ျပည္သူလူထု သိမွတ္ဖြယ္ရာ ရဲလက္စြဲ ဥပေဒ အေျခခံမ်ား
==========
[ Zawgyi ]
ထူေျပာလာသည့္ အဖမ္းအဆီးမ်ားကို ရင္ဆိုင္ၾကရာတြင္ နားလည္ရန္ရွိသည္မ်ားကို တင္ႀကိဳနားလည္ထားၾကေစရန္ ရည္ရြယ္လ်က္ – “ျပည္သူလူထု သိမွတ္ဖြယ္ရာ ရဲလက္စြဲ ဥပေဒ အေျခခံမ်ား” ဟူသည့္ စာအုပ္ငယ္ကို – တိုက္ပြဲေဒသေန ရခိုင္ျပည္သူလူထုအတြက္ – ရွာေဖြ တင္ေပးလိုက္ပါသည္။
စာမ်က္ႏွာ ၃၅-မ်က္ႏွာရွိ ဤစာအုပ္ငယ္မွာ ရဲလက္စြဲပါ အေရးႀကီးအခ်က္အလက္မ်ားအား ကိန္းႀကီးခန္းႀကီးႏိုင္ေသာ ဥပေဒ အသံုးအႏႈန္း စကားလံုးမ်ား တတ္ႏိုင္သမွ် ေရွာင္ရွားကာ အမ်ားျပည္သူနားလည္လြယ္ေသာ ဘာသာစကားျဖင့္ လိုရင္းတိုရွင္းတင္ျပထားျခင္းျဖစ္ပါသည္။ ေအာက္ပါအတိုင္း အခန္းမ်ားခြဲကာ တင္ျပထားသည္ကို ေတြ႕ရပါသည္။
အခန္း ၁။ ဖမ္းဆီးျခင္း၊ ရွာေဖြသိမ္းဆည္းျခင္း
အခန္း ၂။ ညႇင္းပန္းႏွိပ္စက္ျခင္း
အခန္း ၃။ ခ်ဳပ္ေႏွာင္ထားျခင္း (ရဲအခ်ဳပ္၊ ေထာင္)
အခန္း ၄။ ရဲကစစ္ေၾကာေမးျမန္းျခင္း
အခန္း ၅။ ေျဖာင့္ခ်က္ေပးျခင္း
အခန္း ၆။ တရားရံုးတြင္ အမႈစစ္ေဆးျခင္း
အခန္း ၇။ အာမခံကိစၥ
အခန္း ၈။ ေဒသဆိုင္ရာအာဏာပိုင္မ်ား – ဟူ၍ ျဖစ္ၾကပါသည္။
ရဲႏွင့္ ရင္ဆိုင္ေျဖရွင္းေနရသူမ်ား၏ မိသားစု၀င္မ်ားအေနျဖင့္ မည္သို႔ေဆာင္ရြက္သင့္သည္ဆိုသည္ကိုလည္း အပိုင္းမ်ားအလိုက္ အႀကံေပးထားပါသည္။ ဥပမာအားျဖင့္ – “အခန္း ၂။ ညႇင္းပန္းႏွိပ္စက္ျခင္း” တြင္ မိသားစု၀င္မ်ားေဆာင္ရြက္ရမည့္အခ်က္မ်ားအျဖစ္ ေအာက္ပါအတိုင္း အႀကံေပးထားပါသည္။
“ဖမ္းဆီးခံရသူ စိတ္ဓါတ္ပ်က္ျပားမႈ မရွိေစရန္ –
(၁) ရဲက ႏွိပ္စက္ ညႇင္းပန္းျခင္း ရွိမရွိ သိႏိုင္ရန္အတြက္ ေတြ႕ခြင့္ေတာင္းရမည္။
(၂) အစားအေသာက္ႏွင့္ အ၀တ္အစားမ်ား ပို႔ေပးရမည္။
(၃) ေရခ်ိဳးခြင့္ ရမရ သိေအာင္လုပ္ရမည္။
(၄) မိသားစု၊ ဧည့္သည္၊ မိတ္ေဆြ ႏွင့္ ေရွ႕ေနတို႔က သြားေရာက္ေတြ႕ဆံုပါ။
(၅) အခ်ဳပ္သားရခြင့္ရွိေသာ အခြင့္အေရးမ်ား မရပါက သက္ဆိုင္ရာသို႔ တိုင္ၾကားရန္။”
ဤစာအုပ္ငယ္မွာ ဧည့္စာရင္းတိုင္ျခင္းအား မပယ္ဖ်က္ရေသးခင္ ျပဳစုထားၾကျခင္းျဖစ္သည့္အေလ်ာက္ ယင္းအပိုင္းတစ္ခုမွ လြဲ၍ က်န္အပိုင္းမ်ားမွာ အသံုးတန္ဖိုးရွိေသာ လိုရင္းတိုရွင္း အခ်က္အလက္မ်ား ျဖစ္ၾကပါသည္။
