မြို့ပေါ် ရမ်းကားပစ်ခတ်မှုများ ကာကွယ်ရေး နှင့် တုန့်ပြန်ရေးဆိုင်ရာ အကြံပြုချက်

[ Zawgyi ]

ၿမိဳ႕ေပၚ ရမ္းကားပစ္ခတ္မႈမ်ား ကာကြယ္ေရး ႏွင့္ တုန္႔ျပန္ေရးဆိုင္ရာ အႀကံျပဳခ်က္

==========

Written by Kyaw Zaw Oo

၁။ ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွေက်းရြာ၊ မင္​းဖူး​ေက်းရြာတို႔တြင္​ ရမ္းကားပစ္ခတ္မႈေၾကာင့္ ​ေမာင္​ႏိုင္​စိုး၊ မရီရီစိုးတို႔ ေသဆံုးရမႈကအစ ေျမာက္ဦးၿမိဳ႕ေပၚရမ္းကားပစ္ခတ္မႈအထိ ႏိႈင္းယွဥ္ သံုးသပ္ၾကည့္ေသာအခါ တူညီခ်က္မ်ား ႏွင့္တကြ မွတ္ခ်က္ျပဳႏိုင္သည္မ်ား ရွိလာပါသည္။

၂။ တူညီခ်က္မ်ား –

(က) လတ္တေလာ တိုက္ပြဲျဖစ္ပြားခဲ့ရာေနရာတစ္ခုခုႏွင့္ အနီးဆံုး အရပ္သားမ်ားရွိေနသည့္ ေနရာတစ္ခုခု (အမ်ားဆံုး ငါးမိုင္ဆယ္မိုင္အကြာအေ၀း ေနရာတစ္ခုခု) အား ခ်က္ခ်င္း လာေရာက္ရမ္းကားပစ္ခတ္သည္။

(ခ) လူအမ်ား၏ ေခါင္းေပၚအျမင့္ေလာက္အား ရည္မွန္း၍ ရွပ္ပစ္သည္။ သို႔တည္းမဟုတ္ ေနအိမ္မ်ား၏ အေပၚထပ္ လူတစ္ရပ္လြတ္ေလာက္သည့္ ေနရာအားမွန္း၍ ဆက္တိုက္ ေ၀ွ႔ယမ္း ဆြဲပစ္ၾကသည္။

(ဂ) ပစ္ခတ္ေနရင္း ေဒသခံမ်ားအား လူမ်ိဳးႏွင့္ ခ်ီ၍ ဆဲသည္။

(ဃ) ထို႔ေနာက္ ထိုေနရာတြင္ ႏွစ္ဘက္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့သည္ ဟု ထုတ္ျပန္ သည္။

(င) တခ်ိဳ႕ျဖစ္ရပ္မ်ားတြင္ ရန္ကုန္အေျခစိုက္သတင္းဌာနမ်ားက ဖံုးဖိေရးသားသည္။

၃။       သံုးသပ္ရရွိသည့္ မွတ္ခ်က္ –

“တိုက္ပြဲျဖစ္ပြားလွ်င္ အနီးဆံုး အရပ္သားအစုအေ၀း ရွိရာဆီကို သြား၍ ရမ္းကားပစ္ခတ္ရန္ ေျမျပင္တပ္မွဴးမ်ား အား အမိန္႔ေပးထားသလား ဟု စဥ္းစားဖြယ္ရာရွိေနသည္” ဟု မိမိ ႏွင္တကြ မိတ္ေဆြမ်ားက သံုးသပ္မိ ၾကပါသည္။

၄။       ေဒသခံမိသားစုမ်ားအတြက္ အေရးေပၚအေျခအေန အႀကံျပဳခ်က္ –

(က) ၿခံေျမရွိပါက ဗံုးခိုက်င္းသေဘာ ခိုေအာင္းႏိုင္ေအာင္ တူးေဖာ္ျပင္ဆင္ထားပါ။

(ခ) ၿခံေျမမရွိပါက အိမ္အေပၚထပ္ေနရာတြင္ သို႔မဟုတ္ ေအာက္ထပ္တြင္ေရာ အေပၚထပ္တြင္ပါ က်ည္ကြယ္မ်က္ကြယ္ခိုေအာင္းႏုိင္မည့္ေနရာအား မိသားစုအေရအတြက္ျဖင့္ တြက္ဆ၍ တည္ေဆာက္ပါ။ ဥပမာအားျဖင့္ – အိမ္မွာ ရွိၿပီးသား ဆန္အိတ္မ်ားအား စီကာစဥ္ကာ က်ည္ကာေနရာတည္ေဆာက္ျခင္း။

