
[💛 standard version | 💙 zawgyi version]
💛💛💛💛💛
စစ်တွေ ၈ လေးလုံးအစ စမြုံ့ပြန်ခြင်း
~~~~~
written by U Than Tun
၈ လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့်နေ့ အထိမ်းအမှတ် Post များကို မနေ့က တစ်ရက်လုံး FB ပေါ်တွင် တွေ့ရသည်။ စစ်တွေ အဖြစ်အပျက်များကိုလည်း ရေးကြသည်ကို တွေ့ရသည်။ စစ်တွေတွင် မည်သည့်နေရာက မည်ကဲ့သို့ စတင်ခဲ့ကြသည်ကို ရေးသားကြသည်ကို မတွေ့ရ ။
ယနေ့မှ FB ပေါ်တွင် Khaing Aung Acc ပိုင်ရှင်က စစ်တွေ ၈ လေးလုံး အထက ၄ မှ စတင်သည်ဟု ရေးသားသည်ကို ဖတ်ရှုရသည်။
ဇူလိုင်လလယ်မှစ၍ မြန်မာနိုင်ငံရေးအခြေအနေသည် တိုင်းပြည်ဆင်းရဲကျပ်တည်းလာမှု ၊ တက္ကသိုလ်သမဂ္ဂ အဆောက်အဦ ဗုံးခွဲမှုတရားခံ ဖော်ထုတ်လာကြမှု ၊ ဦးအောင်ကြီး၏ အချက် ၃ဝ ကျော်ပါ စာတမ်း ၊ ငွေစက္ကူတရားမဝင်ကျေညာမှု ၊ မဆလပါတီ၏ အထူးအရေးပေါ် ပါတီညီလာခံ စသည်တို့ အပါအဝင် အခြားကိစ္စရပ်များကြောင့် ရှုပ်ထွေး လှုပ်ခတ်လာခဲ့သည်။ လူထုအုံကြွမှုတစ်ခုခု ဖြစ်လာတော့မည်ဟုလည်းခန့်မှန်း မျှော်လင့်လာကြသည်။
စစ်တွေ အထက ၄ တွင်လည်း အထက်ပါအခြေအနေများအရ ကျောင်းတွင်းစည်းကမ်းကို ကျောင်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီက အထူးတင်းကျပ်ထားခဲ့ကြသည် ။ ထိုအချက်အပေါ်တွင် ကျောင်းသား/သူအချိူ့ မကျေနပ်မှုများ လည်းရှိခဲ့ကြသည် ။ သို့သော် ထိုအချိန်က အဆိုပါကျောင်းသား/သူများအပါအဝင် ကျောင်းသားများသည် ဆရာ/ မ များအပေါ် ဂါရဝတရား ရှေ့ထားကြသူများသာဖြစ်၍ ဆရာ/ မ တစ်ဦးချင်းအပေါ် တုံ့ပြန်မှုမရှိကြဘဲ စည်းကမ်းစံနစ်ကိုသာ မကျေမချမ်းဖြစ်ခဲ့ကြသည် ။ သို့သော် ထိုအချက်ကြောင့် ၈ လေးလုံးဖြစ်လာရသည်မဟုတ်ပါ။
