
[ Zawgyi ]
ေျမာက္ဦး ရမ္းကားပစ္ခတ္မႈမ်ိဳးဟာ သင္တို႔ အိမ္တံခါးကို လာမေခါက္ပါေစနဲ႔
==========
written by Kyaw Zaw Oo
၁။ ၂၀၁၉ မတ္လ (၁၈) ရက္ေန႔က ေျမာက္ဦးၿမိဳ႕ေပၚမွာ လက္နက္ကိုင္အဖြဲ႕ေတြ ႏွစ္ဘက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ျခင္း လံုး၀မရွိခဲ့ဘူး ဆိုတာ ကၽြန္ေတာ့္ရဲ႕ စံုစမ္းခ်က္ေတြအရ သိရတယ္။ ဒီအခ်က္ဟာ လံုး၀ အျငင္းပြား ဖြယ္ရာမရွိဘူး။ ဒါေၾကာင့္ အဲဒီေန႔က ေျမာက္ဦးၿမိဳ႕တြင္း “ႏွစ္ဘက္ပစ္ခတ္မႈ” မွာ ဘယ္သူကစတယ္ဆိုၿပီး ေမးခြန္းထုတ္ေနစရာ ေသာ္လည္းေကာင္း ေမးခြန္းထုတ္ခ်င္ေယာင္ေဆာင္ ေနစရာေသာ္လည္းေကာင္း မလိုအပ္ဘူး။ ပစ္ခတ္သူေတြဟာ တစ္ဘက္တည္းက ျဖစ္တယ္။ (သို႔ေသာ္ အဲဒီေန႔က ေျမာက္ဦး ၿမိဳ႕နယ္ထဲမွာ သို႔မဟုတ္ ေျမာက္ဦးၿမိဳ႕ျပင္မွာ တိုက္ပြဲျဖစ္ခဲ့တယ္ ဆိုရင္ေတာ့ မွန္ပါတယ္။)
၂။ မတ္လ (၁၈) ရက္ေန႔ ညပိုင္း ေျမာက္ဦးျဖစ္ရပ္ဟာ ဘာမွမဆိုင္တဲ့ သူ႔ဟာသူေနေနတဲ့ အရပ္သားေတြဘက္က ဘာမွ အေႏွာင့္အယွက္သြားမေပးပါဘဲနဲ႕ (without any provocation) တစ္စုတစ္ဖြဲ႕ေသာ လက္နက္ကိုင္တပ္ဖြဲ႕က ၿမိဳ႕ထဲကို၀င္လာၿပီး ေတာက္ေလွ်ာက္ ရမ္းကားပစ္ခတ္တာသာလွ်င္ ျဖစ္ပါတယ္။ ဒီလိုပစ္ခတ္တဲ့အတြက္ အရပ္သားေတြ ဒဏ္ရာရတယ္၊ ေနအိမ္ေတြ မီးေလာင္တယ္၊ လက္နက္ဒဏ္ေၾကာင့္ ပ်က္စီးရတယ္။
၃။ ဒီျဖစ္ရပ္ေတြကို ေျပာင္းျပန္လုပ္ၿပီး ထုတ္ျပန္ခ်က္ထုတ္တယ္။ ရန္ကုန္အေျခစိုက္ သတင္းဌာနႀကီး ေတြက အဲဒီမုသားေတြကို တေသြမတိမ္းကူးယူၿပီး ထပ္ဆင့္ျဖန္႔ခ်ိေပးၾကတယ္။ အဲသည္ ဇာတ္လမ္းအဆင္ (narrative) ကသာလွ်င္ပဲ အမွန္ျဖစ္လိမ့္မယ္ ဆိုၿပီးေတာ့ လူပုဂၢိဳလ္ တစ္ဦးခ်င္းေတြ မ်ားစြာကလည္း ျပည္မဖက္မွာ သိသိႀကီးနဲ႔ အမွားအားေပးလုပ္ေနၾကတာ အမ်ားႀကီး ေတြ႕ရတယ္။
၄။ ဒီလိုမ်ိဳး ေျမျပင္ျဖစ္ရပ္မွာ မတရားႏိုင္ထက္စီးနင္းလုပ္ျခင္းခံရရံုမွ်သာမက အဲသည္ျဖစ္ရပ္ကို ေျပာင္းျပန္လုပ္ထားတဲ့ ဇာတ္လမ္းအဆင္ (narrative) ကို ၀ိုင္း၀န္းကူညီျဖန္႔ခ်ိေပးေနၾကတာဟာ – ရခိုင္ျပည္နယ္သူျပည္နယ္သား ကၽြန္ေတာ္တို႔အတြက္သာမကပဲ ျမန္မာတစ္ႏိုင္ငံလံုးအတြက္ေရာ မေကာင္းတဲ့ အနာအိုင္းကို ပိုမိုက်ယ္ျပန္႔ ရိရြဲေစတဲ့သေဘာ သက္ေရာက္ျဖစ္ပ်က္ေစပါတယ္။
