
[ Zawgyi ]
ရဲတပ္ဖြဲ႕ဟာ တပ္မေတာ္လက္ေအာက္ခံ အဖြဲ႕အစည္းျဖစ္သင့္သလား
==========
ျမန္မာႏိုင္ငံရဲ႕ တည္ဆဲ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဟာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ အမိန္႔ေပးမႈ (command) ေအာက္မွာ ရွိပါတယ္။
ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၃၃၈ က ဒီလိုဆိုပါတယ္။ “ႏိုင္ငံေတာ္အတြင္းရွိ လက္နက္ကိုင္ အဖြဲ႕အစည္း အားလံုးသည္ တပ္မေတာ္၏ ကြပ္ကဲမႈေအာက္တြင္ ရွိရမည္။”
တကယ္လို႔မ်ား ရဲအစရွိတဲ့ ၿမိဳ႕ျပကာကြယ္ေရးတပ္ေတြဟာ စစ္ဆင္ေရးေဆာင္ရြက္မႈေတြနဲ႔ ကင္းကင္းရွင္းရွင္း ရွိေနရင္ ဂ်ီနီဗာကြန္ဗန္းရွင္းေတြအရ “စစ္မက္ဖက္ၿပိဳင္တိုက္ခိုက္သူ မဟုတ္” (non-combatant) အဆင့္အတန္းကို ရရွိၿပီး ႏိုင္ငံတကာဥပေဒေတြအရ အကာအကြယ္ ရႏိုင္ၾကမွာ ျဖစ္ပါတယ္။ ဒီလိုရႏိုင္ဖို႔အတြက္ လက္ရွိ ဖြဲ႕စည္းပံုအေျခခံဥပေဒ ရဲ႕ ပုဒ္မ-၃၃၈ ကို ပထမဦးဆံုး ပယ္ဖ်က္ရမွာ ျဖစ္ပါတယ္။
ပုဒ္မ-၃၃၈ ကိုမပယ္ဖ်က္ရံုမက စစ္ေရးျပပြဲေတြမွာ အရင္ကလို ၾကက္ေျခနီေတြကိုေရာ၊ မီးသတ္ကိုပါ ေရာထည့္ၿပီး တန္းစီလမ္းေလွ်ာက္ခိုင္းခဲ့ရင္ စစ္တပ္ေအာက္ေရာက္ေနတဲ့ မီးသတ္နဲ႔ ၾကက္ေျခနီေတြကို ဘယ္ၿပိဳင္ဖက္ လက္နက္ကိုင္အဖြဲ႕အစည္းကမွ ညႇာတာႏိုင္ေျခ မျမင္ပါဘူး။
ဦးေက်ာ္ေဇာဦး
၂၀၁၉ မတ္လ ၁၀ ရက္
၁၁ း ၁၀ နာရီ
***************************************

[ Unicode ]
ရဲတပ်ဖွဲ့ဟာ တပ်မတော်လက်အောက်ခံ အဖွဲ့အစည်းဖြစ်သင့်သလား
မြန်မာနိုင်ငံရဲ့ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ပေးမှု (command) အောက်မှာ ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၃၈ က ဒီလိုဆိုပါတယ်။ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။”
တကယ်လို့များ ရဲအစရှိတဲ့ မြို့ပြကာကွယ်ရေးတပ်တွေဟာ စစ်ဆင်ရေးဆောင်ရွက်မှုတွေနဲ့ ကင်းကင်းရှင်းရှင်း ရှိနေရင် ဂျီနီဗာကွန်ဗန်းရှင်းတွေအရ “စစ်မက်ဖက်ပြိုင်တိုက်ခိုက်သူ မဟုတ်” (non-combatant) အဆင့်အတန်းကို ရရှိပြီး နိုင်ငံတကာဥပဒေတွေအရ အကာအကွယ် ရနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုရနိုင်ဖို့အတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ပုဒ်မ-၃၃၈ ကို ပထမဦးဆုံး ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။
ပုဒ်မ-၃၃၈ ကိုမပယ်ဖျက်ရုံမက စစ်ရေးပြပွဲတွေမှာ အရင်ကလို ကြက်ခြေနီတွေကိုရော၊ မီးသတ်ကိုပါ ရောထည့်ပြီး တန်းစီလမ်းလျှောက်ခိုင်းခဲ့ရင် စစ်တပ်အောက်ရောက်နေတဲ့ မီးသတ်နဲ့ ကြက်ခြေနီတွေကို ဘယ်ပြိုင်ဖက် လက်နက်ကိုင်အဖွဲ့အစည်းကမှ ညှာတာနိုင်ခြေ မမြင်ပါဘူး။
ဦးကျော်ဇောဦး
၂၀၁၉ မတ်လ ၁၀ ရက်
၁၁ း ၁၀ နာရီ