
[ Zawgyi version here ] [ Unicode version below ]
ႏႈတ္ျဖင့္ေမးျမန္းၾကသည္မ်ားကို ႏႈတ္ျဖင့္ မၾကာခဏ ေျဖၾကားေနရသျဖင့္ ေဖ့စ္ဘုတ္ စာမ်က္ႏွာေပၚမွ ေျဖၾကားေပးလိုက္ပါသည္။ ကၽြန္ေတာ္ သံုးထပ္တိုက္မေဆာက္ပါ။
လက္ရွိကၽြန္ေတာ္ေနေသာ ကၽြန္ေတာ့္အိမ္ (ကၽြန္ေတာ့္မိဘအိမ္) ႏွင့္ တစ္ၿခံေက်ာ္တြင္ ၿပီးခဲ့သည့္ တစ္လခန္႔မွစ၍ တုိက္တစ္လံုးေဆာက္ၾကရာ ယခုဆိုလွ်င္ ေတာ္ေတာ္ရုပ္လံုးေပၚေနၿပီျဖစ္ေလသည္။ ထိုတိုက္မွာ ၂၀၁၂ ဘဂၤါလီအေရးအခင္း တြင္ ေျပာင္းသြားေသာ ဘဂၤါလီ ဦးေမာင္ေမာင္တင္ တို႔ မိသားစု ၏ ေျမေနရာ ျဖစ္ပါသည္။ ထိုေျမေနရာကို မည္သူက ၀ယ္လိုက္ကာ တိုက္ေဆာက္ေနသနည္း၊ ပိုင္ရွင္ ဘယ္သူနည္း ကၽြန္ေတာ္ မသိပါ။ စိတ္လည္း မ၀င္စားပါ။ သို႔ေသာ္ ထိုေဆာက္လက္စတိုက္ (ႏွစ္ထပ္ခြဲ တိုက္) ကို အေၾကာင္းျပဳ လ်က္ ေက်ာ္ေဇာဦး သံုးထပ္တိုက္ေတာင္ ေဆာက္ေနၿပီ ဟု တိုးတိုးတိတ္တိတ္ ၀ါဒျဖန္႔ေနၾကပံု ရေလသည္။
သံုးထပ္တိုက္ ေဆာက္ျခင္းသည္ ရာဇ၀တ္ျပစ္မႈ မဟုတ္။ တိုင္းျပည္ၿမိဳ႕ျပစည္ပင္ေအာင္ လုပ္ရာေရာက္ သည့္အတြက္ သံုးထပ္တိုက္ ေဆာက္ျခင္းကို အားေတာင္အားေပးထိုက္သည္။ သို႔ရာတြင္ “ေက်ာ္ေဇာဦး သံုးထပ္တိုက္ေဆာက္ေနၿပီ” ဟု ျဖန္႔ခ်ိသည့္ သတင္းမွား၏ ဆိုလိုသည့္သေဘာက ႏိုင္ငံေရးသမား ဦးေက်ာ္ေဇာဦးသည္ အက်င့္ပ်က္ျခစား အခြင့္အာဏာအလြဲသံုးလ်က္ စီးပြားရွာေဖြ ထားေသာ ဓနဥစၥာတို႔ျဖင့္ ၾကြယ္၀ခ်မ္းသာလ်က္ ရွိေနေလၿပီ ဟု သတင္းျဖန္႔လိုရင္း ျဖစ္ပံုရေလသည္။
ယေန႔အခ်ိန္အထိ ကၽြန္ေတာ္သည္ ႏိုင္ငံေရးသမားတစ္ေယာက္အေနျဖင့္ ေနထိုင္သည့္ ကာလအေတာအတြင္း လုပ္ပိုင္ခြင့္၊ အခ်ိတ္အဆက္၊ မိမိ၏ ႏိုင္ငံေရးၾသဇာ စသည္တို႔ကို အသံုးခ်လ်က္ (သို႔မဟုတ္ တလြဲ အသံုးခ်လ်က္) ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ ရွာေဖြဖူးျခင္း သံုးစြဲဖူးျခင္း လံုး၀ မရွိပါ။ တစ္သက္ႏွင့္တစ္ကိုယ္ မတရားစီးပြား တစ္ခါမွ် မရွာဖူးပါ။ ေနာက္ေနာင္လည္း ထိုကဲ့သို႔ အက်င့္ပ်က္ ျခစားလိမ့္မည္ မဟုတ္မည္မွာ လံုး၀ ေသခ်ာပါသည္။
“ေက်ာ္ေဇာဦး သံုးထပ္တိုက္ေတာင္ ေဆာက္ေနၿပီ” ဆိုသည့္စကားကို စစ္ေတြၿမိဳ႕ေပၚတြင္ ျဖန္႔ေနၾကျခင္း မဟုတ္ပါ။ စစ္ေတြၿမိဳ႕သူၿမိဳ႕သားမ်ားက ကၽြန္ေတာ့္ အေၾကာင္းသိမ်ားျဖစ္ၾကပါသည္။ ေျပာတိုင္း ယံုၾကမည့္ သူမ်ားမဟုတ္ပါ။ ကၽြန္ေတာ္ႏွင့္ အနည္းငယ္ အလွမ္းေ၀းေသာ ကၽြန္ေတာ္၏ မဲဆႏၵနယ္ ေက်းလက္ေတာရြာမ်ားတြင္ ထိုစကားအား ႏႈတ္အားျဖင့္ ျဖန္႔ေနၾကသည္ ဟု သိရေလသည္။ ထိုစကားကို ယံုၾကည္ေနၾကသူမ်ား ရွိႏိုင္ပါသည္။ ထိုစကား မမွန္ပါေၾကာင္း ေျပာလိုရင္း ျဖစ္ပါသည္။
အခ်ိန္ေပး၍ ဖတ္ရႈသည့္အတြက္ ေက်းဇူးတင္ပါသည္။
ဦးေက်ာ္ေဇာဦး
၂၀၁၉ ေဖေဖာ္၀ါရီလ (၁၀) ရက္

[ Unicode version here ]
