ဦးအောင်ဆန်းအား အမွေဆက်ခံသူ

[ Zawgyi Version First ] [ Unicode version below ]

[ Now read in Zawgyi version here ]

ဦးေအာင္ဆန္းအား အေမြဆက္ခံသူ

ေကာက္ႏႈတ္ခ်က္

“ရခိုင္ျပည္ ၿငိမ္၀ပ္ပိျပားေရးအတြက္ တိုင္းမင္းႀကီးက လက္နက္ကိုင္စစ္သားတစ္ေထာင္ ေတာင္းရာ ဦးေအာင္ဆန္းအစိုးရက စစ္သားႏွစ္ေထာင္ခြင့္ျပဳလိုက္သည္ ဆိုျခင္း” (သူရိယသတင္းစာ ၁၉၄၇ ေမ ၄)

ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္းကို မိမိ ငယ္စဥ္က အားထုတ္ ဖတ္ရႈခဲ့ဖူးသူျဖစ္သည့္အေလ်ာက္ ကၽြန္ေတာ္ မေမ့မေလ်ာ့သည့္ အခ်က္တစ္ခ်က္ ရွိပါသည္။ ျမန္မာျပည္လြတ္လပ္ေရးမရခင္ ႏွစ္ပိုင္းခန္႔ကပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ၿဗိတိသွ်ဘုရင္ခံႏွင့္ ပူးတြဲလ်က္ ျမန္မာျပည္အစိုးရ၏ ေခါင္းေဆာင္ျဖစ္ေနေလရာ၊ ထိုစဥ္တည္္းကပင္ ရခုိင္ျပည္အတြင္းရွိ လက္နက္ကိုင္ေတာ္လွန္သူမ်ားကို ေခ်မႈန္းရန္ အမိန္႔ေပးခဲ့သူ ျဖစ္သည္ ဆိုေသာအခ်က္ ျဖစ္ေလသည္။

ေျမပံုၿမိဳ႕နယ္၊ ေက်ာက္ေတာ္၊ မင္းျပားနယ္မ်ားတစ္ခြင္ ဘံုေဘာက္သာေက်ာ္ဦးေဆာင္ေသာ ရခုိင္ေတာ္လွန္ေရးတပ္မ်ားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အမိန္႔ျဖင့္ ဗိုလ္မွဴးေက်ာ္ေဇာ (ေနာင္ ဗိုလ္မွဴးခ်ဳပ္ ေက်ာ္ေဇာ) ဦးေဆာင္သည့္ တပ္မ်ားသည္ စစ္ေရယာဥ္မ်ား၊ ေမာ္တာမ်ား အစရွိသည္ျဖင့္ အင္အားႀကီးႀကီးမားမား သံုးကာ ေခ်မႈန္းေရးစစ္ပြဲ ဆင္ႏြဲဖူးခဲ့ၾကသည္။

ထိုစဥ္က သူရိယသတင္းစာ (၁၉၄၇-ခုႏွစ္ ေမလ-၄ ရက္ထုတ္) တြင္ ေခါင္းစဥ္ငယ္ တစ္ခုက ဤသို႔ ဆိုပါသည္။ “ရခိုင္ျပည္ ၿငိမ္၀ပ္ပိျပားေရးအတြက္ တိုင္းမင္းႀကီးက လက္နက္ကိုင္စစ္သားတစ္ေထာင္ ေတာင္းရာ ဦးေအာင္ဆန္းအစိုးရက စစ္သားႏွစ္ေထာင္ခြင့္ျပဳလိုက္သည္ ဆိုျခင္း” ဟု ဆိုပါသည္။

