
[ Zawgyi ]
သမိုင္း၀င္ ယဥ္ေက်းမႈဆိုင္ရာအေဆာက္အအံုမ်ားအပါအ၀င္ စစ္ဖက္ပစ္မွတ္မဟုတ္သည့္ေနရာမ်ားသို႔ တမင္သက္သက္ ပစ္ခတ္ၾကသျဖင့္ ေသဆံုးထိခိုက္ၾကရသည့္ကိစၥ အိတ္ဖြင့္ေပးစာ
********************************************
သို႔
ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္
တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း/ေရ/ေလ)
ျမန္မာ့တပ္မေတာ္
ရက္စြဲ – ၂၀၁၉ မတ္လ (၁၇) ၇က္
အေၾကာင္းအရာ။ ။ စစ္ပြဲႏွင့္မဆိုင္သည့္ အရပ္ဖက္ ေနရာမ်ားကို ရမ္းသမ္းပစ္ခတ္ေနၾကျခင္းကိစၥ။
ဗိုလ္ခ်ဳပ္မွဴးႀကီး ခင္ဗ်ား –
၁။ ၿပီးခဲ့သည့္ မတ္လ (၁၅) ရက္ေန႔က ေျမာက္ဦးၿမိဳ႕နယ္ သမိုင္းဝင္ ေျမထဲ ေရွးေဟာင္းဘုရားႏွင့္ ထုကၠန္သိမ္ ဘုရားအနီးရွိ ယဥ္ေက်းမႈ အေမြအႏွစ္ ထိမ္းသိမ္းေရး ဂိတ္တဲ တခုမွာ လက္နက္ႀကီး က်ည္ထိ၍ ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရပါသည္။ ထို႔အျပင္ ေျမာက္ဦးၿမိဳ႕ ေက်ာက္ရာဇ္ေက ရပ္ကြက္မွ အျပစ္မဲ့ အရပ္သူ ေဒၚခင္ခင္သိန္း မွာ လက္နက္ႀကီး အစအန လာမွန္သည့္ အတြက္ ေျမာက္ဦးၿမိဳ႕ ျပည္သူေဆး႐ုံတြင္ အတြင္း လူနာ အျဖစ္ တက္ေရာက္ကုသရေၾကာင္း သိရပါသည္။ ထိုသို႔ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေနအိမ္မ်ားအား လက္နက္ထိကာ ပ်က္စီးမႈမ်ား ရွိခဲ့ရပါသည္။
၂။ ကၽြန္ေတာ္၏ စံုစမ္းခ်က္မ်ားအရ ထိုေန႔ရက္ ထိုအခ်ိန္က ေျမာက္ဦးၿမိဳ႕ေပၚတြင္ အျခား လက္နက္ကိုင္ တပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားေနျခင္းမရွိဘဲ ျမန္မာ့တပ္မေတာ္ စစ္သည္အခ်ိဳ႕သာ လွည့္လည္သြားလာေနျခင္း ျဖစ္ေၾကာင္းသိ ရပါသည္။ ရကၡိဳင့္တပ္မေတာ္ (AA) ကလည္း ထိုေန႔က ထိုေနရာတြင္ ႏွစ္ဘက္တိုက္ပြဲ ျဖစ္ပြားခဲ့ျခင္း လံုး၀မရွိေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္ရွင္းလင္း ထားသည္ကို ေတြ႕ရွိရပါသည္။ “မတ္လ ၁၅ ရက္ ညဥ့္ ၁၀ နာရီေက်ာ္တြင္ ေျမာက္ဦးျမိဳ႕ ေနရာအေတာ္မ်ားမ်ားမွ ေသနတ္ ပစ္ခတ္သံမ်ား ၾကားခဲ့ရျပီး စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ားသည္ ေျမာက္ဦးျမိဳ႕ ေနရာ ေလး ငါးခုေလာက္မွ ေန၍ လက္နက္ၾကီး လက္နက္ငယ္မ်ားကို ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာ” ေၾကာင္း နရိဥၨရာသတင္းဌာနကလည္း တင္ျပထားသည္ကို ေတြ႕ရပါသည္။
၃။ ထို႔အျပင္ မတ္လ (၁၆) ရက္ ယမန္ေန႔ မြန္းလြဲတြင္လည္း ေျမာက္ဦးၿမိဳ႕နယ္၊ ေတာင္ဦးေက်းရြာတြင္ ျမန္မာစစ္တပ္က ရမ္သမ္း ပစ္ခတ္လိုက္သည့္အတြက္ ေဒၚမူတေဘြ ဆိုသူ အျပစ္မဲ့ ကို္ယ္ဝန္ေဆာင္ အမ်ိဳးသမီး မွာ ေသနတ္က်ည္ဆံ ထိမွန္ခဲ့သည့္အတြက္ ေျမာက္ဦးေဆးရံုသို႕ ပို႕ေဆာင္လိုက္ရသည္ဟု သိရွိရပါသည္။
