[💛 standard version | 💙 zawgyi version]
💛💛💛💛💛
၈၈၈၈ အရေးတော်ပုံ အကြိုဆန္ဒပြပွဲကို စစ်တွေ အမှတ် ၄ က စခရေ
written by: U San Maung Than
စစ်တွေ အမှတ် ၄ ရေ စည်းကမ်းဟိရေ ဆိုစွာထက် စည်းကမ်း တင်းကြပ်တေလို့ ဆိုရပါဖို့။ ကျောင်းသူတိ သနပ်ခါး မလူးရ၊ ကျောင်းချိန် တစ်မိနစ် နောက်ကျစွာနန့် အခန်းပြင်ပမှာ တစ်ချိန်လုံး ရပ်နိန်ကတ်ရပါရေ။
ဒေပိုင် တင်းကြပ်တေ စည်းကမ်းတိကို ဖျက်ပီးဖို့ ၁၀ တန်းကျောင်းသားတိ ဖြစ်တေ ကိုကျော်ဇောဦး၊ ကိုစောညီညီရို့က ဦးဆောင်ပနာ သြဂုတ်လ ၇ ရက်နိန့်က ကျောင်းခြံဝင်း အတွင်းမှာ ဆန္ဒပြခကတ်ပါရေ။
ရူပဗေဒ ဆရာမဒေါ်စောယဉ်က ကျောင်းဆေန္ဒပြပွဲကနိန် အပြင်ကို ကျယ်ပြန့်လားဖို့စွာကို ကြောက်လို့ ကျောင်းသားတိ အပြင်မထွက်ဖို့အတွက် စောညီညီကို ငိုလို့ဖက်ပနာ တောင်းပန်ပါရေ။ ကျောင်းသားတိ ဆန္ဒြပြီးနောက် ကျောင်းအုပ်ဆရာမကြီးနန့် တွိဆုံ စကားပြောပနာ တင်းကြပ်တေ စည်းကမ်းတိကို ရုပ်သိမ်းပီးဖို့ တောင်းဆို ခကတ်ပ်ရေ။
ကျွန်တော်ရို့ ကျောင်းသားတိ ဆန္ဒပြနိန်စဉ် ရဲအင်အား အမြောက်အများ ရောက်လာပြီးကေ ကျောင်းပြင်ပမှာ နိန်ရာ ယူထားရေလို့ သိရပါရေ။
ရဲအင်အားနန့်ပတ်သက်လို့ ပြည်တော်သာက တစ်ယောက် ပြောစွာက ဆန္ဒပြ ကျောင်းသားတိထက် ရဲအင်အား များရေဆိုပါယင့်။
ယင်းနိန့် ညစာဖက်မှာပင် မြန်မာတစ်နိုင်ငံလုံးက ကျောင်းတိကို ပိတ်ထားလိုက်ပါရေ။ နောက်တစ်ရက်နိန့်ခါ ၈၈ အရေးတော်ပုံစပါရေ။
သြဂုတ်လ ၉ ရက်နိန့်ခါ ရခိုင်ပြည် စစ်တွေမြို့မှာ လူသောင်းချီ ဆန္ဓပြခ ကတ်ပါရေ။ ယင်းဆန္ဒပြလူအုပ်ကို ဦးဥတ္တမ ပန်းခြံကို မရောက်ခင်မီခီပါရေ။ ယင်းလူအုပ်ကို ဗလီထက်က ဓာတ်ပုံရိုက်တေလို့ သိရရေအပြင် ဗလီခေါင် ထက်က လူတစ်ယောက်ကိုလေ့ တွိလိုက် ရပါယင့်။
ဝင်္ကဘာကွင်းရောက်ခါ ဘုန်းကြီးကျောင်းက အသံချဲ့စက် ငှားခီခါ ကျွန်တော်လေ့ပါပါရေ။
ယင်းနနိန့်က ကျောက်တိုင်ကိုမွှီလို့ မျက်နှာချုပ်ပနာ စကားပြောခစွာရေ ဆရာမ မြအေးသိန်း ယခု စောမြရာဇာလင်းလို့ သိရပါရေ။ နောက်တစ်ရက်နိန့်ခါ ရွာက ဘုတ်နန့် လာခေါ်သည်က တစ်ကြောင်း။ ဆန္ဒပြလို့မရ။ လက်နက်ကိုင်တိုက်မှ ရဖို့ ယုံကြည်သည်က တစ်ကြောင်းရို့ကြောင့် နောက်ထပ် ဆန္ဒပြပွဲတိမှာ ကျွန်တော်မပါခပါဗျာယ်။
၁၉၉၀ ခု မေလမှာ ထိုင်းနယ်စပ် ယင်းက ထိုင်းနိုင်ငံထဲမှာ တစ်လကျော် နိန်ပြီးမှ ALP နန့် အဆက်အသွယ်ရလို့ ဇူလိုင်လမှာ လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်ခပါရေ။
ရခိုင်က ၈၈၈၈ အရေးတော်ပုံ စတင်ခစွာနန့် ပတ်သက်လို့ပြောရကေ ကျွန်တော် သိရသလောက် ရန်ကုန်က လွှတ်လိုက်တေ ကျောင်းသားခေါင်းဆောင်တစ်ယောက် ရခိုင်ပြည် စစ်တွေကို ရောက်လာပါရေ။ သူနန့်အတူ အလံနန့် နဖူးစည်းတိ ပါလာရေလို့သိရပါရေ။
သြဂုတ် ၉ ရက်နိန့်က ပွဲကိုလေ့ ကျောင်သား လူငယ် ၉ ဦးက စတင်ခရေလို့သိရပါရေ။ ယင်းအထဲမှာ ကိုကျော်ဇောဦးလေ့ ပါဖို့ထင်ပါရေ။ ယင်းဆန္ဒပြပွဲကိုလေ့ အထက ၄ စစ်တွေနားက ဓညဝတီ ဘောလုံးကွင်းက စတင်ခရေလို့ သိရပါရေ။
သပိတ်စခန်းကို ကောလိပ်ကျောင်းမှာ ဖွင့်လှစ်တေခါ ကိုကျော်ဇောဦးလေ့ ခေါင်းဆောင် အနေန့်ပါခသိပါရေ။ သူ့ကို ယင်းသပိတ်စခန်းထဲမှာ ကျွန်တော် လားတွိခပါသိရေ။ ယင်းနိန့်က သပိတ်စခန်းမှာ ကျွန်တော် ငွေ ၂၀ ကျပ်ကိုလေ့ ထည့်ဝင်ခပါသိရေ။
💙💙💙💙💙
– ကိုစံမောင်သန်း
credit – Khaing Aung