်လေးဆိုကေ တရုတ်ပြည်ကို သင်္ဘောတိအစီးလိုက် အစီးလိုက်နန့် ဘိန်းသွင်းကတ်တေ။ ယင်းပိုင်သွင်းပြီးကေ တရုတ်တိကို ဘိန်းစားဖြစ်အောင်ဖျက်ဆီးကတ်တေ။ ယင်းဟင့်ကို မလိုလားသော တရုတ်မျိုးချစ်တိက အေကိစ္စကို ရပ်တန့်အောင် မဖြစ်ဖြစ်အောင် ကြိုးစားခရေအတွက်နန့် တရုတ်လူမျိုးရေ ကိုယ့်စွာကိုယ် ကိုယ့်လူမျိုးကိုကိုယ် ကယ်တင်ပြီးကေ အေနိန့်အေအချိန်မှာ အေပိုင် ကမ္ဘာက လေးစားခန့်ညားရသော နိုင်ငံကြီးတနိုင်ငံ အနိန်နန့် အေနိန့်အေအချိန်မှာ ရပ်တည်နိုင်စွာဖြစ်ပါရေ။ ထိုနည်းတူစွာပဲ ကျွန်တော်ရို့က အမျိုးချစ်ရေးတရားကို ဇာလောက်ပင် ဟောဟော၊ ကျွန်တော်ရို့၏ . . . ကျွန်တော်ရို့လက်ကနိန်ပြီးကေ တာဝန်ကို လက်ဆင့်ကမ်းယူဖို့ မျိုးဆက်သစ်လူငယ်တိစွာ မူးယစ်ဆေးဝါးသားကောင်တိ ဖြစ်နိန်ဖို့ဆိုကေ ကျွန်တော်ရို့ ရခိုင်လူမျိုး အဖရခိုင်ပြည်၏ အနာဂတ်စွာ ရှိနိုင်ဖို့ မဟုတ်ပါဗျာလ်။

ယကေ အခုနားကစကားကို ဆက်ကောက်ရဖို့ဆိုကေ . . . ၊ အခုနကပြောသော ရည်မှန်းချက်ကိုလားခြင်း ဆိုသောစကားကို ပြန်ကောက်ပါမေ။ ယင်းပိုင် ရည်မှန်းချက်ကို လားချိန်မှာ ကျွန်တော်ရို့စွာ အခက်အခဲအများကြီးကို ကျော်လွှား ကတ်ရဖို့သိ ဖြစ်ပါရေ။ ယင်းဟင့်ကတော့ သေချာပေါက် ကျော်လွှားရဖို့သိ ဖြစ်ပါရေ။ ကျော်လွှားလည်း ကျော်လွှားနိုင်ဖို့စွာ ဖြစ်တေ လို့ ကျွန်တော်က အလေးအနက် ယုံကြည်ပါရေ။ ယင်းပိုင် ရည်မှန်ချက်ရှိရာကိုလားရာမှာ အခက်အခဲတိကို ကျော်လွှားလို့လားရာမှာ လက်ချင်းချိတ်ဆက်ပြီးကေ လူထုစည်းရုံမှုအင်အားကို ယူလို့လားရာမှာ လူထုဆန္ဒပြပွဲ လူထုချီတက်ပွဲပေါင်းများစွာမှာ အမေရိကန်မှာ အထူးသဖြင့် အမေရိကန်နိုင်ငံမှာ လက်ချင်းချိတ်ပြီးကေ စုပေါင်းသီဆိုကတ်သော တေးခြင်းတပုဒ် ရှိပါရေ။ ယင်းတေးခြင်းနာမေက ဇာလေးဆိုကေ “We shall overcome.” ။ “We shall overcome.” ငါရို့ ကျော်ကိုကျော်လွှားလားနိုင်ဖို့ ဖြစ်တေ လို့ တေးခြင်းနာမေက အဓိပ္ပါယ်ရပါရေ။ ပြီးခရေ တစ်ရက်နှစ်ရက်က ကျွန်တော် အင်္ဂလိပ်စာ သင်တန်း တခုမှာ စေတနာ့ဝန်ထမ်းဆရာ တစ်​​​ယောက်​ ​အနေနန့် နွေရာသီမှာ ဝင်ပြပါရေ။ သင်တန်းက မေတ္တာရပ်ခံရေအတွက်နန့် ကျွန်တော် ဝင်ပြပါရေ။ ယင်းသင်တန်းမှာ ပြီးခရေ နှစ်ရက်က ယင်းတေးခြင်းကို သင်ခ ပါသိရေ။ အေနေရာမှာ အခြားစတိတ်ရှိုးအဖွဲ့က မလာခင် ကျွန်တော်ကယင်းတေးခြင်းကို ဆိုပြခချင်ပါရေ။ ဆိုပြပါမေ။ . . . တသက်နန့်တကိုယ် စင်ထက်မှာ တေးခြင်း မဆိုဖူးပါ။ . . . တေးခြင်းနာမေက We shall overcome. ၊ ငါရို့ကျော်လွှား နိုင်ရဖို့ ဆိုရေတေးခြင်း ဖြစ်ပါရေ။ အတို​ချေပါရာ။