(ဂ) အဆိုပါ ခိုေအာင္းရာေနရာမ်ား၌ ေသာက္ေရ ႏွင့္ အစာေျခာက္မ်ား ကို အၿမဲတမ္း အရံသင့္ထားပါ။ အစာေျခာက္ မရွိလွ်င္ေတာင္မွ ေသာက္ေရမွာ အၿမဲတမ္း အဆင္သင့္ရွိေနဖို႔ လိုအပ္ပါသည္။

(ဃ) အဆိုပါ ခိုေအာင္းရာေနရာမ်ား၌ အရက္ပ်ံ၊ ဂြမ္း၊ ပတ္တီး အပါအ၀င္ ေရွးဦးသူနာျပဳပစၥည္းမ်ား ကို ရႏိုင္သေလာက္ စုစည္းထားပါ။

(င) ဖုန္းမ်ား၌ ဖုန္းဘီလ္ ႏွင့္ ဖုန္းဘက္ထရီ မျပတ္ရွိေနေစရန္ သတိျပဳပါ။ မိမိ၏ အနီးဆံုး ေဆြမ်ိဳးသားခ်င္းမ်ား၏ ဖုန္းနံပါတ္မ်ား အရံသင့္ လက္၀ယ္ရွိၾကပါေစ။ မိမိ၏ ၿမိဳ႕နယ္ေက်းရြာအတြင္းရွိ ေဆးရံု၊ ေဆးခန္းမ်ား (ပုဂၢလိကေဆးခန္းမ်ား အပါအ၀င္)၊ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစရွိသည့္ ဖံုးနံပါတ္မ်ားကို စုစည္းကာ ဖုန္းအတြင္းမွတ္သားထားရံုမက စာရြက္မ်ားအေပၚတြင္ ရွင္းလင္းစြာ ေရးသား၍ လြယ္လင့္တကူ ျမင္ႏိုင္သည့္ေနရာမ်ားတြင္ ကပ္ထားပါ။ ၿမိဳ႕သူၿမိဳ႕သားမ်ား သိရွိရမည့္ ကူညီကယ္ဆယ္ေရးဆိုင္ရာ အေရးႀကီး ဖံုးနံပါတ္မ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ တစ္စုတစ္ဖြဲ႕က စုစည္း ရိုက္ႏွိပ္ကာ ျဖန္႔ေ၀ေပးႏိုင္လွ်င္ ပိုေကာင္းပါသည္။ (မွားယြင္းေခၚဆိုမိမည္ စိုးရသျဖင့္ ထိုစာရြက္မ်ိဳးတြင္ ေဒသခံ ရဲတပ္ဖြဲ႕ ဖုန္းနံပါတ္မ်ား ထည့္မေရးထားမိဖို႔ လိုပါသည္။)

(စ) ေရႊ၊ ေငြ ႏွင့္ အေရးႀကီးပစၥည္းမ်ားအား သိုမွီးျခင္း၊ ၀ွက္ထားျခင္း ႏွင့္ ျမန္ျမန္ဆန္ဆန္ ေရႊ႕ေျပာင္းျခင္း တို႔ အတြက္ မိမိဘာသာ အေသအခ်ာ စီစဥ္ထားပါ။

(ဆ) ရမ္းကားပစ္ခတ္သူမ်ားအား ကိုယ္ႏႈတ္အမူအယာအားျဖင့္ ထိပ္တိုက္ရင္ဆိုင္ျခင္း လံုး၀မျပဳလုပ္ပါႏွင့္။ မိမိအသက္ကိုသာ လြတ္ကင္းမႈရရန္ကိုသာ ႀကိဳးစားပါ။ လက္နက္ဟု ယူဆႏိုင္သည့္ မည္သည့္အရာကိုမွ ကိုင္ေဆာင္ထားျခင္း မျပဳပါႏွင့္။

