တိုက်ပွဲအပြီး ဓါတ်ပုံများက ဘာတွေပြောသလဲ

[ Zawgyi ]

ပူးတြဲပါ ဓါတ္ပံုေတြဟာ ရကၡိဳင့္တပ္မေတာ္ AA က ဒီကေန႔ ၂၀၁၉ မတ္လ (၈) ရက္ မြန္းလြဲ သံုးနာရီေက်ာ္မွာ internet ေပၚတင္ၿပီး ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြ ျဖစ္ပါတယ္။ မတ္လ (၇) ရက္အတြက္ ထုတ္ျပန္ခ်က္ လို႔ ဆိုပါတယ္။

ေသစရာရွိရင္ ေျမျပင္ေပၚမွာ ေသနတ္ကိုင္ၿပီး လမ္းေလွ်ာက္ေနၾကတဲ့လူေတြ ေသမွာပါေလ ငါေသမွာမွ မဟုတ္တာ ဆိုၿပီး ေခ်မႈန္းေရးအမိန္႔ေတြေပးၾကတဲ့ ႏိုင္ငံေရးသမားေတြ ဒီဓါတ္ပံုေတြကို အေသအခ်ာ ေစ့ေစ့စပ္စပ္ ကသိုဏ္းရႈသင့္တယ္။

ျပည္နယ္ရဲ႕တစ္ဘက္ျခမ္းမွာ ေခ်မႈန္းေရးအမိန္႔ေတြေပးၿပီး ျပည္နယ္ရဲ႕ေနာက္တစ္ဘက္ျခမ္းမွာ ပြဲလမ္းသဘင္ဆင္ယင္ၿပီး သကာလ ရင္းႏွီးျမွဳပ္ႏွံမႈေတြ လာၾကပါဦးလို႔ အရွက္မရွိ ေစ်းေခၚၾကတဲ့ ႏိုင္ငံေရသမားေတြ သံေ၀ဂယူသင့္တယ္။

ဘယ္ဖက္ကေသေသ ငါတို႔လူေတြေသေနၾကတာပါလားလို႔ ႏွလံုးမသြင္းႏိုင္တဲ့ ႏိုင္ငံေရးသမားေတြဟာ အိမ္ထဲမွာ မိမိညီအစ္ကိုေမာင္ႏွမေတြကို ငါက ေခါင္းေခါက္ အႏိုင္က်င့္ေနရရင္ၿပီးေရာ ေဘးကအိမ္ေတြဆီမွာ အိမ္ကိုေပါင္ၿပီး ေအာက္က်ေနာက္က်ျဖစ္ရင္ျဖစ္ပါေစ ဆိုတဲ့ စိတ္ဓါတ္ကို ႏွစ္ေပါင္း ခုနစ္ဆယ္ကိုင္စြဲလုပ္ေဆာင္ခဲ့ၾကတဲ့အတြက္ ႏိုင္ငံဟာ အနိမ့္က်ဆံုး အေျခအေနေတြဆီကို ေရာက္လာခဲ့တယ္။

ေက်ာ္ေဇာဦး

၂၀၁၉ မတ္လ (၈)ရက္

[ unicode ]

တိုက်ပွဲအပြီး ဓါတ်ပုံများက ဘာတွေပြောသလဲ

ပူးတွဲပါ ဓါတ်ပုံတွေဟာ ရက္ခိုင့်တပ်မတော် AA က ဒီကနေ့ ၂၀၁၉ မတ်လ (၈) ရက် မွန်းလွဲ သုံးနာရီကျော်မှာ internet ပေါ်တင်ပြီး ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ မတ်လ (၇) ရက်အတွက် ထုတ်ပြန်ချက် လို့ ဆိုပါတယ်။

သေစရာရှိရင် မြေပြင်ပေါ်မှာ သေနတ်ကိုင်ပြီး လမ်းလျှောက်နေကြတဲ့လူတွေ သေမှာပါလေ ငါသေမှာမှ မဟုတ်တာ ဆိုပြီး ချေမှုန်းရေးအမိန့်တွေပေးကြတဲ့ နိုင်ငံရေးသမားတွေ ဒီဓါတ်ပုံတွေကို အသေအချာ စေ့စေ့စပ်စပ် ကသိုဏ်းရှုသင့်တယ်။

ပြည်နယ်ရဲ့တစ်ဘက်ခြမ်းမှာ ချေမှုန်းရေးအမိန့်တွေပေးပြီး ပြည်နယ်ရဲ့နောက်တစ်ဘက်ခြမ်းမှာ ပွဲလမ်းသဘင်ဆင်ယင်ပြီး သကာလ ရင်းနှီးမြှုပ်နှံမှုတွေ လာကြပါဦးလို့ အရှက်မရှိ စျေးခေါ်ကြတဲ့ နိုင်ငံရေသမားတွေ သံဝေဂယူသင့်တယ်။

ဘယ်ဖက်ကသေသေ ငါတို့လူတွေသေနေကြတာပါလားလို့ နှလုံးမသွင်းနိုင်တဲ့ နိုင်ငံရေးသမားတွေဟာ အိမ်ထဲမှာ မိမိညီအစ်ကိုမောင်နှမတွေကို ငါက ခေါင်းခေါက် အနိုင်ကျင့်နေရရင်ပြီးရော ဘေးကအိမ်တွေဆီမှာ အိမ်ကိုပေါင်ပြီး အောက်ကျနောက်ကျဖြစ်ရင်ဖြစ်ပါစေ ဆိုတဲ့ စိတ်ဓါတ်ကို နှစ်ပေါင်း ခုနစ်ဆယ်ကိုင်စွဲလုပ်ဆောင်ခဲ့ကြတဲ့အတွက် နိုင်ငံဟာ အနိမ့်ကျဆုံး အခြေအနေတွေဆီကို ရောက်လာခဲ့တယ်။

ကျော်ဇောဦး
၂၀၁၉ မတ်လ (၈)ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s