
ဦးေကသရအတြက္ ေမတၱာစာလႊာတို
==========
မိမိ ခင္မင္ကၽြမ္း၀င္သည့္ ရဟန္းတစ္ပါးျဖစ္ေသာ ဦးေကသရသည္ ယေန႔မြန္းလြဲ ႏွစ္နာရီေက်ာ္အခ်ိန္တြင္ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီး၌ ပ်ံလြန္ေတာ္မူခဲ့ပါသည္။ ဦးေကသရမွာ စစ္ေတြၿမိဳ႕ စက္ရံုစုရပ္ကြက္ ရြာသာယာရွိ အာရကၡေဖာင္ေဒးရွင္းေက်ာင္းတိုက္၏ တာ၀န္ခံ ေက်ာင္းထိုင္ဆရာေတာ္ ျဖစ္ပါသည္။
၂၀၁၄-ခုႏွစ္ ေတာင္ကုတ္ၿမိဳ႕တြင္က်င္းပသည့္ ရခိုင္လူမႈကြန္ရက္ညီလာခံသို႔ စစ္ေတြလူမႈအဖြဲ႕အစည္းမ်ား၏ ရခိုင္လူမႈကြန္ရက္ (စစ္ေတြ) ကိုယ္စားေစလႊတ္သည့္ ပုဂၢိဳလ္ ငါးဦးတြင္ ကၽြန္ေတာ္တို႔ႏွင့္အတူ ရဟန္ပ်ိဳ ဦးေကသရ ပါ၀င္ တက္ေရာက္ခဲ့ပါသည္။
ဦးေကသရသည္ ခ်ိဳ႕တဲ့ေက်ာင္းသားမ်ားအတြက္ ပညာဒါန ေက်ာင္းအိပ္ေက်ာင္းစား ဖြင့္လွစ္ကူညီ သင္ၾကားေပးေနခဲ့သည္သာမက အမ်ိဳးသားေရး၊ ဘာသာေရး၊ သာသနာေရးရာမ်ားတြင္ အၿမဲ လံု႔လျပဳ အားထုတ္စြမ္းေဆာင္ေသာ ရဟန္းတစ္ပါး ျဖစ္ပါသည္။
ငယ္ရြယ္ႏုပ်ိဳခ်ိန္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူေသာ ကိုယ္ေတာ္ ေကသရ အား ကၽြန္ေတာ္တို႔ အမွတ္ရေနၾကမည္သာ ျဖစ္ပါသည္။
ေက်ာ္ေဇာဦး
၂၀၁၉ မတ္လ (၇) ရက္

ဦးကေသရအတွက် မေတ္တာစာလွှာတို
မိမိ ခင်မင်ကျွမ်းဝင်သည့် ရဟန်းတစ်ပါးဖြစ်သော ဦးကေသရသည် ယနေ့မွန်းလွဲ နှစ်နာရီကျော်အချိန်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့ပါသည်။ ဦးကေသရမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွာသာယာရှိ အာရက္ခဖောင်ဒေးရှင်းကျောင်းတိုက်၏ တာဝန်ခံ ကျောင်းထိုင်ဆရာတော် ဖြစ်ပါသည်။
၂၀၁၄-ခုနှစ် တောင်ကုတ်မြို့တွင်ကျင်းပသည့် ရခိုင်လူမှုကွန်ရက်ညီလာခံသို့ စစ်တွေလူမှုအဖွဲ့အစည်းများ၏ ရခိုင်လူမှုကွန်ရက် (စစ်တွေ) ကိုယ်စားစေလွှတ်သည့် ပုဂ္ဂိုလ် ငါးဦးတွင် ကျွန်တော်တို့နှင့်အတူ ရဟန်ပျို ဦးကေသရ ပါဝင် တက်ရောက်ခဲ့ပါသည်။
ဦးကေသရသည် ချို့တဲ့ကျောင်းသားများအတွက် ပညာဒါန ကျောင်းအိပ်ကျောင်းစား ဖွင့်လှစ်ကူညီ သင်ကြားပေးနေခဲ့သည်သာမက အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးရာများတွင် အမြဲ လုံ့လပြု အားထုတ်စွမ်းဆောင်သော ရဟန်းတစ်ပါး ဖြစ်ပါသည်။
ငယ်ရွယ်နုပျိုချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသော ကိုယ်တော် ကေသရ အား ကျွန်တော်တို့ အမှတ်ရနေကြမည်သာ ဖြစ်ပါသည်။
ကျော်ဇောဦး
၂၀၁၉ မတ်လ (၇) ရက်