Reported by Kyaw Zaw Oo
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူးေက်းရြာတြင္ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ (၂၀)ရက္ေန႔က ျမန္မာ့တပ္မေတာ္၏ ေက်းရြာအတြင္းသို႔ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေနအိမ္တစ္ခုအတြင္းတြင္ ရွိေနသည့္ ေက်းရြာသူ မရီရီစိုး (၁၈-ႏွစ္) မွာ ဦးေခါင္းကို က်ည္၀င္ေဖာက္ထြက္ၿပီး ေသဆံုးခဲ့ရပါသည္။
ထိုအျဖစ္အပ်က္ႏွင့္ပတ္သက္၍ ထိုျဖစ္ရပ္အတြင္း ကိုယ္ေတြ႕ႀကံဳေတြ႕ခံစားခဲ့ရသူ အခ်ိဳ႕ႏွင့္ ကၽြန္ေတာ္ေတြ႕ဆံုၿပီး ကိုယ္ေတြ႕အျဖစ္အပ်က္ (first-hand experience) မ်ားကို ယေန႔ ေမးျမန္းမွတ္တမ္းတင္ခဲ့ပါသည္။
ေမးျမန္းသိရသမွ် အား အႏွစ္ခ်ဳပ္လ်က္ သိရေသာ အခ်က္အလက္မ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။
၁။ မရီရီစိုး ေသဆံုးရျခင္းမွာ ျမန္မာ့တပ္မေတာ္ ႏွင့္ ရကၡိဳင့္တပ္မေတာ္ တပ္ဖြဲ႕မ်ား အျပန္အလွန္ ပစ္ခတ္သည့္ အၾကား (cross-fire between fighting forces ေၾကာင့္) ထိခိုက္ေသဆံုးရျခင္း လံုး၀မဟုတ္။ မင္းဖူးရြာကိုေရာက္လာသည့္ ျမန္မာစစ္တပ္က ရြာထိပ္တြင္ (ထိခိုက္မႈမရွိခဲ့သည့္) ဗံုးေပါက္ကြဲမႈျဖစ္သည္ကို အေၾကာင္းျပဳကာ ရြာထဲကို၀င္လ်က္ အိမ္မ်ားကို ပစ္မွတ္မည္သူရယ္လို႔မဟုတ္ မခြဲမျခား (indiscriminate shooting) ဒလေဟာ က်ည္သြန္ပစ္ခတ္ၾကသည့္အတြက္ အိမ္တစ္အိမ္အေပၚသို႔ တက္ေျပးခိုလံႈေသာ မရီရီစိုး က်ည္ထိေသဆံုးရျခင္း ျဖစ္ပါသည္။
၂။ ေက်းရြာအတြင္း ျမန္မာစစ္တပ္အျပင္ ေနာက္တပ္ဖြဲ႕တစ္ဖြဲ႕ဖြဲ႕က ေသာ္လည္းေကာင္း တစ္ဦးတစ္ေယာက္ေယာက္ကေသာ္လည္းေကာင္း ျပန္လွန္ပစ္ခတ္ေနျခင္း လံုး၀မရွိခဲ့ဘဲ ရြာသူရြာသားမ်ားအားလံုး နီးရာအကာအကြယ္မ်ားတြင္ ေျပး၀င္ခိုလံႈေနခဲ့သည္သာ ရွိခဲ့သည္ ဟု ဆိုပါသည္။
၃။ ေမးျမန္းသိရွိခ်က္အရ – ရြာထဲတြင္ ရွိသည့္ ေယာက်ၤားမ်ားအား ရိုက္ႏွက္ျခင္း၊ ညေန ရွစ္နာရီအထိ ခ်ည္ေႏွာင္လ်က္ ေနပူျပင္ ရြာလမ္းေပၚတြင္ ခုနစ္နာရီေက်ာ္မွ် ခ်ည္ေႏွာင္ထားျခင္း၊ အနီးတြင္ ေက်ာင္းသားမ်ား စာေမးပြဲေျဖေနၾကသည့္ စာသင္ေက်ာင္းမ်ားဘက္သို႔ ရည္ရြယ္ပစ္ခတ္ျခင္း၊ ဆရာဆရာမမ်ား ဖုန္းကိုင္သံုးေနသည္ကို ျမင္သျဖင့္ ယူနီေဖာင္း၀တ္ ဆရာမမ်ားအား ရိုက္ႏႈက္ျခင္း၊ တစ္ရြာလံုးလိုလို အသက္ႀကီးငယ္မေရြး ေယာက်ၤားသားမ်ားအား ရိုက္ႏႈက္ျခင္း ျပဳခဲ့သည္ ဟု ေျပာၾကားခ်က္မ်ားကို သိရွိရပါသည္။
၄။ ကိုယ္ေတြ႕ႀကံဳခဲ့သူတစ္ဦး ေျပာၾကားခ်က္အရ – ရြာထဲတြင္ ရမ္းသမ္းပစ္ခတ္မႈမွာ အနည္းဆံုး တစ္နာရီခန္႔ ၾကာျမင့္ခဲ့သည္ ဟု ေျပာၾကားပါသည္။ ၎၏ ခႏၶာတြင္ ပါရွိသည့္ ေငြက်ပ္ သံုးေသာင္းခြဲအား ဖမ္းဆီးသူမ်ားက ယူထားလိုက္ေၾကာင္း ေျပာၾကားပါသည္။ အလားတူပင္ တစ္ရြာလံုးမွ ေငြ၊ ပစၥည္းအမ်ိဳးမ်ိဳးကို ယူငင္သြားခဲ့ၾကသည္ ဟု ၎ ကဆိုပါသည္။
၅။ ထိုေန႔က ၎ဖမ္းဆီး ေခၚေဆာင္သြားသည့္ ျမင္းဖူးေက်းရြာသား ကိုသန္းေဖ ဆိုသူ ႏွင့္ ေနာက္တစ္ဦး မွာ ယေန႔အထိ လြတ္ေျမာက္လာျခင္း မရွိေသးပါ။
ဦးေက်ာ္ေဇာဦး
ရခုိင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)
၂၀၁၉ ေဖေဖာ္၀ါရီလ (၂၃) ရက္
**************************************
[ Unicode version here ]