 ထိုစဥ္က ျမန္မာျပည္ လြတ္လပ္ေရး မရေသး။ ဗမာျပည္ကြန္ျမဴနစ္ပါတီလည္း ေတာမခိုေသး။ ကရင္ ေကအန္ဒီအိုမ်ားလည္း ေတာမခိုေသး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအစိုးရ၏ ပထမဆံုး ႏွင့္ ေနာက္ဆံုး ေခ်မႈန္းေရး စစ္ဆင္မႈ ညႊန္ၾကားခ်က္ ျဖစ္ပံုရေလသည္။ ထိုစဥ္က ‘လြတ္လပ္ေရး’ ဆိုသည္ကိုပင္ မရေသးေသာ္လည္း ရခုိင္ျပည္က ထိုသူပုန္မ်ားမွာ “လြတ္လပ္ေရး၏ ရန္သူမ်ား” ဟူ၍ပင္ က်ယ္က်ယ္ျပန္႔ျပန္႔ စြပ္စြဲေျပာဆို ေရးသား တိုက္ခိုက္ ခဲ့ၾကဖူးေလသည္။

ဘံုေဘာက္သာေက်ာ္ တပ္မ်ားအား ရွင္းလင္းေရးေဆာင္ရြက္ခ်က္ႏွင့္ ပတ္သက္၍ “အစိုးရ ျပန္ၾကားေရးဌာနမွ ရွင္းတမ္းတစ္ရပ္ကို ျပဳခဲ့ရာ ၁၉၄၈-ခုႏွစ္ ေဖေဖာ္၀ါရီလ ၁၈ ရက္ေန႔ထုတ္ သူရိယသတင္းစာတြင္ ေအာက္ပါအတိုင္း ေရးသားေဖာ္ျပထား၏။

‘ရခိုင္တိုင္း ဗမာ့တပ္မေတာ္ ေဆာင္ရြက္ခ်က္မ်ား’ ဟူေသာ ေခါင္းစဥ္ေအာက္တြင္ ေဖာ္ျပထားသည္မွာ –

“၁၉၄၇ခု၊ ႏို၀င္ဘာလ ၂၆ ရက္ေန႔မွစ၍ ၁၉၄၈ ခု ဇြန္န၀ါရီလ ၁ ရက္ေန႔အထိ ရခိုင္တိုင္း ဗမာ့တပ္မေတာ္ ေဆာင္ရြက္ခ်က္မ်ားမွာ ထိုးစစ္ဆင္တိုက္ခိုက္မႈ ျဖစ္သည္။ စစ္ေတြ ဒီစႀတိတ္အထက္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွ ေက်ာက္ျဖဴ၊ ေျမပံုနယ္အထိ တပ္မေတာ္က ေနရာအႏွံ႔အျပားတြင္ ထိုးစစ္ဆင္ရာ အလံုးအရင္းႏွင့္ ပုန္းေအာင္းေနေသာ ေတာပုန္းမ်ားမွာ အစိတ္စိတ္ႏွင့္ ဖရိုဖရဲျဖစ္ကာ ဗမာ့တပ္မေတာ္လက္တြင္း သက္ဆင္းက်ေရာက္ရေလသည္။

ထိုသို႔ ဗမာ့တပ္မေတာ္မွ တိုက္ခိုက္မႈေၾကာင့္ ၾကာအင္းေတာင္ ဗဟိုဥကၠ႒ ဘံုေဘာက္သာေက်ာ္၏ အင္အားအႀကီးဆံုးျဖစ္ေသာ ေျမပံုၿမိဳ႕နယ္မွာ လက္လႊတ္ပစ္ခဲ့ရေလသည္။” (ကိုးကား ဘံုေဘာက္သာေက်ာ္ ၏ ေတာ္လွန္ေရးခရီး၀ယ္)

ၿပီးခဲ့သည့္ ေလးငါးရက္က စိတ္ထဲမွာေတးထားမိသည္ကို ယခုမွ ေရးုျဖစ္ပါသည္။ စိတ္အမွတ္ျပဳစရာတစ္ခုကို ႀကံဳ၍ ေျပာသည္ ဟု မွတ္ယူၾကပါရန္ ျဖစ္ပါသည္။

