
[ Zawgyi ]
ရခုိင္ျပည္နယ္ေရာက္ ဗမာျပည္နယ္သူ/ဗမာျပည္နယ္သားမ်ား မစိုးရိမ္ၾကပါရန္
==========
၁။ ရခိုင္ျပည္နယ္ေရာက္ ဗမာလူမ်ိဳးမ်ားအေနျဖင့္ မတ္လ (၃၁) ရက္ေန႔ ေနာက္ဆံုးထားၿပီး ရခုိင္ျပည္တြင္းကေန ထြက္သြားပါရန္ အေၾကာင္းၾကားသည္ ဆိုၿပီး “အစြန္းေရာက္ မ်က္ကန္း မ်ိဳးခ်စ္မ်ားအဖြဲ႕၊ ရခုိင္ျပည္” ဟု ေအာက္တြင္ နာမည္ခံလ်က္ စာတစ္ေစာင္ကို လူမႈကြန္ရက္တြင္ မွ်ေ၀ေနၾကသည္ကို ေတြ႕ရပါသည္။
၂။ အဆိုပါစာမွာ လုပ္ႀကံဖန္တီးမႈသက္သက္သာလွ်င္ ျဖစ္သည္မွာ အေသအခ်ာပင္ျဖစ္ေၾကာင္း ကၽြန္ေတာ္ ရွင္းျပလိုပါသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ လူဆိုသည္မွာ မိမိကိုယ္ကို ဗဟိုခ်က္ (စၾကာ၀ဠာ၏ ဗဟိုခ်က္) ပမာ မွတ္ယူၾကသူမ်ားပင္ျဖစ္ေလရာ မည္သူမဆို မိမိကိုယ္ကို “အစြန္းေရာက္” ဟူ၍ လည္းကာင္း၊ “မ်က္ကန္းမ်ိဳးခ်စ္” ဟူ၍ လည္းေကာင္း ေခၚေ၀ၚၾကမည္မဟုတ္ပါ။ ကၽြန္ေတာ္တို႔အား “အစြန္းေရာက္” အျဖစ္ ႏွင့္ “မ်က္ကန္းမ်ိဳးခ်စ္” မ်ားအျဖစ္ ပံုေဖာ္လိုေသာ ဆူပူလံႈေဆာ္လိုသူမ်ား၏ လက္ခ်က္သာလွ်င္ ျဖစ္ေၾကာင္း ေပၚလြင္ေနပါသည္။
၃။ လက္ရွိျဖစ္ပြားေနေသာ တိုက္ပြဲမ်ားတြင္ ပါ၀င္ပတ္သက္မႈမရွိသည့္ ဗမာျပည္နယ္သူ ဗမာျပည္နယ္သားမ်ား (ဆိုလိုသည္မွာ ျပည္မသူ/ျပည္မသားမ်ား) သာမက သာမန္အရပ္သား မည္သည့္လူမ်ိဳးမဆို အေၾကာင္းမဲ့ ထိခိုက္နစ္နာေစမည့္ အလားအလား ကၽြန္ေတာ္ လံုး၀မျမင္ပါ။ တိုက္ပြဲမ်ားသည္ ႏွစ္ဘက္လက္နက္ကိုင္မ်ား၏ ကိစၥသာလွ်င္ ျဖစ္ပါသည္။
၄။ လူမ်ိဳးေရး အဓိကရုန္း ျဖစ္ပြားေစလိုေသာ အျပဳအမူအေျပာအဆိုမ်ားကိုလည္း ႏွစ္ဦးႏွစ္ဘက္ ဆင္ျခင္ၾကပါမည့္ အေၾကာင္း ေမတၱာရပ္ခံလိုပါသည္။ သာမန္အရပ္သားမ်ားသာမက လူ႕အဖြဲ႕အစည္းတြင္းရွိ opinion-maker မ်ား၊ mover မ်ား၊ shaker မ်ားအားလံုး ဆင္ျခင္တံုတရားျဖင့္ မိမိတို႔လူ႔အဖြဲ႕အစည္းကို ဦးေဆာင္ၾကပါမည့္အေၾကာင္းကို ေမတၱာရပ္ခံလိုပါသည္။
၅။ ရခုိင္ျပည္နယ္သူ ျပည္နယ္သားမ်ားအေနျဖင့္လည္း ႏိုင္ငံ့ဖြဲ႕စည္းပံုအားျပဳျပင္ေျပာင္းလဲၿပီးေနာက္ အနာဂတ္တြင္ ဖြဲ႕စည္းတည္ေထာင္လာရမည့္ ဗမာျပည္နယ္၏ ျပည္နယ္သူျပည္နယ္သားမ်ားႏွင့္ ရင္းႏွီးခ်စ္ၾကည္စြာ ရွိၾကလိုမည္မွာ အေသအခ်ာပင္ျဖစ္သည္ ဟု ကၽြန္ေတာ္ ယံုၾကည္ပါသည္။
ဦးေက်ာ္ေဇာဦး
၂၀၁၉ မတ္လ (၁၅) ရက္
