အပြစ်မဲ့အရပ်သားများ အသတ်ခံနေရခြင်း နှင့်ပတ်သက်၍ ၀ိုင်းဝန်းရပ်တည်ပေးကြပါရန် တိုက်တွန်းချက်

[ Zawgyi ]

အျပစ္မဲ့အရပ္သားမ်ား အသတ္ခံေနရျခင္း ႏွင့္ပတ္သက္၍ ၀ိုင္း၀န္းရပ္တည္ေပးၾကပါရန္ တိုက္တြန္းခ်က္

==========

ျမန္မာျပည္သူ ျမန္မာျပည္သားမ်ား ခင္ဗ်ား . . .

မည္သူ႔ကိုမွ အႏၱရာယ္မျပဳေသာ အျပစ္မဲ့ သာမန္အရပ္သားမ်ားကို ေသေစရန္ ရည္ရြယ္လ်က္ အရပ္သား ၿမိဳ႕ရြာ၊ ရပ္ကြက္၊ ေက်းရြာမ်ားတြင္ တိုက္ပြဲမျဖစ္ပါပဲလ်က္ တိုက္ပြဲမ်ားျဖစ္သည္ဟူ၍လည္းေကာင္း၊ ရပ္ရြာထဲတြင္ ရွိမေနေသာ လက္နက္ကိုင္မ်ားကို ရွိေနသည္ ဟူ၍လည္းေကာင္း လီဆယ္ အေၾကာင္းျပလ်က္ တမင္တကာ ပစ္ခတ္သတ္ျဖတ္မႈမ်ား အမွန္တကယ္ ျဖစ္ပြားလ်က္ ရွိေနပါသည္။

ထိုသို႔ အမွန္တကယ္ျဖစ္ပ်က္မွန္း သိပင္သိေသာ္လည္း ထိုသို႔မျဖစ္ပ်က္သည့္ပမာေသာ္လည္းေကာင္း ျဖစ္ရပ္ေျပာင္းျပန္ကိုေသာ္လည္းေကာင္း သတင္းစာႀကီးမ်ားက ေရးသားျခင္းမ်ား ရွိေနသည့္အျပင္၊ ဟုတ္တယ္ မရွိမွန္းသိသိ နဲ႔ အသားလြတ္ပစ္တယ္ ဘာျဖစ္လဲ ဆိုသည့္ ေျပာဆိုမႈမ်ား၊ ေလွာင္ေျပာင္သေရာ္မႈမ်ား၊ လိမ္လည္မႈမ်ားကို တစ္ဦးတစ္ေယာက္ခ်င္း ကစ၍ တြင္တြင္က်ယ္က်ယ္ ေျပာဆိုျပဳမႈေနၾကသည္ကို ၾကားျမင္ေနရပါသည္။

တိုင္းရင္းသားမ်ိဳးႏြယ္စုေပါင္းရာခ်ီရွိေနၾကေသာ ဤႏိုင္ငံတြင္ ျပည္မေန ဗမာလူမ်ိဳးမ်ားႏွင့္ အနီးဆံုး ေဆြမ်ိဳး ေတာ္စပ္သည့္အျပင္ ဘာသာစကား ႏွင့္ ယဥ္ေက်းမႈ အနီးစပ္ဆံုးျဖစ္သည့္ ရခုိင္လူမ်ိဳးမ်ားကိုေတာင္မွ ဤကဲ့သို႔ ဆက္ဆံေနၾကပါကလား ဟူ၍ ေစာင့္ၾကည့္ေနသူ တိုင္းရင္းသားေပါင္းစံုတို႔က ႏိုင္ငံသူႏိုင္ငံသားတို႔က ႏွလံုးသားထဲတြင္ စြဲၿမဲစြာမွတ္ယူ ႏွလံုးသြင္းေနၾကေလၿပီ။ ထိုကဲ့ တရားလက္လြတ္ မဟုတ္မမွန္ ေျပာဆို ေလွာင္ျပာင္သူတို႔၏ သားမယားမိသားစုမ်ားအေပၚ ကံ၏အက်ိဳးေပးလ်က္ အတိဒုကၡေရာက္ပါေစ ဟု က်ိန္စာတိုက္သူမ်ားက တိုက္ေနေလၿပီ။

