လူသတ်တပ်ဖွဲ့ဆီကို ဦးတည်နေတဲ့ သဲလွန်စများ

[ Zawgyi ]

လူသတ္တပ္ဖြဲ႕ဆီကို ဦးတည္ေနတဲ့ သဲလြန္စမ်ား

စစ္ယူနီေဖာင္း၀တ္ထားတဲ့ လူမည္းစစ္သားေတြက လူမည္းအမ်ိဳးသမီးႏွစ္ဦးနဲ႔ ကေလးႏွစ္ဦးကို အာဖရိကတစ္ေနရာ လို႔ယူဆၾကတဲ့ ေျခာက္သေယာင္းတဲ့ ဇနပုဒ္ေနရာတစ္ေနရာမွာ ပစ္သတ္တာကို ရိုက္ထားတဲ့ ဗီဒီယိုကလစ္တစ္ခုဟာ ၂၀၁၈ ဇူလိုင္လ (၁၀) ရက္ေန႔မွာ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔လာခဲ့တယ္။ ပစ္သတ္ခံရတဲ့အခ်ိန္မွာ ကေလးအေမအမ်ိဳးသမီးဟာ ကေလးကို ႀကိဳးသိုင္းခ်ီလ်က္သား ျဖစ္တယ္ဆိုတာ ဗီဒီယိုမွာ ေတြ႕ရပါတယ္။ ေသနတ္သံ (၂၂) ခ်က္ၾကားရတယ္။

ကနဦးပိုင္းမွာေတာ့ အဲသည္ျဖစ္ရပ္ဟာ မာလီႏိုင္ငံမွာ ျဖစ္ခဲ့တာပါလို႔ အခိုင္အမာ ျငင္းခ်က္ထုတ္ခဲ့ၾကတယ္။  ကင္မရြန္းႏိုင္ငံက အစိုးရအဖြဲ႕ တာ၀န္ရွိသူ၀န္ႀကီးကလည္း ဒါဟာ သတင္းလိမ္သာျဖစ္တယ္ လို႔ ျငင္းခ်က္ထုတ္ ပါတယ္။

BBC က ရိုက္ကူးထားတဲ့ ဒီပူးတြဲပါ မွတ္တမ္းရုပ္ရွင္မွာ အဆိုပါဗီဒီယိုကလစ္ပါ အခ်က္အလက္ေတြ သဲလြန္စေတြကေန BBC Africa Eye သတင္းအဖြဲ႕ဟာ ဗီဒီယိုကလစ္ကို forensic analysis လုပ္ၿပီး လူသတ္သမား ကင္မရြန္းစစ္သားေတြဆီကို ဘယ္လို ဦးတည္သြားသလဲ ဆိုတာကို တစ္ခ်က္ခ်င္း ရွင္းျပထားပါတယ္။ Google Earth ကို အဓိကအေျခခံၿပီး လူသတ္သမားေတြ ရွိရာဆီကို တြက္ခ်က္စဥ္းစားယူတာကို ျပထားပါတယ္။

(ေနရာ) စစခ်င္းေကာက္ယူတဲ့ သဲလြန္စက – ဘိုကိုဟာရမ္အဖြဲ႕ကို ကူညီတယ္လို႔ စြပ္စြဲခံရတဲ့ အဲဒီအမ်ိဳးသမီးေတြကို ပစ္သတ္မယ့္ေနရာဆီကို ေခၚသြားခ်ိန္မွာ ေနာက္ခံမွာပါေနတဲ့ ေတာင္တန္းရဲ႕ေကာက္ေၾကာင္းနဲ႔ တူႏိုင္တဲ့ေနရာ အာဖရိကတိုက္ရဲ႕ဘယ္ေနရာမွာ ရွိႏိုင္သလဲဆိုတာကို google earth ကၽြမ္းက်င္သူေတြ နဲ႔လိုက္ရွာေတာ့ ကင္မရြန္းႏိုင္ငံနဲ႔ ႏိုင္ဂ်ီးရီးယားနဲ႔ နယ္စပ္တစ္ေနရာက Krawa Mafa ဆိုတဲ့ ရြာကေလးအနားမွာ ျဖစ္တယ္ဆိုတာကို သြားေတြ႕တယ္။ ေနရာကို ရတယ္။