AA ကို တိုက္ခိုက္ေခ်မႈန္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ညႊန္ၾကားခဲ့သည္ ဟု ဇြန္န၀ါရီ (၁၈) ရက္ေန႔ ျမန္မာ့တပ္မေတာ္က သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ ေျပာၾကသည္ကို ၾကားရေသာအခါ ထိုအေၾကာင္းကို အမွတ္ရမိပါသည္။

လက္ဆင့္ကမ္းေျပာၾကေသာ collective memory ဆိုသည္မွာ လူကိုမဆိုထားႏွင့္ က်ီကန္းမ်ားမွာ ေတာင္မွ ရွိၾကသည္ ဟု သုေတသီ အခ်ိဳ႕က ဆိုၾကေလသည္။

ဦးေက်ာ္ေဇာဦး

၂၀၁၉ ဇြန္န၀ါရီလ (၂၄) ရက္

[ Now read in Unicode version here ]

ဦးအောင်ဆန်းအား အမွေဆက်ခံသူ

ကောက်နှုတ်ချက်
“ရခိုင်ပြည် ငြိမ်ဝပ်ပိပြားရေးအတွက် တိုင်းမင်းကြီးက လက်နက်ကိုင်စစ်သားတစ်ထောင် တောင်းရာ ဦးအောင်ဆန်းအစိုးရက စစ်သားနှစ်ထောင်ခွင့်ပြုလိုက်သည် ဆိုခြင်း” (သူရိယသတင်းစာ ၁၉၄၇ မေ ၄)

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မိမိ ငယ်စဉ်က အားထုတ် ဖတ်ရှုခဲ့ဖူးသူဖြစ်သည့်အလျောက် ကျွန်တော် မမေ့မလျော့သည့် အချက်တစ်ချက် ရှိပါသည်။ မြန်မာပြည်လွတ်လပ်ရေးမရခင် နှစ်ပိုင်းခန့်ကပင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံနှင့် ပူးတွဲလျက် မြန်မာပြည်အစိုးရ၏ ခေါင်းဆောင်ဖြစ်နေလေရာ၊ ထိုစဉ်တည််းကပင် ရခိုင်ပြည်အတွင်းရှိ လက်နက်ကိုင်တော်လှန်သူများကို ချေမှုန်းရန် အမိန့်ပေးခဲ့သူ ဖြစ်သည် ဆိုသောအချက် ဖြစ်လေသည်။

မြေပုံမြို့နယ်၊ ကျောက်တော်၊ မင်းပြားနယ်များတစ်ခွင် ဘုံဘောက်သာကျော်ဦးဆောင်သော ရခိုင်တော်လှန်ရေးတပ်များကို ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်ဖြင့် ဗိုလ်မှူးကျော်ဇော (နောင် ဗိုလ်မှူးချုပ် ကျော်ဇော) ဦးဆောင်သည့် တပ်များသည် စစ်ရေယာဉ်များ၊ မော်တာများ အစရှိသည်ဖြင့် အင်အားကြီးကြီးမားမား သုံးကာ ချေမှုန်းရေးစစ်ပွဲ ဆင်နွဲဖူးခဲ့ကြသည်။

ထိုစဉ်က သူရိယသတင်းစာ (၁၉၄၇-ခုနှစ် မေလ-၄ ရက်ထုတ်) တွင် ခေါင်းစဉ်ငယ် တစ်ခုက ဤသို့ ဆိုပါသည်။ “ရခိုင်ပြည် ငြိမ်ဝပ်ပိပြားရေးအတွက် တိုင်းမင်းကြီးက လက်နက်ကိုင်စစ်သားတစ်ထောင် တောင်းရာ ဦးအောင်ဆန်းအစိုးရက စစ်သားနှစ်ထောင်ခွင့်ပြုလိုက်သည် ဆိုခြင်း” ဟု ဆိုပါသည်။