ထိုကဲ့သို႔ ျပဳမူေျပာဆိုမႈမ်ားကို ကိုယ္တိုင္ေရွာင္ၾကည္ျခင္း၊ အမ်ားသူငါတို႔အား ထိုကဲ့သို႔ မျပဳမူၾကပါရန္ တိုက္တြန္းျခင္းတို႔အား ရခုိင္မဟူ ဗမာမဟူ ဤႏိုင္ငံသူႏိုင္ငံသားမ်ားက ျမင့္ျမတ္ေသာ စိတ္ရင္းေစတနာ အရင္းခံတို႔ျဖင့္ ေျပာဆိုေဆာင္ရြက္ၾကပါရန္ ေမတၱာရပ္ခံတိုက္တြန္းအပ္ပါသည္။ သို႔မွသာလွ်င္ တိုင္းရင္းသားမ်ား အခ်င္းခ်င္း တန္းတူညီမွ်စြာ အမွန္တကယ္ ခ်စ္ၾကည္စြာ ေနႏိုင္ၾကမည့္ စစ္မွန္ေသာ ျပည္ေထာင္စုအား တည္ေဆာက္ႏိုင္ၾကမည္ ျဖစ္ပါသည္။

အကယ္၍ ေျမျပင္တြင္ မရႈမလွ ရံႈးပြဲ၀င္ေနသည့္ တိုက္ပြဲ၀င္လက္နက္ကိုင္မ်ားအား မမွန္ကန္ေသာ အေၾကာင္းျပခ်က္မ်ားျဖင့္ မတရားေသာ စစ္ပြဲထဲသို႔ အတင္းအဓမၼ ဆြဲသြင္းကာ တိုက္ခိုက္ေနေစျခင္းမ်ိဳး ျဖစ္ပ်က္ေနသည္ဆိုပါက – ဤသို႔ေသာ ျဖစ္ရပ္၏လိုရင္းအခ်ဳပ္ကို ဆိုရလွ်င္ ထိုသူတို႔အား အလဟႆ ေသပြဲ၀င္ေနေစျခင္းမွ်သာ ျဖစ္ေလသည္။ ဤသတင္းစကားကို ျမန္မာျပည္သူျပည္သားအမ်ားတို႔အား သိေစလိုပါ၏။

လွပေသာ အနာဂတ္ကို ၿပိဳင္တူ တည္ေဆာက္ၾကရန္ အခ်ိန္ေနာက္က်သြားၿပီ ဟူ၍ မရွိႏိုင္ ဆိုေသာ အသိကို ကိုင္စြဲလ်က္၊ ေလာက၏ သဘာ၀ဓမၼသည္ အက်ိဳးေပးျခင္း ႏွင့္ အျပစ္သင့္ေစျခင္းတို႔ကို အလိုအေလ်ာက္ျဖစ္ပ်က္ေစသည္ ဟူေသာ အသိကိုလည္း ကိုင္စြဲလ်က္၊ မိမိကိုယ္တိုင္တို႔၏ စိတ္ႏွလံုးတို႔ အားလည္း ကယ္တင္ၾကလ်က္ မိမိေနထိုင္ရာ ျပည္ရြာအား ပိုမိုသန္႔ရွင္းလွပေသာ ေနရာအျဖစ္ ၀ိုင္း၀န္း တည္ေဆာက္ၾကဖို႔ရာ တိုက္တြန္းအပ္ပါသည္။

ဦးေက်ာ္ေဇာဦး

ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္

၂၀၁၉ မတ္လ (၂၄) ရက္

***********************************************

[ Unicode ]

အပြစ်မဲ့အရပ်သားများ အသတ်ခံနေရခြင်း နှင့်ပတ်သက်၍ ၀ိုင်းဝန်းရပ်တည်ပေးကြပါရန် တိုက်တွန်းချက်

မြန်မာပြည်သူ မြန်မာပြည်သားများ ခင်ဗျား . . .

မည်သူ့ကိုမှ အန္တရာယ်မပြုသော အပြစ်မဲ့ သာမန်အရပ်သားများကို သေစေရန် ရည်ရွယ်လျက် အရပ်သား မြို့ရွာ၊ ရပ်ကွက်၊ ကျေးရွာများတွင် တိုက်ပွဲမဖြစ်ပါပဲလျက် တိုက်ပွဲများဖြစ်သည်ဟူ၍လည်းကောင်း၊ ရပ်ရွာထဲတွင် ရှိမနေသော လက်နက်ကိုင်များကို ရှိနေသည် ဟူ၍လည်းကောင်း လီဆယ် အကြောင်းပြလျက် တမင်တကာ ပစ်ခတ်သတ်ဖြတ်မှုများ အမှန်တကယ် ဖြစ်ပွားလျက် ရှိနေပါသည်။