ထိုအချိန်က အထက ၄ ၏ နောက်ကျောဖက်တွင် အုတ်နံရံတစ်ခုသာ ခြားပြီး စစ်တွေကောလိပ် ကျောင်းသားအဆောင် ( ယခု ကွန်ပျူတာ တက္ကသိုလ်နေရာ )များရှိပါသည်။ စစ်တွေကောလိပ် နှင့် အထက ၄ မှ နိုင်ငံရေးလှုပ်ရှားသူကျောင်းသားများ၏ အဆက်အသွယ်နေရာသည် အထက၄ ကျောင်းသားအိမ်သာ အနီးပတ်ဝန်းကျင်နေရာဖြစ်သည်ကို ဆရာ/ မ များကလည်း သိရှိခဲ့ ကြသည်။ လှုံ့ဆော်စာများကိုလည်း အိမ်သာနံရံများတွင် တွေ့ခဲ့ကြသည်။ ထိုအထဲတွင် ထူးထူးခြားခြားသတ္တိရှင် ဆက်သား ၆ တန်း ကျောင်းသား တစ်ယောက်လည်း ရှိခဲ့ပါသည်။ သူတို့အချင်းချင်းအဆက်အသွယ်ဖြင့် ၈ ရက်နေ့မတိုင်မီကပင် တစ်ပါတီမဆလစစ်အစိုးရဖြုတ်ချရေး ဆန္ဒပြပွဲ ပြုလုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည် ။ သို့သော် အကြောင်းကြောင်းကြောင့် အစမဖြစ်ခဲ့။ အထက၄ ၏ activist များက ကျော်ဇောဦး(ယခု ပြည်နယ်လွှတ်တော်အမတ်) ၊ စောညီညီ နှင့် မခင်မေသန်းတို့ ဖြစ်ကြမည်ထင်သည်။
၉ .၈ .၁၉၈၈နေ့တွင်မှ စစ်တွေမြို့၏ ၈ လေးလုံးအရေးတော်ပုံကြီးသည် အထက ၄ ဝင်ဝဂိတ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ နေ့လည်ပိုင်းလောက်တွင် ရှေ့ဆုံးမှ ကောလိပ်ကျောင်းသားတစ်ဦး ခွပ်ဒေါင်းအလံကိုကိုင်၍ နောက်မှ ကျောင်းသားငယ် ၁၀ ဦးခန့် (ကျော်ဇောဦး တို့လည်းပါဝင်သည်) လိုက်ပါပြီး ဘော်လုံးကွင်း ( ယခု ဓညဝတီအားကစားကွင်း)ဖက်မှထွက်လာကြသည်ကို ကျောင်းဆောင်သစ် အပေါ်ထပ်မှ လှမ်းမြင်ရသည်။ သူတို့သည် အထက ၄ ဂိတ်ပေါက်ဝ အရောက် ဗောဓိလမ်းပေါ်တွင် ထောင်ဖက်သို့ ဦးတည်လျက် ထွက်လာခဲ့သည့် အစီအစဉ်အတိုင်း မတ်တပ်ရပ်ပြီး တစ်ပါတီ အာဏာရှင်စံနစ် အလိုမရှိ ၊ စိန်လွင် စစ်အစိုးရ ဖြုတ်ချရေး ဒို့အရေး ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေးလို့ ရှေ့ဆုံးကောလိပ်ကျောင်းသားက တိုင်တည်ပြီး ၊ နောက်မှ ကျောင်းသားများက လိုက်ဆိုခဲ့ကြသည်။
ထိုအချိန်တွင် ယခု ပြည်နယ်စည်ပင်ရုံးဝင်ဝဖက်တွင် မြို့နယ်ကောင်စီဥက္ကဌ ၊ အတွင်းရေးမှုးနှင့် ကောင်စီဝင်များ ၊ စစ်တွေ မဆလပါတီ အတွင်းရေးမှူး ၊ ရဲအရာရှိ နှင့် ရဲတပ်ဖွဲ့ဝင်အချိူ့ သေနပ်ကိုယ်စီနှင့် ရှိနေကြသည် ။ ထိုအထဲ မြို့နယ်ကောင်စီတစ်ယောက်က ” ဒီအချိန် သေနပ်နှင့် ပစ်ရလိမ့်မည် ၊ မဟုတ်လျင် မြို့ထဲသို့ ကူးစက်သွားနိုင်သည်” ဟု ရခိုင်စကားဖြင့် ပြောသံကြားရပြီး ၊ ပါတီယူနစ်အတွင်းရေးမှူးက ” မလုပ်နှင့် ” ဟု ဟန့်တားသံကိုလည်း ကြားခဲ့ရသည်။