We shall overcome
We shall overcome
We shall overcome, some day

Oh, deep in my heart
I do believe
We shall overcome, some day

We’ll walk hand in hand
We’ll walk hand in hand
We’ll walk hand in hand, some day

Oh, deep in my heart
I do believe
We shall overcome, some day

We shall live in peace
We shall live in peace
We shall in peace, some day

Oh, deep in my heart
I do believe
We shall overcome, some day

We are not afraid
We are not afraid
We are not afraid, TODAY

Oh, deep in my heart
I do believe
We shall overcome, some day

စတိတ်ရှိုးမလာခင် မိတ်ဆက် ပယေ။ အင်္ဂလိပ်စာသားချေတိက အလွယ်ကာချေပါ။ ကြားစွာနန့် နားလည်ရေလို့ ထင်ပါရေ။ ယကေလေ့သော့ . . . အလွယ့်ကာသားချေတိ ဖြစ်ကေလေ့သော့ . . . ပိုပြီးကေ အမှတ်တရဖြစ်အောင် ကျွန်တော် ယင်းအလွယ့်ကာချေ စာသားကို ဘာသာပြန်လို့ ပြောပီးပါမေ။

We shall overcome
We shall overcome
We shall overcome, some day
ငါရို့ရေ တနိန့်တရက်မှာ အားလုံးကို ကျော်လွှားလားနိုင်ကတ်ဖို့စွာ ရာဖြစ်တေ။

Oh, deep in my heart
I do believe
We shall overcome, some day

deep in my heart ငါ၏နှလုံးသားထဲမှာ . . . I do believe ငါ နက်နက်ရှိုင်းရှိုင်း ယုံကြည်စွာက . . . We shall overcome, some day ငါရို့ရေ တနိန့်ရက်ရက် မှာ အသေအချာ ကျော်လွှားနိုင်ဖို့ ဖြစ်ပါရေ လို့ ငါရို့ ယုံကြည်ပါရေ။ အရာ နောက်တပိုဒ် . . .

We’ll walk hand in hand
We’ll walk hand in hand
We’ll walk hand in hand, some day

We’ll walk hand in hand ငါရို့ရေ လက်ချင်းချိတ်ပြီးကေ လမ်းလျှောက်လားဖို့ ဖြစ်ပါရေ။ နောက်တပိုဒ်၊ နောက်ဆုံးတပိုဒ် . . .

We are not afraid
We are not afraid
We are not afraid, TODAY

Today. Today ဆိုစွာ ဒေနိန့်။ ငါရို့ရေ အခက်အခဲတိကို ကျော်လွှားနိုင်ဖို့စွာက some day တရက်ရက်မှာ ကျော်လွှားနိုင်ဖို့။ ယင်းပိုင်ကျော်လွှားနိုင်ဖို့ အေနိန့်ကပင် မကြောက်ဖို့လိုရေ။ We are not afraid, TODAY. ငါရို့ရေတနိန့်တရက်ရက်မှာ အားလုံးကို ကျော်လွှားလားနိုင်ကတ်ဖို့ ဖြစ်ပါရေ . . . ဆိုစွာကတော့ခါ။ တေးခြင်းကို ကျွန်တော် စလို့ဆိုရေကပင်ကြားရေလူတိ . . . စာသားက အလွယ့်ကာချေ ဖြစ်တေအတွက်နန့် အားလုံးကို နားလည်ကတ်ဖို့လို့ ထင်ပါရေ။

ယကေ . . . နောက်ဆုံးနိဂုံးချုပ် အနိန်နန့်ပြောဖို့ဆိုကေ . . . တစ်ခွန်းတည်းပါ။ နောက်ဆုံးနိဂုံးချုပ် အနိန်နန့်ပြောဖို့ဆိုကေ . . . ဒေဂနိန့် ထောင်သွင်းအကျဉ်းကျပြီးကေ အချုပ်ချထားခံနိန်ရရေ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်ကို ဒေဟောပြောချက်အားဖြင့် လေးစားဂုဏ်ပြု ပါကြောင်း ပြောကြားရင်းနန့် နိဂုံးချုပ်အပ်ပါရေ။

အားလုံးကို ကျေးဇူးတင်ပါရေ။

ကျော်ဇောဦး
၃၀ မေလ ၂၀၁၈
ဘူးသီးတောင်မြို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s