မင်းဖူးကျေးရွာတွင်း လူသေမှုဖြစ်စေခဲ့သည့် မြန်မာစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှု အကြောင်း စုံစမ်းသိရသမျှ တင်ပြချက်
Reported by Kyaw Zaw Oo
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြန်မာ့တပ်မတော်၏ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ခုအတွင်းတွင် ရှိနေသည့် ကျေးရွာသူ မရီရီစိုး (၁၈-နှစ်) မှာ ဦးခေါင်းကို ကျည်ဝင်ဖောက်ထွက်ပြီး သေဆုံးခဲ့ရပါသည်။
ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ထိုဖြစ်ရပ်အတွင်း ကိုယ်တွေ့ကြုံတွေ့ခံစားခဲ့ရသူ အချို့နှင့် ကျွန်တော်တွေ့ဆုံပြီး ကိုယ်တွေ့အဖြစ်အပျက် (first-hand experience) များကို ယနေ့ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။
မေးမြန်းသိရသမျှ အား အနှစ်ချုပ်လျက် သိရသော အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ မရီရီစိုး သေဆုံးရခြင်းမှာ မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်သည့် အကြား (cross-fire between fighting forces ကြောင့်) ထိခိုက်သေဆုံးရခြင်း လုံးဝမဟုတ်။ မင်းဖူးရွာကိုရောက်လာသည့် မြန်မာစစ်တပ်က ရွာထိပ်တွင် (ထိခိုက်မှုမရှိခဲ့သည့်) ဗုံးပေါက်ကွဲမှုဖြစ်သည်ကို အကြောင်းပြုကာ ရွာထဲကိုဝင်လျက် အိမ်များကို ပစ်မှတ်မည်သူရယ်လို့မဟုတ် မခွဲမခြား (indiscriminate shooting) ဒလဟော ကျည်သွန်ပစ်ခတ်ကြသည့်အတွက် အိမ်တစ်အိမ်အပေါ်သို့ တက်ပြေးခိုလှုံသော မရီရီစိုး ကျည်ထိသေဆုံးရခြင်း ဖြစ်ပါသည်။
၂။ ကျေးရွာအတွင်း မြန်မာစစ်တပ်အပြင် နောက်တပ်ဖွဲ့တစ်ဖွဲ့ဖွဲ့က သော်လည်းကောင်း တစ်ဦးတစ်ယောက်ယောက်ကသော်လည်းကောင်း ပြန်လှန်ပစ်ခတ်နေခြင်း လုံးဝမရှိခဲ့ဘဲ ရွာသူရွာသားများအားလုံး နီးရာအကာအကွယ်များတွင် ပြေးဝင်ခိုလှုံနေခဲ့သည်သာ ရှိခဲ့သည် ဟု ဆိုပါသည်။
၃။ မေးမြန်းသိရှိချက်အရ – ရွာထဲတွင် ရှိသည့် ယောကျင်္ားများအား ရိုက်နှက်ခြင်း၊ ညနေ ရှစ်နာရီအထိ ချည်နှောင်လျက် နေပူပြင် ရွာလမ်းပေါ်တွင် ခုနစ်နာရီကျော်မျှ ချည်နှောင်ထားခြင်း၊ အနီးတွင် ကျောင်းသားများ စာမေးပွဲဖြေနေကြသည့် စာသင်ကျောင်းများဘက်သို့ ရည်ရွယ်ပစ်ခတ်ခြင်း၊ ဆရာဆရာမများ ဖုန်းကိုင်သုံးနေသည်ကို မြင်သဖြင့် ယူနီဖောင်းဝတ် ဆရာမများအား ရိုက်နှုက်ခြင်း၊ တစ်ရွာလုံးလိုလို အသက်ကြီးငယ်မရွေး ယောကျင်္ားသားများအား ရိုက်နှုက်ခြင်း ပြုခဲ့သည် ဟု ပြောကြားချက်များကို သိရှိရပါသည်။
၄။ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦး ပြောကြားချက်အရ – ရွာထဲတွင် ရမ်းသမ်းပစ်ခတ်မှုမှာ အနည်းဆုံး တစ်နာရီခန့် ကြာမြင့်ခဲ့သည် ဟု ပြောကြားပါသည်။ ၎င်း၏ ခန္ဓာတွင် ပါရှိသည့် ငွေကျပ် သုံးသောင်းခွဲအား ဖမ်းဆီးသူများက ယူထားလိုက်ကြောင်း ပြောကြားပါသည်။ အလားတူပင် တစ်ရွာလုံးမှ ငွေ၊ ပစ္စည်းအမျိုးမျိုးကို ယူငင်သွားခဲ့ကြသည် ဟု ၎င်း ကဆိုပါသည်။
၅။ ထိုနေ့က ၎င်းဖမ်းဆီး ခေါ်ဆောင်သွားသည့် မြင်းဖူးကျေးရွာသား ကိုသန်းဖေ ဆိုသူ နှင့် နောက်တစ်ဦး မှာ ယနေ့အထိ လွတ်မြောက်လာခြင်း မရှိသေးပါ။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၉ ဖေဖော်ဝါရီလ (၂၃) ရက်