၅။ ၿမိဳ႕တြင္း ရမ္းကားမႈ မွတ္တမ္းမ်ား ရႏိုင္ေရးကိစၥ –

(က) လက္ရွိတိုက္ပြဲမ်ား ျဖစ္ပြားေနမႈသည္ မည္မွ်ၾကာရွည္ႏိုင္သည္ကို ယတိျပတ္ေျပာႏိုင္ေျခ နည္းသည္ ျဖစ္ရာ ေငြေၾကးတတ္ႏိုင္သူမ်ား၊ ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ား အေနျဖင့္ မိမိတို႔၏ ဥပစာတြင္ cctv မ်ား တပ္ဆင္ေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

(ခ) အေရးႀကီးၿမိဳ႕တြင္းေနရာမ်ားတြင္ ၿမိဳ႕ရြာလူထုက စုစည္းအကုန္အက်ခံၿပီး ယာယီအစီအစဥ္သေဘာျဖင့္ ျဖစ္ေစ cctv မ်ား တပ္ဆင္ၾကရန္ စဥ္းစားသင့္ပါသည္။

(ဂ) cctv မ်ား၏ အခ်က္အလက္မွတ္တမ္း လံုၿခံဳေရး၊ ခ်က္ခ်င္း ထုတ္ယူရရွိႏိုင္ေရး အစရွိသည္တို႔အတြက္ ကၽြမ္းက်င္သူမ်ားႏွင့္ တိုင္ပင္သင့္ပါသည္။

(ဃ) ရမ္းကားပစ္ခတ္မႈျဖစ္ေနစဥ္ကာလအတြင္း အရပ္သားမ်ားအေနျဖင့္ ဖုန္းျဖင့္ ဗီဒီယိုထြက္ရိုက္ျခင္း လံုး၀ မျပဳလုပ္ၾကပါရန္ ေမတၱာရပ္ခံပါသည္။

(င) ရမ္းကားပစ္ခတ္မႈအၿပီးတြင္ ျဖစ္ရပ္မ်ားအား အေသအခ်ာမွတ္တမ္းတင္ႏိုင္ေအာင္ ၀ိုင္း၀န္းကူညီ လုပ္ေဆာင္ၾကရန္ ျဖစ္ပါသည္။

(စ) ျဖစ္ရပ္မွန္မ်ားကို တင္ျပႏိုင္သည့္ သတင္းဌာနမ်ားကို သတိျပဳမွတ္သားလ်က္ ျမန္ျမန္ထက္ထက္ ဆက္သြယ္ ကူညီလုပ္ကိုင္ေပးၾကရန္ျဖစ္ပါသည္။ ျဖစ္ရပ္မွန္ကို ဖံုးဖိသည့္ သတင္းဌာနမ်ားတြင္ နယ္ေျမသတင္းေထာက္က ကူညီခ်င္ေသာ္လည္း အယ္ဒီတာမ်ားလက္ထဲမွ လြတ္လြတ္ကင္းကင္း မထြက္လာႏိုင္ပါ။

(ဆ) ျဖစ္ရပ္တင္ျပသည့္ ရင္းျမစ္ (source) မ်ားအနက္ ေဒသခံမဟုတ္သည့္ ဘုရားဖူးဧည့္သည္မ်ား စသည္တို႔က ျဖစ္ရပ္မွန္ကို ေျပာျပေနျခင္းျဖစ္ပါက သတင္း၏ ယံုၾကည္ရမႈတန္ဖိုး (credibility) ပိုရွိသည္ ဟု ပရိတ္သတ္ က ယူဆတတ္ၾကသည္။