(ကာလ) ေနာက္ – အဲသည္ေနရာမွာ ရွိေနတဲ့ အေဆာက္အဦးေတြ ဘယ္အခ်ိန္ေလာက္မွာ တည္ေဆာက္တာလဲ ဆိုတဲ့အခ်က္အလက္ေတြကို မူတည္ၿပီး ဒီျဖစ္ရပ္ဟာ ၂၀၁၄ ႏို၀င္ဘာ နဲ႔ ၂၀၁၅ မတ္လ  အၾကားျဖစ္ရမယ္ လို႔ တြက္ဆတယ္။ ဒါ့အျပင္ ဗီဒီယိုပါ လူေတြရဲ႕အရိပ္ ေျမျပင္က်ေနတဲ့ ေထာင့္ခ်ိဳးပမာဏကိုပါ တြက္ခ်က္ စဥ္းစား လိုက္တဲ့အခါ အဲသည္အျဖစ္အပ်က္ျဖစ္ပ်က္ခဲ့တာဟာ ႏွစ္တစ္ႏွစ္ရဲ႕ မတ္လ (၂၀) ရက္ေန႔နဲ႔ ဧၿပီလ ငါးရက္အၾကား တစ္ရက္ရက္ ျဖစ္ရမယ္ လို႔ တြက္ဆတယ္။ ပိုလို႔အတိအက်ဆိုရရင္ ၂၀၁၅ မတ္လ ၂၀ ရက္ေန႔နဲ႔ ဧၿပီလ ငါးရက္အၾကား တစ္ရက္ရက္ေပါ့။ ဒီေတာ့ ဘယ္ကာလက ျဖစ္ခဲ့တာလဲ ဆိုတာကို ရတယ္။

(က်ဴးလြန္သူ) ေနာက္ – လူသတ္စစ္သားေတြ ၀တ္ထားတဲ့ ယူနီေဖာင္း၊ လက္မွာကိုင္ထားတဲ့ ေသနတ္အမ်ိဳးအစား၊ Facebook မွာ တင္ထားတဲ့ အခ်က္အလက္ေတြကေန တစ္ဆင့္ၿပီးတစ္ဆင့္ ဘယ္သူေတြလဲ ဆိုတာကို လိုက္ရွာသြားခဲ့တယ္။

ဒီေနရာမွာ ေျပာခ်င္တာက – စစ္ပြဲေတြျဖစ္ေနတဲ့အခ်ိန္မွာ က်ဴးလြန္သူေတြရဲ႕ ရက္စက္မႈကို ခံစားခဲ့ၾကရသည့္ တိုင္ေအာင္ က်ဴးလြန္သူေတြက ေျခရာလက္ရာမက်န္ခဲ့ဘူးလို႔ မွတ္သည့္တိုင္ေအာင္ က်န္ခဲ့တဲ့ သဲလြန္စေတြက ေသးငယ္သည္ ႀကီးမားသည္ ရယ္လို႔မဟုတ္ က်ဴးလြန္သူေတြ ဘယ္သူလဲဆိုတာကို မလြဲမေသြ ေဖာ္ျပေပးမွာ ျဖစ္တယ္ လို႔ ဆိုလိုရင္း ျဖစ္ပါတယ္။ မတရားမႈေတြအတြက္ ဆိတ္ကြယ္ရာမရွိေၾကာင္း ေျပာခ်င္တာ ျဖစ္ပါတယ္။

ေက်ာ္ေဇာဦး

၂၀၁၉ မတ္လ (၂၃) ရက္

Source: “Anatomy of a Killing” (by BBC News)

*****************************************

*****************************************

[ Unicode ]

လူသတ်တပ်ဖွဲ့ဆီကို ဦးတည်နေတဲ့ သဲလွန်စများ

စစ်ယူနီဖောင်းဝတ်ထားတဲ့ လူမည်းစစ်သားတွေက လူမည်းအမျိုးသမီးနှစ်ဦးနဲ့ ကလေးနှစ်ဦးကို အာဖရိကတစ်နေရာ လို့ယူဆကြတဲ့ ခြောက်သယောင်းတဲ့ ဇနပုဒ်နေရာတစ်နေရာမှာ ပစ်သတ်တာကို ရိုက်ထားတဲ့ ဗီဒီယိုကလစ်တစ်ခုဟာ ၂၀၁၈ ဇူလိုင်လ (၁၀) ရက်နေ့မှာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာခဲ့တယ်။ ပစ်သတ်ခံရတဲ့အချိန်မှာ ကလေးအမေအမျိုးသမီးဟာ ကလေးကို ကြိုးသိုင်းချီလျက်သား ဖြစ်တယ်ဆိုတာ ဗီဒီယိုမှာ တွေ့ရပါတယ်။ သေနတ်သံ (၂၂) ချက်ကြားရတယ်။

ကနဦးပိုင်းမှာတော့ အဲသည်ဖြစ်ရပ်ဟာ မာလီနိုင်ငံမှာ ဖြစ်ခဲ့တာပါလို့ အခိုင်အမာ ငြင်းချက်ထုတ်ခဲ့ကြတယ်။ ကင်မရွန်းနိုင်ငံက အစိုးရအဖွဲ့ တာဝန်ရှိသူဝန်ကြီးကလည်း ဒါဟာ သတင်းလိမ်သာဖြစ်တယ် လို့ ငြင်းချက်ထုတ် ပါတယ်။