၅။ မတရားလုပ္ေဆာင္မႈေတြကို တစ္ဦးခ်င္းတစ္ေယာက္ခ်င္းက ႏိုင္သေလာက္ ကိုယ့္အထြာနဲ႔ကိုယ္ မတားဆီးၾကရင္ အဲသည္မတရားလုပ္ေဆာင္မႈေတြဟာ က်ယ္ျပန္႔သထက္က်ယ္ျပန္႔ၿပီး မိမိတို႔ အိမ္တံခါးကို လာေခါက္တတ္တာမ်ိဳး ရွိတယ္။
၆။ အမွန္တကယ္ ခြင့္တူညီမွ်ၿပီး သာယာ၀ေျပာတဲ့ လူ႔ေဘာင္ကိုတည္ေဆာက္ႏိုင္ၾကဖို႔ရာမွာ – လက္ရွိစနစ္ဆိုးကို တို႔တိတို႔တိေျပာင္းလဲေနရံုမွ်နဲ႔မလံုေလာက္ပဲ စနစ္တစ္ခုလံုးကို ၿဖိဳဖ်က္ ဖယ္ရွား ရွင္းလင္း ပစ္ႏိုင္ၾကဖို႔အတြက္ မွန္ကန္တဲ့ဘက္မွာ သတၱိရွိရွိ ရပ္တည္ၾကသူမ်ားရဲ႕ စုေပါင္းစြမ္းပကားလိုအပ္ပါတယ္။
၇။ ျပည္မဘက္မွာ လက္ရွိ ေခါင္းပါးေနတဲ့ ေမတၱာတရားကို ေရေလာင္းေပါင္းသင္ၿပီး ျပန္လည္ ပ်ိဳးေထာင္ေပးၾကဖို႔ မိမိတို႔ရဲ႕ ညီေနာင္သားခ်င္းမ်ားကို တိုက္တြန္းလိုပါတယ္။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၁၉ မတ္လ (၂၀) ရက္

[ Unicode ]
မြောက်ဦး ရမ်းကားပစ်ခတ်မှုမျိုးဟာ သင်တို့ အိမ်တံခါးကို လာမခေါက်ပါစေနဲ့
written by Kyaw Zaw Oo
၁။ ၂၀၁၉ မတ်လ (၁၈) ရက်နေ့က မြောက်ဦးမြို့ပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း လုံးဝမရှိခဲ့ဘူး ဆိုတာ ကျွန်တော့်ရဲ့ စုံစမ်းချက်တွေအရ သိရတယ်။ ဒီအချက်ဟာ လုံးဝ အငြင်းပွား ဖွယ်ရာမရှိဘူး။ ဒါကြောင့် အဲဒီနေ့က မြောက်ဦးမြို့တွင်း “နှစ်ဘက်ပစ်ခတ်မှု” မှာ ဘယ်သူကစတယ်ဆိုပြီး မေးခွန်းထုတ်နေစရာ သော်လည်းကောင်း မေးခွန်းထုတ်ချင်ယောင်ဆောင် နေစရာသော်လည်းကောင်း မလိုအပ်ဘူး။ ပစ်ခတ်သူတွေဟာ တစ်ဘက်တည်းက ဖြစ်တယ်။ (သို့သော် အဲဒီနေ့က မြောက်ဦး မြို့နယ်ထဲမှာ သို့မဟုတ် မြောက်ဦးမြို့ပြင်မှာ တိုက်ပွဲဖြစ်ခဲ့တယ် ဆိုရင်တော့ မှန်ပါတယ်။)