ထိုကျောင်းသားအုပ်စုသည် မြို့ထဲဖက်သို့ပြန်လှည့်ပြီး အထက်ပါ ကြွေးကြော်သံများ ကြွေးကြော်ပြီး စတင်ချီတက်ကြသည်။ ထိုအချိန်တွင် အထက ၄ က လွှတ်ခေါင်းလောင်းတီးလိုက်ပြီး ကျောင်းလွှတ်ပေးလိုက်ရာ အထက ၄ မှ ကျောင်းသားများ ထိုဆန္ဒပြကျောင်းသားအုပ်စု နောက်သို့ အပြေးအလွှားလိုက်ပြီး ပူးပေါင်းလိုက်ကြသည်။ ထိုကျောင်းသားအုပ်စုကို ဒေသပါတီရုံး ( ယခု ခရိုင်ထွေအုပ်ရုံး) မှ စစ်သားများက သေနပ်ဖြင့် ချိန်ရွယ်ရုံသာ ရှိခဲ့သော်လည်း ကျောင်းသားများ မကြောက်မရွံ့ရှေ့တိုး ချီတက်ခဲ့ကြသည်။ ယခု ပြည်နယ်ထွေအုပ်ရုံး ခွဆုံအရောက်တွင် အထက ၁ မှ ကျောင်းသား များ အပြေးအလွှားလာရောက် ပူးပေါင်းပြီး ဆက်လက်ချီတက်ရာ ဆေးရုံကြီးခွဆုံအရောက်တွင် ကျောင်းကြီးလမ်း(ဖေယာလမ်း)ဘက်မှလာရောက်သည့် သံဃာတော်များ ပူးပေါင်းလာကြသည်။ စစ်တွေမြို့မှ လူထုများက မြို့မရုပ်ရှင်ရုံခွဆုံမှသာ အများအပြား ပါဝင်လာကြပြီး မြို့တစ်ပတ် ဆန္ဒပြခဲ့ကြသည် ။
စစ်တွေမြို့တွင် ၈ လေးလုံး အရေးတော်ပုံစတင်သည့် ထိုပထမနေ့တွင် မည်သည့်အဖွဲ့အစည်းကမျှ ပါဝင်သည်ကို မတွေ့ရဘဲကာလိပ်ကျောင်းသားတစ်ဦး နှင့် အထက ကျောင်းသားငယ် အချိူ့က စတင်ခဲ့သည်ကိုသာ တွေ့ရှိရသည်။ အထက ၄ နှင့် အထက ၁ ကျောင်းသားတို့ အဓိက ပါဝင်ခဲ့ပြီး မြို့သူမြို့သားတို့က ကျောင်းသားငယ်များကို ဝိုင်းရံရမည်ဆိုသော အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။နောက်နေ့များတွင်မှ ထိုအဖွဲ့ သည်အဖွဲ့ ထိုသမဂ္ဂ စသည်တို့ ပါဝင်လာကြပြီး အထွေထွေသပိတ်အဖြစ်သို့ အသွင်ပြောင်းသွားခြင်း ဖြစ်ပါသည်။
ပကတိမျက်မြင်၊ နားအကြားတို့ကို အခြေခံပြီးဖော်ပြခြင်းသာ ဖြစ်၍ အခြားမည်သည့်ရည်ရွယ်ချက်မှ မပါဝင်ကြောင်းတင်ပြပါသည်။