၄။ ထို႔အျပင္ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ (၂၀)ရက္ေန႔က ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူးေက်းရြာတြင္ ျမန္မာ့တပ္မေတာ္သားအခ်ိဳ႕က ေက်းရြာအတြင္းသို႔ တမင္တကာ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေနအိမ္တစ္ခုအတြင္းတြင္ ရွိေနသည့္ ေက်းရြာသူ မရီရီစိုး (၁၈-ႏွစ္) မွာ ဦးေခါင္းကို က်ည္၀င္ေဖာက္ထြက္ၿပီး ေသဆံုးခဲ့ရေၾကာင္း ျဖစ္ရပ္တြင္ ရွိေနခဲ့သူတစ္ဦးက ကၽြန္ေတာ့္အား ကိုယ္ေတြ႕ျဖစ္ရပ္ေျပာျပသျဖင့္ သိရွိရပါသည္။
၅။ အလားတူရမ္းကားပစ္ခတ္မႈမ်ားမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္အပါအ၀င္ ျမန္မာတပ္ဖြဲ႕ လႈပ္ရွားေနသည့္ ရခိုင္ျပည္နယ္အတြင္းရွိ အျခားေနရာမ်ားတြင္လည္း ျဖစ္ပ်က္လ်က္ရွိေၾကာင္း ၾကာသိေနရပါသည္။ ထို႔အျပင္ တခ်ိဳ႕ေသာ ေက်းရြာမ်ားတြင္ အရပ္သားမ်ားကို စစ္သားမ်ားက ေရွ႕ေျပးခိုင္းၿပီး ေနာက္ကေန လွမ္းပစ္ခတ္သည့္ ေက်ာက္ခတ္လူသားဆန္သည့္ အျပဳအမူမ်ား အေၾကာင္းကိုလည္း ၾကားသိေနရ ပါသည္။
၆။ တိုက္ပြဲမ်ားတြင္ အျပစ္မဲ့အရပ္သားမ်ား၊ ၎တို႔ပိုင္ဆိုင္သည့္ အိုးအိမ္ ကၽြဲႏြား တိရိစၦာန္မ်ား၊ သမိုင္း ယဥ္ေက်းမႈအေမြအႏွစ္မ်ားအား မထိခိုက္ရေစေအာင္ ေရွာင္ၾကည္ရမည္ ဟု ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာဥပေဒ (IHL) တြင္ ျပ႒ာန္းသတ္မွတ္ထားပါေၾကာင္းကို ဗိုလ္ခ်ဳပ္မွဴးႀကီး သိရွိၿပီးျဖစ္လိမ့္မည္ ဟု ကၽြန္ေတာ္ ယံုၾကည္ပါသည္။
၇။ သမိုင္း၀င္ ယဥ္ေက်းမႈအေဆာက္အအံုမ်ားအား လံုး၀မထိခိုက္ေအာင္ တိုက္ခိုက္ေရး တပ္ဖြဲ႕၀င္မ်ားသည္ ႀကီးစြာေသာ သတိျဖင့္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း Customary IHL ၏ စည္းမ်ည္း အမွတ္ (၃၈) တြင္ေအာက္ပါအတိုင္း ျပ႒ာန္းထားပါသည္။
“Rule 38. Attacks Against Cultural Property
Rule 38. Each party to the conflict must respect cultural property:
(A) Special care must be taken in military operations to avoid damage to buildings dedicated to religion, art, science, education or charitable purposes and historic monuments unless they are military objectives.
(B) Property of great importance to the cultural heritage of every people must not be the object of attack unless imperatively required by military necessity.”