၂။ မတ်လ (၁၈) ရက်နေ့ ညပိုင်း မြောက်ဦးဖြစ်ရပ်ဟာ ဘာမှမဆိုင်တဲ့ သူ့ဟာသူနေနေတဲ့ အရပ်သားတွေဘက်က ဘာမှ အနှောင့်အယှက်သွားမပေးပါဘဲနဲ့ (without any provocation) တစ်စုတစ်ဖွဲ့သော လက်နက်ကိုင်တပ်ဖွဲ့က မြို့ထဲကိုဝင်လာပြီး တောက်လျှောက် ရမ်းကားပစ်ခတ်တာသာလျှင် ဖြစ်ပါတယ်။ ဒီလိုပစ်ခတ်တဲ့အတွက် အရပ်သားတွေ ဒဏ်ရာရတယ်၊ နေအိမ်တွေ မီးလောင်တယ်၊ လက်နက်ဒဏ်ကြောင့် ပျက်စီးရတယ်။
၃။ ဒီဖြစ်ရပ်တွေကို ပြောင်းပြန်လုပ်ပြီး ထုတ်ပြန်ချက်ထုတ်တယ်။ ရန်ကုန်အခြေစိုက် သတင်းဌာနကြီး တွေက အဲဒီမုသားတွေကို တသွေမတိမ်းကူးယူပြီး ထပ်ဆင့်ဖြန့်ချိပေးကြတယ်။ အဲသည် ဇာတ်လမ်းအဆင် (narrative) ကသာလျှင်ပဲ အမှန်ဖြစ်လိမ့်မယ် ဆိုပြီးတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းတွေ များစွာကလည်း ပြည်မဖက်မှာ သိသိကြီးနဲ့ အမှားအားပေးလုပ်နေကြတာ အများကြီး တွေ့ရတယ်။
၄။ ဒီလိုမျိုး မြေပြင်ဖြစ်ရပ်မှာ မတရားနိုင်ထက်စီးနင်းလုပ်ခြင်းခံရရုံမျှသာမက အဲသည်ဖြစ်ရပ်ကို ပြောင်းပြန်လုပ်ထားတဲ့ ဇာတ်လမ်းအဆင် (narrative) ကို ၀ိုင်းဝန်းကူညီဖြန့်ချိပေးနေကြတာဟာ – ရခိုင်ပြည်နယ်သူပြည်နယ်သား ကျွန်တော်တို့အတွက်သာမကပဲ မြန်မာတစ်နိုင်ငံလုံးအတွက်ရော မကောင်းတဲ့ အနာအိုင်းကို ပိုမိုကျယ်ပြန့် ရိရွဲစေတဲ့သဘော သက်ရောက်ဖြစ်ပျက်စေပါတယ်။
၅။ မတရားလုပ်ဆောင်မှုတွေကို တစ်ဦးချင်းတစ်ယောက်ချင်းက နိုင်သလောက် ကိုယ့်အထွာနဲ့ကိုယ် မတားဆီးကြရင် အဲသည်မတရားလုပ်ဆောင်မှုတွေဟာ ကျယ်ပြန့်သထက်ကျယ်ပြန့်ပြီး မိမိတို့ အိမ်တံခါးကို လာခေါက်တတ်တာမျိုး ရှိတယ်။
၆။ အမှန်တကယ် ခွင့်တူညီမျှပြီး သာယာဝပြောတဲ့ လူ့ဘောင်ကိုတည်ဆောက်နိုင်ကြဖို့ရာမှာ – လက်ရှိစနစ်ဆိုးကို တို့တိတို့တိပြောင်းလဲနေရုံမျှနဲ့မလုံလောက်ပဲ စနစ်တစ်ခုလုံးကို ဖြိုဖျက် ဖယ်ရှား ရှင်းလင်း ပစ်နိုင်ကြဖို့အတွက် မှန်ကန်တဲ့ဘက်မှာ သတ္တိရှိရှိ ရပ်တည်ကြသူများရဲ့ စုပေါင်းစွမ်းပကားလိုအပ်ပါတယ်။
၇။ ပြည်မဘက်မှာ လက်ရှိ ခေါင်းပါးနေတဲ့ မေတ္တာတရားကို ရေလောင်းပေါင်းသင်ပြီး ပြန်လည် ပျိုးထောင်ပေးကြဖို့ မိမိတို့ရဲ့ ညီနောင်သားချင်းများကို တိုက်တွန်းလိုပါတယ်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ မတ်လ (၂၀) ရက်