– ဦးသန်းထွန်း
💙💙💙💙💙

စစ္ေတြ ၈ ေလးလံုးအစ စျမံဳ႕ျပန္ျခင္း
~~~~~~~~~~~~~~~~~
written by U Than Tun
၈ ေလးလံုးအေရးေတာ္ပံု ႏွစ္ ၃ဝ ျပည့္ေန႔ အထိမ္းအမွတ္ Post မ်ားကို မေန႔က တစ္ရက္လံုး FB ေပၚတြင္ ေတြ႕ရသည္။ စစ္ေတြ အျဖစ္အပ်က္မ်ားကိုလည္း ေရးၾကသည္ကို ေတြ႕ရသည္။ စစ္ေတြတြင္ မည္သည့္ေနရာက မည္ကဲ့သို႔ စတင္ခဲ့ၾကသည္ကို ေရးသားၾကသည္ကို မေတြ႕ရ ။
ယေန႕မွ FB ေပၚတြင္ Khaing Aung Acc ပိုင္႐ွင္က စစ္ေတြ ၈ ေလးလံုး အထက ၄ မွ စတင္သည္ဟု ေရးသားသည္ကို ဖတ္႐ႈရသည္။
ဇူလိုင္လလယ္မွစ၍ ျမန္မာႏိုင္ငံေရးအေျခအေနသည္ တိုင္းျပည္ဆင္းရဲက်ပ္တည္းလာမႈ ၊ တကၠသိုလ္သမဂၢ အေဆာက္အဦ ဗံုးခြဲမႈတရားခံ ေဖာ္ထုတ္လာၾကမႈ ၊ ဦးေအာင္ႀကီး၏ အခ်က္ ၃ဝ ေက်ာ္ပါ စာတမ္း ၊ ေငြစကၠဴတရားမဝင္ေက်ညာမႈ ၊ မဆလပါတီ၏ အထူးအေရးေပၚ ပါတီညီလာခံ စသည္တို႔ အပါအဝင္ အျခားကိစၥရပ္မ်ားေၾကာင့္ ႐ႈပ္ေထြး လႈပ္ခတ္လာခဲ့သည္။ လူထုအံုႂကြမႈတစ္ခုခု ျဖစ္လာေတာ့မည္ဟုလည္းခန္႔မွန္း ေမ်ွာ္လင့္လာၾကသည္။
စစ္ေတြ အထက ၄ တြင္လည္း အထက္ပါအေျခအေနမ်ားအရ ေက်ာင္းတြင္းစည္းကမ္းကို ေက်ာင္းစည္းကမ္းထိန္းသိမ္းေရး ေကာ္မတီက အထူးတင္းက်ပ္ထားခဲ့ၾကသည္ ။ ထိုအခ်က္အေပၚတြင္ ေက်ာင္းသား/သူအခ်ိဴ႕ မေက်နပ္မႈမ်ား လည္း႐ွိခဲ့ၾကသည္ ။ သို႔ေသာ္ ထိုအခ်ိန္က အဆိုပါေက်ာင္းသား/သူမ်ားအပါအဝင္ ေက်ာင္းသားမ်ားသည္ ဆရာ/ မ မ်ားအေပၚ ဂါရဝတရား ေ႐ွ႕ထားၾကသူမ်ားသာျဖစ္၍ ဆရာ/ မ တစ္ဦးခ်င္းအေပၚ တံု႕ျပန္မႈမ႐ွိၾကဘဲ စည္းကမ္းစံနစ္ကိုသာ မေက်မခ်မ္းျဖစ္ခဲ့ၾကသည္ ။ သို႔ေသာ္ ထိုအခ်က္ေၾကာင့္ ၈ ေလးလံုးျဖစ္လာရသည္မဟုတ္ပါ။
ထိုအခ်ိန္က အထက ၄ ၏ ေနာက္ေက်ာဖက္တြင္ အုတ္နံရံတစ္ခုသာ ျခားၿပီး စစ္ေတြေကာလိပ္ ေက်ာင္းသားအေဆာင္ ( ယခု ကြန္ပ်ဴတာ တကၠသိုလ္ေနရာ )မ်ား႐ွိပါသည္။ စစ္ေတြေကာလိပ္ ႏွင့္ အထက ၄ မွ ႏိုင္ငံေရးလႈပ္႐ွားသူေက်ာင္းသားမ်ား၏ အဆက္အသြယ္ေနရာသည္ အထက၄ ေက်ာင္းသားအိမ္သာ အနီးပတ္ဝန္းက်င္ေနရာျဖစ္သည္ကို