၈။ တခ်ိဳ႕ေသာ တပ္ဖြဲ႕၀င္မ်ားသည္ ျပည္သူလူထုအား အေၾကာက္တရား၀င္ေစရန္ ရည္ရြယ္လ်က္ ႏွစ္ဖက္တိုက္ပြဲမ်ားမရွိပါဘဲလ်က္ ၿမိဳ႕ေပၚရပ္ကြက္မ်ားအပါအ၀င္ အရပ္ဖက္ေနအိမ္မ်ား၊ ေနအိမ္မ်ား အနီးအနားေနရာမ်ား အနီးအနားေတာတန္းငယ္မ်ားအား တမင္းသက္သက္ ရမ္းသမ္းပစ္ခတ္လ်က္ရွိသည္ ဟု အမ်ားျပည္သူက အခိုင္အမာ ယံုၾကည္ေနၾကလ်က္ရွိပါသည္။
၉။ ထိုကဲ့သို႔ေသာ ရမ္းကားသည့္အျပဳအမူမ်ား ဆက္လက္ျဖစ္ေပၚေနပါက ဗိုလ္ခ်ဳပ္မွဴးႀကီးအေနျဖင့္ ထိုကဲ့သို႔လုပ္ေဆာင္ရန္ ခြင့္ျပဳထားသည္ သို႔မဟုတ္ အမိန္႔ေပးထားသည္ ဟု အမ်ားသူငါ ထင္ျမင္ယူဆစရာ ျဖစ္လာႏိုင္ပါသည္။ ထိုကဲ့သို႔ မွတ္တမ္းမွတ္ရာ၀င္လာႏိုင္သည့္ အေျခအေနမ်ားကို လွမ္းျမင္ေနရပါသည္။
၁၀။ ဤသို႔ေသာ က်ိဳးေၾကာင္းဆင္ျခင္ သံုးသပ္မႈမ်ားအရ သင့္ေလ်ာ္သလို ဆက္လက္ေဆာင္ရြက္ႏိုင္ပါရန္ ဗိုလ္ခ်ဳပ္မွဴးႀကီးအား ေလးစားစြာျဖင့္ အိတ္ဖြင့္ေပးစာ ေပးပို႔အပ္ပါသည္။
ဦးေက်ာ္ေဇာဦး
ရခုိင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)
၂၀၁၉ မတ္လ (၁၇) ရက္
***************************************

[ Unicode ]
သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများအပါအဝင် စစ်ဖက်ပစ်မှတ်မဟုတ်သည့်နေရာများသို့ တမင်သက်သက် ပစ်ခတ်ကြသဖြင့် သေဆုံးထိခိုက်ကြရသည့်ကိစ္စ အိတ်ဖွင့်ပေးစာ
သို့
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း/ရေ/လေ)
မြန်မာ့တပ်မတော်
ရက်စွဲ – ၂၀၁၉ မတ်လ (၁၇) ရက်
အကြောင်းအရာ။ ။ စစ်ပွဲနှင့်မဆိုင်သည့် အရပ်ဖက် နေရာများကို ရမ်းသမ်းပစ်ခတ်နေကြခြင်းကိစ္စ။
ဗိုလ်ချုပ်မှူးကြီး ခင်ဗျား –
၁။ ပြီးခဲ့သည့် မတ်လ (၁၅) ရက်နေ့က မြောက်ဦးမြို့နယ် သမိုင်းဝင် မြေထဲ ရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ် ဘုရားအနီးရှိ ယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းရေး ဂိတ်တဲ တခုမှာ လက်နက်ကြီး ကျည်ထိ၍ ပျက်စီးမှုများရှိခဲ့ကြောင်း သိရပါသည်။ ထို့အပြင် မြောက်ဦးမြို့ ကျောက်ရာဇ်ကေ ရပ်ကွက်မှ အပြစ်မဲ့ အရပ်သူ ဒေါ်ခင်ခင်သိန်း မှာ လက်နက်ကြီး အစအန လာမှန်သည့် အတွက် မြောက်ဦးမြို့ ပြည်သူဆေးရုံတွင် အတွင်း လူနာ အဖြစ် တက်ရောက်ကုသရကြောင်း သိရပါသည်။ ထိုသို့ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်များအား လက်နက်ထိကာ ပျက်စီးမှုများ ရှိခဲ့ရပါသည်။
၂။ ကျွန်တော်၏ စုံစမ်းချက်များအရ ထိုနေ့ရက် ထိုအချိန်က မြောက်ဦးမြို့ပေါ်တွင် အခြား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ မြန်မာ့တပ်မတော် စစ်သည်အချို့သာ လှည့်လည်သွားလာနေခြင်း ဖြစ်ကြောင်းသိ ရပါသည်။ ရက္ခိုင့်တပ်မတော် (AA) ကလည်း ထိုနေ့က ထိုနေရာတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း လုံးဝမရှိကြောင်း ကြေငြာချက် ထုတ်ပြန်ရှင်းလင်း ထားသည်ကို တွေ့ရှိရပါသည်။ “မတ်လ ၁၅ ရက် ညဉ့် ၁၀ နာရီကျော်တွင် မြောက်ဦးမြို့ နေရာအတော်များများမှ သေနတ် ပစ်ခတ်သံများ ကြားခဲ့ရပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ နေရာ လေး ငါးခုလောက်မှ နေ၍ လက်နက်ကြီး လက်နက်ငယ်များကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြော” ကြောင်း နရိဥ္ဇရာသတင်းဌာနကလည်း တင်ပြထားသည်ကို တွေ့ရပါသည်။
၃။ ထို့အပြင် မတ်လ (၁၆) ရက် ယမန်နေ့ မွန်းလွဲတွင်လည်း မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာတွင် မြန်မာစစ်တပ်က ရမ်သမ်း ပစ်ခတ်လိုက်သည့်အတွက် ဒေါ်မူတဘွေ ဆိုသူ အပြစ်မဲ့ ကို်ယ်ဝန်ဆောင် အမျိုးသမီး မှာ သေနတ်ကျည်ဆံ ထိမှန်ခဲ့သည့်အတွက် မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရှိရပါသည်။