ကျွန်တော် သုံးထပ်တိုက်မဆောက်ပါ
နှုတ်ဖြင့်မေးမြန်းကြသည်များကို နှုတ်ဖြင့် မကြာခဏ ဖြေကြားနေရသဖြင့် ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှ ဖြေကြားပေးလိုက်ပါသည်။ ကျွန်တော် သုံးထပ်တိုက်မဆောက်ပါ။
လက်ရှိကျွန်တော်နေသော ကျွန်တော့်အိမ် (ကျွန်တော့်မိဘအိမ်) နှင့် တစ်ခြံကျော်တွင် ပြီးခဲ့သည့် တစ်လခန့်မှစ၍ တိုက်တစ်လုံးဆောက်ကြရာ ယခုဆိုလျှင် တော်တော်ရုပ်လုံးပေါ်နေပြီဖြစ်လေသည်။ ထိုတိုက်မှာ ၂၀၁၂ ဘင်္ဂါလီအရေးအခင်း တွင် ပြောင်းသွားသော ဘင်္ဂါလီ ဦးမောင်မောင်တင် တို့ မိသားစု ၏ မြေနေရာ ဖြစ်ပါသည်။ ထိုမြေနေရာကို မည်သူက ဝယ်လိုက်ကာ တိုက်ဆောက်နေသနည်း၊ ပိုင်ရှင် ဘယ်သူနည်း ကျွန်တော် မသိပါ။ စိတ်လည်း မဝင်စားပါ။ သို့သော် ထိုဆောက်လက်စတိုက် (နှစ်ထပ်ခွဲ တိုက်) ကို အကြောင်းပြု လျက် ကျော်ဇောဦး သုံးထပ်တိုက်တောင် ဆောက်နေပြီ ဟု တိုးတိုးတိတ်တိတ် ၀ါဒဖြန့်နေကြပုံ ရလေသည်။
သုံးထပ်တိုက် ဆောက်ခြင်းသည် ရာဇဝတ်ပြစ်မှု မဟုတ်။ တိုင်းပြည်မြို့ပြစည်ပင်အောင် လုပ်ရာရောက် သည့်အတွက် သုံးထပ်တိုက် ဆောက်ခြင်းကို အားတောင်အားပေးထိုက်သည်။ သို့ရာတွင် “ကျော်ဇောဦး သုံးထပ်တိုက်ဆောက်နေပြီ” ဟု ဖြန့်ချိသည့် သတင်းမှား၏ ဆိုလိုသည့်သဘောက နိုင်ငံရေးသမား ဦးကျော်ဇောဦးသည် အကျင့်ပျက်ခြစား အခွင့်အာဏာအလွဲသုံးလျက် စီးပွားရှာဖွေ ထားသော ဓနဥစ္စာတို့ဖြင့် ကြွယ်ဝချမ်းသာလျက် ရှိနေလေပြီ ဟု သတင်းဖြန့်လိုရင်း ဖြစ်ပုံရလေသည်။
ယနေ့အချိန်အထိ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက်အနေဖြင့် နေထိုင်သည့် ကာလအတောအတွင်း လုပ်ပိုင်ခွင့်၊ အချိတ်အဆက်၊ မိမိ၏ နိုင်ငံရေးသြဇာ စသည်တို့ကို အသုံးချလျက် (သို့မဟုတ် တလွဲ အသုံးချလျက်) ငွေကြေး တစ်ပြားတစ်ချပ်မှ ရှာဖွေဖူးခြင်း သုံးစွဲဖူးခြင်း လုံးဝ မရှိပါ။ တစ်သက်နှင့်တစ်ကိုယ် မတရားစီးပွား တစ်ခါမျှ မရှာဖူးပါ။ နောက်နောင်လည်း ထိုကဲ့သို့ အကျင့်ပျက် ခြစားလိမ့်မည် မဟုတ်မည်မှာ လုံးဝ သေချာပါသည်။
“ကျော်ဇောဦး သုံးထပ်တိုက်တောင် ဆောက်နေပြီ” ဆိုသည့်စကားကို စစ်တွေမြို့ပေါ်တွင် ဖြန့်နေကြခြင်း မဟုတ်ပါ။ စစ်တွေမြို့သူမြို့သားများက ကျွန်တော့် အကြောင်းသိများဖြစ်ကြပါသည်။ ပြောတိုင်း ယုံကြမည့် သူများမဟုတ်ပါ။ ကျွန်တော်နှင့် အနည်းငယ် အလှမ်းဝေးသော ကျွန်တော်၏ မဲဆန္ဒနယ် ကျေးလက်တောရွာများတွင် ထိုစကားအား နှုတ်အားဖြင့် ဖြန့်နေကြသည် ဟု သိရလေသည်။ ထိုစကားကို ယုံကြည်နေကြသူများ ရှိနိုင်ပါသည်။ ထိုစကား မမှန်ပါကြောင်း ပြောလိုရင်း ဖြစ်ပါသည်။
အချိန်ပေး၍ ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါသည်။
ဦးကျော်ဇောဦး
၂၀၁၉ ဖေဖော်ဝါရီလ (၁၀) ရက်