၆။ တိုက္ပြဲ၀င္ လက္နက္ကိုင္တပ္ဖြဲ႕၀င္မ်ား၊ ေျမျပင္တပ္မွဴးငယ္မ်ား –

(က) တိုက္ပြဲတြင္ တိုက္ခိုက္ေနျခင္းမရွိသူမ်ား၊ အရပ္သားမ်ား၊ ဒဏ္ရာရသူမ်ား၊ အက်ဥ္းသားမ်ား၊ ကူညီကယ္ဆယ္ေရး ပုဂၢိဳလ္မ်ားအား တိုက္ခိုက္ျခင္း ၿခိမ္းေျခာက္ျခင္းတို႔ ျပဳလုပ္ခြင့္မရွိပါ။

(ခ) အထက္အမိန္႔ေၾကာင့္ လုပ္ေဆာင္ရသည္ ဟူေသာအေၾကာင္းျပခ်က္အားျဖင့္ ျပစ္ဒဏ္ ခံရျခင္းမွ လြတ္ေျမာက္ႏိုင္မည္ မဟုတ္။ Rules of Engagement (RoE) ကိုသာလွ်င္ လိုက္နာလုပ္ေဆာင္ပါ။ RoE ကို ေက်ာ္လြန္လ်က္ ေပးအပ္ေသာ အထက္အမိန္႔မ်ားကို မိမိ၏ ဆင္ျခင္တံုတရားျဖင့္သာ စဥ္းစားလုပ္ေဆာင္ပါ။

(ဂ) ႏိုင္ငံတကာဖိအားမ်ားလာသည့္အဆင့္အလိုက္ ထိပ္ပိုင္းအမိန္႔ေပးသူမ်ားသည္ စံုစမ္းေရးေကာ္မရွင္မ်ား အခါခါ ဖြဲ႕စည္းစစ္ေဆးၿပီး အမွန္တကယ္လုပ္ေဆာင္ရသည့္ တပ္မွဴးမ်ား၊ စစ္သည္မ်ားကို တစ္ဆင့္ခ်င္း ခ်ေကၽြးျခင္း စေတးပစ္ျခင္း ထိပ္ပိုင္းအမိန္႔ေပးသူမ်ားက ကိုယ္လြတ္ရုန္းႏိုင္ရန္ ႀကိဳးစားျခင္းတို႔မွာ ႏိုင္ငံတကာတြင္ ျဖစ္ေနက်ျဖစ္ပါသည္။

(ဃ) ထို႔ေၾကာင့္ အရပ္သားေနအိမ္မ်ားကို ရမ္းကားပစ္ခတ္ရန္ အမိန္႔ေပးခံရသျဖင့္ မျဖစ္မေန ပစ္ခတ္ရသည္ဆိုပါက လူ႔အသက္မ်ားလြတ္ကင္းေစႏိုင္သည့္ အျမင့္ကို လြတ္လြတ္ကင္းကင္းျမႇင့္ပစ္ပါ။

(င) စစ္ရာဇ၀တ္မႈမလြတ္ကင္းသည့္ အျခားမည္သည့္အလုပ္ကိုမွ် မလုပ္ေဆာင္ပါႏွင့္။ ငါလုပ္တာမဟုတ္ဘူး၊ သူလုပ္တာ ဟု အခ်င္းခ်င္း လက္ညႇိဳးထိုးၾကသည့္ကာလကိုေရာက္ေသာအခါ မိမိမွာ အျပစ္မရွိပါဟု လိပ္ျပာသန္႔သန္႔ျဖင့္ ထြက္ဆိုႏိုင္ေအာင္ ရပ္တည္ လုပ္ကိုင္ၾကပါ။

ဦးေက်ာ္ေဇာဦး

ရခုိင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္

၂၀၁၉ မတ္လ (၂၁) ရက္

*****************************************

[ Unicode ]

မြို့ပေါ် ရမ်းကားပစ်ခတ်မှုများ ကာကွယ်ရေး နှင့် တုန့်ပြန်ရေးဆိုင်ရာ အကြံပြုချက်

Written by Kyaw Zaw Oo

၁။ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာ၊ မင်​းဖူး​ကျေးရွာတို့တွင်​ ရမ်းကားပစ်ခတ်မှုကြောင့် ​မောင်​နိုင်​စိုး၊ မရီရီစိုးတို့ သေဆုံးရမှုကအစ မြောက်ဦးမြို့ပေါ်ရမ်းကားပစ်ခတ်မှုအထိ နှိုင်းယှဉ် သုံးသပ်ကြည့်သောအခါ တူညီချက်များ နှင့်တကွ မှတ်ချက်ပြုနိုင်သည်များ ရှိလာပါသည်။