၄။ ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် မြန်မာ့တပ်မတော်သားအချို့က ကျေးရွာအတွင်းသို့ တမင်တကာ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ခုအတွင်းတွင် ရှိနေသည့် ကျေးရွာသူ မရီရီစိုး (၁၈-နှစ်) မှာ ဦးခေါင်းကို ကျည်ဝင်ဖောက်ထွက်ပြီး သေဆုံးခဲ့ရကြောင်း ဖြစ်ရပ်တွင် ရှိနေခဲ့သူတစ်ဦးက ကျွန်တော့်အား ကိုယ်တွေ့ဖြစ်ရပ်ပြောပြသဖြင့် သိရှိရပါသည်။
၅။ အလားတူရမ်းကားပစ်ခတ်မှုများမှာ ကျောက်တော်မြို့နယ်အပါအဝင် မြန်မာတပ်ဖွဲ့ လှုပ်ရှားနေသည့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားနေရာများတွင်လည်း ဖြစ်ပျက်လျက်ရှိကြောင်း ကြာသိနေရပါသည်။ ထို့အပြင် တချို့သော ကျေးရွာများတွင် အရပ်သားများကို စစ်သားများက ရှေ့ပြေးခိုင်းပြီး နောက်ကနေ လှမ်းပစ်ခတ်သည့် ကျောက်ခတ်လူသားဆန်သည့် အပြုအမူများ အကြောင်းကိုလည်း ကြားသိနေရ ပါသည်။
၆။ တိုက်ပွဲများတွင် အပြစ်မဲ့အရပ်သားများ၊ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ် ကျွဲနွား တိရိစ္ဆာန်များ၊ သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များအား မထိခိုက်ရစေအောင် ရှောင်ကြည်ရမည် ဟု နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ (IHL) တွင် ပြဋ္ဌာန်းသတ်မှတ်ထားပါကြောင်းကို ဗိုလ်ချုပ်မှူးကြီး သိရှိပြီးဖြစ်လိမ့်မည် ဟု ကျွန်တော် ယုံကြည်ပါသည်။
၇။ သမိုင်းဝင် ယဉ်ကျေးမှုအဆောက်အအုံများအား လုံးဝမထိခိုက်အောင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များသည် ကြီးစွာသော သတိဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း Customary IHL ၏ စည်းမျည်း အမှတ် (၃၈) တွင်အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။
“Rule 38. Attacks Against Cultural Property
Rule 38. Each party to the conflict must respect cultural property:
(A) Special care must be taken in military operations to avoid damage to buildings dedicated to religion, art, science, education or charitable purposes and historic monuments unless they are military objectives.
(B) Property of great importance to the cultural heritage of every people must not be the object of attack unless imperatively required by military necessity.”
၈။ တချို့သော တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအား အကြောက်တရားဝင်စေရန် ရည်ရွယ်လျက် နှစ်ဖက်တိုက်ပွဲများမရှိပါဘဲလျက် မြို့ပေါ်ရပ်ကွက်များအပါအဝင် အရပ်ဖက်နေအိမ်များ၊ နေအိမ်များ အနီးအနားနေရာများ အနီးအနားတောတန်းငယ်များအား တမင်းသက်သက် ရမ်းသမ်းပစ်ခတ်လျက်ရှိသည် ဟု အများပြည်သူက အခိုင်အမာ ယုံကြည်နေကြလျက်ရှိပါသည်။
၉။ ထိုကဲ့သို့သော ရမ်းကားသည့်အပြုအမူများ ဆက်လက်ဖြစ်ပေါ်နေပါက ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန် ခွင့်ပြုထားသည် သို့မဟုတ် အမိန့်ပေးထားသည် ဟု အများသူငါ ထင်မြင်ယူဆစရာ ဖြစ်လာနိုင်ပါသည်။ ထိုကဲ့သို့ မှတ်တမ်းမှတ်ရာဝင်လာနိုင်သည့် အခြေအနေများကို လှမ်းမြင်နေရပါသည်။
၁၀။ ဤသို့သော ကျိုးကြောင်းဆင်ခြင် သုံးသပ်မှုများအရ သင့်လျော်သလို ဆက်လက်ဆောင်ရွက်နိုင်ပါရန် ဗိုလ်ချုပ်မှူးကြီးအား လေးစားစွာဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့အပ်ပါသည်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၉ မတ်လ (၁၇) ရက်