၁၉၄၉ ခုႏွစ္ လက္နက္ (အေရးေပၚျပစ္ဒဏ္စီရင္မႈ) (ယာယီ)ဥပေဒပုဒ္မ၂(၁) (က) ျဖင့္သာမက – စစ္ဆင္ေရးေဆာင္ရြက္ေနသည့္ေဒသမ်ားတြင္ ဖမ္းဆီးေမးျမန္းစစ္ေၾကာမႈမ်ားကို ပိုမို လုပ္ခြင့္သာေစရန္ ဟု (မိမိတို႔အေနျဖင့္) ယူဆထင္ျမင္ရေသာ ရည္ရြယ္ခ်က္ျဖင့္ ရကၡိဳင့္တပ္မေတာ္ AA ၏ ဇြန္န၀ါရီလ ေလးရက္ေန႔ တိုက္ခိုက္မႈမ်ားကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ- ၅၀ (က)/၅၄ ႏွင့္ အမႈဖြင့္ထားေၾကာင္း သိရပါ သည္။
စာရႈသူအေနျဖင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအား ဖတ္ရႈလိုပါက သို႔မဟုတ္ download ခ်လိုပါက – https://jmp.sh/8wcKarZ သို႔ သြားၾကရန္ ျဖစ္ပါသည္။
ရခိုင္ျပည္ႀကီး ၿငိမ္းခ်မ္းပါေစ။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)
၂၀၁၉ မတ္လ (၁၀) ရက္၊ ၀၁ း ၅၀ နာရီ





































***********************************
ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေ အခြေခံများ
[ Unicode ]
ထူပြောလာသည့် အဖမ်းအဆီးများကို ရင်ဆိုင်ကြရာတွင် နားလည်ရန်ရှိသည်များကို တင်ကြိုနားလည်ထားကြစေရန် ရည်ရွယ်လျက် – “ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေ အခြေခံများ” ဟူသည့် စာအုပ်ငယ်ကို – တိုက်ပွဲဒေသနေ ရခိုင်ပြည်သူလူထုအတွက် – ရှာဖွေ တင်ပေးလိုက်ပါသည်။
စာမျက်နှာ ၃၅-မျက်နှာရှိ ဤစာအုပ်ငယ်မှာ ရဲလက်စွဲပါ အရေးကြီးအချက်အလက်များအား ကိန်းကြီးခန်းကြီးနိုင်သော ဥပဒေ အသုံးအနှုန်း စကားလုံးများ တတ်နိုင်သမျှ ရှောင်ရှားကာ အများပြည်သူနားလည်လွယ်သော ဘာသာစကားဖြင့် လိုရင်းတိုရှင်းတင်ပြထားခြင်းဖြစ်ပါသည်။ အောက်ပါအတိုင်း အခန်းများခွဲကာ တင်ပြထားသည်ကို တွေ့ရပါသည်။
အခန်း ၁။ ဖမ်းဆီးခြင်း၊ ရှာဖွေသိမ်းဆည်းခြင်း
အခန်း ၂။ ညှင်းပန်းနှိပ်စက်ခြင်း
အခန်း ၃။ ချုပ်နှောင်ထားခြင်း (ရဲအချုပ်၊ ထောင်)
အခန်း ၄။ ရဲကစစ်ကြောမေးမြန်းခြင်း
အခန်း ၅။ ဖြောင့်ချက်ပေးခြင်း