၂။ တူညီချက်များ –
(က) လတ်တလော တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတစ်ခုခုနှင့် အနီးဆုံး အရပ်သားများရှိနေသည့် နေရာတစ်ခုခု (အများဆုံး ငါးမိုင်ဆယ်မိုင်အကွာအဝေး နေရာတစ်ခုခု) အား ချက်ချင်း လာရောက်ရမ်းကားပစ်ခတ်သည်။
(ခ) လူအများ၏ ခေါင်းပေါ်အမြင့်လောက်အား ရည်မှန်း၍ ရှပ်ပစ်သည်။ သို့တည်းမဟုတ် နေအိမ်များ၏ အပေါ်ထပ် လူတစ်ရပ်လွတ်လောက်သည့် နေရာအားမှန်း၍ ဆက်တိုက် ဝှေ့ယမ်း ဆွဲပစ်ကြသည်။
(ဂ) ပစ်ခတ်နေရင်း ဒေသခံများအား လူမျိုးနှင့် ချီ၍ ဆဲသည်။
(ဃ) ထို့နောက် ထိုနေရာတွင် နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည် ဟု ထုတ်ပြန် သည်။
(င) တချို့ဖြစ်ရပ်များတွင် ရန်ကုန်အခြေစိုက်သတင်းဌာနများက ဖုံးဖိရေးသားသည်။

၃။ သုံးသပ်ရရှိသည့် မှတ်ချက် –
“တိုက်ပွဲဖြစ်ပွားလျှင် အနီးဆုံး အရပ်သားအစုအဝေး ရှိရာဆီကို သွား၍ ရမ်းကားပစ်ခတ်ရန် မြေပြင်တပ်မှူးများ အား အမိန့်ပေးထားသလား ဟု စဉ်းစားဖွယ်ရာရှိနေသည်” ဟု မိမိ နှင်တကွ မိတ်ဆွေများက သုံးသပ်မိ ကြပါသည်။

