
[ Zawgyi ]
အျဖဴေရာင္နယ္ေျမရွိ အမ်ားျပည္သူစီး စက္တပ္ေမာ္ေတာ္မ်ားအား လက္နက္ကိုင္တပ္မ်ား၏ ေခၚယူစစ္ေဆးမႈမ်ားအတြင္း ေသဆံုးဒဏ္ရာရေနၾကျခင္းကိစၥ
==========
ျမန္မာ့တပ္မေတာ္ စစ္သည္မ်ားသည္ အျဖဴေရာင္နယ္ေျမ ရခုိင္ျပည္နယ္ ျမစ္ေခ်ာင္းမ်ားတြင္ သြားလာေနသည့္ စက္တပ္ေမာ္ေတာ္ငယ္မ်ားအား စစ္ေဆးရန္အတြက္ ကမ္းေပၚမွ လွမ္းေခၚလိုက္ေသာအခါ – စက္ေလွသမားမ်ားက စက္သံဆူေနေသာေၾကာင့္ ေခၚသံမၾကားလွ်င္ေသာ္လည္းေကာင္း၊ ေၾကာက္လန္႔၍ ထြက္ေျပးလွ်င္ေသာ္လည္းေကာင္း တိုက္ပြဲ၀င္ေသနတ္မ်ားျဖင့္ ပစ္ခတ္သည့္အတြက္ အျပစ္မဲ့အရပ္သားမ်ား ေသဆံုးျခင္း ႏွင့္ ဒဏ္ရာရျခင္းတို႔မွာ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ႏွင့္ မင္းျပားၿမိဳ႕နယ္တို႔တြင္ ျဖစ္ပ်က္လ်က္ ရွိေနပါသည္။
သက္ဆိုင္ရာက အျဖဴေရာင္နယ္ေျမ ဟု သတ္မွတ္ထားေသာ ရခိုင္ျပည္နယ္တြင္ ယခုကဲ့သို႔ ေဆာင္ရြက္ေနျခင္းမွာ ျပည္သူလူထုအား တမင္သက္သက္ႏွိပ္စက္ အႏိုင္က်င့္ေနသည့္သေဘာျဖစ္သည္ ဟု ျပည္သူအမ်ားက ထင္ျမင္ယူဆသြားႏိုင္ပါသည္။ ဤသို႔ေသာ အျပဳအမူမ်ားမွာ တိုက္ခိုက္ေရးတပ္မ်ားအေနျဖင့္ အျဖဴေရာင္နယ္ေျမတြင္ လုပ္ေဆာင္ရမည့္ အျပဳအမူမ်ား မဟုတ္ပါ။ ရဲအစရွိသည့္ အရပ္ဖက္ လံုၿခံဳေရးအဖြဲ႕မ်ားက ေဆာင္ရြက္ရမည့္ လုပ္ငန္းမ်ား ျဖစ္ပါသည္။
သို႔ရာတြင္ မျဖစ္မေနစစ္ေဆးရန္ လိုအပ္သျဖင့္ စစ္ေဆးမည္ဆိုပါက – ျမစ္ေခ်ာင္းမ်ား၌ အမ်ားျပည္သူ သိျမင္လြယ္ေသာ စစ္ေဆးေရးေနရာမ်ား (checkpoints) မ်ား သတ္မွတ္၍ ရဲတပ္ဖြဲ႕၀င္မ်ားျဖင့္ စနစ္တက်စစ္ဆးမႈျပဳလုပ္ႏိုင္ပါက မျဖစ္သင့္ပဲျဖစ္ရသည့္ မလိုလားအပ္ေသာ ေသဆံုးဒဏ္ရာရမႈမ်ားအား ေရွာင္လႊဲႏိုင္မည္ ျဖစ္ေၾကာင္း အႀကံျပဳလိုပါသည္။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၁၉ မတ္လ (၂၆) ရက္
*******************************************

[ Unicode ]
အဖြူရောင်နယ်မြေရှိ အများပြည်သူစီး စက်တပ်မော်တော်များအား လက်နက်ကိုင်တပ်များ၏ ခေါ်ယူစစ်ဆေးမှုများအတွင်း သေဆုံးဒဏ်ရာရနေကြခြင်းကိစ္စ
မြန်မာ့တပ်မတော် စစ်သည်များသည် အဖြူရောင်နယ်မြေ ရခိုင်ပြည်နယ် မြစ်ချောင်းများတွင် သွားလာနေသည့် စက်တပ်မော်တော်ငယ်များအား စစ်ဆေးရန်အတွက် ကမ်းပေါ်မှ လှမ်းခေါ်လိုက်သောအခါ – စက်လှေသမားများက စက်သံဆူနေသောကြောင့် ခေါ်သံမကြားလျှင်သော်လည်းကောင်း၊ ကြောက်လန့်၍ ထွက်ပြေးလျှင်သော်လည်းကောင်း တိုက်ပွဲဝင်သေနတ်များဖြင့် ပစ်ခတ်သည့်အတွက် အပြစ်မဲ့အရပ်သားများ သေဆုံးခြင်း နှင့် ဒဏ်ရာရခြင်းတို့မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နှင့် မင်းပြားမြို့နယ်တို့တွင် ဖြစ်ပျက်လျက် ရှိနေပါသည်။
သက်ဆိုင်ရာက အဖြူရောင်နယ်မြေ ဟု သတ်မှတ်ထားသော ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းမှာ ပြည်သူလူထုအား တမင်သက်သက်နှိပ်စက် အနိုင်ကျင့်နေသည့်သဘောဖြစ်သည် ဟု ပြည်သူအများက ထင်မြင်ယူဆသွားနိုင်ပါသည်။ ဤသို့သော အပြုအမူများမှာ တိုက်ခိုက်ရေးတပ်များအနေဖြင့် အဖြူရောင်နယ်မြေတွင် လုပ်ဆောင်ရမည့် အပြုအမူများ မဟုတ်ပါ။ ရဲအစရှိသည့် အရပ်ဖက် လုံခြုံရေးအဖွဲ့များက ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါသည်။
သို့ရာတွင် မဖြစ်မနေစစ်ဆေးရန် လိုအပ်သဖြင့် စစ်ဆေးမည်ဆိုပါက – မြစ်ချောင်းများ၌ အများပြည်သူ သိမြင်လွယ်သော စစ်ဆေးရေးနေရာများ (checkpoints) များ သတ်မှတ်၍ ရဲတပ်ဖွဲ့ဝင်များဖြင့် စနစ်တကျစစ်ဆးမှုပြုလုပ်နိုင်ပါက မဖြစ်သင့်ပဲဖြစ်ရသည့် မလိုလားအပ်သော သေဆုံးဒဏ်ရာရမှုများအား ရှောင်လွှဲနိုင်မည် ဖြစ်ကြောင်း အကြံပြုလိုပါသည်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ မတ်လ (၂၆) ရက်