အခန်း ၆။ တရားရုံးတွင် အမှုစစ်ဆေးခြင်း
အခန်း ၇။ အာမခံကိစ္စ
အခန်း ၈။ ဒေသဆိုင်ရာအာဏာပိုင်များ – ဟူ၍ ဖြစ်ကြပါသည်။
ရဲနှင့် ရင်ဆိုင်ဖြေရှင်းနေရသူများ၏ မိသားစုဝင်များအနေဖြင့် မည်သို့ဆောင်ရွက်သင့်သည်ဆိုသည်ကိုလည်း အပိုင်းများအလိုက် အကြံပေးထားပါသည်။ ဥပမာအားဖြင့် – “အခန်း ၂။ ညှင်းပန်းနှိပ်စက်ခြင်း” တွင် မိသားစုဝင်များဆောင်ရွက်ရမည့်အချက်များအဖြစ် အောက်ပါအတိုင်း အကြံပေးထားပါသည်။
“ဖမ်းဆီးခံရသူ စိတ်ဓါတ်ပျက်ပြားမှု မရှိစေရန် –
(၁) ရဲက နှိပ်စက် ညှင်းပန်းခြင်း ရှိမရှိ သိနိုင်ရန်အတွက် တွေ့ခွင့်တောင်းရမည်။
(၂) အစားအသောက်နှင့် အဝတ်အစားများ ပို့ပေးရမည်။
(၃) ရေချိုးခွင့် ရမရ သိအောင်လုပ်ရမည်။
(၄) မိသားစု၊ ဧည့်သည်၊ မိတ်ဆွေ နှင့် ရှေ့နေတို့က သွားရောက်တွေ့ဆုံပါ။
(၅) အချုပ်သားရခွင့်ရှိသော အခွင့်အရေးများ မရပါက သက်ဆိုင်ရာသို့ တိုင်ကြားရန်။”
ဤစာအုပ်ငယ်မှာ ဧည့်စာရင်းတိုင်ခြင်းအား မပယ်ဖျက်ရသေးခင် ပြုစုထားကြခြင်းဖြစ်သည့်အလျောက် ယင်းအပိုင်းတစ်ခုမှ လွဲ၍ ကျန်အပိုင်းများမှာ အသုံးတန်ဖိုးရှိသော လိုရင်းတိုရှင်း အချက်အလက်များ ဖြစ်ကြပါသည်။
၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)ဥပဒေပုဒ်မ၂(၁) (က) ဖြင့်သာမက – စစ်ဆင်ရေးဆောင်ရွက်နေသည့်ဒေသများတွင် ဖမ်းဆီးမေးမြန်းစစ်ကြောမှုများကို ပိုမို လုပ်ခွင့်သာစေရန် ဟု (မိမိတို့အနေဖြင့်) ယူဆထင်မြင်ရသော ရည်ရွယ်ချက်ဖြင့် ရက္ခိုင့်တပ်မတော် AA ၏ ဇွန်နဝါရီလ လေးရက်နေ့ တိုက်ခိုက်မှုများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၀ (က)/၅၄ နှင့် အမှုဖွင့်ထားကြောင်း သိရပါ သည်။
စာရှုသူအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအား ဖတ်ရှုလိုပါက သို့မဟုတ် download ချလိုပါက – https://jmp.sh/8wcKarZ သို့ သွားကြရန် ဖြစ်ပါသည်။
ရခိုင်ပြည်ကြီး ငြိမ်းချမ်းပါစေ။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၉ မတ်လ (၁၀) ရက်၊ ၀၁ း ၅၀ နာရီ




