ထိုစဉ်က မြန်မာပြည် လွတ်လပ်ရေး မရသေး။ ဗမာပြည်ကွန်မြူနစ်ပါတီလည်း တောမခိုသေး။ ကရင် ကေအန်ဒီအိုများလည်း တောမခိုသေး။ ဗိုလ်ချုပ်အောင်ဆန်းအစိုးရ၏ ပထမဆုံး နှင့် နောက်ဆုံး ချေမှုန်းရေး စစ်ဆင်မှု ညွှန်ကြားချက် ဖြစ်ပုံရလေသည်။ ထိုစဉ်က ‘လွတ်လပ်ရေး’ ဆိုသည်ကိုပင် မရသေးသော်လည်း ရခိုင်ပြည်က ထိုသူပုန်များမှာ “လွတ်လပ်ရေး၏ ရန်သူများ” ဟူ၍ပင် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲပြောဆို ရေးသား တိုက်ခိုက် ခဲ့ကြဖူးလေသည်။

ဘုံဘောက်သာကျော် တပ်များအား ရှင်းလင်းရေးဆောင်ရွက်ချက်နှင့် ပတ်သက်၍ “အစိုးရ ပြန်ကြားရေးဌာနမှ ရှင်းတမ်းတစ်ရပ်ကို ပြုခဲ့ရာ ၁၉၄၈-ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် သူရိယသတင်းစာတွင် အောက်ပါအတိုင်း ရေးသားဖော်ပြထား၏။
‘ရခိုင်တိုင်း ဗမာ့တပ်မတော် ဆောင်ရွက်ချက်များ’ ဟူသော ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည်မှာ –

“၁၉၄ရခု၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ ၁၉၄၈ ခု ဇွန်နဝါရီလ ၁ ရက်နေ့အထိ ရခိုင်တိုင်း ဗမာ့တပ်မတော် ဆောင်ရွက်ချက်များမှာ ထိုးစစ်ဆင်တိုက်ခိုက်မှု ဖြစ်သည်။ စစ်တွေ ဒီစတြိတ်အထက် ကျောက်တော်မြို့နယ်မှ ကျောက်ဖြူ၊ မြေပုံနယ်အထိ တပ်မတော်က နေရာအနှံ့အပြားတွင် ထိုးစစ်ဆင်ရာ အလုံးအရင်းနှင့် ပုန်းအောင်းနေသော တောပုန်းများမှာ အစိတ်စိတ်နှင့် ဖရိုဖရဲဖြစ်ကာ ဗမာ့တပ်မတော်လက်တွင်း သက်ဆင်းကျရောက်ရလေသည်။
ထိုသို့ ဗမာ့တပ်မတော်မှ တိုက်ခိုက်မှုကြောင့် ကြာအင်းတောင် ဗဟိုဥက္ကဋ္ဌ ဘုံဘောက်သာကျော်၏ အင်အားအကြီးဆုံးဖြစ်သော မြေပုံမြို့နယ်မှာ လက်လွှတ်ပစ်ခဲ့ရလေသည်။” (ကိုးကား ဘုံဘောက်သာကျော် ၏ တော်လှန်ရေးခရီးဝယ်)

ပြီးခဲ့သည့် လေးငါးရက်က စိတ်ထဲမှာတေးထားမိသည်ကို ယခုမှ ရေုးဖြစ်ပါသည်။ စိတ်အမှတ်ပြုစရာတစ်ခုကို ကြုံ၍ ပြောသည် ဟု မှတ်ယူကြပါရန် ဖြစ်ပါသည်။

AA ကို တိုက်ခိုက်ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့သည် ဟု ဇွန်နဝါရီ (၁၈) ရက်နေ့ မြန်မာ့တပ်မတော်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြသည်ကို ကြားရသောအခါ ထိုအကြောင်းကို အမှတ်ရမိပါသည်။

လက်ဆင့်ကမ်းပြောကြသော collective memory ဆိုသည်မှာ လူကိုမဆိုထားနှင့် ကျီကန်းများမှာ တောင်မှ ရှိကြသည် ဟု သုတေသီ အချို့က ဆိုကြလေသည်။

ဦးကျော်ဇောဦး
၂၀၁၉ ဇွန်နဝါရီလ (၂၄) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s