ဆရာ/ မ မ်ားကလည္း သိ႐ွိခဲ့ ၾကသည္။ လႈံ႕ေဆာ္စာမ်ားကိုလည္း အိမ္သာနံရံမ်ားတြင္ ေတြ႕ခဲ့ၾကသည္။ ထိုအထဲတြင္ ထူးထူးျခားျခားသတၱိ႐ွင္ ဆက္သား ၆ တန္း ေက်ာင္းသား တစ္ေယာက္လည္း ႐ွိခဲ့ပါသည္။ သူတို႔အခ်င္းခ်င္းအဆက္အသြယ္ျဖင့္ ၈ ရက္ေန႕မတိုင္မီကပင္ တစ္ပါတီမဆလစစ္အစိုးရျဖဳတ္ခ်ေရး ဆႏၵျပပြဲ ျပဳလုပ္ရန္ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ၾကသည္ ။ သို႔ေသာ္ အေၾကာင္းေၾကာင္းေၾကာင့္ အစမျဖစ္ခဲ့။ အထက၄ ၏ activist မ်ားက ေက်ာ္ေဇာဦး(ယခု ျပည္နယ္လႊတ္ေတာ္အမတ္) ၊ ေစာညီညီ ႏွင့္ မခင္ေမသန္းတို႔ ျဖစ္ၾကမည္ထင္သည္။
၉ .၈ .၁၉၈၈ေန႕တြင္မွ စစ္ေတြၿမိဳ႕၏ ၈ ေလးလံုးအေရးေတာ္ပံုႀကီးသည္ အထက ၄ ဝင္ဝဂိတ္မွ စတင္ခဲ့ျခင္းျဖစ္သည္။ ထိုေန႕ ေန႔လည္ပိုင္းေလာက္တြင္ ေ႐ွ႕ဆံုးမွ ေကာလိပ္ေက်ာင္းသားတစ္ဦး ခြပ္ေဒါင္းအလံကိုကိုင္၍ ေနာက္မွ ေက်ာင္းသားငယ္ ၁၀ ဦးခန္႔ (ေက်ာ္ေဇာဦး တို႔လည္းပါဝင္သည္) လိုက္ပါၿပီး ေဘာ္လံုးကြင္း ( ယခု ဓညဝတီအားကစားကြင္း)ဖက္မွထြက္လာၾကသည္ကို ေက်ာင္းေဆာင္သစ္ အေပၚထပ္မွ လွမ္းျမင္ရသည္။ သူတို႔သည္ အထက ၄ ဂိတ္ေပါက္ဝ အေရာက္ ေဗာဓိလမ္းေပၚတြင္ ေထာင္ဖက္သို႔ ဦးတည္လ်က္ ထြက္လာခဲ့သည့္ အစီအစဥ္အတိုင္း မတ္တပ္ရပ္ၿပီး တစ္ပါတီ အာဏာ႐ွင္စံနစ္ အလိုမ႐ွိ ၊ စိန္လြင္ စစ္အစိုးရ ျဖဳတ္ခ်ေရး ဒို႔အေရး ၊ ဒီမိုကေရစီ ရ႐ွိေရး ဒို႔အေရးလို႔ ေ႐ွ႕ဆံုးေကာလိပ္ေက်ာင္းသားက တိုင္တည္ၿပီး ၊ ေနာက္မွ ေက်ာင္းသားမ်ားက လိုက္ဆိုခဲ့ၾကသည္။
ထိုအခ်ိန္တြင္ ယခု ျပည္နယ္စည္ပင္ရံုးဝင္ဝဖက္တြင္ ၿမိဳ႕နယ္ေကာင္စီဥကၠဌ ၊ အတြင္းေရးမႈးႏွင့္ ေကာင္စီဝင္မ်ား ၊ စစ္ေတြ မဆလပါတီ အတြင္းေရးမႉး ၊ ရဲအရာ႐ွိ ႏွင့္ ရဲတပ္ဖြဲ႔ဝင္အခ်ိဴ႕ ေသနပ္ကိုယ္စီႏွင့္ ႐ွိေနၾကသည္ ။ ထိုအထဲ ျမိဳ႕နယ္ေကာင္စီတစ္ေယာက္က ” ဒီအခ်ိန္ ေသနပ္ႏွင့္ ပစ္ရလိမ့္မည္ ၊ မဟုတ္လ်င္ ၿမိဳ႕ထဲသို႔ ကူးစက္သြားႏိုင္သည္” ဟု ရခိုင္စကားျဖင့္ ေျပာသံၾကားရၿပီး ၊ ပါတီယူနစ္အတြင္းေရးမႉးက ” မလုပ္ႏွင့္ ” ဟု ဟန္႔တားသံကိုလည္း ၾကားခဲ့ရသည္။