၄။ ဒေသခံမိသားစုများအတွက် အရေးပေါ်အခြေအနေ အကြံပြုချက် –
(က) ခြံမြေရှိပါက ဗုံးခိုကျင်းသဘော ခိုအောင်းနိုင်အောင် တူးဖော်ပြင်ဆင်ထားပါ။
(ခ) ခြံမြေမရှိပါက အိမ်အပေါ်ထပ်နေရာတွင် သို့မဟုတ် အောက်ထပ်တွင်ရော အပေါ်ထပ်တွင်ပါ ကျည်ကွယ်မျက်ကွယ်ခိုအောင်းနိုင်မည့်နေရာအား မိသားစုအရေအတွက်ဖြင့် တွက်ဆ၍ တည်ဆောက်ပါ။ ဥပမာအားဖြင့် – အိမ်မှာ ရှိပြီးသား ဆန်အိတ်များအား စီကာစဉ်ကာ ကျည်ကာနေရာတည်ဆောက်ခြင်း။
(ဂ) အဆိုပါ ခိုအောင်းရာနေရာများ၌ သောက်ရေ နှင့် အစာခြောက်များ ကို အမြဲတမ်း အရံသင့်ထားပါ။ အစာခြောက် မရှိလျှင်တောင်မှ သောက်ရေမှာ အမြဲတမ်း အဆင်သင့်ရှိနေဖို့ လိုအပ်ပါသည်။
(ဃ) အဆိုပါ ခိုအောင်းရာနေရာများ၌ အရက်ပျံ၊ ဂွမ်း၊ ပတ်တီး အပါအဝင် ရှေးဦးသူနာပြုပစ္စည်းများ ကို ရနိုင်သလောက် စုစည်းထားပါ။
(င) ဖုန်းများ၌ ဖုန်းဘီလ် နှင့် ဖုန်းဘက်ထရီ မပြတ်ရှိနေစေရန် သတိပြုပါ။ မိမိ၏ အနီးဆုံး ဆွေမျိုးသားချင်းများ၏ ဖုန်းနံပါတ်များ အရံသင့် လက်ဝယ်ရှိကြပါစေ။ မိမိ၏ မြို့နယ်ကျေးရွာအတွင်းရှိ ဆေးရုံ၊ ဆေးခန်းများ (ပုဂ္ဂလိကဆေးခန်းများ အပါအဝင်)၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အစရှိသည့် ဖုံးနံပါတ်များကို စုစည်းကာ ဖုန်းအတွင်းမှတ်သားထားရုံမက စာရွက်များအပေါ်တွင် ရှင်းလင်းစွာ ရေးသား၍ လွယ်လင့်တကူ မြင်နိုင်သည့်နေရာများတွင် ကပ်ထားပါ။ မြို့သူမြို့သားများ သိရှိရမည့် ကူညီကယ်ဆယ်ရေးဆိုင်ရာ အရေးကြီး ဖုံးနံပါတ်များအား သက်ဆိုင်ရာမြို့နယ်အလိုက် တစ်စုတစ်ဖွဲ့က စုစည်း ရိုက်နှိပ်ကာ ဖြန့်ဝေပေးနိုင်လျှင် ပိုကောင်းပါသည်။ (မှားယွင်းခေါ်ဆိုမိမည် စိုးရသဖြင့် ထိုစာရွက်မျိုးတွင် ဒေသခံ ရဲတပ်ဖွဲ့ ဖုန်းနံပါတ်များ ထည့်မရေးထားမိဖို့ လိုပါသည်။)
(စ) ရွှေ၊ ငွေ နှင့် အရေးကြီးပစ္စည်းများအား သိုမှီးခြင်း၊ ဝှက်ထားခြင်း နှင့် မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းခြင်း တို့ အတွက် မိမိဘာသာ အသေအချာ စီစဉ်ထားပါ။
(ဆ) ရမ်းကားပစ်ခတ်သူများအား ကိုယ်နှုတ်အမူအယာအားဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း လုံးဝမပြုလုပ်ပါနှင့်။ မိမိအသက်ကိုသာ လွတ်ကင်းမှုရရန်ကိုသာ ကြိုးစားပါ။ လက်နက်ဟု ယူဆနိုင်သည့် မည်သည့်အရာကိုမှ ကိုင်ဆောင်ထားခြင်း မပြုပါနှင့်။

၅။ မြို့တွင်း ရမ်းကားမှု မှတ်တမ်းများ ရနိုင်ရေးကိစ္စ –
(က) လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေမှုသည် မည်မျှကြာရှည်နိုင်သည်ကို ယတိပြတ်ပြောနိုင်ခြေ နည်းသည် ဖြစ်ရာ ငွေကြေးတတ်နိုင်သူများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ အနေဖြင့် မိမိတို့၏ ဥပစာတွင် cctv များ တပ်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(ခ) အရေးကြီးမြို့တွင်းနေရာများတွင် မြို့ရွာလူထုက စုစည်းအကုန်အကျခံပြီး ယာယီအစီအစဉ်သဘောဖြင့် ဖြစ်စေ cctv များ တပ်ဆင်ကြရန် စဉ်းစားသင့်ပါသည်။
(ဂ) cctv များ၏ အချက်အလက်မှတ်တမ်း လုံခြုံရေး၊ ချက်ချင်း ထုတ်ယူရရှိနိုင်ရေး အစရှိသည်တို့အတွက် ကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
(ဃ) ရမ်းကားပစ်ခတ်မှုဖြစ်နေစဉ်ကာလအတွင်း အရပ်သားများအနေဖြင့် ဖုန်းဖြင့် ဗီဒီယိုထွက်ရိုက်ခြင်း လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
(င) ရမ်းကားပစ်ခတ်မှုအပြီးတွင် ဖြစ်ရပ်များအား အသေအချာမှတ်တမ်းတင်နိုင်အောင် ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြရန် ဖြစ်ပါသည်။
(စ) ဖြစ်ရပ်မှန်များကို တင်ပြနိုင်သည့် သတင်းဌာနများကို သတိပြုမှတ်သားလျက် မြန်မြန်ထက်ထက် ဆက်သွယ် ကူညီလုပ်ကိုင်ပေးကြရန်ဖြစ်ပါသည်။ ဖြစ်ရပ်မှန်ကို ဖုံးဖိသည့် သတင်းဌာနများတွင် နယ်မြေသတင်းထောက်က ကူညီချင်သော်လည်း အယ်ဒီတာများလက်ထဲမှ လွတ်လွတ်ကင်းကင်း မထွက်လာနိုင်ပါ။
(ဆ) ဖြစ်ရပ်တင်ပြသည့် ရင်းမြစ် (source) များအနက် ဒေသခံမဟုတ်သည့် ဘုရားဖူးဧည့်သည်များ စသည်တို့က ဖြစ်ရပ်မှန်ကို ပြောပြနေခြင်းဖြစ်ပါက သတင်း၏ ယုံကြည်ရမှုတန်ဖိုး (credibility) ပိုရှိသည် ဟု ပရိတ်သတ် က ယူဆတတ်ကြသည်။