****************************

ရခိုင်ပြည်နယ်ရောက် ဗမာပြည်နယ်သူ/ဗမာပြည်နယ်သားများ မစိုးရိမ်ကြပါရန်
==========
၁။ ရခိုင်ပြည်နယ်ရောက် ဗမာလူမျိုးများအနေဖြင့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ရခိုင်ပြည်တွင်းကနေ ထွက်သွားပါရန် အကြောင်းကြားသည် ဆိုပြီး “အစွန်းရောက် မျက်ကန်း မျိုးချစ်များအဖွဲ့၊ ရခိုင်ပြည်” ဟု အောက်တွင် နာမည်ခံလျက် စာတစ်စောင်ကို လူမှုကွန်ရက်တွင် မျှဝေနေကြသည်ကို တွေ့ရပါသည်။
၂။ အဆိုပါစာမှာ လုပ်ကြံဖန်တီးမှုသက်သက်သာလျှင် ဖြစ်သည်မှာ အသေအချာပင်ဖြစ်ကြောင်း ကျွန်တော် ရှင်းပြလိုပါသည်။ အဘယ်ကြောင့် ဆိုသော် လူဆိုသည်မှာ မိမိကိုယ်ကို ဗဟိုချက် (စကြာဝဠာ၏ ဗဟိုချက်) ပမာ မှတ်ယူကြသူများပင်ဖြစ်လေရာ မည်သူမဆို မိမိကိုယ်ကို “အစွန်းရောက်” ဟူ၍ လည်းကာင်း၊ “မျက်ကန်းမျိုးချစ်” ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြမည်မဟုတ်ပါ။ ကျွန်တော်တို့အား “အစွန်းရောက်” အဖြစ် နှင့် “မျက်ကန်းမျိုးချစ်” များအဖြစ် ပုံဖော်လိုသော ဆူပူလှုံဆော်လိုသူများ၏ လက်ချက်သာလျှင် ဖြစ်ကြောင်း ပေါ်လွင်နေပါသည်။
၃။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် ပါဝင်ပတ်သက်မှုမရှိသည့် ဗမာပြည်နယ်သူ ဗမာပြည်နယ်သားများ (ဆိုလိုသည်မှာ ပြည်မသူ/ပြည်မသားများ) သာမက သာမန်အရပ်သား မည်သည့်လူမျိုးမဆို အကြောင်းမဲ့ ထိခိုက်နစ်နာစေမည့် အလားအလား ကျွန်တော် လုံးဝမမြင်ပါ။ တိုက်ပွဲများသည် နှစ်ဘက်လက်နက်ကိုင်များ၏ ကိစ္စသာလျှင် ဖြစ်ပါသည်။
၄။ လူမျိုးရေး အဓိကရုန်း ဖြစ်ပွားစေလိုသော အပြုအမူအပြောအဆိုများကိုလည်း နှစ်ဦးနှစ်ဘက် ဆင်ခြင်ကြပါမည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ သာမန်အရပ်သားများသာမက လူ့အဖွဲ့အစည်းတွင်းရှိ opinion-maker များ၊ mover များ၊ shaker များအားလုံး ဆင်ခြင်တုံတရားဖြင့် မိမိတို့လူ့အဖွဲ့အစည်းကို ဦးဆောင်ကြပါမည့်အကြောင်းကို မေတ္တာရပ်ခံလိုပါသည်။
၅။ ရခိုင်ပြည်နယ်သူ ပြည်နယ်သားများအနေဖြင့်လည်း နိုင်ငံ့ဖွဲ့စည်းပုံအားပြုပြင်ပြောင်းလဲပြီးနောက် အနာဂတ်တွင် ဖွဲ့စည်းတည်ထောင်လာရမည့် ဗမာပြည်နယ်၏ ပြည်နယ်သူပြည်နယ်သားများနှင့် ရင်းနှီးချစ်ကြည်စွာ ရှိကြလိုမည်မှာ အသေအချာပင်ဖြစ်သည် ဟု ကျွန်တော် ယုံကြည်ပါသည်။
ဦးကျော်ဇောဦး
၂၀၁၉ မတ်လ (၁၅) ရက်