ထိုေက်ာင္းသားအုပ္စုသည္ ၿမိဳ႕ထဲဖက္သို႔ျပန္လွည့္ၿပီး အထက္ပါ ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္ၿပီး စတင္ခ်ီတက္ၾကသည္။ ထိုအခ်ိန္တြင္ အထက ၄ က လႊတ္ေခါင္းေလာင္းတီးလိုက္ၿပီး ေက်ာင္းလႊတ္ေပးလိုက္ရာ အထက ၄ မွ ေက်ာင္းသားမ်ား ထိုဆႏၵျပေက်ာင္းသားအုပ္စု ေနာက္သို႔ အေျပးအလႊားလိုက္ၿပီး ပူးေပါင္းလိုက္ၾကသည္။ ထိုေက်ာင္းသားအုပ္စုကို ေဒသပါတီ႐ံုး ( ယခု ခ႐ိုင္ေထြအုပ္ရံုး) မွ စစ္သားမ်ားက ေသနပ္ျဖင့္ ခ်ိန္ရြယ္ရံုသာ ႐ွိခဲ့ေသာ္လည္း ေက်ာင္းသားမ်ား မေၾကာက္မရြံ႕ေ႐ွ႕တိုး ခ်ီတက္ခဲ့ၾကသည္။ ယခု ျပည္နယ္ေထြအုပ္ရံုး ခြဆံုအေရာက္တြင္ အထက ၁ မွ ေက်ာင္းသား မ်ား အေျပးအလႊားလာေရာက္ ပူးေပါင္းၿပီး ဆက္လက္ခ်ီတက္ရာ ေဆးရံုႀကီးခြဆံုအေရာက္တြင္ ေက်ာင္းႀကီးလမ္း(ေဖယာလမ္း)ဘက္မွလာေရာက္သည့္ သံဃာေတာ္မ်ား ပူးေပါင္းလာၾကသည္။ စစ္ေတြၿမိဳ႕မွ လူထုမ်ားက ၿမိဳ႕မ႐ုပ္႐ွင္ရံုခြဆံုမွသာ အမ်ားအျပား ပါဝင္လာၾကၿပီး ၿမိဳ႕တစ္ပတ္ ဆႏၵျပခဲ့ၾကသည္ ။
စစ္ေတြၿမိဳ႕တြင္ ၈ ေလးလံုး အေရးေတာ္ပံုစတင္သည့္ ထိုပထမေန႔တြင္ မည္သည့္အဖြဲ႕အစည္းကမ်ွ ပါဝင္သည္ကို မေတြ႕ရဘဲကာလိပ္ေက်ာင္းသားတစ္ဦး ႏွင့္ အထက ေက်ာင္းသားငယ္ အခ်ိဴ႕က စတင္ခဲ့သည္ကိုသာ ေတြ႕႐ွိရသည္။ အထက ၄ ႏွင့္ အထက ၁ ေက်ာင္းသားတို႔ အဓိက ပါဝင္ခဲ့ၿပီး ၿမိဳ႕သူၿမိဳ႕သားတို႔က ေက်ာင္းသားငယ္မ်ားကို ဝိုင္းရံရမည္ဆိုေသာ အသိစိတ္ဓာတ္ျဖင့္ ပူးေပါင္းပါဝင္ခဲ့ၾကပါသည္။ေနာက္ေန႕မ်ားတြင္မွ ထိုအဖြဲ႔ သည္အဖြဲ႔ ထိုသမဂၢ စသည္တို႔ ပါဝင္လာၾကၿပီး အေထြေထြသပိတ္အျဖစ္သို႔ အသြင္ေျပာင္းသြားျခင္း ျဖစ္ပါသည္။
ပကတိမ်က္ျမင္၊ နားအၾကားတို႔ကို အေျခခံၿပီးေဖာ္ျပျခင္းသာ ျဖစ္၍ အျခားမည္သည့္ရည္ရြယ္ခ်က္မွ မပါဝင္ေၾကာင္းတင္ျပပါသည္။
– ဦးသန္းထြန္းhttps://m.facebook.com/story.php?story_fbid=2105056953144157&id=100009196190885