၆။ တိုက်ပွဲဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ မြေပြင်တပ်မှူးငယ်များ –
(က) တိုက်ပွဲတွင် တိုက်ခိုက်နေခြင်းမရှိသူများ၊ အရပ်သားများ၊ ဒဏ်ရာရသူများ၊ အကျဉ်းသားများ၊ ကူညီကယ်ဆယ်ရေး ပုဂ္ဂိုလ်များအား တိုက်ခိုက်ခြင်း ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခွင့်မရှိပါ။
(ခ) အထက်အမိန့်ကြောင့် လုပ်ဆောင်ရသည် ဟူသောအကြောင်းပြချက်အားဖြင့် ပြစ်ဒဏ် ခံရခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်။ Rules of Engagement (RoE) ကိုသာလျှင် လိုက်နာလုပ်ဆောင်ပါ။ RoE ကို ကျော်လွန်လျက် ပေးအပ်သော အထက်အမိန့်များကို မိမိ၏ ဆင်ခြင်တုံတရားဖြင့်သာ စဉ်းစားလုပ်ဆောင်ပါ။
(ဂ) နိုင်ငံတကာဖိအားများလာသည့်အဆင့်အလိုက် ထိပ်ပိုင်းအမိန့်ပေးသူများသည် စုံစမ်းရေးကော်မရှင်များ အခါခါ ဖွဲ့စည်းစစ်ဆေးပြီး အမှန်တကယ်လုပ်ဆောင်ရသည့် တပ်မှူးများ၊ စစ်သည်များကို တစ်ဆင့်ချင်း ချကျွေးခြင်း စတေးပစ်ခြင်း ထိပ်ပိုင်းအမိန့်ပေးသူများက ကိုယ်လွတ်ရုန်းနိုင်ရန် ကြိုးစားခြင်းတို့မှာ နိုင်ငံတကာတွင် ဖြစ်နေကျဖြစ်ပါသည်။
(ဃ) ထို့ကြောင့် အရပ်သားနေအိမ်များကို ရမ်းကားပစ်ခတ်ရန် အမိန့်ပေးခံရသဖြင့် မဖြစ်မနေ ပစ်ခတ်ရသည်ဆိုပါက လူ့အသက်များလွတ်ကင်းစေနိုင်သည့် အမြင့်ကို လွတ်လွတ်ကင်းကင်းမြှင့်ပစ်ပါ။
(င) စစ်ရာဇဝတ်မှုမလွတ်ကင်းသည့် အခြားမည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပါနှင့်။ ငါလုပ်တာမဟုတ်ဘူး၊ သူလုပ်တာ ဟု အချင်းချင်း လက်ညှိုးထိုးကြသည့်ကာလကိုရောက်သောအခါ မိမိမှာ အပြစ်မရှိပါဟု လိပ်ပြာသန့်သန့်ဖြင့် ထွက်ဆိုနိုင်အောင် ရပ်တည် လုပ်ကိုင်ကြပါ။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ မတ်လ (၂၁) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s