BBC က ရိုက်ကူးထားတဲ့ ဒီပူးတွဲပါ မှတ်တမ်းရုပ်ရှင်မှာ အဆိုပါဗီဒီယိုကလစ်ပါ အချက်အလက်တွေ သဲလွန်စတွေကနေ BBC Africa Eye သတင်းအဖွဲ့ဟာ ဗီဒီယိုကလစ်ကို forensic analysis လုပ်ပြီး လူသတ်သမား ကင်မရွန်းစစ်သားတွေဆီကို ဘယ်လို ဦးတည်သွားသလဲ ဆိုတာကို တစ်ချက်ချင်း ရှင်းပြထားပါတယ်။ Google Earth ကို အဓိကအခြေခံပြီး လူသတ်သမားတွေ ရှိရာဆီကို တွက်ချက်စဉ်းစားယူတာကို ပြထားပါတယ်။

(နေရာ) စစချင်းကောက်ယူတဲ့ သဲလွန်စက – ဘိုကိုဟာရမ်အဖွဲ့ကို ကူညီတယ်လို့ စွပ်စွဲခံရတဲ့ အဲဒီအမျိုးသမီးတွေကို ပစ်သတ်မယ့်နေရာဆီကို ခေါ်သွားချိန်မှာ နောက်ခံမှာပါနေတဲ့ တောင်တန်းရဲ့ကောက်ကြောင်းနဲ့ တူနိုင်တဲ့နေရာ အာဖရိကတိုက်ရဲ့ဘယ်နေရာမှာ ရှိနိုင်သလဲဆိုတာကို google earth ကျွမ်းကျင်သူတွေ နဲ့လိုက်ရှာတော့ ကင်မရွန်းနိုင်ငံနဲ့ နိုင်ဂျီးရီးယားနဲ့ နယ်စပ်တစ်နေရာက Krawa Mafa ဆိုတဲ့ ရွာကလေးအနားမှာ ဖြစ်တယ်ဆိုတာကို သွားတွေ့တယ်။ နေရာကို ရတယ်။

(ကာလ) နောက် – အဲသည်နေရာမှာ ရှိနေတဲ့ အဆောက်အဦးတွေ ဘယ်အချိန်လောက်မှာ တည်ဆောက်တာလဲ ဆိုတဲ့အချက်အလက်တွေကို မူတည်ပြီး ဒီဖြစ်ရပ်ဟာ ၂၀၁၄ နိုဝင်ဘာ နဲ့ ၂၀၁၅ မတ်လ အကြားဖြစ်ရမယ် လို့ တွက်ဆတယ်။ ဒါ့အပြင် ဗီဒီယိုပါ လူတွေရဲ့အရိပ် မြေပြင်ကျနေတဲ့ ထောင့်ချိုးပမာဏကိုပါ တွက်ချက် စဉ်းစား လိုက်တဲ့အခါ အဲသည်အဖြစ်အပျက်ဖြစ်ပျက်ခဲ့တာဟာ နှစ်တစ်နှစ်ရဲ့ မတ်လ (၂၀) ရက်နေ့နဲ့ ဧပြီလ ငါးရက်အကြား တစ်ရက်ရက် ဖြစ်ရမယ် လို့ တွက်ဆတယ်။ ပိုလို့အတိအကျဆိုရရင် ၂၀၁၅ မတ်လ ၂၀ ရက်နေ့နဲ့ ဧပြီလ ငါးရက်အကြား တစ်ရက်ရက်ပေါ့။ ဒီတော့ ဘယ်ကာလက ဖြစ်ခဲ့တာလဲ ဆိုတာကို ရတယ်။

(ကျူးလွန်သူ) နောက် – လူသတ်စစ်သားတွေ ဝတ်ထားတဲ့ ယူနီဖောင်း၊ လက်မှာကိုင်ထားတဲ့ သေနတ်အမျိုးအစား၊ Facebook မှာ တင်ထားတဲ့ အချက်အလက်တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်သူတွေလဲ ဆိုတာကို လိုက်ရှာသွားခဲ့တယ်။

ဒီနေရာမှာ ပြောချင်တာက – စစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာ ကျူးလွန်သူတွေရဲ့ ရက်စက်မှုကို ခံစားခဲ့ကြရသည့် တိုင်အောင် ကျူးလွန်သူတွေက ခြေရာလက်ရာမကျန်ခဲ့ဘူးလို့ မှတ်သည့်တိုင်အောင် ကျန်ခဲ့တဲ့ သဲလွန်စတွေက သေးငယ်သည် ကြီးမားသည် ရယ်လို့မဟုတ် ကျူးလွန်သူတွေ ဘယ်သူလဲဆိုတာကို မလွဲမသွေ ဖော်ပြပေးမှာ ဖြစ်တယ် လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ မတရားမှုတွေအတွက် ဆိတ်ကွယ်ရာမရှိကြောင်း ပြောချင်တာ ဖြစ်ပါတယ်။

ကျော်ဇောဦး
၂၀၁၉ မတ်လ (၂၃) ရက်

Source: “Anatomy of a Killing” (by BBC News)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s