ထိုသို့ အမှန်တကယ်ဖြစ်ပျက်မှန်း သိပင်သိသော်လည်း ထိုသို့မဖြစ်ပျက်သည့်ပမာသော်လည်းကောင်း ဖြစ်ရပ်ပြောင်းပြန်ကိုသော်လည်းကောင်း သတင်းစာကြီးများက ရေးသားခြင်းများ ရှိနေသည့်အပြင်၊ ဟုတ်တယ် မရှိမှန်းသိသိ နဲ့ အသားလွတ်ပစ်တယ် ဘာဖြစ်လဲ ဆိုသည့် ပြောဆိုမှုများ၊ လှောင်ပြောင်သရော်မှုများ၊ လိမ်လည်မှုများကို တစ်ဦးတစ်ယောက်ချင်း ကစ၍ တွင်တွင်ကျယ်ကျယ် ပြောဆိုပြုမှုနေကြသည်ကို ကြားမြင်နေရပါသည်။

တိုင်းရင်းသားမျိုးနွယ်စုပေါင်းရာချီရှိနေကြသော ဤနိုင်ငံတွင် ပြည်မနေ ဗမာလူမျိုးများနှင့် အနီးဆုံး ဆွေမျိုး တော်စပ်သည့်အပြင် ဘာသာစကား နှင့် ယဉ်ကျေးမှု အနီးစပ်ဆုံးဖြစ်သည့် ရခိုင်လူမျိုးများကိုတောင်မှ ဤကဲ့သို့ ဆက်ဆံနေကြပါကလား ဟူ၍ စောင့်ကြည့်နေသူ တိုင်းရင်းသားပေါင်းစုံတို့က နိုင်ငံသူနိုင်ငံသားတို့က နှလုံးသားထဲတွင် စွဲမြဲစွာမှတ်ယူ နှလုံးသွင်းနေကြလေပြီ။ ထိုကဲ့ တရားလက်လွတ် မဟုတ်မမှန် ပြောဆို လှောင်ပြာင်သူတို့၏ သားမယားမိသားစုများအပေါ် ကံ၏အကျိုးပေးလျက် အတိဒုက္ခရောက်ပါစေ ဟု ကျိန်စာတိုက်သူများက တိုက်နေလေပြီ။

ထိုကဲ့သို့ ပြုမူပြောဆိုမှုများကို ကိုယ်တိုင်ရှောင်ကြည်ခြင်း၊ အများသူငါတို့အား ထိုကဲ့သို့ မပြုမူကြပါရန် တိုက်တွန်းခြင်းတို့အား ရခိုင်မဟူ ဗမာမဟူ ဤနိုင်ငံသူနိုင်ငံသားများက မြင့်မြတ်သော စိတ်ရင်းစေတနာ အရင်းခံတို့ဖြင့် ပြောဆိုဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။ သို့မှသာလျှင် တိုင်းရင်းသားများ အချင်းချင်း တန်းတူညီမျှစွာ အမှန်တကယ် ချစ်ကြည်စွာ နေနိုင်ကြမည့် စစ်မှန်သော ပြည်ထောင်စုအား တည်ဆောက်နိုင်ကြမည် ဖြစ်ပါသည်။

အကယ်၍ မြေပြင်တွင် မရှုမလှ ရှုံးပွဲဝင်နေသည့် တိုက်ပွဲဝင်လက်နက်ကိုင်များအား မမှန်ကန်သော အကြောင်းပြချက်များဖြင့် မတရားသော စစ်ပွဲထဲသို့ အတင်းအဓမ္မ ဆွဲသွင်းကာ တိုက်ခိုက်နေစေခြင်းမျိုး ဖြစ်ပျက်နေသည်ဆိုပါက – ဤသို့သော ဖြစ်ရပ်၏လိုရင်းအချုပ်ကို ဆိုရလျှင် ထိုသူတို့အား အလဟဿ သေပွဲဝင်နေစေခြင်းမျှသာ ဖြစ်လေသည်။ ဤသတင်းစကားကို မြန်မာပြည်သူပြည်သားအများတို့အား သိစေလိုပါ၏။

လှပသော အနာဂတ်ကို ပြိုင်တူ တည်ဆောက်ကြရန် အချိန်နောက်ကျသွားပြီ ဟူ၍ မရှိနိုင် ဆိုသော အသိကို ကိုင်စွဲလျက်၊ လောက၏ သဘာဝဓမ္မသည် အကျိုးပေးခြင်း နှင့် အပြစ်သင့်စေခြင်းတို့ကို အလိုအလျောက်ဖြစ်ပျက်စေသည် ဟူသော အသိကိုလည်း ကိုင်စွဲလျက်၊ မိမိကိုယ်တိုင်တို့၏ စိတ်နှလုံးတို့ အားလည်း ကယ်တင်ကြလျက် မိမိနေထိုင်ရာ ပြည်ရွာအား ပိုမိုသန့်ရှင်းလှပသော နေရာအဖြစ် ၀ိုင်းဝန်း တည်ဆောက်ကြဖို့ရာ တိုက်တွန်းအပ်ပါသည်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ မတ်လ (၂၄) ရက်

***********************************************


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s